ရုတ်တရက် ရောင်းအား ထိုးတက်ခြင်း
Vol. 33 Ch. 487
နောက်တစ်ရက်တွင် စာတိုက်ရုံးများမှ အမှာစာများ တိုးလာသည်ကို ဖြန့်ဖြူးသူများအားလုံး သတိပြုမိလိုက်ကြသည်။ ရုတ်တရက် တိုးလာဖြင့် စိတ်ရှုတ်သွားကြတော့သည်။ သူတို့အားလုံး အရောင်းကုန်တိုက် များနှင့် စကားပြောပြီးဖြစ်ကြသည်။ တယ်လီဖုန်း ဆက်သွယ်ရေး ပစ္စည်းရောင်းချသူများနှင့် ထိုကဲ့သို့ နေရာများတွင် အိုက်ဝါပေဂျာများ အရောင်းမြှင့်တင် နိုင်ချင်ခဲ့ကြသည်။ သို့ရာတွင် စာတိုက်များသည် အထူးနေရာများ ဖြစ်ပြီး ဖြန့်ဝေသူများအနေဖြင့် ၎င်းတို့၏ပံ့ပိုးကူညီမှု ရရန်မလွယ်ကူကြချေ။ သို့ရာတွင် စာတိုက်များမှ အမှာစာများသည် မည်သည့်အတွက် ချက်ချင်းတိုးလာရသနည်း။
ဖြန့်ဖြူးသူများသည် ထိုင်ဟွာကုန်သွယ်ရေးမှ အဆင့်မြင့် အရာရှိများနှင့် စာချုပ်ချုပ်ပြီး ဖြစ်ကြောင်းနှင့် စာတိုက်ရုံးများသည် အိုက်ဝါပေဂျာကို အရောင်းမြှင့်တင်တော့မည် ဖြစ်ကြောင်း အသိပေးကြတော့သည်။ ထိုက်ဟွာ ကုန်သွယ်ရေးသည် ဤစာချုပ်အတွက် တန်ဘိုးကြီးမားစွာ ပေးချေခဲ့သည်။
ဤစာချုပ် ကုန်ကျစရိတ်သည် တစ်နှစ်လျှင် ယွမ်(၁၀)သန်းကျော်ရှိပေသည်။ CCTV မှ ကြော်ငြာ ခထက် ကျန်ကျစရိတ် ပိုများပေသည်။ ဤသည်ကို တန်ဘိုးကြီးတစ်ခုဟု သတ်မှတ်၍ ရပေသည်။ သို့ရာတွင် ရောင်းအား တိုးလာသည်နှင့်အမျှ အမြတ်ငွေတိုးလာ လေတော့သည်။ ထိုအမြတ်ငွေနှင့် နှိုင်းယှဉ်ပါက ယွမ်(၁၀)သန်ဟူသည်မှာ မပြောပလောက်တော့ချေ။
စာတိုက်များ ဟူသည်မှာ တရုတ်နိုင်ငံ၏ အကျယ်ဝန်းဆုံး ကွန်ယက်ဖြစ်သည်။ ၎င်းတို့၏ အထက်အရာရျိများထံမှ ညွှန်ကြားစာ ရရှပြီးနောက် စာတိုက်များအားလုံးသည် အိုက်ဝါပေဂျာများကို စတင်၍ တွန်းတွန်းတိုက်တိုက် ရောင်းချကြတော့သည်။ စာတိုက်များမှ အရောင်းဝန်ထမ်းများသာမက အိုက်ဝါပေဂျာများကို အကြံပြုသည့် ပိုစတာများကို စာတိုက် အပြင်ဘက်တွင်ပင် ချထားခဲ့ကြသည်။
ယခင်က စာတိုက်များသည် ၎င်းတို့ဖောက်သည်များကို ပေဂျာများအကြံပြုရာ၌ ဈေးနှုန်းများအပေါ် မူတည်၍ အကြံပြုခဲ့ကြသည်။ ပေဂျာများ ရောင်းဈေးမြင့်လေလေ ၎င်းတို့ အကျိုးအမြတ် မြင့်မားလေလေပင်။ ထိုအမြတ်ငွေများသည် စာတိုက်၏ အမြတ်ငွေများ ဖြစ်ပြီး ဆက်သွယ်ရေး ဝန်ကြီးဌာနနှင့် လုံးဝ မသက်ဆိုင်ချေ။ အိုက်ဝါ ပေဂျာများသည် ၎င်းတို့’ အမြတ်ငွေများကို ဆက်သွယ်ရေး ဝန်ကြီးဌာနသို့ ခွဲဝေပေးမည် ဖြစ်သည်။
အိုက်ဝါပေဂျာများကို တရုတ်နိုင်ငံတွင် တီထွင် ထုတ်လုပ်ထားကြောင်း စာတိုက်မျာသို့ ဆက်သွယ်ရေး ဝန်ကြီးဌာန၏ ညွှန်ကြားချက်တွင် အသားပေး ဖော်ပြထားသည်။ ဤပေဂျာများသည် တရုတ်နိုင်ငံ၏ ဂရုဏ်ယူစရာဖြစ်ပြီး ၎င်းကို အပြည့်အဝ ထောက်ပံ့အားပေးသင့်ကြောင်း ပါရှိပေသည်။
ဤသည်မှာ ဝန်ကြီးဌာန၏ ညွှန်ကြားချက်ဖြစ်၍ စာတိုက်များအနေဖြင့် ဤညွှန်ကြားချက်ကို မည်သို့ ကန့်ကွက်နိုင်မည်နည်း။ စာတိုက်များသည် တရုတ်နိုင်ငံအတွင်း အကြီးများဆုံးသော ပေဂျာလက်လီရောင်းချသူများ ဖြစ်ကြသည်။
သို့အတွက် စာတိုက်များအားလုံး အထက်ညွှန်ကြားချက်ကို လိုက်နာ၍ အိုက်ဝါပေဂျာများကို တက်ကြွစွာ အရောင်းမြှင့်တင်ကြတော့သည်။ နောက်ဆုံးတွင် ပေဂျာကြော်ငြာများကို CCTV တွင်ထုတ်လွှင့်ခဲ့ပြီး သုံးစွဲသူ တော်တော်များများ သိရှိသွားတော့သည်။
အိုက်ဝါတံဆိပ် သုံးဆွဲသူများ သိရှိသည့်အခါ စာတိုက်များအနေဖြင့် အဆိုပါ ပေဂျာများ အကြံပြုရန် လွယ်ကူလာတော့သည်။
ထိုနေ့မှစ၍ အရောင်းဝန်ထမ်းများ အားလုံး လာရောက်သည့် ဖောက်သည်များကို အိုက်ဝါပေဂျာ များ အကြံပြုတော့သည်။
သို့အတွက် အိုက်ဝါပေဂျာ ရောင်းအား ရုတ်တရက် တိုးလာတော့သည်။
Panasonic နှင့် NEC တို့သည် တရုတ်နိုင်ငံ၏ ပေဂျာဈေးကွက်တွင် ဆက်လက်ရှင်သန် ရုန်းကန်နေရဆဲ ဖြစ်သည်။ တရုတ်ဘာသာဖြင့် ပေဂျာများ မရှိပါက ၎င်းတို့၏ ဂဏန်းပေဂျာများ ရှိသေးသည်။ ဂဏန်းပေဂျာများအတွက် အမြတ်စွန်းများ နည်းပါးသော်လည်း အရာအားလုံးထက် ပိုကောင်းနေသေးသည်။ သို့သော်လည်း ၎င်းတို့၏ ဂဏန်းပေဂျာများ ရောမကောင်းဘဲ မကြာမှီ ရပ်တည်ရန် ခက်ခဲလာတော့သည်။
၎င်းတို့ရောင်းအား နေ့ချင်းညချင်း ကျဆင်းသွားပုံရသည်။ စာလုံး ပေဂျာဖြစ်စေ၊ ဂဏန်းပေဂျာဖြစ်စေ မည်သူမျှ မဝယ်ကြတော့ပေ။
၎င်းတို့၏ ဈေးကွက် သုံးသပ်ချက်များအရ ပေဂျာသုံးဆွဲသူဦးရေ တိုးလာသော်လည်း ၎င်းတို့ ပေဂျာများ မည်သည့်အတွက် ရောင်းအားကျဆင်းသွားသနည်း။
Panasonic နှင့် NEC တို့တွင် ရွေးစရာ နှစ်ချက်ရှိသည်။ တစ်ချက်မှာ အရှုံးပေါ်နေသည့်တိုင် ဆက်လက် ရုန်းကန်၍ ရောင်းအား မြှင့်တင်ရန် နည်းလမ်းရှာဖွေခြင်းဖြစ်သည်။ နောက်တစ်ချက်မှာမူ ၎င်းတို့ ဆုံးရှုံးမှုများ ရပ်တန့်နိုင်ရန် တရုတ်ဈေးကွက်မှ ထွက်ခွာသွားရန်ပင် ဖြစ်တော့သည်။
ကုမ္ပဏီ (၂)ခုစလုံးက ကွဲပြားသော ဗျူဟာ(၂)ခု ရွေးချယ်ခဲ့သည်။ NEC သည် တရုတ်ဈေးကွက်မှ ထွက်ခွာရန် ဆုံးဖြတ်ခဲ့ပြီး Panasonic ကမူ ၎င်းတို့၏ ရုပ်မြင်သံကြားနှင့် ဗွီဒီယို၊ ကက်ဆက် စသည့် အခြားထုတ်ကုန်များ ကျန်ရှိနေသဖြင့် ဆက်လက်ထားရှိရန် ဆုံးဖြတ်ခဲ့ပြီး ပေဂျာများကိုမူ ၎င်းတို့၏ တံဆိပ်အတိုင်းသာ သုံးခဲ့ကြသည်။ Panasonic သည် ပေဂျာဈေးကွက်မှ ထွက်ခွာပါက ၎င်းတို့၏ ကျန်ထုတ်ကုန်များ ထိခိုက်၍ တရုတ်နိုင်ငံမှ ထွက်ခွာရမည်ကို စိုးရိမ်နေတော့သည်။
NEC ကုမ္ပဏီ တရုတ်နိုင်ငံမှ ထွက်ခွာရန် ဆုံးဖြတ်ချက်သည် Motorola ၏ အာရုံစိုက်မှု ခံရတော့သည်။ ပေဂျာများ သုံးဆွဲသူအရေအတွက်သည် ယခင်လကထက် ပိုမို ပြန်ဆန်လာကြောင်း တွေ့ရှိခဲ့သော်လည်း ၎င်းတို့၏ တရုတ်ဘာသာ ပေဂျာများ ရောင်းအား ကျဆင်းသွားခဲ့သည်။ ဤသည်ကပင် လွဲနေခြင်းပင်။
ပြိုင်ဖက်မရှိ တစ်ဦးတည်းဖြစ်ပြီး Motorola ၏ ဂုဏ်သတင်း၊ အမှတ်တံဆိပ်နှင့် ဈေးကွက်ဝေစုဖြင့် ပေဂျာသုံးစွဲသူ အသစ် အများစုသည် ၎င်းတို့ ထုတ်ကုန်များ ရွေးချယ်သင့်ပေသည်။ ၎င်းတို့ ရောင်းအား မည်သည့်အတွက် တိုးမလာသနည်း။
Panasonic အနေဖြင့် မည်သည့် ထုတ်ကုန် အသစ်ကိုမှ ထပ်မံ မိတ်ဆက်ခြင်းမရှိခဲ့သလို ၎င်းတို့တွင် အရောင်းလှုံဆော်ခြင်းလည်း မရှိခဲ့ချေ။ ဈေးကွက်ဝေစုကို မည်သူရယူသွားသနည်း။
နောက်ဆုံးတွင် Motorola အနေဖြင့် ဈေးကွက်ဝေစုအားလုံး လုယူသွားသူမှာ တံဆိပ်အသစ်တစ်ခု ဖြစ်သော အိုက်ဝါပေဂျာဟု သတ်မှတ်လိုက်တော့သည်။ တရုတ်ဘာသာ ပေဂျာ ထုတ်လုပ်သည့် ကုမ္ပဏီတစ်ခု ဖြစ်ပေသည်။ လက်လီဈေးနှုန်းများသည် ၎င်းတို့၏ တန်ဘိုးအနည်းဆုံး ပေဂျာထက် ယွမ်ရာချီ သက်သာနေသေးသည်။
ယွမ် ရာဂဏန်းဟူသည်မှာ ဤခေတ် တရုတ်ပြည်သူများအတွက် များသည်ဟု ဆိုနိုင်သည်။ အဓိက အားဖြင့် Motorola ပေဂျာများသည် အိုက်ဝါပေဂျာကဲ့သို့ အလားတူ စနစ်များ ပါရှိသည်ဖြစ်ပြီး သုံးစွဲသူများအနေဖြင့်မူ ကွာခြားမှုမရှိချေ။ သုံးစွဲသူများသည် ပို၍ဈေးကြီးသော ပေဂျာများ ဝယ်ယူရန် အကြောင်းမရှိတော့ချေ။
အကယ်၍ Motorola သည် တရုတ်ဈေးကွက်သို့ ဝင်ရောက်ပြီး ၎င်းတို့၏ ပထမဆုံး ပေဂျာအမှတ်တံဆိပ် မဟုတ်ပါက ရောင်းအား ပိုမို ထိခိုက်ပေလိမ့်မည်။ သို့သော် Motorola သည် အိုက်ဝါပေဂျာများတွင် ထုတ်လုပ်မှု မမြင့်မားကြောင်း သိရှိထားသဖြင့် ၎င်းတို့၏ ဈေးကွက်ဝေစု ထိခိုက်မည်ကို စိုးရိမ်ခြင်း မရှိချေ။
ဖုန်းယွီသည် ဝူကျစ်ကန်း ၏တင်ပြချက်များ နားနောင်နေပေသည်။ ဖြန့်ဖြူးသူများအားလုံး ၎င်းတို့း၏ အမှာစာများ တိုးလာသဖြင့် ဖုန်းယွီ ကျေနပ်စွာ ခေါင်းညိတ်လိုက်သည်။ စာတိုက်များ၏ ရောင်းအားအခြေအနေက မတူညီချေ။ တစ်ပတ်ခန့်အတွင်း ရလဒ်များ သိသာပြီး တစ်လအတွင်း အိုက်ဝါပေဂျာများသည် တရုတ်နိုင်ငံ ပေဂျာဈေးကွက်တွင် နံပတ်(၂) အမှတ်တံဆိပ် ဖြစ်လာသင့်သည်။ ဖုန်းယွီ၏ ပစ်မှတ်မှာ လာမည့် နှစ်ကုန်တွင် တရုတ်နိုင်ငံ နံပတ်(၁)ပေဂျာ ဖြစ်လာရန်ပင်။ Motorola ကို အနိုင်ယူချင်နေခြင်း ဖြစ်ပေတော့သည်။
ဖုန်းယွီက လေထဲတွင် တိုက်ဆောက်တတ်သူ မဟုတ်ချေ။ သူ၏ ယခင်ဘဝတွင် တရုတ်ပေဂျာ တံဆိပ်များစွာသည် လာမည်နှစ် အစောပိုင်းတွင် ပေါ်လာမည် ဖြစ်သည်။ ထိုအမှတ်တံဆိပ်များက ရောင်းအား မကောင်းသော်လည်း ဈေးကွက်ဝေစု ထက်ဝက် တိတိကို ကြီးစိုးထားကြသည်။
ယခင်ဘဝတွင် ထိုအမည်မသိ တရုတ်ပေဂျာ ကုမ္ပဏီများသည် Motorola ၏ ဈေးကွက်ဝေစု ထက်ဝက်ကို လုယူခဲ့ပြီး ယခုဘဝတွင်မူ ဖုန်းယွီသည် အစိုးရ၏ ပံ့ပိုးကူညီမှု ရရှိခဲ့ပြီး လုံလောက်သော ရန်ပုံငွေ၊ ပို၍ ကောင်းမွန်သော ဈေးကွက်ရှာဖွေရေးလှုပ်ရှားမှုနှင့် ပိုမိုကောင်းမွန်သော ထုတ်ကုန်ပစ္စည်းများ ရှိနေသည်။ Motorola ကို အနိုင်မယူနိုင်စာ အကြောင်း မရှိချေ။
Motorola ၏ အာရုံစိုက်မှုသည် ပေဂျာများမှ လက်ကိုင်ဖုန်း သို့ ပြောင်းသွားခဲ့သည်။ လက်ကိုင်ဖုန်း ဈေးကွက်တွင် ဦးဆောင်သူမှာ Ericsson ဖြစ်နေဆဲပင်။ သို့သော် နှစ်အနည်းငယ်အတွင်း Motorola သည် ၎င်းနေရာကို ရယူ၍ လက်ကိုင်ဖုန်း ဈေးကွက် ဦးဆောင်သူ ဖြစ်လာမည်ဖြစ်သည်။
Motorola သည် ပေဂျာများမှ အာရုံပြောင်းသွားသဖြင့် ၎င်းတို့၏ ပေဂျာဈေးကွက်ဝေစု ဆုံးရှုံးရန်မှာ မြေကြီး လက်ခတ် မလွဲတော့ချေ။ သို့ရာတွင် Motorola သည် ၎င်း၏ လက်လီဈေးနှုန်းများ ဈေူးကွက်တွင် အမြင့်ဆုံး ဖြစ်သောကြောင့် ပေဂျာများမှ အမြတ်အစွန်း ရရှိနေဆဲဖြစ်သည်။
ဖုန်းယွီသည် Motorola မတုန့်ပြန်နိုင်မှီ တရုတ်ဈေးကွက်တွင် အိုက်ဝါကို အရှိန်မြှင့်တင် လိုခဲ့သည်။ လာမည့်နှစ်တွင် အိုက်ဝါသည် Motorola နှင့် ထိပ်တိုက် ရင်ဆိုင်ရတော့မည့် ပုံပင်။
ယခုနှစ်တွင် အိုက်ဝါ ပေဂျာများ ထုတ်လုပ်မှု ကန့်သတ်ထားသည်။ ဝယ်လိုအား များနေသလောက် ရောင်းလိုအားလိုအပ်နေ အုံးမည်ပင်။ သို့ရာတွင် Motorola ၏ အာရုံစိုက်မှုကို ရှောင်ရှားနိုင်ရန်အတွက် ကောင်းကွက်လည်း ဖြစ်နိုင်ပေသည်။
Motorola သည် အိုက်ဝါပေဂျာကို ပစ်မှတ်ထားမည် ဆိုပါက အလွန် အန္တရာယ် များပေလိမ့်မည်။ နောက်ဆုံး၌ Motorola သည် ကမ္ဘာကျော် ဆက်သွယ်ရေး ကုမ္ပဏီဖြစ်ပြီး Motorola အနေဖြင့် သတိထားမိမည် ဆိုပါက ဖုန်းယွီသည် သူ့အစီအစဉ်များအားလုံး အောင်မြင်နိုင်ချေကို မသိနိုင်တော့ပေ။
ဖုန်းယွီကမူ သူ၏ ရောင်းအား ကျဆင်းမည် မဟုတ်ကြောင်း ယုံကြည်သော်လည်း အခြား တံဆိပ်ငယ်များသည် ယခုမူ ရှင်သန်နိုင်လိမ့်မည် မဟုတ်တော့ချေ။ ဤသည်မှာ စိုးမိုးချယ်လှယ်နိုင်ခြင်း ပင်ဖြစ်သည်။
ထို တံဆိပ်ငယ်များ ဈေးကွက်အတွင်း မဝင်ရောက်ဘဲ ဖုန်းယွီသည် Motorola ကိုအနိုင်ယူ၍ ဈေးကွက်မှ ဆွဲထုတ်နိုင်မည်ကို မသေချာတော့ပေ။ေ
-------*****--------
ဘာသာပြန်သူ . (NTP)