မာ မိသားစု အုပ်စု၏ ဂုဏ်သတင်း
Vol. 33 Ch. 490
“ဘာ.. မင်းပြောနေတာ တရုတ်လိပ်ဆီနဲ့ အသက်စွမ်းအင် တွေက ကုန်ပစ္စည်း အတုတွေ လို့ ပြောနေတာလား..”
စွေ့ကျင့်ရီ ဖုန်းယွီကို ကြည့်လိုက်သည်။ သူကြားသမျှ မယုံနိုင်တော့ချေ။ ဟာသ များလား။ ဒီ ထုတ်ကုန်တွေကို နည်းပြ မာ ထောက်ခံထားခြင်း ဖြစ်သည်။ ထုတ်ကုန် အတု မည်သို့ ဖြစ်နိုင်မည်နည်း။
ဤသည်က သူတို့အဖွဲ့ ဖန်တီးထားသည့် သတင်းအစီအစဉ် တစ်ခု ဖြစ်သည်။ ၎င်းသည် ပြည်သူအစိုးရိမ်ရဆုံး အရာများ အကြောင်း သတင်းများနှင့် ဆွေးနွေးမှုများကို အာရုံစိုက်ထားသည်။ ဤပြပွဲ၏ သဘောတရာကို ဖုန်းယွီအကြံပြုခဲ့ ခြင်းဖြစ်သည်။
ဖုန်းယွီ ယခင်ဘဝက ဖြစ်သင့်သည်ထက် ပိုကြာပေသည်။ သို့ရာတွင် နောက်ဆုံး၌ ဤအစီအစဉ်ကို ရပ်တန့်ခဲ့သည်။ ထုတ်လုပ်ရေး အဖွဲ့က ရှို့း(၂)ခု ဖန်တီးလိုက်သည်။ တစ်ခုပြီးတစ်ခု ခေါ်တော့သည်။
ဤအစီအစဉ် (၂)ခုသည် ကြည့်ရှုသူများအကြား အလွန် ရေပန်းစားခဲ့ပါသည်။ ဖုန်းယွီ၏ ယခင်ဘဝနှင့် နှိုင်းယှဉ်ပါက ဤအစီအစဉ် (၂)ခုသည် ဖြစ်သင့်သည်ထက် စောနေပါသည်။ ဤသည်မှာ ဖုန်းယွီ ဝင်ရောက် စွက်ဖက်မှုကြောင့်လည်း ဖြစ်နိုင်ပေသည်။
စွေ့ကျင့်ရီမှာ ရှင်ဟွာ သတင်းဌာနမှ ဖြစ်ပြီး စစ်ပွဲသတင်းထောက်အဖြစ် ပင်လယ်ကွေ့သို့ သွားရောက်ခဲ့သည်။ ဤနှစ်အစပိုင်းမှ စ၍ သတင်းထောက်အဖြစ် စတင်လုပ်ကိုင်ခဲ့သည်။ သို့အတွက် အိမ်ရှင်ကဲ့သို့ ဖြစ်နေသည်။
ယခုတစ်ကြိမ်တွင် သတင်းထောက် စွေ့ကျင့်ရီသည် ဖုန်းယွီကို ကူညီရန် သာဖြစ်သည်။ ဖုန်းယွီသည် သူ့အရင် ဘဝက စွေ့ကျင့်ရီကို သူ့တင်းမာသော ရုပ်ရည်ကြောင့် အလွန် စွဲလန်းကြီးခဲ့ဖူးသည်။ သို့ရာ၌ ယခုမူ ဖုန်းယွီသည် စစ်ကျင့်ရီ၏ ပုံစံကို အသုံးမချခဲ့ချေ။
“သတင်းထောက် စွေ့.. ‘အသက်စွမ်းအင်’ကို ကျန်းမာရေး ထုတ်ကုန် အတုလို့ လုံးဝ သတ်မှတ်လို့ မရဘူး.. ဒါပေမယ့် ကြော်ငြာတွေက ဒီထုတ်ကုန်ရဲ့ သက်ရောက်မှုကို ချဲ့ကားလွန်းထားတယ်.. အဲ့ရှုဒေါင့်က ကြည့်မယ်ဆိုရင် အတုအယောင် တစ်ခုလို့ ပြောလို့ရတယ်.. တရုတ်လိပ်ဆီ နဲ့ ပတ်သက်ပြီး ကျန်းမာရေး ပစ္စည်းအတုဆိုတာ သေချာ ပြောရဲတယ်.. သေသေချာချာ ဓာတ်ခွဲစစ်ဆေးပြီး အတည်ပြုဖို့ ပေကျင်း တက္ကသိုလ် ပါမောက္ခဆီ ပို့လိုက်ပါပြီ..”
စွေ့ကျင့်ရီသည် ဖုန်းယွီအား မယုံကြည်သေးချေ။ အသက်စွမ်းအင် သည် မာမိသားစုအုပ်စုမှ ဆေးဝါးဖော်စပ်နည်း ဖြစ်ပြီး တရုတ်လိပ်ဆီသည် မာမိသားစု အုပ်စု အားကစားသမားအားလုံးမှ ထွက်ပေါ်လာသည့် ကျန်းမာရေး ဖြည့်စွက်စာ ဖြစ်သည်။ နည်းပြ မာက ဤကဲ့သို့ ဖြည့်စွက်စာကြောင့် သူ့အားကစားသမားများသည် ဆုတံဆိပ်များစွာ ရရှိခဲ့ပြီး စံချိန်များစွာ ချိုးဖျက်ခဲ့သည်ဟု အခိုင်အမာဆိုထားသည်။
“မန်နေဂျာဖုန်း.. တကယ်ပြောနေတာလား.. နည်းပြမာ က ဒီထုတ်ကုန်တွေရဲ့ ထိရောက်မှုကို သက်သေပြထားတယ်.. ဘယ်လိုလုပ် အတုဖြစ်နိုင်မှာလဲ..”
သတင်းထောက် တစ်ဦးအနေဖြင့် စွေ့ကျင့်ရီသည် ဘက်မလိုက်ဘဲ အမှန်တရား ဖော်ထုတ်ရန် ကြိုးစားရလိမ့်မည်။ သို့ရာတွင် စိတ်အတွင်း၌ နည်းပြမာနှင့် သူ့ မာမျိုးနွယ်အုပ်စုအပေါ် ယုံကြည်နေဆဲပင်။ ဤမန်နေဂျာဖုန်းသည် သူ့ထက် သာသည့် အခြားထုတ်ကုန် ရောင်းချခြင်းကို မနာလိုခြင်း ဖြစ်လောက်ပြီး လက်လှမ်းမှီရာ နည်းလမ်းများ သုံးခဲ့ပေသည်။ အစမှာကတည်းက အဆိုးရော အကောင်းပါ လက်ခံရရှိခဲ့သည်။
ဖုန်းယွီကမူ အခိုင်အမာ လေသံဖြင့်..
“မာမျိုးနွယ် အုပ်စုက တရုတ် လိပ်ဆီနဲ့ ဘာမှမဆိုင်ပါဘူး ရလဒ်ကောင်းတွေ ရနိုင်တယ်.. တရုတ် လိပ်ဆီက အချိုဓာတ်ပါတဲ့ ရေတစ်မျိုးပါပဲ.. အသက်စွမ်းအင်က ဗီတာမင်နဲ့ ပရိုတင်း ထုတ်ကုန်သက်သက်ပဲ.. ဒီထုတ်ကုန်အတွက် လက်လီဈေးနှုန်းက ယွမ်(၁၀၀)ကျော်ဆိုပေမယ့် ကုန်ကျစရိတ်က (၁၀)ယွမ်တောင် မကျဘူး.. ဒီထုတ်ကုန်တွေက သူတို့ ပြောထားသလောက် အကျိုးသက်ရောက်မှု မရှိဘူး..”
ဖုန်းယွီသည် တရုတ်လိပ်ဆီ နှင့်ပတ်သက်၍ ဓာတ်ခွဲစမ်းသပ်မှု အစီအရင်ခံစာများ ရရှိထားသည်။ ဤထုတ်ကုန်၏ အဓိက ပါဝင်ပစ္စည်းမှာ အချိုဓာတ်နှင့် ရေသာဖြစ်သည်။ ဤထုတ်ကုန်တွင် အခြား အဟာရတန်ဘိုး မရှိချေ။ ထို့အစား ထုတ်ကုန်တွင် အန္တရာယ်ရှိသော ရောဂါပိုးမွှားအချို့ပင် တွေ့ရှိခဲ့သေးသည်။ ဤသည်မှာ စက်ရုံ၏ ထုတ်လုပ်မှု လုပ်ငန်းစဉ်တွင် သန့်ရှင်းမှု မရှိကြောင်း ပြသခြင်းပင်။
အသက်စွမ်းအင် ထုတ်ကုန်မှာ ပို၍ပင် ရယ်စရာ ကောင်းတော့သည်။ ၎င်းသည် ပရိုတင်းနှင့် ဗီတာမင် အချို့ကို ရေဖြင့် ဖျော်ထားယုံသာဖြစ်သည်။ သာမန် အဖျော်ယမကာ တစ်ခုသာပင်။ ၎င်းသည် ကျန်းမာရေးဆိုင်ရာ ထုတ်ကုန်အဖြစ် အရည်အချင်း ပြည့်မှီကောင်း ပြည့်မှီနိုင်သော်လည်း အသက်ရှည်ခြင်း၊ တက်ကြွမှုရှိခြင်း စသည့် အကျိုးသက်ရောက်မှုများမှာ အလိမ်အညာများသာပင်။
စွေ့ကျင့်ရီ မှာ ဖုန်းယွီ စကားများကို လက်ခံနိုင်ရန် ခက်ခဲနေသည်။ အသက်စွမ်းအင် သည် ဈေးနှုန်းမြင့်မြင့်ဖြင့် ရောင်းချခဲ့ပြီး ကြိုစားအားထုတ်မှုများနှင့် ပတ်သက်၍ ချဲ့ကားမှုများ ရှိခဲ့သည်။ သို့ရာတွင် တရုတ်လိပ်ဆီက အမှန်တကယ် အချိုဓာတ်ပါသည့် ရေဖြစ်သည်လော။
“မန်နေဂျာ ဖုန်း.. မင်းပြောတဲ့ စကားတွေအတွက် မင်းတာဝန်ယူရလိမ့်မယ်နော်..”
“ကျုပ် သိပါတယ်..”
“ဒါ အထက်အကြီးအကဲတွေကို သတင်းပို့ရမယ်။ ဈေးကွက်ထဲမှာ ကျန်းမာရေး ထုတ်ကုန် အတုတစ်ချို့ ရှာတွေ့တယ်ပဲ ပြောပြထားအုံးမယ်.. အဲ့ထုတ်ကုန် အတုက နည်းပြမာ ထောက်ခံထားတဲ့ တရုတ် လိပ်ဆီလို့တော့ မပြောနိုင်သေးဘူး..”
“ဘာ ကွာလို့လဲ..”
“ကျေးဇူးပြုပြီး စောင့်ကြည့်ပါအုံး..”
ဖုန်းယွီ အားကိုးရာမဲ့ ဖြစ်သွားသည်။ ၎င်းသည်မှာ မာမျိုးနွယ်အုပ်စု၏ ထင်မှတ်မထားသော လွှမ်းမိုးမှုဖြစ်သည်။ သူတို့ ဂုဏ်သိက္ခာထိခိုက်စေမည့် သတင်းများကို မည်သူမှ မပြောဝံ့ကြချေ။ အဘယ့်ကြောင့်ဆိုသော် မာမျိုးနွယ် အုပ်စုသည် ကမ္ဘာ့စင်မြင့်ပေါ်တွင် တရုတ်နိုင်ငံ၏ လမ်းကြောင်းများနှင့် နယ်ပယ်များကို ကိုယ်စား ပြုနေခြင်းကြောင့် ဖြစ်သည်။ မာမျိုးနွယ်အုပ်စုမှ အားကစားသမားများအားလုံး ဆုတံဆိပ်များ ဆွတ်ခူးခဲ့ပြီး အလယ်တန်းအဆင့် တာဝေးပြိုင်ပွဲများတွင် စံချိန်ချိုးခဲ့သည်။ သူတို့သည် တရုတ်ပြည်အတွင်း ဂုဏ်ရှိန် ကြီးလွန်းလှ ပေသည်။
မာမျိုးနွယ်အုပ်စု လွှမ်းမိုးထား မှုများမှာ စားပွဲတင် တင်းနစ် ဘုရင်မ ထန်ယာပင်နှင့် ကျွမ်းဘား မင်းသား လီနာ တို့ထက် မြင့်မားသည်။ သူတို့သည် တရုတ်နိုင်ငံနှင့် တရုတ်လူမျိုး၏ ဂုဏ်သိက္ခာအဖြစ်ပင် မှတ်ယူထားကြသည်။
စွေ့ကျင့်ရီသည် မာမျိုးနွယ်အုပ်စုနှင့် ပတ်သက်သည့် ကိစ္စများကို သူ့စိတ်နှင့်သူ မလုပ်ရဲချေ။ မာမျိုးနွယ်အုပ်စုနှင့် ပတ်သက်၍ အပျက်သဘောဆောင်သည့် သတင်းမှန်သမျှ ပြည်ပ မီဒီယာ များတွင် တင်မည်ဖြစ်ပေသည်။
လက်ရှိ မာမျိုးနွယ်အုပ်စုသည် ပြည်ပတွင် ယှဉ်ပြိုင်နေဆဲ ဖြစ်သည်။ မကြာသေးမီက ၎င်းတို့သည် ပြိုင်ပွဲ အနည်းငယ်သာ အနိုင်ရရှိခဲ့ပြီး ကမ္ဘာ့ချန်ပီယံများ ဖြစ်လာခဲ့ကြသည်။ ယခုနှစ်တွင် ပြိုင်ပွဲ များစွာ ကျန်ရှိနေသေးသည်။ မာမျိုးနွယ်အုပ်စုကို ထိခိုက်စေမည့် အပျက်သဘော သတင်အစနကိုမှ ခွင့်ပြုလိမ့်မည် မဟုတ်ချေ။ သူတို့အနေဖြင့် တရုတ်နိုင်ငံအတွက် ဆုတံဆိပ်များ ရယူရန် လိုအပ်နေသည်။
သို့ရာတွင် ဖုန်းယွီက မာမျိုးနွယ်အုပ်စု နောက်ကွယ်က အမှန်တရား သိရှိနေသည်။ မာမျိုးနွယ်အုပ်စုသည် မူးယစ်ဆေးဝါးကြောင့် ဆုတံဆိပ်များ ဆွတ်ခူးနိုင်ခဲ့သည်။ သို့ရာတွင် ထိုဆေးများသည် တရုတ်လိပ်ဆီ၊ အသက်စွမ်းအင် များ မဟုတ်ချေ။ သူတို့သည် တရားမဝင် စွမ်းဆောင်ရည်မြင့်တင်သည့် ဆေးဝါးများ သုံးစွဲနေကြသည်။ ၎င်းမှာ လတ်တလော ရှာဖွေမတွေ့ရှိနိုင်သည့် အဆင့်မြင့် စိတ်ကြွဆေးများ သုံးနေကြသည်။
(၂၀၀၀)ခုနှစ် စစ်ဒနီ အားကစားပွဲအတွင်း ၎င်းကို ရှာဖွေတွေ့ရှိခဲ့သည်။ နောက်ပိုင်းတွင် မာမျိုးနွယ်အုပ်စုမှ အဖွဲ့ဝင် တစ်ချို့က နည်းပြမာသည် ၎င်းတို့အား စိတ်ကြွဆေးများ သောက်ခိုင်းပြီး အဆိုပါ ဆေးများကို အားကစားသမားများ ခန္ဓာကိုယ်ထဲထိပင် ထိုးသွင်း ခဲ့ကြောင်း ဖွင့်ဟ ခြ့သည်။ ထိုအကြောင်းနှင့် ပတ်သက်၍ အားကစားသမား တစ်ချို့က အစီရင်ခံစာများ ရေးသားခဲ့သည်။
အရာအားလုံးကိုတော့ အတည်မပြုနိုင်ချေ။ ဖုန်းယွီ လက်ရှိဘဝသို့ မပြောင်းမှီထိပင် နည်းပမာသည် ကောင်းမွန်စွာ နေထိုင်ဆဲဖြစ်ပြီး သူ့အိမ်၌ အိမ်မွေးတိရိစ္ဆာန်အဖြစ် ယွမ် သန်း(၄၀)တန်ဘိုးရှိ တိဗက်ခွေးမျိုးစိတ်ကြီး တစ်ကောင်ရှိ ကြောင်း ကောလဟလများ ထွက်နေခဲ့သည်။
ဖုန်းယွီကမူ ဤသတင်းအား မယုံချေ။ အားကစားသမားများ အားလုံးသည် ပြင်းထန်စွာ လေ့ကျင့်ပြီး ဟော်မုန်း မညီမျှခြင်းကြောင့် တားမြစ်ဆေး စမ်းသပ်မှု မအောင်မြင်ဟုသာ ထင်မြင်ခဲ့သည်။ လှည့်စားခြင်း မဟုတ်ဘဲ ကြိုးစားအားထုတ်မှုကြောင့် ဆုတံဆိပ်များ ရရှိခဲ့ခြင်းဖြစ်သည်။
မည်သို့ ဖြစ်စေကာမူ မာမျိုးနွယ်အုပ်စု၏ ကျော်ကြားမှုမှာ အထွတ်အထိပ် ရောက်နေသည်။ ကျွမ်းဘားနှင့် စားပွဲတင် တင်းနစ်တို့တွင် ကမ္ဘာ့စံချိန် မရှိသောကြောင့် သာမန် ဂျွမ်းဘားနှင့် စားပွဲတင် တင်းနစ် အားကစား သမားများထက် ပိုမို ကျော်ကြားခဲ့သည်။
ထို့အပြင် တရုတ်နိုင်ငံ ထိပ်တန်း အရာရှိကြီး တစ်ဦး မာမျိုးနွယ်အုပ်စု ကိုယ်စားလှယ်နှင့် တွေ့စုံရန် စီစဉ်ထားသည်။ ဤအားကစားသမား အားလုံးကို မာမျိုးနွယ်အုပ်စုဟု အမည်ပေးထားပြီး မည်သူ ကိုယ်စားလှယ် ဖြစ်မည်ဆိုသည်ကို အားလုံး သိလောက်ပေပြီ။
အကယ်၍ နည်းပြ ထောက်ခံထားသည့် ထုတ်ကုန်ကို တစ်ယောက်ယောက်က စုံစမ်းစစ်ဆေးမည် ဆိုပါက တားဆီး ပိတ်ပင်မည့် ထိပ်တန်း အဆင့်များ ရှိနေမည်မှာ မလွဲပင်။
စွေ့ကျင့်ရီ ပြန်လာပြီး ဖုန်းယွီအား သူ့အနေဖြင့် ဤဇာတ်လမ်း ဆက်မလုပ်နိုင်တော့ကြောင်း ပြောခဲ့သည်။ ယွမ် (၃)သိန်းကိုလည်း ဖုန်းယွီသို့ ပြန်ပေးခဲ့သည်။
ဖုန်းယွီ ဒေါသထွက်သွားသည်။ မာမျိုးနွယ်အုပ်စုသည် ရလဒ်ကောင်း ခဲ့လျှင်ပင် နည်းပြမာ ထောက်ခံထားသည့် ကုန်ပစ္စည်းနှင့် မည်သို့မျှ မသက်ဆိုင်ချေ။ ထုတ်ကုန်များသည် ဆိုးဆိုးရွားရွား ပြဿနာများ ရှိခဲ့သည်။ ဖုန်းယွီသည် သူ၏ ထုတ်ကုန်များ ဘေးကင်း စစ်မှန်ကြောင်း ပြသရန် ၎င်းတို့ကို ဖော်ထုတ်ချင်ခြင်းဖြစ်သည်။
ယခု CCTV မှ သတင်းအစီအစဉ်အတွင် ထိုသတင်းကို ငြင်းဆိုခဲ့သဖြင့် ဖုန်းယွီ ဒေါသထွက်သွားခဲ့သည်။ ‘မင်းတို့က ငါကို မဖော်ထုတ်စေချင်လေလေ ငါကလဲ ဖော်ထုတ်လေလေပေါ့။ နည်းပြမာ ကျန်းမာရေး ထုတ်ကုန် အတုတွေ ရောင်းနေတာကို ဘာလို့ ထုတ်မပြောနိုင်ကြတာလဲ.. ငါ့ ထုတ်ကုန်တွေ ရောင်းကောင်းလား မကောင်းလား ငါဂရုမစိုက်ဘူး.. ဒီ အန္တရာယ်ရှိတဲ့ ပစ္စည်းအတုတွေကိုတော့ စင်ပေါ်က ဖယ်ပစ်ရလိမ့်မယ်’
ရည်ရွယ်ချက် ရှိရှိ လုပ်လဲ ဂရုမစိုက်တော့ချေ။ ၎င်းသည်ကား အမှန်တရားပင်။ လူအများကို တောင်းပန်၍ လိမ်လည်ခဲ့ကြောင်း ဝန်ခံရန် တောင်းဆိုရမည်။ သို့သော် သူ့အရင်ဘဝက နည်းပြမာအပေါ် ဖုန်းယွီနားလည်မှုအရ နည်းပြမာသည် သူ့အမှားကို မည်သည့်အခါတွင်မှ ဝန်ခံလိမ့်မည် မဟုတ်ကြောင်း သိထားပေသည်။
ဖုန်းယွီ၏ ယခင်ယဝတွင် မာမျိုးနွယ်အုပ်စု၏ အားကစားသမားများသည် မူးယစ်ဆေးဝါး သုံးစွဲမှုကြောင့် အိုလံပစ် အားကစား ပြိုင်ပွဲမှ ထွက်ခွာခဲ့ရပြီး နည်းပြမာသည် စကားတစ်ခွန်းမှ မပြောဘဲ နှုတ်ဆိတ်နေခဲ့သည်။ အားကစားသမားများနှင့် ပြဿနာ မရှိပါက အဘယ့်ကြောင့် ပြိုင်ပွဲမှ နှုတ်ထွက်ခိုင်းရသနည်း။ အပြစ်မရှိကြောင်း သက်သေပြရန် ဒုတိယ အကြိမ် စိမ်းသပ်မှု ပြုလုပ်ရန် တောင်းဆိုသင့်သည်။
ဖုန်းယွီသည် ခေါင်းဆောင် ကျဲနှင့် စကားပြောချင်သည်။ ဤသည်က အမှန်တရားပင်။ သူတို့ ဖုံးကွယ်ရန် နည်းလမ်း မရှိချေ။
-------*****--------
ဘာသာပြန်သူ . (NTP)