အမှတ်အသားနှင့် ကျန်းမာရေး ကုန်ပစ္စည်းများ လွန်ကဲခြင်း
Vol. 33 Ch. 489
“ဖုန်းယွီ.. ဒါ မင်းလုပ်ငန်း အစီအစဉ်လား.. ကျန်းမာရေးထုတ်ကုန် ရောင်တာ တစ်ခုတည်း တက်လာမယ်ထင်တာလား”
ကျန်းလွေ့ချမ်း စားပွဲပေါ်မှ စာရွက်စာတမ်းများကို မြေပေါ် ပစ်ချ၍ ဖုန်းယွီကို ကြည့်လိုက်သည်။
“ခင်ဗျား ကျုပ်ကို သဘောမတူဘူးလား.. ဆေးဝါးလို့ ပြောလို့ရပေမယ့် ဒါတွေအားလုံးက သတ်မှတ် ဆေးဝါးတွေ မဟုတ်ဘူး.. ဒီပစ္စည်းတွေကို ဆေးဆိုင်မှာဝယ်ချင်ရင် ဘယ်ဆရာဝန်ရဲ့ ညွှန်ကြားချက်မှ မလိုဘူး.. ဒီဆေး သောက်ရတဲ့ ရည်ရွယ်ချက်ကရော ဘာလဲ.. ဇင့်ဓာတ်၊ ကယ်လ်စီယမ်ဓာတ် နဲ့ သွေးနီဥ တိုးပွားဖို့ပဲလေ.. စာသားကိုက ဖြည့်စွက်စာ ပါဆို..”
“ဒါတွေအားလုံး ဆေးဝါးဖြစ်ပြီး လက်လီဈေးနှုန်း ဘာလို့ အဲ့လောက်မြင့်နေရတာလဲ.. ကျန်းမာရေး ဖြည့်စွက်စာဆိုပြီး အားလုံးကို လှည့်စား ဝယ်ခိုင်းမလို့ ကြံနေတာလား”
ကျန်းလွေ့ချမ်း ကြိမ်းမောင်းပြန်သည်။
ဖုန်းယွီကမူ ခပ်ပေါ့ပေါ့ဖြင့်ပင်..
“ဈေးကြီးတာလား.. ဒီပစ္စည်းတွေက ကျုပ်တို့ကို အမြတ်အစွန်း အများကြီးပေးနိုင်ပေမယ့် အဲ့ဒါတွေကို ဈေးကွက်က ကျန်းမာရေး ထုတ်ကုန်တွေနဲ့ သွားနှိုင်းယှဉ်လို့မရဘူး.. ကျုပ်တို့ အရောင်းပမာဏ ကြီးနေပေမယ့် ကျုပ်တို့အမြတ်အစွန်း နည်းသွားလိမ့်မယ်ဆိုတာ အာမခံတယ်.. အမြတ်အစွန်းရဖို့ ထုတည် ပမာဏကို သုံးနေရာတာ”
လီဟဟ ဘယ်လောက်ထိ နာမည်ကြီးလာသည် ဆိုရလျှင် ယထုအချိန်၌ လူများစွာသည် သူတို့ကလေးငယ်များ ကျန်းမာရေးကို အလွန်ဂရုစိုက်နေကြသည်က သက်သေပင်။ လီဟဟ မည်သည့်ပစ္စည်း ရောင်းချသနည်း။ ၎င်းသည် ကလေးများ အစာခြေစနစ် ကောင်းမွန်စေသည့် ကျန်းမာရေး ဖြည့်စွက်စာ တစ်မျိုးဖြစ်ပြီး ကလေးငယ်များ အစား ကောင်းကောင်း စားချင်စိတ်ဖန်တီးပေးထားသည့် အမျိုးအစား တစ်သာပင်။ ဤအချက်ကြောင့် လီဟဟ ရောင်းအား တက်ရခြင်းပင်။
ဖြည့်စွက်စာကြောင့် နိုင်ငံခြား ကုမ္ပဏီများသည် ဖော်စပ်နည်း ဝယ်ယူရန် ချဉ်းကပ်ခဲ့ကြသည်။ အစားအသောက် မမှန်သော ကလေးများသည် တရုတ်နိုင်ငံ တစ်ခုတည်းတွင် ရှိနေသည် မဟုတ်ချေ။ ကမ္ဘာတစ်ဝှမ်းရှိ နိုင်ငံတိုင်းတွင် ဖြစ်ပျက်နေခြင်းပင်။ အာဖရိက တစ်စိတ်တစ်ပိုင်းတော့ မပါဝင်ချေ။ ထိုဒေသရှိ ကလေးများတွင် အစားအစာ မလောက်ငှကြခြင်းကြောင့်ပင်။
ကလေးများ အစာကောင်းကောင်း မစားပါက မိဘများအနေဖြင့် ကလေးဖွံ့ဖြိုးမှုအတွက် စိုးရိမ်ကြပေလိမ့်မည်။ ထို့အတွက် တစ်ခုတည်းသော ဖြေရှင်းချက်မှာ ကျန်းမာရေး ဖြည့်စွက်စာပင် ဖြစ်တော့သည်။
ခန္ဓာကိုယ်သည် ဗီတာမင်၊ ဇင့်၊ ကယ်လ်စီယမ် စသည်တို့ လိုအပ်သည်။ ဖုန်းယွီ၏ ကျန်းမာရေး ဖြည့်စွက်စာများဖြင့် ထိုအရာအားလုံးကို ဖြည့်ဆည်းထားခြင်းပင်။ ၎င်းသည်က သိပ္ပံပညာရပ် တစ်ခုသာဖြစ်သည်။ ဇင့်ဓာတ်ချို့တဲ့ခြင်းသည် အစားအသောက် မူမှန်မှု၏ အကြောင့်အရင်းပင်။
ဖုန်းယွီက ၎င်းကို ကြော်ငြာများတွင် ထည့်သွင်းရန် ပြင်ဆင်ခဲ့သည်။ ထိုကြော်ငြာကြောင့် ရောင်းအား မဆိုးဟု ယုံကည်နေသည်။
“ဒါတွေကို မင်း ဟိုဆေးဝါးစက်ရုံက အလုပ်သမားဟောင်း အရောင်းအဖွဲ့နဲ့ လုပ်မှာလား.”
ကျန်းလွေ့ချမ်း ဖုန်းယွီ၏ အစီအစဉ်ကို လက်မခံနိုင် ဖြစ်နေသည်။ ဖုန်းယွီက တစ်နှစ်အတွင်း အမြတ်အစွန်း များစွာ ဖန်တီးပေးမည်ဟု ကတိပြုထားသဖြင့် ကျန်းလွေ့ချမ်း၏ လက်ရှိ အရောင်းကွန်ယက်ကိုသာ သုံး၍ အရောင်းအဖွဲ့ မထားချင်ချေ။
ထို့အဖြင့် သူတို့မှာ မည်သို့သော အရောင်းအဖွဲ့နည်း။ ၎င်းတို့ အားလုံးသည် ဆေးဝါးစက်ရုံမှ ဝန်ထမ်းဟောင်းများ ဖြစ်ကြသည်။ ထိုနှစ်များအတွင်း အလုပ်မဖြစ်ခဲ့ကြချေ။ ပျင်းရိကာ အစိုးရမှ ပေးသည့် အကျိုးများကိုသာ ခံစားချင်ကြသည်။ ကျန်းလွေ့ချမ်းက ၎င်းတို့နှင့် ရင်မဆိုင်ချင်ချေ။
“ဒါပဲရှိတာလေ.. အံ့ဩစရာ ရလဒ်ဖြစ်ဖို့ ကတိပေးတယ်..”
မေလ (၁)ရက်နေ့တွင် ဖုန်းယွီသည် CCTV မှ ပမ့်မြို့တော် ဆေးဝါးစီမံကိန်း၏ ထုတ်ကုန်များအဖြစ် ပြောင်းလဲခဲ့သည်။ သူသည် ဇင့်သကြားဓာတ်နှင့် ကယ်လ်စီယမ်သကြားဓာတ်အတွက် ကြော်ငြာတွင် ပါဝင်သရုပ်ဆောင်ရန် မိခင်နှင့် ကလေးတစ်ဦး ပါဝင်ပြီး၊ အမျိုးသမီးတစ်ဦးသွေးနီဥများ အားဖြည့်ရန်နှင့် ကယ်လ်ဆီယမ် ဆေးပြားနှင့် ဗီတာမင်ကြော်ငြာတွင် သရုပ်ဆောင်ရန် အမျိုးသမီးငယ်တစ်ဦးနှင့် အသက်ကြီးသူများ ဖြစ်တော့သည်။
ဤကြော်ငြာများသည် ဤဆေးမျး ကျယ်ကျယ်ပြန့်ပြန့် အသုံးပြုမှုအကြောင်း သတင်းစကားများ ပေးပို့နေပေသည်။ တစ်ချိန်တည်းတွင် ပမ့်မြို့တော် ဆေးဝါးစီမံကိန်းအား သင့်လျော်သော ဆေးဝါးကုမ္ပဏီ တစ်ခုအဖြစ် မြှင့်တင်ခြင်းဖြစ်သည်။ ဤပစ္စည်းများမှာ အံ့ဩစရာ ဆေးဝါးအတုများ မဟုတ်ချေ။
တိုက်ဆိုင်စွာဖြင့် ဈေးကွက်တွင် နောက်ထပ် အံ့ဩဖွယ် ကျန်းမာရေးထုတ်ကုန် တစ်ခု ပေါ်လာခဲ့သည်။ ဤထုတ်ကုန်၏ ပါဝင်ပစ္စည်းများသည် အခွံပျော့လိပ်များနှင့် ရိုးရာဆေးဖက်ဝင် အပင်တစ်ချို့မှ ရွေးချယ် အသုံးပြုထားသည်ဟု သိရသည်။ ဤထုတ်ကုန်၏ အကျိုးသက်ရောက်မှုသည် စိတ်ပိုင်းဆိုင်ရာ စွမ်းရည် တက်ကြွမှုနှင့် အသက်ရှည်ခြင်း မြှင့်တင်ရန်ဖြစ်သည်။
ဤထုတ်ကုန်ကို မည်သူ ထောက်ပံ့ထားသနည်း။ နည်ပြ မာ ပင်တည်း။ ဤအံ့ဩဖွယ်ဆေးကို လိပ်ဆီဟု ခေါ်ဆိုကြသည်။ အားကစားပွဲ ဝင်မပြိုင်ခင် ကျန်ကျောင်းသားများအားလုံး သောက်ခဲ့ကြသည်။
ဖုန်းယွီသည် CCTV တွင် ကြော်ငြာ အကွက်များကို လိပ်ဆီက ဝယ်ယူခဲ့ကြောင်း ဖုန်းယွီလည်း မသိခဲ့ပေ။ ကြော်ငြာ အကွက်များ လေလံပွဲ၌ နည်းပြမာသည် CCTV တွင် ပေါ်လာခဲ့ခြင်းမှာ အံ့ဩစရာမရှိချေ။
သို့သော် ဤဆေးသည် ဖုန်းယွီ၏ ယခင်ဘဝ၌ပင် လွန်စွာ ရေပန်းစားခဲ့သည်။ ဤသည်က နည်းပြမာ ကြောင့်ပင်။ နည်းပြမာ က သူ၏ ကျောင်းသား အားလုံးသည် အံ့ဖွယ်ဆေးကြောင့် ဆုတံဆိပ်များစွာ ဆွတ်ခူးနိုင်ခဲ့သည်ဟု အခိုင်အမာ ပြောဆိုခဲ့သည်။
မာမျိုးနွယ်အုပ်စုသည် အာရှအားကစားပြိုင်ပွဲ၊ အိုလံပစ် စသည်တို့ကဲ့သို့ အဓိက ပြိုင်ပွဲအားလုံးနီးပါးတွင် ပါဝင်ဆင်နွှဲခဲ့ပြီး ဆုတံဆိပ်များစွာ ဆွတ်ခူးနိုင်ခဲ့ပြီး တရုတ်နိုင်ငံအတွက် ကမ္ဘာ့စံချိန်များစွာကိုပင် ချိုးဖျက်နိုင်ခဲ့ပေသည်။ ယခုနှစ်တွင် မာမျိုးနွယ်အုပ်စု သည် အထွတ်အထိပ်သို့ ရောက်ရှိခဲ့ပြီး အခြားနိုင်ငံမှ နည်းပြ အများအပြား လာရောက်၍ နည်းပြမာထံမှ လေ့လာ သင်ယူကြတော့သည်။
နည်းပြမာသည် ထုတ်ကုန်အတွက် ပြောရေးဆိုခွင့် ရှိသူ ဖြစ်လာတော့သည်။ ဤထုတ်ကုန်မှာ စင်ပေါ် ရောက်သွားတော့သည်။
လူကြီး၊ လူငယ်၊ ယောက်ျား၊ မိန်းမ မရွေး အသက်ရှည်ချင်ကြသည်။ ဤ အရောင်းအားကြောင့် လိပ်ဆီ လွန်စွာ ရေပန်းစားလာ စေတော့ပြန်သည်။
လိပ်ဆီသည် ၎င်းတို့၏ ထုတ်လုပ်မှုကို တိုးမြှင့်ရန်အတွက် တစ်လအတွင်း အသေးစာ စက်ရုံဆယ်ချီ ဝယ်ယူခဲ့သည်။ သို့တိုင်အောင် လိုအပ်ချက်များ မဖြည့်ဆည်းနိုင်သေးချေ။
ထိုသို့ ကျော်ကြားရသည့် နောက်ထပ် အကြောင်းအရင်းတစ်ခုမှာ သတင်းစကား တစ်ခုကြောင့် ဖြစ်သည်။
“ဒီနှစ်တော့ တခြား လက်ဆောင်တွေ လက်မခံတော့ဘူး.. လက်ခံမယ့် တစ်ခုတည်းသော လက်ဆောင်က လိပ်ဆီပဲ..”
ဖုန်းယွီက ဤလိပ်ဆီတွင် ပါဝင်ပစ္စည်းသည် အခွံပျော့လိပ်မှ မဟုတ်မှန်း သိထားသည်။ ဤထုတ်ကုန်သည် အချိုဓာတ်ပါသော ရေသာ ဖြစ်ကြောင်း မှတ်သားထားမိသည်။ နောက်နောင် တရုတ်နိုင်ငံ၌ ‘လိပ်တကောင်သည် စက်ရုံကို တင်ကျွေးထားနိုင်သည်’ ဟူသော ဆိုရိုးစကားပင် ပေါ်လာခဲ့ပေသည်။
ထို့အပြင် နည်းပြမာ၌ ငွေရှာနည်းများ ရှိခဲ့သေးသည်။ သူ့အဖွဲ့ ဆရာဝန်မှ တီထွင်ထားသော ဆေးဖော်ဆပ်နည်းကို လီပေးရှစ်ကို ယွမ်(၁၀)သန်းဖြင့် ရောင်းချခဲ့ပြီး ‘အသက်စွမ်းအင်’ ဟူသော ထုတ်ကုန်အသစ် မိတ်ဆက်ခဲ့သည်။ ဤထုတ်ကုန်အတွက် အဓိကပါဝင် ပစ္စည်းများမှာ ဗီတာမင်နှင့် အမိုင်နိုအက်ဆစ်များသာ ဖြစ်သည်။
ဤ ‘အသက်စွမ်းအင်’၏ ကုန်ကျစရိတ်သည် (၁၀)ယွမ်ထက် မပိုချေ။ လက်လီဈေးနှုန်းမှာမူ တစ်ဗူးလျှင် ယွမ်(၁၀၀)ကျော်ပေ၏။ လိပ်ဆီထက်ပင် ရယ်စရာ ပိုကောင်းချေတော့သည်။ ဈေးနှုန်းသည် (၁)ယွမ် အောက်သာရှိပြီး တစ်ဗူးလျှင် ယွမ်(၁၀၀)နှင့် ရောင်းချနေသည်။
လီပေးရှစ်တွင် အရောင်းအဖွဲ့တစ်ခု အခိုင်အမာရှိသော်လည်း ‘အသက်စွမ်းအင်’ သည် ‘လိပ်ဆီ’ကဲ့သို့ ရောင်းချခြင်း မဟုတ်ချေ။ သို့သော် ၎င်းသည် ဈေးကွက်အတွင်း ရောင်းရဆုံး ကျန်းမာရေး ပစ္စည်း နံပတ်(၂) ဖြစ်နေဆဲပင်။
ဖုန်းယွီသည် သူ၏ ပမ့်မြို့တော် ဆေးဝါးစီမံကိန်း ကြော်ငြာအားလုံး၏ အဆုံးတွင် ‘ဘေးကင်းအောင် တီထွင်ဖန်တီး ထားသည့် ဆေး’ ဟု ချက်ချင်း ထပ်ထည့်လိုက်သည်။
ဈေးကွက်အတွင်း ဆေးဝါးအတု များစွာမရှိသောကြောင့် ဤစာကြောင်းသည် ယခုအချိန်တွင် အသုံးမဝင်သေးချေ။ သို့တည်းမဟုတ် ဆေးဝါးအတု များစွာရှိနေသော်လည်း အာဏာပိုင်များ ရှာဖွေတွေ့ရှိခြင်းလည်း ဖြစ်နိုင်သည်။ စားသုံးသူများမှာမူ သတိမပြုမိကြချေ။
CCTV ဖြင့် ပမ့်မြို့တော် ဆေးဝါးစီမံကိန်း ကို တရုတ်နိုင်ငံတစ်ဝှမ်း ကြည့်ရှုသူများစွာကို မိတ်ဆက်ပေးခဲ့သည်။ သို့ရာတွင် ဤကျန်းမာရေး ပစ္စည်းများ အရောင်းသွက်ခြင်း မရှိသေးချေ။
ထုတ်ကုန်သည် ခန္ဓာကိုယ်အတွက် ကယ်လ်စီယမ်၊ ဇင့်၊ စသည်ဖြင့်သာ ဖြည့်စွက်ပေးနိုင်သည်။ အခြားထုတ်ကုန်များမှာလည်း ခန္ဓာကိုယ်ကို အလားတူ လှုံ့ဆော်၍ တက်ကြွစေနိုင်သည်။ ဈေးပိုပေးရမည် ဆိုလျှင်ပင် ဤသို့သော ပစ္စည်းကောင်း ဝယ်ယူအုံးမည်ပင်။ အားဆေးများ ဆေးကြီးသင့်ပေသည်။
ယနေ့ခေတ်တွင် တရုတ်လူမျိုးများအနေဖြင့် ဈေးပေါပါက မကောင်းချေ။ သို့ရတွင် ဈေးနှုန်း ကြီးမားနေသလောက် ပစ္စည်းမကောင်းနိုင် ဆိုသည်ကို မသိနိုင်ကြချေ။
ဖုန်းယွီသည် အဆိုပါ ကျန်းမာရေး ပစ္စည်း အတု ရောင်းချသူများကို အမှန်တကယ် စက်ဆုပ်ရွံရှာလေသည်။ ကိုယ့်နိုင်ငံသူ နိုင်ငံသားများကို ကလိန်ကျခြင်းပင် ဖြစ်သည်။ အရည်အချင်းရှိပါက အခြားနိုင်ငံမှ နိုင်ငံခြားသား များအား လှည့်စားသင့်သည်။
ထိုသို့ လုပ်နိုင်ပါက ဖုန်းယွီအနေဖြင့် ချီးကျူးနေမိမည်ပင်။ သို့ရာတွင် ထိုမသမာသူ ကုန်သည်များ ထိုသို့ မလုပ်ကြချေ။ တရုတ်အမျိုးသား အချင်းချင်း ပေါ်တွင်သာ အခွင့်အရေးယူနေကြသည်။
CCTV၊ သတင်းစာများနှင့် ရေဒီယိုလိုင်းများတွင် မိမိ ကုန်ပစ္စည်းများ ကြော်ငြာမထားချေ။ ကျန်းမာရေး ပစ္စည်းအတုများ၏ အံ့ဖွယ်ကောင်းကြောင်း ကြော်ငြာနေပြီး အကျိုးကျေးဇူးများကို ချဲ့ကားနေကြသည်လော။ ထိုလူမျိုးများအား သတ်ပစ်မိပေတော့မည်။ လူသားစွမ်းအားများကြောင်း ပြောပြရပေတော့မည်။
“ခေါင်းဆောင်ကျဲ လားဗျ.. ကျုပ် ဖုန်းယွီပါ.. ဇာတ်လမ်း တစ်ပုဒ်အတွက် ခန ဖိတ်ခေါ်ချင်ပါတယ်.. ပြဿနာမရှိပါဘူး.. ခေါင်းဆောင်တွေနဲ့ ကြည့်ရှူသူတွေအားလုံး သဘောကျမယ်လို့ ယုံကြည်ပါတယ်.. ယွမ် (၅)သိန်းလား.. ဈေးကြီးလွန်းတယ်ဗျာ.. ယွမ်(၃)သိန်းလား.. ညှိနှိုင်းကြမယ်လေ..”
-------*****--------
ဘာသာပြန်သူ . (NTP)