← Chapters

မိမိသည် လိင်တူချစ်သူ

Vol. 34 Ch. 509

မိမိသည် လိင်တူချစ်သူ

Vol. 34 Ch. 509

ဟောင်ကောင်တွင် ဖူကွမ်းကျန့်သည် အိမ်ရှင်ဖြစ်ပေသည်။

ညစာ စားချိန်တွင် ဖူကွမ်းဝေ့က ဟောင်ကောင်ရှိ ပျော်ရွှင်စရာ နေရာများကို ပြောပြခဲ့သည်။ သို့ရာတွင် ဖုန်းယွီ အနေဖြင့် စိတ်ဝင်စားပုံ မပေါ်ချေ။

“ဝေ့ကျန့် .. ငါ မင်းကို သတိပေးလိုက်မယ်.. အဲ့ကိစ္စတွေမှာ ဝင်မပါနဲ့.. ညီနောင် ဖုန်းကို အဲ့နေရာတွေ ခေါ်မသွားရဘူး.. မဟုတ်ရင် ဦးလေး(၃)ကို စရိတ်မပေးတော့ဖို့ ပြောလိုက်မယ်”

ဖူကွမ်းကျန့် သတိပေးလိုက်တော့သည်။

“အစ်ကိုဖုန်း သွားချင်လားဆိုတာ မင်းမမေးတော့ဘူးလား..”

“ငါ အဲ့နေရာတွေကို စိတ်မဝင်စားဘူး..”

မြေအောက် ပြိုင်ပွဲများ၊ မြေအောက် ကလပ်များ၊ ဤသည်များကို ဖုန်းယွီ စိတ်မဝင်စားချေ။ ထိုနေရာများသို့ တစ်ခေါက်တစ်ခါ လည်ပတ်ခြင်းသည် စိတ်ဝင်စားစရာ ဖြစ်နိုင်သော်လည်း ဖူကွမ်းဝေ့မှာမှု ထိုကိစ္စများတွင် ပါဝင်နေပုံပင်။

“ဒါဆို ဘာတွေ၊ ကပွဲတွေရော.. အစ်ကိုဖုန်း ငါတို့ ဟောင်ကောင်က ဘားတွေနဲ့ ကပွဲတွေက ပြည်ကြီးကထက် ပိုပျော်ဖို့ကောင်းတယ်.. ခပ်ဟော့ဟော့ ကောင်မလေးတွေလဲ အများကြီးပဲ.. မသွားချင်ဘူးလား..”

ဖူကွမ်းကျန့် ဖုန်းယွီကို ကြည့်ရင်း အဖြေစောင့်နေပေသည်။ သို့တိုင်အောင် သူ့မျက်လုံးထဲ၌ စိတ်အားထက်သန်မှုများ ရှိနေကြောင်း ဖုန်းယွီ မြင်တွေ့နေရသည်။

သေလိုက်ပါတော့… ထိနှစ်ကောင် သွားချင်သဖြင့် သူ့ကို ခေါင်းစဉ်တပ်နေပေသည်။ သို့ရာတွင် ဖုန်းယွီသည် ဟောင်ကောင်ရှိ ကပွဲသို့ လည်ပတ်ခြင်း မပြုဘဲ ဟောင်ကောင်မှ ရုပ်ရှင်ဇာတ်လမ်းများ အမှန်တကယ် ဟုတ်မဟုတ် သိချင်သေးသည်။ ရုပ်ရှင်ဇာတ်လမ်းများအတိုင်း ထပ်တူ ဖြစ်နေသည်လော။

သီချင်းများ ဟော့သည်လော။ ဖုန်းယွီ မျက်မှောင်ကြုတ်လိုက်မိသည်။ ထိုသီချင်းများ ကျယ်လောင်လွန်းလှသည်။ အချင်းချင်း စကားပြောလျှင်ပင် ကြားနိုင်ရန် နည်းလမ်းမရှိချေ။

“ဝေ့ကျန့်.. မင်းဒီမှာ ကျန်းကျန့်နဲ့ အတူတူပဲလား.. မင်းမှာ မိတ်ဆွေ အသစ်တွေ ရှိလား.. ထုံစံအတိုင်းပဲလား..”

ထိုနှစ်ယောက်စလုံး ၎င်းနေရာတွင် ပုံမှန်အတိုင်းသာ ဖြစ်သည်။ ထိုနေရာကို လာလည်ရန် နှစ်ယောက်စလုံး၏ အကြောင်းပြချက် တစ်ခု မဟုတ်ပေလော။

“အစ်ကိုဖုန်း.. မင်း ဘာသောက်ချင်လဲ..”

“ရမ်..”

ဖုန်းယွီ ဘီယာသောက်ချင်သော်လည်း ပတ်ဝန်းကျင်တွင် မည်သူမှ ဘီယာ မသောက်ကြချေ။ သို့အတွက် ရမ်ကိုသာ မှာလိုက်ရသည်။

“ဝေ့ကျန့်.. မင်းဘယ်ဘက်ကို ကြည့်လိုက်.. ကောင်မလေး (၃)ယောက် ရှိတယ်… ဘာလို့ သူတို့နဲ့ မသောက်တာလဲ..”

ဘားသမားက ရှေ့ငုံ့၍ ဖူကွမ်းဝေ့အား ပြောလိုက်သည်။ သူ့အမူအရာမှာ ရှေးဇာတ်လမ်းများမှ ကြောင်ပါးကြီးအလားပင်။

ဖုန်းယွီနှင့် ကျန်လူများ ဘယ်ဘက်သို့ လှည့်လိုက်သည်။ မိန်းကလေးများ၏ ဝတ်စားဆင်ယင်မှုမှာ တရုတ်နိုင်ငံမှ မိန်းကလေးများထက် ပိုဟော့ပေသည်။ သို့ရာတွင် ဖုန်းယွီ စိတ်မဝင်စားချေ။ မိတ်ကပ်များ ထူလွန်းနေသည်။ မည်သို့ လှသည်ပြောမည်နည်း။ မိတ်ကပ်များ ဖယ်လိုက်သဖြင့် တစ္ဆေရုပ်ဖြစ်နေပါက မည်သို့လုပ်ရမည်နည်း။

ဖုန်းယွီ ဖူကွမ်းကျန့်နှင့် သူ့ဝမ်းကွဲ အနီးတွင် အာရုံပိုစိုက်ထားရမည်ဟု ထင်ခဲ့သည်။ သို့ရာတွင် သူမှားခဲ့ပေသည်။ နှစ်ယောက်စလုံး ချက်ချင်း ထရပ်၍ ထိုမိန်းကလေး (၃)ယောက်ဆီ လျှောက်သွားတော့သည်။

သေလိုက်ပါတော့။ သူတို့ တော်တော်စိတ်ပျက်ဖို့ ကောင်းလွန်းသည်။ ဖူကွမ်းကျန့်တွင် အမျိုးသမီး ရှားသလော။

ဖုန်းယွီ စိတ်မဝင်စားဘဲ ထိုင်သောက်ရင်း အနီးအနားမှ လူများကို ကြည့်နေသည်။ ကိစ္စမရှိချေ။ နောက်မှ မိမိဘာသာ မိမိ ပြန်ရပေမည်။ ဖူကွမ်းကျန့် သူ့အတွက် မည်သို့သော တိုက်ခန်းမျိုး ဝယ်ထားကြောင်း ကြည့်ချင်နေသည်။

အာ.. ကောင်မလေးကို အတင်းဆွဲခေါ်နေသည်လော။ ဖုန်းယွီ ရပ်နေသည့် ဖူကွမ်းကျန့်က ကောင်မလေး လက်ကောက်ဝတ်ကို ဆွဲခေါ်နေကြောင်း တွေ့လိုက်ရသည်။

၎င်း ဖူမိသားစု သခင်ငယ်ကို ငြင်းပယ်ခဲ့သလော။ ဖူကွမ်းကျန့်သည် ရုပ်ချောပြီး အလွန်ချမ်းသာသည်ဟု ယူဆနိုင်သည်။ သူဝတ်ထားသည့် ရို့လက် နာရီက သူ့ရဲ့ ချမ်းသာခြင်း လက္ခဏာများပင်။ ဖူကွမ်းကျန့်သည် ဤနေရာတွင် သူလိုချင်သော မိန်းကလေးများကို မရနိုင်စရာ မဖြစ်နိုင်ခဲ့ပေ။

ဖူကွမ်းကျန့် စိုးရိမ်နေသည်လော၊ အငြင်းခံရသဖြင့် ရှက်ရမ်း ရမ်းပေသလော။

အာ.. ပို၍ပင် စိတ်လှုပ်ရှားစရာ ကောင်းလာပေသည်။ ထို ဝမ်းကွဲညီအစ်ကို နှစ်ယောက်စလုံး ကောင်မလေးကို စိတ်ဝင်စားနေကြသလော။ ဖူကွမ်းဝေ့သည်လည်း ကောင်မလေးကို ဖမ်းဆွဲထားကြောင်း ဖုန်းယွီ တွေ့လိုက်ရသည်။

ဖုန်းနဲ့ ဓာတ်ပုံ ရိုက်၍ မရချေ။ ဤသည်ကို မှတ်တမ်း တင်ထားပါက ဤသည်မှာ ပျော်စရာ ဖြစ်ပေလိမ့်မည်။ ထိုကိစ္စအား ရုပ်ရှင်ဇာတ်ကား အဖြစ် ဖန်တီးနိုင်ပေသည်။ ထိုပုံကို လက်ထဲတွင် ကိုင်ထားခြင်းဖြင့် နောက်နှစ်၌ ဖူကွမ်းကျန့်ကို ဖုန်းယွီ ဟားတိုက်၍ ရနေပေလိမ့်မည်။

ဝိုး… ကောင်မလေးမှ ဖူကွမ်းဝေ့ ကို ပါးရိုက်လိုက်သည်။

ဖူကွမ်းဝေ့ သူ့ကို ပြန်မလုပ်ခဲ့သလော။ အဘယ့်ကြောင့် လက်တုန့်ပြန်ရသနည်း။ ဖုန်းယွီ ဖူကွမ်းကျန့်နှင့်သာ တွေ့ဖူး သော်လည်း ဖူကွမ်းဝေ့သည် စိတ်မြန်လက်မြန် ရူးသွပ်သူဖြစ်ကြောင်း သိထားပေသည်။ ကောင်မလေး ပါးရိုက်သည်ကို ငြိမ်ခံနေသည်လော။

အာ.. မိမိ တားသင့်ပေပြီ။ အပျက်အပျက်နှင့် နှာခေါင်းသွေးထွက်က ဖူမိသားစုအတွက် မကောင်းချေ။ ဤနှစ်ယောက် မသောက်ခင် မူးနေသည်လော။

“ညီနောင်ဖူ၊ ဝေ့ကျန့် မေ့လိုက်တော့.. မင်းတို့ နှစ်ယောက်လုံး ကောင်မလေးကို အတင်းအကြပ် လုပ်နေစရာ မလိုပါဘူး..”

ဖုန်းယွီ ဖူကွမ်းကျန့်ကို လှမ်းဆွဲလိုက်သည်။

“ညီနောင်ဖုန်း.. ဒီလို မြင်လိုက်ရတဲ့အတွက် ငါစိတ်မကောင်းပါဘူး.. ဒါ ငါ့ညီမ ဖူမင်ယင်ကွ.. ဒီလိုမျိုး ဝတ်ပြီး ဒီနေရာကို လာဖို့ သတ္တိရှိနေလိုက်တာ.. အရက်မူးပြီး ဗလက်ကာယကျင့်ခံရမှာ မကြောက်ဘူးလား..”

ဖူကွမ်းကျန့် ကောင်မလေးကို ကြိမ်းမောင်း နေသည်။

အာ.. ညီမသည်လော။ ဤခပ်ဟော့ဟော့ ဝတ်ဆင်ထားသည့် ကောင်မလေးသည် ဖူမိသားစု ဝင်လော။ ခနလေး။ ဤကောင်မလေးသည် ဖုန်းယွီ ယခင်ဘဝ၌ မီဒီယာများတွင် ဖော်ပြခံရသည့် ဖူမိသားစုမှ မိန်းမစိုးလေး ဖူမုန့်ယင် လော။

အာ.. ဖူမုန့်ယင် သည် ယခင်ဘဝမှ လိင်တူချစ်သူ မဟုတ်ပေလော။

ဖုန်းယွီ ဖူမုန့်ယင် ဘေးမှ မိန်းကလေး (၂)ယောက်ကို ကြည့်လိုက်သည်။ ထိုမိန်းကလေး (၂)ယောက်သည်လည်း လိင်တူ ချစ်သူများ ပေလော။ မိန်းကလေး (၃)ယောက်က (၃)ပွင့်ဆိုင်များလော။ ဒါဆို တော်တော်လှမယ့် ပန်းချီကား ဖြစ်ပေလိမ့်မည်။

“ဘာကြည့်နေတာလဲ..”

ဖူမုန့်ယင် ဖုန်းယွီကို အော်ဟစ်လိုက်သည်။

“မုန့်ယင်.. အစ်ကိုဖုန်းကို ဘယ်လိုပြောလိုက်တာလဲ.. ငါတို့ မိသားစုက နင့်ကို ဘယ်လိုသင်ပေးထားလဲ..”

ဖူကွမ်းကျန့်သည် ရှက်နေပေသည်။ ဖုန်းယွီ သူညီမ ဟော့ရှော့ဝတ်ထားသည်ကို မြင်နေရသဖြင့် ရှက်နေခြင်း ဖြစ်သည်။ ယခု သူ့ညီမသည် ဖုန်းယွီကိုပင် အော်ဟစ်နေသဖြင့် ပိုရှက်နေမိတော့သည်။

“ဘာ အစ်ကိုဖုန်းလဲ.. သူ ငါ့ကို ကြည့်တဲ့ ပုံစံ မြင်တယ်မို့လား.. နင်တို့က ငါ့အစ်ကိုတွေတဲ့လား..”

ဖုန်းယွီ ဖူမုန့်ယင်ကို..

“ငါက လိင်တူချစ်သူ တစ်ယောက်ပါ.. ပြီးတော့ ငါနင့်ကို စိတ်မဝင်စားဘူး.. နင် ဦးနှောက်ချောင်နေတာလား..”

ဖူကွမ်းကျန့် အံ့ဩသွားတော့သည်။ အာ.. ဖုန်းယွီ သူ့ကိုယ်သူ ဤသို့ ပြောသည်လော။ တကယ့် ဟာသပင်။ ဖုန်းယွီ တရုတ်နိုင်ငံတွင် ရီးစားရှိကြောင်း သူသိထားပေသည်။ ကြည့်ရသည်မှာ အခြေအနေ အေးဆေးရန် ပြောလိုက်ခြင်း ဖြစ်ပေလိမ့်မည်။

ဖူမုန့်ယင် တုန်လှုပ်သွားပြီး..

“နင် ဘယ်လိုသိတာလဲ..”

ဟမ်…။ ဖူကွမ်းကျန့် နှင့် ဖူကွမ်းဝေ့ မေးရိုးများ ပြုတ်ကျသွားသည်။ ညီမဖြစ်သူသည် လိင်တူ ချစ်သူပေလော။

“ငါတောင်းပန်ပါတယ်.. ငါအစောက နင့်ကို နောက်လိုက်တာပါ.. ငါလဲ လိင်တူချစ်သူ မဟုတ်ပါဘူး..”

ဖုန်းယွီ အံ့ဩဟန်ဖြင့် ဖူမုန့်ယင်ကို ကြည့်လိုက်သည်။ ဟမ့်.. နင့် ဉာဏ်ရည်လေးနဲ့ ငါ့ကို ဘယ်လို အနိုင်ယူနိုင်မှာတဲ့လဲ။

ဖူမုန့်ယင် ဒေါသထါက်သွားသည်။ ဖုန်းယွီကြောင့် သူမ၏ လျှို့ဝှက်ချက်ကြီး တစ်ခု ထုတ်ဖော်မိသွားသည်။ စိတ်အနှောက်အယှက် ဖြစ်ဆုံးမှာ ဖုန်းယွီသည် လိင်တူချစ်သူမဟုတ်ဘဲ သူ့ကို လှည့်စားခဲ့ခြင်းပင်။

သို့ရာတွင် ဖူမုန့်ယင် စိတ်အနှောက်အယှက် အဖြစ်မိဆုံးမှာ ဖုန်းယွီ သူ့ကို လိင်တူချစ်သူမှန် မည်သို့ သိသနည်း။ သူမိသားစုပင် ဤလျှို့ဝှက်ချက်ကို မသိခဲ့ကြချေ။

“ငါ… ငါလဲ နောက်တာပဲလေ..”

ဖူမုန့်ယင် ငြင်းရန် ကြိုးစားလိုက်သည်။

သို့ရာတွင် သူကိုယ်တိုင် သက်သေပြခဲ့သည်။ သူနောက်ပြောင်ကြောင်း မည်သူမှ ယုံမည် မဟုတ်ချေ။

ဖူကွမ်းကျန့် ဖူမုန့်ယင်နားရှိ မိန်းကလေး(၂)ယောက်ကို အေးစက်စွာ ကြည့်နေသည်။ ဤသည်ကို အရှက်ကွဲမှုဟု ခံစားနေရသည်။ ဖူမိသားစုမှ သမီးတစ်ယောက်သည် လိင်တူ ချစ်သူ ဖြစ်နေသည်လော။

ဖူမုန့်ယင်သည်လည်း ကိုယ်တိုင် ဝန်ခံခဲ့သည်။ အဆိုးဆုံးမှာ ဖုန်းယွီ ရှေ့တွင် လိင်တူချစ်သူ ဖြစ်ကြောင်း ဝန်ခံခဲ့ပေသည်။ ဤသည်က ဖူကွမ်းကျန့် ပို၍ ရှက်စရာ ဖြစ်နေချေသည်။ အစောပိုင်း ညစာစားနေစဉ် ဖူကွမ်းကျန့်သည် ဖူမိသားစုသည် ဟောင်ကောင်၌ မည်မျှ ဩဇာကြီးကြောင်း ကြွားလုံး ထုတ်ခဲ့ပေသည်။ ၎င်းတို့၏ မိသားစု ကြီးပြင်းလာမှုနှင့် ညီအစ်ကို မောင်နှများအကြောင်း ကြွားလုံး ထုတ်ခဲ့သေးသည်။

အခုတော့ ဖူကွမ်းကျန့် သူ့မျက်နှာကို ဖြတ်ရိုက်ခံလိုက်ရသလို ခံစားလိုက်ရပြီး ဤပါးရိုက်မှုက လူတိုင်းရှေ့တွင် ဖြစ်နေသည်။

ဖူကွန်းကျန့် မရယ်မိစေရန် သူ့ကိုသူ ထိန်းရန် ကြိုးစားနေသော ဖုန်းယွီကို ကြည့်ပြီး သူမိသားစုကို လှောင်နေသည်ဟု ထင်မြင်နေမိသည်။ သို့ရာတွင် သူ့အနေဖြင့် ပြောစရာ စကား မရှိချေ။

အကယ်၍ ၎င်းသည် ဟောင်ကောင်၏ အခြားထိပ်တန်း မိသားစု ဖြစ်ခဲ့ပါက ဖူကွမ်းကျန့်သည်လည် ထိုမိသားစု အကြောင်း ရယ်မောကာ အတင်းပြောနေပေလိမ့်မည်။ ယခုမူကား ဤသည်မှာ သူ့မိသားစုပင်။

“ပါးစပ် ပိတ်ထား.. ငါ့အိမ်လိုက်ခဲ့.. နင်တို့ နှစ်ယောက် ငါ့ညီမနဲ့ ဝေးဝေးနေ.. အဲ့လိုမှ မဟုတ်ရင် ငါနဲ့တွေ့မယ်..”

ဖူကွမ်းကျန့် ဟောက်ပြီးမှ သူ့ညီမကို ဆွဲထုတ်သွားတော့သည်။ သူ့ညီမ နာကျင်မည်ကို ဂရုမစိုက်ချေ။ သူ ဤနေရာမှ တတ်နိုင်သမျှ အမြန်ထွက်သွားချင်နေသည်။

ဖုန်းယွီ ဖူကွမ်းကျန့်အား ဒေါသတကြီး စိုက်ကြည့်နေသည်ကို မြင်လိုက်ရပြီး အပြစ်ကင်းသော အကြည့်ဖြင့် ကြည့်လိုက်တော့သည်။ သူ့ကြည့်ရသည်မှာ အန္တရာယ်မရှိသော ဟာသတစ်ခု ပြောနေသကဲ့သို့ပင်။ သို့ရာတွင် သူ့စိတ်ထဲ ရယ်နေတော့သည်။

ဤည ကပွဲသို့ လာရသည်မှာ အလွန်တန် သွားပေသည်။

-------*****--------

ဘာသာပြန်သူ . (NTP)

All Chapters