← Chapters

နတ်ဖီးနစ် တောင်၏ လျှို့ဝှက်ချက်။

Vol. 165 Ch. 2298

နတ်ဖီးနစ် တောင်၏ လျှို့ဝှက်ချက်။

Vol. 165 Ch. 2298

ယဲ့ကူဟန်က အံ့သြမှု မပြဘဲ ငြိမ်သက်နေသည်။ သူက၊

“ ငါ ခန့်မှန်းထား ပြီးသားပါ ... နတ်မီးတောက်ကို ကျိကျစ်ရှီဆီ မင်းပေးလိုက် ထဲက သူတို့ လျစ်လျူရှုဝံ့မှာ မဟုတ်ပါဘူး ...

... ဒါပေမယ့် သူတို့က အရင်းအမြစ် ဒါမှမဟုတ် ရတနာအချို့ ပေးလာရင်တောင် အဆင်ပြေပါတယ် မဟာ သူတော်စင် တစ်ပါး ကူညီဖို့အထိတော့ မျှော်လင့် မထားနဲ့ ...

... မြတ်မြတ်မြေ ခြောက်ပါးက နှစ်ပေါင်းတစ်သိန်းကျော် သက်တမ်း ရှိတယ်၊ ဒါပေမယ့် သူတို့အားလုံးက နတ်ဖီးနစ်တောင်နဲ့ ကောင်းကင်တာအို ဂိုဏ်းကို ယှဉ်လို့မရဘူး၊ ကောင်းကင်တာအို ဂိုဏ်းကတော့ ...

... လွန်ခဲ့တဲ့ နှစ်ပေါင်းသုံးထောင်ကစလို့ ဂိုဏ်းအတွင်း မျိုးနွယ်စုလေးစုနဲ့ ရှုပ်ထွေးပွေလီ လာပြီး အဆုံးသတ် မလှခဲ့ဘူး ... တစ်ဖက်မှာ နတ်ဖီးနစ်တောင်က ပြင်ပကမ္ဘာနဲ့ အဆက်ဖြတ် ထားပြီး အခုထိ ရှင်သန်နိုင်တယ် ...

... အဓိက အင်အားက ကျိမျိုးနွယ်စုပဲ ... သူတို့အားလုံး နတ်ဖီးနစ်တောင်အပေါ် နက်နက် ရှိုင်းရှိုင်း တန်ဖိုးထားတယ်၊ အမှောင်ခေတ် မှာတောင် နတ်ဖီးနစ်တောင်ကို တိုက်ပွဲဒဏ် မခံရအောင် နေနိုင်ခဲ့တယ်။ ”

ထိုစကားကို ကြားသောအခါ လင်းယွန် အမူအရာ လေးနက်လာ၏။ နတ်ဖီးနစ်တောင်မှ မောက်မာမှုသည် မည်သည်က လာသည်ကို နားလည်လိုက်သည်။

“ သူတို့က မြင့်မြတ်မြေ ဖြစ်ပေမယ့် ခွွန်လွန်အပေါ် စိတ်ဝင်စားမှု မရှိဘူး ဒါကြောင့် သူတို့ဆီက ကတိတစ်ခုရဖို့ ခက်တယ် ...

... နတ်တာအို ခန်းမကိုတော့ ကြိုးစား ကြည့်နိုင်တယ် ... သူတို့က မျှော်လင့်ချက် အချို့ ရှိပြီး မြင့်မြတ်မြေ သုံးပါးထက် စားလိုစိတ် ပိုပြင်းတယ်။ ”

ယဲ့ကူဟန်မှ သုံးသပ်ပြသည်။ လင်းယွန်က ခေါင်းမာစွာဖြင့်၊

“ ဒါပေမယ့် နတ်ဖီးနစ်တောင်ကို ကြိုးစားကြည့့်ချင်သေးတယ်။ ”

“ ဒါဆို သွားလိုက်ပါ ... အဆင်မပြေရင် မင်းသမီးလေးကို ဓားဂိုဏ်း ခေါ်လာခဲ့ ... ဒါဆို သူတို့သမက်အတွက် ရပ်ကြည့်နေနိုင်မှာ မဟုတ်ဘူး။ ”

( ဒီအစီအစဉ် အကောင်းဆုံးပဲ။ )

ခရမ်းငယ်က ဓားသေတ္တာ အတွင်းမှ သဘောတူ ခဲ့သည်။ လင်းယွန်က သူမနှင့် သူ့အစ်ကိုကြီးအပေါ် မပြောလိုတော့ချေ။

တစ်ယောက်သည် ကောင်မလေး ဖြစ်သော်လည်း ရက်စက်၏။ ကျန်တစ်ယောက် သည် ဓားသူတော်စင် ဖြစ်ကာ ဉာဏ်နီ ဉာဏ်နက်များဖြင့် ပြည့်နှက်နေသည်။

“ ကဲ ... အဓိက အကြောင်းအရာကို သွားရအောင် ... မဟာတော်ဝင် ဓားကျမ်းမှာ မင်းရဲ့ တိုးတက်မှု ဘယ်လိုရှိလဲ ... ငါကြည့်ပါရစေ။ ”

“ ဟုတ်ကဲ့ ... ။ ”

လင်းယွန်က တော်ဝင် ဓားကျမ်းကို ဖြန့်ကျက်လိုက်သည်။ သူသည် ပဉ္စမအဆင့်သို့ ရောက်ရှိနေခဲ့ပြီး ဓားငါးလက် ပြသနိုင်၏။

ဓားတစ်လက်စီသည် အတွေး တစ်ချက်တည်းဖြင့် ထောင်ပေါင်းများစွာသော ဓားရိပ်များအဖြစ် ပြောင်းလဲသွားသည်။

“ ချစ်ညီလေးက မျှော်လင့်ထားသလိုပါပဲ။ ”

ထိုအသုံးအနှုန်းကို ကြားလိုက်ချိန်တိုင်း လင်းယွန်၏ ကျောရိုးတစ်လျှောက် အေးစက် သွားလေသည်။

“ အစ်ကိုကြီး ... ငါ ရပ်လိုက်လို့ ရမလား။ ”

“ ဟား ... ဟား ... ဟား ... လာ မင်းရဲ့ ဓားကျမ်း နှစ်ရပ်လုံးကိုသုံး ... ငါလည်း တော်ဝင် ဓားကျမ်းနဲ့ ကောင်ကင်ကျမ်းကို သုံးမယ်။ ”

“ ဒါက အဆင်ပြေပါတယ် ဒါပေမယ့် အစ်ကိုကြီး ... မင်းအာကာသ တာအို သုံးလို့ မရဘူး။ ”

“ ဒါ ... မင်းက ငါ့ရဲ့ အချစ်ဆုံးညီလေး ဖြစ်သေးရဲ့လားဆိုတဲ့ အပေါ်မှာ မူတည်တယ်။ ”

ယဲ့ကူဟန်က ပြုံးပြီး ကတိ မပေးချေ။ တစ်ဆက်တည်းမှာပင် နတ်ဖီးနစ်တောင်က လင်းယွန် ပြန်လာမည့် အချိန်ကို စောင့်မျှော် နေခဲ့ကြသည်။

“ ဝှစ် ... ။ ”

ထိုစဉ် အမျိုးမျိုးသော ဖြစ်စဉ်များ ပေါ်လာသဖြင့် ကောင်းကင်ပေါ် ပျံတက်ကာ မျှော်ကြည့်လိုက်မိ၏။

“ အသူရာ မြစ်ဓားသူတော်စင်က ... အစ်ကိုကြီး လင်းကို နှစ်ဦးတည်း တွေ့ချင်တာ အံ့သြစရာ မရှိတော့ပါဘူး ... သူက အစ်ကိုကြီး လင်းကို လမ်းပြဖို့၊ ...

... ကြိုးစားနေတာပဲ ... သက်တံဓား မျိုးရိုးက အချင်းချင်း ဆက်ဆံရေး ကောင်းတွေ တကယ်ရှိနေတာကိုး။ ”

ကျိကျစ်ရှစ် စကားကို လူအများက သဘောတူ ကြသည်။ အနည်းဆုံးတော့ စီနီယာ အစ်ကို တစ်ယောက်သည် ဂိုဏ်းမှထွက်လာပြီး ဂျူနီယာအပေါ် ဂရုစိုက်ပေးရန် ရှားချေ၏။

မိုးကောင်းကင် မဟာ သူတော်စင်က ပြုံးရယ်လျက် ရိုးသားလှသော ကျိကျစ်ရှီအပေါ် ပြန်ကြည့်လေသည်။

ယဲ့ကူဟန်သည် နတ်ဖီးနစ်တောင်နှင့် ပတ်သတ်သော မှာတမ်းအချို့ ရှိနေမှန်း သူမ သိပုံ မရချေ။

လေးနာရီကြာ ပြီးနောက် ပင်ပန်း နွမ်းနယ်နေသော အသွင်အပြင်ဖြင့် လင်းယွန် ပြန်ရောက်လာသည်။ အဆုံးတွင် ယဲ့ကူဟန်မှ အာကာသတာအိုကို အသုံးပြုခဲ့သေး၏။

“ အစ်ကိုကြီးလင်း အသူရာ မြစ်ဓား သူတော်စင်က လမ်းပြနေတာ မဟုတ်လား ... မင်းတို့ နှစ်ယောက်က ဆက်ဆံရေးကောင်း တကယ်ရှိတာပဲ။ ”

( မဟုတ်ဘူး နှိပ်စက်နေတာ။ )

လင်းယွန်က စကားမပြောလိုတော့ဘဲ၊ ငြိမ်သက်သွား၏။ ထာဝရ တာအို ကိုးပါးအနက် တစ်ပါးဖြစ်သော အာကာသ တာအိုသည် ကောင်းကင်ကို အံတုလွန်းချေပြီ။

“ ပန်းသင်္ချိုင်း ဓားသူတော်စင် ... ။ ”

တစ်ယောက်တည်း ပြန်လာသည့် လင်းယွန်ကို မိုးကောင်းကင် မဟာသူတော်စင်မှ နှုတ်ဆက် လိုက်လေသည်။

“ စီနီယာ မင်းငါ့ကို လင်းယွန်လို့ ခေါ်နိုင်တယ် ဒါမှမဟုတ် ပန်းသင်္ချိုင်းလည်း အဆင်ပြေတယ်။ ”

မဟာ သူတော်စင် တစ်ပါးထံမှ ထိုသို့သောဘွဲ့အမည် ခေါ်သံကို ကြားရသည်မှာ သက်တောင့်သက်သာ မရှိချေ။

“ မင်းက ... အခု ဓားသူတော်စင် တစ်ပါး ဖြစ်နေပါပြီ၊ ဒါကြောင့် ဒါကို ကျင့်သားရအောင် လုပ်ယူရမယ် ... ဒါနဲ့ စီနီယာ သွားပြီလား။ ”

“ မိုးကောင်းကင် မဟာ သူတော်စင်က စီနီယာကို သိတာလား။ ”

သူ့မေးခွန်းကြောင့် သူတော်စင် ဘုရင်နှစ်ပါးက စကားပြောရန် ချီတုံချတုံ ဖြစ်လာတော့သည်။

“ အမှန်အတိုင်း ပြောရရင် သူက ငါ့ကို ဖီးနစ်နှလုံးသား သင်ပေးခဲ့တဲ့ လူပါ။ ”

လင်းယွန်က ဝန်ခံလိုက်၏။ ထိုစကား ကြားပြီးနောက် သူတော်စင်ဘုရင် နှစ်ပါးက မိုးကောင်းကင် မဟာ သူတော်စင်ထံ ထိတ်လန့်စွာ လှည့်ကြည့်သည်။

“ နားလည်ပြီ ... ။ ”

ကျိကျစ်ရှီက မျက်လုံးများ တောက်ပ လာတော့၏။ သူမက ပြုံးရယ်လျက်၊

“ အစ်ကိုကြီးလင်း ... ဒီတစ်ခါတော့ နတ်ဖီးနစ်တောင်မှာ ... ငါတို့အတွက် ကစား ပေးရမယ် ... ဒါကို ငါတို့ကစား ကြည့်တိုင်း နည်းနည်းလွဲနေတယ် ... ငါ့အဖေတောင် ချွင်းချက် မရှိဘဲ။ ”

-ဟု ဝင်ပြောလာသည်။

သူမစကားသည် လူတိုင်းကို ကူကယ်ရာ မဲ့စေ၏။ ရိုးအ လွန်းပေသည်။ ဤမျှ ဖြူစင်ရ သည်လော။ သူမ အဖေဟူသည် နတ်ဖီးနစ် တောင်၏ သခင်ဖြစ်သည်။

ကြယ်မြစ် သူတော်စင် သခင်က၊

“ အဟမ်း ... ဂီတ ကျွမ်းကျင်တဲ့ ... သူတော်စင်သခင် အချို့ တီးခတ်တဲ့ အခါ နားထောင်ရ ကောင်းပါတယ်။ ”

-ဟု ပြန်လည် ပြင်ဆင်လိုက်ရ၏။

သို့သော် ကျိကျစ်ရှီမှ ခေါင်းယမ်းလျက် ပြောလာသော စကားက သူ့ကို ပါးစပ်ပိတ်သွား စေ၏။

“ သူတို့က အစ်ကိုကြီးလင်းနဲ့ ယှဉ်ရင် အရမ်းဆိုးတယ် ... အစ်ကိုကြီးလင်း တီးတာကို နားထောင်ပြီး ကျစ်ရှီက ဖီးနစ်ကျမ်းမှာ ...

... အောင်မြင်မှု ရခဲ့ဖူးပါတယ် ... အဲဒီ စီနီယာတီးမယ်ရင်တောင် အစ်ကိုကြီးလင်းလို ကောင်းမှာ မဟုတ်ဘူး။ ”

သူမသည် အသက် ဆယ့်ခုနစ် ဆယ့်ရှစ်နှစ်သာ ရှိသေးသည်။ ထို့ကြောင့် အပြစ် ကင်းပြီး ရဲဝံ့ချေ၏။

ကြည့်ရသည်မှာ လင်းယွန် အလည် သွားမည့် ခရီးအပေါ် ကျစ်ကျိရှီ သည်သာမက နတ်ဖီးနစ်တောင် တစ်ခုလုံးပင် စိတ်ဝင်စား နေပုံရသည်။

“ ဟား ... ဟား ... ဟား ... ပန်းသင်္ချိုင်း ဓားသူတော်စင် ... အဲဒီစီနီယာ အကြောင်းက လျှို့ဝှက်ချက် မဟုတ်ပါဘူး ...

... နတ်ဖီးနစ် တောင်ကို ရောက်တဲ့အခါ မင်းသိပါလိမ့်မယ် ဂိုဏ်းချုပ် အပါအဝင် လူတိုင်း မင်းကို ကြိုဆိုပါတယ်။ ”

“ ကျွန်တော်လည်း ဒီလို မျှော်လင့် နေပါတယ်။ ”

လင်းယွန်က ပြုံးသည်။ ထို့နောက် ရထားလုံးများ ဆင့်ခေါ်ကာ ထွက်ခွာလိုက်ကြ တော့သည်။

လင်းယွန် တစ်ယောက် နတ်ဖီးနစ် တောင်တန်းထံ ခရီးဆက်နေစဉ် သူ့သတင်းမှာ ပျံ့နှံသွားပြီ ဖြစ်သည်။

“ လင်းယွန် ဓားသူတော်စင် ဖြစ်သွားပြီလား။ ”

ကောင်းကင်ယံ ဂိုဏ်းရှိ ချင်းကန်က ထိုအကြောင်းကို သိလိုက်ရသော အခါတွင် ထိုင်နေရာမှ ထရပ် လိုက်သည်။

သူ့ဆရာသခင်သည် တံခါးပိတ် ကျင့်ကြံ နေ၏။ သို့သော် လင်းယွန်နှင့် ပတ်သက်သည့် သတင်း တစ်ခုခု ရှိခဲ့ပါက သူ့ထံလာရန် မှာကြားထား ချေပြီ။

***

All Chapters