← Chapters

လေ့ကျင့်ရေးကွင်းများ ပံ့ပိုးကူညီသူအမည်

Vol. 34 Ch. 499

လေ့ကျင့်ရေးကွင်းများ ပံ့ပိုးကူညီသူအမည်

Vol. 34 Ch. 499

ဖုန်းယွီ ရှန်းယွဲ့ရှိ ဖြန့်ဖြူးသူနှင့်အတူ လေ့ကျင့်ရေးကွင်းသို့ ရောက်ရှိလာပြီး ၎င်း၏ လာရောက်လည်ပတ်သည့် ရည်ရွယ်ချက်ကို ပြောပြလိုက်သည်။

“မင်း ငါတို့ လေ့ကျင့်ရေးကွင်းကို ထောက်ပံ့ကူညီချင်တာလား.. မင်းကရော ငါတို့ အားကစားသမားတွေဆီက ထုတ်ကုန် ထောက်ခံချက် လိုချင်နေတာလား..”

တာဝန်ခံ ဖုန်းယွီကို အထူးအဆန်းသဖွယ် ကြည့်နေသည်။

ဤအချိန်တွင် အားကစားသမားများသည် ကျန်းမာရေး ထုတ်ကုန် အရှုတ်တော်ပုံကြောင့် ထိခိုက်ခံရပြီး လွန်စွာ နိမ့်ပါးသည့် အနေအထား ရောက်နေပေသည်။ ယခုအချိန်တွင် ဖုန်းယွီ၏ ထုတ်ကုန်များအတွက် ပြောရေးဆိုခွင့်ရှိသူ အဖြစ် ၎င်းတို့အား ငှားရမ်းခြင်းသည့် ကောင်းမွန်သည့် သဘောတူညီချက် ဖြစ်ပြီး အားကစားသမားများ၏ ပုံရိပ် ပြောင်းလဲနိုင်စေသည်။

အရေးအကြီးဆုံးမှာ လာမည့် ကမ္ဘာ့ဖလား ပြိုင်ပွဲအပြီး၌ ၎င်းတို့အမည်ကျော်ကြားမှုနှင့် နာမည်ဂုဏ်သတင်း ပြန်လည်ရရှိလာပေလိမ့်မည်။ ဖုန်းယွီအနေဖြင့် လက်ရှိအခြေအနေမှ အမြတ်ထုတ်နိုင်ပေလိမ့်မည်။ နည်းပြမာ အတွက်ကိုမူ ဖုန်းယွီ လုံးဝ စိတ်မဝင်စားချေ။

ဖုန်းယွီဘက်မှ ကြည့်လျှင် နည်းပြမာသည် တရုတ်လိပ်ဆီ အရှုတ်အထွေး ဖန်တီးခဲ့သူများထဲမှ တစ်ယောက်ဖြစ်ပြီး လူကောင်းတစ်ယောက် မဖြစ်နိုင်ချေ။

“အမှန်ပဲ.. ကျန်းပါရေးထုတ်ကုန် အရှုတ်အထွေးက ငါတို့ အားကစားသမားတွေကို အပြစ်မရှိဘဲနဲ့ အများကြီး ထိခိုက်စေတယ်လို့ ခံစားရတယ်. အဲ့ဒါကြောင့် သူတို့အတွက် အကူအညီပေးဖို့ တစ်စိတ်တဒေသက ပါဝင်ချင်ပါတယ်..”

“ဒါဆို ဘယ်လို အားကစားသမားကို ရှာနေလဲ.. ပြီးတော့ ငါတို့ လေ့ကျင့်ရေးကွင်းကိုရော ဘယ်လို ထောက်ပံ့ပေးမှာလဲ..”

အကြီးအကဲထျန်း ဝမ်းသာ သွားမိသည်။ အားကစားသမားများ၏ ဂုဏ်သတင်း ညှိုးနွမ်းသွားကြောင်း ထိုလူငယ်သိထားပြီး ၎င်းတို့အား ထုတ်ကုန်များအတွက် ပြောရေးဆိုခွင့် ရှိသူအဖြစ် ခန့်အပ်ဝံ့နေသေးသူ ဖြစ်ကြောင်း တွေ့လိုက်ရသည်။ ထိသူသည် အားကစားသမားများကို ရိုးသားစွား ကူညီချင်ပုံရပေသည်။

“ဒီလေ့ကျင့်ရေးကွင်းရဲ့ အဆောက်အဦးတွေက ခေတ်နောက်ကျနေပြီ.. ခင်ဗျား ဘာတွေလိုလဲဆိုတာ ပြောပါ.. ကျုပ်အကူအညီပေးမယ်.. ပြီးတော့ ကျုပ်ညီကက အဆင့်မြင့် ရောဂါရှာဖွေရေး ပစ္စည်းကိရိယာအစုံနဲ့ ဆေးရုံ ပိုင်ထားတယ်လေ။ အားကစားသမားတွေမှာ ဒဏ်ရာအသေးအမွှားလေးတွေကမစ သိနိုင်တာပေါ့.. လေ့ကျင့်ရေးကွင်း တစ်ခုလုံးကို ပြန်ဆောက်ပြီး ပြုပြင်ရင် ဘယ်လောက် ကုန်နိုင်လဲ..”

ခေါင်းဆောင် ထျန်း အံ့ဩလွန်း၍ မူးမေ့မတတ်ပင်။ ဖုန်းယွီ၏ ပံ့ပိုးမှု ဤမျှလောက် ကြီးမည် မမျှော်လင့်ထားချေ။

“လေ့ကျင့်ရေးကွင်း ပြန်ဆောက်ဖို့နဲ့ ပြုပြင်ဖို့တွေ၊ အဆောက်အဦး အသစ် ထပ်ထည့်မှာတွေနဲ့ဆို ယွမ်(၁)သန်း လောက် ကုန်လိမ့်မယ်… တစ်ချို့နေရာတွေ နည်းနည်း ချွေတာလိုက်မယ်ဆို ယွမ် (၇)သိန်း၊ (၈)သိန်းလောက် ကုန်လိမ့်မယ်..”

အကြီးအကဲထျန်း ဖုန်းယွီ၏ မျက်နှာရိပ်မျက်နှာကဲ ကြည့်၍ (၁)သန်း ပြောလိုက်ခြင်းဖြစ်သည်။

“(၁)သန်းလား.. ကျုပ်ကို ချွေတာဖို့ အကြောင်း လာမပြောနဲ့.. ကျုပ် ခင်ဗျားကို (၂)သန်း ပေးမယ်.. အားကစားသမားများရဲ့ အိပ်ဆောင်က ဒီထက် ပိုကျယ်သင့်တယ်.. သူတို့ရဲ့ အခန်းက အရမ်းကျဉ်းလွန်းတယ်.. အဆောင် တစ်ခန်းမှာ အားကစားသမား ဘယ်နှစ်ယောက်လောက် နေလဲ..”

“အဆောင် တစ်ခန်းမှာ (၈)ယောက်..”

တခန်း (၈)ယောက်။ ယခုအချိန်အထိ ဒီစံနှုန်းအတိုင်းပဲလား။ ဤသည်မှာ ဆုတံဆိပ်ရှင်များကို ဆက်ဆံသည့် နည်းလမ်းပေလော။

“နှစ်ယောက် (၁)ခန်းတွေ ပြောင်းလိုက်ပါ.. အိပ်ဆောင်တိုင်းမှာ ရေချိုးခန်းတွေ ပါသင့်တယ်.. ပြီးတော့ အခန်းတွေမှာ ရုပ်မြင်သံကြားလိုမျိုး အိမ်အသုံးအဆောင် ပစ္စည်းတွေ ထားပေးသင့်တယ်.. အားလုံးဆို ဘယ်လောက်ထိ ကုန်ကျနိုင်လဲ တွက်ကြည့်ပါအုံး..”

ခေါင်းဆောင် ထျန်း ဖုန်းယွီ၏ ရက်ရောမှုကြောင့် မိန်းမောသွားမိသည်။ ထိုလူ အလွန်ချမ်းသာပေ၏။ ယွမ် သန်းဂဏန်းသည် သူ့အတွက် တစ်သက်တာ ရရှိနိုင်မည့် ပမာဏ မဟုတ်ချေ။

“(၃)သန်း လောက်…..”

အကြီးအကဲထျန်း နည်းငယ် ပိုပြောလိုက်သည်။ အမှန်တကယ် အိပ်ဆောင်များသည် တစ်ထပ် အိပ်ဆောင်များ ဖြစ်သည်။ သူတို့ကိုယ်တိုင် ရန်ပုံငွေရှာမည် ဆိုပါက တစ်ထပ်အိမ် သာ ဆောက်နိုင်ပေလိမ့်မည်။ သို့ရာတွင် ထောက်ပံ့ကူညီသူရှိသည့်အတွက် လိုချင်သည့် အဆောက်အဦး ရအောင် တည်ဆောက်မည်သာပင်။ အခန်းများတွင် အိမ်အသုံးအဆောင် ပစ္စည်းများနှင့် ရေချိုးခန်းများ ပါဝင်မည် ဖြစ်သောကြောင့် ကုန်ကျစရိတ်မှာ ပိုကုန်ကျမည် ဖြစ်သည်။

“ကောင်းပြီ.. လောလောဆယ် (၃)သန်း ပေးမယ်.. အဲ့ဒါမှ မလုံလောက်ရင် နောက်မှ ထပ်ဆွေးနွေးလို့ရတယ်.. တခြားနေရာတွေမှာ ငွေလိုတာ ရှိသေးလား.. ကျုပ်ကို ပြောလို့ရတယ်..”

အကြီးအကဲထျန်း ဖုန်းယွီအား တိုးတက်မှုအတွက် အချို့နေရာများတွင် ငွေကြေးလိုအပ်မှုများ ပြောပြလိုက်သည်။ ဖုန်းယွီ ထိုသို့ ပြောသမျှ ထောက်ပံ့ပေးရန် သဘောတူလိုက်သည်။ သန်းနှင့်ချီ သုံးစွဲထားပြီး ဖြစ်၍ နောက်ထပ် သိန်းဂဏန်းအား ထည့်တွက် နေမည် မဟုတ်ချေ။

အကြီးအကဲထျန်း ၎င်း၏ အထက်အရာရှိများထံ ယခုထောက်ပံ့ကူညီမှုကို အစီရင်ခံပြီးနောက် ဖုန်းယွီ အပြုံးဖြင့်..

“ကျုပ်အနေနဲ့ ဒီလေ့ကျင့်ရေးကွင်းကို နာမည်ပေးပိုင်ခွင့် ရှိလား..”

အကြီးအကဲထျန်း အံ့အားသင့်ကာ..

“ဘယ်လို နာမည်ပေးပိုင်ခွင့်ကို ပြောတာလဲ..”

“ဒီလေ့ကျင့်ရေးကွင်းမှာ နာမည်ပေးပိုင်ခွင့်ရှိတယ်.. နောက်ဆို ဒီလေ့ကျင့်ရေးကွင်းကို လေနဲ့မိုး လေ့ကျင့်ရေးကွင်း လို့ နာမည်ပြောင်းလိုက်မယ်.. နောက်နောင် အမြဲတမ်း အဲ့နာမည်ပဲ ဖြစ်သွားမှာပေါ့..”

“မန်နေဂျာဖုန်း.. ဒီအခြေအနေကို ဘယ်သူက သဘောတူမှာလဲ..”

“အာ.. ကျုပ်အနေနဲ့ ဒီလေ့ကျင့်ရေးကွင်းကို နာမည်ပေးပိုင်လို့ မရဘူးပေါ့.. ဒါဆို ကျုပ်က သန့်နဲ့ချီတဲ့ ငွေတွေ ဘာလို့ ထောက်ပံ့ရမှာလဲ..”

ဖုန်းယွီ အကြီးအကဲထျန်းအား ကြည့်လိုက်မိတော့သည်။ ခေါင်းဆောင် ထျန်းသည်လည်း ဘာပြောရမှန်း မသိတော့ချေ။

ပြီးခဲ့သည့် အချိန်ပိုင်းလေးတွင်မှ အားကစားသမားများကို ကူညီရန် အုတ်တစ်ချပ် သဲတစ်ပွင့် ဖြစ်လိုသည် မဟုတ်ပေလော။

“မန်နေဂျာဖုန်း.. အမည်ပေးပိုင်ခွင့်ဆိုတာ နိုင်ငံတော်နဲ့ပဲ သက်ဆိုင်တယ်.. တခြား ဘယ်သူ နာမည်ပေးလို့ရမှာတုန်း”

“ဘာလို့ မဖြစ်နိုင်ရမှာလဲ.. တရုတ်နိုင်ငံမှာကိုပဲ လူတစ်ယောက်နာမည်နဲ့ ခရိုင်တွေမှ အများကြီးပဲ.. လေ့ကျင့်ရေး ကွင်းက ဘာလို့ မဖြစ်နိုင်ရမှာလဲ..”

“အဲ့ဒါ ဘာလို့လဲဆိုတော့ အဲ့ဒေသအတွက် အလှူငွေ ကြီးကြီးမားမား လုပ်ထားကြလို့လေ..”

“ကျုပ်က လေ့ကျင့်ရေးကွင်းအတွက် ကြီကြီးမားမား ထောက်ပံ့ပေးနေတာလေ.. အခု ငွေပမာဏတစ်ခု ထုတ်ပေးဖို့ အထက်အရာရှိတွေဆိက မင်းရလို့လား.. လေ့ကျင့်ရေးကွင်းအတွက် ပြည်နယ်အစိုးရက ထောက်ပံ့လို့လား.. အခုဆို သူတို့ ရန်ပုံငွေအားလုံး ရပ်ပစ်လိုက်လို့ရပြီ.. ဒီလေ့ကျင့်ရေးကွင်းအတွက် ကျုပ်က ရန်ပုံငွေ ထောက်ပံ့နိုင်တယ်.. အခုလေးတင် တွက်ကြည့်လိုက်တာ ယွမ်(၄)သန်းတောင် နည်းနည်း ပိုနေလိမ့်အုံးမယ်.. ကျုပ်အနေနဲ့ ရန်ပုံငွေ စုစုပေါင်း (၅)သန်း ထောက်ပံ့နိုင်တယ်.. အမည်ပေးပိုင်ခွင့်လေးတော့ တောင်းသင့်တယ် မို့လား..”

အကြီးအကဲထျန်း အံ့ဩသွားသည်။ ဖုန်းယွီသည် အစပိုင်း နာမည်ပေးခြင်းနှင့် အခြားအခွင့်အရေးဆိုင်ရာ တစ်စုံတရာ ပြောထားခြင်းမရှိသည့် အနေအထားကို အထက်အကြီးအကဲများထံ တင်ပြထားခဲ့သည်။ ယခုမှ ဤအစီအစဉ် မအောင်မြင်ဟု သွားပြောပါက ဝိုင်းထောင်းကြပေတော့မည်။

“မန်နေဂျာဖုန်း… ဒီလို နာမည်ပေးပိုင်ခွင့်နဲ့ ပတ်သက်ပြီး အထက်အကြီးအကဲတွေကို သတင်းပို့မှရမယ်.. ပြည်နယ် အစိုးရရဲ့ ခွင့်ပြုချက်လိုတယ်..”

ဖုန်းယွီ ဖုန်းကို ညွှန်ပြရင်း..

“ဒါဆို မင်းအကြီးအကဲတွေကို သတင်းပို့လိုက်ပေါ့.. ကျုပ်စောင့်နိုင်ပါတယ်..”

အမှန်တကယ်တွင် ဖုန်းယွီ ထပ်မစောင့်ချင်တော့ချေ။ ဤနေရာတွင် လေ့ကျင့်ရေးကွင်း အမည်ပြောင်းခြင်းအား လက်စသတ်ချင်နေသည်။ အားကစားသမားများ၏ မေးမြန်းခန်းများတွင် နေနှင့်မိုး လေ့ကျင့်ရေးကွင်းများ ရှိစေချင်သည်။

အကြီးအကဲထျန်း အံကြိတ်၍ ဤကိစ္စ သတင်းပို့ရန် ဖုန်းခေါ်လိုက်တော့သည်။ သူ့အထက်အကြီးအကဲအား အခြေအနေရှင်းပြပြီး ဖုန်းလက်ခံပြောသူမှ အော်ဟစ် ကြိမ်းမောင်းသံ ကြားလိုက်ရသည်။ ထိုအကြီးအကဲကလဲ အထက်အဆင့်ဆင့်အား သတင်းပို့ပြီး ဖြစ်နေပေပြီ။

ဤထောက်ပံ့မှုသတင်းသည် အထက်အဆင့်ဆင့်ထံ ရောက်သွားချိန်၌ ဖုန်းယွီ လက်ဖက်ရည်တစ်ခွက် အရသာခံ သောက်ရင်း ခြေချိတ်ထိုင်နေတော့သည်။ လျောင်ပြည်နယ်၏ ဖြန့်ဖြူးသူသည် အသံတိတ်နေပြီး အားလုံးကို စောင့်ကြည့်နေသည်။ စိတ်ထဲတွင်လည်း တွေးနေမိသည်။ မန်နေဂျာဖုန်းအနေဖြင့် ဤလေ့ကျင့်ရေးကွင်းအား ထောက်ပံ့ပေးရန် သိပ်မသင့်ဟု သူသိနေသည်။ အမည်ပေးခြင်း အခွင့်အရေးသည်သာ ရည်ရွယ်ချက် ဖြစ်ပေလိမ့်မည်။

အကြီးအကဲထျန်း ဤကိစ္စအား ညှိနှိုင်းမည်ဟု အထက်လူကြီးများ အကြောင်းပြန်သည့်အခါ အံ့အားသင့် သွားတော့သည်။

တရုတ် အားကစား အထွေထွေ အုပ်ချုပ်ရေးတွင် ရှေးယခင်ကတည်းက ၎င်းယူဆချက် ရှိနေပေသည်။ အချို့သော အားကစားကွင်းများနှင့် လေ့ကျင့်ရေး ကွင်းများတွင် ပံ့ပိုးကူညီသူများရှိသည့် အခြားနိုင်ငံများကို နမူနာယူလိုပေသည်။ ဤသည်က သူတို့၏ ဘဏ္ဍာရေး အခက်အခဲကို လျော့ချနိုင်မည် ဖြစ်ပြီး ထောက်ပံ့မှုနှင့် ပတ်သက်၍ အနှုတ်လက္ခဏာ သတင်းမရှိသရွေ့ အမှားအယွင်း ရှိမည် မဟုတ်ချေ။

အမှန်တကယ်တွင် ကုမ္ပဏီများမှ ထောက်ပံ့ပေးထားသည့် စားပွဲတင် တင်းနစ်ခန်းမများ တောင်ပိုင်းဒေသတွင် ရှိနေပြီးသားပင်။ ဤသည်မှာ နိုင်ငံခြား ကုမ္ပဏီများပင် ဖြစ်နေသေးသည်။ အကယ်၍ နိုင်ငံခြား ကုမ္ပဏီများသည် စားပွဲတင် တင်နစ် ခန်းမများတွင် အမည်ပေးခွင့်ရှိပါက တရုတ်အမှတ်တံဆိပ် ကုမ္ပဏီတစ်ခုမှ ဤလေ့ကျင့်ရေးကွင်းအား ထောက်ပံ့ပေးပါက အဘယ့်ကြောင့် အမည်ပေးခွင့် မပြုနိုင်ရမည်နည်း။

“မန်နေဂျာဖုန်း.. ငါတို့ ခေါင်းဆောင်က မင်းကို နေ့လည်စာ စားဖို့ ဖိတ်ခေါ်ထားတယ်.. ပြီးတော့ အမည်ပေးပိုင်ခွင့်လဲ တစ်ခါတည်း ဆွေးနွေးချင်တယ်တဲ့..”

“ပြဿနာမရှိဘူး.. နေ့လည်စာ စားရင်း ဆွေးနွေးကြတာပေါ့.. နေရာ စီစဉ်လိုက်မယ်လေ.. အစိုးရအပေါ် အခွင့်အရေး မယူပါဘူးလေ..”

လျောင်ခရိုင် ဖြန့်ဖြူးသူသည် စားသောက်ဆိုင်အတွက် စီစဉ်ပေးရန် အမြန်ထွက်သွားတော့သည်။ ဖုန်းယွီအနေဖြင့်မူ ယနေ့အတွက် နေ့လည်စာ စားရန် မလိုအပ်ချေ။

နေ့လည်စာ စားချိန်၌ ဖုန်းယွီသည် ဖြန့်ဖြူးသူအား အစိုးရအရာရှိများနှင့် များများစားသောက်ရန် တောင်းဆိုခဲ့ပြီး ထိုခေါင်းဆောင်က အမည်ပေးခြင်းနှင့် ထောက်ပံ့မှု ပြဿနာ ဖြေရှင်းပေးမည်ဟု ကတိပြုခဲ့သည်။ ယွမ်(၅)သန်း ထောက်ပံ့ကူညီမှုဖြင့် ဤပြဿနာ မဖြေရှင်းနိုင်ပါ အခြားနည်းလမ်း ရှိတော့မည် မဟုတ်ချေ။

ခေါင်းဆောင်က (၃)ရက်အတွင်း စာရွက်စာတမ်းနှင့် အတည်ပြအားလုံး ဖြေရှင်းပေးမည်ဖြစ်ကြောင်း ကတိပေးခဲ့ပြီး လေ့ကျင့်ရေးကွင်း ဝင်ပေါက်ရှိ ဆိုင်းဘုတ်ကို အစားထိုးနိုင်ပေလိမ့်မည်။ သို့ရာတွင် အမြဲတမ်း အမည်ပြောင်းရန်မူ မဖြစ်နိုင်ချေ။ အနည်းဆုံး နှစ်(၂၀)သာ ရှိပေလိမ့်မည်။

ဖုန်းယွီ၏ တွက်ချက်မှုအရ တစ်နှစ်အတွက် ယွမ်(၂)သိန်းခွဲ ဖြစ်သည်။ ဤသည်က များလွန်းနေ၏။

မကြာမှီ ဤလေ့ကျင့်ရေးကွင်းသည် တရုတ်မီဒီယာအားလုံးတွင် ပြသပေလိမ့်မည်။ CCTV တွင် ကြော်ငြာသည်ထက် ပိုကောင်းပေသည်။ ဖုန်းယွီအနေဖြင့် (၁၀)နှစ် ဆိုလျှင်ပင် သူ့ထောက်ပံ့မှု ထိုက်တန်သည်ဟု ခံစားနေရသည်။

ဖုန်းယွီအနေဖြင့် ခေါင်းဆောင်အား စကားကောင်းများ ရွေးချယ်ပြောနေသောလည်း စိတ်အတွင်း၌မူ ရယ်မောနေခဲ့မိသည်။ ယခု သူငွေကြေးမြောက်များစွာကို အရူးတစ်ယောက်လို သုံးနေသည် ထင်ရသေည်လည်း မကြာမှီ ဤသဘောတူညီချက်သည် ပိုကောင်းကြောင်း အခြားသူများ သိလာပေလိမ့်မည် ဖြစ်သည်။

-------*****--------

ဘာသာပြန်သူ . (NTP)

All Chapters