အဘိုးကြီးမာ၏ အာဃာတ
Vol. 34 Ch. 497
ဖုန်းယွီ ဟော်တယ်အခန်းသို့ ပြန်လာပြီး ကုမ္ပဏီ၏ အနာဂါတ် အစီအစဉ်အား ခါမီဒါမာဆောင် နှင့် ဆက်လက်ဆွေးနွေးခဲ့သည်။ ခါမီဒါမာဆောင်သည် ဖုန်းယွီအား အဓိကတင်ပြသူဖြစ်သည်။ ဖုန်းယွီမှာမူ ကုမ္ပဏီတစ်ခု လည်ပတ်ခြင်းနှင့် မရင်းနှီးသောကြောင့် ခေါင်းသာ ငြိတ်ပြနေတော့သည်။ ကုမ္ပဏီတစ်ခုကို စီမံခန့်ခွဲရာတွင် ခါမီဒါမာဆောင်လောက် အကျွမ်းကျင်ချေ။ ခါမီဒါမာဆောင်သည် ဟောင်ကောင်ကို အသုံးပြု၍ တရုတ်ဈေးကွက်ကို ဝင်ရောက် ထိုးဖောက်လိုခြင်းဖြစ်သည်။ ကမ်းရိုးတန်း ဒေသများနှင့် ပေကျငး်ကို ကနဦးပစ်မှတ် သတ်မှတ်ထားသည်။
ဖုန်းယွီ ခနကြာ စဉ်းစားလိုက်သည်။ ယခုဆိုလျှင် လမ်းမများပေါ်၌ ခြေအိတ်နှင့် စကတ်ရှည် ဝတ်ဆင်ထားသည့် အမျိုးသမီးများပြားနေသည်။ ဆိုလိုသည်မှာ တရုတ်များသည် ပိုမိုပွင့်လင်းလာခဲ့သည်။ ဟောင်ကောင်နှင့် ပြန်လည် ပေါင်းစည်းပြီးမှသာ စကတ်တိုမျာား တရုတ်နိုင်ငံတွင် ပေါထွက်လာပေလိမ့်မည်။
ခါမီဒါမာဆောင် ဖုန်းယွီကို အကူအညီတောင်းရန် စဉ်းစားနေခြင်းပင်။ ဖုန်းယွီသည် တရုတ်နိုင်ငံတွင် တည်ထောင်ထားသော အရောင်းကွန်ယက်တစ်ခုရှိပြီး ထိုကွန်ယက်ကို အသုံးပြုနိုင်ပါက တရုတ်ဈေးကွက်သို့ ဝင်ရောက်ရန် ပိုမို လွယ်ကူပေလိမ့်မည်။
ဖုန်းယွီ တုန့်ဆိုင်းသွားမိသော်လည်း ခါမီဒါမာဆောင်ကို ဖြန့်ဖြူးသူများနှင့် ဆက်သွယ်ရန် အချက်အလက်များ ပေးလိက်သည်။ ထိုင်ဟွာ ကုန်သွယ်ရေးသည် ဤလုပ်ငန်းတွင် မပါဝင်သေးချေ။
ဖုန်းယွီ ဤကိစ္စအား ဝင်ရောက် မစွက်ဖက်ချင်ချေ။ ဤထုတ်ကုန်များ ရောင်းချခြင်းသည် ဖြန့်ဖြူးသူများ အပေါ်တွင်သာ မူတည်ပေလိမ့်မည်။
ထို့နောက် ဖုန်းယွီသည် ပုံမှန်အတိုင်း ကျောင်းဆက်တက်ခဲ့သည်။ စာမေးပွဲအတွက် မြင်ဆင်ရပေမည်။ ခါမီဒါ မာဆောင် သည်လည်း ဖြန့်ဖြူးသူများထံ ကိုယ်တိုင်ကိုယ်ကျ သွားရောက်တွေ့ဆုံခဲ့ပြီး တစ်ချိန်တည်းတွင် တရုတ်ဈေးကွက် စောင့်ကြည့်ရေး ပြုလုပ်ခဲ့သည်။
အရောင်းကိုယ်စားလှယ်များ၏ စွမ်းဆောင်ရည်များကြောင့် ဖြစ်နိုင်ချေရှိပြီး ပေကျင်း၏ ဆေးဝါး နှင့် ကျန်းမာရေးထုတ်ကုန်များ ရောင်းအား တိုးမြင့်လာသည်။ေCCTV ကြည့်ရှုသူအချို့က ထိုထုတ်ကုန် ကြော်ငြာများကို ပမ့်မြို့တော်၏ ဆေးဝါးလုပ်ငန်း၊ ဆောင်ကျင်း မော်တော်ကား အဖြစ် ပြောင်းလဲသွားသည်ကို သတိပြုမိကြသည်။ ဤထုတ်ကုန်အားလုံးကို ပမ့်မြို့တော်တွင် ထုတ်လုပ်ခဲ့ပေသည်။
ပမ့်မြို့တော်၏ ဆေးဝါးလုပ်ငန်း ရောင်းအား တိုးတက်လာသည့်အခါ ကျန်းလွေ့ချမ်း အလွန် ဝမ်းသာသွားသည်။ ပမ့်မြို့တော်ရှိ ဆေးဝါးလုပ်ငန်း ပြန်လည်ဖွဲ့စည်းခြင်း အောင်မြင်ကြောင်း ပြသနေခြင်းမဟုတ်ပေလော။
သို့ရာတွင် မကြာမီ ပမ့်မြို့တော်နှင့် အခြားမြို့များ၏ ဆက်ဆံရေး ပျက်စီးသွားသည်ကို သိရှိခဲ့သည်။ ယခင် ပမ့်မြို့တော်နှင့် ဆက်ဆံရေး ကောင်းမွန်ခဲ့သည့် ရှန့်ယွမ်မြို့ သည်ပင်လျှင် ပူးတွဲ စီမံကိန်းအချို့ ရပ်တန့်ခဲ့သည်။
ကျန့်လွေ့ချန်း အဖြစ်အပျက်များအား ပြန်တွေး၍ အဘယ့်ကြောင့် ဤသို့ဖြစ်ရကြောင်း မကြာမီ သဘောပေါက်သွား တော့သည်။
မာမျိုးနွယ်အုပ်စု မည်သည့်နေရာမှ လာသနည်း။ ရှန့်ယွမ်သည် နိုင်ငံကိုယ်စားပြု အသင်း မဟုတ်ချေ။ ၎င်းတို့သည် ရှန့်ယွင်ပြည်နယ် အသင်းဖြစ်သော်လည်း နိုင်ငံအသင်းနှင့် တူညီသည့် အကျိုးခံစားခွင့်များ ခံစားခဲ့ရသည်။ မာမျိုးနွယ်အုပ်စုသည် ပြိုင်ပွဲများ အနိုင်ရရှိမှုတိုင်းသည် ရှန့်ယွင်ထို ဂုဏ်ထူး ခံစားရသည့် အကြောင်းအရင်း ဖြစ်သည်။ မြိ့တော်သည် မာမျိုးနွယ်အုပ်စု၏ နာမည်ကျော်ကြားမှုနှင့် ပံ့ပိုးကူညီမှုများကို ခံစားနိုင်သည်။ မာမျိုးနွယ် အုပ်စုသည် ရှန့်ယွင်၏ မျက်နှာဖုံး ဖြစ်တော့သည်။
ယခု CCTV ၏ အစီအစဉ်ကြောင့် မာမျိုးနွယ်အုပ်စု ဂုဏ်သိက္ခာ ညှိုးနွမ်းစေခဲ့ပြီး ကြော်ငြာများအားလုံး ပမ့်မြို့တော်၏ ထုတ်ကုန်များ အဖြစ် အဘယ့်ကြောင့် ပြောင်းလဲသွားသနည်း။ ပမ့်မြို့တော်သည် ဤအဖြစ်အပျက်နှင့် ပတ်သက်၍ မည်သို့မျှ မသက်ဆိုင်ဟု ဆိုလျှင် မည်သူယုံကြည်မည်နည်း။
နည်းပြမာသည်လည်း ကြီးမားသည့် အခန်းကဏ္ဍမှ ပါဝင်ခဲ့သည်။ နည်းပြမာက သူ့အားကစား ပြိုင်ပွဲတစ်ခုတွင် ပါဝင်ရန် ခေါ်သည့်အခါတိုင်း ဤဖြစ်ရပ်ကို တွဲဖက် မြင်မိကြပေလိမ့်မည်။
နိုင်ငံခြားတွင်ရှိနေစဉ် ကတည်းက ဤဖြစ်ရပ်ကို ကြားခဲ့ရသည်။ သို့ရာတွင် သူ့အနေဖြင့် ပြိုင်ပွဲကို အာရုံစိုက်ရန် လိုအပ်ပြီး ဤအရှုတ်အရှင်းများအား စူးစမ်းရန် အချိန်မရှိချေ။ သူ့အမြင်အရ သူ့လက်အတွက် အောင်မြင်မှု များစွာ ရထားပြီးနောက် ဘာများ ဖြစ်လာနိုင်အုံးမည်နည်း။ သူသည် ထုတ်ကုန်တစ်ခုကိုသာ ထောက်ခံခဲ့ပြီး စီးပွားဖြစ်နှင့် ကြော်ငြာ အကြောင်းအရာများကို ကျန်သူများ စဉ်းစားထားခြင်းဖြစ်သည်။ အားလုံး သူမသိသည့်အတွက် အဆင်ပြေ သွားလိမ့်မည်ဟု ပြောမည်သာပင်။
မာမျိုးနွယ်အုပ်စုသည် ပြိုင်ပွဲတွင် ထူးထူးခြားခြား ရလဒ်များ ထပ်မံပြသခဲ့သည်။ သူတို့ တရုတ်သို့ ပြန်ရောက်သည့်အခါ သတင်းထောက်များ ဝန်းရံခံလိုက်ရတော့သည်။ နည်းပြမာသည် ယခင်အစဉ်အလာအတိုင်း ဟုသာ တွေး၍ သတင်းထောက်များသည် သူ့ရလဒ်အတွက် ချီးကျူးဂုဏ်ပြု ကြလိမ့်မည်ဟု တွေးထားပေသည်။ သူတို့အဖွဲ့ ယခုကဲ့သို့ ရလဒ်များကို မည်ကဲ့သို့ ကြိုးစား စွမ်းဆောင်ခဲ့ကြောင်း၊ အနာဂါတ် ပစ်မှတ်များမှာ မည်သည်တို့ ဖြစ်ကြောင်း မေးမြန်းကြပေလိမ့်မည်။ ထိုမေးခွန်းများအတွက် ဖြေကြားနိုင်ရန် စဉ်းစားထားပြီး ဖြစ်သည်။
သို့ရာတွင် ယခုအကြိမ် မတူညီတော့ချေ။ သတင်းထောက်များ၏ မေးခွန်းများကြောင့် သူဒေါသ ထွက်သွား မိတော့သည်။
“နည်းပြမာ.. မာမျိုးနွယ်အုပ်စုက ပြိုင်ပွဲမှာ ဆုတံဆိပ်တွေ အများကြီးရခဲ့တာ တရုတ်လိပ်ဆီကြောင့်လား..”
“နည်းပြမာ.. တရုတ်လိပ်ဆီက တကယ်ကို အချိုဓာတ်ပါတဲ့ ရေဆိုတာ CCTV မှာ ဖော်ထုတ်သွားတဲ့အပေါ် ဘယ်လိုမြင်လဲ..”
“နည်းပြမာ.. အသက်စွမ်းအင်က ဗီတာမင်နဲ့ ပရိုတိန်ပါတဲ့ သာမန်ထုတ်ကုန် တစ်ခုပဲလို့ အတည်ပြုခဲ့ပါတယ်.. ဒါက သာမန် ထုတ်ကုန် တစ်ခုသာဖြစ်ပြီးတော့ လျှို့ဝှက်ဆန်းကြယ် အထူးထုတ်ကုန် မဟုတ်ပါဘူး.. အဲ့ဒီ ဆေးညွှန်းအတွက် ယွမ်(၁၀)သန်းနဲ့ ဘာကြောင့် ရောင်းခဲ့ပါသလဲ..”
“နည်းပြမာက အသက်မွေးဝမ်းကြောင်းပညာနဲ့ ဘွဲ့ရထားသူ တစ်ယောက်အနေနဲ့ အသက်စွမ်းအင်လို ဆေးညွှန်းတစ်ခု ဘယ်လိုများ ရှာတွေ့ခဲ့ပါသလဲ.. ဒီဆေးညွှန်းကို ခင်ဗျားရဲ့ ဆရာဝန်အဖွဲ့က တီထွင်ပြီး ခင်းဗျား နာမည်ခံထားတယ်ဆိုတာ အမှန်ပါလား..”
“ဝမ့်ကျွင့်ရှား.. မင်းဒီပြိုင်ပွဲမှာ ရွှေတံဆိပ်ရခဲ့တယ်.. ဒီလို အနိုင်ရအောင် လုပ်ပေးတဲ့ အဓိကအကြောင်းအရင်းက ဘာများပါလဲ.. တရုတ်လိပ်ဆီကြောင်းလား.. မင်းတို့အားလုံး နိုင်ငံခြား ပြိုင်ပွဲတွေပါ ပါဝင်ကြတဲ့အကြိမ်တိုင်း ခရီးဆောင်အိတ်ထဲမှာ တရုတ် လိပ်ဆီ ဆောင်သွားတတ်ကြတာလား..”
မေးခွန်းများအားလုံးသည် နည်းပြမာ၏ နှလုံးသားကို ဆူးဖြင့် ဝိုင်းထိုးနေကြသလို ဖြစ်နေပေသည်။ ဤသည်မှာ သူ၏ ကျော်ကြားခြင်း ဟူသော အားနည်းချက်ကြီးအကြောင်း ပထမဆုံး အကြိမ် ကြုံတွေ့ရခြင်း ဖြစ်တော့သည်။
“တောင်းပန်ပါတယ်.. ငါ့ အားကစားသမားတွေ ပင်ပင်ပန်းပန်းနဲ့ ပြိုင်ပွဲတစ်ခု ပြီးလာခဲ့တာပါ။ ပြီးတော့ နောက်ထပ် IAAF World Championships in Athletics အတွက် ပြင်ဆင်ရအုံးမှာပါ.. ကျေးဇူးပြုပြီး ငါတို့ကို မနှောက်ယှက်ပါနဲ့တော့..”
“နည်းပြမာ.. ငါတို့မေးခွန်းတွေကို ရှောင်နေတာများလား.. ဝမ့်ကျင့်ရှား.. ဒီမေးခွန်းတွေအပေါ် ဘယ်လိုမြင်ပါသလဲ..”
ဝမ့်ကျွင့်ရှားနှင့် ကျန်အားကစားသမားများသည် သူတို့၏ ရလဒ်များကို ငွေရှာရန်အတွက် နည်းပြနှင့် တင်းကြပ်လွန်းသည့် လေ့ကျင့်ရေး အချိန်ဇယားများ ပြုလုပ်ခဲ့ကြရသဖြင့် မပျော်မရွှင် ဖြစ်နေကြပေသည်။ အားကစားသမားများ အားလုံးကို ခါးတွင် ကြိုးခြည်၍ ဆိုင်ကယ်ဖြင့် ဆွဲခေါ်ခြင်း ခံကြရသည်။ လဲကျလျှင်ပင် ပြန်ထ၍ ဆက်လက် ပြေးကြရပေလိမ့်မည်။ ဤကဲ့သို့ လေ့ကျင့်ရေး နည်းလမ်းများတွင် မည်သူ ပျော်ရွှင် နိုင်မည်နည်း။
သို့ရာတွင် သတင်းထောက်များရှေ့၌ ဝမ့်ကျွင့်ချမ်းနှင့် ကျန်အားကစားသမားများ စကား မပြောခဲ့ကြချေ။ သူတို့အကုန်လုံးအား လက်ထောက်နည်းပြများမှ ကားဆီသို့ ခေါ်ဆောင်သွားကြတော့သည်။ သို့ရာတွင် သတင်းထောက်များ ဝန်းရံထားဆဲဖြစ်သဖြင့် နည်းပြမာသည် တစ်ဦးတည်းသော ကားပေါ်မတက်ရသေးသူ ဖြစ်သွားတော့သည်။
“ငါကိုယ်တိုင်လဲ သားကောင်ပါ.. ငါ့မှာလဲ မွေးခွန်းတွေ အများကြီး ရှိနေပါတယ်.. အခုမှ နိုင်ငံခြားက ပြန်လာတာဆိုတော့ အဖြစ်အပျက်အားလုံး သိပြီးရင် မေးခွန်းတွေ ဖြေပေးပါမယ့်”
နည်းပြမာသည် လေ့ကျင့်ရေး စခန်းသို့ ပြန်ရောက်သည့်အခါ ရှန့်ယွမ် ခေါင်းဆောင်ရုံးခန်းသို့ ခေါ်လိုက်တော့သည်။
ထိုခေါင်းဆောင် ရာထူးမှ နှုတ်ထွက်သွားသဖြင့် နည်းပြမာ ဒေါသတကြီး ဖြစ်သွားတော့သည်။ သူ့ငွေများအားလုံး အဘယ့်ကြောင့် လွှဲပေးလိုက်ရသနည်း။ စီးပွားရေး သမားများသည် စားသုံးသူများအား လှည့်စားခဲ့သည်။ မိမိနှင့် မပတ်သက်ချေ။ မိမိလစာ အဘယ့်ကြောင့် ရပ်ဆိုင်ထားရသနည်း။ အပိုဆုငွေများလည်း အဘယ့်ကြောင့် ဆုံးရှုံးရမည်နည်း။
သို့တိုင်အောင် ရှန့်ယွမ်အုပ်ချုပ်ရေးမှူးက သူ့ကို မေးခွန်းတစ်ခုသာ မေးခဲ့ပြီး သူ့အနေဖြင့် ငြင်းစရာ အကြောင်း ပြချက် မရှိခဲ့ချေ။
“ဒီထုတ်ကုန်တွေ ကြော်ငြာထားသလောက် အံ့ဩစရာ မဟုတ်ဘူးဆိုတာ မင်းတကယ် မသိဘူးလား.. မင်းကိုယ်တိုင် တရုတ်လိပ်ဆီ သောက်ဖူးလား.. အားကစားသမားတွေအားလုံး ဒီတရုတ်လိပ်ဆီ တကယ်သောက်ကြလား..”
နည်းပြမာသည် လီပရှစ်အား ဖော်စပ်နည်း ရောင်းချရငွေ ယွမ်(၁၀)သန်းနှင့် တရုတ်လိပ်ဆီ ကို ထောက်ခံသည့်အတွက် ရရှိသည့် ယွမ်(၁)သန်း အဆုံးရှုံးခံယုံမှအပ ရွေးချယ်စရာ မရှိတော့ချေ။ ဤငွေပမာဏသည် ဒုက္ခရောက်သူများကို လျော်ကြေးပေးရန် အသုံးပြုပေလိမ့်မည်။
ထို့အပြင် ရှန့်ယွင်မြို့သည် ၎င်းတို့ဝန်ထမ်းများအား စောင့်ကြည့်ရန် ပျက်ကွက်သည့်အတွက် အထက်အရာရှိများက ပြစ်တင်ရှုတ်ချခဲ့သည်။ ဤဖြစ်စဉ်များမှာ ထုတ်ကုန်များကို နည်းပြမာ ထောက်ခံခဲ့သည့် အဖြစ်အပျက်အား ပိုမို ထင်ရှားစေပြန်သည်။
လေ့ကျင့်ရေးစခန်းတွင် နည်းပြမာက သူ့စားပွဲပေါ်မှ သတင်းစာ တစ်စောင့် ဖွင့်ကြည့်လိုက်သည်။ စာမျက်နှာ ထက်ဝက်သည် သူ့ကို ဝေဖန်သည့် ဆောင်းပါးများ ဖြစ်ပြီး ကျန်ထက်ဝက်မှာ ပမ့်မြို့တော် ဆေးဝါးလုပ်ငန်း အကြောင်း ဖြစ်သည်။
နည်းပြမာ ဒေါသတကြီးဖြင့် စာရွက်များ ဖြဲစုပ်ပစ်လိုက်တော့သည်။ သို့ရာတွင် သူ့အနေဖြင့် လူအများ၏ အာရုံလွှဲရန် နည်းလမ်းတစ်ခု ရုတ်တရက် တွေးလိုက်တော့သည်။
အုပ်ချုပ်ရေးမှူးကို ချက်ချင်း ဖုန်းဆက်၍ ဤဖြစ်ရပ်၌ သူသည်လည်း သားကောင်ဖြစ်ကြောင်း ပြောပြလိုက်သည်။ ကျန်းမာရေး ထုတ်ကုန်လုပ်ငန်းတစ်ခုလုံးသည် သားကောင်ဖြစ်ပြီး တစ်ဦးတည်းသော အောင်နိုင်သူမှာ ပမ့်မြို့ ဆေးဝါးလုပ်ငန်း ဖြစ်သည်။
ဤအဖြစ်အပျက် ပေါက်ကွဲသွားသော်လည်း နည်းပြမာအနေဖြင့် သူ့ဂုဏ်သိက္ခာ ထိခိုက်မည်ကို မစိုးရိမ်ချေ။ မကြာမှီ ကျင်းပတော့မည့် ကမ္ဘာ့ဖလားပြိုင်ပွဲ၊ ထို့နောက် တရုတ်နိုင်ငံ အမျိုးသား အားကစား ပြိုင်ပွဲနှင့် အာရှ အားကစားပြိုင်ပွဲများ ဆက်လက် ကျင်းပပေလိမ့်မည်။ သူ၏ အားကစား သမားများသည် ဤပြိုင်ပွဲများတွင် ရလဒ်ကောင်းများ ဆက်လက် ထိန်းသိမ်းနိုင်သရွေ့ ဤအရှုတ်တော်ပုံ၌ သူ၏ ပါဝင်ပတ်သက်မှုအား လူအများ မေ့ပျောက်သွားကြ ပေလိမ့်မည်။
သို့ရာတွင် နည်းပြမာ မသိလိုက်သည်က ပိုမိုကြီးမားသည့် မုန်တိုင်းကြီးတစ်ခု ဝင်လာတော့မည် ဆိုသည်ကိုပင် ဖြစ်ပေတော့သည်။
-------*****--------
ဘာသာပြန်သူ . (NTP)