← Chapters

စခန်းမှူးကျဲအား စည်းရုံးခြင်း

Vol. 33 Ch. 491

စခန်းမှူးကျဲအား စည်းရုံးခြင်း

Vol. 33 Ch. 491

“ဖုန်းယွီ မင်းဘာတွေ ပြောနေတယ်ဆိုတာရော သိရဲ့လား.. နည်းပြမာ ထောက်ခံထားတဲ့ ပစ္စည်းက ကျန်းမာရေး ထုတ်ကုန် အတုလား..”

စခန်းမှူးကျဲ စိတ်ဆိုးမန်ဆိုးဖြင့် မေးတော့သည်။ စခန်းမှူးဖြစ်သော်လည်း ဤဇာတ်လမ်း မကခင် အထက်အရာရှိများကို အစီရင်ခံရန် လိုအပ်သေးသည်။

“ကျုပ် အမှန်အတိုင်း ပြောနေတာ.. ကျုပ်က ဒီဆေးဝါးတုတွေနဲ့ ကျန်းမာရေး ထုတ်ကုန်တွေကို ဖော်ထုတ်ဖို့ ကြိုးစားပြီး ခင်ဗျားတို့က နည်းပြမာ ထောက်ခံထားတဲ့ ထုတ်ကုန်တွေကို ဝိုင်းပြီး ဖုံးဖိဖို့ ဘာလို့ ကြိုးစားနေကြမှန်း မသိတော့ဘူး.. ခင်ဗျား ရဲ့ သမာသမတ်ကျတယ်ဆိုတဲ့ သတင်းကောင်းတွေ ဘယ်မှာတုန်း..”

“နည်းပြမာဆိုတာ ဘာကို ကိုယ်စားပြနေတယ်ဆိုတာ သိရဲ့လား.. သူက အလယ်တန်း အဝေးပြေးပွဲအတွက် ကမ္ဘာ့အကောင်းဆုံး နည်းပြကွ”

“ကျုပ် နည်ပြနဲ့ ပတ်သက်ပြီး ဘာမှမသိဘူး.. အဲ့အတွက်လဲ ဘာမှတ်ချက်မှ ပေးမှာမဟုတ်ဘူး.. သူ ကမ္ဘာ့အကောင်းဆုံး ဖြစ်တာနဲ့ ထုတ်ကုန်အတု ဖော်ထုတ်တာနဲ့ ဘာဆိုင်လို့လဲ.. နည်းပြမာ သူ့ မာမိသားစု အုပ်စုက တရုတ် လိပ်ဆီ ကိုသောက်တယ်လို့ ပြောတယ်မို့လား.. နည်းပြမာက အသက်စွမ်းအင်အတွက် ဖော်ဆပ်နည်း ပေးခဲ့တဲ့သူမို့လား… စခန်းမှူးကျဲ လူတိုင်းမှာ ကျွမ်းကျင်မှု ကိုယ်စီရှိတယ်.. နည်ပြမာ နည်းပြလောကမှာ အကောင်းဆုံးဖြစ်နိုင်ပေမယ့် သေချာ စဉ်းစားကြည့်ရင် အသက်စွမ်းအင် လို့ခေါ်တဲ့ ဖော်စပ်နည်း သူတကယ် တီထွင်နိုင်မှာလား..”

ဖုန်းယွီအနေဖြင့် ပညာများစွာ မရှိဘဲ၊ ဓာတုဗေဒနှင့် ဆေးပညာ အခြေခံပင် မသိသော နည်းပြတစ်ဦးသည် ဤကမ္ဘာကြီးအတွက် အံဩဖွယ်ရာ ကျန်းမာရေး ထုတ်ကုန် ဖော်စပ်နည်း တီထွင်နိုင်မည်ဟု ဖုန်းယွီ မယုံကြည်ချေ။

လက်ထောက် စခန်းမှူး ကျဲ စကားများ မှားယွင်းသွားခဲ့သည်။ နည်းပြမာ ဖော်ဆပ်နည်း တီထါင်ခဲ့သူဟု အယုံအကြည် မရှိချေ။ သို့ရာတွင် နည်းပြမာက လူတိုင်းကို ပြောဖူးထားသည်။

ဖုန်းယွီ ဆက်လက်၍..

“တရုတ် လိပ်ဆီဟာ မူးယစ်ဆေး အတုဆိုတာ သက်သေပြဖို့ ကျုပ်မှာ သက်သေရှိတယ်.. အသက်စွမ်းအင်မှာ ထိရောက်မှုမရှိဘူးဆိုတဲ့ သက်သေတွေလဲ ကျုပ်ဆီမှာ ရှိတယ်.. ဝမ်ကျင့်ရှား နဲ့ ကျန်တဲ့ မာမိသားစု အုပ်စုက အဖွဲ့ဝင်တွေကိုလဲ အင်တာဗျူးလို့ရတယ်.. သူတို့ဆီက အဖြေမှန် ရလိမ့်မယ် ထင်တယ်..”

“မင်း ဘာပြောပြော မနစ်က အိုလံပစ်အားကစားပွဲမှာ အံဩစရာတွေ ဖန်တီးထားတယ်.. အခုဆို သူတို့ IAAF World Championships in Athletics မှာ ဝင်ပြိုင်နေတယ်.. ဒီအချိန် သူတို့ အာရုံများလို့ မရဘူး..”

“အဲ့ဒါကြောင့် အမှန်တရားကို ဖုံးကွယ်ချင်တာလား.. ကျန်းမာရေး ထုတ်ကုန်အတု ဝယ်ဖို့အတွက် စာသုံးသူတွေ ငွေကြေးတွေ သုံးနေရတာ ခင်ဗျားမြင်ရဲ့လား.. ခင်ဗျား ဘာတွေ တွေးနေလဲတော့ ကျုပ်လဲ မသိတော့ဘူး.. ကျုပ်အတွက်တော့ အမှန်တရားသိထားပြီး သူတို့ကို မဖော်ထုတ်ရင် ကျုပ်သိပ်အဆင်မပြေဘူး.. ကျုပ် ဘယ်လိုမှ အိပ်ပျော်မှာ မဟုတ်ဘူး.. စခန်းမှူး ကျဲ ဒီကိစ္စအတွက် ပြဿနာ မဖြစ်လောက်ပါဘူး.. နည်းပြမာကို ဆက်သွယ်ပြီး သူ့ထောက်ခံစကား နှုတ်ထွက်ဖို့ ကြိုပြောပြီးမှ ဖော်ထုတ်လို့ ရတာပဲ”

ဖုန်းယွီ နည်းပြမာနှင့် စခန်းမှူးကျဲ တို့အကြား အဆင်ပြေမည့် နည်းလမ်းတစ်ခု ဖွင့်ပေးခဲ့လိုက်သည်။

စခန်းမှူးကျဲ ခေါင်းခါရင်း..

“မဖြစ်နိုင်ဘူး..”

နည်းပြမာသည် သူ့အားကစားသမားများ တရုတ်လိပ်ဆီ သောက်ခဲ့ကြောင်း ကမ္ဘာကို အတိအလင်း ပြောကြားခဲ့သဖြင့် ထိုထုတ်ကုန်ကြောင့် အပြေးမြန်ကြောင်း ဆိုခဲ့သည်။ အသက်စွမ်းအင် မှာ အားကစားသမား များအား အဟာရပေးစွမ်းရန် သူ့လျှို့ဝှက်ချက် တစ်ခုဖြစ်သည်။ အကယ်၍ ယခုမှ သူ့နှုတ်ထွက်စကား ရုတ်သိမ်းပါက လိမ်လည်ရာ ကျပေတော့မည်။ ဤအရာသည် မာမိသားစု အုပ်စုအပေါ် ကြီးကြီးမားမား သက်ရောက်မှု ရှိပေလိမ့်မည်။

“ခေါင်းဆောင်ကျဲ.. ကျုပ်တို့ အစီအစဉ် ဖန်တီးရတဲ့ ရည်ရွယ်ချက် မှတ်မိသေးလား..”

ရည်ရွယ်ချက်။ ခေါင်းဆောင်ကျဲ ဖုန်းယွီစကားများကို နားမလည်ခဲ့ချေ။

“ခေါင်းဆောင်ကျဲ.. ထုတ်လုပ်ရေးအဖွဲ့ ရုံးခန်းမှာ ရေးထားတဲ့ ဆောင်ပုဒ်ကိုရော မှတ်မိလား..”

ဆောင်ပုဒ်။ တရားမျှတမှု၊ တရားစီရင်မှု၊ တွေးခေါ်မျှော်မြင်မှု။ ဤသည်မှာ အစီအစဉိ၏ ဆောင်ပုဒ်များပင်။ ပရိတ်သတ် သဘောကျသော မျက်မှောက်ရေးရာ အစီအစဉ်ကို တင်ဆက်ပေးရန်ပင်။

“ခေါင်းဆောင် ကျဲ.. ကျုပ် အဲ့ဆောင်ပုဒ်ကို တစ်ကြိမ် မြင်ဖူးယုံနဲ့ ပထမဆုံး စကားလုံးကို သဘောကျမိတာ.. တရားမျှတမှု.. သတင်းထောက်တွေက တွေ့ဆုံ မေးမြန်းသူတိုင်းအတွက် တရားမျှတပြီး သမာသမတ်ရှိရမယ်.. အားလုံးက တူညီတဲ့ သဘောထားကို ထိန်းသိမ်းထားရမယ့်အပြင် ဖြေဆိုသူတွေရဲ့ လွှမ်းမိုးမှု မခံနိုင်ချေ။ အဲ့လိုမှပဲ မေးမြန်းခံတဲ့သူတွေက သတင်းထောက်တွေကို အမှန်တရားတွေ ဖြေလိမ့်မယ်..”

ခေါင်းဆောင်ကျဲ မျက်မှောင်ကြုတ်လိုက်သည်။ ဖုန်းယွီ သူ့ကို မည်သည့်အရာ ပြောဖို့ ကြိုးစားနေကြောင်း နားလည်ပေသည်။ ဖုန်းယွီက သူ့ကို ကိစ္စတိုင်းအတွက် တရားမျှတပြီး သမာသမတ်ရှိစေချင်သည်။ မှန်လျင်မှန်သည်- မှားလျှင်မှားသည်။ လူတစ်ယောက်၏ အတိတ်က အောင်မြင်မှုများကြောင့် မည်သည့်အရာကိုမျှ ဖုံးကွယ်မထားသင့်ချေ။

ခေါင်းဆောင်ကျဲသည် အစီအစဉ် စတင်သည့် ရည်ရွယ်ချက်ကို သတိရသွားသည်။ ခေါင်းဆောင်များ လျစ်လျူရှုထား သည့်ကိစ္စ အစီအရင်ခံတင်ပြရန်ပင်ဖြစ်သည်။

အထက် အကြီးအကဲများသည် ဤကိစ္စကို သတိမပြုမိဘဲ ဤအစီအစဉ်သည် အားလုံး၏ အာရုံစိုက်မှု ဆွဲဆောင်နိုင်မည် ဖြစ်သည်။ သို့သော်လည်း တရားခံများသည် ထိပ်တန်းအဆင့်များကို လှည့်စားခဲ့ခြင်း ဖြစ်နိုင်သည်။

ကြေငြာချက် ---

“မျက်မှောက်အခြေအနေကို ကြည့်၊ သတင်းများကို ခွဲခြမ်းစိတ်ဖြာ၊ လူမှုရေး ကိစ္စများကို ကြည့်။ တရားသူကြီး သည် လူအများ ဖြစ်လိမ့်မည်”

ကျန်းမာရေး ထုတ်ကုန်များသည် လူများအကြား အပြောအများဆုံး အကြောင်းအရာဖြစ်သည်။ သို့မဟုတ်ပါက ဖုန်းယွီသည် ကျန်းမာရေး ထုတ်ကုန်များအကြောင်း ကဏ္ဍတစ်ခုတွင် စပွန်ဆာပေးလိုကြောင်း ပြောသည့်အခါ CCTVမှ ချက်ချင်း သဘောတူမည် မဟုတ်ချေ။ အကြောင်းအရင်း တစ်ခုသည် ငွေကြေးဖြစ်၍၊ နောက်တစ်ခုမှာ ကြည့်ရှုသူများအကြား ရေပန်းစားသွား ပေလိမ့်မည်။

အစီအစဉ်အတွက် ကြောင်းအရာ ရွေးချယ်ရာ၌ ပြည်သူများ ထံမှသာဖြစ်ပြီ၊ အထက်အကြီးအကဲ ခွင့်ပြုချက်ဖြစ်သည် စကားမပြောသော စံသတ်မှတ်ချက် တစ်ခု ရှိနေသည်။

ခေါင်းဆောင် ကျဲအနေဖြင့် ဤပြဿနာကို အထက်အကြီးအကဲများထံ အစီရင်ခံပါက စစ်ဆေးမည်ဖြစ်ကြောင်း သေချာပေသည်။ သို့တိုင်အောင် ဤကိစ္စမှာ ယခင် ပြုလုပ်ခဲ့သည့် အကြောင်းအရာများနှင့် ကွဲပြားခြားနားနေသည်။

“ခေါင်းဆောင် ကျဲ.. ဒီကိစ္စ သတင်းဖြစ်လာမယ် မထင်ဘူးလား.. ဒီကဏ္ဍ ထုတ်လွှင့်လိုက်ရင် လူတွေ ပြောကြမှာပဲ.. ဒီကိစ္စအတွက် ပုံကြီးချဲ့ မှတ်ချက်ပေးမှာ မဟုတ်ဘူး.. ဒီထုတ်ကုန်(၂)ခုမှ ပြဿနာတွေ ရှိနေတယ်ဆိုတာ သက်သေပြမယ်.. ဒါ ကျုပ်တို့ လုပ်သင့်တာ လုပ်တဲ့ သဘောပဲ.. အမှန်တရားကို အစီရင်ခံတယ်ဆိုတာ ကျုပ်တို့ရဲ့ အခြေခံမူပဲလေ.. ခေါင်းဆောင် ကျဲ.. တချို့ကိစ္စတွေမှာ အထက်အကြီးအကဲတွေရဲ့ အတည်ပြုချက် ယူဖို့ မလိုဘူး.. ဒါဟာ ခင်ဗျားရဲ့ ပြတ်ပြတ်သားသား စီရင်ဆုံးဖြတ်နိုင်စွမ်းအား ပြဖို့ အခွင့်အရေးမဟုတ်ဘူးလား..”

“ငါတို့မှာ နောက်ထပ် စည်းကမ်းတစ်ခု ရှိသေးတယ်.. ငါတို့က ပြောတိုင်း နားထောင်မှာ မဟုတ်ဘူး.. မင်းမှာ သက်သေ အထောက်အထားတွေ ရှိတယ် ပြောတယ်နော်.. ငါ့ကို ပြ..”

ခေါင်းဆောင်ကျဲ ဆုံးဖြတ်ချက် ချလိုက်တော့သည်။ ဤကိစ္စ အထက်အကြီးအကဲများထံ တင်ပြပါက အတည်ပြုချက် ရမည်မဟုတ်ကြောင်း သိရှိနေသည်။ ဖုန်းယွီ ပြောသကဲ့သို့ သူလုပ်နိုင်ပေသည်။ ဤကိစ္စ သူ့လက်ထဲတွင် အပြီးသတ်ရပေလိမ့်မည်။

ဖုန်းယွီစကားများသည် အမှန်တရားများ ဖြစ်ပါက ဤဇာတ်လမ်းကို ပရိသတ်များ အားပေးမှု ခံရမည်က သေချာပေသည်။ ရုတ်ရုတ်သဲသဲ ဖြစ်ခြင်း၊ အထက်အရာရျိများ သူ့ကို သတိထားမိခြင်းများရှိမည်။ ခေါင်းဆောင်ကျဲ သည် ကောင်းမည်၊ ဆိုးမည် မသေချာသော်လည်း အမှန်ကိုပြီး အဆိုပါ ပစ္စည်းများကို မဖော်ထုတ်ပါက ညဘက် ကောင်းစွာ အိပ်ပျော်နိုင်တော့မည် မဟုတ်ချေ။

သို့သော် ပထမဦးစွာ ဖုန်းယွီအနေဖြင့် သူ့စကားများကို လူတိုင်း ယုံကြည်စေရန် ခိုင်မာသော အထောက်အထားများ ပြနိုင်ရမည်။ ဤပြဿနာ၏ အကျိုးသက်ရောက်မှုသည် ကြီးမာပေလိမ့်မည်။

ပထမဦးစွာ CCTV ၏ယုံကြည်မှု ထိခိုက်ပေလိမ့်မည်။ တရုတ် လိပ်ဆီနှင့် အသက်စွမ်းအင် သည် CCTV တွင် ကြော်ငြာများ တင်ထားသည်။ နောက်တစ်ချက်မှာ မာမိသားစု အုပ်စုသည် တရုတ်ပြည်၏ ဂုဏ်ယူဖွယ်များ ဖြစ်ပြီး သူတို့ ဂုဏ်သိက္ခာ ထိခိုက် ပျက်စီးသွားပေလိမ့်မည်။ လူလိမ်များ တိုင်းပြည်ဂုဏ်ဆောင်ခဲ့လျှင်ပင် လိမ်ညာခြင်းအား မည်သူမျှ မနှစ်သက်ချေ။

ထို့ထက်ပို၍ လေးနက်သည့်အချက်မှာ ဤအစီရင်ခံစာသည် တရုတ်နိုင်ငံ စီးပွားရေး တိုးတက်မှုကို ထိခိုက်စေမည် ဖြစ်သည်။ ကျန်းမာရေး ထုတ်ကုန်များ ပေါ်ပေါက်လာကတည်းက တရုတ်စီးပွားရေး မြှင့်တင်ရန် လိုအပ်ပေသည်။

ခေါင်းဆောင်ကျဲ သူ့စိတ်ဓာတ် ဖွင့်ဟလာသည့်အခါ ဖုန်းယွီ စိတ်သက်သာရာ ရသွားတော့သည်။ ဖုန်းယွီ၏ ဇာတ်လမ်းကို ရုပ်ရှင်နှင် ထုတ်လွှင့်ရန် သဘောတူသရွေ့ သူ့ကိုစည်းရုံးရသည်ထက် မည်သည့် အရာမှ အရေးမကြီးချေ။

ခေါင်းဆောင်ကျဲမှ ဤကိစ္စ သဘောမတူပါက ဖုန်းယွီသည် သူ့တက္ကသို ဒုတိယ မျိုးဆက် ကျောင်းနေဖက်များထံ ကျေးဇူးကျွေးကို အသုံးချရပေလိမ့်မည်။ ထိုဒုတိယ မျိုးဆက်များသည် ဩဇာကြီးမားသော နောက်ခံ သမိုင်းများရှိကြပြီး ၎င်းတို့၏ မိသားစုဝင် အများစုသည် အစိုးရပိုင်း ရာထူးကြီးကြီးနေရာများတွင် ဆက်လက်တာဝန် ထမ်းဆောင်နေကြဆဲ ဖြစ်သည်။ ဖုန်းယွီက ဆရာလူသည် ဒေါသကြီးသည့် မျိုးချစ်လူငယ်တစ်ဦးဖြစ်ပြီး အချောင်သမားများကို လက်မခံနိုင်သူဖြစ်ကြောင်း သတိရမိသည်။

ဖုန်းယွီ ပြုံးရင်းဖြင့်..

“ခေါင်းဆောင် ကျဲ.. ခင်ဗျား အထောက်အထား လိုချင်တာမို့လား.. ပြဿနာမရှိဘူး.. ကျုပ် ခင်ဗျားကို သက်သေပြမယ်..”

ဒါတွေက နည်းပြမာနဲ့ သူ့ မာမိသားစု အုပ်စု အကြောင်း နောက်ထပ် အချက်အလက်တွေပဲ။

-------*****--------

ဘာသာပြန်သူ . (NTP)

All Chapters