အားကစားစုံညီပွဲ
Vol. 33 Ch. 488
“လောင်စစ်.. မင်း ဒီနှစ် ချစ်ကြည်ရေးအားကစားစုံညီပွဲ တွေ့ရတော့မယ်ထင်တယ်”
ထိုက်လွီ ဖုန်းယွီကို တင်ပြလိုက်သည်။
“ချစ်ကြည်ရေးအားကစားစုံညီပွဲ တဲ့လား.. စိတ်မဝင်စားပေမယ့် ဝတ်စုံ ဒါမှမဟုတ် အသုံးအဆောင် ပစ္စည်းတွေ ပံ့ပိုးပေးနိုင်တယ်.. လီနင်ရဲ့ အားကစား ဝတ်စုံကရော ဘယ့်နှယ့်လဲ..”
ဤအားကစား စုံညီပွဲသည် အားကစားပွဲသာပင်။ အကယ်၍ ဘတ်ကစကက်ဘော၊ ဘောလုံးကဲ့သို့ ကစားပွဲမျိုးပါဝင်ပါက ဖုန်းယွီအနေဖြင့် ပါဝင်ရန် စိတ်ဝင်စားပေလိမ့်အုံးမယ်။ သူ့လမ်းကြောင်းဖြင့် အားကစားပွဲများကို စိတ်မဝင်စားချေ။
“ခက်တာက ငါတို့မှာ လူအင်အား အလုံအလောက် မရှိဘူး။ လူတော်တော်များများ လိုတဲ့ ပြိုင်ပွဲ တစ်ခု ရှိတယ်..”
ဘောလုံးပွဲများလား။ ဘောလုံးပွဲ ဖြစ်ပါက ပါဝင်ပေလိမ့်မည်။
ဖုန်းယွီသည် မတူညီသည် ပုံစံစာရွက်များကို အမျိုးအစားလိုက် ကြည့်လိုက်သည်။ တစ်ခုတည်းသော ပစ်မှတ်မှာ ဘောလုံးနှင့် ပတ်သက်သည့် ပြိုင်ပွဲသာဖြစ်သည်။
အောက်ဆုံးနားတွင် တိုက်လွီ ပြောသည့်အရာအား တွေ့လိုက်ရသည်။ ဤသည်မှာ လွန်ဆွဲပွဲပင်။ ဤအားစကားမှာ လူအများအပြား လိုအပ်ပေသည်။ ဤအားကစားပြိုင်ပွဲတွင် ပါဝင်ရန် စိတ်ကူးရှိသည်များကား မည်သူတို့နည်း။“Are
“မင်း လွန်ဆွဲပွဲကို ပြောတာလား..”
“ဟုတ်တယ်.. အမျိုးသား အယောက်(၂၀) လွန်ဆွဲပွဲ.. စွမ်းအား စွမ်းအားချင်း ပြိုင်ရမှာ.. အရန်(၅)ယောက် ပါနိုင်တယ်.. ပင်မ ပါဝင်သူ (၁၀)ယောက်ပေါ့.. ဒုတိယနှစ်နဲ့ တတိယနှစ် ကြားကပဲဖြစ်လိမ့်မယ်.. မင်းခန္ဓာကိုယ်မျိုးနဲ့ ပါလို့မရဘူး.. ပထမနှစ်နဲ့ ပဉ္စမနှစ် တွေ လဲမပါဘူး. ပြီးတော့ ဒီပွဲက အရမ်းမြန်တဲ့ ပွဲ ဖြစ်တဲ့အပြင် လေ့ကျင့်ချိန်လဲ အများကြီး မလိုဘူး..”
တက္ကသိုလ် ကျောင်းသား အများစုမှာ ပိန်ပိန်ပါးပါးများ ဖြစ်ကြသည်။
“ကောင်းပြီလေ.. ငါပါမယ်.. ဟမ်.. အားလုံးကို လက်တိုအင်္ကျီ တစ်ထည်၊ အားကစား ဖိနပ် တစ်ရံ၊ ဦးထုပ် တစ်လုံး ပံ့ပို့ပေးမယ်.. ဒါတွေအားလုံး လီနာ တံဆိပ်တွေပဲ ဖြစ်မယ်..”
ဖုန်းယွီသည် ထိုင်ဟွာကုန်သွယ်ရေး၏ ဘေကျင်းရှိ ဖြန့်ဖြူးသူအား ဖုန်းဆက်၍ အားကစား ဝတ်စုံတစ်သုတ် ဝယ်ယူ ခိုင်းလိုက်တော့သည်။ သူ့ဌာနမှ အားကစားပွဲတွင်ပါဝင်သူ ကျောင်းသားတိုင်းအတွက် ဖြစ်သည်။
ဖုန်းယွီ နောက်ထပ် ဖြန့်ဖြူးသူ တစ်ဦးကိုလည်း ဖုန်းဆက်ညွှန်ကြားမှု ပြုလုပ်ခဲ့သေးသည်။ ဤသည်မှာ ပေကျင်း တက္ကသိုလ်၏ အားကစားပွဲ ဖြစ်သဖြင့် ကျောင်းအတွက် အဓိက ပွဲတစ်ခုဟု သတ်မှတ်၍ ရပေသည်။ သူ့ ကုန်ပစ္စည်းများ ကြော်ငြာရန် အခွင့်အရေး တစ်ခု မဟုတ်ပေလော။
ထိုင်လွီက..
“လောင်စစ်.. ငါတို့တွေ တကယ်ကြီး ဒီနဖူးစီးတွေ ချိတ်မှာလား..”
“အမှန်ပေါ့.. ဘာမှားလို့လဲ.. ဝန်စုံအားလုံး ကုမ္ပဏီက စပွန်ဆာ ပေးထားတာကို ကြော်ငြာတွေ တင်တာ ဘာများမှားလို့လဲ.. မဝတ်ချင်တဲ့သူတွေ ဝတ်စရာမလိုဘူး..”
ဖုန်းယွီ သူ့စိတ်အတွင်း တွေးနေသည်။ အဝတ်စပေါ်တွင် အမှတ်တံဆိပ် မရိုက်နှိပ်ဘဲ အင်္ကျီပေါ်တွင် ချိတ်ထားယုံသာ တောင်းဆိုခြင်းဖြစ်သည်။ အားကစားပွဲများအပြီး ထိုတံဆိပ်များကို ဖြုတ်၍ ဝတ်ဆင်နိုင်ပေသည်။ ဝတ်စုံမှာ ဈေးသိပ်မကြီးချေ။ ဖုန်းယွီအနေဖြင့် ဤဝတ်စုံများကို မည်သည့်ကျောင်းသားမှ စွန့်လွှတ်လိမ့်မည်ဟု မယုံကြည်ချေ။
“ဒီ နဖူးစီး တွေကရော..”
ထိုက်လွီ ကြမ်းပြင်ပေါ်ရှိ နဖူးစီးပုံကြီးကို ညွှန်ပြရင်း မေးလိုက်တော့သည်။
“ပြိုင်ပွဲမှာ မပါတဲ့သူတွေလဲ စပွန်ဆာပေးထားတဲ့ ဝတ်စုံတွေ ရထားတာပဲလေ.. ပြိုင်ပွဲတွေ ကြည့်တဲ့အချိန် နဖူးစီးဆိုင်းဘုတ်တွေ ကိုင်ဖို့ ကူညီကြလိမ့်မယ်.. တချို့တဝက်တော့ အပြင်မှာ ချိတ်ထားဖို့လေ.. အားလုံးက အားပေးသူတွေပဲလေ..”
ထိုက်လွီ၏ စိတ်အတွင်း၌ ဖုန်းယွီကို နွေဦးအားကစားစုံညီပွဲတွင် ပါဝင်ခွင့် ပေးလိုက်ခြင်းသည် အကြံကောင်း မဟုတ်ကြောင်း တွေးနေတော့သည်။ ၎င်းတို့၏ စီမံခန့်ခွဲမှု ဌာနသည် ဆွဲဆောင်မှု ဗဟိုချက် ဖြစ်လာပေတော့မည်။
ဤသည်မှာပင် ဆရာများအတွက် ကောင်းခြင်းတော့ မဟုတ်ပေ။
ထိုက်လွီနှင့် ကျောင်းသားတစ်ချို့သည် အားကစား ဝတ်စုံများ ဖြန့်ဝေရန် သွားခဲ့ကြပြီး ဖုန်းယွီသည် ကျောင်သား အချို့ကို နဖူးစီးများ ချိတ်ဆွဲရန် ခေါ်သွားတော့သည်။
“ဒီနေရာမှာ အားကစားကွင်းကို မျက်နှာမူထား.. သိသာအောင် မြင့်နိုင်သမျှ မြင့်မြင့် ချည်ဟေ့.. ဒီနဖူးစည်း မဟုတ်သေးပါဘူး.. ဟိုနေရာမှာ ဆွဲထားလိုက်..”
တခြားတက္ကသိုလ်မှ ကျောင်းသားအချို့ လမ်းလျှောက်လာစဉ် နဖူးစီး ဆိုင်းဘုတ်များ တွေ့ကြတော့သည်။ ထိုနဖူးစီး ပေါ်မှ စကားလုံးများအား မည်သူရေးထားမှန်း သိချင်နေကြတော့သည်။
ကျောင်းပေါင်းစုံ အားကစား စုံညီပွဲတွင် စီမံရေးရာသည် နံပတ်(၁)ဖြစ်လိမ့်မည်လော။ နေဝန်းသည် အရှေ့အရပ်မှ ထွက်နေသရွေ့ စီမံရေးရာဌာန ဖြစ်လိမ့်မည် မဟုတ်ချေ။ စီမံရေးရာဌာန မှပါဝင်ပါက မည်သူသည် ထိပ်တန်း ဖြစ်မည်နည်း။ ပေကျင်း တက္ကသိုလ် အားကစားစုံညီပွဲတွင် စီမံရေးအဖွဲ့သာ အနိုင်ရပေလိမ့်မည်။
ဤသည်မှာ နှိမ့်ချမှု အရိပ်အခြေပင် မပါရှိချေ။ ဆိုင်းဘုတ်များ အားလုံးသည် စီမံရေးရာဌာနကို အရှက်မဲ့ လောက်သည်အထိ ချီးမွမ်းခန်း ဖွင့်ထားတော့သည်။ စီမံရေးဌာနမှ လူများသည် အားကစားစုံညီပွဲတွင် နံပတ်(၁) ဖြစ်ကြသည်လော။ အလုံးစုံ အနိုင်ရသူကို အသာထား၍ ၎င်းတို့သည် ပွဲတစ်ပွဲပင် အနိုင်ရလိမ့်မည် မဟုတ်ချေ။
နဖူးစီး တစ်ခုချင်း၏ အောက်ခြေတွင် လေနှင့်မိုး၊ အိုက်ဝါလျှပ်စစ် စသည့် တဆိပ်များ ပါဝင်နေကြောင်း ကျောင်းသားများ သတိထားမိကြသည်။ အဆိုပါ နဖူးစည်းများသည် စီမံရေးဌာနမှ မဟုတ်ချေ။
နဖူးစည်း ဆိုင်းဘုတ်ပေါ်ရှိ ကုမ္ပဏီများအကြောင်း ကျောင်းသားအားလုံး သိကြသည်။ သူတို့ ကြော်ငြာများကို ရုပ်မြင်သံကြားတွင် နေ့တိုင်း ကြည့်နေရသည်မဟုတ်ပေလော။ သို့ရာတွင် အဆိုပါ ကုမ္ပစီများသည် ကျောင်း စီမံရေးရာဌာနနှင့် မည်သို့ သက်ဆိုင်သနည်း။
သို့ရာတွင် အသေးစိတ် အချက်အလက်များအား မည်သူ ဂရုစိုက်မည်နည်း။ အခြားဌာနများအားလုံးသည် စီမံရေးဌာနကို အရှက်ခွဲရန် ပြင်ဆင်နေကြတော့သည်။ ဤစီမံရေးဌာနသည် ၎င်းတို့၏ နဖူးစည်းများဖြင့် မော်ကြွားလွန်းလှသည်။ အားကစားပွဲအတွင်း၌ ၎င်းတို့ လူပြက်များ ဖြစ်နေပေလိမ့်မည်။
ကျန်တက္ကသိုလ်မှ အားကစား သမားများသည် အားကစားကွင်းအတွင်း ဝင်ရောက်လာသည်နှင့် တုန်လှုပ် သွားကြတော့သည်။ စီမံရေးဌာနမှ ဝတ်စုံများမှာ အဘယ်သို့နည်း။ အခြားလူများမှာ သက်ဆိုင်ရာ ကျောင်းဝတ်စုံ သို့တည်းမဟုတ် အဖြူရောင် အပေါ်ထပ်များ ဝတ်ဆင်ထားကြသည်။ သို့ရာတွင် စီမံရေးဌာနမှ ကျောင်းသားများကမူ တူညီ အားကစားဝတ်စုံများ ဝတ်ဆင်ထားကြသည်။
ကျောင်းသားများ ကျောင်းဝတ်စုံ ဝတ်ဆင်ထားသည်မှာ ပုံမှတ်သာ ဖြစ်ကြသည်။ သို့ရာတွင် အဘယ့်ကြောင့် ၎င်းတို့ ကျောတွင် ချိတ်ဆွဲထားသော အဖြူရောင် ပိတ်စဖြင့် လေနဲ့မိုး နှင့် အိုက်ဝါလျှပ်စစ်ပစ္စည်း တံဆိပ်များ ရိုက်နှိပ်ထား သနည်း။
အခြား ကျောင်းသားများအားလုံး သန့်ရှင်း သပ်ရပ်သော ဝတ်စုံများ ဝတ်ဆင်ထားကြသည်။ အများစုမှာ ပါတီ သို့တည်းမဟုတ် ကျောင်းတံဆိပ် ချိတ်ဆွဲထားကြသည်။ ကုမ္ပဏီတံဆိပ်များ ဝတ်ဆင်ထားသူများကို ပထမဆုံးအကြိမ် တွေ့ဖူးခြင်းဖြစ်သည်။ ဤသည်မှာ ကြော်ငြာပုံစံ တစ်မျိုးပေလော။
ကျောင်းအုပ်ကြီးနှင့် ကျန်တက္ကသိုလ်မှ ခေါင်းဆောင်များသည် အခြေအနေအရ ကြည့်မကောင်းတော့ချေ။ ဤအမှတ်တံဆိပ် (၂)ခုအကြောင်း ၎င်းတို့ သိထားကြပေသည်။ စီမံရေးဌာန ဖုန်းယွီမိသားစုသည် ၎င်းကုမ္ပဏီ (၂)ခုကို ပိုင်ဆိုင်ထားသည်။ ဤတံဆိပ် (၂)ခုသည် စုံညီပွဲတွင် အဘယ့်ကြောင့် ပေါ်လာသနည်း။
အားကစားကွင်း တစ်ဝိုက်တွင်လည်း ဆိုင်းဘုတ်များစွာ ချိတ်ဆွဲထားသည်။ အားလုံး ကြော်ငြာတွေချည်းသာပင်။ စုံညီပွဲများတွင် တွေ့ရတတ်သည့် ကိုကာကိုလာ ကြော်ငြာပုံစံများကဲ့သို့ပင်။ ၎င်းသည်မှာ ကျောင်းစုံညီပွဲဖြစ်ပြီး စီးပွားဖြစ်ပွဲတစ်ခုကဲ့သို့ မည်သည့်အတွက် ခံစားကြရသနည်း။
ဖွင့်ပွဲ အခန်းအနား အပြီးတွင် ခေါင်းဆောင်များအားလုံး မျက်နှာ မည်းသည်း၍ ထွက်ခွာသွားကြတော့သည်။ သူတို့ သွားရင်းနှင့် စီမံရေးဌာနမှ နဖူးစည်းတစ်ခု ချိတ်ဆွဲထားသည်ကို တွေ့လိုက်ရသည်။
နေ့လည် တစ်လျှောက်လုံး စီမံရေးဌာနက တစ်ကြိမ်မှ အောင်ပွဲမရခဲ့ကြသေးချေ။ အချို့သော ပွဲများတွင် ဗိုလ်လုပွဲသို့ ရောက်ရန်ပင် အရည်အချင်း မပြည့်မှီကြချေ။ ၎င်းသည် ပေကျင်းတက္ကသိုလ်၏ အားကစားမိတ်စုံပွဲတစ်ခု ဖြစ်သော်လည်း ကျောင်းသားအားလုံးသည် လွန်စွာ ယှဉ်ပြိုင်လိုစိတ် ပြင်းထန်ကြသည်။ အခြားတက္ကသိုလ်မှ ကျောင်းသား အားလုံးသည် စီမံရေးဌာနမှ ကျောင်းသားများကို မလှောင်ပြောင်ကြချေ။
မောက်မောက်မာမာဖြင့် ဆိုင်းဘုတ်များ ချိတ်ဆွဲပြီး ကြွေးကြော်သံများ အော်ဟစ်ခဲ့ကြသော်လည်း ပွဲတစ်ပွဲပင် မအောင်မြင်ကြချေ။ သူတို့ဌာန အသင်းတစ်ခုသာ ပြိုင်ပွဲများတွင် ကျန်ကျောင်းသားများထက် မစွမ်းကြ၍ပင်။
နတ်သိကြားများ၏ အမိန့်ကဲ့သို့ပင်။ သင်တို့ အားလုံးတွင် အရင်းအနှီး မရှိချေ။ သင်တို့ ဘာများ လုပ်နိုင်မည်နည်း။ ဤ အားကစားပွဲမတိုင်မှီ မည်သည့်ဆေးများ သောက်သုံးခဲ့သနည်း။ ပင်လယ်လိပ်ဆီများ ဖြစ်နိုင်သည်လော။
ထိုင်လွီ အလွန်ရှက်သွားသည်။ ဤအားကစား တွေ့ဆုံပွဲတွင် အဓိက အားကစားသမားများမှာ ဒုတိယနှစ်နှင့် တတိယနှစ် ကျောင်းသားတို့ ဖြစ်ကြသည်။ နောက်ဆုံးနှစ် ကျောင်းသားများ ပါဝင်မည် မဟုတ်ချေ။ ထိုကျောင်းသား သစ်များသည် ကျောင်းသားသစ်များသာပင်ဖြစ်ပြီး ဤအားကစား စုံညီပွဲအတွက် လက်မှတ် မရေးထိုးခဲ့ကြချေ။
ထိုက်လွီက..
“လောင်စစ်.. ငါတို့ကျောင်း လူရယ်စရာ ဖြစ်နေပြီမို့လား..”
တတိယနှစ် ကိုယ်စားလှယ်ကလည်း ဖုန်းယွီပြုလုပ်ခဲ့ခြင်းအတွက် သူ့ကို ပြစ်တင်ရှုတ်ချခဲ့သည်။ ဖုန်းယွီ တည်ငြိမ်စွာ ဖြင့်ပင်..
“ကျန်တဲ့ ပွဲတွေအကြောင်း ငါမသိပေမယ့် လွန်ဆွဲပွဲတော့ သေချာပေါက် နိုင်မှာပါ..”
“လွန်ဆွဲပွဲလား.. ငါတို့ တကယ်နိုင်မှာလား.. သိပ္ပံကျောင်းသာတွေ အများစုက ဘောလုံးနဲ့ ဘတ်စကက်ဘော အသင်းကကွ.. ငါတို့တွေ ဘယ်လိုလုပ် အနိုင်ယူနိုင်မှာတုန်း..”
ဖုန်းယွီ စကားကို ထိုက်လွီ မယုံနိုင်ချေ။
“ထိပ်သီး (၄)သင်းကလွဲရင် ကျန်တဲ့ပွဲတွေ အားလုံး ရှုံးထွက်ပွဲတွေ မို့လား.. အကြိုဗိုလ်လုပွဲကို လွယ်လွယ်လေး အနိုင်ယူနိုင်မယ်လို့ အာမခံတယ်.. ဒီနားလာခဲ့.. ငါ့ ဗျူဟာတွေ ပြောပြမယ်.. နေ့လည် မွန်းတည့်လောက်မှ လူရှင်းတဲ့ နေရာရှာပြီး ကျန်တဲ့သူတွေကို ပြောလိုက်..”
ဖုန်းယွီ သည် ထိုက်လွီနား နားကပ်၍ ဝှက်ဖဲအကြောင်း ပြောပြလိုက်သည်။
နေ့လည်ပိုင်းတွင် စီမံဌာနမှ တစ်ယောက်သည် ပြိုင်ပွဲတစ်ခု၌ တတိယဆု ရရှိခဲ့သည်။ မည်သည့် ပြိုင်ပွဲတွင်မှ ပထမ မရဘူးသေးချေ။ အခြား ဘာသာရပ် ကျောင်းသားများ၏ လှောင်ပြောင်ခြင်း ခံနေကြရသည်။ မကြာမှီ လွန်ဆွဲပွဲ စတင်ပေတော့မည်။
“အသင့်ပြင်… စ..”
“ထမင်း လုပ်ပစ်.. ထမင်း လုပ်ပစ်..”
အိပ်ဆောင်ရှိ အငယ်ဆုံးလေးက ကောင်းသဲအသံ တုပကာ လက်ကိုင်အသံချဲ့စက်ငယ်ဖြင့် အော်ဟစ် လိုက်တော့သည်။
ပြိုင်ဖက် သင်္ချာကျောင်းသားများ မျက်ရည်လည်မတတ် ရဘ်မောမိကြစဉ် အခွင့်အရေယူ၍ စီမံရေးကျောင်းသားများ အားစိုက်ဆွဲလိုက်ကြတော့သည်။
“ငါတို့ နိုင်ပြီကွ..”
စီမံရေးရာမှ ကျောင်းသားများအားလုံး ပျော်မြူးနေကြတော့သည်။
“မတရားဘူးကွ.. သူတို့ နှောက်ယှက်တာ..”
အငယ်ဆုံးလေးက..
“မင်းတို့လဲ ဆွဲ ဆွဲ ဆွဲ ဆိုပြီး အော်ကြတာပဲလေ.. မင်းတို့လဲ နှောက်ယှက်တာ မဟုတ်ဘူးလား.. ပရိတ်သတ်တွေ မအော်ရဘူးဆိုတဲ့ စည်းကမ်းချက် ထုတ်ထားလို့လား..”
ဒိုင်လူကြီး ခေတ္တမျှ တုန့်ဆိုင်းသွားပြီးနောက်..
“အနီရောင် အမှတ် မျဉ်းကို ကျော်သွားတဲ့အတွက် စီမံရေးရာအဖွဲ့ အနိုင်ရပါတယ်..”
“ဝေး…….”
ဤသည်မှာပင် ၎င်းတို့ ဗျူဟာ ဖြစ်တော့သည်။ ဒေသ ဘာသာစကား အမျိုးမျိုးဖြင့် ရယ်စရာအမျိုးမျိုး ကြွေးကြော် ကြတော့သည်။ စီမံရေးရာအဖွဲ့သည် ပဏာမ အဆင့် အားလုံးကို အနိုင်ရကာ အကြိုဗိုလ်လုပွဲသို့ တက်ရောက်ခဲ့တော့သည်။
သို့တိုင်အောင် အကြိုဗိုလ်လုပွဲမှစ၍ (၃)ချီပွဲများ ဖြစ်သွားသည်။ မြောက်ပိုင်း ရှာစစ် လေယူလေသိမ်းဖြင့် “ထမင်းပြောင်းပစ်” ကြွေးကြော်သံဖြင့် စီမံရေး ကျောင်းသားများ ပထမအချီ အနိုင်ရလိုက်သည်။ ပြိုင်ဖက်များ မကြည်တော့သဖြင့် တူညီသော လှည့်ကွက်မျိုး ပြုလုပ်ကြမည် မဟုတ်ချေ။
ဒုတိယအလှည့်တွင် စီမံရေးအဖွဲ့က “ထမင်းပြောင်းပစ်”ဟု မအော်တော့ချေ။ ထို့အစား “ကြက်မွှေးစု..” ဟု အော်ကြတော့သည်။
ဤသို့ဖြင့် ဒုတိယအချီ နိုင်လိုက်ပြန်သည်။
ဗိုလ်လုပွဲစဉ်တွင် အခြား အသင်းများသည် စီမံရေးအသင့်၏ ဗျူဟာများကို သိနေကြသည်။ တစ်ကျောင်းလုံးက မိမိတို့ ဗျူဟာ သိရှိသွားကြခြင်း ဖြစ်သည်။ စီမံရေးဌာနသည် ဗိုလ်လုပွဲ တက်ရောက်နိုင်ရေးအတွက် လက်လှမ်းမှီရာ ဗျူဟာများ သုံးခဲ့ကြခြင်း ဖြစ်သည်။
သို့ရာတွင် အကြိုဗိုလ်လုပွဲ အပြီး၍ ဗိုလ်လုပွဲသို့ တိုက်ရိုက် ရောက်ခဲ့ခြင်း ဖြစ်သည်။ အသင်းသားများ အနေဖြင့် အနားယူချိန် မရှိချေ။ စီမံရေး အသင်းမှာ အားနည်းသော်လည်း အကြိုဗိုလ်လုပွဲတွင် (၂)ပွဲသာ ကစားခဲ့ရပြီး ပြိုင်ဖက် အသင်းမှာမူ (၃)ပွဲစလုံး ကစားခဲ့ရသည်။ ၎င်းတို့၏ လက်များမှာ နာကျင်နေကြပေပြီ။
ယခုအကြိမ်တွင်မူ စီမံရေးအဖွဲ့သည် မည်သည့် ဗျူဟာမှ အသုံးမပြုခဲ့ကြချေ။ ၎င်းတို့ အသင်းသည် ပင်ကိုယ် စွမ်းအားဖြင့် (၂)ပွဲ အနိုင်ရရှိပြီး ပထမ ရသွားတော့သည်။
ပြိုင်ဖက် အသင်း မကြည်ကြတော့ချေ။ စီမံရေးအဖွဲ့က ဤတို့ သိထားသည့် နည်းလမ်းများ မသုံးပါက ပင်ပင်ပန်းပန်း ယှဉ်ပြိုင်ခဲ့ရမည်ဖြစ်ပြီး နောက်ဆုံးရလဒ်မှာ တူညီမည် မဟုတ်တော့ချေ။
“ကဲ မင်းတို့တွေ ဒီနဖူးစည်းတွေ လာလို့ ချိတ်ထားတယ်ဆိုတာ သိလောက်ရောက်ပေါ့.. အသင်စိတ်ဓာတ် ပိုပေါ်တယ်လေ.. အဖွဲ့လိုက် လုပ်ဆောင်ခြင်းကို အလေးထားတာပဲ.. ငါတို့ အဖွဲ့က နံပတ်(၁)ပဲ..”
စီမံရေးရာ ကျောင်းသားများ အော်ဟစ်နေကြတော့သည်။
“ပင်လယ်လိပ်ဆီ သောက်တယ်ဆိုတာ ဘာတုန်း.. ငါတို့က စွမ်းအား အစစ်မှန်ကွ..”
ထိုက်လွီနှင့် ကျန်ကျောင်းသား အများအပြား ရှိနေကြသေးသည်။ ၎င်းတိ့သည် ခေါင်းငုံ့၍ အားကစားကွင်းမှ တိတ်တဆိတ် ထွက်သွားကြတော့သည်။ ဤသို့ဖြင့် လွန်ဆွဲပွဲကို အနိုင်ရရှိခဲ့ကြတော့သည်။ ဖုန်းယွီက ဤဗျူဟာကို ကြိုတင် ပြောထားသော်လည်း ၎င်းတို့မှာ အရှက်သည်းနေကြဆဲပင်။
ထိုက်လွီမှာလည်း နောင်တရမဆုံးဖြစ်နေတော့သည်။ နောက်နောင် ဖုန်းယွီကို ဤသို့သော ပွဲများကို ပါဝင်ရန် ပြောတော့မည် မဟုတ်ချေ။ ဖုန်းယွီအား ဤကဲ့သို့ ပြိုင်ပွဲများတွင် ဝင်ရောက်ယှဉ်ပြိုင်ခြင်းကို တားမြစ်ထားသင့်ပေသည်။
(ဘာသာပြန်သူ မှတ်ချက်။ ဘန်နာဟု ပါရှိသော်လည်း အရပ်အခေါ် ဖြစ်သည့် ဗီနိုင်းနှင့် မြန်မာလို နဖူးစည်း ဝေါဟာရမှ ‘နဖူးစည်း’ဟုသာ သုံးနှုန်းပါမည်။ မူရင်း အဓိပ္ပါယ်အရ ခန်းမ နဖူးစည်းများ၊ လမ်းဘေး ချိတ်ဆွဲဆိုင်းဘုတ်/နဖူးစည်းများ စသည်ဖြင့် ရှိကြပါသည်။ မြန်မာ ငပိသံအရ ဗီနိုင်းဟုလည်း အပြောများပါသည်။ )
-------*****--------
ဘာသာပြန်သူ . (NTP)