← Chapters

ကျုပ်တို့ဟာ နံပတ်တစ်

Vol. 34 Ch. 506

ကျုပ်တို့ဟာ နံပတ်တစ်

Vol. 34 Ch. 506

ဖုန်းယွီသည် ဝမ်ရှောင်ရှန်၊ ချွီယင်ရှန်နှင့် ကျန်သူများ၏ သတင်းများ မြင်တွေ့ရသည့်အခါ ပျော်ရွှင်နေပေသည်။ အထူးသဖြင့် လေ့ကျင့်ရေးကွင်း ဗွီဒီယိုများ ပင်ဖြစ်တော့သည်။ ဗွီဒီယိုတိုင်းတွင် လေနှင့်မိုး လေ့ကျင့်ရေးကွင်း အမည်ကို ထင်ရှားစွာ ပြသခဲ့ကြသည်။ ဤသည်မှ လေနှင့်မိုး အမှတ်တံဆိပ်အတွက် အကျိုးကျေးဇူးများ ဆောင်ကျဉ်းပေး ပေလိမ့်မည်။ ထိုအားကစားသမားများ နာမည်ပိုကြီးလေလေ၊ ဆုများ ပိုမိုရလေလေ နိုင်ငံတကာ ဈေးကွက်သို့ ဝင်ရောက်ရန် ပိုမို လွယ်ကူလာလေလ ဖြစ်ပေလိမ့်မည်။

ဖုန်းယွီကမူ အားလုံး စီစဉ်ပြီးသား ဖြစ်ပေသည်။ မနက်ဖြန်တွင် အချို့သော သတင်းစာ အေဂျင်စီ များနှင့် ဆက်သွယ်၍ ထိုအားကစားသမားများနှင့် ပတ်သက်သော ဆောင်းပါးအစီအရင်ခံစာများ ထပ်မံ ထုတ်ဝေနိုင်ရန် ငွေအနည်းငယ် သုံးဆွဲမည်ဖြစ်သည်။ အဆိုပါ အားကစားသမားများသည် ကမ္ဘာ့စံချိန် ချိုးဖျက်နိုင်သည်ဟု အစီရင်ခံစာများမှ ဖော်ပြသင့်ပေသည်။

နောက်တစ်ဆင့်အနေဖြင့် အမျိုးသား အားကစားပြိုင်ပွဲ ပြုလုပ်မည် ဖြစ်သည်။ အဆိုပါ အားကစားသမားများသည် ကမ္ဘာ့စံချိန် ချိုးဖျက်ကာ ကမ္ဘာ့မာရသွန် ပြိုင်ပွဲများတါင် ရွှေတံဆိပ်များ ဆွတ်ခူးနိုင်မည် ဖြစ်သည်။ သူတို့အားလုံးကို ဖော်ပြရကျိုး နပ်ပေလိမ့်မည်။

အားကစားသမားများ ကမ္ဘာ့စံချိန် ချိုးဖျက်လိုက်သောအခါ ပမ့်မြို့တော် ဆေးဝါးစီမံကိန်းသည် နိုင်ငံတကာ ဈေးကွက်သို့ ဝင်ရောက်ရန် အချိန်ကျရောက်တော့မည် ဖြစ်သည်။ အခြားနိုင်ငံများတွင် အားကစားသမားများ၏ လွှမ်းမိုးမှုမှာ တရုတ်နိုင်ငံရှိ ကမ္ဘာ့စံချိန်တင်ထားသည့် တရုတ်နိုင်ငံထက် ပိုကြီးမားပေသည်။

သို့သော် ဖုန်းယွီသည် နိုင်ငံခြားဈေးကွက်သို့ ဝင်ရောက်ရန် စီစဉ်နေချိန်တွင် ပမ့်မြို့တော် ဆေးဝါးစီမံကိန်း အကြောင်း ဆောင်းပါးများ ထုတ်ဝေခဲ့သည်။

“ကျန်းမာရေး ထုတ်ကုန်တွေကို ဖော်ထုတ်တာက ကြံစည်မှုတစ်ခုပဲ..”

“တစ်ယောက်ယောက်က သူတို့ဆေးတွေ ရောင်းဖို့ သတင်းအတုတွေ ဖန်တီးနေတာ..”

“ပမ့်မြို့တော် ဆေးဝါးစီမံကိန်းက နောက်ကွယ်က လက်မည်းကြီးပဲ..”

တရုတ်နိုင်ငံ အဓိက သတင်းစာအားလုံး၏ ခေါင်းစီးပိုင်းများတွင် နည်းပြမာမှ ပမ့်မြို့တော် ဆေးဝါးစီမံကိန်းအား ပုတ်ခတ်ပြောဆိုသည့် သတင်းများ ဖြစ်ပေသည်။ ဆောင်းပါးများက သူ့ကို သားကောင်အဖြစ် ဖော်ပြခဲ့ပြီး တရုတ် လိပ်ဆီသည် ထုတ်ကုန်အတုဖြစ်ကြောင်း သူမသိချေ။ ထုတ်ကုန်ကို ဖော်ထုတ်လိုက်သည့်အခါ သူသည် ထောက်ခံကြေးများနှင့် အသက်စွမ်းအင်မှ ရရှိသည့် ငွေများကို ချက်ချင်း လှူဒါန်းခဲ့သည်။ အားလုံးကို လျော်ကြေး ပေးရန် သုံးစွဲခဲ့သည်။

တရုတ်လိပ်ဆီ၏ ပိုင်ရှင် လီကျားယွီသည် ပမ့်မြို့တော် ဆေးဝးစီမံကိန်း၏ ဝန်ထမ်းဟောင်း ဖြစ်သည်။ နည်းပြမာသည် ဤထုတ်ကုန်ကို ဂုဏ်သိက္ခာရှိသော အမှတ်တံဆိပ်ဖြစ်သည်ဟု ထင်မိသောကြောင့် ဤထုတ်ကုန်ကို ထောက်ခံရန် လှည့်စားခံခဲ့ရသည်။ ကြော်ငြာများတွင် လိုင်းများကို အခြားသူတစ်ဦးမှ ငွေချေစာချုပ် ချုပ်ဆိုခဲ့သည်။ ထိုစာကြောင်းများကို သူပြောရပေမည်။ ဤအရာအားလုံးမှာ ဇာတ်ကွက်တစ်ခုဟု ခံစားနေရသည်။ သို့မဟုတ်ပါက ပမ့်မြို့တော် ဆေးဝါးစီမံကိန်း၏ ဆေးဝါးများသည် ဈေးကွက် ပျက်စီးနေချိန်တွင် အဘယ့်ကြောင့် ရုတ်တရက် ပေါ်လာသနည်း။

နည်းပြမာသည် ပမ့်မြို့တော် ဆေးဝါးစီမံကိန်းအပေါ် စွပ်စွဲမှု များစွာ ပြုလုပ်ခဲ့သည်။ ထိုဖြစ်ရပ်ကြောင့် သူ့လက်အောက်ရှိ အားကစားသမားများ လေ့ကျင့်မှု မရှိတော့ဟုလည်း ပြောဆိုထားပေသည်။

နည်းပြ မာကလည်း သူ့အားကစားသမားများအား နည်းပြရန် နိုင်ငံများစွာက လစာမြင့်မားစွာ ကမ်းလှမ်းခဲ့သော်လည်း ငြင်းဆိုခဲ့သည်။ သူသည် တရုတ်နိုင်ငံအတွက် သူ့အပိုင်းကို လုပ်ဆောင်ပြီး တရုတ်နိုင်ငံ အားကစားသမားများကို ပိုမို လေ့ကျင့်ပေးလိုသည်။

အကယ်၍ သူ့ကြောင့်သာ မဟုတ်ပါက အားကစားသမားများသည် ကမ္ဘာအဆင့် ပြိုင်ပွဲများတွင် ယခုကဲ့သို့ ရလဒ်များ ရရှိလိမ့်မည် မဟုတ်ချေ။ အားကစားသမားများက သူ့ကို ကျေးဇူးကနန်းခဲ့ကြသည်။ ထိုအားကစား သမားများက လွန်ခဲ့သော တစ်လလောက်က သစ္စာဖောက်ခဲ့ကြသည်။ ထိုအားကစားသမားများ ဤမျှလောက် မြန်မြန် တိုးတက်လာနိုင်ကြသည်လော။ ထိုအားကစားသမားများ၏ စွမ်းဆောင်နိုင်မှုအားလုံးသည် သူ၏ လေ့ကျင့် ပေးမှုကြောင့်သာ ဖြစ်သည်။

အားကစားသမားများ၏ နည်းပြများ ပြောင်းပြီးနောက် ပမ့်မြို့တော် ဆေးဝါးစီမံကိန်း အတွက် ထောက်ခံခဲ့ကြသည်။ သူတို့ ဤဆေးကို အမှန်တကယ် သောက်သုံးခဲ့ကြသည်လော။ အားလုံးမှာ အလိမ်အညာများသာ။ စုပေါင်း လိမ်ညာမှုကြီး တစ်ခုသာ။

နည်းပြမာမှ ဤသည်ကို အာရုံစိုက်ဖို့သာ လုပ်နိုင်ပေသည်။ ဤသည်မှာ သူ့အကြီးအကဲ သတိပြုမိရန် တစ်ခုတည်းသော နည်းလမ်း ဖြစ်ပေသည်။ အပြစ်ပေးခံရမှာ သေချာသော်လည်း ထိုသို့ မလုပ်ပါက ဇာတ်သိမ်း သွားနိုင်သည်။ သူ့တွင် အကြွေး ထူနေချေပြီ မဟုတ်ပေလော။

ကျန်းလွေ့ချန်း၊ ပမ့်မြို့တော် ဆေးဝါးစီမံကိန်း မန်နေဂျာနှင့် ဖုန်းယွီအပါအဝင် လူအနည်းငယ်သည် ဤသည်ကို မည်သို့ တုန့်ပြန်ရမည် ဖြစ်ကြောင်း ဆေးနွေးခဲ့ကြသည်။ ဤသည်ကို ကောင်းကောင်း မကိုင်တွယ်နိုင်ပါက သူတို့၏ ရောင်းအားကို သိသိသာသာ ထိခိုက်လာလိမ့်မည်။

ဖုန်းယွီသည် သတင်းစာများတွင် ပါလာသည့် ဆောင်းပါးများကို မြင်သည့်အခါ အင်တာနက်ခေတ် မဟုတ်သေး သဖြင့် ဝမ်းသာမိသည်။ ထို့အပြင် ရုပ်မြင်သံကြား ဌာနများမှ ဤကိစ္စ မထုတ်လွှင့်ရဲကြချေ။ သတင်းစာများ တွင်သာ ဖြစ်ပေသည်။ ဤအကြောင်းကြောင့် သူ့အနေဖြင့် အလွယ်တကူ ကိုင်တွယ်နိုင်ပေသည်။

သတင်းစာ၏ အကျိုးဆက်မှာ ရှင်းလင်းပေသည်။ သတင်းထောက် အားလုံးသည် အလားတူ သတင်းများ ထုတ်ဝေမည် ဖြစ်ပြီး ယင်းကိစ္စကို ဖေါက်ခွဲရန် ကောလဟလများစွာ ဖန်တီးမည် ဖြစ်သည်။ သတင်းကောင်းအနေဖြင့် အပျက်သဘောဆောင်သည့် သတင်းများနှင့် နှိုင်းယှဉ်ပါက စာဖတ်သူများကို စွဲဆောင်မှု မရှိချေ။

ဤသည်မှာ သတင်းစာမှတဆ်င့ ငြင်းခုံခြင်းသာ ဖြစ်ပါသည်။ ဖုန်းယွီသည် စကားရေလုပွဲများ၌ မည်သည့်အချိန်တွင် ရှုံးဖူးခဲ့ပေသနည်း။

ဖုန်းယွီသည် အချက်အလက် အနည်းငယ် စုဆောင်းခဲ့ပြီး အချက်အလက်များကို စစ်ဆေးပြီးနောက် သတင်းစာရှင်းလင်းပွဲ ပြုလုပ်ရန် ပမ့်မြို့တော် ဆေးဝါးစီမံကိန်း၏ အထွေထွေ မန်နေဂျာအား တောင်းဆိုခဲ့သည်။ ယနေ့ခေတ်တွင်မူ အစိုးရသည်သာ သတင်းစာရှင်းလင်းပွဲ လုပ်ပေသည်။ နာမည်ကြီး ပုဂ္ဂိုလ်များသည်ပင် သတင်းစာ ရှင်းလင်းပွဲ မရှိသေးချေ။ ပမ့်မြို့တော် ဆေးဝါးစီမံကိန်းမှ သတင်းစာ ရှင်းလင်းပွဲ ပြုလုပ်သည့်အခါ သတင်းထောက်များ အားလုံးသည် အသစ်အဆန်းဖြစ်သောကြောင့် စိတ်အား တက်ကြွနေကြလေသည်။ ၎င်းတို့ အားလုံးသည် ပမ့်မြို့တော် ဆေးဝါးစီမံကိန်းမှ အချက်အလက်များကို ပိုမိုစုဆောင်းလိုကြပြီး ယခုအခါတွင် ကုမ္ပဏီသည် အသေးစိတ် အချက်အလက်များကို ထုတ်ပြန်ရန် ဆန္ဒရှိနေသည် မဟုတ်ပေလော။

“ကျုပ်တို့ ကုမ္ပဏီကို နည်းပြမာက ရယ်စရာကောင်းတဲ့ စွပ်စွဲမှုတွေလုပ်ခဲ့တယ်ဆိုတာ ပြောပြပါမယ်.. ပထမဆုံးအနေနဲ့ တရုတ်လိပ်ဆီကို ယမန်နှစ် အစောပိုင်းက စတင်တည်ထောင်ခဲ့ပြီး ပမ့်မြို့တော်ဆေးဝါးစီမံကိန်း မတိုင်မီ တည်ထောင်ခဲ့တာ ဖြစ်ပါတယ်။ ဒုတိယအနေနဲ့ လီကျားယွီ ဆိုတာ XX ဆေးဝါးစက်ရုံက အရောင်းစာရေး တစ်ယောက်ပါ.. ဒါပေမယ့် လီကျားယွီက တစ်လပဲ အလုပ်လုပ်ခဲ့တာပါ.. အဲ့ဒီ XX ဆေးဝါးစက်ရုံက ပမ့်မြို့တော် ဆေးဝါးစီမံကိန်း အဖြစ် ပေါင်းစည်းထားတဲ့ ကုမ္ပဏီတွေထဲက တစ်ခုပါ.. XX ဆေးဝါးစက်ရုံက ဖက်စပ်လုပ်ငန်း ဖြစ်ပြီး.. အဓိက ရှယ်ယာရှင် တစ်ဦးချင်းစီဟာ ပုဂ္ဂလိက ပုဂ္ဂိုလ်တွေပါပဲ.. တတိယအနေနဲ့ ကျုပ်တို့ရဲ့ ဆေးဝါးတွေကို ပေကျင်း တက္ကသိုလ်က ပါမောက္ခတွေ တီထွင် ထုတ်လုပ်ထားတာဖြစ်တဲ့အပြင် နိုင်ငံတကာ စံချိန် စံညွှန်းမှီ လက်မှတ်တွေ ရရှိထားပါတယ်.. ပြီးတော့ ကျုပ်တို့ရဲ့ ထုတ်ကုန်တွေကို မကြာခင် နိုင်ငံခြားကို တင်ပို့တော့မှာပါ.. ကျုပ်တို့ရဲ့ ထုတ်ကုန် အရေအသွေးနဲ့ ပတ်သက်ပြီး ပြဿနာ လုံးဝမရှိပါဘူး.. စတုတ္ထအချက် အနေနဲ့ ကျုပ်တို့ရဲ့ ကြော်ငြာတွေမှာ အမှားအယွင်း တစ်ခုမှ မပါပါဘူး.. စကားလုံးတိုင်က အမှန်အကန် တွေကြီးပါပဲ..”

“ပဉ္စမအနေနဲ့ ကျုပ်တို့ နားလည်ထားတဲ့အတိုင်း နည်းပြမာက ယွမ်(၁၁)သန်းကို သူလှူဒါန်းချင်လို့ လှူတာ မဟုတ်ပါဘူး.. အဲ့ငွေတွေကို အစိုးရက သိမ်းလိုက်တာပါ.. ဒါ သူပြောထားတဲ့ စကားနဲ့ လုံးဝ မကိုက်ညီပါဘူး.. ဆဋ္ဌမ အနေနဲ့ နည်းပြမာက အားကစားသမားတွေဟာ သူ့လေ့ကျင့်မှုကြောင့် ရလာဒ်တွေ အောင်မြင်နိုင်တယ်လို့ အခိုင်အမာ ပြောထားပါတယ်.. ကျန်တဲ့ နည်းပြတွေကရော ဘယ်လိုလဲ.. လူတစ်ယောက်ဟာ အားကစားသမား ဆယ်ချီကို ကိုယ်တိုင်ကိုယ်ကျ လေ့ကျင့်ပေးနိုင်ပါသလား.. သတ္တမအနေနဲ့ နည်းပြမာက သူဟာ ကျန်းမာရေး ထုတ်ကုန် အရှုတ်တော်ပုံမှာ သားကောင်ဖြစ်ခဲ့ပါတယ်တဲ့.. ဒါပေမယ့် ဒီအားကစားသမားတွေရဲ့ စကားကို လူတွေ အားလုံး မေ့နေကြပြီလား.. ဘာလို့ နည်းပြ ပြောင်းဖို့ တောင်းဆိုခဲ့ရတာလဲ.. အဋ္ဌမအချက် အနေနဲ့ နည်းပြမာဟာ နည်းပြချုပ်ရာထူးက ထါက်သွားပြီးရင် အားကစားသမားတွေရဲ့ စွမ်းဆောင်ရည် ကျဆင်းသွားလိမ့်မယ်လို့ ပြောခဲ့ပါသေးတယ်.. ကျုပ်တို့ အဲလိုမထင်မိပါဘူး.. နည်းပြသစ်ရဲ့ လမ်းညွှန်မှုအောက်မှာ ဒီအားကစားသမား တွေဟာ ပိုတောင် ကောင်းလာလိမ့်မယ်လို့ ယုံကြည်ပါတယ်.. ကမ္ဘာ့စံချိန်တွေတောင် ချိုးဖျက်သွားနိုင်အုံးမှာ အသေအချာပါပဲ..”

အထွေထွေ မန်နေဂျာ၏ စကားများကြောင့် သတင်းထောက်များအားလုံး ရင်ခုန်နေကြတော့သည်။ နည်းပြမာ၏ စွပ်စွဲချက်များအားလုံးကို ချေပခဲ့ပေသည်။ နည်းပြမာသည် ပမ့်မြို့တော် ဆေးဝါးစီမံကိန်းအား မှားယွင်သော စွပ်စွဲမှုများ ပြုလုပ်နေသည်ဟု အထွေအထွေမန်နေဂျာက အခိုင်အမာ ပြောဆိုနေပြီး နည်းပြမာ၏ စွဲဆိုချက်အားလုံးကို ငြင်းဆိုထားလေသည်။

သတင်းထောက် တစ်ယောက်မှ..

“ကျန်းမာရေး ထုတ်ကုန်တွေကို စင်ပေါ်က ဖြုတ်ချပြီးတဲ့နောက် ခင်ဗျားတို့ ထုတ်ကုန်တွေ မြင့်တက်လာတာနဲ့ ပတ်သက်ပြီး ဘယ်လိုများ ရှင်းပြမလဲ.. ခင်ဗျားတို့ ထုတ်ကုန်တွေ အးလုံးဟာ ဆေးဝါးဖြစ်ပေမယ့် လူတွေက သူတို့ကို ကျန်းမာရေး ဖြည့်စွက်စာအဖြစ် ကုသနေကြတယ်လေ..”

“ဒါ ဘာပြဿနာ ရှိလို့လဲ.. ကျန်းမာရေးဆိုင်ရာ ထုတ်ကုန်တွေ စင်ပေါ်က ဖယ်ရှားလိုက်တယ်ဆိုတာ သူတို့ ထုတ်ကုန်တွေမှာ ပြဿနာတွေ ရှိနေလို့ သက်သက်ပါ.. ကျုပ်တို့ ထုတ်ကုန်တွေမှာ ဘာပြဿနာမှ မရှိတဲ့အပြင် စားသုံးသူတွေကလဲ ယုံကြည်ကြပါတယ်.. စားသုံးသူတွေက သူတို့ရဲ့ အဟာရဓာတ် တိုးမြှင့်ချင်ကြလို့ ကျုပ်တို့ရဲ့ ထုတ်ကုန်တွေကို ဝယ်ယူသုံးဆွဲနေကြတာပါ.. ဒါက သဘာဝပဲလေ..”

အခြား သတင်းထောက် တစ်ဦးမှလည်း..

“နည်းပြမာက ပမ့်မြို့တော် ဆေးဝါးစီမံကိန်းက ကျန်းမာရေးထုတ်ကုန်တွေကို ဖော်ထုတ်ခဲ့တဲ့ နောက်ကွယ်က လက်မည်းကြီးလို့ အခိုင်အမာ ပြောဆိုထားပါတယ်.. ခင်ဗျား ဝန်ခံပါသလား..”

ပမ့်မြို့တော် ဆေးဝါးစီမံကိန်း အထွေထွေမန်နေဂျာက အပြုံးဖြင့်ပင်..

“မှန်ပါတယ်.. ကျုပ်တို့ပါပဲ..”

သတင်းထောက်များ ရုတ်ရုတ်သဲသဲ ဖြစ်သွားတော့သည်။ ပမ့်မြို့တော် ဆေးဝါးစီမံကိန်းသည် အမှန်တကယ် ကျန်းမာရေး ထုတ်ကုန်အတုများ ဖော်ထုတ်ခဲ့သူ ဖြစ်သည်။ ဆိုလိုသည်မှာ နည်းပြမာ၏ စွပ်စွဲချက် မှန်ကန်ပေသည်။ ပမ့်မြို့တော် ဆေးဝါးစီမံကိန်းသည် ကျန်းမာရေးထုတ်ကုန် အရှုတ်တော်ပုံနှင့် အမှန်တကယ် သက်ဆိုင်နေပေသည်။

ပမ့်မြို့တော်ဘက်မှ အစိုးရတာဝန်ရှိသူများသည်လည်း ထိတ်လန့်သွားကြသည်။ အထွေထွေ မန်နေဂျာက မည်သို့ ပြောဆိုလိုက်သနည်း။ အရှုတ်တော်ပုံနှင့် ပတ်သက်၍ မှန်သည်ဖြစ်စေ ဝန်မခံသင့်ပေ။ သူ့ဦးနှောက်တွင် တစ်ခုခု မှားယွင်းနေသည်လော။

ပမ့်မြို့တော် ဆေးဝါးစီမံကိန်း အထွေထွေ မန်နေဂျာက ဆက်လက်၍..

“အဲ့ဒီ ထုတ်ကုန်အတုတွေကို ဖော်ထုတ်တာက ဘာများ မှားနေလို့လဲ.. ကျုပ်တို့ အမှားလုပ်မိလို့လား..”

သတင်းထောက်များ အံ့အားသင့်သွားတော့သည်။ မှန်နေသည်သာ။ ဤကဲ့သို့ ထုတ်ကုန်အတုများ ဖော်ထုတ်ခြင်းမှာ မည်သို့သော အမှားဖြစ်ပေမည်နည်း။

-------*****--------

ဘာသာပြန်သူ . (NTP)

All Chapters