လောကကြီးရဲ့ အဆုံးက နိဗ္ဗာန်ပဲ။
Vol. 165 Ch. 2309
မြင့်မြတ်သော သခင်သည် ထာဝရတာအို ရှစ်ပါးကို အလေးပေး ဖော်ပြခဲ့ပြီး အခြားသော အကြောင်းတရား တာအိုကို မပြောခဲ့ချေ။
ရှေးဦးခေတ်ကတည်းက ထိုအကြောင်းတရားကို မည်သူမျှ နားမလည် နိုင်ခဲ့သည်မှာ သဘာဝ ပေပင်။
ယုတ္တိဗေဒနည်း အရ ပြောရလျှင် ထာဝရတာအို ရှစ်ပါးသည်သာ ကမ္ဘာအဆုံးထိ ရှင်သန်နိုင်၏။
၎င်းတို့အနက် နိဗ္ဗာန်မှာ အသန်မာဆုံး ဖြစ်ချေပြီ။ ဤသည်မှာ နဂါးပြာ ဘိုးဘေးနှင့် သူ့တပည့် အိုင်းရစ်တို့ ဆုပ်ကိုင်ရန် ကြိုးစာ ခဲ့သည့် အကြောင်းရင်းလည်း ဖြစ်သည်။
နဂါးပြာ ဘိုးဘေးသည် နတ်နဂါးခေတ်ကို တည်ထောင်ခဲ့ပြီး ကမ္ဘာဦး သတ္တဝါများ အပေါ် နှိမ်နင်းလျက် ခွန်လွန်ကို ကျော်ကြားစေ၏။
သူ့ကြောင့်ပင် ခွန်လွန်ဘုံသည် စကြဝဠာကြီး၏ ဗဟိုချက်အဖြစ် ပြောင်းလဲ လာခဲ့သည်။
ခွန်လွန်မှ ဂျူနီယာများသည် ဤလျှို့ဝှက်ချက်ကို မသိခဲ့ကြ သော်လည်း မြင့်မြတ်သော သခင်နှင့် ကောင်းကင် ရေကန် သူတော်စင်ဘုရင်က ကောင်းကောင်း သိလေသည်။
အိုးရစ်ဓား သူတော်စင်နှင့် ပတ်သက်၍ နောက်ထပ် အချက်အလက်များလည်း ရှိနေ သေးသည်။
၎င်းသည် စကြာဝဠာ တိုက်ကြီးများ ၌ပင် ကျော်ကြား၏။ နတ်ဘုရားများ အမြင်အောက်၌ သူတော်စင် မဆိုနှင့် ဧကရာဇ်များ သည်ပင် ပုရွက်ဆိတ်များ ဖြစ်သည်။
သူတော်စင်သည် ပုရွတ်ဆိတ် ဖြစ်က ဧကရာဇ်များသည် နည်းနည်း ခေါင်းကြီးသော ပုရွက်ဆိတ်ကြီးများ ဖြစ်၏။
ထို့ကြောင့် ခွန်လွန်မှ တစ်စုံ တစ်ယောက်သည် နတ်ဘုရားများကို သတ်နိုင် သည်ဟု ကြားသိပြီးနောက် ၎င်းတို့ ထိတ်လန့် ကုန်သည်မှာ သဘာဝ ပေပင်။
ယခု လင်းယွန် သည်လည်း ထိုလမ်းကို လျှောက်လှမ်းနေ၏။ ဝရုန်းသုန်းကား ခံစားချက် များကို ထိန်းလျက်၊
“ ဒါ တကယ်လား။ ”
-ဟု မေးလိုက်မိ၏။
မြင့်မြတ်သော သခင်က ခေါင်းညိတ်ပြီး၊
“ တကယ်ပါပဲ ... ဒီည ငါသူနဲ့ တိုက်တဲ့အခါ မင်းကြည့်လို့ ရတယ်။ ”
“ ကောင်းပြီ စကားတွေလောက် နဲ့တော့ မယုံနိုင်ဘူး ... စောင့်ကြည့်မှာပဲ။ ”
“ အဲဒါအပြင် ... ငါ့မှာ နောက်ထပ် ပြောချင်တာ တစ်ခု ရှိသေးတယ်။ ”
“ ဘာများလဲ။ ”
ကောင်းကင် ရေကန် သူတော်စင် ဘုရင်မှ ပြန်မော့ကြည့်သည်။
“ မြင့်မြတ်သော မဟာမိတ် အဖွဲ့မှာ ... နဂါးပြာတံဆိပ်ရှိတယ် မဟုတ်လား ငါပြောတာ တွေသာ မှန်ခဲ့ရင် မင်းသူ့ကို ပေးနိုင်မလား။ ”
“ နဂါးပြာ တံဆိပ်လား ... ။ ”
ကောင်းကင်ရေကန် သူတော်စင် ဘုရင်က အနည်းငယ် စဉ်းစားပြီး၊
“ ခွန်လွန်အတွက် နဂါးပြာ တံဆိပ် အများကြီး မကျန်တော့ဘူး ... သုံးခုလောက်ပဲ ရှိတော့မယ်။ ”
-ဟု ပြန်ပြောလိုက်၏။
“ လင်းယွန်က ထိုက်တန်ပါတယ်။ ”
“ သူ ဆန္ဒရှိပါ့မလား။ ”
ကောင်းကင် ရေကန် သူတော်စင် ဘုရင်က မသေချာမရေရာသော အသွင်ဖြင့်၊
“ ငါသူ့ကို ပေးချင်ရင်တောင် ... သူ ဆန္ဒမရှိရင် အသုံးမဝင်ပါဘူး။ ”
-ဟု ထပ်လောင်း ပြောကြားလိုက်၏။
“ သူ့ကို ရွေးချယ်ခွင့် ပေးနိုင်ပါတယ် ... အတင်းအကြပ် လုပ်ဆောင်ခိုင်းမှာ မဟုတ်ဘူး၊ ဒါက သူ့အပေါ်ပဲ မူတည်လိမ့်မယ်။ ”
မြင့်မြတ်သော သခင်က ပြုံးပြီး ပြန်ပြောသည်။
“ ကောင်းပြီ ... စောင့်ကြည့်ရအောင်။ ”
ကောင်းကင်ဘုံ ရေကန် သူတော်စင် ဘုရင်က အကြိုသဘောတူညီချက် တစ်ခု ပေးလာခဲ့သည်။
ဤရက်အတွင်း လင်းယွန် တစ်ယောက် ဖီးနစ်အစီရင်ကို အသုံးပြုထားသဖြင့် လေးလမှ ငါးလခန့် ကျင့်ကြံချိန် ရရှိခဲ့၏။
ညအချိန်တွင် တိုက်ခိုက်ပြီး နေ့အချိန်၌ ဖီးနစ်သစ်ပင် အောက်၌ ဆင်ခြင်နေကာ မျက်စိ တစ်မှိတ်အတွင်း ငါးရက်ကုန် လွန်သွားသည်။
တစ်နေ့တွင် ကြယ်မြစ်သခင်သည် အရင်းအမြစ်များနှင့်အတူ ရောက်ရှိ လာသည်။ လက်ရှိအချိန်၌ လင်းယွန်သည် စတုတ္ထအဆင့် သူတော်စင် သခင် ဖြစ်နေပြီ ဖြစ်၏။
နတ်ဖီးနစ်တောင်၏ နတ်သားတော် တစ်ပါးကဲ့သို့ ထောက်ပံ့မှုမျိုး ရရှိခဲ့ခြင်း ပေပင်။ သည့်ပြင် အရေးကြီးဆုံးမှာ အနီရောင် သက်တံ သူတော်စင်သခင်မှ သူ့ကို လမ်းညွှန်ပေးခြင်း ဖြစ်သည်။
ဆယ်နှစ် ကျင့်ကြံခဲ့လျှင်ပင် ဤသို့သော တိုးတက်မှုမျိုး ရမည် မဟုတ်ချေ။ ဓားသေတ္တာ အတွင်း ဝင်ရောက်ကာ တာအိုပန်း သုံးပွင့်ကို ထုတ်ဖော်လိုက်သည်။
များမကြာခင် ထိုသုံးပွင့်အလယ်၌ ထူးခြားသော ပန်းပွင့်တစ်ပွင့် တဖြည်းဖြည်း ပေါ်ထွက်လာ၏။
လင်းယွန် ပတ်ပတ်လည်၌ မှုန်ဝါးဝါး ပုံရိပ်များ ပေါ်လာသည်။ နိဗ္ဗာန်ဓား ပုံစံများကို လေ့ကျင့်နေသည့် လူတစ်ယောက် ဖြစ်၏။
ပုံရိပ်များ ထူထပ်လာစဉ် အချိန်နှင့် အာကာသ ရောယှက်လာသည်။ သည့်နောက် ရှေးကျပြီး ဆန်းကျယ်သော စတုတ္ထမြောက် တာအိုပန်း ပေါ်လာတော့၏။
ဖီးနစ်သစ်ပင်အောက်မှ ကြီးမားသော ရုန်းရင်းဆန်ခတ်မှုကြောင့် နယ်မြေတစ်ခုလုံး သိမ့်သိမ့်ခါ နေခဲ့သည်။
ခရမ်းငယ်က ရေတံခွန်အောက်မှ မျက်လုံးများ ဖွင့်လိုက်ပြီး ဤမြင်ကွင်းထံသို့ လှမ်းကြည့်လေသည်။
လင်းယွန် အောင်မြင်ကြောင်း သိလိုက်၏။ စတုတ္ထတာအိုပန်းသည် နိဗ္ဗာန်ကို ကိုယ်စားပြု၍ ဖြစ်ပေါ်လာချေပြီ။
ပန်းပွင့်ချပ်များသည် ကောင်းကင်နှင့် မြေကြီးကြားတွင် မျောလွင့်နေသော ခုနစ်ရောင် အဆင်းများ ထုတ်ပေးသည်။
လင်းယွန်က မျက်လုံးများဖွင့်ကာ ခံစားချက်များ ပြေလျော့သွားပြီး သက်ပြင်းချ လိုက်မိသည်။
အိုင်းရစ် ဓားသူတော်စင်မှ နတ်ဘုရား တစ်ပါးကို သတ်နိုင်ခဲ့သည့် ဤနိဗ္ဗာန် တာအိုထံ အချိန် ကြာမြင့်စွာတည်းက လိုက်နေမိ၏။
ယခု နားလည်လာချိန်၌ ပျော်ရွှင်မိ သော်လည်း စိတ်လှုပ်ရှားခြင်း မရှိတော့ချေ။
“ ဂုဏ်ယူပါတယ် ... ။ ”
ခရမ်းငယ်က ရွှင်လန်းသော မျက်နှာဖြင့် လင်းယွန်ထံ ရောက်လာသည်။ နှစ်ယောက်သား တစ်ယောက်ကို တစ်ယောက် ပြုံးကြည့် လိုက်ကြ၏။
သူတို့ နှစ်ဦးတွင် ဘဝနှင့် သေခြင်း ဆိုင်ရာများကို အတူတကွ တွေ့ကြုံ ခံစားခဲ့ဖူး သဖြင့် ခိုင်မြဲသော ဆက်ဆံရေးမျိုး ရှိသည်။
တစ်ယောက် အတွေးကို တစ်ယောက် ကြည့်လိုက်ရုံဖြင့် သိနိုင်၏။ လင်းယွန်က တာအို ပန်းကို လက်ဖဝါး၌ ပွင့်စေပြီး၊
“ ငါ တံခါးဝကို ဝင်နိုင်ပြီ ... လုံးလုံးလျားလျား ဆုပ်ကိုင်နိုင်ဖို့ ဝေးနေ သေးတယ်။ ”
“ အလျင်စလို လုပ်စရာ မလိုပါဘူး ... အိုင်းရစ် ဓားသူတော်စင် ချန်ခဲ့တဲ့ ... နိဗ္ဗာန် တံဆိပ်ကို အခု ရှာကြရအောင်။ ”
သူမသည် နိဗ္ဗာန်အကြောင်း သိပ်မသိ သော်လည်း အိုင်းရစ်ဓားသူတော်စင် အကြောင်း ကောင်းစွာ နားလည်သည်။
နိဗ္ဗာန်တံဆိပ်တွင် လေ့ကျင့်ရန် နည်းလမ်းများ ပါ၀င်နိုင်ပေမည်။ ထိုအချိန်တွင် အိုင်းရစ် ဓားတောင်ကုန်းထံမှ တောက်ပသော အလင်းတန်းတစ်ခု ထွက်ပေါ်လာ၏။
“ ဟိုမှာ ... ။ ”
လင်းယွန်က ဓားတောင်ကုန်းဆီသို့ ပြေးသွားလိုက်သည်။ ဓားတောင်ကုန်း အနှံ့ လက်နက်များ လဲလျောင်းနေ၏။
ဤနေရာကို တစ်ကြိမ် ရောက်ဖူးပြီး အဖိုးတန် ရတနာများသည် ပျက်စီးနေသော အရာများ အဖြစ် ပြောင်းလဲကုန်သဖြင့် ထပ်မလာ မိတော့ချေ။
ပတ်ဝန်းကျင်ကို လိုက်လံ ကြည့်ရှုလျက် အလင်းရောင် ထွက်လာသည့် နေရာ၌ တံဆိပ် တစ်ခု ပေါ်လာသည်ကို မြင်လိုက်ရသည်။
နိဗ္ဗာန် တာအိုကို နားလည်ပြီးနောက် နိဗ္ဗာန်တံဆိပ် ချက်ချင်း ပေါ်လာသည့် အတွက် ဒေါသထွက်သွား၏။
“ အိုင်းရစ် ဓားသူတော်စင်က ... ဒါကို ရည်ရွယ်ချက်ရှိရှိ တမင်လုပ်ခဲ့တာပဲ။ ”
ခံပြင်းစိတ်ဖြင့် ပြုံးလျက် နိဗ္ဗာန်တံဆိပ်ကို ထိတွေ့လိုက်သည်။ ရုတ်တရက် လေဟာနယ် အတွင်း အသံများ ထွက်ပေါ်လာ၏။
“ လောကမှာ အရာအားလုံးအတွက် နိဗ္ဗာန်ဆိုတာ ရှိတယ်၊ အချိန်-အာကာသ နိဗ္ဗာန်၊ သံသာရာ နိဗ္ဗာန်၊ ဥတုလေးပါး နိဗ္ဗာန်၊ နိဗ္ဗာန် လမ်းစဉ် ခြောက်ပါးနဲ့ ကောင်းကင်-မြေကြီး နိဗ္ဗာန် တို့ပဲ၊ ...
... နိဗ္ဗာန် ပြိုကျသွားရင် ... မင်း နားလည်ထား သမျှ ယုံကြည်မှုတွေ အားလုံး ပျောက်ကွယ်ကုန်မယ် ... အချိန်-အာကာသ နိဗ္ဗာန်က နိဗ္ဗာန်တာအိုရဲ့ အစပဲ၊ ...
... အချိန်နဲ့ အာကာသက အစွမ်းထက် ပေမယ့် ... နိဗ္ဗာန်မှာတော့ အုတ်မြစ် အဆင့်ပါပဲ၊ သူတို့က နိဗ္ဗာန် မရှိရင် လေထဲက ငါးတွေလိုပဲ အဓိပ္ပါယ် မဲ့ကုန်မယ်၊ ...
... ဘဝ-မရဏက အစွန်းတရား နှစ်ပါးဖြစ်ပြီး သံသရာနိဗ္ဗာန်ကို ဆုပ်ကိုင်နိုင်ရင် ဒါကို မင်း ထိန်းချုပ်နိုင်မယ်၊ ...
... ဥတုလေးပါးရဲ့ နွေဦးလေက နူးညံ့ပြီး နွေလယ်လေက ပူလောင်စေတယ်၊ ဆောင်းဦး လေက ပျက်စီးခြင်း ပါဝင်ပြီး ဆောင်းလယ်က ဘဝရဲ့ အဆုံးပဲ၊ တစ်ခုခြင်းစီမှာ မတူညီတဲ့ အဓိပ္ပါယ်တွေ ပါဝင်တယ် ...
... နွေဦးလေပြေ ... ဆောင်းဦး ရွက်ကြွေ ဒါမှမဟုတ် နှင်းမုန်တိုင်း ... ဘာတွေပဲ ဖြစ်ဖြစ် တကယ်တော့ ဒါက မင်းရဲ့ အမြင်ပါပဲ ...
... ယင်-ယန်က ကောင်းကင် ဖြစ်ပြီး ဒြပ်စင်ငါးပါးက မြေကြီးဖြစ်တယ်၊ ကောင်းကင် မြေကြီးကြားမှာ နိဗ္ဗာန်ရှိတယ် ... ၊
... ဒါကြောင့် ကောင်းကင်နဲ့ မြေကြီးကြား နိဗ္ဗာန်ကို မြင်နိုင်ရင် .. ကောင်းကင်ရဲ့ တန်ခိုးကို ဆုပ်ကိုင်နိုင်ပြီး မြေကြီးရဲ့ အသံကို ကြားနိုင်ပါ လိမ့်မယ် ... ဒါဆို လောကကြီးအပေါ် မင်း ထိန်းချုပ်နိုင်ပြီ ...
... နိဗ္ဗာန်လမ်းစဉ် ခြောက်ပါးကို ... ကောင်းကင်ဘုံ၊ သေမျိုးဘုံ၊ ငရဲဘုံ၊ တိရစ္ဆာန်ဘုံ၊ အသူရာဘုံနဲ့ တစ္ဆေဘုံ အဖြစ် သတ်မှတ် ကြတယ် ...
... ဒါကြောင့် မင်းသာ နိဗ္ဗာန်လမ်းစဉ် ခြောက်ပါးကို ဆုပ်ကိုင်နိုင်ရင် ... ကမ္ဘာကြီးကို အသစ် ပြန်စနိုင်လိမ့်မယ် … ။ ”
( ဤနေရာတွင် ကမ္ဘာကြီးကို ပြန်လည် စတင်နိုင်သည်ဟုသာ ဆိုခြင်း ဖြစ်သည်။ အသစ် ဖန်တီးခြင်းဟု အဓိပ္ပါယ် မရချေ။ )
“ ဒါဆို စီနီယာက ... အခု ဘယ်ရောက်နေလဲ။ ”
လင်းယွန် မနေနိုင်တော့ဘဲ မေးလိုက် မိသည်။ သို့သော် အဖြေမရခဲ့ချေ။ ဤသည်မှာ အသံသွင်းထားမှု တစ်ခုသာ ဖြစ်၏။
“ အဆင်ပြေရဲ့လား ဘာတွေ့ခဲ့လဲ ... အိုင်းရစ် ဓားသူတော်စင်က ... ထပ်ပြီး ယုတ်မာ ခဲ့သေးလား ... ငါ သူ့ကိုတွေ့ရင် သင်ခန်းစာ တစ်ခု သင်ပေးမယ်။ ”
ခရမ်းငယ်မှ ဒေါသတကြီး အော်ဟစ် လိုက်သည်။ လင်းယွန်က လက်သီး ဆုပ်ကာ ပြုံးလျက်၊
“ ငါအဆင်ပြေပါတယ် ... သူငါ့ကို သင်ပေးတယ် ... နိဗ္ဗာန်ကို ဘယ်လို လေ့ကျင့် ရမယ်ဆိုတာ ... အကြမ်းဖျင်း သိပြီ။ ”
“ ဒါဆို နင့်မျက်နှာ ဘာလို့ ပျက်ယွင်း နေရတာလဲ ... သင်ပေးတယ် ဆိုတာထက် အရိုက်ခံ နေရ သလိုပဲ။ ”
“ အဟဲ ... ။ ”
အိုင်းရစ် ဓားသူတော်စင် စကားများ ကြားပြီးနောက် နတ်ဘုရားကို သတ်နိုင်သည့် ဖြတ်နိုင်ခေျအပေါ် တွက်ထုတ်လာ နိုင်ခဲ့ပြီ ဖြစ်သည်။
***