သမီးကို ဆုံးရှုံးခြင်း။
Vol. 165 Ch. 2306
လင်းယွန်က လက်ဆောင်များ အားလုံးနှင့်အတူ အိုင်းရစ် လျှို့ဝှက် နယ်မြေထဲ ဝင်ရောက် လာခဲ့သည်။
ဖီးနစ် သစ်ပင်အောက်တွင် ထိုင်နေသော ခရမ်းငယ်က အံ့အားသင့် သွားကာ၊
“ နင် ... ဓားပြတိုက်လာတာလား။ ”
-ဟု မေး၏။
“ အဓိပ္ပါယ် မရှိတာတွေ မပြောနဲ့ ... ။ ”
လင်းယွန်က သူမခေါင်းကို ပုတ်ကာ၊
“ ဒါတွေအားလုံး မြင့်မြတ်သော သခင်က ပေးလိုက်တာ။ ”
“ အိုး ... ဟား ဟား ဟား ... ။ ”
ခရမ်းငယ်က အသီးအနှံ မျိုးစုံကို ပါးစပ်ထဲ အမြန် ပစ်ထည့်ကာ ရယ်မောသည်။ နဂါးလေး လှမ်းခေါ်ရန်ပင် မမေ့ခဲ့ချေ။
“ ဒါက နှင်းတိမ်လွှာ အသီး၊ ကောင်းကင်ရေနေ သစ်သီး၊ နတ်မီးလျှံ သစ်သီး၊ အိုး ... အားလုံး ငါကြိုက်တဲ့ သရေစာတွေပဲ ... ဒါက ဖီးနစ်သွေး သစ်သီးနဲ့ ...
... ဖီးနစ်သွေးလုံးတွေ ... ရှင်းရှင်းလေးပဲ ... လင်းယွန် အဲဒီအဘိုးကြီးက နင့်ကို သားမက် တော်ချင်နေပြီ။ ”
ခရမ်းငယ်က ထိတ်လန့်အံ့သြစွာ အော်ဟစ် လိုက်သည်။
“ ဒါတွေက အဖိုးတန် ရတနာတွေပဲ သူတို့မှာတောင် အများကြီး မရှိနိုင်ဘူး ဆိုတာ ငါပြောနိုင်တယ် ... သူတို့ကို သန့်စင်တဲ့ ဖီးနစ် နတ်သွေးနဲ့သာ ဖန်တီးနိုင်တယ်၊ အရမ်း မိုက်တယ် ငါ့ကို တစ်ဝက်ပေး ... ။ ”
“ အားလုံးယူလိုက် ... ။ ”
“ ဟား ဟား ဟား မယူပါဘူး ... တစ်ဝက်ဆိုရင်ရပြီ ... ကျန်တစ်ဝက်ကို သုံးပြီး နင်တတိယအဆင့်ကို တက်နိုင်တယ်။ ”
“ ဒီလောက်တောင် အာနိသင်ရှိတာလား။ ”
ဖီးနစ်သွေး သစ်သီးနှင့် ဖီးနစ်သွေးလုံးကို လင်းယွန်မှ ပထမဆုံးအကြိမ် တွေ့ခြင်း ဖြစ်ပြီး ၎င်းတို့၏ တန်ဖိုးအပေါ် မခန့်မှန်းနိုင်ချေ။
“ နောက်ထပ် ရှိသေးတယ် ... ။ ”
လင်းယွန်က နတ်နဂါး သူတော်စင် သွေးရည်ကြည် ပါရှိသော သလင်းကျောက် ပုလင်းကို ထုတ်ယူ ပြလိုက်သည်။
ခရမ်းငယ် တစ်ယောက် တုန်လှုပ်သွားပြီး၊
“ သေချာပြီ ... ဒီအဖိုးကြီးက နင့်ကို သားမက်ဖမ်းချင်နေတာ ငါသဘော မတူဘူးလို့ ကြိုပြောထားမယ်။ ”
“ ဒါဆို ငါပြန်ပေးလိုက်ရမလား။ ”
“ အယ် ... မဟုတ်ဘူး ... သူတို့ကို အခုပဲ သုံးမယ်၊ နတ်နဂါး သူတော်စင် သွေးရည်ကြည် သုံးပုံတစ်ပုံကို ဖီးနစ် သစ်ပင်မှာ လောင်းပြီး အစီရင်ကို အသက် ပြန်သွင်းလိုက်။ ”
ခရမ်းငယ် စကားကြောင့် လင်းယွန်က ဖီးနစ်သစ်ပင်ထံ မော့ကြည့်ပြီး၊
“ မင်းအတွက် ခက်ခဲသွားပြီ။ ”
-ဟု ပြောကြားလိုက်သည်။
ဖီးနစ် သစ်ပင်က သူ့စကား နားလည်ဟန်ဖြင့် လှုပ်ယမ်းပြ လေသည်။ အနီရောင် ပင့်ကူ လီလီက လင်းယွန် အင်္ကျီလက်မှ တိုးထွက် လာ၏။
“ ဟေး ... ဒီပန်းက နားပါးတယ် ... စိတ်မပူပါနဲ့ ငါက တွန့်တိုတဲ့လူ မဟုတ်ပါဘူး ... မင်းရဲ့ပန်းဖူးမှာ ဝတ်မှုန်တွေ စုစည်းနေပြီ ဆိုတာ ငါသိတယ်၊ ဒါကြောင့် မင်းကို မေ့ထားမှာ မဟုတ်ဘူး။ ”
ခရမ်းငယ်က ပြုံးလျက် ခုန်ဆင်းလိုက်ပြီး၊
“ ငါအရင် သွားလိုက်မယ်။ ”
-ဟု နှုတ်ဆက်တော့သည်။
ထို့နောက် နဂါးလေးကို ရတနာ အချို့ပေးကာ ညွှန်ကြားချက်များ ပြုလုပ်နေ လေသည်။
ထိုမြင်ကွင်းကြောင့် လင်းယွန်က ပြုံးပြီး နတ်နဂါး သူတော်စင် သွေးရည်ကြည် သုံးပုံ တစ်ပုံကို ချက်ချင်း လောင်းချပစ်သည်။
“ ကျေးဇူးတင်ပါတယ် သခင်။ ”
အနီရောင် ပင့်ကူ လီလီက ယိမ်းနွဲ့ကာ ဆို၏။
“ မင်းက ယဉ်ကျေးလွန်းပါတယ် ... အနာဂတ်မှာ ငါတို့အတူတူ တိုက်ပွဲဝင်ရမယ်။ ”
“ စိတ်မပူပါနဲ့ သခင် ... ငါ မင်းကို ကောင်းကောင်း ကာကွယ်ပေးမှာပါ။ ”
ထို့နောက် ဖီးနစ်သွေး သစ်သီးများနှင့် ဖီးနစ်သွေးလုံးများကို သန့်စင်နေမိ တော့သည်။ ၎င်းအာနိသင်ကြောင့် သူတော်စင် စွမ်းအင်နှင့် သွေးသား စွမ်းအင်များ မြှင့်တက်လာ၏။
နှစ်ရက်ကြာသောအခါ ယင်-ယန် သလင်းကျောက် ဖြစ်ပေါ်လာသည်။ ယင်းမှာ အဆုံး မဟုတ်ချေ။ မကြာခင် အထွတ်အထိပ် ရောက်ရှိလာပြီး အောင်မြင်မှုများ ထပ်မံ ပြုလုပ်လိုသည့် အရိပ်အယောင်ပြလာ၏။
“ ဒါက တကယ့်ကို မှော်ဆန်တယ်။ ”
လက်ရှိခွန်အားမှာ သုံးဆ တိုးလာပြီ ဖြစ်သည်။
“ စမ်းကြည့်ကြမလား။ ”
ခရမ်းငယ်က အနား ရောက်လာပြီး မေးသည်။
“ မင်းရဲ့ လက်ရှိ ကျင့်ကြံမှုက ဘာလဲ။ ”
လင်းယွန်က ပြန်မေး၏။
“ ဒါ ... လျှို့ဝှက်ချက်ပဲ။ ”
သူမသည် များစွာ အကျိုးရှိခဲ့ပုံရပြီး အသွင်ပြောင်းရန် နီးစပ်နေသောကြောင့် လင်းယွန်က မျက်ခုံးပင့်လိုက်သည်။
“ ငါ့မှာ မေးစရာ ရှိတယ် ... အနီရောင် သက်တံ သူတော်စင် သခင်ရဲ့ မီးစက်ကွင်းကို နတ်အလင်းဓားက ဘာလို့ မခွဲနိုင်ရတာလဲ။ ”
“ ဒါဟာ သူတော်စင်တာအို ... အရေအတွက်ကွာခြားမှုပဲ ... သူ့မှာ ပံပို့မှု တာအို အများကြီး ရှိတယ်၊ ဒါကြောင့် သူ့ရဲ့ ...
... မီးရည်ရွယ်ချက်က သဘာဝအတိုင်း အားကောင်းလာတယ် ဒါ့ပြင် သူ့မှာ ဖီးနစ်သွေး ရှိတဲ့အတွက် ဒါက အကူအညီ ပိုရတယ် ...
... သူ့ရဲ့တာအိုကို အကဲဖြတ် ရရင် အနည်းဆုံးတော့ အုပ်စိုးရှင် တာအို အဆင့်မှာ ရှိလောက်မယ်။ ”
လင်းယွန်က မျက်မှောင်ကြုတ်ကာ၊
“ ငါ့ရဲ့ သူတော်စင်တာအိုက ပံ့ပိုးမှု တာအိုတွေ အများကြီးရဖို့ အချိန်လိုတယ် ဒါနဲ့ ပတ်သက်ပြီး ငါဘာမှ မလုပ်နိုင်တော့ဘူး။ ”
“ ဒါဆို အတွေးတွေရပ်ပြီး ငါနဲ့ လေ့ကျင့်ပါ။ ”
“ ကောင်းပြီ ... ။ ”
လင်းယွန်၏ ပြုံးစိစိ အမူအရာကြောင့် ခရမ်းငယ်က ခါးထောက်ပြီး စိုက်ကြည့်ကာ၊
“ ငါ့ကို အထင်သေးနေတာလား ... အနည်းဆုံးတော့ ဒီနယ်မြေထဲမှာ အနီရောင် သက်တံ သူတော်စင် သခင်ဆိုတဲ့ အဲဒီ အဖိုးကြီးကို ကောင်းကောင်း ရိုက်နိုင်တယ်။ ”
သူမသည် လျှို့ဝှက်နယ်မြေ အပေါ် အပြည့်အဝ ထိန်းချုပ်နိုင်သဖြင့် နတ်ရူရ်သုံးလုံး အကူအညီကို ရယူနိုင်သည်။
“ ဒါဆို ရင်ခုန်ရအောင် ... မင်း အနီရောင် သက်တံ သူတော်စင် သခင်ကို တုပပြီး တိုက်ပါ ... ငါနိဗ္ဗာန်ဓားကို သုံးမယ်။ ”
“ ကောင်းပြီ ... ငါက သူ့ထက်တောင် ပိုစွမ်းတယ် ... လာ စလိုက်ကြရအောင်။ ”
ဤသို့ဖြင့် နှစ်ရက် ကုန်လွန် သွားပြန်၏။ ထိုအချိန်တွင် ကျိကျစ်ရှိ တစ်ယောက် ဂနာမငြိမ် ဖြစ်နေသည်။
မြင့်မြတ်သော သခင်က တိတ်တဆိတ် လှမ်းဝင်လာပြီး ဂနာမငြိမ် ဖြစ်နေသည့် သမီးထံ ကြည့်လိုက်သည်။
“ ဘာဖြစ်နေတာလဲ။ ”
“ ဖေဖေ ... ။ ”
ကျိကျစ်ရှီက အံ့သြသွားသည်။
“ ပြောပါဦး ဘာလို့ ဒီလောက်တောင် စိတ်လှုပ်ရှား နေရတာလဲ၊ လင်းယွန်နဲ့ ခွဲထားလို့ မကျေမနပ် ဖြစ်နေတာလား။ ”
“ အဲဒီလိုတော့ မဟုတ်ပါဘူး ... နတ်ဖီးနစ်တောင်က နတ်မီးတောက်ကို ရဖို့ကို နှစ်ပေါင်းများစွာ ပြင်ဆင်ခဲ့ရမှန်း သိပါတယ် ... သဘာဝ အတိုင်း မပေါ့ဆဝံ့ပါဘူး၊ ...
... ဒါကြောင့် နတ်ခန္ဓာကို ဖွဲ့စည်းပြီးရင် နတ်ဖီးတောင် တဝိုက် ... အစ်ကိုကြီး လင်းကို လိုက်ပြရမယ်။ ”
သူမ မျက်နှာတွင် အပြစ်ကင်းစင်သော အပြုံးနှင့် ဝမ်းနည်းခြင်း အရိပ်အမြွက်များ ရှိနေ ခဲ့လေသည်။
များမကြာခင် ခရီးဝေးကြီး တစ်ခုကို ထွက်သွားတော့မည့် လူတစ်ယောက် ကဲ့သို့ ပြင်ဆင်နေခဲ့၏။
“ သမီးအတွက် ခက်ခဲသွားပြီ။ ”
ကျိကျစ်ရှီက ပြုံးလျက်၊
“ မခက်ပါဘူး ... ဒါက သမီး ခံနိုင်ရည် ရှိရမယ့် ဝန်ထုပ်ဝန်ပိုးတစ်ခု ဆိုတာ သိထား ပါတယ်၊ သမီးက ကိုယ့်ကိုယ်ကို မပိုင်ဘူး ...
... မွေးတည်းက ရတနာ တစ်ပါးလို နတ်ဖီးနစ်တောင်ရဲ့ တန်ဖိုးထား ထိန်းချုပ်ခြင်း ခံခဲ့ရတယ်၊ မင်းသမီး တစ်ပါး မဟုတ်ပေမယ့် ...
... မင်းသမီးတစ်ပါး ထက်တောင် ပိုပြီး ... ဂရုစိုက်ကြတယ်၊ ဒါက ဘာကြောင့်လဲ ဆိုတာ သမီး သိပါတယ်။ ”
ထိုစကားများကြောင့် မြင့်မြတ်သော သခင်က နာကျင်စွာဖြင့် သူ့သမီးကို ပွေ့ဖက် နှစ်သိမ့် ပေးလိုက်သည်။ ပြီးနောက်၊
“ လင်းယွန်ကို နတ်ဖီးနစ် တောင်တန်းရဲ့ သားမက်အဖြစ် လူတိုင်းက စဉ်းစား နေကြပြီ၊ သမီးရော ဘယ်လိုထင်လဲ ... သဘောတူရင် ဖေဖေ ကူညီပေးမယ်။ ”
“ ဘယ်လို ... မဟုတ်တာ အစ်ကိုကြီး လင်းမှာ မိန်းမရှိတယ်၊ သူ ကောင်းကင် နိဗ္ဗာန် နယ်မြေမှာ အိမ်ထောင်ပြုခဲ့တယ်။ ”
ကျိကျစ်ရှီက ရှက်ရွံ့စွာ ပြန်ငြင်း၏။
“ အဲဒါ အရေး မကြီးပါဘူး ... အခု ကိစ္စတစ်ခုကို ဆွေးနွေးဖို့ ဖေဖေလာတာ။ ”
“ ဘာကိစ္စလဲ ... ။ ”
“ လင်းယွန်ကို သမီးနဲ့ ထည့်ပေးလိုက်ချင်တယ် အကူအညီရအောင်။ ”
မနေ့ညက လင်းယွန် တစ်ယောက် မည်သည့် အရာများ ကြံစည်နေခဲ့မှန်း မသိ သော်လည်း သည့်အတွက် သေချာသွားပြီ ဖြစ်သည်။
“ တကယ်လား ... ။ ”
ကျိကျစ်ရှီက ပျော်ရွှင်သွားသည်။
“ ဟုတ်တယ် ... ဖေဖေ မနေ့ညက သူ့ကို စုံစမ်းပြီးပြီ သူက အရှုံးကို လက်ခံနိုင်တယ် ဒါက ဖေဖေတို့ ပန်းတိုင်ကို ရောက်နိုင်မလား ဆိုတာ မသေချာပေမယ့် သမီးကို ကာကွယ်ပေး နိုင်မှာတော့ သေချာတယ် ။ ”
သို့သော် ကျိကျစ်ရှီ မျက်နှာမှာ ရုတ်တရက် ပျက်ယွင်းသွားပြီး။
“ ဖေဖေ အဲဒီလို လုပ်လို့မရဘူး ... ထားလိုက်ပါတော့ ဒီကိစ္စကို ထပ်မပြောနဲ့တော့ သူက သူ့ဆရာရဲ့ ဒုက္ခအကြောင်း တစ်ချိန်လုံး တွေးနေတဲ့ လူပဲ၊ အချိန်မီ ပြန်မလာနိုင်ရင် သူ နောင်တရ သွားလိမ့်မယ်။ ”
ထိုစကားကိုကြားသောအခါ မြင့်မြတ်သော သခင်က မကျေမနပ် ဖြစ်သွား၏။ သူ့သမီးသည် သူ့မကိုယ် သူမထက် လင်းယွန်အပေါ် ပို၍ စိတ်ပူနေချေပြီ။
“ ဖေဖေ ... ဒီအကြောင်း ထပ်မပြော ပါနဲ့တော့၊ သူ ငြင်းမှာမဟုတ်ဘူးဆိုတာ သမီး သိပေမယ့် ... သမီးဆန္ဒမရှိဘူး။ ”
မြင့်မြတ်သော သခင်၏ ခိုကိုးရာမဲ့သော အကြည့်က ကျိကျစ်ရှီထံ အကြာကြီး ကျရောက် နေခဲ့၏။ သူ့သမီးကို မည်သည့် အချိန်တည်းက ရှုံးဆုံးသွားမှန်း မသိတော့ချေ။
“ ဝှစ် ... ။ ”
ညအချိန် ရောက်သည်နှင့် ချိန်းဆိုထားသည့် အရပ်သို့ လင်းယွန် ရောက်ရှိလာသည်။ သို့သော် ရုတ်တရက် ကျောရိုးများ အေးစက်သွားပြီး၊
( ဧကရီ ... ဘာလို့ ဒီမှာ လူသတ်ချင်တဲ့ အငွေ့အသက်တွေ ... ငါ ခံစားနေရတာလဲ။ )
-ဟု စိတ်ထဲမှ မေးမြန်း လိုက်မိ၏။
ခရမ်းငယ်မှ ပြန်မဖြေနိုင်မီ အနီရောင် သက်တံ သူတော်စင် သခင်က ‘ဖော်ရွေသော အပြုံး’ဖြင့် သူ့ကို စိုက်ကြည့်နေသည်ကို မြင်လိုက်ရသည်။
သမီးကို မနိုင်သည့် သူ့ခံစားချက်များ အားလုံး သည်ည လင်းယွန်အပေါ် ထုတ်ပစ်ရန် ဆုံးဖြတ်ခဲ့ပြီး ဖြစ်ချေပြီ။
“ ဟား ဟား ဟား ... ပန်းသင်္ချိုင်း ... ငါမင်းကို စောင့်နေတာ ။ ”
***