ငါက မာမျိုးနွယ်အုပ်စု ပြိုကွဲစေတဲ့သူလား
Vol. 34 Ch. 498
စာမေးပွဲများအပြီးတွင် ဖုန်းယွီသည် ပမ့်မြို့တော်၏ ဆေးဝါးရောင်းချမှုဆိုင်ရာ ပြဿနာများကို သေချာစစ်ဆေးရန် အချိန်ရသွားတော့သည်။ ကျန်းမာရေး ဖြည့်စွက်စာများအပြင် တုတ်ကွေးနှင့် ရောင်ရမ်းခြင်းအတွက် ဆေးဝါးများကိုလည်း ကြော်ငြာရန် လိုအပ်ပေသည်။ ဤဆေးဝါးများကို အိမ်တိုင်းတွင် သိမ်းဆည်းထားသင့် ပေသည်။ ဤသည်ကို ဖုန်းယွီစိတ်ထဲ စွဲနေတော့သည်။
သို့ရာတွင် ဖုန်းယွီသည် ဤကိစ္စ မစမှီ တနိုင်ငံလုံး တုန်လှုပ်သွားစေသည့် သတင်းတစ်ပုဒ် ပေါ်လာခဲ့သည်။
ဝမ်ကျွင့်ရှားနှင့် ကျန်အားကစားသမား (၂)ဦးသည် ၎င်းတို့၏ နည်းပြ ပြောင်းလဲလိုကြောင်း ပူးတွဲ ကြေငြာလိုက်ခြင်းပင် ဖြစ်တော့သည်။
ဤသတင်းကြားချိန်တွင် တရုတ်နိုင်ငံ အားကစားအသိုင်းအဝိုင်း တစ်ခုလုံး တုန်လှုပ်ခြောက်ခြားသွားခဲ့ရသည်။ သာမန်လူများပါ တုန်လှုပ်သွားကြသည်အထိ ဖြစ်တော့သည်။်’ရှား(၃)ရှား’ဟု လူသိများသည့် အားကစားသမား (၃)ဦးသည် မာမျိုးနွယ်အုပ်စု၏ မဏ္ဍိုင်များ ဖြစ်သည်။ ၎င်းတို့သည် နည်းပြ ပြောင်းဖို့ တောင်းဆိုပါက ကျန်အားကစား သမားများ မည်သို့ ရှိမည်နည်း။
မကြာမှီ မာမျိုးနွယ်အုပ်စု ၏အဖွဲ့ဝင်များ ရလဒ်ကောင်းများ ရရှိလာပြီး၊ ကျန်အဖွဲ့ဝင်များသည်လည်း နည်းပြအသစ် လိုအပ်ကြောင်း ကြေငြာလာကြတော့သည်။ သူတို့သည် ရှန့်ယွမ်မြို့ အမျိုးသား အားကစားနည်းပြကို ၎င်းတို့၏ နည်းပြချုပ်အဖြစ် အလိုရှိနေကြသည်။
အားကစားသမားများအတွက် အသင်းပြောင်းသည်မှာ ပုံမှန်ဖြစ်သော်လည်း ယခုဖြစ်စဉ်မှာမူ ပုံမှန် မဟုတ်တော့ချေ။ သူတို့သည် နိုင်ငံတကာ ထိပ်တန်း အားကစားသမားများ ဖြစ်ကြသည်။ ထို့အပြင် ၎င်းတို့သည် အသင်းပြောင်းရွှေ့ခြင်းများ မပြုလုပ်ခဲ့ကြချေ။ နည်းပြသာ ပြောင်းချင်ကြခြင်း ဖြစ်သည်။
ယခုခေတ်တွင် အားကစားသမားများ၏ အဆင့်အတန်းသည် အနာဂါတ်ကဲ့သို့ မမြင့်မားကြသေးချေ။ မာမျိုးနွယ်အုပ်စု အား ကြည့်နိုင်ပေသည်။ နည်းပြမာသည် ဆုတံဆိပ်ရ အားကစားသမားများထက် ပိုကျော်ကြားပေသည်။ အားကစားသမားများ ဆုတံဆိပ်ရစဉ် နည်းပြ၏ ဂုဏ်ဖြစ်ကြောင်း အားလုံး ပြောဆိုကြပေသည်။ သင်သည် မည်မျှပင် ကြိုးစားစေကာမူ ကျန်အားကသမားများ အလုပ်မဖြစ်နိုင်ချေ။ သင် အဘယ့်ကြောင့် ဆုတံဆိပ် ရခဲ့သနည်း။
ထို့အပြင် အားကစားလောကရှိ နည်းပြများသည် ဂုဏ်သိက္ခာ ကြီးမားပေသည်။ ရှေ့ခေတ်က ဆရာများ၏ အဆင့်အတန်းထက်ပင် ပိုမို၍ ဂုဏ်သတင်း ကျော်ကြားကြသည်။ ဤသည်မှာ အားကစားသမားများ ကြော်ငြာရာတွင် ကမ်းလှမ်းမှုများနှင့် သရုပ်ဆောင်ရန် ထောက်ခံချက် မရရှိခြင်း အကြောင်းအရင်း ဖြစ်ပြီး နည်းပြမာသည် ထုတ်ကုန်တစ်ခုအား ထောက်ခံရန် ယွမ်သန်းချီ ကမ်းလှမ်းချက်များ ရရှိနိုင်ပေသည်။
တမှန်တကယ် နည်းပြမာနှင့် မာမျိုးနွယ်အုပ်စုသည် အားကစားသမားများအကြား အကွဲအပြဲများသည် ရှေးယခင် ကတည်းက စတင်ခဲ့ခြင်းဖြစ်သည်။ အားကစားသမား တစ်ယောက် အောင်မြင်ရန် အရည်အချင်း၊ လေ့ကျင့်မှုနှင့် သူတို့၏ ကြိုးစားအားထုတ်မှုများ အလွန်အရေးကြီးပေသည်။ သို့ရာတွင် အရေးအကြီးဆုံးမှာ အားကစား သမားများ၏ အရည်အချင်းပင် ဖြစ်တော့သည်။
လေ့ကျင့်မှုနှင့် ကြိုးစားအားထုတ်မှုသည် အားကစားသမားတစ်ဦး၏ အခြေခံအချက်များကို ဆုံးဖြတ်ပေးမည် ဖြစ်ပေသည်။ သို့ရာတွင် အရည်အချင်းက အားကစားသမား ဖြစ်မဖြစ် ဆုံးဖြတ်ပေး ပေလိမ့်မည်။ တရုတ်နိုင်ငံ၏ အလယ်အလတ်နှင့် တာဝေးအပြေးပြိုင်ပွဲ အကောင်းဆုံး အားကစားသမားများ အားလုံးသည် မာမျိုးနွယ်အုပ်စု တွင် ရှိကြသည်။
နည်းပြမာ၏ ပြောကြားချက်သည် သမင်ခြေလှမ်း ပြေးနည်းစနစ်ကို တီထွင်ဖန်တီးခဲ့ခြင်းဖြစ်ပြီး ဤသည်မှာလည်း အနောက်တိုင်း အားကစားသမားများ၏ ပြိုင်ပွဲ ပြေးဟန်များကို တုပထားခြင်းသာ ဖြစ်ပေသည်။ သူသည် နည်းပညာ အမည်ကိုပြောင်းလဲခဲ့သည် သူကိုယ်တိုင် တီထွင်ထားသည်ဟု ပြောဆိုထားသည်။ အမှန်တကယ်တွင် တူညီသော အခြေခံ စနစ်များပင် ဖြစ်ပေသည်။ နည်းပြမာ မည်သို့ဆိုစေကာမူ အခြားနည်ပြများ သိနေသည်သာပင်။ ထို့ကြောင့် အားကစားသမားများသည် နည်းပြအသစ် ပြောင်းရန် စိတ်မကူကြချေ။
ဤသတင်းထွက်လာချိန်တွင် ရုတ်ရုတ်သဲသဲ ဖြစ်သွားပေသည်။ ကမ္ဘာ့ဖလား ပြိုင်ပွဲ နည်းနေပြီ မဟုတ်ပေလော။ အားကစားသမားများ ဖလားပြိုင်ပွဲသို့ ထွက်ခွာလုနီးချိန်တွင်မှ အဘယ့်ကြောင့် ဤသို့ဖြစ်ရသနည်း။
တဖန် သတင်းထောက်များသည် မာမျိုးနွယ်အုပ်စု လေ့ကျင့်ရေးကွင်း၌ စုဝေးခဲ့ကြသည်။ ဖုန်းယွီသည် သတင်းတွင် နည်းပြမာ၏ မည်းမှောင်နေသော မျက်နှာ မြင်လိုက်ရသေးသည်။ သတင်းထောက်များ မေးသည့် မေးခွန်း တော်တော်များများကို နည်းပြမာ ပြန်လည်ဖြေကြားခြင်းမရှိဘဲ ပြန်ထွက်သွားတော့သည်။
အခြားသူများ မသိနိုင်သော်လည်း ဤအားကစားသမားများသည် ယခုနှစ် ဖလားပြိုင်ပွဲ၊ နိုင်ငံတကာပွဲနှင့် (၁၉၉၆) အိုလံပစ် အားကစားပြိုင်ပွဲများတွင်ပင် ရလဒ်ကောင်းများ ရှိလိမ့်မည်ဖြစ်ကြောင်း ဖုန်းယွီ သိရှိထားပေသည်။
ဖုန်းယွီ ယခင်ဘဝတွင် ထုတ်ကုန်အသစ်တစ်ခု ထောက်ခံရန် အားကစားသမား တစ်ဦး ငှားရမ်းခသည် ရုပ်ရှင် သရုပ်ဆောင်များထက် ပို၍ ဈေးကြီးပေသည်။ ယောင်မင်၊ လျိုရှင်းကဲ့သို့ အားကစားသမားများ ကျော်ကြားနေသရွေ့ ၎င်းတို့အတွက် ကုန်ကျစရိတ် ငွေကြေး အလွန်များပေသည်။ ယောင်မင်နှင့် လျိုရှန်း မှလွဲ၍ အခြား အားကစားသမားများ ထောက်ခံထားသော ထုတ်ကုန်များသည် အောင်မြင်မှု မမြင့်မားကြချေ။
ဖုန်းယွီက သူ့မေ့ကို ပွတ်ရင်း ဤအားကစားသမားတွေကို လက်မှတ်ရေးထိုးရန် တွေးလိုက်သည်။ (၅)နှစ်အတွက် ထောက်ခံမှု စာချုပ်သည် အားကစားသမား တစ်ဦးစီအတွက် ယွမ်(၅)သိန်းပင် မကုန်ကျဘဲ လွှမ်းမိုးနိုင်မှုမှာ ထိုငွေတန်ဘိုးထက် ပိုမို တန်ဘိုးရှိလှသည်။ ဖုန်းယွီအနေဖြင့် ၎င်းတို့ကို ပြည်ပဈေးကွက်သို့ ဝင်ရောက်ရန်ပင် အသုံးချနိုင်သေးသည်။
ဤအကြောင်း တွေးကြည့်လေလေ တန်ဖိုးရှိလေလေဟု ဖုန်းယွီခံစားရလေသည်။ သူသည် ရှန့်ယွမ်သို့ ချက်ချင်း သွားလိုက်တော့သည်။ သူသည် ဝမ်ကျွင့်ရှန် နှင့် ကျန်အားကစားသမားများကို ကိုယ်တိုင်ကိုယ်ကျ စကားပြောလိုပေသည်။ တစ်ချိန်တည်းတွင်ပင် ထိုနေရာ၌ ဖြစ်ပျက်ခဲ့သော အဖြစ်အပျက်များ ကြည့်ချင်သေးသည်။
ဝမ်ကျွင့်ရှန်နှင့် ကျန်အားကစားသမားများသည် နည်းပြမာကို မကျေမနပ်ဖြစ်ရသည့် အကြောင်းအရင်းမှာ နည်းပြမာက သူတို့ကို အခြေခံလစာများသာ ပေးထား၍ ဖြစ်သည်။ သူတို့၏ ထောက်ပံ့ကြေး၊ ဆုငွေနှင့် ဆုတံဆိပ်များကို နည်းပြမာ ထိန်းချုပ်ထားခြင်း ဖြစ်သည်။ သူတို့အနေဖြင့် ဆုတံဆိပ် တစ်စုံတရာမှ မရခဲ့ကြချေ။
ထို့အပြင် နည်းပြမာသည် ကုမ္ပဏီများအတွက် ထောက်ခံချက်ယူရန် ခွင့်ပြုမထားကြချေ။ သို့ရာတွင် နည်းပြမာကိုယ်တိုင်မှာမူ ထောက်ခံချက်များကို ဈေးနှုန်း ကြီးကြီးမားမားဖြင့် ရယူပေတော့မည် ဖြစ်သည်။
အဆိုပါ အားကစားသမား အားလုံးကို နည်းပြမာအနေဖြင့် အစောပိုင်းတွင် သင်ကြားပေးခဲ့ခြင်း မရှိချေ။ ၎င်းတို့သည် အားကစားလောကကို စတင်နိုင်သည်နှင့် နည်းပြမာ လက်အောက် ကျရောက်သွားတော့သည်။ ဥပမာအနေဖြင့် ဝမ်ကျွင့်ရှန်သည် (၁၉၉၁) နိုင်ငံတရာပြိုင်ပွဲတွင် ရလဒ်ကောင်းများ ပြသခဲ့ပြီးနောက် နည်းပြမာ လက်အောက်သို့ ရွှေ့ပြောင်းခံလိုက်ရခြင်းဖြစ်သည်။ ထိုအချိန်တွင် ဝမ်ကျွင့်ရှန်က သူ၏ နည်းပြဟောင်း နည်းပြဝမ်ကို ပိုမို ကြိုက်နှစ်သက်ပေသည်။ နည်းပြဝမ်သည် သူ့အား ပိုမိုကောင်းမွန်စွား ဆက်ဆံသည်ဟု ခံစားရ၍ ဖြစ်သည်။
အားကစား သမားများ၏ အမြင်တွင် နည်းပြမာ ဆိုသည်မှာ ရိုင်းစိုင်းသူ၊ ခေါင်းမာသူ၊ အလွန်အကျွံလောဘကြီးသူ ဖြစ်သည်။ သူတို့အားလုံး နည်းပြကို မကြိုက်ကြချေ။်ကျန်းမာရေးထုတ်ကုန် အရှုတ်တော်ပုံ အပြီးတွင် အားကစားသမားများသည် ၎င်းတို့၏ ကြိုုးစား အားထုတ်မှု အားလုံးကို နည်းပြမာ စကားတစ်ခွန်းဖြင့် ပယ်ဖျက်လိုက်ကြောင်း သိလိုက်ရသည်။
“သူတို့အားလုံး တရုတ်လိပ်ဆီ သောက်ထားလို့ ရလဒ်ကောင်းတွေ ရခဲ့တာပါ..”
နည်းပြမာက ပိုက်ဆံအကုန်ရထားပြီး သူတို့အနေဖြင့် တစ်ပြားတစ်ချမှ မရခဲ့ချေ။ သူတို့၏ ကြိုးစားအားထုတ်၊ အောင်မြင်မှုများကို ပလပ်လိုက်ခြင်း ဖြစ်တော့သည်။ အားကစားသမား အားလုံးသည် ထိုသို့သော နည်းပြတစ်ဦးနှင့် ဆက်နေရန် ကြောင်းမရှိဟု ခံစားခဲ့ရသည်။
အားကစားသမား အားလုံး နည်းပြမာနှင့် စကားပြောရန် စုဝေးကြသည့်အခါ သူတို့ကို ကြိမ်းမောင်း ခဲ့သေးသည်။ နည်းပြမာက သူတို့ ဤနေရာအထိ ရောက်ခဲ့ရသည်မှာ အားလုံး သူ့ကြောင့်ဟုပင် ပြောခဲ့သေးသည်။
တရုတ်လိပ်ဆီနှင့် အသက်စွမ်းအင် ကို တချိန်လုံး သောက်သုံးနေကြကြောင်း သတင်းမီဒီယာများကို ပြောစေချင်နေသည်။ ဤထုတ်ကုန်များ၏ ပြဿနာသည် ထုတ်လုပ်သူများနှင့် သက်ဆိုင်ပြီး မာမျိုးနွယ်အုပ်စုနှင့် မည်သို့မှ မဆိုင်ကြောင်းဖြစ်သည်။ ထို့အပြင် ကမ္ဘာ့ဖလားပြိုင်ပွဲ ချီးမြှင့်ငွေမှာလည်း ပုံမှန်အတိုင်းသာ ဖြစ်သည်။ ဆုငွေအားလုံးကို နည်းပြမာနှင့် လေ့ကျင့်ရေး စခန်းသို့သာ ပေးအပ်ရမည်ဖြစ်သည်။
နည်းပြမာတွင် ရွေးချယ်စရာ မရှိတော့ချေ။ သူ့တွင် ငွေကြေး မရှိတော့ချေ။ ဘဏ်ချေးငွေ မရရှိပါက လေ့ကျင့်ရေး စခန်းများ ပိတ်သိမ်းသွားရပေလိမ့်မည်။ သူသည် တစ်ကြိမ်လျှင် ယွမ်(၁၀)သန်း ထုတ်ခဲ့သဖြင့် အကြွေးတင်နေပြီ ဖြစ်သည်။
နည်းပြမာသည် သူ၏ မာမျိုးနွယ်အုပ်စု တွင် ကမ္ဘာ့ဖလား ရလဒ်ကောင်းများ ရှိလိမ့်မည်ဟု လူထုအမြင် ပြောင်းလဲမှု မျှော်လင့်နေမိသည်။ ဤသို့ဖြင့် သူ၏ လိုအပ်ချက်များ ဖြည့်၍ ဆက်လက် ငွေရှာနိုင်မည် ဖြစ်ပေသည်။
သို့ရာတွင် အားကစားသမားများက ငြင်းဆိုခဲ့ကြသည်။ သူဒုက္ခရောက်ချိန်၌ မည်သည့်အတွက် ကူညီရမည်နည်း။ အမျိုးသား၊ အမျိုးသမီး အသင်းများမှ ထိပ်တန်း အားကစားသမားများသည် မာမျိုးနွယ်အုပ်စုမှ ထွက်ခွာလိုကြောင်း ကြေငြာခဲ့ပြီး ကျန်အားကစား သမားလည်း ပါဝင်ခဲ့ပေသည်။ နည်းပြမာအနေဖြင့် မတားဆီးနိုင်တော့ချေ။
ကမ္ဘာ့ဖလား ပြိုင်ပွဲတါင် တစ်နိုင်ငံလုံးက သူ့တို့၏ စွမ်းဆောင်ရည်ကို မျှော်လင့်နေကြကြောင်း အားကစား သမားများ သိရှိကြပြီး နည်းပြ အပြောင်းအလဲ လုပ်လိုသည့်အတွက် အထက်လူကြီးများအနေဖြင့် အပြစ်ပေးလိမ့်မည် မဟုတ်ချေ။ အားကစား သမားများသည် နည်းပြမာ အနေဖြင့် နည်းလမ်းဟောင်းကို ဆက်လက် ကျင့်သုံးနေပါက နည်းပြမာ၏ အထက်အကြီးအကဲများကို တင်ပြရလိမ့်မည်ဟု ဆုံးဖြတ်ခဲ့ကြသည်။ အားကစားသမားများအား ရိုက်နှက်ဆုံးမခြင်းအတါက် နည်းပြချုပ်အား သတင်းပို့ကြသည်။ သူတို့အား လိမ်ညာ ခိုင်းပြီး အမည်မသိဆေးများ စားခိုင်သည့်အတွင် သတင်းပို့ကြသည်။
ဖုန်းယွီ ယခင်ဘဝက မာမျိုးနွယ်အုပ်စုကို နောက်နှစ်တွင် ဖျက်သိမ်းခဲ့ကြောင်း မှတ်မိနေပေသည်။ အာရှ အားကစားပြိုင်ပွဲ မတိုင်မှီ အချိန် ဖြစ်လောက်သည်။ မီဒီယာများမှလည်း ၎င်းတို့အပေါ် အာရုံစိုက်မှု ပိုများလာတော့သည်။ ထိုအချိန်တွင် လူတိုင်းသည် ဝမ်ကျွင့်ရှန်နှင့် ကျန်လူများသည် နည်းပြမာကို ကျေးဇူးကန်းကြသည်ဟု ထင်နေကြသည်။ အားကစားသမားများ ဘက်မှလည်း ထိုသို့ မဟုတ်ချေ။ ဝမ်ကျွင့်ရှန်သည် (၁၉၉၆)အိုလံပစ် အားကစားပြိုင်ပွဲတွင် အနိုင်ရသည်အထိ ကောင်းမွန်လာခဲ့သည်။
ဖုန်းယွီသည် အားကစားသမားများ၏ ဆက်ဆံပုံနှင့် ပတ်သက်၍ သိရှိလာသောအခါ မမျှတကြောင်း ခံစားခဲ့ရသည်။ နည်းပြသည် အားကစားသမားများ၏ စွမ်းဆောင်ရည်အတွက် အဘယ့်ကြောင့် ဂုဏ်ယူရမည်နည်း။ နည်းပြမာသည် အဘယ့်ကြောင့် အားကစားသမားများ၏ ဆုငွေကို ရယူသင့်သနည်း။ ကမ်းခြေတွင် လေ့ကျင့်ရေး စခန်းတည်ဆောက်ရန် မည်သူ့ငွေများ သုံးခဲ့သနည်း။ အဘယ့်ကြောင့် နည်းပြမာ ပိုင်ဆိုင်ခဲ့သနည်း။
ဖုန်းယွီတွင် စိတ်ရှုတ်စရာ တစ်ခုရှိနေသည်။ သူ၏ ယခင်ဘဝတွင် ဤကိစ္စများကို ဦးစွာတင်ပြခဲ့သူမှာ အမျိုးသား အားကစားသမား တစ်ဦးဖြစ်ကြောင်း သတိရမိသည်။ ယခုတစ်ကြိမ်တွင်မူ နည်းပြမာလက်အောက်မှ ပထမဆုံး နှုတ်ထွက်ကြောင်း ကြေငြာသူမှာ ဝမ်ကျွင့်ရှန် ဖြစ်နေသည်။
ထို့အပြင် နည်းပြမာသည် ဖုန်းယွီ၏ ယခင်ဘဝတွင် မာမျိုးနွယ်အုပ်စု ပြိုကွဲရခြင်း အကြောင်းအရင်း ဖြစ်သည်။ ယခုယဝတွင်မူ ကျန်းမာရေးထုတ်ကုန် အရှုတ်တော်ပုံကြောင့် ဖြစ်ခဲ့ရသည်။ သူ့ကြောင့် မာမျိုးနွယ်အုပ်စု ပြိုကွဲသွားရခြင်းဖြစ်ကြောင်း ဖုန်းယွီသဘောပေါက်ခဲ့တော့သည်။
-------*****--------
ဘာသာပြန်သူ . (NTP)