အပိုင်း (၁၄၁-၁၅၀)
Vol. 2 Ch. 141-150
အပိုင်း ( ၁၄၁)
“ အရာအားလုံး ဖြစ်တည်မှုရဲ့ ပဲ့တင့်သံ”
ဖန်ကျန်းရှီနဲ့ ရန်ရွှယ် က ဒါကို သိတယ်။ လုယွီရှန်းကတော့ သူတို့ သိနေမယ်လို့ မထင် ခဲ့ ဘူး။ ဒါကြောင့် ဖန်ကျန်းရှီ သူ့ကို တိုက်ခိုက် လာမှာကိုသာ စောင့်နေခဲ့တယ်။
အဲ့ဒီ့နောက် ဖန်ကျန်းရှီ က တကယ်ပဲ တိုက်ခိုက်ခဲ့တယ်။
အရာအားလုံးကတော့ လုယွီရှန်း စီစဉ်ထားတဲ့ အတိုင်း ဖြစ်လာခဲ့တယ်။ ဒါ့အပြင် ရန်ရွှယ်ပါ တိုက်ခိုက်လာခဲ့တယ်။
တောက်ပတဲ့ နေဝန်းနီနဲ့ တောက်ပတဲ့ ငွေလမင်း လေထုထဲမှာ ပေါ်ထွက်လာပြီးတော့ ပတ်ဝန်းကျင် တစ်ခုလုံးကို လင်းထိန်စေတယ်။ အနီရောင်နဲ့ အဖြူရောင် အလင်းတန်းတွေ ထူးဆန်းတဲ့ ပုံစံတွေကို လေထုထဲမှာ ဖန်တီးပေးတယ်။
အဲ့ဒီ့နောက် အနီ နဲ့ အဖြူရောင် အလင်းတန်းတွေ တစ်ခုကို တစ်ခု ဖြတ်ကျော်သွားပြီးနောက် လုယွီရှန်းဆီကို ဥိးတည်လာတော့တယ်။
ဒီ တိုက်ခိုက်မှုရဲ့ အငွေ့အသက်တွေ လေထုကို ခွဲခြားနိုင်တဲ့ အထိ အင်အား ပြင်းထန်ခဲ့တယ်။
လုယွီရှန်းကတော့ နှာခေါင်းရှုတ်လိုက်တော့တယ်။
သူ့ရဲ့ အပြုံးကတော့ စိတ်ပျက်ပြီးတော့ ထီမထင်တဲ့ အပြုံးတယ်
အကယ်၍ လွန်ခဲ့တဲ့ တစ်ရက်တုန်းက သာ ဒါကို တွေ့ခဲ့မယ် ဆိုရင် သူ ထိတ်လန့်မိမှာ အမှန်ပဲ။ သူ့ရဲ့ ပြိုင်ဘက်က ကြယ်တာရာ စုဝေးမှု ထိပ်တန်း အဆင့်ကို ရောက်နေပြီဖြစ်တာကြောင့်ပဲ တယ်
ဒါ့အပြင် ။
နောက်ပြီးတော့ ကြယ်တာရာ စုဝေးမှု အဆင့် နှစ်ဦးရဲ့ ပေါင်းပြီးတော့ တိုက်ခိုက်မှု။
ပိုပြီးအရေးကြီးတာက နည်းလမ်း တစ်မျိုးတည်းကိုပဲ သုံးပြီးတော့ တိုက်တာ။ ဒီ တိုက်ခိုက်မှု လုယွီရှန်းဆီကို တည့်တည့် ပြေးဝင်လာခဲ့တယ်။
အလင်းတန်း နှစ်ခုရဲ့ တွေ့ဆုံမှုက တကယ့်ကို ပြင်းထန် လှတယ်။
ဒါပေမယ့်လည်း ဘဝရဲ့ အပြောင်းအလဲက ထူးဆန်းတယ်။
လူငယ် တစ်ယောက်ရဲ့ အမျိုးသမီးအပေါ် ထားတဲ့ ခံစားချက်က တစ်ရက်အတောတွင်းမှာပဲ ကျင့်ကြံ ဆင့်ကို မြင့်မားစေတယ်။ လုယွီရှန်းအတွက်တော့ သူ့ပြိုင်ဘက်တွေကို မနင်းချေ နိုင်ပေမယ့်လည်းသူတို့ရဲ့ တိုက်ခိုက်မှုကိုတော့ အလွယ် တကူ ရှောင်နိုင်တယ်။
လုယွီရှန်းက ခုန်ရှောင်လိုက်တယ်။ မျက်တောင် တစ်ချက်တောင် မခတ်ပဲနဲ့။
သူ့ရဲ့ လက်ကို ရှေ့မှာ ဝေ့ယမ်းရင်းလိုက်တယ်။ အဲ့ဒီ့နောက် ပန်းရာချီ ဖူးပွင့်လာပြီးတော့ မွှေးရနံ့ ကွင်းပြင် တစ်ခုလုံးမှာ ပျံ့လွှင့်နေတော့တယ်။
အလင်းတန်းတွေ ပန်းပွင့်ဖတ်တွေနဲ့ ထိတွေ့ချိန်မှာတော့ ပွင့်ဖတ်ကနေ အလင်းရောင်ခြည်တွေ အဖြစ် ပြောင်းလဲသွားတော့တယ်။ ဒါပေမယ့်လည်း ပန်းပွင့်တွေကတော့ များလွန်းလှတယ်။
မရေမတွက်နိုင်တဲ့ ပန်းပွင့်ဖတ်တွေ အလင်းဓားတွေကို ခုခံ နေကြတယ်။
ပိုးဖလံမျိုးတွေ မီးကို တိုးနေသလို ။ အလင်းတန်းနှစ်ခုဆီကို တိုးဝင်နေကြတယ်။ ဒါပေမယ့်လည်း အဆုံးမှာတော့ ပွင့်ဖတ်တွေ အလင်းဓားတွေကို အပြတ်ရှင်းနိုင်တော့တယ်။
လုယွီရှန်းကတော့ ပြုံးပျော်နေတော့တယ်။ ဒီလိုမျိုးထိန်းချုပ်နိုင်တဲ့ ခံစားချက်ကို သူ နှစ်သက်တယ်။ ဒါပေါ့ ။ သူကဖန်ကျန်းရှီနဲ့ ရန်ရွှယ်ရဲ့ မျက်လုံးတွေကို စေ့စေ့ကြည့်ရင်း မနေ့က သူခံစားခဲ့ရတဲ့ အရှက်ကွဲ ကြောက်လန့်မှုကို ခံစားစေချင်တယ်။
ဒီ လိုမျိုး
ညီမျှတဲ့ ခံစားချက်ကို ဖန်ကျန်းရှီဖိအားရစေချင်တယ်။
တကယ်တန်းတော့ ဖန်ကျန်းရှီကို ဆယ်ဆ ။ အဆ တစ်ထောင် ပိုပြီး ခံစားစေချင်တယ်။
ဒါပေမယ့်လည်း သူ့အပြုံးကတော့ ကြာရှည် မခံ ပါ ဘူး။ ဒီ အချိန်မှာတော့ မျက်လုံးပြူးသွားရတဲ့သူက သူပဲ တယ် တိုက်ခိုက်မှုတွေ ရပ်တန့်သွားတဲ့ နောက်မှာတော့ ဖန်ကျန်းရှီနဲ့ ရန်ရွှယ် နှစ်ဦးလုံးကို ဘယ်နေရာမှာမှ မတွေ့ရတော့ပါ ဘူး။
သူတို့တွေ မြန်နိုင်သလောက် မြန်အောင် ်ပျောက်ကွယ်သွားတော့တယ်။
သူတို့ နှစ်ဦးစလုံးကို အမြီးတောင် မတွေ့ရတော့ပါ ဘူး။
သွေးနီရောင် လမင်းနဲ့ ငွေရောင် လမင်းကလည်း အတူတူ ပျောက်ကွယ် သွားတော့တယ်။
အရာအားလုံးကတော့ ပုံမှန်ဖြစ်သွားတော့တယ်။ လေပြေညှင်းလည်း တိုက်ခတ်ေ်နသလို တံတားအောက်က ရေလည်း ဆက်လက် စီးဆင်းနေခဲ့တယ်။
လုယွီရှန်းကတော့ သူ့ မျက်နှာပေါ်မှာ ထက်ရှနာကျင်တဲ့ ခံစားမှု တစ်မျိုးကို ခံစားလိုက်ရတယ်။ ဓားတစ်ချောင်းနဲ့ ဖြတ်တောက်ခံလိုက်ရသလိုမျိုး နက်ရှိုင်းတဲ့ ဓားဒဏ်ရာ တစ်ခု ဖြစ်မှန်းသူသိလိုက်တော့တယ်။
သူ့ရဲ့ ပန်းမိုးတွေရဲ့ အစွမ်းက အလင်းရောင်တွေကို မကာကွယ်နိုင် ဖူးလား။
အသေအချာကို ခုခံနိုင်တာပဲ။ ဘာလို့ ငါက ဒဏ်ရာရနေသေးတာလဲ။
ဘာကြောင့် ဒဏ်ရာက နက်နေတာလဲ။ ဒီ လောက်နာရတာလဲ။
လုယွီရှန်းက သူ့ဘေးက လူရွယ်ကို ကြည့်လိုက်တယ်။ လူရွယ်ကတော့ ဖန်ကျန်းရှီနဲ့ ရန်ရွှယ်ပျောက်သွားတဲ့ နေရာကို ငေးကြည့်နေတော့တယ်။ သူတို့ အကုန်လုံးကတော့ ထိတ်လန့်ကြောက်ရွံ့ စွာနဲ့ ဖန်ကျန်းရှီနဲ့ ရန်ရွှယ် ပျောက်သွားတဲ့ နေရာဆီကို ငေးကြည့်နေကြတယ်။ ဘယ်သူကမှ လုယွီရှန်းကို ကြည့်မနေ ပါဘူး။
“ဖြန်း” လုယွီရှန်းက သူ့ လက်ကို မြှောက်လိုက်ပြီးတော့ အနီးဆုံး လူရွယ်ကို ရိုက်ချလိုက်တယ်။
ဒါက ပတ်ဝန်းကျင်ကို ပဲ့တင့် ထပ်သွားပြီးတော့ သတိ ပြန်ဝင်လာစေတယ်။
ဒီ ရိုက်ချက်ကလည်း သူ့ မျက်နှာပေါ်ကနာကျင်မှုကို တိုးလာစေတယ်။
“မင်းတို့ ဘာငိုင်နေတာလဲ။ မြန်မြန်လိုက်စမ်း။”
လူငယ်တွေတော့ ပြေးကြတော့တယ်။ ဒါပေမယ့်လည်း ဖန်ကျန်းရှီနဲ့ ရန်ရွှယ် ဘာကြောင့် ပြေးသွားလဲ ဆိုတာ နားမလည် နိုင်ကြပေမယ့် သူတို့လည်း လိုက်ပြေးတော့တယ်။
နောက်ပြီးတော့ တစ်စက် လေးမှကို မတွေဝေပဲ ပြေးတာ တယ်
ဘယ်လောက်တောင် သူရဲကောင်း မဆန်လိုက်သလဲ။
လူငယ်တွေ မပြောနဲ့ လုယွီရှန်းတောင်မှ ဖန်ကျန်းရှီတို့ ဘာလို့ပြေးလဲ နားမလည်ပါ ဘူး။
အကြာင်းရင်းကတော့ ရိုးရှင်းလှပါတယ်။ ဘာကြောင့်လဲဆိုတော့ လုယွီရှန်းက အင်အားကြီးတဲ့ မိသားစု တစ်ခုက သူ ဖြစ်တဲ့ အတွက် သူ့ရဲ့ စကားကို နားထောင်တာက အကျိုးရနိုင်တယ်။
အမြင်တစ်ခုနဲ့ ကြည့်မယ်ဆိုရင် လူတစ်ယောက်လည်း တိုက်ပွဲမှာ အရင် ရှုံးရမှာပဲ။
ဆက်သွယ်မှု အပေါ်မူတည်ပြီးတော့ သူတို့လည်း ဆုတ်ခွာရမယ်။
ဘယ်လောက်တောင် ယုတ္တိမတန်လိုက်သလဲ။
လုယွီရှန်းပြောလိုက်လို့ လူငယ်တွေ ပြေးလိုက်ချိန်မှာတော့ လုယွီရှန်း တစ်ဦးတည်း ကျန်ရှိနေခဲ့တော့တယ်။ ရုတ်တရက် အဖြစ်ပြီးသွားပြီးနောက်မှာတော့ နာကျင်မှု ပြန်လည်ရောက်ရှိလာတော့တယ်။ သူ့ရဲ့ နာကျင်မှုကို တစ်ခဏတာပဲ တားဆီးနိုင်တယ်။
…
ဖန်ကျန်းရှီ တက်ယ့်ကို ပေးတာတယ် ပိုပြီးတော့ တိတိကျကျ ပေါ်ရရင်တော့ ရန်ရွှယ်ကအရင် ဆုတ်ခွာခဲ့တာတယ် အဲ့ဒီ့နောက် သူ ပြေးသလိုပဲ ဖန်ကျန်းရှီကို ဆွဲခေါ်ခဲ့တာတယ်
“ သူ့ကြည့်ရတာ အတော်လေးကို အင်အားပြည့်နေပြီ။ ”
“ဟုတ်တယ်။ ငါတို့ နှစ်ယောက်ပေါင်းတာတောင် သူ့ကို ဒဏ်ရာ နည်းနည်းလောက် ပဲ ရစေနိုင်တယ်။ ”
“ဒါက ကောင်းကင်ရောင်ပြန် အဆင့်ရဲ့ အစွမ်းလား။ ” ဖန်ကျန်းရှီက စိတ်ရှုပ်နေတော့တယ်။ ပန်းပွင့်ဖတ်တွေက လေထုထဲမှာ လင်းကိုတောင် တားနိုင်တယ်။
“ “ အမ်။ မင်း ကောင်းကင် ရောင်ပြန်အဆင့်ကိုသာ ရောက်သွားရင် မင်းရဲ့ စိတ်အာရုံနယ်မြေကလည်း အပြင်ဘက် လောကနဲ့ ချိတ်ဆက်နိုင်တယ်။ ဒီ ချိတ်ဆက်မှုကလည်း မင်းရဲ့ ဘေးမှာ ရှိတဲ့ အရာတွေကို ရွေ့လျားစေနိုင်တယ်။ ” ရန်ရွှယ်ကတော့ ဖန်ကျန်းရှီ တာအို ခန်းမကို ဝင်ဖူးတာ သိတဲ့ အတွက် ဒီ မေးခွန်းနဲက ပတ်သက်ပြီးတော့ မအံံသြတော့ ပါဘူး။
“ ဒါက မင်းရဲ့ တောင်နဲ့မြစ် မိုးမြေ ယပ်တောင်ထဲက နေရာလိုပေါ့။”
“ ခြားနားချက်တွေတော့ ရှိတယ်။ ယပ်တောင်က နေရာ က ဘောင် တစ်ခုနဲ့ ကန့်သတ်ထားတယ်။ မင်း ကောင်းကင်ရောင်ပြန် အဆင့်ကို ရောက်တဲ့ အချိန်မှာ အပြင်ဘက် ကမ္ဘာနဲ့ စိတ်အာရုံနယ်မြေကို ချိတ်ဆက်နိုင်သွားမယ်။ လုယွီရှန်းရဲ့ ပန်းပွင့်ဖတ်တွေကလည်း သူ့ စိတ်အာရုံနယ်မြေထဲက လာတာဖြစ်နို်င်တယ်။
“ ဒါက သူ ပန်းပွင့် ပင်လယ်ကို ဖန်တီးနိုင်တယ်ဆိုတော့ သူ့ ဘေးမှာ ရှိတဲ့ သက်ရှိတွေနဲ့ကော ဆက်သွယ်နိုင်တာလား။”
“ သူက ပန်းပွင့်ဖတ်တွေကိုပဲ ရွေ့နိုင်တာ။ သူ့ရဲ့ စိတ်အာရုံနယ်မြေထဲမှာသာ သစ်ပင်တွေ ရှိနေရင် သူလည်း သစ်ပင်တွေကို ရွေ့နိုင်တယ်။ တူညီနဲ့နည်းလမ်းလိုပဲ မြက်ပင်တွေ ရေနဲ့ ကျောက်တုံးတွေရှိနေရင်လည်း ရွေ့နိုင်တယ်။ မင်းရဲ့ စိတ်အာရုံနယ်မေထဲမှာ ရှိတဲ့ အရာတွေ အကုန်လုံးကို ရွေ့နိုင်တယ်။
“အင်အားကြီးလွန်းတယ်။ ဒါဆို ငါတို့ ဘယ်လို လုပ်နိုင်မှာလဲ။”
“ အကောင်းဆုံးနည်းလမ်းကတော့ သူ့စိတ်အာရုံနယ်မြေထဲက မဆက်သွယ်နိုင်တဲ့ အရာတွေ ရှိတဲ့ နေရာကို သွြးရမယ်။”
“အကယ်၍ အဲ့လို နေရာမရှာနိုင်ရင်ကော။ ”
“ ဒါဆိုရင်လည်း ကောက်ကျစ်မှု လုပ်ရတော့မှာပေါ့။”
ဖန်ကျန်းရှီကတော့ ခေါင်းငြိမ့်ရင်း ထောက်ခံလိုက်တော့တယ်။ ရန်ရွှယ်က ဒီ လိုမျိုး ကောက်ကျစ်ရမယ် ပြောလာရင်ဒါကသူတို့ ထိပ်တိုက်တွေ့ရင် တကယ်ပဲ အထိနာနိုင်တာကြောင့် တယ် အဆင့်ကွာခြားချက်က တကယ့်ကို အရေးပါ လွန်းတယ်။
ရှစ်နှစ်အတွင်းမှာ ဖန်ကျန်းရှီက တာအို မုခ်ကို အောင်မြင်ပြီးတဲ့နောက် နတ်ဆိုးစည်း အဲ့ဒီ့နောက် ကြယ်တာရာစုဝေးမှု အဆင့် ။ ကြယ်တာရာ စုဝေးမှု အောင်မြင် အဆင့်ထိရောက်ခဲ့တယ်။
ဒါက သူကြိုးစားလေ့ကျင့်လို့ ဖြစ်တာမဟုတ် ဘူး။
နောက်တစ်ဆင့်ကို သူ ဘယ်လို တက်ရမလဲ ဆိုတာ တကယ့်ကို မသိခဲ့ဘူး။
ဒါကြောင့် သူ့အဆင့်က ကြယ်တာရာ စုဝေးမှု အဆင့်မှာပဲ ရပ်နေခဲ့တာ။ ကြယ်တွေကို စုဆောင်းရင်း တာအို နိယာမ ဖန်တီးမှုကို နားလည်အောင်ပဲ လုပ်နေခဲ့တာ။ ဒါက သူ့ စိတ်အာရုံနယ်မြေထဲမှာ ထောင်ချီတဲ့ ကြယ်တွေကို စုဝေးစေတုယ်။
…
နွေ ဥယျာဉ်ကို ကျော်ဖြတ်ပြီးနောက်မှာတော့ သစ်တောအုပ်ကြီး တစ်ခုကို တွေ့လိုက်တယ်။ မိုးထိ မတ်မြင့်တဲ့ သစ်ပင်ကြီးတွေ မိုးလည် မရွာ ေ နွဦလိုလည်း မနွေးထွေး ဘူး။
ကျစ်ကျစ်တောက် ပူနေတဲ့ နေမင်းနဲ့ မီးဖိုလို အပူတွေသာ ရှိနေတယ်။
“ကြည့်ရတာ ငါတို့ နွေရာသီကို ရောက်လာပုံပဲ“ ဖန်ကျန်းရှီက မြင့်တက်လာတဲ့ အပူချိန်ကို ကြည့်ရင်း ပြောလိုက်တယ်။
“ အပြိုင်နယ်မြေ တိုင်းက ပြင်ပလောကနဲ့ တူညီစွာပဲ ရာသီ လေးခု ရှိတယ်။ ” ရန်ရွှယ်က သူ့ရှေ့က သစ်တောကို ကြည့်ရင်းပြောလိုက်တယ်။ သူ့ရဲ့ လေသံကတော့ အတော်လေးကို မောပန်းနေဟန်ပါပဲ။
“ သခင်ကြီး ချီဟို့ မှာလိုက်သလို ငါတို့ အတူတူ အလုပ်လုပ်တာ အကောင်းဆုံးဖြစ်မယ်။ ” ဖန်ကျန်းရှီလည်း ပြောလိုက်တယ်။
“အမှန်ပဲ။ ” ရန်ရွှယ်ကတော့ဖန်ကျန်းရှီရဲ့ စကားကို ထောက်ခံလိုက်တယ်။
အဲ့ဒီ့နောက် သူတို့ နှစ်ဦးလုံး သစ်တောထဲကို ဝင်ခဲ့ကြတော့တယ်။
သူတို့ အရှေ့မှာတော့ သားရဲကောင်တွေ ဟိန်းသံနဲ့ ငှက်တွေရဲ့ အသံ စာစာကိုပါ ကြားနေရတယ်။
…
“Ah!”
“Aiyo…”
လူငယ်တွေရဲ့ အော်သံတွေ တံခါးငယ်လေးကို ဖြတ်သန်းပြီးတဲ့နောက် ချက်ချင်းဆိုသလို ထွက်ပေါ်လာတော့တယ်။ အကြောင်းရင်းကတော့ ရိုးရှင်းပါတယ်။ သူတို့ သံတွေကို တက်နင်းမိကြလို့ပဲ တယ်
ဖန်ကျန်းရှီ မတော်တဆ ကျကျန်ခဲ့တဲ့ သံချောင်းတွေပေါ့။ အတော်လေးကို ကျွမ်းကျွမ်းကျင်ကျင် ပြေးလွှားရင်းနဲ့ ချထားတာတယ် အဖျားမှာတောင် သံဆူးကောက်လေးတွေ တပ်ထားသေးတယ်။
ဒါမှ အသားကို ကောင်းကောင်း ဖောက်နိုင်မှာတယ်
ဖန်ကျန်းရှီကတော့ သူ့အတွက် တစ်ချို့ တစ်လေကိုတောင် အရေးပေါ်အနေနဲ့ ချန်ထားခဲ့သေးတယ်။
လုယွီရှန်းကတော့ တ့ခါးငယ်လေးကို ဖြတ်လာချိန်မှာ ဒါကို မြင်လိုက်တဲ့ အတွက် သူလည်း အံ့သြသွားခဲ့တယ်။ သူလည်း အတော်လေးကို အံ့သြနေခဲ့တယ်။ မင်းတို့ အကုန် လူတစ်ယောက်ကို မဖမ်းရသေးခင်မှာ အကုန် ဒဏ်ရာရကုန်ကြတာလား။
ဘယ်လိုပဲ ဖြစ်ဖြစ် သူ့ရဲ့ ဘေးက သူတွေ အကုန်လုံးက အနည်းဆုံးတော့ ကြယ်တာရာ စုဝေးမှု နောက်ဆုံး အဆင့်ကိုရောက်နေပြီ ဖြစ်တဲ့ အတွက် သူတို့မှာ ရှိတဲ့ အစွမ်းနဲ့ ညီအောင်လောက်တော့ လုပ်ဆောင်မယ် ထင်နေခဲ့တာ။
ဒီလောက် အရောင် တောက်နေတဲ့ သံကိုတောင် မရှောင်နိုင်ကြ ဘူးလား။
လုယွီရှန်းက ဒီ လူတွေကို သင်ခန်းစာကောင်းကောင်းရစေဖို့ ဆုံးဖြတ်လိုက်တော့တယ်။
အဲ့ဒီ့နောက် သူ ခြေ တစ်လှမ်း ထပ် လှမ်းလိုက်ချိန်မှာပဲ။ သူ့ခြေထောက်က နာကျင်မှုကို ခံစားလိုက်ရတော့တယ်။ ခြေထောက်ကို ရွှေ့ပြီးနောက် တစ်ချက်ကြည့်လိုက်ချိန်မှာတော့ အစိမ်းရောင်ခြယ်ထားတဲ့ သံကို တွေ့လိုက်ရတယ်။
“ အားးးး။။။။ ငလူး။ မြက်တွေကြားမှာ သံ ချောင်းတွေအရောင်ခြယ်ပြီးချထားတယ်။ ” လုယွီရှန်းရဲ့ အသံကတော့ မိုးအောက် မြေပြင်ကို ဟိန်းထွက်သွားတော့တယ်။
…
ရန်ရွှယ်က ဒီ အသံကို ကြားလိုက်ပြီးနောက် ဖန်ကျန်းရှီဘက်ကို မယုံသင်္ကာနဲ့ လှည့်ကြည့်လိုက်တော့တယ်။
“ ဒါက လုယွီရှန်းရဲ့ အသံလား။” ဖြစ်နိုင်တယ်။
“ နွေဥယျာဉ် ထဲကို တစ်ခုခုများဝင်လာလို့လား။” ရန်ရွှယ်က သူ့အနားမှာ သားရဲကောင် အငွေ့အသက်ကို ခံစားမိတဲ့ အတွက် ပြောလိုက်တော့တယ်။
“ ကြည့်ရတာ မတော်တဆ သံ ပေါ်ကို တက်နင်းတာ ဖြစ်မယ်။ ” ဖန်ကျန်းရှီက နွေဦး ဥယျာဉ် ထဲကိုပြုံးပြီးတော့ ကြည့်လိုက်တော့တယ်။
“ သံတွေ။” ဖန်ကျန်းရှီကို ရန်ရွှယ်က မျက်လုံးပြူးကြီးနဲ့ ကြည့်နေတော့တယ်။ နွေဦး ဥယျာဉ်ထဲမှာ ပန်းနဲ့ မြက်ပင်စိမ်းတွေပဲ ရှိနေတာပါ။ ဘာကြောင့် သံတွေ ရောက်လာရတာလဲ။
“ အမ်။ ငါတို့ မြန်မြန်သွားဖို့ လိုတယ်။ အခုပဲ။ ဒါကြောင့် ငါ တံခါးဝမှာ သံနည်းနည်းလောက် ချထားခဲ့တယ်။ ”ဖန်ကျန်းရှီက အိတ်တစ်အိတ်ကိုပြရင်း ပြောလိုက်တယ်။
အိတ်ထဲမှာတော့ ရောင်စုံသံတွေ ရှိနေတယ်။ - အစိမ်း။ အဝါ။ အနက်။ အဖြူ”
အပိုင်း ( ၁၄၁) ပြီး၏။
အပိုင်း (၁၄၂)
“ ကြောက်မက်ဖွယ် မြင်ကွင်း”
ဖန်ကျန်းရှီကတော့ ပစ္စည်း တွေကို ဖြုန်းတီးတာမျိုးကိုတော့ မနှစ်သက်ပါဘူး။
သံသေးသေးလေးတွေကို သယ်ရလွယ်အောင် အသုံးပြုပေမယ့်လည်း ခြုံပုတ်တွေထဲကိုသာ များများ ထည့်တယ်။
သမိုင်းသင်ခန်းစာတွေက သင်တာကို သူ ကောင်းကောင်း လိုက်နာနေတာတယ်
ရှန်းယီရဲ့ စစ်တပ် အကာကွယ်ကို ဟန်ရှင်း ယူခဲ့စဉ် အချိန်က
တစ်ခါမှာ ချင် စစ်တပ်ကို ရှန်းယွီက ထောင်ချောက်ဆင် ခဲ့တယ်။ သူတို့ နှစ်ဦးက ချင်စစ်တပ် တောင်တွေကို ဖြတ်လာချိန်မှာ မီးနဲ့ တိုက်ဖို့ အတွက် အစီ အစဉ် ချခဲ့ကြတယ်။
ကွာခြားချက်ကတော့ ရှန်းယွီက မင်းမြှားတွေကို သုံးဖို့ ပြောတဲ့ အချိန်မှာ ဟန်ရှင်းက မီးမြှားတွေမပြစ် ခင် ဆီတွေ လောင်းချဖို့ အကြံ ပြုခဲ့တယ်။
အဆုံးသတ်မှာတော့ ပျက်စီးမှုရဲ့ ကွာခြားချက်ကတော့ ရှင်းပါတယ်။
သံတွေကို သုံးတာကလည်း နည်း အတူတူပဲ တယ် ချုံပုတ်ထဲမှာ ချရင်တော့ အစိမ်းရောင်ကို သုံးမယ်။ သဲထဲ ချမယ် ဆိုရင်တော့ အဝါရောင်ကို သုံးမယ်။ ညဆိုရင်တော့ သံ အနက်တွေကို သုံးမယ်။
မဟုတ်ရင်တော့ ဖြုန်းတီးတာ ဖြစ်သွားလိမ့်မယ်။
ရန်ရွှယ်ကတော့ ဖန်ကျန်းရှီရဲ့ လက်ထဲက သံ အိတ်ကို ကြည့်ပြီးနောက် မြေပြင်ပေါ်မှာ ရှိနေတဲ့ သံတွေကို ကြည့်လိုက်တယ်။
“မင်းလည်း လုပ်ကြည့် ချင်လို့လား။”
“အင်း”
“မင်း လမ်းပေါ်ကို သံ ချောင်း ချမယ်ဆိုရင် အကောင်းဆုံးက သူတို့မြင်သာအောင် အရင် ချလိုက်။ ပြီးမှ ချုံပုတ်နဲ့ လမ်းဘေးတွေမှာ အရောင်ခြယ် ထားတာတွေကို ချ”
“ ကောင်းပြီ။ ” ဖန်ကျန်းရှီ သင်ကြားနေချိန်မှာတော့ ရန်ရွှယ်ရဲ့ မျက်လုံးတွေက ပျော်ရွှင်မှုနဲ့ ဘလင်းဘလင်း တောက်နေတော့တယ်။
ဖန်ကျန်းရှီကတော့ ပြုံးလိုက်တယ်။ ဒီ ထောင်ချောက်တွေကို ဆင်လာတာ ၈နှစ်လောက်ကြာပြီးမှတော့ သူက ဒီ ပညာရပ်မှာ ဂုရုကြီး ဖြစ်နေပြီ။
သူ့ရဲ့ သုတေသနနဲ့ လက်တွေ့ ၈နှစ်တာ အတွေ့ အကြုံ အရ။ သူ လုံးဝကို ပရိုကြီး (professional) တစ်ယောက် ဖြစ်နေပြီ။
ကောင်းပြီလေ။
ဒါတွေ လုပ်နေတာ ရည်ရွှယ်ချက် တော့ရှိတယ်။
သံတွေကို အကျိုးရှိရှိ ချဖို့ အတွက်တော့ လိုတယ်။
…
ဖန်ကျန်းရှီနဲ့ ရန်ရွှယ်က တော့ လမ်းတစ်လျှောက်လုံးမှာ သိပ်ကို အေးဆေးပါတယ်။ သူတို့ တွေ့လာနိုင်တဲ့ အန္တရာယ်တွေကို တွေးတောင် မတွေးပါ ဘူး။ ရန်ရွှယ်ကလည်း ဖန်ကျန်းရှီ သင်ကြားပေးနေတဲ့ နည်းလမ်းတွေကို အသေးစိတ် စမ်းသပ် ကြည့်နေပါတယ်။
သူက အမြဲတမ်း ဖန်ကျန်းရှီကို လေ့ကျင့်ပေးတဲ့သူ ဖြစ်ခဲ့တယ်။ ဒါပေမယ့်လည်း ဒီ အချိန်မှာတော့ ဖန်ကျန်းရှီက သူ့ကို သင်ပေးတဲ့သူ ဖြစ်ပြန်တယ်။ နည်းနည်းတော့ စိတ်ထိခိုက် စရာ ကောင်းပြန်တယ်။
ဖန်ကျန်းရှီနဲ့ ရန်ရွှယ် ထွက်သွားပြီး သိပ်မကြာခင်မှာပဲ…
လုယွီရှန်းလည်း ရောက်ရှိလာတော့တယ်။ ပထမ တစ်ကြိမ် သံစူးထားတဲ့ အတွေ့ အကြုံအရ။ သေချာကြည့်လိုက်တော့ လမ်းမလယ်မှာ ရန်ရွှယ် ချထားခဲ့တဲ့ သံတွေကို မြင်လိုက်ရတယ်။
“ နောက်တစ်ခါလား။ နောက်တစ်ခါတော့ အဖြစ်မခံ နိုင်တော့ ဘူး။” လုယွီရှန်းက သူ့ ခေါင်းကို လှည့်လိုက်ပြီးနောက် လူရွယ်တွေကို အော်လိုက်တယ်။ “ မျက်လုံးတွေကို ကျယ်ကျယ် ဖွင့်ပြီးတော့ လမ်းပေါ်က သံတွေကို ကြည့်။ အရူးတွေ”
ပြောပြီးတဲ့ နောက် လုယွီရှန်းလည်း လည်း လမ်းဘေးက ခြုံပုတ်တွေကို လှည့်ပြီး လျှောက်တော့တယ်။
အဲ့ဒီ့နောက်။
ဘာမှ ဖြစ်မလာ ဘူး။
လုယွီရှန်းလည်း စိတ်အေးသွားတော့တယ်။ ဒီ တစ်ကြိမ်မှာတော့ အရင်တစ်ခါလိုမျိုးလှည့်စားခံရတာတွေ လွတ်မြောက်သွားပြီလို့ ထင်လိုက်တယ်။ သူ့နောက်က လူရွယ် တွေကို ကြည့်ရင်း သူ ဘယ်လောက် ထက်မြက်ကြောင်း ပြောတော့တယ်။
“ ငါ့နောက်ကို လိုက်ခဲ့။ မြန်မြန်လျှောက်။ ဒီ နေ့ ဖန်ကျန်းရှီကို အသေသတ်မယ်။ ”
သိပ်မကြာခင်မှာပဲ။
“ အားးးး။ င လူး ငလူး။ ငလူးးး။ ” လုယွီရှန်းရဲ့ အသံ စိတ်မချမ်းသာ စရာ ကောင်းလောက်အောင် ပေါ် ထွက် လာပြန်တယ်။ “ ဖန်ကျန်းရှီ။ ငါ မင်းကို အရှင် မထား ဘူး။”
…..
ဖန်ကျးန်ရှန်ကတော့ ရန်ရွှယ်ကို ထောင်ချောက် ဆင်မှုတွေအကြောင်း သင်ကြားပေးနေတာပဲတယ် သူ့ နောက်က အော်ဟစ်သံကို ကြားပြီးနောက်မှာတော့ သူ့ စိတ်ထဲမှာ မှားနေသလို ခံစားလိုက်ရတယ်။
အဲ့ဒီ့သံချောင်းတွေက ရန်ရွှယ် ချထားတာလေ။
ဘာကိစ္စ သူ့ နာမည် တပ်ပြီး အော်ဆဲနေတာလဲ။
နောက်ဆုံးမှာတော့ လည်း ဖန်ကျန်းရှီက သံတွေကို ယူလာတဲ့ သူပဲလေ။ ရန်ရွှယ်က ဟိုပစ် ဒီ ပစ် ပြစ်ရုံလေးပဲ။
အပြစ်ကင်းစင်ပြီး ဖြူစင် ရိုးသားလွန်းတဲ့ လူငယ်လေး နှစ်ဦးကတော့ တစ်ဦးကို တစ်ဦး ကြည့်ရင်း ခေါင်းငြိမ့်လိုက်တော့တယ်။ ဖန်ကျန်းရှီကတော့ “ မဆိုးဘူး” လို့ ဆိုလိုတာ ဖြစ်ပြီး။
ရန်ရွှယ်ကတော့ “ ကောင်းကောင်းလုပ်ခဲ့တယ်၊” လို့ ဆိုလို တာ တယ်
သူတို့မှာ သံ လေး နည်းနည်းပဲ ကျန်တော့တဲ့ အတွက် ဖန်ကျန်းရှီ က တောတွင်း ပရိယာယ် ထောင်ချောက်တွေ ရန်ရွှယ်ကို သင်ပေးနေတာ တယ်
ဥပမာအားဖြင့် ဘယ်လို သစ်ကိုင်းမျိုးက သစ်သား လှံ အဖြစ်ကို လွယ်လွယ် ပြောင်း နိုင်သလဲ ဆိုတာမျိုး။ ဘယ်လို လှံမျိုးက သားကောင်ကို တိတိကျကျ ထိနိုင် မလဲ ဆိုတဲ့ အရေးကြီးတဲ့ အချက်မျိုးတွေ ကိုပေါ့။
အမဲလိုက် တာကနေ ရလာတဲ့ သူ့ရဲ့ အတွေ့အကြုံတွေ ပဲ တယ် ဒါပေမယ့်လည်း ဖန်ကျန်းရှီရဲ့ အတွေ့ အကြုံအရ အချိန်အဆ တိကျမှု နည်းနည်းပိုသွားတာနဲ့ သေစေ နိုင်လောက်တယ်။
ရန်ရွှယ်ကတော့ ဂရုတစိုက် နားထောင်နေခဲ့တယ်။ ဖန်ကျန်းရှီကတော့ သရုပ်ပြနေခဲ့တယ်။
နောက်ဆုံးမှာတော့ ဖန်ကျန်းရှီက ရန်ရွှယ်ကို ကိုယ်တိုင် စမ်းသပ်ကြည့်ဖို့သာ ပြောလိုက်တယ်။
အသိပညာ အသစ်တွေက စိတ်ဝင်စားမှုကို ပြောင်းလဲ စေပြီးတော့ စူးစမ်းမှုကို တိုးစေတယ်။ မြို့မှာပဲ နေတဲ့သူ တစ်ယောက် ဖြစ်တဲ့ ရန်ရွှယ်ကတော့ တောနဲ့ ပတ်သက်တဲ့ အသိ ပညာ နည်းပါးတယ်။
ဒါကြောင့် အသေအချာကို လေ့လာတယ်။
သိပ်မကြာခင်မှာပဲ။
လမ်းတစ်ခုလုံး ထောင်ချောက်အမျိုးမျိုးနဲ့ ပြည့်သွားတော့တယ်။ ဒီ လမ်း တစ်လျှောက် လုံးမှာ ထောင်ချောက်ပေါင်း သုံးဆယ် ကျော်ရှိတယ်။
…
လုယွီရှန်းလည်း နောက်ဆုံးမှာတော့ အထိခိုက်နည်းစေမယ် ဆိုတဲ့ အတွေးကို စွန့် လွှတ်လိုက်တော့တယ်။ ပထမဆုံးအနေနဲ့ ဒီ လိုမျိုး အခက်အခဲ အများကြီးကို သူကြုံရတာ တယ် နောက်ပြီးတော့ လည်း ဒါက အပြိုင် နယ်မြေ တစ်ခုမှာ။
အပြိုင်နယ်မြေ တွေ အကုန်လုံးက ပြင်ပ ကမ္ဘာနဲ့ တူညီတယ်။
ရာသီ လေးမျိုး ရှိသလို သစ်ပင်တွေ သားကောင်တွေ တောင်နဲ့ မြစ်။အပြင် မသိတဲ့ သက်ရှိတွေလည်း ရှိတယ်။
မသိတဲ့ အရာတွေ အားလုံးက အန္တရာယ် များနိုင်တယ်။ လုယွီ ရှန်းကတော့ ဒါကို ဒူးထောက်လိုက်ပြီးတော့ သူ့ရဲ့ စွန့်စားမှုကို ပြန် ေ ဆ ွးနွေးဖို့ ဆုံးဖြတ်လိုက်တယ်။
ကံမကောင်းစွာနဲ့ပဲ အနက်ရောင် ဝတ်ထားတဲ့ လူငယ်က ရှေ့ကို တွန်းပို့ ခံ လိုက်ရတယ်။ သူက လောက ထိပ်တန်း ကျောင်းတော်သားတစ်ဦးပဲ။ အသက် ၂၂ နှစ်မှာတင် * ကြယ်တာရာ စုဝေးမှု အောင်မြင် အဆင့်ကို ရောက်နေခဲ့ပြီ။ သူက နိုးထ လာသော နဂါး အဆင့် က နံပါတ် ၈၉ တယ် သူ့ရဲ့ အဆင့်က မမြင့် ပေမယ့်လည်း သူက တော့ အဆင့်ထဲ ဝင်နေတုန်းပါပဲ။
အရှေ့ကို တွန်းပို့ ခံလိုက်ရတာကတော့ သူက အရည် အချင်း နည်းလို့ မဟုတ် ဘူး။
သူ့မှာ ချွင်းချက် တစ်ခု ရှိနေလို့ပဲ ဖြစ်တယ။်
ဒါကတော့ သူက ကျောင်းတော် ၁၃ ခုထဲက ကျောင်းတော်သား မဟုတ်တာလေး တစ်ခုပဲ။
ဒါက နိုင်ထက် စီး နင်း ပြုတာ ဖြစ်ပေမယ့်လည်း လောက သဘော တရားဆိုတော့ လည်း ရှောင်လွှဲ မရ ပြန် ဘူး။
…
ဖန်ကျန်းရှီနဲ့ ရန်ရွှယ်ကတော့ သစ်တောထဲမှာ ဘေးခြင်း ယှဉ် လျက် လမ်းလျှောက်နေခဲ့တယ်။ လုယွီရှန်းနဲ့ တခြားသူတွေ သူတို့ နောက်က လိုက်လာမှန်း ကောင်းကောင်းသိတယ်။ သူတို့ အသံတွေ ကြားနေရတာ ကြောင့်ပဲတယ်
အသံတွေက ကျယ်လောင်ပြီး တကယ်ပဲ သနား စရာ ကောင်းတယ်။ ကြားဖို့ မခက်လူး။
ဖန်ကျန်းရှီ ဒီ အချိန်မှာတော့ လုယွီရှန်းရဲ့ ခံစားချက်တွေကို နားလည် ပါတယ်။ အကယ်၍ ရွေးချယ် စရာ သာ ရှိမယ် ဆိုရင် လုယွီရှန်းက သူ့ လမ်းကြောင်းကို ပြောင်းလဲ မှာ အမှန်ပဲ ။ တကယ်တမ်းတော့လည်း သစ်တောထဲမှာ လမ်းကြောင်းတွေ များ လွန်းတယ်။
ဒါပေမယ့်လည်း သူ မလုပ်နိုင်ဘူး။
ဖန်ကျန်းရှီ နောက်ကိုသာ လိုက်ပြီးတော့ သူ ခံစား နေရတဲ့ နာကျင်မှုကို တုံ့ပြန်ချင်တယ်။ ဖန်ကျန်းရှီကို သူ ခံစားရတာထက် အဆပေါင်း များစွာ ခံစားစေချင်တယ်။ ဒီ လို ကြောင့်ပဲ ဖန်ကျန်းရှီ လမ်းကို လိုက်နေတာတယ်
ဖန်ကျန်းရှီ ဒါကို သိပြီးတဲ့ နောက်မှာတော့ တတ်နိုင် သလောက်ကို လုယွီရှန်းနဲ့ မဝေးကွာအောင် လုပ်တော့တယ်။
လုယွီရှန်း ကို သူ့နောက် လိုက်လာစေတယ်။
ဒါပေါ့။ ဒါနဲ့ လုံလောက်မလား။ နောက်ဆုံးမှာတော့ အထိ အနာဆုံး သူက ဆုတ်ခွာ ရမှာပဲ။
လုယွီရှန်းကို ကြိုးရှည်ရှည်နဲ့ လှန်ထားပြီးနောက်မှာတော့ ဖန်ကျန်းရှီလည်း သူ့ရဲ့ လမ်းကို အော်သံတွေ ထွက်တဲ့ ဘက်ကို တဖြည်းဖြည်းချင်း ရွေ့ရွေ့သွားတယ်။ လုယွီရှန်း သူ့နောက်ကို လိုက်လာနိုင်အောင် သစ်ပင်တွေမှာ အမှတ်အသား တစ်ချို့ကို ချန်ထားခဲ့တယ်။
တခါတစ်လေမှာ သူတို့နဲ့ လုယွီရှန်း ကြား အကွာ အဝေး အရမ်းခြားသွားမှာကို ကာကွယ်ဖို့ အတွက် ရန်ရွှယ်နဲ့ ဖန်ကျန်းရှီက အနားယူပြီး စားသောက်တယ်။
ဒါကတော့ လုယွီရှန်းကို သူတို့ စီစဉ်ထားတဲ့ ကြိုးပေါ် ကောင်းကောင်း လျှောက်လှမ်းနိုင်ဖို့ပဲ တယ်
သစ်တောထဲမှာတော့ အန္တရာယ် များလွန်းတယ်။ ဖန်ကျန်းရှီလည်း အမျိုးအမည် မသိ သတ္တဝါတွေ ဆိက အန္တရာယ် အငွေ့ အသက်တွေကို ခံစားရတယ်။ ဒီ လို အချိန်မှာတော့ ကိုယ့်ကိုကိုယ် ကာကွယ် တတ်ဖို့ ကောင်းကောင်းလိုတယ်။ ဖန်ကျန်းရှီကတော့ ပိုပြီးသန်မာသူက ပိုပြီး ဖော်ရွေ ရမယ်လို့ အမြင် ရှိတာပဲ တယ်
ဒါကြောင့် အင်အားပိုကြီးတဲ့ လုယွီရှန်းကိုပဲ ဖော်ရွှေမှု ပြသဖို့ တိုက်ခိုက်ခိုင်းတော့တယ်။
အုပ်စု နှစ်ခု ကွဲ ထွက်နေသလိုမျိုး တစ်ဦးက ဖြည်းဖြည်းသွားနေပြီးတော့ တစ်အုပ်စုကတော့ သနားစဖွယ် ကောင်းလောက်အောင် သွေးချွေးကြားမှာ တိုက်ခိုက်ရင်း အမျိုးအမည် မသိ အရာတွေ ရန်က ရှောင်ရှားနေရတယ်။
ဒါက သခင်ကြီး ချီဟို့ မှာလိုက်တဲ့ အသင်းအဖွဲ့ လုပ်ဆောင်မှုပဲ ဖြစ်ရမယ်။
….
ဖန်ကျန်းရှီနဲ့ ရန်ရွှယ်ကတော့ လုယွီရှန်းကို ဖြည်းဖြည်းချင်း ညှင်းနေကြတယ်။ နောက်က လိုက်လာတဲ့ အုပ်စု အတွက် ထောင်ချောက်တွေရော အမျိုးအမည် မသိ သတ္တဝါ တွေရဲ့ တိုက်ခိုက်မှုပါ ဆီးကြိုနေခဲ့တယ်။
“ သူတို့ နောက်တစ်ခါ တိုက်နေကြပြန်ပြီ။” ဖန်ကျန်းရှီကတော့ တိုက်ပွဲခေါ်သံ တွေကို ကြားနေရတဲ့ အတွက် ပြောလိုက်တယ်။ သူ့နောက်က သားရိုင်းကောင်း အော်သံတွေကို မြင်ယောင် ကြည့်နေတယ်။
““ သူတို့ကို ဒီမှာပဲ စောင့်ရအောင်” ”
“ကောင်းပြီ”
“ငါတို့ အရမ်းများ ရက်စက်နေသလား။”
““ သနား တော့ သနားမိပါရဲ့ ။ ဒါပေမယ့်လည်း သခင်ကြီး ချီဟို့ မှာလိုက်တာပဲ အသင်းအဖွဲ့က ပိုပြီးတော့ အရေးကြီးတယ်။ ငါ့မှာ ရွေးချယ် စရာ မရှိ ဘူး။””Perhaps this is
“မင်းပြောတာ မှန်တယ်။ ငါ ထောင်ချောက် သွားလုပ်လိုက်အုန်းမယ်။” ရန်ရွှယ်ကတော့ တက်ကြွနေတဲ့ သမင်ပျိုလေး လိုပါပဲ။ သိပ်ကို ပျော်ရွှင် တက်ကြွ နေမှန်း သိသာ လှတယ်။
….
ကောင်းကင် ကြီးတော့ နေဝင် မိုးချုပ်ခါ နီးပြီမို့ မှောင်မည်းလာတော့တယ်။ သစ်တော ကြီး တော့ မြူစိုင်းလာပြီးတော့ စိုစွတ်နွေးထွေးမှုကို ခံစား လာရတယ်။
ဖနက်ျန်းရှီကတော့ ရပ်တန့်သွားတော့တယ်။
ရန်ရွှယ်ကတော့ နောက်ကနေ ဖြည်းဖြည်းချင်း လိုက်လာနေတာ တယ် အော်သံတွေ ဟိန်းသံတွေ အကုန် နောက်မှာ ကျန်ခဲ့ပြီမို့ တကယ်တမ်းမှာ ဆိုရင် ဖန်ကျန်းရှီ ရပ်စရာ အကြောင်း မရှိ ဘူး။
ဒါပေမယ့် ဖန်ကျန်းရှီ ရပ်တဲ့ အချိန်မှာတော့ ရန်ရွှယ်လည်း ရပ်လိုက်တယ်။ ဖန်ကျန်းရှီကို သူ လုံး၀ ယုံတယ်။
“ ဒီ ရှေ့ လမ်းက မကောင်းဘူး။” ဖန်ကျန်းရှီက သေချာ ကြည့်ရင်း ပြောလိုက်တယ်။ သူ ညွှန်ပြ လိုက်တဲ့ နေရာကတော့ အလင်းရောင် ဖျော့ဖျော့လေး တောက်နေခဲ့တယ်။
“ပြဿနာ တစ်ခုခု ရှိလို့လား။ ”
“ ဒီ နေရာမှာ သားကောင်တွေလည်း မရှိသလောက်ပဲ။ လမ်းတွေကလည်း တခြားထက်နည်းတယ်။”
“ ည နက် လာတာကြောင့် တယ်”
“မဖြစ်နိုင်ဘူး။ လူမုဆိုးက နေ့ပဲ အမဲလိုက်တယ်။ ညဘက် အမဲ မလိုက် ဘူး။”
“ဒါဆို ဘာဖြစ်နိုင်လဲ”
“ အကြောင်းရင်း ၂ခု ရှိနိုင်တယ်။ ပထမ တစ်ခုက တော့ အင်အားကြီးတဲ့ အရာ တစ်ခုခု ဒီ အရှေ့မှာ ရှိနေတာ ဖြစ်မယ်။ ဒုတိယ တစ်ခုကတော့ ဒီ နေရာကို ဘယ် သက်ရှိမှ မဝင်နိုင်တာ ဖြစ်မယ်။”
“ မင်း ဘယ်လို ထင်လဲ။”
“ငါ လည်း အတိအကျတော့ မသိ ဘူး။ မဝင်ခင်တော့တစ်ခုခု လုပ်ရမယ်။
“ ဒါဆို တစ်ချက် ကြည့်ရအောင်”
“ ငါတို့ သစ်ပင်ပေါ် တက်ပြီး ကြည့်သင့်တယ် ” ဖန်ကျန်းရှီက သူ့ ဘေးပတ်လည်မှာ ရှိနေတဲ့ မီတာကျော် သစ်ပင်ကြီးတွေကို ကြည့်လိုက်တယ်။
“ကောင်းပြီလေ။” ရန်ရွှယ်လည်း ခေါင်းငြိမ့်လိုက်တော့တယ်။
ဖန်ကျန်းရှီကတော့ ငယ်ငယ်တည်းက သစ်ပင် တက်လာခဲ့တာဖြစ်ပြီးတော့ နှစ်ပေါင်းများစွာ အတွေ့အကြုံအရ ရန်ရွှယ် ထက်တော့ ပိုပြီး မြန်မြန် တက်နိုင်တယ်။
သစ်ပင်ထိပ်ကို မြန်မြန်ပဲ ရောက်သွားခဲ့ပြီးနောက်မှာတော့ သူ့ အလေးချိန်ကို ခံနိုင်မယ့် သစ်ပင်ကို တက်လိုက်ပြီးတော့ အရှ့မှာ ဘာရှိလဲ ကြည့်လိုက်တယ်။
အဲ့ဒီ့နောက်။
သူတွေ့သွားတယ်။
ပြီးတဲ့နောက် လေထဲကို လွင့်သွားသလို ခံစားလိုက်ရတယ်။ သူ့ခြေထောက်တွေက ဂျယ်လီလို ပျော့ခွေသွားပြီးတော့ ပြုတ်ကျတော့တယ်။
…..
ဖန်ကျန်းရှီက အတော်လေးကိုသတ္တိ ရှိတဲ့ သူ တစ်ယောက်ပါ။ ဒါပေမယ့်လည်း သူ့ ခန္ဒာကိုယ်ကတော့ ဒီ အရာကို မြင်လိုက်တာနဲ့ ပျော့ဖတ်နေတဲ့ ဂျယ်လီလို ခွေ ကျ သွားတော့တယ်။
ဒီ လို အပြိုင် နယ်မြေမှာ ထူးဆန်းတဲ့ နေထိုင်မှု အရာတွေ ရှိနေမယ် ဆိုတာ သူ လက်ခံထားပြီးသား။ တောင်လောက်ကြီးတဲ့ သတ္တဝါကို တွေ့ရင်တောင် မလန့်ဖို့ စိတ်ကို ပြင်ဆင်ထားပြီးသားထြစ်တယ်။
ဒီ လောကမှာ ရှိနိုင်တဲ့ အရာတွေကို သူ စဉ်းစားပြီးကြိုတင် ပြင်ဆင်ခဲ့တယ်။
ဒါပေမယ့်လည်း
လူသား တစ်ယောက် အနေနဲ့က
လေထဲ ကောင်းကင်မှာ လွင့်မျောနေတဲ့ လမင်းကြီးနဲ့ ရေကန်ပေါ်မှာ ကခု န်နေတဲ့ အဖြူရောင်ဝတ် အမျိုးသမီးကို တွေ့ရတာ သိပ်ကို လှပ လွန်းတဲ့ မြင်ကွင်းပဲ။
သိပ်ပြီးတော့ ကို ရင်သပ် ရှုမောဖွယ်။
ကခုန်နေတဲ့ အမျိုးသမီးက မှန်ရှေ့မှာ ကနေသလို မျိုးသူမ သိပ်ပြီးတော့ကို အားမာန်ပါပြီး လွတ်လပ်လှတယ်။
စိတ်ကူးယဉ်ကြည့်ပါအုန်း။
ကောင်းကင်ထိ မြင့်နေတဲ့ လမင်း အဖြူရောင် ဝတ်ရုံနဲ့ ကနေတဲ့ ရေကန်ပေါ်က မိန်းမလှလေး။ ဒီလောက် လှပတဲ့ မြင်ကွင်းက ကောင်းကင်က ဖန်ဆင်းထားတဲ့ မြင်ကွင်းပဲ။
ဒါပေမယ့်လည်း
သူရောက်နေတာက အပြိုင်နယ်မြေ ဖြစ်နေတယ်။
“ ငလူး.. သရဲ ……………..”
ဘယ်လောက်ကြီးတဲ့ သစ်ကိုင်းဖြစ်ပါစေ။ ခြေထောက်တွေက ဂျယ်လီလို ပျော့ခွေသွားမှတော့ ရလဒ်က မြေပေါ်ကို ခွေးကျကျ တာပဲပေါ့။
အပိုင်း ( ၁၄၂) ပြီး ၏။
( သင်သိပါ သလား ? ဖန်ကျန်းရှီ၊ ချီကူယန် ၊ ရန်ရွှယ် သုံးယောက်လုံး ဉာဏ်နီဉာဏ်နက်များပြီးတော့ သူများကို အကွက်ဆင်ရရင် သိပ်ကို ပျော်ကြပါတယ်။ နောက်ပြီးတော့ ချီကူယန်နဲ့ ဖန်ကျန်းရှီက တကယ့်ကို စဆရက ကြီးတွေပါ။ လောကကို ကလော ဖြစ်အောင် ပြောင်းပြန် လှန်မယ့် လေးတွေပါ။ နောက်ပိုင်းရောက်လာလေ။ ပိုပြီးတော့ အပိုင်း ရှည်လာပြီး ဉာဏ်နီ ဉာဏ်နက်တင် မက ဉာဏ်ပြာ ဉာဏ်ဝါတွေပါ တွေ့ရမှာပါ။ ဒါ့အပြင် bromance လည်း ပါပါတယ်။ )
အပိုင်း ( ၁၄၃)
“ သန်မာ သူက လေးစားသင့်။”
ရန်ရွှယ် သစ်ပင်ပေါ်ကို တက်နေချိန်မှာပဲ သူ့ ရဲ့ ခေါင်းပေါ်က အလင်းတွေကို တစ်ခုခုက ပိတ်ဆို့လိုက်သလို ခံစားလိုက်ရတယ်။
သူ မော့ကြည့်လိုက်ချိန်မှာတော့ သရဲတွေ့သလို အော်ဟစ်ရင်း သူ့ပေါ် ပြုတ်ကျလာတဲ့ ဖန်ကျန်းရှီကို တွေ့လိုက်ရတယ်။
“သရဲ တွေ့လို့လား။” ရန်ရွှယ်ကတော့ မယုံပါ ဘူး။ နတ်ဘုရားတွေရဲ့ တည်ရှိမှုကို ပဲ ယုံတယ်။ သရဲထက် နတ်ဘုရားတွေက ပိုပြီးတော့ သန်မာတယ်။
ဒါပေမယ့်လည်း သူ လက် တစ်ဖက်ကို ဆန့်တန်းလိုက်ပြီး ဖန်ကျန်းရှီကို ဖမ်းဆုပ်လိုက်တယ်။
ဖန်ကျန်းရှီကတော့ လေထဲမှာ တိုးလို့ တွဲလောင်း ဖြစ်နေတော့တယ်။ သူ့လို ကြယ်တာရာ စုဝေးမှု ကျွမ်းကျင် အဆင့်အနေနဲ့ ဒီ အဖြစ်က ရှက် စရာ ကောင်းတယ်။
သစ်ပင်ပေါ်က ပြုတ်ကျတယ်။
အံ့ဖွယ်ပဲ။
ဒါပေမယ့်လည်း သူတွေ့ခဲ့တဲ့ အရာကို ပြန်တွေးလိုက် ချိန်မှာပဲ သူ့ရဲ့ ခံစားချက်တွေ ကပြောင်း ကပြန် ဖြစ်သွားတော့တယ်။ ဒီ ကောင်းကင်ရတနာ ခန်းမထဲမှာ လူထက် သားရဲ တိရစ္ဆာန်တွေကို ပိုတွေ့ရမှန်းသူသိတယ်။
နောက်ပြီးတော့ ဒါက အမျိုးသမီး တစ်ဦး။
နတ်ဆိုးကျောင်းတော်က ဒီ ကောင်းကင်ရတနာ ခန်းမထဲကို ဝင်ဖို့ လူဆယ်ဦးကိုပဲ လွှတ်လိုက်တာ။ သူ နဲ့ ရန်ရွှယ် ။ လုယွီရှန်း နဲ့ အခြား ရ ဦး။
လုယွီရှန်းကလည်း အထီးကြီးပါ။
နောက်ပြီးတော့ သူ့ လူ ရ ယောက်က လည်း အထီးတွေ။
ဒါဆို ဒီ အမျိုးသမီးက ဘယ်က လာတာလဲ။
အပြိုင် နယ်မြေထဲမှာ အမျိုးသမီးမှ မရှိတာ။
ဖန်ကျန်းရှီက ရန်ရွှယ်ကို မော့ကြည့်ရင်းသူ့ကို လွှတ်ဖို့ မျက်နှာရိပ် ပြလိုက်တယ်။ အဲ့ဒီ့နောက် သစ်ကိုင်း တစ်ခု ပေါ်မှာ ခြေဖျားထောက်ရပ်ပြီး သစ်ပင်ပေါ်ကို ထပ် တက် ပြန်တယ်။
သူ ခုနက ရပ်ခဲ့တဲ့ ထိပ်ဆုံးနေရာကို ရောက်သွားပြန်တယ်။
နောက်တစ်ခေါက် ထပ်ကြည့်ချိန်မှာတော့ အမျိုးသမီးကို မတွေ့ရတော့ ဘူး။ ရေပြင်မှာသာ လှိုင်းကြက်ခွပ်လေး အနည်းငယ်ပဲ တွေ့ရပြီးတော့ ငြိမ်သက်နေပြန်တယ်။
“ သွားပြီလား။” ဖန်ကျန်းရှီက စိတ်ထဲ ရှုပ်ထွေးလာတော့တယ်။ သူ့မျက်စိ မှောက်တာ မဟုတ်မှန်း ကောင်းကောင်းကို သိတယ်။ သူ လည်း နောက်ပြောင်နေတာ မဟုတ် ပဲနဲ့ အမျိုးသမီးက ဘယ် ရောက်သွားလဲ ဆိုတာ တကယ် မသိတော့ ဘူး။
ဒါပေမယ့်လည်း ကန်ရေပြင်ပေါ်မှာ ကနေတဲ့ အမျိုးသမီးကိုတော့ ရင်းနှီးနေသလို ရှိနေတယ်။
ဒါပေမယ့်လည်း မသေချာဘူး။ ဒီ မြင်ကွင်းကို မြင်လိုက်ချိန်တုန်းက ကြောက်လွန်းလို့ သေချာ မကြည့်လိုက် မိဘူး။
ဒီ အချိန်မှာတော့ ရန်ရွှယ်က သူ့ဘေးမှာ ရပ်နေခဲ့တယ်။ ရေကန်ကို ဖန်ကျန်းရှီနဲ့ အတူ ကြည့်နေခဲ့တယ်။
“ အရှေ့မှာ ရေကန် ရှိနေတာပဲ။”
“ အင်း။”
“ဒါဆို မင်းပြောတဲ့ သရဲကကော ဘယ်မှာလဲ။ ”
“ပျောက်သွားတယ် ပြောရင် မင်းယုံမှာလား။”
“မယုံဘူး။”
ဖန်ကျန်းရှီလည်း ပြောစရာ စကားမဲ့သွားတော့တယ်။ ရန်ရွှယ်က အမြဲ တမ်း သူ့ကို ယုံကြည်တယ်။ အမဲလိုက် နည်းကို ပြောတုန်းကတောင် ယုံယုံကြည်ကြည် လိုက်လုပ်ခဲ့သေးတာ။
အခုတော့ မယုံဘူးတဲ့လား။
“ လောကမှာ သရဲ မရှိ ဘူး။” ရန်ရွှယ်က ယုံ ကြည်မှု အပြည့် နဲ့ ဖြေလိုက်တယ်။
“ မင်း အဘိုး ပြောတာလား။”
“ ကွန်ဖြူးရှပ်က ပြောခဲ့တယ်။ နတ်ဘုရားနဲ့ သရဲ ဆိုတဲ့ စကားလုံးတွေကို ပြောပြီးတော့ မလှောင်ရယ်နဲ့။”
“ဒီ စာကြောင်းက ကွာခြားမှုကို ပြတာလေ။ ငါတို့ကို မလှောင်ရယ်ဖို့ ပြောတာ။ ဘာလို့ သရဲ မရှိ ဘူးလို့ တွေးရတာလဲ။” ဖန်ကျန်းရှီကတော့ ရန်ရွှယ်ရဲ့ ရှင်းပြမှုကို နားထောင် လိုက်တယ်။
“ မင်းသာ ဖြောင့် မှန်နေမယ် ဆိုရင် မင်းစိတ်ထဲမှာ နတ်ဆိးလည်း ပေါက်ဖွားလာမှာ မဟုတ် ဘူး။” ရန်ရွှယ် က ဖန်ကျန်းရှီကို တည်ငြိမ် လေးနက်စွာ ပြောလိုက်တယ်။
“ ဒါပေမယ့်။ ရေပြင်ပေါ်မှာ ကနေတဲ့ အမျိုးသမီးတစ်ယောက်ကို မြင်တယ် ဆိုရင်ကော မင်း ယုံမလား။” ဖန်ကျန်းရှီက အချက် အလက်ကို အခြေခံ ကျကျ ပြောပြဖို့ ဆုံးဖြတ်လိုက်တယ်။
“ငါ ယုံတယ်။”
“…” ဖန်ကျန်းရှီကတော့ ဆွံ့အသွားတော့တယ်။ “ မင်းပြောတော့ မယုံ ဘူးဆို”
“ ကန်ရေပြင်ပေါ်မှာ အမျိုးသမီး တစ်ယောက် ကနေတယ် ဆိုတာ ယုံတယ်။ ဒါပေမယ့်လည်း သူမက သရဲဆိုတာတော့ မယုံဘူး။” ရန်ရွှယ်က ရှင်းပြလိုက်တယ်။
“ အပြိုင်နယ်မြေထဲမှာ ဘယ်လိုလုပ် အမျိုးသမီး ရှိနေရတာလဲ။”
“ဒါကြောင့် ငါတို့ သွားပြီး ကြည့်သင့်တယ်။”
ဖန်ကျန်းရှီကတော့ ချက်ခြင်း ပြန်မဖြေနိုင် ပါ ဘူး။ ဘာကြောင့်လဲ ဆိုတော့ သူ ခုဏက မြင်ခဲ့တဲ့ မြင်ကွင်းကို ပြန်လည် တွေးတော နေတာကြောင့်ပဲ တယ် ဒီ လို ရင်းနှီးတဲ့ အငွေ့အသက် ထူးခြားတယ်။
“ လာလေ။ တစ်ချက်လောက် သွားကြည့်ရအောင်။” ဖန်ကျန်းရှီက ဆုံးဖြတ်ပြီးတဲ့နောက် ပြောလိုက်တယ်။
“ကောင်းပြီ။”
သူတို့ နှစ်ဦး သစ်ပင်ပေါ်က ခုန်ဆင်းပြီးနောက်မှာတော့ သူတို့ နှစ်ဦး ရေကန်ဆီကို လျှောက်လာကြတော့တယ်။ ဖန်ကျန်းရှီကတော့ အတွေးတစ်ခုကိုတွေးလိုက် မိတဲ့ အတွက် တစ်နေရာမှာ ရပ်လိုက်တော့တယ်။
“ ငါတို့ လုယွီရှန်း အတွက် အမှတ်အသား ချန်ခဲ့ရ အုန်းမလား။”
“ ဘယ်လို ပဲ ဖြစ်ဖြစ် လုယွီရှန်းက ကောင်းကင်ရောင်ပြန် အဆင့်မှာ ရောက်နေပြီးသား ။ သူနဲ့ တိုက်ခိုက်ဖို့ အတွက်က ပိုပြီးတော့ ကြိုတင် ပြင်ဆင် ထားရမယ်။” ရန်ရွှယ်က ပြောလိုက်တယ်။
“ နောက်ပြီးတော့ ကော။ “
“ထောင်ချောက် နည်းနည်းကို ရေကန် နားမှာ အရင်ချလိုက်မယ် ။ ဒါဆို ပုန်းလို့ ရပြီ။ ” ရန်ရွှယ်က အေးအေး ဆေးဆေး ပြောလိုက်တယ်။
“ မင်း ပြောင်းလဲ သွားပြီးပဲ။ မင်းက အခု နတ်ဆိုးဖြစ်နေပြီ။ မင်းရဲ့ ရန်သူတွေကို အရင်ဆို ထိပ်တိုက်ပဲ တိုက်ခိုက်တာ ငါ မှတ်မိတယ်။” ဖန်ကျန်းရှီက အလေးအနက်ကို ပြောနေတော့တယ်။
“ ငါ မင်းဆီက သင်လာတဲ့ လို့ ပြောရင် မင်းယုံမလား။ ”
“မယုံဘူး ။”
“ ကြည့်ရတာ ငါ လည်းနတ်ဆိုးအပြည့် အ၀ မဖြစ် သေးလို့ ဖြစ်မယ်။”
“ လူတွေက သင်ကြားပြီးနောက် ရင့်ကျက် လာကြတယ်။ ဂုဏ်ယူပါတယ်။ မင်း ရင့်ကျက်သွားပြီ ”
“ငါ ကြိုးစား ပါ့မယ်။”
ဖန်ကျန်းရှီကတော့ ကလေး တစ်ယောက်ကို မသင်သင့်တာတွေ သင်မိသွားပြီလို့ တွေးလိုက် မိတယ်။ ဒါပေမယ့်လည်း ဒီ လို ရွေးချယ် မှု လုပ်လိုက်ပြီဆိုရင် ရန်ရွှယ်ကို လှည့်ကွက်တွေ သင်ပေးရမှာပဲ။ ရန်ရွှယ်က ဖြောင့်မှန်မှုနဲ့ ကျင့်သားရနေပြီ ဆိုတော့လည်း ကောင်းကျိုးဖြစ်အောင်တော့ လုပ်ရမှာပဲ။
ဒါပေမယ့်လည်း ဖန်ကျန်းရှီကတော့ သူရဲကောင်း ဆ န်တဲ့ လူ တစ်ယောက် မဟုတ် ဘူး။ သူ မနိုင် ဘူးဆိုတာ သိတာနဲ့ သူပြေးမှာပဲ။ တိုက်ပွဲ တိုင်းကို ထိပ်တိုက်မရင်ဆိုင် ဘူး။ သူ့အတွက်တော့ ထိပ်တိုက်ရင်ဆိုင်တာက ကိုယ့်သေတွင်း ကိုယ်တူးတာလား။
သူ တိုက်ပွဲ တစ်ခုနဲ့ ရင်ဆိုင်ရပြီ ဆိုတာနဲ့ သူ ရှင်သန်နိုင်ဖို့ အတွက် လှည့်ကွက်ကို အရင် စဉ်းစားတယ်။
“ သွားကြရအောင်”
“ ကောင်းပြီ။”
သူတို့ နှစ်ဦး ဘေး ကပ်လျက် လျှောက်ရင်းနဲ့ အမျိုးအမည်မသိတဲ့ နေရာ ကို ဉ်ီးတည်သွားတဲ့ အချိန်မှာ ပဲ သူတို့ နှစ်ဦး ကြားက အကွာ အဝေး ကြီးမားလာတော့တယ်။ ဖန်ကျန်းရှီက ရန်ရွှယ်ရဲ့ ရှေ့ကို အတော်လေးရောက်သွားတော့တယ်။ သူတို့ နှစ်ဦးလုံး လှုပ်ရှားမှုတိုင်းကို သတိထားနေကြတယ်။
လေထုတော့ ပြင်းထန်စွာ တိုက်ခတ်နေခဲ့တယ်။
နှစ်ဦး စလုံး အလွန့်ကို သတိထားနေတဲ့ အတွက် လန့်သွားတာမျိုးတော့ မရှိ ခဲ့ဘူး။
ရေကန်နားက ခြုံပုတ်တွေကို ရောက်ချိန်မှာတော့ သူတို့ ပိုပြီးတော့ အေးဆေးလာကြတယ်။
ထူးဆန်းတဲ့ တည်ငြိမ်မှု ဖြစ်ပေမယ့်လည်း လောကကြီး တစ်ခုလုံး တိတ်ဆိတ်ငြိမ်သက်သွားသလို ဖြစ်တာကတော့ အံ့သြစရာ ကောင်းလွန်းလှတယ်။
ဖန်ကျန်းရှီကတော့ ရပ်တန့် သွားတော့တယ်။ ဒီ လို တိတ်ဆိတ်နေတာမျိုးကို သူ သဘောမကျဘူး။ ဒီ လို အခြေ အနေမျိုးက အန္တရာယ် ပိုများတတ်တယ်။ နောက်ပြီးတော့ ရေကန်နားတစ်ဝိုက်မှာလည်း သားကောင်တွေ မရှိ ဘူး။
ဒါဆို အန္တရာယ်က ဘယ်ကနေ လာတာ ဖြစ်နိုင်မလဲ။
ရေကန်ကလား။
ဖန်ကျန်းရှီရေကန်နားကို ကပ်လိုက်တယ်။ ရေကန်ထဲမှာ တစ်ခုခု ရှိတာကို မြင်မလားလို့ တယ် ရေကန်ကတော့ ကြည်လင်လွန်းနေပြီး ငါးနဲ့ သားကောင် တစ်ခုကိုမှ မတွေ့ရ ဘူး။
ဒါပေမယ့်လည်း ရေကန် အောက်ခြေကတော့ နက်ရှိုင်းလွန်းလို့ မမြင်နိုင ဘူး။
ဖန်ကျန်းရှီကတော့ ရန်ရွှယ်ကို စကားပြောမလို့ ကြည့်လိုက်တယ်။ ဖန်ကျန်းရှီနဲ့ ဝေးကွာတဲ့ နေရာမှာ ရှိနေတဲ့ ရန်ရွယ်ကတော့ ခြုံပုတ်နားမှာ ပုန်းအောင်းရင်း စောင့်ကြည့်နေတာတယ် သူ့ရဲ့ မျက်ခုံးတွေကတော့ တစ်စုံတစ်ခုကို တွေးတော နေဟန်နဲ့ ထိစပ်နေတော့တယ်။
“ မင်း တစ်ခုခု တွေ့လို့လား။”
“ ရေကန်က မှောင်လွန်းလို့ ငါ လည်း သေချာ မတွေ့နိုင် ဘူး။ ဒါပေမယ့်လည်း ဘယ် အမျိုးသမီးကိုမှ မတွေ့မိ ဘူး။” ရန်ရွှယ်က သူတွေးမိတဲ့ အတိုင်း ပြောလိုက်တယ်။
ဖန်ကျန်းရှီလည်း ခေါင်းငြိမ့်လိုက်တယ်။ သူ တကယ်ပဲ ကခုန်နေတဲ့ အမျိုးသမီးကို တွေ့လိုက်တယ်။ အံ့ဖွယ်ဖြစ်ပေမယ့်လည်း သူ တကယ်ကို တွေ့လိုက်တာ။
ဒါဆိုတွေးမိပြီးတဲ့ နောက် ကောင်းကင် က လမင်းကို ကြည့်လိုက်တယ်။
ကောင်းကင်ရတနာ ခန်းမမှာ အပြိုင် စိတ်အာရုံနယ်မြှေတွေ အများအပြားရှိတယ်။ ဒီ လက သူတို့ လောက နဲ့ မတူညီ ဘူး။ နောက်ပြီးတော့ သူ့ရဲ့ စိတ်အာရုံနယ်မြေက လထက်လည်း တောက်ပပြီးတော့ လရဲ့ အောက် ဘက် မြစ်ကမ်းဘေးမှာ သေးငယ်တဲ့ အရိပ်လေး ရှိနေခဲ့တယ်။
အရိပ် သေးသေးလေး တစ်ခု ။
အရိပ် က သေးငယ် ပေမယ့် ဖန်ကျန်းရှီကို ထိတ်လန့်စေတယ်။ ဓားအသွင်ကနေ လှံ တစ်ခု အသွင် နောက်ပြီးတော့ မြှား အသွင် အမျိုုးမျိုးကို ပြောင်းလဲ နေခဲ့တယ်။
“…”
အချိန် အနည်းငယ် အတွင်းမှာပဲ ပုံစံ ပေါင်း ဒါဇင်နဲ့ ချီပြီး ပြောင်းလဲသွားခဲ့တယ်။
သူ စပြီးတော့ အော်တော့မယ့် အချိန်မှာပဲ သူ့နောက်ကနေ ထွက်ပေါ် လာတဲ့ အသံကို ကြားလိုက်ရတယ်။
“ ပလွတ်”
“ တစ်ယောက်ယောက်မှာ ရေထဲ ကျသွားတာလား။” ဖန်ကျန်းရှီ တွေးလိုက်မိတယ်။
ရေပွက် ဖြစ်နေတဲ့ ကန်ရေပြင်ကို ကြည့်ရင်း ဘေးဘီကိုပါ ဝေ့၀ဲ ကြည့်လိုက်တော့။
“မကောင်းတော့ ဘူး။” ရန်ရွှယ်က သူထိုင်နေတဲ့ ခြုံပုတ်နားမှာ မရှိတော့ ဘူး။
“ ရန်ရွှယ်ပဲ ဖြစ်မယ်။”
ဖန်ကျန်းရှီ စိတ်ထဲ ပထမဆုံးတွေးလိုက်တဲ့ အတွေးက ရန်ရွှယ် ပြဿနာ တက်နေပြီ။
ရန်ရွှယ်ရဲ့ အတွေးနဲ့ ဆိုရင် အကြောင်းမရှိပဲနဲ့ ရေထဲ ခုန်ချမှာ မဟုတ်ဘူး။ ပြဿနာ တက်တာ ဒါမှ မဟုတ် ရေထဲက တစ်ခုခု ကို လှမ်းပြီး ဆွဲလိုက်တာပဲ ဖြစ်ရမယ်။
ဒီ အချိန်မှာတော့ ဖန်ကျန်းရှီ အတော်လေးကို စိတ်ပူလာခဲ့တယ်။
ရေကန်က နက်တယ်။
အပေါ်ပိုင်းက ကြည်လင်နေပင်မယ့်လည်း ရေနက်ပိုင်းကတော့ မှင်လို နက်မှောင်နေတယ်။
ဖန်ကျန်းရှီ စိတ်ထဲမှာ ဘယ်လို အန္တရာယ်နဲ့ ကြုံလာမလဲ မသိတဲ့ အတွက် မခုန်ဝံ့ပေမယ့်လည်း သူ ခုန်ချလိုက်တယ်။
အကြောင်းရင်းကတော့ ရိုးရှင်းပါတယ်။
ရေကန်ထဲ ကျသွားတဲ့ သူက ရန်ရွှယ် ဖြစ်တဲ့ အတွက်ပဲ။
“ ပလွတ်”
ရေကန်ထဲကို ပြုတ်ကျသံ အကြီးကြီး တစ်ခု နောက်ထပ် ထွက်ပေါ်လာတော့တယ်။
…
…
တိတ်ဆိတ် အေးချမ်းလှတဲ့ ည ချမ်း ရေပွက်သံ ကျယ် နှစ်ခုကို ပဲ့တင့်ထပ်စေတယ်။ အဲ့ဒီ့နောက်မှာ ဘယ် အရာမှ မဖြစ်ခဲ့သလိုမျိုး အခြေအနေကို ပြန်လည် ရောက်ရှိသွားစေတော့တယ်။
လမင်းကြီးကတော့ ကောင်းကင်မှာ မြင့်မားနေတယ်။ ရေပြင်ပေါ်မှာတော့ အလင်းရောင် မှိန်ဖျော့ဖျော့ လေး တောက်ပ လာပြန်တယ်။
ပုံရိပ်လေး တော့ ရေကန်ပြင်ထက်မှာ ပေါ်လာပြန်တယ်။ လေထဲမှာ လွင့်မျောနေတဲ့ သူမရဲ့ ဆံနွယ်တွေ ပိုးသားလို တောက်ပ နေတယ်။ သူမ တစ်ချိန်လုံး ဒီ နေရာမှာ ရှိနေခဲ့တယ်။ တကယ်တမ်းတော့ သူမ တစ်နေရာတည်းမှာပဲ ရှိနေခဲ့တာဖြစ်တယ။်
အဲ့ဒီ့နောက် အမျိုးသမီး ကခုန ်တော့ ပြန်တယ်။ သူမရဲ့ ရွေ့လျားမှုတွေက သိမ်မွေ့လွန်းလှတယ်။
ခြေဖျား ထိပ်လေးတွေက ရေပြင်ကျယ်နဲ့ ထိတွေ့နေပင်မယ့်လည်း အနည်းငယ်မျှသော ရေလှိုင်းကို တောင် မဖြစ်စေနိုင်ဘူး။ သူမရဲ့ လက်ထဲမှာတော့ တစ်စုံ တစ်ခုကို ကိုင် ထားဟန် ရှိပေမယ့်လည်း သေချာ ကြည့်ရင် ဗလာ ဖြစ်နေတာကို တွေ့ရပြန်တယ်။
သူမ က ခုန်နေပုံ ပေါ်ပေမယ့်လည်း ကနေတာ လည်း မဟုတ်ပြန် ဘူး။
အပိုင်း ( ၁၄၃) ပြီး၏။
အပိုင်း (၁၄၄)
“ မတူညီတဲ့ ကမ္ဘာ”
ဖန်ကျန်းရှီက သူ့ရဲ့ အပေါ်ဘက်မှာ ဘာတွေ ဖြစ်နေလဲ မသိတော့ ပါ ဘူး။ သူ တွေးနေတဲ့ တစ်ခု တည်းသော အရာကတော့ ရန်ရွှယ်ကို ကယ်ဖို့ပဲ တယ် မြစ်ကမ်းဘေး ရွာမှာ ကြီးပျင်း လာခဲ့တဲ့သူ့ အတွက်တော့ မြစ်ချောင်း ရေကန်တွေက ရင်းနှီးကျွမ်းဝင်တယ်။ ဒါကြောင့် ရေကောင်းကောင်း ငုပ်နိုင်တယ်။
ဒါ့အပြင် အရာအားလုံး ဖြစ်တည်မှု တာအို ရဲ့ အထောက်အပံ့နဲ့ ဆိုရင် ဖိအား မရှိပဲ ငါး ကလေး တစ်ကောင်လို ကူးခတ်နိုင်တယ်။
ဒါပေမယ့် ရန်ရွှယ်က ဘယ်မှာလဲ။
ရန်ရွှယ် ပြုတ်ကျ လာတဲ့ အချိန် နဲ့ သူ ခုန်ချ လာတာက၁၀ စက္ကန့်တောင် မကွာဘူး။
ဖန်ကျန်းရှီက အတော်လေးကို စိတ်ပူလာတော့တယ်။ သူနဲ့ ရန်ရွှယ်က နေရာ နည်းနည်းပဲ ဝေးရမှာကို ရန်ရွှယ်ရဲ့ အရိပ်အယောင်တောင် သူမတွေ့ ဘူး။
အရိပ်လေး တစ်ခုတောင် မတွေ့ရပဲနဲ့ အမှောင်ထု ကိုသာ မြင်ရတယ်။ မှင်ကန်ကြီး တစ်ခု ထဲမှာ ကူးခတ်နေရသလို ။
ဘာတွေ ဖြစ်နေတာလဲ။
ရန်ရွှယ် က ဘယ်မှာလဲ။
ဖြစ်နိုင် မလား။
ရုတ်တရက် ဖန်ကျန်း ရှီ အေးခဲ သွားတော့တယ်။ သူ တကယ်ပဲ ရန်ရွှယ် ရေထဲကို ပြုတ်ကျ သွားတာ မမြင် လိုက် ဘူး။ ရေစင်သံ ပဲ ကြားလိုက်တာ တယ် နောက်ပြီးတော့ ခြုံပုတ်တွေ နားမှာ ပုန်းနေတဲ့ ရန်ရွှယ်ကို မတွေ့ တော့ တာကြောင့် ရန်ရွှယ် ပြုတ်ကျ တာလို့ တွေးလိုက်တာ တယ်
ဒီ အတွေးက မှန်နိုင်လို့လား။ ရန်ရွှယ် ခုန်ချတာကော ပြုတ် ကျတာ ကော သူ မမြင် မိ ဘူး။
တခြား အရာ တစ်ခု သာ ရေကန်ထဲ ပြုတ်ကျ တာ ဖြစ်ပြီးတော့ ရန်ရွှယ်က ခြုံပုတ် နောက်မှာပဲ ရှိနေရင်ကော။
ပြောင်းလဲ မှုက သေးငယ်တယ်။ ဒါပေမယ့်လည်း မဖြစ်နို်င်တာတော့ မဟုတ် ဘူး။
တခြား သော ဖြစ်နိုင် ချေက ရန်ရွှယ်ကို အမျိုးအမည် မသိ စွမ်း အားက ရေကန်ထဲကို ဆွဲ ချ သွားပြီးတော့ လုံးဝကို မှောင်မည်းလှတဲ့ နေရာမှာ ရှိနေတာ ဖြစ်နိုင်တယ်။
ဒါလည်း ဖြစ်နိုင် တာပဲ။ ရန်ရွှယ်ကို ရေကန်အောက်ခြေကို သာ ဆွဲ ချ ခံ လိုက်ရရင် သူ့ရဲ့ အရှိန်ကတော့ ရန်ရွှယ် ထက် တော့ နှေးမှာပဲ။
နောက်ပြီးတော့ ရေကန် အောက်ခြေဆုံးကိုလည်း ရောက်သွားနိုင်တယ်။
ဖန်ကျန်းရှီ ကတော့ ချက်ချင်း ပြန် မလှည့်နိုင် ပါ ဘူး။
ပထမ အတွေးသာ မှန်ခဲ့ရင် ရန်ရွှယ်လည်း ကမ်းခြေမှာ အန္တရာယ် ကင်းကင်း သောင်တင်ဖို့ လိုတယ်။ သူ သာ အန္တရာယ် ကင်း ပြီ ဆိုမှ သူလည်း အပေါ် ပြန် တက်လို့ ရမှာ။
အကယ်၍ ဒုတိယ အတွေးသာ မှန်ခဲ့ရင်တော့ ရန်ရွှယ် မှာ တကယ့်ပဲ အန္တရာယ် များနေနိုင် ပြီ ။
ဒီ လိုမျိုး ဖြစ်ခဲ့ရင် ရေကန်ရဲ့ အောက်ခြေ အဆုံးသတ်ကို ရောက်သွားလိမ့်မယ်။ ရန်ရွှယ် ဒုက္ခရောက်မှာကို တွေးလိုက်ပြီးတဲ့ နောက် ဖန်ကျန်းရှီလည်း စွန့်စားဖို့ ဆုံးဖြတ်လိုက်တော့တယ်။
ရန်ရွှယ်က သူ့ သူငယ်ချင်း။
…
ဖန်ကျန်းရှီကတော့ သူ ကိုယ်တိုင်တောင် မသိ လိုက်ပဲနဲ့ ရေကန်ကြီးရဲ့ မှင်နဲ့ တူတဲ့ အပိုင်းကို ကူးခတ်သွားမိတော့တယ်။ သူ့ရဲ့ ပတ်ဝန်းကျင် တစ်ခု လုံး ည အချိန်လို အမှောင်ကျ နေတာကို သတိ ထားမိ လိုက်တယ်။
ပိုပြီး နက်နက် ကူးလာလေလေ သူ့ပေါ်မှာ ဖိထားတဲ့ ဖိအား တိုးလာ တာကို သတိ ထားမိသွားတယ်။ ရေထဲမှာ ဒီ လောက် အချိန် ကြာကြာ ကူးခတ်နေတာတောင် မှ အောက်ခြေကို မရောက်နိုင် သေးဘူး ဖြစ်နေတယ်။ အောက်ခြေပဲ မရှိ တာလား။
ဘာလို့ ဒီ လို ဖြစ်နေတာလဲ။
ဒီ ရေကန်က ဘယ်လောက်နက်လဲ။ ရန်ရွှယ် သာ ရေကန် အောက်ခြေကို ရောက်သွားရင် ဘာလို့ ရေကန် အောက်ခြေမှာ လှုပ်ရှားမှု ကို မတွေ့ ရတာလဲ။
တစ်ခုခုတော့ မှားနေပြီ ။
ဖန်ကျန်းရှီက တစ်ခုခု လွဲနေပြီ ဆိုတာ သိလိုက်တယ်။ မကြာခင်ပဲ အောက် ခြေမှာ ရောက်တော့မှာ ဖြစ်တဲ့ အတွက် အားစိုက် ပြီး ကူးလတ်လိုက်တော့တယ်။
ဒါပေမယ့်လည်း စက်ဝိုင်းလို ဝဲ ဂယက် တစ်ခုထဲမှာ ကူးခတ်နေရသလို လည်ပတ်နေတာကို သူ သတိ ထားလိုက်မိတယ်။
သူ့ရဲ့ ဦးတည်ရာက အခြား နေရာ တစ်ခုကို ပြောင်းလဲ သွားတယ် လို့ ထင်လိုက်မိတယ်။
“ အပေါ်ကို တက်ရမယ်။”နောက်ဆုံးမှာတော့ ရေ မျက်နှာပြင်ပေါ်ကို တက်ဖို့ သူ ဆုံးဖြတ်လိုက်တော့တယ်။ ရန်ရွှယ် သာ ဒီ ကို တကယ်ပဲ ဆင်းလာခဲ့ရင် သူလည်း ရေမျက်နှာ ပြင်ပေါ်ကို ပြန်တက်တဲ့ အချိန်မှာ ကမ်းခြေပေါ်မှာ ရှိနေသင့် ပြီ။
အပေါ်ကို ပြန်ကူးရတာ က ဒိုက်ထိုးရတာထက်တော့ ပို လွယ်ကူတယ်။
ဖန်ကျန်းရှီ သူ့ ခေါင်းပေါ်မှာ အလင်းရောင်ကို မြင်လိုက်ရတယ်။ ဒါကြောင့် ရေ မျက်နှာပြင်နဲ့ နီးလာတာကို သတိ ထားမိ လိုက်တယ်။
“ ဝူးး” ဖန်ကျန်းရှီ အသက် ရှူ လိုက်တော့တယ်။ နေအောက်မှာ ရ မိနစ် ကျော် အသက် အောင့် ထား ခဲ့ရတာ။ အရာ အားလုံး ဖြစ်တည်မှု တာအို ကယ်ရင်တောင်မှ ဒါက သူ့အတွက်တော့ အတိုင်း တာကို ရောက်နေပြီ။
ရေမျက်နှာ ပြင်ပေါ်ကို ရောက်တာနဲ့ ကမ်းခြေကို သူ ကြည့်လိုက်တယ်။
ဒါပေမယ့်လည်း
လုံးဝိကု မျက်စိ လည်သွားတော့တယ်။
သောက်ကျိုုးနဲ ဘာတွေ ဖြစ်ကုန်တာလဲ။
ရေကန်ကတော့ အတူတူပဲ ။ ဒါပေမယ့် မြင် ကွင်းကတော့ လုံးဝကို ပြောင်းလဲ သွားပြီ။ ခြုံပုတ်နဲ့ သစ်တောတွေ အကုန် အမှုန့် ဖြစ်သွားပြီးတော့ သစ်ခွ ပင်တွေနဲ့ သားကောင်တွေ ။ ပန်းပင်တွေသာ ရှိနေတော့တယ်။
သစ်ပင် တွေ ပေါ်မှာ သီးပွင့် နေတဲ့ အသီးတွေကတော့ အရောင်စုံလှတယ်။ အနီ အစိမ်း။ အဝါ။
အခု ဘယ်ကို ရောက်သွားတာလဲ။
ဖန်ကျးန်ရှီ မျက်စိ လည်နေတဲ့ အချိန်မှာပဲ ဒီ အချက်ကို လက်ခံ နိုင်မယ့် အရာ တစ် ခ ုမှ မတွေ့ ဘူး ဖြစ်နေတယ်။ တကယ်တန်းမှာ သူ ရေထဲ ကြာခဲ့တဲ့ အချိန်က ရ မိနစ် ၈ ၈မိနစ်ပဲ လေ။
ဘာကြောင့် မြင်ကွင်း တစ်ခု လုံးက ဒီ လောက် ထိ ပြောင်းလဲ သွားတာလဲ။
ငါး မိနစ် တိတိ လုံးဝကို အံ့သြ နေပြီး နောက်မှာတော့ သူ့နားက ရေတွေ အေး လာတာကို ခံစားလိုက်ရတယ်။
နွေ ဥယျာဉ် ကနေ မိုးသစ်တော ။ မိုးသစ်တော ကနေ သစ်သီးတွေ ပြည့်နေတဲ့ သစ်ပင်ကြီး တွေ အဖြစ်ကို ပြောင်းလဲသွားတော့တယ်။
တကယ့်ကို ရာသီ ဥတု လေးမျိုး ရှိနေခဲ့တာပဲ။
ဒါပေမယ့်လည်း ရေ မျက်နှာပြင်ပေါ် ရောက်သွားတာက ဘာလို့ ဆောင်းဦး ရာသီ ဖြစ်သွားတာလဲ။
ဖြစ်နိုင်တာက….
ဒါက ဖြတ်သန်းမှု ဝင်ပေါက်ပဲ ဖြစ်ရမယ်။
“ ဝူးးး”
ဒီ အချက်ကတော့ အနီးစပ်ဆုံး အဖြေပဲ ဖြစ်မယ်။ အဲ့ဒီ့နောက် ခေါင်း တစ်လုံး ရေကန် အောက်ခြေကနေ ပေါ် လာတော့တယ်။
“ မင်း ဘာလို့ ခုန်ချတာလဲ။ ”
“မင်း ကကော ဘာ လို့ ပြုတ်ကျတာလဲ။”
အသံ နှစ်သံ တစ်ပြိုင်နက်တည်း ထွက်ပေါ် လာတော့တယ်။ သူတို့ ပြောနေတာ မတူညီပေမယ့်လည်း အဓိပ္မာယ်ကတော့ အတူတူပဲ တယ်
အဲ့ဒီ့နောက် သူတို့ နှစ်ဦး စိတ်ရှုပ်ထွေးစွာနဲ့ တစ်ဦးကို တစ်ဦး ကြည့်နေကြတော့တယ်။ တစ်ယောက်ပြောနေတာကို တစ်ယောက် နားမလည်နိုင် ဖြစ်နေကြတယ်။
“ မင်း ရေထဲ ပြုတ်ကျသွားတယ် ထင်လို့ ငါ ခုန် ချလာတာ။”
“ မင်း ခုန်ချ တာမြင်လို့ ငါလည်း ခုန်ချလာတာ”
သူတို့ နှစ်ဦး လုံး ခေတ္တတိတ်ဆိတ်သွားတော့တယ်။ သူတို့ရဲ့ စိတ် နှလုံးထဲမှာ နွေးထွေးမှုကို ခံစားလိုက် ရတာကြောင့်ပဲ တယ် တကယ့်ကို သူငယ်ချင်းကောင်းပဲ။ သူငယ်ချင်း စစ်စစ်တွေပဲ ဒီ လို အတွေးတူ နိုင်တယ်။
“ ကမ်းခြေကို ကူးရအောင်” ဖန်ကျန်းရှီက ကမ်းခြေကို ညွှန်ပြလိုက်တယ်။
ရန်ရွှယ်လည်း ခေါင်းငြိမ့်လိုက်တော့တယ်။
သူတို့ နှစ်ဦး ကမ်းခြေကို ရောက်ပြီး သိပ်မကြာခင်မှာပဲ အဝတတွေ ခြောက်သွားကြတော့တယ်။ ဖန်ကျန်းရှီကတော့ သူ နားမလည်နိုင်တာ တစ်ခုခု ရှိမယ်လို့တော့ တွေးမိတယ်။
အဲ့ဒီ့နောက် ဒီ ပြောင်းလဲ သွားတဲ့ မြင်ကွင်းနဲက ပတ်သက်ပြီးတော့ ဆွေးနွေးကြတယ်။
ဖန်ကျန်းရှီ တွေးနေတာက ရန်ရွှယ် ခြုံပုတ်တွေ နောက်ကနေ ခုန်ချသွားတယ်လို့ ဒါပေမယ့်လည်း အမှန်တရာက သူ ထင်ထား သလိုမျိုး မဟုတ် ခဲ့ဘူး။
“မင်း က ငါ ခုန်ချတဲ့ အသံ ကြားလိုက်ပြီးတော့ ငါ့ကို မတွေ့တော့ လို့ ခုန်ချလာတယ် လား။” ဖန်ကျန်းရှီ တုံ့ဆိုင်းသွားတော့တယ်။
“ ဟုတ်တယ်။ မင်းကော” ရန်ရွှယ်က ခေါင်းငြိမ့်ရင်း မေးလိုက်တယ်။
“ ဒါဆို မင်း ခြုံတွေ နောက်က တစ်ခါမှ မခွာ ဖူးသလို ရွေ့လည်း မရွေ့ ဖူး ဘူးပေါ့။” ဖန်ကျန်းရှီက နားမလည စွာ မေးလိုက်တယ်။
“ အင်း ။ ဟုတ်တယ်။ ”
“ ဒါဆို ငါတို့ အခြေ အနေတွေက အကုန် တူညီတာပဲ ငါလည်း မင်း ပြုတ်ကျတယ် ထင်လို့ ခုန် ချလာတာ။”
“ အာ” ရန်ရွှယ် လည်း စိတ်ရှုပ်လာတော့တယ်။
“ ငါ နားလည်ပြီ။”
“ငါလည်း နားလည်ပြီ။”
ဖန်ကျန်းရှီနဲ့ ရန်ရွှယ်လည်း ခပ်မြန်မြန်ပဲ နားလည် သွားတယ်။ တစ်ဦးကို တစ်ဦး နားမလည် နိုင်စွာနဲ့ ကြည့်လိုက်မိ တော့တယ်။ ရှင်းပြဖို့က တကယ့်ကို ခက်ခဲ လှတယ်။
ဒါပေမယ့်လည်း တခြား ဖြစ်နိုင်ချေက မရှိ ဘူး။
ဒါက …
သူတို့ မြစ် ကမ်းဘေးမှာ ရှိနေစဉ် အချိန်မှာ သူတို့ ကြားထဲမှာ အလွှာ တစ်ခု ခြား သွားတာ ဖြစ်လိမ့်မယ်။
ကောင်းကင် ရတနာ ခန်းမ။ အပြိုင်နယ်မြေ တစ်ခု။
ဒါပေမယ့်လည်း ဖန်ကျန်းရှီ စိတ်ထဲမှာတော့ လန့်လာမိတယ်။ သူတို့ တွေးသလိုသာ ဖြစ်ခဲ့မယ်ဆိုရင် တခြား တစ်ဦးရဲ့ တည်ရှိမှုကို တစ်ဦးက မမြင်ရဘူး။ ဒါပေမယ့် ပြုတ်ကျ တဲ့ အသံနဲ့ ရေပွက်ကိုက ဘယ် လို ရှင်းပြ ရမှာလဲ။
ဒါကကော ထင်ယောင် ထင်မှားဖြစ်တာလား ။
ဒါမှမဟုတ် သူတို့ ကြား ထဲမှာ အချိန် ကွာခြား ချက်များရှိသွားတာလား။
“ ငါထင်တာတော့ ကောင်းကင်ရတနာ ခန်းမထဲမှာ နယ်မြေတွေ အများကြီး ခွဲခြားထားတဲ့ ပုံပဲ” ဖန်ကျန်းရှီရဲ့ အတွေးတွေက အရင် ပြောင်းလဲ သွားချိန်ကို ကြည့်လိုက်ပြီးတော့ ပြောလိုက်တယ်။
“ ငါထင်တယ်။ ဒီၤ ခန်းမကို ကမ္ဘာပေါင်းများစွာ စုပေါင်းပြီးတော့ ဖွဲ့ စည်းထားတယ်လို့ ဆိုရမယ်။” ရန်ရွှယ်က ခေါင်းငြိမ့်ရင်း ပြောလိုက်တယ်။
“ မင်းပြောသလို ဆိုရင် တော့ အပြိုင်နယ်မြေ ဆိုတာ စိတ်အာရုံ နယ်မြေ တွေ စုပေါင်းထားတာ ဖြစ်လိမ့်မယ်။ ” ဖန်ကျန်းရှီက ရန်ရွှယ်ပြောတာကို ပြန် စဉ်စားလိုက်တယ်။
“ ဖြစ်နိုင် ချေ နောက် တစ်ခုကတော့ တာအို နိယာမ ထဲမှာ အပြိုင်နယ်မြေ သုံးထောင် ရှိ သလိုမျိုး အပြိုင်နယ်မြေ ထဲမှာလဲ နယ်မြေ အခွဲတွေ အများကြီးနဲ့ စုပေါင်း ထားတာ ဖြစ်လိမ့်မယ်။ ဒါက ယုတ္တိရှိတယ်။ ”
“ ဒါ ဆို ဒီ ရေကန်က…”
“ ငါ ခန့်မှန်းတာလား မမှား ဘူး ဆိုရင် ဒီ ရေကန်က ငါတို့ အရင် လောကနဲ့ အခု လောကို ချိတ်ဆက်ထားတာ ဖြစ်လိမ့်မယ်။ ” ရန်ရွှယ်က ပြောလိုက်တယ်။
ဖန်ကျန်းရှီကတော့ ခေါင်းငြိမ့်လိုက်တယ်။
သူတို့ အခြေ အနေ အတွက် အသင့်လျော်ဆုံး အဖြေက ဒါပဲ တယ်
ဖန်ကျန်းရှီလည်း ရေကန် မျက်နှာ ပြင်ကိုသာ ကြည့်နေတော့တယ်။
ကန်ေ်ရပြင်က တော့ ငြိမ် သက်နေခဲ့တယ်။ အမျိုးသမီးလည်း မရှိတော့ ဘူး။ ရေကန်ပေါ်မှာ အလင်း ပြန်နေတဲ့ သစ်ပင်တွေ ရဲ့ အရောင်သာ ရှိနေခဲ့တယ်။
လုံးဝကို မှန်ရေကန်နဲ့ တူညီ နေခဲ့တယ်။
“ တံလျှပ်လား။” ဖန်ကျန်းရှီရဲ့ စိတ်ထဲမှာတော့ သူ့ရဲ့ ဦးနှောက်ကနေ အချက် အလက် အသစ် တစ်ခုကို လက်ခံ သွားသလို ထင်လိုက် မိတော့တယ်။ အခြား ကမ္ဘာတစ်ခုက်ု သွားဖို့ လမ်းကြောင်း ။
ဒီ ခံစားချက်က လုံးဝကို ရှုပ်ထွေးပြီးတော့ အပြည့် အ၀ နားမလည် နိုင် စရာပဲ။
“ မင်း တစ်ခုခုကို တွေးးမိလို့လား” ဖန်ကျန်းရှီ တွေဝေနေတာ မြင်တဲ့ အချိန်မှာ ရန်ရွှယ်က မေးလိုက်တယ်။
“ မရသေး ဘူး။ ဒါပေမယ့် မင်း ငါ့ကို ကောင်းကင် ရောင်ပြန် အဆင့်ရဲ့ အစွမ်း အကြောင်း ပြောပြ ပါ လား။” ဖန်ကျန်းရှီက မေးလိုက်တယ်။ သူ အတည် ပြုဖို့ အကြောင်းရင်းတွေ လိုအပ်တယ်။
“ကောင်းကင် ရောင်ပြန် အဆင့် က မင်းရဲ့ ကိုယ်ပိုင် စိတ်အာရုံနယ်မြေနဲ့ အပြင်လောကကို ချိတ်ဆက်နိုင်တဲ့ အဆင့်တယ် မင်းရဲ့ စိတ်အာရုံနယ်မြေထဲမှာ ရှိတဲ့ အရာအားလုံးကို ဆင့်ခေါ် နိုင်ပြီးတော့ အပြင်လောကမှာ အရာ ဝတ္ထုတွေ ဖန်တီးနိုင်တယ်။” ရန်ရွှယ်ကတော့ ဖန်ကျန်းရှီရဲ့ မေးခွန်းကြောင့် အနည်းငယ် အံ့အားသင့်သွားပေမယ့် ရှင်းပြ ခဲ့တယ်။
“ မင်းရဲ့ စိတ်အာရုံနယ်မြေထဲမှာ ရှိတဲ့ အပြင် လောက က အရာ အားလုံးနဲ့ လည်း ချိတ်ဆက်နိုင်တယ်။ ဒါပေမယ့် မရှိတာနဲ့ တော့ မချိတ် ဆက်နိုင် ဘူး။ ” ဖန်ကျန်းရှီက သေချာအောင် ထပ်မေးလိုက်တယ်။
ကောင်းကင် ရောင်ပြန် အဆင့်က
အဓိက က စိတ်အာရုံနယ်မြေပဲ။
အပိုင်း ( ၁၄၄) ပြီး၏။
အပိုင်း ( ၁၄၅)
“ လမင်းပေါ်က အရိပ် ”
ဘယ်မှာများ ဒီ လို ကန့်သတ်ချက်တွေ ရှိလို့လဲ ။ ဒီ နေရာအနားမှာ ရှိတဲ့ စွမ်းအင်တွေကို ဘာကြောင့် မစုပ်ယူနိုင်တာလဲ။ ဒီ နေရာရဲ့ စည်းမျဉ်း သတ်မှတ် ချက်က ဘယ်လိုလဲ။
ဖန်ကျန်းရှီရဲ့ စိတ်ထဲမှာ မေးခွန်းတွေ ပေါ်လာတော့တယ်။
ဒီမေးခွန်းတွေက သူ့ကို ရေကန်ထဲ ထပ်ကြည့်စေတယ်။ ရေမျက်နှာပြင်ပေါ်မှာတော့ သစ်ပင်ရိပ်တွေ အပြင် အခြား သော အလင်းပြန်မှုလည်း ရှိနေခဲ့တယ်။
အလင်းပြန်မှု ရေထဲမှာ ရွေ့လျားနေခဲ့တယ်။
လေကြောင့်ရွေ့နေတာလား။ စိတ်အာရုံနယ်မြေ နဲ့ အပြင် လောက။ အလင်းပြန်မှု။ မတူညီတဲ့ ကမ္ဘာနဲ့ လေနယ်တွေ ။
စာလုံးတွေ သူ့ စိတ်ထဲမှာ ပြေးလွှား လှုပ်ရှားနေခဲ့တယ်။ ဖန်ကျန်းရှီကတော့ သူတို့ ကြားကို ကြိုးစားပြီး ဆက်စပ်ကြည့်ပင်မယ့်လည်း လက်မ အနည်းငယ်လောက် ကွာဟ နေပြန်တယ်။
ရှင်းလင်းမှု လိုတယ်။
ဟုတ်တယ်။ ရှင်းလင်းမှု
ဒီ အရာတွေရဲ့ ဆက်စပ်မှုကို ရှာနိုင်မှ ဖြစ်မှာ။
“ ကျန်းရှီ …. အပေါ်ကို ကြည့် ” ရန်ရွှယ် အော်ဟစ်ရင်းနဲ့ ကောင်းကင် က လမင်းကို လက်ညှိုး ထိုးလိုက်တယ်။
“ အပေါ်ကို ” ဖန်ကျန်းရှီလည်း ခေါင်းမော့ပြီး ကြည့်လိုက်တယ်။
အဲ့ဒီ့နောက် ရန်ရွှယ် ညွှန်ပြနေတဲ့ လမင်းနားက ပုံရိပ်ကို တွေ့လိုက်ရတယ်။ တိမ်မည်းတွေလိုမျိုးနဲ့ တူတယ်။
အရင် နွေ ကမ္ဘာမှာ ဖန်ကျန်းရှီ မြင်ခဲ့တဲ့ အရာ တယ်
ပြောင်းလဲနေတဲ့ အရိပ် တွေ ။ အခုလည်း ဆက်ပြီးတော့ ပြောင်း လဲ နေတုန်းပဲ ။
ဒါကြောင့် သူ လည်း သိပ်ပြီးတော့ မအံ့သြ သွားတော့ဘူး။ ဒါပေမယ့်လည်း သိပ် မကြာခင်မှာပဲ သူ့ရဲ့ မျက်လုံးတွေ ပြူးကျယ် သွားတော့တယ်။
ဘာကြောင့်လဲ ဆိုတော့
အရင် လို လက်နက် ပုံစံ မဟုတ်တော့ပဲ ဒီ တစ်ခုက တော့ ကွာခြားတယ်။
လူ တစ်ယောက် အသွင် ။ အမျိုးသမီး တစ်ယောက် ။ ကခုန်နေတဲ့ အမျိုး သမီး
“ ဒါက မင်း မြင် ခဲ့တဲ့ အမျိုးသမီးလား။” ရန်ရွှယ် က ဖန်ကျန်းရှီကို ကြည့်ရင်း ပြောလိုက်တယ်။
“ ငါ မြင်ရတာ ပုံရိပ် ယောင် မဟုတ် ဘူး။ တကယ့် လူ အစစ် ။” ဖန်ကျန်းရှီ က ခေါင်းခါရင်း ပြောလိုက်တယ်။ သူမြင် ခဲ့ရတာ လူ အစစ် ဟုတ် မဟုတ် မသိ ပေမယ့်လည်း အရိပ် မဟုတ်တာတော့ သေချာတယ်။
“ လူ အစစ်လား။” ရန်ရွှယ် က စိတ် ရှုပ်သွားပြန်တယ်။
ဖန်ကျန်းရှီ က တိုက် ရိုက် ရှင်းမပြ နိုင် ဘူး။ ဒါပေမယ့် အခုတော့ သူ့မှာ များပြားလှတဲ့ စိတ် ခံစား ချက်တွေ ရှုပ်ထွေးနေတော့တယ်။
ဒီ အရိပ် နဲ့ နွေကမ္ဘာက အမျိုးသမီး ဆက်စပ် မှုက ဘာလဲ။
ဒါက သူမရဲ့ တံလျှပ်လား။
ရေကန်ကပဲ တံလျှပ်ကို ဖြစ်ပေါ်စေတာလား။
ဒီ လို ရှင်းပြ နိုင်ပေမယ့်လည်း ထူးဆန်းမှုကတော့ရှိနေတယ်။ သူမရဲ့ တကယ့် ကိုယ် ခန္ဒာနဲ့ တံလျှပ်ကို ကမ္ဘာ တစ်ခုကနေ ခြားထားတယ်။
ဒီ လိုသာ ဖြစ်ခဲ့ရင် သူတို့ မြင်နေရတဲ့ အမျိုးမျိုးပြောင်းလဲ နေတဲ့ လက်နက် အရိပ် ကကော
ဘယ်မှာ တည်ရှိ နေမလဲ။
ဖန်ကျန်းရှီကတော့ လမင်းကို ငေးကြည့်နေတော့တယ်။ အဲ့ဒီ့နောက် ရေကန်ကို ကြည့်ရင်း သူ့ စိတ်ထဲမှာ အတွေး တစ်ခု ဝင်လာတော့တယ်။
“ ငါ့ရဲ့ အတွေး မှန် မမှန် သိနိုင် ဖို့ နောက် တစ်ခါ ထပ် ငုပ်ရအုန်းမယ်။ ” ဖန်ကျန်းရှီက ရန်ရွှယ်ကို ကြည့်ရင်း အလေး အနက် ပြောလိုက်တယ်။
“ ကောင်းပြီလေ။ ငါလည်း လိုက် ခဲ့မယ်။” ရန်ရွှယ်က ချက်ချင်း ပြန် ဖြေလိုက်တယ်။
“ ရတယ်။ မလိုက်ခဲ့နဲ့ ကမ်းခြေ မှာပဲ စောင့် နေ။ ငါ့ ခါးမှာ ကြိုးချည် ပြီးတော့ ငုပ်မယ် ။ ငါ လှုပ်ရှားတာသာ ရပ်သွားရင် မင်း ငါ့ကို ဆွဲ တင် လိုက်။” ဖန်ကျန်းရှီက သူ့ ခေါင်းကို ခါယမ်း ရင်း ပြောလိုက်တယ်။
“ မင်း ဘာတွေ တွေးနေတာလဲ။” ရန်ရွှယ် က ဖန်ကျန်းရှီ ဘာ နည်းလမ်းကို သုံးဖို့ လုပ်နေလဲ ဆိုတာ ကောင်း ကောင်း သိတယ်။ ဒါပေမယ့်လည်း ဘာလို့ ဖန်ကျန်းရှီ က ဒါကို စမ်းသပ် ချင် နေတာလဲ နားမလည် နိုင် ဘူး။
“ငါ လည်း မသ် ဘူး။ အခု မှ အဖြေ ထုတ်ဖို့ တွေးနေတုန်းပဲ ရှိသေးတယ်။ ” ဖန်ကျန်းရှီမှာ တကယ်ပဲ အကြံ မရှိ ပါ ဘူး။
“ ကောင်း ပြီလေ။ ” ရန်ရွှယ်လည်း ခေါင်းငြိမ့်လိုက်တယ်။
ဖန်ကျန်းရှီက ပတ်ဝန်းကျင်ကို ကြည့်လိုက်ရင်းနဲ့ ထုံးစံ အတိုင်း လက် ဖြစ် ကြိုး တစ်ချောင်း ကို ရက်လုပ်လိုက် တော့တယ်။ တောင်အောက်ကို ခုန် မချခင် ထောင် ချောက်တွေ ဆင်ခဲ့သေးတယ်။ ဒါပေမယ့်လည်း မလုံလောက် သေးတာကြောင့် သူ့ရဲ့ အာရုံကို သစ်ပင်တွေဆီ ပြောင်းလိုက်တယ်။
ပိုပြီးတော့ နူးညံ့ပြီးတော့ ဆွဲဆန့်နိုင်တဲ့ သစ်ကိုင်းတွေကို ပေါင်းစည်းပြီး ရန်ရွှယ် ရဲ့ အကူညီနဲ့ ကြိုးတွေကို ရစ်ပတ်လိုက်တယ်။
နောက်ဆုံးမှာတော့ သူ လို ချင်တဲ့ အရှည်ကို ရပြီးတဲ့ နောက်
ခိုင် မခိုင် စမ်းသပ် လိုက်တယ်။
အဲ့ဒီ့ နောက် ရန်ရွှယ်ကို ခေါင်းငြိမ့် ပြပြီးတော့ ခုန် ချ လိုက်တော့တယ်။
ရန်ရွှယ်ကတော့ ကြိုးစ တစ်ဖက်ကို ကိုင်ပြီးတော့ ကမ်းခြေမှာပဲ မတ်တပ်ရပ်နေတော့တယ်။ သူ့ရဲ့ ပုံစံ ကတော့ စိတ်ရှုပ်ထွေးစွာနဲ့ ငြိမ်သက် နေတဲ့ ရေပြင်ကို ကြည့်လိုက်တော့တယ်။
“ ဝူး”
ဒီ အချိန်မှာပဲ ခေါင်း တစ်ခေါင်း ပေါ်လာတော့တယ်။
ရန်ရွှယ်ကတော့ ခေါင်းတောင် မလှည့်ပဲ မျက်လုံးလေးနဲ့ သာ ကြည့်လိုက်တော့တယ်။
ဘယ်သူ ဆိုတာကို မြင်လိုက်တဲ့ နောက်မှာတော့ သူ့ရဲ့ မျက်နှာ အမူ အယာ က ပျက်ယွင်းသွားတော့တယ်။
“ ရန်ရွှယ် လား” ရေကန်ထဲက သူက လည်း သတိ ပြုမိတယ်။ သူ့ရဲ့ အမူအယာကတော့ အံံသြနေ ဟန် ပါပဲ ။ ရန်ရွှယ် နောက်က နွေဦး ဥယျာဉ်ကို မြင် လိုက်တော့ သူ့ရဲ့ အမူအယာက ပိုပြီးတော့ အံ့သြသွားတော့တယ်။
ရေကန်ထဲက ခေါင်းထွက်လာတဲ့ သူကတော့ လုယွီရှန်းပဲ တယ် ဒီ အချိန်မှာတော့ သူ့ကိုယ်သူ ပြောစရာ စကားလုံးတွေ ပျောက်ဆုံးသွားတော့တယ်။
နောက်ဆုံးမှာတော့ ပြောင်းလဲ သွားတဲ့ ပတ် ဝန်းကျင်ကို သူ လက်ခံ လိုက်တော့တယ်။
ဒီ အချိန်မှာပဲ ။ တခြားသော ခေါင်းတွေ အများကြီး ထွက် လာတော့တယ်။
ပြောင်းလဲ သွားတဲ့ အခြေ အနေကို မြင်ပြီးတဲ့ နောက်မှာတော့ မယုံကြည်နိုင်တဲ့ မျက်နှာပေးတွေ ဖြစ်လာပြန်တယ်။
ရန်ရွှယ် ရဲ့ အမူ အယာကတော့ ဆိုးသည်ထက် ဆိုးလာခဲ့တယ်။
ဘာကြောင့်လဲ ဆိုတော့
အခု ချိန်မှာ သူ့လည်း ပြဿနာကြီး နဲ့ ကြုံနေရပြီ။ သူ ပြေးလဲ မပြေးနိုင် ဘူး။ ဖန်ကျန်းရှီ ကိုလည်း အန္တရာယ် ကင်းစေချင်တယ်။ ဒါကြောင့်လဲ ကြိုးကို မထားခဲ့နိုင် ဘူး။
လုယွီရှန်းကတော့ ရန်ရွှယ်သူ့ကို မြင်ရင် ထွက်ပြေးမှာလို့ တွက် ထားခဲ့တာ အခုတော့ ရန်ရွှယ်က သူ့ကို အေးအေး ဆေးဆေး ကြည့်နေခဲ့တယ်။
“ ဟမ်။” လုယွီရှန်း အနည်းငယ် တုန်လှုပ်သွားတော့တယ်။ ဒါ ကထောင် ချောက် ဖြစ်နိုင် မလား။
သစ်တောထဲမှာ ထောင်ချောက်တွေကို ခက်ခက်ခဲခဲ ရင်ဆိုင် ခဲ့ရပြီးတဲ့ နောက် ဒါကိုလည်း ထောင်ချောက် တစ်ခု လို့ သူ ထင်နေခဲ့တယ်။ နောက်ပြီးတော့ ဖန်ကျန်းရှီ ရန်ရွှယ် ဘေးမှာ ရှိနေခဲ့တာက သူ့ အတွေးကို ပိုပြီးတော့ ခိုင်မာစေတယ်။
“ ဖန်ကျန်းရှီ ဘယ်မှာ ပုန်းနေတာလဲ။” လုယွီရှန်းရဲ့ အကြည့်တွေက ဝေ့၀ဲ ကြည့်နေတော့တယ်။ ဒါပေမယ့် ဖန်ကျန်းရှီကို တနေရာမှာမှ မတွေ့တဲ့ နောက် သူ့ရဲ့ အကြည့်တွေက ရန်ရွှယ် စီကိုသာ ရောက်သွားတော့တယ်။
အဲ့ဒီ့နောက် ရန်ရွှယ် ကိုင်ထားတဲ့ ကြိုးကို မြင်လိုက်တော့ သူလည်း ရပ်တန့်သွားတော့တယ်။
“ သွားကြည့်ကြစမ်း။ ” လုယွီရှန်းက ဖန်ကျန်းရှီ ထောင်ထားတဲ့ ထောင်ချောက်တွေ သူတို့ကို နှောင့်နှေးအောင် ပဲ လုပ်နိုင်တယ် ဆိုတာ ကောင်းကောင်းသိတယ်။
ဒဏ်ရာတွေ လား။
သူတို့ရဲ့ ဒဏ်ရာတွေက သေးငယ်ပါတယ်။ သူ့နောက်က လူငယ် လေး ရ ယောက်လုံးက ကြယ်တာရာ စုဝေးမှု အဆင့်ကို ရောက်နေကြပြီ။ ဒီ လို မျိုး ထောင်ချောက်တွေက အသက် အန္တရာယ် မဖြစ်စေနိုင် ဘူး။
လူငယ် ရ ယောက်လုံးက တွေေ၀ သွားကြတယ်။ ဒါပေမယ့်လည်း မငြင်းပယ် ကြ ဘူး။
ရန်ရွှယ်ရဲ့ အမူအယာကတော့ လုံးဝကို မည်းမှောင်နေတော့တယ်။ သူ့နားကို နီးကပ် လာတဲ့ လူငယ် တွေကို မြင်တာနဲ့ တောင်နဲ့မြစ် မိုးမြေ ယပ်တောင်ကို ဖွင့်လိုက်တော့တယ်။
လုယွီရှန်းကတော့ အနည်းငယ် တွေ ေ၀ သွားတော့တယ်။ ရန်မိသားစုရဲ့ ရတနာ ငါး မျိုးက နာမည်နဲ့ လိုက်ဖက်အောင် စွမ်းအားကြီးမား လှတယ်။ ဒါပေမယ့်လည်း ရန်ရွှယ် ရဲ့ အစွမ်းကတော့ ကန့်သတ်ချက် ရှိတယ်။ ယပ်တောင်ရဲ့ စွမ်းအင်ကို အပြည့်အ၀ အသုံး မချနိုင် သေး ဘူး။
ဒါက အခွင့်အရေးပဲ။
အကယ်၍ သူတို့ အကုန်လုံးသာ ကြယ်တာရာ စုဝေးမှု အဆင့်မှာ ရှိနေမယ် ဆိုရင်တော့ လုယွီရှန်း လည်း များများစားစား တတ်နိုင်မှာ မဟုတ် ဘူး။ ဒါပေမယ့်လည်း ကောင်းကင် ရောင်ပြန် အဆင့် ကျင့်ကြံသူ တစ်ဦး အနေနဲ့ ကတော့ သူနဲ့ ရန်ရွှယ် ကြား ကွာခြားမှုက မယုံနိုင် လောက် စရာကို ကြီးမားလှတယ်။
လုယွီရှန်း နှာချေ တော့တယ်။ ရေကန်ထဲက ရေတွေ က အေးလွန်းတယ်။ သူ့ဘေးက ငြိမ်သက်နေတဲ့ ရေတွေကို ထိန်းချုပ်ပြီးတော့ သူ့နားမှာရေကန်လေး တစ်ကန် ဖန်တီးလိုက်တယ်။
ရန်ရွှယ်ရဲ့ နှုတ်ခမ်းတွေ ကတော့ စိတ်ပျက်စွာ တွန့်ကွေးသွားတော့တယ်။ သူ အကြောက်ဆုံးက တော့ လုယွီရှန်းရဲ့ စိတ်အာရုံနယ်မြေထဲမှာ တာအိုဖန်တီးမှု ရေ ရှိနေမှာကိုပဲ။ အခုတော့ သူ ထင်တာ ဖြစ်လာပြီ။
ရေကန်နဲ့ တိုက်မယ်လို့ ထင် သား။
လုယွီရှန်းက ရေကန်ထဲက ရေနဲ့ ချိတ်ဆက်နိုင်ရင် ။
လုံးဝကို ကြောက်စရာကောင်းတဲ့ အကျိုး ရလာမှာ။ ဒီလို အခြေ အနေ မျိုးမှာ ဆိုရင် ရန်ရွှယ်လည်း ပြောင်းလဲအောင် ဆောင်း ဥယျာဉ်ကို ရွေ့ပြောင်းရမယ်။
ဒါပေမယ့်လည်း။
သူ မလုပ်နိုင် ဘူး။
လုယွီရှန်းနဲ့ အတူ တခြား သော လူငယ် ရ ယောက်လည်း တိုက်ခိုက်တော့တယ်။ သူတို့ အကုန် ကမ်းခြေ ပေါ်ကို ရောက်လာချိန်မှာတော့ ဒဏ်ရာတွေနဲ့ ပြည့်နေကျပေမယ့်လည်း ဒဏ်ရာတွေက မကြီးမား ဘူး ဆိုတာ ကောင်းကောင်းသိတယ်။
ဒါကြောင့် သူတို့ရဲ့ အရည် အချင်းကိုလည်း မထိခိုက် ဘူး။
“ မိုးနဲ့ မြေ ပွင့်ဟ စေ” ရန်ရွှယ်က တစ်ချက်လေးမှကို မတွေေ၀ ပါ ဘူး။ သူ့ရဲ့ ယပ်တောင် အရောင် စုံ ပျံ့ လွင့် သွားတာ ရေတံခွန် တစ်ခု လိုပါပဲ။
ရောင်ခြည်တွေ ယပ်တောင်ကနေ ပတ်ဝန်းကျင်ကို ပျံ့ နှံ့သွားတော့တယ်။
ဥပမာ အနေနဲ့ တောင်နဲ့မြစ် ရုပ်ပုံလွှာ ပေါ်ထွက်လာတော့တယ်။
ကြီးမား လှတဲ့ တောင်တန်းတွေနဲ့မရေ မတွက်နိုင်တဲ့ သစ်ပင်တွေ ဖိအားကြီးမြင့် မှု ပေါ်ထွက် လာတော့တယ်။
တောင်တန်းကြီးရဲ့ ဖိအား။
အရှိန်ကုန် ထုတ်ထားကြတဲ့ လူငယ်တွေကတော့ သိသိ သာသာ ကို အရှိန်လျော့သွားတော့တယ်။
ဒါက လုယွီရှန်းရဲ့ ရေထု တိုက်ခိုက် မှုက ရန်ရွှယ်ဆီကို ရောက်လာခဲ့တယ်။
“ဖွင့်တော့” ရန်ရွှယ်ရဲ့ ယပ်တောင်က ရေထုကို ဖြတ် ပြီး ခုတ်ချလိုက်တယ်။
အနီရောင် ရောင်စဉ် တန်းတွေ ပေါ်လာတော့တယ်။
ရေထုတွေ လှိုင်း နှစ်မျိုးနဲ့ ရန်ရွှယ်ကို ဘေး နှစ်ဖက်က နေ ကပ်ပြီး တိုက်ခိုက်တော့တယ်။
…
ရေထဲမှာ ရောက်နေတဲ့ ဖန်ကျန်းရှီကတော့ ကုန်းပေါ်မှာ ဘာတွေ ဖြစ်နေလဲ ဆိုတာ လုံးဝကို မသိ ပါ ဘူး။ ရေကန်အောက်ခြေကိုသာ ကြိုးစား ကူးခတ်နေတော့တယ်။
မည်းမှောင်နေတဲ့ အမှောင်ထု ထဲမှာ သတိ မလွတ်သွားအောင် ထိန်းချုပ်နေရတယ်။
သူ့ မျက်လုံးတွေ ပွင့်နေပင်မယ့်လည်း ဘာကိုမှ မမြင်ရပြန် ဘူး. ။ ဒါပေမယ့်လည်း သူ ဆက်ပြီး ကူးနေခဲ့တယ်။
စက္ကန့် တစ်ခု ချင်းစီကို ဖြတ်သွားတိုင်း ဖန်ကျန်းရှီလည်း နက်သည် ထက် နက်အောင် ကူးတော့တယ်။ သူ့ရဲ့ ရင်ဘတ်တွေကလည်း ဖိအားကို ပြင်းထန်စွာ ခံစားနေရတယ်။ အောက်ဆီဂျင် ပြတ် လပ် သွားတော့မယ်လို့ ထင်မိတဲ့ အထိပဲ။
နောက်ဆုံးမှာတော့ လည်း အောက်ဆီဂျင်ရအောင် လုပ်ဖို့က မဖြစ်နိုင်တာပဲ။
ဒါပေမယ့်လည်း။
သူ အောက်ဆီ ဂျင် ကန်ကြီးကို မဖန်တီးနိုင်ပေမယ့်လည်း အောက်ဆီဂျင် အိတ်တွေကိုတော့ ထုတ်နိုင်တယ်။ ဒါကြောင့် သူ့ ရင်ထဲမှာ ရေမွန်းလာတိုင်း အောက်ဆီဂျင် အိတ်လေးတွေကို ဖွင့်ပြီး ရှူတယ်။
“Bloop bloop bloop…”
ပူဖောင်းလေးတွေ ဖန်ကျန်းရှီ မျက်နှာနားကို ဖြတ်သွားကြတယ်။
အဲ့ဒီ့နောက် သူလည်း နက်သည်ထက် နက်အောင် ကူးခတ် လာခဲ့တယ်။
ရေကန်ရဲ့ မည်းမှောင်တဲ့ အပိုင်းထဲကို ပိုတိုးဝင်လာလေ အသိစိတ် မဲ့လာလေ ဖြစ်ပြီးတော့ သူ့ခေါ်င်းထဲမှာ တွေးမိတာ တစ်ခုကတော့ နက်နက် ပိုရောက်အောင် ကူးရမယ်။
ဒီ အချိန်မျိုးမှာ သူ့ ရဲ့ အတွေးတွေ အကုန်ပျောက်ဆုံးသွားတော့တယ်။
နောက်ဆုံးမှာတော့ သူ့လက်တွေ မာကျောတဲ့ အရာ တစ်ခုကို ထိတွေ့မိသွားတယ်။ မြစ်ကြမ်းပြင်လည်း မဟုတ် သလို ရွံ့တွေလည်း မဟုတ်ဘူး။ မာပြီးတော့ ချောမွေ့တဲ့ အရာပဲ။
နောက်ဆုံးမှာတော့။
ဖန်ကျန်းရှီရဲ့ နှလုံးသားတွေ အခုန်မြန်လာတော့တယ်။ သူခြေထောက်တွေကို အားပြုရင်း အမည် မသိရတဲ့ အရာ ဝတ္ထုကို ကန်ကြည့်လိုက်တယ်။ ဒီ လို ရေနက်မျိုးမှာ ဘယ်လို အရာ ဝတ္ထု ကို သူ ထိတွေ့နေရလဲ တကယ့်ကို မခွဲခြားနိုင်ဘူး။ ဒါကြောင့် သူလည်း နီးကပ်သည် ထက် ကပ် လာလိုက်တယ်။
အပိုင်း ( ၁၄၅) ပြီး ၏။
အပိုင်း ( ၁၄၆)
“ ရတနာ ခန်းမ”
ဖန်ကျန်းရှီရဲ့ မျက်နှာက အရာ ဝတ္ထုကို ထိကပ် လိုက်ချိန်မှာတော့ သူနောက်ဆုံးမှာ တွေ့လိုက်ရတော့တယ်။ ဒါကတော့ လူတစ်ယောက်ရဲ့ ပုံရိပ် တယ် သူ့ရဲ့ ကိုယ် ခန္ဒာ ရောင်ပြန် ဟပ် မှု တယ်
“ ဒါက ဒီလို ပုံလား။” ဖန်ကျန်းရှီ အမြဲ သံသယ ရှိခဲ့တယ်။ အပြိုင် နယ်မြေ ဆိုတာ စိတ်အာရုံနယ်မြေတွေ ပေါင်းစည်း ထားတာ ဖြစ်ရင် သူတို့ အကုန်လုံးကို ဆက်သွယ် ထားတဲ့ တံလျှပ် တစ်ခု ရှိ ရမယ်လို့။
ဒါဆိုရင် ဘာက တံလျှပ် ဖြစ်နိုင် မလဲ။
အစဦး ပိုင်းတော့ တံလျှပ်က လမင်း ဖြစ်မယ်လို့ သူထင် ထားခဲ့တာ တယ်
နောက်ဆုံးမှာတော့ လရောင် ထိတွေ့နေတဲ့ နေရာတွေ အကုန်လုံးက တံ လျှပ် ဖြစ်မယ် လို့ တွေးခဲ့တာ တယ် ဒါပေမယ့်လည်း လပေါ်က အရိပ်တွေကို တွေ့ချိန်မှာတော့ သူ့ရဲ့ အထင် မြင်တွေကို ဖယ်ရှားလိုက်တော့တယ်။
ဒါကြောင့် ရေကန်ရဲ့ အောက်ခြေကို သူ ဆင်းလာလိုက်တယ်။
နောက်ဆုံးမှာတော့ ချောမွေ့တဲ့ မှန်ကို သူ ရှာတွေ့ သွားပြီ။
တံလျှပ်။
ရေကန်ရဲ့ အောက်ခြေ တစ်ခုလုံးက ကြီးမားတဲ့ မှန်ချပ်ကြီး ဖြစ်နေတယ်။ ရောင်ပြန် ဟပ်နိုင်တဲ့ အရည်အချင်းရှိရင် ဒါက စိတ်အာရုံနယ်မြေတွေကို ဆက်စပ်ထားတာ ဖြစ်ရမယ်။
ရေကန် အောက်ခြေက မှန်ချပ်ကြီးက အရာအားလုံးရဲ့ အရင်း မြစ်ပဲ တယ်
“ တံလျှပ်လား။”
ဖန်ကျန်းရှီရဲ့ စိတ်ထဲမှာတော့ အမျိုးမျိုးသော အမည်တွေနဲ့ ပြည့်နှက်နေတော့တယ်။ အဲ့ဒီ့နောက် မေးခွန်းတွေ အကုန်လုံးက အဖြေရှာပြီးသား ဖြစ်သွားတော့တယ်။ နောက်ဆုံးမှာတော့ သူ့ရဲ့ ကိုယ်ပိုင် စိတ်အာရုံနယ်မြေ ကို ရိုက်ခတ်မှုက ကြီးမားတယ်။
နောက်ဆုံးမှာတော့ အပြိုင် နယ်မြေ အတွက် လိုအပ်မှုကို သူ နောက်ဆုံးမှာ နားလည် သွားပြီ။
ဖန်ကျန်းရှီ အတော်လေး စိတ် ထိခိုက် သွားတယ်။ သူ့ရဲ့ တကိုယ်လုံးမှာ စိတ်အာရုံခံစားမှုတွေ ပြည့်နှက်နေပြီးတော့ မျက်လုံးတွေကတော့ အရာ တစ်ခုရဲ့ ဆွဲဆောင်မှုကို ခံစားလိုက်ရတယ်။ ပုလဲ နက် တစ်လုံး ။
တောက်ပပြီး ချောမွေ့လှတယ်။
သူ့ရဲ့ ကိုယ်က အလင်းပြန်မှု မဟုတ် ဘူး။ ပုလဲ နက်က သူ့ရဲ့ ကိုယ်ခန္ဒာကို ပိတ်ဆို့ ထားတယ်။ ဒါကို သတိ မပြုမိ စရာ မလိုဘူး။
ဖန်ကျန်းရှီရဲ့ စိတ် ထဲမှာ တော့ မရေရာ စွာနဲ့ ပုလဲနက်ကို ဖမ်းဆုပ်လိုက်တော့တယ်။
မရေရာ လှတဲ့ ဆုံးဖြတ်ချက်။ ပုလဲနက်ကို သူ ဖမ်းဆုပ်နိုင်မယ်လို့ မထင် ဘူး။ နောက်ဆုံးမှာတော့ ပုလဲက မှန် အောက် မှာ ရှိနေတာ။
တကယ်တမ်းမှာတော့ သူ့ရဲ့ လက်တွေက ရေကန် အောက်ချေကို ရောက်သွားပေမယ့် မှန် ကိုတော့ မဖြတ်သန်းနိုင် ဘူး။ ဒါပေမယ့်လည်း သူ့ ခန္ဒာကိုယ်ရဲ့ အလင်းပြန် မှုက တော့ ပုလဲနက်ကို ဖမ်းဆုပ်လိုက်တော့တယ်။
အဲ့ဒီ့နောက်မှာတော့
ဖန်ကျန်းရှီ သူ့လက်ကနေ ရေခဲလို အေးစက်မှုကို ခံစားလိုက်ရတယ်။
“ အမ်။” ဖန်ကျန်းရှီလည်း ထိတ်လန့်သွားတော့တယ်။ မယုံကြည်နိုင် စရာပဲလို့ ထင်လိုက်မိတယ်။ သူ့လက်က တကယ်ပဲ တစ်ခုခု ကို ဖမ်းဆုပ် မိနေပြီ။
သူ့ရဲ့ ရင်ဘတ်ထဲမှာ မွန်းကြပ်မှုကလည်း ပိုပြီးတော့ တိုးလာခဲ့တယ်။
“ အပေါ် ပြန် တက်ပြီးမှ စဉ်းစားရအောင်” ဖန်ကျန်းရှီလည်း ထပ်ပြီးတော့ မကြည့်တော့ ဘူး။ အပါ်ကို သာ မြန်နိုင် သလောက် မြန်အောင် တက်လာတော့တယ်။
ဒါပေမယ့်လည်း သူ မသိ လိုက်တာက သူ့လက်ထဲကို ပုလဲ နက် ရောက် ရှိ လာတာနဲ့ လပေါ်က အရိပ် ပျောက်ကွယ် သွားတော့တယ်။ ရေကန်ပေါ် က အမျိုးသမီးလည်း ပျောက်ကွယ် သွားတော့တယ်။
…
မြစ်ကမ်းဘေးဘးမှာတော့
ရန်ရွှယ် က လေအရိပ် နည်းနဲ့ ပြေးလွှားနေခဲ့တယ်။ ဒါပေမယ့်လည်း တခြားသော ဘယ်နေရာကိုမှ သူမသွားနိုင် ဘူး။
သူ့လက်ထဲမှာ တော့ ကြိုးကို ကိုင်ထားဆဲ တယ်
“ ရန်ရွှယ် ငါ မင်းနဲ့ ရန်သူ မဖြစ်ချင် ဘူး။ ဖန်ကျန်းရှီသာ ဘယ်မှာလဲ ပြောရင် ငါ မင်းကို ထွက်သွားခွင့်ပြုမယ်။ ” လုယွီရှန်းရဲ့ အသံကတော့ အတော်လေးကို ယုံကြည့် မှု ပြည့်၀ နေခဲ့တယ်။
သူ ထင်တာ မှန် မယ် ဆိုရင် ရန်ရွှယ် က ဒီ ကြယ်တာရာ စုဝေးမှု အဆင့် ရ ယောက်လုံးကို သူ မထိန်းချုပ်နိုင်တော့ ဘူး ဖြစ်နေမယ်။
ဒါဆိုရင် သူလည်း တောင်နဲ့ မြစ် နယ်မြေ ထဲကို ဝင်လို့ မရနိုင်တော့ ဘူး။ ဒီ နေရာက ကြီးမားတယ်။ မဆင်မခြင် ခုန်ဝင်လို့ ရမှာ မဟုတ် ဘူး။
ရန်ရွှယ်လည်း ပြန်မဖြေနိုင် ပါ ဘူး။ သူကတော့ ကြယ်တာရာ စုဝေးမှု အဆင့် ရ ယောက်ကို တိုက်ခိုက်ရင်းနဲ့ အလုပ်များနေခဲ့တယ်။ တောင်နဲ့ မြစ် ယပ်တောင် ရဲ့ ဖိအားကို ခံနေကြရပင်မယ့်လည်း သူတို့ရဲ့ တိုက်ခိုက်မှု နှေးကွေးသွားတာ က လွဲပြီးတော့ တခြား သက်ရောက်မှု မရှိ ဘူး။
လုယွီရှန်း ကတော့ ရေကန်ရဲ့ ဖိအားကို သုံးပြီးတော့ ရန်ရွှယ်ကို တိုက်ခိုက်တော့တယ်။
ဒီ အချိန်မှာတော့ ရန်ရွှယ် ရဲ့ အခြေ အနေက အဆိုးဝါးဆုံး အဆင့်မှာ ရှိနေခဲ့တယ်။
ဒါပေမယ့်လည်း လုယွီရှန်းရဲ့ စိတ် ရှည်မှုကတော့ အကန့်သတ်ရှိတယ်။
ရန်ရွှယ်နဲ့ ရန်သူ မဖြစ်ချင် ဘူးလို့ ပဲ ပြောခဲ့တာတယ် ရန်သူ ဖြစ်မလာ နိုင် ဘူးလို့ ဆိုလိုတာ မဟုတ် ဘူး။
နောက်ဆုံးမှာတော့ ဒါက အပြိုင် နယ်မြေ ပဲ လေ။ အမျိုးမျိုး ရှင်းပြ နိုင်ပေမယ့်လည်း အတိအကျ တော့ အဓိပ္မာယ် မသတ် မှတ် နိုင် ဘူး။
“ ဘုန်းးး။” ဒီ အချိန်မှာပဲ နေမင်း နှစ်စင်း ထွက်ပေါ် လာတော့တယ်။
“ အမြွှာနေ ထွက်ပေါ်”
ရန်ရွှဝ်က အံကြိတ်ရင်းနဲ့ သူ့ ယပ်တောင်ကို ခတ်လိုက်တယ်။
နေမင်းရဲ့ ရောင် ခြည် အောက်မှာ တောင်နဲ့ မြစ် ဖိအား ကြီးမား လှတယ်။
သူတို့ အနားမှာ မီး မြိုက် ခံနေရသလို ပူပြင်းလှတယ်။ ဆောင်းဦးရဲ့ လေအေးက တိုက်ခတ်နေပင်မယ့်လည်း သူတို့ ကတော့ အကင် ခံ နေရသလို လောင် မြိုက်နေတော့တယ်။
ဒီ အချိန်မှာတော့ ကမ္ဘာမြေကြီး တုန်ခါ လာတော့တယ်။
ရေခဲလို အေး မြတဲ့ အလင်းတန်းတွေ မြေပြင်ကို ခွဲပြီးတော့ ထွက်ပေါ်လာတော့တယ်။
“ ဒါ က ရတနာ ခန်းမပဲ။”
“ ရတနာ ခန်းမ ပေါ်လာပြီ။ ”
“ သခင်လေး လု”
လူငယ်လေး ရ ဦးတို့ လည်း လုယွီရှန်းကို ကြည့်ရင်းနဲ့ ပြောလိုက်တော့တယ်။
လုယွီရှန်းလည်း မြင်ပါတယ်။ ကောင်းကင်ရတနာ ခန်းမ။ နတ်ဆိုးကျောင်းတော်ရဲ့ ရတနာ လျှို့ဝှက်ချက်နဲ့ အရာ အားလုံးကို ထည့်သွင်း သိမ်းဆည်း ထားတာ တယ်
ဒီ ခန်းမကြီး အတွက် လူတိုင်း က ဒီ ကို ရောက်နေကြတာ တယ်
“ ရတနာ ခန်းမထဲကို အရင် ဝင်မယ့် သူ။” လုယွီရှန်းက ဆုံးဖြတ်ချက် တစ်ခု ခက်ခက်ခဲခဲ ချလိုက်တယ်။သူ့ရှေ့မှာ ရောက်နေတဲ့ သူက တော့ ရန်ရွှယ် ဖြစ်နေတယ်။ ဖန်ကျန်းရှီ မဟုတ် ဘူး။ ရန်ရွှယ်ကို သူ ဒုက္ခ မဖြစ်စေဝံ့ဘူး။ ဒါပေမယ့်လည်း ရတနာ ခန်းမထဲကို သူတို့ မဝင် ရင် အခွင့် အရေး ပြောင်းလဲ သွားလိမ့်မယ်။
လူငယ် ရ ဦးကတော့ အနည်းငယ် သက်သာရာ ရသွားတယ။်
တောင်နဲ့ မြစ် ပုံရိပ် လွှာကို စွန့်ခွာပြီးတော့ အပြာရောင် အလင်းတန်း ရှိရာကို ခုန်ဝင်လိုက်ကြတော့တယ။်
“ ဝူးး” အရိပ် တစ်ခု ငါး တစ်ကောင်လိုမျိုး ရေထဲက နေ ခုန်ထွက် လာတော့တယ်။
ဖန်ကျန်းရှီ ဖြစ်တယ်ဆိုတာကို မြင်လိုက်ရချိန်မှာ ရန်ရွှယ်လည် း သက်ပြင်း ချနိုင်တော့တယ်။ ဒါပေမယ့်လည်း ရန်ရွှယ်ကို ဖန်ကျန်းရှီ မြင်တဲ့ အချိန်မှာတော့ သူ ကြက်သေသေ သွားတော့တယ်။
တောင်နဲ့ မြစ် ပုံရိပ် လွှာက လွင့်နေတယ်။.
ဒါဆို ဖြစ်နိုင်ချေ တစ်ခုပဲ ရှိမယ်။
ရန်ရွှယ် တိုက်ပွဲ တစ်ခုကို တိုက်ခိုက်ထားတယ်။ နောက်ပြီးတော့ လုယွီရှန်းကို မတွေ့ တဲ့ အတွက် ဖန်ကျန်းရှီရဲ့ စိတ် ထဲမှာ စိုးရိမ်မှု ဖြစ်ပေါ်လာတော့တယ်။
တစ်ပြိုင်နက်ထဲမှာပဲ ဖန်ကျန်းရှီရဲ့ စိတ်ထဲမှာ မကျေနပ်မှုတွေ တိုးလာတော့တယ်။
လုယွီရှန်း သူ့ကို အရူးလုပ်တာကို လက်ခံနိုင်တယ်။ ဒါပေမယ့်လည်း သူ့ သူငယ်ချင်းကို အနိုင်ကျင့်တာကိုတော့ လက်မခံနိုင် ဘူး။
“ သူတို့ ဘယ်သွားတာလဲ။” ဖန်ကျန်းရှီက ရန်ရွှယ်ကို မေးလိုက်တယ်။
“ရတနာ ခန်းမကို။” ရန်ရွှယ်က အပြာရောင် အလင်းတန်းကို ညွှန်ပြရင်း ပြောလိုက်တယ်။
“ ရတနာ ခန်းမ။ အထဲမှာ ရတနာရှိလို့လား။”
“အများကြီး ရှိတယ်။ ဒါပေမယ့် နတ်ဆိုးကျောင်းတော်က ကြည့်ရှုပြီး သင်ကြားဖို့ ပဲ ခွင့်ပြုထားတယ်။ ဒါပေမယ့် ငါတို့ အတွက် ရတနာ တစ်ခုကိုတော့ ယူလို့ ရတယ်။ ”
“ဒါဆို ငါတို့လည်း သူတို့ ကြည့်နေတာတွေ။ သင်နေတာတွေ ယူသွားမှာတွေကို ရပ်တန့်ရအောင်။” “ ကောင်းပြီၤ။ ” ရန်ရွှယ်က ခေါင်းငြိမ့်လိုက်တယ်။ ဖန်ကျန်းရှီ ပြောနေတာတွေ မဖြစ်နိုင ဘူး ထင်ပေမယ့်လည်း သူ မငြင်းပါဘူး။
….
လေကတော့ အရိုးစိမ့်အောင် ချမ်းလှတယ်။ ဒီ လောက ကတော့ ရေခဲ နဲ့ နှင်းေ ပါင်းစည်း ဖြစ်ပေါ်နေတာပဲ တယ် ရေမရှိ။ မြစ်မရှိ။ ရေခဲနဲ့ ရေခဲ ထဲ မြှုပ်ထားတဲ့ ရတနာတွေသာ ရှိတယ်။
လောကမှာ ရှိသမျှ ရတနာတွေအကုန်ပြည့်နှက်နေတယ်။ အဲ့ဒီ့်နောက် ဓားသွားတွေ လည်း ရေခဲတွေလို တောက်ပနေတယ်။ သွေးရောင် လွှမ်းတဲ့ လှံတွေ ရှေးငေ် း လက်နက်တွေ သေတ္တာတွေနဲ့ ပြည့်နေခဲ့တယ်။
ရန်ရွှယ်ပြောသလိုပါပဲ ။ စွမ်းအင် မလုံလောက်ပဲနဲ့တော့ ရေခဲကို ခွဲနိုင်မှာ မဟုတ် ဘူး။
ဒီ လိုသာ ဖြစ်ခဲ့ရင်။ အင်အားနည်းတဲ့ သူကတော့ ရတနာတွေကို ငေးရုံသာ တတ်နိုင်မယ်။
လုယွီရှန်းကတော့ အေးခဲနေတဲ့ လောကကြီးကို ကြည့်ရင်း ပြုံးနေတော့တယ်။ သူ့မှာ ရေခဲကို ခွဲဖို့ အတွက် စွမ်းအား အလုံအလောက်ရှိတယ်။
လူငယ် ရ ဦးကလည်း ပဲ စွမ်းအား ပြည့်ဝတယ်။
ပါးလွှာတဲ့ ရေခဲကို ပဲ ခွဲနိုင်တယ် ထားအုန်း ။သူတို့မှာ လုယွီရှန်း ရှိတယ်။
ကောင်းကင် ရောင်ပြန် အဆင့်။
ဒါက သူတို့ လုယွီရှန်းနောက်ကို လိုက်တဲ့ အဓိက အကြောင်းရင်းပဲ တယ်
လုယွီရှန်းနဲ့သာ ဆိုရင် ရေခဲကို လွယ်လွယ် ခွဲပြီးတော့ ရတနာ စုလို့ရတယ်။
မမိတ် ဆိုတာ နှစ်ဦး နှစ်ဖက် အကျိုးရှိမှ ဖြစ်နိုင်မှာ။
“ မင်းတို့ ယူ ကြတော့။” ရေခဲ ထဲ မြှုပ်နေတဲ့ ရတနာ်တွေကို ကြည့်ရင်း လုယွီရှန်းက အော်လိုက်တယ်။ သူ့မှာ အခုတော့ မယံုံနိုင်စရာ ကောင်းလောက်တဲ့ အင်အားတွေ ရှိနေပြီ။
“ သခင်လေး လုကို ကျေးဇူးတင်ပါတယ်။ ” လူငယ် ရ ဦး ပြန်ဖြေလိုက်တယ်။
“ း း း ” လုယွီရှန်းလည်း ပြုံးနေခဲ့တယ်။ သူ ဒီ မှာ နေနေ သရွေ့ ဖန်ကျန်းရှီကို လည်း စောင့်ပြီးတော့ ရတနာ တစ်ခုမှ မယူနိုင်အောင် လုပ်ရ အုန်းမှာ။
“ သခင်လေး လု။ မင်းရဲ့ ရူးကြောင်ကြောင် အပြုံးကို သုတ်ပြစ်လိုက်စမ်း။ ဒီ ခန်းမက မင်း အမေလင် ဆောက်ထားတာ မို့လား။” ဒီ အချိန်မှာပဲ လုယွီရှန်းရဲ့ နောက်ကနေ အသံတွေ ပေါ်လာခဲ့တယ်။
လုယွီရှန်းကတော့ တုန်သွားခဲ့တယ်။ ဒီ အသံကို သူ ကောင်းကောင်းကြီးကို ရင်းနှီးနေတယ်။
“ ဖန်ကျန်းရှီလား။” လူငယ် ရ ဦးကလည်း အသံကို ကြားလို့ လှည့်ကြည့်လိုက်ချိန်မှာ ဖန်ကျန်းရှီနဲ့ ရန်ရွှယ်ကို မြင်လိုက်ရတယ်။
လူငယ်တွေကတော့ စတင် ရယ်မောကြတော့တယ်။
ဒီ ကောင်းကင်ရတနာ ခန်းမမှာ ပြေးပေါက် မရှိ တော့ ဘူး။ လုယွီရှန်း ဒီ ကို ရောက်နေတာ သိရဲ့သားနဲ့ လာရဲသေးတယ်။ ကိုယ့်သေတွင်း ကိုယ်တူးတာပဲ။
“ မင်းတို့လို လူတွေက သေမင်းကို မီးထွန်းရှာနေတာပဲ။ ဘယ်လောက်တောင်ရီစရာကောင်းလိုက်လဲ။” လုယွီရှန်းက ခြောက်ကပ်ကပ် ရယ်မောရင်း ပြောလိုက်တယ်။
“ လုံးဝကို သပဲ။ ” ဖန်ကျန်းရှီက လုယွီရှန်းရဲ့ စကားကို ထောက်ခံ လိုက်တယ်။
“ ဒါဆို မင်းက ကိုယ့်သေတွင်း ကိုယ်တူးတာပေါ့။”
“ မဟုတ်သေးဘူး။
“ မင်း လာဝံ့ရင် လာလေ။”
“ ဒီ မှာ ဒီ လောက် ရတနာတွေများတာ ငါ မလာရဲစရာ ရှိလား။”
“ ဒါဆိုလည်း မသေခင် အ၀ ကြည့်သွား ။”
“မင်း က ကြည့်ခွင့် ပြုမှာလား။
“ းဟ ားး ဒါပေါ့။ သေသေ ချာ်ချာ သာ ကြည့်။ မင်းအတွက် ရေခဲထဲကနေ ယူပေးမယ်။ သနာ်းစရာပဲ တစ်ချက်ပဲ ကြည့်ခွင့် ရမှာဆိုတော့.”
“ မဆိုးပါ ဘူး။ ငါ သာ လုပ်ရမယ် ဆိုရင်တော့ ပိုပြီးတော့ အနုပညာ ဆန်လိမ့်မယ်။ အင်အား များများ မသုံးပဲနဲ့ ရေခဲ ထဲကနေ ဆွဲထုတ်နိုင်တယ်။ နောက်ပြီးတော့နေရာ လွတ်သွားတဲ့ ရေခဲပြင်ထဲမှာ ပြန် မြှုပ်ပြီးတော့ မင်းကို သေသေ ချာချာ အနီးကပ် ပေးကြည့်မယ်။ ”
“ သွားသေတော့။”
လုယွီရှန်းက အော်ဟစ်လိုက်တော့တယ်။ ဒီ အချိန်မှာပဲ နှင်းတွေ သူ့ဘေးမှာ ဝန်းရံ လာပြီးတော့ နှင်းမှုန်တွေက နေ အလင်းတန်းတွေ ထွက်လာတော့တယ်။
လူငယ်တွေကတော့ တွေးနေမိတယ်။ ဒါက ဘယ်လောက်တောင် သွေးထွက် သံယို ဖြစ်လာမလဲ။
အပိုင်း ( ၁၄၆) ပြီး ၏။
အပိုင်း ( ၁၄ရ)
“ လွင့်မျောနေသော နှင်းပွင့်များ။”
ကောင်းကင် ရောင်ပြန် အဆင့် ကျင့်ကြံသူ တစ်ဦးနဲ့ ကြယ်တာရာ စုဝေးမှု အဆင့် တစ်ဦး တိုက်ပွဲမှာ ခြားနားချက်က ဘာဖြစ်နိုင်မလဲ။
ရန်ရွှယ်ကတော့ ဖန်ကျန်းရှီရဲ့ ရှေ့မှာ ရပ်နေခဲ့တယ်။ သူ့လက်ထဲက ယပ်တောင်ကတော့ သက်တန့်ရောင် အလင်းတန်းတွေ ထွက်ပေါ်နေတော့တယ်။ သူ သိတာကတော့ နှစ်ဦး ပူပေါင်းမှုကသာ အခွင့်အရေးကောင်းကို ဖန်တီးနိုင်မယ်လို့ ။
ဒါပေမယ့်လည်း ရန်ရွှယ်အံ့သြသွားခဲ့တယ်။ ဖန်ကျန်းရှီက ရန်ရွှယ်ရဲ့ ယပ်တောင်ကို ဖိချ လိုက်ပြီးတော့ ရန်ရွှယ်ကို သူ့နောက် ဆွဲလိုက်တယ်။
ရန်ရွှယ်လည်း နားမလည်လိုက်ဘူး။
လူငယ် ရ ဦးလည်း ဖန်ကျန်းရှီ ဘာလုပ်နေလဲ မသိ ဘူး တယ်
“ ဖန်ကျန်းရှီ ဘာလုပ်နေတာလဲ။”
လူတိုင်းကတော့ ရပ်တန့်နေကြတော့တယ်။ ဖန်ကျန်းရှီက သူ တစ်ယောက်တည်း ရင်ဆိုင်ဖို့ ဆုံးဖြတ်နေ်တာလား။ ရူးနေတာလား။ ဒါမှ မဟုတ် စိတ်ဖောက်ပြန် သွားတာလား။
ဖန်ကျန်းရှီကတော့ တစ်ခွန်းမှ မပြောပါ ဘူး။ လွင့်မျောနေတဲ့ နှင်းပွင့်တွေကို သာ တိတ်တဆိတ်ကြည့်နေခဲ့တယ်။
နှင်းပွင့်တွေ တော့ လေထုထဲမှာ ပိုပြီးတော့ များပြားလာခဲ့တယ်။ တစ်ခုချင်းစီ လေထုထဲမှာ ဝေ့၀ဲ နေရင်း လုယွီရှန်း အနားမှာ ရစ်ပတ်နေခဲ့တယ်။ လူငယ် ခုနှစ်ဦး ။ ဖန်ကျန်းရှီနဲ့ ရန်ရွှယ် အနားမှာတော့ လျော့နည်းစွာ လည် ပတ်နေခဲ့တယ်။
ရန်ရွှယ်ကတော့ ဖန်ကျန်းရှီရဲ့ လွန်မင်းစွာ အေးဆေးနေတဲ့ အမူ အယာကြောင့် အတော်လေးကို စိတ်ရှုပ်နေခဲ့တယ်။
လူငယ် ရဦးကတော့ အခြေ အနေကို စောင့် ကြည့်နေကြတယ်။ ရန်ရွှယ် မတိုက်ခိုက်သေးသရွေ့ သူတို့လည်း စွမ်းအင်တွေကို မဖြုန်းတီး ဘူး။
ကောင်းကင်ရတနာ ခန်းမထဲမှာ နှင်းပွင့်တွေ ပိုပြီးတော့ ထူထပ် လာလေလေ အမြင် အာရုံက မသဲ မကွဲ ဖြစ်လာလေလေ တယ်
လူငယ် ရ ဦးပေါ်မှာ ဖိအား သက်ရောက်လာတဲ့ အအေးဓာတ်ကတော့ ပိုပြီးတော့ ပြင်းထန် လာခဲ့တယ်။ သူတို့ အတွေးထဲမှာတော့ လုယွီရှန်း ထုတ်လွှတ်နေတဲ့ ကောင်းကင် ရောင်ပြန် တစ်ဥိးရဲ့ စွမ်းအားဆိုတာ ဒါကို ပြောတာ ဖြစ်မယ် လို့ ထင်လိုက်ကြတယ်။
ဒါပေမယ့်လည်း လုယွီရှန်းရဲ့ အမူအယာကတော့ ထူးဆန်းနေခဲ့တယ်။
သူ့နားမှ ဝေ့၀ဲ နေတဲ့ နှင်းပွင့်တွေကို ကြည့်ရင်း အံ့သြ ထိတ်လန့်နေမိတယ်။ အခု ချိန်မှာ ဘာတွေ ဖြစ်နေလဲ သူ ကောင်းကောင်း မသိ ဘူး။
သူ သိတဲ့ တစ်ခု တည်းသော အရာကတော့ …
ဒီ နှင်းပွင့်တွေက သူ့ရဲ့ ထိန်းချုပ် မှု အောက်မှာ မရှိ ဘူး။
“ဘာတွေ ဖြစ်နေတာလဲ။ ” လုယွီရှန်းရဲ့ အမူအယာကတော့ ပြောင်းလဲ လာတော့တယ်။ သူ့ရဲ့ ပတ်ဝန်းကျင်မှာတော့ နှင်းတွေ ထူထပ်သည်ထက် ထူထပ်လာခဲ့တော့တယ်။
ဒါက ပတ်ဝန်းကျင် အခြေအနေများ ဖြစ်မလား။
လုယွီရှန်းကတော့ တစ်ည တည်းနဲ့ တဟုန်ထိုး တိုးတက် သွားခဲ့တယ်။ ဒါက တကယ့်ကို ပြိုင် ဘက် ကင်းတယ်။ ဒီ လောက်ထိ အင်အားကြီးမယ်လို့ မထင်ခဲ့ဖူး ဘူး။ ဒီ အခြေ အနေအတွက် ရှင်းပြနိုင်စရာ တစ်ခုကတော့ပတ်ဝန်းကျင် အခြေ အနေပဲ တယ်
“ မင်း ဘာလို့ မတိုက်ခိုက် တာလဲ ” ဖန်ကျန်းရှီက လုယွီရှန်းကို ကြည့်ရင်း ပြောလိုက်တယ်။ သူ့ မျက်နှာမှာတော့ စိတ်မရှည် ဟန်တွေ အထင်းသား ပေါ်နေခဲ့တယ်။
“ မင်း က တကယ့်ကို တုံးထားပဲ။” လုယွီရှန်းက သူ့ လက်တွေကို ဝေ့ယမ်းရင်းနဲ့ နှင်းပွင့်တွေကို ထိန်းချုပ်ဖို့ ကြိုးစား လိုက်တယ်။
ဒါပေမယ့်လည်း နှင်းပွင့်တွေ တစ်စုံ တစ်ဦးရဲ့ ထိန်းချုပ်ထားသလိုမျိုး ပိုပြီးတော့ မြန်မြန် လည်ပတ် လာတယ်။ နောက်ဆုံးမှာတော့ ရေခဲ တမျှ အေးစက်မှု နဲ့ ဓားသွားအသွင် ဖြစ်ပေါ်လာတော့တယ်။
“ အားးး။” အော်သံ ထွက်ပေါ် လာတော့တယ်။
လူငယ် တစ်ဦး သူ့ရဲ့ လက်ကို ဖမ်းဆုပ်ထားလိုက်တယ်။ သူ့ရဲ့ လက်မောင်းတွေမှာတော့ ရေခဲ ဓားသွားတွေရဲ့ ထက်ရှမှု ကြောင့် ဒဏ်ရာရနေတော့တယ်။
“ သခင်လေး လု။ မင်း ဘာတွေ လုပ်နေတာလဲ။” လူငယ် တစ်ဦးက ဒဏ်ရာရသွားသူကို ကြည့်ရင်း ပြောလိုက်တော့တယ်။
ဒီ အချိန်မှာတော့ နှင်းပွင့်တွေက သူ့ဆီကို ပြေးဝင်လာတယ်။
“Stab!’
ခုခံနိုင်စွမ်း မရှိတဲ့ လူငယ်ရဲ့ မျက်နှာမှာတော့ ဒဏ်ရာ နက်နက်တွေ ဖြစ်ပေါ် လာတော့တယ်။ လေထုထဲမှာတော့ တောက်ပ လှတဲ့ သွေးတွေစီးကျနေတော့တယ်။
“ သခင်လေး လု မင်း ဘာလုပ်ဖို့ ကြိုးစားနေတာလဲ။” လူငယ်လေး သူ့ရဲ့ ဒဏ်ရာကို လက်နဲ့ ဖိရင်း အော်ဟစ်နေတော့တယ်။ သူတို့ ဆုတ်ခွာပြီးတော့ နှင်းမုန်တိုင်းက နေ ဖြတ်သန်းဖို့ ကြိုးစားနေခဲ့တယ်။
ဒါပေမယ့်လည်း ကောင်းကင်ရတနာ ခန်းမ တစ်ခု လုံးက နှင်းတွေနဲက ပြည့်နှက်နေပြီးတော့ ဘယ်ကို သွားရမလဲ မသိနိုင်တော့ ဘူး ဖြစ်နေမယ်။
“ ဘာတွေ ဖြစ်ကုန်တာလဲ။ နှင်းတွေက ငါ့ရဲ့ ထိန်းချုပ်မှု အောက်မှာ မရှိ ဘူး။ လုယွီရှန်းရဲ့ အမူအယာကတော့ လူငယ်တွေရဲ့ အမူ အယာက ပြောင်းလဲ သွားပြန်တယ်။
နှင်းလေး နည်းနည်း ကသာ သူ့ ထိန်းချုပ်မှု အောက်မှာ ရှိနေပြီးတော့ တခြားသော နှင်းတွေကတော့
ထူးဆန်းလှတယ်။
ရန်ရွှယ်ရဲ့ အမူအယာကလည်း ပြောင်းလဲ နေခဲ့တယ်။ နှင်းတွေလည်ပတ်နေတာကို တွေ့ချိန်မှာတော့ သူ့လည်း တိုက်ခိုက်ဖို့ စီစဉ်လိုက်တယ်။ ဒါပေမယ့်လည်း ဖန်ကျန်းရှီကတော့ သူ့ကို ရပ်တန့်ခဲ့တယ်။
သူ ဖန်ကျန်းရှီကို ကြည့်လိုက်တယ်။
သူ့ရဲ့ အမူအယာက် ရှုပ်ထွေးသွားပြီးတော့ မယုံကြည် မှုတွေနဲ့ ပြည့်နှက်နေခဲ့တယ်။
ဒီ အချိန်မှာတော့ ဖန်ကျန်းရှီလည်း သူ့ကို စိုက်ကြည့်နေတဲ့ ရန်ရွှယ်ကို သတိ ထားမိသွားတယ်။ ဒါပေမယ့်လည်း ရန်ရွှယ်ကို မျက်တောင် တစ်ချက် ခတ်ပြီးတော့ သာ အချက်ပြလိုက်တယ်။
အဲ့ဒီ့နောက် လုယွီရှန်းကို ကြည့်လိုက်တော့တယ်။
“ သခငလေး လု။ မင်းရဲ့ စကားတွေက တကယ်ပဲ ယောကျာ်းပီသပါပေတယ်။ မင်း သူတို့ အကုန်လုံးကို သတ်ပြီးရင် ငါတို့ ရဲ့ အပေးအယူလည်း ဖြစ်မြောက်သွားပြီ။ ” ဖန်ကျန်းရှီရဲ့ အမူအယာကတော့ အေးဆေးလွန်းလို့ သူငယ်ချင်းတွေ ကြားမှာ စကားပြောနေတဲ့ အတိုင်းပါပဲ။
“ ဘာ ဘာ အပေးအယူလည်း ငါ သူတို့ကို တိုက်တောင် မတိုက် ဘူး။” ဖန်ကျန်းရှီ ရဲ့ စကားကို ကြားချိန်မှာတော့ လုယွီရှန်း အတော်လေးကို အံ့သြ သွားတော့တယ်။ ဖန်ကျန်းရှီ ဘာတွေ ပြောနေလဲ သူ တကယ်ကို မသိ ဘူး။
ဒါပေမယ့်
တခြား သူတွေကတော့ ကောင်းကောင်း နားလည် ကြတယ်။
ဖန်ကျန်းရှီ ပြောတဲ့ စကားတွေကို ကြားပြီးနောက်မှာတော့ လူငယ်ရ ဦး လုယွီရှန်းကို ကြောက်ရွံ့ မှု အပြည့်နဲ့ ကြည့်လိုက်ကြတော့တယ်။
လုယွီရှန်းက သူတို့ကို သတ်တော့မယ်။
“ သခင်လေး လု ဟန်ဆောင်နေဖို့ မလိုတော့ ပါ ဘူး။ အခုတော့ ရတနာခန်းမက သူတို့ရဲ့ ထိန်းချုပ်မှု အောက်မှာရှိနေပြီ။ မင်းရဲ့ ဆန္ဒတွေကို ငါ ဖြည့်ပေးမယ်။ ဒါပေမယ့် လူ အများကြီးကို တော့ အသိ မခံနိုင် ဘူး။” ဖန်ကျန်းရှီက ဆက်ပြီးတော့ ပြောလိုက်တယ်။
လုယွီရှန်းရဲ့ အမူအယာကပြောင်းလဲ သွားတော့တယ်။ ဖန်ကျန်းရှိ ဘာလုပ်ဖို့ စဉ်းစားနေလဲ သူသိပြီ။ ကုလားဖန်ထိုးပြီး ရန်တိုက်နေတာပဲ။
“ သူ ပြောတာကို နားမထောင် နဲ့။ ငါတို့ကို အချင်းချင်း တိုက်ခိုက်ဖို့ သူ လုပ်နေတာ။” လုယွီရှန်းက ဒါကို ရပ်ဖို့ ကြိုးစားတယ်။
လုယွီရှန်းရဲ့ စကား ပြီးဆုံးပြီးနောက်မှာတော့ နောက် လူငယ် တစ်ဦးရဲ့ အော် ဟစ် သံ ထွက်လာခဲ့တယ်။ သူ့ရဲ့ ရင် ဘတ်မှာတော့ ဒဏ်ရာတွေ ပေါ်လာတော့တယ်။
ဒဏ် ရာ တစ်ချက် ချင်းစီက နက်ရှိုင်း ပြီးတော့ နာကျင်မှုက အရိုးခိုက် မတတ် ပြင်းထန်လှတယ်။
လေထုထဲမှာတော့ သွေးတွေက နတ်ဆိုးတွေ လိုမျိုး ကခုန်နေကြတယ်။
လူငယ် တွေကတော့ ဖန်ကျန်းရှီပြောတာကို မယုံချင် ပေမယ့်လည်း လက်ခံလိုက် ရတယ်။ ဒီ နေရာမှာ ကောင်းကင် ရောင်ပြန် အဆင့်ရောက်နေတာ လုယွီရှန်း တစ်ယောက်ပဲ ရှိတယ်။
ဒါက သေချာ တဲ့ အချက်ပဲ။
လုယွီရှန်း တစ်ယောက်ကပဲ နှင်းတွေကို ထိန်းချုပ်နိုင်မှာ။
လုယွီရှန်းရဲ့ အမူအယာကတော့ ပြောင်းလဲ သွားတော့တယ်။ သူလုပ်နေတာကို ကောင်းကောင်းသိတယ်။ ဒီ နှင်းတွေကို ထိန်းချုပ်နေတာ သူ မဟုတ် ဘူး။ တခြား တစ်ယောက်။
သူ့ ခေါင်းထဲမှာ အချက်ပေးသံတွေ မြည် လာတော့တယ်။
နောက်ပြီးတော့ ခပ်ယဲ့ယဲ့ ပြုံးနေတဲ့ ဖန်ကျန်းရှီရဲ့ မျက်နှာပေးက သူ့ကို ပိုပြီးတော့ ထိတ်လန့်လာစေတယ်။
“ ဒါက ဖြစ်နိုင် မလား။”
အချက်ပေးသံက လုယွီရှန်းရဲ့ စိတ်ထဲမှာ ပေါ်လာပေမယ့်လည်း သူခပ်မြန်မြန်ပဲ ဖယ်ထုတ်လိုက်တယ်။ ဒါက မဖြစ်နိုင် ဘူး။
နှစ်တွေ အကြာကြီး ဆရာပေါင်းများစွာ။ ရတနာပေါင်းများစွာနဲ့ သင်ကြားခဲ့ပြီးတော့မှ သူ ကောင်းကင်ရောင်ပြန် အဆင့်ကို ရောက်လာခဲ့တာ ။ အထူး အကူအညီသာ မရ ရင် သူ့လို ၂၄ နှစ် အရွယ်က ကောင်းကင်ရောင်ပြန် အဆင့်ကို ရောက်လာမှာ မဟုတ် ဘူး။
နောက်ပြီးတော့ ကောင်း ကင်ရောင်ပြန် အဆင့်ကလည်း အသက် 28 မှာ ပျမ်းမျှလို့ သတ်မှတ်ထားတာ။
မဖြစ်နိုင် ဘူး။
လူငယ် ရ ဦးကလည်း လုယွီရှန်း လိုပဲ တွေးတော ကြတာတယ်
သူတို့ မယုံကြည်ဝံ့ကြ ဘူး။ လက်မခံနိုင်ကြတာ တယ်
“ လုယွီရှန်း မင်းက ကျောင်းတော် ၁၃ ခုရဲ့ တပည့် ။ ငါက ဂုဏ်ရှိတဲ့ မိသားစုက သားပဲ။ မင်း ရတနာ ခန်းမ ထဲမှာ ငါတို့ကို သတ်ချင်ရင် ငါတို့လည်း ယှဉ်ပြိုင် ဖို့ ဝန်လေးမှာ မဟုတ် ဘူး။ မင်းဆက်တိုက်မယ် ဆိုရင် ငါတို့ လက်လွန်မှ အဆိုးမဆိုနဲ့။”
လူငယ် တစ်ဦးက လုယွီရှန်းကို နောက်ဆုံး အခွင့်ရေး ပေးဖို့ ဆုံးဖြတ်လိုက်တယ်။ ဒါပေမယ့်လည်း ၂၀ - ၃ ၀ လောက်ရှိတဲ့ နှင်းပြားတွေ သူ့ဆီကို ပြေးဝင်လာကြတယ်။
ဒါကို ပြင်ဆင်ထားပင်မယ့်လည်း သူ့ရဲ့ လက်မောင်းနဲ့ ပေါင်တွေမှာ ဒဏ်ရာ ရကုန်တော့တယ်။
ဖြူဖျော့်သွားတဲ့ လူငယ်ကတော့ မုန်းတီးမှုတွေ ပြည့်နှက်စွာနဲ့ လုယွီရှန်းကို ကြည့်လိုက်တော့တယ်။
“လုယွီရှန်းးးးး။” လူငယ် သည်းခံနိုင် ပုံ မပေါ်တော့ ပါဘူး။ လုယွီရှန်းက သူတို့ကို တိုက်ခိုက်နေတဲ့ အချက်ကို နောက်ဆုံးမှာ လက်ခံလိုကတော့တယ်။
ဘာကြောင့် လုယွီရှန်းက သူတို့ကို သတ်ချင်နေတာလဲ။
လုယွီရှန်းနဲ့ ဖန်ကျန်းရှီ ကြားက အပေးအယူ ဘာဖြစ်မလဲ။
သူတို့မှာ အဖြေ မရှိ သလို ဆက်ပြီးလည်း မစဉ်းစားချင်တော့ ပါ ဘူး။ သူတို့ သိတာက လုယွီရှန်း ကသူတို့သတ်ဖို့ ကြံနေတယ်။ သူတို့ ပြန်တိုက်ရမယ်။
ဒါကြောင့် ။
သေခြင်း ။ ရှင်ခြင်း အစွန်း နှစ်ဖက်ကို ရွေးချယ်ရမယ် ဆိုရင် သူတို့ ဒီ အခြေ အနေမှာ မလုပ်ဝံ့တာ မရှိတော့ ဘူး။
“ သတ် ”
“လုယွီရှန်း။ မင်း ငါတို့ကို ဖိအားပေးနေတာလား။”
“ သေစမ်း။” လူငယ် တွေ တစ်ပြိုင်နက်တည်း တိုက်ခိုက်လာကြတော့တယ်။ သူတို့ရဲ့ လက်နက်တွေကို အသက်သွင်းလိုက်ကြပြီးတော့ နောက်ဆုံးတိုက်ကွက်တွေကို သနား ညှာတာမှု မရှိပဲနဲ့ တိုက်ခိုက်ကြတော့တယ်။
ဖန်ကျန်းရှီရဲ့ ဘေးမှာတော့ အရောင် စုံ တဲ့ အလင်းတန်းတွေ နှင်းကို ဖြတ်ပြီးတော့ ပေါ်ထွက်နေတော့တယ်။
ဒီ ပြောင်းလဲ မှုက လုယွီရှန်း လိုချင်တာ မဟုတ် ဘူး။ သူ ရှင်းပြ ချင်တယ်။ ဒါပေမယ့်လည်း အလင်းရောင်တွေက သူနဲ့ နီးကပ်လာတော့တယ်။
ဒါကြောင့် သူ ခုခံ ရုံသာ တတ်နိုင်တယ်။
ကြယ်တာရာ စုဝေးမှု အဆင့် ရဦးရဲ့ တိုက်ခိုက်မှုက သူ့ အတွက်တော့ မှု စရာ မဟုတ် ဘူး။ လုယွီရှန်းအတွက်ကြောက်စရာလည်း မလို ဘူး။ သူက ကောင်းကင် ရောင်ပြန် အဆင့်ကို ရောက်ပြီးနေပြီ။
သူ့အတွက် ဒဏ်ရာ ရဖို့က ခက်ခဲ လှတယ်။
ဒါပေမယ့်လည်း ဒီ အချိန်မှာတော့ နှင်းတွေက ပုံစံ တစ်မျိုး ပြောင်းလဲ သွားပြန်တယ်။
သူ့နားမှာ လည်ပတ်နေတဲ့ နှင်းတွေကို ပိတ်ဆို့ ဖို့ ကြိုးစားလိုက်တဲ့ အချိန်မှာ နှင်းထုတွေက ပိုပြီးတော့ သိပ်သည်း လာခဲ့တယ်။
“ ဘုန်း ဘုန်း ဘုန်း။”
နှင်း ထုတွေ တစ်ခုနဲ့ တစ်ခု တိုက်မိသွားကြတယ်။
အလင်းတန်းတွေက ကောင်းကင်မှာ ပြည့်နှက်နေခဲ့တယ်။ မရေမတွက်နိုင်တဲ့ နှင်းထုတွေက မြေပြင်မှာ ဖွေးဖွေးလှုပ်နေတော့တယ်။
လုယွီရှန်းအတွက်တော့ ခုခံ ဖို့ ခက်ခဲ လာတော့တယ်။ သူ ပြန် မတိုက်နိုင် ခင် အချိန်မှာပဲ ဓား ရ လက်ရဲ့ အင်အား စုပေါင်းတိုက်ခိုက်မှု လုယွီရှန်းကို ရေခဲ ပြင်ပေါ် လဲကျသွားစေခဲ့တယ်။
ရေခဲပြင်ပေါ်မှာ အက်ကွဲ ရာတွေ ဖြစ်ပေါ်လာတော့တယ်။ ဓားတစ်ချောင်းနဲ့ ထိုးစိုက်လိုက် သလို။
“ ချီးပဲ။” လုယွီရှန်း ပါးစပ် အပြည့်သွေးတွေ အန်ထုတ်လိုက်ပြီးတော့ သူ့ မျက်နှာက ဖြူဖျော့သွားတော့တယ်။
သူ့ရဲ့ မျက်လုံးတွေကတော့ ထိတ်လန့်မှုတွေ ပြည့်နှက်နေတော့တယ်။ သူ ဘယ်လောက်ပဲ မယုံကြည်ပေမယ့် ဒီ လိုမျိုး လူတွေ လက်ထဲမှာတော့ အရှုံးမခံ နိုင် ဘူး။ ဒါ့အပြင် သူ့ဘေးက နှင်းတွေကို ထိန်းချုပ်လို့ မရတာ သူ့ အတွက် ကြီးမားတဲ့ အနှောက်အယှက်ဖြစ်လာနိုင်တယ်။
လူငယ် ရ ဦးကလည်း မျက်စိ လည်သွားတော့တယ်။
သူတို့လည်း အတော်လေးကို ထိတ်လန့်နေမိကြတယ်။ ဒီ လို တိုက်ခိုက်မှုမျိုးက လုယွီရှန်းကို အလွယ် တကူ ထိခိုက်စေမယ် လို့ သူ မထင်ထားမိဘူး။
ဒီအချိန်မှာတော့ ကောင်းကင်က နှင်းပွင့်တွေ ပိုပြီးတော့ သိပ်သည်း လာခဲ့တယ်။ မြေပြင်ပေါ် ကျဆင်းလာတဲ့ နှင်းတွေက မရေမတွက်နိုင်တဲ့ ဓားသွားတွေလိုမျိုး ပြင်းထန်လှတယ်။
“Stab stab stab…”
လေထုထဲမှာ ခွဲခြားမှုတွေ ပေါ်လာတော့တယ်။
လုယွီရှန်းနဲ့ လူငယ် ရ ဦး တို့ တစ်ကိုယ်လုံး ဒဏ်ရာတွေ ပြည့်နှက် သွားတော့တယ်။ ကိုယ်ကနေ စီးကျလာတဲ့ သွေးတွေ နှင်းလွှာပေါ်မှာ လှပတဲ့ မြင်ကွင်းကို ဖန်တီးပေးနေတော့တယ်။
မရေမတွက် နိုင်တဲ့ ဒဏ်ရာတွေ လုယွီရှန်းကို မတ်တပ်မရပ်နိုင်တဲ့ အထိ ဖြစ်စေတယ်။ မြေကြီးပေါ်မှာ ထိုင်နေရတဲ့ လုယွီရှန်းနဲ့ ပြုံးရွှင်နေတဲ့ ဖန်ကျန်းရှီ ရဲ့ ပုံစံ လူငယ်တွေကို မျက်လုံးပြူးစေတယ်။
လူငယ်တွေကတော့ ဖန်ကျန်းရှီနဲ့ လုယွီရှန်းကို တလှည့်စီ ကြည့်နေခဲ့တယ်။
သူတို့ရဲ့ စိတ်ထဲမှာတော့ အချက်ပေးသံတွေ မြည်နေတော့တယ်။
သူတို့ရဲ့ အရိုးထဲမှာ လောင်ကျွမ်းနေတဲ့ မီးလိုမျိုး နာကျင်မှု ပြင်းထန်လှတယ်။
သူတို့ရဲ့ ကိုယ်ထဲမှာ လောင်ကျွမ်းပြင်းထန်နေတဲ့ အချက်ပေးမှုတွေက တဖြည်းဖြည်းနဲ့ ထင်ရှားလာတော့တယ်။ အကယ်၍ ဒါကသာ မှန်ခဲ့ရင် ဒီ အင်ပါယာကြီး တစ်ခုလုံးက တခုခု ဖြစ်တော့မှာ အမှန်ပဲ ။
ဒီ မှာ ဘာတွေ ဖြစ်နေလဲ ဆိုတာ ပြောစရာ တစ်ခုပဲ ရှိတော့တယ်။
“ မင်းက ကောင်းကင် ရောင်ပြန် အဆင့်မှာ ရောက်နေပြီလား။ ” လုယွီရှန်းရဲ့ အသံ ထွက်ပေါ် လာတော့တယ်။ နာကျင်မှုနဲ့ မျှော်လင့်ချက်မဲ့နေတဲ့ အသံ ။ သို့ပေမယ့်လည်း မေးခွန်းတော့ မေးနိုင်သေးတယ်။
လူငယ်တွေကတော့ ဖန်ကျန်းရှီကိုသာ မျက်လုံးပြူးကြီးနဲ့ ကြည့်နေကြတော့တယ်။
ဖန်ကျန်းရှီ ငြင်းလိုက်တာကို မြင်ချင်ပေမယ့်လည်း ပြောင်းလဲ နေတဲ့ နှင်းတွေက သူတို့ရဲ့ မေးခွန်းကို ဖြေနေသလိုပါပဲ။
အကယ်၍
ဒီ နှင်းတွေ သာ လုယွီရှန်းရဲ့ ထိန်းချုပ်မှု အောက်မှာ ဆိုရင်
ဘာကြောင့် ဒါကို သူမတားနိုင်တာလဲ။
မေးခွန်းတွေက များပြားလှတယ်။ သူတို့ အတွေးထဲမှာ နေရာ ယူထားတာကတော့ ဖန်ကျန်းရှီ ကောင်းကင် ရောင်ပြန် အဆင့်ကို ရောက်နေပြီ လား ဆိုတာပဲ တယ်
“ သခင်လေး လု။ မင်း က အကန်းလား” ဖန်ကျန်းရှီက မေးလိုက်တယ်။ အဲ့ဒီ့နောက် ကောင်းကင်က နှင်းတွေ ပိုြပ်ီးတော့ ကျလာတော့တယ်။
လုယွီရှန်းနဲ့ အခြားသော သူတွေ ရှောင်ရှားကြပေမယ့်လည်း သူတို့ကိုယ် နှင်းတွေ ဖိအားကို ခံစားနေရတယ်။
လေထုထဲ က နှင်းပြားကြီးတွေကို သာ ကြည့်ရင်း နဲ့ စိတ်အိုက်နေကြတယ်။
“ ငါတို့ အခု သေတော့မှာလား။” သူတို့ စိတ်ထဲမှာ အတွေး တစ်ခု ဝင်လာတော့တယ်။ သူတို့ ဒီ လိုမျိုး အသေ မခံ နိုင်ပေမယ့်လည်း ခုခံ ဖို့လည်း မတတ်နိုင် ကြ ဘူး။
ဒီ အချိန်မှာပဲ။
နှင်းတွေ ရပ်တန့်သွားတော့တယ်။
လူ ၈ဦး လုံး ရပ်တန့်သွားတော့တယ်။ နှင်းပွင့်တွေ ပေါင်းစည်းပြီးတော့ စာလုံးတွေ ဖြစ်ပေါ် လာတာကို အေးခဲတဲ့ လေထုထဲမှာ မြင်တွေ့ နေရတယ်။
“ ဒီလောက် ကောင်းကင်ရောင်ပြန် အစွမ်းတွေ ပြနေတာတောင် မင်းတို့ မမြင်ကြဘူး ။ ကန်းနေကြတာလား။”
အပိုင်း ( ၁၄ရ ) ပြီး၏။
စောစောလေးပဲကောင်းပါတယ် 😁
အပိုင်း ( ၁၄၈)
“ ဘယ်လောက်တောင် ရှက်ဖွယ် ကောင်းပါလိမ့်။”
လုယွီရှန်း နဲ့ လူငယ် ရ ဦး ကတော့ လေထဲမှာ လွင့်မျောနေတဲ့ စာလုံးတွေကို ငေးကြည့်နေခဲ့တယ်။ ဖန်ကျန်းရှီ က ကောင်းကင် ရောင်ပြန် အဆင့်မှာ ရောက်နေပြီ ဖြစ်တယ်ဆိုတဲ့ အကြောင်း ရှင်းပြချက် ကို သူတို့ ကောင်းကောင်း သိ သွားကြပြီ။ ဒါပေမယ့်လည်း အခုချိန် ထိတောင် မယုံဝံ့ သေးကြပါဘူး။
“ သူ…. တကယ်ပဲ ကောင်းကင် ရောင်ပြန် အဆင့် ကို ရောက်နေပြီ ။”
“ ဒါက ဘယ် လို ဖြစ်နိုင် မှာလဲ။”
“ သူက ၁၅ နှစ်ပဲ ရှိသေးတာ။ ငါ မှတ်မိတာက မှန်ရင် အသက် ၁၅ နှစ် အောက် နဲ့ ဒီ အဆင့်ကို ရောက်တာ ချီကူယန် တစ်ယောက်ပဲ ရှိသေးတယ်။”
လူငယ်တွေကတော့ တစ်ယောက်ကို တစ်ယောက် ကြည့်နေခဲ့တယ်။ မနေ့ညက စားသောက်ပွဲမှာ ဖြစ်ခဲ့တာတွေ ကောင်းကောင်း မှတ်မိနေသေးတယ်။ ဖန်ကျန်းရှီနဲ့ ချီကူယန် ကြားက အလောင်း အစား။
အကယ်၍ ဖန်ကျန်းရှီ သာ ကောင်းကင် ရောင်ပြန် အဆင့်မှာ တကယ်ပဲ ရောက်နေရင်။
ဒီ အလောင်း အစားက သူတို့ ထင် သလိုမျိုး အချည်းနှီး မဟုတ် တော့ ဘူး။
သူတို့ ၈ ယောက်လုံးရဲ့ စိတ်ထဲမှာ သတိပေးချက်တွေ လင်းလက် လာခဲ့တယ်။ ဒီ အဖြစ် မတိုင် ခင် တုန်းက ဖန်ကျန်းရှီ ချီကူယန်ကို အနိုင် တိုက်မယ် ဆိုတာ ဘ်ယသူကမှ မယုံကြည် ခဲ့ဘူး။
ဒါပေမယ့် အခု ချိန်မှာတော့…
သူတို့ရဲ့ ယုံကြည်မှုက လေထဲ အငွေ့ ပျံ သွားပြီ။
ကြယ်တာရာ စုဝေးမှု အဆင့်နဲ့ ကောင်းကင်ရောင်ပြန် အဆင့် ကြားက ကွာခြား ချက် များပြားလွန်းတယ်။ လူငယ် အများစု ဒီ တံ ခါးပေါက်မှာပဲ တစ်နေကြပြီးတော့ နောက် တစ်ဆင့်ကို မတက်နိုင် ကြဘူး။
ဒါပေမယ့်လည်း
တိုးတက်မှု တစ်ခုသာ အောင်မြင်သွားခဲ့ရင် ကောင်းကင် ရောင်ပြန် အဆင့်က အရာ ဝတ္ထုတွေကို စုပ် ယူနိုင် မှုကို အသုံပြု ပြီးတော့ ချောမွေ့အောင် လုပ်နိုင်တယ်။ ကောင်းကင် ရောင်ပြန် အဆင့်ကို ၂ နှစ် အတွင်း ရောက်ဖို့က 20% လောက်ပဲ ဖြစ်နိုင်တယ်။
ဖန်ကျန်းရှီ က ချီကူယန်ကို ၂ နှစ် အတွင်း အနိုင် တိုက်နိုင်မှာ မဟုတ် ဘူးလို့ သူ ယုံကြည်ခဲ့ရတဲ့ အကြောင်း ရင်းလည်း ထပ်ရှိနေသေးတယ်။ ချီကူယန်လို “ ရွှမ် ကောင်းကင် တာအို ခန္ဒာပိုင်ရှင်” က သူနဲ့ အဆင့်တူတွေကို အေးအေး ဆေးဆေး အနိုင် ယူ နိုင်တယ်။
ဒါပေမယ့်လည်း တိုက်ပွဲကတော့ သူတို့ ထင် ခဲ့သလို လွယ်လွယ် ပြီးသွားမှာ မဟုတ် ဘူး။
ကောက်ရိုးမျှင်လို ဖြစ်နေပင်မယ့်လည်း
မျှော်လင့် ချက်ကတော့ ရှိနေသေးတယ်။
“အခု မင်းတို့ မှာ ရွေးစရာ ၂ ခု ရှိတယ်။ တစ်ခုက သေခြင်း။ နောက်တစ်ခုက ရှင်ခြင်း။ မင်း ဘာကို ရွေးချယ် မလဲ။” ဖန်ကျန်းရှီက ပြောလိုက်တယ်။ သူတို့ ၈ ဦး အပေါ်ကို ဖိထားတဲ့ နှင်းထုတွေကလည်း တဖြည်းဖြည်း လျော့ နည်းလာခဲ့တယ်။
“ ငါတို့ အသက်ရှင်ဖို့ ရွေးမယ်။” လူငယ် တစ်ဦးက အော်လိုက်တယ်။ ကျော်ကြားတဲ့ မျိုးနွယ် စုက လူ တစ်ဦး အနေနဲ့ သွေးချွေး ပြည့်တဲ့ တိုက်ပွဲတွေကို မကြုံဖူး ဘူး။ဒါကြောင့် အေးချမ်းတဲ့ ဘဝမှာပဲ နေသားကျ နေတဲ့ တပည့်တစ်ဦး တယ်
ဒါကြောင့် သေရမှာကို ကြောက်တာ ထုံးစံပဲ။
“ ဒါပေမယ့်လည်း မင်းတို့ အကုန် နွေဦး ဥယျာဉ် မှာ ငါတို့ကို အတော်လေး အနှောက် အယှက ပေးခဲ့တယ်။ မင်းတို့ တန်ရာ တန်ကြေး ပြန်ပေးသင့်တယ် မထင် ဘူးလား။ ” ဖန်ကျန်းရှီက ကြည့်ရင်းနဲ့ ပြောလိုက်တယ်။
“ တန်ကြေး။ ဘာတန်ကြေးလဲ။”
“ ငါက ဓားပြ တိုက်ရတာ ကြိုက်တယ်။” ဖန်ကျန်းရှီက အေးအေး ဆေးဆေးနဲ့ ပြောလိုက်တယ်။
“ဓားပြ တိုက်တယ်။”
လုယွီရှန်းနဲ့လူငယ်တွေကတော့ ဖန်ကျန်းရှီရဲ့ ပြောစရာကို ကြားတဲ့ အချိန်မှာ တောင့်ခဲ သွားကြတယ်။ ဖြစ်နိုင်ချေ အများ စုကို သူတို့ စဉ်းစားခဲ့ကြပေမယ့် ဒီ လိုမျိုး လုယက် ခံ ရမယ်လို့ မတွေးမိ ဘူး။
ဘယ်လောက်တောင် နည်းတဲ့ ဈေးလဲ။
သူ တို့ အသက် ရှင်နိုင် သရွေ့
ငွေ ကြေးဆိုတာ မပြောပ လောက်တဲ့ အရာပဲ။
“ ကောင်းပြီလေ။ သခင်လေး ဖန်လို ကြီးမြတ်တဲ့ သူ အတွက် ဆိုရင် မင်းကို ငါ့ရဲ့ ငွေတွေ ပေးပါမယ်။”
“ ငါ့မှာတော့ ငွေကြေး များများ စားစား မရှိ ပါ ဘူး။ ဒါပေမယ့်လည်း မင်းကို ငါ့ရဲ့ လက်နက်တွေ အကုန် ပေးမယ်။ ခေါင်း အဆင် တန်ဆာလည်း ရှိတယ်။ ဒါကို လုံး၀ အထင် မသေးတဲ့ သမုဒ္ဒရာ နက်ထဲကနေတူးဖော်လာတဲ့ ပုလဲ။
“ သခင်လေး ဖန် ငါ့ရဲ့ ငါ့ရဲ့ ဒီ လက်ဝတ် ရတနာကိုလည်း ကြည့်ပါ အုန်း။ ဒါကို ဝတ်ထားတဲ့ အချိန်မှာ သူ့ရဲ့ ရနံ့ ကြောင့် မင်း သင်ကြားလေ့ကျင့်တဲ့ အချိန်မှာ စိတ်အာရုံ စုစည်း နိုင် ဖို့ အကူအညီ တယ် ”
လူငယ်တွေတော့ သူတို့ ကိုယ်မှာ ရှိတဲ့ အဖိုးတန် ရတနာတွေကို ရိုရို ကျိးကျိုးနဲ့ သာထုတ်ပေးနေကြတော့တယ်။ ဖန်ကျန်းရှီကိုလည်း အတော်လေးကို ကျေးဇူးတင်နေကြတယ်။
ဖန်ကျန်းရှီကတော့ နှာခေါင်းရှုတ် လိုက်တော့တယ်။
သူများကို ဓားပြတိုက်ရတာ သူ ကြိုက်သလိုပဲ ။ ကျေးဇူးတင်ခံရတာကိုလည်း သူ နှစ်သက်တယ်။
“ ဒါဆို သခင်လေး လု အတွက်ကော” ဖန်ကျန်းရှီကတော့ လုယွီရှန်းကို ကြည့်နေတော့တယ်။
“ မင်း တကယ်ပဲ ငါ့ကို မသတ် ဘူးလား။” လုယွီရှန်းက မယုံနိုင် ဘူး။ သူ ပြောခဲ့ သလိုပဲ ဖန်ကျန်းရှီ။
“ ငါ မပြောမိ ပါ ဘူး။ မင်းတို့ကို ဓားပြတိုက်မယ်။ တန်ဖိုးရှိတာ တစ်ခုမှ မရှိရင်တော့ …..”
““ငါ ငါ ပေးမယ်။ ” လုယွီရှန်းက အံကြိတ်ရင်းပြောလိုက်တယ်။ အဲ့ဒီ့နောက် ရွှောရေးခြယ် ခရမ်းရောင် သေတ္တာလေးိကု ဖွင့်လိုက်တယ်။ သေတ္တာထဲကနေ ပြင်းထန်တဲ့ ရနံ့ ထွက်ပေါ် လာတော့တယ်။
“ စစ် နတ်ကျောင်းတော် ရဲ့ တိုက်ပွဲ ရာချီဆေးလုံး။” ရန်ရွှယ်ရဲ့ မျက်လုံးတွေကတော့ ထိတ်လမ့် ပျော်ရွှင် မှုနဲ့ လင်းလက် သွားတော့တယ်။
ဖန်ကျန်းရှီကတော့ ဒီ သေတ္တာအကြောင်းကို ကောင်းကောင်း မသိ ပေမယ့် ရန်ရွှယ်ကတော့ အသေအချာကို ခွဲခြား သိနိုင်တယ်။ တခြားသော လူငယ်တွေက ပစ္စည်း အသီးသီး ထုတ်လာချိန်မှာ ရန်ရွှယ်ရဲ့ အမူအယာက ပြောင်းလဲ ခြင်း မရှိခဲ့ ဘူး။
ဒါပေမယ့်လည်း လုယွီရှန်း ပေးတဲ့ သေတ္တာကို မြင်ချိန်မျာတော့ ပါးစပ်တောင် ဟ သွားတယ်။
ဒါက ဘာဖြစ်နိုင်မလဲ။
တိုက်ပွဲ ရာချီ ဆေးလုံးက အထူးဆေးမို့လား။
ဘယ်သူ ဂရုစိုက်ရမှာလဲ။ အရင် ယူ ထားရမှာပေါ့။
ဖန်ကျန်းရှိက ခရမ်းရောင် သေတ္တာလေးကို သူ့ အိတ်ထဲ ထည့်လိုက်တယ်။
“ အထဲမှာ သုံးခု ရှိသေးတယ်။ ငါ နှစ်တွေ အများကြီး ကျော်ဖြတ်လာခဲ့ပြီးပြီ။ ကျေးဇူးပြုပြီး တစ်လုံးလောက်တော့ ချန်ထားပေးပါ။” လုယွီရှန်းက လက်ကို ဆန့်တန်းရင်းနဲ့ အော်လိုက်တယ်။
“သွား သွား သွား ။ နောက်ထပ် ထပ်ပြောရင် မင်းကို သတ်မယ် ။” ဖန်ကျန်းရှီက အေးစက်စွာ ပြောလိုက်တယ်။
လုယွီရှန်းက ချက်ချင်း ပါးစပ် ပိတ်သွားတော့တယ်။ သူ့ရဲ့ အမူအယာကတော့ နာကျင် လွန်းတာကြောင့် ကိုင်းညွှတ်နေတော့တယ်။
……
လူတိုင်းကို လုယက်ပြီးတဲ့ နောက်မှာတော့ ဖန်ကျန်းရှီ နောက် တစ်ခါ စကားပြောပြန်တယ်။
“ မင်းတို့ အကုန်။ သူ့ကို ချည်ထားလိုက်စမ်း။ အဲ့ဒီ ရေခဲ တုံးနဲ့။” ဖန်ကျန်းရှီက လုယွီရှန်းနဲ့ ရေခဲ တုံးကြီးကို ညွှန်ပြရင်းပြောလိုက်တယ်။
လူငယ်တွေ လည်း သူတို့ရဲ့ လက်နက်တွေကို မြှောက်ပြီးတော့ ခုခံ ဖို့ ပြင်လိုက်ကြတယ်။ ဒါပေမယ့်လည်း မတတ်နိုင် တာကတော့ သူတို့ရဲ့ အသက် ဖန်ကျန်းရှီ လက်ထဲမှာ ရှိနေတယ်။
တွေေ၀ နေကျပြီး နောက်ဆုံးမှာတော့ လူငယ် တွေ အလုပ်လုပ်ဖို့ သွားကြတော့တယ်။
“ မင်းတို့ သူ့ကို ကိုယ်လုံးတီး ဖြစ်အောင် မလုပ်ရဲရင် မင်းတို့ အကုန် ကိုယ်လုံးတီး လုပ်ခံ ရမယ်။ ” ဖန်ကျန်းရှီ က လူငယ် ရ ဦး ကို အေးဆေးစွာနဲ့ ပြောလိုက်တယ်။
ဥပမာ ပြောရမယ် ဆိုရင် လူငယ် ရ ဦး ဝံပုလွေ တစ်ကောင် ကနေ သိုးအုပ်ကို လိုက်သလိုမျိုး ဖြစ်နေတော့တယ်။
လူငယ် ၄ ဦး က လုယွီရှန်းရဲ့ လက်မောင်းနဲ့ ခြေထောက်တွေကို ဆွဲလိုက်တော့တယ်။ တခြား ၃ ဦးကတော့ လုယွီရှန်းရဲ့ အဝတ်တွေကို ဆုတ်ဖြဲ ပြီးတော့ ကြိုး အဖြစ် ပြောင်းလဲ ချည်လိုက်တော့တယ်။
“ မင်း တို့ အားလုံး။” လုယွီရှန်း က ချည်လိုက်ပြီးတော့ လူငယ် ရ ဦး က ရေခဲ တုံးကြီး နဲ့ ကပ်ပြီးတော့ ချည်နှောင် ခံ လိုက်ရတယ်။
ဒီ အဖြစ်တွေ အကုန်လုံးမှာ။ လုယွီရှန်းက အံကြိတ်ရင်းနဲ့သာ ငြိမ်နေရတော့တယ်။ သူ့ရဲ့ ကိုယ်ကို ရေခဲ တုံးကြီးနဲ့ ကပ်ထားတော့တယ်။
ဘာကြောင့်လဲ ဆိုတော့
ရေခဲ တွေက အေး စက် လွန်းတယ်။
“ အခု မင်း အလှည့်ပဲ။” ဖန်ကျးန်ရှီက လုယွီရှန်းကို ကြည့်လိုက်တယ်။ နောက်ပြီးတော့ လူငယ် တွေကို ကြည့်လိုက်တယ်။
“ သခင်လေး ဖန်။တစ်ယောက်တည်းကို ပဲချည်ဖို့ ပြောတာ မဟုတ် ဘူး လား။” လူငယ် တစ်ဦးက ကြောက်လန့် တကြား အော်ဟစ်ရင်း ပြောလိုက်တယ်။
“ ငါ ပြောမိ လို့လား။”
“ …” လူငယ်တွေကတော့ အသေအချာ ပြန် စဉ်းစားနေကြတယ်။ ဒါပေမယ့်လည်း သူ မပြောမိတာကို သေချာ မှတ်မိသွားတယ်။
“ ကျွန်တော်တို့ကို ကိုယ်တိုင် ပြန် ချည် စေချင်တာလား။”
လူငယ်တွေ တော့ လျင်လျင်မြန်မြန်ပဲ တစ်ယောက်ကို တစ်ယောက် ကူညီပြီးတော့ ရေခဲ တုံးမှာ ချည်ပေးလိုက်ကြတော့တယ်။
သိပ်မကြာခင်မှာပဲ။ လူငယ်တွေ အံကြိတ်ရင်း တဂတ်ဂတ် ရိုက်နေကြတော့တယ်။
…
သူတို့ ၈ ယောက်လုံး ရေခဲတုံးမှာ ချည်ပြီးတဲ့ နောက်မှာတော့ ရန်ရွှယ်က စကားပြောောတ့တယ်။
“ တကယ်တန်းတော့ မင်း ကောင်းကင်ရောင်ပြန် အဆင့်ရောက်မယ်လို့ ထင်မိပေမယ့်လည်း ဒီ လောက် မြန်မယ်လို့တော့ မတွေးမိ ဘူး။” ရန်ရွှယ်က တအံ့တသြနဲ့ ပြောနေတယ်။ သူငယ်ချင်း တစ်ယောက် အနေနဲ့ ဖန်ကျန်းရှီ အဆင့်တက်သွားတာကို သူ တကယ် ဝမ်းသာပါတယ်။
“ မြန်တယ် လား။ ငါတော့ မထင် ဘူး။” ဖန်ကျန်းရှီက ခေါင်းခါရင်းနဲ့ ပြောလိုက်တယ်။
“ မမြန် ဘူးလား။” ရန်ရွှယ်က အံံသြ စွာ မေးလိုက်တယ်။
“ အကယ်၍ မင်းသာ ကြယ်တာရာ စုဝေးမှု အဆင့်ကို အသက် ၈နှစ်မှာ အောင်မြင်ရင်။ ဒီ အသက်မှ ကောင်းကင်ရောင်ပြန် အဆင့်ရောက်တာ မြန်တယ် ခေါ်နိုင် မလား။” ဖန်ကျန်းရှီက ရန်ရွှယ်ကို ကြည့်ရင်း ပြောလိုက်တယ်။
“ ကြယ်တာရာ စုဝေးမှု အဆင့်ကို အသက ၈နှစ်မှာ ရတယ်။ ငါ ကအခု ၁၆ နှစ်ရှိ ပြီ။ ဒါဆို အဆင့်တက်ဖို့ ၈နှစ်တောင် ကြာမယ်။ အမ်။ ခန် နေပါအုန်း။ မင်း ပြောတာ ကြယ်တာရာ စုဝေးမှု အဆင့်ကို အသက် ၈ နှစ်မှာ အောင်မြင်တယ်။” ရန်ရွှယ်က ဖန်ကျန်းရှီရဲ့ မေးခွန်းကို အံ့သြမှု အပြည့်နဲ့ ဖြေလိုက်တော့တယ်။
ဒီ အချိန်မှာတော့ အံ့သြနေသူ ရန်ရွှယ်တင် မက ပါ ဘူး။ ရေခဲ တုံးမှာ ချည်ထားတဲ့ လူငယ် ၈ ဦး ကပါ ဒီ အကြောင်းကို ကြားတော့ မျက်စိလည်နေကြတယ်။
“ ကြယ်တာရာ စုဝေးမှု အဆင့်ကို အသက် ၈ နှစ်မှာ ရတယ်။ ”
“ ဒါက ဘယ်လို ဖြစ်နိုင်မှာလဲ။”
“ ငါ့ရဲ့ မှတ်ဉာဏ်တွေ အရ ဆိုရင် ချီကူယန်က အသက် ၄ နှစ် မှာ တာအို မုခ်ကို အောင်မြင်ခဲ့တယ်။ အသက် ၈ နှစ်မှာ ကြယ်တာရာ စုဝေးမှု အဆင့်ကို ရောက်တယ်။ သူ လိမ်နေတာပဲ ဖြစ်မယ်။”
လုယွီရှန်းနဲ့ လူငယ်တွေကတော့ သူတို့ နားတွေကို မယုံနိုင်ဘူး ဖြစ်နေတယ်။ အကယ်၍ ဖန်ကျန်းရှီကသာ အသက် ၈ နှစ်မှာ ကြယ်တာရာ စုဝေးမှု အဆင့် အောင်မြင်တာဆိုရင် ကောင်းကင်ရောင်ပြန် အဆင့်ကို ရောက်ဖို့ သူတော်တော်လေးကို ကြာခဲ့တာပဲ။
သူတို့ တစ်ခုခု လွဲနေသလို ခံစားလိုက်ရတယ်။
ဘာတွေပဲ ဖြစ်ဖြစ်။ ဖန်ကျန်းရှီရဲ့ ကောင်းကင်ရောင်ပြန် အဆင့်ရောက်တာ အသက် ၁၅ နှစ်ထက်တော့ ပိုမကြီးနိုင် ဘူး။
“ ဖန်ကျန်းရှီကတော့ ရန်ရွှယ်ရဲ့ မျက်နှာပေါ်က အမူအယာကိုမြင်တော့ ဆက်ပြောလိုက်တယ်။ “ ငါ အသက် ၈ နှစ်မှာ ကြယ်တာရာစုဝေးမှု အဆင့်ကို ရောက်တယ်။ ရ နှစ်ကြာမှ ကောင်းကင်ရောင်ပြန် အဆင့်ကို ရောက်တယ်။ အဆင့်တက်ဖို့ အတော်လေးကို ကြာတာပဲ။ တကယ်တမ်းတော့ အတော်လေး ရှက်စရာကောင်းတယ်။ ”
“ ကြယ်တာရာ စုဝေးမှု အဆင့်ကို အသက် ၈နှစ်မှာ အောင်မြင်ပြီး ကောင်းကင် ရောင်ပြန် အဆင့်ကို တက်ဖို့ ရ နှစ်ကြာတယ်။ ဒါက ရှက်စရာလား။”
“ ဒါက ရှက်စရာတဲ့လား။”
ရေခဲ တုံးမှာ ချည်နှောင်ခံ ထားရတဲ့ လူငယ်တွေကတော့ ဖန်ကျန်းရှီရဲ့ သက်ပြင်းချသံနဲ့ ပြောစကားတွေကို ကြားချိန်မှာတော့ ယင်ကောင် မျိုချ ထားရသလိုမျိုး သူတို့ ပါးစပ်တွေ ဟ နေကြတော့တယ်။
သူတို့ရဲ့ မျက်နှာတွေကတော့ ရေခဲ ရိုက်ခံ ထားရသလိုမျိုး အေးစက် နေကြတယ်။
ဒီ လို မဖြစ်သင့် ဘူး။ မင်း နည်းနည်းလောက် ဖြည့် မတွေးနိုင်ဘူးလား။ ကောင်းကင်ရောင်ပြန် အဆင့်ကို ရောက်ဖို့ ရ နှစ် ကြာတာ ဟုတ်ပေမယ့် ကြယ်တာရာ စုဝေးမှု အဆင့်ကို ၈ နှစ်နဲ့ရောက်တယ်လေ။
မင်းပြောတဲ့ ပုံစံ အတိုင်းဆို ငါတို့က ဘာတွေ ဖြစ်သွားမလဲ။
အင်ပါယာမှာ အင်အားကြီးတဲ့ မျိုးနွယ်တွေက ဘယ်နေရာ သွားနေရတော့မှာလဲ။
အသက် ၈ ကြယ်တာရာ။ အသက် ၁၅ ကောင်းကင်ရောင်ပြန်။
ဒါကိုတောင် ဒီ မှာ သက်ပြင်းချပြီး စိတ်ဓာတ်ကျပါနေတယ်။ လူလိုနေပါအုန်းလား။
လုယွီရှန်းနဲ့ လူငယ်တွေကတော့ အတွေးတစ်ခုထဲကို တွေးနေကြတယ်။ ဖန်ကျန်းရှီ သူ့ကိုယ်သူ ချီးမွမ်း ရယ်မောနေတာထက် ဒီ လို သက်ပြင်းချနေတာက သူတို့ကို မချိ တင်ကဲ တယ်
“ ငါ့ရဲ့ ကောင်းကင်ရောင်ပြန် အဆင့်က တကယ့်ကို ဂုဏ်မရှိ ဘူး။”
မင်း က ဘယ်လောက်တောင် ဂုဏ်ရှိ ချင်နေသေးတာလဲ။”
အပိုင်း ( ၁၄၈) ပြီး ၏။
အပိုင်း ( ၁၄၉)
“ လျှို့ ဝှက်ချက်ကို ထုတ်ဖော်ခြင်း ”
ရန်ရွယ်က ဖန်ကျန်းရှီရဲ့ စိတ်ဖိစီးနေပုံကို ငေးကြည့်တယ်။ သူငယ်ချင်းတစ်ယောက်အနေနဲ့ ဖန်ကျန်းရှီကို စိတ်သက်သာရာရအောင် လုပ်ပေးသင့်တယ်လို့ သူတွေးမိတယ်။ ဥပမာ အားဖြင့် မင်း ရနှစ် စောင့် ခဲ့ရပေမယ့်လည်း နောက်ဆုံးတော့ လုပ်နိုင်ခဲ့ပြီး။
ဒါပေမယ့်လည်း ဒီ လိုပြောဖို့က မသင့်တော်ဘူး။ သူကိုယ်တိုင်ကတော့ ကြယ်တာရာစုဝေးမှု အဆင့်မှာပဲ ရှိနေသေးတယ်။
ဒါကြောင့်
တစ်ခဏ တွေးပြီးနောက်မှာ ရန်ရွယ်လည်း သူ့ရဲ့နည်းလမ်းကို ပြောင်းလိုက်တော့တယ်။
“ ငါ့တို့ ဒီ မှာ ရတနာတွေကို စုရအောင် ” ရန်ရွှယ် ကဖန်ကျန်းရှီရဲ့ အာရုံကို ပြောင်းဖို့ ဆုံး ဖြတ်လိုက်တယ်။
“ ကောင်းပြီလေ။ မင်း ကဒီ နယ်ပယ်မှာ င့ါထက်ပိုပြီး အတွေ့ အကြုံရှိတယ်။ ငါ့ကို ရတနာတွေ အကြောင်း ရှင်းပြပေးနိုင် မလား။ ” ဖန်ကျန်းရှိရဲ့ စိတ် ဖိစီးနေတဲ့ အမူအယာက ပျောက်ကွယ် သွားတော့တယ်။
“ ကောင်းပြီ။” ရန်ရွှယ်က အနီးနားက ရတနာ တစ်ခုကို ကိုင်လိုက်ပြီးနောက် ရှင်းပြတော့တယ်။
ဖန်ကျန်းရှီကတော့ နောက်ကနေ တိတ်တဆိတ် လိုက်ရင်းနဲ့သာ လိမ္မာတဲ့ ကျောင်းသား တစ်ယောက်လိုမျိုး နားထောင်နေတော့တယ်။
ရန်ရွှယ်က ရတနာတွေကို မိတ်ဆက်ပေးပြီးနောက်မှာတော့ ရတနာ ခန်းမရဲ့ အတွင်းထဲကို လမ်းလျှောက် ဝင်လာကြတော့တယ်။ နတ်ဆိုးကျောင်းတော်က ရတနာ ခန်းမကို မျိုးရိုးစဉ်ဆက် စောင့်ရှောက်လာတာ တယ် ဒါကြောင့် ခန်းမထဲမှာ ရတနာတွေ အများအပြားကို ရှိနေတယ်။
လုယွီရှန်းနဲ့လူငယ်တွေကတော့ ဖန်ကျန်းရှီနဲ့ ရန်ရွှယ်ကို သာ စိုက်ကြည့်နေကြတယ်။ သူတို့ရဲ့ မျက်လုံးတွေ ထဲမှာတော့ မျှော်လင့်ချက်တွေ ပြည့်နေခဲ့တယ်။ ဒါပေမယ့်လည်း ဖန်ကျန်းရှီနဲ့ ရန်ရွှယ်တို့ က အတော်လေး နှေးနှေး လျှောက်ေ်နတာက သူတို့ကို စိတ်ဖိစီး စေတယ်။
ရန်ရွှယ်နဲ့ ဖန်ကန်းရှီတို့ က အေးအေး ဆေးဆေးကို သွားနေခဲ့တယ်။ အဲ့ဒီ့နောက် မီတာ ၅၀၀ အကွာ မှာ ရပ်လိုက်ကြတော့တယ်။
အုပ်စု ၂ ခု မြင်နိုင်ကြပေမယ့်လည်း ပြောတဲ့ စကားတွေကို ကြားရဖို့ ဆိုတာတော့ မဖြစ်နိုင်တဲ့ အရာပဲ။
ဒီ အချိန် မှာတော့ ရန်ရွှယ်က လုယွီရှန်းတို့ ဘက်ကို ကြည့်လိုက်ပြီးတော့ မေးလိုက်တယ်။
“ မင်း သူတို့ကို မသတ်ဘူးလား ”
“ အမ်။ မင်း နားမလည်သေးဘူးလား။” ဖန်ကျန်းရှီက ရန်ရွှယ်ရဲ့ မေးခွန်းကို ပြန်မေးလိုက်တယ်။
“ မင်းသာ သူတို့ကို သတ်ချင်ရင် ဒါက နောက်ဆုံး အခွင့်အရေးပဲ။ မင်း လုယွီရှန်းကို သတ်လိုက်ရင် ပြဿနာ နည်းနည်း ဖြစ်နိုင် ပေမယ့်လည်း အခု ရောက်နေတာက ကောင်းကင် ရတနာ ခန်းမ။ ဒီ နေရာမှာ လုယွီရှန်း တစ်ခုခု ဖြစ်တယ်ဆိုရင် နတ်ဆိုးကျောင်းတော်မှာပဲ တာဝန် ရှိတယ်။ ငါတို့မှာ လုံလောက်တဲ့ အကြောင်းပြချက် ရှိနေသရွေ့ ချီဟို့လည်း ငါတို့ကို အပြင် ထုတ်ပေးရမှာပဲ။ နောက်ပြီးတော့ စစ်နတ်ကျောင်းတော်ကလည်း နတ်ဆိုးကျောင်းတော်ကို လုယွီရှန်းလို လူ တစ်ယောက် အတွက်နဲ့ ရန်သူ အဖြစ်ခံ မှာမဟုတ် ဘူး။”
“ ငါ လုယွီရှန်းကို မသတ်တဲ့ အကြောင်းက သူနဲ့ လုပ်စရာ ရှိသေးလို့ပဲ။ နောက်ပြီးတော့ သူတစ်ယောက်ပဲ လုပ်နိုင်တာ။”
“အဲ့တာ ဘာလဲ။”
“ မင်းမှတ်မိသေးလား။ ငါတို့ လုယွီရှန်းကို နွေဥယျာဉ်ထဲမှာ တိုက်ခိုက်ချိန်တုန်းက မှတ်မိလား။ စဉ်းစားကြည့်တော့ ငါ နည်းနည်း အံ့သြမိတယ် ။ ငါ သူနဲ့ တိုက်ခိုက်တဲ့ အချိန်တိုင်းမှာ လုယွီရှန်းက သူ့ ပတ်ဝန်းကျင်ကို အပြည့်အ၀ မထိန်းချုပ်နိုင်တာကို သတိ ထားမိတယ်။ ”
“မင်း ဘာကို ပြောချင်တာလဲ။”
“ သူ့ရဲ့ ကောင်းကင် ရောင်ပြန် အဆင့်မှာ ပြဿနာရှိနေလိမ့်မယ်။ မနေ့ညက သူ တဟုန်ထိုး အဆင့်ခုန်သွားတာနဲ့ ပတ်သတ်ပြီးပြောရရင် ဒီ ၂ ခုက ဆက်စပ်နေနို်င်တယ်။ ”
“ မင်း ထင်တာက လုယွီရှန်းနောက်မှာ တခြားသူ ရှိနေတယ် လား။”
“အင်း ”
“ ချီဟို့ ဖြစ်နိုင် မလား။
“မ ဖြစ်နိုင်ဘူး။ ခုနကပဲ ငါ့ရဲ့ တည်ရှိမှုက သူ့ကို မထိခိုက်စေဘူးလို့ ပြောထားတာ။ ”
“ ဒါဆို ဘယ်သူ ဖြစ်မယ်လို့ မင်းထင်လဲ။”
“ ငါလည်း မသိ ဘူး။ ဒါပေမယ့်လည်း ဒီ အချက်တွေက ရှိနေတယ်။ ပထမဆုံး အနေနဲ့ လုယွီရှန်း သာ အသက် ရှင် နေရင် ဒီ ကိစ္စနဲ့ အဆက် ပြတ်သွားမှာ မဟုတ် ဘူး။ ဒုတိယက အရာအားလုံး ဖြစ်တည်မှု တာအို မှာ သူ့ သဘာဝနဲ့ သူ ရှိတယ်။ လုယွီရှန်းက သူ့ကိုယ့်သူ အဆင့်တက်အောင် ဖိအားပေးလိုက်တာက ကောင်းကင် ဆန္ဒနဲ့ သွေဖယ် သွားတယ်။ လုယွီရှန်း အသက်ရှင် ရင်တောင်မှ သူ့ရဲ့ ဘဝက ခက်ခဲ သွားလိမ့်မယ်။ တတိယ အချက်ကတော့ အကယ်၍ တစ်ယောက်ယောက်က သာ သူ့ကို သေစေချင်နေတယ်ဆိုရင် ငါတို့က ဘာလို့ ဝင်ပြီး တာဝန် ယူပေးရမှာလဲ။ ဒါကြောင့် လုယွီရှန်း အသက်ရှင်နေတာက သေတာထက် ပိုပြီးတော့ တန်ဖိုးရှိတယ်။ ”
“ ငါနားလည် ပြီ။ ဒါဆို အထဲကို ပိုပြီး လျှောက်ရအောင်။ ငါကြားတာတော့ ရတနာ ခန်းမထဲမှာ အတော်လေးကို အရေးကြီးတဲ့ ပစ္စည်းတွေ ရှိတယ်တဲ့ မင်း တစ်ချက်လောက် သွား မကြည့်ချင် ဘူးလား။”
“ကောင်းပြီလေ သွားကြရအောင် ”
“ဟုတ်ပြီ။ ”
…
လုယွီရှန်းနဲ့ လူငယ်တွေ အတွက်တော့ သူတို့ကို ချည်ထားတဲ့ ကြိုးတွေ ဆိုတာက ပြောပလောက်တဲ့ အရာတွေ မဟုတ် ဘူး။
ဖန်ကျန်းရှီနဲ့ ရန်ရွှယ် ထွက်သွားတာကို မြင်ပြီးနောက်မှာတော့ လုယွီရှန်းလည်း စတင် လှုပ်ရှားတော့တယ်။
“ သခင်လေး လု။ ငါတို့မှာ ရွေးစရာ မရှိတဲ့ အတွက် လုပ်ရတာပါ။”
“ ရတနာ ခန်းမက်နေ အရင် ထွက် သွားလိုက်ပါ။ ဖန်ကျန်းရှီ ပြန် လာရင် မသိ စေရပါဘူး။” လုယွီရှန်းရဲ့ မျက်လုံးတွေကတော့ ရေခဲတမျှ အေးစက်နေခဲ့တယ်။ အခြား လူငယ် တစ်ယေက်ရဲ့ အဝတ်တွေကို ဆွဲယူလိုက်ပြီးတော့ ဝတ်လိုက်တော့တယ်။
“ ငါ့ အကျီတွေ….” အကျီတွေ ယူ ခံ လိုက်ရတဲ့ လူငယ်ကတော့ ငိုချင်နေတော့တယ်။
ဒါပေမယ့်လည်း လုယွီရှန်းကို ငြင်းပယ် ဝံ့သလား ဆိုတော့ …. မငြင်းရဲ ပါ ဘူး။
…
ဖန်ကျန်းရှီနဲ့ ရန်ရွှယ် က ရတနာတွေကို လျှောက်ပတ် ကြည့်နေတဲ့ အချိန်မှာပဲ လုယွီရှန်းနဲ့လူငယ် ရ ဦး တို့ ကောင်းကင် ရတနာ ခန်းမကနေ ထွက်ပြေးလာကြတော့တယ်။
အချိန် မစေ့ခင် ထွက်လာကြတယ်။
ဒါက အရင်တုန်းက တစ်ခါမှမဖြစ် ဖူးတဲ့ အရာပဲ။ နတ်ဆိုးကျောင်းတော် အတွက်တော့ မခံ ချိ မခံ သာ ဖြစ်စရာပဲ။
အဲ့ဒီ့နောက် ။
ဖန်ကျန်းရှီ ကောင်းကင် ရောင်ပြန် အဆင့်ကို ရောက်သွားတဲ့ သတင်း ရေကန်ထဲကို ကျောက်ခဲ ပြစ်ချ လိုက်သလိုမျိုး လှုပ်ခတ်သွားစေတယ်။
“ ဖန်ကျန်းရှီက ကောင်းကင် ရောင်ပြန် အဆင့်ကို ရောက်နေပြီတဲ့။”
“ မဖြစ်နိုင် လိုက်တာ ။ သူက ၁၅ နှစ်ပဲ ရှိသေးတာကို။”
“ နတ်ဆိုးလား။ ဒီ လို ဖြစ်မှပဲ ၂ နှစ် အတွင်းမှာ ဒီ လောက်ထိ တိုးတက်နိုင်မယ်။ ”
လုယွီရှန်းနဲ့ တခြား သူတွေ လိုပဲ ကြားရတဲ့ သူတွေလည်း ဖန်ကျန်းရှီ ကောင်းကင်ရောင်ပြန် အဆင့်ရောက်နေတယ် ဆိုတာကို မယုံကြည်နိုင် ကြ ဘူး။
ဒါကို ချီဟို့ ကြားတဲ့ အချိန်မှာတော့ သူ့ ပါးစပ် အတော်လေးကို ကျယ်ကျယ် ပွင့် သွားတယ်။ “ သောက်ကျိုးနဲ။ ဒီ ကလေးက ကောင်းကင် ရောင်ပြန် အဆင့်ကို ရောက်နေပြီတဲ့လား။ အဓိပ္မာယ် မရှိတာပဲ။ ဒါ က လွယ်လွယ် ရောက်တဲ့ အဆင့်မှာမဟုတ် တာ။”
သူ အသက် ၂၀ မှာ ကောင်းကင် ရောင်ပြန် အဆင့်ကို ရောက်ခဲ့တာကို သူ မှတ်မိလာတဲ့ ရုတ်တရက် သူ့ကိုယ်သူ အိုမင်း သွားတယ်လို့ ခံစားလိုက်ရတယ်။
ကျောင်းတော်တွေရဲ့ ရုံးတော်သားတွေလည်း မထွက် ခွာ သေး ဘူး။ ကျောင်းတော်သား လူငယ်တွေလည်း ဒီ သတင်းကို ကြားတဲ့ အချိန်မှာတော့ အံ့သြ သွားကြတော့တယ်။
ဘယ်သူကမှ မယုံကြည်ကြဘူး။
ဒါပေမယ့်လည်း
ကိုယ်တိုင် ကြုံရသူတွေက ပြောလာတော့လည်း သူတို့ မယုံကြည်လို့ မရတော့ ဘူး။
…
နတ်ဆိုးကျောင်းတော်ရဲ့ အထီးကျန် ဥယျာဉ် ထဲမှာတော့ ကျောက်စိမ်းရောင် ဝတ်ရုံနဲ့ အမျိုးသမီး တစ်ဦး အတော်လေးကို စိတ်ရှုပ်ထွေးနေဟန်ပဲ။ ဒီလောကမှာ သူမရဲ့ သခင်လိုမျိုး တိုးတက်မှု မြန်ဆန်လှတဲ့သူ ရှိသေးတာလား။အသက် ၁၅ နှစ်နဲ့ ကောင်းကင်ရောင်ပြန် အဆင့်ကို ရောက်တယ်။
ဒီ အင်ပါယာမှာ သမိုင်း တစ်လျှောက်လုံး ၂ ဦးပဲ ရှိတယ်။
ခန်းမကြီးကနေ လွင့်ပျံ့နေတဲ့ ဗျပ်စောင်း သံ ရပ်တန့်သွားတော့တယ်။
ပန်းနုရောင် ဝတ်ရုံရှည်နဲ့ အဖြူရောင် သားမွှေး အကျီကို ဝတ်ဆင်ထားတဲ့ ချီကူယန်ကတော့ သူမရဲ့ စောင်းကို သိမ်းဆည်းနေတယ်။ သူမရဲ့ မျက်လုံးတွေကတော့ ကောင်းကင်က ကြယ်တွေလို တောက်ပ လှတယ်။ ဒါပေမယ့်လည်း သူမရဲ့ ကိုယ်ကတော့ ဆောင်းရာသီ လို အေးစက်တဲ့ အငွေ့ အသက်တွေ ထုတ် လွှတ်နေတယ်။
“ နောက်ဆုံးတော့ သူလည်း ကောင်းကင် ရောင်ပြန် အဆင့်ကို ရောက်နေပြီလား၊” ချီကူယန်က ကောင်းကင် ပြာကြီးကို ငေးကြည့်ရင်းနဲ့ ပြောလိုက်တယ်။ ဒါကို မျှော်လင့် ထားပြီးသား ဖြစ်တဲ့ အတွက် သူမ မအံ့သြ ပါ ဘူး။
…
ရှေးငေ်း အဆောက် အဦး တစ်ခုထဲမှာတော့ သွမ့်အရှင် လင်း ရှင်းကြွှယ် အတော်လေးကို မရိုးမယွ ဖြစ်နေခဲ့တယ်။ ဝေးကွာတဲ့ နေရာက ခန်းမကြီးကို ငေးကြည့်ရင်း ကျောက်ဖြူသား ခွက်ကိုချေမွလိုက်ပြန်တယ်။
တချက်တည်းနဲ့ အမှုန့်ဖြစ်သွားတော့တယ်။
“ ကောင်းကင်ရောင်ပြန် အဆင့်ကို အသက် ၁၅ နှစ်မှာ ရောက်တယ်တဲ့လား။ ဒီ သတင်းကတော့ အင်ပါယာ တစ်ခုလုံးကို ပျံ့ အုန်းမှာပဲ။ အဖေလည်း သိသွားအုန်းမှာပဲ။ ”
“သွမ့် အရှင် စိတ်လျှော့ပါ။ ဖန်ကျန်းရှီက ကောင်းကင်ရောင်ပြန် အဆင့်ကို ရောက်နေပြီဆိုတော့ သူနဲ့ ချီကူယန် စေ့စပ် မှု သတင်း လည်း နောက်ထပ် ဖုံးကွယ်လို့ ရတော့မှာ မဟုတ် ဘူး။ အရှင် ယန်ကျင်းမြို့ကို မြန်မြန် ပြန်သင့်တယ်။ ” အကြီးအကဲ ဝမ်က အကြံ ပေးလိုက်တယ်။
“ ယန်ကျန်းကို ပြန် ရမယ်။ မင်း က ကောင်းကင် ရောင်ပြန် အဆင့်ကို ငါ ကြောက်မယ် ထင်နေတာလား။ ” လင်းရှင်းကြွယ်ရဲ့ ဒေါသတွေ တိုးလာဟန်ပါပဲ။
“ အရှင် က ကောင်းကင်ရောင်ပြန် အဆင့်ကို မှု စရာ မလိုမှန်းကောင်းကောင်းသိပါတယ်။ ဒါပေမယ့်လည်း လုယွီရှန်းကို ဖန်ကျန်းရှီ မသတ်လိုက်တာက ထိတ်လန့်စရာကောင်းတယ်။ အရှင် ယန်ကျင်းကို မြန်မြန် ပြန်သင့်ပါတယ်။
“ သူ လုယွီရှန်းကို မသတ်တာနဲ့ ငါတို့ ယန်ကျင်းကို ပြန်တာ ဘာဆိုင်လဲ။” လင်းရှင်းကြွယ်က စိတ်ရှုပ်လာတော့တယ်။
“ အရှင်။ ဖန်ကျန်းရှီက လုယွီရှန်းကို မသတ်တာ ဘာကြောင့်လို့ ထင်လဲ။”
“ လုယွီရှန်းကို သတ်လိုက်ရင် စစ်နတ် ကျောင်းတော်နဲ့ ရန်သူ ဖြစ်မှာ စိုးလို့ မဟုတ် ဘူးလား။”
“ အရှင်ပြောတာ ကဖြစ်နိုင်ပါတယ်။ ဒါပေမယ့်လည်း ချီဟို့က လူတိုင်းရှေ့မှာ ကြေညာခဲ့တာကို မမေ့ပါနဲ့။ အခု ဆိုရင် ဖန်ကျန်းရှီရဲ့ ဂုဏ်ပုဒ်က လုယွီရှန်းထက် မြင့်မားတယ်။ လုယွီရှန်းတို့ စစ်နတ်ကျောင်းတော်ကို သူ ကြောက်စရာ မလို ဘူး။ နောက်ပြီးတော့ ရန်မိသားစု က ရန်ရွှယ် လည်း သူနဲ့ အတူ ရှိနေတယ်။ လုယ်ွီရှန်းလို လူမျိုးကိုသတ်ဖို့ ရန်ရွှယ်က ပိုပြီးတော့ တောင် မကြောက် အုန်းမယ်။ ”
“ အကြီးအကဲ ဝမ်က ဘယ် လို တွေးမိလဲ။”
“ အကယ်၍ ဖန်ကျန်းရှီသာ လုယွီရှန်းကို သတ်လိုက်ရင် ကိစ္စက ပြီးပြတ်သွားပြီ။ နတ်ဆိုးကျောင်းတော်ကို ဦးတည်ဖို့ပဲ လိုတော့တယ်။ ဒါပေမယ့်လည်း သူ မသတ်တာက အဓိပ္မာယ် တစ်ခုပဲ ရှိတယ်။ ဒါကတော့ သူ အမှန်တရားကို သိတယ်။ ”
“ ပြောချင်တာက လုယွီရှန်းက ငါတို့ အမိန့်အောက်မှာ ရှိနေတာကို ဖန်ကျန်းရှီ သိတယ်လား။ ဒါဆို လုယွီရှန်းက ဒီ အကြောင်းကို ထုတ်ဖော်လာနိုင်လား။”
“ မဖြစ်နိုင ဘူး။ အကယ်၍ လုယွီရှန်းမှာ ရှိတဲ့သူကိုသာ ဖန်ကျန်းရှီ သိသွားရင် လုယွီရှန်း အခု ချိန်မှာသေနေလောက်ပြီ။ အခု ချိန်ထိ သူ အသက်ရှင်နေသေးတာက ဖန်ကျန်းရှီအကုန်လုံးကို မဖော်ထုတ်နို်င်သေးတဲ့ အဓိပ္မာယ်ပဲ။ ဒါကြော်င့ လုယွီရှန်းကို အသက် ရှင်ခွင့် ပေးလိုက်ပြီးတော့ ငါတို့ကို သတ်ခိုင်းစေချင်တယ်။ ဒါမှ သူသိချင်တဲ့ အဖြေကို အတိအကျရမှာ။”
“ အကြီး အကဲ ဝမ်က ပညာရှိပေတယ်။ ဖန်ကျန်းရှီ ရှာမတွေ့နိုင်အောင် ဘယ်လို လုပ်ရမလဲ။”
“ ဒါကတော့ စဉ်းစားရ အခက်ဆုံးပဲ။ သူသာ ကြယ်တာရာ စုဝေးမှု အဆင့်သာ ရှိသေးရင်တော့ လုယွီရှန်းရဲ့ ကောင်း ကင် ရောင်ပြန် အဆင့် အားနည်းချက်အကြောင်းကို သတိ ပြုမိမှာ မဟုတ် ဘူး။ ဒါပေမယ့် သူက အခု ကောင်းကင်ရောင်ပြန် အဆင့်မှာ ရောက်နေတော့ လျှို့ဝှက်ချက်ကို လွယ်လွယ်တွေ့သွားနိုင်တယ်။ ”
“ အကြီးအကဲ ဝမ် ။ ကိုယ့်ကို ကိုယ် အပြစ် မတင်ပါနဲ့။ ဖန်ကျန်းရှီ ကောင်းကင် ရောင်ပြန် အဆင့်ကို ရောက်သွားတာက ငါတို့ကို အတော် ထိတ်လန့်စေတယ်။ ဒါပေမယ့်လည်း လုယွီရှန်းကို မသတ် တာနဲ့ ငါတို့ ယန်ကျင်းကို ပြန်တာ ဘာ ဆက်စပ် မှု ရှိလဲ သိချင် မိတယ်။”
“အရှင်က ဉာဏ် အမျှော်မြင် နဲ့ ပြည့်၀ ပါတယ်။ ဖန်ကျန်းရှီ ကို ငါတို့ အတွက် လုယွီရှန်းကို သတ်ပေးမယ် လို့ ထင်ထားခဲ့တာ။ အခု ချိန်မှာ လုယွီရှန်းလည်း ဒါကို စိတ်ပူနေလောက်ပြီ။ ဒါကြောင့် ငါတို့ နတ်ဆိုးကျောင်းတော်မှာ ဆက်နေမယ် ဆိုရင် ဒီ လျှို့ ဝှက် ချက်ကို ထိန်းနိုင်မှာ မဟုတ်တော့ ဘူး။ ဒီ လျှို့ဝှက်ချက်က ငါတို့ လုယွီရှန်းကို သတ် လား မသတ် ဘူး လား ဆိုတာနဲ့ ပတ်သတ်ပြီး အန္တရာယ် များလာ လိမ့်မယ်။ အကယ်၍ ယန်ကျင်း မြို့ကိုသာ ပြန် သွားရင် အခြေ အနေတွေက ကွာခြား သွားလိမ့်မယ်။ ပထမဆုံး လှံနဲ့ တိုက်ရိုက် မတွေ့အောင် ရှောင်ရမယ်။ ဒုတိယက လုယွီရှန်းကို အေးဆေး ပေးနေလိုက်မယ်။ ဒါဆိုရင် လျှို့ ဝှက်ချက်ကို သူ မထိန်းချုပ်နိုင်မှာကိုလည်း စိတ် ပူစရာမလိုတော့ ဘူး။ ”
“ အကြီး အကဲ ဝမ်က ဆုတ် ခွာဖို့ ဗျု ဆွဲနေတာလား။”
“ အရှင်ကကော ဆက် တိုက်ဖို့ တွေးနေတာလား။”
“ ဘာပဲ ဖြစ်ဖြစ် တိုက်ပွဲက စပြီးနေပြီ။ ပြန် ရုပ်သိမ်းမယ့် အစား ကြိုးစား ကြည့်သင့်တယ်။”
“ အင်းးး” အကြီး အကဲ ဝမ် က လေတိုးမှုကြောင့် လှုပ်ရမ်းနေတဲ့ သစ်ကိုင်းတွေကို ကြည့်နေခဲ့တယ်။ သူ့မျက်နှာမှာတော့ အပြုံးတစ်ခု ဖြစ်ပေါ်နေခဲ့တယ်။
အပိုင်း ( ၁၄၉) ပြီး၏။
အပိုင်း ( ၁၅၀)
“ ရေခဲ နံရံ”
တစ်ခဏ ကြာပြီးနောက်မှာတော့ အကြီးအကဲ ဝမ်က နောက်ဆုံးမှာ စကားပြောတော့တယ်။
“အကယ်၍ ဒီ လို သာ ဖြစ်မယ် ဆိုရင် အရှင် အတွက် စွန့်စားဖို့ တစ်ကြိမ်ပဲ ကျန်တော့မယ်။ တော်ဝင် စာမေးပွဲမှာ ကြေညာသူအဖြစ် ဆောင်ရွက်နိုင်မှ သာ အောင်မြင် လိမ့်မယ်။ ဒါပေမယ့်လည်း ဒီ လို ရလဒ်ကို ကြေညာတာက အိမ်ရှေ့စံ မင်းသား ရဲ့ တာဝန် ဖြစ်နေတယ်။ ဒီနေရာကို သာ ယူလိုက်မယ် ဆိုရင် ပျက်စီးမှု အကြီးအကျယ် ဖြစ်လိမ့်မယ်။ ”
ဒီ နေရာမှာတော့ အကြီးအကဲ ဝမ် က တစ်ခုခုကို ပြောချင်နေတာကို တွေ့ရလိမ့်မယ်။ အကယ်၍ နောက်ကွယ်မှာ ဘယ်သူ ရှိလဲ မသိရင် ဒါက ဘာ ကိစ္စ ဖြစ်နိုင်မှာလဲ။
ဒါပေမယ့်လည်း သူ မပြောနိုင် ဘူး။ နည်း ဗျု သမ်ား တစ်ယောက် ဖြစ်တဲ့အတွက် သူ့နေရာက ဒါကို ပြောရမှာ မဟုတ် ဘူး။
လင်း ရှင်းကြွယ် က အကြီးအကဲဝမ် ဘာကိုစိုးရိမ်နေလဲ ကောင်းကောင်း သိတယ်။ ဒါပေမယ့်လည်းး အဆုံးသတ်ကို သူ မြင် နေသရွေ့ကတော့ လမ်း တဝက်မှာ လက်မလျှော့ နိုင် ဘူး။
ဒါက အားနည်းချက် တစ်ခု ဖြစ်ပေမယ့်လည်း ကြီးမားတဲ့ အင်အား ကလည်း ရှိနိုင်သေးတယ်။
“ အကယ်၍ ငါသာ တခြားသူ တစ်ယောက်ကို ကြေညာသူအဖြစ် စီစဉ် လိုက် ရင် အိမ်ရှေ့စံ မင်းသားက သဘောတူမှာ မဟုတ် ဘူး။ ဒါပေမယ့်လည်း ငါ ကိုယ်တိုင်က သာ ကြေညာသူ အဖြစ် တောင်းဆိုလိုက်ရင် ပြောင်းလဲ မှု တွေက ပိုပြီးတော့ များသွား လိမ့်မယ်။ အဲ့ဒီ့နောက် အိမ်ရှေ့စံကို စစ်တပ် ထိန်းချုပ်မှု အတွက် အာဏာ လွှဲလိုက်မယ် ဆိုရင် ဒါက လွယ်လွယ် ဖြေရှင်း ပြီးသား ဖြစ်သားမယ်။”
“ ဒါက တကယ့်ကို အကောင်းဆုံးပဲ။ ဒါပေမယ့်လည်း အိမ်ရှေ့စံ မင်းသားက သာ ဖန်ကျန်းရှီ ကောင်းကင် ရောြင်ပန် အဆင့်မှာ ရောက်နေတာ သိသွားမယ် ဆိုရင်တော့ ပိုပြီးများတဲ့ အကျိုးဆက်တွေ ဖြစ်လာလိမ့်မယ်။ အကယ်၍ အရှင်သာ ကြေညာသူ အဖြစ်ဆောင်ရွက် ချင်တယ် ဆိုရင် သံကို ပူတဲ့ အချိန် ထု ရမယ်။”
“ အမ်။ ဒါဆို ငါ ယန်ကျင်းမြို့ကို အခု ပြန်တော့မယ်။ နောက်ပြီးတော့ အရှေ့ပိုင်း နန်းတော်ကို သွားမယ်။ ”
“ အရှေ့ပိုင်း နန်းတော်ကို တိုက်ရိုက် တန်းတန်းမတ်မတ် သွားပြီး သတင်းမပို့တာက အမြင်ကျယ်တဲ့ ရွေး ချယ်မှုပဲ လေးစားမိတယ်။ ” အကြီးအကဲ ဝမ်က ပြောလိုက်တယ်။ အရှင် သွမ့်ကသာ စစ်တပ်ကို အမိန့်ပေးနိုင်တဲ့ သူ တယ် တစ်ချိန်တည်းမှာပဲ ချေမှုန်းနိုင်တယ်။ နောက်ပြီးတော့ ရိုင်းစိုင်းတဲ့ သူ မဟုတ် ဘူး။ ဒီ လို စိတ်ရှုပ် စရာ အချိန်မျိုးမှာ တော့ မထင်မှတ် ထားတဲ့ လှည့်ကွက်မျိုးကို ဖန်တီးနိုင်တယ်။ ဒါကြောင့်လဲ အကြီးအကဲ ဝမ် က သူနဲ့ အတူနေဖို့ ရွေးချယ်ခဲ့တာ တယ်
…
ကောင်းကင်ရောင်ပြန် ခန်းမထဲမှာတော့ ဖန်ကျန်းရှီနဲ့ ရန်ရွှယ်တို့က တော့ ရတနာတွေကို လမ်းလျှောက်ရင်း ကြည့်သွားကြတယ်။ ၂ နာရိကျော် လျှောက်ပြီးနောက်မှာတော့ သူတို့လည်း ရပ်တန့် လိုက်ကြတော့တယ်။
ဖန်ကျန်းရှီကတော့ သူ့အနားက အပူချိန်ကို ခံစားကြည့်နေတယ်။
ဒီ နေရာက ခန်းမကြီးရဲ့ အပြင် ဘက် ထက် ပိုပြီးတော့ အေး တယ်။ နောက်ပြီးတော့ ဒီ နေရာမှာ ဘာ ဝိသေသမှ ရှိမနေဘူး။ ဒီ နေရာ တစ်ခုလုံးကို အေးခဲ စေတဲ့ စည်းမျဉ်းနဲ့ စည်းချ ထားသလိုပဲ။
“ အရှေ့ကို ဆက်သွား သင့် တယ်။” ရန်ရွှယ်က ရှေ့ဘက်ကို ညွှန်ပြရင်းနဲ့ ပြောလိုက်တယ်။
“ ဖန်ကျန်းရှီကတော့ ရန်ရွှယ် လက် ညှိုးညွှန်တဲ့ ဘက်ကို ကြည့်လိုက်ပြီးတော့ အနည်းငယ် စိတ်ရှုပ်သွားခဲ့တယ်။ ရန်ရွှယ် ညွှန်ပြ နေတဲ့ နံရံက တော့ ရေခဲ နံရံ ကြီး တယ်
အေးစက်ပြီး ထူတယ်။ ရေခဲ ပြာရောင် အလင်းတွေတောင် တောက်ပ နေတယ်။
“ အင်း။” ရန်ရွှယ်က ခေါင်းငြိမ့်လိုက်တယ်။
“ ဒါက ဘာလဲ။ ”ဖန်ကျန်းရှီက နံရံကို ကြည့်လိုက်တော့လည်း ရတနာ တစ်ခု တစ်လေမှတောင် မတွေ့ မိ ဘူး။ နံရံတွေက တော့ ရေခဲ စူးတွေ ထွက်နေခြင်း အလျဉ်း မရှိ ဘူး။
ဒါက ဝင် ပေါက်လား။
မဖြစ်နိုင် ဘူး ဝင်ပေါက်က ဘယ်မှာလဲ။
“ ရေခဲထဲကို ကြည့်လိုက်။” ရန်ရွှယ်က ရေခဲ တုံးကို ညွှန်ပြရင်း ပြောလိုက်တယ်။ သူ့ရဲ့ မျက်နှာအမူအယာကတော့ တည်ြငိမ်လေးနက်နေခဲ့တယ်။
“ အထဲကို ။” ဖန်ကျန်းရှီက နံရံထဲကို ကြည့်ပြန်တယ်။
အဲ့ဒီ့နောက် ရေခဲ ထဲမှာ ဘာမှ မရှိ ဘူးလို့ သူထင်လိုက်တယ်။ ဒါပေမယ့်လည်း အဖြူရောင် အလင်းလုံးလေးတွေတော့ ရေခဲ ထဲမှာ ရှိနေတယ်။ ပထမတစ်ကြိမ် ကြည့်တုန်းကတော့ အဲ့တာတွေကို နှင်းတွေလိုပဲ ထင်နေခဲ့တာ။
ဒါပေါ့။ အဲ့ဒီ့အစက်တွေက နှင်းတွေကြောင့် ဖြစ်ပေါ် လာတာပဲ။
ဒါပေမယ့်လည်း ကြည့်ရင်း ကြည့်ရင်းနဲ့ ဒီ အစက်ပျောက်တွေမှာ တခြားသော အကြောင်းရာ ရှိနေမယ်လို့ ထင်မိလာတယ်။ ဒါက
အရာအားလုံး ပုံဖော်မှု တစ်ခုပဲ။
မဟုတ် ဘူး။
ဒါက ပုံဖော်မှုလဲ မဟုတ် နိုင် ဘူး။
အရင်တုန်းက အရာအားလုံး ပုံဖော်မှုကို သူ ကောင်းကောင်းမြင်ဖူးတယ်။ ရှုပ်ယှက် ခတ်နေတဲ့ ပုံတွေနဲ့ ပြည့်နှက်နေတာ။ ဒါပေမယ့်လည်း ဒီ ရေခဲ နံရံက အစက် အပျောက်တွေနဲ့ပဲ ပြည့်နေတာ ။
“ငါကြားဖူး တာတော့ ဒီ နံရံက တိုက်ပွဲ တွေ အကုန်လုံးကို မှတ်တမ်း တင်ထားတယ် လို့ ကြားဖူးတယ်။ ဒါပေမယ့် အခု ကြည့်တော့လည်း မ
တိုက်ပွဲ လား။
ဖန်ကျန်းရှီက စိတ်ဝင်စားစွာ ကြည့်လိုက်တယ်။ ဘယ်လို လုပ် ဒီ အစက်လေးတွေက တိုက်ပွဲတွေကို မှတ်တမ်း တင်ထားနိုင်တာလဲ။
ရန်ရွှယ်ကလည်း ထပ်ပြီးတော့ မပြောတော့ ဘူး။ ဖန်ကျန်းရှီကတော့ ဆက်ပြီးသာ ကြည့်နေတော့တယ်။
သူတို့ နှစ်ဦး ထိုင်ပြိးတော့ ရေခဲ နံရံကိုသာ ထိုင်ကြည့်နေကြတယ်။
၂ နာရီ ကြာပြီးနောက်။
လေးနာရီ ကြာပြီးနောက် ။
ညတာ အချိန်ကျရောက် လာခဲ့တယ်။
…
သူတို့ ၂ ဦး လည်း ဆက်ပြီးတော့ ကြည့်နေကြတယ်။
သူတို့ ၂ ယောက် ဝင်လာခဲ့တာ ၂ ရက်တောင် ရှိနေပြီ တယ် တစ်ရက်လုံးလုံးကိုတော့ ရေခဲ နံရံ ရှေ့မှာ ထိုင် ရင်း နဲ့သာ အချိန် ဖြုန်းနေခဲ့တယ်။ ဒါပေမယ့်လည်း ထူးခြားတာကိုတော့ တစ်ခု မှ မတွေ့ရ ဘူး။
ရန်ရွှယ် လည်း ထွက်ခွာ ဖို့ မစဉ်စားပါ ဘူး။ နံရံကို ပိုပြီးတော့ နီးနီးကပ်ကပ် ကြည့်ရင်း မြေပြင်ပေါ်က ပုံတွေကို ပွတ်တိုက်နေခဲ့တယ်။
ဖန်ကျန်းရီက ရန်ရွှယ် ပြောလို့သာ ကြည့်နေရတာ။ အခု ထိ မမြင်ရသေးဘူး။
ကောင်းပြီလေ။
နံရံကို နည်းနည်း တွန်းကြည့်ရအောင်။ အရှုံး အမြတ်တော့မရှိ ဘူး။ ဖန်ကျန်းရှီ လည်း တွန်းလိုက်ပြီးနောက်မှာတော့ အေးစက်မှု ကို ပိုပြီး တော့ ခံစား လာရတယ်။
အဲ့ဒီ့နောက် သူ့ ရဲ့ အကျီတွေကို ခင်းချ လိုက်ပြီးတော့ သက်တောင့် သက်သာ ဖြစ်အောင် လှဲလျောင်းလို့်တော့တယ်။
“တောင်တန်းတွေက ကျောက်စိမ်း သဖွယ်။ သစ်တောတွေ ငွေသား နှယ်။” ဖန်ကျန်းရှှီက ကဗျာကို ရွတ်ဆိုရင်းနဲ့ သူ့မျက်လုံးတွေကို မှိတ်လိုက်တော့တယ်။
ချက်ချင်း အိပ် မပျော်သွားပဲ သူ့ ခြေထောက်တွေက လှုပ်နေခဲ့တယ်။
သူ ရွာ က ထွက် လာချိန်တည်းက အဖြစ်တွေကို ပြန် စဉ်းစား နေခဲ့တယ်။
သုံးလ အတွင်းမှာ တော်ဝင် စာမေးပွဲက စတော့မယ်။ ရွှေ မြို့တော်က နေ တော်ဝင် ယန် မြို့တော်ကို သွားဖို့က ၂ လ ကြာမယ်။
လေယာဉ် မရှိ တဲ့ ကမ္ဘာမှာ အရာ အားလုံးက အသုံးမဝင် နိုင် ဘူး။
ယန် မြို့တော်ကို ပဲ တိုက်ရိုက်သွားရမလား။ ရွှေ မြို့တော်မှာ အနားယူ ပြီးမှ သွားရင်ကောင်းမလား။ အကယ်၍ နတ်ဆိုးကျောင်းတော်မှာ ဆက်နေမယ် ဆိုရင်လည်း ချီကူယန်ကို အိမ်နီးချင်း လုပ်နေရအုန်းမှာ။
ကောင်းကောင်း အိပ်လို့ ရမှာတောင် မဟုတ် ဘူး။
ဖန်ကျန်းရှီၤ လည်း ချီကူယန် အကြောင်းကို တွေးနေရင်းနဲ့ ဒီ မျက်နှာကို တစ်နေရာရာမှာ မြင်ဖူးသလို ခံစားနေရတယ်။
အိမ်မက် ထဲမှာလား။
ဗလတ်။
အိမ်မက်ဆ ိုး မက်တာ မဟုတ် ရင် ချီကူယန်အကြောင်းကို မက်မနေ ဘူး။
အကယ်၍ သူသာ ချီကူယန်ကို တကယ်ပဲ နိုင်ခဲ့မယ် ဆိုရင် သူ ဘာဆက်လုပ်ရမှာလဲ။ လက်ထပ် လိုက်ရမှာလား။ း း … ချီကူယန်… မင်း က ရူးမိုက်လွန်းတယ်။
မင်း တကယ်ပဲ ငါ့ကို တကယ်ပဲ လက်ထပ် ချင်နေတာလား။
အိမ်မက် မက်နေလိုက်.။
ဟွန့်။
မျက်လုံး တစ်လုံးဆို တစ်လုံးပဲ။ နှိမ့်ချပြစ်ရမယ်။ အဲ့ဒီ့နောက် ဘယ်သူမှ မလိုချင်တော့မှ အစေခံ အဖြစ်ခိုင်းပစ်မယ်။
ဒါပေမယ့် ချီကူယန်က လှလွန်းတယ်။ ရေနွေးကြမ်း ငှဲ့ခိုင်းတာတော့ သစ်ခုတ် ခိုင်းတာတို့ လုပ်ရင် အဆင်မပြေ ဘူး။
“ အိပ်ယာနွေးဖို့” ဆိုရင်ကော
ပိုပြီးတော့ အဆင်ပြေမယ်။
“ သခင်။ အိပ်ယာနွေးနေပါပြီ။ ကောင်းကောင်းအနားယူပါ။”
ချီကူယန်ရဲ့ပုံစံကိုတွေးလိုက်ရင်းနဲ့ ဖန်ကျန်းရှီကတော့ လူယုတ်မာ အပြုံးတစ်ခုကို မထိန်းချုပ်နိုင်အောင် ဖြစ်နေတော့တယ်။ ဒါကို ခနခန တွေးနေမိတယ်။
ဒီ အချိန်မှာပဲ။ ဒီ လို မျက်လုံးတောက်တောက်လေးတွေ ရှိတဲ့ သူ တစ်ယောက်ကို သူ သတိ ရသွားတယ်။
“ ကူယန်”
ခနနပါအုန်း။
တစ်ခုခု တော့ လွဲနေပြီ။
လူတစ်ယောက်ရဲ့ မျက်လုံးဆိုတာ စိတ်ဝိဉာဉ် ပြတင်းပေါက်တွေပဲ။ ယောကျာ်းဖြစ်ဖြစ် မိန်းမ ဖြစ်ဖြစ် တူည်ီတယ်။ ဒါက ဘယ်လို ဖြစ်မလဲ။
ကူယန် ( ၃)
ချီကူယန် ။
“ ငလူးပဲ။ ” ဖန်ကျန်းရှီရဲ့ စိတ်ထဲမှာ မျက်နှာ နှစ်ခုက ပေါင်းစည်းသွားပြီးတော့ ဆက်စပ်သွားတော့တယ်။
အရေးကြီးဆုံး အချက်ကတော့ သူတို့ နှစ်ယောက်က လုံးဝကို ထပ်တူကျသွားတာပဲ။
“ အကယ်၍ ကူယန် (၃) ကသာ ချ်ီကူယန် ဖြစ်မယ် ဆိုရင် မြောက်ရွာကို ဘာလာလုပ်တာလဲ။ ငါ့ကို လာရှာတာလား။” ဖန်ကျန်းရှီက ခေါင်းကို တွင်တွင် ခါယမ်း လိုက်တယ်။ ဒါကိုတော့ ဖြစ်နိုင် မယ် မထင် ဘူး။
အဲ့ဒီ့နောက် ကူယန် ( ၃) ချန်ထားခဲ့တဲ့ စာအုပ်တွေ အကြောင်းကို တွေးမိ သွားပြန်တယ်။
အဲ့တာတွေက သူ့ကို သင်ကြားပေးဖို့လား။
အချက်အလက်တွေကို သေချာ စဉ်းစားမယ် ဆိုရင် တော့ ချီကူယန်က လူကောင်း နဲ့ မတူ ဘူး။ သူပေးတဲ့ စာအုပ်တွေကလည်း တကယ့် အစစ်တွေ မဖြစ်နိုင် ဘူး။ အဲ့တာတွေက ထူးဆန်းတဲ့ ဓားတွေ လှံတွေ ကိရိယာတွေ ပေါင်းထားတာပဲ။
သူသာ မျှော်လင့်ချက် ကုန်နေတာကြောင့် သာ မဟုတ်ဘူး ဆိုရင် တစ်ချက်တောင် ကြည့်မိ မှာ မဟုတ် ဘူး။
ဒါတွေက အသုံးမှ မဝင်တာ။
ခနနေပါအုန်း။
ဒီ နည်းလမ်းတွေက ရှုပ်ပြီးတော့ ရူးချင် စရာကောင်းပင်မယ့်လည်း ထူးခြားချက်တော့ ရှိတယ်။ ဒါကို မယုံနိုင်ပေမယ့်လည်း တွေးကြည့်လိုက်ရင်တော့ ဒါက အရာအားလုံး ဖြစ်တည် ပုံဖော်မှု ပါပဲ။
“ရေခဲနံရံ”
“ နောက်ပြီးတော့ ရှုပ်ထွေးတဲ့ နည်းလမ်း ။”
“ ဒါက ဖြစ်နိုင် မလား။”
“ ငါ နားလည်ပြီ။ ” ဖန်ကျန်းရှီရဲ့ မျက်လုံးတွေ ပွင့်သွားတော့တယ်။
( ၃) ကူယန် တွေက အသံထွက် တူပေမယ့်လည်း အဓိပ္မာယ် မတူ ပါဘူး။
ကျင်းကျူး - ပုလဲနဲ့။ ကျုး - ဝက် မတူသလိုပါပဲ။
အပိုင်း ( ၁၅၀) ပြီး၏။