ကောင်းကင် ၃၃လွှာမှ ဆင်းသက်လာခြင်း
Vol. 011 Ch. 1042
နတ်ရထားလုံးသည် အင်ပါယာရှား နန်းတော်သို့ ဝင်လာခဲ့၏။ အင်ပါယာရှားကား နန်းတော်ထဲမှ ငုံ့ကြည့် နေခဲ့သော်လည်း သူ့အား အင်ပါယာလီဘုံမှ လူများ မမြင်မတွေ့နိုင်ပေ။
“ဘာကိစ္စလဲ …” တစ်စုံ တစ်ယောက်က ဩဇာအာဏာ ကြီးမားသော လေသံဖြင့် မေးမြန်းသည်။
“တာလီပြည်ထောင်ရဲ့ လီယောင်ဟာ လက်ထပ်ရမဲ့ အရွယ်သို့ ရောက်လာခဲ့ပါပြီ။ သူက အင်ပါယာရှားဘုံရဲ့ မင်းသမီး ရှားရှင်းယွန်ဟာ ပြိုင်ဘက်ကင်းတဲ့ ပါရမီနဲ့ ရုပ်ရည်တို့အား ပိုင်ဆိုင်ကြောင်း အရင်ကတည်းက ကြားသိခဲ့ပါတယ်။ ဒါကြောင့် အင်ပါယာလီ ကိုယ်စား မင်းသမီး လီယောင်က အင်ပါယာရှားဆီမှာ သူမအတွက် လက်ထပ်ခွင့် လာတောင်းတာပါ” လီယောင်၏ဘေးမှ စွမ်းအားမြင့် ရှန့်ထိုကလည်း နန်းတော်အတွင်းသို့ ဦးညွှတ်လျက် ပြန်ပြောသည်။
အင်ပါယာရှားက သူ့အား ဘာလုပ်မည်ကို သူစိတ်မပူပေ။ ရန်ဟောင်တစ်ပါးက တစ်ဖက်ဘုံမှ သံတမန်အား တိုက်ခိုက် သတ်ဖြတ်ခြင်း မပြုပေ။
ရှားရှင်းယွန် သည်လည်း သူမ၏ နန်းဆောင်မှ ထိုအသံကို ကြားသည်။ သို့သော်လည်း ရှားရှင်းယွန်၏ အမူအရာကား သူမနှင့် မသက်ဆိုင်သည့်ကိစ္စကို ကြားသိရသည့် အလား ခံစားချက် ကင်းမဲ့နေသည်။
“လီယောင် … မင်းမလာခင် မင်းက ကိုယ့်ကိုယ်ကိုယ် မှန်ထဲ ကြည့်ဖို မင်းအဖေက မပြောလိုက်ဘူးလား” ကောင်းကင်ထက်မှ ထည်ဝါသော အသံတစ်သံ ဆင်းသက် လာသည်။
လီယောင်က အင်ပါယာရှား၏ ငေါ့တော့တော့ အသံကို ဂရုမစိုက်ပေ။ သူက ဦးညွှတ်ကာ ပြန်ပြောသည်… “သူ မပြောခဲ့ပါဘူး အင်ပါယာရှား”
“ငါ့ရှေ့က ထွက်သွား … အင်ပါယာရှားကို ပြောလိုက် … နောက်တစ်ခါ ဒီကိစ္စကို လာပြောရင် သူ့သံတမန်လည်း ငါက ခေါင်းဖြတ်မယ်”
အင်ပါယာရှား၏ အေးစက်သော အသံတွင် ကောင်းကင်၏ အရှိန်အဝါပင် ဆင်းသက် လာခဲ့ဟန်ရသည်။ နဂါး ၁၈ကောင်မှာ တဆတ်ဆတ် တုန်ခါကြသည်။
အင်ပါယာရှား၏ အသံကား လွန်စွာ ရင့်သီးစွာ ထွက်ပေါ်လာသည်။ ဤလက်ထပ်ရန် တောင်းဆိုခြင်းမှာ ရှားရှင်းယွန်အား စော်ကားခြင်းဟုသာ သူယူဆ၏။ သူ၏မျက်လုံးထဲတွင် လီယောင်ကား ရှားရှင်းယွန်နှင့် မတန်ပေ။
ထို့အပြင် ဘုံနှစ်ခုသည် မည်သည့် အခါကမှလည်း သဟဇာတ မဖြစ်ခဲ့ကြပေ။
“အရှင့်သားက မင်းသမီးကို အရင်ကတည်းက နှစ်သက် သဘောကျ နေခဲ့တာပါ။ ဒါကြောင့် အင်ပါယာလီ ကိုယ်တိုင်က ဒီကို လာဖို့ ခွင့်ပြုပေးခဲ့တယ်။ လက်ထပ်ရန် တောင်းဆိုမှုကို သဘောမတူလို့ ရပါတယ်။ ဒါပေမဲ့ အင်ပါယာလီဘုံကို စော်ကားဖို့တော့ မလိုအပ်ပါဘူး … အင်ပါယာရှား” လီယောင်ဘေးမှ ရှန့်ထိုက ဆက်ပြောသည်… “ခင်ဗျားက မင်းသမီးကို ဒီလောက် မြင့်မားတဲ့ အဆင့်မှာ ရှိတယ်လို့ ထင်ရင် ကျုပ်တို့မှာ ပါရမီမြင့်တဲ့ လူတွေ အများကြီးပါတယ်။ ဘာလို့ သူမက သူတို့နဲ့ လက်ရည် မစမ်းကြည့်တာလဲ”
“အတင့်ရဲတယ်…” လေထဲတွင် ထည်ဝါသော စစ်သူကြီး အသွင်ဖြင့် တစ်ယောက် ပေါ်လာသည်။ သူကား တော်ဝင်စစ်သူကြီး ရှစ်ဦးထဲမှ စစ်သူကြီးချန်း ဖြစ်သည်။ သူက အေးစက်စွာ ပြောသည် … “မင်းသမီးက ပြိုင်ဘက် ကင်းပြီးတော့ တော်ဝင်မျိုးနွယ် ဖြစ်တယ်။ မင်းတို့လူတွေ အလွယ်တကူ စိန်ခေါ် တိုက်ခိုက်နိုင်တဲ့သူ မဟုတ်ဘူး”
“သူမရဲ့ကိုယ်စား တစ်စုံတစ်ယောက်က တိုက်ခိုက်မယ် ဆိုရင်လည်း ရပါတယ်” အင်ပါယာလီဘုံမှ လူများက ထပ်ပြောသည်။
အင်ပါယာရှားသည် သူ၏ နန်းဆောင်ထဲတွင် တည်ငြိမ်စွာ ထိုင်နေရင်းက အေးစက်စွာ ပြောသည်… “ထွက်သွား …”
အင်ပါယာက သူတို့အား နှင်ထုတ်နေပြီ ဖြစ်သည်။
အင်ပါယာလီဘုံမှ လူများသည် အင်ပါယာရှားအား တွေ့မြင်နိုင်ခြင်း မရှိကြပေ။
“အင်ပါယာရှားက ကျုပ်တို့ကို သဘောမတွေ့ရင် ကျုပ်တို့က နန်းတော် အပြင်ဘက်မှာပဲ လက်ရည်စမ်းဖို့ စောင့်နေပါ့မယ်။ သုံးရက်အတွင်း ဘယ်သူမှ တိုက်ခိုက်ဖို့ မရောက်လာဘူးဆိုရင် ကျုပ်တို့ ထွက်သွားပါ့မယ်” အင်ပါယာလီဘုံမှ ရှန့်ထိုက ပြောသည်။ ထို့နောက် သူတို့က နန်းတော်မှ ဆုတ်ခွာ သွားကြသည်။
သူတို့က အမှန်တကယ်ပင် အင်ပါယာရှား နန်းတော်အပြင်၌ ယာယီစခန်း ပြုလုပ်ကာ စတည်းချ နေကြသည်။
နန်းတော်၏ အပြင်တွင်လည်း လူများ တဖြည်းဖြည်း စုရုံးလာကြပြီ ဖြစ်သည်။ လူများမှာ များပြားလွန်းရာ အရေအတွက် မည်မျှ ရှိသည်ကိုပင် မသိနိုင်တော့ပေ။
သူတို့အားလုံးက အင်ပါယာရှား နန်းတော်မှ စကားသံများကို ကြားခဲ့ကြရသည်။ အင်ပါယာရှား အနေဖြင့် သည်လက်ထပ်ရန် တောင်းဆိုမှုကို မည်သို့မှ လက်ခံမည် မဟုတ်သည်ကို အားလုံး သိကြသည်။ သူက လီယောင်အား သူ၏သမီးနှင့် မထိုက်တန်ဟု အမှန်တကယ် တွေးတော၏။
နန်းတော်တွင် ဖြစ်ပျက်ခဲ့သည်များမှာ တခြား နေရာများသို့ မြန်ဆန်စွာ ပျံ့နှံ့သွားခဲ့သည်။ အင်ပါယာရှား နန်းတော်မှ ဗိုလ်ချုပ်ချန်း ဦးဆောင်သော စွမ်းအားမြင့် တန်ခိုး၌ရှင်များ ထွက်ပေါ်လာခဲ့ကြပြီး အင်ပါယာလီဘုံမှ လူများထံသို့ ရောက်လာကြသည်။ သူနှင့်အတူ ထက်မြက်သော လူငယ် ပါရမီရှင်များ ပါလာကြသည်။
မကြာခင် လူအများအပြား၏ ရှေ့တွင်ပင် တိုက်ပွဲများ ဖြစ်ပွားတော့သည်။
အင်ပါယာလီဘုံမှ လိုက်ပါလာသူများ အားလုံးမှာ ရှန့်ထို အဆင့်အောက် အမြင့်ဆုံးသော တန်ခိုးအဆင့်များကို ပိုင်ဆိုင်ကြသူများ ဖြစ်ကြသည်။ အင်ပါယာရှား နန်းတော်မှ ပါရမီရှင်များမှာ ထူးချွန်ကြ သော်လည်း သူတို့အနေဖြင့် နိုင်သည်ထက် ရှုံးသည်က များပေသည်။ တိတိကျကျ ပြောရလျှင် သူတို့အားလုံး အဖိနှိပ်ခံရ၏။
အင်ပါယာလီဘုံမှ လူများမှာ အားကောင်းလွန်းရကား သူတို့ထံမှ ရှန့်ထို အငွေ့အသက်များပင် အမှန်တကယ် ထွက်ပေါ် နေကြ၏။ အင်ပါယာလီဘုံက ထိုမျှ အင်အားကောင်းသော အစုအဖွဲ့ဖြင့် အမှန်တကယ် လာရန်စသည်။
အင်ပါယာရှားသည် တိမ်လွှာကိုးဆင့် နန်းတော် အထက်တွင် တိတ်ဆိတ်စွာ ထိုင်ပြီး တိုက်ပွဲနေရာကို ကြည့်နေသည်။ သူ့ဘေးတွင် ဝတ်ရုံရည်ဖြင့် လူတစ်ယောက် ရှိနေသည်။
“ဒါဆို ဆယ်နှစ်ကာလက ပြည့်တော့မှာပေါ့” အင်ပါယာရှားက မေးသည်။
ဝတ်ရုံရှည်လူက ခေါင်းညိတ်ကာ ပြောသည် … “အရှင်မင်းကြီး … အဲဒါက ဒီနှစ်ကုန်မှာပါ။ ထျန်နဲ့ တုတ်တို့ရဲ့ စစ်တပ်တွေက စတင်ပြီး ရွေ့လျားနေပါပြီ”
“အင်း …” အင်ပါယာရှားက ခေါင်းညိတ်သည် … “ဒါဆို သူတို့က ငါတို့ကို လာစမ်းသပ်တာပေါ့။ သူတို့က ငါတို့လူတွေကို ဖိနှိပ်နိုင်တာ မဆန်းပါဘူး။ သူတို့က ကောင်းကောင်း ပြင်ဆင် လာတာကိုး”
“ဒီလူတွေက ရှန့်ထိုစွမ်းအားနဲ့ အတင်း ပေါင်းစပ်ခံထားရတဲ့ သူတွေပဲ။ သူတို့အနေနဲ့ ဒီထက် ရှေ့ဆက်ပြီး အဆင့်တက်နိုင်စရာ အကြောင်း မရှိတော့ဘူး။ သူတို့က အင်ပါယာလီရဲ့ နယ်ရုပ်တွေ သက်သက်ပဲ” ဝတ်ရုံရှည်လူက မှတ်ချက်ပြုသည်။
အင်ပါယာလီဘုံမှ လာရောက် ရန်စသူများမှာ အလွန် စွမ်းအားမြင့်သည်ကို သူတို့ သိကြသည်။ သူတို့က ထိုစွမ်းအားများကို ပါရမီဖြင့် ရလာသည် မဟုတ်ဘဲ ရှန့်ထိုစွမ်းအားများဖြင့် အတင်း ပေါင်းစပ်ခြင်းဖြင့် ဖြစ်လာခြင်းပင်။ ထိုသို့လုပ်ခြင်းက သူတို့၏အနာဂတ်ကို သတ်သည်နှင့် တူ၏။
သို့သော် မူလကတည်းက သူတို့သည် ရှန့်ထိုများဖြစ်ရန် ရည်ရွယ်ထားခြင်း မဟုတ်ဘဲ စစ်၏ ယန္တရားရုပ်များ အဖြစ် အသုံးချရန် စီစဉ် ထားခြင်းလည်း ဖြစ်နိုင်၏။
“ထျန်ကျိကို လှုပ်ရှားခိုင်း ရတော့မလား” ဝတ်ရုံရှည်လူက ပြောသည်။ ထျန်ကျိနှင့် ရှားရှင်းယွန်တို့သာ အတူတူ တိုက်ခိုက်ပါက တစ်ဖက်လူများအား အနိုင်ယူရန် ပြဿနာ မဟုတ်ပေ။
ရှန့်ထို အဆင့်သို့ ရောက်ခါနီးသော ရှန့်ထိုတစ်ဝက် ရှီများသာ ထိုအတင်း လုပ်ယူ ဖန်တီးထားသော တန်ခိုးရှင်များအား တိုက်ခိုက် အနိုင်ယူနိုင်လောက် ပေသည်။
“အမြန် မလိုဘူး။ ထျန်ကျိကို သူ့လူတွေ လှုပ်ရှားခိုင်းတော့။ အခု တိုက်ခိုက်စရာ မလိုသေးဘူး။ တခြားလူတွေက သူတို့ စွမ်းတယ်ဆို ထင်ပါစေ။ ငါတို့က စစ်မြေပြင်မှာ မကြာခင် တွေ့ရမှာပဲ။ ရှားရှင်းယွန်ကို နောက်ဆုတ် ခိုင်းထား”
“သိပါပြီ” ဝတ်ရုံရှည်က ခေါင်းညိတ်ကာ သူသည် ထိုနေရာမှ ကွယ်ပျောက် သွား၏။
သတင်းများသည် မြန်ဆန်စွာ ပြန့်ခဲ့ကာ အထူးသဖြင့် ထိပ်သီး အင်အားစုများမှာ သတင်းများကို ပိုမိုမြန်ဆန်စွာ ကြားသိကြသည်။
ထို့ကြောင့် ထိပ်သီး တန်ခိုးရှင် များစွာတို့သည် အင်ပါယာရှား နန်းတော်သို့ ဦးတည် လာကြတော့၏။
အင်ပါယာရှား နန်းတော် အပြင်ဘက်မှ တိုက်ပွဲများမှာ ရက်များစွာ ကြာမြင့် နေခဲ့သည်။ အင်ပါယာလီဘုံမှ တန်ခိုးရှင်များသည် ဆက်လက်၍ပင် အသာစီး ရယူထား နိုင်ခဲ့ကြ၏။ မရေမတွက်နိုင်သော လူများမှာ အင်ပါယာလီဘုံမှ တန်ခိုးရှင်များ၏ စွမ်းအားများကို ကြည့်ကာ အံ့အားသင့် ကြရသည်။
တစ်ဖက်တွင် ရှန့်ထိုများသည် တစ်စုံတစ်ခု မူမမှန်သည်ကို ခံစားမိကြ၏။
ထိပ်သီး အင်အားစုများ၏ လူငယ်မျိုးဆက် များစွာက အင်ပါယာရှားဘုံ၏ အပြင်ဘက်သို့ ရောက်လာခဲ့ကြ၏။ တိမ်တိုက်နန်းတော်၊ ချင်နန်းတော်၊ ရှောင်ကလန်၊ ကျူးထန်နန်းတော်နှင့် တခြားသော အင်အားစုများမှ လူငယ် ပါရမီရှင်များစွာ ရောက်လာခဲ့ကြသည်။ ထိုသူများထဲမှ အချို့မှာ ပါဝင် တိုက်ခိုက်ခဲ့ကြ သော်လည်း အခြေအနေမှာ မပြောင်းလဲပေ။ အင်ပါယာရှားဘုံ အတွင်းမှ လူအများစုမှာ အရေးနိမ့်ခဲ့ကာ အနည်းငယ်သော လူတို့သာ အနိုင်ရသည်။
ထိုထိပ်သီး ပါရမီရှင်များမှာလည်း ဝင်ပါခြင်း မပြုကြသေးပေ။ ရှားရှင်းယွန်ကို မူကား အရိပ်အယောင်မျှပင် မမြင်ရကြပေ။
ရီဖူရှင်းသည်လည်း သတင်းများကို ရရှိကာ အင်ပါယာရှား နန်းတော်သို့ ရောက်လာခဲ့သည်။
သူလာရသော အကြောင်းပြချက်မှာ လီယောင် တစ်ယောက် တည်းကြောင့် ဖြစ်သည်။
ရီဖူရှင်းအား လူအများအပြားက သတိထားမိကြကာ ဆွေးနွေး ပြောဆိုကြသည်။ သူသည်လည်း လတ်တလောတွင် များစွာ နာမည် ကျော်ကြား လာခဲ့သူ ဖြစ်သည်။
ရီဖူရှင်းက ရထားလုံးပေါ်တွင် ထိုင်နေသော လီယောင်အား တစ်ချက် ကြည့်သည်။
လီယောင်ကား ယခင်နှစ်များစွာ အကြာက တော်ဝင်စစ်ပွဲ၌ နောက်ကွယ်မှ ကြိုးကိုင်ခဲ့သူ တစ်ဦးဖြစ်သည်။
ရှန့်ထိုကျဲနှင့် တန်ခိုးရှင် ကိုးဦးတို့သည် လီယောင်၏ စေခိုင်းမှုကြောင့် လှုပ်ရှားခဲ့ကြခြင်း ဖြစ်သည်။ အကယ်၍ ရှန့်ထိုကျဲသာ ပါဝင်ခဲ့ခြင်း မရှိပါက ဟွာဂျီယူသည်လည်း သေဆုံးခဲ့မည် မဟုတ်ပေ။
ထို့ကြောင့် ဂျီယူ ဆုံးပါးသွားခြင်းတွင် လီယောင်၏စနက်ဟု သူက သတ်မှတ်သည်မှာ မမှားပေ။
သူ တစ်ယောက်တည်းသာ မဟုတ်၊ ကုန်းစွန်းကျောင်း၊ ချင်ပေ့နှင့် တခြားလူများ သည်လည်း ထိုနေရာသို့ ရောက်နေကြသည်။
***
ထိုအခိုက်တွင် ကောင်းကင် ၃၃လွှာ၏ အမြင့်တစ်နေရာ၌ လူတစ်ယောက် ငြိမ်သက်စွာ ထိုင်နေသည်။
သူ့နောက်မှ လူအများအပြား တို့သည် သူ့အား အင်ပါယာဘုံ အတွင်းမှ လတ်တလော ဖြစ်ပျက်နေသည် များအား တင်ပြ ပြောဆိုနေကြဟန် ရှိသည်။
“ဒါဆို အင်ပါယာ လီဘုံကလူတွေ တော်တော် သန်မာတာပေါ့” လူငယ်က မေးသည်။
“စီနီယာတွေ ပြောတာကတော့ အင်ပါယာလီဘုံက လူတွေက ရှန့်ထိုစွမ်းအားတွေနဲ့ အတင်းပြုပြင် ခံထားရတာတဲ့။ ရှန့်ထို အဆင့်အောက် စွမ်းအား အမြင့်ဆုံး တန်ခိုးရှင်တွေ မဟုတ်ရင် သူတို့ကို အနိုင်ရဖို့ မလွယ်ဘူး ပြောတာပဲ” နောက်မှ လူက ဖြေသည်။
“ရှန့်ထိုတစ်ဝက်ပေါ့…”
လူငယ်က တည်ငြိမ်စွာဖြင့် ရေရွတ်သည်။ သူက ကောင်းကင်သို့ တစ်ချက် ကြည့်လိုက်လျှင် ဓားအသိတစ်ခု ထွက်ပေါ်သွားဟန် ရသည်။
“ဓား …” လူငယ်က ကြည်လင် ပြတ်သားစွာ ပြောလျှင် အသံသည် ကောင်းကင်သို့အထိ ထွင်းဖောက် သွားဟန်ရသည်။ ထောင်ပေါင်း များစွာသော ဓားတို့သည် စီးဆင်းလာကြကာ လူငယ်၏ရှေ့သို့ ရောက်လာသည်။
လူငယ်က ရှေ့သို့ တက်သွားကာ ဓားများကို အသုံးပြု၍ ပျံသန်းလိုက်သည်။ သူလှုပ်ရှားလျှင် ဓားအရောင်အဝါများ ထွက်ပေါ်လာခဲ့ကာ ရှေ့မှ လေထုကို ခွင်းလျက် အသက်ရှူမှားဖွယ် အမြန်နှုန်းဖြင့် ပျံသန်း၏။
လီဟန်ဓား နန်းတော်မှ လူအများအပြားသည် ထိုမြင်ကွင်းကို ကြည့်ကာ တုန်လှုပ်ကြသည်။
ကြည့်ရသည်မှာ သူတို့၏ စီနီယာအစ်ကိုသည် ရှန့်ထိုအဆင့်သို့ ရောက်ရန် ခြေတစ်လှမ်း အလိုဖြစ်နေလေပြီ။
လီဟန်ဓားနန်းတော်မှ နံပါတ်တစ် ဓားသမား ဝမ်ချွန်းသည် လီဟန်ဓား နန်းတော်မှ ယနေ့တွင် ဆင်းသက် လာခဲ့ချေပြီ။
***