← Chapters

အိမ်သုံး ဆေးဝါးများ

Vol. 34 Ch. 501

အိမ်သုံး ဆေးဝါးများ

Vol. 34 Ch. 501

ဖုန်းယွီသည် ယဉ်မောင်းထိုင်ခုံတွင် ထိုင်ရင်း ထောက်ခံကြေးငွေအတွက် ညှိနှိုင်းနေသည်။ ဖုန်းယွီသည် အားကစားအပိုင်းတွင် လူများစွာမရှိသဖြင့် ဤအားကစားသမား၏ ကျသင့်ငွေကို ကျော်ကြားသူများနှင့် မနှိုင်းယှဉ်သင့်ကြောင်း ပြသရန် ဥပမာအချို့ ပြောပြခဲ့သည်။

သို့ရာတွင် အဆိုပါ အားကစားသမားများသည် CCTV နွေဦးပျော်ပွဲည ပွဲတော်တွင် ပါဝင်ပြသမည်ဖြစ်ပြီး အဆိုပါ အားကစားသမားများသည် တရုတ်နိုင်ငံ၏ ထိပ်တန်းအရာရှိများနှင့် တွေ့ဆုံမည်ဖြစ်ပြီး ပြိုင်ပွဲများတွင် နိုင်ငံတကာ မီဒီယာများ၏ အာရုံစိုက်မှုရရှိလိမ့်မည် ဖြစ်ကြောင်း ဖုန်းယွီ သိရှိထားသေးသည်။

ဖုန်းယွီသည်လည်း အားကစားသမားများ ရိုက်ကူးရေးစရိတ် အနည်းငယ် ပေးဆောင်ရန် ဆုံးဖြတ်ခဲ့သည်။ လေ့ကျင့်ရေးကွင်းသည် ဤထောက်ပံ့ကြေးဝေစု ရရှိမည် မဟုတ်ချေ။ တိုင်ပြည်အတွက် အလွန်အကျိုးပြုခဲ့သည့် အားကစားသမားများကို အခွင့်အရေးယူမည် မဟုတ်ချေ။

……

ချွီယွင်ရှန် မှ..

“ဝမ့်ကျွင်းရှန် ပြိုင်ပွဲနီးနေပြီလေ… ဘယ်သွားမလို့လဲ..”

“ငါ့တူလေး ခြေထောက်နာနေလို့လေ.. ဆရာဝန်က ကယ်လ်ဆီယမ်ဓာတ် ချို့တဲ့နေတယ်တဲ့.. ငါသူ့ဆီသွားတွေ့မလို့..”

“”သူ့အတွက် ပမ့်မြို့တော် ဆေးဝါးစီမံကိန်းက ကယ်လ်စီယမ် ဖြည့်စွက်စာ နဲ့အဆင်ပြေလိမ့်မယ်.. ကလေးတွေ ကြီးလာရင် ကယ်လ်စီယမ် ဓာတ်အများကြီး လိုတယ်.. ငါ့တူလဲ အဲ့ကယ်လ်စီယမ် ဖြည့်စွက်စာ အခုသုံးနေတယ်.. ကလေးတွေမှာ ကယ်လ်စီယမ် မလုံလောက်ရင် အရပ်ရှည်မှာ မဟုတ်ဘူးလေ..”

“တကယ်လား.. ငွေတော်တော်ကုန်လား.. ငါ့လစာ နည်းတယ်နော်..”

“ဈေးမကြီးပါဘူး… ဈေးကြီးရင် ငါလဲ ဘယ်တတ်နိုင်ပါ့မလဲ.. ပြီးတော့ နာမည်ကြီး ဆေးဝါးကုမ္ပဏီက ထုတ်တာဆိုတော့ စိတ်ပူစရာ မလိုဘူးလေ..”

ကင်မရာမြင်ကွင်း ချဲ့လိုက်သည်နှင့် ဆေးပုလင်းပုံပြောင်းသွားတော့သည်။ ထို့နောက် စကားသံတစ်ခုဖြင့်..

“ပမ့်မြို့တော် ဆေးဝါး.. စိတ်ချရတဲ့ ဆေးဝါး..”

……

လူအချို့ ပြေးလမ်းပေါ်တွင် လေ့ကျင့်နေပြီး လျိုသောင် အရှိန်လျှော့ကာ ဘေးသို့ ထွက်သွားတော့သည်။ ဝမ်ကျွင့်ရှန် နောက်မှ လိုက်လာရင်း..

“လျိုသောင်.. ဘာဖြစ်လို့လဲ…”

“အစ်မဝမ်.. ငါအအေးမိသွားပြီ..”

“Cold? Take some cold medicine then. Bing City Pharmaceutical Enterprise’s cold medicine is very effective.” Wang Junxia took out a packet of cold medicine from her bag by the side and passed it to Liu Dong. “I also have this cold medicine with me. I have also prepared this medicine for my parents.”

“အအေးမိတာလား.. ဒါဆိုလဲ အအေးမိပျောက်ဆေး သောက်လိုက်လေ.. ပမ့်မြို့တော် ဈေးဝါးစီမံကိန်းက ထုတ်တဲ့ အမေးမိပျောက်ဆေး တော်တော် ထိရောက်တယ်..”

ဝမ်ကျွင့်ရှန် သူ့အိတ်ထဲမှာ ဆေးထုပ် တစ်ထုပ် ထုတ်ကာ လျိုသောင်ကို ပေးလိုက်သည်။

“ငါ့မှာလဲ အအေးမိပျောက်ဆေး ရှိတယ်.. ငါ့မိဘတွေအတွက်လဲ ဒီဆေးလေး ဆောင်ထားတယ်လေ..”

ကင်မရာ မြင်ကွင်းချဲ့လိုက်သည့်အခါ အမေးမိပျောက်ဆေးဗူး တစ်ဗူး ပေါ်လာသည်။ ထို့နောက် ဗူးပေါ်ရှိ စာများကို အသံတစ်သံဖြင့်..

“အိမ်တိုင်းသုံးရန် အအေးမိပျောက်ဆေး.. အမေးမိခြင်း ကင်းဝေးစေလိမ့်မည်.. ပန့်မြို့တော် ဆေးဝါးစီမံကိန်း၊ ဘေးကင်းသောဆေး”

……

“နည်းပြထျန် ဘာဖြစ်နေတာလဲ..”

နည်းပြထျန် ဗိုက်နှိပ်၍ ထိုင်လိုက်သဖြင့် အားကစားသမား တစ်အုပ် ဝိုင်းအုံလာတော့သည်။

“ငါ့ အစာအိမ် ပြဿနာ တက်နေလို့.. ငါ့နားမှာ ဝိုင်းမနေနဲ့.. ကိုယ်လေ့ကျင့်စရာရှိတာ သွားလေ့ကျင့်ကြ..”

“နည်းပြ ထျန်.. ဒီအစာအိမ်ဆေးလုံး (၂)လုံး သောက်လိုက်.. ခနနေ သက်သာသွားလိမ့်မယ်.. ငါတို့အားလုံး ကိုယ်စီ လေ့ကျင့်ခန်းတွေ လုပ်ရတာဆိုတော့ စားဖို့မေ့တာများပြီး အစာအိမ် ရောဂါရလာကြတာပေါ့.. နည်းပြလဲ ငါ့လို ဒီဆေးလေး အသင့်ဆောင်ထားသင့်တယ်.. ဆေးနှစ်လုံး သောက်လိုက်တာနဲ့ အဆင်ပြေသွားလိမ့်မယ်”

ထို့နောက် ဝမ်ကျွင့်ရှန် ဆေးဗူးနှင့်အတူ လမ်းလျှောက် ထွက်လာတော့သည်။

ကင်မရာ မြင်ကွင်းချဲ့လိုက်သည့်အခါ အစာအိမ်ဆေးဗူး တစ်ဗူး ပေါ်လာသည်။ ထို့နောက် ဗူးပေါ်ရှိ စာများကို အသံတစ်သံဖြင့်..

“မိမိနှင့် တစ်ပါတည်း ဆောင်ထားပြီး အစာအိမ်ရောဂါ ကုစားလိုက်ပါ.. ပန့်မြို့တော် ဆေးဝါးစီမံကိန်း၊ ဘေးကင်းသောဆေး”

……

“အာ.. မင်းတို့ (၃)ယောက် ဘယ်သွားကြမလို့လဲ..”

နည်းပြထျန်သည် မိုးနှင့်လေ လေ့ကျင့်ရေးကွင်း အဝင်ဝတွင် အိတ်တစ်လုံးကိုင်၍ ရပ်နေလေသည်။

“နည်းပြထျန်း.. ငါတို့တွေ ဗီတာမင်အစုံပါတဲ့ ဆေးတွေ သောက်နေတာ တော်တော်ထိရောက်တယ်လို့ ခံစားနေရတယ်.. ငါတို့ မိဘတွေအတွက် ဝယ်ပေးချင်လို့..”

အားကစားသမား (၃)ယောက် နည်းပြထျန် ကိုင်ဆောင်ထားသည့် အိတ်ကို ကြည့်၍ ရယ်မောရင်း..

“နည်းပြထျန်ကရော ဘယ်သွားမလို့လဲ..”

“ငါ့တူအတွက် ဒီဗီတာမင်အစုံပါတဲ့ ဆေးပြား ဝယ်လာတာ.. ကလေးတွေ ကြီးလာရင် ဗီတာမင် လိုတယ်လေ.. မင်းတို့ (၃)ယောက် စောစောပြန်လာကြနော်.. လေ့ကျင့်ခန်း လုပ်ဖို့တွေ ရှိသေးတယ်..”

ကင်မရာ မြင်ကွင်းချဲ့လိုက်သည့်အခါ ဗီတာမင်အစုံပါ ဆေးဗူး တစ်ဗူး ပေါ်လာသည်။ ထို့နောက် ဗူးပေါ်ရှိ စာများကို အသံတစ်သံဖြင့်..

“ဗီတာမင် အစုံပါဆေးပြားဖြင့် ဗီတာမင် (၁၂)မျိုး ဖြည့်စွက်လိုက်ပါ.. ပန့်မြို့တော် ဆေးဝါးစီမံကိန်း၊ ဘေးကင်းသောဆေး”

……

ဖုန်းယွီ ကြော်ငြာများကို ကြည့်၍ ပါတိချန်အား လက်မထောင်ပြလိုက်သည်။

“ဆရာချန် မင်း ဒါရိုက်တာ အရည်အချင်းက ရှယ်ပဲဗျာ.. ဒီကြော်ငြာတွေ အရမ်းသဘောကျတယ်..”

“ဒီကြော်ငြာတွေမှာ ဘယ်လိုလုပ် ဒါရိုက်တာ စွမ်းရည် တွေ့နိုင်မှာလဲ.. ရိုက်ကူးရေး အချိန်ကို ထိန်းချုပ်ယုံ လေးပါပဲ.. ခင်ဗျားသာ ကြော်ငြာတွေ နောက်ကွယ်ကနေ ဇာတ်ကွက် ဖန်တီးနေတဲ့သူကို.. ခင်ဗျား ကျုပ်ကို အများကြီး သင်ပြ ပေးခဲ့တာပါဗျာ..”

“အာ… ဆရာချန်.. ခင်ဗျားနဲ့ ထိုက်တန်ပါတယ်ဗျာ.. အော်.. ခင်ဗျား ရုပ်ရှင်တွေ ရုံတင်ထားပေမယ့် ကျုပ် ကြည့်ချိန်မရသေးဘူးဗျာ.. အခြေအနေ ဘယ်လိုလဲဗျ..”

ယခုနှစ် ပါတီချန် နှင့် ကျောက်လီရုံတို့သည် ရုပ်ရှင်တစ်ကား ရိုက်ကူးခဲ့သည်။ ဖုန်းယွီသည် သူ့ယခင်ဘဝက ဤဇာတ်ကားအကြောင်း သတိရသွားသည်။ သူ ဤဇာတ်ကားကို ဇာတ်လမ်းလိုင်းများတွင် ကြည့်ခဲ့ပြီး ရယ်စရာ တစ်ခုအဖြစ်သာ ထင်ခဲ့သည်။ သို့ရာတွင် ရုပ်ရှင်သည် ဈေးကွက်လွှမ်းမိုးမှုကြောင့် အရှုံးပေါ်ကြောင်း ကြားသိရသည်။

“ပြောမနေပါနဲ့တော့ ဗျာ.. အဲ့ဇာတ်ကား ရုံတင်လိုက်ပေမယ့် ကြည့်ဖို့ လက်မှတ်တောင် ဝယ်မထားမိလိုက်ဘူး..”

သူ့ဇာတ်ကား အကြောင်း ပြောသည့်အခါ ပါတီချန် စိတ်မကောင်း ဖြစ်သွားပုံရလေသည်။

“ဆရာချန်.. ဘာလို့ မပြောချင်ရတာလဲ… ဇာတ်ကားအတွက် VCD ထုတ်လုပ်ပိုင်ခွင့် ရောင်းထားပြီးပြီလား..”

“အာ.. VCD လုပ်ပိုင်ခွင့်လား.. အဲ့လိုမျိုး မရောင်းဖူးသေးဘူး..”

“ဒါဆို ကျုပ်ကို ရောင်းဗျာ.. ဈေးနှုန်း ပြောပေးအုံး.. ခင်းဗျားမို့လို့ ဈေးမဆစ်ပါဘူး..”

ပါတီချန် ဤဇာတ်ကားအတွက် ၎င်း၏ ဆုံးရှုံးမှုများကို တွက်ချက်ပြီး..

“ယွမ် (၁)သိန်း..”

“ပြဿနာမရှိဘူး.. နောက်နောင် မင်းဇာတ်ကားတွေအတွက် VCD လုပ်ပိုင်ခွင့်တွေအားလုံး ကျုပ်ဝယ်မယ်.. ဈေးနှုန်းသာ ပြောလိုက်..”

ယွမ်(၁)သိန်း။ VCD တစ်ခွေလျှင် (၁၀)ယွမ်ဖြင့် ရောင်းချရပြီး တစ်ခွေ၏ ကုန်ကျစရိတ်မှာ (၁)ယွမ်သာဖြစ်သည်။ ဤသဘောတူညီချက်မှ မည်မျှ အကျိုးအမြတ် ရရှိနိုင်မည်နည်း။ VCD အချပ် (၁၀၀၀၀)ကျော် ရောင်းရလျှင် ဖုန်းယွီ အနေဖြင့် ကုန်ကျစရိတ် ပြန်ရပြီး ဖြစ်လိမ့်မည်။ ဤ VCD အခွေအား ယွမ်(၁၀၀၀၀)ကျော်ဖြင့် ရောင်းချမည်မှာ သေချာပေသည်။ ထို့အပြင် ဈေးကွက်တွင် VCD အမျိုးအစားများ တိုးပွားလာမည် ဖြစ်ပေသည်။ လေနှင့်မိုး လျှပ်စစ် သည် ရုပ်ရှင်များအတွက် ထုတ်လုပ်ပိုင်ခွင့်များ ဝယ်ယူခဲ့သည်။

ဤကဲ့သို့ ယွမ်(၁)သိန်းဖြင့် ပါတီချန်အနေဖြင့် ထပ်မံ၍ မည်သည့် ရှုံးဆုံးမှုမျိုးမှ ပြုလုပ်လိမ့်မည် မဟုတ်တော့ချေ။ ၎င်း၏ဇာတ်ကားသည် (၁၉၉၀)ခုနှစ်ကတည်မှ ဝင်ငွေရရှိသော ပထမဆုံး ဇာတ်ကား ဖြစ်ပြီး သမိုင်းတွင် မှတ်တမ်း ဝင်ခဲ့သည်။ ပါတီချန် သည် ဖုန်းယွီကို အလွန်ကျေးဇူးတင်ခဲ့ပြီး နောက်နောင်တွင် ကြော်ငြာများကို ပုံမှန် တန်ကြေး၏ ထက်ဝက်ဖြင့် ‌ရိုက်ကူးပေးမည်ဟု ပြောခဲ့သေးသည်။ သူ့အနေဖြင့် အခြား မည်သည်ကိုမှ လက်ခံလိမ့်မည် မဟုတ်ချေ။

ဖုန်းယွီသည်လည်း သူ့ကို ကျေးဇူးအရမ်း တင်နေသည်။ ယွမ်(၁)သိန်းဖြင့် သူ၏ နောက်နောင် ကုန်ကျစရိတ်များစွာ ချွေတာနိုင်ခဲ့သည် မဟုတ်ပေလော။

ဖုန်းယွီသည် နည်းပြထျန်၊ အခြားနည်းပြ အနည်းငယ်နှင့် အားကစားသမား အားလုံးကို ဤကြော်ငြာများ တွင် ပါဝင်ခွင့်ပေးခဲ့သည်။ သူသည် ၎င်းတို့ အားလုံး၏ အသွင်အပြင် စရိုက်တို့ကိုလည်း ဖော်ထုတ်နိုင်ခဲ့သည်။ ကြော်ငြာတွင် ပါဝင်သရုပ်ဆောင်ရန်အတွက် ကျသင့်ငွေယွမ် (၅၀၀၀)နှင့် အပိုဆောင်း ထောက်ပံ့ငွေ ယွမ်(၅၀၀၀) ပေးခဲ့သည်။

ထိုငွေများကို သူတို့ ကိုယ်တိုင် ပိုင်ဆိုင်ပေလိမ့်မည်။ နည်းပြများနှင့် အားကစားသမားများ အားလုံးသည် ယခင်က ဤမျှလောက် ဝင်ငွေ မရရှိခဲ့ချေ။ ဤနည်းအားဖြင့် အကြီးအကဲထျန်နှင့် ကျန်သူများသည် အားကစား သမားများသည် ဖုန်းယွီထံမှ အပိုထောက်ပံ့ကြေး ရရှိမည်ကို သိသောအခါ အထက်အကြီးအကဲများထံ သတင်းမပို့ဘဲ မျက်စပစ်လိုက်ကြတော့သည်။

ဖုန်းယွီသည် အားကစားသမားများကို ထောက်ပံ့ကြေးများ ထုတ်ပေးပြီးနောက် အားကစားသမားများ အာလုံး စိတ်လှုပ်ရှားသွားကြသည်ကို သတိပြုမိလိုက်သည်။ အားလုံးက ဖုန်းယွီကို ကျေးဇူးတင်နေမိကြသည်။

ဖုန်းယွီသည်လည်း အားကစားသမားများကို ကြည့်၍ အေးစက်စွာဖြင့်..

“မင်းတို့တွေ အားလုံး ငါတို့ တိုင်းပြည်အတွက် ဂုဏ်ဆောင်နိုင်ခဲ့ကြတဲ့အတွက် ကျေးဇူးတင်လို့ ငါဒီလိုလုပ်တာ.. လာမယ့် ကမ္ဘာ့ဖလားပြိုင်ပွဲမှာ မင်းတို့တွေ အားလုံး အံ့ဩစရာတွေ ဖန်တီးနိုင်လိမ့်မယ်လို့ မျှော်လင့်ပါတယ်..”

‘ဟွမ့်.. မင်းတို့အားလုံး ရလဒ်တွေ ကောင်းမှ ငါရင်းနှီးမြုပ်နှံထားတာတွေ ငါပြန်ရမှာလေ..’

ဖုန်းယွီ စကားအဆုံးသတ်ပြီးနောက် အားကစားသမား အားလုံးသည် လာမည့် ပြိုင်ပွဲများတွင် အကောင်းဆုံး စွမ်းဆောင် ပြကြမည်ဟု ကတိပြုကြပြီး ဖုန်းယွီ စိတ်မပျက်စေရဟု ဆိုကြလေသည်။ ဖုန်းယွီ အံ့ဩသွားမိသည်။ ‘ငါ့ကို စိတ်မပျက်စေရဘူးတဲ့လား. တကယ်တော့ အဲ့လို မလိုပါဘူး.. မီဒီယာ မေးမြန်းမှုတွေ လုပ်တဲ့ အချိန်ကျရင် ဒီအားကစားသမားတွေ………’

ဖုန်းယွီ ထိုအားကစားသမားများအား လက်ဝှေ့ယမ်းပြပြီး တစ်စုံတရာ ပြောပြလိုက်သည်။ အားကစားသမားများ အားလုံးကလဲ ခေါင်းညိတ်ပြပြီး ပြဿနာမရှိဟု ဆိုကြလေသည်။ ဒါတွေအားလုံး လုပ်ရမှာ သူတို့ တာဝန်ဟု ပြောကြသူပင် တွေ့ရသေးသည်။

……

“အကြီးအကဲချန်.. ဒီအကွက်တွေမှာ ရှိတဲ့ ကြော်ငြာတွေ ပြောင်းပေးပါအုံး… ခင်ဗျားကိုယ်တိုင်လဲ ဒီကြော်ငြာတွေကို တခါတည်း စစ်ဆေးပြီး အတည်ပြုပေးပါအုံး..”

ဖုန်းယွီ ကြော်ငြာဇာတ်ကွက်များကို ချန်ပေါင်ကျွင်းထံ ပေးလိုက်သည်။

“မန်နေဂျာဖုန်း.. မင်းက မင်းကြော်ငြာတွေကို တောက်လျှောက် ပြောင်းနေတော့တာပဲနော်.. အခုဆို မင်းပြောင်းလိုက်သမျှ ကြော်ငြာတွေ CCTV ရဲ့ မှတ်တမ်းထဲမှာ ပြည့်နေပါရော..”

“ကောင်းတာပေါ့.. ဒီနှစ်အတွင်း CCTVudk ကြော်ငြာခ အများဆုံး ပေးဆောင်ရတဲ့ မှတ်တမ်းလဲ ကျုပ်ရထားတယ်လေ”

“ဟား.. ဟား.. ဟား.. ဟား.. မန်နေဂျာဖုန်း မင်းကြော်ငြာ အကွက်တွေ အများဆုံး ပိုင်ထားတာကိုး..”

“တော်ပါတော့ဗျာ.. ကြော်ငြာတွေကို မြန်မြန် စစ်ဆေးကြည့်ပါအုံး.. ဒီည တုန်းလေ့ စားသောက်ဆိုင်မှာ ကြိုမှာထားတယ်.. ခင်ဗျား ဇနီးနဲ့ ကလေးတွေ မေးကြည့်အုံး..”

“မင်း တော်တော် ရက်ရောတာပဲ.. မင်းကို ဘယ်လိုလုပ် လုပ်ခွင့်ပေးနိုင်မှာလဲကွာ..”

ပါးစပ်မှ ပြောနေသော်လည်း သူ့ဇနီးအား အကြောင်းကြားရန် ဖုန်းကောက်ကိုင်နေပေပြီ။

ကြော်ငြာများ ကြည့်ပြီးနောက် ချန်ပေါင်ကျါင်း စီးကရက် မီးညှိ၍..

“မန်နေဂျာဖုန်း.. မင်းကြော်ငြာတွေထဲမှာ လိမ်ညာ ချဲ့ကားထားတာတွေ ပါသေးလား..”

ဖုန်းယွီသည် ကျန်းမာရေး ထုတ်ကုန်အတုများ ဖော်ထုတ်ခဲ့သူဖြစ်ပြီး သူ့အနေဖြင့် အဘယ့်ကြောင့် ထိုကဲ့သို့ အမှားမျိုး ပြုလုပ်လိမ့်မည်နည်း။

“ဘယ်ပါမလဲ.. ကြော်ငြာထဲမှာ ပါတဲ့ စကားလုံးတိုင်း အားလုံးအမှန်တွေ.. ဥပမာ ပြောရမယ်ဆိုရင် အားကစားသမား အားလုံးက ကျုပ်တို့ရဲ့ ကယ်လ်စီယမ် အားဖြည့်ဆေး သောက်နေကြတယ်ဆိုရင် သူတို့တွေ တကယ်ကို သောက်နေတာပဲ… သူတို့အတွက် ဝယ်ဆိုဆိုရင် အမှန်တကယ်ကို သူတို့ တူလေးတွေအတွက် ဝယ်ခဲ့ကြတာပဲ.. ကြော်ငြာထဲမှာ ပါတာ အားလုံး အမှန်တရားတွေပဲ…”

ဤဆေး အားလုံးသည် အားကစားသမားများ အားလုံးအတွက် ထုတ်လုပ်သည့် ဆေးဝါးများဖြစ်သည်။ ထိုဆေးလုံးများကို အလွန်အကျွံမသောက်သ၍ မည်သည့် အမှားမျိုးမှ ရှိလိမ့်မည် မဟုတ်ချေ။ အကြီးအကဲထျန်သည် အစာအိမ်နာနေပြီး ပမ့်မြို့တော် ဆေးဝါးစီမံကိန်း၏ အစာအိမ်ဆေး အမှန်တကယ် သောက်နေပေသည်။

“ဒီလောက် အာမခံနေမှတော့ ပြဿနာ မရှိလောက်ပါဘူး.. ဘယ်အကွက်တွေ ပြောင်းပြီး. တခြားဘာ တောင်းဆိုစရာတွေ ရှိသေးလဲ”

“တခြား တောင်းဆိုစရာ မရှိတော့ပါဘူး.. ကြော်ငြာတွေရဲ့ အချိန်တွေကို မူတည်ပြီး အကောင်းဆုံး နေရာတွေ ထားလိုက်ပေါ့ဗျာ..”

ဖုန်းယွီ ကျန်းမာရေး ထုတ်ကုန် အတုများမှ ရရှိလာသည့် ကြော်ငြာအကွက်များကို စိတ်ကြိုက် ပြောင်းလဲနေတော့သည်။

……

“အာ.. အဲ့ဒါ ကမ္ဘာ့ချန်ပီယံ ချွီယွင်ရှန်မို့လား.. အားကစားသမားတွေလဲ အအေးပတ်တာပဲလား..”

အမျိုးသမီးငယ်တစ်ယောက် သူ့ခင်ပွန်းအား လှမ်းပုတ်၍ မေးနေလေသည်။

“ဟမ်.. အားကစားသမားတွေလဲ လူပဲလေ.. ဘာလို့ မဖျာရမှာလဲ..”

“ငါတို့ အိမ်မှာလဲ အအေးမိပျောက်ဆေး တစ်ဗူး ဆောင်ထားရမလား.. ဟိုတခါ တုတ်ကွေးမိတုန်းကဆို ညကြီးသန်းခေါင် ဆေးရုံသွားလိုက်ရတာ နောက်တနေ့ အလုပ်မှာ နှုံးနေလို့ ခေါင်းဆောင် ကြိမ်းတာ ခံရသေးတယ်မို့လား”

“ဟုတ်ပြီ.. မနက်ဖြန် အအေးမိပျောက်ဆေး တစ်ဗူးဝယ်ခဲ့မယ်.. ဘယ်တံဆိပ် ဝယ်ခဲ့ရမလဲ..”

“ဒီတံဆိပ်ပဲပေါ့.. ထိပ်တန်း အားကစားသမားတွေတောင် ဒီဆေး သောက်နေတာကို..”

“ကောင်းပြီလေ.. အာ.. အစာအိမ်ဆေး နည်မည်ကရော..”

“ပမ့်မြို့တော် ဆေးဝါးစီမံကိန်းရဲ့ အစာအိမ်ဆေး..”

“ဟုတ်ပြီ.. အစာအိမ်ဆေးလဲ တစ်ဗူး ဆောင်ထားသင့်တယ်.. အစာအိမ်နာရင် မခံစားနိုင်ဘူး..”

“ဗီတာမင်ဆေးလဲ တစ်ဗူး ဆောင်ထားသင့်တယ်.. ဟိုတလောကပဲ နင် ပင်ပန်းနေတာလေ… အဟာရ ချို့တဲ့လို့ မဟုတ်ဘူးလား..”

“နင်ငါ့ကို ဟိုကျန်းမာရေး ထုတ်ကုန်တွေ ဝယ်စေချင်နေတာလား..”

“ဘာ ကျန်းမာရေး ထုတ်ကုန်တွေလဲ.. ရုပ်မြင်သံကြားမှာပါတဲ့ ဗီတာမင် အစုံပါတဲ့ ဆေးကို ပြောနေတာ.. အဲ့အထဲမှာ ဗီတာမင် (၁၂)မျိုးတောင် ပါတယ်..”

အမျိုးသားက သံသယ ဖြစ်ဟန်ဖြင့်..

“ဟုတ်နိုင်ပါ့မလား..”

“အဲ့ ဆေးဗူးခွံပေါ်မှာ ထုတ်ကုန်အတုလို့ တွေ့ရင် (၁၀)ဆ ပြန်လျော်မယ်တဲ့.. ပြီးတော့ အဲ့ဒါတွေကို ပန့်မြို့တော် ဆေးဝါးစီမံကိန်းက ထုတ်ထားတာ.. ဘေးကင်းတဲ့ ဆေးလို့ အတိအကျ ပြောထားတယ်.. ဒါဆို ပြီးပြီလေ.. မနက်ဖြန် ဗီတာမင်ဆေး တစ်ဗူး ဝယ်ပေမယ်.. နင်အဲ့ဒါ စားရမယ်.. နင့်အလုပ်က အရမ်းပင်ပန်းတာ နင်ကျန်းမာရေး ဂရုစိုက်ဖို့ လိုတယ်..”

“အေးပါ.. ဝယ်လိုက်ပါ့မယ်..”

……

“အချစ် ဘာလို့ ဆေးတွေ အများကြီး ဝယ်နေတာလဲ..”

“ဘာသိလို့လဲ… ဒီဆေးတွေက အိမ်မှာ ဆောင်ထားသင့်တဲ့ ဆေးတွေလေ.. တို့အိမ်က တစ်ယောက်ယောက် နေမကောင်းဖြစ်ရင် ဆေးရုံသွားစရာ မလိုဘူးပေါ့.. ဘေးအိမ်က ညီမ ကျောက်လဲ ဒီဆေးတွေ ဝယ်လာတယ်.. ဈေးလဲ မကြီးဘူး.. ဒီဆေးတွေအားလုံး (၁၀)ယွမ်တောင်မကုန်ဘူး.. နာမည်ကြီး ဆေးဝါးကုမ္ပဏီက ထုတ်လုပ်ထားတာ.. စိတ်ပူစရာမရှိဘူး..”

“တကယ်လား.. ဒါဆို ဘာလို့ ထပ်မဝယ်တာလဲ.. ငါတို့ နှစ်ဖက် မိဘ ပေးလို့ရတယ်လေ..”

“ပြောစရာတောင် မလိုဘူး.. ငါသူတို့ဆီ ပို့တောင်ပြီးသွားပြီ..”

……

“အမျိုးသမီး ဝမ့်.. ဘာလို့ ဆေးတွေ ဒီလောက်ထိ ဝယ်နေတာလဲ..”

“အိမ်မှာဆောင်ဖို့လေ.. အမေမိယုံလောက်နဲ့ ဆေးရုံသွားစရာ မလိုတော့ဘူး.. အိမ်တွေမှာ ဆောင်ထားသင့်တယ်.. နင့်ကလေးလဲ အအေးမိတတ်တယ်နော်..”

“အိမ်မှာ ဆောင်ဖို့လား.. ကောင်းတယ်.. မနက်ဖြန် ဆေးဆိုင်ကြုံတင် (၂)ဗူးလောက် ဝယ်ထားလိုက်မယ်..”

အချိန် ကြာလာသည်နှင့်အမျှ လူများသည် အိမ်တွင် ဆေးဝါးများ စုဆောင်းလာကြပြီး ပမ့်မြို့တော့ ဆေးဝါးစီမံကိန်း၏ ရောင်းအား မြင့်တက်လာတော့သည်။

-------*****--------

ဘာသာပြန်သူ . (NTP)

All Chapters