← Chapters

အစ်ကိုကြီးလင်းက လူယုတ်မာပဲ ... ။

Vol. 165 Ch. 2300

အစ်ကိုကြီးလင်းက လူယုတ်မာပဲ ... ။

Vol. 165 Ch. 2300

လင်းယွန်တစ်ယောက် မဟာချင် အင်ပါယာသို့ ရောက်ရှိလာစဉ် လီဝူယုသည် ပထမဆုံး မိတ်ဆွေ ဖြစ်သည်။

တားမြစ်မြေတွင် ဝမ်မိသားစုကို တိုက်ခိုက်ကာ အသက်နှင့် သေခြင်းအပေါ် အတူတကွ တွေ့ကြုံ ခံစားခဲ့ ကြသည်။

“ မင်း ဘာလို့ ငြိမ်နေတာလဲ ... သူက အသက် နှစ်ဆယ့်ခုနစ်နှစ်နဲ့ ဓားသူတော်စင် ဖြစ်လာတာလေ။ ”

တစ်ဖက်လူက ငြိမ်သက် နေသဖြင့် မိန်ဇီဟွာက အားမလို အားမရ ဖြစ်လာသည်။

“ ဒါက ဘာများ စိတ်လှုပ်ရှားစရာ ရှိလို့လဲ။ ”

လီဝူယုက ပြုံးပြီး ပြန်မေးလေသည်။ မိန်ဇီဟွာက ခုံတွင် ဝင်ထိုင်ပြီး လက်ဖက်ရည် တစ်ခွက် ငှဲ့သောက်လိုက်၏။

“ ဒီသတင်းက နတ်နဂါး အင်ပါယာကြီး တစ်ခုလုံးကို တုန်လှုပ်စေတယ် လီမိသားစုရဲ့ မျိုးဆက်သစ်တွေထဲက ဘယ်သူမှ ...

... သူနဲ့ မယှဉ်နိုင်ဘူးလို့ ငါလောင်းဝံ့တယ် အနည်းဆုံး အသက် ငါးဆယ်ကျော်တွေသာ သူနဲ့ ယှဉ်နိုင်မယ်။ ”

လီမိသားစုသည် နတ်နဂါးအင်ပါယာ အတွင်း ထူးခြားသော ရာထူးတစ်ခု ရှိသည်။ အင်ပါယာ၏ တော်ဝင်မျိုး နွယ်စုသည် နဂါးသွေး ပိုင်ဆိုင်ထား၏။

လီမိသားသည် မီးငှက်သွေးသားကို ပိုင်ဆိုင်သဖြင့် မြင့်မြတ်မှုအရ တော်ဝင်မိသားစု များထက် မနိမ့်ကျချေ။

လီဝူယုက တည်ငြိမ်စွာ ပြုံးလိုက်ပြီး၊

“ ငါဆိုလိုတာက ... ဒီအောင်မြင်မှု လောက်က အစ်ကိုကြီး အတွက် ... ဘာမှ မဟုတ်ဘူးလို့ ပြောချင်တာ။ ”

“ ဟမ့် ... ဒါကမှ အဓိပ္ပာယ် ရှိသေးတယ် ... သူက နဝမမြောက် ကောင်းကင်လမ်း ချန်ပီယံ တစ်ယောက်ပဲ။ ”

သို့မှသာ ကျေနပ်သွားသော မိန်ဇီဟွာ လီဝူယုက ပြန်ကြည့်ပြီး၊

ဂ နဝမမြောက် ကောင်းကင်လမ်းမှာ ချန်ပီယံ မဖြစ်ခဲ့ရင်တောင် ငါ့အစ်ကိုကြီး ဒါကို အောင်မြင်မယ်လို့ ငါ ယုံကြည်တယ်။ ”

-ဟု ပြောကြားလိုက်၏။

ဓားနန်းတော် စမ်းသပ်မှု အတွင်း ဝမ်သခင်လေးကို ကျွမ်းကျင်သူများစွာ ရှေ့၌ သတ်ပစ်ခဲ့သည့် မြင်ကွင်းများ ပြန်ပေါ်လာ၏။

ထိုအချိန်မှ စတင်ပြီး လင်းယွန်၏ အနာဂါတ်သည် ပယင်းနယ်မြေ၌ မရှိဟု ယုံကြည်လာခဲ့သည်။

မိန်ဇီဟွာက သက်ပြင်းချကာ၊

“ မင်းအရင် ပြောတုန်းက ငါမယုံဘူး ... နိမ့်ကျတဲ့ နယ်မြေက ပါရမီရှင် တစ်ယောက်က လီသခင်လေးရဲ့ ... အစ်ကိုကြီး ဖြစ်နိုင်ပါ့ မလားပေါ့။ ”

“ အခုရော ... ။ ”

“ နိဗ္ဗာန်ပွဲတော်မှာ သင်ခန်းစာ တစ်ခု သင်ကြားခံခဲ့ရပြီး လိပ်နက် ပင်လယ်ကွေ့မှာ ငါ့ကို အနိုင်ယူသွားခဲ့တယ် ...

... မင်းအစ်ကိုကြီး ဓားသူတော်စင် ဖြစ်လာခြင်းက မျိုးဆက်ဟောင်းတွေ အတွက် အံ့ဩစရာ မဟုတ်ပေမယ့် နတ်အလင်းဓားကို (၂၇)နှစ်နဲ့ ဆုပ်ကိုင်နိုင်တာက ငါတို့လို ...

... မျိုးဆက်သစ်တွေ အတွက် မဖြတ်ကျော်နိုင်တဲ့ ဧဏရာမ တောင်ကြီးပဲ၊ ယုချင်းဖန်တောင် သူ့အရွယ်မှာ ဒီထက် ပိုကောင်းအောင် မလုပ်နိုင်ဘူးလို့ ငါယုံကြည်တယ်။ ”

မိန်ဇီဟွာက ပြန်ဖြေသည်။ လီဝူယုမှ ကျေနပ်စွာ ပြုံး၏။

“ အရင်ကတော့ ငါ့အစ်ကိုကြီး လာတဲ့ အချိန်မှာ မီးငှက်နယ်မြေကို အတူ ဝင်မလို့ပါပဲ၊ အခု မလိုတော့ဘူး ထင်တယ်။

“ ဟုတ်တယ် ... သူက မကြာခင် တျန်ရွှမ်ဇီအတွက် ဆူးတစ်ပင် ဖြစ်လာလိမ့်မယ် ဒါက သက်တံဓား သူတော်စင် ဒုက္ခခံယူချိန်မှာ ဘယ်လိုတောင် စည်ကားလိုက်မလဲ။ ”

မိန်ဇီဟွာစကားကို လီဝူယုက ခေါင်းငြိမ်ပြပြီး၊

“ ငါနဲ့ အတူ ခရီးထွက်ရအောင်။ ”

-ဟု ပြောကြားလိုက်၏။

သို့သော် မိန်ဇီဟွာက ရှက်ရွံ့စွာ ပြုံးလိုက်ပြီး၊

“ တျန်ရွှမ်ဇီ နောက်မှာ ဘယ်သူရှိမှန်း မသိဘူးလို့ မင်း ... မပြောနဲ့... မိန်-မိသားစုက မီးငှက်မိသားစုလို မဟုတ်ဘူး ... ငါတို့က ဂီတ မျိုးနွယ်စုပါ၊ ဒါဆို တော်ဝင် နန်းတော်ကို ဘာကြောင့် စော်ကားရမှာလဲ။ ”

“ မင်းမှာ ရွေးချယ်ခွင့် ရှိပါတယ် ... တောင်ပိုင်း ဧကရာဇ် သင်္ချိုင်းက မီးငှက်မြေမှာ ရှိတယ်လို့ လူတွေက ထင်ကြေးတွေ ပေးနေ ကြတယ်၊ ဒါဆို မင်း မစမ်းကြည့်ချင်ဘူးလို့ ငါယူဆလိုက်မယ်။ ”

“ မင်း ဘာအကြောင်း ပြောနေတာလဲ၊ ကောင်းပြီ ... ငါတို့ တစ်ခုခု လုပ်ကြတော့မယ် ဆိုရင် ကြီးကြီးမားမား ဖြစ်ရမှာပေါ့။ ”

နှစ်ယောက်သား တစ်ယောက်ကို တစ်ယောက် ကြည့်ပြီး ပြုံးရယ် လိုက်တော့၏။

“ မင်းလိုက်မယ် ဆိုတာ ...ငါ တွေးထားပြီးသားပါ။ ”

***

ထိုအချိန်တွင် ဓားဂိုဏ်း၌လည်း လင်းယွန် သတင်း ပျံ့နှံ့နေသည်။ မူရွှမ်ကောင်က အရိယာ တောင်ထိပ်သို့ ဆင်းသက်လာပြီး မုချွမ်နှင့် တွေ့ဆုံခဲ့၏။

“ မုချွမ် ... မင်းကြားပြီးပြီ မဟုတ်လား။ ”

မုချွမ်က ပြုံးလျက် ခေါင်းညိတ်သည်။

“ အသက် နှစ်ဆယ့်ခုနစ်နှစ် အရွယ် ဓားသူတော် တစ်ယောက် ... ငါတို့ ဓားဂိုဏ်းက ထိပ်တန်း ရောက်နေချိန်မှာတောင် ဒီလို ထူးချွန်တဲ့ တပည့်မျိုး မရှိခဲ့ဘူး။ ”

မူရွှမ်ကောင်က ညည်းတွားလိုက်သည်။

“ ဟား ဟား ဟား ... ။ ”

မုချွမ်က ရယ်မောလျက်၊

“ ဒါက ... အစ်ကိုကြီးမှာ ထူးခြားတဲ့ အမြင်တွေရှိတာ သက်သေပဲ မဟုတ်လား ... ကြက်သွေးရောင် တောင်ထိပ်ရဲ့ တပည့် တွေတောင် ...

... မနာလို ဖြစ်ရအောင် ... မင်းသူ့ကို ရတနာတွေ အများကြီး ပေးခဲ့တယ် ဆိုတာ မမေ့ပါနဲ့။ ”

လင်းယွန် ဓားဂိုဏ်းသို့ ရောက်ရှိ လာသောအခါ မူရွှမ်ကောင်မှ အလွန်ဂရုစိုက် ခဲ့သည်ကို ပြောနေခြင်းဖြစ်သည်။

ငရဲနတ်ဘုရား မိသားစု ချင်ဘိုးဘေးကို ခေါင်းဖြတ်ပြီး လက်မှဆွဲကိုင်ကာ ကောင်းကင်၌ လင်းယွန်အပေါ် မထိစေရန် ဟန်ရေး ပြခဲ့ဖူးသည်။

“ လူငယ်တွေ ဒေါသကြီးတာက ပုံမှန်ပါပဲ။ ”

မူရွမ်ကောင်က ပြုံးသည်။ သူသည် လင်းယွန်အတွက် ရတနာများ ပေးခဲ့ရုံသာမက တျန်ရွှမ်ဇီအပေါ် ဓားဆွဲခဲ့၏။

“ ဒါနဲ့ ... သိုင်းဦးလေး အခြေအနေ ဘယ်လိုလဲ။ ”

သက်တံဓား သူတော်စင်သည် အရိယာ တောင်ကုန်းနောက်တွင် ကျင့်ကြံပြီး ဖြစ်စဉ်များ ပေါ်နေခဲ့သည်။

ကောင်းကင်အနှံ့ လျှပ်စီးများ ပြိုးပြက် လင်းလက်နေကာ ကြောက်မက်ဖွယ် အရိပ် အယောင်များ ပေးစွမ်းနေ၏။

ဤသည်မှာ ဧကရာဇ် ဒုက္ခ ရောက်ရှိလာတော့မည့် လက္ခဏာမျိုး ပေပင်။ ၎င်းသည် မည်မျှ ကြောက်စရာ ကောင်းသည်ကို ဒဏ္ဍာရီများ၌ ဖတ်ထားဖူး၏။

သူသည်ပင် မဟာ သူတော်စင် တစ်ပါးဖြစ်သော်မှ ကြီးစွာသော ဖိအားကို ခံစား နိုင်သည်။

“ ဒုက္ခက လျော့ပါးလာနေပြီ။ ”

မုချွမ်က သက်ပြင်းချကာ ပြန်ဖြေသည်။

“ သိုင်းဦးလေးရဲ့ ဒုက္ခက တခြား ဧကရာဇ်တွေလောက် မရိုးရှင်းပါဘူး ... ဒါက ထူးဆန်းလွန်းတယ်။ ”

“ ဆရာ့အတွက် သက်တမ်းကုန်သွားပြီ။ ”

“ ဟမ် ... ဒါက ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ။ ”

မူရွှမ်ကောင်မှ ပါးစပ် ဟောင်းလောင်း ဖြစ်သွားသည်။

“ အမှန်တော့ တျန်ရွှမ်ဇီနဲ့ တိုက်ပွဲ အပြီးမှာတည်းက ဆရာ့ဘဝက ပြီးဆုံးသွားပြီ အသက်နဲ့ သေခြင်းဆိုတာ သူ့အတွက် အသက် ရှူသလိုပဲ အရမ်း လွယ်ကူသွားတယ်။ ”

“ သိုင်းဦးလေးက ဘာတွေများ စွဲလန်းနေလို့ ဒီလောက် ဖြစ်သွားရတာလဲ။ ”

“ ဧကရာဇ် ကိုးပါးနဲ့ ယှဉ်နိုင်တဲ့ ခွန်းအား၊ အရေးကြီးဆုံးက လွန်ခဲ့တဲ့ နှစ်ပေါင်း သုံးထောင် တုန်းက ... ယုချင်းဖန် လုပ်ရပ်အတွက် လက်စားချေခြင်း။ ”

မုချွမ်က ကောင်ကင်ရှိ ပါးလျနေသည့် လျှပ်စီးများထံ ရှုပ်ထွေးသော အကြည့်ဖြင့် ငေးမောလျက်၊

“ အဲဒီ ... အစွဲအလမ်းကြောင့်သာ မဟုတ်ခဲ့ရင် ဆရာ ဧကရာဇ်ဖြစ်တာ ကြာပြီ။ ”

နှစ်ယောက်သား စကားစမြည် ပြောနေကြစဉ် ဓားဂိုဏ်း၏ မျိုးဆက်သစ်များ ကလည်း စုဝေးနေခဲ့ကြသည်။

လင်းယွန် ထွက်သွားပြီးနောက် ဓားရိုဏ်းသည် ရွှေမျိုးဆက်ကို ပိုင်ဆိုင်ခဲ့သည်။ ထို့ကြောင့် ၎င်းဓားသူတော်စင် ဖြစ်လာကြောင်း ကြားသိလိုက်ရသော အခါတွင် ဝမ်းသာကုန်၏။

“ စီနီယာ အစ်မယဲ့ တစ်ယောက် ... တံခါးပိတ် ကျင့်ကြံနေတာ သနားစရာပဲ သူသာ ဒီအကြောင်းသိရင် ပျော်မှာ။ ”

ဓားရူး ကျောက်ယန်မှ ပြောသည်။ မူချင်းချင်းက ပြုံးလျက်၊

“ ယဲ့ဇီလင်က နတ်ခန္ဓာကို ရယူဖို့ ဆုံးဖြတ်ထားတယ်၊ သူ့ပန်းတိုင်က လင်းယွန်ကို အမီလိုက်ဖို့ပဲ။ ”

-ဟု အသိပေးလိုက်သည်။

လူတိုင်းက အံ့အားသင့်လျက် လေးစား ကုန်တော့သည်။ သူတို့ ခွန်အားမှာ တစ်ချိန်က အဆင့်တူ ဖြစ်သော်လည်း ယခုအချိန်၌ ပြတ်ကျန်ခဲ့ပြီ ဖြစ်သည်။

ကျောက်ယန်ပင် လင်းယွန်ကို ပစ်မှတ် မထားတော့သည်မှာ ကြာပြီ ဖြစ်၏။ ယဲ့ဇီလင် တစ်ယောက်တည်းသာ ဆက်လိုက်နေဆဲ ဖြစ်သည်။

သူမသည် သူတော်စင်တစ်ပါး ဖြစ်လာ ပြီးနောက် ကျန့်ကျင်းရှန်၏ သမီးအဖြစ် အလား အလာ အပြည့်အဝ ပြသနိုင်ခဲ့သည်။

***

ကောင်းကင်တာအိုဂိုဏ်း တော်ဝင် သမီးတော် ခြံဝင်းတွင် သတ်ဖြတ်ခြင်း မဟာ သူတော်စင်က ရှုပ်ထွေးစွာဖြင့် သူမ တပည့်မကို ကြည့်နေသည်။

သူမသည် ချစ်စရာကောင်းပြီး မှော်ဆန်သော်လည်း အလိုဆန္ဒ မရှိတော့ချေ။ ဗုဒ္ဓဘာသာသို့ အပြီးတိုင် ကူးပြောင်းရန် တောင်းဆိုလာခဲ့သည်။

တစ်ချိန်တွင် ရှင်းယန်သည် သူမထက် သာလွန်သွားမည် ဖြစ်၏။

“ မင်း သေချာလား။ ”

“ ဟုတ်ကဲ့ ... ။ ”

ယခုချိန်၌ သူမသည် ပိုမို မြင့်မားသော လမ်းကြောင်းကို ရှာဖွေရန် ဒဏ္ဍာရီ ဗုဒ္ဓနယ်မြေ ဖြစ်သည့် ခါနန်ကျောင်းတိုက်သို့ သွားရန် ပြင်ဆင်ထားခဲ့သည်။

ထိုဒေသသည် မည်သည့် အရပ်၌ ရှိမှန်း မည်သူမျှ မသိချေ။ ကံကြမ္မာ ရှိသူသာ ရှာတွေ့ နိုင်ပေမည်။

“ မင်း ... သူ့ကို လက်လွှတ် လိုက်တော့ မို့လား ... သူက အခု ဓားသူတော် ဖြစ်သွားပြီ။ ”

“ တပည့်ရဲ့ သူတော်စင်မူလမှာ သူ့ပုံရိပ် ထွင်းထားတယ် ... ဒီကမ္ဘာမှာ ဖမ်းဆုပ်ထားလို့ ရတာ ဘာများ ရှိလို့လဲ ဆရာ ...

... တပည်ခန္ဓာကိုယ် အပေါ် အကျဉ်းချ ထားရင်တောင် ကောင်းကင်ကို မော့ကြည့်ရုံနဲ့ သူ့ကို မြင်ရပါတယ်။ ”

သတ်ဖြတ်ခြင်း မဟာ သူတော်စင်က ထိတ်လန့်သွားသည်။ ရှင်းယန်၏ ဗုဒ္ဓဘာသာ နားလည်မှု အမြင်သည် ထူးကဲသော အမြင့်သို့ ရောက်ရှိနေပြီဟု ခံစားမိသည်။

***

ကောင်းကင် ရနံ့ သင်းသင်း၏ နတ်တောင်တစ်နေရာတွင် မုရွယ်လင်နှင့် ယွဲ့ဝေဝေက ထိုင်နေခဲ့သည်။

လင်းယွန် တစ်ယောက် ဓားသူတော်စင် ဖြစ်လာကြောင်း သိလိုက်ရသဖြင့် ယွဲ့ဝေဝေက စိတ်သက်သာရာ ရသွားသည်။

သူမက မုရွယ်လင်ထံ မော့ကြည့်ကာ၊

“ ဒီကနေ ထွက်သွားပြီးရင် ခွန်လွန်နယ်မြေကို ပြန်လာလို့ ရဦးမလား။ ”

-ဟု မေးမြန်းလိုက်၏။

“ ဆန္ဒရှိရင် လုပ်နိုင်တယ် ... ဒါပေမယ့် မင်းဘေးမှာ ရှိနေရင်တောင် ... ဓားသူတော်စင် တစ်ပါးကို ကူညီနိုင်တာ ဘာမှမရှိပါဘူး။ ”

မုရွယ်လင်မှ ပြောသည်။ သည့်နောက် ငြိမ်သက်သွားသော ယွဲ့ဝေဝေထံ ပြန်ကြည့်ကာ၊

“ မင်းဟာ ခွန်လွန်အတွက် တစ်ပါးတည်းသော ကောင်းကင် မြေခွေး နတ်သမီးပဲ ... မျိုးနွယ်စုကို ကိုယ်စားပြုတယ် ...

... ငါတို့အဒေါ် တိုက်ပွဲဝင်ပေးခဲ့တဲ့ အခွင့်အရေးအပေါ် မဖြုန်းတီးပါနဲ့ ... ပြီးတော့ လင်းယွန်က ဒီအရေးကို ကျော်ဖြတ်နိုင်ခဲ့ရင် ခွန်လွန်မှာ ဆက်ရှိနေဦးမယ်လို့ ထင်လား၊ ...

... သူက ဓားနတ်ဘုရားလမ်းကို လျှောက်နေတာ မင်းပြတ်မကျန်ခဲ့ဖို့ ဆုတောင်း နေသင့်တယ်။ ”

ထိုစကားကြောင့် ယွဲ့ဝေဝေက မျက်ရည်များဝဲလာပြီး အမူရာ ပျော့ပြောင်းသွား လေသည်။

“ ဒီအရေးကို ... မဖြတ်ကျော်နိုင်မှာ ကြောက်မိတယ်။ ”

“ ဒါတော့ စိတ်မပူပါနဲ့ ... ဒီလူက အကြံအစည်တွေနဲ့ ပြည့်နေတဲ့ လူတစ်ယောက် ပါပဲ ... အခုပဲ ကြည့် ... နတ်ဖီးနစ်တောင်ရဲ့ မင်းသမီးလေး နှလုံးသားကို ခိုးယူဖို့ ကြိုးစားနေပြီ။ ”

မုရွယ်လင် စကားတွင် မကျေနပ်သော အငွေ့အသက် အချို့ ပါရှိနေသဖြင့် ယွဲ့ဝေဝေက ပြုံးရယ်ကာ၊

“ ဒါတော့ မှန်တယ် ... ငါ့နဲ့ အစ်ကိုကြီးလင်းက လူယုတ်မာ တစ်ယောက်ပဲ ကောင်းပြီ အစီစဉ်ကို လက်ခံပါ့မယ်။ ”

-ဟု ခေါင်းငြိမ့် လိုက်တော့သည်။

***

All Chapters