အပိုင်း (၁၃၁-၁၄၀)
Vol. 2 Ch. 131-140
အပိုင်း ( ၁၃၁ )
“ ထူးဆန်းတဲ့ ထောင့် ”
အဲ့ဒီနောက် သူ့ရဲ့ ခြေထောက်တွေ တော့ နတ်ဆိုးကျောင်းတော်ကို သွားတဲ့ လမ်းတစ်ဝက်မှာ ပဲ ရပ်တန့်သွားတော့တယ်။
ချီကူယန် ပြန် လာပြီ။
ဖန်ကျန်းရှီ ရုတ်တရက် ဆိုသလို နွေခေါင်ခေါင်မှာ မိုးကြိုးပစ်ခံ လိုက်ရသလို ခံစားလိုက်ရတော့တယ်။ သူမက ကောင်းကင်တာအို မှာ နေဖို့ ကတိပြုထားတာ မဟုတ် ဘူးလား။ လူတွေ ကြားက သစ္စာ ဘယ်မလဲ။
ဒါဆို…
ငါ အခု ပြေးရတော့မှာလား။
“ သခင်လေးဖန်။ အထဲကို ကြွပါ။ သခင်မလေးက သခင်လေးကို အထူး ခေါ်ဆောင် လာဖို့ သီးသန့် အမိန့်တော် ချထားပါတယ်။ ” အစေခံ ဖန်ကျန်းရှီ ရပ်တန့်သွားတာကို မြင်ချိန်မှာတော့ အနည်ငယ် စိတ်ရှုပ်သွားတော့တယ်။
အစေခံ ဖန်ကျန်းရှီ ပေးတဲ့ လက်ဆောင်တွေကြောင့် ရယ်ချင်နေပင်မယ့်လည်း ဖန်ကျန်းရှီကိုတော့ မလှောင်ရယ် ဝံ့ပါ ဘူး။ အနည်းဆုံးတော့ သူက ယုံကြည်မှု မြစ် မြို့တော်က နှစ်ထပ်ကွမ်း ချန်ပီယံ တစ်ယောက်ဖြစ်နေတယ်။
ဒါအပြင် ချီကူယန်ကလည်း သခင်လေး ဖန်ကို စိတ်အနှောက်ယှက်ဖြစ်အောင် မလုပ်ရဘူးလို့ တင်းတင်း ကြပ်ကြပ် အမိန့်ချထားတယ်။
ဒါကြောင့်သာ မဟုတ်ရင်။ သူလို အစေခံ ငယ်လေးက စစ်နတ်ကျောင်းတော် ကိုးယောက်မြောက်သား လုယွီရှန်းရှေ့မှာ ဖန်ကျန်းရှီရဲ့ စကားလုံးတွေကို မကဲ့ရဲ့ပဲ နေမှာလဲ။
ဖန်ကျန်းရှီကတော့ လှည့်လာတော့တယ်။ ချီကူယန်က သူ့ အတွက် အထူး အမိန့်ချထားတယ်။
တစ်ခုခုတော့မှားနေပြီ။
ဒါပေမယ့် သူ လှည့်လိုက်တဲ့ အချိန်မှာပဲ လုယွီရှန်း ဖန်ကျန်းရှီ ရှေ့မှာ ပေါ်လာခဲ့တယ်။
“ သခင်လေး ဖန်။ မဝင်ရဲ ဘူးလို့တော့ ကျွန်တော် မထင်ပ ဘူး။” လုယွီရှန်းရဲ့ နှုတ်ခမ်းပေါ်မှာတော့ အေးစက်တဲ့ အပြုံး တစ်ခု ရှိနေတော့တယ်။ ချီကူယန် က သူ့ရှေ့က သူကို အင်မတန် မုန်းမှန်း သူကောင်းကောင်း သိ တာ ကြောင့်ပဲ တယ်
နှာ ဘူးကောင် အရှက်မရှိတဲ့သူ ကောင်းကင်အောက်က ကျောင်းတော်သားတွေပေါင်းရင်တောင် ဒီ အရှက်မရှိသူကို မှီနိုင်မှာ မဟုတ် ဘူး။
ဒီလို မျိုး ဂုဏ်ဒြပ်တွေနဲ့ ပြည့်စုံ လှသူကို ဘယ်သူကများ သဘောကျမှာလဲ။
“ငတုံးကောင် ” ဖန်ကျန်းရှီကတော့ နှာမှုတ်ရင်းပြောလိုက်ပြီးနောက် ခန်းမထဲ ဝင်သွားတော့တယ်။
လု ယွီရှန်းရဲ့ မျက်နှာပေါ်က အေးစက်စက်အပြုံး ပျောက်ကွယ်သွားပြီးတော့ သူ့မျက်လုံးတွေ ညည့်နက် သန်းခေါင်လို မည်းနက် သွားပြန်တယ်။ သူ့ရဲ့ လက် နှစ်ဖက်ကတော့ လက်သီးဆုပ် အသွင်ပြောင်းလဲ သွားတော့တယ်။ တောသားကောင် ကြည့်ရသေးတာပေါ့။ မင်း ဘယ်လောက် ကြာကြာ နေနိုင်မလဲ။
………..
နတ်ဆိုးကျောင်းတော်ရဲ့ တံခါးကို ဖြတ်လာပြီးတဲ့နောက်မှာတော့ ပင်လယ် တမျှ နက်ရှိုင်းလှတဲ့ နေရာ တစ်ခုကို ရောက်နေသလို ဖန်ကျန်းရှိ ခံစားလိုက်ရတယ်။ ဒါတင်မကပါ ဘူး ဝင်္ကပါ တစ်ခု ထဲကို ခြေချရသလို သူကိုယ်တိုင် နှစ်မြုပ်သွားသလို ပါပဲ။
လမ်းကြောင်းတွေ ကွေ့ကောက် ရောယှက်နေတယ်။ တစ်ခု ချင်းစီကလည်း အိမ် တစ်လုံးစီကို ဦးတည်နေတယ်။
အရေးကြီးဆုံးကတော့ အိမ်တိုင်းရဲ့ ပုံစံ အတူတူပဲ တယ်
လမ်းကြောင်းတွေကို ရင်းနှီးတဲ့ အစေခံ မရှိပဲနဲ့ လမ်းပျောက်သွားရင် ပြန်ထွက် နိုင်မှာ မဟုတ် ဘူး။
လမ်းတစ်လျှောက်မှာတော့ မွှေးပျံ့လှတဲ့ ပန်းရနံ့ တွေ ပျံ့လွှင့်နေခဲ့တယ်။ ကျောက်စိမ်း ရောင် ထင်းရှူးပင်တွေရဲ့ လေတိုးသံ လည်း ခပ်သဲ့သဲ့ ထွက်ပေါ်နေတော့တယ်။ အစောင့်ကြပ် တင်းကျပ် လှတဲ့ တံခါးပြင်က အခြေ အနေနဲ့ ယှဉ်လိုက်ရင်တော့အခြား ကမ္ဘာ တစ်ခုနှယ် ကွာခြားလှတယ်။
ဆယ့် ငါးမိနစ် ခန့် လမ်းလျှောက်ပြီးနောက်
ဝတ်ရုံ ဖားဖားကြီး ကို ဝတ်ဆင်ထားတဲ့ သက်လတ်ပိုင်း လူရွယ် သူတို့ ဆီကို ရောက်လာနေတာကို တွေ့လိုက်ရတယ်။
“သခင်လေး ရန်ရွယ်က ဒီမှာကိုး။ ဒါ ဒါ ဆို သခင်လေး ဘေးက ….. သခင်လေး ဖန်။ သခင်လေး ဖန်ကျန်းရှီပဲ ဖြစ်ရမယ်။ ” သက်လတ်ပိုင်း လူရွယ် ရန်ရွှယ်ကို ကြည့်ရင်း ပြောပြလိုက်တယ်။
“အိမ်တော်ထိန်း ဝမ်ကို နှုတ်ခွန်းဆက်ပါတယ်။ ” ရန်ရွှယ်က အနည်းငယ် ဦးညွှတ်လိုက်တယ်။
ဖန်ကျန်းရှီကတော့ အခု ဖြစ်နေတာတွေကို စိတ်ထဲ မကြိုက် ဘူး ဖြစ်နေတယ်။ ဒါပေမယ့်လည်း နတ်ဆိုးကျောင်းတော်ထဲ ခြေချလာပြီးတည်းက အထူး တလည် ဖြစ်
ဖို့ ကိစ္စတွေ မရှိတော့ ဘူး။ နောက်ဆုံးမှာတော့ သူ လုပ်ချင်တာက ဗိုက်ပြည့်တဲ့ ထိ တစ်နပ်လောက် ကောင်းကောင်း စားသွားချင်တာပဲ တယ်
အဲ့ဒီ့နောက် ဖန်ကျန်းရှီလည်း ရောယောင်ပြီး နှုတ်ဆက်လိုက်တယ်။
အိမ်တော်ထိန်း ဝမ်ရဲ့ မျက်လုံးတွေ ထဲမှာတော့ ထိတ်လန့်သွားဟန် တစ်ခု ဖြတ်ပြေးသွားတော့တယ်။ အပြင်ဘက် မှာ ပျံ့နေတဲ့ သတင်းစကားတွေ အရဆို ဖန်ကျန်းရှီ ဆိုတာ ယဉ်ကျေးမှုကို နားမလည်တဲ့ နှာ ဘူးကောင် တစ်ယောက်လို့ပဲ နားမဆံ့နိုင်အောင် ကြားနေရတာ တယ်
“ ဒီ အချိန်မှာတော့ သခင်ကြိး က ကောင်းကင် ရတနာ ခန်းမ အပြင် ဘက်မှာ စားသောက်ပွဲကြီးကို ခင်းကျင်းထားတာတယ် သခင်လေး တို့ နှစ်ဦး လုံး ကျွန်တော်နဲ့ လိုက်ခဲ့ပါ။” အိမ်တော်ထိန်း ဝမ်က ဖန်ကျန်းရှီနဲ့ ရန်ရွှယ်ကို ပြန်လည် ဦးညွှတ်ရင်း ပြောလိုက်တယ်။
ကောင်းကင် ရတနာ ခန်းမ အပြင် ဘက်မှာ။
ဖန်ကျန်းရှီကတော့ ကောင်းကင် ရတနာ ခန်းမဆိုတာ ဘာမှန်း အရမ်းကို သိချင်နေတယ် နေတယ်။ နောက်ဆုံးမှာတော့ ဒါက တာအို နိယာမထဲမှာ ရှိတဲ့ သုံးထောင်သော အပြိုင် စိတ်အာရုံနယ်မြေတွေထဲက တစ်ခု မှန်း သိလိုက်ရတယ်။
ဒါက ဘာတွေများ ထူးခြားနေလို့လဲ။
ရန်ရွှယ်ရဲ့ အမူအယာ က အတော်လေးကို တည်ငြိမ်နေတော့တယ်။ ကြည့်ရတာတော့ ဘယ်လို ထူးခြားလဲ ခန့်မှန်းမိတဲ့ ပုံပဲ။
…
အိမ် တော်ထိန်း ဝမ်ရဲ့ လမ်းပြမှု နောက်ကနေ လိုက်ရင်း ဖန်ကျန်းရှီနဲ့ ရန်ရွှယ်က ကျောက်ဖြူသားနဲ့ ခင်းထားတဲ့ ဝရံတာ လမ်းလေးကို ဖြတ်သန်းလာခဲ့ရပြန်တယ်။ အဲ့ဒီ့နောက် သက်ဝင် လှုပ်ရှားနေတဲ့ စကားပြောဆိုသံတွေကို ကြားလိုက်ရတော့တယ်။
သိသာတာကတော့ ။ သူတို့ စားသောက်ပွဲကြိး ဆီကို ရောက်လာပြီ။
ဒါပေမယ့် ဖန်ကျန်းရှီကတော့ အနည်းငယ် စိတ်ရှုပ်နေတော့တယ်။ နတ်ဆိုးကျောင်းတော် တံခါးမှာ စောင့်ဆိုင်းနေတဲ့ တပ်နီတော်ကြီးကို တစ်ခါ ပဲ တွေ့ရတယ်။ လာတဲ့ လမ်းတစ်လျှောက်လုံးမှာတော့ အစေခံ အမျိုးသားတွေနဲ့ အမျိုးသမီးတွေကိုပဲ တွေ့ရတယ်။ စစ်သည် တစ်ဦး တစ်လေမှကို မတွေ့ရ ဘူး တယ်
“ နတ်ဆိုးကျောင်းတော်ထဲမှာ မတူညီတဲ့ လမ်းကြောင်းတွေ ရှိတယ်။ အစောင့် တွေကတော့ တခြားသော လမ်းကြောင်းတွေမှာ ရှိနေပါတယ်။ ဒီ စားသောက်ပွဲ အတွက် အထူး ရွေးချယ် ထားတဲ့ လမ်းတွေကို အသုံးပြု နေတာ ပါ။” အိမ်တော်ထိန်း ဝမ်က ဖန်ကျန်းရှီရဲ့ အမူအယာကို မြင်တော့ ဖြေလိုက်တယ်။
ဖန်ကျန်းရှီကတော့ ခေါင်းငြိမ့်လိုက်တော့တယ်။
သူ တောင် စကားတစ်ခွန်းမှ မပြောရသေးပဲနဲ့ အိမ်တော်ထိမ်းဝမ်က သူ ဘာတွေးနေလဲ ဆိုတာ အတွက် အဖြေ ရှိနှင့်နေပြီ။ ရှုထောင့် တစ်ခုကနေ စဉ်းစာရင်းတော့ နတ်ဆိုးကျောင်းတော်က အိမ်တော်ထိန်း တစ်ဦး သူတွေးထင် သလောက် မရိုးရှှုင်း နိုင်မှန်း သိလိုက်တယ်။
“ သခင် လေး နှစ်ဦးရဲ့ ထိုင်ဖို့ နေရာ အတွက်ကတော့ စီစဉ်ပြီးသား တယ် ဒါပေမယ့်….” အိမ်တော်ထိန်း ဝမ် ရန်ရွှယ်နဲ့ ဖန်ကျန်းရှီကို ခေါ်လာချိန်တည်းက သူ အနည်းငယ် တွေဝေနေတာကို သတိထားမိတယ်။
“ ပြဿနာ တစ်ခု ခု ရှိနေလို့ လား။” ရန်ရွှယ်က မေးလိုက်တယ်။
“ သခင်လေး နှစ်ဦးရဲ့ အ ဆင့်တွေက မတူညီတဲ့ အတွက် နတ်ဆိုးကျောင်းတော်ရဲ့ စည်းမျဉ်းတွေ ပေါ် မူတည်ပြီးတော့ သခင်လေးတို့ ခုံနေရာတွေ မတူညီနိုင်ကြပါ ဘူး။ ” အိမ်တော်ထိန်း ဝမ်က ပြောလိုက်တယ်။
““ ဒါဆို ကျွန်တော် ထိုင်ရမယ့် နေရာကိုလည်း ဖန်ကျန်းရှီ ထိုင်ရမယ့် ပုံစံပေါ် မူတည်ပြီး စီစဉ်ပေးပါ။” ရန်ရွှယ်က ခေါင်းငြိမ့်ရင်း နားလည် ကြောင်း ပြောလိုက်တယ်။
နတ်ဆိုးကျောင်းတော်မှာလည်း သူ့ရဲ့ ကိုယ်ပိုင် စည်းမျဉ်းတွေ ရှိတယ်။
ကွဲပြားတဲ့ အဆင့်အတန်းနဲ့ ဧည့်သည်ရဲ့ သဘာ၀ အပေါ်ကို မူတည်ပြီးတော့ အမြဲတမ်း အစီအစဉ် ချလေ့ ရှိတယ်။
ရန်ရွှယ်လို မြင့်မြတ် ဂုဏ်ရှိတဲ့ မိသားစုကြီးက သူတစ်ယောက်တော့ ဒီ အခြေအနေကို နားလည်တယ်။ ဒါ့အပြင် နေရာ အနိမ့် ကနေ အမြင့်ကို တက်ဖို့ ခက်ခဲ တာကို လည်း သူနားလည်တယ်။ ဒါပေမယ့် အမြင့်ကနေ အနိမ့်ကို ဆင်းရင်တော့ လွယ်ကူနိုင်တယ်။
“ ဒါဆိုရင်တော့ သခင်လေး ရန်ရွှယ်က နေရာ ပြောင်းရတော့မယ်။ ” အိမ်တော်ထိန်း ဝမ်က ခေါင်းငြိမ့်လိုက်ပြီးနောက် ထပ်မပြောတော့ပဲ ဖန်ကျန်းရှီနဲ့ ရန်ရွှယ်ကို သာ ခေါ် လာလိုက်တော့တယ်။
ဖန်ကျန်းရှီကတော့ ဘယ်လိုမှကို မတွေးပါ ဘူး။ ဒါက တနပ်ကျွေးတာ လေးပဲလေ ။ ဘယ်နေရာ ထိုင်ထိုင်ပေါ့။
အကယ်၍ သူသာ တကယ်ပဲ နတ်ဆိုးကျောင်းတော်ရဲ့ အရေးပါတဲ့ နေရာ တစ်ခု မှာ ထိုင်ရမယ် ဆိုရင် ဒါက မဖြစ်နိုင်တာပဲ။ ချီကူယန်လည်း ပြန်လာပြီ ဆိုတော့ သူ့ရဲ့ နေရာ ဝေးနိုင်သလောက် ဝေးလေ အန္တရာယ် ကင်းလေပဲ တယ်
တံခါးကနေ ဝင်လာပြီးနောက်
ဖန်ကျန်းရှီကတော့ စာအုပ ပင်လယ် ကြီးထဲ ရောက်နေသလို ခံစားရပြန် တယ်။ စနစ် တကျ စီစဉ်ထားတဲ့ စားပွဲ တွေ ။ ဘေး ပတ်လည်မှာတော့ ရှု ခင်း ပန်းချီ များစွာကို ချိတ်ဆွဲ ထားတော့တယ် ။
စားသောက်ပွဲကြီး က မစတင် သေးတဲ့ အတွက် ကျောင်းတော်သားတွေ တော့ ပန်းချီကားတွေကို ကြည့်ရှုနေကြတယ်။
ပန်းချီပေါ်မှာ ရေးသားထားတဲ့ ကဗျာတွေကို ဖတ်ရှုရင်း အမြင်ချင်း ဖလှယ်နေကြတယ်။
ဖန်ကျန်းရှီရဲ့ ပေါ်ထွက် မှုကတော့ ကြီးကြီးမားမား မလှုပ်ရှားစေနိုင် ပါ ဘူး။ သူတို့ နှစ်ဦး ရောက်ရှိ လာမှုကို အနည်းငယ်သော ကျောင်းတော်သားတွေ ပါ ထားမိတာ ကြောင့် ဖြစ်တယ် ။ သူတို့ရဲ့ မျက်လုံးထဲမှာတော့ ထိတ်လန့် ဟန်တွေ ပေါ်လာတော့တယ်။
လူတိုင်း ချီကူယန်ရဲ့ အပြစ်သား အတွက် အမိန့်တော်ကို သိထားကြတယ်။
ပုံမှန် အတွေး အခေါ် အရဆိုရင် ဖန်ကျန်းရှီ စားသောက်ပွဲမှာ ပါဝင်ရမှာ မဟုတ် ဘူး။ နောက်ဆုံးမှာတော့ ကောင်းကင် ရတနာခန်းမကို ဝင်ရမှာထက် ယှဉ်ရင် ကိုယ်ရဲ့ အသက်ကတော့ ပိုပြီး အရေးပါတယ်။ တယ်။
ဒါပေမယ့် ရန်ရွှယ်ရဲ့ အေးစက်မှုကတော့ ဖန်ကျန်းရှီကို ပြဿနာ အမျိုးမျိုးကနေ တကယ့်ကို ကယ်တင်ပါတယ်။ နောက်ဆုံးမှာတော့ လုယွီရှန်းလိုမျိုး လာပြီး လှောင်ပြောင်မယ့်သူ တစ်ဦးမှ မရှိတော့ ပါ ဘူး။
အဲ့ဒီ့နောက် ဖန်ကျန်းရှီလည်း ထူးဆန်းတဲ့ ထောင့်ဆိုတာ ဘာကို ခေါ် မှန်း နားလည် သွားတော့တယ်။
ခန်းမကြီး တစ်ခုလုံးမှာ အထူးခြားဆုံး ထိုင်ခုံ ဖြစ်တာ ကြောင့်ပဲ တယ်
ကြီးမားလှတဲ့ သစ်ပင်ကြီး အဓိက ထိုင်ခုံ မြင်ကွင်းကို ပိတ်ဆို့ ထားခဲ့တယ်။ အကယ်၍ တစ်ဦးကသာ ရှုခင်း အကြောင်းကို ပြောမယ် ဆိုရင် ဒီလို ထိုင်ခုံ မျိုးက စားသောက်ပွဲ မှာ အကောင်းဆုံး ထိုင်ခုံ ဆိုတာ အတိအကျကို ပြောနိုင်တယ်။
ဘာကြောင့် လဲ ဆိုတော့ ခန်းမကျယ်ကြီးကို အမြင်ရဆုံး ထိုင်ခုံ ဖြစ်တာကြောင့်ပဲ။
ဒါပေမယ့် စားသောက်ပွဲကို တက်ရောက်လာတဲ့ ကျောင်းတော်သားတွေကတော့ အဓိက ထိုင်ခံ ုကြီးနဲ့ နီးနိုင်သလောက် နီးစေချင်ကြတယ်။ ဒါမှသာ ရုံးတော်အကြီးအကဲတွေ သူတို့ကို သတိ ထားမိ စေနိုင်တာကြောင့် ပဲ တယ်
“ သခင်လေး ဖန်က ဒီမှာ။”
“ အရမ်းကောင်းတယ်။” ဖန်ကျန်းရှီက ခေါင်းငြိမ့်လိုက်တော့တယ်။ ဒါက သူလုံး၀ လိုချင်တဲ့ နေရာမျိုးပဲ ။
နတ်ဆိုးကျောင်းတော် စားသောက်ပွဲမှာ ကိုယ်ထုငိချင်တဲ့ ထိုင်ခုံသာ ရွေးထိုင်ရရင် ဒီ နေရာကိုပဲ ရွေးမှာ တယ် စားသောက်ပွဲဆိုတောာ့ ဒီ နေရာက ရှုခင်းမကောင်းပေမယ့် အဝစားလို့တော့ ကောင်းတယ်။ ပိုြပ်ီး သက်တောင့် သက်သာ တယ်
“ မဆိုး ဘူး။” ရန်ရွှယ်လည်း ခေါင်းငြိမ့်လိုက်တယ်။
“ဒါဆို သခင်လေ း တို့ နှစ်ဦး ။ ကျွန်တော် သွားလိုက် ပ အုန်းမယ်။ ” အိမ်တော်ထိန်း ဝမ်က ဦးညွှတ်လိုက်ပြီးနောက် ပြန်သွားတော့တယ်။ တခြားသော သူတွေကို ကြိုစရာ တာဝန် ရှိနေသေးတာ ကြောင့် ပဲ တယ်
သိပ်မကြာခင် အချိန်မှာပဲ အိမ်တော်ထိန်း ဝမ် ပေါ်လာပြန်တယ်။ ဒီ အချိန်မှာတော့ လုယွီရှန်းကို ခေါ်ဆောင် လာတာ တယ်
လုယွီရှန်း အပြင် အခြား းကျောင်းတော်သား နှစ်ဦးပါ သူနဲ့ အတူ ပါလာတယ်။ ကြည့်ရတာတော့ ဒီ သခင်လေး နှစ်ဦးရဲ့ အဆင့်တွေ လည်း အတော်လေး မြင့် ဟန်ပါပဲ။
အိမ်တော်ထိန်း ဝမ်က သူတို့ကို အဓိက ထိုင်ခံ ုကြီးနဲ့ နီးရာမှာ နေရာ ချပေး လိုက်တာကြောင့် ပဲ တယ်
တခြားတစ်ဖက်က လုယွီရှန်းကတော့ မကျေမနပ်ဟန်ပေါ်နေပါတယ်။
ဒါပေမယ့်
သူ့ရဲ့ အမူအယာက ပျော်ရွှင် ဟန်ကို ပြောင်းသွားပြန်တယ်။ ဘာကြောင့် လဲ ဆိုတော့ သူ သိပ်ကို ကံကောင်းစွာနဲ့ ချောင်ကျတဲ့ ထူးထူးဆန်းဆန်းထောင့်တစ်နေရာမှာ ရန်ရွှယ်နဲက ဖန်ကျန်းရှီ ထိုင်နေတာကို တွေ့လိုက်ရတာကြောင့်ပဲ တယ်
အဲ့ဒီ့နောက်လုယွီရှန်းနဲ့ တခြား ကျောင်းတော်သား နှစ်ဦး အတူ လျှောက်လာတော့တယ်။
“ အာ…. ဒီမှာ ထိုင်နေတာလား။ ဒါက မဝေးလွန်း ဘူးလား။ သခင်လေး ဖန်လို နှစ်ထပ်ကွမ်း ချန်ပီယံကို နှိမ့်ချရာမရောက် ဘူးလား။ အိမ်တော်ထိန်း ဝမ်ရယ် ဘယ်လိုများ စီစဉ်ပြီးတော့ သခင်လေး ဖန်ကို ဒီလို နေရာ ပေးထိုင် လိုက်တာလဲ။” လုယွီရှန်းကတော့ သူ့နောက်မှာ ရပ်နေတဲ့ အိမ်တော်ထိန်း ဝမ်ကို အပြစ်တင်နေ ဟန်ပါပဲ။
“ ဒီ စီစဉ်မှုက အဆင့်လိုက် လုပ်ထားတာကို သခင်လေး လု နားလည် မယ် ထင်ပါတယ်။” အိမ်တော်ထိန်း ဝမ်က လုယွီရှန်းရဲ့ ရည်ရွယ်ချက်ကို နားလည်တဲ့ အတွက် အနည်းငယ် စိတ်ပူ ဟန်ပေါ်လာတော့တယ်။
ဒီလိုမျိုး ဖြစ်လာဖို့ မမျှော်လင့်ထားဘူး။ လုယွီရှန်း ဖန်ကျန်းရှီကို လာ နှုတ်ဆက်တာကိုလည်း သူတားလို့ မရဘူး
“ ငါနားလည်ပါတယ်။ အိမ်တော်ထိန်း ဝမ်ကို နည်းနည်း အထင်လွဲသွားတာပါ။ ” လုယွီရှန်းက ပြောလိုက်ပြီးနောက် ဖန်ကျန်းရှီကို ကြည့်လိုက်တယ်။
သူ စကားပြောဖို့ ပြင်လိုက် ချိန်မှာပဲ
ဖန်ကျန်းရှီရဲ့ အသံ အရင် ထွက် လာတော့တယ်။
“ ငတုံးကောင် ။ ထွက်သွားစမ်း။”
“ မင်း ဘာ ပြောလိုက်တယ်။ ” ဖန်ကျန်းရှီ အော်တာကို ၂ ကြိမ်တိတိ ကြားပြီးနောက်မှာတော့ လုယွီရှန်းက သူ့ကိုယ်သူ အနည်းငယ် ထိန်းချုပ်နိုင်နေပြီ တယ် ဒီ တစ်ကြိမ်မှာတော့ သူနဲ့ အတူ လာသူ နှစ်ယောက်ရှေ့မှာ အော်ခံ လိုက်ရတာ တယ်
ထုံးစံ အတိုင်း သူ့ရဲ့ အမူအယာကတော့ ပျက်ယွင်းသွားတော့တယ်။
“ သခင်လေး လု ။ စားသောက်ပွဲကြီးက စတင်တော့မှာ။” အခြေ အနေ မကောင်းတဲ့ လေထုကို သတိထားမိပြီး နောက်မှာတော့ အိမ်တော်ထိန်း ဝမ် အခြေအနေကို အနှေးနဲ့ အမြန် ထိန်းသိမ်းရတော့မှာ ဖြစ်ကြောင်း သိလိုက်တယ်။
“သူက တောသား တစ်ယောက်ပဲလေ။ ဒီလို ကောင်မျိုးနဲ့ အဆင့်တူ ဖို့က သခင်လေး လု အတွက် အဆင့်နှိမ့်ချသလို ဖြစ်မနေ ဘူးလား။ သူ့ကို အေးဆေး စားခိုင်းလိုက်ပါအုန်း။ ကျွန်တော်တို့ ဒီ အရှေ့မှာ ထိုင်ရအောင်။ ” သူ့ဘေးမှာ ထိုင်နေတဲ့ အစိမ်းရောင်မှင်ချည် ဝတ်စုံကို ဝတ်ထားသူက ဖန်ကျန်းရှီကို မုန်းတီးဟန်နဲ့ ကြည့်လိုက်ရင်း ပြောလိုက်တော့တယ်။
“မှန်တာပေါ့။ ဒီ မှာထိုင်မယ်။ ဘယ်သူကမှ သူ့ကို တွေ့မှာ မဟုတ်တော့ ဘူး။ မမှန် ဘူးလား။” းး း ” ဘရိုကိတ် ဝတ်ရုံဝတ် လူတစ်ဦးက ပြောလိုက်ပြန်တယ်။
သူတို့ရဲ့ စကားကို ကြားပြီးတဲ့နောက် လုယွီရှန်းရဲ့ နိမ့်ချီ မြင့်ချီဖြစ်နေတဲ့ ရင်ဘတ် အနည်းငယ် အရှိန်လျော့သွားခဲ့တယ်။
ဒီ နတ်ဆိုးကျောင်းတော် စားသောက်ပွဲရဲ့ အရေးကြီး မှုကို သူကောင်းကောင်းသိတယ်။ သူ ဘယ်လောက်ပဲ စိတ်ဆိုးနေပါစေ ဒီ စားသောက်ပွဲမှာတော့ ဖန်ကျန်းရှီကို တိုက်ခိုက်ဖို့ မဖြစ်နိုင် ဘူး။
“ ဟမ့်။ ကောင်းကင်ရတနာ ခန်းမမှ တွေ့ကြသေးတာပေါ့ ကွာ” လုယွီရှန်းက နှာမှုတ်ရင်း ပြောလိုက်ပြီး လှည့်ထွက်သွားတယ်။
“ငတုံးကောင်” ဖန်ကျန်းရှီက ပြန်ဖြေလိုက်တယ်။ သူ့ရဲ့ အမူအယာကတော့ မကျေနပ်မှုတွေနဲ့ ပြည့်နေတော့တယ်။
“ မင်း မင်းရဲ့နောက် စကား တစ်ခွန်း မပြောတတ်တော့ ဘူးလား။” လုယွီရှန်းက သွားနေတဲ့ လမ်းကနေ ရပ်လိုက်ပြီး ပြန်လှည့် လာတော့တယ်။ သူ့ မျက်နှာကတော့ ဒယ်အို းဖင်လို မည်းနက်နေခဲ့တယ်။
“ င.. တုံး.. ကောင်”
အပိုင်း ( ၁၃၁) ပြီး၏။
အအေးလှိုင်း ဖြတ်နေတော့ စာရေး သူ မနေ့ ညက စာမရေး နိုင် လိုက်လို့ ဒီ မနက် နောက်ကျတာပါ။ နောက်ရက်တွေ နောက်မကျ တော့ ပါ ဘူး။
အပိုင်း (၁၃၂)
“ ချီကူယန်ရဲ့ အတွေး”
လုယွီရှန်း သည်းမခံ နိုင်တာ တစ်ခုကို ပြပါ ဆိုရင်
သူ့ထက် အဆင့် အများကြီး နိမ့်တယ်လို့ သူ့စိတ်ထဲမှာ သတ်မှတ်ထားတဲ့ တောသား တစ်ယော က် က သူ့ကို အော်ငေါက်တာပဲ ဖြစ်မယ်။ ဒါ့အပြင် ဆက်တိုက် ဆိုသလို အော်ခံနေရတာ။ အရေးကြီး ဆုံးကတော့ စကားလုံး တစ်လုံးတည်းကိုပဲ ထပ်တလဲ လဲ သုံးပြီး ပြောဆ ိုနေတာတယ်
“ မင်း ငါ့ကို ငတုံးလို့ ထပ်ခေါ်ရဲ ခေါ်ကြည့် ” လုယွီရှန်းတော့ သူ့ကိုယ်သူ ထပ်ပြီ း မထိန်းချုပ်နိုင်တော့ ပါ ဘူး။
တခြား တစ်ဖက် က ဖန်ကျန်းရှီ ကတော့ မတူညီမှုတွေနဲ့ ပြည့်နေခဲ့တယ်။ ပထမဆုံး တစ်ကြိမ်တွေ့တည်းက တခြားသူက ကိုယ့်ကို ကြည့်မရမှတော့ ဒါမျိုးကို ဂရုစိုက်နေ စရာ မလိုတော့ ဘူး။
“ မင်းက တိုက်ခိုက်ချင်နေတာလား။ ဒါက နတ်ဆိုးကျောင်းတော်ရဲ့ မြင့်မြတ်လှတဲ့ စားသောက်ပွဲကြီးနော်။ မင်းရဲ့ အပြု အမူနဲ့ အဆင့်အတန်းကို ဖော်ပြမလို့လား။” ဖန်ကျန်းရှီကတော့ လုယွီရှန်းကို လွန်မင်းစွာ သနားနေဟန်နဲ့ ကြည့်ပြီးပြောလိုက်တော့တယ်။
“ အပြု အမူ ။ အပြု အမူ ဟုတ်လား။” လုယွီရှန်းရဲ့ ဒေါသတွေကတော့ အပြင်းနှင်နေတဲ့ မြင်းတစ်ကောင်လို ပေါက်ကွဲ လာပါတော့တယ်။ တောသား နှာဘူး ကောင် တစ်ယောက်က သူ့ကို သိက္ခာနဲ့ ပတ်သက်ပြီး လာသင်ပြနေတာ ရင်နာစရာကောင်းလှတယ်။
ဒါပေမယ့်လည်း ။
အဆုံးသတ်မှာတော့ လုယွီရှန်းမှာ တိုက်ခိုက်ဖို့ အခွင့်အရေး မရှိခဲ့ပါဘူး။
သူ့ဘေးမှာ ရပ်နေသူ နှစ်ယောက်က လုယွီရှန်းကို ဆွဲခေါ် သွားတာ ကြောင့်ပဲ တယ်
အကယ်၍ လုယွီရှန်းသာ ဒီ စားသောက်ပွဲကြီးမှာ ပြဿနာ ဖြစ်စေခဲ့ရင် ဒီ ကိစ္စငယ်လေးကြောင့် သူတို့ရဲ့ နာမည် ပျက်သွားနိုင်တယ်။ ဒီ စားသောက်ပွဲ ကြီး ဘယ်လောက် အရေးကြီးမှန်း ကောင်းကောင်းသိတယ်။
မြောက်ပိုင်း ဒေသ မြို့တော်ကြီး ငါးခုက ရုံးတော်သားတွေ ကြည့်နေသလို ချီကူယန်လည်း မြင်မှာပဲ။ ဒါ့အပြင် သွမ့်ပြည်ထောင် အရှင် လင်းရှင်းကြွယ် ကိုယ်တိုင်လည်း ရောက်နေတယ်လို့ သတင်း ကြားထားတယ်။
“ ငါ့ကို လွှတ်။ မင်းတို့ ငါ့ကို လွှတ် စမ်း။” လုယွီရှန်းရဲ့ အသံ ပဲ့တင့် ထပ်နေတော့တယ်။
…
သူ့ဘေးနားမှာ တဝီဝီ လာလုပ်နေတဲ့ ယင်ကောင်ကြီးကတော့ နောက်ဆုံးမှာ ထွက်သွားခဲ့ပြီ။
ဖန်ကျန်းရှီကတော့ ရှားရှားပါးပါး အေးချမ်းတဲ့ အခိုက်အတန့်ကို ပြန်ရသွားတော့တယ်။ ဘေးပတ်လည်ကကျောင်းတော်သားတွေကတော့ သူတို့ တွေကို ပြဇာတ်ကောင်းတစ်ပုဒ် ကြည့်နေရသလိုသာ ရေနွေးကြမ်းလေး သောက်ရင်း ထိုင်ကြည့်နေကြတယ်။ ဒါပေမယ့် ဖန်ကျန်းရှီကတော့ တစ်ယောက်ကိုမှ အရေး မစိုက်ပါ ဘူး။
ဒါအစား သူ စိတ်အဝင်စားဆုံး အရာကိုသာ စူးစမ်းနေတော့တယ်။
ပြောထားတဲ့ ကောင်းကင် ရတနာ ခန်းမက ဘယ်နားမှာလဲ။
ဘာလို့ ခန်းမ မပြောနဲ့ နံရံတစ်ချပ်တောင် မတွေ့တာလဲ။
ဖန်ကျန်းရှီက ဘယ်ဘက်ကို ကြည့်လိုက်တယ်။ အဲ့ဒီ့နောက် ညာဘက်ကို ကြည့်လိုက်တယ်။ ပန်းချီကားပေါင်းစုံ ချိတ်ထားတာ က လွဲပြီးတော့ အဆောက်အဦး ကြီးကြီးမားမားလည်းမတွေ့ မိ ပါဘူး။ ဒါက ခန်းမ အသေးလေး တစ်ခုပဲ ။
“ လူလိမ်။” ဖန်ကျန်းရှီက သူ့ရဲ့ လက်ခလယ်ကို ထွက်ခွာသွားတဲ့ အိမ်တော် ဝမ် ဘက်ကို ထောင်ပြလိုက်တယ်။
ဒီ ကောင်းကင်ရတနာ ခန်းမကိုတော့ အရမ်းသိလိုစိတ်ပြင်းပြနေတယ်။ သူ့ရဲ့ ကိုယ်ထဲက စိတ်အာရုံနယ်မြေ လို လူကိုယ်တိုင် ဖန်တီးထားတာ ဆိုရင် ဒီ ကောင်းကင်ရတနာ ခန်းမကို ဖန်တီးတာ ဘယ်သူဖြစ်မလဲ။
ကောင်းကင်လား။
ဒါမှမဟုတ် မိုးနတ်မင်းလား။
ဒီ လောကမှာ နတ်သမီးတွေတော့မရှိနိုင် ဘူး မလား။
…
သူတွေးလိုက်ချိန်မှာပဲ တီးမှုတ်သံတွေ သူ့နားထဲ ဝင်လာတော့တယ်။
တိးမှုတ်သံတွေကို ကြားချိန်မှာတော့ ကျောင်းတော်သားတွေ သူတို့ရဲ့ ထိုင်ခံ ု အသီးသီးကနေ ထလိုက်ကြတော့တယ်။ ဒါကြောင့် ဖန်ကျန်းရှီလည်း စားသောက်ပွဲ စတင်ပြီ ဖြစ်ကြောင်း တွေးလိုက်မိတော့တယ်။
ထိုင်ခုံစီစဉ်မှုကို ကြည့်လိုက်တော့။
ဘယ်ဘက်မှာ ရုံးတော်သားတွေ အများဆုံး ရှိနေတယ်။ မြောက်ပိုင်း ဒေသရဲ့ ရုံးတော် အဆင့်တွေ အလိုက် ထိုင်နေကြတော့တယ်။
ညာဘက်မှာတော့ ဘရိုကိတ် ဝတ်ရုံ အမျိုးမျိုးနဲ့ လူတွေ ရှိနေကြတယ်။
အဓိက ထိုင်ခုံတွေကတော့ အရှေ့ ဘက်မှာ ရှိနေတာ တယ် ခရမ်းရောင် တိမ် အရှေ့ဘက်က လာတယ် ဆိုတဲ့ ပြောစကားအတိုင်း လူတွေ အရှေ့အရပ်ကို ဘုရင်တွေ အတွက် သတ်မှတ်ထားကြတယ်။ ဒါကြောင့် အဓိက ခုံတွေ အရှေ့အရပ်မှာ ရှိနေတာ တယ်
ဖန်ကျန်းရှီရဲ့ နေရာကတော့ အဓိက ထိုင်ခုံနဲ့ အဝေးဆုံး ဖြစ်ပြီးတော့ နောက်ဆုံးထိုင်ခုံပဲ တယ်
ကံကောင်းစွာနဲ့ပဲ။ ဒါက စာမေးပွဲ မဟုတ်တဲ့ အတွက် နောက်ဆုံးသူကို ထုတ်ပယ်မယ် ဆိုတဲ့ အကြောင်းလဲ မပါဝင် ဘူး။ ဒါ့အပြင် ဟင်းလျာတွေ အကုန်လုံးကလည်း အတူတူပဲ ဖြစ်သင့်တယ်။ ထိုင်ခုံနေရာနဲ့ လိုက်ပြီး ခွဲခြား မကျွေးသင့် ဘူး။
နောက်ပြီးတော့ ဒီနားမှာ ရှုခင်းက အတော်လေးလှပြီးတော့ ပတ်ဝန်းကျင်ကလည်း အေးချမ်းတယ်။
လုယွင်ရှန်းလည်း ဒုတိယမြောက် အဆင့်မှာ ရှိနေပြီးတော့ ပထမ တန်းမှာ မဟုတ်ကိုတွေ့လိုက်ရတယ်။ ဖန်ကျန်းရှီကတော့ အတော်လေး ဝမ်းသာသွားတယ်။ ကျောင်းတော် ဆယ့်သုံးခုထဲက တစ်ခုရဲ့ သား ဖြစ်တာတောင်မှ ဒုတိယ တန်းမှာပဲထိုင်ရတယ်။
ဒါဆို နတ်ဆိုးကျောင်းတော်ရဲ့ စီစဉ်မှု အရ ကျောင်းတော်တွေထက် ပိုပြီး အရေးကြီးတဲ့ သူတွေ ရှိနေသေးတာလား။
“ အကယ်၍ ထိုင်ခုံ အစီ အစဉ် အရ သာစီစဉ်ရင် မင်း က ဘယ်နေရာမှာ ထိုင်ရမှာလဲ။” ဖန်ကျန်းရှီက ရန်ရွယ်ကို ကြည့်ပြီးမေးလိုက်တော့တယ်။
“ဒုတိယတန်းမှာ ယာယီ ထိုင်ရမှာပေ့ါ။” ရန်ရွှယ်က ခဏတာ စဉ်းစားပြီး ပြန်ဖြေလိုက်တယ်။
“ယာယီ ထိုင်ရမယ်။ ”
“ဟုတ်တယ်။ ၂ နှစ်ကြာပြီးနောက်မှာတော့ ပထမ တန်းမှာ ထိုင်ရမယ်။” ရန်ရွှယ်က ထပ်ပြောလိုက်တယ်။ အကြောင်းရင်းကိုတော့မပြောပေမယ့် သူ့ လေသံ ကတော့ သိပ်ပြီးတော့ ယုံကြည်ချက်ရှိလှတယ်
ဖန်ကျန်းရှီလည်း ခေါင်းသာငြိမ့်လိုက်တော့တယ်။ ရန်ရွှယ်က သူ့ကို မလိမ်မှန်း သူသိတယ်။ ဒါပေမယ့်လည်း ပထမတန်းမှာ ထိုင်ရဖို့ ၂နှစ်စောင့်ရမယ် ဆိုတဲ့ အဓိပ္မာယ်ကိုတော့ တကယ်ပဲ နားမလည်ဘူး ဖြစ်နေတော့တယ်
သူ စကားပြောဖို့ ပြင်လိုက်ချိန်မှာပဲ ရယ်သံ တစ်ခုကို ကြားလိုက်ရတယ်။
အဲ့ဒီ့နောက် လူ တစ်အုပ် ပေါ်လာတာကို တွေ့လိုက်ရတယ်။
ရှေ့ဆုံးမှာ ရပ်နေတဲ့ သူကတော့ မရမ်းစေ့ရောင် ဝတ်ရုံကို ဝတ်ဆင်ထားပြီးတော့ အကျီ ပေါ်မှာ တော့ သားရဲကောင် ကြီးရဲ့ မာန်ဟုန် အပြည့်နဲ့ ဟိန်းနေပုံကို ချည်ထိုးထားတော့တယ်။ သားရဲကောင်ကြီးရဲ့ နဖူးမှာတော့ သွေးနီရောင် တြိဂံ တံဆိပ်ရှိနေခဲ့တယ်။
အသက် လေးဆယ် ဝန်းကျင်ရှိပြီ ဖြစ်တဲ့ သူ တော့ ကျားရဲ တစ်ကောင်လို စူုးရဲ လှတဲ့ အကြည့် ရှိပြီးတော့ သူ့ရဲ့ ကိုယ်ကနေ အေးစက်လှတဲ့ အငွေ့ အသက်တွေ ပေါ်ထွက်နေတော့တယ်။
ဒါ လောကကြီးမှာ ကျော်ကြား လှတဲ့ စစ်တပ် အရှင် သံမဏိ သွေးသခင်မှန်း ထင်ရှားလှတယ်။
သူ့ရဲ့ ဘယ်ဘက်မှာတော့ အသက် သုံးဆယ် အရွယ် အမျိုးသမီး တစ်ဦး ရှိနေခဲ့တယ်။ ကျောက်စိမ်း ဆံထိုးကို ခေါင်းမှာ စိုက်ထားပြီးတော့ အနီရောင် ဘရိုကိတ် ဝတ်ရုံကို ဝတ်ဆင်ထားတဲ့ သူမရဲ့ ဝတ်ရုံမှာတော့ ပျံသန်းနေတဲ့ ကြိုးကြာဖြူပုံရိပ်တွေ ရှိနေတယ်။
မြင့်မြတ် တော်ဝင်ဆန်တဲ့ အငွေ့အသက်တွေ အမျိုးသမီးနဲ့ အမျိုးသား ကြား မမြင်ရတဲ့ ဆက်နွယ်မှု ကနေ ပေါ်ထွက်နေတော့တယ်။
ညာဘက်မှာတော့
ထုံးစံ အတိုင်း ချီကူယန် ရှိနေခဲ့တယ်။
ချီဟို့ နဲ့ အတူ လမ်းလျှောက်နိုင်တာက နတ်ဆိုးကျောင်းတော်မှာ ရှိတဲ့ ချီကူယန်ရဲ့ နေရာကို ဖော်ပြနေတယ်။
ဒါကတော့ ဖန်ကျန်းရှီ အနေနဲ့ ချီကူယန် ကို ပထမဆုံး ပြန်တွေ့တာ တယ် ဒီနေ့မှာတော့ ချီကူယန် ပန်းနုရောင် ဝတ်ရုံရှည်ကို ဝတ်ဆင်ထားပြီးတော့ အဖြူရောင် အမွှေးပွ ပဝါရှည်ကို သူမရဲ့ ပုခုံးးကနေ ခါးထိ ဘေး စောင်း ချထားခဲ့တယ်။ သူမရဲ့ နက်မှောင်ရှည်လျားတဲ့ ဆံကေသာတွေကတော့ သူမရဲ့ ခါး တစ်ဝိုက်မှာ ဝေ့၀ဲ ကျနေတော့တယ်။
သူမရဲ့ ခေါင်းပေါ်မှာတော့ ကျောက်စိမ်း ငှက် ဆံထိုးရှိနေခဲ့တယ်။ ငှက်ရဲ့ ပါးစပ်ထဲမှာတော့ ပုလဲ အသေးလေး တစ်လုံးကို ကိုက်ချီထားတဲ့ ဟန် ဆံထိုးလေး တယ် ကြည့်လိုက်တာနဲ့ ထွင်းဖောက်မြင်နေရတဲ့ ပုလဲလေးကြောင့် သာမာန် မဟုတ်နိုင်မှန်း သိသာ နေတယ်။
သူမရဲ့ ပေါ်ထွက်လာမှုကတော့ ကျောင်းတော်သားတွေ အကုန်လုံးရဲ့ အာရုံကို ဖမ်းစားထားတော့တယ်။
ဒါပေမယ့် သူမရဲ့ မျက်နှာပေါ်က မျက်နှာကာ တော့ နှာခေါင်းနဲ့ နှုတ်ခမ်းကို ဖုံးကွယ်ထားတာကြောင့် ကြယ်တာရာတွေလို တောက်ပ လွန်းလှတဲ့ မျက်လုံးတွေကို သာတွေ့မြင်နေရတယ်။
ချီကူယန်ရဲ့ ကိုယ်ကနေ ပြင်းထန်တဲ့ အင်အား အငွေ့အသက်တွေကို ပျံ့လွင့်နေတယ်။
“သခင်ကြီး ချီ။ သခင်မကြီး နဲ့ မင်းသမီးလေးကို ကြိုဆိုပါတယ်။ ” ကျောင်းတော်သားနဲ့ ရုံးတော်သားတွေ တော့နှုတ်ဆက်ကြတော့တယ်။
“သူက ဘာလို့ မျက်နှာကာ တပ်ထားတာလဲ။” ဖန်ကျန်းရှီက စိတ်ပျက်စွာနဲ့ မေးလိုက်တော့တယ်။
သူ စိတ်ပျက်သွားတာက ချီကူယန်ရဲ့ မျက်နှာကို မမြင်ရလို့ မဟုတ်ပါဘူး။ ချီကူယန် ရဲ့ ရုပ်ကို သိမှသာ လမ်းပေါ်မှာ တွေ့ရင် မြန်မြန်ရှောင်လို့ ကွင်းလို့ ရမှာ
အခုတော့ …..
“ချီကူယန်က အသက် ၁၆ နှစ်လည်း မရောက်သေး ဘူး။ စေ့စပ်မှုလည်း မလုပ်ရသေးဘူး။ စားသောက်ပွဲတွေမှာ မျက်နှာကာ တပ်ထားတာ ထုံးစံပဲ။”
ဖန်ကျန်းရှီကတော့ အလင်းပွင့်သွားတော့တယ်။ ဒါက စေ့စပ်ပွဲ အတွက် ဒဏ္ဍာရီပုံပြင် ဖြစ်လာမှာလား။
ဒါပေမယ့် ဘယ် မျက်ကန်းကောင်ကများ ဒီ ထွက်ပြေးနေတဲ့ လိုလီတာကို လက်ထပ် ချင်မှာလဲ။ မဟုတ်ဘူး။ ခနနေအုန်း။ အခုတော့ ထွက်ပြေးနေတဲ့ မိန်းကလေးလို့ ခေါ်ရတော့မှာပေါ့။
ဒီ လို မိန်းမ မျိုးကိုသာ လက်ထပ်လိုက်ရင် တခြားတွေ ခေါက်ထားရင်တောင် ရန်ဖြစ်တာ မနိုင်တာနဲ့တင် တခြား ကိစ္စတွေ ငြင်းလို့ ရမှာကို မဟုတ်တော့ ဘူး။
ဖန်ကျန်းရှီကတော့ အမျိုးသမီး တစ်ယောက် အရမ်းကို ထက်မြက်လွန်းနေတာ အရမ်းကောင်းတယ်လို့ မထင်ပါ ဘူး။
အမျိုးသမီးတွေက နူးညံ့သိမ်မွေ့ပြီး ကျက်သရေ ရှိရမယ်။
ဝူ ယွဲ့အာ ဆိုရင်ကော။
ညှို့ငင် ဖမ်းစားနိုင်လွန်းတဲ့ အပြင် အမြဲ နက်မှောင်နေသလိုပဲ။
ယွင်ချင်းဝူ ဆိုရင်ကော..
မဖြစ်နိုင် ဘူး။ သူမရဲ့ ကိုယ်ရေး ရာဇဝင်က ရှုပ်ထွေးလွန်းတယ်.။
ဘယ်လောက်ပဲ နူးညံ့သိမ်မွေ့ပင်မယ့် ကျောချမ်းစရာ ကောင်းတယ်။
ဖန်ကျန်းရှီ ဘယ်လိုပဲ တွေးတွေး သဘောကျတဲ့ သူကို စိတ်ထဲ ရှာမတွေ့ပါ ဘူး။
သူတွေးနေချိန်မှာပဲ ချီကူယန်ကတော့ သူတို့ နားကို နီးကပ်လာနေပြီ တယ်
ဖန်ကျန်းရှီကတော့ သူ့ရဲ့ ကိုယ်ကို သစ်ပင်ကြီး ဘေးက စားပွဲနားမှာကွယ်နိုင် သလောက် ကွယ်ထားတော့တယ်။ နောက်ဆုံးတန်းမှာ ထိုင်နေတဲ့သူ တော့ ပုံမှန်အခြေအနေ မျိုးမှာ ဆိုရင်တောင် သူ့ကို သတိထားပြီး ရှာမှသာ တွေ့နိုင်မှာ တယ် အခုလို ကွယ်ထားရင်တော့ မတွေ့နိုင်တော့ ဘူး ဟုတ်။
သူတွေးလိုက်မိပြီးနောက် ဖန်ကျန်းရှီ နည်းနည်း စိတ်ပူတာ လျော့သွားတော့တယ်။
သူတွေးတဲ့ အတိုင်း ချီကူယန်က သူ့ကိုတွေ့မိပုံမပေါ်ဘူး။ သခင်ကြီးချီဟို့နဲ့ အတူ ဆက်ပြီးတော့ သာ အဓိက ထိုင်ခုံစီကို လျှောက်လှမ်းသွားတော့တယ်။
“ သခင်ကြီး ကို စားသောက်ပွဲ အတွက် ကျေးဇူးတင်ပါတယ်။
“သခင်မလေးကလည်း လှသည်ထက် ပိုလှ လာတာပဲ ။
“…”
“ း း း ” ဒီနေ့မှာတော့ ချီ ဟို့ အတော်လေးပျော်ရွှင်နေဟန်ပါပဲ။ သူ့မျက်နှာ ပေါ်မှာတော့ အပြုံးတစ်ခု တည်မြဲနေခဲ့တယ်။
ချီကူယန်ကိုတော့ မြင်နိုင်ဖို့တောင် ခက်ခဲ ပါတယ်။ သူမ တစ်ချိန်လုံး မျက်နှာကာ ဝတ်ထားတာ ကြောင့်ပဲ တယ်
သူတို့ သုံးဦးလုံး အဓိက ထိုင်ခုံကို ရောက်ရှိပြီး လူထုကို နှုတ်ဆက်ပြီးချိန်မှာတော့ ကျောင်းတော်သားနဲ့ ရုံးတော်သားတွေလည်း နေရာမှာ ပြန်ထိုင်လိုက်ကြတော့တယ်။
ဒီ အချိန်မှာတော့ အိမ်တော်ထိန်း ဝမ် အဓိက ထိုင်ခုံတွေရဲ့ နောက်မှာ ရပ်နေတော့တယ်။
ချောင်း နှစ်ချက် ခပ်တိုးတိုး ဟန့်လိုက်ပြီးနောက်မှာတော့
သူ့မျက်နှာပေါ်မှာ ဖော်ရွှေလှတဲ့ အပြုံးတစ်ခု ဖြစ်ပေါ်လာတော့တယ်။ သူ စကားပြောဖို့ ပြင်လိုက်ချိန်မှာပဲ။ ငှက် အကောင် တစ်ရာ သံပြိုင် သီဆိုနေသလို ရှင်းလင်း ကြည်လင် ပြတ်သားလှတဲ့ အသံ တစ်သံ ထွက်ပေါ် လာတော့တယ်။
“ အိမ်တော်ထိန်း ဝမ်။ ဘာလို့ တစ်ယောက်ယောက်ပျောက်နေတာလဲ။”
အိမ်တော်ထိန်းဝမ်ရဲ့ အပြုံး တောင့်ခဲသွားတော့တယ်။ လူတစ်ယောက် ပျောက်နေတယ်။ ဘယ်သူ ပျောက်နေတာလဲ။ ဖိတ်ခေါ် ထားတဲ့ သူတိုင်း လဲ ရောက်နေပြီ။ မဖိတ်ခေါ် ထားသူတွေလဲ ရောက်နေပြီ။
ဘယ်သူမှ မပျောက်နေ ပါ ဘူး။
သူ ငြင်းလိုက်ချင်ပေမယ့်လည်း ငြင်းလို့ မဖြစ်တာ သူသိတယ်။
အခုပြောနေတာက ချီကူယန် …
သူ့လို အိမ်တော်ထိန်း ငယ်လေး မပြောနဲ့ သခင်ကြီး ချီဟို့တောင် ချီကူယန်ရဲ့ စကားကို ပြန်ပြီး မေးခွန်းထုတ်ဝံ့တာ မဟုတ် ဘူး။
ဒါပေမယ့်
ဘယ်သူ ပျောက်နေတာလဲ. ။ သခင်မလေးက နတ်ဆိုးကျောင်းတော် စားသောက်ပွဲ အတွက် ဖိတ်ကြားမှုတွေကို စိတ်တောင် ဝင်စားတာ မဟုတ် ဘူး။ ယွဲ့အာ အာချောင် လိုက်တာများ ဖြစ်နေမလား။
သူတွေးမိချိန်မှာပဲ အိမ်တော်ထိန်း ဝမ် ချွေးသီး ချွေးပေါက်တွေ ကျလာတော့တယ်။
“ကူယန် က ဘယ်သူ ပျောက်နေတယ် ထင်လို့လဲ။ ပြောပြ ပါ အုန်း။” ချီကူယန်ဘေးက ချီဟို့ မေးလိုက်တယ်။
“ ယုံကြည်မှု မြစ်မြို့တော် တာအို စာမေးပွဲမှာ မြောက်ပိုင်း ဒေသ မြို့တော်ကြီး ငါးခု က ကျောင်းတော်သားတွေကို ကျော်လွန် အောင်မြင်တဲ့ နှစ်ထပ်ကွမ်း ချန်ပီယံ တစ်ဦး ထွက်ပေါ်လာတယ်လို့ ကြားခဲ့တယ်။ ဒါပေမယ့် အခု သူ့ကို ဘာလို့ မတွေ့ရတာလဲ။ ” ချီကူယန်ရဲ့ မျက်ဝန်းတွေတော့ မယုံသင်္ကာမှုတွေ ပြည့်နေတော့တယ။်
“ အာ။ ကူယန် ပြောတာ ဟုတ်သားပဲ။ ဒီ နှစ်ထပ်ကွမ်း ချန်ပီယံ အကြောင်း အဖေလည်း သိချင်နေတာ။ ငါတို့ရဲ့ မြောက်ပိုင်း ဒေသမှာ မြို့တော် တာအို စာမေးပွဲ နှစ်ထပ်ကွမ်း ချန်ပီယံ မထွက်ပေါ်တာ အတော်လေး ကြာခဲ့ပြီ။ ” ချီဟို့က ပြောလိုက်ရင်း အိမ်တော်ထိန်း ဝမ်ကို ကြည့်လိုက်တော့တယ်။
အိမ်တော်ထိန်း ဝမ်ကတော့ အခုမှပဲ သက်ပြင်းချနိုင်တော့တယ်း။
ဘာကြောင့်လဲ ဆိုတော့ ဒီ လူက ပျောက်နေတာမှ မဟုတ်တာ။
“ သခင်ကြီးနဲ့ သခင်မလေးကို လျှောက်တင် ပါတယ်။ သခင်လေး ဖန်. ဖန်ကျန်းရှီက …” သူ့ရဲ့ စကား တစ်ဝက်မှာတင် အိမ်တော်ထိန်း ဝမ်က သူ့ ပါးစပ်သူ ပိတ် လိုက်တော့တယ်။
သခင်မလေးလို ဉာဏ်ကြီးရှင်မျိုးက ဒီခန်းမကြီး ထဲမှာ ရှိနေတဲ့ လူတစ်ယောက်ကိုမှ မျက်စိ လျှံမှာ မဟုတ်နိုင် ဘူး။ သူ့ကို ဒီလို မေးတာ အထူး အကြောင်းရင်း ရှိလို့ပဲ ဖြစ်မယ်။
သူမမှာ တခြား အကြောင်းရင်းရှိမှာ အမှန်ပဲ။
ဒါကို တွေးမိပြီးတဲ့ နောက်
အိမ်တော်ထိန်း ဝမ် ဖျား ချင်သွားတော့တယ်။
အပိုင်း (၁၃၂) ပြီး၏။
အပိုင်း (၁၃၃)
“ အမြင့်မှာ အထီးကျန် လွန်းတယ်။”
Translator: Sparrow Translations Editor: Sparrow Translations
တကယ်တမ်းမှာတော့ တခြားသူတွေ ဖျားချင် သလိုလို ဖြစ်နေတာထက် ဖန်ကျန်းရှီက ပိုပြီးတော့ တောင် နေမကောင်း ဖြစ်ချင်နေသေးတယ်။ ဒါမှမဟုတ် ။
အရမ်းအရမ်းကို နေမကောင်း ထိုင်မကောင်းတွေ ဖြစ်နေပါပြီ။
ချီကူယန် ဒီလောက်ထိ ဉာဏ်ကောင်းမယ်လို့ မထင်ထားခဲ့မိ ဘူး တယ် ဒီ လို အရေးမကြီးတဲ့ အချက်မျိုးကို အရေးးကြီးတဲ့ အချိန်ကာလ မျိုးမှာ ပြေနေတယ်။
ဒါက အကြောင်းရင်း တစ်ခုပဲ ရှိတယ်.။
ရည်ရွယ် ပြီးတော့ကို လုပ်တာ။
သူမရဲ့ ရည်ရွယ်ချက်က ဘာလဲ။ ပထမဆုံး သူ တွေးလိုက်တာက သူ့ကို တိုက်ခိုက်ဖို့ အခွင့်အရေးကောင်း တစ်ခု တယ် ဒါမှမဟုတ် ။
တိုက်ရိုက်ဖမ်းချုပ်ခိုင်းတော့မယ်။
နောက်ပြီး သူရောက်နေတာက နတ်ဆိုးကျောင်းတော် ။
ပြေးချင်ရင်တောင် ဘယ်ကိုမှ ပြေးမရ ဘူး။
ဖန်ကျန်းရှီကတော့ သူဝင်လာခဲ့တဲ့ ဝင်္ကပါလို လမ်းတွေ အကြောင်းကို တွေးလိုက်ရင်း ရင်ထဲမှာ ကူကယ်ရာမဲ့ ဖြစ်သွားတော့တယ်။ နတ်ဆိုးကျောင်းတော်ကို ဘယ်လို
အစောင့်တွေ စောင့်နေတယ် ဆိုတာ ထားလိုက်ပါအုန်း သူ့မှာ ပြေးဖို့ အခွင့်အရေး ရှိရင်တောင် တစ်နာရီ အတွင်း ပြေးနိုင်မှာ မဟုတ် ဘူး။
စားသောက်ပွဲကြီး တစ်ခုလုံးရဲ့ လေထုတော့ ထူးဆန်းလာတော့တယ်။ သူတို့ရဲ့ အကြည့်တွေ တော့ ထောင့်ဆုံး နောက်ဆုံးမှာ ထိုင်နေတဲ့
ဖန်ကျန်းရှိဆီကိုသာ ဦးတည်နေကြတော့တယ်။
ဖန်ကျန်းရှီကို မြင်ချိန်မှာတော့
သူတို့ နားမလည် နိုင်ဘူး ဖြစ်နေကြတယ်။ ဒါက မြို့တော် တာအို စာမေးပွဲက နှစ်ထပ်ကွမ်း ချန်ပီယံ လေး တစ်ယောက်ပဲလေ ဘာကြောင့် ချီကူယန် က သူ့ကို
ဖိတ်ခေါ်တာလဲ။။
အိမ်တော်ထိန်း ဝမ်ကတော့ နဖူးကနေ ချွေးဒီးဒီး ကျတဲ့ ထိ ထိတိလန့်နေတော့တယ်။ သူ့ရဲ့ ပြုတ်ကျ မတတ် ခုန်နေတဲ့ နှလုံးကြောင့် အရမ်းကို
တုန်လှုပ်နေတော့တယ်။
ဘာလွဲနေလို့လဲ။
သူ့ကို ကောင်းကောင်း ဧည့်ခံ ထားတာပဲ။ နောက်ပြီးတော့ ဖန်ကျန်းရှီကို လှောင်ပြောင်နေတဲ့ သူတွေကိုတောင် တားမြစ်ခဲ့သေးတယ်။
နေရာ ထိုင်ခင်းကတော။
အိမ်တော်ထိန်း ဝမ်ကတော့ ပြဿနာကို သတိထားမိသွားတော့တယ်။ ဒါပေမယ့်လည်း ဒီ ပြဿနာကသူနဲ့ ဆိုင်တာမှ မဟုတ်တာကို။
နတ်ဆိုးကျောင်းတော်ရဲ့စည်းမျဉ်းတွေ အရ သခင်ကြီး ချီဟို့ ကိုယ်တိုင် နေရာချပေးထားတာ။
ဖန်ကျန်းရှီက နှစ်ထပ်ကွမ်း ချန်ပီယံ ဖြစ်နေပင်မယ့် သာမာန် ရွာသား တစ်ယောက်ပဲလေ။
ဒါကြောင့် သူ့ရဲ့ နေရာကတော့ နောက်မှာရောက်နေမှာပဲ။ ဒါကိုတွေးမိပြီးနောက် ချီကူယန်ကို ဒေါသ ဖြစ်စေတဲ့သူက ရလဒ် ကောင်းနိုင်မှာ မဟုတ် ဘူး။
ချီဟို့ကတော့ ဒီ စက်ကွင်းကနေ လွတ်မှာပဲ ။
“သခင်မလေး ကျွန်တော့်ကိုခွင့်လွှတ်ပေးပါ။ ကျွန်တော့်ရဲ့ နေရာချထားမှု မှားယွင်းသွားပါတယ်။ အမှားအတွက် အပြစ်ကို ခံယူပါမယ်။ ” အိမ်တော်ထိန်းဝမ်က ဒီ
အချိန်မှာ ငြင်းဆိုရင် အပြစ်ပိုကြီးမှာ စိုးတဲ့ အတွက် ချက်ခြင်းခွင့်လွှတ်ဖို့ တောင်းဆိုလိုက်တယ်။
“အိမ်တော်ထိန်း ဝမ်က ဘယ်လို အမှားမျိုးလုပ်မိလို့လဲ။ ” ချီကူယန်ရဲ့ အသံကတော့ အေးဆေးလှတယ်။
“ ဒါ ဒါက ထိုင်ခုံ နေရာ ချထားမှုကြောင့် ဖြစ်သွားတာပါ။ ” အိမ်တော်ထိန်းဝမ်က ချီဟို့ကို ကြည့်လိုက်ပြီးနောက် ပြောလိုက်တော့တယ်။
ချီဟို့ကတော့ အိမ်တော်ထိန်း ဝမ် သူ့ကို ကြည့်နေတာ မြင်လိုက်ချိန်မှာတော့ သူ့ရဲ့ ခေါင်းကို ဖြည်းဖြည်း ချင်း လှည့်ပြီး တစ်ဖက်ကို လွှဲသွားတော့တယ်။
အိမ်တော်ထိန်း ဝမ်ကတော့ ဒီ အချိန်မှာ ချောက်နက်နက်ထဲ ပြုတ်ကျသွားသလိုမျိုးခံစားလိုက်ရတော့တယ်။
သူကောင်းကကောင်းသိတယ်။
ဒီ အချိန်မှာတော့ မီးစင်ကြည့်ကဖို့ လိုအပ်လာပြီ။
“ဆိုးရိုးစကားတွေ အတိုင်း လေးစာ်းမှု သော့ချက်ပဲ။ ငါတို့ရဲ့ နတ်ဆိုးကျောင်းတော်က စစ်တပ်နဲ့ မြောက်ပိုင်းဒေသကို ကာကွယ်တယ်။ စစ်တပ် အင်အားကို
လူတွေရဲ့ မွေးဖွားမှု မိသားစု ဂုဏ်ရှိန်တွေနဲက မဆုံးဖြတ်ဘူး။ အရည်အချင်းနဲ့သာ ဆုံးုဖြတ်တယ်။ အိမ်တော်ထိန်း ဝမ်ေ ဒီနေ့လုပ်လိုက်တဲ့ အမှားက
ကိစ္စသေးသေးလေး မဟုတ်ဘူး။ ” ချီကူယန် က ဆက်ပြေလိုက်တယ်။
“ ကျွန်တော့် အမှားကို ဝန်ခံပါတယ်။ ဒီ နှစ်တွေ အတွင်းမှာ အမှုထမ်းခဲ့တာတွေ အတွက် ကြည့်ရှုပေးပြီးတော့ သုံးနှစ်စာ လစာကို နှုတ်ပြီးတော့ အပြစ်ပေးပါ
သခင်မလေး။” အိမ်တော်ထိန်း ဝမ်က သူ့ အပြစ် အတွက်သူ တောင်းဆိုလိုက်တော့တယ်။
“ ကောင်းပြီလေ။ ကိုယ့် အမှားကိုယ်သိတယ် ဆိုတော့ တခြား စီစဉ်မှုတွေ သွားလုပ်တော့။” ချီဟို့က နောက်ဆုံးမှာ အသံ ထွက်လာတော့တယ်။
ချီကူယန်ရဲ့ အတွေးကို တော့ ချီဟို့ ခုမှ နားလည်သွားပြီတယ်
“အမိန့်တော် အတိုင်းပါ။ ” အိမ်တော်ထိန်း ဝမ်က သွားဖို့ ပြင်လိုက်တော့တယ်။
“ ခနနေအုန်း။” ချီကူယန်က တားမြစ်လိုက်တယ်။
“ငါသွားမယ်။” ချီကူယန်က ပြောလိုက်တယ်။
ဒီလှုပ်ရှားမှုက ကျောင်းတော်သားတွေရဲ့ စိတ်ကို ထိရှစေတယ်။
တကယ်တမ်းတော့ ဒီလို အဖြစ်အပျက် မဆန်းပြားပေမယ့် ။ ချီကူယန် ကိုယ်တိုင် သွားခေါ်တာကတော့ ထူးဆန်းတယ်။
ချီကူယန်က ဘယ်သူလဲ ။ ကြီးမြတ်သော ရှမင်းဆက်မှာ တစ်ဦးတည်းရှိတဲ့ နှစ်ထပ်ကွမ်း နဂါး ချန်ပီယံ ။ လောကကြီးကို ထိတ်လန့်စေတဲ့သူ တယ် ဒီ လို
ဂုဏ်ကြီးရှင်က မြို့တော် တာအို စာမေးပွဲအောင်ထားတဲ့ ကျောင်းတောသားလေးကို ဖိတ်ခေါ်တယ်။
ဘယ်လိုပဲ ကြည့်ကြည့် ဒါကတော့ အဓိက ခေါင်းစဉ် ဟုတ် ဟန်မတူဘူး။
ချီဟို့ရဲ့ မျက်လုံးထဲမှာတော့ ထိတ်လန့်ဟန် တစ်ချက် လက်သွားတော့တယ်။
သူ့ သမီးလေး ချီကူယန်ကို အရမ်းချစ်တဲ့ အပြင် လေးစားမှုပဲ ရှိနေတယ်။ ပြောရရင်တော့ ဒီနေ့ ဒီနေရာမှာ အင်အားပြနိုင်တာ ချီကူယန် မရှိပဲနဲ့တော့ မဖြစ်နိုင် ဘူး။
ချီကူယန်က လူတွေရဲ့ စိတ်ကို ရရှိဖို့ ကြိုးစားခဲ့ချိန် တုန်းကတောင် ရည်ရွယ်ချက်ကို နားလည်နိုင်သေးတယ်။ အခုချိန်မှာတော့
သူ လည်း အတော်လေး နားမလည်နိုင် ဖြစ်နေတော့တယ်။
သူ မှတ်မိသလောက်ဆိုရင် ကြီးမြတ်သော ရှမင်းဆက်မှာ ရှမင်းဆက်မှာ ချီကူယန် ကိုယ်တိုင် ဖိတ်ခေါ်တဲ့ သူ များများ စားစား မရှိ ဘူး။ အကယ်၍ သွမ့် ပြည့်ထောင် အရှင် ဖြစ်နေရင်တောင် တော်ဝင် မင်းသား တစ်ဦးကို နတ်ဆိုးကျောင်းတော်မှာ ဆယ်ရက်တိုင်တိုင် စောင့်ဆိုင်းခိုင်းထားခဲ့တယ်။ တစ်ချက်လေးတောင် သွားရောက် မတွေ့ဆုံခဲ့ဘူး ။
အခုချိန်မှာ ချီကူယန် ဖိတ်ခေါ်ဖို့ စဉ်းစား သင့်တာက နန်ကုန်းငေ် မဟုတ် ဘူးလား။
ဒါပေမယ့် နန်ကုန်းငေ် ဆ ိုတာ ဘယ်သူလည်း
ကြီးမြတ်သော ရှမင်းဆက်မှာ စစ်မှန်တဲ့ နံပါတ်တစ် ကျောင်းတော်သား ။ ပုန်းကွယ်နေသော နဂါး အဆင့်မှာ နံပါတ် တစ် ဖြစ်ပြီးတော့ နိုးထ လာသော နဂါး
အဆင့်မှာလဲ နံပါတ် တစ် ဖြစ်နေတဲ့သူ တယ်
ချီကူယန် သာမရှိရင် ကြီးမြတ်သော ရှ မင်းဆက်မှာ အကျော်ကြားဆုံးသောသူ ဖြစ်မှာ မလွဲမသွေပဲ။
နန်ကုန်းငေ်လို ဉာဏ်ကြီးရှင် ကျောင်းတော်သားနဲ့ ယှဉ်လိုက်ရင် ဖန်ကျန်းရှီမှာ ဘာရှိလို့လဲ။ သူ့မှာ နှစ်ထပ်ကွမ်း ချန်ပီယံ ရထားတာ တစ်ခုပဲ ရှိတာ။ အများဆုံး
ရှိလှမှ ကြယ်တာရာ စုဝေးမှု အဆင့်ပဲ ရှိသေးလောက်မှာ။ ကောင်းကင် ရောင်ပြန် အဆင့်နဲ့ ဘယ်လို ယှဉ်လို့ ရနိုင်မှာလဲ။
ပုန်းကွယ်နေသော နဂါးအဆင့်ဆိုတာလည်း အလားအလားကောင်း ရှိတယ်လို့ပဲ ဆိုလိုတာ။
ဒါက အကုန်ပဲ
ဒါပေမယ့်လည်း ပုန်းကွယ်ထားတဲ့ အရည် ချင်းနဲ့ ကိစ္စကြီးကို အောင်မြင် နိုင်မှုကတော့ တကယ့်ကို ခက် ခဲ လွန်းတယ်။
ဒါကိုတော့ ဘယ်သူကမှ သဘောမတူပါ ဘူး။ ကြယ် တာရာ စုဝေးမှု အဆင့်နဲ့ ကောင်းကင် ရောင် ပြန် အဆင့်ကတော့ တကယ့်ကို ကွာခြားလွန်းတယ်။
ဘယ်လောက် လူများများ ကများ သူတို့ရဲ့ ဘ၀ သက်တမ်းမှာ ကြယ်တာရာ စုဝေးမှု အဆင့်ကနေ ကောင်းကင် ရောင်ပြန် အဆင့်ကို တက်နိုင်ကြလို့လဲ။
ချီဟို့နဲ့ လူထုကတော့ အံ့သြမှုနဲ့ ပြည့်နေတော့တယ်။ ချီကူယန်ကတော့ သူမရဲ့ ထိုင်ခုံကနေ ထလာပြီးတော့ ဖန်ကျန်းရှီ ဆိကို လျှောက်လာတော့တယ်။
ဒီ မြင်ကွင်းက
ရန်ရွှယ်ကိုတောင်မှ အံ့အားသင့်ပြီး စိတ်ရှုပ်စေတယ်။
“မင်းတို့ တစ်ယောက်ကို တစ်ယောက် သိကြတာလား။” ရန်ရွှယ်က ဖန်ကျန်းရှီကို ပြောလိုက်တယ်။
“….” ဖန်ကျန်းရှီကတော့ ပြန်မဖြေပါ ဘူး။ ဒီ မေးခွန်းကို ဖြေဖို့ က မရိုးရှင်းမှန်းသူသိတာကြောင့်ပဲ တယ် အဖြေကိုလည်း သူမသိတာလား။ လွန်ခဲ့တဲ့ ၈ နှစ်တုန်းက
ဖန်ကျန်းရှီကတော့ ချီကူယန်ကို အောင်အောင်မြင်မြင် မြစ်ထဲ ကန်ချနိုင်ခဲ့တယ်။
အခုချိန်မှာသာ ဖြေလိုက်ရင်တော့ ။
ဒီ ၈ နှစ် အတွင်းမှာ စာတစ်စောင်တောင် မပေးခဲ့ကြဖူး။ လူကိုယ်တိုင်လည်း တစ်ခါမှ မတွေ့ဖူး ဘူး။
ငါတို့ သိကြလို့လား။
ငါတို့ မသိ ပါဘူး။ မသိပါ ဘူး။
မသိ ဘူး။ လုံးဝကို မသိတာ။
ကောင်းပြီလေ။ တကယ်တမ်းတော့ သိကြပါတယ်။
ဒါပေမယ့်လည်း သိသည် ဖြစ်စေ မသိသည် ဖြစ်စေ။ ဖန်ကျန်းရှီကတော့ ထွက်ပြေးဖို့ ပြင်နေပါပြီ။ ၈ နှစ် လုံးလုံး မတွေ့ခဲ့ရ ပဲနဲ့ အခု လာပြီးတော့ သိချင်ယောင်
ဆောင်နေတယ်။ ဒါက သရဲ လာ ခြောက်တာနဲ့ တူမနေ ဘူးလား။
တခြားသူတွေ ဘယ်လို ပဲ ယုံယုံ ဖန်ကျန်းရှီကတော့ လုံးဝကို မယုံပါ ဘူး။
အဲ့ဒီ့ိနောက် ဖန်ကျန်းရှီက ပြေးတော့တယ်။
ဒါပေမယ့်လည်း …
သူထိုင်ခုံက ထ ထ ချင်း အချိန်မှာပဲ ချီကူယန်က ဖန်ကျန်းရှီရဲ့ လမ်း ကို ပိတ်ရပ်ထားပြီးသား တယ်
ဒါက ဖန်ကျန်းရှီကို အလွန်အမင်း ထိတ်လန့်စေတယ်။ ဒါက ဘယ်လို ဖြစ်နိုင်မှာလဲ။ လူတွေ အများကြီး ရှေ့မှာ တစ်ချက် ကြည့်ရုံနဲ့ ဘယ်လို ရှာတွေ့သွားတာလဲ။
ရန်ရွှယ်က သူ့နားမှာ ထိုင်နေတာကြောင့်တော့ မဖြစ်နိုင် ပါ ဘူး။
“ သခင်လေး ဖန်။ ဒီ ၈ နှစ်လုံးလုံး နေလို့ကောင်းရဲ့လား။” ချီကူယန်က ဖန်ကျန်းရှီရှေ့မှာ ရပ်ရင်းမေးလိုက်တော့တယ်။ သူမ ဖန်ကျန်းရှီနဲ့ အလွန်ကို နီးကပ်နေတဲ့
အတွက် သူမရဲ့ ကြယ်လို တောက်ပနေတဲ့ မျက်ဝန်းတွေကို တွေ့လိုက်ရတော့တယ်။
ဖန်ကျန်းရှီကတော့ ချီကူယန်ရဲ့ ကိုယ်ကနေ အပူချိန်တွေကို ခံစားနေရတယ်။ တကယ့်ကို အစစ်အမှန်တိုင်းပဲ။ ဒါပေမယ့်လည်း အစစ်အမှန် ဖြစ်တယ်လို့ သူ
မခံစားရပါဘူး။
“ ရှစ်နှစ် ။ ဘာ ရှစ်နှစ်လဲ။ မင်းသမီးလေး ဘာတွေ ပြောနေတာလဲ။ ကျွန်တော် လုံးဝကို နားမလည် ဘူး။ ” ဖန်ကျန်းရှီက ဒီ အချိန်မှာ ချီကူယန်ရဲ့ စကားတွေကို မသိ နားမလည် ချင်ယောင်ဆောင် နေတော့တယ်။ ဒါက တုံးပင်မယ့်လည်း ဒါကတော့ ချစ်စရာ ကောင်းပါတယ်။
မြစ်ထဲ တစ်ခါလေး ကန်ချမိတာ လွန်ခဲ့တဲ့ ရှစ်နှစ်တုန်းကပါ။ ဝင်မခံမှ ပဲ ကောင်းမယ်။
ဟ ဟ
သေ အောင် အရိုက်ခံ ရမှာထက် စာရင် ဝန်မခံ တာက တော်သေးတယ်။
“ ဒါ အမှန်ပဲလား။” ချီကူယန်ရဲ့ မျက်လုံးထဲမှာ အပြုံးတစ်ခု ပေါ်လာတော့တယ်။
အဲ့ဒီ့နောက် သူမရဲ့ ခြေဖျားကို ဖြည်းဖြည်း ချင်း ထောက်လိုက်ပြီးတော့ ဖန်ကျန်းရှီနားကို တစ်လှမ်း ကပ်လာတော့တယ်။ သူတို့ နှစ်ဦးကြားက အကွာ အဝေးက တကယ်ကို နီးလွန်းနေပြီ တယ် ဒါပေမယ့်လည်း ချီကူယန်က တစ်လှမ်း ထပ် လှမ်း လာနေဆဲ တယ်
ဖန်ကျန်းရှီကတော့ ဒီ အကွာ အဝေးက အရမ်းကို နီးလွန်းနေပြီ ဖြစ်တယ်လို့ ထင်လိုက်တော့တယ်။
ဖန်ကျန်းရှီတင်မက ပါဘူး မြင်နေတဲ့ ကျောင်းတော်သားတွေနဲ့ ရုံးတော်သားတွေ လည်း သူတို့ နှစ်ဦး ကြားက နီးကပ်လွန်းတဲ့ အကွာအဝေးကို မျက်တောင်
မခတ် စတမ်းကြည့်နေကြတော့တယ်။
“ ဒါဆို ( အမြင့်မှာ အထီးကျန်တာကို မသိဘူးလား။) ” ချီကူယန်ရဲ့ အသံ ထွက်လာတော့တယ်။ အလွန်ကို တိုးညှင်းပြီး ချိုသာ လွန်းလှတယ်။ သူ့ရဲ့ အသံကို
တမင် တိုးပြီးတော့ ပြောနေသလိုပါပဲ။
ဒါ့အပြင် ဒါကို ပြောနေတဲ့ အချိန်မှာ သူမ ပြုံးနေခဲ့တာ သိပ်ကို သိသာ လွန်းတယ်။
ဖန်ကျန်းရှီရဲ့ မျက်လုံးတွေကတော့ ပြူးကျယ်သွားတော့တယ်။
နောက်ဆုံးတော့ ချီကူယန်က တခြား ခြေလှမ်း လှမ်းပြီ ဆိုတာကို သိလိုက်ပြီ တယ် ဘာကြောင့် လဲ ဆိုတော့ ဒီ စကားကို ပြောဖို့ လိုအပ်တယ် ဆိုရင် ဒီ
စကားတွေက တခြား သူတွေ ကြားအောင် တမင် မပြော သင့် ဘူး တယ်
အမြင့် မှာ အထီးကျန် ဆန်လွန်းတယ်။
ဒါရဲ့ အဓိပ္မာယ်ကတော့ တကယ်တမ်းမှာ မခက်ခဲ ဘူးပဲ တယ် အမြင့် တစ်နေရာမှာ ရောက်နေတဲ့ သူ တစ်ဦးအနေနဲ့ အေးစက်တဲ့ လေထု ဒဏ်ကို ခံစား ရမှာ
ဖြစ်ကြောင့် ပြောပြရုံပဲ တယ်
ဒါပေမယ့် ချီကူယန်က ဘာလို့ ပြောမှန်း သူ နားမလည်နိုင် ဘူး။ ဒါမှ မဟုတ်။ တခြား စကားနဲ့ ဆိုရင် သူမရဲ့ ရည်ရွှယ်ချက်ကို နားမလည် နိုင် ဘူးပဲ တယ်
အမြင့်မှာ။
ဘယ်လောက်မြင့် နေလို့လဲ။
ဖန်ကျန်းရှီ နားမလည် နိုင်ခင်မှာပဲ ချီကူယန်က ထပ်ပြောပြန်တယ်။
“ သခင်လေး ဖန်က အရည် အချင်းရှိပြီး ထူး ခြားတဲ့ ကျောင်းတော်သား တစ်ဦးပါ။ နတ်ဆိုးကျောင်းတော်ကတော့ သခင်လေးကို လျစ်လျူရှုထားမိတယ်။ ကျွန်မ
တကယ်ပဲ စိတ်မကောင်း ဖြစ်မိပါတယ်။ အခု ဒီ အချိန်မှာ သခင်လေး ဖန်ကို တောင်းပန် ချင်ပါတယ်။ ကျွန်မကို ခွင့်လွှတ်ပေးမယ်လို့ မျှော်လင့် ပါတယ်။ သခင်လေး ဖန်ကို ကူယန် နဲ့ အတူ လာထိုင်ဖို့ ဖိတ်ခေါ် ပါရစေ။” ချီကူယန်က ပြောလိုက်ပြီးတော့ ဖန်ကျန်းရှီကို ဦးညွှတ်လိုက်တော့တယ်။
ဥပမာ အနေနဲ့။
စားသောက်ပွဲ တစ်ခုလုံး လုံးဝကို တိတ်ဆိတ်နေတော့တယ်။ စကားလုံး တစ်လုံးမှ မကြားရပါဘူး။
လူတိုင်း တော့ မျက်လုံး ပြူးကြီးတွေနဲ့သာ ကြည့်နေကြတော့ တယ်။ ချီကူယန် က ဖန်ကျန်းရှီကို သူနဲ့ အတူ ဖိတ်ခေါ် လိမ့်မယ် လို့ ဘယ်သူကမှ မထင်ထား ဘူးပဲ တယ်
နောက်ပြီးတော့ အဓိက ထိုင်ခုံ။
နတ်ဆိုးကျောင်းတော်က ထိပ်သီး နေရာ။
မြို့တော် စာမေးပွဲကို အောင်လာပြီးတော့ တရားဝင် စာရင်းတောင် မသွင်းရသေးတဲ့ ကျောင်းတော်သား လူငယ်က မြောက်ပိုင်းဒေသ မြို့တော်ကြီး ငါးခု မှာ စုဝေးကြတဲ့ ကျောင်းတော်သားတွေ ရုံးတော်သား တွေ အကုန် တက်ရောက် ကြတဲ့ အကြီးကျယ် ဆုံးသော စားသောက်ပွဲမှာ အဓိက ထိုင်ခံမှာ ထိုင်ရတာကတော့ မဖြစ်သင့် ဘူး။
ဒါ့အပြင်…
သူ့ကို ချီကူယန် ကိုယ်တိုင်က ဖိတ်ခေါ်တယ်။
လုယွီရှန်းရဲ့ ပါးစပ်တော့ ဒီ အချိန်မှာ ပွင့် ဟနေပြီးတော့ လက်သီးကို ကျစ်ကျစ် ပါအောင် ဆုပ်ထားတော့တယ်။ သူ့ရဲ့ မျက်နှာကတော့ နီရဲနေခဲ့တယ်။ သူ့ရဲ့ ဖန်ကျန်းရှီကို လှောင်ရယ်ခဲ့တဲ့ အရင်အဖြစ်ကို ပြန် သတိရလာတော့တယ်။
ဖန်ကျန်းရှီက အခုတော့ ချီကူယန်နဲ့ အတူ ထိုင်ဖို့ အဖိတ် ခံ ရတယ်တဲ့လား။
ကြီးမြတ်သော ရှ မင်းဆက် မြောက်ပိုင်း ဒေသ တစ်လုလုံးမှာ တကယ့်ကို လှုပ်ခတ် သွားစေနိုင်တဲ့ သတင်းပဲ တယ်
အပိုင်း ( ၁၃၃) ပြီး ၏။
အပိုင်း (၁၃၄)
“အထီးကျန် လေမုန်တိုင်း ရီမြစ်ကို အေးခဲစေတယ်”
ဒီ အချိန်မှာတော့ ရန်ရွှယ် ဖန်ကျန်းရှီနဲ့ ချီကူယန်ကို စိုက်ကြည့်နေခဲ့တယ်။ သူ့ရဲ့ မျက်နှာကတော့ ထိတ်လန့်ဟန်တွေ ပြည့်နေခဲ့တယ်။ ကောင်းကင်လို မြင့်မားတဲ့ဂုဏ် အရှိန်အဝါနဲ့ ချီကူယန်က ဖန်ကျန်းရှီကို လာဖိတ်တာလဲ။
နောက်ပြီး အတူတူ ထိုင်ဖို့။
ရန်ရွှယ်က မိသားစုနောက်ခံတွေကို သိပ်ပြီးတော့ စဉ်းစားတဲ့သူ မဟုတ်ပါ ဘူး။ ဒါပေမယ့် သူ့ရှေ့က လူနှစ်ယောက်ကတော့ ….
တစ်ဦးက မြောက်ပိုင်း ဒေသ နတ်ဆိုးကျောင်းတော် မင်းသမီး ကြီးမြတ်သော ရှမင်းဆက်က နံပါတ် တစ် ကျောင်းတော်သား။ နှစ်ထပ်ကွမ်း နဂါးချန်ပီယံ။ ကြီးမြတ်သော ရှ မင်းဆက်ရဲ့ အနာဂတ် အုပ်ချုပ်သူ တယ်
တခြား တစ်ဦးကကော….။
အရမ်းကို ဝေးလံ လွန်းလှတဲ့ တောရွာလေးက ကျောင်းတော်သား တာအို ခန်းမကိုတောင် မဝင်ခဲ့ရတဲ့သူ တယ်
ဒီ လူ နှစ်ယောက်က သူ ဘယ်လိုပဲ ကြည့်ကြည့် ဒါက လိုက်ဖက်တယ် လို့တော့ မထင်ဘူး ။
ဒါ့အပြင် ပိုပြီးတော့ အရေးကြီးတာက
သိပ်မကြာခင်အချိန်မှာပဲ ချီကူယန်က အပြစ်သား အတွက် အမိန့်တော်ကို တောင် ထုတ်ထားသေးတယ်။ သူမရဲ့ အမိန့်နဲ့ စကားတွေက သက်ရောက်မှု ပြင်းထန်လွန်းတယ်။ ဒါပေမယ့် လည်း အခုချိန်မှာတော့
စိတ် အပြောင်းအလဲ က မြန်လွန်းတာ မဟုတ် ဘူးလား။
ဖန်ကျန်းရှီ က ယုံကြည်မှု မြစ် မြို့တော်လေး က နှစ်ထပ်ကွမ်း ချန်ပီယံလေး တစ်ယောက်ပဲလေ။
ဘယ်လိုပဲ ကြည့်ကြည့် ဒါကတော့ သိပ်မဟုတ်သေးဘူး။
“ သူတို့ ကြားထဲမှာ ဘယ်သူမှ မသိတဲ့ လျှို့ဝှက်ချက်များ ရှိနေတလား။ ” ပထမဆုံးအနေနဲ့ သူ့ရဲ့ ဦးနှောက် ဒီကိစ္စကို နားမလည်နိုင် ဘူးလို့ ခံစားလိုက်ရတယ်။
မြောက်ပိုင်း ဒေသ ရုံးတော်သားတွေကတော့ ပါးစပ် အငေ်းသား ဖြစ်နေတော့တယ်။ မြို့တော် တာအို စာမေးပွဲမှာ နှစ်ထပ်ကွမ်း ချန်ပီယံ လေး တစ်ယောက်ပဲလေ။ ဒီလောက်ထိ ကောင်းဖို့လိုလို့လား။
ထိုင်ခုံကတော့
နတ်ဆိုးကျောင်းတော် ဆရာသခင်တွေတောင်မှ ထိုင်လို့ မရနိုင်တဲ့ နေရာ တယ် သွမ့်ပြည်ထောင် အရှင်နဲ့ အိမ်ရှေ့စံ မင်းသားလို သူမျိုးတွေသာ ထိုင်ရမှာ တယ်
သာမာန် ပြည်သူလေး တစ်ယောက်က
ဘာကြောင့်လဲ။
…
ဖန်ကျန်းရှီကတော့ တကယ့်ကို အရမ်း မေးချင်နေပါတယ်။ ဘာကြောင့်လဲ ဆိုတော့ ချီကူယန်ရဲ့ စကား တစ်ခွန်း ထွက်လာတာနဲ့ သူ့ရဲ့ စကားသံ အောက်မှာ ဖိနှိပ် နစ်မြုပ်ခံထားသလို ခံစားလိုက်ရတာကြောင့်ပဲတယ်
ချီကူယန်ရဲ့ တောက်ပတဲ့ မျက်လုံးတွေကို ပြန်ကြည့်လိုက်တယ်။
အမြင့်မှာ အထီးကျန် လွန်းတယ်။
တကယ်ကို အမြင့်မှာ အထီးကျန် လွန်းတယ်။
ဆိုရိုးစကားတွေ အရဆိုရင်တော့ ဆိုးသွမ်းတဲ့ စိတ်တွေ ဆက်သွယ်မှု ကနေ လာတာ မဟုတ် ဘူး ။ အမှားတွေ လောဘ ကနေ လာတာ တယ် တစ်ဦးနဲ့ တစ်ဦး ဆက်သွယ်ရာမှာ စစ်မှန်တဲ့ ပျော်ရွှင်မှုကို လိုချင်ရင်တော့ လူတစ်ယောက်ကို နားလည်နိုင်ရမယ်။
ချီကူယန်ရဲ့ ဖိတ်ခေါ်မှုကတော့ သူ့ကို အမြင့်မှာ မြှောက်လိုက်တာနဲက အတူတူပဲ။ သူ့ကို အမြင့်မားဆုံး ဂုဏ်ရည်ပေးလိုက်ပြီးတော့ မဆုံးနိုင်တဲ့ တောက်ပမှုတွေ ဖြစ်စေတယ်။် ဒါပေမယ့် ဒီ တောက်ပမှုကတော့ နီးကပ်လာနေတဲ့ ပုံပါပဲ။
ငါ့မှာကော အဓိက ထိုင်ခုံမှာ ထိုင်ဖို့ အရည် အချင်း ရှိရဲ့လား။
အတိအကျကို မရှိ ဘူး။
အဲ့ဒီနောက် ဖန်ကျန်းရှီရဲ့ အခု အခြေ အနေကတော့ သူမ ပြောသလိုပဲ ။ အမြင့်မှာ တော့ အထီးကျန်လွန်းတယ်။ ဒါ့အပြင် အရိုးခဲ မတတ်ကို အေးခဲလွန်းတယ်။
ဘာကြောင့် ချီကူယန်က အပြစ်သား အတွက် အမိန့်တော်ကို ထုတ် ပြန်ခဲ့လည်း ဆိုတာ ရုတ်တရက် နားလည်သွားတော့တယ်။ အရင် အစတည်းက ချီကူယန်က သူ့ကို အမြင့်မှာ ရပ်နေစေချင်တာပဲ ။
အပြစ်သား အတွက် အမိန့်တော်ကြောင့်သာ မဟုတ်ရင် မြောက်ပိုင်းဒေသမြို့တော်ကြီးငါးခုလုံးက ကျောင်းတော်သားတွေ ယုံကြည်မှု မြစ် မြို့တော်မှာ စုဝေးကြမှာ မဟုတ် ဘူး။ နောက်ပြီးတော့ ဒီလောက်ထိ ခက်ခဲတဲ့ စာမေးပွဲလဲ ဖြစ်လာမှာ မဟုတ်။
ဒါပေမယ့်။
သူကတော့ မြို့တော် တာအို စာမေးပွဲမှာ နှစ်ထပ်ကွမ်းချန်ပီယံ ဖြစ်နေဆဲပဲ ။
ဒါပေမယ့်လည်း ချီကူယန် ရဲ့ ရည်ရွယ်ချက်ကတော့ ဒီလောက်နဲ့ မတင်းတိမ် နိုင်သေးပါ ဘူး။ ဒီလို ကြီးကျယ် ခမ်းနားတဲ့ စားသောက်ပွဲမျိုးမှာမှ ချီကူယန်က သူ့ကို နောက်တစ်ခါ အမြင့်ရောက်အောင် လုပ်နေပြန်ပြီ။
ဒါပေမယ့် … ဒီ တစ်ကြိမ်ကတော့
တကယ့်ကို မြင့်လွန်းတယ်။
ငါသာ ထိုင်လိုက်ရင်။ ကြီးမြတ်သော ရှမင်းဆက် တစ်ခုလုံးကကျောင်းတော်သားတွေ မကျေမနပ်ဖြစ်ကြမှာ သိသာလွန်းတယ်။
နောက်ဆုံး ရလဒ်ကတော့ သိသာလွန်းတယ်။ မြောက်ပိုင်း ဒေသ တစ်ခုလုံး သို့မဟုတ် ကြီးမြတ်သော ရှ မင်းဆက် ပြည်ထောင်စုကြီး တစ်ခုလုံးတောင်မှ ညတွင်းချင်း အောင်မြင်သွားကြတဲ့ ဖန်ကျန်းးရှီကို စိန်ခေါ်ကြမှာ အမှန်ပဲ။ အဲ့ဒီ့နောက် လောကမှာ ရှိတဲ့သူတိုင်းကို ငါ နတ်ဆိုးကျောင်းတော်ရဲ့ အဓိက ထိုင်ခုံမှာ ထိုင်ခဲ့တဲ့ ဖန်ကျန်းရှီကို အနိုင် တိုက်ခဲ့ပြီး ရှုံးနိမ့်အောင် လုပ်ပြီးပြီလို့ လိုက်ပြောကြတော့မှာ တယ်
ဒီ အချိန်မှာတော့ ရှုံးနိမ့်ခြင်း သို့မဟုတ် သေခြင်း တရားပဲ ရှိတော့မှာ တယ်
ဒါက တကယ့်ကို ခန့်မှန်းဖို့ ခက်ခဲ လွန်းတယ်။
ဖန်ကျန်းရှီကတော့ ဒီ အချက်ကို ကောင်းကောင်း နားလည်တယ်။ တစ်ခဏ ထိတ်လန့်ပြီးတဲ့ နောက်မှာတော့ ချီဟို့နဲ့ မြို့တော်ကြီး ငါးခုက ကျောင်းတော်သားတွေလည်း သဘောပေါက်သွားကြတယ်။ အဲ့ဒီ့ိနောက် ချီကူယန် ထုတ်ပြန်ထားတဲ့ အပြစ်သား အတွက် အမိန့်တော် ကြေညာမှုနဲ့ အခု လို စားသောက်ပွဲကြီးမှာ ဖန်ကျန်းရှီကို အထူးညွှန်ပြမှုကို သတိထားမိပြီးတဲ့ နောက်။
သူတို့ မျက်နှာပေါ်က အံ့သြမှု ထိတ်လန့် ချောက်ခြားမှု အသွင်ကို ပြောင်းလဲ သွားတော့တယ်။
လုယွီရှန်းကတော့ နားမလည်ပါဘူး။ ဒါပေမယ့်လည်း ဒါရဲ့ အကျိုးသက်ရောက်မှုကိုတော့ ကောင်းကောင်း နားလည်တယ်။ ပတ်ဝန်းကျင်က ကျောင်းတော်သားတွေရဲ့ မျက်လုံးထဲမှာ အရောင်တွေ လင်းလက် လာတာကြောင့် ဖြစ်တယ်.။
ဒါကတော့ သားရိုင်းကောင်ကြိးတစ်ကောင် သူ့ရဲ့ သားကောင်ကို တွေ့ချိန်မှာ လင်းလက်သွားတဲ့ အရိပ်အယောင် တယ်
ဒီ အချိန်မှာတော့ ရန်ရွှယ်လည်း နားလည်သွားတော့တယ်။ သူ့ရဲ့ နှုတ်ခမ်းတွေကတော့ အနည်းငယ် ဟ သွားတော့တယ်။ သူ ဖန်ကျန်းရှီကို တားမြစ်ဖို့ ပြင်လိုက်ချိန်မှာပဲ ဖန်ကျန်းရှီက သူ့ဘက်ကို လှည့်ပြီး ခေါင်းကို ခါပြနေတာကို တွေ့လိုက်ရတော့တယ်။
ဖန်ကျန်းရှီကတော့ ဒီ အဖြစ် အပျက်က နောက် တစ်ခုကို ရှေးရှူနေမယ် ဆိုတာ ကောင်းကောင်းသိတယ်။
သူ ငြင်းပယ်လိုက်ရင်တော့ ပြောစရာ မလိုအောင်ပဲ ။ အမြင့်ကနေ အနိမ့်ကို ခုန်ဆင်းတယ်ဆိုပြီး အပြစ်ပေးမှာ အမှန်ပဲ။ ဒါကြောင့် ငြင်းဖို့ ဆိုတာလည်း မဖြစ်နိုင်ဘူး။
အကယ်၍ သူသာ ချီကူယန် ဖြစ်လဲ့ရင်
အသေအချာကို ထပ်ခါ ထပ်ခါ ဖိတ်ခေါ် မှာပဲ။
အချိန်ကျရောက်လာတဲ့ အချိန်မှာတော့ ချီကူယန်က လုံးဝကို စိတ်ရှည်တော့မှာ မဟုတ် ဘူး။ သူ့အတွက်တော့ ချက်ခြင်း အသတ်ခံရတာထက် လူတိုင်းရဲ့ ရန်သူ ဖြစ်တာက ပိုပြီးတော့ လွယ်ကူတယ်။
တကယ်တန်းမှာတော့ နည်း ၂ မျိုးလုံးက လူတိုင်းရဲ့ ရန်သူ ဖြစ်မှာပဲ။
ခြားနားချက်ကတော့ တစ်မျိုးက အမြင့်မှာ အသတ်ခံရမယ်။ နောက် တစ်မျိုးက လျှိုမြောင်ထဲမှာ အသတ်ခံရမယ်။
“ ကောင်းပြီ လေ။”
ထိုင်နေတာကလည်း သေခြင်းတရားပဲ။ မထိုင်နေတာကလည်း သေခြင်း တရားပဲ တယ်
“ သခင်လေး ဖန် ။ ကြွပါ။ ” ချီကူယန်က ဖန်ကျန်းရှီကို တစ်ချက် ဦးညွှတ်လိုက်တော့တယ်။ ဒီ အပြု အမူကတော့ အထူး စစ်သေနာပတိ ကြီး တစ်ဦးလိုမျိုး အထင်ရောကသွားတော့တယ်။
ဒီ စားသောက်ပွဲကြီးက ကျောင်းတော်သားတွေကတော့ တစ်ယောက်ကို တစ်ယောက် ကြည့်ရင်း ခေါင်းငြိမ့်လိုက်ကြတော့တယ်။
“ နှစ်ထပ်ကွမ်း နဂါး ချန်ပီယံ က လောကကြီးကို ထိတ်လန့်စေတယ်။ တကယ့်ကို နာမည် ကျော်ကြားထိုက်ပါတယ်။ ”
“ ဒီလို မြို့တော် နှစ်ထပ်ကွမ်း ချန်ပီယံ ကိုတောင် လေးလေးစားစား ဆက်ဆံရင် မြောက်ပိုင်းဒေသ စစ်တပ်ကို ဝင်ရင် ဘယ်လိုများ အခွင့်အရေးရနိုင်မလဲ သိချင်တယ်။”
“ စစ်သေနာပတိမှာ ကျားလို သမီးတော် ရှိနေတာပဲ။ ချီဟို့ရဲ့ သင်ကြားနည်းစနစ်တွေက တကယ့်ကို စံပြ ဖြစ်လွန်းတယ်။”
ဖန်ကျန်းရှီ အဓိက ထိုင်ခုံမှာ ဘာကြောင့် ထိုင်ရလဲ ဆိုတာ ဘယ်သူကမှ သတိမထားမိ ကြပါဘူး။ ဘာကြောင့်လဲ ဆိုတော့ စစ်မှန်တဲ့ စစ်သူကြီး တစ်ဦး အမိန့် အာဏာရှင် တစ်ဦးရဲ့ လူတစ်ယောက်အပေါ် လေးစားမှုကို တွေ့မြင်လိုက်ရတာကြောင့် ပဲ တယ်
ဒီ အချိန်မှာတော့ ချီဟို့လည်းသူ့ထိုင်ခုံကနေ ထလိုက်ပြီး ဖန်ကျန်းရှီကို ခေါင်းငြိမ့်ရင်း ကြည့်နေတော့တယ်။ သူ့ရဲ့ မျက်နှာကတော့ နွေဦးမှာ လေပြေလေး ဝေ့သလို ငြိမ်းချမ်းနေတော့တယ်။
ဖန်ကျန်းရှီကတော့ ဒီ အချိန်မှာ သေခြင်းတံခါးဝဆီကို ခြေ တစ်လှမ်းတိုးမိပြီးသလို ဖြစ်နေပြီ။ နတ်ဆိုးကျောင်းတော်မှာ ကျင်းပတဲ့ စားသောက်ပွဲကြီး မှာ သူက လူတိုင်း ချေမွပြစ်လို့ ရနိုင်တဲ့ မြက်ပင် ပဲ တယ်
သူ့ရဲက အစွမ်းတွေကတော့ နိမ့်လွန်းတယ်။
အချိန် နေရာ လူအင်အား
တစ်ခုကိုမှ မပိုင်ဆိုင် ဘူး ။
လွန်ခဲ့တဲ့ ရှစ်နှစ်တုန်းက ချီကူယန် သူ့ရဲ့ ဆရာကျကျ အစီ အစဉ်မှာ ရှုံးနိမ့်ခဲ့ရတယ်။ အခြေအနေကို ကောင်းကောင်း အသုံးချနိုင်တဲ့ အပြင် စင်အောက်က လမ်းကြောင်းတွေကိုပါ သုံးနိုင်တဲ့ အတွက် ထွက်ပြေး လွတ်မြောက်သွားခဲ့တယ်။
အခြေအနေသာ ပေးရင် ကောင်းကင်မှာ အချုပ်ခံရရင်တောင် လွတ်နိုင်တယ်။
ဒါပေမယ့် အခုကတော့။
တစ်ခုမှ မပိုင်ဆိုင်ထားပဲနဲ့ ဒီ သေတွင်းတူးရတဲ့ အခြေအနေကနေ မလွတ်နိုင်ဘူး။
ဖန်ကျန်းရှီကတော့ သူနဲ့ လက်မ အနည်းငယ်ပဲ ကွာဝေးတဲ့ ချီကူယန်ကို ကြည့်လိုက်တယ်။ သူမရဲ့ တောက်ပတဲ့ မျက်လုံးတွေထဲမှာ ရွှင်မြူးဟန် အထင်းသားပေါ်နေတယ်။ ဖန်ကျန်းရှီ
စိတ်ထဲမှာတော့ ချီကူယန်ရဲ့ လက်ထဲကနေ လွတ်မြောက်ဖို့ လမ်း မရှိနိုင်တော့ဘူးလို့ တွေးလိုက်မိတယ်။
အပြစ်သားအတွက် အမိန့်တော်ကို ထုတ်ပြန်ချိန်ကနေ စပြီး နတ်ဆိုးကျောင်းတော်မှာ ကျောင်းတော်သားတွေကို ဖိတ်ခေါ်တဲ့ အချိန်ထိ
အရာ အားလုံး ချီကူယန်ရဲ့ လက်ထဲမှာ ပဲ တယ်
သူ့အတွက်တော့ နောက်တစ်လှမ်း လှုပ်ရှားလိုက်တာနဲ့ ချီကူယန်ရဲ့ ထောင်ချောက်ထဲမှာ ကွိခနဲ မိသွားတော့မှာ တယ်
လေ ပြေ တစ်ချက် ဝေ့သွားချိန်မှာ ချီကူယန်ရဲ့ ဆံနွယ်တွေ လေထဲမှာ လွင့်မျောသွားတော့တယ်။ ဒီ ရှုခင်းတော့ ပန်းပွင့်လေး တစ်ပွင့် လေထုထဲ ယိမ်းနွဲ့ နေသလိုမျိုး ရှုမောဖွယ် ကောင်းလှတယ်။
ဒါပေမယ့် ဒီ ပန်းကတော့ ရေခဲဆူးတွေ အပြည့်နဲ့ ပန်း တယ်
ဖန်ကျန်းရှီ ရှေ့ဆက်တိုးချင် လာတယ်။
ဒီ ရေခဲပန်းရဲ့ ဆူးတွေကို တစ်ချောင်းချင်းစီ ချိုးပစ်ချင်လာတယ်။
သူမဝတ်ထားတဲ့ အကျီလိုပဲ။
လှပတဲ့ ပန်းတစ်ပွင့်ရဲ့ ပြိုင်ဘက်ကင်းအလှ ဖူးပွင့်မှုတွေ သူ့အတွေးထဲ ပေါ်လာတော့တယ်။
ပွင့်လွှာ တစ်ခုချင်းစီ ပွင့်လာပြီးနောက် ကြွေကျသွားတော့တယ်။
ဘယ်လမ်းရွေးရွေး သေမှာ ဖြစ်ရင် ဘာတွေကြောက်စရာ လိုသေးတယ်။
သေမယ့် အဆုံးသတ် ဖြစ်ရင်တောင် မှ ဘာလို့ ချက်ခြင်းသေလို့ မရတာလဲ။
အထီးကျန် လေမုန်တိုင်းက ရီ မြစ်ကို အေးခဲ သွားစေတယ်။ သူရဲကောင်းတစ်ဦးကတော့ သေခြင်းယှဉ်ခြင်းကို ကိုယ်တိုင် ဆုံးဖြတ်မယ်။
သူတွေးလိုက်ချိန်မှာပဲ ဖန်ကျန်းရှီရဲ့ မျက်လုံးတွေ အရောင်တောက်ပသွားတော့တယ်။ သူ့ရဲ့ မျက်လုံးထဲက ကြောက်မက်ဖွယ် အလင်းတန်းတွေကတော့ အမှောင်ထုကို ခွင်းလာတဲ့ အလင်းတန်း တွေလိုပါပဲ။
“ ငါသိပြီ။”
ချီကူယန်က သူ့ကို အမြင့်မှာ အထီးကျန် နေစေချင်တာ မလား။
ဒါဆိုကောင်းပြီလေ။ မြင့်မြင့်မှာနေရတာပေါ့။ မြင့်လွန်းလို့ ချီကူယန်တောင် ထိန်းချုပ်ဖို့ မဖြစ်နိုင်တဲ့ နေရာမျိုးမှာ။
ဖန်ကျန်းရှီကတော့ သူ အလောင်းအစား တစ်ခု လုပ်နေသလို ခံစားလိုက်ရတယ်။ အခုချိန်မှာ ချီကူယန်က သူ့ကို မသေစေ ချင်ဘူးလို့ လောင်းနိုင်တယ်။ တစ်ရာရာခိုင်နှုန်းတော့ မသေချာပေမယ့် အနည်းဆုံး ကိုးဆယ် ရာခိုင်နှုန်းတော့် သေချာတယ်။
ချီကူယန်ရဲ့ အရည်အချင်း ဂုဏ်နဲ့ ဆိုရင်။
သူ့ကိုသာ သေစေချင်ရင်။
လွန်ခဲ့တဲ့ ၈နှစ်လောက်တည်းက သေပြီးနေလောက်ပြီ။ ဒါပေမယ့် အခုထိ အသက်ရှင်နေသေးတယ်။
အမြင့်မှာ အထီးကျန်ပြီး အေးခဲ သေစေချင်နေတာလား။ ဒါက ဖြည်းဖြည်းချင်း အမဲလိုက်တဲ့ နည်းပဲ ။
ပြောကြတာကတော့ ။ အမဲလိုက် သမားကောင်း တစ်ယောက် ထိတ်လန့်နေတဲ့ သားကောင်းကို ချက်ချင်း မသတ်ပစ်ပဲ နည်းပေါင်းစုံ အသုံးပြုပြီး လွှတ်လိုက် ပြန်ဖမ်းလိုက် လုပ်ရင်း ခွဲခြမ်းစိတ်ဖြာတယ်။ ဒီသားကောင်ရဲ့ အမူအကျင့်တွေကို သိလိုတာကြောင့်ပဲ တယ်
အဲ့ဒီ့နောက် သားကောင်များများကို ပိုပြီးမိလာတယ်။
ချီကူယန် ဘယ်လိုပဲ တွေးတွေး သေချာတာ တစ်ခုရှိတယ်။
အခု ချိန်မှာ သူ့ကို မသေစေ ချင်သေးဘူး။
ဒါဆို သူက အခု ဘာကို ကြောက်နေရမှာလဲ။
သူ တစ်ခုတည်းသော ကြောက်တဲ့ အရာက ရှင်းလင်းသွားပြီ။ ဖန်ကျန်းရှီကတော့ သူနဲ့ တစ်လက် မ မပြည့်တပြည့်သာ ကွာတော့တဲ့ ချီကူယန်ကို ကြည့်ရင်း ပြုံးနေတော့တယ်။
တောက်ပလွန်းလှတဲ့ အပြုံးတော့ ရေခဲတွေကိုတောင် အရည်ပျော်ကြသွားစေနိုင်တယ်။
ချီကူယန်ကတော့ ဖန်ကျန်းရှီနဲ့ နီးကပ်လွန်းနေတယ်။ ဖန်ကျန်းရှီရဲ့ ဝင်သက် ထွက်သက်ကိုတောင် ခံစားနေရတယ်။ သူမရဲ့ စကားလုံးတွေ ဖန်ကျန်းရှီရဲ့ နားထဲကို တိုက်ရိုက်ရောက်ကြောင်း သေချာ ချင်တာကြောင့်ပဲ တယ်
နောက်ပြီးတော့ …
သူတို့ စကားကို တတိယလူမကြားစေရအောင် တယ်
ဒါကြောင့် ဒီလို နီးကပ်တဲ့ အကွာ အဝေး အောင်မြင်ဖို့ အဓိက အချက်တယ်
အဲ့ဒီ့နောက် တချိန်လုံး မချိုမချဉ် ရုပ်ဖြစ်နေခဲ့တဲ့ ဖန်ကျန်းရှီ ပြုံးနေတာကိုတွေ့လိုက်ရတယ်။ အလွန်အမင်း တောက်ပ စွာကို ပြုံးနေခဲ့တာ တယ်
ဒီ လို အချိန်မျိုးမှာတောင် ဒီ အရှက်မဲ့တဲ့ ကောင်စုတ်က ရယ်နိုင်သေးတာလား။ အစထဲက ဒါအတွက် ကြိုတင် ပြင်ဆင်ပြီး အရှုံးပေးထားလိုက်ပြီလား။
သူမတွေးလိုက်တဲ့ အချိန်မှာပဲ ။ သူ့ရဲ့ လက်ပေါ်မှာ အနွေးဓာတ် တစ်ခုကို ခံစားလိုက်ရတယ်။
အဲ့ဒီ့နောက် ခေါင်းငုံ့ပြီးကြည့်လိုက်ချိန်မှာတော့ ကြီးမားတဲ့ လက်တစ်ဖက် သူမလက်ပေါ်မှာ ရှိနေခဲ့တယ်။
ဒီ လက်က သိပ်ပြီးတော့ မကြီး ဘူး။ နောက်ပြီးတော့ သူ့ အဖေရဲ့ လက်လိုမျိုး စစ်ပွဲ ဒဏ်ရာအသားမာတွေနဲ့ ကြမ်းတမ်းမနေလဘူး။ ဆန့်ကျင်ဘက် ဖြစ်စွာပဲ နွေးထွေးပြီး နူးညံ့ချောမွေ့တယ်။
ဒါအပြင် သူ့လက်မောင်းကို ရည်ရွယ်ချက်နဲ့ဆွဲခေါ် နေပုံပါပဲ။
အင်အား ပါလှတယ်။
“အရှက်မရှိတဲ့ နှာဘူးကောင်။ ဘယ်လို လုပ်ဝံ့တာလဲ။ ”ချီကူယန်ကတော့ စိတ်ထဲမှာ အော်ဟစ်ရင်း သူမရဲ့ လက်ကို အတင်းရုန်းနေတော့တယ်။ ဒီ လက်က သိပ်မကြီးပေမယ့် သူ့ရဲ့ လက်မောင်း သေးသေးလေးကိုတော့ တင်းတင်းကြပ်ကြပ်ဆွဲထားတယ်။
ချီကူယန်ကတော့ ဖန်ကျန်းရှီကို ကြည့်လိုက်တယ်။ အဲ့ဒီ့နောက် သူ့ကို သွားဖြီးပြနေတာကို တွေ့လိုက်တယ်။ သူမရဲ့ ရုန်းကန်မှုက သူ့ကို ပိုပြီး သန်မာလာစေတဲ့ ပုံပဲ။ ရယ်တောင် ရယ်နေသေးတယ်။
အပိုင်း ( ၁၃၄) ပြီး၏။
အပိုင်း ( ၁၃၅)
“ သေခြင်းတရားကို စေ့စေ့ကြည့်ပြီးရင်ဆိုင်လိုက်ပါ။ မင်း ပြန်လည် မွေးဖွားလာလိမ့်မယ်။”
ဒီ အချိန်မှာတော့ ဖန်ကျန်းရှီ သွားဖြီးပြနေတာကြောင့် သူ့ရဲ့ အပြုံး ထူးဆန်းနေခဲ့တယ်။ ဒါ့အပြင် သူ သိပ် ပြိးတော့ ပျော်ရွှင်စွာပြုံးနေတာ တယ်
လူတိုင်းရဲ့ အကြည့်တွေအောက်မှာ ချီကူယန် တော့ ဖန်ကျန်းရှီကို အဓိက ထိုင်ခုံဆီ တလေးတစားနဲ့ ဖိတ်ခေါ်သွားတော့တယ်။
ဒီ အဖြစ်
မြို့တော်ကြီး ငါးခုက ကျောင်းတေ်ာသားတွေ ရှေ့မှာ တယ် ဒါ့အပြင် ချီဟို့နဲ့ သခင်မချီလည်း ရှိနေတယ်။
ခေါင်းကိုက်စရာ ကောင်းလောက်အောင် ဒီလိုမျိုး မိန်းမငယ်လေးရဲ့ လက်မောင်းကို လူအများရှေ့မှာ ဆုပ်ကိုင်ထားတာက
ကြာပန်းဖြူလေးကို ညှိုးနွမ်းအောင် လုပ်နေတာပဲ မဟုတ်ဘူးလား။
“ သူ … သူ ချီကူယန်ရဲ့ လက်ကို ကိုင်ထားတယ်။ လက်ကို ဆောင့်ဆွဲနေတာ။”
မြင်နေရသူ အပေါင်းရဲ့ စိတ်ထဲမှာတော့ အတွေးတစ်ခုဝင်လာပြီးနောက် သူတို့ရဲ့ မျက်လုံးတွေ ဝိုင်းစက်သွားတော့တယ်။ ဒီအချိန်အခိုက်တန့်မှာတော့ လေထု တစ်ခုလုံး အေးခဲသွားပြီးတော့
လူတွေ အသက်ရှူဖို့ မေ့လျော့ကုန်ကြတယ်။
ချီဟို့လည်း မျက်လုံးပြူးနေတော့တယ်။ မြောက်ပိုင်းဒေသကို စောင့်ကြပ်သူ မြောက်ပိုင်း လူမျိုးစုတွေကို အောင်နိုင်သူ အရှင် သံမဏိ သွေးသခင် ချီဟို့ တော့ စစ်ပွဲတွေမှာ တောင်
မကြုံခဲ့ရတဲ့ စိတ်လှုပ်ရှားမှုကို ခံစား နေရတယ်။
သခင်မ ချီလည်း တုံ့ပြန်မှု အတူတူပါပဲ။
တော်ဝင်ဆန်ပြီး ကျက်သရေ ရှိလှတဲ့ အမျိုးသမီးတော့ ပထမဆုံး အကြိမ်အနေနဲ့ သူမရဲ့ နှလုံးသား လည်ချောင်း ကနေ ခုန်ထွက်တော့မယ်လို့ ခံစားနေရတယ်။
သူမရဲ့ သမီးလေး က အတင်းအကြပ် ခိုင်းစေ ခံနေရတာလား။ နောက်ပြီးတော့ ပြုလုပ်သူက တောသား တစ်ယောက် တယ် ကျောင်းတော်သား လူငယ်တွေနဲ့ မြောက်ပိုင်းဒေသ
ရုံးတော်သားတွေ အကုန်ရှေ့မှာ တယ်
ဒီ အချိန်မှာတော့ မိခင် တစ်ယောက်အနေနဲ့ လက်မခံနိုင် ဘူး။ သူမသာ မိခင် တစ်ဦး မဟုတ်ရင်တောင် လက်မခံ နိုင် ဘူး။
ရုံးတော်သားတွေလည်း ပါးစပ်ကို မပိတ်နိုင်ကြပါဘူး။
ရုံးတော်သားတွေက နတ်ဆိုးကျောင်းတော်မင်းသမီး အင်အားကြီးမားတဲ့ စစ်သူကြီးတစ်ဦး ဖြစ်တယ်လို့ ဆွေးနွေးနေခဲ့တယ်။ နှစ်ထပ်ကွမ်း နဂါးချန်ပီယံ ကျားလို မင်းသမီးလို့
ပြောနေခဲ့တဲ့သူ တို့ရဲ့ လျှာတွေကိုတောင် ရိုက်ချင်သွားတယ်။ ဒါပေမယ့်လည်း သူတို့ လျှာတွေကတော့ အခုချိန်မှာ ထုံကျင်ပြီးတော့ မလှုပ်ရှားနိုင် ဖြစ်နေကြတော့တယ်။
ဒီ မြင်ကွင်းကတော့ သူတို့ မျှော်လင့် ထားတာနဲ့ ကွာခြားလွန်းလှတယ်။
ကျောင်းတော်သားတွေကတော့ ကြည့်နေရင်းနဲ့ ကို မျက်စိလည်နေကြတယ်။ ကောင်းကင်နှယ် မြင့်မားလှတဲ့ ဂုဏ်ကြီးရှင် ။ ကြီးမြတ်သော ရှမင်းဆက်မှာ နှစ်ယောက်မရှိနိုင်တဲ့သူ ။ နံပါတ် တစ်
အရည်အချင်း အမြင့်ဆုံးမိန်းမပျိုလေ။ နှစ်ထပ်ကွမ်း နဂါးချန်ပီယံ။ အနာဂတ်အုပ်ချုပ်သူ ။
ဆင်းရဲတဲ့ ရွာသားတစ်ယောက် ထိတွေ့နေတာကို ခံရတယ်တဲ့လား။
သူတို့ရဲ့ နှလုံသားထဲမှာ နာကျင်လာတော့တယ်။
ရန်ရွှယ်တောင်မှ ဖန်ကျန်းရှီရဲ့ အပြုအမူကြောင့် ပါးစပ် အငေ်းသားဖြစ်နေတော့တယ်။ အရင်တကြိမ် ဖန်ကျန်းရှီ က လိုချင်းဝူရဲ့ မျက်နှာကို ဆွဲဖြုတ်ချိန်တုန်းကတော့ သူ့ကို အနည်းငယ်
စူးစမ်း လိုစိတ်သာ ဖြစ်ပေါ်စေတယ်။
ဒါပေမယ့် သူ့ရှေ့တည့်တည့် က မြင်ကွင်းကတော့ “သိချင်ပါတယ်။” ဆိုရင်တောင် လွယ်လွယ် ကူကူ ရှင်းပြလို့ မရနိုင် ဘူး။
ဘာကြောင့်လဲ ဆိုတော့ အခု ချိန်မှာ ကာယကံရှင်က ယွင်ချင်းဝူ မဟုတ်တော့တာကြောင့်ပဲ တယ်
အဲ့ဒီ့ အစား နတ်ဆိုးကျောင်းတော် မင်းသမီး ချီကူယန် ဖြစ်နေတယ်။
“မင်း လုပ်ဝံ့တယ်။ ”
“ ဆိုးလိုက်တာ။ မိုးနတ်မင်းရေ….။ ဒီ လို နှာဘူးကောင်မျိုးကိုသာ ဒီလို လုပ်ခွင့် ပြုမယ်ဆိုရင် နေနဲ့ လ က အပြစ်ပေးမှာ အမှန်ပဲ။ ”
“ဒါက လွန်လွန်းတယ် မဟုတ်ဘူးလား။ ဒီလို လူမျိုး လောကမှာ ရှိနေသေးတာလား။”
အချိန်အတော်ကြာတိတ်ဆိတ်သွားပြီးတဲ့နောက်မှာတော့ ထိတ်လန့်မှု အဖြစ် ပြောင်းလဲ သွားတော့တယ်။ ရုံးတော်သားတွေ တော့ အေးစက်မှုတွေနဲက ပြည့်နှက်သွားပါတော့တယ်။
သူတို့မျက်စိရှေ့မှာ ဖြစ်နေတဲ့ ဒီ မြင်ကွင်းကို ဆက်ပြီး မကြည့်နိုင်ကြတော့ ဘူး။
ဒါကြောင့် ရုံးတော်သားတွေ လှုပ်ရှားကြတော့တယ်။ လုယွီရှန်းကလည်း လှုပ်ရှားတော့တယ်။
သံမဏိ သွေးအရှင် ချီဟို့တောင်မှ မျက်နှာ အမူအယာ တွေ မည်းမှောင်နေတော့တယ်။ သူ့ ရဲ့ အဖိုးတန် သမီးရတနာလေးကို နာကျင် စေသူ မှန်သမျှ အမှုန့်ဖြစ်အောင် ပြာချ ပြစ်မယ်လို့ သူ ဆုံးဖြတ်ထားတာ တယ်
မတ်တပ်ထလိုက်ကြတဲ့ ရုံးတော်သားတွေ လည်း ဒီ ကောင်စုတ်ကို အမှုန့် ကြိတ်ဖို့ ဆုံးဖြတ် ထားကြပုံပါပဲ။
သို့ပေမယ့်လည်း ကာယကံရှင် ဖန်ကျန်းရှီကတော့ သူ့ဘေးက ဒေသ ထွက်နေသူတွေကို ဂရုတော်င မစိုက်ပါ ဘူး။ ချီကူယန်ရဲ့ လက်ကိုသာ ပြုံးပြုံးကြီး ဆုပ်ကိုင်ထားတော့တယ်။
ဒီ လက်လေးက အရမ်းကို ချောမွေ့ နူးညံ့လွန်းတယ်။ ဒါ့အပြင် နူးညံ့ပျော့ပျောင်းပြီး နွေးထွေးလွန်းတယ်။
တကယ်တမ်းမှာတော့ ဒါကို လုပ်လိုက်ရင် ရမယ့် အကျိုးဆက်တွေကို သူကောင်းကောင်းကို သိတယ်။ ဒါပေမယ့်။ ဒါက ကိစ္စမရှိပါဘူး။ တောင်မြင့်ကြီး တစ်ခု ပေါ်မှာ ရောက်နေပြီးသား ဖြစ်နြေ့ပီလေ။ ဘာလို့ တစ်ခါလောက် တောင်ထိပ်မှာ မရပ်နိုင်ရမှာလဲ။
ဒါက သူ လုပ်တာပဲ။ နောက်ပြီးတော့ သိပ်ကို သက်တောင့် သက်သာ ရှိတယ်။
ချီကူယန် ဖိနှိပ်တဲ့တောင်လို လေးလံ လှတဲ့ အင်အားကို ငြင်းပယ်မယ့် အစား သူမရဲ့ လက်ကိုသာ ဆုပ်ကိုင် လိုက်တော့တယ်။
မလွှတ်ပေးနိုင်ဘူး။
ဒီ အချိန်မှာတော့ ဖန်ကျန်းရှီက သူ့လက်ထဲမှာ ရှိနေတဲ့သူ့ ဘ၀ ကို
ထိထိ မိမိ ဆုပ်ကိုင်ထားပြီးနောက် ဘယ်တော့မှ ဘယ်တော့မှကို မလွှတ်ပေးတော့ဘူး။
“ နင် ထိလို့ ပြီးပြီလား။” ချီကူယန်ရဲ့ အမူ အယာကတော့ သိပ်ပြီးတော့ ကို တည်ငြိမ်လွန်းနေတယ်။
“မပြီးသေးဘူး။” ဖန်ကျန်းရှီက ခေါင်းကို နည်းနည်းလေး ယမ်းလိုက်တယ်။
“နင်ေ သမှာ မကြောက် ဘူးလား။ ဒါမှမဟုတ် နင်မိဘတွေနဲ့ မြောက်ရွာ တစ်ခုလုံး သေမှာကို မကြောက်တာလား။ ” ချီကူယန်က မရုန်းကန်တော့တာ ဖန်ကျန်းရှီကို ဆက်ပြီးထိတွေ့ခိုင်းထားတာ မဟုတ်ပါ ဘူး။ ဒါပေမယ့်လည်း သူ့ရှေ့က ကောင်စုတ် ဘာတွေ တွေးနေလည်း ဆိုတာကိုတော့ တကယ့်ကို သိချင်တယ်။
“ ငါကြောက်တယ်။ ” ဖန်ကျန်းရှီရဲ့ အသံကတော့ သိပ်ပြီးတော့ ကို သေချာနေတယ်။
“ဒါဆို မင်း ဘာလို့ လုပ်နေတာလဲ။” ချီကူယန်ရဲ့ ကိုယ်ကနေ ပြင်းထန်လှတဲ့ အင်အားတွေ ရုတ်တရက် ထွက်ပေါ်လာတော့တယ်။ ဖန်ကျန်းရှီ အမှန်ကို ပြောနေတယ် ဆ ိုတာ သူမ ကောင်းကောင်းသိတယ်။ ဒါပေမယ့်လည်း အကြောင်းရင်းကိုတော့ နားမလည် ဘူး ဖြစ်နေတော့တယ်။
“ ငါ သေရမှာကို ကြောက်တယ်။ ဘာလို့ ဒါကို မလုပ်နိုင်ရမှာလဲ။
“ဒါက အကြောင်းရင်းလား။”
“သေခြင်းတရားကို စေ့စေ့ကြည့်ပြီး ရင်ဆိုင်လိုက်ပါ။ မင်း ပြန်လည် မွေးဖွားလာမယ်။” ဖန်ကျန်းရှီ ချီကူယန်ကို ကြည့်ရင်း ပြုံးပြီး ပြောလိုက်တော့တယ်။
ချီကူယန်ရဲ့ မျက်ဝန်းထဲမှာတော့ ထူးဆန်းတဲ့ အကြည့် တစ်ချက် လင်းလက်သွားတော့တယ်။ ဒီစကားလုံးတွေရဲ့ နောက်ကွယ်က အဓိပ္မာယ်တွေကို သူမ ကော်ငးကောင်း သိတဲ့ အတွက် ထပ်ပြီး မပြောတော့ ပါဘူး။
“ ငါနင့်ကို မသတ် ဘူးလို့ ထင်နေတာလား။”
“ မင်းသာ သတ်ချင်ရင် လွန်ခဲ့တဲ့ ရှစ်နှစ် တည်းက ငါ သေနေပြီ။ အခုတော့ ငါ အသက်ရှင်နေတာ အတော်ကြာနေပြီ။”
ချီကူယန်ကတော့ ဆိတ်ဆိတ်သာ နေတော့တယ်။ တစ်စုံတစ်ခုကို တွေးတော နေဟန်ပါပဲ။ သူမရှေ့က အရှက်မရှိတဲ့ ကောင်စုတ်ကို ရှုံးနိမ့်သွားတာကို ဝန်မခံ ချင်တဲ့ ပုံပါပဲ။
“ ငါက နင့်ကို နှင်းမုန်တိုင်းရဲ့ ထိတွေ့မှုကို ပဲ တားဆီးပေးနိုင်မှာ”
“ဒါက လုံလောက်ပါတယ်။”
“ ဒါပေမယ့်လည်း အောင်မြင်ဖို့ အတွက်က ငါ့ရဲ့ သဘောတူညီ မှု တစ်ခုတည်းနဲ့ မလုံလောက် ဘူး။ ငါ့ အဖေ။ အမေနဲ့ မြောက်ပိုင်းဒေသ မြို့တော်ကြီး ငါးခုကကျောင်းတော်သားတွေ
တစ်မိုးအောက်က ရုံးတော်သားတွေ နည်းလမ်းကျကျ လက်ခံ ဖို့ လိုတယ်။”
“ မင်း ဒါကို စဉ်းစားပြီးပြီလား။”
“အင်း ။ စဉ်းစားပြီးပြီ။ ဒါပေမယ့် နင် မလုပ်နိုင် ပါဘူး။”
“မစမ်းကြည့်ပဲနဲ့ ဘယ်လို သိမှာလဲ။”
“နင် တကယ် ကြိုးစားကြည့်မှာလား။”
“ဒါပေါ့။ ငါ ကြိုးစားမယ်။” ဖန်ကျန်းရှီကတော့ ချီကူယန်ရဲ့ မေးခွန်းတွေက တကယ့်ကို အဓိပ္မာယ် မရှိတော့ ဘူးလို့ ထင်နေတော့တယ်။ အခုချိန် သူ့မှာ ရွေးချယ် စရာရှိမလား။ ရှင်သန်ဖို့ အတွက် ကြိုးစားရမှာပဲ။ မကြိုးစားရင်တော့် သူ့ခေါင်းက အခုချိန် မြေကြီးပေါ် ရောက်နေလောက်ပြီ။
ချီကူယန်လည်း ထပ်မမေးတော့ပဲ ခေါင်းငြိမ့်လိုက်တော့တယ်။ အဲ့ဒီ့နောက်သူမရဲ့ ကိုယ်ကို တစ်ပတ်လှည့်လိုက်ပြီး ဖန်ကျန်းရှီနဲ့ အတူ ယှဉ်တွဲလျှောက်သွားတော့တယ်။
“ကောင်းပြီ။” ဖန်ကျန်းရှီရဲ့ အသံကတော့ အနည်းငယ် ကျယ်ပါတယ်။ ဒီ အချိန်မှာတော့ သူ တွေဝေခြင်း အလျဉ်းမရှိပဲ ချီကူယန်ရဲ့ လက်ကို ဆုပ်ကိုင်ပြီးတော့ အဓိက ထိုင်ခုံဆီကို ပြုံးပြုံုးကြီးနဲ့ သာ သွားတော့တယ်။
ပတ်ဝန်းကျင်တစ်ခုလုံးတော့ တိတ်ဆိတ်သွားတော့တယ်။
ကျောင်းတော်သားတွေ တော့ နေရာမှာ ရပ်တန့်ပြီးတော့ သာ ငေးကြည့်နေကြတော့တယ်။
သူတို့ရဲ့ ဒေါသ တွေ တော့ ထိတ်လန့်မှု အဖြစ်ကို ပြောင်းလဲ နြေ့ပီတယ်
ချီကူယန်…
မရုန်းဘူး။
ဒါ့အပြင် သူမက အော်တောင် မအော် ဘူး။
ဒါ ဘယ်လို ဖြစ်နိုင်တာလဲ။
“ဒုန်း။ ”
လူတိုင်း တော့ မိုးကြိုးပစ်ခံလိုက်ရသလိုပါပဲ။ သူတို့ရဲ့ မျက်ခုံးတွေ နှုတ်ခမ်းမွှေးတွေနဲ့ ဆံပင်တွေပါ အကုန်ထောင်နေတော့တယ်။ ဒီလို အဖြစ်မျိုး ဖြစ်လာလိမ့်မယ်လို့ ဘယ်သူကမှ မထင်ထားခဲ့ပါ ဘူး။
ဒီ အချိန်မှာတော့ ချီဟို့ရဲ့ မျက်လုံးတွေ သာမာန်အချိန်ထက်ပိုပြီးတော့ ပြူးထွက်နေတော့တယ်။
သူ့ရဲ့ အဖိုးတန်း သမီးရတနာလေး ဘယ်လောက် သန်မာလဲ ဆိုတာ သူ ကောင်းကောင်းသိတယ်။ သူမသာ ဆန္ဒ မရှိရင် ဖန်ကျန်းရှီ မပြောနဲ့ ဖန်ကျန်းရှီ ဆယ်ယောက်တောင် ဖိအားပေးနိုင်မှာ မဟုတ်ဘူး။
ဒါက ဘာဖြစ်တာလဲ။
သူရဲ့ ချစ်ဇနီးကို လှမ်းကြည့်လိုက်ချိန်မှာတော့ သူမကလည်း သူ့ကို ကြည့်နေတယ်။ ချစ်ဇနီးရဲ့ မျက်လုံးထဲက ထိတ်လန့်မှု သူ့ထက်တောင် ကြီးမားနေသေးတယ်။
ရန်ရွှယ်ရဲ့ မျက်လုံးထဲမှာတော့ စိတ်ရှုပ်ထွေးလွန်းတဲ့ အငွေ့အသက်တွေ ပြည့်နှက်နေတော့တယ်။ မယုံနိုင်ပေမယ့်လည်း ယုံကြည်ဖို့ ရွေးချယ်လိုက်တယ်။ ဘာကြောင့်လဲ ဆ ိုတော့ ချီကူယန်ရဲ့ လက်ကို ကိုင်ထားသူက သူ့ရဲ့ သူငယ်ချင်း ဖြစ်နေတယ်။
အဖြစ်အပျက်တွေက သိပ်ကို မြန်ဆန်လွန်းလှတယ်။ လုယွီရှန်းကတော့ ဖန်ကျန်းရှီ နဲ့ ၂ မီတာလောက် အကွာမှာ ရောက်နေပြီတယ်
သူ့လက်ထဲမှာတော့ ဓားတစ်ချောင်းကို ကိုင်ထားခဲ့တယ်။
ဒီ ဓားတော့ ရေခဲ လို အငွေ့ အသက်တွေကို ထုတ်လွှတ်နေတာ တယ် ဒါပေမယ့် ဒီ ဓားတော့ လေထုထဲမှာ တစ်ဝက် တစ်ပျက် ရပ်တန့်နေတော့တယ်။ အောက်ကိုလည်း မချနိုင်သလို ခုတ်ချတာမျိုးလည်း မလုပ်နိုင် ပါဘူး။
“ ဟမ်။ သခင်လေး လု…. မင်း ဓား အက ကမလို့လား။” ဖန်ကျန်းရှီက ဓားကိုင်ထားတဲ့ လုယွီရှန်းကို ကြည့်ရင်းသိလိုဟန်နဲ့ မေးလိုက်တယ်။
“ဓား ။ အက။” လုယွီရှန်းလည်း အသံ ထွက်လာတော့တယ်။ ဘယ်သူက ဓားအက ကရမှာလဲ။ ရုံးတော်သားတွေကို ပျော်ရွှင်ရယ်မော လာဖို့ ကချေသည်တွေပဲ လုပ်ရမှာလေ။ သူ့လို မြင့်မြတ်တဲ့ ကျောင်းတော်က ကိုးယောက်မြောက်သားက ဒီ စားသောက်ပွဲမှာ ဘာလို့ ကရမှာလဲ။
လုယွီရှန်းက ငြင်းဖို့ ပြင်လိုက်တော့တယ်။
ဒါပေမယ့် လည်း သူ မပြောနိုင် ဘူး တယ် ဘာကြောင့်လဲ ဆိုတော့ ဖန်ကျန်းရှီ ဘေးမှာ ရှိနေတဲ့ ချီကူယန် သူမရဲ့ မျက်လုံးတောက်တောက်တွေကနေ ရေခဲ တမျှ အေးစက်တဲ့ အကြည့်တွေကို ပေးနေတာကြောင့်ပဲ တယ်
“ ဝမ်းကွဲ အကိုက ဒီလောက်တောင် တော်တာ။ ဘာကြောင့် အမူးသမား ဓားသိုင်းကို မထုတ်ဖော်တာလဲ။” ချီကူယန်က လုယွီရှန်းကို စိုက်ကြည့်ရင်းပြောလိုက်တယ်။
“ အမူးသမား ဓားသိုင်း အလှ ” လုယွီရှန်းကတော့ ဒီ လိုအကြောင်းရာမျိုးနဲ့ သူ့ကိုယ်သူ ဘယ်လိုမှ စပ်ဆက်လို့ မရပါ ဘူး။ နောက်ဆုံးမှာတော့လည်း။
“ ဝမ်းကွဲ အကိုတော်က ဒီမှာ ဓားရေးပြဖို့ ရောက်နေတာ မဟုတ်ရင် လူတွေကို ဓားနဲ့ ထိခိုက်စေမလို့လား။” ချီကူယန်ရဲ့ အသံ တော့ ရုတ်တရက်ပြောင်းလဲ သွားပြီးတော့ အင်အားပြင်းထန်တဲ့ ဖိအားတွေ ထွက်ပေါ် လာတာကို ဖန်ကျန်းရှီ ကောင်းကောင်း ကြားလိုက်ရတယ်။
လုယွီရှန်းကတော့ တုန်ယင်သွားတော့တယ်။ သူ့လက်ထဲက ဓား တော့ မြေပြင်ပေါ်ကို ကျသွားဖို့ နည်းနည်းပဲ လိုတော့တယ်။
ချီကူယန်ကို ကြည့်လိုက် ဖန်ကျန်းရှီကို ကြည့်လိုက်နဲ့ သနားစဖွယ် ဖြစ်နေတော့တယ်။ သူ့ရဲ့ မျက်နှာကတော့ အဖြူနဲ့ အပြာကို တလှည့်စီ ပြောင်းလဲနေတော့တယ်။ အဲ့ဒီနောက် ကောင်းကင်ကို မော့ကြည့်ရင်း သက်ပြင်း တစ်ချက် ချလိုက်တော့တယ်။
“ သခင်လေး ဖန်က တကယ့်ကို ထက်မြက် ပါပေတယ်။ နောက်ပြီးတော့ သခင်လေး ပြောသလို အတိအကျပါပဲ။ အမူးသမားသိုင်း ကို ဒီ ဝမ်းကွဲ အကိုတော်က တင်ဆက်မှာပါ။ ” လုယွီရှန်းက ရဲ့ မျက်နှာကတော့ ဒါကို ပြောနေချိန်မှာ အနီရောင် ကနေ အစိမ်းရောင်ကို ပြောင်းလဲ နေတော့တယ်။
ဒါက တကယ့်ကို မျက်နှာ ပျက်စရာ ပဲ တယ်
“ ဒါဆိုရင် သခင်လေးကို အနှောက် အယှက် ပေးရတော့မယ်။ ” ဖန်ကျန်းရှီက သူ့ကို ချီးမွမ်းလိုက်ပြီးတော့ ချီကူယန်ရဲ့ လက်ကို ဆုပ်ကိုင်ရင်း ခုံဆီကို သွားတော့တယ်။
ဒီ အခိုက်အတန့်မှာတော့ အချိန်တွေ ရပ်တန့်သွားသလိုပါပဲ။
လူတိုင်းတော့ ဖန်ကျန်းရှီကို ကြောက်စရာ သက်ဝင် မိစ္ဆာ တစ်ကောင်လိုမျိုး ကြည့်နေကြတော့တယ်။
အပိုင်း ( ၁၃၅) ပြီး ၏။
( ဒီ အပိုင်း မှာ လျှို့ဝှက်စကားတွေ အတော်ပါပါတယ်၊။ )
အပိုင်း ( ၁၃၆ ၁၃ရ)
“တူညီသော ယုံကြည်မှု
ဆင်းရဲ တဲ့ ရွာသားလေး တာအို ခန်းမကို မဝင်ဖူးတဲ့သူ ။ ကောင်းကင် ရောင်ပြန် အဆင့်ကို တောင် မရောက်သေးတဲ့သူ
နှစ်ထပ်ကွမ်း နဂါး ချန်ပီယံ ဖြစ်လာနိုင်မလား။
ဘယ်သူမှ မယုံတာကို မပြောပါနဲ့ ။ ဘယ်သူကမှလည်း တွေးတောင် မတွေးခဲ့ ဖူးပါ ဘူး။
တခြားတစ်ဖက်မှာတော့ ချီကူယန်ကို ကြည့်လိုက်ရင်။ “ ရွှမ် ကောင်းကင် တာအို ကိုယ် ခန္ဒာ ပိုင်ရှင်။” အသက် ၄ နှစ်မှာ တာအို မုခ်ကို အောင်နိုင်သူ။ အသက် ၅ နှစ်မှာ အရာအားလုံး ဖြစ်တည်မှု
တာအိုကို ဖြေရှင်းသူ။ အသက် ဆယ်နှစ်မှာ ပုန်းကွယ်နေသော နဂါး အဆင့် တစ်။ အသက် ဆယ့်သုံးနှစ်မှာ ကောင်းကင် ရောင်ပြန် အဆင့်ကို ရောက်ရှိပြီး ။ နန်ကုန်းငေ်ကို အောင် နိုင်
ခဲ့တယ်။ တိုက်ပွဲ တစ်ခု လောကကို ထိတ်လန့်စေတယ်။
ဒီ တိုက်ပွဲ ကြီးမြတ်သော ရှ မင်းဆက် တစ်ခုလုံးကို လှုပ်ခတ်သွားစေတယ်။
အသက် ဆယ့်သုံးနှစ်မှာတောင် ဒီ လောက်ထိ ထူးချွန်နေရင်။ သူမတက်လှမ်းနိုင်မယ့် အမြင့်က ဘယ်လောက်ထိ မြင့်နိုင် မလဲ။
ဘယ်သူကမှ မခန့်မှန်း နိုင်ပါ ဘူး။
လက်ရှိ ဧကရာဇ် တောင်မှ သူမကို ကောင်းကင် အမိန့်တော်မှာ ဖော်ပြထားတဲ့ နှစ်ထပ်ကွမ်း နဂါး ချန်ပီယံ အဖြစ် သတ်မှတ်ခဲ့တယ်။ အသက် ၁၃ နှစ်မှာ ကောင်းကင် ရောင်ပြန် အဆင့်ကို
ရောက်သူမျိုး သမိုင်း တစ်လျှောက်မှာ မရှိခဲ့ ဘူးပဲ တယ်
ဒါ့အပြင် သွေးသံမဏိ မိသားစု ဝင် တစ်ဉ်ီး ဖြစ်တဲ့ ချီကူယန်က ငယ်စဉ်ထဲက စစ်နည်းဗျူတွေကို ကျွမ်းကျင် သူ ဖြစ်တယ် ။ သူ့ထက်ပိုပြီး လောကကို ထိတ်လန့်စေနိုင်သူ မရှိတော့ ဘူး။
သူတို့ကြားထဲက အနိမ့်အမြင့် ကွာခြားမှုက နှိုင်းယှဉ် ပြဖို့တောင် မဖြစ်နိုင် ပါ ဘူး။
“ဒီ လို အဓိပ္မာယ် မရှိတဲ့ ကတိမျိုးက အချည်းနှီးပဲ။” ချီဟို့က ရယ်မောပြီးတဲ့ နောက်မှာတော့ ဖိအားတွေ လျော့သွားတဲ့ အတွက် ပိုပြီး ပျော်ရွှင်နေဟန်ပါပဲ။
“မှန်တာပေါ့။ အသေအချာကို မဖြစ်နိုင်တဲ့ ကိစ္စပဲ။”
“ ၂ နှစ်မပြောနဲ့ အနှစ် ၂၀ ဆိုရင်တောင် နိုင်မှာ မဟုတ် ဘူး။”
ချီဟို့ရဲ့ စကားကို ကြားချိန်မှာတော့ ရုံးတော်သားတွေ ထပ်ဖြည့်ပြီး ပြောလာာကတော့တယ်။
သူတို့ တွေ ထဲမှာ ကောင်းကင် ရောင်ပြန် အဆင့် ရောက်နေသူတွေ ရှိတယ်။
ကြယ်တာရာ စုဝေးမှု အဆင့်ဆိုတာ သူတို့ အတွက်တော့ သ ပဲ ။
“ လူဆိုတာ ဂုဏ်သိက္ခာမရှိပဲ ရှင်သန်လို့ မရ ဘူး။ ကတိ တစ်ခုကိုတောင် မတည်နိုင်ရင် ကူယန်ရဲ့ ဂုဏ်သိက္ခာလည်း ရှိမှာ မဟုတ် တော့ ဘူး။ ဘာပဲ ဖြစ်ဖြစ်။ သခင်လေး ဖန် နဲ့ ထားခဲ့တဲ့
ကတိကိုတော့ တည်ရမှာ အမှန်ပဲ။ နောက် ၂ နှစ် စောင့်ဆိုင်းမယ်။ နောက်ပြီးတော့ ဒီ ၂ နှစ် အတွင်းမှာ အခြားသော စေ့စပ် ကြောင်းလမ်း မှုတွေကို လက်မခံ လိုပါ ဘူး။ ဖခမည်းတော် ဒါကို
လက်ခံ ပေးနိုင် မလား။ ”
ချီကူယန်ရဲ့ အသံ မကျယ်လောင် ပေမယ့် ခန်းမကြီး တစ်ခုလုံးကို တော့ တိတ်ဆိတ်သွားစေတယ်။ သူမရဲ့ အသံ သိပ်ပြီးတော့ကို စိတ် ဆုံးဖြတ်ထားတဲ့ ပုံပါပဲ။
ဖန်ကျန်းရှီက ဒါကို ကြားချိန်မှာတော့ ချီကူယန်ကို ကြည့်လိုက်တော့တယ်။ အဲ့ဒီ အချိန် အခိုက်တန့်မှာပဲ သူ့ရဲ့ စိတ်ရှုပ်ထွေးမှုတွေ ပျောက်ကွယ်သွားတော့တယ်။ နောက်ဆုံးမှာတော့ ချီကူယန်ရဲ့
ရည်ရွယ်ချက်ကို သူနားလည် သွားခဲ့ပြီ။
ချီကူယန်ကို မုန်တိုင်း တွေ ကာကွယ်ဖို့ အတွက် သုံးရမှာ ဖြစ်သလို။ သူ့ကိုလည်း ချီကူယန်က အသုံး ချရမှာ တယ် မတူညီတဲ့ မုန်တိုင်းတွေ ဖြစ်ပေမယ့်လည်း ပြင်းထန်မှုကတော့
တူညီလည်း။
ဒီ ကမ္ဘာက ဘယ်လို မယုံကြည်နိုင်စရာတွေ ပြည့်နှက်နေပါစေ။ နှစ်ဦး နှစ်ဖက် အကျိုးရှိတဲ့ အခြေအနေ မျိုးကတော့ စနစ်ကျတယ်။ ရန်သုူ နှစ်ဦး တိုက်ခိုက်နေချိန်မှာ သူတို့ နှစ်ဉ်ီးလုံးကို ထွက်ခွာ
သွားစေချင်တဲ့ တတိယသူ ပေါ်လာခဲ့ရင် တော့ နှစ်ဦး ပေါင်းစည်းပြီး တတိယ သူကို တိုက်ခိုက်ရမှာ တယ်
ဒါက လောက လှုပ်ရှားပုံပဲ။
များပြားလှတဲ့ ရန်သူတွေ ဆိုတာ မရှိ ဘူး။ အဆုံးမရှိသော စိတ်ဝင်စား စရာတွေသာ ရှိတယ်။
အကယ်၍ ချီကူယန်သာ ကောင်းကင်တာအို ခန်းမမှာ နေရင် မုန်တိုင်းကို စိုးရိမ်စရာ မလိုအပ်ဘူး တယ် ဒါပေမယ့် ကောင်းကင် တာအို ခန်းမကို ခွာတာနဲ့ မုန်တိုင်းထဲကို ခြေ ချမိပြီပဲ
တယ်
အဲ့ဒီ့နောက်
ချီကူယန်ရဲ့ ဂုဏ်ရည်နဲ့ တွေးမယ် ဆိုရင် မြင့်မြတ်ဂုဏ်ခံ အသိုင်းအဝိုင်းက သူတွေကို ဂရုစိုက်စရာ မလို ဘူး။ ဒါပေမယ့်လည်း သခင် တစ်ဦး ။ သို့မဟုတ် ။ မင်းသား ။ အိမ်ရှေ့စံ မင်းသား တစ်ဦး
ဖြစ်ခဲ့ရင်တော့။
ချီကူယန်ရဲ့ ဂုဏ်ရည်က မြင့်မားလွန်းတောင် နတ်ဆိုးကျောင်းတော် ရဲ့ ဆုံးဖြတ်မှုကိုတော့ သူမ နာခံ ရအုန်းမှာ တယ် လူတိုင်း ကိုတော့ မငြင်းပယ် နိုင် ဘူး။
သူမက ကောင်းကင်ဂုဏ်ရည်ရှင် တယ်
ဒါပေမယ့်လည်း သူမမှာ ကိုယ်ပိုင် ပြဿနာနဲ့ စိုးရိမ်မှုတွေ ရှိနေတယ်။
ဖန်ကျန်းရှီကတော့ ချီကူယန်ကို သနား စရာကောင်းတယ်လို့ ခံစားလိုက်မိတော့တယ်။ သူမက သူ့ကို မြင့်မားတဲ့ နေရာဆီကို မြှင့်တင်ပေးတယ်။ ဒါပေမယ့် သူ့အတွက်ကကော။ အမြင့်မှာပဲ
အမြဲ ရပ်နေတဲ့သူမ။
အချင်းချင်းကူညီ စေချင်တာလား။
ဖန်ကျန်းရှီက ဒါကို တွေးလိုက်မိပြီးနောက်မှာတော့ ဒီ စကားက မသင့်လျော် ဘူးလို့ ထင်တယ်။ အချင်းးချင်း ကူညီတာ။ သူ တကယ်တမ်း လိုချင်ခဲ့တာက တော်ဝင် စာမေးပွဲ ပြီးတဲ့နောက်မှာ
လှပ သိမ်မွေ့တဲ့ အမျိုးသမီးတစ်ဦးနဲ့ လက်ထပ်ပြီးတော့ ကျန်ရှိနေတဲ့ ဘ၀ သက်တမ်းကို အေးအေး ချမ်းချမ်း ဖြတ်သန်းဖို့ပဲ တယ်
ဒါက စစ်မှန်တဲ့ ဘဝလို့ သူတွေးခဲ့တယ်။
တာအိုနိယာမ စာမေးပွဲကို ဝင်ဖြေချင်ခဲ့တာကလည်း ဉာဏ်ပညာကြီးမားတဲ့ အမျိုးသမီးနဲ့တွေ့ဆုံလိုတာကြောင့်လဲ တယ် နောက်ပြီးတော့ အရေးကြီးတဲ့ အချက်က မြောက်ရွာမှာ လှပတဲ့
အမျိုးသမီး ငယ်တွေ ရှိတယ်။
ဒါပေမယ့်လည်း သူတို့က ပညာမရှိကြဘူး။။
သူဒီ လောကမှာရောက်တည်းက တခြားသူတွေကို ကလေး ငယ်တွေ အဖြစ်သာ မြင်ခဲ့တယ်။ မှတ်ဉာဏ်တွေက သိပ်ကို နက်ရှိုင်းလွန်းနေတော့လည်း သူ့ ရဲ့စိတ် နဲ့ ကိုယ်ပိုင် အသိဉာဏ်တွေက
အသက် ၂၀ အရွယ်ဖြစ်နေခဲ့တယ်။ ဒီ လို ခံစားချက်ကတော့ ထူးဆန်းလွန်းတယ်။
ဒါက ကလေးတစ်ယောက်ကို ပျိုးထောင် ပေးပြီးတော့ အသက် ၁၀ နှစ် မပြည့်ခင်မှာပဲ ငါသူ့ကို လက်ထပ် ချင်တယ်လို့ ပြောနေရသလိုပဲ။
ဖန်ကျန်းးရှီ အဲ့ဒီ့ိလို မလုပ်နိုင် ပါ ဘူး။
ဒါပေမယ့်လည်း သူ့ရှေ့က ချီကူယန်ကတော့ ကွဲပြားခြားနားတယ်။ သူမကို ၈ နှစ်လုံးလုံး မမြင်တွေ့တာတောင် အဲ့ဒီ့ မှတ်ဉာဏ်တွေက နက်နက်ရှိုင်းရှိုင်းနေရာ ယူ ထားတယ်။
လက်ခံနိုင်စရာ အကြောင်း တစ်ခုပါပဲ။
“ ငါ့ တင်ပါး။”
ဖန်ကျန်းရှီက ချီကူန်ကို ဂုဏ်သရေရှိ ဧည့်သည် တစ်ဦး အဖြစ် သာ ဆက်ဆံ ဖို့ ဆုံးဖြတ်ထားတယ်။ ဒါပေါ့။ အကယ်၍ သူမသာ တိုက်တွန်း လှုံ့ဆော်ရင်တော့လည်း အိပ်ယာနွေးအောင်
လုပ်တာတို့ ထင်းခွေတာတို့ လုပ်ခိုင်မှာပေါ့။
ဒါကို တွေးလိုက်ချိန်မှာပဲ။ ဖန်ကျန်းရှီရဲ့ ကော့ညွှတ်စွာ ပြုံးသွားတဲ့ အမူအယာ လူတိုင်းကို နားလည်စေတယ်။
အဲ့ဒီ့နောက်။
သူ့ရဲ့ အမူအယာက ချီဟို့ကို မျက်စိ စပါးမွှေးစူးစေတယ်။
မြောက်ပိုင်းဒေသကို အုပ်ချုုပ်သူ သံမဏိ သွေးသခင် ကြီး အနေနဲ့ကတော့ ဖန်ကျန်းရှီရဲ့ အတွေးတွေကို ချီဟီု့ နားလည် နိုင်မှာ မဟုတ် ဘူး။ ဒါပေမယ့် ယောကျာ်းတစ်ယောက် အနေနဲ့ကတော့ ဖန်ကျန်းရှီရဲ့ စိတ်ကို သူ ထွင်းဖောက် မြင်နေရတ်ယ။
အဲ့ဒီ့နောက် ချီဟို့ စိတ်ထဲမှာ မီးတောက်ကြီး တစ်ခု ဖြစ်ပေါ်လာတော့တယ်။
ဘယ်လိုတောင် အရှက်မရှိရတာလဲ။ ဒီ အတိုင်းအတာထိ အရှက်မရှိတာကတော့ မဖြစ်သင့် ဘူး။ ဒါက တော့ ယုတ်မာတာပဲ။ ဆင်းရဲတဲ့ ရွာသား တစ်ယောက်က ပုလဲ ရတနာလေးကို လက်ထပ် ချင်နေတဲ့ အပြင်။
မတွေးသင့်တာကိုပါတွေးနေတယ်။
“ ဖန်ကျန်းရှီ။ မင်းသာ ကူယန်ကို ၂ နှစ်အတွင်း အနိုင် မတိုက်နိုင်ရင်။ မင်းကို အခုပဲ ဆွဲဖြဲ ပြစ်မယ်။ သေခြင်း ဆိုတာ ဘာလဲ သိအောင် တစ်ခါတည်း လုပ်ပေးလိုက်မယ်။ ” ပြောနေချိန်မှာပဲ
ချီဟို့ သူ ကျစ်ကျစ် ပါ အောင် ဆုပ်ထားတဲ့ လက်သီးကို လေထုထဲကို ထိုးချ လိုက်ပြီး လက်ဖြန့်လိုက်ချိန်မှာတော့ ကျောက်စိမ်းရောင် တောက်နေတဲ့ တစ်လက်မခန့် အလင်းဓားတစ်ချောင်း
ပေါ်ထွက် လာတော့တယ်။
သံ ဓား တစ်ချောင်း ဖြစ်ပေမယ့် အစိမ်းရောင် အလင်း တန်းတွေ ထွက်ပေါ်နေတယ်။ ချွန်မြ တော့ လေကိုတောင် ခွင်းသွားသလိုပါပဲ။ ဓားရဲ့ အေးစက်လှတဲ့ အငွေ့အသက်တွေ
လေထုထဲမှာ ပျံ့လွင့်နေတော့တယ်။
ဒီ အချိန်မှာတော့ ချီဟို့ သူ့ရဲ့ လက်ချောင်းတွေကို အနည်းငယ် လှုပ်ရှားလိုက်တယ်။
ကျောက်စိမ်းအလင်းဓား တော့ မြှားတစ်ချောင်းလို အရှိန်ပြင်းစွာနဲ့ ပြေးထွက်သွားတော့တယ်.။
ဘယ်လိုတောင် အင်အားကြီးတဲ့ ဓားလဲ။
လက်ဝါးထဲတောင် ထည့်ထားပြီး လည်နေနိုင်တယ်။
ဖန်ကျန်းရှီ တွေးနေချိန်မှာပဲ။ ဓား တောင်ပုံစံ ဓားအလင်းတွေကို ဖန်တီးပြီးတော့ မရေမတွက်နိုင်တဲ့ ဓားအလင်းတွေ ဖြစ်ပေါ်လာတော့တယ်။ အဲ့ဒီ့နောက်မှာတော့ ကောင်းကင်ကနေ
ပန်းမိုးရွာသလို ဓားမိုးတွေ ရွာကျလာတော့တယ်။
ကြီးမားလှတဲ့ တောင်ပုံစံ ဓားအလင်းတွေ ကြောက်မက်ဖွယ်ကောင်းလှတယ်။
တကယ့်ကို စစ်မှန်တဲ့ အင်အားပဲ။
ဖန်ကျန်းရှီရဲ့ မျက်လုံးတွေကတော့ ပြူးကျယ်ဝိုင်းစက်နေတော့တယ်။ ကျောက်တုံးကနေ အမှုန် ပြီးတော့ အလုံးတွေနဲ့ နောက်ဆုံးမှာ ကျောက်တုံးပြန်ဖြစ်လာတာကို သူတွေ့ဖူးခဲ့တာ က ဘာမှ
မဟုတ်မှန်း သူ သိသွားောတ့တယ်။
သူ့မျက်စိရှေ့က မြင်ကွင်း ။ ဓားအလင်းတွေက ။
တကယ့်ကို တာအို ဖန်တီးမှုတွေပဲ။
ဒါပေမယ့် သူ့ရဲ့ လက်မှာ ဓားချက် ကျရောက် လာပြီးနောက် ပုံစံ ဆက်လက် ပြောင်းလဲ နေခဲ့တယ်။ ကျောက်တုံးကြီကို အမှုန့်ဖြစ်သွားစေနိုင်တဲ့ တာအို ဖန်တီးမှုလိုမျိုး ပါဝင်နေခဲ့တယ်။
ဒါက ဘာလဲ။
တာအိုဖန်တီးမှုထဲက ဖြစ်တည်မှု တစ်ခု ပဲ မဟုတ် ဘူးလား။
ဒါက လွန်ပါတယ်။ သေချာတာကတော့ ချီဟို့ရဲ့ စွမ်းရည်နဲ့ ဆို သူ့ကို ၁ စက္ကန့်အတွင်း အလဲ ထိုးနိုင်တယ်။
ချီဟို့ရဲ့ ဒေါသ မြောက်ပိုင်းဒေသကို ထိတ်လန့်စေတယ်။
ဖန်ကျန်းရှီလည်း အတော်လေးကို လန့်နေခဲ့တယ်။
ဒီ ပြဇာတ်ကတော့ တစ်ခုခု မှားနေသလိုပါပဲ။
ဒါက ကတိလေး တစ်ခုပဲလေ။ အနိုင်ရဖို့မှ မဟုတ် တာ။ ဒါက သာမာန် ကိစ္စလေးပဲ မဟုတ် ဘူးလား။ လွန်ခဲ့တဲ့ ၂ နှစ်တုန်းက မင်း သစ်သားတံတားပေါ် လမ်းလျှောက်နေတဲ့ အချိန် ငါက နေသာတဲ့ လမ်းမှာ လျှောက်နေခဲ့တာလေ။
တစ်ယောက်နဲ့ တစ်ယောက် အကြွေး မတင်ကျပါ ဘူး။
ဒါက သာမာန် ပြဇာတ်ပဲလေ။
အချစ်နဲ့ သတ်ဖြတ်တာတွေ ရောထွေးလို့မှ မရတာ။
“ သခင်ကြီး။ ဒါကို ထပ်ပြီး ဆွေးနွေးသင့်တယ်။” ဖန်ကျန်းရှီက လောကမှာ အနာကျင် ရဆုံးက သေဖို့ စောင့်နေတာပဲ လို့ တွေးလိုက်မိတယ်။
ချီကူူယန်ကို ၂ နှစ် အတွင်းမှာ အနိုင်တိုက်ရမယ်။
ဒါကို တစ်ခါမှ မတွေးဖူးဘူး။
“ ဘာမှ ဆွေးနွေးစရာမလို ဘူး။ ငါ ဆုံးဖြတ် ပြီးပြီ။ ဒီ ၂ နှစ် အတွင်းမှာ မင်းကို နတ်ဆိုးကျောင်းတော်ရဲ့ အနာဂတ် သားမက် အနေနဲ့ လောကကြီးကို ကြေညာမယ်။ ဒါပေမယ့် မင်းသာ
ကူယန်ကို စည်းမစောင့်ရင် ။ ၂ နှစ်စောင့်ဆ ိုင်းမှာ မဟုတ် ဘူး။” ချီဟို့တော့ သူ့စိတ်ကို ပိုင်းဖြတ်ထားတဲ့ ပုံပါပဲ။
“ကျွန်တော့်ကို အနာဂတ် သားမက် အဖြစ် ဆက်ဆံ ဖို့ မလိုပါ ဘူး။ လုံး၀ မလိုပါဘူး။” ဖန်ကျန်းရှီကတော့ အရာရာ ထိန်းချုပ်မှု လွတ်သွားပြီလို့ ထင်နေတော့တယ်။
“ မင်း က ငါ့သမီး ကို ကြုံရာလူနဲ့ လက်ထပ်ပွဲ စီစဉ်လို့ ရတယ်ပြောနေတာလား။ နာမည် မရှိ။ ဂုဏ်သတင်းမရှိ ။ အပြင်မှာ ကူယန်ကို တခြားသူတွေ ဘယ်လို မြင်ကြမလဲ။” ချီဟို့က ဒေါသထွက်
လာပြန်တယ်။
“အဲ့ဒီ့ ပကာ သနတွေကို ဂရုစိုက်ဖို့မှ မလိုတာ။” ဖန်ကျန်းရှီက ပြောလိုက်တယ်။
“ မင်း ဂရုစိုက်ဖို့ မလိုပေမယ့် ငါကတော့ လိုတယ်။”
“ ဒီ ကိစ္စကို ရှင်းလင်းအောင် လုပ်ဖို့လိုတယ်။ ဒါ့အပြင် ကျွန်တော် စေ့စပ်ပွဲအတွက် လက်ဆောင် တစ်ခုမှ မယူလာခဲ့ဘူး။ နောက်ပြီးတော့ သခင်ကြီး လောကကို ကြေညာတဲ့ အချိန်မှာ ကျွန်တော်က မိန်းမရဲ့ မိသားစုမှာ လိုက်နေမယ့် သားမက် မဟုတ် ဘူးဆိုတာ ရှင်းလင်းအောင် ကြေညာပေးပါ။ ” ဖန်ကျန်းရှီက တစ်ခဏ စဉ်းစားပြီးနောက် ။ တစ်ခါတည်း ရှင်းလင်းအောင် လုပ်ဖို့ ဆုံးဖြတ်လိုက်တော့တယ်။
“ မင်း ဇနီး မိသားစုနဲ့ အတူ မနေဘူး ဆိုတော့ ကူယန်ကို လက်ထပ်ပြီးရင် မင်းက မင်းရဲ့ ရွာငယ်လေးဆီ ခေါ်သွားမလို့လား။ ” ချီဟို့က လက်ရှိကို မစဉ်းစားနိုင်တော့ပါဘူး။ ဒါပေမယ့် ဇနီးမိသားစုနဲ့ အတူ မနေနိုင် ဘူး ဆိုတဲ့ စကားကတော့ သူ့ကို ပေါက်ကွဲစေပြန်တယ်။
“တောင်တွေ သူတို့ရဲ့ အမြင့်ကြောင့် ကျော်ကြားတာ မဟုတ် ဘူး။ တောင်သယံဇာတတွေကြောင့်ကျော်ကြားတာ တယ် ရေတွေ လည်း သူ့ရဲ့အနက်ထုကြောင့် အင်အားကြီးနေတာမဟုတ်။ ရေထဲမှာ နေတဲ့ နဂါးကြောင့် ကျော်ကြားတာ တယ် အရာ ဝတ္ထု သေးငယ်ပေမယ့် ကျော်ကြားတဲ့ ဂုဏ်ရည်ရှိတယ်။ အတိတ်က ကြီးမြတ်သူူတွေ သင်ကြားခဲ့ပြီး ဖြစ်တာကို သခင်ကြီးက နားမလည် သေး ဘူးလား။” ဒီ အချိန်မှာတော့ ဖန်ကျန်းရှီက အတော်လေးကို လေးနက်နေခဲ့တယ်။
“ မင်း….” ချီဟို့လည်း သူ့ပါးစပ်က စကားတွေကို ပြန်မျိုချလိုက်တော့တယ်။ အဲ့ဒီ့နောက် ဖန်ကျန်းရှီကို ကြည့်ရင်း “ နောက် ၂နှစ်ကြာရင် မင်းဒီ လို ပြောနေသလို ထပ်ပြောနိုင်မလား ငါတကယ် သိချင်တယ်။”
“ လုပ်နိုင်တာပေါ့။” ဖန်ကျန်းရှီရဲ့ အမူအယာကတော့ သေချာနေခဲ့တယ်။
သူ ဒီ စကားကို ပြောလိုက်တာ သိပ်ပြီးတော့ သမာရိုးကျ ဆန်လွန်းတယ်။ ဒါပေမယ့်လည်း ဘယ်သူကမှ သူ သ လုပ်နေတယ်လို့ မတွေးမိပါ ဘူး။
ချီဟို့ အနည်းငယ် စိတ်ပျက်အံ့အားသင့်သွားတော့တယ်။
ရုတ်တရက် ဖန်ကျန်းရှီရဲ့ ကိုယ်ကနေ လွင့်ပျံ့လှတဲ့ အင်အားပြင်းထန်တဲ့ အငွေ့အသက်တွေကို ခံစားလိုက်ရတယ်။ ပထမဆုံး အကြိမ် စစ်မြေပြင်ကို ခြေချစဉ်က အတိုင်း သူ့မျက်စိရှေ့မှာ စစ်သည် ငါးထောင် ရပ်နေသလိုမျိုး တယ်
ဒါပေမယ့်လည်း သူတို့ကို ကြည့်ပြီးနောက် တိုက်ခိုက်ဖို့ကို ရွေးချယ်ခဲ့တယ်။
ဘာကြောင့်လဲ ဆိုတော့ သူ့မှာ လုံလောက်တဲ့ ယုံကြည်မှု ရှိတာကြောင့်ပဲ တယ် အခုတော့။
ဖန်ကျန်းရှီရဲ့ မျက်နှာပေါ်မှာ သူနဲ့ ထပ်တူ ကျတဲ့ ယုံကြည်မှုတွေကို တွေ့မြင်နေရတော့တယ်။
အပိုင်း ( ၁၃၆ ၁၃ရ) ပြီး၏။
အပိုင်း ( ၁၃၈)
“မူးရစ် ရီေ၀ အလှတရား ”
ဒီ အတွေးကတော့ ချီဟို့ ရဲ့ စိတ်ထဲကနေ ခပ် မြန်မြန်လေး ပျောက်ကွယ်သွားတော့တယ်။
အဲ့ဒီ့နောက် သူ ရယ် ချင်လာသလို ခံစားရတော့တယ်။ တာအို ခန်းမကိုတောင် တစ် ခါမှ မဝင်ဖူးတဲ့ သူက မြို့တော် တာအို စာမေးပွဲမှာ အောင်မြင်တာက သူ့ရဲ့ အကောင်းဆုံး အောင်မြင်မှုပဲလေ။
တကယ်လို့ နောက် တစ်လှမ်း ထပ် လှမ်းရင်တောင် ချီကူယန်လို “ ရွှမ် ကောင်းကင် ကိုယ်ခန္ဒာ ” ပိုင်ရှင်နဲ့ ဘယ်လို ယှဉ်ပြိုင်နိုင်မှာလဲ။
ဒီ ကတိက။
၂နှစ်ကြာပြီးရင် ပျက်သွားမှာပဲ။ ထပ် စဉ်းစား စရာ မလိုတော့ ဘူး။
ချီဟို့က ဒါကို တွေးနေ သလိုပဲ။ မြောက်ပိုင်း ဒေသ က ရုံးတော်သားတွေလည်း ဒီလိုပဲ တွေးနေရတာ တယ် မီးတောက်ရဲ့ အလင်းက လမင်းနဲ့ ဘယ်လို ယှဉ်နိုင်မှာလဲ။
“ သူကတော့ သူလုပ်နိုင်တယ် လို့ ပြောနေတယ်။ ”
“ ဒီ ယုံကြည်မှုက တကယ့်ကို ထိတ်လန့်စေတယ်။ ဒါပေမယ့်လည်း သူ့ကြည့်ရတာတော့ ရယ်စရာ မကောင်းဘူး။ ”
“ တကယ့်ကို အရှက် မဲ့တာပဲ ။ ကြယ်တာရာ စုဝေးမှု အဆင့်ကို ရောက်နေတဲ့သူက ချီကူုယန်လို ကောင်းကင်ရောင်ပြန် အဆင့်ကို ဘယ်လို နိုင် နိုင်မှာလဲ။ ၂
နှစ် အတွင်းမှာ သူက အဆင့်တူ ရောက်နိုင်မှာ မို့လား။”
ဖန်ကျန်းရှီကိုတော့ မြောက်ပိုင်းဒေသ က ကျောင်းတော်သားတွေနဲ့ ရုံးတော်သားတွေပါ ချီဟို့လိုပဲ ဂရု မစိုက်ကြပါ ဘူး။ ဒါပေမယ့် ဖန်ကျန်းရှီရဲ့ စကားကို
ကြားချိန်မှာတော့ သူတို့လည်း စိတ်ပျက်မှုတွေနဲ့သာ ပြည့်နှက်နေခဲ့တယ်။
ဒီ အချိန်မှာတော့ တိတ်ဆိတ်နေခဲ့တဲ့ ချီကူယန်လည်း စတင်ပြီး စကားပြောတော့တယ်။
“ ဖြစ်နိုင်မယ် ထင်ရင် ဒီ အဓိပ္မာယ် က ငါတို့ရဲ့ ကတိကို အတည် ကို အတည် ပြုလိုက်တာပဲ ။ ဒါဆိုရင် ငါ့ရဲ့ မျက်နှာကာကို အခု လှစ်လိုက်ပါ။”
ချီကူယန်ရဲ့ အသံ မကျယ်လောင် ပေမယ့် လည်း သူ့ရဲ့ စကားလုံးတွေ တော့ လူတိုင်းရဲ့ ရယ်မောသံကို တိတ်ဆိတ် သွားစေပြန်တယ်။
ဒါက နွေလယ် ခေါင်ခေါင်မှာ မိုးကြိုး နောက်တစ်ကြိမ် အပြစ် ခံ လိုက်ရသလိုပါပဲ။ ချီဟို့။ သခင်မချီနဲ့ ကျောင်းတော်သားတွေလည်း
မျက်တောင်မခတ်မိအောင် စြဖ်သွားတော့တယ်။
ဒီ အချိန်မှာတော့ ကျောင်းတော်သားတွေနဲ့ ရုံးတော်သားတွေ ပါးစပ် ယင်ကောင် ဝင် ဥလို့ ရတဲ့ အထိက်ု ပွင့်နေတော့တယ်။
ဘယ်သူကမှ ချီကူယန် ဘာတွေးနေလဲ စဉ်းစား မရ ဘူး ဖြစ်နေတော့တယ်။
ဒါ့အပြင် သူမက ဖန်ကျန်းရှီကို တောင် မျက်နှာလှစ်ဖို့ ဖိတ်ခေါ် နေသေးတယ်။
ဒါက ဘယ်လို ဖြစ်နိုင်မှာလဲ။
ချီကူယန်က ဖန်ကျန်းရှီကို အလေး ထားတယ်လို့ မထင်တော့ပါ ဘူး။ ဘာကြောင့်လဲ ဆိုတော့ ဖန်ကျန်းရှီ သူမကို မနိုင် နိုင်မှန်းသိတဲ့ အတွက် ကြောင့်
တယ်
ဒီ ကတိစကား ၂နှစ် ကျော်တာနဲ့ ပျောက်ဆုံးသွားမှာ တယ်
ဒီလိုမျိုးလုပ်ဖို့ကတော့ မလိုအပ်ဘူး။
ချီကူယန် ရူးများရူးနေတာလား။
ဒါကတော့ လုံး၀ မဖြစ်နိုင်တာပဲ
ချီကူယန်ရဲ့ လှုပ်ရှားမှုတွေက သူမရဲ့ ထက်မြက်ပုံနဲ့ လုံးဝကို ဆန့်ကျင်ဘက် ဖြစ်နေခဲ့တယ်။ ကောင်းကင် တာအို ခန်းမကနေ ချီကူယန် ဘာလို့ ဆင်းလာလဲမသိကြသလိုမျိုး ပဟေဠိ တစ်ခုနှယ်။
ဒီ လှုပ်ရှားမှုတွေကတော့ လုံးဝကို မယုံနိုင်စရာပါပဲ။
သူမရဲ့စိတ်ထဲမှာ ဒီ ကတိကို ယုံကြည်နေတာကြောင့်လို့မပြောနဲ့။ ဒါမှ မဟုတ် ချီကူယန်က ဖန်ကျန်းရှီ သူ့ကို ရှုံးမှာ မဟုတ် ဘူးလို့ ယုံကြည်နေတာများလား။
ဒီအတွေးး ဝင်လာပြီးတဲ့ နောက်မှာတော့ ဒီ ဖြစ်နိုင်ချေ နှစ်ခု တည်ရှိနိုင်တယ်လို့လည် ဘယ်သူကမှ မယုံကြည်ကြပါ ဘူး။
ဒါပေမယ့်လည်း ဒီ ဖြစ်နိုင်ချေတွေက လွဲပြီးတော့ တခြား ဖြေရှင်းစရာကော ကျန်သေးလို့လား။
“ကူယန် … ဒီ ကိစ္စက ”
“ ခမည်းတော် ကူယန် ဆုံးဖြတ်ချက် ချပြီးပြီ။” ချီကူယန်က ချီဟို့ကို ကြည့်လိုကပြီး စကား တစ်ခွန်းတည်းနဲ့ ဖြတ်ချလိုက်တော့တယ်။ အဲ့ဒီ့နောက် သူမရဲ့ ကြယ်တာရာလို တောက်ပ နေတဲ့ မျက်လုံးတွေနဲက ဖန်ကျန်းရှီကိုသာ စိုက်ကြည့်နေခဲ့တယ်။
ဒီ အချိန်မှာတော့ ဖန်ကျန်းရှီ မာန်တောင်နည်းနည်း တက်ချင် သွားတော့တယ်။
အခု ဘာတွေ ဖြစ်နေတာလဲ။
ချီကူယန်မှား ခေါင်းကို မိုးကြိုး ပြစ်ခံ လိုက်ရတာလား။
သူ့ခေါင်းထဲမှာများ ဂေါ်ဖီပန်းပင်ကြီး ပေါက်လာတာလား။ ဖန်ကျန်းရှီရဲ့ စိတ်ထဲမှာတော့ ချီကူယန် ဖန်တီးလိုက်တဲ့ ကတိစကားကြောင့် အတော်လေးကို အံ့သြနေခဲ့တယ်။ နောက်ပြီးတော့ ဒီ သဏ္လာန်လုပ် သရုပ်တူတွေ ကလည်း မလိုအပ်ဘူးလို့ ထင်နေမိတယ်။
ဘာကြောင့်လဲဆိုတော့
ဒီ ကတိစကားကို သူမယုံရင်တောင်မှ ချီကူယန် ကြေညာလိုက်ပြီ ဖြစ်တဲ့အတွက် သူ ငြင်းပယ်လို့ မရတော့ ဘူး။
ဘာကြောင့်များ ဒါတွေ လုပ်နေတာလဲ။
ဒီ စိတ်ကူးတွေ ဘယ်ကများ ရောက်လာတာလဲ။
ငါ့ကို နောက် ထောင်ချောက်တစ်ခုထဲ ရောက်အောင် လုပ်နေတာလား။ ဖန်ကျန်းရှီရဲ့ စိတ်ထဲမှာလဲ ချီကူယန် လုပ်နေသမျှကို ဘယ်လိုမှကို နားမလည် နိုင် ဘူး ဖြစ်နေတော့တယ်။
“ ကူယန်နဲ့ စေ့စပ်ထားသူကိုတော့ နှိမ့်ချ ဆက်ဆံ တာမျိုး လုပ်တာကို လက်ခံမှာ မဟုတ် ဘူး။ ဒါကိုတော့ ပြောပြီးသား ဖြစ်မယ် ထင်တယ်။ ” ချီကူယန်က ဖန်ကျန်းရှီ တွေဝေနေတာကို တွေ့တဲ့ အချိန်မှာ သူ့ရဲ့ နား နားကို ကပ်ပြီးတော့ ပြောလိုက်တော့တယ်။
“ စေ့စပ်ထားတဲ့ သူ။ နှိမ့်ချတယ်။ ” ဖန်ကျန်းရှီကတော့ သတိ ဝင်လာတော့တယ်။ ပထမဆုံး အနေနဲ့ ချီကူယန်ရဲ့ မျက်လုံးထဲက လေးနက်မှုကို ခံစားမိလိုက်တယ်။ ချီကူယန်ရဲ့ အကြောင်းပြချက်ကတော့ ရိုးရှင်းတယ်။ ဒါပေမယ့်လည်း တခြားသော အကြောင်းပြချက်တွေထက်ကို ပိုပြီးတော့ စစ်မှန်တယ။်
“ မလုပ်နိုင် ဘူးလို့တော့ မပြောနဲ့။ ” ချီကူယန်က ဖန်ကျန်းရှီ မလှုပ်ရှားတဲ့ အချိန်မှာ တော့ သူမရဲ့ မျက်နှာပေါ်မှာ လှောင်ရယ်ဟန် အချို့ ပေါ်လာတော့တယ်။ ဒါပေမယ့် တစ်ခဏ အတွင်းမှာပဲ ပျောက်ကွယ်သွားပြန်တယ်။
“ ငါ မလုပ်နိုင် ဘူး။” ဖန်ကျန်းရှီကတော့ ချီကူယန် ပြောပြောနေတဲ့ “ လုပ်ဝံ့လား။” “ လုပ်နိုင်လား။” ဆိုတာတွေကို ထပ်ပြီးတော့ လက်မခံ နိုင်တော့ပါ ဘူး။
ဖန်ကျန်းရှီက သူ့ကို ချီကူယန် စနောက်နေတာ သိပေမယ်လည်း တွေဝေမှု မရှိပဲ သူလည်း ဆက်ပြီး တုံ့ပြန်နေဆဲ တယ်
ချီကူယန်ကလည်း မလှုပ်ရှားပါဘူး။ ြငိမ်ငြိမ်လေး နေရင်းနဲ့သာ ဖန်ကျန်းရှီရဲ့ လှုပ်ရှားမှုကို စောင့်နေတော့တယ်။
အဲ့ဒီ့နောက်မှာတော့ ဖန်ကျန်းရှီရဲ့ လက်ထဲကို နူးညံ့လှတဲ့ ပဝါလေး ရောက်လာတော့တယ်။
အဲ့ဒီ့နောက်
လောကကြီး တစ်ခုလုံး လင်းလက်သွားသလို ခံစားလိုက်ရတယ်။
သူ့ရှေ့မှာ ရှိနေတဲ့ မိန်းကလေးက တကယ့်ကို လှလွန်းတယ်။ အစတည်းးက ချီကူယန် ရဲ့ လှပမှုကို တွေးတော မိပြီးသား တယ် ငယ်ငယ်လေးထဲက လှပတဲ့ မိန်းမပျိုလေး တစ်ဦး ဖြစ်လာနိုင်မှန်း သူတွေးခဲ့ပြီးသားတယ်
ဒါပေမယ့်လည်း ဒီလောက်ထိ လင်းလက်တောက်ပတဲ့ အလှတရား ရှင် ဖြစ်လိမ့်မယ်လို့တွေးတောင် မတွေးမိ ဖူးဘူး။
ကော့ညွှတ်နေတဲ့ မျက်တောင်ရှည်တွေနဲ့ ကြယ်တာရာလို တောက်ပတဲ့ မျက်လုံး တစ်စုံ။ ချောမွေ့ နူးညံ့ြ့ပီး ကြယ်တာရာတွေ လင်းနေသလို ထင်ရလောက်တဲ့ ထိ တောက်ပပြီး အလင်းတန်းတွေ ဖြာထွက်နေတဲ့ အသားအရည်။ ပန်းနုရောင် ပွင့်ဖတ်လေးတွေလို နူးညံ့တဲ့ နှုတ်ခမ်းဖူးဖူးလေးတွေ။
ဖန်ကျန်းရှီရဲ့ စိတ်ထဲမှာ စာကြောင်းတစ်ကြောင်းပဲ ရှိတော့တယ်။
ဘုံကြိုးပျက်တဲ့ ဒေဝီနတ်မျိုးနွယ်။
ချီကူယန်ရဲ့ မျက်နှာက ကလေးလေး တစ်ယောက်လို အပြစ်ကင်းပြီး လှပလွန်းတယ်။ သူမရဲ့ အရှိန်အဝါကတော့ တောင်တန်းကြီး တစ်ခုလို ကြီးမားလှတယ်။
ဝူယွဲ့အာရဲ့ ဆွဲဆောင်မှုနဲ့ ယွင်ချင်းဝူရဲ့သိမ်မွေ့မှုက ပေါင်းစည်းလိုက်ရင် နတ်မိမယ်လို့တင်စားနိုင်တယ်။ ဒါပေမယ့်လည်း သူ့ရှေ့က အလှတရားကတော့ မူးမေ့သွားစေနိုင်လောက်တဲ့ အလှ တရားတယ် ပြိုင်ဘက်ကင်းတဲ့ ဖန်တီးမှု လက်ရာ တစ်ခုလို။
လှပမှု ဆိုတဲ့ သတ်မှတ်ချက်မှန်သမျှ ပေါင်းစည်းနေတယ်။
ပန်းပင်လယ်ကြီးထဲက သစ်သီးတွေပြည့်နေတဲ့ သစ်ပင်တစ်ပင်ပဲ။
စားသောက်ပွဲကြီးက လေထုကတော့ လုံးဝကို ရပ်တန့်သွားတော့တယ်။ ကျောင်းတော်သားတွေကတော့ အနှိုင်းမဲ့တဲ့ ချီကူယန်ရဲ့ အလှတရာကို ကြည့်ရင်း ခံစားမှု တစ်ခု ဖြစ်ပေါ်လာတယ်။
ဒီ အလှက နှင်းနဲ့ ရေခဲတွေကို အရည်ပျော်စေတယ်။ တောက်ပနွေးထွေ်းတဲ့ နေရောင်ခြည်လို စိတ်နှလုံးကို နွေးထွေးစေတယ်။
ဒါက နှလုံးသား အာရ တစ်ခုပဲ။
“ဒါက ပုံမှန်ပါပဲ။” ဖန်ကျန်းရှီကတော့ နှုတ်ခမ်းတွေကို ကွေးရင်းပြောလိုက်တယ်။ သူ့ဘာသူ ဘယ်လောက် လှလှ ။ ငါ့ အကြိုက် စတိုင်မဟုတ်။
“ကြည့်ရတာ နင် ကန်းတာ တော်တော်ကြာနေပြီပဲ။” ချီကူယန်ကတော့ ပြန်ပြောတော့တယ်။ သူမရဲ့ နူးညံံ့တဲ့ နှုတ်ခမ်းလေးတွေတော့ ချစ်စဖွယ် အသံကို ဖန်တီးပေးတယ်။
“ငါက ကန်းနေတယ်။” ဖန်ကျန်းရှီကတော့ ငြင်းလိုက်ချင်ပေမယ့်လည်း ဒီ မျက်နှာကို တနေရာရာမှာ တွေ့ဖူးသလို ဖြစ်ေ်နတာက သူ့ကို ပိုပြီးတော့ စိတ်ရှုပ်စေတယ်။
တစ်နေရာရာမှာ တွေ့ဖူးတာ သေချာပါတယ်။
လွန်ခဲ့တဲ့ ၈ နှစ်တုန်းကလား။
ဒီ အချိန်တုန်က ကလေးပဲ ရှိသေးတော့ အခုလောက်မလှပါဘူး။ ဒါနဲ့ ဘယ်မှာ တွေ့ဖူးတာပါလိမ့်။
ရုံးတော်သားတွေကတော့ ဖန်ကျန်းရှီ တကယ်ပဲ မျက်နှာကာ လှစ်လိုက်တာကို အံ့သြမဆုံးဖြစ်နေကြရှာတုန်းပါ။
ပိုပြီးတော့ အရေးတာက
သူတို့ရဲ့ စကားပြောပုံ ဆိုပုံက ဘာကြောင့် လူငယ် စုံတွဲနဲ့ တူနေတာလဲ။
စိတ်ဓာတ်ကျစရာကောင်းတယ်။
ဒီ အချိန်မှာတော့ ချီဟို့ သူ့မိန်းမကို ကြည့်နေတော့တယ်။ တူညီတဲ့ စိတ်ရှုပ်ထွေးမှုက သူတို့ရဲ့ မျက်လုံးထဲမှာ မြင်သာနေခဲ့တယ်။ သူတို့ နှစ်ဦးလုံး ချီကူယန်ရဲ့ အတွေးတွေကို နားမလည်နိုင် ဘူး ဖြစ်နေကြတယ်။
“ ကောင်းပြီ။ ငါ့ရဲ့ သူငယ်ချင်း ကိုရော ခေါ်ထိုင်လို့ ရလား။” ဖန်ကျန်းရှီက ခုနက မြင်တဲ့ ချီကူယန်ကို ဆက်ပြီး မစဉ်းစားတော့ ဘူး။ ဘာကြောင့်လဲ ဆိုတော့ ရန်ရွှယ် ချောင်ကျကျ ထောင့်မှာ ထိုင်ပြီး သူ့ကို မျက်လုံးပြူးကြီးနဲ့ ကြည့်နေတဲ့ ရန်ရွှယ်ကို မြင်လိုက်ရတာကြောင့်ပဲ တယ်
ဒီ အချိန်မှာတော့ ရန်ရွှယ်ရဲ့ ကိုယ်စားပြု သင်္ကေတတွေ ဖြစ်တဲ့ အေးစက်မှုနဲ့ ငြိမ်သက်တဲ့ အမူအယာကတော့ ပျောက်ကွယ်သွားခဲ့ပြီတယ် ဒီ နေ့ ဖြစ်ပျက်တဲ့ ကိစ္စတွေက တကယ့်ကို ရုတ်တရက် ဆန်လွန်းလှတယ်။
ရုတ်တရက် ဖြစ်လွန်းလို့ သူတောင် ဘယ်လို တုံ့ပြန်ရမလဲ မသိတော့တဲ့ အထိ တယ်
“ အတိအကျကို ရတာပေါ့။ အခု နင်က နတ်ဆိုးကျောင်းတော် သခင်လေး ဖြစ်သွားပြီ။ ဒါက နင့်ရဲ့ လုပ်ပိုင်ခွင့်ပဲ။ ” ချီကူယန်က နှစ်ခါ မတွေးပဲနဲ့ ပြန်ဖြေလိုက်တယ်။
သူမ ပြောနေတဲ့ အချိန်မှာတော့ လွန်ခဲ့ဲ့ ၂ နှစ်တုန်းက ဘာတွေ ဖြစ်ခဲ့ ဖြစ်ခဲ့ ဒီ အချိန်မှာတော့ ဖန်ကျန်းရှီက အခု ချိန်မှာ ချီကူယန်ရဲ့ ပိုင်ဆိုင်မှု အဖြစ် သတ်မှတ်ခံလိုက်ရပြီ။ သူ့ကို နတ်ဆိုးကျောင်းတော်ကနေ ဘယ်သူမှ ဆွဲချ နိုင်မှာ မဟုတ်တော့ ဘူး။
“နင့်ရဲ့ သူငယ် ချင်းကလည်း ငါ့ရဲ့ သူငယ်ချင်းပဲပေါ့။ အတူတူ ထိုင်ရအောင်”
“ကောင်းပြီ။”
ချီကူယန်ကတော့ ခေါင်းငြိမ့်လိုက်ပြီး ဖန်ကျန်းရှီ ဘေးကနေ တစ်ယောက်လက် တစ်ယောက်ချိတ်ရင်း လျှောက်လာကြတော့တယ်။ သူမရဲ့ အမူအယာကတော့ အတော်လေးကို အေးဆေးနေခဲ့တယ်။
သူတို့ နှစ်ဦး ရန်ရွှယ် ရှိရာ နေရာကို လျှောက်လာကြတော့တယ်။
သူတို့ နှစ်ဦး တစ်လှမ်းချင်းစီ အေးဆေးစွာ လျှောက်နေသလို ထင်ရတော့တယ်။ ဘာကြောင့်လဲ ဆိုတော့ ဒီ အချိန်မှာ လောကကြီး တစ်ခုလုံးက တိတ်ဆိတ်သွားသလို ထင်မှတ်ရတာကြောင့်ပဲ တယ်
ဘယ်သူကမှ စကားမပြောကြတော့ ဘူး။ ကြည့်ရတာ အသက်ရှူဖို့တောင်မေ့လျော့ နေကြပုံပါပဲ။
သူတို့တွေးထင်မထားမိခဲ့တဲ့ အဖြစ်တစ်ခု ဖြစ်လာခဲ့သလို မျှော်လင့် မိခဲ့သမျှလည်း ရိုက်ချိုးခံလိုက်ရတာကြောင့် တယ်
ပြောရမယ် ဆိုရင်တော့ ချီကူယန်နဲ့ ဖန်ကျန်းရှီ လက်တွဲပြီးတော့ အဓိက ထိုင်ခုံစီကို လျှောက်သွားပုံ စက္ကန့် အနည်းငယ်ပဲ ကြာပေမယ့် ကြည့်နေကြသူတွေအတွက်တော့ ကြာမြင့်လှတယ်။
အဲ့ဒီ့နောက် အခုချိန်မှာတော့။
ချီကူယန်က ဖန်ကျန်းရှီလက်ကို ချိတ်ရင်း ထိုင်နေပုံ သူတို့အတွက်တော့ မျက်နှာကို ခပ်ပြင်းပြင်း ရိုက်ချခံလိုက်ရသလိုပါပဲ။ မြောက်ပိုင်းဒေသ မြို့တော်ကြီး ငါးခုရဲ့ ရုံးတော်သားတွေနဲ့ကျောင်းတော်သားတွေ နာကျင်နေရတော့တယ်။
ချီကူယန်ရဲ့ အပြု အမူတွေ စားသောက်ပွဲကို တက်ရောက်တဲ့ ကျောင်းတော်သားတွေကို ဖန်ကျန်းရှီ သူမရဲ့ ပိုင်ဆိုင်မှု ဖြစ်ကြောင်း ကြေညာနေသလိုပါပဲ။
နတ်ဆိုးကျောင်းတော်မှာတော့
ဖန်ကျန်းရှီက ဆရာတစ်ဦး ဖြစ်သွားပြီ။ သူ့ရဲ့ ဂုဏ်ရည်နဲ့ ရာထူးကိုတော့ ဒီ နေရာမှာ ယှဉ်နိုင်တဲ့သူ မရှိတော့ဘူး တယ်
ဒီ အချိန်မှာတော့ လုယွီဖုန်း သူ့လမ်းကြောင်းမှာ ရပ်နေတုန်းပဲ တယ် ဓားအက ကဖို့ အတွက် ပြင်ဆင်ထားတဲ့ နေရာမှာပဲ ရှိနေတာ တယ် သို့ပေမယ့်လည်း ဒီ အချိန်မှာတော့ သူ့လက်ထဲက ဓားတော့ အေးစက်တဲ့ အလင်းတန်း တစ်ခုသာ ကျန်ရှီနေတော့တယ်။
“ ကလင်” အသံနဲ့ အတူ မြေပြင်ပေါ်ကို ကျသွားခဲ့တယ်။
သူ့ရဲ့ ပါးစပ်ကတော့ လက်သီး ဆုပ် တစ်ခု ထိုးသွင်းလို့ ရတဲ့ အထိကို ကျယ်လောင်စွာ ဟနေတော့တယ်။
အခု ဖြစ်နေတာတွေကို မယုံကြည် ပေမယ့်လည်း ရွေးချယ် စရာ မရှိတာကြောင့် ယုံလိုက်ရတော့တယ်။ ဘာကြောင့်လဲ ဆိုတော့ ဒီ မြင်ကွင်းက သူ့ရှေ့ကို တဖြည်းဖြည်း နီးကပ်လာနေတာကြောင့် တယ်
နီးလာတယ်။
နီးသထက်ကို နီးလာခဲ့တယ်။
အပိုင်း ( ၁၃၈) ပြီး၏။
အပိုင်း ( ၁၃၉)
“ လမင်း လေးကိုင်းတစ်ခု သဖွယ်”
“ သခင်လေး ခု ။ မင်းရဲ့ ဓားသိုင်း အကက တကယ့်ကို ညံ့လွန်းတယ်။” ဖန်ကျန်းရှီက မြေပြင်ပေါ်ကို ကျနေတဲ့ ဓားကို ကြည့်လိုက်ရင်း သက်ပြင်း ရှည်ကြီး ချလိုက်တယ်။
“ အတော်လေးကို ဆိုးတာ” ချီကူယန်က ခေါင်းခါရင်းပြောလိုက်တယ်။
လုယွီရှန်းရဲ့ လည် ပင်း တော့ ဖြည်းဖြည်းချင်း လှုပ်ရှားနေခဲ့တယ်။ သူ့နှုတ်ခမ်းတွေဆီ စကားလုံးတွေ ရောက်လာပေမယ့် အသံကတော့ မထွက်နိုင် ဘူး။ ဘယ်လို ရှင်းပြ ရမှာလဲ။ သူက ဓားသိုင်းမှာ အတော်လေး လေ့ကျင့် ကျွမ်းကျင်နေတာကိုလား။
ဒီ လို ပြောလိုက်ရင် သူက ဓားအက ဖျော်ဖြေဖို့ မဟုတ်ပဲ။ တစ်ယောက်ယောက်ကို ခုတ်ဖို့ လို့ ပြောလိုက် သလို ဖြစ်မသွားဘူးလား။
ဒါကို တွေးမိပြီး နောက်မှာတော့ လုယွီရှန်း သူ့ လည် ချောင်းထဲ တစ်ဆို့ နေသလို ခံစားလိုက်ရတယ်။ သူ တကယ်ပဲ ပိတ် မိနေပြီ ။ ဘယ်လို နည်းလမ်းနဲ့ ရှင်းပြ ရမှာလဲ။
ဒီ အချိန်မှာပဲ ချီကူယန်နဲ့ ဖန်ကျန်းရှီ လက်ချင်း ချိတ်လိုက်ပြီးတော့ သူ့ရှေ့ကနေ ဖြတ်သွားတော့တယ်။
သူတို့ နှစ်ယောက်လုံးကတော့ တစ်ချကတောင် လှည့်မကြည့်ကြတော့ ပါ ဘူး။
“ ထိုင်ရအောင်” ဖန်ကျန်းရှီက ရန်ရွှယ်ကို ကြည့်ရင်းပြောလိုက်တယ်။
တခြား တစ်ဖက်က ရန်ရွှယ်တော့ ဖန်ကျန်းရှီ နဲ့ အတူ ဘေးမှာ ရပ်နေတဲ့ ချီကူယန်ကို သာ အထိတ် တလန့်နဲ့ ကြည့်နေခဲ့တယ်။ နောက်ဆုံးမှာတော့ သူ့ရဲ့ အေးစက် လှတဲ့ မျက်နှာ အမူအယာကို ပြန်လည် ရောက်ရှိသွားတော့တယ်။
“ ကောင်းပြီလေ။” ရန်ရွယ်ကတော့ မငြင်းပယ်ပါ ဘူး။
“ ကူယန်တို့ရဲ့ နေရာချထားမှုက သခင်လေး ရန်ကို မလေးမစား ဆက်ဆံ မိသလို ဖြစ်သွားပါတယ်။ အနောက် ဘက် လျန် ဒေသကို ရောက်ရင် ဘိုးဘိုးရန်ကို ခွင့်လွှတ်ပေးဖို့ တောင်းဆိုပေးပါ။“ ချီကူယန်က ကိုယ်ကို ကိုင်းညွှတ်ရင်း ရန်ရွှယ်ကို တောင်းပန်လိုက်တယ်။
“မင်းသမီးလေးက တကယ့်ကို သိမ်မွေ့တာပဲ။” ရန်ရွယ်က ပြန်လည် ဦးညွှတ်ရင်းပြောလိုက်တော့တယ်။
ဖန်ကျန်းရှီက ရန်ရွှယ်နဲ့ ချီကူယန် ကြားက စကားကို ကြားချိန်မှာတော့ သူ အတော်လေး အံ့သြသွားတော့တယ်။ ဘာကြောင့် သူတို့ နှစ်ယောက်လုံးက အဘိုး အကြာင်းကို ထည့် ပြောကြတာလဲ။ ရန်ရွှယ် မိသားစု အကြောင်းကို သူ လည်း သိချင်လာတော့တယ်။ ထုံးစံ အတိုင်းကတော့ ရန်ရွှယ် မမေးရင် သူတလည်း ပြောမှာ မဟုတ် ဘူး။
သူတို့ သုံးဦးလုံး ပုခုံးချင်း ယှဉ်လျက် လျှောက်လာတော့တယ်။ ချီကူယန်ရဲ့ လက်တွေကတော့ ဖန်ကျန်းရှီ လက်မောင်းကို တွဲခိုထားခဲ့တယ်။ ရန်ရွှယ်ကတော့ ဖန်ကျန်းရှီ ရဲ့ ဘေးမှာ တယ် သူတို့ သုံးဦး ငယ်ပေါင်းကြီးဖော် သူငယ်ချင်းတွေနဲ့ အတော်လေးကို တူလှတယ်။
သူတို့ သုံးဦးလုံး အဓိက ထိုင်ခုံကို ရောက်ချိန်မှာတော့ ရန်ရွှယ်က ချီဟို့ကို ဦးညွှတ်လိုက်တယ်။
“ သခင်ကြီးကို နှုတ်ခွန်းဆက်ပါတယ်။”
“ ဟ ဟ ရန်ရွှယ်။ ဒီ လောက် ဂရုစိုက်နေစရာ မလိုပါ ဘူး။ အတူတူ ထိုင်ကြတာပေါ့။” ဖန်ကျန်းရှီက ရန်ရွှယ်ကို ဖိတ်ခေါ်လာပြီးနောက်မှာတော့ ချီဟို့ လည်း ရန်ရွှယ်ကို လေးစားစွာ နှုတ်ဆက်ပါတယ်။
နတ်ဆိုးကျောင်းတော် စားသောက်ပွဲကတော့ နောက်ဆုံးမှာ စတင်ပြီ တယ်
တခြား တစ်ဖက်မှာတော့ လုယွီရှန်းက လမ်းမ အလယ်မှာ ရပ်ပြီးနောက် ဓားသိုင်း အကကို ဖျော်ဖြေနေတော့တယ်။
သူ့ရဲ့ ဓားသွားတော့ လေထုထဲမှာ လှုပ်ရှားကခုန်နေတော့တယ်။ လေထဲမှာ လွင့်နေတဲ့ တိမ်စိုင်တွေလို လွင့်မျော သက်ဝင်နေခဲ့တယ်။
လုယွီရှန်းရဲ့ ဓားသိုင်း အက ကတော့ မဆိုးပါ ဘူး။ ဆန့်ကျင် ဘက် အနေနဲ့ကတော့ တကယ့်ကို နှစ်လို ဖွယ်ပပဲ ။ သူ့ရဲ့ အရှန်အဝါကတော့ တကယ့်ကို ကောင်းမွန်လှတယ်။ ဒါပေမယ့်လည်း စိတ်မကောင်းစရာကတော့ သူ့ရဲ့ မျက်နှာ အမူအယာကသိပ်ပြီးတော့ မကောင်း ဘူး။
….
“ဘန်း”
သိပ်မဝေးလှတဲ့ နေရာရဲ့ ဧည့်ခန်းထဲမှာတော့ ကျောက်ဖြူသား လက်ဖက်ရည် ခွက် ကြမ်းပြင်ပေါ်မှာ အစိတ်စိတ် အမွှာမွှာ ကွဲကြေသွားတယ်။
ဒီ ခွက် က သိပ်ကို တန်ဖိုး ကြီးလှတဲ့ လက်ဖက်ရည် ခွက် တယ် လက်မှု ပညာရှင် တစ်ယောက် ထွင်းထု ပေးထားတာ ဖြစ်တဲ့ အတွက် ရှားပါးလွန်းလှတာလည်း တယ် သူ့ရဲ့ တန်ဖိုးကလည်း သာမာန် မိသားစု တစ်စု ဆယ် စုနှစ် တစ်ခုစာ စားနိုင်တဲ့ ပမာဏ တယ်
ဒါပေမယ့်လည်း သူကတော့ သူ့ရဲ့ ဒေါသိကို ထိန်းမယ့်ပုံ မပေါ်ပါ ဘူး။ အဲ့ဒီ့ အစား ကွဲကြေသွားတဲ့ ဖန်ခွက်ကိုသာ အမှုန့် ဖြစ်တဲ့ ထိ နင်းချေ လိုက်တော့တယ်။
“သတ်” အသက် ၂၃ နှစ် အရွယ် လူငယ်ရဲ့ အေးစက်လှတဲ့ အသံ ထွက်ပေါ် လာတော့တယ်။ သူ့ရဲ့ မျက်လုံးတွေတော့ ဒေါသ တွေနဲ့ ပြည့်နှက်နေပြီးနောက် သူ့ရဲ့ ဘရိုကိတ် ဝတ်ရုံ တဆတ်ဆတ်တုန်နေလခဲ့တယ်။
“ သွမ့်အရှင်။ လုပ်လို့ မရ ဘူး။” အဖြူအမည်း တာအို ဝတ်ရုံကို ဝတ်ထားတဲ့ အကြီး အကဲ သူ့ကို ရပ်တန့်တော့တယ်။
“ ဘာကြောင့်လဲ။ သူက ဆင်းရဲတဲ့ ရွာသား တစ်ယောက်ပဲ။ ငါ ဒီ နတ်ဆိုးကျောင်းတော်မှာ ဒီ လောက် အကြာကြီး နေတာတောင် ချီကူယန်က တစ်ခါမှ လာမတွေ့ ခဲ့ ဘူး။ အခု တော့ ဒီလို ဆယ်နှစ်တာ ကတိ ပေါ်လာပြန်ပြီ။ ဒါက လုံးဝကို ငါ့ကို လှည့်စားနေတာပဲ။” သွမ့်ပြည်ထောင် အရှင် လင်းရှင်းကြွယ်ကတော့ ဒေါသကြောင့် အနည်းငယ် တုန်ယင်နေခဲ့တယ်။
“ ကိစ္စကြိးကို ပြုမယ့်သူက အသေးအဖွဲ့လေးတွေကို လျစ်လျူရှုနိုင် ရမယ့်။ သွမ့် အရှင် စိတ်အေးအေး ထားပါ။ ” အကြီးအကဲ တားမြစ်နေတယ်။
လင်းရှင်းကြွယ်ကတော့ စကား တစ်ခွန်းမှ မပြောပေမယ့် သူ့ရဲ့ တုန်ယင်နေတဲ့ ခန္ဒာ သူ့ဒေါသကို မထိန်းချုပ်နိုင်မှန်း ဖော်ပြနေခဲ့တယ်။
“ အရှင်သွမ့် သေသေချာချာ တွေးလိုက်ပါ။ အခု ချိန်မှာ အရှင်နဲ့ အိမ်ရှေ့စံတို့က ဧကရာဇ်ရဲ့ ရှေ့မှာ ပြိုင်ဆိုင်နေကြတာ။ ချီကူယန်ရဲ့ ရွေးချယ်မှုက အရေးကြီးဆုံးသော အဆုံးအဖြတ် ဖြစ်လာမှာ။ အကယ်၍ ချီကူယန်သာ ဖန်ကျန်းရှီကို သတ်တဲ့သူက သွမ့် အရှင် ဖြစ်မှန်းသိသွားခဲ့ရင် ။ ဒီ ကတိစကားကို ရှောင်ရှားနိုင်ရင်တောင်မှ။ ချီကူယန်က အိမ်ရှေ့စံ မင်းသား ဘက်ကို ရောက်သွားမှာ အမှန်ပဲ။ ”
“မင်း ဘာကို ပြောချင်တာလဲ။”
“ တိတ်တဆိတ် စောင့်ကြည့်ပါ။”
“မဖြစ်နိုင် ဘူး။ အကယ်၍ အခု လုပ်လို့ မရရင်တောင် ဒီလို အကျောခံရတာကိုတော့ လက်မခံ နိုင်ဘူး။”
“ဟူးး။ သွမ့်အရှင် သာ ဒီ ကိစ္စမှာ အင်အား အများကြီး သုံး လိုက်မယ် ဆိုရင် အန္တရာယ်လည်း များလိမ့်မယ်။ ” အကြီး အကဲ ဝမ်က ဒီ အခြေ အနေခက်ခဲမှု အကြောင်းကို နားလည်နေတယ်။ အဝေးမှာ ရှိနေတဲ့ စားသောက်ပွဲက အဓိက ထိုင်ခုံကို လှမ်းကြည့်ရင်း သူ့ခေါင်းကို ခါယမ်းလိုက်တယ်။
“ ဒီ အခြေအနေကို စတင်တည်းက ငါ စိတ်ပိုင်း ဖြတ်ပြီးပြီ။ ဒီလို အန္တရာယ် လောက်ကို မှု စရာလိုတော့မလား။ အကြီးအကဲ ဝမ် အကြံ ပြုပေးပါ။”
“ ဓားငှားပြီး လူသတ်မယ်”
“ငှားရမ်းဖို့ ဓားက ဘယ်မှာ သွားရှာရမှာလဲ။ ”
“ အမုန်းတရားအကြီးမားဆုံးသော သူဆီကနေ ငှားရမ်းနိုင်ပါတယ်။ သွမ့် အရှင် ကြည့်ပါ။” အကြီး အကဲ ဝမ်က စားသောက်ပွဲကြီးကို ကြည့်ရင်းပြောလိုက်တယ်။
ထိုင်ခုံကို သွားတဲ့ လမ်းတစ်လျှောက်မှာတော့ လူတစ်ဦး ကခုန်နေခဲ့တယ်။ သူ့ရဲ့ လက်တစ်ဖက် မှာတော့ ရေခဲတစ်မျှ အေးစက်လှတဲ့ ဓားတစ်ချောင်းကို ကိုင်ထားပြီးတော့ နောက် လက် တစ်ဖက်မှာတော့ ငွေရောင် ဝိုင်ခွက်ကို ကိုင်ထားခဲ့တယ်။ သူ့ရဲ့ မျက်နှာ အမူအယာကတော့ တကယ့်ကို ခါးသက်နေခဲ့တယ်။
……..
နတ်ဆိုးကျောင်းတော်ရဲ့ စားသောက်ပွဲကတော့ မျှော်လင့် ထားသလိုမျိုး မကောင်းလှ ပါ ဘူး။ ဒါပေမယ့် စစ်သည်တွေရဲ့ အငွေ့အသက်တွေ ပါဝင်နေခဲ့တယ်။
အဓိက ဟင်းလျာကတော့ ဆိတ်ချိုနု ဟင်း တယ် ခမ်းမကြီးရဲ့ အလယ်မှာတော့ မီးတောက်ကြီး တောက်ပနေခဲ့တယ။် မီးဖိုကြီး ပေါ်မှာတော့ ပွက်ပွက်ဆူနေတဲ့ ဝိုင်တွေ ရှိနေတယ်။ ဒါတော့ စစ်မြေပြင် တိုက်ပွဲထဲက ချမ်းလှတဲ့ ညကို ဖော်ပြနေသလိုပါပဲ။ တိုက်ပွဲကို ပြန်လည် အမှတ်ရစေတယ်။
ဖန်ကျန်းရှီကတော့ ဒီလို စားသောက်ပွဲမျိုးနဲ့ အတော်လေးကို ရင်းနှီးကျွမ်းဝင်တယ်။ ဒီ လို အရိုင်းဆန်တဲ့ အငွေ့အသက်က ရွာ ကို ပြန် လည် တမ်းတ စေတယ်။တခြား တစ်ဖက်က ရန်ရွှယ်ကတော့ အတော်လေးကို အံ့သြနေပုံပဲ။
ဒါက ဖန်ကျန်းရှီကို ရန်ရွှယ်ရဲ့ နောက်ခံ မိသားအကြောင်း ပိုပြီးတော့ စိတ်ဝင်စားလာစေတယ်။
ခမ်းနားတဲ့ စားသောက်ပွဲကြီး စတင်ပြီးနောက် လေထုတော့ ပုံမှန် ပြန်ဖြစ်သွားခဲ့တယ်။ သံမဏိ သွေးသခင် စစ်သူကြီး ချီဟို့ကတော့ ဝိုင်ပူပူတွေကို ရေလို သောက်နေခဲ့တယ်။
စစ်မြေပြင်က ယောကျာ်းသားတို့ရဲ့ စိတ်ဓာတ်ကတော့ သိပ်ပြီးတော့ ဖြောင့်တန်းလွန်းတယ်။
ချီဟို့မှာ ချွင်းချက် မရှိ ဘူး။ ကိစ္စ တစ်ခု စတင်ပြီးနောက်မှာ တော့ သူ နောက်ဆုတ်တော့မှာ မဟုတ် ဘူး။ သခင်မချီကတော့ ချီဟို့ နဲ့ အတူ နှစ် များစွာ နေခဲ့တဲ့ အတွက် သူမရဲ့ အရှိန်အဝါ လည်း စစ် ဗိုလ်ချုပ် တစ်ဦးလို ပြင်းထန်လှတယ်။
စားသောက်ပွဲကြီး ပြီးဆုံးသွားပြီးနောက်မှာတော့ ကျောင်းတော်သားတွေကို နတ်ဆိုးကျောင်းတော်မှာ နေရာ ချထားပေးကြတော့တယ်။
အကုန်လုံးပြီးသွားတဲ့နောက် တစ်နေ့ မနက်မှာတော့ ကောင်းကင် ရတနာ ခန်းမကို ဝင်ရမှာပဲ တယ်
…
လ လေးကိုင်း ဖြစ်ပြီးတော့ ကြယ်တွေ တောက်လောင်နေတယ်။ နတ်ဆိုးကျောင်းတော်ထဲမာတော့ သစ်ပင်တွေ ယိမ်းနွဲ့က ခုန်နေပြီးတော့ ပန်းရနံ့တွေ လေထုထဲ ပျံ့လွင့်နေခဲ့တယ်။ ကြည်လင် စိမ်းလဲ့တဲ့ ရေလည်း နတ်ဆိုးကျောင်းတော် ခန်းမကြီးကို ကွေ့ဝိုက် စီးဆင်းနေခဲ့တယ်။ လှပပြီး အချိုးကျတဲ့ ပုံရိပ် နှစ်ခုရှိနေခဲ့တယ်။ တစ်ဦးတော့ ထိုင်နေပြီး တစ်ဦးတော့ မတ်တပ်ရပ်နေခဲ့တယ်။
အမျိုးသမီး ယွဲ့အာကတော့ ကျောက်စိမ်းရောင် ဝတ်ထားပြီးတော့ ငွေဆံထိုးတစ်ချောင်း ထိုးထားခဲ့တယ်။ ချီကူယန်ကတော့ သူမရဲ့ရှေ့မှာ ထိုင်ပြီးတော့ ဗျပ်စောင်းတီးနေခဲ့တယ်။ ဒီ အချိန်မှာတော့ ယွဲ့အာရဲ့ မျက်ဝန်းတွေမှာ သိလိုစိတ်တွေ ပြည့်နှက်နေခဲ့တယ်။
သူ့ရဲ့ သခင်မလေး ဘာတွေ တွေးနေလဲ တကယ်ပဲ နားမလည် နိုင် ဘူး။
“ သခင်မလေး။”
“မင်း မေးချင်တာက ငါ ဘာလို့ လုပ်နေလဲ ဆိုတာလား” ချီကူယန်က သူ့ရဲ့ လက်ချောင်းတွေ ဗျပ်စောင်းပေါ်မှာ ပြေးလွှားနေတာကို ရပ်တန့်လိုက်တော့တယ်။
“ ဟုတ်။ အဲ့ဒီ့ ကောင်…. သခင်လေး ဖန်က ။ သခင်မလေးနဲ့ ဘယ်လိုများလိုက်ဖက်မှာလဲ။” ယွဲ့အာရဲ့ မဲ့နေတဲ့ နှုတ်ခမ်းတွေ တော့ သူမရဲ့ မပျော်ရွှင်ဟန်ကို ဖော်ပြနေခဲ့တယ်။
“ ဒီ အချက်ကို စဉ်းစားရင်တော့။ လိုက်ဖက်တယ် မလိုက်ဖက်ဘူး ဆိုတာက အရေးမကြီးဘူး။ လူတိုင်းက ညီတူညီမျှ ရှိတယ်။ ဂုဏ်ပုဒ်တွေကို လိုက်ပြီးတော့ ဘယ်လို ခွဲခြားမှာလဲ။ ဒါပေမယ့်လည်း ဒီ နေ့် အဖြစ်ကတော့ ငါ့ရဲ့ အတွေးအမြင်ထက်ကို ကျော်လွန်နေတယ်။ ”
“ သခင်မလေးက ဒီလို အဖြစ်မျိုးကို ကြိုမတွေးထားမိ ဘူးလား။ ” ယွဲ့အာကတော့ အတော်လေး ထိတ်လန့်သွားတော့တယ်။ ချီကူယန်ကို စပြီးတော့ ခစားတဲ့ အချိန်တည်းက ချီကူယန်ရဲ့ စိတ်ကူးစိတ်သန်းတွေထက် ကျော်လွန် နေတယ်ဆိုတာ ပထမဆုံးကြားဖူးတာပဲ တယ်
“ တကယ်တော့ ကောင်းကင်တာအို ခန်းမကို ဆင်းလာတဲ့ အကြောင်းရင်း က စိတ်ထဲက အတွေးကို အတည်ပြုဖို့ပဲ တယ် ” ချီကူယန်ကတော့ ယွဲ့အာရဲ့ မေးခွန်းကို ပြန်မဖြေပဲ သူမရဲ့ စကားကိုသာ ဆက်တော့တယ်။
“စိတ်ထဲက အတွေး”
“ ဒီ အတွေးက စိတ်ထဲမှာ ကြီးစိုးနေခဲ့တယ်။တစ်နှစ် တိတိ။ ဒါပေမယ့် ဒီ အတွေးကို အတည်ပြုဖို့ ခက်ခဲတယ် ဆိုတာ လက်ခံလိုက်ရတယ်။ ဘာကြောင့်လဲ ဆိုတော့ ဒီ အရှက်မရှိတဲ့ ကောင်စုတ်က မြောက်ရွာမှာ သိပ်ကို အေးအေးချမ်းချမ်းနဲ့ နေနေတာကြောင့်ပဲ။ ငါ တွေးခဲ့တယ်။ သူရဲ့ ကံ တရားက အများဆုံး တာအို စာမေးပွဲကို အောင် ရုံပဲ လုပ်နိုင်မယ်လို့။”
“သခင်မလေးရဲ့ အတွေးတွေက သခင်လေး ဖန်နဲ့ ပတ်သတ်နေတာလား။” ယွဲ့အာကတော့ သခင်မလေး ပြောနေတဲ့ ကောင်စုတ် အရှက်မရှိတဲ့ ကောင်အကြောင်း ကြားတော့ ပိုပြီးတော့ သိချင်လာတယ်။
“ ပတ်သတ်တယ်လို့ ပြောနိုင်ပေမယ့် အကုန်လုံး သက်ဆိုင်နေတာလည်း မဟုတ် ပြန်ဘူး။ နှစ်ထပ်ကွမ်း နဂါး ချန်ပီယံက လောကကို ထိတ်လန့်စေပြီး ကမ္ဘာကြိး အတွက် ငြိမ်းချမ်းမှုကို ယူဆောင်လှမ်ယ။ ဒီ ကောင်းကင် အမိန့်က မြင်ရသလို မရိုးရှင်နိုင် ဘူး။ ဒါ့အပြင် အမိန့်တော်က အချိန်ကိုက် ကောင်းတဲ့ အကြောင်းရင်းနဲ့ ပေါ်လာတာ မဟုတ် ဘူး။ ၂ နှစ်ကြာပြီးနောက် လောကကြီး တစ်ခုလုံးမှာ ပြောင်းလဲမှု အကြီးအကျယ် ဖြစ် လိမ့်မယ်။ ဒါပေမယ့်။ ဒီ ပြောင်းလဲ မှုက ဘာဖြစ်မလဲ တကယ်ပဲ မသိ ဘူး။ ကြီးမြတ်သော ရှ မင်းဆက် အတွက် လူသားမျိုးနွယ် တိုင်း အတွက် ငါ့မှာ သူ့ကို ဖိအား ပေးဖို့က လွဲပြီးတော့ ရွေးချယ် စရာ မရှိ ဘူး။ ဒါ့အပြင် ဖြစ်နိုင်ချေ မှန် သမျှကိုလည်း ကြိုတင် ပြင်ဆင်ထားခဲ့တယ်။ ငါ့ရဲ့ အတွေးတွေသာ အကုန် မှားနေခဲ့ရင်တော့ သူ့ကို မြောက်ရွာမှာပဲ အေးအေးချမ်းချမ်း ဆက်နေ ခိုင်းလိုက်မယ်။” “ ကောင်းကင်ကကြောက်မက်ဖွယ် အမိန့်လား။ အဲ့ဒါက သခင်မလေးနဲ့ သက်ဆိုင်နေတာ မဟုတ် ဘူးလား။ ဘာကြောင့် သခင်လေး ဖန်နဲ့ ဆိုင်သွားရတာလဲ။ နောက်ပြီးတော့ တွေးထားတာထက် ပိုတယ်လို့ သခင်မလေး ပြောနေတာကကော”
“ အချိန်မှ မကျသေးတာ ။ ကောင်းကင် ဘုံရဲ့ အမိန့်ကို ဘယ်လို အတည် ပြုလို့ ရမှာလဲ။ ဒါပေါ့။ ငါလည်း ခန့်မှန်းနေတာပဲ ရှိသေးတယ်။ သူ့ကို အရင်တုန်းက ဖိအား နည်းနည်း ပေးချင် ခဲ့တာ။ ဒီ ကောင်က ငါ တွေးထင်ထားတာထက် ပိုပြီး ထက်မြက်နေခဲ့တယ်။ တခြား တွေထက် ။ ဒီ အရှက်မရှိတဲ့ ကောင်ရဲ့ စရိုက်နဲ့ သူ့ရဲ့ စိတ်နေ စိတ်ထားက မောက်မာတယ်။ အဲ့ဒီ့ မောက်မာ မှုကြောင့် ပဲ သူရှုံးတာကို ဝန်မခံပဲ ရှောင်ရှားသွားတယ်။ ဒါကြောင့် ဒီ တစ်ကြိမ်မှာ ငါ ရှုံးပြန်ပြီ။ ”
“ သခင်မလေးက ထပ်ရှုံးတယ် ဟုတ်လား။ လွန်ခဲ့တဲ့ ၈ နှစ်တုန်းကလဲ တကယ်ပဲ ရှုံးခဲ့တာလား။”
“ တစ်ဦးချင်း စီးချင်းထိုးတာနဲ့ စိတ် အင်အား ပြိုင်ပွဲမှာ နှစ်ခုလုံး ရှုံးခဲ့တယ်။ တကယ်တန်းတော့ ဒီနေ့မှာ ငါ ဖုံးကွယ်ထားတာတွေ ရှိနေသေးတယ်။
အမျိူးသမီး ယွဲ့အာက ဒါကို ကြားချိန်မှာတော့ သူမရဲ့ စိတ်ရှုပ်ထွေးမှုက ပိုပြီးတိုးလာခဲ့တယ်။ ဒီနေ့ ချီကူယန်ပြောနေတာတွေကို သူမ အချိန်တွေမှာ တစ်ခါမှ မတွေးခဲ့ဖူးဘူး။
“ ဒါပေမယ့် ၈ နှစ်ကြာပြီးတာတောင် ဖန်ကျန်းရှီရဲ့ စွမ်းရည်တွေက သခင်မလေးနဲ့ မယှဉ်နိုင် ဘူး။ တစ်ယောက် ချင်းစီ တိုက်ခိုက်ပွဲမှာ ဆိုရင်။ သခင်မလေးက ဘယ်လိုလုပ် ရှုံးနိုင်မှာလဲ။
ချီကူယန်ကတော့ သူမရဲ့ ခေါင်းကို ဖြည်းဖြည်းချင်းမော့ရင်း ကောင်းကင်က လမင်းကို ကြည့်လိုက်တယ်။ သွဲ့သွားတဲ့ လေညှင်း သူမ ပုခုံးပေါ် က ဆံနွယ်တွေကို လှုပ်ခတ်သွားစေတယ်။ သူမတော့ လနတ်သမီး တစ်ပါးနဲ့ တူနေခဲ့တယ်။
“ ငါယုံကြည်တယ်။ မနက်ဖြန် ကောင်းကင် ရတနာ ခန်းမမှာ လူတိုင်းကို ထိတ်လန့်အောင် သူ လုပ်လိမ့်အုန်းမယ်။”
သူမရဲ့ သေးသွယ် ဖြူဖျော့တဲ့ လက်ချောင်းလေးတွေ ဗျပ်စောင်းကြိုးပေါ်မှာ တရွေ့ရွှေ့ လှုပ်ရှားတော့တယ်။
အဲ့ဒီ့နောက် လှပတဲ့ တေးသွားတစ်ခု ထွက်ပေါ် လာတော့တယ်။
သီချင်းသံ ထွက်ထွက် လာချင်းမှာပဲ ရေတံခွန်က ရေစီးကျ သံ တေးသံစဉ် အောက်မှာ ပျောက်ကွယ်သွားတော့တယ်။ လောကကြီး တစ်ခုလုံးတော့ ဒီ တေးသံစဉ် ကြောင့် အေးချမ်းသွားပုံပါပဲ။
ယွဲ့အာလည်း ထပ်မပြောတော့ ပါဘူး။ အဲ့ဒီ့အစား ချီကူယန်ဘေးမှာသာ ငြိမ်ငြိမ်လေး ရပ်နေခဲ့တယ်။ သူ့မျက်လုံးထဲက စိတ်ရှုပ်ထွေးမှုတွေ ပျောက်ကွယ်သွားပြီးနောက် ငြိမ်းချမ်းမှုသာ ကျန်ရစ်နေတော့တယ်။
လမင်း လေးကိုင်း တစ်ခု။ ကြယ်တာရာတွေ မီးတောက် သဖွယ် ။ စီးဆင်းနေတဲ့ ရေကတော့ သံစဉ်တေးသွားတယ်
အပိုင်း ( ၁၃၉) ပြီး၏။
…
အပိုင်း ( ၁၄၀)
“ ကောင်းကင်ရတနာ ခန်းမ”
နောက် တစ်နေ့ မနက်မှာတော့ လေညှင်းသွဲ့သွဲ့လေး ကောင်းကင်နဲ့ မြေကြီးကြားမှာ ပြေးလွှားနေခဲ့တယ်။
အပြာရောင် ဝတ်ရုံကို ဝတ်ထားတဲ့ ဖန်ကျန်းရှီကတော့ နတ်ဆိုးကျောင်းတော်ထဲမှာ ရပ်ရင်း သူ့ရှေ့က မြင်ကွင်း ကို ကြည့်နေပါတယ်။ သူ့ရဲ့ အမူအယာကတော့ မယုံနိုင်ခြင်းတွေနဲ့ ပြည့်နှက်နေခဲ့တယ်။
“ ဒါ … ဒါက ကောင်းကင်ရတနာခန်းမလား။”
“ ဟုတ်တယ်။ ဒါက ကောင်းကင်ရတနာ ခန်းမပဲ။ ကောင်းကင်ကနေပေးအပ်လိုက်တဲ့ အရာ တယ် ကြီးမြတ်သော ရှ မင်းဆက်ကို စတင်တည်ထောင်စဉ် အချိန်မှာ မှာ ဒီ နန်းတော်ကို တည်ဆောက်ခဲ့တယ်။ ငါ့ ဘိုးဘေးရဲ့ ဉာဏ်ပညာ မြင့်မားမှုနဲ့ ရှေ့ရေးမျှော်မြင် တတ်မှုကြောင့် ဒီ နန်းတော်ကို ကာကွယ်ဖို့ တာဝန်ပေးခံရတယ်။ ဒီနေ့မှာတော့ နတ်ဆိုးကျောင်းတော်က မြဲမြံစေတာတယ် ” ခရမ်းရောင် ဝတ်စုံ ဝတ်ထားတဲ့ ချီဟို့ကတော့ သူ့ဘေးမှာ ရှိနေတဲ့ အရာကို ညွှန်ပြရင်း ပြောနေတယ်။
ချီဟို့ ညွှန်ပြ နေတဲ့ အရာကတော့
တစ်မီတာလောက်မြင့်တဲ့ မဟူရာရောင် ကျောက်တုံး ရှိနေတယ်။ စေတီနဲ့ တူညီနေသလို အောက် ဘက်မှာ ကျယ် ပြန့်ပြီး တော့ အပေါ်ဘက်မှာတော့ ကျဉ်းသွားခဲ့တယ်။ တွန့်ခေါက်နေတဲ့ မျက်နှာပြင်ပေါ်မှာတော့ စက်ဝိုင်းတွေနဲ့ မြောင်းတွေ ရှိနေပြီးတော့ အလွှာ တစ်ခုချင်းစီ ခွဲထားခဲ့တယ်. ။
အနီးကပ် သေချာ ကြည့်မယ် ဆိုရင် ကျောက်တုံးရဲ့ ထိပ်မှာ အရမ်းကို ထူးဆန်းတဲ့ ရုပ်ပုံလွှာတွေ ရှိနေခဲ့တယ်။
စေတီ တစ်ဆူနဲ့ တူပေမယ့်လည်း စေတီ မဟုတ် ။ မျှော်စင်နဲ့ တူပေမယ့်လည်း မျှော်စင် မဟုတ်။ ရုပ်ပုံလွှာရဲ့ အလယ်မှာတော့ အလွန်ကို ထင်ရှားတဲ့ စာလုံးတွေ ရှိနေတယ်။ “ ရတနာ” ။ ဒီ စကားလုံးရဲ့ အောက်မှာတော့ ထူးဆန်းတဲ့ သင်္ကေတတွေ ရှိတဲ့ စက်ဝိုင်း တစ်ခု ရှိနေတယ်။
“ ကောင်းကင်ရတနာ ခန်းမက ဒီ လို မျိုးလား။” ဖန်ကျန်းရှီကတော့ တကယ့်ကို ထိတ်လန့်နေခဲ့တယ်။ ဒါက ပုံတွေ ပြည့်နေတဲ့ ကျောက်တုံးပဲလေ။
နောက်ပြီးတော့ ဒီ ကွင်းပြင်ထဲမှာလဲ ဒါမျိုးကျောက်တုံးတွေ အများကြီး ရှိနေခဲ့တာ။ တောင်ပုံစံ ကျောက်တုံးတွေလဲ ရှိနေတယ်။
ဒါပေမယ့်လည်း။
တောင် ပုံစံ ကျောက်တုံးတွေကတော့ ချီဟို့ လက်ချက်ကြောင့် ပျက်စီး သွားပြီး ပြန် တည်ဆောက် ထားရတဲ့ ပုံပါပဲ။
သို့ပေမယ့်လည်း ယုံကြည်မှု မြို့တော် စာမေးပွဲက စိတ်အာရုံနယ်မြေကို မှတ်မိတယ်။ စိတ်အာရုံနယ်မြေထဲ ဝင်ဖို့ ကျောက်တုံး တံခါးကို ဖြတ်သန်းရမယ်. ။
ဒါပေမယ့်လည်း ကောင်းကင် ရတနာ ခန်းမကို ဝင်ဖို့က ဘယ်နေရာ ဖြစ်မလဲ။
ဖန်ကျန်းရှီရဲ့စိတ်ထဲမှာတော့ ရှုပ်ထွေးနေတော့တယ်. ။ အဲ့ဒီ့နောက် သူ့ဘေးမှာ ရပ်နေတဲ့ ဘရိုကိတ် ဝတ်ရုံနဲ့ ရန်ရွှယ်ကို တွေ့လိုက်တယ်။
ရန်ရွှယ်ရဲ့ အမူအယာကတော့ သိပ်ပြီးတော့ ကို အေးဆေးတည်ြငိမ်နေခဲ့တယ်။ စိုးရိမ် ပူပန်မှု အလျဉ်းမရှိ။
ရန်ရွှယ့်အပြင် တခြားသော ကျောင်းတော်သားတွေကလည်း အေးဆေးတည်ငြိမ်နေကြတယ်။ သူတို့ကြည့်ရတာလဲ ဒီ ခန်းမအကြောင်းကို ကောင်းကောင်းသိပြီးသား ဖြစ်လောက်တယ်။
“ ကောင်းပြီလေ။ ငါလည်း အများကြီး မတွေးသင့်တော့ ဘူး။” ဖန်ကျန်းရှီက သူ့အတွေးတွေကို ရပ်တန့်လိုက်ရင်း ချီဟို့ ပြောနေတာကိုသာ အာရုံစိုက်နေတော့တယ်။
အဲ့ဒီ့နောက် ချီၤဟို့ လည်း ဒီ ကောင်းကင်ရတနာ ခန်းမရဲ့ မူလ ဇစ်မြစ် အကြောင်း ကို စတင်ရှင်းပြတော့တယ်။ သမိုင်းအစ ကနဦးတည်းက ဒီ မဟူရာ ကျောက်တုံး ဒီ နေရာ မှာ ရှိနေခဲ့တာ ဖြစ်ပြီးတော့ ရွေ့ပြောင်းနိုင်သူ တစ်ဦးမှ မရှိသေးဘူးတယ်
အဲ့ဒီ့နောက် ရှာဖွေတွေ့ရှိခဲ့ပုံနဲ့။ အခြားသော သမိုင်း တွေကို ရှင်းပြတော့တယ်။
သူ့ရဲ့ စကားပြီးဆုံးသွားပြီးနောက်မှာတော့ ဖန်ကျန်းရှီ အနည်းနဲ့ အများ နားလည်သွားတာ တစ်ခုရှိတယ်။ ကျောက်တုံးပေါ်မှာ ဆွဲသားထားတဲ့ ရုပ်ပုံတွေ လူသားတွေ ပြုလုပ် တာ မဟုတ် ဘူး။ ကောင်းကင်တာအို ဖန်တီးမှု တစ်ခု တယ် ဒါကြောင့် ကောင်းကင်ရတနာ ခန်းမဆိုတာ ခန်းမ တစ်ခု မဟုတ် ဘူး။
ဒါက ကျောက်တုံးကို တင်စားတာပဲ တယ်
ဒီတင်စားမှုက တကယ့်ကို စိတ်ရှုပ်စေတယ်။ ဖန်ကျန်းရှီကတော့ သူ့ရဲ့ မကျေမနပ် အတွေးတွေကို ဒီ တင်စားမှု ကို စတင်ခဲ့တဲ့ သူကို ပြောလိုက်ချင်တယ်။ ကျောက်တုံးက ကျောက်တုံး ပဲ လေ ဘာကိစ္စ ခန်းမလို့ ပြောနေတာလဲ။
ဒါပေမယ့်လည်း သူနားလည်သွားတာ တစ်ခုရှိတယ်။
စိတ်အာရုံနယ်မြေဆိုတာ လူကနေ ဖန်တီးတာ ဖြစ်ပြီးတော့ အပြိုင် နယ်မြေ ဆိုတာ ကောင်းကင်ကနေ ဖန်တီးတာ တယ် ဒါက စိတ်အာရုံနယ်မြေနဲ့ အပြိုင်နယ်မြေထဲက ခြားနား ချက်တယ် ဒါဆို ကောင်းကင်က ဖန်တီးထားတဲ့ အပြိုင်နယ်မြေကကော ဘာတွေ များ ထူးခြားနေလို့လဲ။
ဒါကိုတွေးနေချိန်မှာပဲ ထူးခြား မှုကို သူ နားလည် သွားပြန်တယ်။
ဘာကြောင့်လဲ ဆိုတော့ ချီဟို့ရဲ့ စကား အဆုံးမှာ ကောင်းကင် ရတနာ ခန်းမနဲ့ ဆင်တူတဲ့ ကျောက်တုံး တစ်တုံးကို ဆွဲထုတ် လာတာကြောင့် တယ် သူ့ရဲ့ ပုံစံကတော့ ကောင်းကင် ရတနာခန်းမကနေ ခွဲထုတ်ထားတာနဲ့ တူညီတယ်။
ချီဟို့ရဲ့ လှုပ်ရှားမှုကို မြင်ပြီးတဲ့နောက် ကောင်းကင်ရတနာ ခန်းမရဲ့ ထိပ်မှာ နေရာလွတ်လေး တစ် ခု ရှိနေတာကို သတိ ထားမိသွားတယ်။ ဒီ ထိပ်လေးရဲ့ နေရာလွတ်ကတော့ ချီဟို့ရဲ့ လက်ထဲက ကျောက်တုံးငယ် နဲ့ တစ်ပုံစံ တူနေပါတယ်။
“ ဘုန်း”
ချီဟို့က ကောင်းကင် ရတနာ ခန်းမပေါ်မှာ ကျောက်တုံးလေးကို တင်လိုက်ပြီးနောက်မှာတော့ နယ်မြေ တစ်ခုလုံး တုန်ဟီး သွားတော့တယ်။
အဲ့ဒီ့နောက်မှာတော့ သူတို့ရှေ့မှောက်မှာ တော့ လေထု ကွဲအက်သွားတော့တယ်။
ကွဲအက်မှုက တွင်းနက်ကြီး တစ်ခု လိုပဲ။ ဘယ်သူကမှ အထဲကို မမြင်နိုင် ဘူး။ ဒါပေမယ့်လည်း တောက်ပ နေတဲ့ ကြယ်တာရာတွေကို မြင်နိုင်တယ်။
“ ကောင်းကင်ရတနာ ခန်းမကို ကျွန်တော်တို့ အတွက် ဖွင့်ပေးတာကို ကျေးဇူးတင်ပါတယ်။ ” တွင်းနက်ကြီးကို မြင်ပြီးတဲ့နောက်မှာတော့ ချီဟို့ကို ဦးညွှတ်ရင်းပြောလိုက်တော့တယ်။ အဲ့ဒီ့နောက်မှာတော့ သူ ဝင်သွားတော့တယ်။
တခြားသော ကျောင်းတော်သားတွေကတော့ လုယွီရှန်းနောက်ကို လိုက်ဝင်သွားခဲ့တယ်။
ဖန်ကျန်းရှီကတော့ ရန်ရွှယ်ကို ကြည့်လိုက်ပြီးနေ်ာက သူ့ကိုလည်း ရန်ရွှယ် ကြည့်နေတယ်ဆိုတာ သိလိုက်တယ်။ အဲ့ဒီ့နောက် သူတို့တွေ ခေါင်းငြိမ့်လိုက်ပြီးတော့ ပုခုံးချင်း ယှဉ်လျက် လျှောက်သွားရင်း ချီဟို့ ဘေးက တွင်းနက်ကြီ်းဆီ ရောက်သွားတော့တယ်။
အဲ့ဒီ့နောက် သူတို့ကို လက်တစ်ဖက်က တားမြစ်လိုက်တယ်။
ဖန်ကျန်းရှီကတော့ သူ့လမ်းကို လာပိတ်နေတဲ့ ချီဟို့ကို ကြည့်လိုက်တယ်။
“ ငါ မင်းကို ကြည့်မရပေမယ့် မှာစရာ ရှိတာတော့ မှာရမယ်။ ” ချီဟို့ရဲ့ အမူအယာကတော့ အတော်လေးကို လေးနက်နေခဲ့တယ်။
“ သခင်ကြီး ပြောပါ။” ဖန်ကျန်းရှီက တစ်ခဏ တွေးတောပြီးနောက် ဦးညွှတ်ရင်းး ပြန်ဖြေလိုက်တယ်။
“ကောင်းကင်ရတနာ ခန်းမက ကောင်းကင်က ဖန်တီးတာ ဖြစ်တဲ့ အတွက် အထဲမှာ တစ်ခု ခု ဖြစ်ရင် ငါ လည်း ကယ်နိုင်မှာ မဟုတ် ဘူး။” ချီဟို့က ကောင်းကင် ရတနာ ခန်းမထဲကို ဝင်သွားတဲ့ လူတွေကို ကြည့်ရင်းပြောလိုက်တော့တယ်။
“ သခင်ကြီး ချီဟို့ရဲ့ သတိပေးမှုကို ကျေးဇူးတင်ပါတယ်။”
“ နောက်ပြီးတော့ ကောင်းကင်ရတနာ ခန်းမထဲမှာ အရေးကြီးဆုံးကတော့ ပူးပေါင်းလုပ်ဆောင်မှုပဲ တယ် ”
ဖန်ကျန်းရှီ ကတော့ စကားမပြောတော့ပါဘူး။ ဒါပေမယ့် ချီဟို့ ပြောတဲ့ အဓိပ္မာယ်ကို နားလည်တယ်။ သူတို့သာ အသင်းတစ်သင်းအနေနဲ့ ပေါင်းစုပြီးတော့ အလုပ်လုပ်ချင်ရင် ဒါကတော့ နည်းနည်း ခက်ခဲတယ်။
“ နောက်ဆုံးမှာတော့….” ချီဟို့ စကားတစ်ခွန်းကို ပြောသင့် မပြောသင့် သူ အတော်လေးကို တွေဝေနေပုံပါပဲ။ ဒါပေမယ့်လည်း တွေဝေမှု တော့ လျင်မြန်စွာနဲ့ပဲ ပြန်လည် ပျောက်ကွယ် သွားတော့တယ်။ “ မင်းရဲ့ ကံမကောင်းဘူး။ လွန်ခဲ့တဲ့ ညတုန်းက လုယွီရှန်း တစ်ယောက် ပြောင်းလဲ မှု အဆင့် တက်သွားတယ်။
ဖန်ကျန်းရှီကတော့ ပြန်လည် တိတ်ဆိတ်သွားပြန်တယ်။ လုယွီရှန်းရဲ့ အဆင့်တက်မှုကို သူကောင်းကောင်းသိတယ်။ ဒီ အဆင့်တက်မှုက တာအိုမုခ်ကို အောင်မြင်ပြီးနောက် နတ်ဆိုးစည်းကို အောင်မြင်တာ မဟုတ် ဘူး။ နတ်ဆိုးစည်းကို အောင်မြင်ပြီးနောက် ကြယ်တာရာစုဝေးမှု အဆင့်ကို ရောက်တာလည်း မဟုတ် ဘူး။
အဲ့ဒီ့ အစား …
လုယွီရှန်းက ကောင်းကင် ရောင်ပြန် အဆင့်ကို ရောက်သွားတာ ပဲ ဖြစ်ရမယ်။
ဒီ အကြောင်းရင်းက ဘာကြောင့် ချီဟို့ သူ့လမ်းကြောင်းကို လာပိတ်လဲ ဆိုတာ နားလည် စေတယ်။ ဒါပေမယ်လည်း သူ စိတ်ရှုပ်နေရတာကတော့ ဘာကြောင့် ဒါကို လာပြောရတာလဲ။
မေးခွန်း နှစ်ခုက လုံးဝကို တူသလိုလို ရှိတယ်။
အစကတော့ နားလည်တယ်။ ဒါပေမယ့် တွေးရင်းနဲ့ ရှုပ်လာပြန်တယ်။ ဒါပေမယ့်လည်း ကွာခြားမှုက မရှိပြန် ဘူး။
“ ကြည့်ရတာ မင်း ခေါင်းရှုပ်သွားပြီ ထင်တယ်။ တကယ်တော့ နားလည် ဖို့ လွယ်ပါတယ်။ မင်းသာ ကူယန်ကို အနိုင် တိုက်ဖို့ ကျရှုံးခဲ့ရင်လည်း ငါ့ အတွက် ထိခိုက်မှု မရှိ ဘူး။ ကူယန်အတွက် ဒီ နှစ်တွေ အတွင်းမှာ ရွေးချယ်မှု မလုပ်ဖို့ စောင့်ဆိုင်း နေရုံပဲ ရှိမယ်။ မဖြစ်နိုင် ဘူးလို့ ထင်ရပေမယ့်လည်း မင်းသား ကူယန်ကို အနိုင်တိုက်နိုင်ခဲ့ရင်လည်း ငါ့ အတွက် အထိ ခိုက်ရှိမှာ မဟုတ် ဘူး။”
“ ချီကူယန်ရဲ့ စကားတွေက အစွမ်းထက်လှ ချည်လား။ သခင်ကြီးရဲ့ အတွေး အမြင်တွေကို တစ်ည တည်းနဲ့ ပြောင်းလိုက် နိုင်တယ်။” ဖန်ကျန်းရှီက သခင်ကြီးရဲ့ စကားတွေကို ကြားချိန်မှာတော့ သဘော ပေါက်သွားတော့တယ်။
ဒီ အချိန်မှာတော့ တိတ်ဆိတ်သွားသူက ချီဟို့ တယ် ဖန်ကျန်းရှီကို ကြည့်ရင်း ပါးစပ် ဟ နေပင်မယ့် သူ့ စကား တစ်ခွန်းမှ မထွက်နိုင် ဘူး ဖြစ်နေတယ်။
ရန်ရွှယ်နဲ့ ဖန်ကျန်းရှီ နှစ်ဦးလုံး တွင်းနက်ကြီးထဲ ဝင်သွားပြီးနောက်မှာတော့ ချီဟို့လည်း သက်ပြင်းချလိုက်တော့တယ်။ “သောက်ကျိုးနဲ ပဲ။ ဒီ ကလေးက ဘယ်လိုလုပ် ဒီ လောက်မြန်မြန် သိသွားတာလဲ။ အမှားပဲ။ အမှားပဲ။”
…
ဖန်ကျန်းရှီကတော့ ကောင်းကင်ရတနာ ခန်းမဆိုတာ ကောင်းကင်ကနေ ဖန်တီးထားတာ ဖြစ်တဲ့အတွက် ကောင်းကင် တာအို စည်းမျဉ်းတွေနဲ့ စမ်းသပ်မှုတွေ ရှိနေတယ်။ ဥပမာ အားဖြင့် ကောင်းကင် တာအို ခန်းမက ယုံကြည်မှု မြစ်မြို့တော် စာမေးပွဲက ကျောက်တုံးမိုးနဲ့ တောင်ပူစာတို့လို ရှိနေမယ် ဆိုတာ အသေအချာပဲ။
ဒါပေမယ့်လည်း အခု လိုမျိုး အရမ်းကို လှပတဲ့ နွေဦး ဥယျာဉ်မြေ လေး တစ်ခု ဖြစ်နေမယ်လို့ မထင် ထားခဲ့မိ ဘူး။
ကျောက်တုံး တံတား။ ရှေးဆန်တဲ့ လမ်းကလေးတွေ နဲ့ တသွင်သွင် စီးနေတဲ့ ရေ။
ပန်းတွေ တော့ ဥယျာဉ် တစ်ခုလုံးမှာ ပွင့်လန်းနေခဲ့တယ်။ ရေပူစမ်း ရဲ့ အရောင် တော့ လူတိုင်းကို နွေးထွေးလုံခြုံစေတယ်။ ပွင့်လန်းနေတဲ့ ပန်းတွေ ပြည့်နှက်နေတဲ့ ရှုခင်းက လွဲပြီးတော့ ကျန်တာ မရှိ ဘူး။
ဒါကတော့ ကောင်းကင် ရတနာ ခန်းမပဲ။
“ ကောင်းကင်ရတနာ ခန်းမထဲက အချိန်ကာလက အပြင်လောကနဲ့ မတူညီဘူး။” ရန်ရွှယ် ကပြောလိုက်တယ်။
“ မြန်နေတာလား။”
“ မဟုတ် ဘူး။ နှေးနေတာ။ ကောင်းကင်ရတနာ ခန်းမရဲ့ တစ်ရက်က အပြင် လောကမှာ ၂ နာရီပဲ ကြာတယ်။ အချိန်က ၁၂ပုံ ၁ပုံ ပဲ ကြာတယ်။”
“ ဒါဆိုရင် ဒီ နေရာမှာ လေ့ကျင့်တဲ့ သူက အပြင်လောကမှာလေ့ကျင့်တာထက် ၁၂ဆ မြန်တယ်လို့ ဆိုတာလား။” ဖန်ကျန်းရှီက ပြဿနာ တစ်ခုကို စဉ်းစားမိတာကြောင့်မေးလိုက်တယ်။ ချီကူယန်သာ ကောင်းကင် ရတနာ ခန်းမမှာ ၂ နှစ်နေလိုက်ရင် …
သူ ဘယ်လို ဖြစ်သွားမလဲ။
“ ဟုတ်တယ်။ ဒါပေမယ့်လည်း အပြိုင် နယ်မြေတွေက တစ်နှစ်မှာ သုံးရက်ပဲ ဖွင့်နိုင်တာ”
“ဒါဆို အပြင်လောကမှာ ခြောက်နာရီပေါ့။”
“ ဟုတ်တယ်။”
ဖန်ကျန်းရှီလည်း ခေါင်းငြိမ့်လိုက်တော့တယ်။ တာအို ဖန်တီးမှု ကမ္ဘာထဲမှာလဲ စဉ်းမျဉ်းတွေ ရှိနေတယ်။ ဒီ အထူးပြုလုပ်ထားတဲ့ စည်းမျဉ်း သတ်မှတ် ချက်တွေကြောင့် သာ မဟုတ်ရင် ဖန်တီးမှုတွေ ကြားက ညီမျှမှုကို ဖျက်ဆီးနိုင်တယ်။
…
ထုံးစံအတိုင်း မိုး ရေပူစမ်းနဲ့ နီးတဲ့ နေရာမှာ ပေါများတယ်။
ကောင်းကင် တောက်ပနေတယ်။ မိုးစက်တွေတော့ ကောင်းကင်ကနေ တောက်ပ စွာ ကျဆင်းနေခဲ့တယ်။ ကံမကောင်းစွာနဲ့ပဲ ဖန်ကျန်းရှီ ကတော့ ထီ မယူလာခဲ့မိ ပါ ဘူး။ သူ့ မျက်နှာ ပေါ် ကျလာတဲ့ မိုးပေါက်လေးတွေကို သာ စိတ်မကောင်းစွာနဲ့ ထိတွေ့နေရတော့တယ်။
ဒါပေါ့ ။ ဖန်ကျန်းရှီက ကောင်းကင် ရတနာ ခန်းမထဲက တစ်ယောက်တည်းသော သူ မဟုတ် ဘူးလေ။
ဒီ လူတွေ အများကြီး ထဲမှာတော့ ထီ းယူလာတဲ့သူ ရှိနေတယ်။ သူကတော့ ရန်ရွှယ်။
ဖန်ကျန်းရှီကတော့ ရန်ရွှယ် လက်ထဲက တောင်နဲ့ မြစ် မိုးမြေ ယပ်တောင်မှာ ဒီ လို စွမ်းရည်မျိုးရှိနေမှန်း သိတောင် မသိခဲ့ဘူး။ ဒါပေမယ့်လည်း ဒီ အချိန်မှာတော့ တောင်နဲ့မြစ် မိုးပြေ ယပ်တောင်က တကယ့်ကို ထီး အဖြစ်ကို ပြောင်းလဲ နေတယ်။ ရွှေ အရိုး ထီ အရိုးတွေ အဖြစ် ပြောင်းလဲ သွားတယ်။ ငွေချည် တွေကတော့ ထီးအရိုးဖြစ်ပြီးတော့ တောင်နဲ့ မြစ် ရုပ်ပုံလွှာကတော့ ထီး ရွက် အဖြစ်ကို ပြောင်းလဲသွားတော့တယ်။
“ ထီး ရေစိုလို့ ပြဲသွားမှာ မစိုးရိမ် ဘူးလား။”
“ ပြဲမှာ စိုးရိမ်နေရရင် ရန်မိသားစုရဲ့ ရတနာ ငါး မျိုးဖြစ်နေအုန်းမလား။” ရန်ရွှယ်က ဖန်ကျန်းရှီကိုပါ ထီးမိုးပေးရင်း ပြောလိုက်တယ်။ နွေဦး မိုးပြေးကတော့ လူငယ် နှစ်ဦးရဲ့ ခေါင်းပေါ်ကနေ ဖြတ်ကျော်သွားပြီတယ်
“ သူ့မှာ တခြား စွမ်းရည်တွေ ရှိသေးလား။”
“ ရှိတာပေါ့။”
“ သူက ဓားအဖြစ် ပြောင်းလဲ နိုင်လား။”
“ ပြောင်းနိုင်တယ်။” ရန်ရွှယ်ကတော့ အေးဆေးနေပါတယ်။ ထီးလက်ကိုင်ကို ဆွဲလိုက်တော့ ချွန်ထက်လှတဲ့ ရေခဲ ဓား တစ်ချောင်း ထွက်ပေါ် လာသေးတယ်။
“ ဒါဆို လှံ အဖြစ်ကော”
“ ပြောင်းနိုင်တယ်။ ” ရန်ရွှယ်က ထီးကို အရှေ့ တိုးပြီး ခါလိုက်တယ်။ ထီး ရွက် တစ်ခု လုံး ပြန်လည် ပြောင်းလဲ သွားပြီးတော့ လှံ ထိ ပ် အဖြစ် ပြောင်းလဲ သွားတော့တယ်။ ငွေချည်တွေကတော့ လှံ ခေါင်းက ပန်းဖွား အဖြစ် ပြောင်းလဲ သွားတော့တယ်။
“ …” ရွှေ ရောင် လှံ ထိပ်နဲ့ ငွေချည် ပန်းဖွားလှံက ကို ကြည့်ရင်း ဖန်ကျန်းရှီကတော့ သက်ပြင်းချနေမိတယ်။ “ ရန်မိသားစုရဲ့ ရတနာ ပီသ ပါပေတယ်။”
အဲ့ဒီ့နောက် တောင်နဲ့ မြစ် မိုးမြေ ယပ်တောင်ကတော့ ထီး အဖြစ်ကို ပြောင်းလဲ သွားပြန်တယ်။ ကျောက်တုံး တံခါးကို ဖြတ်သန်းရင်းနဲ့ စမ်းချောင်းလေးတွေ ပန်းပွင့်လေးတွေ အလှကို ချီးမွမ်းနေတော့တယ်။
ဒါပေမယ်လည်း ဒီ လှပတဲ့ ရှုခင်းကတော့ အကြာကြီး မခံ ပါ ဘူး။
ဖန်ကျန်းရှီ နဲ့ ရန်ရွှယ် နှစ်ဦးထဲ ကောင်းကင် ရတနာ ခန်းမထဲကို ရောက်နေတာ မဟုတ် ဘူး။
ကျောက်တုံး တံတား ကို ဖြတ်သန်းပြီးနောက်မှာတော့ ရန်ရွှယ်နဲ့ ဖန်ကျန်းရှီတို့လည်း ရပ်တန့်သွာ်းတော့တယ်။ သူတို့ရှေ့မှာ ပိတ်ရပ်နေတဲ့ လူငယ် အုပ်ကြီး တစ်ခုကနေ ဖန်ကျန်းရှီရဲ့ စိတ်ထဲမှာ တော့ ကျောချမ်းစရာတွေ ရှိနေတယ်လို့ ခံစားနေရတယ်။
“ မင်းတို့ မတိုက်ခိုက်ခင် ရှုခင်းလေးတော့ ခံစားသင့်တယ်။ ” ဖန်ကျန်းရှီကတော့ လူအုပ်ကြီးကို ခေါင်းဆောင်ထားတဲ့ လုယွီရှန်းကို ကြည့်ရင်းပြောလိုက်တယ်။
“ မင်း ဘယ်လို တွေးနေတာလဲ။” လုယွီရှန်းကတော့ ပြန်မေးလိုက်တယ်။
“ ခုနတုန်းကတော့ ကောင်းကင် ရတနာ ခန်းမ မဝင်ခင်မှာ သခင်ကြီးက အသင်း အဖွဲ့ အဖြစ်နေဖို့ မှာလိုက်တယ်။”
“ ဒါပေါ့။ သိသားပဲ။ ဒါပေမယ့် လူနှစ်ယောက် လျော့သွားလဲ ဘာ ထူးခြားသွားမှာမို့လဲ။” အရင်နေ့တွေနဲ့ ယှဉ်ရင်တော့ လုယွီရှန်း ရဲ့ အမူအယာက လုံးဝကို ကွာခြားနေတယ်။
အခုတော့ သူ့ရဲ့ အမူအယာက လုံးဝကို ယုံကြည်မှုတွေနဲ့ ပြည့်နှက်နေခဲ့တယ်။ သူ့အရိုးအသားထဲမှာ ယုံကြည်မှု အငွေ့အသက်တွေ ပြည့်ဝနေတယ်။
ဘာကြောင့်လဲ ဆိုတော့ သူ့ ကောင်းကင် ရောင်ပြန် အဆင့်ကို ရောက်သွားတာကြောင့်ပဲ တယ်
အပိုင်း ( ၁၄၀) ပြီး၏ ။