← Chapters

ဘယ်သူက ပိုပြီး မာနကြီးသလဲ။

Vol. 165 Ch. 2304

ဘယ်သူက ပိုပြီး မာနကြီးသလဲ။

Vol. 165 Ch. 2304

“ မင်းဘာလို့ ဒီလောက် ... မြန်မြန် ပြေးနေရတာလဲ ... မင်းဆီက သံသရာ ရနံ့လေး ယူရုံလေးကို ... ။ ”

ခရမ်းငယ်စကား ကြားချိန်၌ အနီရောင် ပင့်ကူလီလီက လင်းယွန် မျက်နှာကို ကြည့်ပြီး တောင်းပန်နေလေသည်။

“ ဟမ့် ... ဘာတောင်းပန်တာလဲ ... ဒီနေရာမှာ နတ်နဂါးသူတော်စင် သွေးရည်ကြည် တွေနဲ့ ပြည့်နေတယ် ... မင်းအမြစ်တွေက မီတာထောင်ဂဏန်းအထိ ဝင်ပြီး စုပ်ယူ သွားတာ ငါမသိဘူး ထင်နေလား။ ”

ဒေါသတကြီး ငေါက်ငမ်းနေသော ခရမ်းငယ်အသွင်ကြောင့် လင်းယွန်က ခေါင်းကို ပုတ်ပြီး၊

“ မင်းက ဖီးနစ်သစ်ပင်ကို အရမ်း ဂရုစိုက်တယ် ... အနီရောင် ပင့်ကူလီလီက ငယ်သေးတာကို မမေ့နဲ့။ ”

-ဟု နှစ်သိမ့်လိုက်သည်။

“ ဟွန့် ... ။ ”

ခရမ်းငယ်က ထိုအကြောင်းကို ဆက်မပြောတော့ဘဲ ငရဲမီးလျှံ နတ်ရူရ်ထံ အာရုံ ရောက်သွားပြီး၊

“ ငါတို့ အပြင်ထွက်ဖို့ အချိန်ကျပြီ။ ”

-ဟု ပြောကြားလိုက်သည်။

“ ကောင်းပြီ ... ။ ”

လင်းယွန်က ဓားသေတ္တာထဲမှ ထွက်ပြီး ကျောတွင်ပိုးကာ ခရမ်းငယ် ညွှန်ကြားသည့် အတိုင်း လျှောက်လှမ်း လာမိ၏။

“ နင်က ဘာလို့ မျက်နှာဖုံး မတပ်တာလဲ။ ”

“ မလိုပါဘူး။ ”

တစ်ကြိမ် ခံစားခဲ့ရပြီးနောက် ၎င်းကို အသုံးမပြုရန် ဆုံးဖြတ်မိသည်။ မျက်နှာဖုံးတပ် ထားသော် တစ်စုံတစ်ယောက် တွေ့ရှိပါက ကျူးကျော်သူ အဖြစ် သတ်ပစ်နိုင်၏။

တိမ်စမ်းရေနန်းတော်မှ ထွက်လာသော အခါတွင် မှောင်နေချေပြီ။ ငရဲမီးလျှံနတ် ရူရ် ရောင်ဝါကို ရှာဖွေလျက် လေပေါ်ကျွန်း အသီးသီးထံ ဖြတ်ကျော်လာမိသည်။

“ ဒီမှာလည်း မဟုတ်ဘူး … ။ ”

“ ဒီမှာလည်း မဟုတ်ဘူး … ။ ”

“ ကြည့်ရတာ လေပေါ်ကျွန်းတွေမှာ မဟုတ်ဘူး ထင်တယ်။ ”

“ ဒါဆို ဆင်းရအောင် ... ။ ”

လင်းယွန်းသည် ရေပေါ်ကျွန်းများ အားလုံးကို သွားရောက် ကြည့်ရှု ပြီးနောက် ရင်ပြင်ပေါ် ဆင်းသက်လိုက်၏။

ဤသည်မှာ မြေပြင်ကို အုတ်ကြွပ်များ ခင်းထားသော ကျောက်ဖြူ ရင်ပြင် ဖြစ်သည်။ ကျယ်ဝန်းပြီး အလယ်ဗဟို၌ လှပသော ရုပ်တုတစ်ခု ရှိ၏။

“ ဒီရုပ်တုက တကယ်လှတယ်။ ”

လင်းယွန်က ခေါင်းမော့ကြည့်ကာ ချီးကျူးလိုက်သည်။ ညအချိန်၌ပင် ရုပ်တုသည် ထာဝရအလှကို ပေးစွမ်းနေ၏။

“ အဲဒါကို ကြည့်မနေနဲ့ ... ငရဲမီးလျှံ အုပ်စိုးရှင် နတ်ရူရ်က ဒီတောင်တန်းပေါ်မှာ ရှိမယ် ထင်တယ်။ ”

နတ်ဖီးနစ်တောင် ဟူသည် ပြင်ပကမ္ဘာ အမြင်တွင် မြင့်မြတ်မြေတစ်ပါး ဖြစ်သော်လည်း ဤနေရာ၌ တောင်တစ်လုံးမျှသာ ဖြစ်သည်။

ဖီးနစ်မျိုးဆက်များက ဤတောင်ကို မြင့်မြတ်သော တောင်အဖြစ် ကိုးကွယ်ကြ၏။ ကြယ်မြစ် သူတော်စင် ဘုရင် စကားအရ သည်တောင်ပေါ် သူ တက်ခွင့်မရှိချေ။

“ စိတ်မပူနဲ့ ... တစ်ခုခုဖြစ်ရင် နင့်ကို ငါကူညီပေးမယ်။ ”

ခရမ်းငယ်က တိုက်တွန်းသည်။ ခေါင်းညိမ့်လျက် တောင်ပေါ် လှမ်းလိုက်မိ၏။ ငရဲမီးလျှံကို ခိုးယူရန် ဆန္ဒမရှိ သေးချေ။ အတည်ပြုချက် ရယူရုံသာ ဖြစ်သည်။

ထို့ကြောင့် ကြီးကြီးမားမား ဖြစ်ပျက်စရာ မရှိဟု ယူဆမိ၏။ နတ်တောင်ကို ဝိညာဉ်ရေးရာ အလွှာများစွာဖြင့် တင်းကြပ်စွာ ကာကွယ် ထားသည်။

အနားသို့ ရောက်သွားသော အခါ ကြောက်မက်ဖွယ် ဖိအားကို ခံစားရလေသည်။ ဧကရာဇ်သည်ပင် ဤတောင်ပေါ် ကျူးကျော်ရန် မဖြစ်နိုင်ကြောင်း သိလိုက်၏။

နတ်အလင်းဓား ရည်ရွယ်ချက်ကို ဖြန့်ကျက်လိုက်သောအခါ ညအခါ၌ ရွှေရောင် ပင့်ကူမျဉ်များ တောက်ပနေသည်။

ဝိညာဉ်ရေးရာ အခင်းအကျင်းများနှင့် အလေးအနက်ထား စောင့်ကြပ်နေသော လူ အချို့ကို မြင်နိုင်၏။

သို့သော် သူတော်စင်ဘုရင်နှင့် မဟာ သူတော်စင်များ မရှိချေ။ အတားအဆီးကို လွယ်ကူစွာ ဖြတ်ကျော် လာနိုင်၏။

လမ်းခရီးတွင် တစ်စုံတစ်ယောက်သည် သူ့ကို မြင်သော် စူးစိုက်ကြည့်ပြီး ဟန့်တားခြင်း မပြုဘဲ ထွက်ခွာသွားတော့သည်။

“ တောင်ခါးပန်းမှာ ... ။ ”

ခရမ်းငယ်က အသံက စူးရှစွာ ထွက်လာသည်။ လင်းယွန်က တွန့်ဆုတ်မနေဘဲ ဘုံကျောင်းတစ်ခုထံ ဦးတည်သွားမိ၏။

ဤဘုံကျောင်းသည် ဖီးနစ်ကို ကိုးကွယ်ရန် ရည်ရွယ်ထားပြီး အမိုးမရှိပေ။ ပုံစံ အမျိုးမျိုးဖြင့် လှပသော ရုပ်ပွားတော်များက ဝန်းရံထားသည်။

“ အဲဒီမှာ ... ။ ”

ဘေးဘီဝဲယာတွင် ကျောက်တိုင်များ စိုက်ထူထားသည့် ကျောက်ခင်းလမ်း တစ်ခု ပေါ်သို့ ဆင်းသက်လိုက်၏။

လမ်းအဆုံးတွင် မီးလျှံများ တစ်ချက်တစ်ချက် ထတောက်နေသည့် ယဇ်ပလ္လင် တစ်လုံး ရှိသည်။

“ အဲဒါတွေက ဖီးနစ်တစ်ကောင် ပြန်လည် မွေးဖွားပြီးနောက် ကျန်ခဲ့တဲ့ပြာတွေ ... အထဲမှာ ငရဲမီးလျှံ နတ်ရူရ်ရှိတယ်။ ”

ခရမ်းငယ်က စိတ်လှုပ်ရှားစွာ ပြောသည်။ လင်းယွန်က ငြိမ်သက်သွားပြီး ပတ်ဝန်းကျင်ကို ဝေ့ဝဲကြည့်လိုက်၏။ အဘယ့်ကြောင့် ဤနေရာ၌ အစောင့် မရှိ သနည်း။

ငရဲမီးလျှံ နတ်ရူရ်သည် ထိုကဲ့သို့ အလွယ်တကူထား၍ ရနိုင်သော အရာပင်လော။ ပလ္လင်ပေါ်ရှိ ပြာများကို ကြည့်ကာ အတွေးပွား နေခဲ့မိသည်။

“ ဒါက နတ်ဖီးနစ်တောင်ပဲ ... မင်းက မြင့်မြတ်တဲ့ ဧည့်သည်ဖြစ်လို့ ဒီကိုလွယ်လွယ် ဝင်ခွင့်ရလာတာပါ ... အမှန်ဆို ဒီနေရာက တားမြစ်နယ်မြေမို့ အစောင့်မရှိဘူး။ ”

ရုတ်တရက် သူ့အတွေးများကို ရှင်းပြလာသော လူငယ်တစ်ဦး ထွက်ပေါ် လာ၏။ ရွှေချည်များဖြင့် အလှဆင်ထားသော အဖြူရောင် ၀တ်စုံကို ၀တ်ဆင်ကာ သရဖူ ဆောင်းထားချေပြီ။

ဤပုဂ္ဂိုလ်သည် နတ်ဖီးနစ် တောင်၏ မြင့်မြတ်သောသခင် ဖြစ်၏။ နတ်ဖီးနစ်တောင်ရှိ သူတော်စင်များ အားလုံးက လင်းယွန် ရောက်ရှိ နေသည်ကို သူ့ထံ သတင်းပို့ခဲ့သည်။

ထို့ကြောင့် ကိုယ်တိုင် ရောက်ရှိလာခြင်း ဖြစ်၏။ တစ်ဖက်တွင် ဤလူသည် ကျိကျစ်ရှီနှင့် ရုပ်ချင်းဆင်နေသောကြောင့် လင်းယွန်က အံ့သြသွားသည်။

“ မင်းက ကျိကျစ်ရှီရဲ့ အစ်ကိုလား။ ”

မြင့်မြတ်သော သခင်က အနည်းငယ် စဉ်းစားလျက်၊

“ ငါသူနဲ့ ပတ်သတ်မှု အချို့ ရှိပါတယ် ... ငါ့ကို အနီရောင် သက်တံ သူတော်စင်သခင်လို့ ခေါ်နိုင်တယ်။ ”

လင်းယွန်က ခေါင်းညိတ်လိုက်ပြီး မအံ့သြတော့ချေ။

“ မင်း ငါတို့ လေပေါ်ကျွန်းတွေနဲ့ နေရာတော်တော် များများကို လည်ပတ်နေတာ ငါမြင်တယ် ... မင်းက ဒီငရဲမီးလျှံကို ရှာနေတာလား။ ”

ထိုမေးခွန်းကြောင့် လင်းယွန်က ရှက်ရွံ့စွာ ပြုံး၏။ သူ့လုပ်ရပ်သည် ထင်သာမြင်သာ ရှိလွန်း နေချေပြီ။ မျက်နှာဖုံး မတပ်ထားသည်မှာ ကံကောင်းသွား၏။

သူ့ကို ကူညီမည်ဟု မြောက်ပင့် ပေးခဲ့ဖူးသော ခရမ်းငယ် တစ်ယောက် တိတ်ဆိတ် နေသည်။

“ ပန်းသင်္ချိုင်း ဓားသူတော်စင် ... ဒီလောက်အထိ ရိုးသားနေဖို့ မလိုပါဘူး မင်းက နတ်ဖီးနစ်တောင်ရဲ့ ဘယ်နေရာမဆို သွားလို့ ရတယ်လို့ ဆရာက ပြောထားတယ်။ ”

လင်းယွန်က ပြုံးလျက် အရိုအသေပေးကာ၊

“ မင်းငါ့ကို လင်းယွန်လို့ပဲ ခေါ်ပါ၊ ဓားသူတော်စင်လို့ ခေါ်စရာ မလိုပါဘူး။ ”

“ ဒါဆို ညီအစ်ကိုလင်းလို့ ခေါ်မယ် ...။ ”

အနီရောင် သက်တံ သူတော်စင်သခင်က ပြံးပြီး ငရဲမီးလျှံနတ်ရူရ်ထံ အနီးကပ် ကြည့်ရှုခွင့် ပေးခဲ့သည်။ ပလ္လင်ပေါ်ရှိ ပြာများတွင် မီးလျှံများ တဖျပ်ဖျပ် လက်နေ၏။

“ အရင်က ... ဒီနေရာမှာ ပြန်လည် မွေးဖွားခဲ့တဲ့ နတ်ဖီးနစ်တစ်ကောင် တကယ် ရှိတာလား။ ”

လင်းယွန်က မေးမိ၏။

“ မှန်တယ် ... အတိအကျ ပြောရရင် နတ်ဖီးနစ်တောင်ပေါ်က လူတိုင်းက ကျိမိသားစု ဖြစ်ပြီး ... ဖီးနစ်သခင်ရဲ့ မျိုးနွယ်တွေပဲ၊ ဖီးနစ် သခင်က အမွေအပါအဝင် ဖီးနစ်သွေးကို ပေးတယ် ... ငါတို့က နောက်လိုက်တွေသာ ဖြစ်တယ်။ ”

“ မင်းပြောတဲ့ အဲဒီ ဖီးနစ်သခင်က ကောင်းကင်ဘုံ တရားစီရင်ရေး ဧကရီလား။ ”

လင်းယွန်က စိတ်လှုပ်ရှားလာ၏။

“ မှန်တယ် ... ။ ”

ထိုအဖြေက လင်းယွန် နှလုံးသားကို ကြီးမားသော လှိုင်းလုံးကြီးများ ရိုက်ခတ်သွား သကဲ့သို့ တုန်ယင်လာစေသည်။ ဆန့်ကျင်ဘက် အနေနှင့် ခရမ်းငယ်မှာ ငြိမ်သက်နေခဲ့၏။

“ ဒါပေမယ့် မင်းတွေ့လာတဲ့ လူတော့ မဟုတ်လောက်ဘူး။ ”

အနီရောင် သက်တံ သူတော်စင်သခင်က ပြုံးပြီးပြောသည်။

“ ဒါက ဘာကိုဆိုလိုတာလဲ။ ”

“ ငါတို့ရဲ့ ဖီးနစ်သခင်က ရှေးဦးခေတ် တိုက်ပွဲအပြီးမှာ မတော်တဆ သတ်ဖြတ်ပွဲကြီး တစ်ခု ကျူးလွန်မိခဲ့တယ် ... ဒါက သူ့အတွက် ရွေးချယ်စရာ မရှိခဲ့ဘူး၊ အိုင်းရစ်ဓား သူတော်စင်က ...

... သူ့ရဲ့ ခန္ဓာကိုယ်ကို တံဆိပ်ခတ် ပစ်လိုက်ရတယ်၊ ခုဆို နှစ်ပေါင်း တစ်သိန်းကျော် ကြာနေပြီ။ ”

အနီရောင် သက်တံ သူတော်စင်သခင်က သက်ပြင်းချလိုက်သည်။ လင်းယွန် တစ်ယောက် အသိစိတ် လွင့်ထွက်သွားတော့၏။ ခရမ်းငယ် စကားများ အမှန် ဖြစ်ချေပြီ။

“ ညီအစ်ကိုလင်း ဘာကိစ္စရှိလို့လဲ။ ”

“ ဘာမှ မဟုတ်ပါဘူး။ ”

“ ကောင်းပြီ ... မင်းက ငရဲမီးလျှံကို နတ်ရူရ်ကို စိတ်ဝင်စားနေတာလား။ ”

အနီရောင် သက်တံ သူတော်စင်သခင်က ခေါင်းစဉ် ပြောင်း၏။ လင်းယွန်မှ ခေါင်းညိတ် ပြသည်။ အနီရောင် သက်တံ သူတော်စင် သခင်က သက်ပြင်းချလိုက်ပြီး၊

“ ဒါက ပြဿနာပဲ ... ယုတ္တိဗေဒအရ ပြောရရင် နတ်မီးတောက်ကြောင့် မင်းလိုချင်တဲ့ ရတနာတွေကို ပေးဖို့ ...

... ငါတို့ တွန့်ဆုတ် မနေပါဘူး၊ ဒါပေမယ့် ငရဲမီးလျှံဆိုရင် မြင့်မြတ်သော သခင် တောင်မှ မဆုံးဖြတ်နိုင်ပါဘူး။ ”

“ ဒါက နတ်မီးတောက်ထက် တန်ဖိုးပိုကြီးတာ ငါသိပါတယ် ... ဒါကြောင့် ငါမယူပါဘူး။ ”

လင်းယွန်က ပြုံးကာ ပြန်ပြောလိုက်သည်။

“ ဒါဆို ငှားချင်တာလား။ ”

“ အင်း ... ။ ”

“ ဒါဆို ... ငါတို့ နှစ်ယောက် ဖလှယ်မှု ပြုလုပ်ရအောင် မင်းအနိုင်ရရင် အတိုင်းအတာ တစ်ခုအထိ ငှားခွင့်ပြုမယ်။ ”

“ ဒါ … ဒါက မသင့်လျော်ဘူး ထင်တယ်။ ”

လင်းယွန်က အံ့အားသင့် သွားသည်။

“ မြင့်မြတ်သော သခင်က ဒီလောက် သဘောထား သေးသိမ်နေမှာ မဟုတ်ပါဘူး။ ”

“ တကယ်ပဲ နတ်ဖီးနစ်တောင်က ငှားရမ်းဖို့ ခွင့်ပြုတာလား။ ”

“ မဟုတ်ဘူး ... စဉ်းစားလို့ ရတယ်လို့ ပြောတာပါ။ ”

အနီရောင် သက်တံ သူတော်စင်သခင်က ရယ်သည်။ အနည်းငယ် ရက်ရော လွန်းသဖြင့် လင်းယွန် တစ်ယောက် တိတ်ဆိတ်သွား၏။

“ ငါက ... စတုတ္ထအဆင့် သူတော်စင် သခင်ပဲ၊ ဒါကြောင့် မင်းကိုတိုက်ရင် အခွင့်အရေး သမားလို့ မထင်ဘူး မဟုတ်ဘူးလား။ ”

“ သဘာဝ အတိုင်း အထင်ပါဘူး ... အမှန်အတိုင်း ပြောရရင် ... ငါ့ဓားကို ခွန်လွန်က ဆဋ္ဌမအဆင့် သူတော်စင်သခင်တောင် ဆယ်ဦးထက် ပိုပြီး မခံယူနိုင်ဘူး။ ”

(၁၀)ဦး ဆိုသော အရေအတွက်သည် အနည်းငယ်နိမ့်ကျသော ပုံရိပ်ကို ယူထားခြင်း ဖြစ်သည်။ ခွန်အား အကုန်ပေးသော် မည်သူမျှ ခံယူနိုင်မည် မဟုတ်ချေ။

“ ပန်းသင်္ချိုင်းက မာနကြီးတယ်လို့ အားလုံးက ပြောကြတယ် ... ဒီနေ့ ကြုံဖူးပါပြီ၊ ဒါဆို မင်းငါ့ဆီကနေ ဆယ်ကြိမ် ခံယူနိုင်ရင် ငရဲမီးလျှံနတ်ရူရ် နှစ်ဝက်တိတိ ငှားပေးမယ်။ ”

ထိုစကားကြောင့် လင်းယွန်မှာ တုန်လှုပ်သွားပြီး တစ်ဖက်လူသည် သူတော်စင် သခင် ဟုတ်-မဟုတ် ပြန်လည် စစ်ဆေး ကြည့်လိုက်မိသည်။

မည်သို့ပင် ဆိုစေကာမူ သူတော်စင် ဘုရင်တစ်ပါးမှ ကျင့်ကြံမှုကို ဖိနှိမ်ထားလျှင်ပင် ကြောက်မည် မဟုတ်ချေ။

မဟာ သူတော်စင်ဆိုက လှုပ်ရှားမှု ရာဂဏန်းခန့် ဖလှယ်ရန် ယုံကြည်ချက် ရှိသည်။ ဤသည်မှာ မဟာသူတော်စင် လေးပါ၏ သွေး အကျဉ်းထောင် တောင်ကြား၌ လေ့ကျင့် ပေးခြင်းမှ လာသော ယုံကြည်ချက် ဖြစ်၏။

( ဟား ... ဟား ... ဟား ... မောက်မာခြင်း ဆိုတဲ့ ဝေါဟာရကို သူ သိပုံမရဘူး ... လင်းယွန် သွားပြီး ... သင်ခန်းစာ ပေးလိုက် ... ဒီလူဟာ

... အသက် ရာဂဏန်းလောက် ရှိတယ် ... သူက လူငယ်လို ဟန်ဆောင်ပြီး ကျင့်ကြံမှုကို ချိတ်ပိတ် ထားတာ။ )

ခရမ်းငယ်မှ လှောင်ပြောင်၏။

“ မင်းက တကယ်ပဲ ဆုံးဖြတ်ချက် ချနိုင်လား။ ”

လင်းယွန်ကမေးသည်။

“ ငါက ကျိကျစ်ရှီရဲ့ အစ်ကိုကြီးနဲ့ တူတယ်လို့ မင်းထင်ခဲ့တယ် မဟုတ်လား ... မင်း ခန့်မှန်းတာ မှားကောင်း မှားနိုင်ပေမယ့် ... ငါက သူနဲ့ ပတ်သတ်တာတော့ အမှန်ပဲ ...

... ပြီးတော့ နတ်ဖီးနစ် တောင်ပေါ်က လူတစ်ယောက်ယောက်က လုပ်နိုင်တယ် ဆိုရင် မင်းသူ့အပေါ် ယုံကြည်ရမယ်။ ”

“ ကောင်းပြီ ... ။ ”

လင်းယွန်က အချိန် မဖြုန်းတီးတော့ဘဲ နတ်အလင်းဓား ရည်ရွယ်ချက်ကို ထုတ်ဖော် လိုက်သည်။

ဓားဆွဲလိုက်ပြီး ကောင်းကင်ဓား ပုံစံကို လုပ်ဆောင်ရန် ပြင်သောအခါ၌ ဖိနှိမ်လိုသည့် စွမ်းအားတစ်ခုက လွှမ်းမိုးလာ၏။

“ ဘာလဲ ... ။ ”

အနီရောင် သက်တံ သူတော်စင်သခင်က အံဩနေစဉ် အမြင်အာရုံ၌ ဓားရောင်ခြည်များ ပြည့်နှက်လာတော့၏။ လင်းယွန်ကို မမြင်နိုင် တော့ချေ။

“ စွဲမက်ဖွယ်ကောင်းတဲ့ ဓားရေးပဲ။ ”

သူ့လက်ဖဝါးတွင် မီးတောက်များ လျှံတက်လာပြီး ဖီးနစ် အတောင်ပံများ ကဲ့သို့ ဆန့်ထုတ်ချလိုက်သည်။ ကောင်းကင် (၃၆)လွှာ ပြိုကျလာ၏။

“ ဖျပ် ဖျပ် ဖျပ် ... ။ ”

လင်းယွန်က သူ့ဓားကို စွမ်းအား တစ်ခုမှ ပြင်းထန်စွာ တွန်းထုတ်နေမှန်း ခံစားလိုက်ရပြီး နောက်ဆုတ် ပေးလိုက်ရသည်။

မြေပြင်ပေါ် ဆင်းသက်မိသော အခါ ထိုစွမ်းအားက ခြေလှမ်းအနည်းငယ် ထပ်မံ ဆုတ်ခွာစေခဲ့၏။

“ ပန်းသင်္ချိုင်း ... မင်းဓားကို ... ငါ ပိတ်ဆို့နိုင်ပြီ၊ ဒါဆို ခွန်လွန်မှာ ငါ့အဆင့်က ဘယ်လောက်လဲ သိချင်သား ... ။ ”

လင်းယွန်ခမျာ တုန်ယင်သွားမိသည်။ ဤလူသည် သူ့ထက်ပင် မောက်မာနေချေ၏။ စိတ်ဝင်စားစရာ ပေပင်။ ထို့ကြောင့် ငရဲ မီးလျှံ နတ်ရူရ်ကိုမေ့ကာ တိုက်ပွဲဝင် ဆန္ဒများ လောင်ကျွမ်းလာတော့၏။

***

All Chapters