← Chapters

ဆဋ္ဌမအာရုံ မှတ်ပုံတင်ရန်

Vol. 33 Ch. 495

ဆဋ္ဌမအာရုံ မှတ်ပုံတင်ရန်

Vol. 33 Ch. 495

CCTV တွင် ကြော်ငြာအကွက် (၆)ခု လွတ်သွားသဖြင့် ဖုန်းယွီ ကျေနပ်သွားသည်။ အကွက်များထဲမှ တစ်ခုသည် တကယ့်အချိန်ကောင်း တစ်ခုဖြစ်သည်။ ဖုန်းယွီသည် အဆိုပါ အကွက်များကို နှစ်လယ်ပိုင်းတွင် ဝယ်ယူသဖြင့် ဌာနမှူးကျဲ အနေဖြင့် ကြော်ငြာ(၆)ကွက်အားလုံး ဝယ်ယူမည်ဆိုပါက ဈေးလျော့ပေးလိုသည်။ ဖုန်းယွီ တွက်ချက် ပြီးနောက် ထိုအကွက်များသည် ယခုနှစ်အစတွင် ပေးဆောင်သည်ထက် ထက်ဝက်နည်းကြောင်း တွေ့ရသည်။ ဌာနမှူးကျဲသည် ဖုန်းယွီကို လာမည့်နှစ်တွင် ပြုလုပ်မည့် ကြော်ငြာအကွက်များ လေလံပွဲအတွက် အနီးကပ် လေလံပွဲစနစ် ဖြစ်နိုင်ကြောင်းနှင့် ဖုန်းယွီသည် နောက်ထပ် လေလံများ ဆွတ်ခူးနိုင်စေပေလိမ့်မည်။ ဖုန်းယွီသည် သူရွေးချယ်ထားသည့် ကုမ္ပဏီတွင် သီးသန့် အစီအစဉ်တစ်ခု ရိုက်ကူးနိုင်ရန် ကူညီပေးနိုင်သည်။

အဘိုးကြီးကျဲသည် လူကောင်းတစ်ယောက်ပင်။

နောက်ဆုံး ဖုန်းယွီသုံးရန် ကြော်ငြာအကွက် အလုံအလောက် ရသွားတော့သည်။ ဖုန်းယွီသည် CCTV တွင် ကြော်ငြာ မလုံလောက်သောကြောင့် ရေဒီယိုလိုင်းများတွင် ကြော်ငြာရန် စဉ်းစားခဲ့သည်။ ယခုမူ ဤသို့ လုပ်စရာ မလိုတော့ချေ။ CCTV မှထွက်လာပြီးနောက် ဖုန်းယွီ လေဆိပ်သို့ ဦးတည်သွားလိုက်တော့သည်။ ခါမီတာ မာဆောင်း ပေကျင်းသို့ ရောက်လာသည်။

ခါမီကာ မာဆောင် ဖုန်းယွီနှင့် တွေ့သည့်အခါ..

“ခေါင်းဆောင် လေဆိပ်မှာ လာခေါ်တာ ကျေးဇူးတင်ပါတယ်.. တက္ကစီ ငှားသွားလို့ရပါတယ်ဗျာ.. ကိုယ်တိုင်လာဖို့ မလိုပါဘူး..”

ဂျပန်တွင် အထက်အရာရှိနှင့် လက်အောက် ငယ်သားများကြားတွင် စည်းခြားထားလေသည်။ အထက်လူကြီးကသာ ငယ်သားများကို အမိန့်ပေးနိုင်ပေသည်။ ဘယ်လိုလုပ် တန်းတူ ဆက်ဆံနိုင်မည်နည်း။ ဤသူဌေးကို ခေါင်းဆောင်ကောင်းဟု သတ်မှတ်လိုက်တော့သည်။

“တော်လောက်ပါပြီ.. ဦးညွတ်နေတာ ရပ်လိုက်တော့.. မင်း ဂျပန်လူမျိုးမှန်း အားလုံးမသိမှာ စိုးလို့လား.. ကားပေါ် မြန်မြန် တက်တော့.. ငါတို့ လုပ်စရာ အများကြီး ရှိသေးတယ်..”

လမ်း၌ ခါမီဒါ မာဆောင် က ဆဋ္ဌမအာရုံ ကုမ္ပဏီ၏ လက်ရှိအခြေအနေကို ပြောပြနေသည်။ ကုမ္ပဏီသည် ကောင်းမွန်စွာ လည်ပတ်နေပြီး ကနဦးရည်မှန်းချက်များ အောင်မြင်ခဲ့သည်။ ခါမကာ မာဆောင် သည် ဤကုမ္ပဏီကို မှတ်ပုံတင်ရန် စဉ်းစားနေသည်။

တိုကျိုသည် ကမ္ဘာ့ ဒုတိယအကြီးဆုံး ဘဏ္ဍာရေး အချက်အချာ ဖြစ်သည်။ ဆဋ္ဌမအာရုံ ကုမ္ပဏီ၏ အမြတ်ငွေသည် ပြီးခဲ့သည့် (၂)နှစ်အတွင်း အလွန် တိုးတက်လာသည်။ ဤကုမ္ပဏီသည် မကြာမှီ ကမ္ဘာ့အကြီးဆုံး ကာမအရုပ် ကုမ္ပဏီ ဖြစ်လာနိုင်သည်။ မှတ်ပုံတင်ရန် နည်းလမ်း မရှိသေးချေ။

ကုမ္ပဏီ မှတ်ပုံတင်ပြီးနောက် အစုရှယ်ယာတန်ဖိုးများ တိုး၍ အမြတ်တိုးလာပေလိမ့်မည်။ သို့ရာတွင် အစုရှယ်ယာ ခွဲဝေပါက အခွန်မြင့်မားခြင်းမှ ကင်းလွတ်ခွင့်ရပေလိမ့်မည်။

ခါမီဒါ မာဆောင် သည်လည်း အားရဝမ်းသာစွာဖြင့် ကနဦးကတည်းက သူနှင့်အတူ လုပ်ဖော်ကိုင်ဖက်များကို မျှဝေ ပေးချင်နေသည်။ ကုမ္ပဏီ မှတ်ပုံမတင်ခင် ဝန်ထမ်းများသည် အစုရှယ်ယာ အနည်းငယ်ကို လျှော့ဈေးဖြင့် ဝယ်ယူနိုင်ပေသည်။ အစုရှယ်ယာဈေးနှုန်းများသည် ဈေးကွက်ပေါက်ဈေးထက် များစွာ နိမ့်နေပေသည်။ ၎င်းကို ဝန်ထမ်းများ၏ အကျိုးခံစားခွင့်အဖြစ် ယူဆနိုင်ပြီး ကုမ္ပဏီကြီး အများအပြားက အသုံးပြုခဲ့ကြသည်။

ခါမီဒါ မာဆောင် ဖုန်းယွီအား ဖုန်းဖြင့် ပြောထားပြီး ဖြစ်လေသည်။ ဖုန်းယွီသည် ဤအကြံအစည်နှင့် အဆင်ပြေသော်လည်း ကုမ္ပဏီကို ဂျပန်နိုင်ငံတွင် မှတ်ပုံမတင်သင့်ကြောင်း ခံစားနေမိသည်။ ဂျပန်၏ စတော့ ဈေးကွက်သည် စီးပွားရေး ကျဆင်းမှု ပြန်လည်ကောင်းမွန်မှု မရှိသေးသည့်အပြင် ကုမ္ပဏီကို ဂျပန်နိုင်ငံတွင် မှတ်ပုံတင်ပါက အမြတ်အစွန်း များစွာ ရလိမ့်မည် မဟုတ်ချေ။ အဘယ့်ကြောင့်ဟူမူ ဂျပန်လူမျိုးများသည် ယခုအချိန်တွင် အပိုဝင်ငွေ မရှိကြသေးချေ။ ရှယ်ယာများ မည်သို့ တက်လာမည်နည်း။

ဖုန်းယွီသည် အမေရိကန်များထံမှ ငွေရန်နိုင်ရန် ကုမ္ပဏီကို အမေရိကန် နိုင်ငံတွင် စာရင်းသွင်းရန် စိတ်ကူးထားသည်။ အမေရိကန်များသည် ယခုအချိန်တွင် ချမ်းသာကြပြီး ၎င်းတို့၏ စတော့ဈေးကွက် မြင့်တက် နေဆဲဖြစ်သည်။ ထို့အပြင် အမေရိကန်တွင် ကာမ အရုပ်များ မှတ်ပုံတင်ထားသည့် ကုမ္ပဏီ မရှိသေးချေ။ ဤသည်မှာ ဆဋ္ဌမအာရုံ ကုမ္ပဏီအတွက် ကောင်းမွန်သည့် အနေအထား ဖြစ်သည်။

ဖုန်းယွီအနေဖြင့် ထုတ်ပေးထားသည့် အစုရှယ်ယာများကို ထိန်းချုပ်ရန်သာ လိုအပ်ပြီး သူ့အနေဖြင့် ရှယ်ယာ (၅၀)ကျော် ပိုင်ဆိုင်နေသေးသည်။ သူသည် အဓိကရှယ်ယာရှင် အဖြစ်ဆက်လက်ရှိနေအုံးမည် ဖြစ်ပြီး ကုမ္ပဏီတွင် အာဏာအကြီးဆုံး ဖြစ်နေပေလိမ့်အုံးမည်။

ဖုန်းယွီသည် ဆဋ္ဌမအာရုံ ကုမ္ပဏီတွင် ရင်းနှီးမြုပ်နှံမှု များများစားစား မရှိခဲ့ဘဲ အပျော်သဘောသာ ရင်းနှီးမြှပ်နှံထားခြင်း ဖြစ်သည်။ ယခုအခါ သူသည် ၎င်း၏ ကနဦးရင်းနှီးမြှပ်နှံမှုကို ပြန်လည်ရရှိပြီး အမြတ်အစွန်းများစွာ ရနေသေးသည်။ ခါမီဒါ မာဆောင် ၏ ဦးဆောင်မှုအောက်တွင် ကုမ္ပဏီသည် မျှော်လင့် ထားသည်ထက် ပိုကောင်းနေသည်။ ကုမ္ပဏီကို မှတ်ပုံတင်ထားပါက ဖုန်းယွီအတွက် ပိုကောင်းပေသည်။

ဖုန်းယွီသည် အခြားကုမ္ပဏီများတွင် ရင်းနှီးမြုပ်နှံရန် သို့တည်းမဟုတ် သူစိတ်ဝင်စားသည့် ကုမ္ပဏီအချို့ကို လွှဲပြောင်းရယူရန် သူ့ငွေအချို့အား အချိန်မရွေး ထုတ်နိုင်ပေအုံးမည်။

ဟိုတယ်တွင် ခါမီဒါ မာဆောင် ခရီဆောင် အိတ်အတွင်းမှ စာရွက်စာတမ်းများ ထုတ်ယူလိုက်သည်။ အားလုံးကို တရုတ်ဘာသာဖြင့် ရေးထားပြီး စာရွက်စာတမ်းများအား ဖုန်းယွီထံ ပေးပို့လိုက်သည်။

ဖုန်းယွီသည် ကုန်ပစ္စည်းအမျိုးမျိုး၊ အရောင်း ကိန်းဂဏန်းများ၊ မတူညီသော ဒေသများရှိ ဈေးကွက်ရှယ်ယာများနှင့် အမြတ်များကိုသာ ကြည့်ရှုခဲ့သည်။

“ခါမီဒါ …. ငါတို့ ကာမအရုပ်တွေရဲ့ ရောင်းအားက ကမ္ဘာ့ နံပတ်(၁)ဖြစ်နေပြီလား..”

ဖုန်းယွီ မျက်လုံး ပြူးသွားတော့သည်။ ခါမီဒါ မာဆောင်သည် အနောက်ဈေးကွက်သို့ ထိုးဖောက်ဝင်ရောက်ခဲ့ပြီး ယခုအခါ ထိုနေရာတွင် ဈေးကွက်ခေါင်းဆောင် ဖြစ်လာခဲ့သည်။ ခါမီဒါ မာဆောင် အမှန်တကယ် ထူးချွန်လှပေသည်။

ခါမီဒါ မာဆောင် တခန ဂုဏ်ယူမိသွားသော်လည်း ချက်ချင်းပင် နှိမ့်ချသည့် လေသံဖြင့် …

“ငါတို့ ကုမ္ပဏီ ဒီလို ရလဒ်မျိုးနဲ့ အောင်မြင်ရတဲ့အကြောင်းက မင်းခေါင်းဆောင်ခဲ့လို့ပါ။ မင်းအတွက် အလုပ်လုပ် ရတာကို ငါ့အတွက် ကံအကောင်းဆုံးပါပဲ..”

ဖုန်းယွီ ခါမီဒါ မာဆောင် ကို ကြည့်လိုက်သည်။ ခါမီဒါ စကားပြော တော်တော်ကောင်းပေသည်။

“အဲ့လို မပြောပါနဲ့.. မင်းမှာ ဒီလိုရလဒ်ရအောင် လုပ်နိုင်တဲ့ အရည်အချင်းရှိတဲ့ သူပဲလေ..”

“မင်းကသာ ကနဦးရင်းနှီးမြုပ်နှံမှု မပေးခဲ့ရင် ဆဋ္ဌမအာရုံ ကုမ္ပဏီက ဒီလိုရလဒ်တွေ ရှိလာမှာမဟုတ်ဘူး.. မင်း လမ်းညွှန်ချက်မပါရင် ကုမ္ပဏီ အောင်မြင်မှာ မဟုတ်ဘူး.. မင်းအကူအညီနဲ့ ယုံကြည်ချက် မရရင် ဒီနေ့ ငါဒီအဆင့် ရောက်မှာ မဟုတ်ဘူး..”

“ကောင်းပြီ.. ကောင်းပြီ.. ကောင်းပြီ.. ငါသိပြီ..”

ဖုန်းယွီ၏ ရင်းနှီးမြုပ်နှံမှုသည် မည်သည့် အကျိုးအမြတ်မှ မရှိခဲ့သော်လည်း ခါမီဒါ မာဆောင်၏မျက်နှာသာ ပေးမှုကြောင့် သူကျေနပ်နေပေတော့သည်။

“ကုမ္ပဏီ မှတ်ပုံတင်ဖို့နဲ့ ပတ်သက်ပြီး မင်းသဘော ပြောစမ်းပါအုံး..”

ဖုန်းယွီ ခါမီဒါမာဆောင်၏ ကျောကို ပုတ်၍ ချီးကျူးစကားများ ဆက်မပြောတော့ပေ။

“ငါတို့ ကုမ္ပဏီကို (၁၉၉၀)မှာ စပြီး ပထမနှစ် ဘာမှ မထူးခြားဘူး.. မင်း ညွှန်ကြားချက်တွေကြောင့် ဘဏ္ဍာငွေက တခြားကုမ္ပဏီတွေနဲ့ တော်တော် ကွာခြားသွားတယ်… ငါတို့ ဘဏ္ဍာရေးနှစ်က ဒီဇင်ဘာလမှာ ကုန်လိမ့်မယ်.. ဒီနေ့အထိဆို (၂)နှစ်ကျော် ဝင်ငွေမှတ်တမ်းကောင်းတွေ ရှိလာတယ်.. တတိယနှစ်အတွက် ဘဏ္ဍာရေး အစီရင်ခံစာ ထွက်လာပြီးရင် မှတ်ပုံတင်ဖို့ လျှောက်ထားမယ်.. ငါတို့အနေနဲ့ မှတ်ပုံတင်ဖို့ လွယ်လောက်ပါတယ်.. အဲ့ဒါကြောင့် အခုကတည်းက ကြိုတင်ပြင်ဆင်မှုတွေ စပြီး တိုကျို စတော့ဈေးကွက်မှာ ငါတို့ ကုမ္ပဏီ မှတ်ပုံတင်ဖို့ လုပ်ချင်တယ်..”

ဖုန်းယွီ ခေါင်းခါပြီး..

“တိုကျို စတော့ဈေးကွက်က ငါတို့ ကုမ္ပဏီ မှတ်ပုံတင်ဖို့ နေရာကောင်း မဟုတ်ဘူး.. နယူးယောက်က ပိုကောင်းလိမ့်မယ် ထင်တယ်.. ဂျပန်ရဲ့ စီးပွားရေးက ဆုတ်ယုတ်နေတုန်းပဲ.. အဲ့မှာ မှတ်ပုံတင်ထားရင်တောင် ငါတို့ ငွေများများ ရှာနိုင်မှာ မဟုတ်ဘူး.. အရေးအကြီးဆုံးက အဲ့မှာ မှတ်ပုံတင်လိုက်ရင် အရင်ဆုံး ကုမ္ပဏီရှယ်ယာ ဝယ်ထားတဲ့ ငါတို့ဝန်ထမ်းတွေ ဆုံးရှုံးရလိမ့်မယ်.. ကုမ္ပဏီကို အမေရိကန်မှာ မှတ်ပုံတင်လိုက်.. လက်ရှိ အမေရိကန် ဈေးကွက်က အရမ်းကောင်းနေတော့ မှတ်ပုံတင်ပြီးတာနဲ့ အချိန်တိုအတွင်း အမြတ်ထွက်မှာ သေချာတယ်.. ပြီးခဲ့တဲ့ နှစ်တွေတုန်းက ငါတို့ ကုမ္ပဏီရဲ့ အမြတ်ငွေနဲ့အတူ ငါတို့ ရှယ်ယာဈေးနှုန်းတွေက အမေရိကန် ဈေးကွက်မှာ သေချာပေါက် တက်လာလိမ့်မယ်.. ဂျပန်ထက် အပုံကြီး ပိုမြန်လိမ့်မယ်.. မင်း ဘယ်လိုထင်လဲ..”

“မင်းပြောတာ ငါ ငှားထားတဲ့ အကြံပေးနဲ့ အတူတူပဲ.. ငါက ငွေကြေးဈေးကွက် ကျွမ်းကျင်သူ မဟုတ်ပေမယ့် ကံကောင်းတော့ မင်းနားမှာ ရှိနေတယ်.. မဟုတ်ရင် ငါတို့ကုမ္ပဏီ အမြတ်တော်တော် နစ်နာသွားမှာ..”

“ဒီမှတ်ပုံတင်အတွက် ရှယ်ယာ ဘယ်လောက် ထုတ်ထားလဲ..”

“(၃၀)ရာခိုင်နှုန်း.. ဝန်ထမ်းရှယ်ယာ (၃၀)ရာခိုင်နှုန်းထဲက (၂.၅)ရာခိုင်နှုန်း ပေးလို့ရမလား”

အမှတ်တကယ်တွင် ခါမီဒါမာဆောင် ရှယ်ယာများများ ထုတ်ပေးချင်သော်လည်း ဖုန်းယွီ သဘောတူမည် မဟုတ်ကြောင်း သိနေပေသည်။

“ဝန်ထမ်းတွေကို ရှယ်ယာပိုပေးတာဆို ကိစ္စမရှိဘူး.. ဒါကို မင်းစဉ်းစားပြီးသားဆိုတော့ ထားလိုက်တော့.. ကနဦး ကမ်းလှမ်းချက် ဈေးနှုန်းကရော..”

ခါမီဒါမာဆောင် အနည်းငယ် တွက်ချက်ပြီးနောက်..

“ရှယ်ယာ တစ်ခုကို အမေရိကန် (၁၀)ဒေါ်လာ.. အဲ့လိုဆို အဆင်ပြေလား..”

“ရှယ်ယာတစ်ခုကို (၁၀)ဒေါ်လာ လား.. ငါတို့ ကုမ္ပဏီရဲ့ လက်ရှိအတိုင်းအတာနဲ့ အလားအလာအပေါ် အခြေခံပြီး ဒီဈေးနှုန်းက ရှေးရိုးဆန်လွန်းနေတယ်.. ရှယ်ယာတစ်ခု (၁၀)ဒေါ်လာဆိုတာ ငါတို့ ဝန်ထမ်းတွေအတါက် သီးသန့် ဈေးနှုန်းပဲ ဖြစ်သင့်တယ်.. စတော့မှာ တရားဝင်ဈေးနှုန်းက ရှယ်ယာတစ်ခုကို အနည်းဆုံး ဒေါ်လာ(၂၀)လောက်မှ ဖြစ်မယ်.. ဒါကို ဈေးကြီးတယ် မြင်မနေနဲ့.. လူတွေ အနေနဲ့ ငါတို့ကုမ္ပဏီရဲ့ ဝင်ငွေ အလားအလာကို ကောင်းကောင်း မြင်တယ်.. လူတွေ မဝယ်မှာ ကြောက်စရာမရှိဘူး.. မှတ်ပုံတင်ပြီးတာနဲ့ ငါတို့ရှယ်ယာဈေးတွေ တိုးလာမယ်ဆိုတာ ငါအာမခံတယ်.. ငါတို့ ရှယ်ယာဆေးတွေ (၂)ကနေ (၄)ဆအထိ တိုးလာဖို့ ပြဿနာမရှိလောက်ဘူး..”

ရှယ်ယာ တစ်ခုလျှင် ဒေါ်လာ(၂၀)လော။ မှတ်ပုံတင်ပြီးသည်နှင့် ကုမ္ပဏီတန်ဖိုးသည် (၂)ဆတိုးမည်ဟု ဆိုလိုခြင်း မဟုတ်ပါလော။ သည့်နောက် သည့်နောက်တွင် မဆပေါင်းများစွား ထပ်တိုးလာအုံးမည်လော။ ဆိုလိုသည်မှာ ခါမီဒါ မာဆောင်သည် သန်းကြွယ်သူဌေး ဖြစ်လာပေလိမ့်မည်။ ခါမီဒါမာဆောင်၏ မျက်လုံးများထဲတွင် ဒေါ်လာများသာ မြင်နေတော့သည်။

-------*****--------

ဘာသာပြန်သူ . (NTP)

All Chapters