သုံးသပ်ချက်များ။
Vol. 165 Ch. 2302
“ လင်းယွန် ငါနဲ့ ... လိုက်ခဲ့ပါလား။ ”
ခရမ်းငယ်က လင်းယွန် လက်မောင်း လှုပ်ခါလျက် ပြောကြားသည်။
“ နေပါဦး ... တွေ့ပြီးရင် ဘာဆက်လုပ်မှာလဲ။ ”
“ ပြန်ယူမှာပေါ့ ... ။ ”
“ ဟမ့် ... ခိုးမို့လား။ ”
“ မဟုတ်ဘူး ... ခဏငှားတာပါ၊ သူတို့ဂိုဏ်းချုပ် သဘောထားကြီးမှာပါ ပြီးတော့ ဒီမှာရှိတဲ့ လူတိုင်းက ဖီးနစ် အသွေးအသားကို ပိုင်ဆိုင်ကြတဲ့အတွက် ...
... ငါ့ ကျေးကျွန်တွေပဲ ... ဒါကြောင့် ငါပိုင်ဆိုင်တဲ့ ပစ္စည်းတစ်ခုကို ငါပြန်ယူတာ ဘယ်လိုလုပ် ခိုးတာ ဖြစ်မှာလဲ။ ”
“ ကောင်းပြီ ... ငါကြယ်မြစ် သူတော်စင် ဘုရင်ကို ခေါ်လိုက်မယ် ... အဲဒီအချိန်မှာ မင်းရဲ့ အထောက်အထားကို ထုတ်ဖော်လိုက်ပါ သူတို့ အားလုံး မင်းကို ကိုးကွယ်ကြရင် အဆင်ပြေ လိမ့်မယ်။ ”
“ နေတော့ ... ငါတစ်ယောက်တည်း သွားမယ်။ ”
ခရမ်းငယ်က ဟစ်အော်ကာ ထွက်ခွာတော့မည့်အချိန်တွင် လင်းယွန်မှ သူမ လက်ကို ဆုပ်ကိုင်လိုက်ပြီး၊
“ နေပါဦး ... ။ ”
-ဟု ဆိုလိုက်သည်။
“ ဟမ့်... ငရဲမီးလျှံ နတ်ရူရ်က ငါ့ပိုင်တာ မဟုတ်ဘူးလား ... လူယုတ်မာ ငါ့ကို လွှတ် … ။ ”
ခရမ်းငယ်က ရုန်းကန် လိုက်သည်။
“ ငါတို့ တစ်ခုခု စီစဉ်ကြရအောင် ... နေလနတ်ရူရ်တုန်းက မင်းကို သတိထားမိ သွားတာ မမေ့နဲ့။ ”
“ ဟမ့် ... အဲဒီတုန်းကထက် ငါက ပိုသန်မာနေပြီ ... နင်ငါ့ကို ဓားသေတ္တာ ငှားဖို့ပဲ လိုတယ် ... ဘယ်သူမှ သတိမထားမိဘဲ ငါယူနိုင်တယ်။ ”
“ ဒါဆို ငါကကော ဘာလို့ လိုက်ရမှာလဲ။ ”
“ ဒါက နင်ငါ့နောက်မှာ နေပြီး ကြည့်ရုံပဲ ... အဲဒီမင်းသမီးလေး လာခဲ့ရင် ... သူနှလုံးသားကို အနိုင်ယူလိုက်။ ”
ထိုစကားကို ကြားပြီးနောက် လင်းယွန် တစ်ယောက် မျက်လုံးပြူး သွား၏။ နတ်ရူရ် (၃) လုံးသည် သူမကို ယုံကြည်ချက် မြင့်မားလာ စေပုံရသည်။ နတ်ဖီးနစ် တောင်ကိုပင် မျက်လုံးထဲ မထားတော့ချေ။
“ ကောင်းပြီ ... ငါမင်းနဲ့လိုက်ခဲ့မယ်။ ”
“ တကယ်လား ... ဟီးဟီး ... ငါတို့က တကယ့် မိတ်ဆွေကောင်းတွေပါ high-five လုပ်လိုက်ပါဦး။ ”
လင်းယွန်က ခရမ်းငယ်နှင့် လက်ဖဝါးချင်းရိုက်ကာ ပြုံးလိုက်သည် ။
“ အလျင်လို နေစရာ မလိုပါဘူး ... နတ်ဘုရားသင်္ချိုင်း တောင်တန်းမှာ အများကြီး ရိတ်သိမ်း နိုင်ခဲ့တယ်၊ ပြီးတော့ နားလည်မှု ကိုလည်း ချေဖျက်ဖို့ လိုနေသေးတယ်။ ”
“ ကောင်းပြီ ... ဒါက အဓိပ္ပာယ်ရှိတယ် ... တိုက်ပွဲပြီးတိုင်း ပြန်ပြီး ဆင်ခြင်သုံးသပ်တာက ခွန်အားကို ပိုတိုးစေတယ်။ ”
နောက်ဆုံးတွင် ခရမ်းငယ်မှာ ငြိမ်သက် သွားသောကြောင့် လင်းယွန်က သက်ပြင်းချ လိုက်မိသည်။
ငရဲမီးလျှံ နတ်ရူရ်ကို ရှာရန် အတူတူ သွားသင့်၏။ မဟုတ်သော် မည်သည့် အရာများ ဖြစ်ပျက်မည်ကို မသိနိုင်ချေ။
“ ငါတို့ ဒီနေရာက အချိန်ကို အရှိန် မြှင့်ပေးနိုင်မလား။ ”
“ နည်းနည်း တတ်နိုင်တယ် ... အိုင်းရစ် နယ်မြေမှာ အချိန်- အာကာသ အစီရင်တစ်ခု ရှိတယ်၊ တစ်ကြိမ်လျှင် ခြောက်ရက် ကနေ ခုနစ်ရက် အထိရတယ် ...
... ဒါက ပြင်ပကမ္ဘာမှာ နေ့တဝက်ပဲ ... ကောင်းကင် စက်ဝန်း ဘုံကျောင်း လိုမျိုး အချိန် အကြာကြီးတော့ မရသေးဘူး။ ”
“ ဒါဆို လုံလောက်ပါပြီ ... ငါ ဘာလုပ်ရမလဲ။ ”
“ နတ်နဂါး သူတော်စင် အရည်ကို ... ဖီးနစ်သစ်ပင် ခြေရင်းမှာ လောင်းလိုက်ရုံပဲ ဘာမှ လုပ်စရာ မလိုဘူး။ ”
“ ကောင်းပြီ ... ။ ”
လင်းယွန်က ကျန်ရှိနေသော နတ်နဂါး သူတော်စင် သွေးရည်ကြည်ကို ထုတ်ယူပြီး ဖီးနစ်သစ်ပင်ပေါ် လောင်းချလိုက်၏။
ဖီးနစ်သစ်ပင်က တောက်ပစွာ ထွန်းလင်းလျက် ပင့်ကူအိမ်သဖွယ် ခင်းကျင်းမှု တစ်ခု ပေါ်လာသည်။
“ ကြည့်ရတာ ခုနစ်ရက်လောက်ပဲ ရနိုင်တယ် အလေအလွင့် မဖြစ်စေနဲ့ မဟုတ်ရင် ဖီးနစ်သစ်ပင် အသည်းကွဲလိမ့်မယ်။ ”
ဖီးနစ်သစ်ပင်ကို ပွတ်သပ်လျက် ခရမ်းငယ်က ပြောကြားပြီး ရေတံခွန်ထံ လျှောက်လှမ်း သွားတော့သည်။
“ ကျေးဇူးတင်ပါတယ် ... ။ ”
ထို့နောက် လင်းယွန်က ဖီးနစ်သစ်ပင် အောက်တွင် ဝင်ထိုင်ကာ ကျေးဇူးတင် စကား ဆိုလိုက်သည်။
အနီရောင် ပင့်ကူ လီလီက လက်ဖဝါးပေါ် တက်လာပြီး ပတ်ဝန်းကျင်ထံ ဝေ့ဝဲကြည့်ကာ မြေပြင်ပေါ် ဆင်းသက်သွား၏။
“ ကျေးဇူးတင်ပါတယ် သခင် ... ဒီနေရာကို ကြိုက်တယ်”
“ ဟား ဟား ဟား ... ။ ”
အနီရောင် ပင့်ကူ လီလီက ကျေးဇူးတင် စကား ပြောကြားလာသည်။ ဖီးနစ်သစ်ပင်သို့ နောက်ထပ် ကီလိုဂရမ် ငါးဆယ်နီးပါး ထပ်မံ သွန်းလောင်းပေး လိုက်သည်။
“ သခင် ... ငါ ကြီးထွားလာပြီ။ ”
အနီရောင် ပင့်ကူ လီလီ၏ အမြစ်များက မြေပြင်ကို ဖောက်ဝင်ကာ ယိမ်းထိုး ပြုံးပျော် လာတော့၏။
“ ကောင်းပြီ ... ငါ့အတွက် နောက်ထပ် သံသရာ ရနံ့ကို ပြင်ဆင်ပေးပါ။ ”
“ အဆင်ပြေပါတယ် ... စိတ်မပူပါနဲ့။ ”
လင်းယွန်က ပြုံးကာ အနီရောင် ပင့်ကူ လီလီကို ဂရုမစိုက်တော့ချေ။ မျက်လုံးမှိတ်ပြီး တိုက်ပွဲမှ ပုံရိပ်များကို ပြန်ခေါ်နေမိသည်။
စတုတ္ထအဆင့် သူတော်စင် သခင်နှင့် စတင်ပြီး သူတော်စင် ဘုရင်ဖြင့် အဆုံးသတ် လေသည်။
ဤတိုက်ပွဲများမှာ များစွာ အကျိုးရှိ၏။ သူတော်စင် ဘုရင်သည် အစွမ်း ထက်လွန်းပြီး သူ့အတွက် အနည်းငယ်သော အားသာချက် မျှသာ ရရှိခဲ့သည်။
ထပ်မံ တိုက်ခိုက်ပါက မကြာခင် ရှုံးနိမ့်သွားမည် ဖြစ်၏။ ထို့ကြောင့် သူတော်စင် ဘုရင်ကို မြင်သော် ပြေးရမည်ဟု ကောက်ချက်ချ လိုက်သည်။
ဆဋ္ဌမအဆင့် သူတော်စင် သခင်နှင့် တိုက်ခိုက်ခြင်းသည် နားလည်မှု ပိုမို ရရှိစေမည်။ ရွှေသလင်းကျောက်သည် ဓားရည်ရွယ်ချက် ကိုပင် ခြိမ်းခြောက်မှု ပေးနိုင်၏။
အကယ်၍သာ အသူရာ အင်္ကျီ မရှိခဲ့ပါက မသေလျှင်ပင် ဒဏ်ရာ ပြင်းထန်စွာ ရရှိသွားပေ လိမ့်မည်။
“ ငါ့ကန့်သတ်ချက်က ဆဋ္ဌမအဆင့် သူတော်စင် သခင်ကို ရင်ဆိုင်ခြင်းပဲ၊ သူ့အထက် နယ်ပယ် ဆိုရင် ပြေး ... ။ ”
တစ်နာရီအကြာတွင် မျက်လုံးများ ပြန်ဖွင့်ကာ၊
“ နတ်အလင်းဓား ရည်ရွယ်ချက်က ဆဋ္ဌမအဆင့် သူတော်စင် သခင်ကို ချေမှုန်းနိုင်ပုံ မပေါ်ဘူး ... ဘာလို့လဲ။ ”
-ဟု မေးခွန်းထုတ်လိုက်သည်။
ယင်းသည် ခွန်အား ကွာခြားချက် မြင့်မား သောကြောင့် ဖြစ်နိုင်၏။ ၎င်းတို့ကို အနိုင်ယူရန် မဖြစ်နိုင်ခဲ့ချေ။
မျက်လုံး ပြန်မှိတ်ပြီး လက်ညှိုးကို လွှဲလိုက်သည်။ သူ့စိတ်ထဲမှ မြင်ကွင်းများကို လက်ဖြင့် ပြန်လည် ပုံဖော်နေခြင်း ဖြစ်၏။
“ နားလည်ပြီ ... ။ ”
စတုတ္ထအဆင့် သူတော်စင် သခင်၏ သူတော်စင် စွမ်းအင်သည် အစွမ်းထက်သည်။ သို့သော် နတ်အလင်းဓားကို မခုခံနိုင်သင့်ချေ။
ဆိုလိုသည်မှာ တာအိုပန်းများကြောင့် ဖြစ်နိုင်ချေ၏။ ဆဋ္ဌမအဆင့်တွင် တာအိုပန်းများ ပို၍ တိုးပွားလာပေမည်။
“ ဒါဆိုရင်တော့ ပြဿနာပဲ … ။ ”
သူသည် ဓားတာအို၊ လျှပ်စီးတာအိုနှင့် လေတာအိုကို ဆုပ်ကိုင်ထားသည်။ ထို့ကြောင့် ယင်းနှင့် ပတ်သတ်သည့် ပံပိုးမှု တာအိုကို တစ်ရာ လောက်သာ ထုတ်ယူနိုင်၏။
ပြိုင်ဘက်များသည် သိုင်းရည်ရွယ်ချက် အားနည်းသော်လည်း ထိုပံ့ပိုးမှု တာအိုများကို နှစ်များစွာ စုဆောင်းထားသည်။
“ ဖြေရှင်းဖို့ နည်းလမ်း တစ်ခု ရှိတယ် ... အစ်ကိုကြီးလို ပိုသန်မာတဲ့ အာကာသ တာအို၊ ဒါမှမဟုတ် အချိန်တာအိုကို ဆုပ်ကိုင်ရရင် အဆင်ပြေပြီ ...
... ဒါပေမယ့် အာကာသ တာအိုကို အစ်ကိုကြီးက သင်မပေးခဲ့ဘူး ... နိဗ္ဗာန်တာအို ကိုပဲ ကြည့်ရတော့မယ်။ ”
( နိဗ္ဗာန်တာအိုကို သွေးကျီးကန်း နယ်မြေ၌ အိုင်းရစ် ဓားသူတော်စင်ထံမှ လမ်းညွှန်မှု အချို့ ရရှိထားဖူးသည်။)
“ နိဗ္ဗာန်တာအိုကို ဆုပ်ကိုင်နိုင်ရင်၊ ဓားပညာနဲ့ နတ်ခန္ဓာသုံးပြီး ... ဆဋ္ဌမအဆင့် သူတော်စင် သခင် ဆယ်ပါးလောက်ကို အနိုင်ယူနိုင်မယ်။ ”
အဆုံးတွင် နိဗ္ဗာန်တာအိုကို အရေးတကြီး လိုအပ်နေကြောင်း ကောက်ချက်ချ နိုင်ခဲ့သည်။
***