← Chapters

ဂျပန်များအားလုံး သံဓာတ် ချိုု့တဲ့ကြခြင်း

Vol. 34 Ch. 507

ဂျပန်များအားလုံး သံဓာတ် ချိုု့တဲ့ကြခြင်း

Vol. 34 Ch. 507

နောက်တစ်နေ့တွင် သတင်းစာ၌ ပါရှိသော ဆောင်းပါးကို နည်းပြမာ မြင်သည်နှင့် အပိုင်းပိုင်း ဆုတ်ဖြဲ ပစ်လိုက်တော့သည်။ စာရွက် အပိုင်းအစများ ကြမ်းပြင်ပေါ် ပျံ့ကျဲသွားတော့သည်။

အကျင့်စာရိတ္တနှင့် အကျင့်ပျက်မှုတို့အတွက် မေးခွန်းထုတ်စရာ ဖြစ်လာပြီ မဟုတ်ပေလော။ ကမ္ဘာ့အဆင့်မှီ နည်းပြတစ်ဦးကို ဖော်ထုတ်ရန် ဤကဲ့သို့သော စကားလုံးများအား မည်သည့်အချိန်က အသုံးပြုခဲ့ကြသနည်း။

နည်းပြမာသည် သူတပါး၏ လှေကို မီးရှို့ချင်သော်လည်း သူ့လှေနစ်မြုပ်သွားချေပြီ။ ထို့အပြင် သူသည် ရေမကူးတတ်ချေ။

ဤကိစ္စနှင့် ဖေါက်ပြန်သူမှာ နည်းပြမာဖြစ်ပြီး သူ၏ အကြီးအကဲများ သတိထားမိသွားသည်။ သို့ရာတွင် ယခုတစ်ကြိမ်တွင်မူ သူ့အကြီးအကဲမှ သူ့ကို အလုပ်ထုတ်လိုက်တော့သည်။

နည်းပြမာ၏ တဝက်တပျက် လေ့ကျင့်ရေးကွင်းကို လျှို့ဝှက်စီးပွားရေးသမား တစ်ဦးမှ ဝယ်ယူပြီး ပင်လယ်ပြင်ကို ကြည့်ရှုနိုင်သည့် ပြီးပြည့်စုံသော အဆောက်အဦးတစ်ခု အဖြစ် ပြောင်းလဲမည် ဆိုပါက နည်းပြမာ ထောင်ကျပေတော့မည်။

နည်းပြမာသည် သူ့လုပ်ရပ်များအား နောင်တရနေမိတော့သည်။ သူသာ လောဘမကြီးပါက ဤကဲ့သို့ ဒုက္ခရောက်လိမ့်မည် မဟုတ်ချေ။ နိုင်ငံခြား တွင် နည်းပြရန်လော။ တရုတ်နိုင်ငံမှ သူ့ကို သွားခွင့်ပေးလျှင်ပင် ယခင်က ကမ်းလှမ်းခဲ့ဖူးသည့် နိုင်ငံများသည် သူ့ကို မငှားတော့ချေ။ ၎င်းတို့၏ အားကစားသမားများအား စာရိတ္တပျက်ယွင်သူ တစ်ယောက်လက်တွင်း၌ လေ့ကျင့် ပေးချင်မည် မဟုတ်ချေ။

နည်းပြမာကို ထုတ်ပယ်လိုက်ကြောင်း ကြားသိရသည့်အခါ ဖုန်းယွီ မပျော်ရွှင်ခဲ့ချေ။ နောက်ဆုံးတါင် ဖုန်းယွီသည် နည်းပြမာ ထောင်ကျခြင်းမှ ကာကွယ်နိုင်ရေးအတွက် ကူညီရန် ဆုံးဖြတ်လိုက်တော့သည်။ ဖုန်းယွီအနေဖြင့် မည်သည့်အခါတွင်မှ ဆုံးရှုံးမည့် အလုပ် လုပ်မည် မဟုတ်ချေ။ လီယန်ကျန်း၏ ဒေသန္တရ အစိုးရသည် စီမံကိန်းကို တာဝန်ယူရန် မည်သူတစ်ဦးတစ်ယောက်ကိုမှ မစောင့်နိုင်တော့ချေ။ သို့မဟုတ်ပါက ပစ္စည်းပေးသွင်းသူများနှင့် ဆောက်လုပ်ရေး ကုမ္ပဏီတို့သည် ထူးထူးခြားခြား ငွေပေးချေသူကို ရှာဖွေမည် ဖြစ်ပေသည်။ လုပ်ငန်းရှင်တစ်ဦးသည် မြေယာပိုင် အမည်ပြောင်းလဲရန် ဒေသန္တရ အစိုးရထံ ငွေအနည်းငယ် လှူဒါန်းခဲ့သည်။

အိမ်ယာများ ရောင်းချမည်၊ မရောင်းချမည်အား မြို့တော် အစိုးရမှ ဂရုစိုက်မည် မဟုတ်ချေ။

ဖုန်းယွီသည် ယခင်ဘဝက ပင်လယ်ပြင်ကို ကြည့်ရှုနိုင်သော နေအိမ်တစ်လုံး ပိုင်ဆိုင်ရေးမျာ အိပ်မက် တစ်ခု ဖြစ်ပေသည်။ ယခုမူ ဤဘဝ၌ အမှန်တကယ် ဖြစ်လာခဲ့ပြေပြီ။ ထို့အပြင် ဤနေရာတဝိုက်အား စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှု ဇုန်အဖြစ် သတ်မှတ်မည်ဖြစ်ကာ အိမ်ခြံမြေဈေးနှုန်းများ မြင့်တက်လာမည် ဖြစ်သည်။ ဖုန်းယွီသည် အရှုံးပေါ်ရန် နည်းလမ်း မရှိချေ။

-----*****-----

“မင်း ကြော်ငြာတွေ စလွှင့်လိုက်တော့..”

ဖုန်းယွီ ခါမီဒါမာဆောင်ကို မီးစိမ်းပြလိုက်တော့သည်။

ဂျပန်တို့သည် ဖူဂျီရုပ်မြင်သံကြားတွင် စာအုပ်တစ်အုပ်၏ ကြော်ငြာတစ်ခုကို စတင်သတိထားမိလိုက်ကြသည်။ ဤစာအုပ်ကို အကောင်းဆုံး ကျန်းမာရေးအခြေအနေ ဟု အမည်ပေးထားသည်။ ဂျပန်တွင် ဤကဲ့သိ့ စာအုပ်အသစ် အရောင်းမြှင့်တင်သော စာရေးဆရာများ ရှိနေခဲ့သေးသည်။ သို့ရာတွင် အများစုမှာ သတင်းစာများတွင်သာ ကြော်ငြာခဲ့ခြင်းဖြစ်သည်။ စာအုပ်အသစ် ကြော်ငြာရန် ရုပ်မြင်သံကြားဌာနကို အသုံးပြုလိုသော်လည်း အစီအစဉ်တစ်ခု အဖြစ် ထည့်သွင်းခြင်း မရှိကြချေ။

ယခုတွင်မူ ထိုအစီအစဉ်အတွက် ဆေးဘက်ဆိုင်ရာ ပါမောက္ခတစ်ဘောက်ကို အစီအစဉ်တင်ဆက်သူ အဖြစ် ငှားရမ်းထားပြီး ကျန်းမာရေးနှင့် နေ့စဉ်အဟာရ စားသုံးမှုအကြောင်း ဆေးနွေးခဲ့သည်။ အစားအသောက်များတွင် အဟာရဓာတ်များနှင့် အကောင်းဆုံး ကျန်းမာရေး အခြေအနေကို ဖြစ်စေပေသည်။

“ကျုပ်တို့ရဲ့ နေစဉ် အစားအသောက်တွေကြောင့် ဂျပန်လူမျိုးတွေဟာ အကောင်းဆုံး အနေအထားမှာ ရှိတယ် ဆိုပေမယ့် အဟာရဓာတ်တွေ ချို့တဲ့ နေကြပါတယ်.. ကျုပ်တို့တွေ အများစုက သံဓာတ် ချို့တဲ့နေကြတယ်.. ကျုပ်တို့ ခန္ဓာကိုယ်မှာ သံဓာတ်ချို့တဲ့မယ်ဆိုရင် ပရိုတင်းဓာတ် ချို့တဲ့မှု ဖြစ်စေတဲ့အပြင် ကျုပ်တို့ ကလေးတွေရဲ့ ကြီးထွားနှုန်းနဲ့ အမျိုးသားတွေရဲ့ မျိုးပွားနိုင်မှုကို ထိခိုက်စေမှာပါ..”

“ရိုးရိုးသားသား ပြောရရင် ကျုပ်ကတော့ သံဓာတ် မကြာခဏ သောက်ပါတယ်.. ဒီဆေးကို တရုတ်နိုင်ငံက ဝယ်တာပါ.. သံဓာတ်က အမျိုးသားတွေရဲ့ မျိုးပွားမှုမှာ အရမ်းကို အဓိကကျတဲ့ ကဏ္ဍက ပါဝင်နေပါတယ်.. အားလုံး သိကြတဲ့အတိုင်း ကျုပ်မှာ သား(၂)ယောက် သမီး(၂)ယောက် ရှိတယ်.. လက်ရှိ အသက်မရွယ်နဲ့ကို ကျုပ်ကတော့ ကိုယ့်ဇနီးနဲ့ကိုယ် ချစ်တင်းနှောမှု ရှိနေသေးတယ်.. အသက်(၃၀)ဝန်းကျင်လောက်ဆို ပတ်ဝန်းကျင်က အမျိုးသား အများစုက သူတို့ရဲ့ ကျင်ဖက်တွေနဲ့ ချစ်တင်းနှောမှုတွေ ရပ်သွားကြပြီလေ..”

ရုပ်မြင်သံကြား အစီအစဉ်တွင်သာမက သတင်းစာများတွင်ပါ ကြော်ငြာများ ပါဝင်လာခဲ့သည်။ ကြော်ငြာများသည် ဗီတာမင်ဆေးနှင့် သံဓာတ်ဖြည့်စွက်စာများ အတွက်ဖြစ်သည်။

ဂျပန် အမျိုးသမီး အများစုသည် အိမ်ရှင်မများ ဖြစ်ကြပြီး ကြော်ငြာကို မြင်လိုက်သည်နှင့် ၎င်းတို့ ခင်ပွန်းများအတွက် ဖြည့်စွက်စာများ ဝယ်ရန် ဆုံးဖြတ်လိုက်ကြသည်။

ရုပ်မြင်သံကြား အစီအစဉ်မှ သံဓာတ်ချို့တဲ့သော အမျိုးသားများသည် ချစ်တင်းနှောချင်စိတ်နှင့် မျိုးထုတ်လွှမှု လျော့နည်းစေသည်ဟု ပြောကြားခဲ့သည် မဟုတ်ပေလော။

၎င်းတို့ ခင်ပွန်းများသည် အများအားဖြင့် အိမ်ပြန်နောက်ကျတတ်ပြီး တော်ယုံဖြင့် မထိတို့တတ်ကြချေ။ အဘယ့်ကြောင့်ဆိုသော် လုပ်ငန်းခွင်တွင် ပင်ပန်းလွန်းခြင်းကြောင့် ဖြစ်သည်။ သို့ရာတွင် ယခုအချိန်၌ ခင်ပွန်းဖြစ်သူ သည် သံဓာတ်ချို့တဲ့ကြောင်း သိရှိကြလေပြီ ဖြစ်သည်။

အကောင်းဆုံး ကျန်းမာရေးအခြေအနေ စာအုပ်နှင့် ပတ်သက်၍ ထိုစာအုပ်ကို ဝယ်ယူကာ သူတို့ခင်ပွန်းများအတွက် အားဆေးအချို့ ပြင်ဆင်ထားကြတော့သည်။ ရုပ်မြင်သံကြားမှ ပါမောက္ခက တရုတ်ဆေးဝါးဖြစ်သည့် သံဓာတ် ဖြည့်စွက်စာကို အကြံပြုခဲ့သည်။ တရုတ်ပြည်တွင် ဤမျှလောက် လူဦးရေ ထူထပ်နေသည်မှာ အံ့ဩစရာ မဟုတ်တော့ချေ။ သူတို့အားလုံးသည် သံဓာတ် ချို့တဲ့ခြင်း၏ သက်ရောက်မှုများကို သိရှိသွားကြပေပြီ။

ကလေးများတွင် သံဓာတ်ချို့တဲ့ခြင်း၏ အန္တရာယ်များ အကြောင်းကိုလည်း ထိုအစီအစဉ်က သတိပေးထားပေသည်။ သားရှိသော မိသားစုတိုင်းသည် ၎င်းတို့၏ ရင်သွေးများအတွက် သံဓာတ် ဖြည့်စွက်စာများ စတင်ဝယ်ယူ ကြတော့သည်။

ဂျပန် အမျိုးသား တော်တော် များများသည် အိမ်ပြန်ရောက်လာသည်နှင့် သူတို့ဇနီးများ ပြင်ဆင်ထားသည့် အပြာရောင် ဆေးပုလင်း တွေ့လိုက်ရရတော့သည်။၊ ၎င်းတို့ ဇနီးများက ဤဆေးကို သောက်စေချင်နေကြသည်။ ကုသမှု ကြာချိန် (၄)ပတ်ဖြစ်ပြီး ဆေးပတ်လည်သည့်အခါ အကျိုးသက်ရောက်မှုများ တွေ့ရှိလာရတော့သည်။

ဤဆေး သောက်ရသည့် ရည်ရွယ်ချက်အား ဇနီးများအနေဖြင့် သူတို့၏ ခင်ပွန်းများကို မပြောခဲ့ကြချေ။ ကျန်းမာရေး ကောင်းစေသော ဆေးတစ်မျိုး ဖြစ်ကြောင်းသာ ရှင်းပြခဲ့ကြသည်။

အချို့သော အမျိုးသားများသည် ဇနီးများကို ကိုယ်လက်ရောက် ကျူးလွန်မိကြချေသည်။ အချို့ကမူ ဇနီးများကို ငွေဖြုန်းတီးသဖြင့် ကြိမ်းမောင်း တတ်ကြသည်။ ဂျပန်နိုင်ငံ၏ စီးပွားရေးသည် မကောင်းမွန်သေးသဖြင့် ဖြန်းတီးနေ ခြင်းကြောင့်ပင်။ ထိုသို့ ရိုက်နှက်၊ ပြောဆို၊ ကြိမ်းမောင်း ကြသော်လည်း ဆေးသောက်ခြင်းကား မပျက်ကွက်ခဲ့ကြချေ။

အိမ်တွင် စာအုပ်တစ်အုပ် ရှိနေသည်ကို ခင်ပွန်းဖြစ်သူများ သတိထားမိကြသည်။ အိမ်ရှင်မများအနေဖြင့် ပုံမှန်ဆိုပါက ရုပ်မြင်သံကြားကြည့်ကြပြီး စာအုပ်ဖတ်ခြင်း မရှိကြချေ။

အကောင်းဆုံး ကျန်းမာရေးအခြေအနေ။ ဤစာအုပ်သည် မည်သည့်အတွက်သည်နည်း။ ခေါင်းစဉ်သည်ပင် စာအုပ် အတွင်းအကြောင်းအရာများ ဖြစ်သည့်ပုံပင်။ စပ်စုလိုစိတ်ဖြင့် စာအုပ် လှန်မိလိုက်ကြသည်။

စာဖတ်ပြီးနောက် ခင်ပွန်းဖြစ်သူများသည် ၎င်းးတို့တွင် ဖျားနာခြင်း လက္ခဏာများ ပြသနေကြောင်း သိနားလည်ခဲ့ကြသည်။ အဟာရချို့တဲ့နေသဖြင့် လုပ်ငန်းခွင်အတွင်း အစဉ် ပင်ပန်းနေခဲ့ကြသည်။ သီးသန့် အစားအသောက်နှင့် ဖြည့်စွက်စာများမှတဆင့် ၎င်းတို့၏ အဟာရဓာတ်များ စားသုံးမှုကို တိုးမြှင့်တင့်သည်။

များမကြာမှီ ဂျပန် အမျိုးသားများသည် မည်သည့်ဆေး သောက်နေကြောင်း သိသွားကြတော့သည်။ ၎င်းသည် တရုတ်နိုင်ငံမှ သံဓာတ်ဖြည့်စွက်စာ ဖြစ်ပေသည်။ ထိုစာအုပ်တွင် သံဓာတ်ချို့တဲ့ခြင်း၏ ဆိုးကျိုးများ ဖော်ပြထားပေသည်။

သူတို့၏ ဇနီးများသည် ဤဆေးကို မည်သည့်အတွက် ဝယ်ယူကြသည်ကို အားလုံး သိသွားကြတော့သည်။

ယခု မည်သို့ ပြုလုပ်ရမည်နည်း။ ဇနီးသည်ကို စိတ်ဝင်စားမှုများ မဖြစ်မနေ ပြသရပေတော့မည်။ သူတို့ ဇနီးမောင်နှံ အနေဖြင့် သံဓာတ် မချို့တဲ့ကြောင်း ပြသရပေလိမ့်မည်။ သို့ရာတါင် ချစ်တင်းနှောမှုကို အမှန်တကယ်ပင် စိတ်ဝင်စားမျု မရှိတော့ချေ။

နောက်ဆုံး၌ မိမိဇနီးတို့နှင့် ချစ်တင်းနှောမှု အကြိမ်ရေ တိုးတက်လာကြတော့သည်။ ထိုဆေး၏ အစွမ်းသတ္တိကို မြင်သည့် ဇနီးသည်များ ဝမ်းသာမိတော့သည်။ ပါမောက္ခအနေဖြင့် မလိမ်ညာခဲ့ချေ တကား။

ဤဆေးကို များများ ဝယ်ထားရပေမည်။

အချို့သော အမျိုးသားများသည် သူတို့၏ ခန္ဓာကိုယ်နှင့် ပတ်သက်၍ ပြဿနာအချို့အတွက် ထိုဆေးကို လျှို့ဝှက် ဝယ်ကြတော့သည်။ သူတို့ အိပ်များအတွင်း သိမ်းဆည်း၍ နေ့လည်စာ စားချိန်များတွင် ပုလင်း တစ်လုံးကျ သောက်ကြတော့သည်။ ဤသည်မှာ စိတ်ကျေနပ်မှု ရရှိစေပေသည်။ သို့တည်းမဟုတ် ဆေး၏ ထိရောက်မှု ဖြစ်နိုင်သည်။ ဆေးသောက်ပြီးနောက် စွမ်းအားများ တိုးလာသည်ဟု ခံစားနေကြရသည်။

သို့အတွက် သံဓာတ်ဖြည့်စွက်ဆာ ရောင်းအား အဆမတန် တိုးလာတော့သည်။ တစ်ချို့ဒေသများ၏ ရောင်းအားမှာ တရုတ်ထက်ပင် ပိုများပေ၏။

ဖုန်းယွီ အံ့ဩသွားမိသည်။ သူဆေးရောင်းရန် လူအများ၏ စိတ်အခြေအနေကို အသုံးချချင်သော်လည်း ဤမျှ ထိရောက်မည် မျော်လင့်မထားမိချေ။

ဤသည်ကပင် အနောက်နိုင်ငံများတွင် ရောင်းချရန်အတွက် ဖုန်းယွီ ယုံကြည်မှုများ ပိုရှိလာတော့သည်။

ဖုန်းယွီသည် ထိုနေရာတွင် ရောင်းအား များရန် မလိုအပ်ချေ။ သူသည် ထိုဆေးဝါးများ ရောင်းချမှုကို ထိုနိုင်ငံရှိ ဆေးဘက်ဆိုင်ရာ အရောင်းကုမ္ပဏီ မိတ်ဖက်များထံ လွှဲပြောင်း ပေးခဲ့သည်။ ဖုန်းယွီ ဟောင်ကောင် တက္ကသိုလ်သို့ သတင်းပို့ရမည့် အချိန်ရောက်လာပြီ မဟုတ်ပေလော။

-------*****--------

ဘာသာပြန်သူ . (NTP)

All Chapters