← Chapters

တစ်မျိုးသားလုံး ရုတ်ရုတ်သဲသဲ ဖြစ်ခြင်း

Vol. 33 Ch. 493

တစ်မျိုးသားလုံး ရုတ်ရုတ်သဲသဲ ဖြစ်ခြင်း

Vol. 33 Ch. 493

လီကျားယွီ တီဗွီ ဖွင့်လိုက်သည်နှင့် သူ့စိတ်အတွင်းမှ လက်ထောက်ကို ကျိန်ဆဲနေမိတော့သည်။ တီဗွီပေါ်ရှိ သတင်းမှာ သူ့ကုမ္ပဏီနှင့် မသက်ဆိုင်ပါက အရေခွံစုပ်မိတော့ ပေလိမ့်မည်။ အချိန်ပိုဆင်းချင် နေသည်လော မသိ။

“ကျွန်ုပ်တို့ အထူး အစီအစဉ်က ဤတွင် အဆုံးသတ်ပါမယ်.. ဒီ ကောက်နှုတ်ချက် တွေကို သတိထားကြပါ..”

လီကျားယွီ နံရံပေါ်ရှိ နာရီကို ကြည့်လိုက်မိသည်။ ဤအစီအစဉ် စောနေပေသည်။ ယနေ့တွင်မှ မည်သည့်အတွက် ဖြစ်ရသနည်း။

“ဘာ အထူးအစီအစဉ်လဲ.. မင်း ဘာကို ကြည့်စေချင်နေတာလဲ..”

“ဒါရိုက်တာလီ.. ဒီအစီအစဉ်မှာ ကျန်းမာရေး ထုတ်ကုန်နဲ့ ပတ်သက်တဲ့ ပြဿနာတွေပါ..”

“ကျန်းမာရေး ထုတ်ကုန်နဲ့ ပတ်သက်တဲ့ ပြဿနာတွေလား.. ကျန်းမာရေး ထုတ်ကုန်တွေက ဘာမှားနေလို့လဲ..”

“ဒါရိုက်တာလီ.. မကြာခင် လာတော့မယ်.. ကြည့်လိုက်ရင် သိလိမ့်မယ်..”

……

“ဒါရိုက်တာလီ ကျုပ်တို့ အသက်စွမ်းအင်ကိုလဲ ဖော်ပြထားတယ်..”

“အို့.. တကယ်ကြီးလား.. ဟား ဟား ဟား… ငါတို့ ထုတ်ကုန်အကြောင်း သတင်းထည့်ရေးတယ်ပေါ့.. ငါတို့ ထုတ်ကုန် လူကြိုက်ပိုများအောင် လုပ်ပေးတာ မဖြစ်နိုင်ဘူးလား.. ပြောစမ်းပါအုံး ငါတို့ ထုတ်ကုန်တွေကို ဘယ်လို ချီးကျူးထားလဲ..”

“ဒါရိုက်တာလီ.. သူတို့တွေ ငါတို့ ထုတ်ကုန်ကို ချီးကျူးနေတာ မဟုတ်ဘူး.. ကျုပ်တို့ရဲ့ ပါဝင်ပစ္စည်းတွေနဲ့ ပြဿနာတွေ တင်ပြထားပါတယ်.. နောက်ပြီး သူတို့က ငါတို့တွေ ကုန်ပစ္စည်း အတုလုပ်တယ် ဆိုပြီး သတင်းကြေငြာတာပါ.. CCTV က တစ်ယောက်ယောက် ငါတို့ရဲ့ ကြော်ငြာ ထုတ်လွှင့်တာတွေ ရပ်လိုက်မှာဖြစ်တဲ့ အပြင် စာချုပ်မှာ ပါတဲ့အတိုင်း ကြော်ငြာခ ပြန်အမ်မှာ မဟုတ်ကြောင်း ဖုန်းဆက် အကြောင်းကြား လာပါတယ်..”

“ဘာ… ငါတို့ ထုတ်ကုန်နဲ့ ပတ်သက်ပြီး ပြဿနာ ရှိနေတာလား..”

“ပါဝင်ပစ္စည်းတွေက အညွှန်းမှာ ဖော်ပြထားတဲ့အတိုင်း မပါဘူး.. ပြီးတော့ သူတို့ ပြောပုံအရဆို ‘လူ့သက်တမ်း ထိခိုက်ပြီး အသက်တိုစေလိမ့်မယ်’ လို့ ပြောထားတယ်.. အဲ့စကားမှာဆို မဟုတ်တော့ဘူး.. ဒါက အတုကြီး.. အစီအစဉ်မှာ ကျုပ်တို့ ကြော်ငြာထားတာတွေ အတည်ပြုဖို့ ကျွမ်းကျင်သူတွေနဲ့ ချိတ်ဆက်ထားတယ်။ ကျုပ်တို့ ထုတ်ကုန်တွေမှာ အဲ့လိုမျိုး အကျိုးသက်ရောက်မှု မရှိဘူး.. ကျုပ်တို့ ထုတ်ကုန်က ပရိုတင်ပါတဲ့ ဗီတာမင် ရေ သက်သက်ပဲလို့ ပြောနေကြတယ်..”

ဒါရိုက်တာလီ မှာ အတွေ့အကြုံရှိသော စီးပွားရေးသမား ဖြစ်သည်။ သူ ချက်ချင်း ညွှန်ကြားလိုက်သည်..

“အသက်စွမ်းအင် ထုတ်လုပ်မှုကို ချက်ချင်း ရပ်ဖို့ စက်ရုံကို အကြောင်းကြားလိုက်.. ပြီး ငါတို့တွေ ဒီထုတ်ကုန်နဲ့ ပတ်သက်လို့ အမှာစာတွေ ထပ်လက်မခံတော့ကြောင်း အရောင်းအဖွဲ့ကို အသိပေးလိုက်.. ပြီးတော့ ဘယ်ပါဝင်ပစ္စည်း လိုအပ်လို့ ထုတ်လုပ်ရေး လုပ်ငန်းစဉ်မှာ ဘယ်အပိုင်း မှားနေတယ်ဆိုတာ စုံစမ်းလိုက်..”

……

ကျန်းမာရေးထုတ်ကုန် ပိုင်ရှင်များအားလုံးသည် ၎င်းတို့ စက်ရုံများနှင့် ကိုယ့်ကိုကိုယ် မြောင်းထဲမှ ကယ်တင်ရန် ကြိုးပမ်းနေကြလေသည်။ အချို့ ကုမ္ပဏီများကမူ ငွေထုတ်ပိုက်၍ ပုန်းရှောင်သွားကြ လေသည်။ ကျန်းမာရေး ထုတ်ကုန်အတု ထုတ်လုပ်နေကြောင်း ၎င်းတို့ကိုယ်တိုင် သိထားပေသည်။ အထက်အကြီးအကဲများ သေချာ အာရုံစိုက်ပေလိမ့်မည်။ ယခုအချိန် ထွက်မပြေးပါက ၎င်းတို့၏ စည်းစိမ်ဥစ္စာများ ဆုံးရှုံးရမည့်အပြင် ထောင်နန်းစံရ ပေလိမ့်အုံးမည်။

ပိုင်ရှင် သူဌေးများအားလုံးတွင် လီကျားယွီမှာ အဆိုးဆုံးပင်။ ထုတ်ကုန်အားလုံးတွင် ၎င်းက အဆိုးဆုံးဖြစ်သည်။ အခြားထုတ်ကုန်များတွင် ဗီတာမင် သို့တည်းမဟုတ် ပရိုတင်းဓာတ် အနည်းငယ် ပါဝင်သေးသည်။ အထူးသဖြင့် တရုတ်လိပ်ဆီ ကို ဓါတ်ခွဲစမ်းသပ်ထားသည်။ ဤထုတ်ကုန်တွင် အချိုဓာတ်နှင့် ရောစပ်ထားသော ရေသာ ဖြစ်ပေသည်။ ထုတ်ကုန်တွင် အခြားပါဝင်သည်များ ရှိနေသေးသည်လော။ မှန်ပေ၏။ အလွန် အန္တရာယ်ရှိသည့် ဝမ်းရောဂါကဲ့သို့ ရောဂါပိုးမွှားအမျိုးမျိုး ပါဝင်နေသေးသည်။

တရုတ်လိပ်ဆီအတွက် ဖော်ပြရန် ကျန်းမာရေး ထုတ်ကုန်အတု ဆိုသည့် စကားလုံးသည် မလုံလောက်တော့ချေ။

ထုတ်လွှင့်ပြီးနောက် တစ်နိုင်ငံလုံး ရုတ်ရုတ်သဲသဲ ဖြစ်သွားတော့သည်။

အစီအစဉ်တွင် ဖော်ပြထားသော ကျန်းမာရေး ထုတ်ကုန်အားလုံး နီးပါးကို ကြည့်ရှုသူများ ကြားဖူးနားဝရှိထားကြပြီး အများစုမှာ ၎င်းတို့၏ မိဘများ၊ သားသမီးများနှင့် မိမိကိုယ်တိုင် လက်ဆောင်အဖြစ် ဝယ်ယူခဲ့ကြသေးသည်။ ထုတ်ကုန်များသည် ပါဝင်ပစ္စည်း မစုံလင်သည့်တိုင် ကောင်းမွန်နေဆဲ ဖြစ်နေသည်။ (၁၀၀)ရာခိုင်နှုန်း ထုတ်ကုန်အတု ဝယ်ယူမိသူများမှာ လွန်စွာ ဒေါသထွက်နေကြတော့သည်။

လူများသည် ၎င်းတို့ ဆွေမျိုး၊ မိတ်ဆွေ၊ လုပ်ဖော်ကိုင်ဖက်များအား ဤကျန်းမာရေး ဖြည့်စွက် ပစ္စည်းများ သုံးစွဲမှု ရပ်ရန် သတိပေးလာကြတော့သည်။ အထူးသဖြင့် တရုတ် လိပ်ဆီ နှင့် လုံးဝ ကုန်ပစ္စည်းအတု များပင်။ ထို ထုတ်ကုန်များတွင် ကြော်ငြာထားသည့် အာနိသင် မပါဝင်သည့်အပြင်၊ အန္တရာယ်ရှိသော ရောဂါပိုးမွှားများပင် ပါဝင်နေသေးသည်။ ထို ကျန်းမာရေး ထုတ်ကုန်များ သုံးဆွဲပါက ကျန်းမာရေးပင် ထိခိုက်နိုင်လေသည်။

……

“အမေ.. အမေ့အတွက် ဝယ်ပေးထားတဲ့ တရုတ် လိပ်ဆီ မသောက်ဘူးလား..”

“ဘာ သောက်ဖို့ လာမေးနေတာလဲ.. အဲ့ ဆေးစုတ်တွေလား.. ရုပ်မြင်သံကြားက ဖော်ထုတ်ထားတယ်လေ.. ပစ္စည်းတုတွေကို.. ငါ့များ သတ်ဖို့ ကြိုးစားနေလား..”

“အမေ.. ကျွန်တော် ထုတ်ကုန် အတုမှန်း မသိလို့ပါ.. အခုကစပြီး အဲ့ဒါတွေ ဆက်မသောက်ဖို့ သတိထားရမယ်.. မနက်ဖြန် အသစ်ဝယ်ပြီး ဆေးရုံမှာ သွားစစ်လိုက်မယ်..”

“အဲ့ဒါတွေ ဘယ်က ဝယ်လာတာလဲ.. မနက်ဖြန် သွားပြီး ငွေပြန်တောင်းမယ်.. ငွေ ပြန်အမ်းယုံတင် မဟုတ်ဘူး ဒင်းတို့ကို ဖမ်းဖို့ ရဲတွေပါ ခေါ်သွားရမယ်..”

“ဟုတ်ကဲ့ အမေ.. အမေ မပြောရင်တောင် ကျုပ်ပြန်တောင်းပေးမယ်။ ဒါပေမယ့် ဆေးစစ်ဖို့ ဆေးရုံကို အရင်သွားလို့ ရမလား.. ဒီဟာတွေ သုံးမိလိုက်သေးလား.. ကျန်းမာရေး ဖြည့်စွက်စာတွေ သုံးနေတာ အခုကစပြီး ရပ်ဖို့ မမေ့နဲ့နော်.. ကျန်းမာရေး ဖြည့်စွက်စာ လိုအပ်တယ် ထင်ရင် နာမည်ကြီး ဆေးဝါးကုမ္ပဏီတစ်ခုက ဝယ်ဖို့ အစိုးရဆေးဆိုင်မှာ သွားဝယ်ပေးမယ်.. အဲ့ဒါတွေကတော့ သုံးစွဲဖို့ စိတ်ချရတယ်လို့ ကြားဖူးတယ်”

……

လူများသည် စီးပွားရေး သမားများအား အလွတ်မပေးရန် ဆုံးဖြတ်ထားကြသည်။ ထို့အပြင် ထိုထုတ်ကုန်များ ရောင်းချသည့် ကုန်တိုက်နှင့် ဆိုင်များကို အလွယ်တကူ ခွင့်လွှတ်လိမ့်မည် မဟုတ်ချေ။

တရုတ် နိုင်ငံ တစ်ဝှမ်းရှိ ကုန်သွယ်ရေးနှင့်စက်မှုလုပ်ငန်းဌာန နှင့် ရဲစခန်းများတွင် ဖုန်းသံများ ဆက်တိုက် မြည်နေပါသည်။ ထိုနေ့တွင် တိုင်ကြားစာများနှင့် အစီရင်ခံစာ အရေအတွက်သည် တစ်နှစ်စာ အရေအတွက်ထက်ပင် ပိုများလာခဲ့တော့သည်။ တိုင်ကြားမှုများနှင့် အစီရင်ခံစာများ အားလုံးသည် ကျန်းမာရေး ထုတ်ကုန်အတု ရောင်းချသူများကို ဖမ်းဆီးရန်၊ အဆိုပါ ကုန်ပစ္စည်းများ ရောင်းချသော ဆိုင်များကို ပိတ်ပစ်ရန်နှင့် လျော်ကြေး တောင်းခံပေးရန်တို့ ပါကြသည်။

ဉာဏ်ရည် ထက်မြက်သူ အချို့သည် ပြန်အမ်းငွေ တောင်းခံရုံသာမက ၎င်းတို့၏ ဝင်ငွေနှင့် ဆေးဘက်ဆိုင်ရာ ကုန်ကျစရိတ်များ ဆုံးရှုံးနစ်နာမှုများအတွက် လျော်ကြေးများ လိုချင်နေကြသည်။

ထိုအချိန်၌ ပေကျင်းရှိ လူငယ်တစ်ယောက်သည် သတင်းစာဖတ်နေပေသည်။ စာမျက်နှာများတွင် ကျန်းမာရေးဆိုင်ရာ ထုတ်ကုန်တစ်ခု ပါရှိပြီး ၎င်းထုတ်ကုန်များသည် အတုဖြစ်ကြောင်း တွေ့ရှိပါက (၁၀)ဆ ပြန်အမ်းမည် ဖြစ်ကြောင်း ဖော်ပြထားသည်။ သူ့မျက်လုံးမှိတ်၍ ငွေရှာနည်း စဉ်းစားနေတော့သည်။ လျော်ကြေးငွေ တဲ့လား။ ထိုလူ အမည်မှာ ဝမ်တဟိုင် ပင်ဖြစ်တော့သည်။

……

“လီကျားယွီကို ချက်ချင်း ဆက်သွယ်၊ မြို့တော်ရဲ့ အမှုဆောင် ကော်မတီဝင်အာလုံးကို အကြောင်းကြားလိုက်.. (၁၅)မိနစ်အတွင် အစည်းအဝေးလုပ်မယ်.. ပြီးတော့ ကုန်သွယ်ရေးနှင့်စက်မှုဌာန၊ ရဲဌာနနဲ့ ကျန်းမာရေးဌာန တာဝန်ခံတွေကိုလဲ အစည်းအဝေးတက်ဖို့ ဖိတ်လိုက်”

တရုတ် လိပ်ဆီ အခြေစိုက်ရာမြို့မှ ပါတီအတွင်းရေးမှူးသည် ဖုန်းဖြင့် အော်ဟစ်နေပေသည်။ ဖုန်းချပြီးသည်နှင့် ရုံးခန်းတွင်းမှ အမြန်ထွက်လာတော့သည်။ သူအနှစ်သက်ဆုံး လက်ဖက်ရည်ခွက်ပင် ယူဆောင်မလာမိတော့ချေ။

……

“မနက်ဖန်.. မဟုတ်သေးဘူး.. ဒီနေ့ည ကုန်သွယ်ရေးနှင့်စက်မှုဌာန၊ ကျန်းမာရေးဌာနက ဒီထုတ်ကုန်အားလုံးကို စင်ပေါ်ကဖယ်ပြီး ဒီလောက် ပြဿနာဖြစ်နေတဲ့ကြားက ဘယ်သူတွေ ရောင်းနေသေးလဲ သေချာစုံစမ်းလိုက်.. ပြီးတော့ ဒီထုတ်ကုန်ရောင်းတဲ့ လက်လီဆိုင်တွေကိုလဲ ပိတ်ပစ်ပြီး ဒဏ်ငွေ ရိုက်ရမယ်..”

“အတွင်းရေးမှူးလီ.. ဆေးဆိုင်တွေမှာလဲ အဲ့ပစ္စည်းတွေ ရောင်းနေတယ်.. ဆေးဆိုင်တွေ အကုန် ပိတ်လိုက်ရင် အရပ်သားတွေ ဘယ်မှာ ဆေးသွားဝယ်ရပါ့မလဲ..”

“ဒီမြိ့က ဆေးဆိုင်အားလုံး ပါနေတယ်လို့ မင်းပြောလိုက်တာလား..”

အတွင်းရေးမှူးလီ ပြန်မေးလိုက်မိတော့သည်။ အလွန် ခေါင်းခဲစရာ ဖြစ်နေသည်။ စည်းကမ်း စစ်ဆေးမှုများ မလုံလောက်တော့ဟု ထင်နေမိတော့သည်။

“ကျန်းမာရေးဌာန ဘာတွေလုပ်နေလဲ.. ဒီထုတ်ကုန်အတုတွေ ဆေးဆိုင်ပေါ်မှာ ဘာလို့တွေ့နေရတာလဲ.. ဒါ မင်းတာဝန်ပဲ..”

မြို့တော်ဝန်လည်း အော်ဟစ် ဆူပူ နေတော့သည်။

မြို့တော် ကျန်းမာရေးဌာန အကြီးအကဲက သူ့စိတ်အတွင်း ငြီးတွားနေတော့သည်။ မိမိကို အပြစ်ပေးနေသည်လော။ ပြီးခဲ့သည့် လတွင် တရုတ်လိပ်ဆီ စက်ရုံသည် မြို့အတွင်း ဝင်ငွေမြင့်မားစွား လုပ်နိုင်ခဲ့သည့်အတွက် ချီးကျူးခဲ့သေးသည် မဟုတ်ပေလော။ လီကျားယွီသည် မြို့တော်ရုပ်မြင်သံကြားတွင်ပင် ပြသခဲ့သေးသည်။ ထို့အပြင် စက်ရုံများကို မကြာခဏ စစ်ဆေးခြင်း မပြုရန် ပြောထားသေးသည် မဟုတ်ပေလော။

“တခြား ဖြေရှင်းလို့ရမယ့် နည်းလမ်း ရှိသေးလား.. အခုပြော.. ဒီလို အကြပ်အတည်း အနေအထားမှာ အားလုံး ပူးပေါင်း လုပ်မှ ရမယ်.. မြို့တော်ဝန် လျို မင်းက ဘဏ္ဍာရေး တာဝန်ခံလေ.. အခု မြို့တော်မှာ ငွေ ဘယ်လောက် ရှိသေးလဲ..”

ဤသည်မှာ ဖြစ်ရပ်ကြီး တစ်ခုဖြစ်သည်။ အခြားမြို့များနှင့် ပြည်နယ်များသည်လည်း ၎င်းတို့ တရားစီရင်ပိုင်ခွင့် ပြင်ပတွင် ရှိပြီး လုပ်ဆောင်နိုင်ခြင်း မရှိကြချေ။ ထို့အပြင် မြို့မှ လျော်ကြေးငွေများကို သူတို့မြို့တွင်းရှိ စားသုံးသူများထံ ပေးဆောင်ရပေလိမ့်မည်။ သူတို့ မြို့တော်မှာ ထူထုကို အရင် တည်ငြိမ်အောင် လုပ်ရပေမည်။ မြို့အတွင်း အဓိကရုဏ်များ ဖြစ်ပွားပါက အတွင်းရေးမှူးသည်လည်း ဒုက္ခရောက်ရ ပေမည်ဖြစ်သည်။

“မြို့မှာ အရန်ငွေကြေး သိပ်မရှိတော့ဘူး.. လီကျားယွီက ဘာလို့ ဒီမှာ မရှိတာလဲ.. ငါတို့ ကုမ္ပဏီရဲ့ အကောင့် ခေတ္တရပ်ဆိုင်းဖို့ ဘဏ်ကို အကြောင်းကြားလိုက်.. လီကျားယွီ နဲ့ သူ့မိသားစုဝင်တွေရဲ့ ဘဏ်စာရင်းလဲ ရပ်ထားလိုက်”

“အတွင်းရေးမှူးလီ.. ပြည်နယ်ပါတီ အတွင်းရေးမှူး ခေါ်နေပါတယ်..”

လက်ထောက် အတွင်းရေးမှူး အစည်းအဝေးခန်းအတွင်း ပြေးဝင်လာပြီး ပြောလိုက်ခြင်းဖြစ်သည်။

“အရေးပေါ် တုန့်ပြန်ဖို့ အစည်းအဝေး လုပ်လုပ်ပြီး စဉ်းစားထားကြပါ..”

အတွင်းရေးမှူးလီသည် အစည်းအဝေးခန်းမှ ထွက်ခွာသွားခဲ့တော့သည်။

-------*****--------

ဘာသာပြန်သူ . (NTP)

All Chapters