အကြံဉာဏ်အသစ်များ ဖြည့်စွက်ခြင်း
Vol. 34 Ch. 503
“အစ်ကိုလျို မင်းအရမ်းတော်တယ်.. ဒါ ဘာလက်ဖက်ရည်လဲ.. မြို့တော်ဝန်ကျန်းရဲ့ ထိပ်တန်းအဆင့် လုံကျန်းလက်ဖက်ရည် ကဘယ်မှာလဲ..”
ဖုန်းယွီ တစ်ငုံသောက်၍ ထပ်မံ အော်ဟစ်လိုက်ပြန်သည်။
“မဟုတ်ဘူး ဒါ တစ်ခုတည်းသော လက်ဖက်ရည်ပဲ.. မင်း မကြိုက်ရင် မသောက်နဲ့လေ..”
ကျန်းလွေ့ချန်း မျက်နှာမည်းမှောင်၍ ဟောက်တော့သည်။ ‘ငါ့ လက်ဖက်ခြောက်ကောင်းလေး တစ်ရွက်ရှိတာလေး မင်းကို တိုက်ရတာ အလကားပဲ..’
ဖုန်းယွီ ကျန်းလွေ့ချန်းကို မျက်လုံးပြူးကြည့်လိုက်သည်။ မြို့တော်ဝန်။ ဤကဲ့သို့ ကပ်ဆေးကုပ် မြို့တော်ဝန်မျိုး မတွေ့ဖူးသေးချေ။ ကိစ္စမရှိချေ။ ဤလက်ဖက်ရည် သောက်ကို သောက်ရပေမည်။ ဘာပဲဖြစ်ဖြစ် နဂိုထည်းက လက်ဖက်ရည် ကြိုက်သူ မှမဟုတ်ချေတကား။
“မင်း သောက်ပြီး ပြီလား.. စီးကရက်ရော မီးညှိပေးစေချင်သေးလား..”
ကျန်းလွေ့ချန်း တုန်နေချေပြီ။ ဖုန်းယွီ ထိုလက်ဖက်ရည်အား ငုံသောက်နေပုံအရ ပြီးရန် (၁၀)မိနစ်ခန့် ကြာပေလိမ့်မည်။
“စီးကရက်တော့ မလိုပါဘူး.. အစ်မ အလုပ်သွားတော့ နေ့လည်စာတောင် မစားရသေးဘူး.. စားသောက် ဆောင်ကနေ (၂)ပွဲ မှာပေးပါလား.. အရမ်းကြီး ခမ်းနားဖို့ မလိုပါဘူး.. ငွေငါးကြင်းကြီး ကျော်လုက်ယုံပါပဲ.. ပုံမှန် ငါးကြင်းကတော့ သိပ်စားမကောင်းဘူးလေ.. ပြီးတော့ ဝက်နံရိုးပြုတ် လေးပေါ့.. ပိန်ရင် ပိုကြိုက်တယ်.. အဆီများရင် သိပ်စားမကောင်းဘူးလေ..”
ကျန်းလွေ့ချန်း စိတ်အတွင်း၌မူကား..
‘မင်းက ငါတို့အစိုးရ စားသောက်ဆိုင်မှာ နေ့လည်စာလဲ လာစားသေး ချေးများချင်နေသေးတာလား..”
“မင်း စကားရော ဆက်အုံးမှာလား..”
“ဟုတ်ပါပြီ.. ဘာတွေများ စိတ်လောနေပါလိမ့်..”
ဖုန်းယွီ မျက်လုံးပြူးပြပြန်သည်။ ဤကျန်းလွေချန်းသည် ဂနာမငြိမ်နိုင်ချေ။
“မြို့တော်ဝန်ကျန်း.. တရုတ်တွေပဲ ကျန်းမာရေး ဂရုစိုက်တယ်များ ခင်ဗျားထင်နေလား.. နိုင်ငံခြားသားတွေကရော ကျန်းမာရေး မစိုးရိမ်လောက်ဘူးလား.. အသက်ပိုရှည်ပြီး ကျန်းမာချင်ကြမှာ မဟုတ်ဘူးလား..”
“သူတို့လဲ အတွေး တူလောက်မှာပေါ့..”
“သေချာတာတော့ သူတို့လဲ အသက်ပိုရှည်ချင် ကျန်းမာချင်ကြတာပဲလေ.. ဒါ ကမ္ဘာပေါ်က လူသားအားလုံး စိုးရိမ်တဲ့ ကိစ္စပဲကို.. စစ်ဘေးရောက် ဒေသတွေကလွဲရင် လူအားလုံး အသက်ရှည်ရှည်နဲ့ ပျော်ပျော်ရွှင်ရွှင် နေချင်ကြတာပဲလေ.. ဒါ့ကြောင့် ကျန်းမာရေး အလေးထားတယ်ဆိုတာ အာရုံစိုက်စရာ တစ်ခုပဲလေ.. အကောင်းဆုံး ကျန်းမာရေး အခြေအနေ သဘောတရားကို ကျုပ်တို့ တွေးထားတာ မဟုတ်ဘူး.. ဆိုဗီယက်ရုရှားက ပညာရှင်အဘိုးကီး ဘားမန့်က (၁၉၈၀)ခုနှစ်မှာ ပထမဆုံး ဖော်ပြခဲ့တယ်.. ဒါကို ‘တတိယ အခြေအနေ’ လို့ ဖော်ပြထားတယ်.. အာ… ဘားမန့်က ဤစာအုပ်ကို ရုရှားဘာသာအတွက် ဘာသာပြန်သူဆိုလဲ ဟုတ်တယ်.. သူ ဒီစာအုပ်က အကြောင်းအရာတွေကို စိစစ်တဲ့ ကျွမ်းကျင်သူတွေထဲက တစ်ယောက်ဆိုလည်း ဟုတ်တယ်လေ..”
“ဒီ အကောင်းဆုံး ကျန်းမာရေး ဆိုတာ မင်းဖန်တီးထားတာ မဟုတ်ဘူးလို့ ငါ့လာပြောနေတာလား.. ဒါ ဆိုဗီယက်ရုရှား က တစ်ခုပေါ့”
“ဘာလုပ်ထားမှာတုန်း.. ကျုပ် အကြိမ်ကြိမ် ပြောဖူးပါတယ်.. ဒါ သိပ္ပံပညာဗျ.. သိပ္ပံ..”
ဖုန်းယွီ ဒေါသထွက်သွားသည်။ ကျုပ်က မှတ်ချက် ပေးသလို ဖြစ်နေသည်လော။ ကျုပ်ကို တခြားသူများအား လိုက်လိုက် လိမ်ညာသူ တစ်ယောက်အဖြစ် အမြဲတွေးနေသည်လော။
“ဟုတ်ပါပြီ.. သိပ္ပံပညာပါ.. ငါကလဲ သိပ္ပံ မဟုတ်ဘူးလို့ ပြောပါဘူး.. မင်း ဘာတွေ အော်နေတာလဲ..”
ကျန်းလွေ့ချန်း စီးကရက်ကို ညှင်သာစွာ မီးညှိလိုက်သည်။ ဖုန်းယွီ ဒေါသထွက်နေသည်ကို မြင်ရဖြင့် သဘောကျနေပေသည်။
“ဒီကျန်းမာရေး ကဏ္ဍကို ကျုပ်တို့က မစဉ်းစားပေမယ့်… ဒီကိစ္စနဲ့ ပတ်သက်ပြီး နောက်ထပ် သုတေသနအကြောင်း ရှင်းပြဖို့ ရိုးရှင်းလွယ်ကူတဲ့ နည်းလမ်း သုံးလိုက်ရတာ… ဥပမာဆိုရင် instance, insomnia and dreaminess, lassitude extremities စတာတွေပေါ့ဗျာ..”
ဖုန်းယွီ ကျန်းမာရေး အခြေအနေကို ရှင်းပြစဉ် အင်္ဂလိပ်စကားလုံးများကို ရည်ရွယ်ချက်ရှိရှိ ထည့်ပြောနေသည်။ သူပြောသမျှ ကျန်းလွေ့ချန်း နားမလည်စေချင်ချေ။
“တရုတ်လို ပြောစမ်းကွာ..”
ကျန်းလွေ့ချန်း ဒေါသထွက်သွားသည်။ ဖုန်းယွီ တမင်းလုပ်မှန်း သူသိနေသည်။
“ပညာမတတ်တာ ကြောက်စရာ တော်တော်ကောင်းတယ်.. ကျွတ်.. ကျွတ်.. နိုင်ငံ ချမ်းသာလေလေ သူတို့ ကျန်းမာရေးအတွက် ပိုစိုးရိမ်လေလေပဲ.. အဲ့ဒီမှာ အစားအသောက်၊ ယဉ်ကျေးမှု၊ လူနေမှုစနစ် စသည်ဖြင့် လူတွေရဲ့ (၉၀)ရာခိုင်နှုန်းနီးပါး ကျန်းမာရေးနဲ့ ညီညွတ်တဲ့ အခြေအနေမှာ ရှိတယ်.. သက်လတ်ပိုင်းအရွယ်ကတော့ ခွန်အား အကောင်းဆုံး အခြေအနေပေါ့.. သူ့အောက်မှာ အသက်ကြီးတွေနဲ့ ကလေးငယ်တွေ.. တကယ်လို့ သူတို့ လက်ရှိ ကျန်းမာရေးအခြေအနေကို သိရင် သူတို့ကျန်းမာရေး အဆင့်အတန်း မြှင့်တင်ဖို့ ဘာမှ မလုပ်ဘူး ထင်လား..”
“တစ်ခုခုတော့ လုပ်မှာပဲပေါ့..”
ကျန်းလွေ့ချန်း အတွေးများသည် ဖုန်းယွီထံမှ တဖြည်းဖြည်း ဈေးသွားတော့သည်။
“မှန်တာပေါ့.. သူတို့တွေ သေချာပေါက်ကို တစ်ခုခု လုပ်မှာပဲလေ.. ကမ္ဘာပေါ်မှာ ဘယ်နိုင်ငံတွေက ကျန်းမာရေး ထုတ်ကုန်တွေ အလေးပေးဆုံးလဲဆိုတာရော သိလား.. အမေရိကန်၊ ဂျပန်၊ ပြင်သစ်၊ ဩစတေးလျ အဲ့လို နိုင်ငံတွေအားလုံး ဖွံ့ဖြိုးပြီး နိုင်ငံတွေပေါ့.. အဲ့ဒါကိုက ကျုပ်တို့နဲ့ ကွာခြားတာပဲ.. ထုတ်ကုန်(၂)ခု တူညီတဲ့ အကျိုးသက်ရောက်မှု ရှိမယ်ဆိုရင်.. အစားအသောက် ကုမ္ပဏီ ဒါမှမဟုတ် နာမည်ကြီး ဆေးဝါးကုမ္ပဏီက ထုတ်လုပ်တဲ့ ထုတ်ကုန် ဘယ်ဟာရွေးမလဲ..”
“ငါဆိုရင်တော့ ဆေးဝါးကုမ္ပဏီကိုပဲ ယုံတယ်.. ဒါပေမယ့် နိုင်ငံခြားသားတွေ အတွက်တော့ မပြောတတ်ဘူး.. ငါတို့ရဲ့ ကျန်းမာရေး ထုတ်ကုန်လုပ်ငန်းက ပျက်စီးသွားပြီ.. တခြားနိုင်ငံတွေမှာရော အဲ့လို ကျန်းမာရေးထုတ်ကုန်တွေနဲ့ ပတ်သက်ပြီး ပြဿနာ ရှိလား..”
“ပြဿနာ မရှိဘူးတဲ့လား.. ပြဿနာရှိစေချင်ရင်တော့ သေချာပေါက် ပြဿနာ ရှိလာမှာပဲလေ..”
ထို့နောက် ဖုန်းယွီ စားပွဲကို ပုတ်လိုက်သည်။
“တခြားနိုင်ငံတွေမှာလဲ ကျန်းမာရေး ထုတ်ကုန် အတုတွေ ရှိတာပဲလား..”
“နိုင်ငံတိုင်းမျာ ထုတ်ကုန် အတုတွေရှိတာပေါ့.. ဒါပေမယ့် လက်ရှိ ငါတို့နိုင်ငံမှာ ကျန်းမာရေး ထုတ်ကုန်အတုတွေ ပိုပိုများလာနေတယ်.. လိမ်ညာပြီး ကြော်ငြာတာ.. ပါဝင်ပစ္စည်း မစုံတာ.. ဖော်ပြထားတာနဲ့ မကိုက်ညီတာ အဲ့လိုမျိုး ပြဿနာတွေနဲ့ နိုင်ငံထဲက ကျန်းမာရေး ထုတ်ကုန်တွေ ရှာဖွေဖို့ လိုတဲ့အပြင် ဖော်ထုတ်ဖို့အတွက် မီဒီယာကိုပဲ သုံးနိုင်တယ်.. ထုတ်ကုန်တွေအပေါ် စားသုံးသူတွေ ယုံကြည်ကိုးစားမှု လျော့ကျသွားမှာ ဖြစ်ပြီး အဲ့ဒါ ကျုပ်တို့အတွက် အခွင့် အရေး ဖြစ်လာမှာပဲ..”
“ဒီတော့ မင်းက အဲ့အထူးသတင်းရဲ့ နောက်ကွယ်က လူပေါ့လေ..”
ထိုကျန်းမာရေး ထုတ်ကုန်များ ကျဆုံးပြီးနောက် ပမ့်မြို့တော် ဆေးဝါးစီမံကိန်း၏ ရောင်းအား တိုးလာကြောင်း ကျန်းလွေ့ချန်း သဘောပေါက်လိုက်သည်။ ဤသည်မှာ ဖုန်းယွီ၏ ဇာတ်ကြောင်း တစ်စိတ်တစ်ပိုင်း ပေလော။
“အတိုင်းအတာ တစ်ခုအထိတော့ ရည်ရွယ်ချက် ရှိရှိ လုပ်လိုက်တာပါ.. အဲ့လို လိမ်တာ ညာတာတွေ မကြိုက်လို့ သင်ခန်းစာပေးချင်နေတာ.. ဒီကောင်တွေ နိုင်ငံခြားသားတွေကို သွားလိမ်ရင် ကျုပ် နည်းနည်းမှ နှောက်ယှက်မှာ မဟုတ်ဘူး..”
ကျန်းလွေ့ချန်း ဖုန်းယွီကို ကြည့်လိုက်မိသည်။ ဒီကောင် ဘယ်လိုကောင်ပါလိမ့်။ သို့တိုင်အောင် ကျန်းလွေ့ချန်းလည့် သူကဲ့သို လုပ်မိလိမ့်မည်ဖြစ်ကြောင်း ဝတ်ခံရပေလိမ့်မည်။ ပြီးမှ မေးခွန်းတစ်ခု ထုတ်လိုက်သည်။
“တခြားနိုင်ငံတွေက ကုမ္ပဏီတွေရော အဲ့လို ထုတ်ကုန်တွေ မထုတ်နိုင်ကြဘူးလား..”
အနောက်နိုင်ငံများ၏ ဆေးဝါးလုပ်ငန်းသည် တရုတ်နိုင်ငံထက် ပိုမို တိုးတက်ခဲ့သည်။ ဤသည်ကို ကျန်းလွေ့ချန်း ငြင်းနိုင်သည့် အရာမဟုတ်ချေ။ ထို့ကြောင့် ကမ္ဘာ့အဆင့်မြင့် ဆေးဘက်ဆိုင်ရာ ထုတ်ကုန်များကို အနောက်နိုင်ငံမှ တီထွင်ခဲ့ကြခြင်းပင်။ ယနေ့အချိန်ထိ နိုဘယ်လ်ဆုရှင်များတွင် တရုတ်နိုင်ငံသား မပါဝင်သေးချေ။
“သူတို့ လုပ်နိုင်တာပေါ့.. ဒါပေမယ့် ကျုပ်ဈေးကွက် သုနေသန လုပ်ခဲ့တယ်.. လောလောဆယ် အဲလို ထုတ်ကုန်မျိုး မတွေ့သေးဘူး.. ပြီးတော့ ကျုပ်တို့ ထုတ်ကုန်တွေကို ကျွမ်းကျင်သူတွေနဲ့ ပါမောက္ခတွေ ထောက်ခံ အကြံပြုထားတယ်..”
“ကျွမ်းကျင်သူတွေနဲ့ ပါမောက္ခတွေ အကြံပြုထားတယ်လား.. ဘာလို့ ငါတို့ ထုတ်ကုန်တွေကို အကြံပြုရတာလဲ..”
ကျန်းလွေ့ချန်း မယုံကြည်နိုင်ချေ။ ကျွမ်းကျင်သူများနှင့် ပါမောက္ခများသည် အချို့သော ဆေးဝါးလုပ်ငန်းကြီးများနှင့် လက်တွဲပြီး ဖြစ်လောက်ပေသည်။ ဖုန်းယွီ၏ ထုတ်ကုန်များကို သူတို့ ကုမ္ပဏီ ထုတ်ကုန်များအစား မည်သည့်အတွက် အကြံပေးကြမည်နည်း။
ဖုန်းယွီ ခပ်ပြုံးပြုံးဖြင့်ပင်..
“ခင်ဗျားသာ သူတို့ကို လုံလုံလောက်လောက် ပေးလိုက်ရင် ကျုပ်တို့ထုတ်ကုန်တွေကို အကြံပေးမှာ ပုံမှန်ပဲလေ..”
ဖုန်းယွီ ယခင်ဘဝက ကျန်းမာရေးဆိုင်ရာ ဆွေးနွေးပွဲများနှင့် ကျန်းမာရေး ထုတ်ကုန်များကို ရုပ်မြင်သံကြားမှ ကြော်ငြာအကွက် များစွာရရှိခဲ့သည်။ ဤသည်အားလုံးသည် အခြားနိုင်ငံများကို အတုယူထားခြင်းပင်။ ဤနယ်ပယ်၌ တရုတ်နိုင်ငံသည် အခြားနိုင်ငံများထက် နောက်ကောက်ကျ အားနည်းနေသေးသည်။
ဖုန်းယွီသည် ပမ့်မြို့တော် ဆေးဝါးစီမံကိန်းတွင် ရင်းနှီးမြုပ်နှံပြီးသောအခါ သူသည် ဖူကွမ်းကျန့်အား နိုင်ငံခြားမှ ကျွမ်းကျင်သူများနှင့် ဆေးဘက်ဆိုင်ရာ အရောင်းကုမ္ပဏီများနှင့် ဆက်သွယ်နိုင်ရေး အကူအညီပေးရန် တောင်းဆိုခဲ့သည်။ သူ့အနေဖြင့် အနာဂါတ် မိတ်ဖက်များ ရှာဖွေလိုခြင်း ဖြစ်သည်။
ငွေအနည်းငယ်သုံး၍ ဖုန်းယွီသည် နိုင်ငံများစွာရှိ ကုမ္ပဏီများနှင့် ဆက်သွယ်ခဲ့သည်။ သူ၏ ဆေးဝါးများကို အချိန်တိုတိုနှင့် နိုင်ငံများစွာသို့ ဖြန့်ဝေသွားမည် ဖြစ်သည်။
ဖုန်းယွီသည် နိုင်ငံခြား ဈေးကွက် ကြာရှည်ခံမည် မဟုတ်ကြောင်းနှင့် တစ်နှစ်အတွင်း ဧရာမဆေးဝါးကုမ္ပဏီကြီးများက ဈေးကွက်ဝေစု ပြန်လည် ရယူသွားမည်ဖြစ်ကြောင်း ဖုန်းယွီ ရှင်းရှင်းလင်းလင်း ပြောထားခဲ့သည်။ သို့သော် ဤကာလအတွင်း ပမ့်မြို့တော် ဆေးဝါးစီမံကိန်းမှ ငွေများစွာ ရှာနိုင်ကာ ၎င်းတို့၏ ဂုဏ်သတင်းနှင့် အမှတ်တံဆိပ် ယုံကြည်မှု တိုးလာစေရန် လုံလောက်မည် ဖြစ်သည်။
လက်ရှိအခြေအနေတွင် ပမ့်မြို့တော် ဆေးဝါးစီမံကိန်းတွင် ထူးထူးခြားခြား ထုတ်ကုန်များ မရှိသေးချေ။ သို့ရာတွင် နောက်(၁)နှစ်၊ (၂)နှစ် အတွင်း ကွဲပြားသွားပေလိမ့်မည်။ အဘယ့်ကြောင့်ဆိုသော် ပဖီဇာ သည် နှလုံးသွေးကြော ဆိုင်ရာ ကုသမှုအတွက် Sildenafil(ဗိုင်ယာဂရာ) ဆေးအမျိုးအစားကို စတင်တီထွင်ခဲ့ခြင်းကြောင့် ဖြစ်သည်။ ၎င်းတို့၏ ပထမအဆင့် ဖွံ့ဖြိုးတိုးတက်မှုသည် လာမည့် နှစ်တစ်ချိန်ချိန်တွင် ယှဉ်ပြိုင်နိုင်မည်ဖြစ်ပြီး ထို့နောက် ရေရှည် ကုသမှုဆိုင်ရာ စမ်းသပ်ကာလ တစ်ခု ဖြစ်လာပေလိမ့်မည်။
စမ်းသပ်မှု ရလဒ်များသည် အလွန်ညံ့ဖျင်းပြီး လူနာများကုသရာတွင် ဆေးဝါးထိရောက်မှု မရှိချေ။ သို့ရာတွင် စမ်းသပ်မှုတွင် ပါဝင်သူများက ထိုဆေးပြားအပိုများကို ပြန်လည်အပ်နှံရန် ငြင်းဆိုခဲ့ကြသည်။ ဤဆေး၏ ဘေးထွက်ဆိုးကျိုးများ ရှာဖွေ တွေ့ရှိသွားသောကြောင့် ဖြစ်ပေသည်။
ပဖီဇာသည် ဤဘေးထွက်ဆိုးကျိုးများကို စတင်သုတေသနပြု၍ စမ်းသပ်မှုများ ထပ်မံ ပြုလုပ်ခဲ့သည်။ ထိုဆေးကို ဈေးကွက်တွင် စတင်ရောင်းချချိန်သည် (၁၉၉၈)ခုနှစ် ရောက်သွားသည်။ ထိုဆေး အသစ်ကို ‘ဗိုင်ယာဂရာ’ဟု လူသိများပေသည်။
ဖုန်းယွီသည် လက်တွေ့စမ်းသပ်မှုများ ပြီးမြောက်ရန် စောင့်ဆိုင်းနေပြီး ရလဒ်ကောင်းများ မရရှိသေးချေ။ ထိုဆေး ဖော်စပ်နည်းနှင့် လုပ်ပိုင်ခွင့်များ သူဝယ်သည့် အချိန်ဖြစ်ပြီး မူပိုင်ခွင့် ချက်ချင်းလျှောက်ထား ပေလိမ့်မည်။ သူသည် နှစ်စဉ် သန်းရာနှင့် ချီသော ဤအံ့ဖွယ်ဆေးကို ထိန်းချုပ်ထားချင်သည်။
-------*****--------
ဘာသာပြန်သူ . (NTP)