အရိုင်းစိုင်း ပြည်ကြီးသား
Vol. 34 Ch. 510
“လူအိုကြီး ချန်.. ငါ့ကို ပြန်ပို့တော့..”
ဖုန်းယွီ ကားသမားကို ပြောလိုက်သည်။
ဖူကွမ်းကျန့်နှင့် ကျန်သူများလည်း ထွက်သွားကြတော့သည်။ သူထွက်သွားစဉ် ဖုန်းယွီကိုပင် နှုတ်ဆက်မသွား ဖြစ်တော့ချေ။ ထို ဘားသမား အံ့ဩနေပေပြီ။ သူသည် ဖူမိသားစု သခင်ငယ် နှစ်ယောက်ကို အကြံဉာဏ်များ ပေးရန်သာ လိုပေသည်။ သို့ရာတွင် အစီအစဉ် နောက်ဆုတ်သွားရပြန်သည်။
ဖူကွမ်းကျန့် နာမည်ကောင်း ရှိသေးသည်။ သို့ရာတွင် ဖူကွမ်းဝေ့သည် ကပွဲအား ဖြိုဖျက်ရန် လူဆိုးတစ်ချို့ ခေါ်လာမည်မှာ သေချာပေသည်။ ဤကပွဲ ပိုင်ရှင်သည် ထိုအရက်စပ်သူအား ခွင့်မပြုချေ။ ထို့အပြင် ဤကပွဲပိုင်ရှင် သည်လည်း လူဆိုးဂိုဏ်း တစခု ဖြစ်သည်။ အရက်စပ်သူအနေဖြင့် ဘားပိုင်ရှင်၏ ရိုက်နှက်ဆုံးမခံရယုံသာ မျှော်လင့် ထားတော့သည်။
ဖူကွမ်းကျန့် ဖုန်းယွီအတွက် ဝယ်ပေးထားသည့် တိုက်ခန်းမှာ အခန်း(၁)ခန်းပါ တိုက်ခန်းငယ်သာ ဖြစ်ပေသည်။ ဧည့်ခန်း ပိုကျယ်ပေသည်။ ဤသည်မှာ ဟောင်ကောင်တွင် အသုံးများသည့် တိုက်ခန်း အမျိုးအစား ဖြစ်သည်။ လသာဆောင် အပါအဝင် စုစုပေါင်း (၅၀)စတုရန်း မီတာပင် မရှိချေ။
ဖုန်းယွီသည် ပိုမိုကောင်းမွန်သည့် တိုက်ခန်း လိုချင်သော်လည်း ဟောင်ကောင်တက္ကသိုလ်အနီးရှိ တိုက်ခန်းများသည် ဈေးအလွန်ကြီးပေသည်။ မည်သို့ပင် ဖြစ်စေ ဖုန်းယွီသည် တစ်ယောက်တည်း နေမည်ဖြစ်ပြီး တိုက်ခန်း ကြီးရန်လည်း မလိုအပ်ချေ။ ဖူကွမ်းကျန့်က သူ့အတွက် အလယ်တန်းစား အိမ်ကို အကြံပြုခဲ့သော်လည်း ဖုန်းယွီ ငြင်းပယ်ခဲ့သည်။ မည်သည့် ပုဂ္ဂလိကလမ်းတွင် လုံခြုံရေး ပိုကောင်းသနည်း။ ဤအရာ အားလုံးသည် အရေးမပါချေ။
ဟောင်ကောင်တွင် လုံခြုံရေး အလွန်ကောင်းပါက စူပါလူသားလီ၏ သား ပြန်ပေးဆွဲခံရလိမ့်မည် မဟုတ်ချေ။ ရဲစခန်း အနီးရှိ လူနေရပ်ကွက်များသည် အလုံခြုံဆုံး ဖြစ်သည်။ မည်သို့ပင် ဖြစ်စေ ဖုန်းယွီသည် ဖူကွမ်းဝေ့နှင့် မနေချင်ချေ။ ထိုသူသည် အရူးဘဝ ပုံစံမျိုး နေထိုင်နေခြင်း ဖြစ်သည်။
နောက်တစ်နေ့တွင် ဖုန်းယွီနိုးလာသောအခါ ကြီးမာသည့် ပြဿနာတစ်ခု သတိရလိုက်သည်။ သူ့အတန်း ဘယ်အချိန်စမည်၊ အနေရာတွင်ရှိမည်ကို မသိချေ။
ဖုန်းယွီ အလွန်ကြိုးစားသော ကျောင်းသားတစ်ဦး ဖြစ်ရန် အစီအစဉ် မရှိသော်လည်း သင်ခန်းစာများ မလွတ်ချင်ချေ။ ဤသည်မှာ ပေကျင်းတက္ကသိုလ်၏ ဂုဏ်သိက္ခာ ထိခိုက်စေလိမ့်မည်။ ထို့အပြင် ဖုန်းယွီသည် ဟောင်ကောင် တက္ကသိုလ်၏ ကထိကများ၏ အဆင့်အတန်းကို မြင်ချင်မိသည်။
ကထိက အရည်အချင်း ရှိပါက ထူးချွန်သည့် ကျောင်းသားများ ရှိပေလိမ့်မည်။ ဖုန်းယွီသည် ဤအထက်တန်းစား အချို့ကို တွေ့ရှိနေရပြီး သူတို့ကို စည်းရုံးနိုင်မည်လော သိချင်နေမိသည်။
ဖုန်းယွီ သည် ကျယ်ပြန့်သော လုပ်ငန်းများတွင် ပါဝင်နေသည်။ လုပ်သားစုဆောင်မှုနှင့် အရင်းအနှီးအတွက် စိုးရိမ်စရာ မရှိချေ။ သူ့ကုမ္ပဏီ၏ အရေးအကြီးဆုံး ကဏ္ဍမှာ စီမံခန့်ခွဲရေး ဝန်ထမ်းများ၊ ဒီဇိုင်းပညာရှင်များ၊ သုတေသန၊ အရောင်း စသည်တို့ပင်။ အထူးနယ်ပယ်တိုင်းတွင် ကျွမ်းကျင်သူများ လိုအပ်သည်။ (၈)တန်း ကျောင်းသူ ဖြစ်ပါစေ အရေးမကြီးချေ။
အကယ်၍ တစ်ဦးတစ်ယောက်သည် ဆွဲဆောင်မှုရှိသော မော်တော်ကား ဒီဇိုင်း ရေးဆွဲနိုင်လျှင် ဖုန်းယွီ ဆုချမည်မှာ သေချာပေသည်။ အကယ်၍ တစ်ဦးတစ်ယောက်သည် အဆင့်မြင့်နည်းပညာ တီထွင်နိုင်ပါက ဖုန်းယွီအနေဖြင့် ထိုလူကို ရှယ်ယာအချို့ ပေးမိပေလိမ့်မည်။
စကားအဖြစ်သာ ပြောနေရခြင်းဖြစ်သည်။ (၂၁)ရာစုတွင် ဈေးအကြီးဆုံးက မည်သည်နည်း။ အရည်အချင်း ပင် ဖြစ်တော့သည်။
……
“မင်္ဂလာပါ.. စီးပွားရေးဌာန ရုံးကို ဘယ်လိုသွားရမလဲ..”
ဖုန်းယွီ ကျောင်းသား တစ်ယောက်ကို မေးလိုက်သည်။ ထိုကျောင်းသားက ဖုန်းယွီကို ခေါင်းအစ ခြေအဆုံးကြည့်၍..
“မင်း ပြည်မကြီးကလာတာလား..”
“ဟုတ်တယ်.. ငါ စာလာသင်တာပါ..”
“ငါ မသိဘူး..”
ထိုကျောင်းသား ခေါင်းမော့၍ ထွက်သွားတော့သည်။ ဖုန်းယွီ အံ့ဩသွားမိသည်။ ထိုသူအား စော်ကားမိခြင်းလည်း မရှိခဲ့သေးချေ။ လမ်းညွှန်ယုံ တောင်းဆိုခဲ့ခြင်းပင်။ ဤကဲ့သို့ ချေပြရန် လိုအပ်သည်လော။
ထို့အပြင် ပြည်မကြီးမှ လာခြင်းသည် မည်သည်ဖြစ်မည်နည်း။ ခွဲခြား ဆက်ဆံခြင်းလော။
ဖုန်းယွီ ထိုကဲ့သို့ အဖြစ်အပျက်များ (၂၀၀၀)ခုနှစ်အထိ ဆက်လက် တည်နေမည်ဖြစ်ကြောင်း သိရှိထားသည်။ အကြောင်းမှာ ဟောင်ကောင်သည် တရုတ်ပြည်မကြီးနှင့် ပြန်လည် ပေါင်းစည်းသွားပြီးနောက် တရုတ် အများအပြား ဟောင်ကောင်သို့ အလုပ်လာရောက် လုပ်ကိုင်ခြင်းကြောင့် ဖြစ်သည်။ လစာနည်းသော်လည်း ထိရောက်မှု နည်းခဲ့လေသည်။ ထို့အပြင် ဟောင်ကောင် စီးပွားရေးသမားအချို့သည် စက်ရုံများတည်ဆောက်ရန် တရုတ်နိုင်ငံသို့ သွားရောက်ခဲ့ကြသည်။
ယင်းကြောင့် ဟောင်ကောင်တွင် အလုပ်လက်မဲ့များ တိုးလာကာ ဟောင်ကောင်သား အများအပြား အလုပ်ပြုတ်ကြသည့်အတါက် တရုတ်ကို မကျေနပ်ကြချေ။
အမှန်တကယ် အရည်အချင်း ရှိပါက လစာတိုးမြှင့်ရရန်နှင့် အလုပ်တစ်ခု မရနိုင်စရာ မရှိချေ။
ကမ္ဘာပေါ်ရှိ မြို့ကြီးများအားလုံးသည် အခြားကမ္ဘာနှင့် မခွဲနိုင်ချေ။ အထွန်းကားဆုံးမြို့ ဖြစ်သည့် နယူးယောက် အပါအဝင် ကမ္ဘာ့မြို့ကြီးများတွင် အလုပ်လုပ်ကိုင်ကြသော နိုင်ငံခြားသား အများအပြား ရှိနေပေသည်။
အမှန်တကယ်တွင် တရုတ်ကြောင့်သာ မဟုတ်ပါက ဟောင်ကောင်သည် ဤကဲ့သို့ ချမ်းသာနေမည် မဟုတ်ချေ။ နောင်နှစ်များ၌ ဟောင်ကောင်တွင် ငွေကြေးအကြပ်အတည်း ကြုံလာသည့်အခါ တရုတ်မှ ကူညီခဲ့ရသည်။ သို့မဟုတ်ပါက ဟောင်ကောင်သည် နိဂုံးချုပ်သွားပေလိမ့်မည်။ ထိုအချိန်တွင် ဟောင်ကောင်သားများ အမှန်တရားနှင့် ရင်ဆိုင်ရပြီး အလုပ်ကြိုးစားရမည့် အချိန် ဖြစ်ပေသည်.
အရည်အချင်းရှိသူ အများစုသည် တရုတ်နိုင်ငံသို့ အလုပ်သွားလုပ်ကြတော့သည်။ တရုတ်သည် သူတို့ စိတ်ကူးထားသည့်အတိုင်း မဟုတ်ကြောင်း သဘောပေါက်သွားတော့သည်။ ဟောင်ကောင်နှင့် ယှဉ်ပါက တရုတ်တွင် အခွင့်အလမ်း ပိုရခဲ့ကြသည်။
ဖုန်းယွီ ခေါင်းယမ်းလိုက်ပြီး သူ့အတန်းနေရာ ဆက်ရှာရင်း မတွေ့ပါက ဖူကွမ်းဝေ့ကို ဖုန်းဆက်ခေါ်ရပေလိမ့်မည်။
ဖုန်းယွီ ကျောင်းသားအချို့ကို မေးမိသေးသည်။ သို့သော် ဖုန်းယွီ၏ လေယူလေသိမ်း ကြားလိုက်သည်နှင့် အားလုံးသည် စကားပြန်မပြောကြချေ။ ဖုန်းယွီသည် လမ်းညွှန်ချက် ကောင်းကောင်းရရန် အင်္ဂလိပ်လို သုံးရန်မှ တပါး ရွေးစရာမရှိတော့ချေ။ သူ အင်္ဂလိပ်လို သုံးလိုက်မှသာ လမ်းညွှန်ခံရပေလိမ့်မည်။
“ဒေါက်တာ စမစ်.. ကျွန်တော့ နာမည် ဖုန်းယွီပါ.. ပေကျင်း တက္ကသိုလ်က ကျောင်းသားဖလှယ်သူ တစ်ယောက်ပါ.. ကျွန်တော့ အတန်း ဘယ်မှာလဲဆိုတာ မသိသေးလို့ပါ..”
ဖုန်းယွီ ရှက်ရှက်နှင့် ပြောလိုက်တော့သည်။ ဖူကွမ်းကျန့် လုံးဝအားကိုး၍ မရချေ။ ဖုန်းယွီသည် အချိန်ဇယားနှင့် အကြောင်းအရာများကိုသာ ဖော်ပြထားကြောင်း သတိမထားမိခဲ့ချေ။ အတန်းနေရာအား ဖော်ပြထားခြင်း မရှိချေ။
ဒေါက်တာစမစ် စိတ်မကြည်မလင်ဖြင့် ပြောလိုက်တော့သည်။
“မင်းက ဖုန်းယွီလား.. ဒီအချိန်ဆို အတန်းထဲမှာ ရှိနေသင့်ပြီလေ.. ဒါ မင်းရဲ့ အတန်း အသေးစိတ် အချိန်ဇယားပဲ..”
“ကျုပ် မနေ့ကတည်းက တက္ကသိုလ်ကို သတင်းပို့ခဲ့ပေမယ့် ဒီအသေးစိတ် အချိန်ဇယား ဘယ်သူမှ မပေးလို့ပါ..”
“မင်းအတန်းကို အရင်ဆုံး သွားလိုက်တော့.. ဒီအကြောင်း နောက်မှ ပြောတော့..”
ဒေါက်တာစမစ်သည် စီးပွားရေးဌာန ပြင်ပ ကထိက ဖြစ်ပေသည်။ အမေရိကန်နိုင်ငံ အောက်စဖိုဒ် တက္ကသိုလ်မှ စီးပွားရေး ပါရဂူဘွဲ့ ရရှိခဲ့သည်။ သူသည် ဟောင်ကောင်သား ဖြစ်သော်လည်း သူ့ကို ဒေါက်တာ စမစ်ဟုသာ လူအများ ခေါ်ဆိုကြလေသည်။ သူ့စားပွဲပေါ်ရှိ အညွှန်းတွင်ပင် အင်္ဂလိပ်လို ရေးထားပေသည်။
ဒေါက်တာစမစ်သည် ဖုန်းယွီကို သဘောမတွေ့ခဲ့ပေ။ ဤသည်မှာ ဖုန်းယွီအတွက် ဟောင်ကောင် တက္ကသိုလ်သို့ လာရန် အကောင်းဆုံး အခွင့်အရေးဖြစ်ပြီး တန်ဘိုးထားရမှန်း မသိသောကြောင့် ဖြစ်သည်။
ဟောင်ကောင်အား တရုတ်ပြည်သို့ ပြန်လည် အပ်နှံလိုက်ပါက မည်သို့ ဖြစ်မည်နည်း။ ဤပြည်မကြီးမှ သဘောထားကို ကြည့်နိုင်ပေသည်။ ကျောင်းသား တစ်ယောက်သည် အသေးစိတ်ဇယား မရှိကြောင်း အဘယ်သို့ သိနိုင်မည်နည်း။ ကံကောင်းစွာဖြင့် တစ်နိုင်ငံ စနစ်တစ်ခုဖြစ်ပေလိမ့်မည်။ သို့မဟုတ်ပါက ဟောင်ကောင်သည် နိဂုံးချုပ်သွားပေလိမ့်မည်။
ဖုန်းယွီသည် စီးပွားရေးဌာနမှ ကထိကသည် သူ့ကို သဘောမတွေ့ကြောင်း ပြောနိုင်သဖြင့် ထွက်သွားလိုက် တော့သည်။ ဒေါက်တာစမစ်မှ သူ့အား အတန်းသို့ အရင်သွားရန် မပြောခဲ့ပါက တာဝန်မသိသော ကထိက အဖြစ်သာ မြင်မိပေလိမ့်မည်။ ဖုန်းယွီသည် ဒေါက်တာစမစ်အား ပြည်မကြီးကို အဘယ့်ကြောင့် နှိမ့်ချကြည့်ကြသည့် ကိစ္စ မေးချင်နေပေသည်။
ဖုန်းယွီ အတန်းသို့ ရောက်သည့်အခါ ပထမဆုံး အတန်းချိန် ပြီးဆုံးသွားပြီး ဖြစ်၍ ဒုတိယအချိန်အတွက် အတန်းထဲရှိ ထိုင်ခုံ အလွတ်တွင် ဝင်ထိုင်လိုက်တော့သည်။
“မင်္ဂလာပါ.. ငါက ဖုန်းယွီပါ.. ကထိက ဘယ်မှာ ရပ်ပြီး သင်တာလဲဆိုတာ မေးလို့ရမလား..”
ဖုန်းယွီ သူ့အနားရှိ ကျောင်းသားကို မေးလိုက်မိသည်။
“မင်းက တရုတ်ကလား..”
“ဟုတ်တယ်.. ဘာမှားနေလို့လဲ..”
“ဖလှယ်ရေး ကျောင်းသားလား..”
“အင်း.. ဖလှယ်ရေး ကျောင်းသား..”
“အို့..”
အသံဆုံးသည်နှင့် ထိုကျောင်းသား သူ့ပစ္စည်းများအား အိတ်ထဲသို့ သိမ်း၍ နေရာရွှေ့လိုက်တော့သည်။
ဘာလဲဟ။ ထိုသည်မှာ ဖုန်းယွီကို စိတ်ဆိုးစေတော့သည်။ မည်သူက စော်ကားခဲ့သနည်း။ လူမျိုးခွဲခြားခြင်းလော။
သူသည်လည်း လွယ်အိတ်ဆွဲကာ ထိုကျောင်းသား နံဘေးရှိ ထိုင်ခုံသို့ ရွှေ့လိုက်တော့သည်။
“ငါနဲ့ ဝေးဝေး နေစမ်းပါ..”
“ငါ မသွားတော့ ဘာဖြစ်လဲ..”
ဖုန်းယွီ မျက်လုံး ပင့်လိုက်သည်။ မည်သို့ကြောင့်နည်း။ သူ ထရိုက်ရဲမည်လော။ ဖုန်းယွီမှာ (၁.၈)မီတာရှိ၍ ထိုသူမှာ (၁.၇)မီတာ ပင် မပြည့်ချေ။ သူသွား သွားကြားထိုးတံအလား ပိန်လှီလှပေသည်။ သူကို မည်သူက ကြောက်မည်နည်း။
“မင်းတို့ ပြည်မကြီးသားတွေ ယဉ်ကျေးမှုကို မရှိကြဘူး.. မင်းလဲ ပြီးခဲ့တဲ့ (၂)ရက်လောက်က တွေ့ခဲ့ဖူးတဲ့ ကောင်လိုပဲ.. အရိုင်းစိုင်းတွေ..”
ထိုကျောင်းသား စကားပြောအပြီး ဆံပင် လှန်သပ်လိုက်တော့သည်။ေမင်း ဘကြီး။ ဆံပင်တိုသည်မှာ ဘာဖြစ်သနည်း။ ပုံတုံးသည်လား။ ဆံပင်ရှည်မှ ခေတ်မှီသလော။ ဤသို့စည်းမျဉ်း မည်သူ သတ်မှတ်ထားသနည်း။ ဆံပင်တိုကိုသာ ကြိုက်မိပေသည်။
“မင်းကို ဘယ်သူ့ကို ပြောတာလဲ..”
“ငါ မင်းကို မယဉ်ကျေးဘူးလို့ ပြောနေတာလေ.. အရိုင်းစိုင်းလို့ ပြောတာ..”
-------*****--------
ဘာသာပြန်သူ . (NTP)