← Chapters

တောင်းပန်ပြီး ပေးမယ်။

Vol. 165 Ch. 2310

တောင်းပန်ပြီး ပေးမယ်။

Vol. 165 Ch. 2310

နိဗ္ဗာန်တာအိုတွင် အဆင့်ငါးဆင့် ရှိပြီး အာကာသ-နိဗ္ဗာန်၊ သံသရာ နိဗ္ဗာန်၊ ဥတုလေးပါး နိဗ္ဗာန်၊ နိဗ္ဗာန် လမ်းစဉ် ခြောက်ပါးနှင့် လောက နိဗ္ဗာန်ဟူ၍ ရှိသည်။

( ကောင်းကင်-မြေကြီး နိဗ္ဗာန်ကို လောကနိဗ္ဗာန် အဖြစ် သုံစွဲပါမည်။ )

အဆင့်တစ်ခုစီတွင် တာအိုနှင့် တိုက်ရိုက် ချိတ်ဆက်ထားသည့် စိတ်ကူး မယဉ်နိုင်သော နက်နဲမှုများ ပါရှိ၏။

နိဗ္ဗာန် တံဆိပ်ထဲမှ အချက်အလက် များသည် လေးနက်သောကြောင့် အနည်းငယ် မျှသာ နားလည်နိုင်ခဲ့သည်။

သို့သော် ထိုအချက်အလက် အနည်းငယ် သည်ပင် နိဗ္ဗာန်တာအို အဘယ့်ကြောင့် အစွမ်း ထက်နေရသည်ကို နားလည်စေ၏။

ထာဝရတာအို ဖြစ်သော အချိန်နှင့် အာကာသသည် နိဗ္ဗာန်၌ ကနဦး ကျွမ်းကျင်မှု အဆင့်သာ ရှိနေသည်။

သူတော်စင် တစ်ပါးသည် နတ်ဘုရားကို သတ်နိုင်သည့် အကြောင်းရင်းမှာ နိဗ္ဗာန်တာအို အပေါ် များစွာ မှီခိုနေချေ၏။

အိုင်းရစ်ဓား သူတော်စင်သည် နိဗ္ဗာန်ကို ပို၍နားလည်နိုင်စေရန် သူတော်စင် နယ်ပယ်၌ နေထိုင်ခဲ့ခြင်း ဖြစ်ပေမည်။

“ အဆင့် ငါးဆင့်၊ ကိုယ့်ကိုယ်ကို သိခြင်း၊ ဘဝနဲ့သေခြင်းကို သိခြင်း၊ ကမ္ဘာကြီးကို သိခြင်း၊ ကောင်းကင်နဲ့ မြေကြီးကို သိခြင်း၊ မူလကို သိခြင်း ... ။ ”

ဤသည်မှာ လင်းယွန် နာလည်လိုက်သည့် နိဗ္ဗာန်တာအို၏ အနှစ်သာရဖြစ်သည်။ နိဗ္ဗာန်၏ တန်ခိုးသည် ဤလောက၏ မူလ ဖြစ်ချေ၏။ ယင်းသည် အမှန်ပင် တန်ခိုးရှိပေမည်။

“ အရာရာမှာ နိဗ္ဗာန်ရှိတယ်လို့ ပြောတာ ကြွားဝါနေပုံ မပေါ်ဘူး။ ”

ခရမ်းငယ်က လင်းယွန် ရှင်းပြချက်ကို နားထောင်ပြီးနောက် သုံးသပ်စကား ပြောကြား လိုက်သည်။

လင်းယွန်က ခေါင်းညိတ်လိုက်ပြီး နိဗ္ဗာန်တာအိုကို လိုက်ခဲ့ရသည်မှာ အချည်းနှီး မဟုတ်ကြောင်း နားလည်လာမိသည်။

နိဗ္ဗာန်တာအိုနှင့် ဓားတာအိုသည် သူတော်စင်တာအို များစွာကို ဖျက်ဆီးပစ်ရန် လုံလောက်ချေပြီ။

သည့်နောက် ဖီးနစ်သစ်ပင်ထံ လျှောက်လှမ်းလာကာ အနီးရောင် ပင့်ကူ လီလီ ပန်းကို ငုံ့ကြည့်မိ၏။

ဝတ်ဆံများမှာ လုံးလုံးလျားလျား ကြီးထွားလာသည်ကို တွေ့ရှိ လိုက်ရသဖြင့် ဝမ်းသာ သွားခဲ့သည်။

ဝတ်ဆံ အလယ်တွင် ကြောက်မက်ဖွယ် ကောင်းသော နတ်ရူရ် တစ်လုံးပင် ဖြစ်ပေါ်နေ ခဲ့၏။ ၎င်းက ကြက်သွေးရောင် မီးတောက်များ ခပ်ဖျော့ဖျော့ ထုတ်ဖော်ထားသည်။

“ နောက်ဆုံးတော့ အောင်မြင်သွားပြီ။ ”

လင်းယွန်က ရွှင်မြူးစွာ ပြုံးလျက် လက်ဖဝါးဖြန့်ကာ အနီရောင် ပင့်ကူ လီလီကို တက်စေလိုက်သည်။

“ ဒီပန်းက တျန်ရွှမ်ဇီရဲ့ ပခုံးပေါ်က နတ်ကြယ်ပန်းကို ယှဉ်ပြိုင်နိုင်တယ် ဒါပေမယ့် သူ့မှာ အတွေ့အကြုံ လိုဦးမယ်။ ”

ခရမ်းငယ်က ပြောသည်။

“ သူက ငယ်သေးတယ် ... ကောင်းပြီ အနီရောင် သက်တံ သူတော်စင် သခင်နဲ့ တွေ့ဖို့ အချိန်ကျပြီ။ ”

လင်းယွန် ရောက်သွားချိန်၌ ၎င်းက စောင့်နေပြီ ဖြစ်သည်။

“ ဒီည မင်းရဲ့ခွန်အားကို အပြည့် သုံးစေချင်တယ်။

လင်းယွန်က ခေါင်းညိတ်ပြလိုက်သည်။ မြင့်မြတ်သော သခင်နှင့် မနက်ဖြန်တွင် တွေ့ဆုံ ရမည်ဖြစ်ရာ သူ မလာနိုင်တော့ချေ။

အနီရောင် သက်တံ သူတော်စင် သခင်က ပြုံးပြီး၊

“ မင်း ... မနက်ဖြန် မြင့်မြတ်သောသခင်နဲ့ တွေ့ရတော့မယ် မဟုတ်လား ဘယ်သူသိမှာလဲ ငါတို့ ပြန်ဆုံနိုင်ပါတယ်။ ”

အနီရောင် သက်တံ သူတော်စင်သခင် စကားကြောင့် လင်းယွန်က အံ့သြသွားမိ၏။ သို့သော် ယင်းသည် အဓိပ္ပါယ်ရှိသည်ဟု ခံစားလိုက်ရသည်။

“ မင်းကြည့်ရတာ မြင့်မြတ်သော သခင်နဲ့ နီးစပ်သူ တစ်ယောက် ဖြစ်ပုံရတယ် သူတော်စင် ဘုရင် အဆင့်လို့ ထင်ခဲ့ပေမယ် ... မင်းဟာ မဟာ သူတော်စင်အဆင့်မှာ ရှိပုံပဲ။ ”

ရက်ပေါင်းများစွာ ကြာပြီးနောက် သူတို့နှစ်ဦး၏ လောင်းကြေးအပေါ် မေ့လျော့ သွားကြသည်။

ဤရက်များအတွင်း တစ်ဖက်လူထံမှ လမ်းညွှန်မှုကို ရရှိခဲ့၏။ ၎င်းက နှစ်ပေါင်းများစွာ ကျင့်ကြံခြင်းနှင့် ညီမျှချေပြီ။

“ ဒီနေ့ အကောင်းဆုံး လုပ်ပါ ... နိဗ္ဗာန်ဓားပုံစံမှာ မင်းဘယ်လောက် ဝေးဝေး ရောက်နေပြီဆိုတာ မြင်ချင်တယ်။”

“ ကောင်းပြီ ... ဒီညတော့ ငါ့ရဲ့ နိဗ္ဗာန်ဓားကို သုံးစရာ မလိုတော့ပါဘူး။ ”

“ ဒါဆို ကြည့်ရအောင်။ ”

အနီရောင် သက်တံ သူတော်စင် သခင်က ပြုံးသည်။ ပထမည ပြီးနောက် လေပြည်တိုးသံ ဓားချက်ကို ထပ်မံ အသုံးမပြုတော့ဘဲ ခုခံရန်သာ အဓိက ထားခဲ့သည်။

လင်းယွန် မျက်လုံးများ ရွှေရောင် တောက်ပလာကာ ပြုံးလိုက်သည်။ ထို့နောက် နတ်အလင်းဓား ရည်ရွယ်ချက် ထွက်လာပြီး၊ ရောင်ဝါများ ပျံ့ကားလာ၏။

“ စွပ် ... ။ ”

အနီရောင် သက်တံ သူတော်စင် သခင်က လေထုအလယ် သူ့လက်ဖြင့် စက်ဝိုင်းပုံ ဆွဲစဉ် လင်းယွန်က ပန်းသင်္ချိုင်းကို နှလုံးသားထဲမှ ဆွဲထုတ်လိုက်သည်။

တာအိုပန်း သုံးပွင့် လင်းယွန်နောက်၌ ပေါ်လာ၏။ ဓား၊ လျှပ်စီးနှင့် လေ ဖြစ်ပေသည်။ အနီရောင် သက်တံ သူတော်စင် သခင်က သူ့နည်းစနစ်ကို မပြောင်းချေ။

“ ဒါက အလုပ် မဖြစ်တော့ဘူး ... ။ ”’

လင်းယွန်က ပြုံးလျက် နောက်ထပ် ခုနစ်ရောင် အဆင်းရှိသော ပန်းပွင့်တစ်ပွင့်ကို ပွင့်စေလိုက်သည်။

“ ခရစ် ... ။ ”

ဤသည်မှာ နိဗ္ဗာန်တာအိုပန်း ဖြစ်ချေ၏။ စက္ကန့်ပိုင်းအတွင်း မီးကွင်းအလွှာများ ကွဲသွား တော့သည်။

“ ကျီး ... ။ ”

အနီရောင် သက်တံ သူတော်စင် သခင်က အံ့သြပြီး ပြန်ဆုတ်၏။ သူ့ခြေလှမ်းတိုင်း ဖီးနစ် အော်သံများ မြည်ဟည်းလျက် မီးရည်ရွယ်ချက် အလွှာကို တိုးပစ်လိုက်သည်။

“ ခရစ် ... ။ ”

သို့သော် လင်းယွန် ဓားသည် မီးအလွှာ အားလုံးကို အလွယ်တကူ ကွဲကြေစေခဲ့သဖြင့် ကြိုးစားသမျှ အချည်းနှီး ဖြစ်ကုန်၏။

“ ဝှစ် ... ။ ”

ပန်းသင်္ချိုင်းက လင်းယွန်လက်သို့ ပြန်ရောက်လာသောအခါ ဓားဖျား၌ သွေးများ စီးကျလာတော့သည်။

တစ်ဖက်တွင် အနီရောင် သက်တံ သူတော်စင် သခင်က မျက်နှာ၌ ဓားဒဏ်ရာ တစ်ခု ထင်ကျန်ခဲ့၏။

၎င်းသည် ထာဝရတာအို ဖြစ်ရာ သူ၏ ခုခံကာကွယ်ရေး အလွှာအပေါ် အလွယ်တကူ ဖောက်ဝင်လာခဲ့သည်။ မည်သည့် ဓားရေးမျှ မလိုခဲ့ချေ။

“ အရာအားလုံးက နိဗ္ဗာန်ကို မျက်မှောက်ပြုရတယ်။ ”

အနီရောင် သက်တံ သူတော်စင် သခင်က နှုတ်ခမ်းမှ သွေးများသုတ်ကာ ပြုံး၏။ သူသည် လင်းယွန်ထက် ပို၍ စိတ်လှုပ်ရှား နေခဲ့သည်။

“ နောက်ဆုံးတော့ မင်း အောင်မြင်သွားပြီ။ ”

“ ကောင်းပြီ ... မင်းဓားကို ဆွဲဖို့ အချိန်တန်ပြီ။ ”

လင်းယွန်က ပြောကြားလိုက်သည် ။ အနီရောင် သက်တံ သူတော်စင် သခင်က လက် ဝှေ့ယမ်းကာ၊

“ ဒါကို မေ့ထားရအောင် ... ငါ့မှာ လေပြည်တိုးသံက တစ်ချက်ပဲ ရှိပါတယ်။ ”

“ ဟမ် ... ဘာကို ဆိုလိုတာလဲ။ ”

လင်းယွန်က အံ့သြသွားသည်။

“ ငါ ငယ်ငယ်တုန်းက ကမ္ဘာအနှံ့ ခရီးထွက်တုန်း လေတိုက်သံကို နားထောင်ပြီး ဒီဓားရေးကို ဖန်တီးထားနိုင်ခဲ့တာ ... သူက တစ်ကွက်ပဲ ရှိတယ်။ ”

ဤသည်မှာ လေသံကို နားထောင်ပြီး ဓားဖြင့် ပေါင်းစပ်ထားခြင်း ဖြစ်သည်။ ယင်းက လင်းယွန်ကို အံ့အားသင့် သွားစေ၏။

ဓားသမား တစ်ယောက် အနေဖြင့် ဤအဆင့်သို့ ရရှိရန် မည်မျှ ခက်ခဲသည်ကို နားလည်သည်။

“ အသက်သုံးရာ ပြည့်တော့ ဓားပညာ လေ့လာတာကို ငါ ရပ်လိုက်တယ် ... ဒါဆိုမင်းရဲ့ ကနဦးဓားကို ငါဘာလို့ ဖြေရှင်းရမှာလဲ ...

... တကယ်တော့ မင်းသိချင်နေတာက တခြား အကြောင်းပါ မင်းရဲ့ နတ်အလင်းဓားက ငါ့ကိုဘာလို့ ဖြတ်မရတာလဲ ... တွေးနေတာ မဟုတ်လား။ ”

“ အမှန်ပဲ ... ဒါကို သံသယ ဖြစ်နေတာ ကြာပြီ ... ကျင့်ကြံမှု ဘယ်လောက်ပဲ မြင့်မြင့် သူတော်စင်သခင် နယ်ပယ်က ဘယ်သူမဆို နတ်အလင်းဓားကို ခံနိုင်ရည်မရှိသင့်ဘူး။ ”

လင်းယွန်က ပြောသည်။ သူသည် ဓားဒိုမိန်းကို မထုတ်ခဲ့ သော်လည်း သူ့ဓားမှာ အစွမ်းထက်ပေ၏။ ထို့ကြောင့် အလွယ်တကူ ပိတ်ဆို့နိုင်သော အရာမျိုး မဟုတ်ချေ။

“ မင်း စိတ်ဝင်စားရင် ငါ့ဆီက လက်ညှိုး တစ်ချက်ယူ ... ။ ”

မြင့်မြတ်သော သခင်က ပြုံးပြီး၊

“ ခံယူနိုင်ရင် ... ငရဲမီးလျှံ နတ်ရူရ်ကို ငှားလိုက်မယ်။ ”

“ ကောင်းပြီ ... ။ ”

လင်းယွန်က သဘောတူသည်။

“ သေချာကြည့် ... ။ ”

အနီရောင်သက်တံ သူတော်စင် သခင်က မီးတောက်များ ဝန်းရံလျက် လင်းယွန်ထံသို့ လက်ညိုး ညွှန်ပြပြီး စွမ်းအင်အလင်းနှင့် ပစ်ခတ်လိုက်သည်။

လင်းယွန်တစ်ယောက် ကြီးမားသော ဖိအားကို ခံစားလိုက်ရသဖြင့် အံ့သြသွားမိ၏။ ဤလက်ချောင်း၏ တန်ခိုးသည် သူတော်စင် ဘုရင်နှင့် ယှဉ်နိုင်သည်။

ထိုအကြောင်းကို သည့်ထက် ပို၍ မတွေးနိုင်ခင် နိဗ္ဗာန် တာအိုကို ထုတ်ဖော်ကာ နောက်ပြန် ဆုတ်လိုက်မိသည်။

“ ဝှစ် ... ။ ”

လေထဲ တစ်ပါတ် လှည့်ရှောင်လိုက်စဉ် အတိတ်သို့ ပြန်ရောက်သွား သကဲ့သို့ ခံစားလိုက် ရ၏။ အသက်ရှုကြပ်လာသဖြင့် ဓား (၉၉)ချက် ထုတ်ဖော်ကာ ထိုလက်ချောင်း၏ စွမ်းအားကို အားနည်းသွား စေလိုက်သည်။

သို့မှသာ လက်ချောင်း၏ စွမ်းအားသည် ဆဋ္ဌမအဆင့် သူတော်စင် သခင်၏ စွမ်းအားထံ လျော့ကျသွား၏။ အားကောင်းနေသေး သော်လည်း မပြင်းထန်တော့ချေ။

“ ချိုး ဖြတ် စမ်း ... ။ ”

ပန်းသင်္ချိုင်း၏ ဘုန်းဝိညာဉ်လေးပါးကို အသက်သွင်းပြီး ထိုအလင်းရောင်ထံ နှစ်ပိုင်းခွဲ လိုက်ရသည်။

နဖူး၌ချွေးများ ဖုံးလွှမ်းကာ သူတော်စင် စွမ်းအင်များ လုံးလုံးလျားလျား ကုန်ဆုံးသွား တော့၏။ ဓားရည်ရွယ်ချက်ပင် ချွင်းချက် မရှိခဲ့ချေ။

အနီရောင် သက်တံ သူတော်စင် သခင်က လက်ဝှေ့ယမ်းကာ၊

“ နိဗ္ဗာန် တံခါးဝ ရောက်ရုံနဲ့ ... ငါ့ဓားကို ခုခံနိုင်တာ တကယ့် ပါရမီရှင်ပါပဲ။ ”

- ဟု မှတ်ချက်ပေးလိုက်၏။

၎င်းနောက်တွင် ခုနစ်ရောင် တာအိုပန်း တစ်ပွင့် ပွင့်နေခဲ့သည်ကို လင်းယွန် သတိထား မိလာသည်။

“ အချိန် တာအို။ ”

လင်းယွန်က ထိတ်လန့်သွား၏။ အချိန်တာအိုသည် ထာဝရတာအို ဖြစ်လေရာ နတ်အလင်းဓားကို ဖိနှိမ်ထား နိုင်ခဲ့ခြင်း ဖြစ်ကြောင်း သဘောပေါက်လာသည်။

“ မင်း ... လိမ်တယ် ... ။ ”

“ ဟား ဟား ဟား ... ပြန်သွားပြီး ကောင်းကောင်း အနားယူပါ ... ငါ သဘောတူ ပြီးပြီမို့ စိတ်မပူပါနဲ့ ... ။ ”

လင်းယွန်က ပလ္လင်ပေါ်ရှိ ပြာများကို ကြည့်ကာ အနီရောင် သက်တံ သူတော်စင် သခင်၏ စကားကို ပြန်သတိရလာ၏။

လင်းယွန် ထွက်သွားပြီး မကြာခင် ကောင်းကင် ရေကန် သူတော်စင် ဘုရင်က စိတ်လှုပ်ရှားစွာ ထွက်ပေါ်လာသည်။

“ ဒါက မယုံနိုင်စရာပဲ ... ။ ”

“ ဘယ်လိုလဲ နဂါးပြာတံဆိပ်က သူနဲ့ ထိုက်တန်ပြီလား။ ”

“ သူ ဘယ်လိုများ တိုးတက်လာတာလဲ ... ပြီးခဲ့တဲ့ ရက်ပိုင်းက ဒါကို နားလည်ဖို့ ရုန်းကန် နေရတုန်းပါ ... ဉာဏ်ကြီးရှင် ဖြစ်ရင်တောင် ဒီလိုမြန်မြန် နားလည် မလာသင့်ဘူး။”

“ သူက အိုင်းရစ် ဓားသူတော်စင်ရဲ့ ဆက်ခံသူပဲ။ ”

အနီရောင် သက်တံ သူတော်စင် သခင်က ရှုပ်ထွေးသော အကြည့်ဖြင့် သက်ပြင်းချကာ ဖြေကြားလိုက်၏။ သူသည် ဤအချင်းအရာကို ခန့်မှန်းနေမိသည်မှာ ကြာပြီ ဖြစ်သည်။

“ ဒါ ... ။ ”

ကောင်းကင် ရေကန် သူတော်စင် ဘုရင်မှ ထိတ်လန့်သွားသည်။

“ ဘယ်လိုလဲ မင်းသဘောတူလား။ ”

ကောင်းကင် ရေကန် သူတော်စင် ဘုရင်က စိတ်နှင့်လူ မကပ်နိုင်ချေ။ ထို့ကြောင့် အနီရောင် သက်တံ သူတော်စင် သခင်၏ မေးခွန်းကို မဖြေနိုင် ဖြစ်နေ၏။

“ နောက်ဆုံးတော့ ... ဧကရာဇ် ကိုးပါးတောင် မလုပ်နိုင်တဲ့ အရာတစ်ခုကို သူ ပြီးမြောက်ခဲ့တယ်။ ”

သူ့ညည်းတွားသံကြောင့် အနီရောင် သက်တံ သူတော်စင် သခင်က ပြုံးကာ၊

“ မြင့်မြတ်သော မဟာမိတ်အဖွဲ့က ကောင်းကင်လမ်းကို ပြန်လည် ပြုပြင်ဖို့အတွက် မျှော်လင့်ချက်ကို သူ့အပေါ် ထားနိုင်တယ်။ ”

-ဟု ပြောကြားလိုက်တော့သည်။

“ မနက်ဖြန် ငါလည်း သူနဲ့တွေ့မယ်။ ”

ကောင်းကင်ရေကန် သူတော်စင် သခင်က တောင်းဆိုလိုက်သည်။

“ တံဆိပ် အတွက်ရော။ ”

“ မြင့်မြတ်သော သခင် ... အဲဒီလောက် စိတ်ပူမနေပါနဲ့ ... သူ မယူဘူး ဆိုရင်တောင် ငါ တောင်းပန်ပြီး ပေးလိုက်မယ်။ ”

***

All Chapters