အပိုင်း (၁၅၁-၁၆၀)
Vol. 2 Ch. 151-160
အပိုင်း ( ၁၅၁)
“ ရှာဖွေစမ်းသပ်ခြင်း ”
ရေခဲနံရံကတော့ တူညီစွာပဲ ၇ှိနေခဲ့တယ်။ ဒါပေမယ့်လည်း ဖန်ကျန်း၇ှီရဲ့ မျက်လုံးထဲမှာတော့ အဖြူရောင် အစက်ပျောက်လေးတွေ က အရာအားလုံး ဖြစ်တည်ပုံဖော်မှု လိုမျိုး ပြောင်းလဲ သွားတော့တယ်။
ရှုပ်ထွေးလှတဲ့ နည်းလမ်းတွေကို အသုံးပြုပြီးတော့ ဆက်စပ်ကြည့်လိုက်ချိန်မှာတော့ ကြယ်တာရာတွေ ထွက်ပေါ် လာတော့တယ်။
အဲ့ဒီ့နောက် ။
သူ့ရဲ့ မျက်လုံးထဲမှာတော့ အလွန်အင်မတန်ကို ကြီးမားလှတဲ့ ပန်းချီကားချပ်ကြီး တစ်ခု ဖြစ်ပေါ်လာတော့တယ်။
သူ မှန်ရဲ့လား။
ဖန်ကျန်းရှီလည်း မသိတော့ ပါဘူး။ နောက်ပြီးတော့ သူ သိလည်း မသိ ချင် တော့ ဘူး။ လူတစ်ထောင်ကို ဘာသာ ပြန် ခိုင်းရင် နည်းလမ်း တစ်ထောင်ထွက်လာနိုင်တယ်။ မှန်ကန်တဲ့ နည်းလမ်းကကော ဘယ်မှာ ရှာတွေ့မလဲ။ သူ အခု လိုအပ်တာက ကိုယ်တိုင် နားလည် သဘောပေါက်မှုပဲ။
ဒါကြောင့် ဖန်ကျန်းရှီလည်း အစက်အပျောက်လေးတွေကို ကိုယ်တိုင် ဆက်စပ် ကြည့်တော့တယ်။
နှေးကွေးစွာနဲ့ ပဲ ပန်းချီတစ်ချပ် ဖြစ်ပေါ်လာတော့တယ်။
ရန်ရွှယ် ပြောသလိုမျိုး တိုက်ပွဲ ပန်း ချီကား တစ်ခု နဲ့ တူတယ်။
ဒါပေမယ့်လည်း ဒီ ပန်းချီကားမှာ လူတစ်ယောက်ပဲ ရှိတယ်။
တကယ်တမ်းတော့ အသွင်းပြောင်း ပန်းချီတစ်ချက်နဲ့ တူတယ်။ ပန်းချီထဲမှာပဲ တခြားသော သူတွေက ပုန်းကွယ်နေတယ်။ ဒီ ပန်းချီကတော့ စစ်မြေပြင်မှာ လူတစ်ဦးရဲ့ ဆောင်ရွက်နေပုံကို မှတ်တမ်း တင်ထားဟန်ပါပဲ။ နောက်ပြီးတော့ ဒီ လူက စစ်မြေပြင် တစ်ခုလုံးကို နည်းမျိုးစုံသုံးပြီးတော့ သတ်ဖြတ်နေခဲ့တယ်။
“ ဒါတွေက ….”
ဖန်ကျန်း၇ှီလည်း အတော်လေး သိချင်လာတယ်။ ဒါက စစ်မြေပြင်နဲ့ တူသလို နည်းဗျုဟာ ပုံစံ မျိုးစုံကိုလည်း စုစည်းထားတာ ဖြစ်တယ်။
မဟုတ် ဘူး။
ဒါက တိုက်ပွဲ မဟုတ် ဘူး။
ရုတ်တ၇က်။ ဖန်ကျန်းရှီ ဒါကို စစ်နည်းဗျုဟာ ပေါင်းချုပ် ကြီး တစ်ခု လို မြင် လာတော့တယ်။ သူ မြင်နေရတဲ့ စစ်မြေပြင် ဆိုတာက ဒီ နည်းဗျုဟာတွေကို လက်တွေ့ အသုံးချဖို့ သုံး တာ တစ်ခုပဲ။ ဘယ်အချိန် ဘယ်နေရာမှာ ဒီ နည်းလမ်းတွေကို သုံးရမယ်။
ဒါက တိုက်ပွဲမှာ လူအင်အားကို ထိန်းချုပ်ခြင်း ပဲ။
ဒါပေမယ့်။ ပန်းချီကားထဲကလူက ဘယ်သူ ဖြစ်နိုင်မလဲ။
ဒီလို နည်း ဗျုဟာ ပန်းချီကို ဆွဲတဲ့ သူက ဘယ်သူ ဖြစ်မလဲ။
ဒီ ပန်းချီရဲ့ အပြည့် အစုံကကော ဘာနဲ့ တူမလဲ။
ဖန်ကျန်းရှီ လည်း ထပ်ပြီးတော့ မစဉ်းစားနိုင်တော့ပါ ဘူး။ ဒါပေမယ့် သူ့ ဦးနှောက်ကတော့ ရေမြှုပ်တုံး တစ်ခုလို မြင်ခဲ့သမျှ နည်းဗျုဟာတွေကို ဆုပ်ယူပြီးတော့ နည်းစနစ်တွေကို ပိုင်းခြား နေပြီ ဖြစ်တယ်။
သူ မှတ်မိတဲ့ နည်းလမ်းတွေကို စိတ်ထဲမှာ ထပ်ခါ ထပ်ခါ လေ့ကျင့်
ဒီအချိန်မှာတော့ ရန်ရွှယ်လည်း မတ်တပ်ထလိုက်တော့တယ်။ အဲ့ဒီ့နောက် သူ့ရဲ့ လက်ထဲက ယပ်တောင်နဲ့ စတင်ပြီး ရေးဆွဲတော့တယ်။ သူ့ရဲ့ အမူအယာကတော့ အတော်လေးကို တည်ငြိမ်နေခဲ့တယ်။
“ သူလည်း နားလည် သွားပြီလား။”
ဖန်ကျန်းရှီ မေးလိုက် ချင်တယ်။ ဒါပေမယ့်လည်း ရန်ရွှယ်က အတော်လေးကို မှတ်သားနိုင် စွမ်း မြင့်တယ်။ ဒီ အချိန်မှာ သူ့ရဲ့ အာရုံစူးစိုက်မှုကို မနှောက်ယှက်တာ ကောင်းလိမ့်မယ်။ ”
အချိန် တစ်ချို့ ကြာပြီးနောက်မှာတော့ ပျော်ရွှင်မှု တွေက ပျံ့နှံ့ လာတော့တယ်။ နောက်ပြီးတော့ မိမိကိုယ်တိုင် နားလည် သဘောပေါက်ခြင်း ဟာ အခြားသူ သင်ကြားပေးသည်ထက် ပို၍ သင့်လျော်တယ်။
နောက်ပြီးတော့ ဖန်ကျန်းရှီကိုယ်တိုင်လည်း သူ လုပ်တာ မှန်ကန်လား ဆိုတာကို မသိ ဘူး။ အကယ်၍ သူမှား သွားခဲ့ရင်ကော။
ဒါကို တွေးလိုက်ပြီးတဲ့ နောက်မှာတော့ ဖန်ကျန်းရှီလည်း နောက်တစ်နေရာ ရှာပြီး လေ့ကျင့်နေတော့တယ်။
…
ကောင်းကင် ရတနာ ခန်းမကို ဖွင့်လှစ်ချိန်ဟာ အပြင်လောကမှာ ၆ နာရီသာ ကြာမြင့်တယ်။ ဒါပေမယ့်လည်း အတွင်း ဘက်မှာတော့ သုံးရက်တိတိ ဖြစ်တယ်။
ချီဟို့ကတော့ သစ်သား ခုံ တစ်ခု မှာ ထိုင်နေခဲ့တယ်။ ဒီ အချိန်မှာတော့ ကောင်းကင်ကို ကြည့်ရင်း ဘယ်လို ဆုံးဖြတ်ရမလည်း စဉ်းစားနေခဲ့တယ်။ အဲ့ဒီ့နောက် သူ့ရဲ့ အစေခံကို တစ်ချက် ကြည့်လိုက်တယ်။
သူ့ရဲ့အစေခံ တစ်ချို့စဟာတော့ စတင် ပြင်ဆင် ထားကြတယ်။
ချီဟို့ဟာ တကယ်တမ်းတော့ ဖန်ကျန်းရှီနဲ့ ရန်ရွှယ် အပြင် ပြန် ထွက် လာမှာကို စောင့်နေစရာ မလို ဘူး။ ဖန်ကျန်းရှီကို သင်ကြားပေးမှု အတွက် ကျေးဇူးတင်ခံ စရာအကြောင်းပဲ ၇ှိတယ်။
ဒါပေမယ့်လည်း အကြောင်း၇င်း တစ်ချို့ကြောင့်
ချီဟို့ ဟာ ဒီ နေရာမှာ လာထိုင် စောင့်နေတာ ဖြစ်တယ်။
“ ဒီ ကလေးက ကောင်းကင် ရောင်ပြန် အဆင့်ကို ရောက်နေပြီဆိုတော့ အချိန် အတော် ကြာပြီလား။ ဒါမှမဟုတ်။ ကောင်းကင် ရတနာ ခန်းမထဲမှာမှ တဟုန်ထိုး တိုးတက်သွားတာလား။” ချီဟို့ရဲ့ စိတ်ထဲမှာတော့ မရေမတွက်နိုင်တဲ့ မေးခွန်းတွေ ရှိနေခဲ့တယ်။
ဒါပေါ့။ အရေးကြီး ဆုံးသော အချက်က ။
ဖန်ကျန်းရှီရဲ့ အရည် ချင်း အစစ် အမှန်ကို သူ သိချင်တာပဲ ဖြစ်တယ်။
…
သိပ်မကြာခင်မှာပဲ ဖန်ကျန်းရှီနဲ့ ရန်ရွှယ် တို့ ဟာ အက်ကွဲကြောင်း တစ်ခုကနေ ထွက် လာတော့တယ်။ သူတို့ အနီး ပတ်လည်မှာ ဝိုင်းနေကြတဲ့ အစေခံတွေကို ကြည့်လိုက်တော့တယ်။ အဲ့ဒီ့နောက် ခရမ်းရောင် ဝတ်ရုံနဲ့ ချီဟို့ ။
“ ဟမ်။ မင်းတို့ ကဒီမှာ ဘာလုပ်နေတာလဲ။” ချီဟို့ ဒီလိုမျိုး လုပ်တာကို ဖန်ကျန်းရှီ အတော်လေးကို မုန်းမိတယ်။ နောက်ဆုံးတော့လည်း မတတ်နိုင်ပါ ဘူး။
သူ့ရဲ့ ဆုံးဖြတ်ချက်ကို ဘယ်လို ပြောရမလဲ။ ဒါမှ မဟုတ် တိုက်ခိုက်ဖို့ လက်ခံလိုက်ရမလား။
“ ဖန်ကျန်းရှီ ယူလိုက်”
ဖန်ကျန်းရှီက စိတ်ပျက်သွားတော့တယ်။ ချီဟို့က တိုက် ခိုက်ဖို့ အဆင်သင့် ဖြစ်နေပြီ။
“…” ပြောစရာ စကားမဲ့သွားတော့တယ်။ “ လက်ဖက်ရည် တစ်ခွက်လောက် သောက်လို့ ရမလား။”
တကယ်တမ်းတော့ သူ မထွက်လာခင်တည်းက အများကြီးကို တွေးခဲ့ပြီးပြီ ဖြစ်တယ်။ ချီဟို့ သာ လူတွေ အများကြီး ခေါ်လာပြီးတော့ လာပြီး ချီးမွမ်း လေမလား။ ဒါမှ မဟုတ် အနားယူဖို့ နေရာများ လုပ်ပေးမလားပေါ့။
ဒါပေမယ့်လည်း။
ဒီလိုမျိုးတိုက်ခိုက်ဖို့ ဖိအားပေးခံ ရမယ် လို့ မထင် ထားခဲ့ ဘူး။
ဘယ်လောက် စိတ်လှုပ်ရှားစရာ ကောင်းလိုက်သလဲ။ ချီဟို့ က သူ့နဲ့ ဆော့ဖို့ ပြင်နေတာပဲ။ ငလူး ကံ ပဲ။ မင်းက ဘယ်အဆင့်လဲ။ ငါက ဘယ် အဆင့်လဲ ယှဉ်ကြည့်အုန်း ။ဒါက မများလွန်းဘူးလား။ သိသိသာသာကို အရူးလုပ်နေတာ ။
ဒါဆို ငါ မနိုင် နိုင်တော့ ကော ဘာ ဖြစ်မလဲ။
သဲ အိတ် အဖြစ် ခံ ပြီး ထိုးကြိတ်တာ ခံရမှာလား။
ဒီ လိုမျိုး တွေးရင်းနဲ့ ဖန်ကျန်း၇ှီလည်း ပြေးလွှားပြီးတော့ အကြံ ထုတ်နေခဲ့တယ်။ ချီဟို့ တိုက်ခိုက်တာနဲ့ တပြိုင်နက် သူ့ရဲ့ အစေခံတွေကလည်း တိုက်ခိုက်ကြတယ်။
ဒါပေမယ့်လည်း သူတို့ရဲ့ တိုက်ခိုက်မှုကတော့ ချီဟို့နဲ့ ကွာခြားခဲ့တယ်။ သံမဏိ ပိုက်ကွန်တွေ။ မဟူရာရောင် တောက်ပနေတဲ့ သံမဏိ ပိုက်ကွန်တွေ။
ဖန်ကျန်းရှီရဲ့ ခေါင်းပေါ်ကနေ ဖုံးလွှမ်းထားတော့တယ်။ ချီဟို့ ဟာလည်း အထဲမှာ ရောက်နေပြီးတော့ ဖန်ကျန်းရှီကို တိုက်ခိုက်ဖို့ ဖိအားပေးတော့တယ်။
ဒီ အချိန်မှာတော ရန်ရွှယ်လည်း ပိုက်ကွန်နက်တွေနဲ့ ချီဟို့ကို ကြည့်လိုက်ပြီးတော့ ဖန်ကျန်းရှီရဲ့ နောက်မှာပဲ အေးအေးဆေးဆေး နေတော့တယ်။
“ …”
ပထမဆုံး အနေနဲ့ ရန်ရွှယ် ဆုတ်ခွာတာကို မြင်ဖူးတာ ဖြစ်တယ်။ နောက်ပြီးတော့ ဆုံးဖြတ်ထားပြီးအသား အမူအယာနဲ့ ။ ဖန်ကျန်းရှီကတော့ ဝမ်းနည်း သွားခဲ့တယ်။ ဒါပေမယ့်လည်း ပေါက်ကွဲနေတယ်။
“ သွားရအောင်”
ဖန်ကျန်းရှီ ဟာ အံကြိတ်ရင်းနဲ့ ပြေးထွက်သွားတော့တယ်။ သူု့ရဲ့ အကူညီကလည်း ကူညီမှာ မဟုတ်တော့ ဘူး။ ဒါဆိုလည်း ဆုံးဖြတ်ချက်က၇ှှုင်းပါတယ်။ တိုက်ခိုက်ရုံပေါ့်။
ဖန်ကျန်းရှီ တိုက်ခိုက်ခဲ့တယ်။
ဒါပေမယ့်လည်း ။
ဖန်ကျန်းရှီရဲ့ကိုယ် ဟာ ချီဟို့ တွေးထားတဲ့ နေရာမှာ ပေါ်မလာခဲ့ ဘူး ဖြစ်တယ်။ အဲ့ဒီ့အစား ဖန်ကျန်းရှီက သူ့ရဲ့ လက် ဝါး နှစ်ဖက်ကို သာ ပွတ်တိုက်နေခဲ့တယ်။
ဒါက အစေခံတွေကို အံ့အား သင့် စေတယ်။
ကိုယ့်သေတွင်း ကိုယ်တူးနေတာလား။
အစေခံတွေ တွေးသလို ပဲ ချီဟို့ရဲ့ မျက်လုံးထဲမှာတော့ တောက်ပ သွားပြီးတော့ သူ့ရဲ့ မျက်လုံးတွေက ပျော်ရွှင်မှုနဲ့ တောက်ပနေခဲ့တယ်။
ခုန်လွှားခြင်း အလျင်း မရှိ ပဲနဲ့ သူ့ရဲ့ လက်သည်းတွေက ဖန်ကျန်းရှီရဲ့ လည် ပင်းကို တည့်တည့် ရောက်လာတော့တယ်။ လျှပ်စီးလို မြန်ဆန်တယ်။ နောက်ပြီးတော့ လွှဲချော်မှု မရှိ ။
ဖန်ကျန်းရှီလည်း အကုပ်ခံလိုက်ရတယ်။ သူ့လည်ပင်းကိုတော့ မဟုတ် ဘူး ပုခုံးကို ဖြစ်တယ်။
သိပ်ပြီးတော့ ချောက်ခြား ဖွယ် အချိန်မှာပဲ သူ့ရဲ့ ကိုယ် ဟာ ဖြည်းဖြည်း လေး ရွေ့လျားသွားခဲ့တယ်။ ဒါက ရန်ရွှယ် ရဲ့ လေအရိပ်နည်းလမ်းပဲ။ ဒါပေမယ့်လည်း ဒီ နည်းလမ်း က ချီဟို့ရဲ့ လက်ကို တော့ ရှောင်နိုင် ခဲ့တယ်။
ချီဟို့ကတော့ အနည်းငယ် မျက်စိလည်သွားတော့တယ်။ သူသိတာက ဖန်ကျန်းရှီ အခုချိန်မှာ သူ့ကို သတ်မသတ်နဲ့ ပတ်သတ်ပြီးတော့ လောင်းကြေးထပ်နေလောက်တယ်လို့ တွေးထားခဲ့တာ။
ဒါပေမယ့်လည်း ဖန်ကျန်းရှီ ခုန်ရှောင်နိုင်မယ်လို့ သူ မတွေးမိ ခဲ့ ဘူး။
“ ရန်မိသားစုရဲ့ လေအရိပ်နည်းလမ်း။”
“ သခင်ကြီး ချီဟို့က ဗဟုသုတ ပြည့်ဝပေတယ်။ ဒါပေမယ့်လည်း အနိုင်ရတာကတော့ လူကြီး လူကောင်း မဆန် စွာပဲ။ အခုချိန်မှာ ဖန်မိသားစုရဲ့ တုတ် ၁၃ချောင်း နည်း ကိုတောင်မသုံး ရသေးဘူး။ ”
“ ဖန်မိသားစုရဲ့ တုတ် ၁၃ချောင်းနည်း။ ဒါဆို မင်း တုတ် လိုလား။”
“ ဟုတ် ပြီ။”
“ အစေခံတွေ တုတ် ယူလာခဲ့။” ချီဟို့ဟာ လက်ကို ဝေ့ယမ်းရင်းနဲ့ လက်ကို ပြောလိုက်တော့တယ်။
သူ့ရဲ့ လက်က ကုပ်ဆွဲမှုကို လွှတ်သွားချိန်မှာတော့ ဖန်ကျန်းရှီလည်း ပြုံးလိုက်တယ်။ အဲ့ဒီ့နောက် သူ့ရဲ့ အပြုံးဟာ ပျောက်ကွယ် သွားပြီးတော့ သူ့ရဲ့ အမူအယာကလည်း ချက်ချင်းကို ခက်ထန်သွားတော့တယ်။
“ သခင်ကြီး ချီဟို့ ။ကျွန်တော် ရတနာ ခန်းမကနေ ရတနာ လေး တစ်ခု တွေ့လာတယ်။ ဒါပေမယ့် အဲ့ဒါက ဘာမှန်း မသိ ဘူး။ ကျွန်တော့်ကို ရှင်းပြ ပေးပါ လား။” ဖန်ကျန်းရှီ ကသူ့ကိုယ်မှာ ရှာဖွေရင်းနဲ့ ပြောလိုက်တယ်။
“ အမ်။ ကောင်းပြီလေ။ ငါ့ကို တစ်ချက် ပြကြည့်။” ချီဟို့က ခေါင်းငြိမ့်လိုက်တယ်။
ဒါက အတော်လေးကို ကျိုးကြောင်း ဆီလျော်တဲ့ တောင်းဆိုချက်ပဲ။ တကယ်တမ်းတော့လည်း ရတနာခန်းမထဲမှာ ရှိ သမျှ အကုန်လုံးက နတ်ဆိုးကျောင်းတော် စုဆောင်း ထားတာ တွေ ပဲ လေ။
ဒီ တောသားက ရတနာတွေကို ယူသွားတယ်။ နောက်ပြီးတော့ သူ့ ကြည့်ရတာလည်း အတော်လေးကို လေးနက်နေခဲ့တယ်။
သူ တွေးလဲ့ သလိုပဲ။ ဖန်ကျန်းရှီရဲ့ လက်တွေ လှည့်သွားတာကို တွေ့လိုက်ရတယ်။ အိတ်အသေးလေး တစ်ခု ဟာ ပွင့်သွားပြီးတော့ မီးခိုးရောင် အမှုန့်တွေ ဟာ သူ့ မျက်နှာဆီကို လွှင့် ပျံ့ လာတော့တယ်။
ချီဟို့ က ဒါ ဘာလဲ ဆိုတာ မသိ ပေမယ့် လည်း ဒါကိုတော့ ရှောင်နိုင် ပါတယ်။ သူရှောင်ပြီးပြီး ချင်းမှာပဲ အလင်းတန်းတွေ ဟာ သူ့ ဆီကို လွင့် ပျံ့ လာတော့တယ်။ အမှုန့်လို အရာတွေကတော့ မြေပြင်ပေါ်ကို ကျသွားတော့တယ်။
“ မဆိုးဘူး။ မင်း ဘယ်လိုတောင် ငါ့ကို လုပ်ကြံ ဝံ့တာလား။” ချီဟို့ အော်ဟစ်ရင်းနဲ့ ဖန်ကျန်းရှီရဲ့ လည်ပင်းကို ကုပ်ဆွဲလိုက်တော့တယ်။
အပိုင်း (၁၅၁) ပြီး၏။
အပိုင်း ( ၁၅၂)
“ လွယ်ကူသော စစ်ဆေးမှု မှာ ကျရှုံးခြင်း ”
ဒါပေမယ့်လည်း ဒီ အချိန်မှာတော့ ဖန်ကျန်း၇ှီက ချီဟို့ရဲ့ အ၇ှိန်ကို သိတာကြောင့် လေအရိပ် ပညာကို အမြင့် ဆုံးထိ မြှင့်လိုက်တော့တယ်။ ဒါက ချီဟို့ကို ခနခန လွှဲချော်သွားစေတယ်။
သူ ဘယ်လိုများ ၂ ခါ အဖမ်းခံ ရမှာလဲ။
ဖန်ကျန်း၇ှီကတော့ ဒီ တစ်ခါသာ အဖမ်းခံရရင် သူတော့ အရှက်ကွဲပြီလို့ ထင်မိတယ်။ နောက်ဆုံးမှာတော့ သူလည်း ခုခံ ဖို့ လိုအပ်လာတော့တယ်။
“ ကျွန်တော့်ကို အရင် စတိုက်တဲ့သူက ဘယ်သူလဲ။ အခုတော့ လာပြီး စောဒက တက်ချင်နေပြန် ပြီလား။ ” ဖန်ကန်း၇ှီက ခုန်လွှားရှောင်ရှားရင်းနဲ့ ပြောလိုက်တယ်။ အဲ့ဒီ့နောက် လက်ကို ဝေ့ယမ်းလိုက်ပြီးတော့ “ ဒါကို ယူလိုက်။ ကောင်းကင်ပန်းများကြဲပြန်ခြင်း။”
ဖန်ကျန်း၇ှီ အော်လိုက်သံနဲ့ တပြိုင်နက် ရေခဲ တမျှ အေးစက် မှု တွေက ချီဟို့ဆီကို ပြေးဝင်သွားတယ်။
လှည့်စားတာကလည်း အကောင်းဆုံး ခုခံ မှု ပဲ။
ဒါက အခက်အလက်ပဲ။
ဖန်ကျန်းရှီ ပစ်လွှတ်လိုက်တဲ့ ရေခဲ အလင်းတန်းတွေကို မြင်ပြီးနောက်မှာတော့ ဘေးပတ်လည်က အစေခံတွေလည်း စိတ်ရှုပ်ထွေးသွားကြတယ်။ ဒါနဲ့ ပတ်သတ်ပြီးတော့ သူတို့မှာလည်း ဖြေရှင်းနိုင်စရာ မရှိ တော့ ပါဘူး။ ဒါပေမယ့်လည်း ချီဟို့ကို တိုက်ခိုက်ရဲတဲ့ သူကတော့ အတော်လေးကို ရဲရင့်တာပဲ ဖြစ်တယ်။
ချီဟို့ ဆိုတာ ဘယ်သူလဲ။ သံမဏိ သွေးအရှင်လို့ သတ်မှတ်ခြင်း ခံ ထားရသူပဲ။
စစ်နည်းဗျုဟာ အရှင် တစ်ဦး ။ ဘယ်သူကများ သူ့ကို အရူးလုပ်နိုင်မလဲ။ အစေခံတွေကတော့ ဒီ အလင်းတန်းက ကြည့်ကောင်းတယ် လို့ပဲ ထင်ကြတယ်။ ဒါပေမယ့်လည်း ချီဟို့ကို ထိခိုက်စေနိုင်မယ်လို့တော့ မထင်ထား ဘူး။
အမှန်တရားကတော့ ရောင်ပြန် ဟပ်နေတော့တယ်။
ဖန်ကျန်းရှီ ပစ်လွှတ်လိုက်တဲ့ အလင်းတန်းကို မြင်ချိန်မှာတော့ ချီဟို့ဟာ မရှောင်တိမ်းခဲ့ပါ ဘူး ။ အလင်းတန်းတွေကတော့ သူ့ကို ဝန်းရံသွားခဲ့တယ်။
ဒီ အချိန်မှာပဲ အလင်းတန်းတွေက အလင်း ဒိုင်းကို ဖန်တီးပြီးတော့ မြေကြီးထဲကို ဝင်ရောက်ပျောက်ကွယ်သွားတော့တယ်။
“Cling, clang, clang…”
အကွင်းနဲ့ တူတဲ့ အရာ တွေကတော့ မြေပြင်ပေါ်ကို အသံ မြည် ဟီးပြီး ကျလာတော့တယ်။ နောက်ဆုံးမှာတော့ အစေခံတွေလည်း ဒီ အလင်းတန်းတွေက ငွေအပ်တွေ ဖြစ်တယ် ဆိုတာကို သိသွားတော့တယ်။
“ နောက်တစ်ကြိမ်လား။” မြေပြင်ပေါ်ကို ကျနေတဲ့ အပ်တွေကို မြင်ပြီးနောက်မှာတော့ ဖန်ကျန်းရှီရဲ့ လက်မလျှော့မှုကို အစေခံတွေ သိသွားတယ်။ နောက်တစ်ကြိမ် ထပ်ပြီးတော့ အလင်းတန်းတွေ ပေါ်ထွက် လာပြန်တယ်။
“ နောက်တစ်ခါလား။ မင်း ဘယ်လောက်များများ ထုတ်နိုင် အုန်းမလဲ ငါ သိချင်တယ်။” ချီဟို့က ရယ်မောရင်းနဲ့ အလင်း ဒိုင်းကို ထုတ်လွှတ်လိုက်ပြန်တယ်။ ဒီ တစ်ကြိမ်မှာတော့ သူ့ဒိုင်းကို ထိခတ်လာတဲ့ အရာတွေကို ကောင်းကင်ဆီ ပြစ်လွှတ်လိုက်တယ်။
“နောက်တစ်ကြိမ်လား” ဖန်ကျန်းရှီကို ကြည့်ရတာတော့ လက်လျှော့မယ့် ပုံ မပေါ်ပါ ဘူး။
နောက်လက်တစ်ဖက်ကို ဝေ့ယမ်းရင်းနဲ့ အပ်တွေကို အပေါ်စီးကနေ ပြစ်လွှတ်လိုက်တယ်။ ဒီ လှည့်စားမှုကတော့ အစေခံတွေကို မျက်စိမှောက်နေတယ်။ မင်း မထိ နိုင် ဘူး ဆိုတာ သိရင် ဘာလို့ ဆက်ပြစ်နေတာလဲ။
နောက်ဆုံးတော့လည်း ဒါက ဖြုန်းတီးနေတာပဲ မဟုတ် ဘူးလား။
ချီဟို့က သူ့ မျက်စိရှေ့မှာ တောက်ပနေတဲ့ အရာတွေကို ပြန်ကြည့်၇င်းနဲ့ ချီဟို့ဟာလည်း မျက်စိလည်နေတော့တယ်။ ဖန်ကျန်း၇ှီက ဒီလောက် အတဲ့သူ မဟုတ် ပါ ဘူး ။ အခု ဘာတွေ ဖြစ်နေတာလဲ။
ရာပေါင်းများစွာသော တိုက်ပွဲတွေကို တိုက်ခိုက်ဖူးတဲ့သူ တစ်ယောက် အနေနဲ့ ချီဟို့က သူ့ရဲ့ ၇န်သူကို ဘယ်တော့မှ လျှော့တွက်လေ့ ရှိ သူ မဟုတ် ဘူး။
သူ့ရဲ့ ပြိုင်ဘက်က သူ့ထက် အားနည်း တာကို သိပေမယ့်လည်း ဒီလိုမျိုး အပ်တွေကတော့ သူ့ကို ထိခိုက်အောင် မလုပ်နိုင် ဘူး။ ဒီ အပ်တွေကို အနားတောင် မကပ်နိုင်အောင် သူ လုပ်နိုင်တယ်။
အကယ်၍ အပ်တွေမှာ အဆိပ်ပါရင် ဘယ်လို လုပ်မလဲ။
ဖန်ကျန်းရှီက ကိုယ်တိုင် ကျေနပ်အောင် လုပ်နေတာသာ ဆိုရင်ကော။ ဒါပေမယ့်လည်း ဖန်ကျန်း၇ှီ သုံးနေတဲ့ နည်းလမ်းက သူ့ကို မထိခိုက်စေတဲ့ အရာတွေ ဖြစ်နေတာနဲ့ ပတ်သက်ပြီးတော့ အံ့အားသင့်နေမိတယ်။ ဖန်ကျန်း၇ှီက သူ့ရဲ့ စိတ်အာရုံစူးစိုက်မှုကို ထပ်ခါထပ်ခါ တိုက်ခိုက်ရင်း လျော့ကျအောင် လုပ်နေတာဖြစ်နိုင်တယ်။
ဒီ ကိစ္စက အစီစဉ် ချထားတဲ့ပုံပဲ။ နောက်ပြီးတော့ ဖန်ကျန်းရှီက သူ့ရဲ့ ဒိုင်းကို တောင်ဖောက်နိုင်တာ မဟုတ်ပဲနဲ့။ ဘာကြောင့် သိပ်ပြီး ယုံကြည်ချက်ရှိနေတာလဲ။
ချီဟို့ကတော့ ဒီလို တွေးနေပင်မယ့်လည်း သူ့ရဲ့ အစေခံတွေကတော့ ဒီလိုမျိုးတွေးနိုင်တဲ့ အဆင့်မရှိပါဘူး။
ဖန်ကျန်းရှီကို သနားစရာကောင်းလှတဲ့ သတ္တဝါ တစ်ကောင်လိုသာ ကြည့်နေခဲ့တယ်။
“ ဒီ ကောင်းကင်ပန်းတွေကြဲပြန့်တာက အတော်လေးတော့လှသား ”
“ ဘယ်လောက်ထိ ပန်းများများ ထုတ်နိုင်မလဲ ဆိုတာ သိချင်မိတယ်။
“ ငါထင်တာတော့ မကြာခင် ကုန်သွားတော့မယ်။”
အစေခံ တွေ ပြောသလိုပဲ ဖန်ကျန်းရှီမှာ အပ်တွေ အကန့်အသတ်နဲ့ပဲ ၇ှိတာဖြစ်တယ်။ သူက ဖြူကောင်မှ မဟုတ်တာ။ ဒါကြောင့် အတော်လေး တိုက်ခိုက်ပြီးတဲ့နောက်မှာ နောက်ဆုံးတော့ အပ်တွေ ကုန်သွားတော့တယ်။
ဒါပေမယ့်လည်း သူ့ စိတ်ပူစရာ မလို ပါ ဘူး။ သူ့မှာ အခြားသော အရာတွေ ရှိနေသေးတယ်။ အမှုန့်တွေ။ ပြာတွေ။ သံချောင်းတွေ။ ဓားမြှောင်တွေ။ သစ်သီးပုပ်တွေနဲ့ မုန့် အချိုတွေ အများကြီး ရှိနေသေးတယ်။
…
သံမဏိ ပိုက်ကွန်နဲ့ အုပ်ထားတဲ့ အတွက် အတွင်းမှာ ဘာတွေ ဖြစ်နေလည်း ဆိုတာ သိနိုင်စရာအကြောင်းတော့မ၇ှိတော့ ဘူး။ ဒါပေမယ့်လည်း ပိုက်ကွန်အောက်မှာ ဖြစ်နေတာကတော့ အတော်လေးကို မျက်စိနောက်စရာပဲ ဖြစ်တယ်။
ချီဟို့ကတော့ ဖန်ကျန်း၇ှီ ဆက်တိုက် ပြစ်လွှတ်နေတဲ့ လက်နက်တွေကို သာ ကြည့်နေခဲ့တယ်။ နောက်ဆုံးမှာတော့ သူ လည်း အနည်းငယ်တော့ အံ့သြလာခဲ့တယ်။ ဘယ်လောက်ထိ “ လျှို့ဝှက် လက်နက်” ဒီ ကောင်စုတ်လေးမှာ ရှိနေတာလဲ။
“ အများကြီး ရှိသေးတယ်။” ဖန်ကျန်းရှီကတော့ ချီဟို့ရဲ့ အမူအယာကိုမြင်လိုက်ရတော့ တွေဝေမှု မရှိပဲနဲ့ ဖြေလိုက်တယ်။
သူက အလျင်လိုနေတာ မဟုတ် ဘူး။ သူ့ကိုယ်ပေါ်မှာ ကိုယ်နဲ့မကွာ ထားထားတဲ့ လျှို့ဝှက် လက်နက်တွေ အများကြီးရှိနေတယ်။
ဒါကြောင့် အကုန်လုံးကို ကျေကျေနပ်နပ်ကြီး ပစ် လွှတ်နေတာ ဖြစ်တယ်။ သူ့ရဲ့ လက်နက်ပုန်းတွေ ကုန်သွားမှာကို လည်း ကြောက်စရာ မလို ဘူး။
၁၅ မိနစ်လောက် တိုက်ခိုက်ပြီးနောက်မှာတော့ ချီဟို့လည်း စိတ် ကသိကအောင့် ဖြစ်လာတော့တယ်။ ဖန်ကျန်း၇ှီရဲ့ အရှိန်ကတော့ ဆက်ပြီးတော့ သွားနေခဲ့တယ်။ ကွင်းပြင် တစ်ခုလုံးကတော့ လက်နက်ပုန်းတွေ ပြည့်ဝတဲ့ မြေဆီမြေနှစ် အဖြစ်ကို ပြောင်းလဲ နေပြီ ဖြစ်တယ်။
နှလုံးခုန်သံ တစ်ချက်မှာပဲ ။ ချီဟို့ရဲ့ ခြေလှမ်းတွေ အရှိန်မြင့်လာခဲ့တယ်။
သူက တကယ့်ကို မယုံကြည်နိုင်လောက်အောင် မြန်ဆန်လှတယ်။ ဖန်ကျန်းရှီ ဘယ်လိုပဲ ခုန်လွှားပြီးရှောင်တိမ်းပေမယ့်လည်း ချီဟို့ရဲ့လက်ကတော့ မလွှတ်မြောက်နိုင် ဘူး ဖြစ်တယ်။
အဲ့ဒီ့နောက် ။
ဖန်ကျန်း၇ှီလည်း ရှုံ့မဲ့ပြီး ပြုံးလိုက်တော့တယ်။
ဒီ အပြုံးကို မြင်လိုက်ချိန်မှာတော့ ချီဟို့လည်း နိမိတ်မကောင်းတဲ့ ခံစားချက်မျိုးကို ခံစားလိုက်ရတယ်။ ဖန်ကျန်းရှီရဲ့ ပုံစံ က သူ့ထောင်ချောက်ထဲမှာ မိနေတဲ့ သားကောင်ကို ကြည့်သလိုမျိုး အသွင် ပေါက်နေတော့တယ်။
“ ဘယ်လိုတောင်လား။”
ချီဟို့ကလည်း စိတ်ရှုပ်ထွေးစွာနဲ့ ဆုတ်ခွာလာတော့တယ်။ သူ့ကိုယ်နားမှာတော့ ထူးခြားတဲ့ အလင်းရောင်တွေ ဟာ အမြင့်ဆုံး ရောင်ခြည်တွေနဲ့တောက်ပလာတော့တယ်။
ဒါပေမယ့်လည်း သူ့မျက်လုံးတွေက တော့ အလင်းရောင်တောက်ပမှုကြောင့် မျက်စိ ကန်းတော့မတတ်ပဲ။ သူ့ရဲ့ အလင်းဒိုင်းက ပြင်ပအရာဝတ္ထုတွေနဲ့ အဆိပ်ဓာတ်ငွေ့ တွေကို ပါ ခုခံနိုင်တယ်။
ဒါပေမယ့်လည်း အလင်းရောင်ကိုတော့ မတားဆီးနိုင် ဘူး။
သူ့ ရဲ့ ပတ်လည်မှာ ၇ှိတဲ့ လောကကြီး တစ်ခုလုံး နှင်းလို ဖြူဖွေးတဲ့ အလင်းရောင်တွေနဲ့ ပြည့်နှက်သွားတော့တယ်။ သူ့ မျက်စိရှေ့မှာ ဘယ်အရာကိုမှ မတွေ့ ရတော့ပဲနဲ့ နေရာ လွတ်ကြီး တစ်ခုကို ဝင်ရောက်လာသလိုမျိုး ထင်မှတ်မှားနေတော့တယ်။ ဒါက ချီဟို့ လုပ်လိုက်တာ မဟုတ် ဘူး။
“ ခွေးကောင်။ မင်း မိသား စု တစ်ခုလုံး အမျိုးဖြုတ်ပြစ်မယ်။ မင်း ကန်းနေတာလား။” ချီၤဟို့တွေးနေတဲ့ အချိန်မှာပဲ အစေခံတွေရဲ့ အော်ဟစ်သံကို ကြားလိုက်ရတယ်။
“ အားးး။ ငါ့ မျက်လုံးတွေ ”
“ မမြင် မမြင်ရတော့ဘူး။”
“ဒါ ဘာကြီးလဲ။”
အော်သံတွေ ဟာ ပဲ့တင့် ထပ်နေတော့တယ်။ ချီဟို့ လိုပဲ တောက်ပလှတဲ့ အလင်းတန်းတွေကြောင့် အမြင်အာရုံပျောက်ကွယ် သွားကြ ဟန် ပါပဲ။
ချှီဟို့လည်း မမြင်နိုင် ဘူး။ ဒါပေမယ့် သတိတော့ အပြည့်ရှိတယ်။ သူ့ရဲ့ တစ်သက်တာ အတွေ့အကြုံတွေက အရေးပေါ် အခြေအနေနဲ့ လိုက်ပြီးတော့ ဘယ်လို နေထိုင်ရမလဲ ဆိုတာ ပြောပြနေတယ်။ ဒီ လို အချိန်မျိုးမှာပဲ။ သူ့ ရဲ့ အမြင် အာရုံပျောက်ကွယ် သွားတာနဲ့ ခုခံမှုကို တိုးမြှင့် လိုက်တယ်။
သူ့ကိုယ်ပတ်လည်က အလင်းဒိုင်း ဟာ ပိုပြီးတော့ တောက်ပလာပြန်တယ်။
ဖန်ကျန်းရှီ သူ့ အမြင်ကို ပျောက်ကွယ်အောင် လုပ်ပြီးတဲ့နောက် ဘယ်လို နည်းကို သုံးပြီးတော့ တိုက်ခိုက်မလဲ ဆိုတာ သူ တကယ် သိချင် မိတယ်။
ဒါပေမယ့်လည်း ချီဟို့ စိတ်ပျက်သွားခဲ့၇တယ်။ သူ့ ဘေးက အလင်းတွေ အရောင်မှိန်သွားပြီးနောက် သူ့ အမြင် အာရုံ ပြန်လည် ရရှိ ချိန် အထိ ဖန်ကျန်း၇ှီက မတိုက်ခိုက်ခဲ့ ဘူး။
ထွက်ပေါက်ကိုသာ ရှာနေခဲ့တယ်။
“ ပြေးဖို့ပဲ ကြံနေပါလား။” ချီဟို့ စိတ်ထဲမှာ ပဟေဠိ ဖြစ်လာတော့တယ်။ နတ်ဆိုးကျောင်းတော်က ဒီ လောက်ကြီးတာ ဘယ်ကို ပြေးနိုင်မှာမို့လဲ။
ချီဟို့ကို ကြောင်အအ ဖြစ်အောင်နဲ့ အမြင်ကွယ်အောင် လုပ်ပြီးနောက်မှာ ဘာလို့ မတိုက်ခိုက် တာလဲ။
အနည်းဆုံးတော့ ဒီ အခွင့် အရေးကို အသုံးချရမှာ မဟုတ် ဘူးလား။
လူ့ ဗီဇ ကကို စပ်စု တတ်တယ်။ ဒါကြောင့် ချီဟို့ လည်း ဖန်ကျန်းရှီ ဘယ်ကို ပျောက်သွားလဲ ဆိုတာ သိချင်လှတယ်။ သူ့ရဲ့ မျက်လုံးတွေ ကို ကျယ်ကျယ် ဖွင့်ပြီး ကြည့်လိုက်တယ်။
မတိုင်ခင် ။
တောက်ပတဲ့ အစက်အပျောက်လေး တစ်ခု။ အပြာရောင် အလင်းလေး။
အဖြူရောင် မြင်ကွင်းကနေ လွတ်မြောက်လာပြီးနောက်မှာတော့ အလင်းရဲ့ တောက်ပမှု ဟာ ပိုပိုပြီးတော့ တောက်ပ လာခဲ့တယ်။ ချီဟို့ ကတော့ နောက်ဆုံးမှာ နီလာကျောက် လေး တစ်လုံး ဖြစ်နေတာကို တွေ့လိုက်ရတယ်။ အပြာရောင် အလင်းတန်းတွေ လည်ပတ်နေတဲ့ အရာလေး။
လည်နေတယ် လည်နေတယ်။
“ အိပ်မွေ့ချ မျက်ဝန်း ။” ချီဟို့ စိတ်ထဲ ဗလောင်ဆူသွားတော့တယ်။ သူ ဘာကိုကြည့်မိနေလဲ ဆ ိုတာ ကောင်းကောင်းသိသွားခဲ့ပြီ။ ဒါက နတ်ဆိုးကျောင်းတော်ရဲ့ ရတနာ်တွေထဲက တစ်ခုပဲ
တကယ်တမ်းမှာတော့ ကောင်းကင် တာအို ခန်းမထဲကို သူ ကိုယ်တိုင် သွားထားခဲ့တဲ့ အရာ
အဲ့ဒီ့ အချိန်တုန်းကတော့ ဒီ အရာရဲ့ အစွမ်းကို သူမတွေးမိခဲ့ဘူး။ သူ့ရဲ့ အစွမ်းကို အသုံးချဖို့ ကလည်း အတော်လေးကို ကပ်သီးကပ်သတ်နိုင်တဲ့ အခြေ အနေမှာ ၇ှိတယ်။
ရန်သူကလည်း သုံး စက္ကန့်ထက် ပိုပြီးစိုက်ကြည့်မှ သာ အစွမ်းပြ နိုင်တယ်။
ဒါက ခက်ခဲတဲ့ အတွက် အသုံးဲပြု နိုင်တဲ့ အလား အလာ လည်း နည်းပါးတယ်။ ဒါကြောင့် ချီဟို့လည်း ရတနာခန်းမရဲ့ ထောင့် တစ်ခုမှာပဲ ပြစ်ထားခဲ့တယ်။
နှစ်တွေ အများကြီး ကြာပြီးနောက်မှာတော့ ဒါ ရှိနေတယ်ဆိုတာတောင် သူမေ့နေခဲ့တယ်။
ဒါပေမယ့် အခုတော့
အိမ်မွေ့ချ မျက်လုံးက သူ့ရှေ့မှာ ရှိနေပြီ။ ဒါကတော့ ဖန်ကျန်းရှီ ကောင်းကင် ရတနာခန်းမထဲမှာ ရတနာကို ရှာတွေ့ခဲ့တယ် ဆိုတဲ့ သဘောပဲ။
ပိုပြီး အရေးကြီးတာကတော့
ဒါကို သူ ၅ စက္ကန့်ထက် ပိုပြီးတော့ ကြည့်လိုက် ပြီးပြီ။
ဒီ အတွေးဟာ ချီဟို့ခေါင်းထဲမှာ ဖြတ်သန်းသွားတော့တယ်။ ဒါပေမယ့်လည်း သူ့ရဲ့ မျက်လုံးတွေကတော့ အတော်လေးကို လေးလံ နေပြီပဲဖြစ်တယ။် သူ့ရဲ့ အလင်းရောင်က တိုက်ခိုက်မှု အားလုံးကို ခုခံ နိုင်တယ်။ ဒါပေမယ့်လည်း အိမ်မွေ့ချ မျက်ဝန်းရဲ့ အိပ်မွေ့ချမှုကိုတော့ မတားမြစ်နိုင် ဘူး။
“ ဒီ လို လွယ်ကူတဲ့ စစ်ဆေးမှုမှာတောင် ကျရှုံးရတယ်။ ဒီ အလင်းတန်းတွေက ဘာတွေလဲ။” ချီဟို့ ဟာ စိတ်ပျက်လက်ပျက်နဲ့ သက်ပြင်းချလိုက်ပြီးတော့ သူ့ မျက်လုံးတွေ ဟာ ပိတ်သွားပြီးတော့ မြေပြင်ပေါ်ကို ကျသွားတော့တယ်။
“ ဘန်းးး။” အသံ ကျယ်ကြီးနဲ့ အတူ မြေပြင်ပေါ်မှာ မှောက်နေတော့တယ်။
အစေခံတွေ အကုန်လုံးကတော့ သူတို့ သခင်ကိုသာ မျက်လုံးပြူးကြီးနဲ့ကြည့်နေခဲ့ကြတယ်။
ဒီ လို လဲကျမှု အတော်လေးကို ကို့ယို့ကားရားနိုင်လွန်းတယ်။ မတ်တပ်ရပ်နေရင်းနဲ့ ရုတ်တရက် အိပ်ပျော်သွားသလိုမျိုုးပဲ ဖြစ်တယ်။ သူ့ရဲ့ ခေါင်းဟာတော့ တစ်ဖက်ကို လှည့်နေပြီးတော့ နှစ်နှစ်ခြိုက်ခြိုက်ကို အိပ်ပျော်သွားတော့တယ်။
အဖြစ်အပျက်က မြန်လွန်းလို့ ချီဟို့ ကိုယ်တိုင်တောင်မှ သူ့မျက်နှာသူ မကာကွယ် နိုင် လိုက် ဘူး။
မြေပြင်ပေါ်ကို မျက်နှာနဲ့ ကျတာ အတော်လေးကို နာတဲ့ ပုံပါပဲ။ နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်နေလို့သာ တော်ပေးသေးတယ်။ နိုးလာတဲ့ အချိန်တော့ မျက်နှာ တစ်ခုလုံးနာနေတော့မှာ အသေအချာပဲ။
အပိုင်း ( ၁၅၂) ပြီး ၏။
အပိုင်း ( ၁၅၃)
“ တိုက်ပွဲ”
ရတနာလို့ ခေါ်ဆိုထိုက်တဲ့ အရာတိုင်းမှာ ထူးခြားလှတဲ့ စွမ်းအင်တွေ ရှိ နေ စမြဲပဲ ဖြစ်တယ်။
အစတုန်းကတော့ ရန်ရွှယ်လည်း နားမလည်ခဲ့ပါဘူး။ ဒါပေမယ့်လည်း ရတနာတွေကတော့ သူ့အစွမ်းနဲ့ သူ ရှိနေမှာပဲ။ သင့်လျော်မှုကိုပဲ စဥ်းစားရမှာလို့ တွေးခဲ့တယ်။
တကယ်တမ်းမှာတော့ ဖန်ကျန်းရှီ အိပ်မွေ့ချ မျက်ဝန်းကို ဖက်ယမ်းနမ်းရှုံ့နေချိန်တုန်းက ရန်ရွှယ် တကယ်ပဲ နားမလည်နိုင် ဖြစ်ခဲ့တယ်.။ ဖန်ကျန်း၇ှီ ကတော့ ဒီ ရတနာရဲ့ ညှို့ယူ ဖမ်းစားမှုကြောင့် အော်ဟစ်နေတဲ့ အချိန်တုန်းက သူ တော်တော်လေး ကို အံံ့အားသင့်ခဲ့ရတယ်။
ဒါရဲ့ စွမ်းအင်က ဘာလဲ။
ဒါက တကယ့်ကို သာမာန် ဖြစ်လွန်းတဲ့ ကိရိယာလေး တစ်ခုပဲ။ တန်ဖိုး နည်းနည်းမြင့် တာက လွဲပြီးတော့ အစားထိုးလို့ ရနိုင်တဲ့ အရာပဲ ဖြစ်တယ်။
ကောင်းကင် ရတနာ ခန်းမထဲကို ဝင်ခွင့် ရတယ်ဆိုတာ တကယ့်ကို အဖိုးတန်လှတဲ့ အခွင့်အရေးပဲ ဖြစ်တယ်။ နောက်ပြီးတော့ ရတနာ တစ်ခုကိုပဲ ယူဆောင်ခွင့်ရိတယ်။ သူထင်ခဲ့တာ ဖန်ကျန်းရှီ လည်း သင်ကြားရေးမှာ အထောက်အကူပြုတဲ့ စွမ်းအားမြင့် ကိရိယာကို ယူမယ် ဒါမှ မဟုတ် ဒဏ္လာရီလာ သံချပ်ကာကိုယူမယ်လို့ တွေးခဲ့တယ်။ နောက်ဆုံးမှာတော့ ဖန်ကျန်းရှီက လက်နက်တစ်ခုကိုပဲ ရွေးခဲ့တယ်။
အိပ်ငွေ့ချ ခြင်း ။
ထပ်ပြီးပြော ရမယ် ဆိုရင် အရူးမှ သာ မင်းလက်ထဲက ရတနာကို အကြာကြီး စိုက်ကြည့်မှာ။
တိုက်ပွဲ မြေပြင်မှာ တော့ သွေးချွေးတွေ နဲ့ တိုက်ခိုက်နေရချိန်မှာ ဘယ်လိုလူက မင်း လက်ကို စိုက်ကြည့်အားမှာလဲ။
တစ်ချက် ကြည့်တာကတော့ ဖြစ်နိုင်ပါတယ်။
ဒါပေမယ့်လည်း စက္ကန့်အတော်ကြာ စိုက်ကြည့်ဖို့ကတော့ အရူးမှ သာ လုပ်မှာ။
ဒါပေမယ့်လည်း အခုချိန်မှာတော့ ရန်ရွှယ်က သူ့ရဲ့ အကဲဖြတ်ခဲ့မှုကို သံသယ ရှိနေပြီ။ မယုံနိုင်စရာ ကောင်းလောက်အောင် အတွေ့အကြုံ ပြည့်ဝပြီးတော့ စွမ်းအားကြီးတဲ့ သခင်ကြီး ချီဟို့က မြေပြင်ပေါ်မှာ လဲနေရပြီ။
အခုတော့ မငြင်းဆိုနိုင်တဲ့ အချက်ပဲ
အိပ်မွေ့ချ မျက်ဝန်းကို သုံးစက္ကန့်ထက်ပိုပြီးတော့ ကြည့်လိုက်တယ်။
ရန်ရွှယ်ကတော့ ဖန်ကျန်း၇ှီကိုင်ထားတဲ့ အိပ်မွေ့ချ မျက်ဝန်းကို ကြည့်လိုက်တော့တယ်။် ဒါက အသုံးဝင်တာ ဖြစ်ကောင်းဖြစ်နိုင်ပါတယ်လေ။
ဒါပေမယ့်လည်း ရန်ရွှယ် မသိခဲ့တာကတော့ အိပ်မွေ့ချ မျက်ဝန်းဟာ ဒဏ္လာရီလာ ရတနာတစ်ခု ဖြစ်တဲ့ အကြောင်းပါပဲ။ ဖန်ကျန်း၇ှီကတော့ ဒီ ရတနာရဲ့ အစွမ်းကို အပြည့်အ၀ အသုံးချနိုင်တဲ့သူ ဖြစ်တယ်။ ဒါက ဒီ လောကကို ဒီရတနာရဲ့ စွမ်းအင်ကြီးမြင့် မှု အကြောင်းပြသနေတာပဲ ဖြစ်တယ်။
ဖန်ကျန်းရှီကတော့ အိပ်မွေ့ချ မျက်ဝန်းကို ပြန် သိမ်းဆည်းလိုက်တော့တယ်။ အဲ့ဒီ့နောက် မြေပြင်ပေါ်မှာ လဲကျနေတဲ့ ချီဟို့ကို အထိတ်တလန့် ကြည့်နေတဲ့ အစေခံတွေ ဘက်ကို လှည့်လိုက်တယ်။
“ မြေပြင်က အေးလွန်းတယ်။” ဖန်ကျန်းရှီ သတိပေးလိုက်တယ်။
“ ဟမ်။။”
“ မင်း တို့ အကုန် မင်းတို့ သခင်ကြီး မြေကြီးပေါ်မှာ အိပ်ပျော်နေတာကို ဒီလိုမျိုးပဲ ၇ပ်ကြည့်နေကြတော့မှာလား။ ငါ တကယ်ပဲ စိတ်မကောင်းဖြစ်မိတယ်။ ” ဖန်ကျန်းရှီက သူ့ လက်တွေကို ခါယမ်းရင်းနဲ့ သက်ပြင်းချပြီး ပြောလိုက်တယ်။
“ အမလေးးးး။” အစေခံတွေ ဟာ သတိဝင်လာပြီးတော့ ဝရုန်းသုန်းကား ဖြစ်ကြတော့တယ်။ သူတို့ဟာ သခင်ကြီး ချီဟို့ကို မပြီးတော့ ခုံ ပေါ်ကို ရွေ့လိုက်ကြတယ်။
“ သခင် ကြီး သတိ လစ်နေတယ်။ သမားတော်ပင့်ကြ၊”
“ မင်းတို့ ဘာတွေ ပြောနေတာလဲ။ သခင်ကြီးက နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်နေတာ ။ အရမ်း ပင်ပန်းသွားလို့ ဖြစ်မယ်။” အစေခံတွေရဲ့ အော်ဟစ်နေသံ ကြောင့် အိမ်တော်ထိန်း ဝမ်ဟာ ရောက်၇ှိ လာတော့တယ်။
ခုံပေါ်မှာ အိပ်ပျော်ရင်း ဟောက်နေတဲ့ ချီဟို့ကို တချက်ကကြည့်လိုက် ပြီးနောက် ဘေးမှာ သနားကမား မျက်နှာပေးလေးနဲ့ ၇ပ်နေတဲ့ ဖန်ကျန်း၇ှီကို မြင်လိုက်တော့ …..
ထိတ်လန့်သွားတာထက် ကြောက်ရွံ့ ခြင်းက ကြီးစိုးလာခဲ့တယ်။
မဖြစ်နိုင်တာပဲ ဖန်ကျန်းရှီက ဘယ်လိုလုပ် ချီဟို့ကို လဲ အောင် လုပ်နိုင် တာလဲ။ ဒီ လိုသာ ဖြစ်ရင်တော့ အင်ပါယာ တစ်ခုလုံးမှာ ဒီ သတင်း က ပျံ့သွားတော့မှာပဲ။ ဒီ သတင်းကို ကြားရင် နတ်ဆိုးမျိုးနွယ်တွေတောင် လန့်သွားနိုင်တယ်။
နှမြောစရာကတော့ လူထုကို ဒီ အကြောင်း အသိလို့ ရမှာ မဟုတ် ဘူး။
“သခင်လေး ဖန်။ ရတနာခန်းမ ကနေ ထွက်လာပြီဆိုတော့ ပြောစရာ ရှိပါတယ်။ သခင်မလေးက ဖိတ်ခေါ်ထားပါတယ်။ အခု ချိန်မှာ သူမ ဗျပ်စောင်း တီးခတ်နေလောက်ပါတယ်။ ကျွန်တော့်နောက်ကို လိုက်ခဲ့ပေးပါ.။” အိမ်တော်ထိန်းဝမ်က ဦးညွှတ်ရင်း ယဉ်ကျေးစွာ ပြောလိုက်တယ်။
“ ငါ အလုပ်များနေတယ်။ တွေ့ချင်ရင် င့ါကို လာရှာလို့ ပြောလိုက်။” ဖန်ကျန်းရှီက တစ်စက္ကန့်တောင်မှ စဉ်းစားတွေဝေခြင်း မရှိပဲ နဲ့ ငြင်းပယ်လိုက်တယ်။
“…”
အိမ်တော်ထိန်း ဝမ်ကတော့ မျက်စိ မူး သွားတော့တယ်။ မြောက်ပိုင်းဒေသ တစ်ခုလုံးမှာ နတ်ဆိုးကျောင်းတော် မင်းသမီးကို အမိန့်ပေးဝံ့တဲ့သူ ဆိုတာ မရှိဘူးဖြစ်တယ်။
သူ ထပ်ပြောဖို့ ပြင်လိုက်တဲ့ အချိန်မှာပဲ ဖန်ကျန်းရှီနဲ့ ၇န်ရွှယ် ဟာတော့ ထွက်သွားပြီ ဖြစ်တယ်။
အိမ်တော်ထိန်း ဝမ် ဟာ တော့ကျောထဲကနေ စိမ့်ချမ်း လာတော့တယ် ။ ဒီကောင်လေး ဒီ လိုပဲ ထွက်သွားတာလား။ သူတွေးနေတဲ့ အချိန်မှာပဲ ဖန်ကျန်းရှီက ရုတ်တရက် နောက်ကို လှည့်လိုက်ပြီးတော့ ကြည့်လိုက်တယ်။
အိမ်တော်ထိန်း ဝမ်လည်း ပြုံးပြ လိုက်တယ်။
“ သခင်လေးဖန် စိတ်ပြောင်းသွားပြီလား။ ”
“ ဘာ ကို ပြောင်းရမှာလဲ။ ” ဖန်ကျန်းရှီက စိတ်ရှုပ်သွားတဲ့ ပုံပဲ။ အဲ့ဒီ့နောက် မြေပြင်ပေါ်မှာ ပြန့်ကျဲနေတဲ့ လက်နက်ပုန်းတွေကို ညွှန်ပြလိုက်တယ် ။ “ ကျွန်တော် တစ်ခု တောင်းဆိုချင်တယ်။ အမျိုးသမီး တွေ ရှင်းလင်းတဲ့ အချိန်မှာ ဒါတွေကို ပြန်စု ပြီးတော့ ကျွန်တော့် အခန်း ထဲကို ယူလာခဲ့ပေးပါ။ ကျေးဇူးတင်ပါတယ်။ ”
အဲ့ဒီ့နောက် ပြန်လှည့်ပီး ထွက်သွားတော့တယ်။ အိမ်တော်ထိန်းဝမ်နဲ့ အစေခံတွေကတော့ ဖန်ကျန်းရှီရဲ့ ပုံရိပ်ကိုသာ မျက်လုံးပြူးကြီးတွေနဲ့ ကြည့်နေကြတယ်။
…
ဖန်ကျန်းရှီကတော့ ချီကူယန်ကို ဘေးမှာထားရမှာ မကောင်းဘူးလို့တွေးမိတယ်။ သူ့ကို လာရှာခိုင်း တာပဲ အဆင်ပြေတယ်။ နောက်ပြီးတော့လည်း ချီကူယန်ရဲ့ ဘဝဇာတ်ကြောင်းက အတော်လေးကို ပြိုင်ဘက်ကင်းတယ်။
ငွေဇွန်းကိုက်ပြီးတော့ မွေးလာခဲ့တယ်။ အသက် လေးနှစ်မှာ စတင်ကျင့်ကြံ ပြီးတော့ အသက် ငါးနှစ်မှာ အရာအားလုံးဖြစ်တည် ပုံဖော်မှုကို ဖြေရှင်း တယ်။ အသက် ၈ နှစ်မှာ ကြယ်တာရာ စုဝေးမှု အဆင့်ကို ရောက်တယ်။ အသက် ဆယ့်သုံးနှစ်မှာ လောကကြီး ကို အုပ်ချုပ်တဲ့ ခေါင်းဆောင် နှစ်ဦးထဲက တစ်ယောက် ဖြစ်လာခဲ့တယ်။
ဒီ အချက်တွေကြောင့် သူမက မထင်မှတ် စရာ ကောင်းလောက်အောင် အရည်အချင်း ရှိတဲ့သူ ဖြစ်တယ်လို့ ပြောလို့ရတယ်။
အကယ်၍ သူမသာ သူမလောက် မမြင့်မြတ်တဲ့သူ တစ်ယောက်ကို လေးလေးစားစား ပြုမူ နေမယ်ဆို၇င်တော့ သူမကို ဟန်ဆောင်ကောင်းတယ်လို့ စွပ်စွဲလို့ ၇မှာပဲ။
ဒါပေမယ့်လည်း ချီကူယန်က တကယ်ပဲ လာခဲ့တယ်။
ခြံဝန်းထဲမှာ ဖန်ကျန်းရှီ နေပူဆာ လှုံနေတဲ့ အချိန်မှာ ပန်းရောင်ပုံရိပ်လေး တစ်ခု ပေါ်လာခဲ့တယ်။ သူမရဲ့ အငွေ့အသက်တွေက တကယ့်ကို ပဲ အေးစက်လှတယ်။ လူတွေကို ကျောချမ်းစေတယ်။
“ ငါကြားတာတော့ နင် ငါ့ အဖေကို အနို်င်တိုက်လိုက်တယ် ဆို ” ချီကူယန်က ဖန်ကျန်းရှီ ဘေးမှာ ဝင်ထိုင်၇င်းမေးလိုက်တယ်။ သူမရဲ့ အသွင်ကတော့ ပြေပြစ်လှတယ်။
ဖန်ကျန်းရှီကတော့ ချီကူယန်နောက်မှာ အမြဲလိုက်နေကျ အစေခံ အမျိုးသမီး တစ်ဦး ရှိတယ်ဆိုတာ သိတယ်။ ယွဲ့အာလို့ ခေါ်တဲ့ အမျိုးသမီး။ ဒီ နေ့ သူ့ကို မတွေ့တော့ ချီကူယန်က သူ့ကို လာရှာတာ ကမန်းကတန်း လာတယ်ဆိုတာ သိသာတယ်။
“ ကိစ္စငယ်လေးက ပြောပလောက်တာ မဟုတ် ဘူး။” ဖန်ကျန်းရှီက ချီကူယန်ရဲ့ အလှမှာကျရှုံးတဲ့ သူတော့ မဟုတ် ဘူး။ ဒါပေမယ့်လည်း ချီကူယန် အတော်လှတာကိုတော့ သဘောကျတယ်။
ဒါပေမယ့်လည်း သူ့ရဲ့ အနေအထားကို ခပ်မြန်မြန်ပဲ ပြင်လိုက်တယ်။ ချီကူယန်က ဘယ်လိုနေနေ ကြည့်ကောင်းနေတော့လည်း သူလည်း ခံ့ညားအောင်တော့ နေရတော့မှာပေါ့။
“ ငါ့ အဖေကို အိပ်မွေ့ချ မျက်ဝန်းနဲ့ အိပ်မွေ့ချနိုင်မယ်လို့ တစ်ခါမှ မတွေးခဲ့ ဖူးဘူး။ လေးစားပါတယ်။ ”
“ မင်းက ငါ့ကို ချီးမွမ်းနေတာလား။”
“ ဟုတ်တယ်။ ဒါက ထူးခြားတဲ့ အရာပဲ။”
“ မင်း ဒီ ကို လာတာ ငါ့ကို ချီးမွမ်းဖို့ တစ်ခုတည်း အတွက်ပဲ မဟုတ် ဘူး မလား။” ဖန်ကျန်းရှီက သူ့မုန့် အချိုတစ်ခုကို လက်ညှိုးနဲ့ကောက်ယူပြီး မျိုချလိုက်တယ်။
“ဒါပေါ့်။ ငါဒီကို လာတာ သွမ့်အရှင် နတ်ဆိုးကျောင်းတော်ကနေ ထွက်ပြီး ယန်မြို့တော်ကို ပြန်သွားတာ ပြောဖို့ လာတာ” ဒီ အချိန်မှာပဲ ချီကူယန်က မုန့်ကို ကောက်ပြီးတော့ တတိတိ နဲ့ ကိုက်ဝါးလိုက်တော့တယ်။
သူမရဲ့ လှုပ်ရှားမှုတွေက ဖန်ကျန်းရှီနဲ့ယှဉ်လိုက်ရင် မယုံနိုင်စရာ ကောင်းလောက်အောင် သိမ်မွေ့လွန်းလှတယ်။
“ သွမ့် အ၇ှင် ဆိုတာ ဘယ်သူလည်း” ဖန်ကျန်းရှီက မေးလိုက်တယ်။
အဲ့ဒီ့်နောက် မုန့် ပန်းကန်ကို သူထိုင်နေတဲ့ စားပွဲ ဘက်ခြမ်းကို ရွေ့လိုက်တယ်။
“ အင်ပါယာရဲ့ စစ် သေနာပတိ။ နောက်ပြီးတော့ တော်ဝင်မြို့စောင့်တပ်တဲ့ အုပ်ချုပ်သူ .။ သရဖူဆောင်းဖို့ အလားအလာရှိတဲ့ ဂုဏ်၇ှင်ပဲ။ ” ချီကူယန်က သူမရဲ့ လက်ကို ဝေ့ယမ်းလိုက်တော့ မုန့်အချိုတွေ ပေါ်လာခဲ့တယ်။
“ အဲ့တာနဲ့ ဘာလုပ်ရမှာလဲ။” ဖန်ကျန်းရှီက တစ်ခဏ ကြောင်သွားပြီးနောက် မုန့်တွေကို သူ့ ဘက် ဆွဲ ယူထားပြန်တယ်။
“ ငါ့ အထင်သာ မမှားဘူးဆိုရင်တော့ မြို့တော်ကို ပြန်တာ တော်ဝင်စာမေးပွဲ အတွက်စာစစ်သူ လုပ်ဖို့ ပဲ ဖြစ်လိမ့်မယ်။”
ချီကူယန်က သူ့ လက်ဖဝါးပေါ်က မုန့်တွေကို ခါချလိုက်ပြီးတော့ ဖန်ကျန်းရှီနားကို လျှောက်လာလိုက်တယ်။
အဲ့ဒီ့နောက် လက်ဆန့်တန်းရင်း မုန့်ပန်းကန်ကို သူ့ဘက် ပြန်ဆွဲလိုက်တယ်။
ဖန်ကန်းရှီကတော့ ချီုကူယန် သူ့ပန်းကန်ထဲက မုန့်ကို နှိုက်လိုက်တာတွေ့တော့ မျက်လုံးမှေးပြီး ကြည့်နေခဲ့တယ်။ အဲ့ဒီ့နောက် မုန့်တွေကို တစ်ခုပြီး တစ်ခု အဆက်မပြတ်သွတ်ရင်းနဲ့ တစ်ပန်းကန်လုံး သူ့ ဗိုက်ထဲ ရောက်သွားတော့တယ်။
“ အခုထိ ငါနဲ့ ဘာဆိုင်လည်း တွေးမရသေးဘူး။” ပန်းကန်ကို လျှက်ပြီးတဲ့နောက် ဖန်ကျန်းရှီလည်း သက်ပြင်းချလိုက်တယ်။ အဲ့ဒီ့နောက် ဘာမှ မရှိတော့တဲ့ ပန်းကန်ပြားကို ချီကူယန်ဆီ ပေးလိုက်တယ်။
“ ပြိုင် ဘက်ကင်း မျက်နှာပြောင်တိုက်သူပဲ။”
ချီကူယန်က ရေရွတ်လိုက်တယ်။ သူမရဲ့ မျက်လုံးတောက်တောက်တွေကတော့ မုန့်အပြည့်ရှိခဲ့တဲ့ ပန်းကန်ကို သာ ကြည့်နေတယ်။ သူမရဲ့ လက်ချောင်းလေးတွေကို ပန်းကန် ပေါ်မှာ ဖြည်းဖြည်းချင်း ဝေ့ယမ်းလိုက်တယ်။ အလင်းတန်းတွေ ထွက်လာပြီးနောက် ဖန်ကျန်းရှီ လျက်ခဲ့တဲ့ ပန်းကန်က ပြောင်ရှင်းသွားတော့တယ်။
အဲ့ဒီ့နောက် ပန်းကန်ပေါ်မှာ ပန်းပုံစံ မုန့်လေးတွေပေါ်လာတော့တယ်။
အပိုင်း ( ၁၅၃) ပြီး၏။
အပိုင်း ( ၁၅၄)
“ မြို့တော်က နတ်မျက်စိ” hapter 154: Eyes on the Capital
အဲ့ဒီေ့နာက်မှာတော့ ချီကူယန် ဟာ ပန်းပုံစံ မုန့်လေးတစ်ခုကို ကောက်ယူလိုက်တယ်။ သူမရဲ့ နူးညံံ့ နီထွေးတဲ့ နှုတ်ခမ်းတွေကတော့ ပွင့်ဟ လာပြီးတော့ မုန့်ဟာ သူမရဲ့ ပါးစပ်ထဲမှာ ပျောက်ကွယ် သွားတော့တယ်။
ချီကူယန်ရဲ့ လှုပ်ရှားမှုတွေကတော့ မယုံနိုင်စရာကောင်းလောက်အောင် လှပ လွန်းတယ်။
“ ငါ လာတာ ဒါကို ပြောဖို့ပဲ။ နင့် ဘာသာ နင်ပဲ ဘာလုပ်ရမလဲ ဆုံးဖြတ်။ ” ချီကူယန်က မုန့်ကို မျိုချပြီးတော့ ပြောလိုက်တယ်.။
ဖန်ကျန်းရှီ လည်း အနည်းငယ် ဒေါသ ထွက်လာတော့တယ်။ သနားစရာ မုန့်တွေ။ ငါ ဘယ်လောက်ပဲ စား စား ချီကူယန်လက်ထဲကို ရောက်နေတာ ခုထိ မရပ်နိုင် သေးပါ ဘူး။
အဲ့ဒီ့နောက်။ ဖန်ကျန်းရှီလည်း ပေါက်ကွဲ သွားတော့တယ်။
မုန့်ပန်းကန် တစ်ခုလုံးကို မပြီးတော့ ချီကူယန် မျက်စိ ရှေ့မှာတင် တစ်ပန်းကန်လုံးကို မျိုချလိုက်တယ်။
“ အိုးးး။ သနား ကြင်နာစွာ လာပြောတာကို ကျေးဇူးတင်ပါတယ်။” ဖန်ကျန်းရှီက ဝါးနေရင်းနဲ့ ပလုပ်ပလောင်း ပြန်ပြောလိုက်တယ်။
“ နင်ဟာ ပြိုင်ဘက်ကင်း အရှက်မဲ့တာပဲ။” ချီကူယန်က နောက်ဆုံးမှာ အရှုံးပေးလိုက်ပြီးတော့ မုန့် တစ်ခု ကောက်ဝါး လိုက်တယ်။
“ ချီးမွမ်းမှု အတွက် ကျေးဇူးတင်ပါတယ်။”
“ နင်ထင်တာ ငါ့ နင့်ကို ဂုဏ် ပြု နေတယ်တဲ့လား။”
“ဒါပေါ့။”
“ ကောင်းပြီလေ။ နင် ဒီ လောက် မျက်နှာပြောင် တိုက်တတ်မှတော့ ငါနဲ့ အလောင်း အစား တစ်ခု လုပ်ရအောင်” ချီကူယန်က ဖန်ကျန်းရှီကို စိန်ခေါ် လိုက်တယ်။
ဒီ အမူအယာကတော့ နတ်သမီး တစ်ပါးရဲ့ အမှောင်ဘက်ခြမ်းကို လှစ်ဟ ပြလိုက်သလိုပါပဲ။ သိပ်ကို သွေးဆောင် နိုင်လွန်းတယ်။
ဖန်ကျန်း၇ှီက ချီကူယန် ရဲ့ ဒီ အမှောင်ထု ဘက်ခြမ်းကို တစ်ခါမှ မမြင် ဖူးခဲ့ပါ ဘူး။ ချီကူယန်ရဲ့ ဒီ အမှောင်ထု ဘက်ခြမ်းက သူ မသိ ခဲ့တာလည်း ဖြစ်နိုင် တယ်။
ဖြစ်နိုင်တာကတော့ သူနဲ့ ပတ်သက် စရာ အကြောင်း မရှိ ဘူး။
“ ကြောက်စရာ မရှိပါဘူး။ ဒါပေမယ့်လည်း ပထမဆုံး ဘာ အလောင်းအစားလဲ ဆိုတာ ပြောရမယ်။” ဖန်ကျန်း၇ှီက အရူးမှ မဟုတ်တာ။ အလောင်းအစား အကြောင်း မသိရင် ဘာလို့ လက်ခံ နိုင်စရာ အကြောင်း ရှိမလဲ။
“ ငါ့မှာ မုန့် ၁၀ပုံးရှိတယ်။ အကယ်၍ နင်သာ အကုန် စားနိုင်ရင် ငါရှုံးပြီ။ ဒါမှမဟုတ် … နင်ရှုံးမယ်။ ဘယ်လိုလဲ။” ချီကူယန်က ပန်းကန်ပြား အလွတ်ကို ကြည့်ရင်း ပြောလိုက်တယ်။
ဖန်ကျန်းရှီလည်း ရင်တွေ အခုန်မြန်လာတော့တယ်။ မုန့် ၁၀ပုံး ဆိုတာ စားဖို့ မခက် ဘူး။ ချီကူယန် ဘာတွေ တွေးနေတာလဲ။”
“ ဒါဆို ဆုလဒ် အတွက်ကကော” ဖန်ကျန်းရှီက ချီကူယန်ကို ကြည့်ရင်းပြောလိုက်တယ်။
“ အိမ်တော်ထိန်းဝမ်ဆီကနေ ကြားထားတယ်။ နင့်မှာ လက်နက်ပုန်းတွေ အများကြီး ရှိတယ်လို့။ ဒါတွေ အကုန်လုံးကို ဘယ်လို သယ်သွားမလဲ။ ငါ့မှာ ဒါကို ဖြေရှင်း ဖို့ နည်းလမ်းရှိတယ်။” ချီကူယန်က ပြောရင်းနဲ့ ငွေရောင် ကြေးမုံလေး တစ်ခုကို ထုတ်လိုက်တယ်။
သိပ်ကို တောက်ပ ပြီးတော့ နူးညံ့တဲ့ သားရေ စ နဲ့ ပတ်ထားခဲ့တယ်။
“ နှလုံးကာမှန်လား။” ဖန်ကျန်းရှီက သေချာကြည့်လိုက်တော့ ဒါက ခါးပတ်ခေါင်းနဲ့တောင် တူနေသေးတယ်။ အခုချိန်မှာတော့ နှလုံးသားကို ကာကွယ်ဖို့ တော်တော်လေးကို ကျယ်ကျယ် ပြန့် သုံးနေတာ ဖြစ်တယ်။
“ အင်း ။ နှလုံးကာမှန် ။ ဒါပေမယ့် ပုံမှန် မှန်တွေနဲ့ ကွာခြားတယ်။ ဒါက ပစ္စည်းတွေကို သိုလှောင်နိုင်တယ်။” ချီကူယန်က ခေါင်းငြိမ့်လိုက်တယ်။ အဲ့ဒီ့နောက် မှန်ကို ဖန်ကျန်းရှီ ရှေ့မှာ ထောင်ပြလိုကတယ်။
“ ပစ္စည်းတွေကိုသိမ်းလို့ ရတယ် ဆို၇င်တော့ ဒါက ဒဏ္လာရီလာ ပစ္စည်း တစ်မျိုးလား။” ဖန်ကျန်းရှီက သတိဝင်လာတော့တယ်။ ချီကူယန်က ဒီလောက်ထိ လက်ဆောင် ပေးလိမ့်မယ်လို့ မထင်ထားခဲ့မိ ဘူး။
တကယ့်ကိုပဲ ရတနာ တစ်ခု နဲ့ကို လောင်းကြေးထပ်နေတယ်။
သိုလှောင်တဲ့ ပစ္စည်းတွေက အတော်လေးကို ရှားပါးလွန်းတယ်။ ချမ်းသာတဲ့ သူတွေသာဒါကို ဝယ်နိုင်တယ်။ နောက်ပြီးတော့ ချီကူယန်က ဒါကို ဆုလဒ် အဖြစ် ပေးမယ်တဲ့လား။
မုန့်လေး ဆယ်ပုံးလောက် စားရုံနဲ့။
အဆိပ်ခတ်ထားတာလား။
“ တွေးတောင် မတွေးနဲ့၊” ဖန်ကျန်းရှီက မယုံပေမယ့်လည်း လက်ကတော့ နှလုံးကာမှန်ကို ဆွဲနေတယ်။ ချီကူယန် သူ့ကို လုပ်ကြံခွင့် လုံးဝကို မပေးနိုင် ဘူး။
“ ကောင်ပြီလေ။ မတွေးတော့ပါ ဘူး။ ဒါပေမယ့်လည်း နင် ရှုံးရင် နတ်ဆိုးကျောင်းတော်မှာ တစ်လနေ၇မယ်။ ဒီ အချိန်အတောတွင်းမှာ နေ့တိုင်း ညတိုင်း ငါ့ရဲ့ အမိန့်ကို နားထောင် ရမယ်။” ချီကူယန်က ကတိပြုလိုက်တယ်။
“ ဒါက များလွန်းတယ်။”
“ နင် လုပ်ရဲလား။”
“ မင်း ငါ့ကို မုန့်ပုံးအရွယ် အစား အရင်ပြောရမယ်။ ရေကန်လောက် သေတ္တာကြီးသာ ဖြစ်နေရင် ငါ ဘယ်လို ကုန်အောင် စားမလဲ။” ဖန်ကျန်းရှီက တားမြစ်ချက်ကိုတော့ ပြောလိုက်တယ်။
“ ကောင်းပြီ။ ချီကူယန် က ခေါင်းငြိမ့်လိုက်တယ်။ “ ယွဲ့အာ၊ မုန့် ဆယ်ပုံး သွားယူလာခဲ့။” ဝင်ပေါက်ကို ကြည့်ရင်း ပြောလိုက်တယ်။
“ အမိန့် အတိုင်းပါ သခင်မလေး။”
ယွဲ့အာရဲ့ အသံ ဟာ အပြင်က နေပေါ်ထွက်လာပြီးတော့ ခြေသံ ခပ်မြန်မြန်က နီးကပ်လာတော့တယ်။
သိပ်မကြာခင်မှာပဲ စားပွဲပေါ်မှာတော့ ပုံစံ အမျိုးမျိုးရှိတဲ့ မုန့်တွေ ပြည့်နှက်သွားတော့တယ်။
ဖန်ကျန်း၇ှီက သေတ္တာတစ်ခုချင်းစီကို သေချာ လေ့လာကြည့်လိုက်တော့တယ်။ အရွယ်အစားက သိပ်ပြီးတော့ မကြီးဘူး။
ဆယ်ပုံး (ဆယ်သေတ္တာ) ….
အေးအေး ဆေးဆေး စားလို့ ကုန်တယ်။
နိုင်သွားရင်ကော။ ချီကူယန်က တကယ်ပေးမှာလား။
ဒါပေမယ့်လည်း ချီကူယန်ကတော့ ဖန်ကျန်းရှီကို ဘယ်လို အစာနဲ့ မြှားရမလဲ ကောင်းကောင်း သိနေတာကိုတော့ ဝန်ခံ ရမယ်။ ဆုလဒ်က သိပ်ပြီးတော့ကို ဆွဲဆောင်မှု ရှိ လွန်းတယ်။
ဖန်ကျန်းရှီက နှလုံးကာမှန်ကို ကောက်ကိုင်လိုက်ပြီးတော့ နမ်းလိုက်တယ်။
“ ကောင်းပြီလေ။ အပေးအယူ ဖြစ်ပြီ။” ဖန်ကျန်းရှီကတော့ ချီကူယန် မုန့်တွေကို အဆိပ် ခတ်ထားမှန်း သိတယ်။ ဒီ နှလုံးကာ မှန်ကတော့ သူ့ အပိုင် ဖြစ်သွားပြီ။
“ ဒါဆို စားတော့” ချီကူယန်က မုန့်တွေကို ညွှန်ပြလိုက်တယ်။
…
…
ချီကူယန်က လမ်းလျှောက်ပြီးတော့ ခြံဝန်းကနေပြန်ထွက်သွားတော့တယ်။ နှလုံးကာမှန်ကို တော့ ဖန်ကျန်းရှီနဲ့ ထားခဲ့လိုက်တယ်။
သူမရှုံးသွားခဲ့ပြီ။ ဒါက ဖန်ကျန်းရှီ လှည့်စားတာ မဟုတ်ဘူး။ ပြော၇ရင်တော့ ဖန်ကျန်းရှီက မုန့် ဆယ်ပုံးလုံးကို စားလိုက်တာကြောင့် ပဲ ဖြစ်တယ်။
ဒါပေမယ့် ဘာလို့ ခုထိ ကောင်းနေသေးတာလဲ။
ဒါက မဖြစ်နိုင် ဘူး။ ဝမ်းနှုတ်ဆေးတွေ အများကြီး ထဲ့ထားပါတယ်။
ဖန်ကျန်းရှီကတော့ ကွင်းပြင်ထဲမှာ လှဲလျော်င်းနေတော့တယ်။ ဒီ လှည့်စားမှုက လွယ်လွန်း အားကြီးတယ်။ တကယ်ပဲ ငါ့ကို ဝမ်းနှုတ်ဆေးနဲ့ လှည့်စားလို့ ရမယ် ထင်နေတာလား။
သူ့ကို လျှော့တွက် လွန်းတာပဲ။
ဖန်ကျန်းရှီက ချီကူယန် ရဲ့ မုန့်ပုံးတွေကို တကယ်စားလိုက်တာ မဟုတ်ပါ ဘူး။ ဒီ မုန့်တွေ အကုန်လုံးကို နှလုံးကာမှန်ထဲ ထည့်လိုက်တာ ဖြစ်တယ်။
နည်းလမ်းကတော့ မခက်ခဲ ပါ ဘူး။
“ အဖိုးတန် ပစ္စည်းကိုမှ ဒီ လို လွယ်လွယ်နဲ့ ပေးလိုက်တယ်။ ” ဖန်ကျန်းရှီက သူ့ကို လူတွေ ဒီ လို လွယ်လွယ်ပေးကမ်းနေကြတာကို မမျှော်လင့်ခဲ့မိဘူး။
နှလုံးကာမှန်ကို တစ်စုံတစ်ယောက် ဝမ်းလျှောစေဖို့ အတွက် ရင်းနှီးလိုက်ရတယ်။
ဒါမျိုးကတော့ လူချမ်းသာတွေမှပဲ လုပ်နိုင်တာ။
…
“ သခင်မလေးက နှလုံးကာ မှန်ကို လက်ဆောင် ပေးမယ် ဆိုရင် ဘာလို့ ဝမ်းနှုတ်ဆေး ခပ်တာလဲ။” ယွဲ့အာ က ချီကူယန်နောက်ကနေ လိုက်ရင်းနဲ့ စိတ်ရှုပ်ထွေးစွာ ပြောလိုက်တယ်။
“ ဒါက အရမ်း လွယ် လွန်းတယ်။ သူ့မှာ လည်း အစီအစဉ်တော့ ရှိနေမှာပဲ။ ငါ ဖိတ်တုန်းက လာဖို့ ငြင်းခဲ့တယ်။ နောက်ပြီးတော့ အဖေကို အနိုင်တိုက်ခဲ့တယ်။ ဒါ့အပြင် ငါ့မုန့်တွေပါ အကုန် လုသွားသေးတယ်။ အသေ အချာကို အပြစ်ပေးရမယ်။” ချီကူယန်ရဲ့ နှုတ်ခမ်းတွေ ဟာ တွန့်ကွေးနေတော့တယ်။ ဆေးအစွမ်း မပြသေးတာ ဖြစ်မယ်။
“ ယွဲ့အာ နားလည်ပါပြီ။”
“ လုယွီရှန်းကော ရွှေ မြို့တော်ကို သွားပြီလား။” ချီကူယန်ကတော့ ဝမ်းနှုတ်ဆေး အကြောင်းကို မေ့ထားပြီးတော့ ကောင်းကင်ပြာကြီးကို ငေးကြည့်ရင်း အတွေးလွန်နေတော့တယ်။
“ သွမ့်အရှင် ထွက်သွားပြီးနောက်မှာပဲ လုယွီရှန်းလည်း နှုတ်ဆက် ပြီး ထွက်သွားခဲ့တယ်။ သူ့ကြည့်ရတာ အလျင် လိုနေပုံပါပဲ။ အခုဆို၇င်တော့ မြို့ပြင် အတော်ဝေးဝေးနေရာကို ရောက်နေလောက်ပြီ။”
“ စစ်သူကြီးလီကော ထွက်သွားပြီလား။”
“ သခင်မလေးက ဘယ်လို သိတာလဲ။ ”
“ အဖေက သွမ့် အရှင်ကို အတော် ဂရုစိုက်လွန်းတယ်။ ဒါပေမယ့်လည်း လုယွီရှန်းက နတ်ဆိုးကျောင်းတော်နဲ့ စစ်နတ်ကျောင်းတော်ကြားက ပတ်သတ်မှုကို ထိခိုက်စေနိုင်တဲ့သူ မဟုတ် ဘူး။ ဒါပေမယ့်လည်း ဒီ စာကိုတော့ စစ်နတ်ကျောင်းတော်ဆီ မြန်နိုင်သမျှ မြန်မြန် ပို့ရမယ်။” ချီကူယန်က စာတစ်စောင်ကို ပေးလိုက်ပြီးတော့ ပြောလိုက်တော့တယ်။
“ အမိန့် အတိုင်းပါ သခင်မလေး။” ယွဲ့အာက စာကို လက်ခံရင်းပြောလိုက်တယ်။
“ ပြင်ဆင်ထားလိုက်တော့ ။ ငါ ခရီးထွက် ၇မယ်။”
“ သခင်မလေးက ဘယ်ကို သွားမှာလဲ။”
“ ယန်မြို့တော်။”
“ သခင်မလေးက တကယ်ပဲ ယန် မြို့တော်ကို သွားမှာလား။ ဒါဆို ဘာလို့ သခင်လေး ဖန်နဲ့ အတူ မသွားတာခဲ။”
ချီကူယန်ကတော့ ပြန် မဖြေပါ ဘူး။ ခေါင်းမော့ရင်းနဲ့သာ တဖြည်းဖြည်း မှောင်မည်းလာတဲ့ ကောင်းကင်ကို ကြည့်နေတော့တယ်။ သူမရဲ့ နှုတ်ခမ်းတွေက တော့ တစ်စုံတစ်ခုကို ရေရွတ်နေခဲ့တယ်။
“ ဒီ တော်ဝင် စာမေးပွဲမှာ ။ တည်မြဲကျောင်းတော်က “ရှင် ချင်းစွေ့” လည်း လာဖြေမှာပဲ။ စု မျိုးနွယ်က တစ်ဦးကလည်း လုံးဝကို ယှဉ်ပြိုင်မယ်။ တောင်ပိုင်းကျောင်းတော်က တစ်ယောက်ကလည်း ပါဝင်မှာ။ သွမ့်အရှင် အတွက် လည်း ဒီ တစ်ကြိမ်မှာ အဓိက စာစစ်သူ ဖြစ်ဖို့ အတွက် ခက်ခဲ လိမ့်မယ်။ ”
…
နောက်တစ်ရက်မှာတော့ ဖန်ကျန်း၇ှီနဲ့ ရန်ရွှယ်ဟာ သခင်ကြီး ချီဟို့ကို နှုတ်ဆက် ထွက်ခွာလာခဲ့တယ်။ အဲ့ဒီ့နောက် မြို့တော်ကို ဦးတည်လာခဲ့တယ်။
ဒါပေမယ့်လည်း ချီကူယန်နဲ့ ယွဲ့အာကတော့ ပေါ်မလာခဲ့ ဘူး။ ဖန်ကျန်းရှီကတော့ ချီဟို့ကို “ကိုယ့်ကိုကိုယ် ဂရုစိုက် ဆိုတာကလွဲပြီးတော့ မပြောခဲ့ပါ ဘူး။
ဖန်ကျန်းရှီက နှင်းမဟူရာ မြင်းပျံ နှစ်ကောင်ကို ငှားခဲ့တယ်။
ချီဟို့ကတော့ ချက်ခြင်းကို တုံ့ပြန်ခဲ့ပါတယ်။
“ မင်းတို့ကို မငှား ဘူး။”
“ သခင်ကြီးက မြောက်ပိုင်း ကျောင်းတော်ကြီး ငါးခုရဲ့ အခြေစိုက်ပဲ။ ဒီ လို သနားစရာ ကောင်းမယ်လို့ မထင် ခဲ့ ဖူး ဘူး။ မြင်းပျံတွေကို လက်ဆောင်ပေးလိုက်တာက ပိုပြီးတော့ သင့်တော်မှာပါ။ ရန်ရွှယ်နဲ့ ကျွန်တော်လည်း လေးလေးစားစားနဲ့ကို ကျေးဇူးတင်မှာပ်။” ဖန်ကျန်းရှီက ပြုံးပြီးတော့ ပြန်ဖြေလိုက်တယ်။
“ သခင်ကြီးကို ကျေးဇူးတင်ပါတယ်။ ” ရန်ရွှယ်က ဦးညွှတ်လိုက်တယ်။
“…”
…
နှင်းမဟူရာ မြင်းပျံ နဲ့ ဆို၇င် နတ်ဆိုးကျောင်းတော်က တပ်နီတော်ကြီးနဲ့ ယှဉ်နိုင်တဲ့ အစွမ်း ရှိသွားမယ်။ ဒါ့အပြင် ရွှေမြို့တော်ကို သွားတဲ့ လမ်းတစ်လျှောက်မှာလည်း ဘယ်သူက မှ တားဝံ့တော့မှာ မဟုတ် ဘူး။
ဒီ သားရဲကောင်တွေကို အသက် ၆ နှစ်လောက်က မြင်ခဲ့တာ ဖြစ်ပေမယ့်လည်း ဒီ အကောင်တွေကို စီးရဖို့ ညတိုင်း အိမ်မက် မက်နေခဲ့တာ။ အခုတော့ တစ်ကောင်ရခဲ့ပြီလေ။ ဖန်ကျန်းရှီကတော့ပျော်ရွှင် တက်ကြွစွာနဲ့ပဲ ထွက်လာခဲ့တယ်။
“ ငါ မင်းကို မေးစရာ၇ှိတယ်။” ဖန်ကျန်းရှီက ချီကူယန်နဲ့ ပြောခဲ့တာတွေကို မှတ်မိတဲ့ အတွက် မေးလိုက်တယ်။
ချီကူယန်က ရှင်း၇ှင်းလင်းလင်း မပြောပေမယ့်လည်း ဒီမှာ ဖုံးကွယ်ထားတဲ့ အရာတွေ လျှို့ဝှက်ချက်တွေ ၇ှိနေမယ်လို့ သူ ထင်နေတယ်။
“ ဘာမေးမလို့လဲ။”
“ မနေ့တုန်းက ချီကူယန်က ငါ့ကို လာပြောတယ်။ သွမ့်အရှင်က ကျောင်းတော်ကနေ ထွက်ခွာပြီးတော့ မြို့တော်ကို ဒုန်းစိုင်း နှင်နေပြီ။ နောက်ပြီးတော့ သူမပြောတာက သွမ့်အရှင်က တော်ဝင်မြို့တော် စာမေးပွဲ အတွက် အဓိက စာစစ်သူ ဖြစ်အောင် လုပ်နေတယ်လို့ ပြောတယ်။ မင်းကော ဘယ်လို ထင်လဲ။”
“သွမ့်အရှင်က နတ်ဆိုးကျောင်းတော်ကို လာတယ် တဲ့လား။ ပြီးတော့ မြို့တော်ကို ပြန် ပြေးတယ်။ အဓိက စာစစ်သူ ဖြစ် လာဖို့ ၊” ရန်ရွယ်က တစ်ဦးတည်း တီးတိုးပြောဆိုနေခဲ့တယ်။ အဲ့ဒီ့ေနောက်သူ့ရဲ့ အမူအယာက ပြောင်းလဲ သွားတော့တယ်။ “ အကယ်၍ သွမ့်အရှင်သာ တော်ဝင်မြို့တော် စာမေးပွဲမှာ မေးခွန်းထုတ်သူ ဖြစ်လာရင် ငါတို့ ပြဿနာ ကောင်းကောင်းတက်လိမ့်မယ်။”
“ ဘာလို့လဲ။” ဖန်ကျန်း၇ှီက နားမလည် စွာနဲ့ မေးလိုက်တယ်။
“ ဘာကြောင့် သွမ့်အ၇ှင်က နတ်ဆိုးကျောင်းတော် ကို ဘာလာလုပ်လဲ မသိပေမယ့် အကြောင်း ရင်းကတော့ ၇ှိမှာပဲ။ နောက်ပြီးတော့ သွမ့်အရှင်က ချီကူယန်ကို လေးစားတယ်။ သူက စစ်တပ်နဲ့ သက်ဆိုင်တဲ့သူ ဖြစ်ပေမယ့်လည်း နိုင်ငံ ရေးကိုတော့ တစ်ခါမှ ဝင်မပါ ခဲ့ဘူး။ အခုတော့ အဓိက စာစစ်သူ အနေနဲ့ လုပ်ဆောင်ချင်တာက မင်းနဲ့ သက်ဆိုင်လိမ့်မယ်။ ”
“ ပြောချင်တာက သွမ့််အရှင် က ငါ့ကို စာမေးပွဲ ကျအောင် လုပ်နေတာလား။”
“ ဒီ လောက်တော့ ရိုးရှင်းမယ် မထင် ဘူး။ အကယ်၍ သူသာ မေးခွန်းထုတ်ခဲ့ရင်တော့ ငါ ထင်တယ်။ မင်းတော့ မလွယ် လောက်တော့ ဘူး။”
“ ဖြစ်လာခဲ့ရင်။” ဖန်ကျန်းရှီက ရန်ရွှယ် ဆိုလိုချင်တာကို နားလည်သွားပြီ။ အကယ်၍ သွမ့်အရှင် က သူ စာမေးပွဲ အောင်မှာကို တားမြစ်ချင်ရင် ကျရှုံးမှုက သူ့အတွက်ပဲ ဖြစ်ရမယ်။
နောက်ပြီးတော့
သူ့ ဘဝကလည်း အန္တရာယ် ကြားမှာ ကျရောက်သွားလိမ့်မယ်။
အပိုင်း ( ၁၅၄) ပြီး၏။
ဒီနေ့ အတော်လေး နောက်ကျသွားပါတယ်။ စာရေးသူ ညနေ (၆) နာရီမှ ကျောင်းကနေ ပြန် ရောက်လို့ပါ။ ဒါ့အပြင် မီးကလည်း ပျက်နေတော့ တော်တော်လေးကို နောက်ကျသွားခဲ့ပါတယ်။ မနက် ၇ ခွဲ ကိုတော့ ပုံမှန် တင်ပေးပါမယ်။ ညနေပိုင်းကတော့ နောက်ကျနိုင်ချေ များလို့ပါ။
အပိုင်း ( ၁၅၅)
“ အရာဝတ္ထု တစ်ခုကို ကျော်လွန်ခြင်း”
ဖန်ကျန်းရှီကတော့ လက်လျှော့ဖို့ လုံး၀ မတွေးပါ ဘူး။ ဒါပေမယ့်လည်း သူ့ အဖေ ချီရှင်းလိန်နဲ့ ရွာသားတွေရဲ့ မျှော်လင့်တကြီး မျက်ဝန်းတွေကို ပြန်လည် သတိရ ချိန်မှာတော့ အောင်မြင်မှု မရပဲနဲ့ ပြန် မလာနိုင် ဘူးလို့ တွေးလိုက်မိတယ်။
နောက်ပြီးတော့ သူ ပြန်လည် ဆုတ်ခွာ၇င်တောင် လွတ်မြောက်နိုင် အုန်းမှာလား။
တစ်သက်မှာ တစ်ခါပဲ သေခွင့်ရှိတယ်။ ဖန်ကျန်းရှီ လက်မလျှော့ဖို့ ဆုံးဖြတ်လိုက်တယ်။ ပြောခဲ့သလိုပဲ ။ သူ့ခေါင်းနဲ့ နံရံကို တိုက်ခွဲစရာ အကြောင်းတော့မရှိ ဘူး။
“ ဘာလို့ သွမ့် အရှင်က ငါ့ကို စာမေးပွဲ ကျစေချင်တာလဲ။ ” ဖန်ကျန်းရှီကတော့ လုံးဝကို နားမလည် နိုင်ပါဘူး။ သွမ့်ပြည်ထောင် အရှင်ကိုလည်း ဒေါသမီးေတောက်အောင် လုပ်ဖို့ မပြောနဲ့ တစ်ခါမှတောင် တွေ့ဖူးတာ မဟုတ် ဘူး။
“ ချီကူယန်နဲ့ ဆိုင်လိမ့်မယ်လို့ ထင်တယ်။ ” ရန်ရွှယ်က ပြန်ဖြေလိုက်တယ်။
“ သဝန်တိုနေတာလား။” ဖန်ကျန်းရှီက အတော်လေး သင့်လျော်တဲ့ အဖြေကို ရှာတွေ့သွားတဲ့ ပုံပါပဲ။
“ ဖြစ်နိုင်ပါတယ်။ ဒါပေမယ့်လည်း ပိုပြီးတော့ အရေးကြီးတာကတော့ ကောင်းကင်ဘုံက ခြောက်ချားဖွယ် အမိန့်တော်ကို ကြားသင့်တယ် ထင်တယ်။ ”
“ အမ်။ နှစ်ထပ်ကွမ်း နဂါး ချန်ပီယံက လောကကြီးကို ထိတ်လန့်စေမယ် ။ ပြီးတော့ အေးချမ်းမှုကို ဆောင်ယူလာပြီး လောကကြီးကို ငြိမ်းချမ်း စေမယ်။ ဒါက ချီကူယန်ကို ပြောတာ မဟုတ် ဘူးလား။ ” ဖန်ကျန်းရှီက စိတ်ရှုပ်သွားတယ်။
“ ဟုတ်တယ်။ သွမ့် အရှင်လည်း ချီကူယန်လို့တွေးမှာပဲ။ အိမ်ရှေ့စံ မင်းသားလည်း အတွေး အတူတူပဲ။ နောက်ပြီးတော့ သုခမိန်ကြီးတွေတောင်မှ ချီကူယန်လို့ ဆိုထားကြတာ။ ဒါပေမယ့်လည်း မင်းသာ ချီကူယန်ကို အနိုင်တိုက်နိုင်ခဲ့ရင် ဘယ်လိုဖြစ်သွားမလဲ။”
“ ချီကူယန်ကို အနိုင် တိုက်ရမယ်။ ဟား ဟား။ ဒါက ဖြစ်နိုင်မယ်လို့ယုံရဲ့လား။” ဖန်ကျန်းရှီက ဒါကို အေးအေး ဆေးဆေးနဲ့ ပြောနေခဲ့တယ်။ ကြည့်ရတာတော့ ပြဇာတ် တစ်ပုဒ်ကို စိတ်ဝင်စားအောင် အရှိန်မြှင့်နေသလိုပါပဲ။ သူ တကယ်ပဲ ချီကူယန်ကို အနိုင် တိုက်နိုင်မယ်လို့ မထင်ထား ခဲ့မိ ဘူး။
“ ကောင်းပြီလေ။ လူတိုင်းကတော့ ဒါကို မဖြစ်နိုင် ဘူး လို့ ထင်မှာပဲ။ ဒါပေမယ့် နင်ကတော့ ကောင်းကင် ရောင်ပြန် အဆင့်ကို ရောက်နေပြီ။ ချီကူယန်ပြီးရင် မင်းက ဒုတိယမြောက် လူပဲ အသက် ၁၅ နှစ်အောက် မှာ ဒီ လောက် ထူးချွန်တဲ့ အဆင့်ရောက်တာ။ အခုတော့ တခြားသူတွေ အတွေးပြောင်းနေလောက်ပြီ။ ” ရန်ရွှယ်က ဖန်ကျန်းရှီကို ကြည့်လိုက် တယ်။
ရန်ရွှယ်က နိုင်ငံရေးမှာ စိတ်မဝင်စားပေမယ့်လည်း သူ့ရဲ့ နောက်ခံကတော့ ကောင်းကောင်းနားလည် နိုင်အောင် လုပ်ပေးခဲ့တယ်။
“….” ဖန်ကျန်းရှီကတော့ နားလည် သွားပုံပါပဲ။ “ မင်းထင်ခဲ့တာ ငါ ရုတ်တရက် အဆင့် မတက်နိုင်လောက် ဘူးလို့လား။”
“ တော်ဝင် စာမေးပွဲ ပြီးမှ အဆင့်တက်မယ် ထင်နေတာ။ မင်း စာမေးပွဲ အောင် တာနဲ့ တခါတည်း နိုင်ငံရေး ထဲမှာ ပါ သွားနိုင်တယ်။ မင်းသာ တော်ဝင် ရုံးတော်မှာ နေရာတစ်ခု ရတာနဲ့ မင်းကို အာရုံစိုက်တဲ့ မျက်လုံးတွေ ပိုပြီးတော့ များလာတော့မှာ။ ” ရန်ရွှယ်က ရှင်းပြလိုက်တယ်။
“ အမ်။ မင်း ဘာတွေ ပြောနေတာလဲ။ သူတို့က ငါ့ကို ရုံးတော် အမတ် မဖြစ်စေချင် ဘူးလား။” ဖန်ကျန်းရှီက ရန်ရွှယ် ကို တဖြည်းဖြည်း သဘောပေါက်လာခဲ့တယ်။ အကယ်၍ သူသာ စောစော သေသွားခဲ့ရင်တော့ ဂယက်ရိုက်မှုက ကြီးမားလာမှာ မဟုတ် ဘူး။ ဒါပေမယ့်လည်း သူသာ ရုံးတော် အမတ် တစ်ဦး ဖြစ်လာရင်တော့ သူ ခေါက်ခနဲ သေသွား၇င် လူစိတ်ဝင်စားမှုတွေ စစ်ဆေးမှုတွေတော့ ခံရမှာပဲ။
ရှေးကမ္ဘာမှာ အရာရှိကို သတ်တဲ့ လူသတ်သမားတွေကို နန်းတော်ကနေ တိုက်ရိုက်စီရင်ချက် ချတယ်။
“ ဟုတ်တယ်။ ငါထင်တာတော့ သွမ့်အရှင်က မင်းကို အရာရှိ မဖြစ်စေချင် လောက်ဘူး။” ၇န်ရွှယ်က ခေါင်းငြိမ့်လိုက်တယ်။
“ ငါနားလည်ပြီ ။ မင်းပြောချင်တာက ငါ အသက်ရှင်ချင်ရင် တော်ဝင်စာမေးပွဲကို အောင်အောင် ဖြေပြီးတော့ အရာ၇ှိ ဖြစ်အောင် လုပ်ရမယ်။ ဒါမှသာ သူတို့ကို ရပ်နိုင်မယ်။”
“ အတိအကျပဲ။”
“ ငါတော့ တကယ်ပဲ ပိုက်ကွန်ထဲက ငါး ဖြစ်နေပြီ။ “ ဖန်ကျန်းရှီကတော့ နောက်ဆုံးမှာ သူ့ရဲ့ အခြေအနေကို နားလည် သွားတော့တယ်။
အကယ်၍ သူသာ ၂ နှစ်အတွင်း စိန်ခေါ်ထားမှုကို မအောင်မြင်ခဲ့၇င် သူ့ ဘဝအတွက် အန္တရာယ် မရှိနိုင် ဘူး။ ဒါပေမယ့်လည်း သူ့ရဲ့ ကောင်းကင် ရောင်ပြန် အဆင့်ကို ရောက်၇ှိမှုက မုန်တိုင်း မျက်စိကို ရောက်နေတဲ့ အခြေအနေကို ဖန်တီးပေးလိုက်တယ်။
သူ ဘယ်လိုပဲ ရှောင်ဖို့ ကြိုးစားပေမယ့် ပြဿနာကတော့ သူ့ကို မီးထွန်းပြီးတော့ကို ရှာနေခဲ့တယ်။ ဒီလို ဖြစ်လာမှတော့လဲ။ သူ့မှာ ရွေးချယ်စရာမရှိတော့ ဘူး။ အဆုံးထိကို တိုက်ခိုက်ရတော့်မယ်။ ”
“ မင်းပြောခဲ့တာ သွမ့်အရှင် က စစ်တပ်ကို ထိန်းချုပ်တယ်ဆိုရင် ဘယ်သူက နိုင်ငံရေးကို ချုပ်ကိုင်တာလဲ။” ဖန်ကျန်းရှီက သူ အဆုံးထိ တိုက်ခိုက်ရမယ့် ပြိုင်ဘက် အကြောင်းကို သိဖို့ လိုအပ်တယ်။
“ ပညာရှိကြိးတွေ ပြီးရင်တော့ အိမ်ရှေ့စံ မင်းသားက အဓိက အခရာ ပဲ။” ရန်ရွှယ်က ပြန်ဖြေလိုက်တယ်။
“ အိမ်ရှေ့စံ မင်းသား ။ သွမ့် အရှင်” ဖန်ကျန်းရှီက သူ့ကိုယ်သူ အင်အားစု နှစ်ခု ပြိုင်ဆိုင်တဲ့ အလယ် မှာ ရောက်နေမယ်လို့ မထင်မိ ခဲ့ ဘူး။
စိတ်မကောင်းစွာနဲ့ပဲ။ သူသိထားသလိုမျိုး ကောင်းမွန်တဲ့ သမိုင်းကြောင်း တစ်ခု မဖြစ်နိုင် ဘူး။ အကယ်၍ သူသာ ဘယ်သူက အမြင့်ဆုံးကို ရောက်နိုင် မလ ဲ သိမယ် ဆို၇င် ကြိုတင်ရှောင်ရှားလို့ ရနိုင်မှာပဲ။
အခုတော့ သူ့မှာ အကြံ မရှိတော့ ဘူး။
ဒီ ကစားပွဲကို ဘယ်လို ဆက်ကစားရတော့မှာလဲ။
သူ မသိတော့လည်း အကောင်းဆုံးကတော့ အ၇ှိအတိုင်း နေလိုက်တာပဲ ဖြစ်တယ်။
ဖန်ကျန်းရှီမှာ ဒါကို ဘယ်လို အောင်မြင်အောင်လုပ်၇မလဲ ဆိုတာ အကြံတော့ ရှိတယ်။ တွန်းကန်အားပြင်းတဲ့ အရာတွေက အတော်လေးကို အင်အားကြီးတယ်။ အကယ်၍ သူသာ တစ်ဖက်တည်းကို စောစော ရွေးချယ် လိုက်ရင် သူ့ကိုသူ မွေးပွ ဘောလုံးလိုတော့ အဖြစ်မခံ နိုင် ဘူး။
အရှိအတိုင်းနေတာက သူရဲ့ အကောင်းဆုံး နည်း ဗျုဟာ ကတော့ အဆင်ပြေတယ်။
“ အကယ်၍ အိမ်ရှေ့စံမင်းသားသာ စာမေးပွဲမှာ စာစစ်သူ ဖြစ်ခဲ့၇င်တော့ ငါ့အတွက် ပိုကောင်းနိုင် မလား။” ဖန်ကျန်းရှီက တစ်ခဏ တွေးပြီးနောက်မှာ မေးလိုက်တယ်။
“ အနည်းဆုံးတော့ သွမ့်အရှင် ထက် စာ၇င် ပိုကောင်းပါတယ်။” ၇န်ရွှယ်က ဖြေလိုက်တယ်။
“ ဒါဆိုရင် အိမ်ရှေ့စံ မင်းသား စာမေးပွဲမှာ ပါဝင်လာဖို့ ငါ ဘာလုပ်ဖို့လိုလဲ။” ဖန်ကျန်းရှီက တကယ်ပဲ နန်းတော်တွင်းက လုပ်ငန်းစဉ်တွေကိုနားမလည် ဘူး။
“ အကယ်၍ အိမ်ရှေ့စံက မင်းရဲ့ တိုးတက်မှုကို ကြားသွားရင်တော့ အိမ်ရှေ့စံ မင်းသား လည်း သွမ့်အရှင် ဘာကြောင့် စာမေးပွဲမှာ ပါဝင်ချင်လည်း ဆိုတာ နားလည် သွားမှာပဲ။ သူလည်း စာမေးပွဲမှာ ပါဖို့ ကြိုးစားမှာပဲ။ ဒါပေမယ့်လည်း သွမ့်အရှင်က ငါတို့ထက် တ၇က် စောပြီးထွက်ခွာသွားတာ။ သူ့ရဲ့ အရှိန်နှုန်းနဲ့ ဆို၇င် ငါတို့ ဘယ်လိုများ ဖမ်းမိမှာ မဟုတ် ဘူး။ ငါတို့ ဖမ်းမိရင်တောင်မှ အိမ်ရှေ့စံ မင်းသား ဆီကို သတင်းရောက်ဖို့ အချိန်မှီရောက်ဖို့ ခက်ခဲ လိမ့်မယ်။” ရန်ရွှယ်က တစ်ခုခြင်းစီ ပြောလိုက်တယ်။
“ အကယ်၍ ငါတို့ ရည်ရွှယ်ချက် က ငါ ကောင်းကင်ရောင်ပြန် အဆင့် ရောက်သွားတာကို သိစေဖို့ပဲ ဆိုရင်တော့ မခက်ပါဘူး။” ဖန်ကျန်းရှီ ချက်ခြင်းတွေးပြီးတော့ ဖြေလိုက်တယ်။
“ မင်းမှာ အကြံ ရှိလို့လား။”
“အင်းးး။”
“ ဘာအကြံလဲ။”
“ ကြေညာတွေ။ တဘောင်တွေ။ နေရာအနှံ့ ပျံ့နိုင်တာတွေ။ နိုင်ငံရဲ့ နေရာ အနှံ့ ကို သတင်းပျံ့အောင် ဖြန့်နိုင်တဲ့သူကို တွေ့တာနဲ့ အေးအေးဆေးဆေး ဖြစ်ပြီ။”
“ မင်းက မင်းရဲ့ တိုးတက်မှုကို တစ်နိုင်ငံ လုံးကို ကြေညာမလို့လား။”
“ ဟုတ်တယ်။ အနှေးနဲ့ အမြန် သိကြမှာပဲလေ။ ငါတို့ရဲ့ အားသာချက်ကို သုံးပြီးတော့ပဲ ကြေညာရမှာပေါ့။”
“မင်း ဘာကို ပြောချင်တာလဲ၊”
“ သွမ့်အရှင်ရဲ့ စိတ်ကူးကို သိပြီးပြီ ။ ဒါပေမယ့်လည်း အိမ်ရှေ့စံ မင်းသားနဲ့ တစ်ခြား သူရဲ့ စိတ်ကူူးကိုတော့ မသေချာဘူး။”
“ ဘယ်သူလဲ။”
“ သုခမိန်”
“ သုခမိန် ရဲ့စိတ်ကူးလား။”
…
ဖန်ကျန်းရှီနဲ့ ရန်ရွှယ်ကတော့ ရွှေမြို့တော်ရဲ့ အနီးက မြို့ငယ်လေးဆီကို ရောက်လာခဲ့တယ်။ သူတို့ စီးနင်းလာတဲ့ မြင်းပျံတွေကြောင့် မြို့စောင့်တွေရဲ့ လေးစားမှုကို အတော်လေး ရရှိတယ်။
ဒီ အချိန် ။သူတို့ မြို့ထဲ ဝင်လာချိန်မှာပဲ အစေခံ တစ်ဦးလို ဝတ်ဆင်ထားတဲ့ စူးကျိုးက သူတို့ကို စောင့်နေတာကို တွေ့လိုက်ရတယ်။
“ သခင်လေး ဖန်ကို နှုတ်ခွန်းဆက်ပါတယ်။” စူးကျိုးက ဖန်ကျန်းရှီကို မြင်တော့ ပြောလိုက်တယ်။
“စူးကျိုး ။ မင်းက ယုံကြည်မှု မြစ်မြို့တော်မှာ ရောက်နေတာ မဟုတ် ဘူးလား။ မင်း ဘာလို့ဒီကို ရောက်နေတာလဲ။” ဖန်ကျန်းရှီက ဝူယွဲ့အာများ ရှိနေမလား ဆိုပြီးတော့ ရှာဖွေလိုက်တယ်။ မြို့အဝင်မှာ စူးကျိုးကို တွေ့ရတာကတော့ ထူးဆန်းတယ်။
“ သခင်လေး ဖန် ကောင်းကင်ရောင်ပြန် အဆင့်ကို ရောက်ပြီးပြီ ဆိုတာ ကျွန်တော်တို့ သိထားပါတယ်။ ဒါကြောင့် သခင်လေးကို ဂုဏ်ပြုဖို့ ဒီက ို ရောက်နေတာပါ။” စူးကျိုးက ဖန်ကျန်းရှီမေးမယ့် မေးခွန်းကို ကြိုဖြေလိုကတယ်။
“ မင်းဒီမှာ တစ်ချိန်လုံး ရှိနေတာလား။” ဖန်ကျ်န်းရှီက နည်းနည်း စိတ်ထဲ ထိရှသွားတယ်။
သူ ကောင်းကင်ရောင်ပြန် အဆင့်ကို ရောက်တာ မနေ့တနေ့က ။ နောက်ပြီးတော့ နတ်ဆိုးကျောင်းတော်ထဲမှာပဲ နေနေခဲ့တာ။ ဝူယွဲ့အာက ဒါကိုတောင် သိနိုင်ပြီးတော့ စူးကျိုးကိုတောင် လာစောင့်ခိုင်း ထားတယ်။
ဒါက အဓိပ္မာယ် နှစ်ခုပဲ ရှိတယ်။ ပထထ တစ်ခုကတော့ သူမက ရွှေမြို့တော် အနီးမှာ အရင်တည်းက စူးကျိုးကို စောင့်ခိုင်းထားတာ ဖြစ်မယ်။ ဒုတိယ တစ်ခုကတော့ နတ်ဆိုးကျောင်းတော်ထဲမှာ သူမအတွက် သတင်း အရင်းအမြစ်တွေ ရှိနေတာ ဖြစ်နိုင်တယ်။
“ မနေ့က အထိတော့ ကျွန်တော်လည်း ရွှေမြို့တော်မှာပဲ ရှိနေတာပါ။ သခင်က သခင်လေး ဖန် ကောင်းကင်ရောင်ပြန် အဆင့်ကို ရောက်မှန်းသိတာနဲ့ ကျွန်တော့်ကို ဒီမှာ လာစောင့်ခိုင်း ထားတာပါ။ ကျွန်တော်လည်း အခုမှ ရောက်လာတာပါ။ ” စူးကျိုးက ပြောလိုက်တယ်။
“ နားလည်ပြီ။ ဝူယွဲ့အာကို ငါ ပြောစရာရှိတယ်။ သူ ဒီမှာ ရောက်နေလား။” ဖန်ကျန်းရှီက မေးလိုက်တယ်။
“ သခင်က မြို့တော်ကို ရောက်သွားပါပြီ။ အကယ်၍ မှာစရာရှိရင် ကျွန်တော့်ကို မှာလို့ရပါတယ်။” စူးကျိုးက လေးစားစွာပြောလိုက်တယ်။
“ ဝူယွဲ့အာ က မြို့တော်ကို သွားပြီလား။” ဖန်ကျန်းရှီက ခေါင်းငြိမ့်လိုက်တယ်။ ဝူယွဲ့အာ ဘာကြော်င့် သွားလဲ ဆိုတာ မသိတော့ သူလည်း ထပ်မမေးတော့ ဘူး။ “ငါ မေးချင်တာက ငါ ကောင်းကင် ရောင်ပြန် အဆ်င့်ကို ရောက်သွားတဲ့ အကြောင်း သတင်းဖြန့်ပေးမလား။”
“ သခင်လေး ဘယ်လောက် ဝေးဝေးထိ သတင်း ပြန့်စေချင်လဲ။”
“ တော်ဝင် မြို့တော် ထိ”
“ သုံးရက်တော့ ကြာမယ်။ ”
“ ကောင်းပြီ။ သုံးရက်က ပြဿနာ မဟုတ် ဘူး။ ဒါပေမယ့် ငါ့မှာ တောင်းဆိုမှု ရှိတယ်။”
“ ဟုတ်ကဲ့ ဆက်ပြောပါ.၊”
“ ဒီ သတင်းကို လူများနိုင် သလောက် များများသိအောင် လုပ်ပေးပါ။”
“နားလည်ပါပြီ။ စိတ်ချထားလိုက်ပါ သခင်လေး။” စူးကျိုးက သူ့ ရင်ဘတ်ထဲကနေ တစ်စုံတစ်ခုကို ထုတ်လိုက်တယ်။
“ ဒီငွေတွေက ဝူယွဲ့အာရဲ့ ဂုဏ်ပြုလက်ဆောင်လား၊”
“ သခင်က ဒါကို ကျွန်တော့် အတွက် ပေးလိုက်တာပါ။” စူးကျိုးက ပြောလိုက်တယ်။
“ မင်း ဘယ်လို တွေးလဲ။”
“ဟ ဟ ကျွန်တော် စနေတာပါ။ သခင် က ငွေသား အောင်စ တစ်ထောင် ပေးခိုင်းလိုက်တာပါ။ လက်ခံပေးပါ။” စူးကျိုးက ပြုံးပြီးတော့ ပြောလိုက်တယ်။
“ အောင်စ တစ်ထောင်လား။ မင်းကို အောင်စ တစ်ရာ ပေးလိုက်မယ်။” ဖန်ကျန်းရှီက စူးကျိုးဆီက ငွေစတွေကို ယူလိုက်ပြီးတော့ နှလုံးကာမှန်ထဲ ထည့်လိုက်တယ်။
အဲ့ဒီ့နောက် ငွေသား အောင်စ တစ်ရာကို ပြန်ထုတ်ပြီး ပေးလိုက်တယ်။
“ သခင်လေးရဲ့ ဆု အတွက် ကျေးဇူးတင်ပါတယ်။ ”
…
အချိန် နှစ်လ ကြာပြီးနောက်မှာတော့ နေမင်းကြီး ဟာ တရွေ့ရွေ့ တောက်ပ လာတော့တယ်။ ရွှေနီရောင် အလင်း တန်းတွေဟာ မြို့တော် နံရံကို ထွန်းလင်း နေစေခဲ့တယ်။
မြို့တော် ကြီးဟာ တောက်ပတဲ့ သားရဲကောင်ကြီးတစ်ကောင်လိုမျိုး တောက်ပတဲ့ အငွေ့အသက်တွေ ထုတ်လွှတ်နေခဲ့တယ်။
ညအချိန် ကို နီးကပ်နေပြီ ဖြစ်ပေမယ့်လည်း လမ်းတွေမှာတော့ လူ ထူထပ်မှုဟာ မလျော့်ကျပါ ဘူး။ အင်ပါယာရဲ့ မြို့တော် ဖြစ်တဲ့ အတွက် စည်ကားမှုဟာလည်း သိပ်ကို ကျော်ကြားလှတယ်။
မြစ်ဟာတော့ အရှိန် ပြင်းပြင်းနဲ့ စီးဆင်းနေခဲ့တယ်။
မြို့တော်စောင့်တွေဟာတော့ နံရံတွေပေါ်မှာ ကင်းလှည့်နေခဲ့တယ်။ တစ်ယောက်ချင်းစီရဲ့ လက်ထဲမှာတော့ တောက်ပတဲ့ လှံတွေကို ကိုင်ဆောင်ထားခဲ့တယ်။ ကိုယ်မှာတော့ တောက်ပသစ်လွင်တဲ့ သံချပ်ကာတွေကို ဝတ်ဆင်ထားခဲ့တယ်။ သိပ်ကို ခမ်းနား ထည်ဝါ လွန်းတယ်။
ဒါကတော့ အင်ပါယာကြီးရဲ့ အလယ် အူတိုင်ပဲ ဖြစ်တယ်။
တန်ဖိုးကြီးမြင့်ပြီးတော့ ကြောက်မက်ဖွယ် ကောင်းတယ်။
ဒါပေမယ့်လည်း ဘယ်လောက်ပဲ တန်ဖိုးကြီးမားပါစေ။ ဒါတွေကို မပိုင်ဆိုင်တဲ့သူတွေလည်း ရှိနေပါတယ်။ ဥပမာ အားဖြင့် အပြာရောင် ဝတ်စုံ ဝတ်ထားတဲ့ လူငယ် ဟာ မြို့တော်ထဲကို ဝင်လာခဲ့တယ်။ သူ့ရဲ့ အကျီလက်အိုးတွေကတော့ တဖျပ်ဖျပ် လှုပ်ခါနေခဲ့တယ်။
ဒါကတော့ သင့်တော်ပါတယ်။
ဒါပေမယ့်လည်း
လူငယ်ကတော့ အတော်လေးကို ပျင်းရိနေတဲ့ပုံပါပဲ။ သူ့ရဲ့ မြင်းပျံပေါ်မှာ လေးတိလေးတွဲ့နဲကို လိုက်ပါနေတယ်။ လူတွေကတော့ သူစီးနင်းလာတဲ့ နှင်းမဟူရာမြင်းပျံကို စိတ်ဝင်စားတာထက် မြင်းပေါ်ကလူ ပြုတ်ကျမှာကို ပိုပြီးတော့ စိုးရိမ်နေကြတယ်။
အပြာရောင် လူငယ်ရဲ့ နောက်မှာတော့ အပြစ်ဆိုဖွယ်ရာ မရှိလောက်အောင် ကောင်းမွန်စွာ ဝတ်ဆင်ထားတဲ့ လူငယ် တစ်ဦး ရှိနေတယ်။ သူကတော့ ပိုပြီးတော့ တောက်ပတယ်။ တကယ်တမ်းတော့ တောက်ပလွန်းတယ်လို့ ဆိုရမှာ ဖြစ်တယ်။
သူက တောက်ပလွန်းတယ်ဆိုပေမယ့်လည်း အေးစက်လွန်းလှတယ်။
ဘယ်သူကမှ ဒီ လူ နှစ်ယောက်ကို တဖွဲ့တည်းလို့ ထင်စရာ အကြောင်း မရှိပါဘူး။ ဒါပေမယ့်လည်း သူတို့ကတော့ တူညီတဲ့ အရှိန် နဲ့သွားနေကြတာ ဖြစ်တယ်။
အပိုင်း ( ၁၅၅) ပြီး၏။
အပိုင်း (၁၅၆)
“ စမ်းသပ်ခြင်းနဲ့ ဆင်းရဲ ဒုက္ခ ပြည့်နှက်နေသော မြို့တော် ”
…
ဖန်ကျန်း၇ှီကတော့ မြို့တော်ကို ပြေးမသွားပါဘူး။ အကယ်၍ သူသာ အရှိန်ပြင်းပြင်းနှင်သွားရင် နှင်းမဟူရာ မြင်းပျံကြောင့် တစ်လ အတွင်း ရောက်မှာ အသေအချာပဲ။
ဒါပေမယ့်လည်း သူကတော့ အလျင်မလိုပါဘူး။
လူ တစ်ယောက်အတွက် တော်ဝင်စာမေးပွဲကို ပြင်ဆင်ရမယ်။ ဒုတိယ အနေနဲ့ သူ့ရဲ့ ကောင်းကင်ရောင်ပြန် အဆင့် တက်လှမ်းမှု အကြောင်းကို လူတိုင်းက ပြောနေတာ မြင် ချင်တယ်။
ဖန်ကျန်းရှီကတော့ မြောက်ပိုင်းဒေသ မြို့တော်ဆီကနေ ထွက်လာခဲ့တယ်။ လမ်းတစ်လျှောက်လုံးမှာ အမျိုးမျိုးသော လက်ဖက်ရည်ဆိုင်တွေ မြို့ငယ် မြို့ကြီး တွေမှာ ပုံပြောသူတွေက သူူ့ရဲ့ အဆင့်တက်သွားမှု အကြောင်းကို နေရာ အနှံ့ ပြောနေကြတယ်။ လမ်းပေါ်မှာ ပြေးလွှားဆော့ ကစားနေတဲ့ ကလေးကလည်း ကဗျာလို ရွတ်ဆိုနေကြတယ်။
ပါဝင်နေတဲ့ အကြောင်းတွေကတော့ ဆင်းရဲတဲ့ ရွာငယ်လေးက နေ လာတဲ့ ဖန်ကျန်းရှီဟာ ဒေသတွင်း စာမေးပွဲနဲ့ မြို့တော် စာမေးပွဲတွေမှာ ထိပ်တန်းကျောင်းတော်သား တစ်ဦး ဖြစ်ခဲ့တယ်။ နောက်ပြီးတော့ အသက် ၁၅ နှစ်မှာ ကောင်းကင် ရောင်ပြန် အဆင့်ကို ရောက်လာခဲ့တယ်။
နောက်ဆုံးမှာတော့ ဖန်ကျန်းရှီရဲ့ ဂုဏ် သတင်းဟာ ယုံကြည်မှု မြစ် မြို့တော် တာအို စာမေးပွဲကို ပါဝင် ယှဉ်ပြိုင် စဉ်ကထက် ပိုပြီးတော့ ကျော်ကြားတယ်။ အခုတော့ သူက နေရာ အနှံ့ အပြားက ကလေးတွေ အတွက် စံပြ ပုဂိုလ် တစ်ယောက် ဖြစ်နေခဲ့တယ်။
ကလေးငယ်တွေနဲ့ နောက်မျိုးဆက်တွေ ကြားမှာ အကျော်ကြားဆုံးသူ ဖြစ်နေတယ်။
လမ်းမပေါ်က ကလေးတွေကတော့ အပြာရောင် လက်ရှည် အကျီတွေနဲ့ သစ်သား ဓားတွေကို ကိုင်ပြီးတော့ ဖန်ကျန်းရှီ ရောက်လာတာကို ကြေညာကြတယ်။
ပထာမဆုံးအနေနဲ့ ဖန်ကျန်းရှီ အတွက် တော်တော်လေးကို အမြင်စိမ်းနေခဲ့တယ်။
အခုတော့ စူးကျိုးရဲ့ နည်းလမ်းကို သူ တော်တော်လေး သဘောကျ နေမိတယ်။
လက်ဖက်ရည် ဆိုင်တွေ…..
နောက်ပြီးတော့ ကလေး တွေရဲ့ သီချင်းတွေက နိုင်ငံ တစ်ခုလုံးကို ပျံ့နှံ့ ဖို့ အမြန်ဆုံးနည်းပဲ။
လမ်းတစ်လျှောက်လုံးမှာ ခနခန ရပ်နားပြီးတော့ ရှုခင်းကြည့်တာနဲ့ စာဖတ်တာတွေကို လုပ်ခဲ့တယ်။ သူ ကြိုက်တဲ့ နေရာကို တွေ့တိုင်း ရပ်နားပြီးတော့ စာဖတ်တယ်။ လက်ဖက်ရည် သောက်တယ်။
ဖန်ကျန်း၇ှီက ပျင်းရိနေတာ ဖြစ်တယ်။
ဒါပေမယ့်လည်း သူ့ အတွက်တော့ ဒီလို နေ ၇တာ ပိုပြီးတော့ သက်တောင့်သက်သာ ရှိတယ်။ မြို့တော်ကို သူ ရောက်တာနဲ့ သူ့အတွက် တိုက်ပွဲက စတင်ပြီ။
ဒါပေမယ့်လည်း နှင်းမဟူရာ မြင်းပျံကတော့ သူ့ကို နှစ်လ အတွင်းမှာပဲ မြို့တော်ကို ရောက်သွားစေတယ်။ ဖန်ကျန်းရှီ မျှော်လင့်ထားတာ ထက် ကို ပိုပြီးတော့ မြန်မြန် ရောက်ခဲ့တယ်။
“နောက်ဆုံးတော့ ရောက်လာပြီ။ ” သူ့ရဲ့ ခေါင်းကို မော့လိုက်ပြီးတော့ စာလုံးတွေကို မော့ကြည့်လိုက်တယ်။ “ ယန် မြို့တော်” ဖန်ကျန်းရှီက ပိုပြီး သက်တောင့် သက်သာ ရှိတဲ့ အနေအထားကို ပြောင်းလဲ လိုက်တယ်။
“ ငါထင်တယ်။ ဒီ အချိန်မှာတော့ တည်းခိုခန်းတွေ အကုန်ပြည့်နေလောက်ပြီ။ မင်း ငါနဲ့ ဘာလို့ မနေတာလဲ။” ရန်ရွှယ် က မြို့တော် ထဲက ကြိတ်ကြိတ်တိုးနေတဲ့ လူတွေကို ကြည့်ရင်းပြောလိုက်တယ်။
တခြားနှစ်တွေကလည်း ဒီလို အဖြစ်မျိုး ဖြစ်နေကြပဲ ဖြစ်တယ်။ စာမေးပွဲ ဖြေဖို့ လာတဲ့ ကျောင်းတော်သားတွေသာ မက ဘူး။ တခြားသော ရုံးတော်သားတွေ အတူ ကြည့်ရှုသူတွေပါ လာရောက်ကြတဲ့ အတွက် ဒီလောက်ထိကို ပိတ်သွားတာ ဖြစ်တယ်။
“ မင်းနဲ့ နေရမှာလား။ ဒီ မှာနေတဲ့ အချိန် ငါ့မှာ ပြဿနာ အတော်များလိမ့်မယ် ။ မင်း ဒါကို လက်ခံ နိုင်ပါ့မလား။ ” ဖန်ကျန်းရှီက ရန်ရွှယ် သူ့အတွက်စိတ်ပူနေတာကို ကောင်းကောင်းသိတယ်။ ဒါကြောင့် အကြောင်းပြချက် တစ်ခုကို ရှာနေတာကို သူ နားလည်တယ်။
“ ငါ ကြိုးစားပါ့မယ်။ ” ၇န်ရွှယ်က တည်ငြိမ်စွာ ပြောလိုက်တယ်။
“ ကောင်းပြီလေ။ ဒါဆိုလည်း သွားကြရအောင်။” ဖန်ကျန်းရှီက မငြင်းပယ်တော့ပါ ဘူး။ သူတို့က သူငယ်ချင်းတွေပဲ အားနာမှုတွေကတော့ မလိုအပ်ပါ ဘူး။
…
သူတို့ နှစ်ဦး မြို့တံခါးကို ဖြတ်သွားတဲ့ အချိန်မှာတော့ နှင်းမဟူရာ မြင်းပျံ တွေကို မြင်တဲ့ အချိန်မှာ မြို့တော်တံခါးစောင့်တွေက ဟာ တလက်လက် တောက်ပနေတဲ့ မျက်ဝန်းတွေနဲ့ ကြည့်နေကြတယ်။
နှင်းမဟူရာ မြင်းပျံတွေက မြောက်ပိုင်းဒေသ နတ်ဆိုးကျောင်းတော်ရဲ့ သင်္ကေတ ဖြစ်တယ်။
ဖန်ကျန်းရှီနဲ့ ရန်ရွှယ် နှင်းမဟူရာ မြင်းပျံတွေကို စီးလာတဲ့ သတင်းဟာ တစ်နိုင်ငံလုံးကို ပျံ့နှံ့နေပြီ ဖြစ်တယ်။ ဒီ လူ နှစ်ယောက်ကို မြို့တော် တံခါးမှာ မြင်လိုက်တာနဲ့ အစောင့် တွေရဲ့ စိတ် ထဲမှာတော့ နာမည် နှစ်ခုက ပေါ်လာတော့တယ်။
“ ဖန်ကျန်းရှီနဲ့ ရန်ရွယ် မြို့တော်ကို ရောက်လာပြီ။”
သူတို့ ပိုပြီးတော့ သေချာတာနဲ့ မြို့တော် အလယ်ကို ပြေးသွားပြီးတော့ ပြောတော့တယ်။ ဖြစ်နိုင်တာကတော့ သတင်းစကားကို ရထားတာကြောင့်ပဲ ဖြစ်တယ။်
ဖန်ကျန်းရှီနဲ့ ရန်ရွှယ်ကတော့ အေးဆေးနေတဲ့ ပုံပါပဲ။ သူတို့ လမ်း တစ်လျှောက်လုံးမှာ ဒါကို ခနခန ကြုံနေကြ ဖြစ်တဲ့အတွက် ထွေထွေ ထူးထူး မတွေးမိကြပါ ဘူး။
“ သွားရအောင်”
“ အင်း း”
…
စားသောက်ဆိုင်တွေရဲ့ ရနံ့ကတော့ မြို့တော် လက်ဖက်ရည် ဆိုင်တွေကနေ ထွက်ပေါ် နေတော့တယ်။ သတင်းစကားအရတော့ လွန်ခဲ့တဲ့ ရာ စုနှစ်များစွာတည်းက တည်ရှိခဲ့တယ်လို့ သိရတယ်။
အဲ့ဒီ့နောက်မှာတော့ လူတွေဟာ နံရံပေါ်မှာ ကဗျာတွေ ရေးသားခဲ့ကြတယ်။ အချစ်ကဗျာတွေ၊ ရှုခင်း ကဗျာတွေ ကို ရေးသားကြတယ်။ ဒါပေမယ့်လည်း အပြောအများဆုံးကတော့ လက်စားချေမှုနဲ့ စစ်တပ်တွေ အကြောင်းပဲ ဖြစ်တယ်။
ရှေးဟောင်း လက်ရေးမူတွေဟာ ခရီးသွားတွေကို အတော်လေး ဆွဲဆောင် နိုင်တယ်။
စီးပွားရေး နဲ့ လက်ဖက်ရည်ဆိုင်တွေကတော့ အတော်လေးကို စီးပွားရေးကောင်းနေတော့တယ်။ လက်ဖက်ရည် ခွက်တွေ ကတော့ မွှေးပျံ့လွန်းလှတယ်။
လက်ဖက်ရည် ဆိုင်တွေကတော့ ရှေးဟောင်း အမွေအနှစ် လက်ရာတွေနဲ့ ပြည့်နှက်နေခဲ့တယ်။
ယန် မြို့တော်မှာ ချမ်းသာတဲ့ လူတွေ အများကြီး ရှိနေတယ်။ မြို့တော် တစ်ခု လုံးမှာ မြေနေရာများများပိုင်တဲ့ သူကတော့ လူ ၂၀ ထက် မပိုပါ ဘူး။
အခုတော့ အခန်းထဲမှာ လူ ၃ ယောက် ရောက်နေခဲ့တယ်။
အမျိုးသမီး ၂ ဦးနဲ့ အမျိုးသား တစ်ဦးရှိနေခဲ့တယ်။
မကြာခင်မှာပဲ အမျိုးသား တစ်ဦးနဲ့ အမျိုးသမီး တစ်ဦးပဲ ၇ှိတော့တယ်။ ဘာကြောင့်လဲ ဆိုတော့ အမျိုးသမီး တစ်ဦး ဟာ လက်ဖက်ရည် ခွက်ကို ချပြီးတော့ လျင်မြန်ဟွာပဲ ထွက်ခွာသွားတာကြောင့် ဖြစ်တယ်။
“ အကို ကိုး။ ကျွန်မ တော်တော်လေးကို နေလို့ မကောင်းဘူး။ ” အမျိုးသမီးက မအီမအာ ဖြစ်တဲ့ လေသံနဲ့ ပြောလိုက်တယ်။ သူမရဲ့ အသံကတော့ အနည်းငယ် ဒေါသ ထွက်နေဟန် ရှိပြီးတော့ ပတ်ဝန်းကျင်နဲ့ အဆင်ပြေဟန် မတူ ဘူး။
သူမရဲ့ ပြင်ဆင်မှုက တော့ အတော်လေးကို ပြိုင်ဘက်ကင်းတယ်။ သူမရဲ့ ဆံကေသာတွေကိုတော့ အနီရောင် ခေါင်းစည်းနဲ့ ချည်ထားတယ်။ အနီရောင်ဖောက်တဲ့ ခရမ်း ဆီရောင် ဝတ်ရုံကို ဝတ်ထားပြီးတော့ ဖိနပ်နီပေါ်မှာ ရွှေရောင် နှင်းဆီတွေ ဖောက်ထားတဲ့ ဖိနပ်မြင့်ကို စီးထားခဲ့တယ်။ သူမရဲ့ မျက်လုံးတွေကတော့ ရေလို ကြည်လင်လှတယ်။
သူမရဲ့ ပုံစံကတော့ အဆင့်အတန်းမြင့်တဲ့ အငွေ့အသက်တွေ ပြည့်နှက်နေတယ်။
သူမရဲ့ သေးငယ်တဲ့ နှုတ်ခမ်းနဲ့ အတူ တစ်ဆတ်ဆတ်တုန်နေတဲ့ ခြေထောက်ကြောင့်သာ မဟုတ်ရင် သူမရဲ့ အရှိန်အဝါက အတော်လေးကို ခမ်းနားမှာ အမှန်ပဲ။
သူမနဲ့ ဆန့်ကျင်ဘက်မှာထိုင်နေတဲ့ လူရွယ်ကတော့ ပိုပြီးတော့ တည်ငြိမ်ပါတယ်။ အဖြူရောင် ဝတ်ရုံပေါ်မှာ အရိပ်ပန်းတွေ ထိုးဖောက်ထားတဲ့ ဝတ်စုံကို ဆင်မြန်းထားတယ်။ သူ့ရဲ့ မျက်နှာကတော့ နှင်းလို ဖြူဖွေးတာထက် ဖြူဖျော့နေခဲ့တယ်။ ကြည့်ရတာ အတော်လေးကို အားနည်း နေဟန် ပါပဲ။
လူငယ်ကတော့ သူ့ရှေ့က အမျိုးသမီးလေးကို သက်ပြင်းချရင်းနဲ့ သာ ကြည့်လိုက်တယ်။
“ ဘယ်နေရာမှာ နေမကောင်း ဖြစ်နေတာလဲ။”
“ စိတ်ထဲ နေမကောင်းတာ”
“ နင်ရဲ့ စိတ် ထဲ နေမကောင်း တာလေ။ ငါက ဘာလုပ်ပေးလို့ ရမှာလဲ။ နောက်ဆုံးမှာတော့ နှလုံးတွေ စိတ်ပြဿနာတွေ ဆိုတာ နှလုံးဆေးနဲ့ပဲ ကုရမှာပေါ့။ ” လူငယ်ဟာ အေးဆေးစွာ ပြန်ဖြေလိုက်တယ်။ မိန်းကလေးရဲ့ အပြုအမူအတွက် အတော်လေးကို နေသားကျ နေတဲ့ ပုံပါပဲ။
“ ဒါပေမယ့်လည်း အကို့မှာ ဆေးရှိတယ် မလား။” အမျိုးသမီးလေးဟာ စားပွဲကနေ ခြေထောက်ကို ချလိုက်တော့တယ်။ သူမရဲ့ မျက်လုံးတွေကတော့ မျှော်လင့်ချက်ကတွေနဲ့ ပြည့်နေခဲ့တယ်။
“ အာ။။။ မင်း လိုချင်တာ အကုန်ပေးနိုင်တယ်။ ဒါပေမယ့် ခရမ်းလျှပ်စီး မြင်းပျံကိုတော့ မပေးနိုင် ဘူး။” လူငယ်ကတော့ မိန်းကလေးရဲ့ အကြံကို ကြိုမြင်နေတဲ့ပုံပါပဲ။
“ ကောင်းပြီလေ။ ဒါဆို အလောင်း အစား တစ်ခု လုပ်ကြရင် ကော” အမျိုးသမီးလေးက ပြောလိုက်တယ်။
“ ဒီမှာ မင်းနဲ့ ပြိုင်လောင်း နိုင်တာ ဘယ်သူ မှ မ၇ှိဘူး။ ” လူငယ်က ခေါင်းခါလိုက်တယ်။
“ ဒါပေမယ့် အကိုက တခြားသူနဲ့ မတူဘူးလေ။ ညီမအကြောင်း ပိုသိတယ်။ ကလေး ဘ၀ တည်းက အကို က ညီမ အပေါ် အကောင်းဆုံးပဲကို ။ အကို အရင်းလိုပဲ။”
“ကောင်း ပြီ။ ကောင်းပြီ။ ဘယ်လို အလောင်း အစား လုပ်မလဲ ပြောကြည့်။” လူငယ်လေးက ပြန် ဖြေလိုက်တယ်။
“ ဖန်ကျန်းရှီကို အကို သိလား။” လူငယ်က သဘောတူလိုက် တာနဲ့ ကောင်မလေးရဲ့ မျက်လုံးတွေက တောက်ပ သွားတော့တယ်။
“ အင်း။ အင်ပါယာ တစ်ခု လုံးမှာ ဒီ လောက် သတင်းပျံ့နေတာ။ ကောင်းကင် ရောင်ပြန် အဆင့်ရောက်သွားတဲ့ သတင်းက အတော်လေးကို ကြီးမားတယ်။ ငါ ကဘယ်လို မသိပဲ နေမှာလဲ။” အဲ့ဒီ့နောက် လူငယ် လေးက နှာချေရင်း ပြောလိုက်တယ်။
“ အကိုရဲ့ အမြင်ကို ပြောပါ။”
“ ငါလား ။ များများ စားစား မြင်တာ မရှိပါဘူး။ ဒါပေမယ့်လည်း ချီကူယန်အတွက်တော့ ကျောင်းတော်ကြီး ငါးခုရှေ့မှာ လက်ထပ်ပွဲ အတွက် ကြေညာနိုင်တဲ့အထိ ထက်မြက်တာတော့ ဖြစ်နိုင်တယ်။ နောက်ထပ် ရှုထောင့်က ကြည့်မယ်ဆိုရင်တော့ သူ ဖြေဆိုခဲ့သမျှ စာမေးပွဲ တိုင်းမှာ ထိပ်တန်းအဆင့်နဲ့ အောင်မြင်ခဲ့တယ်။ ကောင်းကင် ရောင်ပြန် အဆင့်ကို လည်း အသက် ၁၅ နှစ်နဲ့ တူတယ်။ ဒီ အချက်တွေက သူ့ကို ပြိုင်ဘက်ကင်းဖြစ်စေတယ်။ ” လူငယ်က ရေနွေးကြမ်းကို တစ်ကျိုက် သောက်၇င်းနဲ့ ပြောလိုက်တယ်။
“ အစ်မ ယန်နဲ့ အဲ့ဒီ့ကောင် ကြားက စေ့စပ်မှုကို နောက် တခါ ထပ် မပြောပါနဲ့လား။” မိန်းမငယ်လေးက ပြောလိုက်တယ်။
“ ကောင်းပြီလေ။ မပြောတော့ ဘူး။” လူငယ်က လေးပင်စွာ ပြန်ဖြေလိုက်တယ်။
“ အကို က အကောင်းဆုံးပဲ။ ဖန်ကျန်းရှီကို ပြိုင်ဘက်ကင်းတယ်လို့ ထင်တော့လည်း သူ့ကို ညီမတို့ အလောင်းအစား မှာ အဓိက လူ အဖြစ် ထားလိုက်ရအောင်” မိန်းမငယ်လေးက ပြောလိုက်တယ်။
“ ဖန်ကျန်း၇ှီကို သုံးမှာလား။ ဘယ်လိုလဲ။” လူငယ်လေးက မေးလိုက်တယ်။
“ ညီမကို တစ်ခါ တွေ့လိုက်တာနဲ့ ညီမ ခြေထောက်အောက်ကို ရောက်လာတဲ့ အချစ်ကျေးကျွန် တစ်ယောက် ဖြစ်သွားတော့မှာပဲ။ ” မိန်းမငယ်လေးက ယုံကြည်ချက် ရှိရှိနဲ့ ပြောလိုကတယ်။
“ အစေခံလား။ မထင်ဘူး။ နတ်ဆိုးကျောင်းတော်ရဲ့ သားမက် ဖြစ်မယ်လို့ ငါကြားထားတယ်။ သူက ဆင်းရဲတဲ့ မိသားစုက လာတယ် ဆိုပေမယ့်လည်း ကျင့်ဝတ်သိက္ခာရှိတဲ့ ဖြောင့်မတ်သူ ဖြစ်မယ်လို့ ထင်တယ်။ ဥစ္စာ ဓနမှာ လွယ်လွယ်နဲ့ ကျရှုံးမှာ မဟုတ် ဘူး။”
““ မဖြစ်နိုင် ဘူးလို့ ထင်ရင် လောင်းရအောင်လေ။”
“ ကောင်းပြီလေ။ ဒါပေမယ့် နင် ရှုံးသွားရင် ငါ တခြား ဘာမှ မတောင်းဆိုဘူး။ ငါရဲ့ ခရမ်း လျှပ်စီးလေးကို ကြံစည်နေတာ တွေ အကုန်ရပ် လိုက်။ ဟုတ် ပြီလား။” လူငယ်က တစ်ခဏ တိတ်ဆိတ်ပြီးတဲ့ နောက်မှာတော့ ခေါင်းငြိမ့်ပြီး ပြန်ဖြေလိုက်တယ်။
“ ဒါဆို အဆင်ပြေပြီ။ ” မိန်းမငယ်လေးဟာ ပျော်ရွှင်မှုကြောင့် စွေ့စွေ့ခုန်နေတော့တယ်။ “ ကတိ တည်ရမယ်နော်။ ဖန်ကျန်းရှီနဲ့ ရန်ရွှယ် မြို့တော်ကို ရောက်လာပြီ ကြားတယ်။ ညီမ သွားရှာလိုက် အုန်းမယ်။ ”
သူမ ပြောလိုက်ပြီးတာနဲ့ ထွက်သွားတော့တယ်။ အဲ့ဒီ့နောက် သူမဟာ လူငယ်လေး ဘက်ကို ပြန်လှည့်လာတော့တယ်။
“ တကယ်တမ်းမှာတော့။ ညီမက ခဲတစ်လုံနဲ့ ငှက် နှစ်ကောင် ပြစ်မလို့ လုပ်နေတာ။ ညီမ မတော် ဘူးလား။” အဲ့ဒီ့နောက် လူငယ်ရဲ့ စကား ကို နားမထောင်တော့ပဲ ထွက်သွားတော့တယ်။
လူငယ်ကတော့ အမျိုးသမီးလေးရဲ့ ပုံရိပ်ကို ကြည့်ရင်းနဲ့ သက်ပြင်းချလိုက်တော့တယ်။ ဒါပေမယ့်လည်း သူ ဟာ ခေါင်းကို ခါယမ်းရင်းနဲ့ မှောင်မည်းနေတဲ့ ကောင်းကင်ကို ကြည့်လိုက်တယ်။ သူ့ရဲ့ အမူအယာက်တော့ အတော်လေးကို စိုးရိမ်နေတဲ့ ပုံပါပဲ။
“ စိုးရိမ် စရာကတော့ အမြဲရှိနေတာပဲ။”
…
အပိုင်း ( ၁၅၆) ပြီး ၏။
အပိုင်း ( ၁၅၇)
“ ကောင်းကောင်းလုပ်တာပဲ။”
ဖန်ကျန်းရှီ အတွက်တော့ မြို့တော်ကို ပထမဆုံး လာရောက်တာပဲ ဖြစ်တယ်။ ဒါကြောင့် နေရာ တကာမှာ စူးစမ်းစရာတွေနဲ့ ပြည့်နေခဲ့တယ်။ လူထူထပ်တဲ့ နေရာတွေက ပိုြပ်ီးတော့ လည်ပတ်လို့ ကောင်းတယ်။
ရန်ရွှယ်ကိုတော့ ခေါ်မလာခဲ့ပါဘူး။ ဒီနေရာတွေကို ရန်ရွှယ် လည်ပတ်ပြီးပြီတာ သူ သိတယ်။
ရှေ့တံခါးကပဲ ထည်ထည်ဝါဝါ ထွက်လာခဲ့ပြီးတော့ လမ်းလျှောက်ရင်း လေလေး တချွန်ချွန်နဲ့ သွားနေတယ်။
မြို့တော်ကြီးက တကယ့်ကို သက်ဝင်လှုပ်ရှားနေတယ်။ ခြေလှမ်းတိုင်းမှာ စိတ်ဝင်စားစရာတွေနဲ့ ပြည့်နှက်နေတယ်။ နေပူဆာ လှုံနေသူတွေ ၊ အလှတရားကို ခံစားနေသူတွေနဲ့။ ကဗျာဆရာတွေ ပန်းချီဆရာတွေ များပြားလှတယ်။
ဖန်ကျန်းရှီကတော့ ရှုခင်းကြည့်ရတာကို ပိုပြီး နှစ်သက်တယ်။
နောက်ဆုံးမှာတော့လည်း ကောင်းမွန်တဲ့ အရာတွေက မျှဝေခံစားမှုပဲ ။ ရင်သပ်ရှုမောဖွယ် ရှုခင်းတွေက သိပ်ကို နှစ်သက်ဖွယ် ကောင်းတယ်။
“ ငါသူမကို အကြိမ် သန်းပေါင်းများစွာ ရှာဖွေတယ်။ တစ်ပတ်လည်ချိန်မှာတော့ သူမဟာ တောက်ပ တဲ့ အလင်းရောင် အောက်မှာ ရပ်တန့်နေခဲ့တယ်။
”သူမ” ဆိုတဲ့စကားလုံးကို လူတွေက အရာအမျိုးမျိုးကို ဖော်ပြဖို့ အသုံးပြုကြတယ်။ မိန်းမလှလေးတွေ ။ ပန်းမန်တွေနဲ့။ ထိပ်တန်း လက်ဖက်ရည်တွေ စသည်ဖြင့်ပေါ့။
ဖန်ကျန်းရှီ အတွက်တော့ ။ “သူမ” ဟာ ငွေကြေးနဲ့ များပြားလှတဲ့ ရတနာတွေ ဖြစ်တယ်။ သူက လောဘကြီးတဲ့ သူ တစ်ယောက် မဟုတ်ပေမယ့်လည်း ပိုက်ဆံများများရတာကိုတော့ သဘောကျတယ်။
အခုတော့
ဖန်ကျန်းရှီက “သူမ” ကို ရှာတွေ့သွားပုံပါပဲ။
သူ့ရဲ့ ရှေ့မှာ အမျိုးသမီးငယ်လေး တစ်ဦးရပ်နေတယ်။ တောက်ပစွာ ပြုံးနေတဲ့ သူမဟာ ခရမ်းနီရောင် ဝတ်ရုံနဲ့ အတူ လူအုပ်ကြားမှာ လှပစွာ ရပ်နေခဲ့တယ်။
မီးလျှံထဲက နတ်သူငယ် လိုပါပဲ။
သူမရဲ့ တောက်ပနေတဲ့ မျက်လုံးပြာပြာတွေက ဖန်ကျန်းရှီကို စိုက်ကြည့်နေတယ်။
ဒါပေါ့။ ဒါက အဓိက အချက် မဟုတ် ဘူး။ ဖန်ကျန်းရှီရဲ့ လက်ထဲမှာ သတ္တုချောင်းလေး တစ်ခု ပေါ်လာတယ်။ သူ့ရဲ့ လက်သီးဆုပ်လောက် ရှိပြီးတော့ အနည်းဆုံး အောင်စ ရာချီလေးလံတယ်။
ဖန်ကျန်းရှီကတော့ တော်တော်လေးကို ကံဆိုးပြီလို့ တွေးလိုက်တယ်။ သူ့ကို ပိုက်ဆံလာပေးမှာတော့ လည်း ငြင်းနိုင်စရာ အခွင့််အရေး မရှိတော့ဘူး။
ဒီကောင်မလေး ဘာလုပ်ဖို့ ကြိုးစားနေတာလဲ။ ဖန်ကျန်းရှီက အတော်လေးကို မသင်္ကာဖြစ်ေ်နတော့တယ်။
“ ငါ့ရဲ့ မြင်းကို ခေါ်သွားပြီး မြင်းဇောင်းမှာ အစာကျွေးလိုက်ပါ။ နားလည်လား။” အမျိုးသမီးလေးက ဖန်ကျန်းရှီနားကို လျှောက်လာပြီးတော့ ပြောလိုက်တယ်။
ဖန်ကျန်းရှီကတော့ မျက်စိစပါးမွှေးစူးသွားတယ်။ ဒီ ကောင်မလေး ငါ့ကို အစေခံလို ဆက်ဆံနေတာလား။
ငါကများ အစေခံနဲ့ တူနေလို့လား။
ဖန်ကျန်းရှီက သူ့ကိုယ်သူ အစေခံနဲ့ တူတယ်လို့တော့ မထင်ပါ ဘူး။ ဒါပေမယ့်လည်း ကောင်မလေးရဲ့ စကားသံနဲ့ မြင်းဇောင်းထဲက မြင်းကို ကြည့်လိုက်ပြီးတော့ ငွေသား အောင်စ ရာပေါင်းများစွာ တောင် အေးဆေး ရအုန်းမယ်။
သူ လုပ်စရာ ရှိတာက တော့ တည်းခိုခန်းကို သွားပြီးတော့ ဒီ ကောင်မလေး ခိုင်းလိုက်တာလို့ ပြောပြီးတော့ လုပ်စရာရှိတာ လုပ်လိုက်ရုံပဲ။
မြင်းတစ်ကောင်ကို မြင်းဇောင်းထဲ သွားထားပေးရုံနဲ့ ရွှေသား အောင်စ အများကြီးကို ရမယ်။ ဘယ်လိုတောင် ကောင်းတဲ့ အခွင့်အရေးလဲ။
ဒါပေမယ့်လည်း ။
မေးခွန်းကတော့ ရှိနေတယ်။ ဒီ ရွှေတွေ အတွက် သူ့ အတ္တကို ထည့်လိုက်ရမလား။
ရွှေတွေကို သွားပြန်ပေးဖို့ တော့ သူ ဘာလို့တွေးရမှာလဲ။ ရွှေပြန်ပေးမှာထက် အသက်ပဲ အသေခံ လိုက်မယ်။
ဖန်ကျန်းရှီက သူ့ရဲ့ လက်ထဲက သတ္တုချောင်းလေးကို ကြည့်လိုက်တယ်။
ကျောက်စိမ်းဖြူမြင်းက ထိပ်တန်းမြင်းကောင်းမြင်းသန့်ပဲ။ ဒါရဲ့ ဈေးနှုန်းကို မသိတာတောင်မှ အစွမ်းကြီးမား တာကိုတော့ ကောင်းကောင်းသိတယ်။ နှင်းမဟူရာ မြင်းပျံကို တော့ ယှဉ်နိုင်မှန်းသိတယ်။
ဒီ မိန်းကလေးက
ကြည့်ရတာ အတော် ချမ်းသာပုံပဲ။
ဖန်ကျန်းရှီက ဒီ မိန်းကလေးကို ချမ်းသာတဲ့ မိသားစုကမှန်း အည်ပြုလိုက်တယ်။ အတော်လေးကို သုံးနိုင်ဖြုန်းနိုင်တဲ့ ပုံပဲ။
“ ကောင်းပြီလေ။ မင်းက ဒီလို ဖြစ်နေမှတော့လဲ။ ငါ့မှာ မင်းကို ငဲ့စရာ အကြောင်း မရှိတော့ဘူး။ ” ဖန်ကျန်းရှီကပြုံးပြရင်းနဲ့ လက်သီးဆုပ်လိုက်တယ်။ အဲ့ဒီ့နောက် တခြားတစ်ဖက်ကတော့ ကျောက်စိမ်း နှင်းရဲ့ ဇက်ကြိုးကို ဆွဲလိုက်တယ်။
အမျိုးသမီးလေးကတော့ တစ်ဖက်ကို လှည့်လိုက်တော့တယ်။ ဒီ မြင်ကွင်းကို မြင်ချိန်မှာတော့ သူမရဲ့ အပြုံးက တောက်ပ နေခဲ့တယ်။
“ ဘယ်လောက်တောင် ရိုးလိုက်တဲ့ တောသားလဲ။ ပိုက်ဆံနဲ့ မြားလိုက်တာနဲ့ ချက်ခြင်း ထွက်လာတယ်။ ငါ့ရဲ့ ရည်ရွယ်ချက်ကို နင် မသိဘူး ဆိုတာ ငါ ေလောင်းရဲတယ်။ ” အမျိုးသမီးငယ်လေးဟာတော့ တည်းခိုခန်း ဆီကို လျှောက်သွားရင်း ရေရွတ်နေတော့တယ်။
လူတစ်ယောက်က အကောင်းဆုံးဖြစ်အောင် ကြိုးစားရမယ်။
တည်းခိုခန်းမှာတော့ လူငယ် တစ်ဦးဟာ သူ့ အခန်း ပြတင်းပေါက်နေ မျက်လုံးဖွင့် နားစွင့်ပြီး ကြည့်နေခဲ့တယ်။ ဒါပေမယ့်လည်း သူရဲ့ အသွင်ပြင်ကတော့ နာကျင်နေဟန်ပါပဲ။ သူ မြင်နေရတာကို မယုံနိုင် ဘူး။
“ ဒါက အတော်လေးကို စိတ်ပျက်ဖွယ် ထိရောက်တဲ့ နည်းလမ်းပဲ။” မိန်းကလေး သုံးလိုက်တဲ့ နည်းလမ်းကတော့ သူတို့ရဲ့ အလောင်းအစားမှာ မျှတတဲ့ နည်းလမ်းနဲ့ နိုင်ဖို့ ခက်ခဲ သွားပြီ။
ဒါပေမယ့်လည်း သူ့မှာ တခြား လုပ်စရာမှ မရှိတာ။ နောက်ဆုံးမှာတော့ ဖန်ကျန်းရှီက ကောင်မလေးကို ကူညီပြီးတော့ မြင်းကို အစာကျွေး မြင်းဇောင်းထဲ ထည့်ပေးတော့မှာပဲ။ ကြည့်ရတာတော့ မျှတတဲ့ ကစားပွဲ ဖြစ်မယ် ထင်တာပဲ။
သူမရဲ့ နည်းလမ်းတွေက မေးခွန်းထုတ်စရာ ကောင်းပေမယ်လည်း ရလဒ်ကတော့ ငြင်းပယ်ဖို့ ခက်လိမ့်မယ်။
လူူငယ်ကတော့ မိန်းကလေး ထွက်မသွားခင်ပြောတဲ့ စကားတွေကို ပြန် ကြားယောင်လာတော့တယ်။ “ ခဲတစ်လုံးနဲ့ ငှက်နှစ်ကောင် ပြစ်တာ မတော်ဘူးလား။”
ခဲ တစ်လုံးနဲ့ ငှက် နှစ်ကောင် ပြစ်တာ ” …..
လုပ်လိုက်ပြီ ထင်တယ်။ ငါ့ရဲ့ ခရမ်းလျှပ်စီး ကိုလည်း ရသွားပြီ။ လက်စားချေတာလည်း လုပ်နိုင်သွားပြီ။
…
ဒါကို ကြည့်ရတာ လုံး၀ ပြီးပြည့်စုံတဲ့ အစီ အစဉ် ဖြစ်မယ့်ပုံပဲ။ တည်းခိုခန်း အပြင်မှာ မတော်တဆ တွေ့တယ်။ ပိုက်ဆံတွေ အများကြီး ပေးတယ်။
အန္တရာယ် မရှိ စွန့်စားမှု မရှိ။ စီးပွားရေးအရပဲ ရှိမယ်။
ဘယ်လို သာမာန်လူက ဒါကို ငြင်းပယ်နိုင်မှာလဲ။
ဖန်ကျန်းရှီလည်း မခြားနားပါဘူး။ ပြောရရင် ငြင်းဖို့လည်း စိတ်ကူးမရှိတဲ့ပုံပဲ။
မိန်းကလေးရဲ့ ထောင်ချောက်ထဲမှာ မိသွားပြီ။
ဒါပေမယ့်လည်း အပြီးပြည့်စုံ ဆုံးသော အစီအစဉ် ဖြစ်ရင်တောင် မှ အပြစ်အနာအဆာ တွေရှိနေမှာပဲ ။ ကောင်မလေး ခန့်မှန်းသလိုပဲ ဖန်ကျန်းရှီက ရွှေတွေကို အကုန် ယူသွားပါတယ်။ လုံးဝကို ပေါ့။
ဒါပေမယ့်လည်း ။။
သူမက ဖန်ကျန်းရှီကို လျှော့တွက်မိသွားတဲ့ ပုံပဲ။ ဒါမှမဟုတ် အတွက် လွန်သွားတဲ့ပုံပဲ။
…
ဖန်ကျန်းရှီက ရွှေတွေကို နှလုံးကာ မှန်ထဲ ထဲ့လိုက်တယ်။ အဲ့ဒီ့နောက် ကောင်မလေး တည်းခိုခန်းထဲ ဝင်သွားတာကို ကြည့်လိုက်တယ်။
ကောင်မလေးက ပြန်လှည့်မလာတော့ဘူး။
ဖန်ကျန်းရှီလည်း လှည့်မကြည့်တော့ပါဘူး။ ဒါပေမယ့်လည်း သူက တည်းခိုခန်းကိုသာ လှည့်မကြည့်တာပါ။ သူ့ဦးတည်ရာကတော့ တည်းခိုခန်းနဲ့ ဆန့်ကျင်ဘက်ပဲ ဖြစ်တယ်။ မိန်းကလေးရဲ့ ကျောက်စိမ်းနှင်း မြင်းပျံကို ဆန့်ကျင်ဘက်ကို လှည့်သွားပြီးတော့ ဒုန်းစိုင်းနှင်းတော့တယ်။
“ မင်းက အရမ်းကို ချမ်းသာနေမှတော့ မင်း ဆန္ဒကို ဖြည့်ပေးရမှာပေါ့။” ဖန်ကျန်းရှီက နှင်းဖြူလေးကို ဇက်ကြိုးကိုင်ပြီး ဒုန်းစိုင်း နှင်းတော့တယ်။
ပြတင်းပေါက်က ကြည့်နေတဲ့ လူငယ်ကတော့ ဒါကို ကောင်းကောင်းတွေ့လိုက်ပါတယ်။
သူ့ရဲ့ မျက်လုံးတွေကတော့ ပြူးကျယ်သွားပြီးတော့ သူ့ရဲ့ ပါးစပ်ဟာ ဟသွားတော့တယ်။ အမျိုးသမီးငယ်လေးရဲ့ အကို အနေနဲ့ ဒါကို တားသင့်တယ် လို့ ထင်မိတယ်။
ဒါပေမယ့်လည်း သူ မလုပ်ခဲ့ပါ ဘူး။
တကယ်တမ်းဆိုရင် သူက ခုန်ပေါက်ပြီး “ လုပ်တာ ကောင်းတယ်။ လုပ်တာ ကောင်းတယ်။” လို့တောင် အော်နေချင်သေးတယ်။
…
အချိန် ခဏ ကြာပြီးတဲ့ နောက်မှာတော့ တည်းခိုခန်း ထဲကနေ မိန်းမပျိုလေးက ထွက်လာတော့တယ်။ ဖန်ကျန်းရှီ မြင်းစာ ကျွေးပြီးလောက်တဲ့ အချိန်နဲ့ ကိုက်ပြီးတော့ ထွက်လာတာ ဖြစ်တယ်။
တကယ့်ကို တောသား ငနုံပဲ။ ဘယ်လိုလုပ် ယန်လေးရဲ့ လိုက်ဖက်မှာလဲ။
မိန်းကလေးရဲ့ အပြုံးကတော့ လေထုကို အေးစက်စေတယ်။
“ ပလစ်။” အသံ တစ်ခု ဟာ ထွက်ပေါ်လာတော့တယ်။ သူမရဲ့ အပြုံးကတော့ ပိုပြီးတော့ တောက်ပ လာခဲ့တယ်။ သူမရဲ့ အတွေးထဲမှာတော့ ခရမ်းလျှပ်စီး မြင်းပျံကို သူမရှေ့မှာ တွေ့နေရသလိုပါပဲ။
သူမရဲ့ ချစ်လှစွာသော မြင်းပျံလေးကိုတော့ အကြာကြီး ပစ်မထားပါဘူး။
“ နှင်းဖြူလေးရေ တောင်းပန်ပါတယ်။ ငါတို့ ပြန်ရောက်တာနဲ့ နှင်းဖြူလေး အကြိုက်ဆုံး ရွှေမြက်တွေ ကျွေးပါမယ်။ မင်းအတွက်လည်း ယောကျာ်းကောင်း ရှာပေးမယ်။ ”
ဒီ မြင်းပျ ံ အနားကို ရောက်တဲ့ အချိန်မှာ သိပ်ကို စိတ်လှုပ်ရှားနေပြီးတော့ သူမရဲ့ အပြုံးဟာ မယုံနိုင် စရာကောင်းလောက်အောင် တောက်ပနေတယ်။ ။
ဒါပေမယ့်လည်း သူမရဲ့ အပြုံးတွေက ချက်ချင်းကို အေးခဲသွားတော့တယ်။ မြင်းဇောင်းထဲမှာ မြင်းပျံ သုံးကောင်း ရှိနေတယ်။ နောက်ပြီးတော့ တစ်ကောင်ကမှ သူမရဲ့ နှင်းဖြူလေး မဟုတ် ဘူး။
“ ငါ့ရဲ့ နှင်းဖြူလေး ဘယ်မှာလဲ။”
အမျိုးသမီးငယ် ဟာ စိတ်ရှုပ်ထွေးစွာနဲ့ ကြည့်လိုက်တယ်။ သူမဟာ ခြံဝန်းထဲကို လှည့်ပတ်ကြည့်လိုက်တယ်။ “ ငါ့ရဲ့ နှင်းဖြူလေး ဘယ်ပျောက်သွားတာလဲ။ ဘယ်သူ ခိုးသွားတာလဲ။”
သူမ ဒေါသပြီး တောက်နေတဲ့ အချိန်မှာပဲ သူမရဲ့ အကြည့်တွေက မြင်းဇောင်း ထောင့်ကို ရောက်သွားတော့တယ်။
မြင်းဇောင်းထောင့်မှာ ထိုင်နေတဲ့ သူဆီကိုမီးတောက တစ်ခု အသွင် လို ရောက်၇ှိသွားတော့တယ်။ သူမရဲ့ ခရမ်းနီရောင် အကျီကတော့ ထူးခြားလှတဲ့ သံချပ်ကာ ဝတ်စုံ အသွင် ပြောင်းသွားတော့တယ်။
“ ငါ့ရဲ့ နှင်းဖြူလေး ဘယ်ရောက်သွားလဲ ပြော”
“ နှင်းဖြူ ။ ဘာ နှင်းဖြူလဲ။”” မြင်းထိန်းကတခြားသော မြင်းတွေကို အစာ ကျွေးရင်းနဲ့ ပြောလိုက်တယ်။ ဒီ မေးခွန်းကြောင့် အံ့သြသွားတဲ့ ပုံပဲ။
“ ကျောက်စိမ်း နှင်း။ ကျောက်စိမ်း နှင်းကို ပြောတာ။ ”
“ ကျောက်။ ကျောက်စိမ်း နှင်း ” မြင်းထိန်းဟာ ကြောက်လန့်လွန်းလို့ ဒူးတွေတောင် ချောင်လာတော့တယ် ။ ကျောက်စိမ်းနှင်းလို မြင်းမျိုးကောင်း မျိုးက မြို့တော်ကြီး တစ်ခု လုံးမှာတောင် ငါးယောက်ထက် မရှိ ဘူး။
သူမရဲ့ ဝတ်ဆင်ပုံနဲ့ တွဲဖက်လိုက်ရင် ဒါကတော့ တစ်ယောက်ပဲ ရှိနိုင်တယ်။
ဘုရားရေ။
မြင်းထိန်းကြီးရဲ့ ခြေထောက်တွေက ပျော့ခွေ ကျသွားတော့တယ်။
“ မဟုတ် ဘူး။ ကျိန်ရဲပါတယ်။ ဒီမှာ မနက်တည်းက ကျောက်စိမ်းနှင်း တစ်ကောင်မှ မတွေ့မိ ပါဘူး။ ကျိန်ရဲ ပါတယ်။”
မြင်းထိန်းဟာ ဒူးထောက်ရင်း အသည်းအသန် ပြောနေတယ်။ သူ့ရဲ့ မျက်လုံးတွေကနေ မျက်ရည်တွေ စီးကျနေတော့တယ်။ ဒီ မိန်းကလေးရဲ့ အမိန့် တစ်ခုနဲ့ တင် သူ့ရဲ့ ခေါင်း နဲ့ ကိုယ် အိုးစားကွဲနေတော့မှာ။
“ မတွေ့ဘူး။ လူတစ်ယောက်က အစာကျွေးဖို့ လာမထား ဘူးလား။” မိန်းကလေးက မယုံကြည်နိုင်စွာ ထပ်မေးလိုက်တယ်။
“ အခုပဲလား။ တစ်ခါမှ မမြင် ဖူးတာ ဘဝနဲ့ ရင်းပြီးတော့ ကျိန်ရဲပါတယ်။”
“ ငါ့ကို လိမ်ရဲ ၇င် ငါ အခု ချက်ချင်း သတ်မယ်။”
“ ကျွန်တော် မျိုး မလိမ်ရဲ ပါဘူး။ လောကမှာ သတ္တိ အရှိ ဆုံး လူ ဖြစ်ရင်တောင် မှ မလိမ်ရဲပါ ဘူး။” မြင်းထိန်းက ခေါင်းကို ခါရင်း ပြောလိုက်တယ်။
“ သူ့ကို လွှတ်လိုက်တော့ ။ မင်းရဲ့ နှင်းဖြူလေးက ဖန်ကျန်းရှီ စီးပြေးသွားပြီ။ ” လူငယ် ဟာ နောက်ကနေ ပေါ်လာပြီးတော့ ပြောလိုက်တယ်။
“ ဘာပြောတယ်။ အဲ့ဒီ့ ခွေးကောင် ငါ့ရဲ့ ရွှေတွေကိုလည်း ယူသွားတယ်။ ကျောက်စိမ်းနှင်း မြင်းပျံကိုလည်း ယူ ပြေးသွားတယ်။” အမျိုးသမီးလေးရဲ့ တောက်ပတဲ့ အပြာရောင် မျက်ဝန်းတွေဟာ မယုံကြည်နိုင်မှုတွေနဲ့ ပြည့်နှက်နေတော့တယ်။
ဥပမာ အားဖြင့် ဖန်ကျန်းရှီရဲ့ နှုတ်ခမ်းတွေ ပုံမှန် မဟုတ်ဟာ တွန့်ကွေးနေတာကို ပြန် မှတ်မိသွားတယ်။ သူမကတော့ ပိုက်ဆံ လွယ်လွယ် ရတာကြောင့် ပျော်သွားတာလို့ ထင်မိခဲ့တာ။
အခုတော့ ။
ဒီ အပြုံးက သောက်ကျိုးနဲကို ပဲ။ သောက်ကျိုးနဲ လှောင်သွားတာပဲ။
အပိုင်း ( ၁၅၇) ပြီး၏။
အပိုင်း ( ၁၅၈)
“ သူတစ်ပါး အတွက် ပြစ်ဒဏ်သင့် ခံရသူ။”
သူမ ငယ်ရွယ်စဉ် ကလေး ဘဝတည်းက ဒီ လို မျိုး တစ်ခါမှ အကျောမခံရ ဖူးဘူး။ ဒါကို လက်မခံနိုင်သလို လက်စားပြန်ချေဖို့ကိုလည်း ကျိန်ဆိုခဲ့တယ်။
“ ငါ သတ်ချင်လာပြီ။” သူမ ဟာ ပေါက်ကွဲတော့တယ်။ ဒါက ပထမဆုံး အကြိမ် အနေနဲ့ ဒီလောက်ထိ စုတ်ဖွားသွားတာ ဖြစ်တယ်။
အမျိုးသမီးငယ်လေးကို ကြည့်လိုက်ပြီးတော့ လူငယ် ဟာ ခေါင်းခါ လိုက်တယ်။ သူမရဲ့ မျှော်လင့်ချက်ကိုတော့ မဖျက်ဆီးချင်ပေမယ့်လည်း သွေးထွက်အောင် မှန်တဲ့ အမှန်တရားကို တော့ သတိပေးသင့်တယ်လို့တော့ တွေးမိတယ်။
“ ဒါပေမယ့် မင်းသူ့ကို ရိုက်နိုင်မှာတောင် မဟုတ် ဘူး။ သူက ကောင်းကင် ရောင်ပြန် အဆင့်ကို ရောက်နေပြီ။”
“ ….” သူမရဲ့ နှုတ်ခမ်းတွေကတော့ တဖြည်းဖြည်း ပွင့်ဟ လာတော့တယ်။ ဒါက ပထမဆုံးအနေနဲ့ ဒီလောက်ထိ အကူအညီမဲ့သလို ခံစားရတာ ဖြစ်တယ်။ “ဟုတ်တယ်။ ဖန်ကျန်းရှီက ကောင်းကင်ရောင်ပြန် အဆင့်ကို ရောက်နေပြီ ။ သူ့လိုမျိုး တခြားသူ တစ်ယောက်က ဘယ်လို တိုးတက် နိုင်မှာလဲ။”
“ အရှက်မရှိ ။ သိက္ခာမဲ့တဲ့ကောင်။ ငါ အသေ ကိုက်သတ် ပြစ်မယ်။” မိန်းမငယ်လေးဟာ လက်သီးကို ကျစ်ကျစ်ပါအောင် ဆုပ်လိုက်တယ်။ အကယ်၍ သူ့ကို လူကိုယ်တိုင် ထိခိုက်အောင် မလုပ်နိုင် ဘူး ဆိုရင်တောင် တခြားသော နည်းလမ်းတွေ သူမမှာ ရှိသေးတယ်။ ဥပမာ အားဖြင့် ကုတ်လို့ရတယ်။ ကိုက် လို့ ရတယ်။ ဖန်ကျန်းရှီ ကို နာကျင်အောင် တစ်ခုခု လုပ်ရမှ ကျေနပ်နိုင်မယ်။
“ ကိုက်သတ်မယ်။” လူငယ်ကတော့ လွန်မင်းစွာ စိတ်ပျက်နေဟန်နဲ့ မိန်းကလေးကို ကြည့်လိုက်ပြီးတော့ သက်ပြင်းချလိုက်တယ်။ “ ကိုက်နိုင်မယ်လို့လည်း မထင် ဘူး။”
“ အကို ကိုး ။ ဘာ .. ဘာလို့ အပြင် လူကို ကူပြောနေတာလဲ။” မိန်းမငယ်လေးရဲ့ မျက်လုံးတွေကတော့ ရီဝေလာပြီး မျက်ရည်ပေါက်တွေ စီးကျ လာတော့တယ်။
လူငယ်ကလည်း ဒါကိုတော့ တောင့်မခံနိုင်ပါ ဘူး။ နောက်ဆုံးတော့လည်း နှစ်သိမ့်ပေးရတော့မှာဖြစ်တယ်။
“ ကောင်းပြီလေ။ မငိုနဲ့တော့ ငါ ကူညီပေးမယ်။”
“ အကို တကယ်ပဲ ကူညီချင်ရင် ။ ခရမ်း လျှပ်စီးလေးကို ပေးပါလား။”
“ဒါဆို ကူညီမှာကို မေ့လိုက်တော့။”
“ တစ်လ လောက် ငှားရင်ကော”
“မရဘူး။”
“ လဝက် ။ ၇ရက်။ သုံးရက် ။ တစ်ရက်.၊”
“မရ ဘူး။ နင့်ကို ၂ နာရီတောင် မငှားနိုင် ဘူး။ ဒီ ကလူတိုင်း နင့် အကြောင်း သိတယ်။ နင့်ကို တစ်ခါ ပေးလိုက် တာနဲ့ ပြန် မရနိုင်တာသိတယ်။” လူငယ် က ပြုံးပြီးတော့ ထွက်ခွာသွားတော့တယ်။
အမျိုးသမီးငယ်လေးကတော့ တဖွဖွ ရေရွတ်နေခဲ့တယ်။ “ ဖန်ကျန်းရှီ နင် ငါ့ရဲ့ ခရမ်းလျှပ်စီးလေးကို လည်း လက်လွှတ်ရအောင် လုပ်တယ်။ နောက်ပြီး တော့ နှင်းဖြူလေးကိုရော”
…
နှင်းဖြူလေးကတော့ ဖန်ကျန်းရှီ စီးနင်းသွားပြီ ဖြစ်တယ်။ စစချင်းမှာ အတော်လေးကို ရုန်းကန်ပေမယ့်လည်း သုံးလေး ငါး ခြောက် ချက်လောက် ကန်လိုက်ပြီး နောက်မ်ှာတော့ ဒီ ပြဿနာက ဖြေရှင်းပြီးသား ဖြစ်သွားတော့တယ်။
နှင်းဖြူလေးကတော့ ဖန်ကျန်းရှီ စီးနင်းတဲ့ အတွက် ငိုကြွေးနေတဲ့ ပုံပါပဲ။
မြင်းမျိုးကောင်း တစ်ကောင် အပြင် ထူးခြားတဲ့ သွေးဆက် မျိုးနွယ် မြင်းပျံ တစ်ကောင်ရဲ့ အငွေ့အသက် ဟာ ပတ်ဝန်းကျင်ကို ပြောင်းလဲ စေတယ်။ ဒီလိုမျိုး ထူးခြားတဲ့ အမည် နာမ နှင်းလို တောက်ပတဲ့ အသွင်ရှိတဲ့ အပြင် သွားခဲ့တဲ့ လမ်း တစ်လျှောက်မှာ ခွာရာ မကျန်ခဲ့တဲ့ ထူးခြား ချက်ဟာ တကယ့်ကို နှစ်လိုဖွယ် ကောင်းမယ်။
ဒီ ကျောက်စိမ်း နှင်း မြင်းပျံကို ဘယ်သူ ပိုင်ဆိုင်လဲ ဆိုတာ လူတိုင်း သိကြတယ်။ မည်သူကမှ မလှည့်စား ဝံ့တဲ့သူ တစ်ဦး။
အခုတော့ ဒီ ကောင်စုတ်လေးက ခိုး လာပြီး ရောင်းဖို့ ပြင်နေပြီ။
အကိုကြီး ။ မြင်းရောင်းတဲ့ ဈေးက ဘယ်မှာလဲ။ သိလား။” ဖန်ကျန်းရှီက ဆိုင်ရှင်နဲ့ တူတဲ့သူ တစ်ဦးကို မေးလိုက်တယ်။
လူငယ်ကတော့ ဖန်ကျန်းရှီဆီ စီးနင်းလှတဲ့ မြင်းကောင်းကြီးကို ငေးကြည့်ရင်းနဲ့ ပြန်ဖြေလိုက်တယ်။
“ အရှေ့ဘက်။ မြင်းဈေးက အရှေ့မှာ ၇ှိတယ်။” လူငယ်ကတော့ ဖန်ကျန်းရှီ အကြောင်းကို မသိပါ ဘူး။ ဒါပေမယ့်လည်း ကျောက်စိမ်းနှင်းကို စီးနင်း လာသူ ဟာ နှယ်နှယ် ရရ မဖြစ်နိုင်တာကိုတော့ သူ ကောင်းကောင်းသိတယ်။
“ကျေးဇူးပါပဲ၊“ ဖန်ကျန်းရှီက ဒင်္ဂါးပြား အတွဲလိုက်ကိုထုတ်ပြီးတော့ ပေးလိုက်တယ်။
လူငယ်ကတော့ လေထဲက လွင့်လာတဲ့ ဒင်္ဂါးတွေကို လက် နှစ်ဖက်နဲ့ ဖမ်းလိုက်တယ်။ ဒါပေမယ့်လည် း ကြေးပြားတွေ ဖြစ်နေတာကို တွေ့လိုက်ချိန်မှာတော့ သူလည်း အတော်လေးကို စိတ်ပျက်သွားခဲ့တယ်။ ဒီလောက်တောင် ကပ်စေးနဲရသလား။
…
မြင်းဈေးကတော့ အတော်လေးကို လှုပ်ရှား သက်ဝင်နေခဲ့တယ်။ ရောင်းသူ ဝယ်သေူတွေဟာ ပျားပန်းခတ်မျှကို လှုပ်ရှားနေပြီးတော့ ငွေ အနံ့တွေ ဟာလည်း ပျံ့လွင့်နေတယ်။
ဖန်ကျန်းရှီ ရောက်လာချိန်မှာတော့ အုတ်အော်သောင်းနင်း ဖြစ်သွားတော့တယ်။
“ ကျောက်စိမ်းနှင်းပဲ။”
“ တကယ့်ကို ကျောက်စိမ်း နှင်း စစ်စစ်ပဲ။ တကယ်ပဲ ကျောက်စိမ်းနှင်းကို လာရောင်းတဲ့သူ ၇ှိနေတယ်။ ”
ဖန်ကျန်းရှီ ကျောက်စိမ်းနှင်းကို ရောင်းမယ် ဆိုတဲ့ အတွေးကို သိသွားချိန်မှာတော့ ရောင်းသူ ဝယ်သူတွေ အကုန်လုံးဟာ သိပ်ကို စိတ်လှုပ်ရှားသွားကြတော့တယ်။ ဒါက တော်ဝင် မျိုးနွယ်တွေ အရမ်းကို နှစ်သက်တဲ့ မြင်းမျိုးပဲ။
“ အောင်စ တစ်သာင်း ပေးမယ်။”
“ မင်းက ဒီ ကောင်လေးကို ခေါင်းပုံဖြတ်ဖို့ စဉ်းစားနေတာလား ။ လူငယ်လေး ။ ငါ မင်းကို အောင်စ ၁ သောင်း ၅ ထောင်ပေးမယ် ။”
“ ဖယ် စမ်းပါ။ ငါမင်းကို အောင်စ သုံးသောင်း ပေးမယ် ။ အပေး အယူ ဖြစ်ပြီလား။ ”
“ ငါးဆယ်။ ငါ အောင်စ ငါးသောင်းပေးမယ်။”
သိပ်မကြာခင်မှာပဲ ကျောက်စိမ်းနှင်းဟာ ရောင်းထွက်သွားတော့တယ်။ သူ ဒါကို ၆၈၈၈၈ ( ခြောက်သောင်း ရှစ်ထောင့် ရှစ်ရာ ရှစ်ဆယ့် ရှစ် ) အောင်စ နဲ့ ရောင်းထွက်သွားတာ ဖြစ်တယ်။ မယုံနိုင်စရာ ကောင်းလောက်အောင် များပြားလှတဲ့ ပမာဏပဲ ဖြစ်တယ်။
ဝယ်သွားသူကတော့ မျက်ပေါက် ကျဉ်းကျဉ်းနဲ့ လူငယ်လေး တစ်ဦးဖြစ်တယ်။ သူ့ရဲ့ ဝတ်ဆင်ပုံအရ ကြွယ်ဝတဲ့ မိသားစု တစ်ခုက သူ ဖြစ်မှန်း သိသာတယ်။
ကျောက်စိမ်းနှင်းရဲ့ ဇက်ကြိုးကို ငြင်ငြင်သာသာလေး ဆွဲထားရင်းနဲ့ ထွက်ခွာသွားတဲ့ ဖန်ကျန်းရှီကို ကြည့်နေတော့တယ်။ သူ ဟာ လှောင်ရယ်နေတာ ဖြစ်တယ်။ “ ဒီ ကောင် တစ်ကယ်ပဲ ကျောက်စိမ်းနှင်းကို အောင်စ ၇သောင်းထက်လျော့ပြီးတော့ကို ရောင်းသွားတယ်။ ဘယ်လောက်တောင် အလိုက်လဲ ကောင်လဲ။ ဒီ တစ်ခါတော့ ဝမ်မျိုးနွယ်တွေကို ဘာက မြင်းစစ်လဲ ဆိုတာ ပြရသေးတာပေါ့။ နောက်တစ်ခါ ငါ့ကို မလှောင်ရဲတော့အောင် ပညာပြရသေးတာပေါ့။”
…
ဖန်ကျန်းရှီက သူ ဈေးကောင်းမရမှန်း သိတယ်။ ဒါပေမယ့်လည်း သူ စိတ်တော့ မဆိုးပါ ဘူး။ ငွေက ဘုရင်ပဲ။
ဘာမှ များများစားစား မလုပ်လိုက်ရပဲနဲ့ ငွေသား အောင်စ ခြောက်သောင်းနဲ့ ရွှေသား အောင်စ တစ်ရာ ရလာတာ။ ဖန်ကျန်းရှီဟာ အတော်လေးကို အူမြူးနေပြီးတော့ ရန်ရွှယ်ကို အစားအသောက် ဖိတ်ကျွေးတော့တယ်။
လေလေး တစ်ချွန်ချွန်နဲ့ တည်းခိုခန်းကို ပြန်လာခဲ့တယ်။
…
စစ်သည်ဟာတော့ မိန်းကလေး အနားမှာ ရပ်နေခဲ့တယ်။ သူ့ရှေ့က ဒီ မိန်းကလေးဟာ ဒေါသ ပေါက်ကွဲနေပြီး အေးစက်လွန်းနေမှန်း သိသာလှတယ်။
“ နင်ပြောတာ။ ငါ့်ရဲ့ကျောက်စိမ်းနှင်းလေးကို ဖန်ကျန်းရှီက ရောင်းစားသွားတယ်တဲ့လား။” မိန်းမငယ်လေးက ဖန်ကျန်းရှီ ဒီ လိုမျိုး လုပ်မယ် လို့ တစ်ခါမှ မထင်ခဲ့မိပါ ဘူး။
“ဟု တ် ပါတယ်။ ” စစ်သည်ဟာတော့ ကြောက်လွန်းလို့ တုန်ယင်နေခဲ့တယ်။
“ ဘယ်လောက် ဈေးနဲ့ ရောင်းလားသွားတာလဲ။”
“ အောင်စ ခြောက်သောင်းကျော်နဲ့ ရောင်းသွားတာ ထင်ပါတယ်။”
“ ဘာ။ ငါ့ ကျောက်စိမ်းနှင်းကို အောင်စ ခြောက်သောင်းတည်းနဲ့ ရောင်းတယ်။ ယုတ္တိ မရှိလိုက်တာ။” မိန်းကလေး ဟာ လက်သီးကို ကျစ်ကျစ်ပါအောင် ဆုပ်ထားခဲ့တယ်။ “ သူ ဘယ်သူ့ကို ရောင်း လိုက်လဲ သိလား။”
“ဟန် ထျန်းကျန်း ကိုပါ။ ဟန်ချန်ဖုန်းရဲ့ ဒုတိယသား”
“ ဟန် ထျန်း ကျန်း၊ ။ တော်ဝင်ကျောင်းတော်က စာစစ်သူ ရဲ့ ဒုတိယ သားပဲ မလား။ ဘယ်လိုတောင် ဖြစ်နိုင်ရတာလဲ။ ငါ့ရဲ့ ကျောက်စိမ်းနှင်းကို ဘယ်လိုတောင် ဝယ်ရဲ ရတာလဲ။ ဟန် အိမ်တော်ကို သွားပြီးတော့ ငါ့ မြင်းကို ပြန်ယူမယ်။ နောက်ပြီးတော့ သူခိုးကိုလည်း ဖမ်းမယ်။ ”
“ အမိန့် အတိုင်းပါ။”
…
ဟန် အိမ်တော် အတွက်တော့ တကယ့်ကို ကံဆိုးတဲ့ နေ့တစ်နေ့ ဖြစ်ခဲ့တယ်။ ဟန်ထျန်းကျန်းကတော့ ခုထိကို မယုံနိုင် သေးဘူး ဖြစ်နေတယ်။ အတော်လေးကို ပျော်ရွှင် တက်ကြွနေခဲ့တာသာ ဖြစ်တယ်။ ခုဏ ကပဲ ကျောက်စိမ်းနှင်းကို ကိုယ်တိုင် ဝယ်လာခဲ့တာ ဖြစ်တယ်။
“ ငါ့ရဲ့ ကျောက်စိမ်း နှင်း အတွက် သီးသန့် မြင်းဇောင်းကို ဆောက်ပေးလိုက်။ သာမာန် ကောင်တွေနဲ့ ကောင်မလေးက အတူမနေနိုင် ဘူး။ ”
“ အမိန့် အတိုင်းပါ သခင်။”
“ ဟား ဟား ဟား” ဟန် ထျန်းကျန်းကတော့ ရယ်မောနေခဲ့တယ်။ သူ့ရဲ့ မျက်နှာကို မော့ချီထားပြီးတော့ သူ့ကို သံသယ လာဝင်နေတဲ့သူကို ခပ်ချေချေ ဆက်ဆံနေခဲ့တယ်။
ဒါပေမယ့်လည်း ဟန်ထျန်းကျန်းရဲ့ အပြုံးတွေကတော့ သိပ်မကြာခင်မှာပဲ အေးခဲ သွားတော့တယ်။
ဘာကြောင့်လဲ ဆိုတော့
သံ ချပ်ကာ တပ်ကြီး တစ်ခုဟာ သူ့ အိမ်ရှေ့မှာ ရောက်နေတာကြောင့်ပဲ ဖြစ်တယ်။ ဒီ မြို့တော်ထဲမှာတောင် တော်ဝင်ကျောင်းတော် အုပ်ချုပ်သူ အိမ်ရှေ့မှာ စစ်တပ်နဲ့ လာဝိုင်းရဲတဲ့သူ အနည်းငယ်ပဲ ၇ှိတယ်။
မြင်းတစ်ကောင်ရဲ့ ဇက်ကြိုးကို ကိုင်ထားတဲ့ ကောင်မလေးကို မတွေ့ခင် အထိပဲ ဖြစ်တယ်။
သူမက နတ်သူငယ် တစ်ဦးနဲ့ တူတယ်။ ကြည်လင်တောက်ပ လှတဲ့ မျက်ဝန်းပြာပြာတွေဟာ သူမရဲ့ နတ်ဆိုးသဖွယ် နှလုံးသားကို ကာဆီးထားတယ်။
နောက်ပြီးတော့ သူမရဲ့ ကျောက်စိမ်းနှင်းမြင်းပျံ ခိုးခံရတယ်။
ဟန်ထျန်းကျန်းက ဒီ အချက်ကိုတော့ မငြင်းနိုင် ဘူး။ ဒါပေမယ့်လည်း ဘာကြောင့် ကြိမ်ဒဏ် အချက် ၅၀ ခံလိုက်ပြီး မြင်းသူခိုး ဖြစ်သွားတာလဲ ဆိုတာကိုတော့ သူ ကောင်းကောင်း မသိဘူး။
သူက ဝယ်လာတာလေ။
ငွေ အစစ်တွေ သုံးပြီးတော့ကို ဝယ်လာတာ။
“ မတရား စွပ်စွဲ ခံရတာပါ။” ဟန်ထျန်းကျန်းကတော့ ဟန်အိမ်တော်ထဲကနေ ဆွဲထုတ်ခံလာရပြီးတဲ့နောက် သူ့ရဲ့ မျက်လုံးကျဉ်းကျဥ်းလေးတွေထဲမှာ ဝမ်းနည်းမှုတွေနဲ့ ပြည့်နှက်စွာ ကောင်းကင်ကိုသာ စိုက်ကြည့်နေတော့တယ်။
…
မိန်းမငယ်လေးကတော့ စိတ်ထဲမှာ နာကျင်နေတော့တယ်။ သူမရဲ့ နှင်းဖြူလေး တင်ပါးမှာ နီရဲနေတဲ့ ဖိနပ်ရာတွေကို အထင်အရှားမြင်လိုက်ရတာကြောင့်ပဲ ဖြစ်တယ်။ နှင်းဖြူလေး နှိပ်စက် ခံရတယ်။
“ ဖန်ကျန်းရှီ။ ငါနင့်ကို အသေ ကိုက်သတ် ပြစ်မယ်။”
သူမဟာ နှင်းဖြူလေးကို အသက်တမျှ တန်ဖိုးထားတာ ဖြစ်တယ်။ သူမရဲ့ နှင်းဖြူကို ကန်ကျောက်ဖို့ မပြောနဲ့လေသံ မာမာတောင် မပြောသူ ဖြစ်တယ်။ ဒါကြောင့် သူမရဲ့ မြင်းကို စော်ကားတာဟာ သူမကို ထိပါးတာပဲ ဖြစ်တယ်။
အခု ချိန်မှာတော့ သူမရဲ့ ဒေါသ ဟာ ငယ်ထိပ်ထိ ရောက်နေပြီ ဖြစ်တယ်။
…
ဖန်ကျန်းရှီကတော့ မြို့တော်ကနေ လွှင့်ထွက်သွားနိုင်စေတဲ့ မုန်တိုင်းတစ်ခုကို အစပျိုးမိခဲ့ပြီမှန်း မသိပါ ဘူး။ အခုချိန်မှာတော့ သူဟာ မြို့တော်က အကောင်းဆုံးစားသောက်ဆိုင်မှာ သက်တောင့်သက်သာနဲ့ကို ထိုင်နေတယ်။
“ အကောင်းဆုံးဟင်းတွေ ယူလာခဲ့။” ဖန်ကျန်းရှီက စားပွဲထိုးကို ကြည့်ရင်းပြောလိုက်တယ်။
ရန်ရွှယ်ကတော့ ဖန်ကျန်းရှီကို စိတ်ရှုပ်ရှုပ်နဲ့သာ ကြည့်နေတယ်။ ဖန်ကျန်းရှီက သိပ်ပြီးတော့ စိတ်သဘောထား ကြီးမြင့်တဲ့သူ မဟုတ်မှန်း သူ ကောင်းကောင်းသိတယ်။ စားစရာတွေ မှာ ပြီၤးရင်တောင် ငွေ မရှင်းချင်တဲ့သူ ။
“ ဘယ်လောက်တောင် ပျော်စရာကောင်းတဲ့ အဖြစ်လဲ။”
“ မဟုတ် ဘူး။ အကုန်လုံးတော့ ပျော်စရာကြီး မဟုတ် ပါ ဘူး။ နည်းနည်း ကံကောင်းလာတာလေးပါ။” ဖန်ကျန်းရှီက ရန်ရွှယ် အလွန် အင်မတန်ကို ချမ်းသာ လှတာ ကောင်းကောင်းသိတယ်။ ဒီလို ငွေသား အောင်စ ၆သောင်း ဆိုတာလည်း ကံကောင်းတာလောက်ပဲ ရှိမှာပါ။
“ ဘယ်လောက်များလဲ။”
“သိပ်မများဘူး။ ငွေသား အောင်စ ၆ သောင်းပဲ။ ” “အော်။” ရန်ရွှယ်က ဖန်ကျန်းရှီကို ကြည့်လိုက်တယ်။ ဒီ ပမာဏကတော့ အံ့သြ စရာ မဟုတ် ပါဘူး။ ဒါပေမယ့်လည်း ၂နာရီ လောက် အတွင်းမှာ ဒီ လောက် များများကို ဘယ်လို ရလာလဲ ဆိုတာ သူ တကယ့်ကို နားမလည်နိုင် ဘူး။
ဒါပေမယ့်လည်း ထပ်ပြီးတော့ မမေးတော့ ပါဘူး။
သူတို့ နှစ်ဦးဟာ စတင်ပြီး ပျော်ရွှင်စွာ စားသောက်ကြတော့တယ်။
ဖန်ကျန်းရှီနဲ့ ရန်ရွှယ်ရဲ့ ပျော်ရွှင်မှုတွေကတော့ စစ်တပ်တဲ ထဲမှာ ထိုင်နေတဲ့ သွမ့် အရှင်ကိုတော့ မရိုက်ခတ်ပါဘူး။ သူ့ရဲ့ မျက်ခုံးတွေကတော့ အတော်လေးကို ရှုှုံ့တွနေခဲ့တယ်။
“ တခြား အမြင် မရှိတော့ ဘူးလား။” အကြီးအကဲ ဝမ်နဲ့ သူ့ရဲ့ အခြားသော အကြံပေးပုဂိုလ်တွေကို ကြည့်လိုက်တယ်။ သူ့ရဲ့ အမူအယာကတော့ နာကျင်နေဟန်ပါပဲ။
ဖန်ကျန်းရှီ အဆင့်တက်သွားတဲ့ သတင်းက ဒီ လောက်ထိ လျင်လျင် မြန်မြန် ပျံ့နှံ့သွားလိမ့်မယ်လို့ မထင် ထားခဲ့ ဘူး။ သူ့ရဲ့ လူတွေ မရောက်ခင်မှာပဲ မြို့တော်ကို သတင်းက ရောက်နေခဲ့ပြီ။
အခု ချိန်မှာ အရှေ့ပိုင်း နန်းတော်ကိုသွားရင်တောင် ဘာ မှ ဖြစ်လာ နိုင်မှာ မဟုတ် ဘူး။
“ အခု ချိန်မှာ နောက်က်တစ်လ မတိုင်ခင် ဖြစ်လာမယ့် ကိစ္စ အတွက် ကြိုတင်ဆွေးနွေး ဖို့ လိုလာပြီ။ ဒါပေမယ့်လည်း သုခမိန်ကတော့ ဆုံးဖြတ်ချက်ကို မလုပ်ရသေး ဘူး။ ဆက်ပြီးတော့ တိုက်ခိုက်မယ် ဆိုရင် ဉာဏ်မရှိရာ ကျမယ်။ ” အကြီးအကဲ ဝမ်က ခေါင်းခါလိုက်တယ်။
“ လက်ထောက် စာစစ်သူ အဖြစ် ပါဝင်ဖို့ ပြောနေတာလား။” သွမ့်အရှင်ကတော့ သိပ်မပျော်တဲ့ပုံပါပဲ။ သူက အဓိက စာစစ်သူဖြစ်ချင်တာ။ အခုလို ဒုတိယ နေရာပဲ ရမယ် ဆိုရင်တော့ သက်ရောက်မှုက လုံးဝကို ကွာခြား သွားလိမ့်မယ်။
“ သွမ့် အရှင် ။ ကျွန်တော့်မှာ အစီ အစဉ် ရှိတယ်။ ” သက်လတ်ပိုင်း လူရွယ် အကြံပေး တစ်ဦးက ပြောလိုက်တယ်။
အပိုင်း ( ၁၅၈ ) ပြီး၏။
အပိုင်း ( ၁၅၉)
“ အဓိက စာစစ်သူ ဖြစ်လာရန် စိန်ခေါ် ခြင်း ”
“ဆရာဟွားပြောပါ။” သွမ့် ပြည်ထောင် အရှင်က စိတ်မရှည် စွာ ပြောလိုက်တယ် ။
“ အိမ်ရှေ့စံ မင်းသားက သုခမိန်ကြီးရဲ့ မျက်နှာသာ ပေးမှုကို ခံရပြီးတော့ စာမေးပွဲရဲ့ အဓိက စာစစ်သူ ဖြစ်လာမှာ ဟန်ချန်ဖုန်းရဲ့ အထောက်အပံ့တွေ အများကြီး ပါတယ်။ ဟန်ချန်ဖုန်းကလည်း တော်ဝင် ကျောင်းတော်က သတင်းပို့သူ အကြီးအကဲ ပဲ။ တော်ဝင် စာမေးပွဲ အတွက် အတွေ့ အကြုံ ရင့်ကျက်တဲ့သူ ဖြစ်တယ်။ ဒါကြောင့် သုခမိန်ကြီးက ဟန်ချန်ဖုန်း ထောက်ခံ ပေးတဲ့သူကို ရွေးချယ်တာ ။ ဘာကြောင့် အ၇ှင်က နည်းနည်း ထပ် မကြိုးစားကြည့်တာလဲ။ ” ဆရာဟွားရဲ့ မျက်လုံးတွေကတော့ တောက်ပနေခဲ့တယ်။
“ ကြိုးစားကြည့်ရမယ်။ ဒါကတော့ ဖြစ်နိုင်တော့မယ် မထင် ဘူး။ ဟန်ချန်ဖုန်းက အိမ်ရှေ့စံရဲ့ ကလေးဘဝတည်းက ဆရာပဲ။ သူတို့ ကြားက သံယောဇဉ်က အတော်လေးကို ကြီးမားတယ်။ ခွဲထုတ်ဖို့ ဆိုတာ မဖြစ်နိုင် ဘူး။”
“မ သူတို့ ကြားကို ဝင်ဖို့က ခက်ခဲ၇င် တခြား ရှုထောင့် ကနေ ပြောင်းပြီး စဉ်းစားကြည့်၇င်ကော။”
“ ဘာပြောချင်တာလဲ။”
“ ဟန်ချန်ဖုန်းက ယုံကြည်မှု မြစ် မြို့တော်မှာ အဓိက စာစစ်သူ အဖြစ် ပါဝင်ခဲ့ပြီးတော့ ထူးခြားတာ တစ်ခုကို လုပ်ခဲ့တဲ့ အကြောင်း ရှာတွေ့ထားတယ်။ အဲ့ဒီ့ အချိန် အတွင်းမှာ တုန်းက အိမ်ရှေ့စံ မင်းသားနဲ့ လျှို့ဝှက်စာတွေ အပေးအယူ အများကြီး လုပ်ခဲ့တယ်။ စာထဲမှာ ပါတဲ့ အကြောင်း အရာတွေကို ကောင်းကောင်း မသိရပေမယ့်လည်း စာမေးပွဲရဲ့ ရလဒ် အကြောင်းကို အဓိက ဆွေးနွေးထားတာ ဖြစ်တယ်။ နောက်ပြီးတော့ ဖန်ကျန်းရှီကို လည်း စာမေးပွဲက ထိပ်တန်းကျောင်းတော် သား မဖြစ်စေလိုတဲ့ ဆန္ဒတွေ ဟန်ချန်ဖုန်းမှာ တွေ့ရတယ်။
“ ဘာကြောင့်လဲ၊” သွမ့်အ၇ှှုင်က စိတ်၇ှုပ်ထွေးစွာ မေးလိုက်တယ်။
“ ဟန်ချန်ဖုန်းက တော်ဝင် သတင်းပို့သူ အဖြစ် တာဝန် ထမ်းဆောင် လာတာ ကြာလှပြီ ။ ဒါကြောင့် နန်းတွင်းရေးရာ တွေနဲ့ အတော်လေးကို ရှုပ်ထွေးနေတဲ့သူ ဖြစ်တယ် ။ အိမ်ရှေ့စံ မင်းသားရဲ့ ဆရာ အနေနဲ့ တည်မြဲတဲ့ နေရာကို ရချင်တာ ဖြစ်တယ်။ သူ့ရဲ့ နေရာသာ မတည်မြဲ၇င် အိမ်ရှေ့စံ မင်းသားလည်း အရှေ့ပိုင်း နန်းတော်မှာ နေနိုင်မှာ မဟုတ် ဘူး။ ”
“ မင်းဘာကို ဆိုလို ချင်တာလဲ။” သွမ့်အရှင်ရဲ့ မျက်လုံးတွေ ပြန်လည် တောက်ပ လာတော့တယ်။
“ ဟန်ချန်ဖုန်းက အုပ်ချုပ်ရေးပိုင်းမှာ နေရာအပြောင်းအလဲ အများကြီး ဖြစ်သွားမှာကိုတော့ ခွင့်ပြုမှာ မဟုတ် ဘူး။ အကယ်၍ ဖန်ကျန်းရှီက ခန့်မှန်းလို့ မရနိုင် ရင်တောင်။ သူက လုံးဝကို အသုံးဝင်တဲ့သူ ဖြစ်လာမှာပဲ။ ဒါပေမယ့်။။။။” မ
“ ငါ နားလည်ပြီ။ မင်းပြောချင်တာက ဟန်ချန်ဖုန်းနဲ့ ဖန်ကျန်းရှီ ပူးပေါင်းသွားမှာကို တားဆီးခိုင်း တာမလား။” မ
“ ဒါက ကိစ်္စ တစ်ဝက်ပဲ ၇ှိပါသေးတယ် အရှင်။” ဆရာဟွားက ခေါင်းခါလိုက်တယ်။
“ ဆရာဟွား ကျွန်တော်တို့ကို သင်ပြပေးပါ။”
“ တော်ဝင် စာမေးပွဲကိုပဲ အဓိက အာရုံစိုက်၇မယ်။ အရှင်။ လက်ထဲမှာ ၇ှိနေတဲ့ အင်အားကိုပဲ အလေးထားပါ။ ဟန်ချန်ဖုန်းက တန်ဖိုးရှိတဲ့သူပဲ။ အရှင်သာ ကောင်းကောင်း အသုံးချနိုင်ရင် ပလ္လင် က အရှင့် အတွက် ပိုြပ်ီးတော့ လွယ်ကူ လိမ့်မယ်။ သူ့ကို ကိုယ့်ဘက် ပါအောင် မလုပ်နိုင်ရင်တောင်မှ အခွင့် အရေးကို အသုံးချလို့ရတယ်။” ဆရာဟွားက လည်ချောင်း ရှင်း ပြီး ချောင်းဟန့်လိုက်တယ်။
“ ဆရာဟွားက တကယ့်ကို ဉာဏ်ပညာကြီးတာပဲ။ ခဲတစ်လုံးနဲ့ ငှက် နှစ်ကောင်ကို ပြစ်တယ်ပဲ ခေါ်ရမယ်။ ဟန်ချန်ဖုန်းက အမြဲတမ်းကို အန္တရာယ်များခဲ့တဲ့ သူပဲ။ အကယ်၍ သူသာ ဖန်ကျန်းရှီကို တော်ဝင် စာမေးပွဲမှာ မပါဝင် စေချင်ရင် ။ ငါတို့လည်း ဝင်ပါ စရာ အကြောင်း မရှိတော့ဘူး။ ”
“ ဒါကတော့ မခက်ခဲ ပါ ဘူး။ အခုပဲ အရေးကြီးတဲ့ သတင်းတစ်ခုကို ရလာတယ်။ ဟန်ချန်ဖုန်းရဲ့ ဒုတိယ သားက ကောင်းကင် ထောင်ထဲကို ပို့ခံလိုက်ရတယ်။ မြင်းတစ်ကောင်နဲ့ ပတ်သတ်တဲ့ အမှု ကိစ္စ အတွက် ။”
“ ပြောတာက ဟန် ထျန်းကျန်းက ကောင်းကင် ထောင်ထဲရောက်နေတယ်။ ဘယ်သူက ဒီလောက် အတင့်ရဲရတာလဲ။ ”
“ ပင်းယန် လုပ်တာ။”
“ပင်းယန်။ ဟန် ထျန်ဖုန်းက သူမကို အပြစ်ပြုမိလို့လား။”
“ ဟန်ချန်ဖုန်က အိမ်ရှေ့စံ မင်းသားကို သင်ကြားလေ့ကျင့်မှုနဲ့ တော်ဝင်ကျောင်းတော် ကိစ္စတွေနဲ့ပဲ အလုပ်ရှုပ်နေတာ။ ထုံးစံ အတိုင်း သူ့ကလေးတွေကို ဂရုမစိုက် ဘူး။ ဟန်ထျန်းကျန်းကလည်း အရည် အချင်းမရှိပေမယ့် ပြဿနာ ရှာတဲ့သူ မဟုတ် ဘူး။ ဒါပေမယ့် မြင်းစီးရတာကို ကြိုက်တယ်။ ဟန်ချန်ဖုန်း ချမှတ်ထားတဲ့ စည်းကမ်းတွေနဲ့ လွတ်တဲ့ နေရာမှာ အမြဲတမ်း မြင်းပြိုင်လေ့ရှိတယ်။ နိုင်ပွဲထက် ရှုံးပွဲ ပိုများတယ်။ ဒါကြောင့် မြင်းဈေးကို သွားပြီးတော့ သူ့ကံကို စမ်းသပ်ခဲ့တယ်။ နောက်ဆုံးမှာတော့ ကျောက်စိမ်းနှင်း မြင်းပျံတစ်ကောင်ကို တွေ့လာတဲ့အတွက် ငွေသား အောင်စ ၆၈ ၈ ၈ ၈ ( ခြောက်သောင်း ရှစ်ထောင့် ရှစ်ရာ ရှစ်ဆယ့် ရှစ်) နဲ့ ဝယ်ခဲ့တယ်။ ဒါပေမယ့်လည်း ကျောက်စိမ်းနှင်းက ”
“ပင်းယန်ရဲ့ မြင်းလား။” သွမ့် အရှင်ကတော့ ဘာတွေ ဖြစ်နေလဲ သဘောပေါက်သွားတဲ့ပုံပါပဲ။”
“ အင်း။ ပိုပြီးတော့ တိုက်တိုက်ဆိုင်ဆိုင်။ ဟန်ထျန်းကျန်းကို မြင်း ရောင်းလိုက်တာက ဖန်ကျန်းရှီပဲ။ အရှင်။ ဒီ ရွှေရောင် အခွင့်အရေးက အရှင့် အတွက်ပဲ။ ဟန်ထျန်းကျန်းကို ကောင်းကင် ထောင်ကနေ ကယ်နိုင်ရင် ဟန်ချန်ဖုန်းက အရှင့်ကို ကျေးဇူးတင်မှာပဲ။ ဒါဆို ဖန်ကျန်းရှီ သူ့သားကို မြင်းရောင်းလိုက်တဲ့ အကြောင်း ပြောလို့ရပြီ။”
“ ဒီလောက်တိုက်ဆိုင်တာမျိုး လောကမှာ ရှိနေသေးတာလား။ ဒါပေမယ့် ဖန်ကျန်းရှီက ပင်းယန်ရဲ့ ကျောက်စိမ်းနှင်းကို ဘယ်လို ရသွားတာလဲ။ သူ့ရဲ့ ကျောက်စိမ်းနှင်းက ဒီလောက်တောင် အဖိုးတန်တာ ငါတောင် တစ်ခါမှ မစီးဖူး ဘူး။”
“ ဒီ အကြောင်းကိုတော့ မရှင်းလင်းသေးပါဘူး။ ဖန်ကျန်းရှီ ကျောက်စိမ်းနှင်းကို ပင်းယန်ဆီက ဘယ်လို ယူလာမှန်း ကျွန်တော်လည်း သေချာ မသိသေးဘူး။ နောက်ပြီးတော့ မြင်းဈေးမှာ လာရောင်းသွားတာကလည်း မယုံနိုင် စရာကောင်းတယ်။
“ မေ့လိုက်တော့ ။ ဒါက ဂရုစိုက်စရာမဟုတ် ဘူး။ ကောင်းကင် ထောင်ကို သွားရမယ်။ ” သွမ့် အရှင်က ကျယ်လောင်စွာ ပြောလိုက်ရင်း ထွက်ခွာသွားတော့တယ်။
အကြီးအကဲ ဝမ်က အရှင်သွမ့်နဲ့ ဆရာဟွားတို့ကို မတားမြစ်ပါ ဘူး။ ဖန်ကျန်း၇ှီက ပင်းယန်ကို ၇န်စတယ်။ ဒါက တကယ်ပဲ တိုက်ဆိုင်မှု ဖြစ်နိုင်မလား။”
…
မြို့တော်ကတော့ အတော်လေးကို လူ ထူထပ်နေခဲ့တယ်။ ဒါပေမယ့်လည်း ရောင်းဝယ်သူတွေနဲ့ လှည့်ပတ်သွားလာသူတွေ လျစ်လျူရှုထားတဲ့နေရာကတော့ ရှိနေတယ်။ ဒါကတော့ နန်းတော်။ တော်ဝင်မျိုးနွယ်တို့ စံစားရာ။
ကြီးမားတဲ့ မြို့တော်ကြီးထဲက ခမ်းနားတဲ့ မြို့တော် တစ်ခု။ ရွှေကွပ်ထားတဲ့ ကျောက်စိမ်းတွေနဲ့ နန်းတော်။ ကြမ်းပြင်ကတော့ စကျင်ကျောက်သားတွေနဲ့ ပြုလုပ်ထားပြီးတော့ လှပစွာ ပုံဖော်ထားတယ်။ မြင်နေရသမျှ အရာရာတိုင်းဟာ သိပ်ပြီးတော့ကို တန်ဖိုးကြီးဟန် အထင်းသား ပေါ်လွင်နေခဲ့တယ်။
ဒီ အချိန်မှာတော့ ခရမ်းရောင် ဝတ်ရုံကို ဝတ်ဆင်ထားပြီးတော့ သိမ်းငှက်တစ်ကောင်လို စူးရှ တောက်ပတဲ့ မျက်လုံးရှိတဲ့ အသက် လေးဆယ် အရွယ် လူကြီး တစ်ဦးဟာ “ ထိပ်တန်းကျောင်းတော်” လို့ ရွှေရောင်စာလုံးတွေ ထွင်းထားတဲ့ အခန်းထဲကို ဝင်လာခဲ့တယ်။
သက်လတ်ပိုင်း လူရွယ် တစ်ဦးဟာတော့ တံခါးမှာ ရပ်နေခဲ့တယ်။ သူဟာ အတော်လေးကို အသားဖြူဖွေးတယ်။
“ ရှင်းဟို့ ။ မင်း နောက်ဆုံးတော့ ရောက်လာပြီ။ ဧကရာဇ်က မင်းကို တွေ့ဖို့ စောင့်နေတယ်။ ”
“ ဆရာ ဖန်ကို ကျေးဇူးတင်ပါတယ်။ ” ရှင်းဟို့လို့ အမည်ရတဲ့ လူဟာ ပြုံးပြပြီးတော့ခေါင်းငြိမ့်လိုက်တယ်။ အဲ့ဒီ့နောက် ဆရာဖန်ဟာ တံခါးကို ဖွင့် ဝင်သွားတော့တယ်။
အဖိုးတန် စွာ မွမ်းမံ သွားတဲ့ အခန်းဟာတော့ အလှပ ဆုံးသော ပန်းချီကားချပ်တွေ ဝန်းရံထားတယ် . ။ ကြီးမားလှတဲ့ ပိတ်ကားတွေဟာ နံရံကို ခွဲခြားထားတယ်။
အခန်းထဲမှာတော့ စာအုပ်စင်ဟာ တွေ နောက်မှာ ရွှေရောင် ပိုးသားလွှာနဲ့ ဖုံကွယ်ထားတယ် ။
“ ဧကရာဇ်ကို နှုတ်ခွန်းဆက်ပါတယ်။ ” သက်လတ်ပိုင်း လူရွှယ်ဟာ မော့တောင် မကြည့်တော့ပဲနဲ့ ဒူးထောက်လိုက်တယ်။
” ရှင်း ။ ရပြီ ထိုင်တော့။ ” အမိန့်ပေးတဲ့ အသံ ဟာ လေထုထဲမှာ ပျံ့နှံ့လာတော့တယ်။ ဧကရာဇ်ရဲ့ အာဏာစက် ဟာ နေမင်းရဲ့ အပူရှိန်လို ပြင်းထန်လှတယ်။
သက်လတ်ပိုင်း လူရွှယ်ဟာ အမိန့်ပေးသံကို ကြားချိန်မှာတော့ သူဟာ ခေါင်းကို မော့ပြီးတော့ ထလိုက်တယ်။ အဲ့ဒီ့နောက် ဖြည်းဖြည်း ချင်း လျှောက်လာခဲ့တယ်။ ဒါပေမယ့်လည်း အမိန့်ကိုတော့ အတိ အကျ မလိုက်နာခဲ့ပါဘူး။ စာအုပ်စင်တွေရဲ့ ငါးမီတာ အကွာမှာသာ ထိုင်နေတော့တယ်။
သူ ထိုင်ပြီးတဲ့နောက်မှာလဲ စကား တစ်ခွန်းမှ မဆိုသေး ပဲနဲ့ စိတ်ရှည် လက်ရှည စောင့် ဆိုင်း နေခဲ့တယ်။
“အိုက်ယား မင်းတို့ကောင်တွေ က စည်းကမ်းတွေ ထုံးတန်းစဉ်လာတွေကို ဂရုစိုက်လွန်းတယ်။ ကျောင်းတော်ကြီး ဆယ့်သုံးခုရဲက အကြီး အကဲ ဘိုးဘေးတွေက တောင်မှ ရင်းရင်းနှီးနှီးရှိခဲ့သးတာ မင်းက ဘာလို့ အခုထိ စိမ်းသက်နေတာလဲ။” အသံ ဟာ နောက်တစ်ကြိမ် ထွက်လာပြန်တယ်။
“ ဒီ ရုံးတော်သားက စစ်တပ် စစ်သူကြီးပါ။ တကယ်တမ်းဆို ၁၀ မီတာ အကွာမှာ ထိုင်သင့်တာ အခုတော့ ၅ မီတာကို ရောက်နေပြီ။ စည်းကမ်းကို ချိုးဖောက်ပြီးနေပါ ပြီ။ ” လူရွှယ်ဟာတော့ လေးလေးစားစားပြန်ဖြေလိုက်တော့တယ်။
“ ငါကြားတာ ချင်းစွေ့ က တော်ဝင် စာမေးပွဲမှာ ဝင်ဖြေမယ်တဲ့။ သူ ပြင်ဆင်နေပြီလား။” ကြည်လင် ပြတ်သားတဲ့ အသံ ဟာ ထပ်မံ ထွက်ပေါ်လာပြန်တယ်။
“ ဧကရာဇ် ကို ပြန်လ် ဖြေကြားပါတယ်။ ချင်းစွေ့က အတော်လေး ကြိုးစားပေမယ့်လည်း သူက တိုးတက်မှု အရှိန်နှေးပါတယ်။ အခုတော့ ကောင်းကင်ရောင်ပြန် အဆင့် အလယ် တန်းမထဲမှာပဲ ရှိနေသေးပါတယ်။ အရှင့်ကို စိတ်ပျက်စေမိမှာ စိုးရိမ်မိပါတယ်။”
“ အသက် ၂၂မှာ ကောင်းကင် ရောင်ပြန် အလယ်တန်း အဆင့် ရောက်တာ အတော်လေးကို တော်ပါတယ်။ မင်းကသာ မျှော်လင့်ချက်ကြီးလွန်းနေတာ။ ငါ့ အမြင် အရ ဆိုရင်တော့ ဒီ စာမေးပွဲရဲ့ ထိပ်တန်း အဆင့်မှာ ချင်းစွေ့နဲ့ စု မျိုးနွယ်က စုတုန်းလင်တို့ ပဲ ထိပ်တန်းမှာ ရောက်လိမ့်မယ်။ ချင်းစွေ့ ထိပ်သီး အဆင့်ရောက်ရင် ငါ့ကို သတင်း ကောင်း ပြောပါ အုန်း။
“ အရှင့်ကို ကျေးဇူးတင်ပါတယ်။ ဒါပေမယ့် ကျွန်တော့် အမြင် အရတော့ စုတုန်းလင်က လွန်ခဲ့တဲ့ ငါးရက် မှာပဲ ကောင်းကင်ရောင်ပြန် ထိပ်တန်းအဆင့်ကိုရောက်သွားခဲ့ပြီ။ နောက်ပြီးတော့ တောင်ပိုင်း နန်းတော်ကလည်း ပါဝင်ယှဉ်ပြိုင်မှာ။ နန်ကုန်းဟောင်ရဲ့ ညီငယ်လေး ။ ချင်းစွေ့ ပိုပြီးတော့ တိုးတက်မှသာ ထိပ်တန်း အဆင့်ထဲဝင်နိုင်မှာပါ။” လူ ရွှယ်ဟာ ဒူးထောက်ရင်းပြောလိုက်တယ်။
“ထလိုက်ပါ။ ချင်းစွေ့ က ကောင်းကင် ရောင်ပြန် အလယ်တန်းမှာပဲ ရှိနေပင်မယ့် စစ်နတ်ကျောင်းတော်မှာ လျှို့ဝှက်ပညာတွေ၇ှိမှန်း သိတယ်။ တောင်ပိုင်းနန်းတော်ကတော့ ပြဿနာ တစ်ခု ဖြစ်လာနိုင်တယ်။ ဒါနဲ့ ချီကူယန်ကို မတွေ့တာ တော်တော်ကြာပြီ။ မင်း ပြန်သွားရင် ငါ့ဆီကို လာလည်ဖို့ ပြောပေးပါ အုန်း။”
“ အရှင်က ချီကူယန်ကို အတော်အလေးထားတာ ကျွန်တော်မနာလို ဖြစ်မိတယ်။ ဒါပေမယ့်။ ဒီတစ်ခေါက်တော့ ချီကူယန်က ကျွန်တော်နဲ့ပါမလာဘူး။ ပင်းယန်နဲ့ နေခဲ့တယ်။ ” လူရွှယ်ဟာ ထရပ်ပြီးတော့ ထိုင်ခုံမှာ ပြန်ထိုင်ရင်း ပြောလိုက်တယ်။
“ အာ။ ကူယန်က ပင်းယန်ရဲ့ နေခဲ့တာလား။ ပင်းယန်ရဲ့ မွေးနေ့က သိပ်မကြာခင် ရောက်တော့မှာကို ကိုယ်တော်မေ့နေတာ။ သူတို့က ငယ်သူငယ်ချင်းတွေပဲ ။ နေခဲ့တာက သာမာန်ပါပဲ။ တကယ်တမ်းတော့ ဒီနေ့မင်းကို ခေါ် လိုက်တာ မင်းရဲ့ အမြင် အကြောင်းကို သိချင်လို့ပဲ။”
“ မိန့်ကြားပါ အရှင်။” လူရွယ်ဟာ နားထောင်နေခဲ့တယ်။
“ သွမ့် မင်းသားနဲ့ အိမ်ရှေ့စံ တို့က တော်ဝင်စာမေးပွဲရဲ့ စာစစ်သူတွေ လုပ်ချင်နေကြတယ်။ သူတို့ နှစ်ယောက်လုံးကို လက်လွှဲလို့လည်း မရပြန် ဘူး။ အိမ်ရှေ့စံက ဟန်ချန်ဖုန်းကို အဓိက စာစစ်သ ူအဖြစ်ထောက်ခံတယ်။ ဒါက အရင်တုန်းက စည်းမျဉ်းနဲ့ ကိုက်ညီတယ်။ သွမ့် မင်းသားကလည် းထက်မြက်ပြီး အမြင် စူးရှတယ်။ သူ့အတွက် အတွေ့အကြုံကောင်း ရချင်တဲ့ အတွက် ပါဝင်ချင်တာလို့ ပြောနေတယ်။ မင်းကော ဘယ်လိုတွေးလဲ၊”
လူရွယ်ကတော့ စဉ်းစားနေခဲ့တယ်။ လေးစားမှုကြောင့် ခေါင်းကို ငုံ့ထားရပေမယ့်လည်း သူ့ရဲ့မျက်လုံးတွေကတော့ တလက်လက်တောက်ပနေခဲ့တယ်။
မေးခွန်းကတော့ မခက်ခဲ ဘူး။ သူ့ရဲ့ အမြင်ကိုပြောလိုက်ရုံပဲ။ ဒါပေမယ့်လည်း သူ့ အဖြေကြော်င့် ရိုက်ခတ်လာမယ့် ဂယက်တွေကတော့ ကြီးမားတယ်။
အိမ်ရှေ့စံနဲ့ သွမ့်မင်းသားကြားက အင်အားပြိုင်ဆိုင်မှုက သိပ်ကို ထိခိုက်လွယ်တယ်။
ကျောင်းတော် ဆယ့်သုံးခုရဲ့ ခေါင်းဆောင် တစ်ယောက် အနေနဲ့။ ရှင်း ယွမ်ကောင်းဟာ စစ်နတ်ကျောင်းတော်က ကျောင်းတော် ဆယ့်သုံးခုကို ဦးဆောင်နေတဲ့ အကြောင်းနှလုံးသွင်းပြီးတော့ သေသေချာချာတွေးတောနေခဲ့တယ်။
အပိုင်း ( ၁၅၉) ပြီး ၏။
"အပိုင်း ( ၁၆၀)
“ ဆုတ်ဖြဲလိုက်”
Translator: Sparrow Translations Editor: Sparrow Translations
ပိုပြီး အရေးကြီးတာကတော့ အင်ပါယာကို ဘက်လိုက်မှု တစ်ခုမှ ပြသလို့ မရတာကို သူ ကောင်းကောင်းသိတယ်။ အကယ်၍ သူသာ မှားယွင်းတဲ့ စကားကို အသုံးပြုလိုက်မိမယ် ဆိုရင် ဒီ အင်အားပြိုင်ဆိုင်မှုထဲမှာ သူ ပါဝင် သွားလိမ့်မယ်။
ရှင်း ယွမ်ကောင်းက မဖြေကြားခင်မှာ မတ်မတ် ရပ်လိုက်တယ်။
“ ဧကရာဇ်ကို ဖြေကြားပါမယ်။ ဒီ ရုံးတော်သား ယုံကြည်ပါတယ်။ အိမ်ရှေ့မင်းသားက စည်းမျဉ်းစည်းကမ်းတွေနဲ့ အညီ လုပ်ဆောင်ချင်တာ ဖြစ်မယ်။ အကြီးအကဲ ဟန်က တော်ဝင် စာမေးပွဲမှာ အတွေ့အကြုံမျာ်းပြားလှတယ်။ ထူးချွန်တဲ့ ကျောင်းတော်သားတွေ ရွေးချယ်တဲ့ နေရာမှာ ထူးချွန်တယ်။ တခြား တစ်ဖက်မှာ လမ်း သွမ့် မင်းသားက အခြားသော နယ်ပယ်တွေမှာ အတွေ့အကြုံ များတယ်။ သူရဲ့ အရည် အချင်းတွေက စွမ်းဆောင်ရည်မြင့်မားတယ်.။ သူ့ကိုသာ ကြီးကြပ်သူ အဖြစ် ထားရင် နှစ်ဦး နှစ်ဖက်မျှမျှ တတ သင်ယူနိုင်မယ်။ ဒါပေမယ့်လည်း အိမ်ရှေ့စံ မင်းသား အတွက်တော့ သံသယ ပွားစေနိုင်တယ်။ ဒါကြောင့် သုံးဦးပူးတွဲ စစ်ဆေးမှုကို အကြံ ပြုချင်ပါတယ်။ ”
“ သုံးဦး ပူးတွဲ စစ်ဆေးမှု ။ ဆက်ပြီးပြော” ဧကရာဇ်ရဲ့ အသံ ဟာ အံ့သြသွားဟန်တွေပေါ်လာတော့တယ်။
“ အကြီးအကဲ ဟန်ကို အဓိက စာစစ်သူ အဖြစ်ထားပြီးတော့ သွမ့်မင်းသားနဲ့ အခြား သော မင်းသား တစ်ဦးကို ကြီးကြပ်ခိုင်းလိုက်ရင် အိမ်ရှေ့စံရဲ့ စိတ်ဒွိဟ နဲ့ ပြဿနာမီးကို ငြိမ်းပြီးသားဖြစ်သွားမယ်။ နောက်ပြီးတော့ သွမ့် မင်းသားရဲ့ အတွေ့အကြုံလည်း တိုးတက်လာနိုင်တယ်.။
“ ကောင်းပြီလေ။ မင်းပြောတာက အတော် လေးကို ကျိုးကြောင်း ခိုင်လုံတယ်။ တခြား မင်းသားကိုတော့ ဘယ်သူ့ကို ထည့်သင့် တယ်လို့ မင်းထင်လဲ။”
“ အ၇ှင့်ရဲ့ စိတ်သဘော အပေါ် မူတည်ပါတယ်။ ကျွန်တော်က တွေးခေါ်နိုင်စွမ်းနှေးကွေးတဲ့ အတွက် အခု အချိန်မှာတော့ တစ်ယောက်ကိုမှ မတွေးမိသေးပါ ဘူး။” ရှင်း ယွမ်ကောင်းက ရှေ့ဆက်ဖြစ်လာမယ့် အန္တရာယ်ကို ကြိုမြင်တဲ့ အတွက် အချိန်မှီပဲ ရှောင်ရှားလိုက်တယ်။”
“ ဟား ဟား မင်းက အရင်က အတိုင်းပဲ။ ကောင်းပြီလေ။ မင်း ရှားရှားပါးပါး လာလည်တဲ့ အချိန်လေး လမ်းလျှောက်ထွက်ရအောင် ” ဒီအချိန်မှာတော့ ထွက်ပေါ်လာတဲ့ အသံ ဟာ ဝန်ထုပ်ဝန်ပိုး အလေးကြီးကို လျော့ချလိုက်သလို ပေါ့ပါး နေဟန်ပါပဲ။
“ အမိန့်တော် အတိုင်းပါ။”
ရှင်း ယွမ်ကောင်း ဟာ ချက်ခြင်း ပြန်ဖြေရင်းနဲ့ သက်ပြင်း၇ှည်ကြီး တစ်ခုကို ချလိုက်တယ်။ အဲ့ဒီ့် အချိန်မှာပဲ ချီကူယန် သူ့ဆီကို လာရောက်လည်ပတ်ချိန်မှာ တော်ဝင် စာမေးပွဲ အကြောင်း ပြောသွားတာကို ပြန်တွေးမိသွားခဲ့တယ်။ “ ဧကရာဇ် ဒီလောက်တောင် အလေးထားတာလည်း အံ့သြစရာ မရှိပါဘူးလေ။ တကယ့်ကို အရည်အချင်းပြည့်ဝတဲ့ ထိပ်တန်း ကလေးမပဲ။ ဖန်ကျန်းရှီလား။ ဟာသကောင်ပဲ။”
…
ထုံးစံ အတိုင်း ဖန်ကျန်းရှီ ကတော့ ရှင်းဟို့ ဘာတွေ စဉ်းစားနေလဲ မသိပါဘူး။ ရန်ရွှယ်နဲ့ သာ အောင်ပွဲ ခံတဲ့ အနေနဲ့ စားသောက်နေခဲ့တယ်။
ဒါပေမယ့်လည်း ရန်ရွှယ်ကတော့ အတောလေးကို တုံ့ဆိုင်းနေဟန်ပါပဲ။
“ ဘာတွေ ဖြစ်နေတာလဲ။” ဖန်ကျန်းရှီက ရန်ရွှယ်ကို ကြည့်ရင်း မေးလိုက်တယ်။
“ မင်း ဟို တစ်ခေါက်က ပြောတဲ့ မှန် အလင်းပြန်မှု အကြောင်း ငါအခုထိ နားမလည်သေးဘူး။” ရန်ရွှယ်က ဒီ ကျင့်ကြံ ခြင်း နည်းလမ်းတွေကို အမြဲတမ်း ကိုယ်တိုင် သဘော ပေါက်ခဲ့တယ်။ အခုတော့ အကူအညီ တောင်းဖို့က သူ့အတွက် ခက်ခဲ နေတယ်။
“ မှန် ရောင်ပြန် ဟပ်တာလား။” ဖန်ကျန်း၇ှီ စိတ်ထဲမှာ ပြန်တွေးတောနေတယ်။ ဒီ လောကမှာ စာအုပ် တစ်အုပ်ပဲ ၇ှိတယ်။ “ တာအို နိယာမ” ရူပ ဗေဒနဲ့ ပတ်သတ်တဲ့ နည်းလမ်း ရှင်းပြ ချက်တွေလဲ မရှိ ဘူး။
သူ့ရဲ့ မှန် အလင်းပြန်မှု အကြောင်းက အရင်လောကက ရူပ ဗေဒ သင်ဖူးသူတိုင်း နားလည်နိုင်တဲ့ အကြောင်းရာဖြစ်တယ်။ ဒါပေမယ့်လည်း ရန်ရွှယ် အတွက်တော့ အလွန့်ကို စိမ်းသက်တဲ့ အကြောင်းအရာတွေ ဖြစ်နေမှာ။
“ လက်တွေ့ လုပ်ငန်းလေး လုပ်ရအောင်”
“ လက်တွေ့ လား ကောင်းပြီလေ. ၊” တကယ်တမ်းတော့ ဖန်ကျန်းရှီပြောတဲ့လက်တွေ့ ဆိုတာကို ရန်ရွှယ် နားမလည် ပါဘူး။ ဒါပေမယ့်လည်း ဖန်ကျန်းရှီ တစ်ခုခုကို လက်တွေ့ ပြမယ်ဆိုတာတော့ သူသိတယ်။
ဒါပေမယ့် ကောင်းကင်ရောင်ပြန်ကို ဘယ်လို လက်တွေ့ပြမှာလဲ။
ရန်ရွှယ် တွေးနေတဲ့ အချိန်မှာပဲ ဖန်ကျန်းရှီက စားပွဲထိုးကို ဖယောင်းတိုင်နဲ့ စက္ကူဖြူ ယူလာခိုင်းနေတယ်။။
စားပွဲထိုးယူလာပေးပြီးတဲ့နောက်မှာတော့
သိပ်မကြာခင်မှာပဲ အရာရာဟာ အဆင်သင့် ဖြစ်သွားတော့တယ်။ လိုနေတဲ့ တစ်ခုတည်းသော အရာတော့ မှန်ဘီလူးခုံး မှန်ဘီလူးခွက်တွေ။
ဖန်ကျန်းရှီ အတွက်ကတော့ ပြဿနာမရှိပါဘူး။ သူ့လက်ထဲက ရေခဲ ကုဗတုံးကို ကိုင်လိုက်ပြီးတော့ မှန်ဘီလူး အသွင် ဖန်တီးလိုက်တယ်။
အဲ့ဒီ့နောက် ရန်ရွှယ်ကတော့ အာရုံစူးစိုက်ပြီး ကြည့်နေခဲ့တယ်။ ဒီလို ရိုးရှင်းတဲ့ လက်တွေ့ က ဖန်ကျန်းရှီ အတွက်တော့ အတော်လေး လွယ်ကူတယ်။
သူ လှုပ်ရှားနေရင်းနဲ့ ၇န်ရွှယ်ကို ရှင်းပြနေခဲ့တယ်။
“ မင်းကောင်းကင် ရောင်ပြန် အဆင့်ကို ရောက်တာနဲ့ မင်းရဲ့ စိတ်အာရုံနယ်မြေက လက်တွေ့ ဘဝကို ရောင်ပြန် ဟပ်မယ်။ အဲ့ဒီ့နောက် နယ်မြေ နှစ်ခုကို ပေါင်းစပ်ပြီးတော့ အသုံးချရုံပဲ ။ အရမ်း လွယ်တယ်။ စမ်းကြည့်ကြည့် ”
“ ဒါက လွယ်တယ်လား။” ၇န်ရွှယ်က ဖန်ကျန်း၇ှီရဲ့ စကားကို ကြားချိန်မှာတော့ အတော်လေးကို မဟုတ်သေးဘူးလို့တွေးလိုက်မိတယ်။ ဒါသာ ဒီလောက်လွယ်နေရင် လူတွေ အများကြီး ဒီ အဆင့်မှာပြုံနေကြမှာပေါ့။”
ဒါပေမယ့်လည်း ဖန်ကျန်းရှီကို သံသယတော့မရှိပါဘူး။ သူက အဆင့် တက်ပြီးနေတဲ့သူ ဖြစ်နေပြီ။
အဲ့ဒီ့နောက်
ဖန်ကျန်းရှီပြောတာကို သူ စမ်းသပ်ကြည့်တော့တယ်။
အလွန်လျင်မြန်စွာနဲ့ပဲ သူ့ရဲ့စိတ်အာရုံနယ်မြေက အပြင်လောကနဲ့ ချိတ်ဆက်သွားတာကို သိလိုက်ရတယ်။ ဒါက သူ့ကို အတော်လေး အံ့သြစေတယ်။ ဖန်ကျန်းရှီ ပြောတဲ့ ကောင်းကင်ရောင်ပြန် အဆင့်ကို တက်ဖို့ လို လွယ်တယ် ဆိုတာမျိုးတော့မဟုတ် ဘူး။
ရန်ရွှယ်က သူ့ရဲ့ ရောင်ပြန်ဟပ်နေတဲ့ စိတ်အာရုံနယ်မြေမှာ တစ်ခုခု ပြသနာ ရှိနေတာကို သတိထားမိသွားတယ်။ နောက်ဆုံးမှာတော့လည်း ဖန်ကျန်းရှီလိုမျိုး ကိုယ်ပိုင် နားလည်မှု သူ့မှာမရှိ ဘူးလေ။
ဖန်ကျန်းရှီက ရန်ရွှယ်ကို အဆင့်တက်မှု လျှို့ဝှက်ချက်ကို ပေးခဲ့တယ်။
ဒီသော့နဲ့ ဆိုရင် သူ အခု မအောင်မြင်ရင်တောင် အနာဂတ်မှာတော့ အောင်မြင်နိုင်တယ်။
“ ကျေးဇူးတင်ပါတယ်။ ” ရန်ရွှယ်က ဖန်ကျန်းရှီကို လေးလေးစားစားနဲ့ ပြောလိုက်တယ်။
“ မလိုပါ ဘူး။ ငါတို့ ပြန်ရောက်ရင် မင်းကို တခြား လက်တွေ့တွေ ပြမယ်။ မှန် အရိပ်ကိုသုံးဖို့ တခြား ရှင်းပြ စရာေတွေ ရှိသေးတယ်။ အရင်က ဆို။ အမ်။ အင်။ ဘာပဲ ဖြစ်ဖြစ်တယ် မှန် အရိပ်က နယ်ပယ် အများကြီးမှာ သုံးနိုင်တယ်။ ” ဖန်ကျန်းရှီက ဝိုင်ခွက်ကို ယူပြီးသောက်လိုက်တော့တယ်။ သူက တခြား လောကမှာရောက်နေတယ်ဆိုတာ မေ့လုနီးပါးဖြစ်သွားတယ်။ အချိန်မှီ ထိန်းနိုင်လိုက်လို့ တော်သေးတယ်.။
ရန်ရွှယ်ကတော့ အတွေးထဲမှာ နစ်မြောနေတဲ့ အတွက် ဖန်ကျန်းရှီ ကျော်သွားတာကို သတိမထားလိုက်မိပါ ဘူး။
…
ရက် အနည်းငယ် ကြာပြီးနောက် နေ့လယ်ခင်း တစ်ခုမှာ နေမင်းကြီးဟာ ပင်းယန် အိမ်တော်ရဲ့ ပန်းတွေ အပေါ်မှာ နွေးထွေးစွာ ကျရောက်နေခဲ့တယ်. ။
“ ဖိတ်ခေါ်စာ ပို့ ကြည့်ရင်ကော” ပင်းယန်ကတော့ သူမရဲ့ ခရမ်းနီရောင် ဝတ်ရုံလေးကို ဝေ့၀ဲရင်း လှည့်ပတ်နေခဲ့တယ်။ သူမရဲ့ နောက်မှာတော့ အစေခံ လူလတ်ပိုင်း လူရွှယ် တစ်ဦး ရှိနေတယ်။
သခင်မလေးကို ဖြေကြားပါတယ်။ ဖိတ်ခေါ်မှု က .……" လူရွယ်ဟာ ပြောသင့် မပြောသင့်တွေဝေနေခဲ့တယ်။
"မင်း မပို့ ဘူးလား"
"မဟုတ် မ ဟုတ်ပါဘူး။ မနက်စောစော တည်းက တခါတည်းသွားပို့တာပါ။ " ပင်းယန်ရဲ့ပြောင်းလဲသွားတဲ့ အမူအယာကြောင့် လူရွယ် ဟာ ခိုက်ခိုက်တုန်အောင်ကြောက်သွားခဲ့တယ်။
"ကောင်းပြီ။ ဖိတ်ခေါ်မှုကို မြင်တော့ ပျော်သွားလား? "
"အမ်. သခင်လေးဖန်က စာကို ဖြဲ ပြစ် လိုက်ပါတယ်။ "
" ဘာ ။ ဘာပြော တယ်။ ဖြဲပြစ်လိုက်တယ်။ ငါ့ မွေးနေ့ အတွက် ဖိတ်တာကိုတောင် ဖြဲပြစ်တယ် တဲ့လား? နောက်ထပ်ဘာပြောသေးလဲ" ပင်းယန်ရဲ့ အမူအယာကတော့ အေးစက်သွားပြန်တယ်။
“ “ သခင်မလေးကို ပြန်ဖြေပါတယ် ။ သူ ပြောတာက ငါ့ကို လာပြီး အကြောင်းမရှိပဲ မြှောက်စားနေတာ မင်း အင်အားကြီးဖို့ပဲ ။ ငါက မြို့တွေ အများကြီးကို မသိ ဘူး။ လူတွေကိုလည်း မသိ ဘူး။ ဒီလို ဖိတ်ကြားတာက တစ်ခုခု လိုချင်တာ မဟုတ်၇င် ဓားပြတိုက်ချင်လို့ပဲ။ ငတုံးရဲ့ ။”
“ ငါ။ မြှောက်စားတယ်။ ဘာလို့ ဒီကောင် ငါနဲ့ အကြောမတည့်ရတာလဲ။ ငါ့ကို သွေးတက်ပြီးသေစေချင်နေတာလား။ ဒါဆိုလည်း နင့်ကို ခံစားအောင် လုပ်ရသေးတာပေါ့။”
“စာရွက်နဲ့ မှင်ယူလာခဲ့.”
“အမိန့် အတိုင်းပါ။”
စာရွက်နဲ့ မှင် ရောက်လာပြီးတဲ့ နောက် ပင်းယန်ဟာ စတင်ရေးသားတော့တယ်။
အချစ်စာလုံး လှလှတွေနဲ့ ထုံမွှန်းနေတဲ့ စာတစ်စောင်။
“ ချစ်သဝဏ်လွှာ လွှာ”
“ ကို နဲ့ ပင်းယန် အိမ်တော်မှာ ဆုံရဖို့ မျှော်လင့်ပါတယ်။ ”
“ချီကူယန် ”
စာကို အဆုံးသတ်ပြီးနောက်မှာတော့ အောက်ခြေမှာ နာမည် ရေးထိုးလိုက်တယ်။
အဲ့ဒီ့နောက် စာအိတ်ထဲ ထည့်ပြီး ပေးလိုက်တော့တယ်။
သူ့ သခင်ဘာလုပ်နေလဲ ဆိုတာ ကောင်းကောင်းနားလည် သွားတယ်။
ဒီ လို သူများ နာမည်ကို ယူသုံးတာ အပြစ် မရှိ နိုင် ဘူးလား။ ဘာပဲ ဖြစ်ဖြစ် ။ ဒါက သူတို့ ကြားက ကိစ္စ ။
…
ဖန်ကျန်းရှီကတော့ အတော်လေးကို ပျင်းရိနေခဲ့တယ်။ ရန်ရွှယ်ကို သင်ကြားပေးပြီးနောက်မှာတော့ ရန်ရွှယ်က အခန်းအောင်း ပြီးတော့သာ နေနေတယ်။ ဒါကြောင့် ဖန်ကျန်းရှီဟာလည်း စာအုပ်ဖတ်ရင်း ပန်းအလှ ရှုစားရင်းနဲ့ သာ နေနေခဲ့တယ်။
ဒီအချိန်မှာပဲ သူ့ဆီကို ပြေးလာနေတဲ့သူတစ်ဦးကို တွေ့လိုက်တယ်။
မနက်က လာဖိတ်တဲ့သူပဲ ဆိုတာ ဖန်ကျန်ရှီ မှတ်မိတယ်။
မွေးနေ့ အတွက် ဖိတ်စာ နှစ်ခါ လာပို့တာလား။
လူရွယ်ဟာ ဖန်ကျန်းရှီ နားကို ရောက်လာချိန်မှာတော့ စာကို တလေးတစားနဲ့ ကမ်းပေးလိုက်တော့တယ်။
စာက ချီကူယန်ရဲ့ နာမည်ကို မြင်ချိန်မှာတော့ ။
“ ချီကူယန်လား ” ဖန်ကျန်းရှီက တစ်ချက်ကြည့်လိုက်တယ်။
အဲ့ဒီ့နောက် လူရွှယ်ဟာ ဖန်ကျန်းကို ပြောတယ်။
“ သူမက ပင်းယန် အိမ်တော်မှာ တွေ့ဖို့မျှော်လင့်နေပါတယ်။ ” လူရွယ်ဟာ သတိထားရင်း ပြောနေတယ်။ သူ့မှာရွေးချယ်စရာမရှိဘူး။
“ သူမနဲ့ တွေ့ရမယ်။ အိပ်မက်မက်နေလိုက်။” ဖန်ကျန်းရှီက ခပ်ပြတ်ပြတ်ပဲ ပြန်ဖြေလိုက်တယ်။
အဲ့ဒီ့နောက် စာကို ဆုတ်ဖြဲလိုက်တယ်။
“ ချီကူယန်ကို ပြောလိုက် ငါ အလုပ် များနေတယ်။” ဖန်ကျန်းရှီက လက်ဖက်ရည်ကို သောက်ရင်းနဲ့ လျစ်လျူရှုလိုက်ပြန်တယ်။
လူရွယ်ကတော့ မြေပြင်မှာ အမြစ်တွယ်နေပြီတောင် ထင်ရတယ်။
ဒါကချီကူယန်ရဲ့ စာလေ။
အတု ဖြစ်နေရင်တောင်မှ
ဒုတိယ တစ်ချက်လေးတောင် မကြည့် ရတာလဲ။
…
ပင်းယန်ဟာလည်း အံ့သြလွန်းလို့ ကြက်သေသေနေတော့တယ်။
သူမ ဟာ ကြောက်လန့်သွားတာ မဟုတ်ပါ ဘူး။ လုံးဝကို ကြမ်ပြင်ပေါ် မှာ ထိုင်ချမိသွားတာပဲ ဖြစ်တယ်။
“ မင်းပြောတာက စာကို တစ်စစီ လုပ်ပြစ်တယ်။ စာက ချီကူယန်နာမည်ကိုကော သေချာ တွေ့လိုက်လား။” ပင်းယန်က မယုံနိုင်ပါ ဘူး။ ဒါပေမယ့်လည်း သူ့ရှေ့က လူက သူ့ကို ဘယ်တော့မှ မညာမှန်းသူသိတယ်။
“ နာမည်ကို သေချာဖတ်မှန်း သေချာပါတယ်။ ” သက်လတ်ပိုင်း လူရွယ်က ပြန်ဖြေလိုက်တယ်။
“ အဲ့ဒီ့နောက် တစ်ခါတည်း ဖြဲပြစ်တယ်ပေါ့.”
“ဒုတိယ တစ်ခေါက်တောင် မဖတ်တော့ပဲ ဖြဲပြစ်လိုက်တာပါ။”
အပိုင်း (၁၆၀) ပြီး၏။