ဟောင်ကောင် တက္ကသိုလ်
Vol. 34 Ch. 508
ဟောင်ကောင်တက္ကသိုလ်။ သမိုင်းကြောင်း ရှည်လျားလှသည့် တက္ကသိုလ်တစ်ခုဖြစ်သည်။ ဤတက္ကသိုလ်သည် ဆေးပညာ၊ စီးပွားရေး၊ လူသားသိပ္ပံနှင့် နိုင်ငံရေး သိပ္ပံတို့တွင် အလွန်ကျော်ကြားပေသည်။ စူပါလူသားလီ၏ လှူဒါန်းမှုကို ဂုဏ်ပြုရန်အတွက် ဆေးပညာကိုပင် အမည်ပြောင်းလဲပစ်ခဲ့သည်။ တက္ကသိုလ် တစ်ခုပင် အမည်ပြောင်းလဲ၍ ရပေသည်။ ဖုန်းယွီ မနာမလိုပင် ဖြစ်မိတော့သည်။ သူ့အမည်ကို တက္ကသိုလ်တစ်ခုတွင် အမည် ပေးချင်နေသည်။ သူ့နာမည်တပ်ရန် တက္ကသိုလ်တစ်ခုလုံးမှ ပါမောက္ခများထက် မြင့်မားသည့် အောင်မြင်မှု ဖြစ်ပေလိမ့်မည်။
ဖုန်းယွီ အပျော်ဆုံး ဖြစ်ခဲ့သည်မှာ ဤတက္ကသိုလ် တက်ရောက်ရန် ဖိတ်ခေါ်ခြင်းမရှိချေ။ နှစ်ကုန် စာမေးပွဲများသည် အရေးမကြီးသော်လည်း ဖြေဆိုရန် တာဝန်ရှိနေပေသည်။ ဤတက္ကသိုလ်သည် လက်တွေ့ကိုသာ အလေးပေးပေသည်။
ဖုန်းယွီသည် စီးပွားရေးနှင့် ဘဏ္ဍာရေးဆိုင်ရာ ဘာသာရပ်များကို မကျွမ်းကျင်ဘဲ စီးပွားရေးဌာနကို ရွေးချယ်ခဲ့သော်လည်း သူ၏ တာဝန်များကို ပြီးမြောက်မည်ဟု ယုံကြည်နေဆဲဖြစ်ပေသည်။
“ဖုန်း.. ငါမင်းကို တက္ကသိုလ် ကထိကနဲ့ တွေ့ဖို့ ခေါ်သွားမယ်.. တက္ကသိုလ်နဲ့ နီးတဲ့ တိုက်ခန်းတစ်ခန်း ဝယ်ဖို့လဲ ကူညီထားတယ်..”
ဖူကွမ်းကျန့် ဖုန့်ယွီကို တစ်ချက်ကြည့်လိုက်သည်။ အဘယ့်ကြောင့် တက္ကသိုလ် အပြင်တွင် တိုက်ခန်းတစ်ခန်း လိုချင်နေရသနည်း။ ငါတို့ ဟောင်ကောင်က ကောင်မလေးတွေအတွက် မင်းမှာ စိတ်မရှိဘူးဆိုပြီး ငြင်းချင်သေးလား။
ဖုန်းယွီ ကျောင်း ပရဝုဏ်အတွင်းသို့ ဖူကွမ့်ကျန့်နောက်မှ လိုက်သွားလိုက်သည်။ ဖူကွမ်းကျန့်သည် ရှေ့မှဦးဆောင်၍ ကထိကနှင့် မိတ်ဆက်ပေးခဲ့သည်။ လမ်းတစ်လျှောက်တွင် လူတစ်ဦးချင်းအလိုက် အမည်ပေးထားသော ကျောင်းအဆောက်အဦး များစွာရှိကြောင်း ဖုန်းယွီသတိပြုမိလိုက်သည်။ ထိုသူများမှာ ဟောင်ကောင်ရှိ ဘီလီယံနာ သူဌေးများပင်ဖြစ်သည်။
ထိုကဲ့သို့ ချမ်းသာသူများသည် ပရဟိ လုပ်ငန်းများတွင် ငွေကြေး သုံးဆွဲကြသည်။ ၎င်းတို့သည် ဂုဏ်သိက္ခာမြှင့်တင်ရန်နှင့် လူများကို နောက်ကွယ်မှ သွားပုန်လေလွင့် ပြောဆိုမှုများကို တားဆီးရန် ပြုလုပ်ခြင်း ဖြစ်ပေသည်။ သူတို့သည်လည်း လူမှုအဆင့်အတန်းကို မြှင့်တင် ပေးပေသည်။ တက္ကသိုလ်ဘွဲ့ရများသည် ဟောင်ကောင် အထက်တန်းလွှာများ ဖြစ်ကြပြီး အချို့မှာ အုပ်ချုပ်ရေးမှူး သို့တည်းမဟုတ် အချို့မှာ အရာရှိများပင် ဖြစ်လာနိုင်ပေသည်။
တက္ကသိုလ်တွင် ရာထူးအမြင့်ဆုံး ပုဂ္ဂိုလ်မှာ ကျောင်းအုပ်ကြီး မဟုတ်ချေ။ တက္ကသိုလ် အဓိပတိ ဖြစ်ပေသည်။ တက္ကသိုလ်တွင် ကျောင်းအုပ်ကြီး၏ အခန်းကဏ္ဍသည် ကုမ္ပဏီ အလုပ်အမှုဆောင် နှင့်တူပြီး အဓိပတိသည် ကုမ္ပဏီ၏ ဥက္ကဋ္ဌနှင့် တူပေသည်။
ဖူကွမ်းကျန့်သည် ဖုန်းယွီကို ဒု-ကျောင်းအုပ်ကြီးထံ ခေါ်လာခဲ့ပြီး စောင့်ရှောက်ပေးပါရန် တောင်းဆိုခဲ့သည်။ ဖုန်းယွီ ဟောင်ကောင်သို့ အချိန်မိရောက်ခဲ့ပြီး ဖြစ်၍ အခက်အခဲများ မဖြစ်သင့်ကြောင်း အရိပ်အမြွက် ပြောခဲ့ပေသည်။ တက္ကသိုလ်သည် သူတက်ရောက်ခဲ့သည့်အတွက် သီးသန့်တာဝန်များ မပေးသင့်ချေ။ ဖုန်းယွီသည် ကျောင်းတက်သည့်ချိန် လှုပ်ရှားမှုအချို့တွင် ပါဝင်စေခြင်း၊ သို့တည်းမဟုတ် အိပ်ဆောင်တွင် အတင်းအကြပ် နေစေခြင်းတို့ မရှိသင့်ပေ။ ဤသို့ဖြင့် ဖုန်းယွီသည် တက္ကသိုလ် စာမေးပွဲမှလွဲ၍ အခြား ဘာမှ လုပ်စရာ မလိုတော့ချေ။
ဖုန်းယွီ ဒေါသတကြီးဖြင့် ဖူကွမ်းကျန့်ကို ကြည့်နေသည်။ ဤသည်မှာ မည်သည့် အဓိပ္ပါယ်နည်း။ မည်သူက ဤနေရာတွင် အချိန်ကုန်ခံနေမည်နည်း။ အမှန်တကယ် လေ့လာ၍ ဗဟုသုတ တိုးပွားချင်ကြပေသည်။ ဖုန်းယွီသည် ပါမောက္ခလျန့်၏ ဟောပြောပွဲများကို အမှန်တကယ် တက်ရောက်ချင်နေသည်။ ဟောင်ကောင်ကို တရုတ်နိုင်ငံသို့ လွှဲပြောင်း ပေးအပ်ပြီးနောက် အစိုးရမှ ဟောင်ကောင်စီးပွားရေး တည်ငြိမ်စေရန် အတိုင်ပင်ခံ ပုဂ္ဂိုလ်များထဲမှ ပါမောက္ခတစ်ဦးအဖြစ် ခန့်အပ်မည်ဖြစ်သည်။ သူသည် တရုတ်စီးပွားရေးကို ကျွမ်းကျင်ရုံသာမက အာရှနှင့် အခြား ကမ္ဘာ့နိုင်ငံများ၏ စီးပွားရေးကိုလည်း သုတေသန ပြုခဲ့သေးသည်။
“ဒီကားက မင်းအတွက်.. ဒါပေမယ့် မင်းမှာ ဟောင်ကောင် ယဉ်မောင်းလိုင်စင် မရှိသေးဘူး.. ဒါမင်းအတွက် စီစဉ်ပေးထားတဲ့ ယဉ်မောင်း.. သူ တရုတ်မှာ ပို့ဆောင်ရေး ထရပ်ကား မောင်းဖူးတယ်.. မန်ဒရင်းနဲ့ ကန်တုံ စကားတွေ ကောင်းကောင်း ပြောတတ်တယ်.. မင်းအတွက် ယဉ်မောင်းသင်တန်းတက်ပြီး လိုင်စင်လိုချင်သေးလား.”
ဖူကွမ်းကျန့် ဖုန်းယွီဆီသို့ ကားသော့ ပစ်ပေးလိုက်သည်။
ဖုန်းယွီ ကားသမားအား ကြည့်၍.
“မင်း ငါ့ကို သင်ပေးလို့ရမလား..”
“ရပါတယ်.. ဒါပေမယ့် ငါက ကျွမ်းကျင်နည်းပြ မဟုတ်ဘူးနော်..”
“ဒီလောက်ဆို ရပြီ.. ငါ အရှိန်နဲ့ မမောင်းပါဘူး. လက်ယာကပ်မောင်း သုံးနိုင်ဖို့ပဲ လိုတာပါ.. အချိန်ရှိတိုင်းလဲ မောင်းနေမှာမှ မဟုတ်တာ..”
ဖုန်းယွီ သူ့အသက်အန္တရာယ် ရှိနိုင်သည်အထိ အရှိန်ပြင်းပြင်း မောင်းရလောက်အောင် မတုံးသေး။ လူမိုက် သူဌေးများသာ ဤသို့ လုပ်ကြပေလိမ့်မည်။ သို့အတွက် ကားဆိုသည်မှာ တစ်နေရာမှ တစ်နေရာသို့ ပို့ဆောင်ရေး တစ်ခုမျှသာ ဖြစ်သည်။ သူသည် လက်ယာမောင်း စနစ်နှင့် ရင်းနှီးထားချင်ယုံသာ လိုပြီး၊ လိုအပ်မှသာ ကိုယ်တိုင် မောင်းပေလိမ့်မည်။
“မင်းက ဖလှယ်ရေးကျောင်းသား အနေနဲ့ တောင်းဆိုထားပေမယ့် ပထမဆုံးနေမှာ နောက်ကျနေတယ်.. ငါ ဘာပြောရမှန်းကို မသိတော့ဘူး..”
ဖူကွမ်းကျန့် ငြီးတွားနေတော့သည်။
အခြားသော ဖလှယ်ရေး ကျောင်းသားများသည် လွန်ခဲ့သည့် ရက်များကတည်းက တက္ကသိုလ်သို့ ရောက်ရှိလာခဲ့ကြသည်။ ဖုန်းယွီသည်ကား အစောကြီး ရောက်မလာချေ။ နောက်ပင် ကျနေသေး၏။ ဖူမိသားစု ကြောင့်သာမဟုတ်ပါက ဟောင်ကောင်တက္ကသိုလ်က ဖုန်းယွီကို အပြစ်ပေး ပေလိမ့်မည်။ ကျောင်းသား ကျောင်းသူအားလုံး ကျောင်းစည်းကမ်း လိုက်နာရပေလိမ့်မည်။
“ငါ အရမ်းအလုပ်ရှုတ်နေတယ်.. အာ.. အနောက်နိုင်ငံမှာရော ဝမ်ကျင့်ရှန် ကြော်ငြာတွေ ဘယ်လိုလဲ..”
“အခု မင်းပြောတာဆို အားကစားသမားတွေကို ကြော်ငြာတွေမှာ သရုပ်ဆောင်ဖို့ စိတ်ကူးကောင်းပဲ.. တုန့်ပြန်မှု အရမ်းကောင်းတယ်.. သာလွန်ကောင်းမွန်သည့် ကျန်းမာရေး အဆင့်အတန်း အသိပညာပေးတာ.. မြှင့်တင်တာနဲ့ ငါတို့ထုတ်ကုန်တွေရဲ့ ရောင်းအား အများကြီး တိုးလာတယ်.. အဲ့ မိတ်ဖက် ကုမ္ပဏီတွေက ဘဏ်ကို ပြုံးပြုံးကြီးတွေနဲ့ သွားနေကြလေရဲ့..”
ဖုန်းယွီ စိတ်ထဲတွင် တွေးနေမိသည်။ ဤကဲ့သို့သော ဈေးကွက်ရှာဖွေရေး ဗျူဟာအသစ်ဖြင့် ထိုကုမ္ပဏီများသည် မည်ကဲ့သို့ ငွေမရှာနိုင်ရမည်နည်း။ Amway ကျန်းမာရေးထုတ်ကုန်များကို ထောက်ခံရန် အားကစားသမားများကို သုံးခဲ့၍ ဖုန်းယွီသည် ဤအကြံဉာဏ်ရယူခဲ့ခြင်း ဖြစ်သည်။
ဖုန်းယွီ ယခင်ဘဝက Amway သည် ၎င်းတို့ ကျန်းမာရေး ထုတ်ကုန်များကို ထောက်ခံအားပေးရန် အားကစားသမားများ ငှားရမ်းခဲ့ပြီး ရလဒ်ကောင်းများ ရရှိခဲ့သည်။ ဝမ်ကျွင့်ရှန် နှင့် ကျန်သူများသည် သူတို့၏ အထွတ်အထိပ် အခြေအနေသို့ မရောက်သေးချ။ သူတို့အနေဖြင့် ကမ္ဘာ့စံချိန်များ ချိုးလိုက်သည့်အခါ ပိုမို ဩဇာကြီးလာပေလိမ့်မည်။
ဖုန်းယွီ ဤဆေးဘက်ဆိုင်ရာ ပစ္စည်းများမှ ငွေများများ မရရှိနိုင်ကြောင်း ခံစားခဲ့ရသည်။ သို့ရာတွင် ရှိပြီးသား စတော့ရှယ်ယာအားလုံးကို ရောင်းချခြင်းဖြင့် အမြတ်အစွန်း ရှိနေဆဲပင်။ ယခုနှစ် အရောင်းသတ်မှတ်ချက် ပြည့်မှီရန် ပြဿနာ မရှိသင့်ပေ။
ပမ့်မြို့တော် ဆေးဝါးစီမံကိန်း၏ အမှတ်တံဆိပ်ကိုလည်း ကမ္ဘာတစ်ဝှမ်းတွင် လူသိများလာမည် ဖြစ်သည်။ ဖုန်းယွီ ဤအမှတ်တံဆိပ်သည် နောင်အနာဂတ်တွင် Bayer ကဲ့သို့ နာမည်ကြီးလာမည်ဖြစ်ပြီး ဆေးဝါးအသစ်များသည် အမှတ်တံဆိပ်ကြောင့် ရောင်းအားကောင်းမည်ဟု မျှော်လင့် နေသည်။
“အားကစားသမားတွေက သူတို့ ကျော်ကြားမှု အထွတ်အထိပ် မရောက်သေးဘူး.. နောက်နှစ်တွေမှာ ပိုနာမည် ကြီးလာလိမ့်မယ်.. ရောင်းအားလဲ ပိုကောင်းလာလိမ့်မယ..”
ဖူကွမ်းကျန့် ခေါင်းခါ၍..
“အဲ့လိုမျိုး ပြန်ရဖို့အတွက် အများကြီး ရင်းနှီးမြုပ်နှံဖို့ မထိုက်ဘူးလို့ ထင်နေတုန်းပဲ.. ပမ့်မြို့တော် ဆေးဝါးစီမံကိန်းမှာ ဘယ်လို အထင်ကရ ထုတ်ကုန်မှ မရှိသေးဘူး.. အဲ့အမှတ်တံဆိပ် တည်ဆောက်တော့ မင်းဘာတွေ သုံးထားလဲ.. အခုက ပြည်ပ ဆေးဝါးကုမ္ပဏီကြီးတွေနဲ့ ယှဉ်ဖို့ နည်းလမ်း မရှိဘူး..”
ဖူကွမ်းကျန့် ဖုန်းယွီကို တရုတ် သို့တည်းမဟုတ် အာရှတွင် အဘယ့်ကြောင့် အာရုံမစိုက်ကြောင်း တွေးနေသည်။ ဖုန်းယွီက သူ့ထုတ်ကုန်များကို အနောက်နိုင်ငံများ၌ ရောင်းချရန် အဘယ့်ကြောင့် တွန်းအား ပေနေသနည်း။ အမှတ် တံဆိပ်၏ ကျော်ကြားမှုကြောလော။ ဖုန်းယွီ ရောင်းချသော ဆေးပစ္စည်းများမှာ အထူးထုတ်ကုန်များ မဟုတ်ချေ။ အမှတ်တိဆိပ် တည်ဆောက်ရန် လိုအပ်နေသည်လော။ ဖုန်းယွီအတွက် ကြော်ငြာမှတဆင့် အမှတ်တံဆိပ် သတိပြုမိရန် မလိုအပ်ချေ။
ဖူကွမ်းကျန့်အနေဖြင့် ဖုန်းယွီ၏ အစီအစဉ်များကို မသိခဲ့ချေ။ ၎င်းသည် အနာဂတ်တွင် ဗီယာဂရာအတွက် လမ်းခင်းရန် လူသိများသော ကုမ္ပဏီဖြစ်စေရန် ၎င်းတို့၏ ဆေးဝါးများကို ဈေးကွက်ချဲ့ထွင်ရန် ပိုမိုလွယ်ကူခဲ့သည်။
“ဒါတွေပြောတာ ရပ်လိုက်ရအောင်.. အဆောင်ကို ခေါ်သွားပေးအုံး.. အခန်းဖော်တွေနဲ့ တွေ့ချင်တယ်..”
ဖုန်းယွီ အဆောင်မေးသည့်အခါ ဖူကွမ်းကျန့် မျက်နှာ အမူအရာ ပြောင်းသွားသည်ကို ဖုန်းယွီ သတိထားမိ လိုက်သည်။ အဲ့အခန်းဖော်က ဘာဖြစ်မှာလဲ။ နှစ်ယောက်အိပ် အိပ်ဆောင်ခန်း တောင်းဆိုထားသည် မဟုတ်ပေလော။ အခန်းဖော်အတွက်လဲ မစီအစဉ်ခဲ့သည်လော။
“ဖုန်း.. ငါမိတ်ဆက်ပေးပါရသည်။ အဲ့ဒါ ဖူကွမ်းဝေပါ.. ငါ့ညီအစ်ကို ဝမ်းကွဲပေါ့”
ဖူကွမ်းကျန့်နဖူးရှိ သွေးကြောများ ဖုထွက်နေကြပေပြီ။ ထိုဝေ့ကျန့် အား အခန်းမှ ရှင်းပစ်ရာ ပြောဖူးထားသည်။ ကုလားထိုင်ပေါ်တွင် အမျိုးသမီး အတွင်းခံ ချိတ်ထားသည်မှာ အဘယ့်ကြောင့်နည်း။
“မင်္ဂလာပါ အစ်ကိုဖုန်း.. ငါ့ကို ဝေကျန့် လို့ ခေါ်လို့ရပါတယ်..”
ဝေကျန့်လား။ မိမိကိုယ်မိမိ အဘယ့်ကြောင့် ဝါကျန့်ဟု မပြောသနည်း။
(ကျန့် 仔 စကားလုံးမှာ ကန်တုံလူမျိုးများ အမည်ပြောင်အဖြစ် အသုံးပြုတတ်ကြပေသည်။
ဖုန်းယွီ ဖူကွမ်းကျန့်ကို တစ်ချက်ကြည့်လိုက်သည်။ သူ ညီအစ်ကိုဝမ်းကွဲနဲ့ နေရန် စီစဉ်ထားသည်လော။ ကျောင်းအပြင်မှာ တိုက်ခန်းဝယ်ရန် ဆုံးဖြတ်လိုက်သည်မှာ မှန်သွားပေပြီ။ ဖုန်းယွီသည် အခန်းတဝိြက် လှည့်ပတ် ကြည့်ရှုပြီး ဖူကွမ့်ဝေ့သည် မနေ့ညက မိန်းကလေး တစ်ဦး ခေါ်လာခဲ့ကြောင်း သေချာပေသည်။
“ဝေ့ကျန်း.. ငါ ကျောင်းအပြင်မှာ နေမှာ။ အဆောင် ပြန်လာချင်ရင် မင်းကို ဖုန်းဆက်လိုက်မယ်.. အစ်ကိုဖူ ငါတို့ ညစာ သွားစားကြမလား..”
ဖူကွမ်းကျန့် သူ့ညီအစ်ကို ဝမ်းကွဲကို ဒေါသတကြီး စိုက်ကြည့်နေမိတော့သည်။ ဤသည်မှာ အခွင့်ကောင်း တစ်ခု ဖြစ်ပြီး ထိုလူမိုက်က တန်ဖိုးမထားခဲ့ချေ။ ဖုန်းယွီသာ လမ်းပြလိုပါက သူ့တွင် ဝင်ငွေများ သောက်သောက်လဲ ရမည်ကို မသိလေသလော။ မည်သို့ ကမျဉ်းရမည်ကိုသာ သိနေပေသည်။ ဦးလေး(၃) သူ့အကြောင်းပြောတိုင်း ခေါင်းကိုက်သည် ဆိုသည်မှာ မံ့ဩစရာ မရှိချေ။
“ဟုတ်တယ်.. ငါစီစဉ်ထားတယ်.. အားလုံး မင်းအကြိုက် ဟင်းပွဲတွေကြီးပဲ..”
-------*****--------
ဘာသာပြန်သူ . (NTP)