← Chapters

တရုတ်လူမျိုးတိုင်း အဟာရဓာတ် မလုံလောက်မှု

Vol. 34 Ch. 504

တရုတ်လူမျိုးတိုင်း အဟာရဓာတ် မလုံလောက်မှု

Vol. 34 Ch. 504

“အာ.. စာရွက်တွေ ဖတ်ပြီးပြီလား.. ကျန်းမာရေးက လှည့်မကြည့်မိရင် အကောင်း.. ခန္ဓာကိုယ်က သံဓာတ် ချို့တဲ့နေတယ်.. ငါတို့ သားအတွက် သံဓာတ်ဖြည့်စွက်ဆေး တိုက်သင့်လား..”

“အဲ့ဒါ အမှန်ပဲလား..”

ယောက်ျားလုပ်သူ ဗီဒိုအတွင်း အင်္ကျီချိတ်ပြီး ပြန်ပိတ်လိုက်သည်။

“ဘာမဟုတ်ရမှာလဲ.. ပညာရှင်တွေ ဒီလိုပြောထားတာပဲ.. အဲ့ပညာရှင်တွေဆိုတာ ဆေးတက္ကသိုလ်က ပါမောက္ခတွေ.. သူတို့တွေ ကုမ္ပဏီပိုင် ဆေးရုံတွေက ဆရာဝန်တွေလိုပဲ အရည်အချင်းရှိတာပဲလေ..”

“ကောင်းပြီ.. နည်းနည်းလောက် ဝယ်လိုက်လေ.. ဘယ်လောက်ကုန်မှာလဲ..”

“မဟုတ်ပါဘူး.. တစ်ဗူးကို ယွမ်ဂဏန်းနဲ့ (၁၀)ရက်လောက်ခံတယ်… ဆေးပတ်လည်ဖို့ (၃)ဗူးကို ယွမ်(၂၀)တောင် မကျဘူး.. ငါတို့ သားလေး ကျန်းမာရေးအတွက် တစ်လ ယွမ်(၂၀) အသုံးချင်ဘူးလား..”

“မဟုတ်ပါဘူး.. သွားဝယ်မယ်လေ.. ငါပိုက်ဆံတွေအကုန် မင်းပဲ သိမ်းထားတာလေ..”

“ငါ မင်းနဲ့တိုင်ပင်နေတာလေ.. ဘယ်လိုတွေ သဘောထားနေတာလဲ..”

“ကောင်းပြီ.. ကောင်းပြီ.. ကောင်းပြီ.. တောင်းပန်ပါတယ်.. ငါများတာပါ.. ညစာ စားလို့ရပြီလား..”

“နင် စားဖို့ပဲသိတယ်.. လင်လင် ညစာ လာစားတော့..”

အမျိုးသမီးက ပွစိပွစိ လုပ်ရင်းနဲ့ သူ့ခင်ပွန်း ပန်းကန်အတွင်း ထမင်း ဖြည့်ပေးလိုက်တော့သည်။

ဆေးလိပ်သောက်သူ၊ အချိုကြိုက်သူများအား ဗီတာမင် B1 တိုးပေးသင့်သည်။ သူငယ်နာ၊ ခံတွင်းနာ၊ ထုံနာကျင်နာ ရှိသူများသည် မကြာခန ဗီတာမင် B1 ချို့တဲ့တဲ့ လက္ခဏာများဖြစ်သည်။

မျက်မှေးရောင်ခြင်း၊ သူငယ်နာ စသည်တို့သည် ဗီတာမင် B2 ချို့တဲ့ခြင်း၏ လက္ခဏာတစ်ခု ဖြစ်သည်။ ကိုယ်ခံစွမ်းအား နည်းခြင်း၊ အာရုံမစိုက်နိုင်ခြင်း၊ မောပမ်းနွမ်းနယ်ခြင်း စသည့် ခန္ဓာကိုယ်တွင် ဗီတာမင် B6 ချို့တဲ့ခြင်း လက္ခဏာ များ ဖြစ်ပေသည်။

ဗီတာမင် B12 ချို့တဲ့ခြင်းကြောင့် သွေးအားနည်းခြင်း ဖြစ်နိုင်ပေသည်။ စပျစ်သီး၊ လိမ္မော်သီး၊ မက်မွန်သီး စသည်တို့ကို များများ စားခြင်းဖြင့် ထိုဗီတာမင်ဓာတ် တိုးလာစေနိုင်ပါသည်။ ခန္ဓာကိုယ်သည် ဗီတာမင် B1 ကဲ့သို့ မသိုလှောင်နိုင်သောကြောင့် ထိုအသီးအနှံများကို နေ့စဉ်စားသုံးပေးသင့်ပေသည်။

“အချစ်.. ဒီမှာကြည့်.. ဒီဆောင်းပါးက နင့်မှာ ထုံနာကျင်နာဖြစ်တယ်ဆိုတာ ဗီတာမင် B ချို့တဲ့မှုကြောင့် ဖြစ်နိုင်တယ်တဲ့”

“ဗီတာမင်ဆိုတာ ဘာလဲ..”

“ဗီတာမင် ဆိုတာ ငါတို့ ခန္ဓာကိုယ်အတွက် မရှိမဖြစ် လိုအပ်တဲ့ အဟာရဓာတ်ပေါ့.. အဲ့ဒါ ငါတို့ ခန္ဓာကိုယ်အတွက် အရမ်းအရေးကြီးတယ်.. မနက်ဖြန် ရုပ်မြင်သံကြားက ကြော်ငြာတဲ့ ဆေးတစ်ပုလင်း သွားဝယ်မယ်.. အဲ့ဆေးနာမည်က ဘာပါလိမ့်.. အော်.. ဗီတာမင် ပေါင်းစုံဆေးတဲ့.. ဗီတာမင် အမျိုး(၂၀)ကျော် ပြန်ဖြည့်ပေးမယ်တဲ့.. ဈေးလဲမကြီးဘူး..”

“ဗီတာမင် ချို့တဲ့တယ်ဆိုတာ တကယ့်အကြောင်းအရင်းလား..”

“အကြောင်းအရင်း မဟုတ်ရင်တောင် ဗီတာမင် ပိုသောက်လို့ ငါတို့အတွက် ဒုက္ခရောက်စရာ မရှိဘူးလေ.. ဈေးလဲမကြီးဘူး.. ထိရောက်တယ်ဆိုရင် ကျန်းမာရေး ကောင်းဖို့အတွက် ဆက်သောက်သင့်တယ်လေ.. အဲ့ဆောင်းပါးမှာ ရေးထားတယ်..”

ဖုန်းယွီသည် ဤဆောင်းပါးများကို တရုတ်နိုင်ငံ တစ်ဝှမ်းရှိ သတင်းစာများတွင် ထုတ်ဝေခဲ့သည်။ ကျန်းမာရေး ကော်လံစာမျက်နှာများရှိ စာတမ်းများတွင် ထည့်သွင်း၍ အကောင်းဆုံး ကျန်းမာရေး အခြေအနေ သတိပြုမိစေရန်၊ ဖုန်းယွီအနေဖြင့် ဤပြဿနာကို ရေးသားရန် ဒေသတွင်း ကျွမ်းကျင်သူများကို ငှားရမ်းခဲ့သည်။

ထိုကျွမ်းကျင်သူများသည် ရှေးရိုးဆွဲဝါဒီများ ဖြစ်ပြီး၊ ‘ဖြစ်နိုင်တယ်၊ ဖြစ်နိုင်လောက်တယ်၊ ဖြစ်နိုင်ခြေများတယ်’ စသည့် စကားလုံးများ သုံးကြသည်။ သို့ရာတွင် စာဖတ်သူများမှာ အဓိပ္ပါယ်လွဲကောက်ကြတော့သည်။ သူတို့ နားလည်မှုအရ ပညာရှင်များပင် အကြံပေးပေးထားသည်ဟုပင်။ ထိုသို့ဆိုလျှင် မှန်လိမ့်မည်။ ဤကိစ္စနှင့် ပတ်သက်၍ ဒုတိယနည်းလမ်းပင် မရှိခဲ့ပေ။

စာဖတ်သူများသည် သတင်းစာဖတ်ပြီး ရေဒီယိုနားထောင်သောအခါ ၎င်းတို့၌ ထိုလက္ခဏာအချို့ရှိကြောင်း သိရှိကြပြီး ဤသည်မှာ အကောင်းဆုံး ကျန်းမာရေး အခြေအနေ၏ လက္ခဏာတစ်ရပ် ဖြစ်သည်။ အချိန်မရွေး နာဖျားနိုင်ပေသည်။

ပြည်သူများသည် သတင်းစာ၊ ရေဒီယိုများမှ များစွာ သင်ယူခဲ့ရသည်။

သို့ရာတွင် သူတို့အားလုံးသည် ထိုကျန်းမာရေး အခြေအနေ ဆိုသည်ကို အပြည့်အဝ နားမလည်ကြချေ။ အကောင်းဆုံး ကျန်းမာရေး အခြေအနေသည် ရေရှည်အခြေအနေဖြစ်ပေသည်။ တခါတရံ မပင်ပန်းသောသူ မည်သူရှိမည်နည်း။ အချိန်ကြာမြင့်စွာ မောပမ်းနွမ်းနယ်ပါက ၎င်းးအား အကောင်းဆုံး ကျန်းမာရေး အခြေအနေ အဖြစ် သတ်မှတ်မည် ဖြစ်သည်။

လူများသည် ထိုဆောင်းပါးဖတ်ခြင်း၊ ရေဒီယိုနားထောင်ခြင်း တို့ပြုလုပ်သည့်အခါ မိမိတို့ နှစ်သက်ရာ အကြောင်းအရာတို့ကိုသာ ရွေးချယ်တတ်ကြသည်။ စာပိုဒ်တစ်ခု သို့တည်းမဟုတ် စာတစ်ပုဒ်တွင်ပင် ၎င်းတို့အနေဖြင့် စာတစ်ကြောင်း၊ သို့တည်းမဟုတ် စကားလုံး တစ်လုံး မှတ်မိရန်သာ ရွေးချယ်ကြပေသည်။

ထို့အတွက်ကြောင့် ၎င်းတို့အားလုံးသည် ‘ကျွမ်းကျင်သူများ’ ဖြစ်လာကြတော့သည်။ ဤ ‘ကျွမ်းကျင်သူများ’သည် ၎င်းတို့ ပိုသိ၊ ပိုတတ်ကြောင်း ပြသရန် အခြားသူများကို အကြံဉာဏ်များ ပေးလိုကြချေသည်။

ချက်အလက်များ တစ်ဆင့်ပြီးတစ်ဆင့် ကူးပြောင်းသွားပြီးနောက် လိမ်ရှုတ်ကုန်ကြတော့သည်။ မူရင်း ပညာရှင်များ သည်ကား ‘ဖြစ်နိုင်တယ်၊ ဖြစ်နိုင်လောက်တယ်၊ ဖြစ်နိုင်ခြေများတယ်’ ထိုကဲ့သို့သော စကားလုံးများကိုသာ သုံးထားခြင်း ဖြစ်သည်။

ကျွမ်းကျင်သူများ အကြံပြထာသော အစားအစာများသည် ဈေးကြီးသော အစားအစာများ ဖြစ်သည်။ အချို့မှာ ကြက်၊ ငါး၊ သို့တည်းမဟုတ် ဘဲကဲ့သို့ ရာသီစာများ ဖြစ်ကြသည်။ ထိုအရာအားလုံးမှာ ဖုန်းယွီ၏ ထုတ်ကုန်ထက် ဈေးနှုန်း ပိုမို မြင့်မားပေသည်။

ထို့အပြင် ထိုအစားအသောက်များ စားခြင်းသည် ထိရောက်မှု ရှိပါက အဘယ့်ကြောင့် ဆေးဘက်ဆိုင်ရာ ထုတ်ကုန်များ ရှိနေမည်နည်း။ ထိပ်တန်း အားကစားသမားများပင် ဤဆေးဘက်ဆိုင်ရာ ပစ္စည်းများ ယူဆောင်၍ သူတို့ မိသားစုဝင်အတွက် ဝယ်ယူခဲ့ကြသည်ဟု ရုပ်မြင်သံကြားတွင် ကြော်ငြာထားပေသည်။ ဤသည်က အရမ်းထိရောက် ပေလိမ့်မည်။

ဤဆေးဘက်ဆိုင်ရာ ထုတ်ကုန်များကို ယူခြင်းသည် ထိုကျန်းမာရေး ထုတ်ကုန်များထက် ပိုကောင်းပေသည်။ ကျန်းမာရေး ထုတ်ကုန်များသည်ကား မည်သည့်အရာတွေနည်း။ CCTV ကြောင့်သာမဟုတ်ပါက အားလုံး အမှောင်ထဲတွင် ရှိနေပေလိမ့်မည်။

ထို ထုတ်ကုန်များကို နာမည်ကြီး ဆေးဝါးကုမ္ပဏီကြီးတစ်ခုမှ ထုတ်လုပ်ပြီး CCTV တွင် ကြော်ငြာထားသည်။ CCTV မှလည်း ထိုမှားယွင်းသည့် ကြော်ငြာများကို ထုတ်လွှင့်ခြင်း မပြုရန် ကတိပြုခဲ့ပြီး တုန့်ပြန်သွားမည်ဟု ကြေငြာခဲ့သည်။

သတင်းစာများတွင် ပါဝင်သည့် ဆောင်းပါးများသည် ရည်မှန်းချက် ကြီးမားလွန်းပေသည်။ ၎င်းသည် မည်သည့် ထုတ်ကုန်ကိုမှ အကြံပြုထားခြင်း မရှိသည့်အပြင် အသိပညာနှင့် အချက်အလက်များကိုသာ ပြောဆိုခဲ့သည်။ သို့ရာတွင် အမှန်တကယ် ဈေးကွက်နည်းဗျူဟာ ဖြစ်နေပေသည်။ အသိပညာအခြေခံ ဈေးကွက်ရှာဖွေရေးနှင့် အယူအဆ ဈေးကွက်ကြီး ဖြစ်တော့သည်။

ဤဗျူဟာမှာ လူတိုင်းအား သတင်းအချက်အလက်နှင့် အသိပညာ ဖြန့်ဝေခြင်းကို အသုံးပြုခြင်း ဖြစ်သည်။ ဆောင်းပါး ဖတ်ရှုခြင်း၊ ရေဒီယို နားထောင်ခြင်း ပြုလုပ်သည့်အခါ ထိုဆေးဘက်ဆိုင်ရာ ပစ္စည်းမျး ဝယ်ရန် စိတ်ကူး ရှိကြပေသည်။ သို့သော် ဈေးကွက်တွင် အလားတူထုတ်ကုန်များ ရှိနိုင်သောကြောင့် ၎င်းတို့သည့် အခြားထုတ်ကုန်များကို ဝယ်ယူမည် မဟုတ်ချေ။

ဒုတိယ နည်းဗျူဟာမျာ ထိုထုတ်ကုန်များကို ရောင်းချရန် ကျွမ်းကျင်သူများကို အသုံးပြုခြင်းဖြစ်သည်။ သတင်းစာ၊ ဂျာနယ်များ၊ ရေဒီယို အသံလွှင့်ဌာနများနှင့် ဆွေးနွေးပွဲများမှ တဆင့် ကျန်းမာရေး အခြေခံ သဘောတရားများ ပျံ့နှံ့သွားတော့သည်။ စားသုံးသူများအနေဖြင့် ကျန်းမာရေးနှင့် ပတ်သက်၍ ဘာမှ မလုပ်ပါက အလွယ်တကူ ဖျားနာ နိုင်ကြောင်း သတိပေးထားပေသည်။

ထိုကျွမ်းကျင်သူများသည် ရေဒီယို အသံလွှင့်ဌာနများမှ ကျန်းမာရေး အခြေအနေအကြောင်း ပြောကြားသည့်အခါ နားထောင်သူများကို ခေါ်ဆိုမေးမြန်းခွင့် ပေးခြင်းဖြင့် နားထောင်သူများကို ပြန်လည် တုန့်ပြန်လေ့ရှိသည်။ နားထောင်သူ အများစုသည် ၎င်းတို့အား အကြံပေးရန် ကျွမ်းကျင်သူများထံ ထုတ်ကုန် တစ်ခုခု ရှိမရှိ မေးမြန်းကြမည်ဖြစ်သည်။

ဤကာလအတွင်း ထိုကျွမ်းကျင်သူများသည် ဆေးဘက်ဆိုင်ရာ ထုတ်ကုန်အချို့ကို အကြံပြုကြပေလိမ့်မည်။ ဤကျွမ်းကျင်သူများ အားလုံးသည် ငွေကြေးရယူခဲ့ကြပြီး ပမ့်မြို့တော် ဆေးဝါးစီမံကိန်းသည် ကျော်ကြားသော ကုမ္ပဏီတစ်ခု ဖြစ်ပြီး ၎င်း တို့ထုတ်လုပ်ည့် ဆေးဝါးများသည် စံချိန်စံညွှန်းနှင့် ညီကြောင်း သိရှိခဲ့ကြသည်။ ဤထုတ်ကုန်များကို အကြံပြုခြင်းနှင့် ပတ်သက်၍ သူတို့တွင် သိရှိနိုင်ရန် အရည်အချင်း မရှိကြချေ။

နားထောင်သူများအနေဖြင့် ကျွမ်းကျင်သူများ၏ အကြံပြုချက်များကို နားထောင်၍ ရုပ်မြင်သံကြားတွင် မြင်တွေ့ရမည် ဖြစ်သည်။ သူတို့သည် ဤဆေးဘက်ဆိုင်ရာ ထုတ်ကုန် အမှတ်တံဆိပ်ကို ယုံကြည်ပြီး မသိစိတ်မှ ရွေးချယ် ကြမည်ဖြစ်သည်။

ထို့အပြင် အကောင်းဆုံး ကျန်းမာရေး စာအုပ်လည်း ထွက်လာခဲ့သည်။ ပညာရှင်များသည် ဤစာအုပ် ရေးသားရာတွင် ပါဝင်ခဲ့ကြသည်။ အလုပ်အတွက် အခကြေးငွေ မျိုးမျိုးမြက်မြက် မရသော်လည်း ဤစာအုပ်ကို ဘာသာစကား (၂၀)ကျော်ဖြင့် ဘာသာပြန်မည်ဟု ပညာရှင်များ ကြားသည့်သောအခါ စိတ်မဝင်စားပဲ မနေကြချေ။ အားလုံးသည် ကျော်ကြားမှု လိုချင်ကြသည် မဟုတ်ပေလော။

ဆေးဘက်ဆိုင်ရာ ထုတ်ကုန်များကို အကြံပြုသည့်အခါ ကျွမ်းကျင်သူများက ဤစာအုပ်ကို အကြံပြုကြတော့သည်။ ဤစာအုပ်ကို ဘာသာစကား (၂၀)ကျော်ဖြင့် ဘာသာပြန်ဆိုထားပြီး နိုင်ငံပေါင်း တစ်ဒါဇင်ကျော်တွင် ထုတ်ဝေမည် ဖြစ်ကာ၊ ဤစာအုပ်၏ ရောင်းအားမျာ အဆမတန် တိုးလာသည်ဟုပင် ဆိုကြတော့သည်။

ဤသည်မှာ ဖုန်းယွီလိုချင်သည့် အတိုင်းပင်ဖြစ်သည်။ တရုတ်နိုင်ငံ၏ အရောင်းစာရင်းများသည်၊ ဖူကွမ်းကျန့် အနေဖြင့် ပြည်ပမှ ထုတ်ဝေသူများနှင့် ညှိနှိုင်းရာတွင် အထောက်အကူ ဖြစ်ပေလိမ့်မည်။ ၎င်းသည် အရောင်းရဆုံး ဖြစ်ခဲ့ပြီး အခွင့်အရေးများအတွက် ငွေကြေး ပိုမို ပေးသင့်ပေသည်။

ဖုန်းယွီသည် စာအုပ်ရောင်းရငွေမှ ကျွမ်းကျင်သူများနှင့် ပါမောက္ခများအား ပေးဆောင်ခဲ့သော ငွေပမာဏအားလုံး ပြန်လည်ရရှိမည်ဟု ယုံကြည်ထားပေသည်။

ရလဒ်ကား အဘယ်သို့နည်း။ နှစ်ဖက် သာတူညီမျှ အောင်မြင်သည့် အနေအထားပင် ဖြစ်ပေသည်။

ပညာရှင်များနှင့် ပါမောက္ခများသည် ငွေကြေးနှင့် ကျော်ကြားမှုကို ရရှိခဲ့ပေသည်။ ဖုန်းယွီ ကြိုးကိုင်မထားဘဲ ထိုပညာရှင်အားလုံးသည် သူတို့ကိုယ်ပိုင် ကော်လံစာမျက်နှာများကို သတင်းစာတွင် ရရှိနိုင်လိမ့်မည် မဟုတ်ချေ။ နိုင်ငံခြား ပညာရှင်များသည်လည်း လိုအပ်သော အတွေ့အကြုံများ ရရှိလိုက်ကြသည်။

ဖုန်းယွီသည် ငွေကြေးအသုံးဆွဲလဲ သူ့ထုတ်ကုန်များ ထိထိရောက်ရောက် ဈေးကွက် တင်နိုင်ခဲ့သည်။ ထိုအဖြစ်အပျက်မှတဆင့် ဤစာအုပ်မှ အမြတ်ထုတ်နိုင်ပေလိမ့်မည်။

ဖုန်းယွီသည် ကုတင်ပေါ်တွင် လဲလျောင်းနေပြီး စာအုပ် အရောင်းစာရင်းကို ကြည့်နေပေသည်။

‘တစ်တိုင်းပြည်လုံး အဟာရချို့တဲ့သည့်ခေတ်’ နောက်ဆုံးတော့ ရောက်လာခဲ့ပေပြီ။ ဥရောပသားများ၊ အမေရိကန်များ၊ အာရှသားများ စသည် အားလုံးတို့သည် ကျန်းမာရေးအတွက် အကောင်းဆုံးဖြစ်ပြီး အဟာရ ချို့တဲ့နေကြပေသည်။

-------*****--------

ဘာသာပြန်သူ . (NTP)

All Chapters