← Chapters

အသင်းထောက်ခံချက်

Vol. 34 Ch. 500

အသင်းထောက်ခံချက်

Vol. 34 Ch. 500

“အကြီးအကဲထျန်း ဒါမင်းအဖွဲ့စာရင်းနဲ့ လမ်းကြောင်းတွေလား..”

ဖုန်းယွီ အကြီးအကဲထျန်းပေးထားသည့် စာအုပ်ငယ်လေးအား ကြည့်လိုက်သည်။ ဤလေ့ကျင့်ရေးကွင်း တော်ညံ့နေသည်လော။ ဤစာအုပ်မှာ (၁၀)နှစ်ကျော်ကြာ သုံးလာသည့် ပုံပေါ်နေပေသည်။

“ဟုတ်တယ်. ဒါ ပြိုင်ပွဲဝင် အားကစားသမားတွေရဲ့ ရလဒ်ကို မှတ်တမ်းတင်ထားတာ.. မင်း အားကစားသမားတွေကို ဘယ်လောက်ပေးပြီး ဘယ်ထုတ်ကုန်တွေကို အားကစားသမားတွေ ထောက်ခံပေးရမလဲဆိုတာ ငါသိချင်တယ်..”

ပထမတော့ အကြီးအကဲထျန် အားကစားသမားတွေ ထောက်ခံချက်နဲ့ ပတ်သက်ပြီး သိပ်စိတ်မပူချေ။ ယွမ်(၈၀၀၀၀)မှ (၁)သိန်း ပတ်လည်ဟု ယူဆထားသည်။ အားကစားသမားများနှင့် နည်းပြများ ခွဲဝေပြီး လေ့ကျင့်ရေးကွင်းအတွက် သိပ်ကျန်တော့မည် မဟုတ်ချေ။

သို့ရာတွင် အကြီးအကဲထျန် သည် ဖုန်းယွီ၏ လေ့ကျင့်ရေး ကွင်းအမည်နှင့် ထောက်ပံ့ငွေ (၅)သန်း သုံးစွဲသည်ကို မြင်သည့်အခါ အားကစားသမားများအတွက် ထောက်ခံကြေး နည်းသည်ဟု ယူဆမိတော့သည်။ ဖုန်းယွီသည် ထိုအားကစားသမားများအား ထောက်ခံပေးလိုသည့် ထုတ်ကုန်ကိုလည်း အံ့ဩနေမိသည်။ အဝတ်အစား သို့တည်းမဟုတ် ဖိနပ်ပေလော။

“ဈေးဝါး..”

“ဘာကြီး.. ဆေးဝါး ဟုတ်လား..”

အကြီးအကဲထျန် ဖုန်းယွီကို ထိတ်လန့်စွာ ကြည့်လိုက်မိတော့သည်။ ကျန်းမာရေးထုတ်ကုန် အရှုတ်တော်ပုံ မပြီးသေးချေ။ ဤမန်နေဂျာဖုန်းက အားကစားသမားများအား ဆေးဝါးထုတ်ကုန်တွေ ထောက်ခံစေချင်သည်လော။

“မှန်တယ်.. တုတ်ကွေး၊ အစာအိမ်၊ ကျန်းမာရေး ဖြည့်စွက်စာ အဲ့ဒါတွေ အားလုံး ဆေးညွှန်းမဟုတ်တဲ့ ဆေးဝါးတွေ ပဲလေ.. အာ.. အားကစားသမားတွေလဲ ဆေးသောက်လို့ရတာပဲ..”

“အဲ့ဆေးတွေ ကြော်ငြာလို့ ရလို့လား..”

“ဘာလို့ မရ ရမှာလဲ.. ခေါင်းကိုက်တာ ဒါမှမဟုတ် ဖျားယုံနဲ့ ဆရာဝန်ဆီ သွားဖို့ လိုလို့လား.. အိမ်မှာ ဆေးမရှိလို့ အအေးမိတာမျိုး ကြုံဖူးတယ်မို့လား.. နောက်တစ်နေ့အထိ ချမ်းတုန် နေတာမျိုးလေ..”

“ကျုပ် ကြုံဖူးပါတယ်..”

“မှန်တယ်.. ဒါ့ကြောင့် ဒီလို ဆေးတွေ အိမ်တိုင်းမှာ အရေးကြီးပြီး ဆောင်ထားသင့်တယ်.. ဘယ်သူကရော မဖျားဘူးလို့လဲ.. အစားအသောက် အချိန်မှီမစားရင် အစာအိမ် ပြဿနာဖြစ်နိုင်မယ်.. အဲ့အတွက် ဆေးနည်းနည်း သောက်ယုံနဲ့ ပြန်ကောင်း လာမှာပဲလေ.. နာကျင်မှု ခံနိုင်လို့ဆိုပြီး ဆေးဆိုင်ကို ဘယ်သူ အာခံနိုင်လို့တုန်း… ငါတို့ ကြော်ငြာတွေက အဲ့လိုမျိုး မိသားစုတိုင်း ဂရုစိုက်ရမယ်ဆိုတာ လူတိုင်းကို အသိပေးဖို့ပဲ.. သူတို့ ခန္ဓာကိုယ်ကို ဗီတာမင်၊ သံဓာတ်၊ ကယ်လ်စီယမ်၊ စတာတွေနဲ့ ဖြည့်ပေးနိုင်တယ်.. ဒါ ဆေးရုံကို သွားတာထက် ပိုကောင်းမှာပဲလေ..”

ဖုန်းယွီ စတင်၍ ဦးနှောက်ဆေးကြောရေး စိတ်ပညာ စကားလုံးများ ထုတ်သုံးတော့သည်။

“ခက်တာက ဒီဆေးတွေကို ကြော်ငြာခွင့်ရှိလို့လား..”

“ဘာလို့ ခွင့်မပြုရမှာလဲ.. ရုပ်မြင်သံကြားမှာ အဲ့လိုမျိုးတွေ ရှိပြီးသားပဲလေ.. ဒါတွေကလည်း ကျန်းမာရေး ထုတ်ကုန်တွေမှ မဟုတ်တာ.. ကျန်းမာရေး ထုတ်ကုန်တွေသာ ကြော်ငြာခွင့် မပေးတာလေ.. ဆေးဝါးနှင့် စားသောက်ကုန်တွေနဲ့ ဘာမှကို မဆိုင်ဘူး.. ပြီးတော့ အားကစားသမားတွေရော မဖျားနာတော့ဘူးလား.. သူတို့ မဖျာရင်လဲ သူမိသားစုတွေ ဖျားနိုင်တာပဲလေ..”

အကြီးအကဲထျန် ခေါင်းကုန်လိုက်တော့သည်။ မန်နေဂျာဖုန်း၏ စကားများ အဓိပ္ပါယ် ရှိသလိုလိုပင်။

“မန်နေဂျာဖုန်း.. အားကစားသမားတွေ ထောက်ခံဖို့ တခြားထုတ်ကုန်တွေ မရှိဘူးလား..”

အကြီးအကဲထျန် မေးမိတော့သည်။ ဤအားကစားသမားများကို ဆေးဝါးများ ထောက်ခံခွင့်ပေးရန် ဆန္ဒမရှိသေးချေ။ နည်းပြမာသည် ထုတ်ကုန်အတု ထောက်ခံချက် ပေးမိသည့်အတွက် နာမည်ပျက်သွားသည်။ သူ့အတွက် ပြန်လည် အဖတ်ဆယ်ရန် အလွန်ခက်ခဲပေတော့မည်။ သို့ရာတွင် ကံကောင်း ထောက်မစွာဖြင့် ကြော်ငြာများကြောင့် အပြစ်တင်ခံရခြင်း တစ်ခုသာ ဖြစ်ခဲ့သည်။ ကျန် အားကစားသမားများ မပါဝင်ချေ။ အားကစား သမားများသည် ထုတ်ကုန်အနည်းငယ် ထောက်ခံမိပါက အတုများ ဖြစ်နေလျှင် ဇာတ်သိမ်းသွားပေလိမ့်မည်။

“ငါ့မှာ တခြား ထုတ်ကုန်တွေ ရှိတာပေါ့.. အားကစားသမားကိုလဲ ကြိုက်တယ်.. ဒါမှမဟုတ် အဲ့အားကစား သမားနဲ့ ထုတ်ကုန် သင့်တော်တယ်ထင်ရင် ထောက်ခံဖို့ အခါင့်အရေး ပေးမယ်လေ.. ဥပမာဆို စလွန်းကားတွေပေါ့..”

“စလွန်းကားလား..”

ယခုအချိန်တွင် တရုတ်နိုင်ငံ စလွန်းကားများအား ထောက်ခံသည့် အနုပညာရှင်များ မရှိကြသေးချေ။ ထို့ကြောင့် အကြီးအကဲထျန် ဖုန်းယွီ၏ ကားအကြောင်း သိချင်နေပေသည်။

ဖုန်းယွီ ခပ်ကြွားကြွားဖြင့်ပင်..

“မှန်တယ်. စုန့်ကျန်း မော်တော်ကားတွေ.. ကြားဖူးလားတော့ မသိဘူး …. CCTV က ကြော်ငြာတွေ လွှင့်တယ်လေ.. သတင်းထဲမှာတောင် ခေါင်းဆောင်ကြီး ကိုယ်လာပြီး ချီးကျူးသွားသေးတယ်..”

“စုန့်ကျန်း မော်တော်ကားတွေလား.. အဲ့ဒါ မင်းလုပ်ငန်းလား..”

အကြီးအကဲထျန် အံ့ဩသွားသည်။ ဖုန်းယွီသည် သတင်းတွင် ပေါ်မလာဘူးသော်လည်း သူသည် ပမ့်မြို့တော် ဆေးဝါးကုမ္ပဏီ၏ အကြီးဆုံး ရှယ်ယာရှင် ဖြစ်ကြောင်း လူသိပ်မသိချေ။

“ကျုပ်အဖေက အဲ့ကုမ္ပဏီမှာ ရှယ်ယာဝင် ထားတယ်လေ.. ကုမ္ပဏီမှာ ပြောရေးဆိုခွင့်ရှိတယ်..”

ဖုန်းယွီ ဖခင်ဖြစ်သူအား ဒိုင်းအဖြစ် သုံးလိုက်ပြန်သည်။

အားကစားသမားများအနေဖြင့် မော်တော်ကားများကို ထောက်ခံခွင့်ရလျှင် အလွန်ကောင်းပေသည်။ ထိုနေရာတွင် အားကစားသမား အများစုသည် အလယ်အလတ်နှင့် တာဝေး အပြေးသမားများ ဖြစ်သည်။ သူတို့သည်သာ ထောက်ခံရန် အသင့်တော်ဆုံး ဖြစ်သည်။ ထို့အပြင် ကားများသည် ပိုမိုဈေးကြီးပြီး ထောက်ခံချက်ကြေးများ ချိုသာလိမ့်မည် မဟုတ်ချေ။

“မန်နေဂျာဖုန်း.. မင်းရဲ့ ထုတ်ကုန်တွေ ထောက်ခံဖို့ ဘယ်သူ့ကို ငှားမှာလဲ..”

အကြီးအကဲ ထျန် ပိုမို စိတ်အားထက်သန်လာတော့သည်။

ဖုန်းယွီ ခေါင်းညိတ်ပြကာ စာအုပ်လေးကို စတင် လှန်လိုက်တော့သည်။

ဝမ်ကျွင့်ရှန်၊ ချွီယွင်ရှန်၊ ဝမ့်ရှောင်ရှန်၊ လျိုသောင်၊ မာလီယန်၊ ကျန်းလီလင်၊ လီယင်၊ မာဟွေ့ဝမ်၊ လွီရီ၊ လီကျန့်ဖျင်၊ ဝမ့်ယွမ်၊ တုန်းယန်၊ ကျန်းပါး…..

ထိုအားကစားသမားအားလုံးသည် တရုတ်နိုင်ငံ တစ်ဝှမ်းတွင် လူသိများပေသည်။ စာအုပ်ကလေး ကျောဘက်တွင် ၎င်းတို့၏ အကောင်းဆုံး စံချိန်များနှင့် မှတ်တမ်းများကို စာရင်းပြုစုထားသည်။ ထိုမှတ်တမ်းများသည် ကမ္ဘာ့စံချိန်များ မဟုတ်သော်လည်း တရုတ်နှင့် အာရှတွင် အကောင်းဆုံးများထဲမှ တစ်ခုဟု သတ်မှတ်၍ ရပေသည်။

သို့သော် ပြီးခဲ့သည့် အိုလံပစ်အားကစား ပြိုင်ပွဲများတွင် မာမျိုးနွယ်အုပ်စုမှ အားကစားသမား အများအပြား ကျော်ကြားခဲ့သော်လည်း ယခုနှစ် ကမ္ဘာ့ဖလားနှင့် အမျိုးသား အားကစားပွဲများအပြီးတွင် သူတို့သည် အထွတ်အထိပ်သို့ ရောက်ရှိ ရေပန်းစားသွားကြောင်း သိရှိထားပေသည်။ အမျိုးအစား များစွာအတွက် ထိပ်တန်း နေရာများကို ဆွတ်ခူးနိုင်မည် ဖြစ်ပြီး ကမ္ဘာ့စံချိန် များစွာကို ချိုးဖျက်နိုင်ပေလိမ့်မည်။

အဆိုပါ အားကစားသမားများထဲတွင် ဝမ်ကျွင့်ရှန်၊ ချွီယွင်ရှန်နှင့် ဝမ်ရှောင်ရှန် တို့သည် လိုက်လို့မမှီနိုင်သည့် ရှန်(၃)ရှန် ဟူသည့် အမည်ပြောင်ပင် ရရှိပေလိမ့်မည်။ ကျန်းလီလင်နှင့် ကျန်းလီရုံ တို့ကို ကျန်းညီအစ်မအဖြစ် လူသိများလာပေလိမ့်မည်။ ဤအားကစားသမားများသည် စံချိန်များစွာ ချိုးဖျက်ပြီး တရုတ်ပြည်အား ဂုဏ်တက်စေပေလိမ့်မည်။

ဖုန်းယွီ စာရင်းကို ကြည့်၍ ချန်ထားခဲ့၍ မဖြစ်သည်ကို ခံစားမိနေသည်။ အထူးသဖြင့် ဝမ်ကျွင့်ရှန်၊ ချွီယွင်ရှန်နှင့် လျိုသောင် တို့ဖြစ်သည်။ ၎င်းတို့သည် အနာဂတ်တွင် ကမ္ဘာ့စံချိန်သစ်များ တင်နိုင်မည်ဖြစ်ကာ ယခုနှစ် ကမ္ဘာ့စံချိန် ချိုးနိုင်ခဲ့ပေသည်။ လက်မှတ် ရေးထိုးရပေလိမ့်မည်။

ဖုန်းယွီ ဝေခွဲရခက်ဟန်ဆောင်၍..

“အကြီးအကဲထျန် ဒီမှာ လူတွေ အများကြီး ရှိတယ်… ဘယ်သူ့ကို ရွေးရမှန်း မသိဘူး.. ကျုပ် သူတို့ထဲက တစ်ချို့ကို ထောက်ခံခိုင်းရင် ကျန်တဲ့သူတွေ စိတ်ဆိုးပြီး ပြိုင်ပွဲမှာ သူတို့ စွမ်းဆောင်ရည်များ ထိခိုက်နိုင်မလား..”

“မဖြစ်ပါဘူး.. လေ့ကျင့်တဲ့နေရာမှာ သူတို့ အချင်းချင်း ပြိုင်ဆိုင်မှု ရှိကြတယ်.. ကောင်းကောင်း အစွမ်းမပြနိုင်တဲ့သူတွေ.. ဒါမှမဟုတ် ငယ်လွန်းတဲ့သူတွေလဲ အများကီး တွေးနေကြမှာ မဟုတ်ဘူး.. သူတို့ကို နားလည်အောင် ရှင်းပြလို့ရတယ်..”

အကြီးအကဲ ထျန် ထောက်ခံမှု သဘောတူညီချက် အမှန်တကယ် ရယူလိုနေသည်။

ထောက်ခံချက်၍ ဈေးများပါက လေ့ကျင့်ရေးကွင်းအတွက်လည်း အချို့အဝက် ရနိုင်ပေသေးသည်။

“ဒါဆို ကျုပ် နည်းနည်းရွေးလိုက်မယ်..”

ဖုန်းယွီ စားပွဲပေါ်မှ ခဲတံ ကောက်ခံ၍ အားကစားသမားများကို ကျပမ်းရွေးဟန် ဆောင်လိုက်တော့သည်။ သူအလိုရှိသော အားကစားသမား အချို့နှင့် အမည်ပင် မသိသူ တစ်ချို့အား လှည့်ပတ်မွှေနှောက်လိုက်တော့သည်။ စုစုပေါင်း လူ(၂၀)ခန့် ရွေးချယ်ခဲ့ပြီး ဤသည်မှာ ယခုအားကစားကွင်းရှိ အားကစားသမား (၃)ပုံ(၁)ပုံနီးပါးပင် ဖြစ်တော့သည်။

“မန်နေဂျာဖုန်း.. ခင်ဗျား ဒီလူတွေကို လိုချင်နေတာလား..”

စီးပွားရေး တစ်ခု ဆိုလျှင်ပင် ဤမျှ လူများစွာ လိုအပ်မည်လော။

“ဟုတ်တယ်.. ဒီလူတွေ အားလုံး ကျုပ်လိုချင်တယ်.. ဒါကလဲ သူတို့ကို အားပေးတဲ့ သဘောပါပဲ.. သူတို့တွေအကုန်လုံး ကျုပ်ရဲ့ ဆေးပစ္စည်း ထုတ်ကုန်တွေ ထောက်ခံနိုင်လိမ့်မည်.. ကုန်ကျစရိတ် ဘယ်လောက်ရှိမလဲ တွက်ပေးပါအုံး..”

အကြီးအကဲ ထျန်၏ မျက်နှာပေါ်တွင် စိုးရိမ်ရိပ်များ ပေါ်လာတော့သည်။ ဖုန်းယွီသည် ချွီယွင်ရှန်နှ့် ဝမ်ကျွင့်ရှန် တို့ကဲ့သို့ နာမည်ကြီး အားကစားသမား တစ်ချို့ကိုသာ ရွေးလိမ့်မည်ဟု ထင်ထားခြင်းဖြစ်သည်။ အဘယ့်ကြောင့် များစွာ ရွေးထားပေသနည်း။

သူတွေးထားသည့် ပမာဏဆိုပါက ကုန်ကျစရိတ် မြင့်သွားပေတော့မည်။ ပျမ်းမျှဈေးနှုန်း သုံးသင့်မည်လော တွေးနေမိတော့သည်။

“ထုတ်ကုန်တိုင်းအတွက်ဆို အားကစားသမား တစ်ယောက်ကို ထောက်ခံကြေး တစ်နှစ်စာ ယွမ်(၂၀၀၀၀)”

အကြီးအကဲထျန် သူစိတ်ထဲတွင် အမြင့်ဆုံးဟု ယူဆသည့် ပမာဏ ပြောလိုက်တော့သည်။

“အားကစားသမား တစ်ယောက်အတွက် တစ်နှစ်ကို ယွမ်(၂၀၀၀၀)လား.. ဒါဆို ကျုပ်က တစ်နှစ်ကို ယွမ်(၄)သိန်း ထောက်ခံကြေး ပေးရမယ်လို့ ဆိုလိုတာပေါ့..”

ဖုန်းယွီ မေးရိုးများ ပြုတ်ကျမတတ် ဖြစ်သွားတော့သည်။ ယနေ့ခေတ် လူများသည် အားကစားသမားများ၏ တန်ဘိုး မသိကြချေ။ ဝမ်ကျွင့်ရှန်အတွက် တစ်နှစ်လျှင် ယွမ်(၄)သိန်း ထောက်ခံကြေး ဖြစ်သော်လည်း ဈေးဆစ်၍ပင် ရပေလိမ့်အုံးမည်။

“မန်နေဂျာဖုန်း.. အရမ်းမြင့်တယ် ထင်ရင် ကျုပ်တို့ဘက်က နည်းနည်း လျော့ပေးလို့ ရပါသေးတယ်.. ဒါပေမယ့် သူတို့ထဲက တစ်ချို့ဆို ကမ္ဘာချန်ပီယံတွေ ဖြစ်နေလို့ ဈေးနည်းလို့ မရပါဘူး..”

“လျော့စရာ မလိုပါဘူး.. အသေးစိတ် ပြောကြတာပေါ့..”

ဖုန်းယွီ လက်ကာပြလိုက်သည်။ ဤဈေးနှုန်းကို ထပ်မံ ညှိနှိုင်းရမှာ အလွန်ရှက်နေမိသည်။

-------*****--------

ဘာသာပြန်သူ . (NTP)

All Chapters