← Chapters

လေပြည်တိုးသံ။

Vol. 165 Ch. 2305

လေပြည်တိုးသံ။

Vol. 165 Ch. 2305

“ ဒါက အစပဲ ရှိသေးတယ်။ ”

ပန်းသင်္ချိုင်းကို ထပ်မံလွှဲလျက် လင်းယွန်က ပြုံးလိုက်သည်။ ‘ကောင်းကင်’နှင့် ‘မြေကြီး’မှာ ဤတစ်ကြိမ်၌ လုံးဝ ပေါင်းစပ်သွားခဲ့၏။

ယခင်အကြိမ်များ၌ ပြိုင်ဘက်များကို အနိုင်ယူရန် သည်လှုပ်ရှားမှု တစ်ခုတည်းဖြင့် အောင်မြင်ခဲ့သည်။

၎င်းက ပြိုင်ဘက်၏ ဓားရောင်ဝါကို အတင်းအကျပ် ခွဲထုတ်နိုင်ခဲ့ပြီး အကြိမ်တိုင်း အသာစီး ရစေ၏။

သို့သော် ယခုအကြိမ်၌ သူ့ပြိုင်ဘက်က ပြုံးလျက် လက်ကိုလေထုထဲ စက်ဝိုင်းပုံရေးဆွဲ လိုက်သည်။

“ ဖျစ် ... ဖျစ် ... ဖျစ် ... ။ ”

ပတ်ဝန်းကျင်မှ မီးတောက်များ လျှံတက်လာပြီး မီးစက်ကွင်းအလွှာများ အဖြစ် ဖွဲ့တည်တော့၏။

ဓားက ၎င်းကို ဖျက်ဆီးသော်လည်း မီးစက်ကွင်းအလွှာများက အထပ်ထပ် ပြန်လည် ဖြစ်ပေါ်လာသည်။

“ ဘာလဲ ... ။ ”

မည်မျှပင် အားစိုက်စေကာမူ ဖြတ်ကျော်နိုင်ခြင်း မရှိချေ။

“ လေ ... မီး ... လျှပ်စီး ... ရေခဲ ... ။ ”

လင်းယွန်က ဓားလေးချက်ကို ဝေဟင်အလယ်မှ ထပ်မံ ထုတ်ဖော်ကာ စကားလုံးများ ဖန်တီးသည်။

စကားလုံးများရှိ ဓားရည်ရွယ်ချက်မှာ မတူချေ။ အနီရောင် သက်တံ သူတော်စင် သခင်က လက်နှစ်ဖက်ကို ပူးကပ်လျက် မီးတောက်များကို ပေါင်းစည်း၏။

မီးစက်ကွင်းအလွှာများက ထိုစကားလေးလုံးကို ချက်ချင်း လောင်မြိုက် ပစ်တော့သည်။

“ နဝမမြောက်ဓား ... သတ်။ ”

လင်းယွန်ထံမှ ကြောက်မက်ဖွယ်ရာ လူသတ်လိုသော ရည်ရွယ်ချက်များ ထွက်ပေါ် လာ၏။ ကောင်းကင်မှ ‘သတ်’ဟူသည့် စကားလုံး ဆင်းသက်လာသည်။

“ မဆိုးဘူး ... ။ ”

အနီရောင် သက်တံ သူတော်စင်သခင်က လေးနက်သော အမူအရာဖြင့် လက်နှစ်ဖက်ကို ဖြန့်ချလိုက်၏။

မီးတောက်များက လေထုထဲ ပြန့်ကျဲသွားကာ မြေပြင်ပေါ် ကူးစက်လျက် မြက်ပင်များကို ကြီးထွားလာစေသည်။

အဆုံးမဲ့ အသက် စွမ်းအားများ ဖြစ်၏။ သတ်ဖြတ်ခြင်း ရည်ရွယ်ချက် ခမျာ နှင်းများ ကဲ့သို့ အရည်ပျော်ကုန်သည်။

“ ဒါက အဆင် မပြေဘူးလား ... ။ ”

လင်းယွန်က မယုံကြည်နိုင်စွာ မျက်လုံးပြူး သွားသည်။

“ ပန်းသင်္ချိုင်း အပူပင်ကင်းသော ဓားကိုးကွက် ပြည့်ပြီ မဟုတ်လား ... ဒါဆို အခု ငါ့အလှည့်ပဲ။ ”

အနီရောင် သက်တံ သူတော်စင် သခင်က လင်းယွန်ကို ကြည့်ကာ ပြုံးသည်။ လင်းယွန်က ဓားဒိုမိန်းကို ထုတ်ယူရန် ပြင်လျက်၊

“ ဆက်လုပ်ပါ ... ။ ”

-ဟု ပြောကြားလိုက်၏။

“ ကောင်းပြီ ... ။ ”

“ ကျီး ... ။ ”

အနီရောင် သက်တံ သူတော်စင်သခင်က ညာလက်ကို ဆန့်ထုတ်လိုက်ရာ ဖီးနစ်အော်သံ ပျံလွင့်လာသည်။

“ ဝှစ် ... ။ ”

သည့်နောက် ဓားတစ်လက် ထွက်ပေါ် လာ၏။ သူဓားကိုင်လိုက်သော အခါ စိတ်နေ စိတ်ထား ပြောင်းသွားသည်။

“ အခု ... ငါသုံးမဲ့ ဓားရဲ့ နာမည်က လေပြည်တိုးသံ ဖြစ်ပြီး ဒါကို မင်း ပထမဆုံး မြင်ခွင့်ရတာမို့ ... သတိထားပါ။ ”

စကားဆုံးသည်နှင့် ဓားကို မထင်မှတ်ထားသော အမြန်နှုန်းဖြင့် လှမ်းထိုး လာတော့သည်။

ဤဓားချက်တွင် သူ ကျွမ်းကျင်သော မီးတာအိုသာ မကဘဲ အကန့်အသတ်မဲ့ မုန်တိုင်း တစ်ခု ပါရှိ၏။

“ ဖျပ် ဖျပ် ... ။ ”

ဓားရောင်ခြည် မရောက်လာမီ လင်းယွန် မျက်လုံးမျာ မှေးစင်းလျက် လေထဲ ခြေလှမ်း နှစ်လှမ်းကို ပြန်ဆုတ်လိုက်ရသည်။

“ ရွှပ် ... ရွှပ် ... ။ ”

သတိဝင် လာသောအခါ သူ့ထံ ရောက်ရှိနေပြီ ဖြစ်သောကြောင့် တုန့်ဆိုင်းခြင်း မပြုဝံ့ဘဲ ပန်သင်္ချိုင်းကို လွှဲလိုက်မိ၏။

သို့သော် ဓားရောင်ခြည်များ ပျက်ပြယ်သွားချိန်၌ လင်းယွန်၏ ဘယ်ညာပခုံး နှစ်ဖက်ကို ကိုက်ရန် ကျားနှင့် နဂါးကြီး အဖြစ်သို့ ပြောင်းလဲသွားသည်။

“ စွပ် ... ။ ”

ပခုံးများမှ သွေးများ စီးကျလာကာ လင်းယွန်တစ်ယောက် မျက်နှာ သိသိသာသာ ဖြူဖျော့သွားတော့၏။

အကူအညီမဲ့သွားသလို ခံစားလာရသည်။ နှုတ်ခမ်းများ ခြောက်သွေ့လျက် ‘ငါရှုံးပြီ’ -ဟု ဝန်ခံလိုက်မိသည်။

“ အိုး ... ဒါက အတိအကျတော့ မဟုတ်သေးပါဘူး၊ မင်းရဲ့ ဒိုမိန်းနဲ့ အုပ်စိုးရှင် နက္ခတ် ကျန်သေးတယ် မဟုတ်လား ... လုပ်ပါ ခဏလောက် အနားယူပြီးရင် ဆက်ကြရအောင်။ ”

“ မဟုတ်ဘူး ... ငါ့မှာ ဝှက်ဖဲတွေ ရှိသလို မင်းမှာလည်းရှိတယ်၊ ဘာပဲဖြစ်ဖြစ် ငါရှုံးသွားပြီ ကမ္ဘာပေါ်မှာရှိတဲ့ လူတိုင်းနဲ့ငါက နတ်ဖီးနစ် တောင်ကို ... လျှော့တွက်နေမိခဲ့တာပဲ။ ”

အနီရောင် သက်တံ သူတော်စင်သခင်က ဆက်၍ တိုက်ချင်သေးသော်လည်း လင်းယွန်မှ ငြင်းဆန်သွား၏။

“ ဒီနေ့ ရှုံးပေမယ့် ... မနက်ဖြန်တော့ မသေချာဘူး ... မနက်ဖြန် ငါတို့ ထပ်တွေ့မယ် မဟုတ်လား။ ”

သူ့မေးခွန်းကြောင့် အနီရောင် သက်တံ သူတော်စင် သခင်က ခေတ္တမျှ အံ့အားသင့်ကာ ရယ်မောလျက်၊

“ ဟား ဟား ဟား ... ကောင်းတယ် ... အချိန်မရွေးပဲ ... ငါ မင်းကို လျှော့တွက် ထားမိပုံ ရတယ်။ ”

“ ဒါဆို ... ငါ အနားယူတော့မယ်။ ”

လင်းယွန်က ပြတ်ပြတ်သားသားပင် လှည့်ကာ ထွက်သွား၏။ ကျောပြင်ကို ကြည့်ပြီး အနီရောင် သက်တံ သူတော်စင်သခင်က ပြုံးကာ ရေရွတ်လေသည်။

“ သူ မကျေမနပ် ဖြစ်သွားတယ်။ ”

“ ဝှစ် ... ။ ”

“ ဝှစ် ... ။ ”

ထိုစဉ် မိုးကောင်းကင် မဟာ သူတော်စင်နှင့် ကြယ်မြစ် သူတော်စင် ဘုရင်တို့ ဆင်းသက်လာ တော့၏။

“ ဆရာ ... ဘယ်လိုလဲ။ ”

ကြယ်မြစ် သူတော်စင်ဘုရင်က မေးမြန်း လိုက်သည်။ အနီရောင်သက်တံ သူတော်စင် သခင်က လင်းယွန် ထွက်ခွာသွားသော လမ်းကြောင်းထံ ငေးမောနေလျက်မှ၊

“ ဒီမျိုးဆက်ရဲ့ သူရဲကောင်းပဲ ... ။ ”

-ဟု ပြန်ဖြေလာ၏။

“ ဆရာ ... သူ ရှုံးသွားတာ မဟုတ်လား ... ဒါဆို ဘာလို့ ... ဒီလောက်တောင် အကဲဖြတ် ပေးနေရတာလဲ။ ”

မိုးကောင်းကင် မဟာ သူတော်စင်က နားမလည်နိုင်ဖြစ်လာ၏။

“ ဟုတ်တယ် ... သူက ဆရာ့ဓား တစ်ချက်တောင် ... ခံနိုင်ရည် မရှိပါဘူး။ ”

ကြယ်မြစ် သူတော်စင် ဘုရင်ကလည်း ဝင်ပြောသည်။ အနီရောင် သက်တံ သူတော်စင် သခင်က ပြုံးပြီး၊

“ မင်းတို့ နားမလည်ဘူး ... ရှုံးတာက ရှက်စရာမှ မဟုတ်တာ ... အရှုံးကို ဝန်ခံရဲတဲ့ အတွက် ... ရှီအာသာ သူ့နောက်မှာနေမယ် ဆိုရင် လွယ်လွယ်နဲ့ သေမှာ မဟုတ်ဘူး။ ”

“ နားလည်ပါပြီ။ ”

ကြယ်မြစ် သူတော်စင် ဘုရင်မှ သဘောပေါက်သွားသဖြင့် ခေါင်းညိမ့်လိုက် လေသည်။

“ ငါ သူ့ကို သဘောကျတယ်၊ ကြယ်မြစ် ... ။ ”

“ ဟုတ်ကဲ့ ဆရာ။ ”

“ မနက်ဖြန် ... နတ်နဂါး သူတော်စင် သွေးရည်ကြည်၊ ဖီးနစ်သွေး သစ်သီး ဆယ်လုံး၊ ဖီးနစ်သွေးလုံး လေးဆယ်နဲ့ သူတော်စင် သလင်းကျောက် တစ်ရာ ပေးလိုက်ပါ၊ ...

... ပြီးတော့ အဆာပြေအဖြစ် အနှစ် တစ်ထောင် ဝိညာဉ် သစ်သီးတွေလည်း ရွေးယူ သွားလိုက်။ ”

ဤသည်မှာ တကယ်ပင် ရက်ရောသော ပမာဏ ဖြစ်သဖြင့် ကြယ်မြစ် သူတော်စင် ဘုရင် ခမျာ ပါးစပ်ဟောင်းလောင်း ဖြစ်သွားသည်။

ကျန်အရာများ မဆိုနှင့် အနှစ် တစ်ထောင်ဝိညာဉ်ရေး သစ်သီးအချို့သည်ပင် အဆာပြေစာအဖြစ် သတ်မှတ်ပေးနေ၏။

“ နေ့တိုင်း ... ငါ့မိတ်ဆွေ ကောင်းကင် ရေကန် သူတော်စင်ဘုရင် မလာမချင်း ပြင်ဆင် ပေးလိုက်ပါ ... ။ ”

“ ဝှစ် ... ။ ”

အဆုံးတွင် ထုံထိုင်းဆွံ့အနေသော မိုးကောင်းကင် မဟာသူတော်စင်နှင့် ကြယ်မြစ် သူတော်စင်ဘုရင်ကို ချန်ထားကာ အနီရောင် သက်တံ သူတော်စင်သခင်က ပျံသန်းသွား တော့သည်။

“ မိုးကောင်းကင် မဟာ သူတော်စင် ... ဒါဘာကို ဆိုလိုတာလဲ ... သိနိုင်လား ဆရာက သားမက်အဖြစ် ... တကယ် ရွေးခဲ့တာတော့ မဟုတ်ပါဘူးနော်။ ”

ကြယ်မြစ် သူတော်စင် ဘုရင်က မရိုးမရွ ဖြစ်လာပြီး မိုးကောင်းကင် မဟာ သူတော်စင်ထံ မေမြန်းလိုက်သည်။

“ သမက်ပဲလား ... သူ့သမီး အရင်း ဆိုရင်တောင် အဲဒီလို အထောက်အပံ့မျိုး ရဦးမှာ မဟုတ်ဘူး ... မင်းက ငါ့ကို မေးလို့ရသေးတယ်၊ ငါက ဘယ်သူ့ သွားမေးရမှာလဲ။ ”

မိုးကောင်းကင် မဟာ သူတော်စင်က ကူကယ်ရာမဲ့စွာဖြင့် ပြန်ဖြေ လာတော့သည်။ ထိုအချိန်တွင် လင်းယွန်သည် တိမ်စမ်းရေ တည်းခိုဆောင်သို့ ပြန်ရောက်နေ၏။

“ နင့်မှာ ဝှက်ဖဲတွေ အများကြီး ရှိရဲ့နဲ့ ... ဘာလို့ မတိုက်ရတာလဲ။ ”

ခရမ်းငယ်က ဓားသေတ္တာမှ ထွက်လာပြီး မေးမြန်းသည်။ လင်းယွန်က ကုလားထိုင်ပေါ် လှဲချလျက်၊

“ ငါ လုပ်ချင်ပေမယ့် ... အဲဒီဓားက ကျန်သေးတယ် ... သူသာ ရက်စက်တဲ့ လူဆိုရင် ငါ့လက်တွေ ပြတ်သွားပြီ။ ”

“ အဲဒီလောက်တောင်လား။ ”

“ မင်းက ဘယ်လို ထင်လို့လဲ။ ”

“ နင် ... သူနဲ့ ကျင့်ဝတ်တွေ အကြောင်း ပြောနေစရာ မလိုဘူး၊ ရှိသမျှ ဉာဏ်နီဉာဏ်နက် အကုန် သုံးပါ။ ”

ခရမ်းငယ်က ဒေါသတကြီး ပြောသည်။

“ အဲဒါကို ထားလိုက်ပါဦး ... မင်းက တကယ်ပဲ ကောင်းကင်ဘုံ တရား စီရင်ရေး ဧကရီလား။ ”

“ ဟမ့် ... ငါမဟုတ်ရင် ဘယ်သူက ဒီနာမည်နဲ့ ထိုက်တန်မှာလဲ ... နင်သာ ငါက ကြွားလုံး ထုတ်နေတယ်ဆိုပြီး မယုံခဲ့တာ။ ”

“ တကယ်လည်း ... မင်းက အများကြီး ကြွားဝါခဲ့တာပဲ၊ ဒါဆို မင်း အထောက်အထားကို ဘာလို့ မထုတ်ဖော် ရတာလဲ။ ”

ခရမ်းငယ်၏ အကြည့်များ မှိန်ဖျော့သွားပြီး၊

“ ငါတို့ ဒီနေရာကို ရောက်တုန်းက အမှတ်တရတွေ ... နည်းနည်း ပြန်ရလာလို့ သတိထား ကြည့်နေတာ သူပြောတာ မှန်တယ် ကျိမိသားစုက ငါ့နောက်လိုက်တွေပဲ။ ”

“ ဒါဆို မင်းရဲ့ အထောက်အထားကို ထုတ်ဖော်လိုက်ရင် ... ငါတို့ ငရဲမီးလျှံ နတ်ရူရ် ရနိုင်တယ်။ ”

သို့သော် ခရမ်းငယ်က မျက်လုံးပြူးလျက်၊

“ မင်းက ဒီလောက်တောင် ဉာဏ်ကောင်းရဲ့နဲ့ ... ဘာလို့ တုံးနေရတာလဲ ... ဟိုတုန်းက သူတို့ နှလုံးသားထဲမှာ ငါက နတ်ဘုရား ဖြစ်ပေမယ့် ...

... ငါ့လုပ်ရပ်တွေကြောင့် ... သူတို့ကို ခွန်လွန်မှာ ပိတ်လှောင် ခံခဲ့ရတယ် ... ဒါတွေက ငါ့အပြစ်တွေပဲ ဒါဆို ငါ့ကို ဘာလို့ သူတို့ရှေ့မှာ အထောက်အထား ပြစေချင်ရတာလဲ။ ”

စကား ပြောလျက်မှ စားပွဲပေါ် မျက်နှာမှောက်ချလိုက်ပြီး ဝမ်းနည်းစွာ ငိုကြွေး တော့သည်။

“ အဲဒီ ရင်ပြင်က ရုပ်တုက ငါပဲ။ ”

“ ကောင်းပြီ ... မင်း သူတို့ကို မင်းရဲ့ အထောက်အထားကို ထုတ်ဖော် မပြောချင်တဲ့ အတွက် ငရဲမီးလျှံ နတ်ရူရ်ရအောင် ငါ ကူညီပေးမယ်။ ”

“ တကယ်လား ... ။ ”

ခရမ်းငယ်၏ ဝမ်းနည်းနေသော အသွင်မှာ ချက်ချင်း ပျောက်ကွယ် သွားလေသည်။

“ အင်း ... ။ ”

လင်းယွန်က ခေါင်းညိတ်၏။ လက်များ နာကျင်ကိုက်ခဲ လာသဖြင့် ကုသရန် နေရာ ရှာဖွေ လိုက်သည်။

မျက်လုံး ဖွင့်ကြည့် လိုက်ချိန်၌ နေထွက်နေပြီ ဖြစ်၏။ ဒဏ်ရာများ အားလုံး ပြန်လည် သက်သာသွားချေပြီ။

“ အဲဒီဓားက အရမ်း မြန်တယ် ... လေပြည်တိုးသံ ... တော်တော်ကောင်းတဲ့ နာမည်ပဲ ။ ”

မနေ့ညက ရန်ပွဲကို ပြန်သတိ ရလာခြင်း ဖြစ်သည်။ နောက်ဆုံးတွင် ထိုဓားတင် မကဘဲ သူ့တိုက်ခိုက်မှု အားလုံးကို ဖြေရှင်းသွားပုံထံ ပြန်လည် မြင်ယောင်နေမိ၏။

အနီရောင် သက်တံ သူတော်စင် သခင်သည် ကျင့်ကြံမှုကို နှိမ်နှင်းထားသော အဘိုးအို တစ်ဦး ဖြစ်လျှင်ပင် အရေးမကြီးချေ။

ဤတိုက်ပွဲကြောင့် များစွာ အကျိုးရှိခဲ့၏။ ပန်းသင်္ချိုင်းထုတ်ကာ လှည့်ပတ် ကစားလျက်မှ ပြန်လည် သုံးသပ်နေမိသည်။

သို့သော် မျက်ဝန်းထောင့်၌ ကြယ်မြစ် သူတော်စင် ဘုရင် ရောက်နေသည်ကို မြင်လိုက် ရလေသည်။

“ သူတော်စင် ဘုရင် ဘယ်အချိန်ထဲက ရောက်နေတာလဲ။ ”

“ ကြာပြီ ... ဒါပေမယ့် မင်းအရမ်း အာရုံစိုက်နေတာကို တွေ့ရတော့ ဒီအတိုင်း ရပ်နေလိုက်တာ ... ဒီမှာ ငါ့ဆရာရဲ့ လက်ဆောင်တွေ။ ”

“ ကျေးဇူးတင်ပါတယ်။ ”

လင်းယွန်က ပြုံးပြီး လက်ခံလိုက်သည်။

“ ဖွင့်မကြည့်တော့ ဘူးလား။ ”

“ အံ့သြစရာ ပါလို့လား။ ”

လင်းယွန်က သိုလှောင်အိတ်ကို သံသယဖြင့် ဖွင့်ကြည့်လိုက်သည်။ ပထမဦးစွာ မြင်မိသည်မှာ သလင်းကျောက်ပုလင်း ဖြစ်၏။

“ နတ်နဂါး သူတော်စင် သွေးရည်ကြည်။ ”

-ဟု ထိတ်လန့်စွာ အော်ဟစ် လိုက်မိသည်။

“ ဟုတ်တယ် ... ။ ”

ကြယ်မြစ် သူတေယ်စင် ဘုရင်က ခေါင်းညိတ်သည်။ သူက ဆက်ပြော၏။

“ ငါ့ဆရာက မင်းကို အထင်မသေးရဲဘူး၊ ဒါကြောင့် ကီလိုဂရမ် (၅၀) ပြင်ပေးလိုက်တယ် ဖီးနစ်သွေး သစ်သီး ... ဖီးနစ်သွေး လုံးနဲ့ သူတာ်စင် သလင်းကျောက်တွေလည်း ...

... ပေးလိုက်တယ် ... ဝိညာဉ် သစ်သီးတွေ ကတော့ နှစ်ပေါင်း ထောင်ဂဏန်း သက်တမ်းပဲ၊ မင်း စိတ်ကြိုက်သုံးပါ မနက်ဖြန် ထပ်လာပေးမယ်။ ”

ထိတ်လန့်မှုများ မသက်သာသေးခင် ကြယ်မြစ် သူတော်စင် ဘုရင်က ထွက်ခွာသွားပြီ ဖြစ်သည်။

ဤသည်မှာ နေ့စဉ်အရင်းအမြစ်များ ထောက်ပံခြင်း မည်သည် မဟုတ်လော။ သတိ ပြန်ဝင် လာချိန်၌ ကြယ်မြစ် သူတော်စင် ဘုရင်မှာ အဝေး ရောက်နေခဲ့ချေပြီ။

***

All Chapters