ချင်ပြည်ထောင်၏ဖိတ်ခေါ်မှု
Vol. 003 Ch. 226
စီနီယာ အစ်ကိုကား သားရဲဘုရင်များ၏ အသားများကို စားသောက်ရုံမက နဂါး၏ အကြောနှင့်ပင် ကု့ချင်းကြိုးများကို တပ်ဆင်သည်။ ကျောင်းတော်က စမ်းသပ်ပွဲတွင် ပါဝင်ရန် ဖိတ်ခေါ်သောအခါတွင်လည်း အစ်ကိုသုံးက အချိန်မရှိဟုပြောကာ ငြင်းလိုက်သည်။ ရီဖူရှင်း အလွန်လေးစားသွားသည်။
" ကော့တေးက အလုပ်များတယ်....ငါတို့က ဒီလို ပျင်းစရာကိစ္စတွေမှာ ဝင်ပါနေစရာမလိုဘူး...ဟုတ်တယ်မလား ညီငယ်လေး...." အစ်ကိုသုံးက ပြုံးလျက် ပြောသည်။
" အင်း...အစ်ကိုသုံးပြောတာ မှန်တယ်....." ရီဖူရှင်းက ဂူတုံးလျို ပြောသမျှကို ခေါင်းညိတ်သည်။
ကော့တေးက အမှန်တကယ် အလုပ်များသည် မများသည်က ပြသနာမရှိပေ။ ပြင်ပမှ လူများက ထိုအရာများကို သိမည် မဟုတ်ပေ။
" ရွှီယီ....." ဂူတုံးလျီုက ခေါ်လိုက်သည်။
" ဟုတ်ကဲ့...." ရွှီယီက စာအုပ်ကူးနေရင်းက ပြန်ပြောသည်။
" အဲဒါထားလိုက်ဦး...." ဂူတုံးလျိုက ပြောသည်...." ညီငယ်လေးကို စာအုပ်ဂူထဲကို ခေါ်သွားလိုက်.....ယူချင်း...ဒီမှာ နေခဲ့...."
" ဟုတ်ကဲ့...." ရွှီယီက သူ၏ စုတ်တံအား ချကာ ရီဖူရှင်း၏ဘေးနားကိုလျှောက်လာသည်...." ညီငယ်လေး ...သွားကြမယ်...."
ရီဖူရှင်းက ခေါင်းညိတ်ကာ စာအုပ်ဂူက မည်သို့သော နေရာဖြစ်မည်ကို တွေးနေသည်။
ရွှီယီက ရီဖူရှင်းအား ကော့တေးမှ အခြားလိုက်ဂူတစ်ခုထဲကို ခေါ်လာသည်။ ထိုလိုက်ဂူကား အလွန်ရှည်လျားနက်နဲသည်။ ဂူလမ်းကြောင်းက အထဲကို တည့်တည့်လျှောက်ရပြီး တစ်နေရာရောက်လျင် အလွန်လင်းလက်သော နေရာတစ်ခုကို ရောက်လာသည်။
ထိုနေရာတွင် ဂူလမ်းကြောင်းကို ရွှေရောင်အလင်းများဖြင့် ပြုလုပ်ထားသော များစွာသော သင်္ကေတများကိုလည်း တွေ့ရသည်။
" ငါ့ရဲ့ ခြေလှမ်းအတိုင်း လိုက်ခဲ့....ခြေလှမ်းလှမ်းတာ မမှားစေနဲ့...." ရွှီယီက သတိပေးသည်။ ရီဖူရှင်းက အစ်ကိုငါး၏ ခြေလှမ်းအတိုင်း သတိထားလျက် လိုက်လာသည်။
ဂူလမ်းအဆုံးတွင် သူတို့က အလွန်ကျယ်ပြောသော ဂူတွင်းတစ်နေရာသို့ ရောက်လာသည်။ ဂူထဲတွင်ကား များစွာသော စာအုပ်စင်များကို တွေ့ရကာ မရေမတွက်နိုင်သော စာအုပ်များကို တွေ့ရသည်။ မဆုံးနိုင်သော အလင်းရောင်များက ထိုစာအုပ်များကိုကျရောက်နေသည်။ ရီဖူရှင်းက မော့ကြည့်လိုက်ကာ အလွန်အံ့အားသင့်သွားသည်။
စာအုပ်စင်များကား ပေ ရာပေါင်းများစွာ မြင့်မားသည်။ နံရံများက စာအုပ်စင်များအဖြစ်ထွင်းထုထားသည်။ မရေမတွက်နိုင်သောစာအုပ်များက နံရံတစ်ခုလုံးတွင ်ပြည့်နက်နေသည်။ ဒွန်ဟိုင်ကျောင်းတော်မှ စာကြည့်တိုက်ကား ဤစာအုပ်ဂူနှင့် နှိုင်းယှဉ်ရန်ပင် မဖြစ်နိုင်ပေ။ ကော့တေးက ဤစာအုပ်များကို မည်သို့ စုဆောင်းခဲ့သနည်း။
" ညီငယ်လေး...ဒီနေရာမှာ စာအုပ်မျိုးစုံရှိတယ်....ဆရာက မသင်ပေးဘူး....ငါတို့က ကိုယ့်ဘာသာ သင်ယူရတယ်.....မင်းလုပ်သင့်တာကိုလုပ်...." ရွှီယီက ပြောသည်။
" အစ်ကိုက ဒီစာအုပ်တွေအကုန်လုံးကို ဘယ်လိုဖတ်လဲ...." ရီဖူရှင်းက ရေရွတ်လိုက်သည်။
ထိုစကားကို ကြားလျင် ရွှီယီကား မျက်ရည်ကျလုနီးပါးဖြစ်သွားသည်။ သူက စာအုပ်များကို ကြည့်ကာ သက်ပြင်းချသည်...." မင်းက ဒီစာအုပ်တွေကို ကူးရေးဖို့ နှစ်ရာပေါင်းများစွာ လိုလိမ့်မယ်...."
ရီဖူရှင်း အေးစက်သွားသည်။ သူက ရွှီယီကို ကြည့်ကာ မေးလိုက်သည်...." အစ်ကိုလေး...ခင်ဗျားက ဒီစာအုပ်တွေအားလုံးကို ကူးရေးနေတာလား....."
" ဒါကို မပြောနဲ့တော့...." ရွှီယီက သက်ပြင်းချလျက် ပြောသည်။
" အစ်မနှစ်က အရမ်းစွမ်းတာပဲ...သူမရဲ့ တန်ခိုးအဆင့်က ဘယ်လောက်ရှိမလဲ....." ရီဖူရှင်းက စိတ်ဝင်တစား မေးလိုက်သည်။ သူမ၏ အကြည့်တစ်ချက်က အစ်ကိုလေးနှင့် အစ်ကိုငါးကိုပင်လျင် ရိုကျိုးစေသည်။
" အစ်မနှစ်ရဲ့ တန်ခိုးအဆင့်ကို ငါမသိဘူး....ဒါပေမဲ့ အစ်ကိုသုံးရဲ့ တန်ခိုးအဆင့်ကတော့ အရမ်းမြင့်တယ်....တစ်ကယ်လို့ မင်းက ဒုတိယအစ်မကို တစ်ခုခုငြင်းခဲ့ရင်....." ရွှီယီက ဝမ်းနည်းစွာ ပြောသည်။ သူက ရီဖူရှင်းအား တစ်ချက်ကြည့်လိုက်သည်။
ရီဖူရှင်း ခေါင်းညိတ်သည်။သူ နားလည်လိုက်၏။
အစ်ကိုသုံးက ချင်ပြည်ထောင်နှင့် ဒွန်ဟွာကလန်မှ လူများအား ထွက်ပြေးစေနိုင်စွမ်းရှိသည်။ သူ၏ အစ်ကိုလေးအား သနားစဖွယ်ကောင်းလှ၏။
" အစ်ကိုလေးကရော....တန်ခိုးအဆင့်ဘယ်လောက်လဲ..." ရီဖူရှင်းက မေးသည်။
"ငါက တစ်ကယ်နိမ့်တယ်....အခု အလယ်အလတ်နိုဘယ်အဆင့်ပဲ ရှိသေးတယ်...." ရွှီယီက ယုံကြည်မှု သိပ်မရှိစွာ ပြောသည်။
" ကျွန်တော်...." ရီဖူရှင်း အသည်းကွဲသွားသည်။ သူကား စကားပင် ဆက်မပြောနိုင်တော့ပေ။
နိုဘယ်တစ်ယောက်က စာအုပ်များကို ရိုကျိုးစွာ ကူးရေးနေကာ အစ်မနှစ်၏ အမိန့်များအား နာခံနေသည်ကား ဖြစ်နိုင်ဖွယ်ပင်မရှိပေ။
" အစ်ကိုငါးလည်း နိုဘယ်လား...." ရီဖူရှင်းက အားနည်းစွာ မေးသည်။
" သေချာတာပေါ့...." ရွှီယီက ခေါင်းညိတ်သည်။ ရီဖူရှင်းက အစ်ကိုငါးက အစားအသောက်များအား သနားစဖွယ်ချက်ပြုတ်နေရသည်ကို တွေးကြည့်၍ ရသည်။ သူက တစ်ကယ်ရော နိုဘယ်လား။
" လက်မလျှော့နဲ့....မင်းလည်း မကြာခင် နိုဘယ်ဖြစ်လာလိမ့်မယ်...လျှောက်ကြည့်လိုက်....ငါသွားတော့မယ်....." ရွှီယီက ရီဖူရှင်း၏ ပုခုန်းအား နှိပ်သိမ့်သလို ပုတ်လျက် အပြင်ကို ထွက်သွားသည်။
" အစ်ကိုလေးလည်း လက်မလျှော့နဲ့.....ခင်ဗျားက အနှေးနဲ့အမြန် စာအုပ်တွေကို ကူးရေးလို့ ပြီးမှာပါ....." ရီဖူရှင်းက ရွှီယီ၏ နောက်ကျောကို ကြည့်လျက် အော်သည်။ ရွှီယီ လဲကျလုနီးပါးဖြစ်သွား၏။
" မင်းမှန်တယ်...." သူက ပြန်လည့်မကြည့်တော့ဘဲ ပြောသည်။ သူကား ကောင်လေးတစ်ယောက်၏ စကားများကို ခေါင်းထဲမထည့်မိရန် မိမိကိုယ်ကို သတိပေးနေရသည်။
ရွှီယီ ထွက်သွားသောအခါ ရီဖူရှင်းက စာအုပ်စင်များကို လိုက်ရှာကြည့်ကာ ရေရွတ်မိသည်...." ဒါတွေ အကုန်ဖတ်ဖို့ နှစ်တွေ ဘယ်လောက်တောင်ကြာမှာလဲ......"
ကူးရေးမည်ကိုမူကား တွေး၍ပင် မရပေ။
ရီဖူရှင်းက စာအုပ်များကို လိုက်ကြည့်သည်။ မရေမတွက်နိုင်သော စာအုပ်များကား အုပ်စုအလိုက်သပ်သပ်ရပ်ရပ် စီထားသည်။ မည်သည့်အမျိုးအစားများမဆို ရှာတွေ့နိုင်သည်။
သူက " ကု့ချင်း..." စာလုံးကို ရွှေရောင်ဖြင့် ထွင်းထားသော နေရာကို မြင်ကာ သွားရောက်ကြည့်ရှုလိုက်သည်။
+
အောက်ဆုံးအဆင့်တွင် ကု့ချင်းပညာနှင့်ပတ်သက်၍ အခြေခံများကို စုစည်းထားသည်။ ထိုစာအုပ်များက သံစဉ်၊ သင်္ကေတများနှင့် ပတ်သက်၍ အခြေခံမှ စတင်၍ အဆင့်မြင့်ပိုင်းအထိ အစုံအလင်ပါဝင်သည်။ ရီဖူရှင်းက နောက်အဆင့်များကို ရှာကြည့်ရာ များစွာသော စွမ်းအားမြင့် ကု့ချင်းသံစဉ်များကို တွေ့ရသည်။
သူကြာမြင့်စွာ ဖတ်ရှုနေမိသည်။ အပြင်ဘက်တွင် အမှောင်ရိပ်များ သန်းလာပြီဖြစ်ကာ လှပသော မိန်းမပျိုတစ်ဦး ဂူထဲကို ဝင်ရောက်လာသည်။ သူမကား ပေ့ထင်ရှင်းအာဖြစ်သည်။
" အစ်မရှင်းအာ...." ရီဖူရှင်းက ခေါ်လိုက်သည်။ သူက စာအုပ်ကိုချကာ ပြုံးလိုက်သည်။
" နင့်ရဲ့ ကု့ချင်းက ပြီးသွားပြီ....ငါက ညနေစာ ယူလာတယ်...ဒုတိယအစ်မက ငါ့ကို ပို့ခိုင်းတယ်...." ပေ့ထင်ရှင်းအာက ပြုံးလျက် ပြောသည်။
" ကျေဇူး....." ရီဖူရှင်းက နွေးထွေးမှုကို ခံစားရသည်။ သူ၏ အစ်မနှစ်ယောက်ကား အမှန်ပင် သူ့အပေါ်ကောင်းကြသည်။ ဒုတိယ အစ်မက ထိုမျှကောင်းသည်ကို တွေးမိလျင် တခြားအစ်ကိုများက သူမကို ကြောက်ရွံ့နေသည်မှာ နားလည်မှု တစ်ခုခု လွဲနေ၍ သာဖြစ်မည်ဟု သူယုံကြည်သည်။
" ပြသနာမရှိဘူး...ငါလည်းစာဖတ်ဦးမယ်...." ပေ့ထင်ရှင်းအာက ညင်သာစွာ ပြောသည်။ ရီဖူရှင်းက ခေါင်းညိတ်ကာ အစားအစာများအား သူ၏ ပါးစပ်ထဲကို သွပ်သွင်းလိုက်သည်။ မည်သို့ပင်ဆိုစေ အသားများမှာ သားရဲဘုရင်များနှင့် နဂါး၏ အသားများဖြစ်ကြသည်။
" ဖြည်းဖြည်းစား....ဟင်းရည်လည်းသောက်ဦး....အဲဒါက မြွေဘုရင်နဲ့ ချက်ထားတာ...." ပေ့ထင်ရှင်းအာက ရီဖူရှင်း၏ အမူအယာကို မြင်လျင် ချစ်စဖွယ်ပြောသည်။
" ကောင်းပြီ...." စားသောက်နေစဉ်ရီဖူရှင်းက ပြောသည်...." အစ်မရှင်းအာ...ခင်ဗျားက လှလည်း လှတယ်....နှလုံးသားကလည်း ဖြူစင်တယ်...."
" ပါးစပ်ပိတ်ထား...." ပေ့ထင်ရှင်းအာ ရှက်သွားသည်။ မည်သို့ပင် ဆိုစေ ဝါစဉ်အရ သူမက အစ်မဟု အခေါ်ခံရသော်လည်း အသက်မူကား ရီဖူရှင်းထက်ငယ်သည်။
"ကျွန်တော်တစ်ကယ်ပြောတာ....အနာဂါတ်မှာ ဘယ်သူက အစ်မကို လက်ထပ်ရလောက်အောင် ကံကောင်းမလဲ မသိဘူး.....ကျွန်တော်တောင် သူ့ကို မနာလိုဖြစ်လာပြီ...." ရီဖူရှင်းက ဆက်ပြောသည်။
ပေ့ထင်ရှင်းအာ၏ မျက်နှာက ပိုမိုနီရဲလာကာ ပြောသည်..." ငါနင့်ကို ဂရုမစိုက်တော့ဘူး....."
ထို့နောက် သူမက တခြားတစ်ဖက်ကို စာဖတ်ရန် ပြေးသွားသည်။
ရီဖူရှင်းက ရယ်မောလိုက်သည်။ သူက အစားအသောက်များအား လျင်မြန်စွာ အပြီးသတ်ကာ ကု့ချင်းစာအုပ်များအားဆက်ဖတ်နေသည်။
ဤရက်ပိုင်းတွင် သူကား လိုက်ဂူထဲမှ လုံးဝ မထွက်ခဲ့ပေ။ နေ့တိုင်းတွင် ပေ့ထင်ရှင်းအာက အစားအသောက်များကို ယူလာရာ ရီဖူရှင်းက အားနာရသည်။ သို့သော်လည်း သူမက ထိုကိစ္စကို စိတ်ထဲထားဟန်မရဘဲ အမြဲ ဖြူစင်စွာ ပြုံးလေ့ရှိသည်။
သူ မသိလိုက်မီမှာပင် လများစွာ ဖြတ်ကျော်သွားသည်။ ရီဖူရှင်းက ထိုလများတွင် ဂူထဲတွင်သာ နေခဲ့သည်။
တစ်နေ့တွင် ရီဖူရှင်းက ဂူမှထွက်ကာ ကျောက်ဆောင်စွန်းတစ်ခုတွင် သူ၏ သိုင်းပညာများအားလေ့ကျင့်နေသည်။ သူ၏ ခန္ဓာကိုယ်တွင်ကား မဆုံးနိုင်သော စွမ်းအင်များရှိနေသည်။ သူကား နဂါး၏အသားနှင့် မြွေဘုရင်၏ ဟင်းချိုအား နေ့တိုင်း စားသောက်နေရရာ များစွာသော အားအင်များကို စုဆောင်းမိပြီးဖြစ်သည်။ သူက ထိုစွမ်းအင်များကို ထုတ်လွှတ်ပြစ်လိုနေသည်။
သူက ဧကရာဇ်ရီချင်၏ နည်းစနစ်များကို လေ့ကျင့်သောအခါ သူ၏ ခန္ဓာကိုယ်ကား နဂါးတစ်ကောင်အလားပင်။ သူ၏ သွေးများက ဆူပွတ်လာကာ ဟိန်းသံများ အဆက်မပြတ်ထွက်ပေါ်လာနေသည်။ ထိုအခိုက်တွင် သူကား တောင်ဝင်နည်းစနစ်ကို လေ့ကျင့်နေသည်။ သူ၏ လက်ဝါးရိုက်ချက်တိုင်းက နဂါး၏ ဟန်းသံများ ပါဝင်နေသည်။ စွမ်းအင်အားလှိုင်းများက လေထုကို လှိုင်းထစေသည်။
အတန်ကြာလျင် သူ၏ခန္ဓာကိုယ်က ကြီးစွာသော ပေါက်ကွဲမှုများကို ခံစားရသည်။ မဆုံးနိုင်သော စွမ်းအင်များ ပွင့်ထွက်လာကာ ကြောက်မက်ဖွယ်ကောင်းသောသိုင်းပညာ အနုပညာရသသိများအဖြစ်ပြောင်းလဲသွားသည်။
သူကား ဓမ္မအဆင့်လေးကို တက်ရောက်သွားပြီဖြစ်သည်။
ရီဖူရှင်းက တောင်ဝင်နည်းစနစ်ကို နောက်တစ်ကြိမ် လေ့ကျင့်ကာ ကျောက်ဆောင်စွန်းထိပ်ဖျားသို့ လျှောက်သွားလိုက်သည်။ ထိုနေရာတွင်ကား ကု့ချင်းတစ်လက်ရှိသည်။ သူက ကု့ချင်းရှေ့တွင် ထိုင်ကာ ကြိုးများအားထိခတ်လိုက်သည်။
သံစဉ်က အလွန်ငြိမ်သက်အေးချမ်းလှသည်။ သံစဉ်များက သဘာဝနှင့် တသားတည်းဖြစ်နေပုံရကာ လေညင်းများအလား ပြောင်းလဲသွားပြီး ပတ်ဝန်းကျင်အား လွင့်မြောသွားသည်။ သူတို့က မြေကမ္ဘာအား လွမ်းခြုံလာနေသော နေရောင်အလား ပြောင်းလဲသွားကာ လောကာကြီးအား နွေးထွေးမှုကို ပေးသည်။
+
သူက သင်ယူထားဖူးသော သီချင်းများအစား သူ၏ စိတ်စေရာအတိုင်းတီးခတ်သည်။ အနုပညာရသသိနှင့် ကိုက်ညီသော ဂီတကားအကောင်းဆုံးပင်ဖြစ်သည်။
သူ၏ စိတ်ဝိညာဉ်စွမ်းအားများက ဂီတသံစဉ်များနှင့် လိုက်လျောညီထွေ ပေါင်းစပ်သွားကာ ပတ်ဝန်းကျင်အား ကျယ်ပျောစွာ ပြန့်နှံ့သွားသည်။ သူက လေငြင်းများတိုက်ခတ်လာသည်များကို ခံစားမိကာ အေးချမ်းသာယာသော ခံစားချက်ကို ရသည်။
သူမသိလိုက်မီတွင်ပင် သူ၏ စိတ်ဝိညာဉ်စွမ်းအားကလည်း အဆင့်တက်သွားသည်။
အမှန်က ရီဖူရှင်းက စာအုပ်ဖတ်သည့်နေရာတွင် အချိန်များစွာ မသုံးခဲ့ပါက ပိုမိုစောစီးစွာ အဆင့်တက်သွားနိုင်ပေသည်။ ယနေ့ကား ပုံမှန်ဖြစ်စဉ်တစ်ခုသာဖြစ်သည်။
ဂီတသံစဉ်က တဖြည်းဖြည်း ရပ်တန့်သွားပြီး ရယ်မောသံတစ်ချက်ကြားလိုက်ရသည်...." ငါတို့ရဲ့ မောင်ငယ်လေးက ဂီတမှာ ဒီလောက် နက်နက်နဲနဲ ကျွမ်းကျင်မယ်လို့ မထင်ထားဘူး....."
ရီဖူရှင်းက မော့ကြည့်လိုက်လျင် နတ်သမီးအလား မိန်းမပျိုနှစ်ယောက်ကို မြင်သည်...." အစ်မနှစ်...အစ်မရှင်းအာ....ဘယ်အချိန်က ရောက်နေကြတာလဲ...." ရီဖူရှင်းက မတ်တပ်ရပ်လျက်နှုတ်ဆက်သည်။
" ငါက ဂီတသံက ဆွဲဆောင်ခံရတာ...." ကျူးကော့ဟွေက ပြောသည်။ " သံစဉ်က ရိုးရှင်းပေမဲ့ သူ့ရဲ့ အနုပညာရသသိနဲ့ အရမ်းသဟဇာသဖြစ်တယ်...ကြည့်ရတာ ကော့တေးက နောက်ထပ် ဂီတပညာရှင်တစ်ယောက်မွေးဖွားနိုင်တော့မယ်ထင်တယ်....."
" အစ်မက မြှောက်နေပြန်ပြီ...." ရီဖူရှင်းက ရှက်ရွံ့စွာပြောသည်။
" သွားစို့...." ကျူးကော့ဟွေက ပြောသည်။
ရီဖူရှင်းက သူ၏ ကု့ချင်းကို ကောက်ယူလိုက်ကာ လျှောက်လာသည်..." ယူချင်းကော ဘယ်လိုလဲ...."
" စိတ်မပူနဲ့...သူက အရမ်းပါရမီပါတယ်....မင်းရဲ့ အစ်ကိုသုံးက သူကျင့်ကြံရာမှာကူညီပေးနေတယ်...." ကျူးကော့ဟွေက ပြောသည်။
ရီဖူရှင်းက ခေါင်းညိတ်သည်။ ယူချင်း၏ ပါရမီကား ပြောနေစရာပင ်မလိုပေ။
သူတို့က အစ်မနှစ်၏ အိမ်သို့ ရောက်သောအခါ သူတို့က ယိရှောင်ရှီအား တွေ့သည်။ ယိရှောင်ရှီက ပြောသည်...." အစ်မနှစ်...ချင်ပြည်ထောင်က လာပြီး ဖိတ်ခေါ်တယ်....သူတို့ကို တွေ့မလား...."
" ချင်ပြည်ထောင်...." ကျူးကော့ဟွေက မျက်မှောင်ကြုတ်လိုက်ကာ မေးသည်...." သူတို့က ဘာကိစ္စလဲ...."
ယိရှောင်ရှီက ပြောသည်...." သူတို့ပြောတာတော့ ချင်ပြည်ထောင်က သူတို့ရဲ့ အိမ်ရှေ့စံမင်းသားကို နှင်းအပ်တော့မယ်တဲ့...ဒါကြောင့် ထိပ်သီးအင်အားစုတွေကို ဖိတ်ခေါ်နေတာ.....သူတို့က ကော့တေးကိုလည်း တက်ရောက်စေချင်တယ်....."
ကျူးကော့ဟွေ၏ မျက်လုံးများက အရောင်လက်သွားသည်။ ချင်ပြည်ထောင်ကား အရှေ့မြေရိုင်းဒေသ၏ အင်အားအကြီးဆုံးအဖွဲ့အစည်းတစ်ခုဖြစ်သည်။ ထို့အပြင် ချင်ပြည်ထောင်ကား နိုင်ငံတစ်ခုဖြစ်ကာ အလွန်အားကောင်းသော စစ်အင်အားများရှိသည်။ ကျောင်းတော်ကား အင်အားကြီးသည့်တိုင် သူတို့က နိုင်ငံနှင့်ကွဲပြားခြားနားသည်။
+
အကယ်၍ ချင်ပြည်ထောင်ကသာ သူတို့၏ အိမ်ရှေ့စံကို ရွေးချယ်လျင် ထိုကိစ္စက နောင်အနာဂါတ်တွင် အရှေ့မြေရိုင်း၏ အာဏာ ပါဝါများကို အများအပြား သက်ရောက်စေမည်ဖြစ်သည်။ ထိုကိစ္စက အမှန်ပင် အရေးပါသည်။ ကော့တေးအား ကျောင်းတော်နှင့် တပြိုင်နက်တည်း ဖိတ်ခေါ်ခြင်းက ကော့တေးကို လေးစားမှုပြသခြင်း ဖြစ်သည်။
" ဘယ်သူ သွားချင်ကြလဲ...." ကျူးကော့ဟွေက သူတို့အား ကြည့်ကာ ပြောသည်။
"ကျွန်တော်...." အစ်ကိုလေးက သူ၏ လက်အားမြောက်လျက် ပြောသည်။
" အစ်မနှစ်...ကျွန်တော် သွားမယ်...." အစ်ကိုငါးကလည်း အရှုံးမပေးပေ။
" ကျွန်တော်လည်း သွားချင်တယ်...." ယိရှောင်ရှီက တိုးညင်းစွာပြောသည်။
ရီဖူရှင်းက မျက်နှာလုပ်လျက် ငြိမ်နေသောအချိန်တွင် ကျုးကော့ဟွေက မာကြောစွာပြောသည်...."မင်းတို့က ငါ့လက်က ပြေးချင်ကြတာလား...."
" မဟုတ်ဘူး...ကျွန်တော်တို့ ဒီလို မဆိုလိုဘူး.....သူတို့က ဖိတ်ခေါ်ပေမဲ့ အစ်မနှစ်နဲ့ အစ်ကိုသုံးက မသွားတာ သေချာတယ်....ဒါကြောင့် မျက်နှာမပျက်ရအောင် ကျွန်တော်တို့ သွားမလို့....." ရွှီယီက အရှက်မဲ့စွာ ပြောသည်။
" ဒါက အဓိပ္ပါယ်ရှိတယ်...." ကျူးကော့ဟွေက ပြုံးလျက် ခေါင်းညိတ်သည်..." လျိုဖန်း...မောင်ငယ်လေးကို ခေါ်ပြီး မင်းသွားလိုက်...."
လျိုဖန်းအေးစက်သွားကာ အလွန်အမင်း ပျော်ရွှင်သွားသည်..." ကျေးဇူးတင်ပါတယ်...စီနီယာအစ်မ...."