← Chapters

နိဗ္ဗာန် တာအို။

Vol. 165 Ch. 2303

နိဗ္ဗာန် တာအို။

Vol. 165 Ch. 2303

“ နိဗ္ဗာန်ကို လိုချင်ရင် ကနဦးဓားမှာ ရှာရမယ်။ ”

လင်းယွန်က စမှတ်ကို ရှာတွေ့လာ၏။ ပြင်ပကမ္ဘာတွင် ကောင်းကင်ကြီး မှောင်မိုက် သွားပြီး ခြောက်ရက် ကုန်လွန်သွားသည်။

လက်ကျန် နှစ်ရက်ကို နတ်ခန္ဓာနှင့် ဓားရည်ရွယ်ချက် အပေါ် စုစည်းရန် အသုံးပြု ခဲ့သည်။

ပထမအနေဖြင့် မိုးပြာနဂါး နတ်ခန္ဓာတွင် နတ်ရူရ် ရေးထွင်းရန် ခြေလှမ်း တစ်ဝက်မျှသာ ကျန်ရှိတော့၏။

နတ်ရူရ်ကို ရေးထွင်းပြီးပါက နောက်တစ်ဆင့် တက်ကာ ပြီးပြည့်စုံသော နဂါး ဝိညာဉ်ကို ဖွဲ့စည်းနိုင်မည် ဖြစ်သည်။

နတ်ခန္ဓာတွင် အဓိကအားဖြင့် နဂါးခန္ဓာ၊ နဂါးဝိညာဉ်နှင့် နဂါးရောင်ဝါတို့ ပါဝင်သော အဆင့် ကိုးဆင့် ရှိသည်။

တစ်ဖက်တွင် မဟာ တော်ဝင်ကျမ်းသည် အောင်မြင်မှု ရယူရန် အချိန်အတော် ကြာဦးမည် ဖြစ်သည်။ နဂါး-ဖီးနစ် ကမ္ဘာဖျက်ဓားကျမ်း သည်လည်း နဝမအဆင့်၌ ရပ်တန့်သွား၏။

“ နည်းနည်း ရှုပ်နေသေးတယ် ... သူတို့ကို ကိုယ်ခံပညာအဖြစ် ပြောင်းပြီး လေ့ကျင့်နိုင်ရင် ကောင်းမယ်။ ”

သူ့အတွေးကို သူပြန်ပြီး သဘောကျကာ ရယ်မိသည်။ ဤအရာများသည် ရှေးဦးခေတ် နတ်နဂါး ပညာရပ်များ ဖြစ်ပြီး ကောင်းကင် လမ်း ရှိစဉ် အချိန်အခါက နတ်ဘုရား ဖြစ်နိုင်သည့် ကျင့်စဉ်များ ပေပင်။

လုံးလုံးလျားလျား ပိုင်နိုင်သော် ရှေးဟောင်း နတ်ဘုရားပင် ဖြစ်နိုင်၏။

“ နိဗ္ဗာန်ကို မဆုပ်ကိုင်မီ ... ငါ့ရဲ့ အခြေခံအုတ်မြစ်ကို တည်ငြိမ်အောင် အရင် လုပ်ရမယ်။ ”

တဖန် ပြန်၍ နစ်မြုပ်သွားသည်။ မကြာမီ နှစ်ရက် ကုန်လွန်သွား၏။ နဂါး ဟောက်သံနှင့် ရောင်ဝါများ ထွက်လာသည်။

နဂါး ဝိညာဉ်သည် သူ့အသိစိတ် ပင်လယ်ထဲတွင် တဖြည်းဖြည်း ရုပ်လုံးပေါ်လာ ခဲ့သည်။

တစ်ချိန်တည်းမှာပင် ရင်ဘတ်ပေါ်ရှိ နဂါးအမှတ်အသားသည် အလှတရားများဖြင့် ပြည့်နှက်နေသော ရူရ်တစ်လုံး ဖြစ်လာ၏။

လက်သီး ဆုပ်လိုက်သောအခါ ကြောက်မက်ဖွယ် စွမ်းအားတစ်ခု ထိုရူရ်ထံမှ ခံစားလိုက်ရသည်။

စိတ်ဝိညာဉ် တိုက်ခိုက်မှု ကျွမ်းကျင်သော လူများနှင့် ရင်ဆိုင်ရာတွင် ပိုမို လွယ်ကူလာမည် ဖြစ်သည်။

ဆိုလိုသည်မှာ ကောင်းကင် အဆင့် ဝိညာဉ်ရေးရာ ဆရာ သခင်များသည် သူ့ကို ခြိမ်းခြောက်မှု မပေးနိုင်ဟု အဓိပ္ပါယ်ရ၏။

သို့သော် ထိုစိတ်လှုပ်ရှားမှုသည် ခဏတာမျှသာ ဖြစ်ပြီး လက်သီးကို တင်းတင်း ဆုပ်လျက်၊

“ နိဗ္ဗာန် တာအို ... ။ ”

-ဟု ရေရွတ်မိသည်။

တစ်ဖက်တွင် မိုးကောင်းကင် မဟာ သူတော်စင်နှင့် သူတော်စင်ဘုရင် နှစ်ပါးတို့က လူတစ်ဦးရှေ့၌ တလေးတစား ရပ်နေခဲ့၏။

ထိုလူသည် နတ်ဖီးနစ်ပလ္လင် ပေါ်တွင် ထိုင်လျက် နုပျိုပြီး မြင့်မြတ်သောလေထုကို ထုတ်ပေးနေသည်။

ရွှေချည်နှင့် အနားသပ်ထားသော အဖြူရောင် ၀တ်ရုံကို ဆင်မြန်းကာ သရဖူ တစ်ခု ဆောင်းထား၏။

ဤသည်မှာ နတ်ဖီးနစ် တောင်တန်း၏ အရှင်သခင် ဖြစ်သည်။ မဟာ သူတော်စင်နှင့် သူတော်စင်ဘုရင် နှစ်ပါးထံမှ အစီရင်ခံစာကို ကြားသိပြီးနောက်၊

“ ဒါဆို မင်းတို့က သူ့အစွမ်း သတ္တိကို အသိအမှတ် ပြုလာကြပြီပေါ့ ... ။ ”

-ဟု မေးမြန်းလိုက်သည်။

“ ဟုတ်ကဲ့ ... ။ ”

မိုးကောင်းကင် မဟာ သူတော်စင်က ခေါင်းညိမ့်သည်။ ကျောက်စိမ်း ကြာပန်းက၊

“ ဒါပေမယ့် အဲဒီ ကောင်းကင်ဘုံ တရားစီရင်ရေး ဧကရီ အကြောင်းကိုတော့ သိပ်မသိခဲ့ရပါဘူး၊ သူက အတုအယောင်လို့ ထင်ရပေမယ့် ထွက်လာတဲ့ ရောင်ဝါက အစစ်အမှန်ပါပဲ။ ”

“ ကောင်းပြီ ... ။ ”

မြင့်မြတ်သော သခင်က ခေါင်းညိမ့်ပြီး တိတ်ဆိတ်နေသော ကြယ်မြစ် သူတော်စင် ဘုရင်ထံ ငဲ့ကြည့်ကာ၊

“ ရှင်ဟဲ ပြောစရာ ရှိလား။ ”

-ဟု သတိတရ မေးလိုက်သည်။

“ မြင့်မြတ်သော သခင် ... တကယ်တော့ လင်းယွန်ကို မြင့်မြတ်သောသခင် ကိုယ်တိုင်က အသိအမှတ် ပြုခဲ့ပြီးသားပါ၊ ဒါဆို ဘာလို့ ...

... ကောင်းကင် တရားစီရင်ရေး ဧကရီနဲ့ ပတ်သက်တဲ့ ကိစ္စတွေကို သွားပြီး ဆွေးနွေး မကြည့် သေးတာလဲ။ ”

ဤသုံးယောက်ထဲတွင် သူသည် လင်းယွန်နှင့် ရင်းနှီးသော ဆက်ဆံရေး ရှိ၏။ အဆုံးတွင် သူ့အသက်ကို လင်းယွန်မှ ကယ်တင် ပေးခဲ့သည်။ မြင့်မြတ်သော သခင်က ပြုံးပြီး၊

“ ငါက သူ့ကို လျစ်လျူရှု နေတယ်လို့ ... မင်းပြောချင်တာလား။ ”

-ဟု ပြန်မေးလိုက်၏။

ကြယ်မြစ် သူတော်စင် ဘုရင်က မျက်နှာ အပြောင်းအလဲ မရှိဘဲ၊

“ မဝံ့ပါဘူး ... ဒါပေမယ့် သူ့ကို ဖိတ်ခေါ်လာတဲ့ အတွက် ကြိုဆိုသင့်တယ်လို့ ခံစားရလို့ပါ။ ”

ဤစကားသည် မြင့်မြတ်သော သခင်ကို စော်ကားရာ ရောက်နေခဲ့ သဖြင့် မိုးကောင်းကင် မဟာသူတော်စင်နှင့် ကျောက်စိမ်း ကြာပန်း သူတော်စင်ဘုရင်က လှည့်ကြည့်သည်။

မိုးကောင်းကင် မဟာ သူတော်စင်က၊

“ သူက ဂျူနီယာ တစ်ယောက်ပဲ ... မြင့်မြတ်သော သခင်က သူ့ကို တွေ့ချင်ပေမယ့် အခု မဟုတ်သေးဘူး။ ”

-ဟု သတိပေး စကား ဝင်ပြော ပေးလာ၏။

မြင့်မြတ်သော သခင်က ပြုံးပြီး၊

“ ရှင်ဟဲ ... မင်းငါ့ကို အထင်လွဲနေပြီ ... သူ့ကို လျစ်လျူ မရှုဝံ့ပါဘူး ... သူ ငါနဲ့မတွေ့ခင် ဘာကို လိုချင်တာလဲ ... ဆုံးဖြတ်လို့ ရအောင် အချိန်ပေးထားတာပါ။ ”

ထိုသို့ ပြောသော အခါတွင် မဟာသူတော်စင်နှင့် သူတော်စင် ဘုရင်တို့မှာ မျက်နှာများ ပြောင်းသွား၏။

မြင့်မြတ်သော သခင်က သူတို့ နှစ်ယောက်အမူအရာကို လျစ်လျူရှုကာ မတ်တပ် ထရပ်လိုက်ပြီး၊

“ ဖီးနစ် နှလုံးသားကို ... သူ ဘယ်ကနေ ရခဲ့လဲ ဆိုတာ ငါသိချင်တယ်၊ နောက်ဆုံးတော့ ဒါတွေက နတ်ဖီးနစ်တောင်မှာ ပျောက်ဆုံး နေတာ ကြာပြီ၊ ဒါပေမယ့် အခု မင်းဆီက ...

... သတင်းကို ငါရလိုက်တဲ့ အတွက် နောက်ထပ် အတွေးတစ်ခု ရှိလာခဲ့တယ်၊ သူ့ကို ဂျူနီယာ တစ်ယောက်လို ဆက်ဆံလို့ မရတော့ဘူး။ ”

“ မြင့်မြတ်သော သခင် ဒါက ... ။ ”

“ ဟုတ်တယ် ... ရှီအာနဲ့ ထည့်ပေး လိုက်ရအောင်။ ”

မြင့်မြတ်သော သခင်၏ စကားကြောင့် မိုးကောင်းကင် မဟာ သူတော်စင် တစ်ယောက် အံ့အားသင့် သွားသည်။

“ ဆရာ ... သူ့ကို သားမက် တော်ချင်နေတာလား။ ”

ကြယ်မြစ် သူတော်စင် ဘုရင်က လွှတ်ခနဲ မေးမြန်းလိုက်မိသည်။

“ ဟား ဟား ဟား ... ။ ”

မြင့်မြတ်သော သခင်က ရယ်၏။ ထို့နောက် ဆက်ပြီး၊

“ သူတို့ အချင်းချင်း စိတ်ဝင်စားရင် မဖြစ်နိုင်တာ မရှိပါဘူး ... ဒါပေမယ့် ငါက အဲဒီလို ဆိုလိုတာ မဟုတ်ဘူး ...

... သူ့ကို ရှစ်အာနဲ့ လိုက်သွားစေချင်တယ် ... အဲဒီမှာ လူတွေ အများကြီး သေကြတယ်၊ ငါ့မှာ ဒီသမီးတစ်ယောက်ပဲ ရှိတဲ့အတွက် အဆုံးရှုံး မခံနိုင်ဘူး၊ သူ့ကိုယ်ရည် ကိုယ်သွေးနဲ့ ခွန်အား အရ ငါတို့ ယုံကြည်လို့ရတယ်။ ”

-ဟု ရှင်းပြလာ၏။

မိုးကောင်းကင် မဟာ သူတော်စင်က မျက်မှောင်ကြုတ်လျက်၊

“ သက်တံဓား မျိုးရိုးရဲ့ တပည့်တိုင်းက ကိုယ်ရည်ကိုယ်သွေးနဲ့ ပတ်သတ်ရင် ပြဿနာ မရှိပါဘူး၊ ဒါပေမယ့် ခွဲတမ်း မလုံလောက်မှာ ကြောက်မိတယ် ပြီးတော့ သူ သွားချင်စိတ် ရှိပါ့မလား။ ”

ထိုစကားကြောင့် မြင့်မြတ်သော သခင် တစ်ယောက် တိတ်ဆိတ်သွားပြီး သက်ပြင်းချ လျက်၊

“ ဟုတ်တယ် ... သူသွားရင် အသက်ရှင်လျက် ပြန်လာနိုင်မှာ မဟုတ်ဘူး၊ ဒီတော့ သူ ဘာလိုချင်လဲ ဆိုတာ ... သူ သိအောင် လုပ်ရမယ်၊ ...

... ဒီအတွက် သူ့ကို ... ငါ အချိန် နည်းနည်းပေးထား တာပါ၊ မင်းတို့ ပြန်မလာခင် နတ်မီးတောက် ရခဲ့တယ် ဆိုတဲ့ ... သတင်း ရပြီးတည်းက မြင့်မြတ်သော မဟာမိတ် အဖွဲ့ဆီကို ငါ စာတစ်စောင် ...

... ပို့ထား ပြီးပြီ ... ငါ့သူငယ်ချင်း တစ်ယောက် ဒီရက်ပိုင်းအတွင်း နတ်ဖီးနစ် တောင်ကို လာလည်မယ်။ ”

“ ဆရာ ... လင်းယွန် လိုချင်တာကို ကျွန်တော် အကြမ်းဖျင်း ခန့်မှန်းနိုင်ပါတယ်။ ”

ကြယ်မြစ် သူတော်စင် ဘုရင်မှ ပြောကြား လိုက်သည်။

“ ဆက်ပြောပါ ... ။ ”

“ မင်းသမီးလေးကို နတ်မီးတောက် ပေးဆောင်ရတဲ့ ရည်ရွယ်ချက်က ... နတ်ဖီးနစ် တောင်နဲ့ မိတ်ဖွဲ့ချင်တာပါ၊ နောက်ဆုံးတော့ သက်တံဓားရဲ့ ဒုက္ခက မဝေးတော့ပါဘူး။ ”

ဤအကြောင်းအရာကို မှန်းဆထားပြီး ဖြစ်သောကြောင့် မြင့်မြတ်သော သခင်က ငြိမ်သက်သွားသည်။

မိုးကောင်းကင် မဟာ သူတော်စင်က၊

“ ဒီလိုဆိုရင်တော့ ခက်ပြီ ... သူ သဘောတူမှာ မဟုတ်ဘူး၊ သူသာ လိုက်သွား ခဲ့မယ်ဆိုရင် ... အဲဒီအချိန် ပြန်မလာနိုင်မှာကို မှန်းဆနိုင်လိမ့်မယ်။ ”

-ဟု ညည်းတွား လိုက်သည်။

မြင့်မြတ်သော သခင်က၊

“ ဒါ ... ငါ စိုးရိမ်နေတဲ့ အချက်ပဲ ... အကြီးအကဲရှင်ဟဲ ... ငါသူ့နဲ့တွေ့ဖို့ ဘာလို့ တုန့်ဆိုင်းနေရတာလဲ သိလား။ ”

ကြယ်မြစ် သူတော်စင် ဘုရင်က မြင့်မြတ်သောသခင် အပေါ် သူ နားလည်မှု လွဲခဲ့မှန်း သတိပြုမိကာ ခေါင်းညိတ်ပြ၏။

“ သူက ဓားသူတော်စင် ဖြစ်နေပြီ ... လူငယ်လေး တစ်ယောက်လို မဆက်ဆံ မိစေနဲ့၊ လက်ဆောင်အချို့ ပြင်ဆင်ပြီး ... သူ့ကို ဧည့်ခံ ထားပါ ... အရင်းအမြစ်ကို ရက်ရက်ရောရော ယူသွား။ ”

“ ..... ။ ”

ထိုအမိန့်က ကြယ်မြစ် သူတော်စင် ဘုရင် အပါအဝင် မဟာ သူတော်စင်နှင့် သူတော်စင် ဘုရင်ကို ထိတ်လန့် သွားစေ၏။

“ မိုးကောင်းကင် မဟာ သူတော်စင် ... မြင့်မြတ်သော မဟာမိတ်အဖွဲ့က ငါ့မိတ်ဆွေနဲ့ စကားပြောပြီးရင် သူနဲ့တွေ့မယ်။ ”

စကားဝိုင်းမှာ ပြန်လည် တိတ်ဆိတ် သွားတော့၏။ သူတို့၏ မြင့်မြတ်သော သခင်မှာ ရက်ရော လွန်းချေပြီ။

ထိုအချိန်တွင် လင်းယွန်က ဖီးနစ်သစ်ပင်အောက်၌ ထိုင်လျက် ဓားကို ယမ်းခါလိုက်သည်။

ပတ်ဝန်းကျင် တစ်ခုလုံး မိုးကြိုး မုန်တိုင်းများဖြင့် ပြည့်နှက်ကုန်၏။ အာကာပြင် ကမောက်ကမ ဖြစ်လာပြီး ရှေ့တစ်လှမ်း လှမ်းတက်စဉ် အချိန်များ ကုန်သွားသည်။

“ နိဗ္ဗာန်ဓား ... ။ ”

အတားအဆီးတစ်ခုကို ဖြတ်ကျော် သွားသလို ခံစားရသဖြင့် လှည့်ကြည့်မိချိန်၌ သူ့ကိုယ်သူ ပြန်မြင်လိုက်ရ၏။

တစ်ချိန်တည်းမှာပင် အသက်တရှိုက်စာ အချိန်ခန့် အတိတ်ကို ပြန်ဆုတ်သွား သကဲ့သို့ ခံစားလိုက်ရသည်။

“ ဘာလဲ ... ။ ”

ပြန်မော့ကြည့်မိချိန်တွင် သူ့ရှေ့၌ လင်းယွန်ရှိနေသည်။ ဓားဖျားက သူ့ရင်ဘတ်ထံ ဦးတည်နေ၏။

“ ဝှစ် ... ။ ”

ရင်ဘတ်ပေါ် ထိတော့မည့် အချိန်အထိ မှင်တတ်နေမိပြီး သတိ ပြန်ဝင်လာချိန်၌ ဓားကို ပြန်ဆုတ်စေလိုက်သည်။

မြေပြင်ပေါ် ပြန်လည် ဆင်းသက်စဉ် ပါးစပ်မှသွေးများ စီးကျလာကာ ခြေလှမ်း အနည်းငယ် နောက်ဆုတ်မိ၏။

ခေါင်းငုံ့ကြည့်လိုက်ရာ ရင်ဘတ်ပေါ်၌ ပြတ်ရှရာတစ်ခု ပေါ်နေပြီး သွေးများစိမ့်ထွက် လာသည်ကို မြင်လိုက်ရသည်။

“ ဒါ ... ။ ”

“ ဝှစ် ... ။ ”

ထိုဖြစ်စဉ်ကို နားမလည်နိုင် ဖြစ်နေစဉ် ခရမ်းက ရေတံခွန်အောက်မှ မျက်လုံးများဖွင့်ပြီး ပျံသန်းလာ၏။

“ ဘာဖြစ်တာလဲ ... ။ ”

အသူရာ သူတော်စင်အင်္ကျီ၌ သူတော်စင် ရူရ်ပေါင်းများစွာဖြင့် ဝိညာဉ်ရေးရာ အစီရင်ကို ဖန်တီးပေးထားသည်။

ဆဋ္ဌမအဆင့် သူတော်စင် သခင်ပင် ဖျက်စီးနိုင်ခြင်း မရှိလောက်အောင် ခိုင်ခံချေ၏။ ယခုမူ သွေးများ စိမ့်ကျနေချေပြီ။

“ ငါ့ကိုယ်ငါ ဓားနဲ့ထိုးမိတာ။ ”

လင်းယွန်က မသေချာ မရေရာနှင့် ပြန်ဖြေသည်။ လွန်ခဲ့သည့် လေးရက်လုံးလုံး နိဗ္ဗာန်ဓားကိုသာ လေ့ကျင့်နေမိ၏။

ကနဦးဓားပုံစံသည် စုစုပေါင်း ခြောက်မျိုး ပါဝင်ပြီး ပုံတစ်ခုစီတွင် အလှည့်အပြောင်းပေါင်း ရာနှင့်ချီ ရှိသည်။

၎င်းသည် ကိုယ်ပိုင်ဓားရေး ဖြစ်သဖြင့် သူ့ကိုယ်သူ ထိုးမိစေသည် အထိ မှားယွင်းစရာ အကြောင်း မရှိခေျ။ သို့သော် အမြင်အာရုံ၌ အမှန်ပင် သူ့ရှေ့ရှိ လူတစ်ယောက်ကို သတ်လုနီးပါး ဖြစ်ခဲ့၏။

ဝင်သက်-ထွက်သက်ဟူသော ထိုတဒင်္ဂအတွင်းမှာပင် အချိန်ဒိုင်မေးရှင်းကို ဖြတ်ကျော် သွားနိုင်ပုံပေပင်။

သူ့ရှင်းပြချက်ကို ကြားပြီးနောက် ခရမ်းငယ်က ဝမ်းမြောက်သွား၏။

“ ဒါ ... နိဗ္ဗာန် ဝင်ပေါက် ဖြစ်ရမယ် ... ထပ်စမ်း ကြည့်ပါဦး ... ။ ”

“ ကောင်းပြီ ... ။ ”

လင်းယွန်က ဒဏ်ရာကို လျစ်လျူရှုကာ နိဗ္ဗာန်ဓားကို အကြိမ်ပေါင်းများစွာ ထပ်မံဖန်တီး တော့သည်။

တိုက်ခိုက်မှုသည် ကြောက်စရာ ကောင်းသော်လည်း အစောပိုင်း ဖြစ်စဉ်မျိုး ထပ်မဖြစ် တော့ချေ။

“ ထူးဆန်းတယ်... ငါဘာလို့ ထပ်ပြီး လုပ်မရတာလဲ။ ”

အကြိမ်ကြိမ် ပြန်လည် ကြိုးစားနေသဖြင့် သူတော်စင် စွမ်းအင်များ ကုန်ဆုံး လာတော့၏။ အထက်ပါ ဖြစ်စဉ်မျိုး ပြန်မရတော့ချေ။

“ အလျင်လို နေစရာ မလိုပါဘူး ... နင်တံခါးဝကို ဝင်ပြီးပြီမို့ အကြာခင် နားလည် လာပါလိမ့်မယ် ... အခုတော့ အနားယူပါ။ ”

“ ကောင်းပြီ ... ဒါပေမယ့် အခု အနား ယူရမယ့်အချိန် မဟုတ်သေးဘူး ... ငါ့ကတိ အတိုင်း မင်းကို ဖြည့်ဆည်းပေးရမယ်။ ”

“ ငရဲမီးလျှံ နတ်ရူရ် ... ။ ”

ခရမ်းငယ် ရွှင်မြူးစွာ ထအော်သည်။

“ အင်း ... ။ ”

လင်းယွန်က ခေါင်းညိတ်ပြပြီး အနီရောင် ပင့်ကူ လီလီထံ လက်လှမ်းလိုက်၏။ ဝတ်မှုန်၌ မှိန်ဖျော့သော မီးတောက်တစ်ခု ရှိနေသည်။

ထိုမီးတောက်က အနီရောင် ပင့်ကူ လီလီကို ပို၍ အိပ်မက်ဆန်လာစေ၏။

“ အိုး ... ဝတ်မှုန်တွေ ... ။ ”

ခရမ်းငယ်က ပြုံးပြီး ရေရွတ်လိုက်သည်။ အနီရောင် ပင့်ကူ လီလီက ကြောက်ရွံ့စွာဖြင့် အမြစ်များ ပြန်နှုတ်ကာ လင်းယွန်ပေါ် တွယ်တက်သွားတော့သည်။

***

All Chapters