← Chapters

အပိုင်း (၁၆၁-၁၇၀)

Vol. 2 Ch. 161-170

အပိုင်း (၁၆၁-၁၇၀)

Vol. 2 Ch. 161-170

အပိုင်း (၁၆၁)

“ ပြဿနာ ကြားက ယန် မြို့တော်”

“ ဘယ်လိုတောင် ဖြစ်နိုင်မှာလဲ ။ ဘာက ပြဿနာလဲ။ ဒီ ကောင်စုတ်က ယန်လေးကို လက်ထပ် ချင်တယ်ပြောပြီး တော့ စာကို ဖြဲပြစ်တယ်။ သေချင်နေတာလား။ ”

ပင်းယန်လည်း နားမလည်ပါ ဘူး။ ဖန်ကျန်းရှီရဲ့ အပြု အမူ တွေ နောက်ကွယ်က အဓိပ္မာယ်ကို နားမလည်ပါ ဘူး။ သူမ ပဲ ရှင်းရှင်း လင်းလင်း မပြောမိလို့လား။ ဒါလည်း မဖြစ်နိုင်ပါ ဘူး။ စာကို ဖွင့်ဖတ်ရင်တောင် သူမရဲ့ လက်ရေးက ချီကူယန်နဲ့ တစ်ပုံစံတည်းဟာ ကို။

ဖြစ်နိုင်တာက ဖန်ကျန်းရှီ ။ ယန်လေးကို လက်မထပ် ချင်တာများလား။

သူမရဲ့ အတွေးတွေဟာ ပြေးလွှားမှု မြန်ဆန်လွန်းလှတယ်။ အဲ့ဒီ့ တောသားက ယန်လေးကို လက်မထပ် ချင် ဘူး။ မဖြစ်နိုင်တာပဲ။

“အာ ကောင်းပြီလေ။ ယန်လေးရဲ့ စာကို ဖြဲပြစ်မှတော့လည်း ငါ လည်း ပြရသေးတာပေ့ါ။” ပင်းယန် ဟာ တစ်လက်လက် တောက်သွားတဲ့ မျက်နှာထားနဲ့ ကွင်းပြင်ထဲက နေ အဆောက်အအုံဆီကို ပြေးသွားတော့တယ်။

…

ချီၤကူယန်ကတော့ ရိုရှင်းပြီး ကျက်သရေ ရှိတဲ့ ဝတ်ရုံကို ဝတ်ထားပါတယ်။ ခရမ်းရောင် ပိုးထည်ကိုပဲ ခါးပတ် အဖြစ် ချည်ထားခဲ့တယ်။

အခု ချိန်မှာတော့ သူမဟာ မြေပုံ တစ်ခုကို လေ့လာနေခဲ့တယ်။ မြေပုံထဲမှာတော့ စစ်သားတွေနဲ့ မြင်း ပုံစံငယ်တွေ ရှိနေတယ်။ သေးငယ်တဲ့ မျဉ်းလေးတွေနဲ့ အသေအချာ ချမှတ် ထားတဲ့ အစက်တွေ လည်း ၇ှိနေတယ်။ ဒါက တိုက်ပွဲ မြေပုံ တစ်ခု ဆိုတာ ရှင်းရှင်း လင်းလင်းကို သိနိုင်တယ်။

စားပွဲ ဘေးမှာတော့ တောင်တန်းတွေလို ပုံဖော်ထားတဲ့ သဲပုံကြီး ရှိနေတယ်။ သဲထဲမှာတော့ ရောင်စုံ အလံငယ်တွေကို စိုက်ထားခဲ့တယ်။

ဒီ အချိန်မှာပဲ ပင်းယန် ရောက်လာခဲ့တယ်။

ပြေးလာခဲ့ပေမယ့်လည်း ချီကူယန် နားကို ရောက်လာချိန်မှာတော့ ပိုပြီးတော့ သတိထားပြီးတော့ လျှောက်တော့တယ်။ တိုးတိုး တိတ်တိတ် ပဲ ဝင်လာပြီးတော့ ချီကူယန်ရဲ့ စားပွဲဘေးမှာ ကြောင်ငယ်လေး တစ်ကောင်လို ထိုင်နေတော့တယ်။

“ ယန်လေး ။ မင်း တိုက်ပွဲ မြေပုံတွေကို နောက်တစ်ခါ ကြည့်နေပြန်တာလား။”

“ အမ် ။ ပင်းယန်က ဒီကို ဘာလာလုပ်တာလဲ။ ဒန်းစီးနေတာ မဟုတ် ဘူးလား။ ” ချီကူယန် ကခေါင်းငြိမ့်ရင်းပြောလိုက်တယ်။ သူမရဲ့ မျက်လုံးတွေကတော့ သူ့ရှေ့က မြေပုံကနေ မခွာခဲ့ပါ ဘူး။

“ ပထမဆုံး ငါပြောချင်တာက ။ ယန်လေး နဲ့ ဆိုင်တဲ့ လူတစ်ယောက်ကို တွေ့ခဲ့တယ်။ ကံမကောင်းစွာနဲ့ပဲ မင်းရဲ့ နာမည်ကို သုံးပြီး ရေးထားတဲ့ စာကို တောင် ဖြဲ ပြစ်တယ်။ ဘယ်လောက်တောင် ဆိုးလိုက် သလဲ။ ” ပင်းယန်က ပြောလိုက်တယ်။

“ အာ။” ချီကူယန်က နောက်တစ်ကြိမ် ခေါင်းငြိမ့် လိုက်တယ်။

“ ယန်လေးက ဘယ်သူ မင်းစာကို ဖြဲပြစ်လိုက်လဲ မသိ ချင် ဘူးလား။”

“ယန်လေး စာမှ မဟုတ်တာ။” ပင်းယန်ကို ချီကူယန် ကပြောလိုက်တယ်။ သူ့ရဲ့ လက်တွေကတော့ရွေ့လျားရင်း နဲ့ မြေပုံကို နေရောင်ရှိတဲ့ ဘက်ကို ရွေ့လိုက်တယ်။ “ ဖန်ကျန်းရှီကို ပြောနေတာလား။”

“ယန်လေးက ထက်မြက် လွန်းတယ်။ မင်း မခန့်မှန်းနိုင်တာကို ဘာမှ မရှိပါ ဘူး။ ဒါဆို မင်း ဘာလို့ စိတ်မဆိုးတာလဲ။” အမျိုးသမီး ပင်းယန်ရဲ့ မျက်လုံးတွေကတော့ ရိုးသားတဲ့မျှော်လင့်ချက် အရိပ်အယောင်တွေ ပေါ်လွင်နေခဲ့တယ်။

“မဆိုးပါ ဘူး။ ဘာလို့ စိတ်ဆိုးရမှာလဲ။” ချီကူယန်က ခေါင်းကို ခါယမ်းလိုက်တယ်။

“ သူက မင်းစာကို ဖြဲလိုက်တယ်လေ။ ယန် လေး ။ ငါသာ ဆိုရင်တော့ သူ့ကို ချက်ခြင်း သွားရိုက်မှာ။ ငါ ပြောချင်တာက စေ့စပ်ပွဲကို ဖျက် ပစ်မှာ။ သူ ဒူးထောက်ပြီး တောင်းပန် မှ ပဲ ခွင့်လွှတ်မယ်။ ”

“ ပထမဆုံး …. ဒါက မင်းရဲ့ စာ။ ဒုတိယ အနေနဲ့ … ငါ ဘယ်လို စာ ပို့ပို့ သူ ဖြဲပစ်မှာကို သိပြီးသား။ သူ သာ မဖြဲပစ်ရင် ဖန်ကျန်းရှီ မစစ်တော့ ဘူး။

“ အာ။ မင်းတို့ နှစ်ယောက် ကြားက တကယ့်ကို ရှုပ်ထွေးတာပဲ။ ”

“ အမှန်ပဲ။”

“ ဒါပေမယ့် ငါ က သူ့ကို ငါ့ မွေးနေ့ တက်စေ ချင်တယ်။ သူက ငါ ဖိတ်တာကို လက်မခံ ဘူး။ ယန်လေးရဲ့ နာမည်ကို သုံးပြီးတော့ ဖိတ်တာတောင် စာကို ဖြဲပြစ်တယ်။ သူ့ကို ဘယ်လိုမှ ချုပ်လို့ မရ ဘူး။ ဘယ်လို လုပ်ရမလဲ။” ပင်းယန်ကတော့ အတော်လေးကို စိတ်ပျက်နေဟန်ပါပဲ။ သူမရဲ့ အသေးစိတ် စီစဉ်ထားတဲ့ အစီ အစဉ် ပျက်သွားတာကို ပြန်တွေးမိလိုက်တဲ့နောက် အသည်းတွေတောင် ကွဲ သွားသလို ခံစားရတယ်။

“ ပင်းယန်က သူ့ကို မွေးနေ့ပွဲ တကယ် တက်စေချင်တာလား၊” နောက်ဆုံးမှာတော့ ချီကူယန်က ပင်းယန်ကို ကြည့်တော့တယ်။

“ အတိအကျပဲ။”

“ ကောင်းပြီလေ။ ပင်းယန်က ဖန်ကျန်းရှီကို အရှုပ် လုပ်ချင်နေတဲ့ပုံပဲ။ ”

“ ဘာလို့ ဒီလို တွေးရတာလဲ။ ငါက အဲ့လို လူမျိုးမဟုတ်ပါ ဘူး။ သူ့ကို အထူးဧည့်သည် အနေနဲ့ ဖိတ်ကြားပြီးတော့ ကောင်းကောင်း ဧည့်ခံ ပေးမှာပါ။ ” ပင်းယန်က ပြောလိုက်တယ်။ သူမရဲ့ အမူအယာက အပြစ် ကင်းစင် ဟန် ပါပဲ ။ ဒါပေမယ့်လည်း သူမရဲ့ နှုတ်ခမ်းတွေကတော့ အမူအယာနဲ့ ဆန့်ကျင်စွာ တွန့်ကွေးနေခဲ့တယ်။

“ ပင်းယန် သာ တကယ်ပဲ ဖိတ်ခေါ် ချင်ရင် လွယ်ပါတယ်။ ”

“ ယန်လေးမှာ အစီ အစဉ် ရှိတာလား။”

“အင်း။ ပင်းယန် တစ်ယောက်ယောက်ကို လွှတ်ပြီးတော့ ငွေသား ပေးခိုင်းလိုက်။ နောက်ပြီးတော့ မွေးနေ့ ပွဲကို လာသရွေ့ ငွေထပ်ရမယ် လို့ ပြော။ ထပ်ပြောရမှာက လက်ဆောင် ယူလာစရာ မလို ဘူးလို့ ပြော။ သူ လာမှာ အသေ အချာပဲ။ ” ချီကူယန်က တစ်ချက်တည်းပဲ ပြန်ဖြေလိုက်တယ်။

“ အဲ့ဒီ့လောက် ရှင်းလား။”

“ဒါပေါ့ ။ ရှင်းရှင်း လေးပဲ။”

“ ဒါက မဖြစ်နိုင် တာပဲ။” ပင်းယန်က ယုံကြည်ဖို့တောင် ခက်ခဲ နေတယ်။ ဒါပေမယ့်လည်း အခု အကြံက ယန်လေး ပေးတဲ့အကြံ ။ သူ ဘယ်လိုလုပ် သံသယ ရှိလို့ ရမှာလဲ။

…

ဖန်ကျန်းရှီက တော့ အံ့သြနေခဲ့တယ်။ သူ့ရဲ့ တည်းခိုခန်းကို လူတစ်ယောက်က ပိုက်ဆံတွေ လာပေးနေတဲ့ အတွက်ပဲ ဖြစ်တယ် ။ နောက်ပြီးတော့ ဒီ အထူး ပြောတာက မွေးနေ့ပွဲကို လက်ဆောင် ယူ လာစရာ မလို ဘူး ဆိုပဲ။

ဒါက သိပ်ပြီးတော့ ထူးဆန်းလွန်းတယ်။

သူ့ရှေ့က ငွေသား ၅၀၀ ကို ကြည့်လိုက်တယ်။ ဖန်ကျန်းရှီက ဒီ လူရဲ့ စိတ်ကို နားလည် နိုင်ဖို့ ခက်ခဲ နိုင်တယ်လို့ ခံစားမိတယ်။

ဒါကြောင့် သူ့ရှေ့က လူကိုသာ ကြည့်လိုက်တယ်.။

“ လက်ဆောင် မလို ဘူးလား။”

“ မှန်ပါတယ်။ လက်ဆောင် တစ်ခု မှ ယူလာစရာ မလိုပါ ဘူး။ ”

“ စဉ်းစား ပါရစေပါ အုန်း ။ အချိန် ဘယ်လောက် ကျန်သေးလဲ။” ဖန်ကျန်းရှီက ငွေသား ငါးရာကို သူ့ အိတ်ထဲ ထည့်လိုက်ပြီးတော့ လူရွှယ်ကို ပြန်ဖို့ ညွှန်ပြလိုက်တယ်။

“ ဒါ … သခင်လေး ။ ကျွန်တော်ရဲ့ သခင်မလေးကို ဘယ်လို ပြန်ပြော ပေး၇မလဲ ပြောပြ ပေးပါ။ ” လူရွယ်က ဖန်ကျန်းရှီရဲ့ အဖြေကို ကြားပြီး နောက်မှာတော့ သူ့ ကို လက်ဖက်ရည် ဖိုးလေး ပေးဖို့ မျှော်လင့် နေတယ်။

“ ငါ့ရဲ့ အမူ အယာကိုသာ ပြောပြလိုက်။” ဖန်ကျန်းရှီက စိတ်မရှည် စွာနဲ့ပဲ လက်ကို ဝေ့ယမ်းရင်း ပြောလိုက်တယ်။

သုံးနိုင်ငံ ခေတ်မှာ။ ကျူးကော်လျန် ကို သီးသန့် ခွဲထားခဲ့ ချိန် တုန်းက လျှိုပေ ဟာ သံးုကြိမ် တိတိ ရှာခဲ့တယ်။ ဆွန် မင်းဆက်မှာ စစ်သူကြီး ယွဲ့ဖေး ဟာ မြို့တော် ခန်းမမှာ အစွမ်း ပြခဲ့တယ်။ တစ်ခါ လည်ပတ်မိရုံနဲ့ ထပ်ခါ ထပ်ခါ သွားချင်နေတဲ့ နေရာမျိုး။

ဖန်ကျန်းရှီကတော့ ဒီ လူ ပြောနေတဲ့ သခင် ဆိုတာကို တွေးမရပါ ဘူး။ ဒါပေမယ့်လည်း သူ့ကို ဒီလောက် လက်ဆောင် တွေ ပေးပြီးတော့ မွေးနေ့ကို လာစေချင်နေတာကတော့ အကြောင်းရင်း ၇ှိတဲ့ပုံပဲ။

ဒီ အချိန်မှာတော့ ဒီ ငွေကို ကိုင်ပြီးတော့ အစွမ်း ပြရတော့မယ်။ ယန်မြို့တော်က ချမ်းသာတဲံ မိသား စုတွေ နဲ့ ပြည့်နှက်နေတာ။ ဒါက ချမ်းသာသူ စီကနေ ခိုးယူပြီးတော့ ဆင်းရဲသူကို ပေးကမ်းနေတာနဲ့ တူတယ်။

မှန်တယ်။။

သူက ဆင်းရဲ တဲ့သူပဲ။

…

“ သူ့ရဲ့ စိတ်အခြေ အနေပေါ် မူတည်တယ်။ ” ပင်းယန် အိမ်တော်မှာတော့ ပင်းယန်ဟာ နောက်တစ်ကြိမ် စိတ်ပူနေပြန်တယ်။

နောက်မှာတော့ သူ မဟာ ကွင်းပြင်ထဲကို ပြေးပြန်တယ်။ ဒီ အချိန်မှာတော့ သူမဟာ အတော်လေးကို ချိန်သားကိုက်နေဟန်ပါပဲ။ ကွင်းပြင်ထဲကို ဝင်လာတာနဲ့ တစ်ခါတည်း လိမ္မာတဲ့ ကြောင်လေး အသွင် ပြောင်းသွားပြန်တယ်။

“ အဲ့ဒီ့်ကောင်စုတ်က သူ့ စိတ်အခြေအနေ ။ စိတ်အခြေအနေ။ ယန်လေး။” ပင်းယန် ဟာ သူ့ရဲ့ အသံကို တိုးနိုင်သလောက် တိုးရင်း ပြောလိုက်တယ်။

“ အမ်။ ” ချီကူယန်ကတော့ ပဟေဠိ ဖြစ်နေတယ်။ အတွေးအခေါ် အရ ပြောရရင် ဒီ လိုမျိုး ကမ်းလှမ်းမှုကို ဖန်ကျန်းရှီက ငြင်းလေ့ မရှိ ဘူး။ ဒါဆို ဘာက ပြဿနာ ဖြစ်နေတာလဲ ။

တစ်ခဏ တွေးပြီးတဲ့နောက် ချီကူယန်က သဘောပေါက်လာတယ်။

“ ကြည့်ရတာ ဖန်ကျန်းရှီရဲ့ အရှက်မရှိတဲ့ပုံကို ငါ လျှော့တွက်မိတဲ့ ပုံပါပဲ။ ဒီ ကောင် အခွင့်ကောင်း ယူသွားပြီ။ ငါတော့ လုံးဝကို မဖြတ်သင့်တဲ့ စည်းကို နင်းမိသွားပြီ။”

“ယန်လေး မှာ နောက်ထပ် အတွေး ရှိသေးတာလား။”

ချီကူယန်ကတော့ တိတ်ဆိတ်နေခဲ့တယ်။ အကယ်၍ သူမ တွက်တာသာ မမှားရင် အခု အချိန်မှာ အကောင်းဆုံး လှုပ်ရှားဖို့က ဖန်ကျန်းရှီကို လျစ်လျစ်ရှုပြီးတော့ အတွေးပြောင်း လာအောင် လုပ်ဖို့ ပဲ ဖြစ်တယ်။

ဒါပေမယ့်လည်း ဒီလိုသာ လုပ်ရင် ကျရှုံးဖို့ က ရာခိုင်နှုန်း နည်းနည်းပဲ ရှိတယ်။ ဖန်ကျန်းရှီ သာ ဒေသ ပေါက်ကွဲသွားရင် အဆင်ပြေပြီ။

“ လာကို လာစေမယ့် နည်းလမ်းတော့ ရှိတယ်။ ” ချီကူယန်ကတော့ ပင်းယန်လိုချင်တာကို ရှင်းရှင်းလင်းလင်း လုပ်ပေးဖို့ ဆုံးဖြတ်လိုက်တယ်။

“ ကောင်းပြီ။ သူ ဘယ်လို ဖြစ်ဖြစ် လာစေရမယ်။ ”

“ ဒါဆို နောက်တစ်ခါ ထပ်ပို့တော့။”

“ ထပ်ပို့ ရမယ်။”

“ ဟုတ်တယ်။ သူ မကျေနပ် မချင်း ပို့နေရမယ်။”

လူရွယ်ကတော့ ရေးမှတ်နေတော့တယ်။ ပင်းယန်ကတော့ သူ့ရဲ့ လက်သီးကို အဖြူရောင် ပြောင်းသွားတဲ့ အထိကို ကျစ်ကျစ်ပါအောင် ဆုပ်နေထားတော့တယ်။ ကောင်းပြီလေ။ အခု ချိန်မှာတော့ နင်ကျေနပ်အောင် ငါ ပေးမယ်။ ပင်းယန် အိမ်တော်ကို ရောက်လာတာနဲ့ ငရဲ ရောက်သွားစေရမယ်။

…

လာမယ့် နေ့တွေ မှာတော့ ဖန်ကျန်းရှီဟာ အတော်လေးကို ဇိမ်ကျ နေခဲ့တယ်။ နေ့တိုင်းမှာပဲ သူ့ဆီကို ငွေ လာပို့ပေးနေတဲ့သူ ၇ှိတယ်။ နောက်ပြီးတော့ သူတို့ရဲ့ လေးစားမှုကို ပြဖို့ အတွက် ငွေသား လတ်မှတ် ကနေ ငွေသားတုံးတွေ အဖြစ်ကို ပြောင်းလဲ ပေးနေတယ်။ ငွေသေတ္တာ တစ်လုံးပြီး တစ်လုံးဟာ အခန်းထဲကို ရောက်လာတော့တယ်။

အခုတော့ ဖန်ကျန်းရှီရဲ့ အခန်းဟာ ငွေသေတ္တာတွေနဲ့ ပြည့်နေတဲ့ အတွက် အလင်းရောင်တောင် မရသလောက် ဖြစ်နေတော့တယ်။

ဒီ လို ဘဝမျိုးကတော့ ဖန်ကျန်းရှီရဲ့ သက်တောင့် သက်သာ ဖြစ်မှုကို ဖျက်ဆီးနေတယ်။

…

ဒါပေမယ့်လည်း ယန်မြို့တော် အတွက်ကတော့ အတော်လေးကို ကြောင်တောင်တောင် နိုင်တဲ့ မြင်ကွင်းပဲ ဖြစ်တယ်။

ပင်းယန်က ဘယ်သူ မို့လဲ။

ယန်မြို့တော်ရဲ့ နာမည်ကြီး နတ်ဆိုးမျိုးနွယ် ။ ယန် မြို့တော် ကြီး တစ်ခု လုံးမှာ ပတ်မွှေနေတဲ့သူ။ ဘယ် အချိန်ကများ သူများကို ပိုက်ဆံ တပြားတစ်ချပ် မှ မပေးဖူးးတဲ့သူ ။

ဒါပေမယ့် အခုတော့

လူတိုင်းက အတော်လေးကို အံ့သြနေကြတယ်။ နေ့တိုင်း တိကျတဲ့ အချိန်မှာ ပင်းယန် အိမ်တော်က လူတွေဟာ ငွေသေတ္တာတွေကို သယ်လာပြီးတော့ ဖန်ကျန်းရှီ နေတဲ့ တည်းခိုခန်းကို လာပို့တယ်။

အဲ့ဒီ့နောက် ပိုက်ဆံတွေကို ထားပြီးတော့ ထွက်သွားတော့တယ်။

ထူးဆန်းတဲ့ တောသား တစ်ယောက်ပဲ ။ ပထမဆုံး အနေနဲ့။ တာအို နိယာမ စာမေးပွဲ။ ဒေသတွင်း စာမေးပွဲနဲ့ မြို့တော် အဆင့် စာမေးပွဲမှာ နှစ်ထပ်ကွမ်း ချန်ပီယံ ဖြစ်ခဲ့တယ်။ ဒုတိယ အနေနဲ့ နတ်ဆိုးကျောင်းတော်မှာ ချီကူယန်ရဲ့ ၂ နှစ်တာ ကတိ ပေါ်လာပြီးတဲ့ နောက်မှာတော့ နတ်ဆိုးကျောင်းတောကနေ သမက်လောင်း အဖြစ် ထုတ်ပြန် လိုက်တယ်။

အခုတော့ ကျင်းမြို့တော်က အမြှောက်ဆန် လက်ချက်နဲ့ ယန် မြို့တော်မှာ ငွေချောင်းစီးတော့မယ်။

လုံးဝကို ထူးဆန်းလွန်းနေတယ်။

လူတိုင်းကတော့ လက်ထပ်ပြီး ကလေး မွေးပြီးသား အမျိုးသမီး တစ်ဦး သူ့ကိုယ်သူ အပျိုစစ်စစ်လို့ ပြောတာထက်ကို ပိုပြီးတော့ အံ့သြနေခဲ့တယ်။

…

စစ်တပ် တဲ ထဲမှာတော့ သွမ့် အရှင်း လင်းရှင်းကြွယ် ဟာ ဒီ ကြားနေရတဲ့ သတင်းကြောင့် ပါးစပ် အဟောင်း သား ဖြစ်မသွားရလေအောင် အံကို တင်းတင်း ကြိတ်ထားခဲ့တယ်။

ဒါပေမယ့်လည်း ဒီ သတင်းကိုကြားပြီးတဲ့နောက်မှာတော့ မျက်မြင် ကိုယ်တွေ့ အတည်ပြု ခဲ့တာ။

ပင်းယန်က ဖန်ကျန်းရှီကို ငွေနဲ့ ဖို့နေတယ်။

မယုံနိုင်စရာကောင်းလွန်းတယ်။ ဒီ လောက် မာနကြီးပြီးတော့ မောက်မာ လှတဲ့ ပင်းယန်က ဖန်ကျန်းရှီကို ငွေတွေ အလုံးအရင်းလိုက်ကို ဆက်သနေတယ်။

“ ဒီ ကိစ္စကို ဘယ်လို မြင်လဲ။” သွမ့်အရှင်က ဆရာဟွားနဲ့ အကြီးအကဲ ဝမ်ကို မေးလိုက်တယ်။

အကြီးအကဲ ဝမ်ကတော့ ခေါင်းကိုသာ ခါယမ်းနေခဲ့တယ်။ သူ့ရဲ့ အရည် အချင်းတွေက ကိစ္စကြီးတွေ ပေါ်မှာပဲ ဆုံးဖြတ်နိုင်တာ ။ဒီလိုမျိုး ကိစ္စ ငယ်တွေ အတွက် အတွေ့ အကြုံ နည်းတယ်။

ဆရာဟွားကတော့ တွေးတော ပြီးသား ဖြစ်နေတဲ့ ဒါပေမယ့် သူတွေးထားတာ ထက် ပိုပြီးတော့ကို လွတ ထွက်နေတယ်။

“ ကျွန်တော် လူတွေကို လွှတ်ပြီးတော့ စုံစမ်းခိုင်းထားတယ်။ ကြည့်ရတာ ပင်းယန်က သူ့ရဲ့ မွေးနေ့ ပွဲကို ဖန်ကျန်းရှီ တက်ရောက်စေချင် တဲ့ အတွက် ဒီလိုမျိုး ငွေသားတွေ မပြတ် ပို့ နေတာ ဖြစ်တဲ့ပုံပဲ။ ”

“ ပင်းယန်က ဖန်ကျန်းရှီကို သူ့ မွေးနေ့ တက်စေချင်တယ်။ မ မဖြစ်နိုင်တဲ့ သတင်းပဲ။ နည်းလမ်း တကျ ပြောရရင် ဖန်ကျန်းရှီက ပင်းယန်ကို ပေးသင့်တာလေ။ ဘာကြောင့် ကပြောင်း ကပြန် ဖြစ်နေတာလဲ။” သွမ့်အရှင်ကတော့ ပိုပြီးတော့ကို ထူးဆန်းလာတော့တယ်။

“ ဒါကြောင့် ခေါင်းခြောက်နေရတာပဲ။ ငါ မှတ်မိ သလောက် အရ ဆို၇င်တော့ ပင်းယန်ရဲ့ ကျောက်စိမ်းနှင်းကို ဖန်ကျန်းရှီ ခိုးပြီး ရောင်းသွားတာလေ။ သူတို့က ၇န်သူ တွေ ဖြစ်နေသင့်တာ။ အခုတော့ ပိုက်ဆံ ပေးပြီး မိတ်ဆွေ ဖွဲ့ နေသလိုပဲ။ တကယ့်ကို ခေါင်းနောက်စရာပဲ။”

“ ဒါပေမယ့်လည်း ဒီ အဖြစ်မှာတော့ ဖန်ကျန်းရှီက ပင်းယန်အနားကို လုံး၀ မသွားတာ အမှန်ပဲ။ ပင်းယန်ရဲ့ ပြိုင်ဘက်ကင်း အကြောင်းကို လည်း သိသင့်တယ်။ ဒီ အခြေ အနေကို သေချာ အာရုံ စိုက် လိုက်ရင် ။။။ သူမ က ပင်းယန် မင်းသမီး အဖြစ်သာ မက ဘူး။ ခမည်းတော် ရဲ့ ချစ်ခင်ခြင်းကို ရထားသူ ။ အကယ်၍ သူမသာ ဖန်ကျန်းရှီနဲ့ မိတ်ဆွေ ဖြစ်သွားမယ် ဆိုရင်။။။”

အပိုင်း ( ၁၆၁) ပြီး၏ ။

အပိုင် း ( ၁၆၂)

“ ချက်ကောင်းကို ထိရင် ပွဲချင်းပြီးတယ်။ ”

“ ကောင်းကောင်း အနားယူပါ။ အရှင် ဒီ တစ်ခါမှာတော့ အောက်ခြေကို ရောက်အောင် ဆွဲချ ပေးမယ်။” ဆရာဟွားက ခေါင်းငြိမ့်လိုက်တယ်။ တော်ဝင် စာမေးပွဲက နီးကပ်လာတာနဲ့ အမျှ အမှား အဖြစ်ခံလို့ မရ တော့မှန်း ပိုပြီးတော့ သိလာကြတယ်။

ဒါပေမယ့်လည်း ဒီ အခြေ အနေအကြာင်းကို တွေးလိုက်ရင် …..

ဒါက ဆရာဟွားကို ခေါင်းကိုက်စေတယ်။ အကယ်၍ ပင်းယန် သာ ဖန်ကျန်းရှီကို ငွေတွေ ဆက်ပို့ နေအုန်းမယ် ဆိုရင် ဒါက သူ့ မွေးနေ့ ပွဲကို ဖိတ်ခေါ် ဖို့ လုပ်နေမှန်း ပိုပြီးတော့ သေချာ သွားပြီ။ ဒါပေမယ့် ဘာကြောင့်လဲ။

…

“ ငလူး … နာလိုက်တာ။” ဖန်ကျန်းရှီ က သူ့ခြေထောက်နဲ့ တိုက်မိသွားတဲ့ သေတ္တာကို ကြည့်ရင်းပြောလိုက်တယ်။ အဲ့ဒီ့နောက် သေတ္တာကို ထားပြီးတော့ ထွက်သွားမလို့ လုပ်နေတဲ့ လူရွယ်ကို လှမ်းတားလိုက်တယ်။ “ မင်း သခင်မလေးရဲ့ မွေးနေ့ ရောက်ဖို့ ဘယ် နှရက်လိုသေးလဲ။”

“ သခင်လေးကို ဖြေကြားပါတယ်။ သုံးရက် ကျန်သေးပါတယ်။” ဖန်ကျန်းရှီရဲ့ မေးခွန်းကို ကြားချိန်မှာတော့ လူရွယ်ကတော့စိတ်နှလုံးသား ထဲ လှုပ်ရှားသွားတော့တယ်။ သခင်မလေးရဲ့ ဆန္ဒ ကြောင့်သာ ဒီသခင်လေး ကျေနပ်တဲ့ အထိ ငွေသားတွေကို ပို့ပေးနေရတာ။ နောက်ဆုံးမှာတော့ ဒီနေ့ ရောက်လာပြီ။ လား။

“ နားလည်ပြီ။ မနက်ဖြန် တခါတည်း သေတ္တာ သုံးလုံးယူလာခဲ့။ မင်းသခင်မလေးရဲ့ မွေးနေ့ပွဲကို ငါလာမယ်။ ငါ့ကို ထပ်ပြီး မနှောက်ယှက်နဲ့တော့။” ဖန်ကျန်းရှီ ကလက်ကို ဝေ့ယမ်းရင်းနဲ့ လူရွယ်ကို ထွက်သွားနိုင်ပြီ ဖြစ်ကြောင်း ပြောလိုက်တယ်။

“……” လူရွယ်ကတော့ ပါးစပ် အဟောင်းသား ဖြစ်သွားတော့တယ်။ “ သုံးသေတ္တာကို တစ်ခါတည်း။”

သူ့ရှေ့ က လူက သူ ထင်ထားတာထက် ပိုပြီးတော့ ကို မျက်နှာပြောင် တိုက်တယ်။ ဒါပေမယ့်လည်း …. လူ တစ်ယောက် အတွက် ဒီ လောက် ထိ အရှက်မရှိတဲ့ အဆင့်ကို ရောက်ဖို့ က လွယ်တာ မဟုတ် ဘူး။ အထင် ကြီး စရာပဲ။

…

သုံးရက် ကြာပြီးနောက်မှာတော့ နေမင်းကြီးဟာ တော့ အတောက် ပဆုံးသော လင်းလက်မှု အခြေအနေမှာ ရှိနေပြီးတော့ ယန်မြို့တော်ဟာ တော့ နွေးထွေး နေပါတယ်။

နန်းတော်နဲ့ အနီးစပ်ဆုံး တူတဲ့ အိမ်တော်ကြီး ။ ပင်းယန် အိမ်တော်ရဲ့ ဗိသုကာ လက်ရာတွေဟာ နန်းတော်နဲ့ အများဆုံး ဆင်တူတယ်။ ကွားခြားတဲ့ နံရံတွေကြောင့် သာ မဟုတ်ရင် ဒီ အိမ်တော် ကြီးက နန်းတော်နဲ့ ကွာခြားတဲ့ အရာ တစ်ခုမှ မရှိဘူး ဖြစ်တယ်။

ရွှေရောင်တောက်နေတဲ့ အဆောက်အအုံတွေနဲ့ စကျင်ကျောက်သား လျှောက်လမ်းတွေ ။ ထောင့်တစ်ခုချင်းစီကိုတောင်မှ သေချာ ဆေးခြယ်ထားတယ်။

ရိုးရှင်းတဲ့ အဆောင်လေးတွေတောင်မှ နန်းတော်ရဲ့ အဆင့်ရဲ့ မှီအောင် တည်ဆောက်ထားတယ်။ ဒါတွေကို ကြည့်ချင်းအားဖြင့် ပင်းယန် အိမ်တော်ရဲ့ လက်ရှိ သခင် ဟာ ဘယ်လောက်ထိ အရေးကြီးလဲ သိနိုင်တယ် ။

ဟင်္သာပြဒါး ဂိတ်တံခါးရှေ့မှာတော့ မြင်းရထား လုံးတွေဟာ တစ်ခုပြီး တစ်ခု တန်းစီ ၇ပ်နေကြတယ်။ တစ်ခဏ ကြာပြီးနောက်မှာတော့ အကုန်လုံးဟာ မျက်စိ တစ်မှိတ် အတွင်း ထွက်ခွာ သွားကြတယ်။

ဂိတ်တံခါးရဲ့ တစ်ဖက်တစ်ချက်မှာတော့ စစ်သည်တပ်ကြီးတွေဟာ စောင့်ဆိုင်းနေကြတယ်။ ဝတ်ဆင်ထားတဲ့ သံချပ်ကာတွေ ဟာတော့ တော်ဝင် တပ်မှာ အသုံးပြုတဲ့ သံချပ်ကာတွေ နဲ့ မကွာခြားပါ ဘူး။

အချက် အလက် အရ ဆိုရင်တော့ ကြီးမြတ်သော ရှမင်းဆက်ရဲ့ တော်ဝင် တပ်သားတွေပဲ ဖြစ်တယ်။

ဖန်ကျန်းရှီကတော့ “ ပင်းယန် အိမ်တော်” ဆိုတဲ့ စကားလုံးတွေကို မော့ကြည့်နေတယ်။ သူ့ရဲ့ နှလုံးသားထဲမှာတော့ အတော်လေးကို လှုပ်ရှားနေတယ်။ နန်းတော်ထဲကို တခါမှ ခြေ မချ ဖူးတဲ့ အတွက် သူ ဟာ ဝင်ပေါက်နားမှာပဲ ခေါက်တုံ့ခေါက်ပြန် လျှောက်နေတော့တယ်။

သူဟာ ခရီးသွား တစ်ယောက်လိုမျိုး လေ့လာကြည့်နေတယ်။ ဒီ လောကမှာ ဘယ်လို အဆောက် အအုံမျိုး ရှိလဲ ဆိုတာ သိချင်နေတာပဲ ဖြစ်တယ်။

အဲ့ဒီ့နောက် ပင်းယန် အိမ်တော်ရဲ့ အပြင်မှာ ရပ်တန့်စောင့် ဆိုင်းနေတဲ့ စစ်သားတွေက အတော်လေးကို ပြိုင်ဘက်ကင်းတယ် ဆိုတာ သူ သိတယ်။

“ ငါ့ကို မွေးနေ့ပဲ ဖိတ်တဲ့ဒီလူကတော့ တကယ့်ကို အကြီးစားပဲ။” ဖန်ကျန်းရှီ က အတော်လေးကို စိတ်ရှုပ်နေခဲ့တယ်။ နည်းလမ်းကျကျ ပြောရရင်တော့ ဒီ လူတွေက သူနဲ့ ပတ်သက် စရာ အကြောင်းကို မရှိဘူး။

သူများတစ်ခုခု မေ့နေတာလား။

ခါတိုင်းဆိုရင် ဒီ ကိစ္စမျိုးကို ရန်ရွှယ့်ဆီ အမြဲမေးနေကြ. ။ ဒါပေမယ့်လည်း ဒီ ၇က်ပိုင်း အတွင်းမှာတော့ ရန်ရွယ်က သူ့ အခန်းထဲမှာပဲ မှန်ရောင်ပြန် အဆင့်ကို ကျင့်နေတာ။ အရေးကြီးဆုံး အပိုင်းကို ရောက်နေတဲ့ ပုံပဲ။ တည်းခိုခန်း အပြင် ဘက်ကို ခြေ တလှမ်းတောင် ထွက်မလာဘူး ။ အစားအသောက်တောင်မှ တည်းခိုခန်းက လူတွေ သွားပို့ ပေးတာကိုပဲ စားတယ်။

ဒါကြောင့် ဒီ ကိစ္စကို မမေးဖြစ်တာ ဖြစ်တယ်။

“ ဒါက င့ါကို ထော်င်ချောက်ဆင်နေတာ ဖြစ်နိုင်မလား။ ” ဖန်ကျန်းရှီက ဒါကို တွေးလိုက်မိပြီးတဲ့ နောက်မှာတော့ အထဲ ဝင်သင့် မဝင်သင့်ကို ချိန်ဆနေခဲ့တယ်။ အဲ့ဒီ့နောက် ဂိတ်တံခါးနားမှာ ခေါက်တုံ့ခေါက်ပြန် အတော်လေး လျှောက်ပြီးတဲ့ နောက်မှာတော့ …..

ပြန်သွားဖို့ ပြင်လိုက်တယ်။ ဒီ အချိန်မှာပဲ အိမ်တော် ထဲကနေ သက်လတ်ပိုင်း လူရွယ် ထွက်လာတော့တယ်။ ဖန်ကျန်းရှီကို မြင်ချိန်မှာတော့ သူရဲ့ အမူ အယာကဟာ သူ့ ဖအေကို တွေ့လိုက် သလိုမျိုး ပျော်ရွှင်သွားတော့တယ်။

“သခင်လေး ဖန်။ နောက်ဆုံးတော့ ရောက်လာပြီ။ ကျွန်တော်တို့ရဲ့ သခင်မလေးက သခင်လေး ကို စောင့်နေတာ။”

“မင်းရဲ့ သခင်မလေးက တကယ်ပဲ ဒီမှာ နေတာလား။” ဒီ နေ့တွေမှာ ဒီ လူရွယ်ရဲ့ မျက်နှာကို နေ့တိုင်းတွေ့နေ၇တာ မှားနိုင်စရာ အကြောင်းတော့ မရှိဘူး။

“ ဟုတ်ပါတယ်။” လူရွယ်ဟာ ယုံကြည်ချက်တွေ ပြည့်နေတဲ့ မျက်နှာ နဲ့ ပြောလိုက်တယ်။

“ ကောင်းပြီလေ။ ” ဖန်ကျန်းရှီက ခေါင်းငြိမ့်လိုက်တယ်။ သူ ကိုယ်တိုင် ထွက်လာပြီးတော့ ကြိုမှတော့လည်း ။ နောက်ဆုံးမှာတော့ ယူထားတဲ့ ငွေ တွေ အတွက် ဝင်ကို ဝင်ရတော့မှာပဲလေ။

သက်လတ်ပိုင်း လူရွယ်က ဖန်ကျန်းရှီ ခေါင်းငြိမ့်တာကို မြင်လိုက်ပြီးတဲ့ နောက်မှာတော့ ရှေ့ကနေ ဦးဆောင်ပြီးတော့ သွားတော့တယ်။

ဖန်ကျန်းရှီကတော့ လက်ကို ဝှေ့ယမ်းရင်းနဲ့ အလျင်လို စရာ မလိုကြောင်း ပြောလိုက်တယ်။ အဲ့ဒီ့နောက် စာတစ်စောင်ကို ထုတ်လိုက်တယ်။

“ ဒါက လက်ဆောင်စာရင်းပဲ။”

“ သခင်လေး ဖန်က လက်ဆောင် တွေ ယူလာတာလား။” သက်လတ်ပိုင်း လူရွယ်က ပြောလိုက်တယ်။ အဲ့ဒီ့နောက် စာကို ယူလိုက်ပြီးတော့ ဖတ်လိုက်တော့တယ်။ ဖန်ကျန်းရှီကို ဘာ လက်ဆောင်မှ ယူလာစရာ မလိုကြောင်း ပြောထားပြီးသားဖြစ်တယ်။

ဒါပေမယ့်လည်း ဖန်ကျန်းရှီကလက်ဆောင် ယူလာတယ်။ ဒါကတော့ မလန့်ဖို့ ခက်တယ်။

ဖန်ကျန်းရှီကို အရင်က အထင်လွဲမိတာလား။

ခက်ခဲတဲ့ အချိန်မို့လို့ လက်ဆောင် တွေကို မငြင်းနိုင်တာများလား။

အကယ်၍ ဒီ လိုသာ ဖြစ်ခဲ့မယ် ဆိုရင် အခု ပေးတဲ့ လက်ဆောင်ကလည်း ပိုက်ဆံ သုံးထားတာ မဖြစ်နိုင် ဘူး။ ဒါပေမယ့်လည်း ယူလာတယ် ဆိုတည်းကတော့ အဓီပ္မာယ် မရှိတာ မဖြစ်နိုင် ပါ ဘူးလေ။

လူရွှယ်ဟာ ဖန်ကျန်း၇ှီက တောရွာကနေ လာမှန်းကောင်းကောင်းသိတယ်။ ဒါကြောင့် သူ့ရဲ့ အတွေးထဲမှာ ပထမဆုံးတွေးလိုက်မိတာ ဖြစ်တယ်။ သူ စာရွက်ကို ဖွင့်ဖတ်လိုက်ချိန်မှာတော့။

သူ့ကိုယ်သူ သိပ်ကို တုံးလွန်းတယ် ဆိုတာလက်ခံ လိုက်ရတယ်။

စာရွက်ထဲမှာတော့ စာရင်းတွေဟာ စာရွက် တစ်ရွက်လုံးကို သိပ်သည်း ပြည့်နှက်နေတယ်။

ဒါတွေက ဘာတွေလည်း ဆိုတော့။

“ အိမ် လုပ် ဝက်အူချောင်း တစ်ပိုင်း။” ( ဝက်အူချောင်း တစ်ချောင်းတောင် မဟုတ်ပါ။)

“ ကြပ်တိုက် အသားကင် တစ်တုံး။”

“ အစပ်ကဲ အသားခြောက် တစ်မြှောင်း”

“ ….”

ပိုပြီးတော့ အရေးကြီးတာကတော့ ဒီထဲမှာ ယုန်မွှေးလိပ်တောင်ပါနေတာပဲ။

ဒီ ယန်မြို့တော်မှာ ယုန်မွှေး အကျီ ချုပ်တဲ့သူများရှိနေလား။

“ တောင်ပေါ်က ဒေသထွက် ပစ္စည်း နည်းနည်းပါ။ ကျေးဇူးတင်စရာ မလိုပါဘူး။” ဖန်ကျန်းရှီက လူရွှယ်ကို မျက်စိ မှိတ်ပြရင်းပြောလိုက်တယ်။

“…” လူရွှယ်ဟာတော့ ဒါက တခြားသူ တစ်ယောက်ဆီက လာရင် ချက်ခြင်းကို တွေဝေချင်း မရှိပဲ မောင်းထုတ်ပြစ်မှာ။ ဒါပေမယ့်လည်း ဖန်ကျန်းရှီကိုတော့ သူ မလုပ်ဝံ့ဘူး။ ချိုုသာတဲ့ အပြုံးနဲ့သာ ကြည့်နေတယ်။

အဲ့ဒီ့နောက် လေးလေးစားစားနဲ့ လက်ဆောင်တွေကို လက်ခံ လိုက်ပြီးတော့ “ သခင်မလေးရဲ့ အမည်နာမ အရ ဒီ လက်ဆောင် ကောင်းတွေ အတွက်ကျေးဇူးတင်ပါတယ်။ ”

သူ့ရဲ့ အသံ ဟာ ကျယ်တယ်လို့ မဆိုသာဘူး။ ဒါပေမယ့်လည်း မြင်းလှည်းတွေ ပေါ်ကနေ ဆင်းလာတဲ့ ရုံးတော်သားတွေကတော့ ကောင်းကောင်းကြားလိုက်တယ်။

“လက်ဆောင်ကောင်းတွေလား။”

“ ဒီ လူ့ကို ကြည့်ရတာ အတော်လေးကို ရင်းနှီးနေတယ်။ ဘယ်သူ ဖြစ်မလဲ ။ ဘယ်က သူကြွယ်လဲ။”

“အပြာရောင် အကျီလက်ရှည် လက်အိုးကျယ်တဲ့ အကျီ။ အကယ်၍ ငါထင်တာသာ မမှားရင် ဒါက ဖန်ကျန်းရှီပဲ။”

“ ဖန်ကျန်းရှီလား။ အဲ့ဒီ့ကောင်က တောသားလေ။ ပင်းယန် မင်းသမီးကို ပေးဖို့ လက်ဆောင် ကောင်းကောင်း ဘယ်မှာရှိမှာလဲ။”

“ ကောလ ဟာလတွေ အရ လွန်ခဲ့တဲ့ နေ့တွေမှာ ပင်းယန် အိမ်တော်က လူတွေကဖန်ကျန်းရှီကို ငွေသေတ္တာတွေ နေ့တိုင်း ပို့ပေးနေတယ် ။ ဒါက ဖြစ်နိုင်မလား။”

ဒီ လို နည်းတိုင်း စဉ်းစားရင် ရုံးတော်သားတွေနဲ့သခင်ကြီးတွေရဲ့ အတွေးက အတော်လေးကို ပြောင်းလဲ သွားတော့တယ်။ ပင်းယန် မင်းသမီးက ငွေသေတ္တာတွေကို ဖန်ကျန်းရှီဆီ ပို့ပေးတယ်။ အဲ့ဒီ့နောက် ဖန်ကျန်းရှီက မင်းသမီး မွေးနေ့ ကျင်းပဖို့ အတွက် လက်ဆောင်ကောင်းတွေ ပြန်ယူလာပေးတယ်။

ဒါက သူတို့ ကြားထဲက ပြောမထွက်နိုင်တဲ့ လျှို့ဝှက်ချက်ပဲလား။

…

ဖန်ကျန်းရှီကလည်း လူတွေ ပြောတာ မှားမှာ်းမှန်မှန် ဂရုမစိုက်ပါ ဘူး။ လူရွယ်ကတော့ အမှန် တရားကို ပြန်ပြီး ဖြေရှင်းချက် ထုတ်ချင်နေတယ်။ အဆုံးသတ်မှာတော့ စကားတစ်ခွန်းတောင် မပြောနိုင်တော့ပါ ဘူး။

နောက်ဆုံးမှာတော့ သူဟာ သူ့ရှေ့ လူကြီးလူကောင်းကို အထူးဧည့်သည် အဖြစ် ဧည့်ခံ ရတော့မယ်။

အကယ်၍ သူသာ ဒီ လူတွေနဲ့ ဆက်နွယ်လိုက်ရင် ပြဿနာက စတင်လာလိမ့်မယ်။ မီးခိုး ကြွက်လျှောက်ဖြစ်လာလိမ့်မယ်။ အကယ်၍ ပိုပြီးတော့ ထိုးနှက် ချင်လာရင် ငွေသားတွေကို ဖြုန်းတီး ပြစ်တဲ့ အကြောင်း ပြောလိမ့်မယ်။ ဒီ အတွေးတွေက သူ့ကို ချာချာ လည်စေတယ်။

“ သခင်လေး ဖန် ။ ကြွပါ။” လူရွှယ်ဟာ နောက်တစ်ခွန်းမှကို မပြောရဲတော့ပါဘူး။ သူ့ရဲ့ အလုပ်ကတော့ ဖန်ကျန်းရှီကို ပင်းယန် အိမ်တော်ကို ခေါ်လာဖို့ပဲ ပြဿနာ ဖြစ်ဖို့ မဟုတ် ဘူး။

ဖန်ကျန်းရှီက ခေါင်းငြိမ့်ပြီး လိုက်သွားတော့တယ်။ လက်ဆောင် စာရင်းကို ပေးပြီးမှာတော့ မစားမသောက်ပဲနဲ့ မပြန်နိုင် ဘူး။

ဖန်ကျန်းရှီ နောက်ဆုံးမှာတော့ အိမ်တော်ထဲကို ဝင်သွားတော့တယ်။ လူရွယ်ဟာတော့ နောက်ဆုံးမှာ သက်ပြင်းချနိုင်လိုက်တော့တယ်။

သိသားထင်ရှားတဲ့ လင်းလက်မှုဟာ သူ့မျက်လုံးထဲမှာ ပေါ်လာတော့တယ်။ တံခါးကို ဖြတ်ပြီးတဲ့နောက်မှာပေါ့။

…

ဒီ အချိန်မှာပဲ ပင်းယန် အိမ်တော်ထဲမှာတော့ မမျှော်လင့်ထားတဲ့ သက်ပြင်းချမှုတွေ အခါခါ ကြားနေ၇တယ်။

ဂိတ်တံခါးရဲ့ ညာဘက် သိပ်မဝေးတဲ့ နေရာမှာတော့ ငယ်ရွယ်ပြီး နတ်မိမယ် တစ်ပါးနဲ့ တူတဲ့ မိန်းမပျိုလေး တစ်ဦးရှိနေတယ်။ သူမကတော့ ပင်းယန်။ လက်၇ှိ အိမ်တော်သခင်ရဲ့ ချစ်ခင်မှုကို ရတဲ့ မင်းသမီးလေး ဖြစ်တယ်။

ဒီနေ့မှာတော့ ပင်းယန် ဟာ ရွှေချည်ဖောက် ပင်ပျိုပန်းတွေ ထိုးထားတဲ့ အနီရောင်ဝတ်ရုံကို ဝတ်ဆင်ထားတယ်။ သူမရဲ့ ခေါင်းမှာတော့ အနီရောင်ပိုးမျှင်ကြိုးဟာ လေနဲ့ အတူ ယိမ်းနွဲ့နေခဲ့တယ်။

ဒီ လှပတဲ့ မြင်ကွင်းဟာတော့ သခင်ကြီးတွေရဲ့စ ိတ်နှလုံးကို ဖမ်းစားနိုင်ပေမယ့် မည်သူကမှ အနားကို မကပ်ဝံ့ကြဘူး။

ဘာကြောင့်လဲ ဆိုတော့

ဒီ လှပတဲ့ သွင်ပြင်အောက်က ကြောက်မက်ဖွယ် မကောင်းဆိုးဝါးကို လူတိုင်းကောင်းကောင်း သိကြတာကြောင့်ပဲ ဖြစ်တယ်။

မီးရှို့ ။ ဓားပြတိုက်။ ဖျက်လို ဖျက်ဆီး ။ သူမ မလုပ်တာ ဘာမှ မ၇ှိဘူး။

ဒါပေမယ့်လည်း ဘယ်သူကမှ စောဒက မတက်ရဲ ကြပါ ဘူး။ သူမဟာ ရေမြေ့ရှင်ရဲ့ အကြံ ပေး တစ်ဦးလို မြင့်မားတဲ့ အဆင့်မှာ တည်ရှိတာ ကြောင့်ပဲ ဖြစ်တယ်။ သူမကို အနိမ့် ဆုံး အဆင့် အနေနဲ့ ကြည့်ရင်တောင် မြင့်မြတ်တဲ့ မိသားစုက သမီးပျိုလေး တစ်ဦး အဖြစ်မြင်နိုင်တယ်။ အခုချိန်မှာတော့ ရေမြေ့ရှင်ရဲ့ မျက်နှာကို ထောက်ထားပြီးတော့ ဘယ်သူကမှ မပြောရဲ မဆိုရဲ ဖြစ်နေတဲ့သူ ဖြစ်တယ်။

ဒီ နေ့မှာတော့ ပင်းယန်ရဲ့ တောက်ပတဲ့ မျက်ဝန်းလေးတွေဟာ ပြုံးပျော်နေကြတယ်။

ဒီ အပြုံးကို မြင်ရတာက သူ့ကို ကောင်ကောင်း သိတဲ့ သူတွေ အတွက်တော့ ဒီနေ့မှာ တစ်ယောက်ယောက်………

ပင်းယန်ကတော့ ဒီနေ့မှာ ဟာကွက်မရှိတဲ့ အစီ အစဉ် တစ်ခုကို ချထားတယ်။ လုံးဝကို ကျရှုံးဖို့ မဖြစ်နိုင်တဲ့ အစီ အစဉ် ။

သူမ အမျိုးမျိုးစမ်းသပ်ကြည့်ပြီးပြီ။ ရလဒ်ကတော့ ထင်ရှားတယ်။

မရေမတွက် နိုင်တဲ့ ရုံးတော်သားတွေနဲ့ သခင်တွေကတော့ ကံမကောင်းကြရှာပါဘူး။ သူတို့ အကုန်လုံး ကြီးမြင့်တဲ့ ရာထူးရှိတဲ့ ရုံးတော်သားတွေနဲ့ မြင့်မြတ်တဲ့ မိသားစုက သခင်တွေ ဖြစ်ကြတယ်။ အနိမ့်ဆုံးကောင်းကင်ရောင်ပြန် အဆင့် ရှိသူ တွေလည်း ဖြစ်တယ်။

ပင်းယန်ရဲ့ စစ်ဆင်ရေးအမည်ကတော့ “ချက်ကောင်းကို ထိရင် ပွဲချင်းပြီးတယ်။ ”

ဒီ အစီ အစဉ်ကတော့ အတော်လေးကို ရိုးရှင်းတယ်။

အရှိန်။ မျက်စိကန်းလောက်တဲ့ အရှိန်။ မြန်မြန် လှုပ်ရှားနိုင်လေ ကောင်းလေပဲ။ ခလုတ်တိုက်မိလောက်တဲ့ ရေပုံး ဒါမှမဟုတ် ခေါင်းပေါ်ကနေ ရေလောင်းချမယ်။ ကောင်းကင်ရောင်ပြန် အဆင့် ရောက်နေတဲ့သူတောင် မရှောင်နိုင်ရင် ဘာမှ လုပ်မရဘူး။

ဒါက တစ်ခုတည်းတော့ လုပ်လို့ရတာမဟုတ်ဘူးပေါ့။

ဒါပေါ့

မှင်သက်စေတဲ့ မန္တန်တော့ လိုတယ်။ ပင်းယန်က လူတွေကို အများဆုံး ၈ စက္ကန့်ထိ မှင်သက်သွားစေမယ့် မန္တန်ကို သုံးတယ်။

ဒါပေါ့ ။ ဒီ စွမ်းအားက နေရာ ကျဉ်းကျဉ်းမှာပဲ အလုပ်ဖြစ်တာ။ ပင်းယန် အိမ်တော်ရဲ့ ဝင်ပေါက်မှာ ပြင်ဆင်ထားပြီးတော့ ငွေသား တစ်တန် ( တန်ချိန် ) ကို ချထားလိုက်တယ်။

ရလဒ်ကပဲ ပြဿနာရှိတယ်။

ရလဒ်က ခေါင်းပေါ်ကနေ ရေလောင်းခံရတာပဲ မဟုတ် ဘူး။

ပင်းယန် လိုချင်တာကလည်း ဒီလိုမျိုး ရလဒ် မဟုတ် ဘူး။ သူမလိုချင်တာက ဖန်ကျန်းရှီ ကြွက်စုတ်လို ရေရွှဲပြီးတော့ ဆက်ဖြစ်မှာတွေကို မြင်ချင်တာပဲ။

အံ့သြ ထိတ်လန့်သွားမယ့် မျက်နှာမျိုးကို မြင်ချင်လွန်းလှပြီ။

နောက်ပြီးရင် တောင်းပန်မယ်။ အဲ့ဒီ့နောက် အိမ်တော်ထိန်းကို ပုံပျက်နေတဲ့ ဖန်ကျန်းရှီကို ဧည့်သည့်တွေကြား ခေါ်လာခိုင်းမယ်။

အဲ့ဒီ့နောက် အရာအားလုံးက တစ်ခုချင်း ပြီးမြောက်သွားလိမ့်မယ်။ လုံးဝကို ချောမွေ့တဲ့ အစီ အစဉ်ပဲ။ နောက်ပြီးတော့

တစ်ချက်တည်းနဲ့ မိမယ်။

အပိုင်း ( ၁၆၂) ပြီး၏။

အပိုင်း ( ၁၆၃)

“ နှလုံးသားကို ပူပြင်းစေသော အမှောင်ထု”

ပင်းယန်ကို ယန်မြို့တော်ကနေ နတ်ဆိုး မလေး လို့ ခေါ်ကြတာဟာ ကြင်နာ သနား စာနာတတ်မှုကြောင့် မဟုတ်တာတော့ အသေအချာပါပဲ။ အဲ့ဒီ့နောက် ပင်းယန်ဟာ မီးတောင် ဒေသမျိုးရင်း ဖြစ်တဲ့ “ သွေးနီ ချည်ကြိုး မျက်စိ တစ်လုံး ဖားပြုတ်” ကို အထူး အမိန့်နဲ့ ယူလာခိုင်းခဲ့တယ်။

ဒီ သက်၇ှိဟာ ကြောက်မက်ဖွယ်ကောင်းတယ်လို့ လူတိုင်းက သတ်မှတ်ထားခဲ့ကြတယ်။ ဒါ့အပြင် ထူးခြားတဲ့သွင်ပြင် တွေလဲ ရှိနေတယ်။ ဒီ ကောင်က ရေပူပူကို နှစ်သက်တယ်။ အပ်ချည်လို မျှင်မျှင်လေး ရှိတဲ့ သွားတွေနဲ့ ကိုက်လိုက်ရင် သူတို့ ပါးစပ်က လွတ်ဖို့ဟာ သိပ်ကို အခွင့်အရေးနည်းလွန်းတယ်။

ဒါပေမယ့်လည်း သူ့ အဆိပ်ကတော့ အသက်သေနိုင်အောင် မပြင်းထန် ဘူး။

နောက်ဆုံးမှာတော့ ပင်းယန်မှာလည်း လှည့်စား စရာ အကွက်စုံတွေ အများကြီး ရှိနေခဲ့တယ်။

သူမက ဘယ်လိုများ အလွတ်ပေးမှာလဲ။

ဒါပေမယ့်လည်း

ဒါပေမယ့်လည်း

ပင်းယန်မှာ ကြည့်ပဲ ကြည့်ပြီး မစမ်းသပ်ရသေးတာ တစ်ခုမှကို မရှိ ဘူ းဖြစ်တယ်။ ဒီ ဖားပြုတ်ရဲ့ အဆိပ်က မပြင်းထန်ပေမယ့်လည်း ကိုယ်ခန္ဒာပေါ်မှာတော့ ထူးဆန်းတဲ့အကျိုးသက်ရောက်မှု ရှိတယ်။ သူ့အဆိပ်ကို ထိမိသွားသူရဲ့ နာကျင် မှုကို ပိုပြီးတော့ တိုးစေတယ်။

တခြား တနည်းနဲ့ ပြောရမယ် ဆိုရင်တော့ တချက် ကိုက်လိုက်ရုံနဲ့ ဖေဖေ ကယ်ပါ မေမေကယ်ပါ တသွားစေရမယ်။

ဒါက ပင်းယန် လိုချင်တာပဲ ဖြစ်တယ်။

ဖန်ကျန်းရှီ မကျော်လွှားနိုင်ပဲ အော်ဟစ် ငိုယိုနေရမယ် ဆိုတာ သေချာစေဖို့ ပင်းယန်ဟာ အတော်လေးကို ကြိုးစား အားထုတ်ပြီးတော့ စမ်းသပ်ခဲ့တယ်။ ဒီ ကံဆိုးမှုကြီးကနေ လူ ဆယ်ယောက်ထက် မနည်း လက်တွေ့ အသုံးချ ခံခဲ့ရတယ်။

သနား ကောင်းတဲ့ စမ်းသပ်ခံ သူလေး တွေကတော့ ပင်းယန် အိမ်တော်က နေ ထွက်ခွာချိန်မှာ မျက်ရည်နဲ့ မျက်ခွက် ဖြစ်ကြရရှာတယ်။

“ မင်း စက်ဆုပ် ဖွယ်ရာကောင်းတဲ့ကောင်။ မင်း အဝင်လွယ်ပြီး အထွက်ခက်လိမ့်မယ်။” သူမ ကြံစည် စဉ်းစားနေတဲ့ အချိန်မှာပဲ မျက်နှာပေါ်မှာတော့ ဖုံးကွယ် မရ နိုင်တဲ့ ပျော်ရွှင်မှုက အပြုံး အဖြစ်နဲ့ ထွက်ပေါ်နေတယ်။

အခုတော့

လူရွယ်ဟာ သူမ အမိန့်ပေးထားတဲ့ အတိုင်း တံခါးကို သတိထားပြီးတော့ ဖြတ်လာတယ်။

ဒါက ဖန်ကျန်းရှီ ရောက်ပြီ ဆိုတာနဲ့ ပင်းယန် အိမ်တော် တံခါးကို ဝင်လာတယ် ဆိုတာ သေချာအောင် လုပ်လိုက်တယ်။

ပင်းယန်ကတော့ အတော်လေး စိတ် လှုပ်ရှားနေခဲ့တယ်။ သူမဟာ နှင်း ပိုးသား ချည်မျှင် ဝတ်ရုံကို ကျက်သရေ ရှိစွာ ဝေ့၀ဲလိုက်တယ်။

မြင်းတွေ ကြားက ဘုရင်။ နှင်းကြားက ကျောက်စိမ်း။

ပင်းယန်က ဒါကို အတော်လေး နှစ်သက်တယ်။ အရင်တုန်းက သူ့ရဲ့ နှင်းဖြူလေးကို ဖန်ကျန်းရှီရောင်းစားတဲ့ အချိန်တုန်းက ကန်ကျောက် နှိပ်စက်ခဲ့တယ်။ အခု လို လုပ်တာက သူကော နှင်းဖြူလေး အတွက်ပါ လက်စားချေ ပြီးသား ဖြစ်သွားစေတယ်။

နှင်းဖြူလေး ပေါ်မှာ စီးနင်းနေရင်းနဲ့ ဖန်ကျန်း၇ှီရဲ့ ခေါင်းပေါ်ကနေ ရေလောင်း ချမယ့် အကြောင်းကို ပျော်ပျော်ကြီးတွေးနေတော့တယ်။

အရှိန်နဲ့ လျင်မြန်မှုကြားက ဆက်သွယ် ချက် သခင်နဲ့ ကျွန်ကြားက ဆက်သွယ်ရေးလိုပဲ။

…

ဖန်ကျန်းရှီမှာတော့ သူကိုယ်တိုင် ထောင်ချောက်ထဲကို လမ်းလျှောက် ဝင်ဖို့ ဆိုတာ မဖြစ်နိုင်တာပဲ။ သက်လတ်ပိုင်း လူရွယ်ရဲ့ လမ်းညွှန်မှုကို လိုက်ပြီးတော့ ခန်းမကြီးထဲကို မဝင်ခင် တံခါးဝကို ရောက်လာခဲ့တယ်။

“ သခင်လေး ဖန် ဒီ လမ်းကို ကြွပါ။” လူရွယ်ဟာ လေးစားမှု အပြည့် မျက်နှာထားနဲ့ လမ်းညွှန်လိုက်တယ်။

ဒီလို ယဉ်ကျေးမှု မျိုးက မျိုးရိုးမြင့် လူကြီးလူကောင်းတွေကိုသာ ကြိုဆိုတဲ့ ဟန် ဖြစ်တယ်။ အစေခံတွေဟာ နောက်ကို ခြေတစ်လှမ်း ဆုတ်ပြီးတော့ ဂုဏ်သရေရှိ ဧည့်သည်ကို တံခါးပေါက်နေ အရင် ဖြတ်ခိုင်းစမြဲ ဖြစ်တယ်။

ဖန်ကျန်းရှီက ဒီလို ဓလေ့မျိုးကို လိုက်နာဖို့ လိုအပ်တယ်လို့ မထင်ဘူး။

ဒါက သူနဲ့ ဆိုင်တာမှ မဟုတ်တာ။

အဲ့ဒီ့နောက် သူဟာနှိမ့် ချစွာနဲ့ အရင်သွားဖို့ လက်ဟန် ပြလိုက်တယ်။

လူရွယ်ဟာ ဒါကို မြင်ချိန်မှာတော့ သူ့မျက်ၤနှာ အမူအယာ ဟာ ပြောင်းလဲ သွားတော့တယ်။ ချက်ခြင်းကိုပဲ တလေးတစားနဲ့ ကြိုဆိုပြန်တယ်. ။

ဖန်ကျန်းရှီလည်း ထပ်ပြီးတော့ မငြင်းပယ်တော့ပဲနဲ့ ခေါင်းငြိမ့် လိုက်ပြီးတော့ တံခါးကို ဖြတ်သန်းလိုက်တော့တယ်။ .

…

ကျောက်စိမ်းနှင်း မြင်းပျံပေါ်မှာ ရှိနေတဲ့ ပင်းယန်ရဲ့ မျက်လုံးတွေကတော့ တလက် လက် တောက်ပနေခဲ့တယ်။ အပြာရောင် အကျီလက်ရှည် ဝတ်ထားတဲ့ အိမ်မက်တွေထဲမှာတောင် တစ်စစီ လုပ်ပစ် ချင်တဲ့ သူကို တွေ့လိုက်ရတယ်။

မှန်တယ်။

ဒါက လုံးဝကို ဖန်ကျန်းရှီပဲ။

သူမ ကို ကျောသွားတဲ့သူ။

“ ပြေး ။ နှင်းဖြူလေး ” ပင်းယန်က အမိန့်ပေးလိုက်ရင်း သူမရဲ့ ခြေထောက် နှစ်ဖက်မှာ အားစိုက်လိုက်တယ်။ မြင်း ဇက်ကြိုးကို ကိုင်ထားတဲ့ လက်တွေကတော့ မစောင့် ဆိုင်း နိုင်တော့အောင် ဖြစ်နေတယ်။

နှင်းဖြူလေးကတော့ သူမရဲ့ သခင် အမိန့် အတိုင်း ရွေ့ချားနေတယ်။ နောက်ပြီးတော့ ထပ်ခါ ထပ်ခါ လေ့ကျင့်ထားတဲ့ အတွက် ကျွမ်းကျင် အဆင့်ကို ရောက်နေပြီ။

ခွာ လေးခုဟာ ဒုန်းစိုင်းနှင်နေတော့တယ်။

ဖန်ကျန်းရှီ ကတော့ ဒီ အချိန်ထိ တစ်ခု ခု လွဲမှားနေတာကို သတိ မထားမိသေးပါ ဘူး။ ပင်းယန် အိမ်တော်ထဲကို ဝင်လာပြီးတဲ့ နောက်မှာတော့ သူမြင်ရသမျှ အရာအားလုံးဟာ အတော်လေးကို ကြည့်လို့ ကောင်းလှတယ်။

အဲ့ဒီ့နောက်မှာတော့ မြင်းခွာသံတွေကို ကြားလိုက်ရတယ်။

အိမ်တော်ထဲမှာ မြင်းစီးနေတာလား။

ဖန်ကျန်းရှီက အသံ ကြားရာ ဘက်ကို လှည့်လိုက်တော့ နှင်းဖြူလေးကို မြင်လိုက်ရတယ်။

အဲ့လိုပဲ နှင်းဖြူလေးကလည်း ဖန်ကျန်းရှီကို မြင်တယ်။

မျက်လုံး နှစ်စုံဟာ အကြည့်ချင်းဆုံ သွားတော့တယ်။

ဖန်ကျန်းရှီရဲ့ မျက်လုံးထဲမှာတော့ စူးစမ်းလိုစိတ် အနည်းငယ် ပေါ်ထွက်လာတော့တယ်။ သူ ဒီမြင်းကို မြင်ဖူး သလို ထင်နေမိတယ်။ ဒါက ကြည့်ရတာ သူ ဈေးမှာ ရောင်းစားခဲ့တဲ့ မြင်းနဲ့ တစ်ရုပ်တည်းပဲ။

တခြား တစ်ဖက်မှာတော့ နှင်းဖြူလေးရဲ့ မျက်လုံးထဲမှာတော့ ကြောက်ရွံ့ ထိတ်လန့်မှုတွေဟာ စိတ်နှလုံးကို သစ္စာဖောက်ပြီးတော့ ပေါ်ထွက် လာခဲ့တယ်။ ရေမရောတဲ့ သန့်စင်တဲ့ ကြောက်လန့်မှု စစ်စစ်.။

မြင်းတွေရဲ့ ဘုရင် တစ်ပါးအနေနဲ့။ နှင်းဖြူလေးက အတော်လေးကို ကောင်းကောင်းမွန်မွန် ဂရုစိုက်ခံရပြီး လေးစားခံ ရတဲ့ မြင်းတစ်ကောင် ဖြစ်တယ်။ မွေးတဲ့ အချိန်တည်းက အထူးပြင်ဆင်ထားတဲ့ စိမ်းစို လန်းဆန်းတဲ့ မြက်တွေကို စားရပြီး သန့်ပေ ဆိုတဲ့ ရေကိုမှ သောက်ရတဲ့ ရွှေဘုံစံ မြင်းတစ်ကောင် ဖြစ်တယ်။

သူ့ကို ဘယ်လူသားကမှလည်း မနှိပ်စက် ဖူးသလို အော်ငေါက်တာလဲ မလုပ် ဖူးဘူး။

ဒါပေမယ့်လည်း သူ့ရှေ့ က လူကတော့ ကွဲပြားတယ်။

သူ့ကို ပထမဆုံး အော်ဟစ် ကန် ကျောက် ရိုက်နှက်တဲ့ လူသားကြီး ဖြစ်နေတယ်။ ဒါ့အပြင် သူ တတ်နိုင်သလောက် ပြန် ခုခံ တာတောင် မတွန်းလှန် နိုင် ဘူး။ အခု ချိန်ထိ ကျော ပေါ်မှာ အစင်း ရာတွေ တောင် ပျောက်သေးတာ မဟုတ် ဘူး။

ဒီ လို နာကျင်မှု မျိုးက

ပထမဆုံး အကြိမ်လို့ ဆိုရမှာ ဖြစ်တယ်။

အရိုးစွဲ နေစေတဲ့ နာကျင်မှုနဲ့ စိတ် ဒဏ်ရာ နက်နက်ကို ပေးတဲ့ နာကျင်မှု ။ ပြောနိုင်တာက နှလုံးသားထဲမှာ တစ်သက်မမေ့နိုင်တဲ့ ကြောက်မက်ဖွယ် အမှောင်ထုတစ်ခုပဲ ။

ဒါက ထင်ရှားတယ်။

ဖန်ကျန်းရှီက နှင်းဖြူလေး ရင်ထဲက ကြောက်မက်ဖွယ် အမှောင်ထုပဲ။

ထပ်ပြောရရင် စိတ်ဒဏ် ရာနက်နက် တစ်ခု။ ပိုပြီး အရေးကြီးတာက သိပ်မကြာခင်က ဖြစ်ခဲ့တဲ့ အနာတောင် မကျက်သေးတဲ့ စိတ်ဒဏ်ရာ။ ပြောရရင် မေ့ချင်ရင်တောင်မှ မမေ့နိုင်သေးတဲ့ အဖြစ် အပျက် ။

“ ရှူး။”

နှာမှုတ်သံ ဟာ ထွက်လာခဲ့တယ်။

နှင်းဖြူလေးဟာ ကြောက်လန့် တကြားနဲ့ ခြေနှစ်ချောင်းပေါ် ပတက် ရပ်လိုက်တယ်။ ဒီ ကောင်က သရဲပဲ။

ပင်းယန်က မြင်း ချစ်သူ ဖြစ်တဲ့ အတွက် သူမဟာ မြင်းစီး ကျွမ်းကျင်တဲ့သူ ဖြစ်တယ်။ ဒါပေမယ့်လည်း ဒီ အချိန်မှာတော့ သူမရဲ့ မျက်လုံးတွေက ဖန်ကျန်းရှီကိုပဲ အာရုံစိုက်နေခဲ့တဲ့ အတွက် မြင်း ဇက်ကြိုးပေါ်က လက် ဟာ လျော့ရဲ နေခဲ့တယ်။ တစ်ခြားလက်တစ်ဖက်ကတော့ ရေပုံးကိုသယ်လာတာ ဖြစ်တယ်။

ဒါပေမယ့်လည်း ဒီ အချိန်မှာ သူမ မတွေးခဲ့မိတာကတော့ သူမ ရဲ့ ချစ်လှစွာသော နှင်းဖြူလေးက ဒီလို ပတပ် ရပ်လိမ့်မယ်လို့ပဲ။

မြင်းများ သရဲခြောက်ခံ ရတာလား။

ဒါကို ဘယ်သူကများ တွေးနိုင်မှာလဲ။

ကံကောင်းစွာနဲ့ပဲ ပင်းယန်ကတော့ စိတ် တည်ငြိမ် နေခဲ့တယ်။ နှင်းဖြူလေး သူ့ရဲ့ ခွာတွေကို မြှောက်လိုက်ချိန်မှာတော့ သူမဟာ သူမရဲ့ လက်တွေကို ဇက်ကြိုးကနေ ဖြေလျော့်လိုက်တယ်။

ကံမကောင်းစွာနဲ့ပဲ။

သူမရဲ့ လက်ထဲက ရေပုံးကို မေ့သွားခဲ့မိတယ်။

ရလဒ် အနေနဲ့ ကတော့ ရေပုံးဟာ သူမ လက်ထဲကနေ ချော်ထွက်သွားပြီးတော့ လေထဲမှာ လွင့်ထွက်သွားတာပဲ ဖြစ်တယ်။

ပင်းယန်ရဲ့ လက်တွေကတော့ ဇက်ကြိုးကို ဖြေလျော့လိုက်ပြီးတော့ ကျက်သရေရှိရှိ စီးနင်းမှုကို ြပ်သမလို့ပဲ။

ဒါပေမယ့်လည်း သူမရဲ့ မြင်း ကြောင့် သူမဟာ ချော်ကျသွားခဲ့တယ်။

ဒါပေမယ့်လည်း သူမရဲ့ ကျက်သရေရှိတဲ့ ပုံရိပ်ကတော့ ရေပုံးကရေတွေ ပြုတ်ကျလာချိန်မှာတော့ ပျောက်ဆုံးသွားတော့တယ်။

ရေပုံးဟာ လေထဲမှာ နှစ်ပတ်လည်ပြီးတော့ သူမရဲ့ ခေါင်းပေါ်ကို တည့်တည့် ကျလာတာ ဖြစ်တယ်။ မျှော်လင့် ထားတဲ့ အတိုင်းပဲ ခေါင်း အစ ခြေ အဆုံး ရေတွေ ရွှဲရွှဲစိုသွားတော့တယ်။

အေးလိုက်တာ။

နှလုံးသားထဲမှာတော့ နာကျင်လာတော့တယ်။

မြင်းပေါ်ကနေ လှလှ ပပလေး ကျလာတယ်။ ဒါပေမယ့်လည်း ရေပုံးကတော့ သူမရဲ့ ပုံရိပ်ကို ဖျက်စီးလိုက်တယ်။

သူမဟာ ဖင်ထိုင်လျက် လဲကျသွားတော့တယ်။

“Thud!”

ဒါကတော့ တင်ပါးနဲ့ မြေကြီး မိတ်ဆက်သွားချိန်မှာ ထွက်ပေါ်လာတဲ့ ခပ်တိုးတိုးအသံပဲ ဖြစ်တယ်။

“ အင့်။” ပင်းယန်ရဲ့ နှုတ်ဖျားကနေ အသံ ထွက်လာတော့တယ်။ မျက်လုံးတောက်တောက်လေးတွေကတော့ အရည်တွေနဲ့ ပြည့်နှက်နေခဲ့တယ်။ ခြေဆေးရေတွေလား မျက်ရည်တွေလားဆိုတာကိုတော့ မခွဲခြားနိုင်တော့ပါ ဘူး။

ဒီ တစ်ခဏတာ အချိန်လေးမှာပဲ ပင်းယန် အိမ်တော်ကြီးဟာ ကပြောင်းကပြန် ဖြစ်သွားတော့တယ်။

ဘာကြောင့် ပင်းယန် ဒီလိုမျိုး ပြုတ်ကျသွားရလဲ ဆိုတာကို နားမလည် နိုင်ကြဘူး ဖြစ်ေ်နတယ်။ ပင်းယန်ဟာ မြို့တော်က အတော်ဆုံးသော မြင်းးစီး သမားတွေထဲက တစ်ယောက်ဖြစ်တယ်။

ဖြစ်သွားတဲ့ အရာတွေက မြန်ဆန်လှ လွန်းတာကြောင့် တုံ့ပြန်ဖို့ အချိန်တောင် မရနိုင် ဘူး ဖြစ်တယ်။

လူရွယ်ဟာလည်း စိတ်ရှုပ်ထွေးနေခဲ့တယ်။

အချိန် စာရင်း အရ ပင်းယန် မင်းသမီးက ဖန်ကျန်းရှီကို ခြေဆေးရေပုံး လောင်းချ ပြီးသား ဖြစ်နေရမှာလေ။

အခုကတော့ ဒါမျိုးလည်း မတွေ့ရပါ ဘူး။

ဒါမှ မဟုတ်။

သူတို့ မျက်စိရှေ့မှာပဲ လှုပ်ရှားမှုတွေက ကပြောင်းကပြန် ဖြစ်သွားတာလား။

အဲ့ဒီ့နောက် သက်လတ်ပိုင်း လူရွယ်ဟာ ရှေ့ကို လျှောက်သွားပြီးတော့ ပင်းယန် ခန်းမကြီးဆီကို ကြည့်လိုက်ချိန်မှာတော့

“ ပင်းယန် မင်းသမီး ပြုတ်ကျသွားပြီ။”

ဒီမှာ တစ်ခုခုများ မှားနေသလား။

ဖန်ကျန်းရှီ က သူ့နေရာမှာ သူ မလှုပ်မယှက်ရှိနေတာကို သူ ရှင်း၇ှှုင်းလင်း မြင်နေရတယ်။ ခြေတစ်လှမ်းတောင် ရှေ့ကို မတိုးဘူး။

ဒါဆို မင်းသမီး ပင်းယန်က ဘယ်လို ပြုတ်ကျတာလဲ။

မင်းသမီးနဲ့ နှင်းဖြူက ဒီ လို အခြေ အနေမျိုးကို အကြိမ်ကြိမ် ကြုံခဲ့ပြီးသား ။

လူရွယ်ဟာလည်း ရပ်တန့်နေတယ်။ ဖန်ကျန်းရှီကလည်း စိတ်ရှုပ်နေတဲ့ အမူ အယာနဲ့ ရပ်နေတယ်။ ခပ်မြန်မြန် တစ်ချက် စိုက်ကြည့်လိုက်ပြီးနောက်မှာတော့ သူ့ရှေ့က အမျိုးသမီးဟာ ဘယ်သူလည်း ဆိုတာ သူ စဉ်းစားလို့ မရပါ ဘူး။ နောက်ပြီးတော့ ဒီနေ့မှာ အဝတ်အစားတွေလဲ ပြောင်းထားတော့ သူ ဘယ်လိုမှ ကို မမှတ်မိနိုင် ဖြစ်နေတယ်။

“ ဒါက ကျွမ်းဘားမယ်လား။”

ဖန်ကျန်းရှီကတော့ ဒါကို ဖျော်ဖြေ မှု တစ်ခု လုပ်နေတာလို့ ထင်သွားတဲ့ အတွက် မရယ်ဖို့ ဆုံးဖြတ်လိုက်တယ်။ ဒီ လို အိမ်တော် ကောင်းကောင်းကြီးမှာ လာပြီးတော့ ကိုယ့် အလုပ်ကို မပိုင်နိုင်တဲ့ ဘားကျွမ်းမယ်လည်း ရှိနေသေးတယ်။ စိတ်ပျက်ဖို့ ကောင်းလိုက်တာ။

ပိုပြီး သနားစရာကောင်းတာက ခုနက မြင်း။ ဈေးမှာ သွားရောင်း ထားတဲ့ မြင်းနဲက တစ်ပုံစံ တည်းပဲ။ ဒီ သတ္တဝါက ဘယ်နေရာရောင်းရောင် ငွေသား အောင်စ ခြောက်သောင်း ၇ သောင်းလောက်တော့ ရမှာပဲ။

အပိုင်း ( ၁၆၃) ပြီး ၏။

အပိုင်း ( ၁၆၄)

“ အဆောက် အအုံ အတွင်းမှ စိတ် ကစဉ့်ကလျား ဖြစ်ြခ်ငး။”

ဖန်ကျန်းရှီက ပြုတ်ကျတဲ့ အမျိုးသမီးလေးက ဘယ်သူလဲ ဆိုတာ သိနိုင်ဖို့ အတွက် သွား ကြည့်ပေမယ့်လည်း အမျိုးသမီးငယ်ဟာ သူ့ မျက်နှာကို လက်နှစ်ဖက်နဲ့ အုပ်ထားခဲ့တယ်။ အဲ့ဒီ့နောက် အလွန်လျင်မြန်စွာနဲ့ပဲ အိမ်တော်ထဲကို ဝင်ပြေးသွားတာ ပျံသန်းသွားတဲ့ အတိုင်းပဲ။

“ အာ။ ဒီ အနံ့က။”

သနားစရာကောင်းတဲ့ ညည်းညူသံတွေက အိမ်တော်နံရံကနေ ထွက်လာတော့တယ်။

ခြေဆေးရေတွေက သူမရဲ့ ခေါင်းကနေ ခြေထောက်ထိကို တတောက်တောက် ကျဆင်းနေတာ သနားစရာတော့ ကောင်းတယ်။

အထူးသဖြင့် သူမ လဲကျသွားတဲ့ အချိန်မှာ ပေါ်လာတဲ့ အသံ ကျယ်ကြီးက …..

ဒါတွေက သူမကို တစ်ပတ်လုံး အစာ စားချင်စိတ် ပျောက်စေတယ်။

ပင်းယန်ဟာလည်း သူမရဲ့ ကိုယ်ပေါ်က ကျဆင်းနေတဲ့ ရေတွေကြောင့် နှင်းဖြူလေးကိုတောင် ဂရုမစိုက် နိုင်တော့ ပဲနဲ့ အမြန် ပြေးလာရတာ ဖြစတယ်။

ဒီ မြင်ကွင်းက မြင်ပြီး နောက်မှာတော့

ပင်းယန် အိမ်တော်က လူတွေဟာ နောက်ဆုံးမှာတော့ တုံ့ပြန် ဖို့ သတိရလာကြတော့တယ်။ အိမ်စေတွေ အစေခံတွေ ။ ဖန်ကျန်းရှီ ဘေးမှာ ရပ်နေတဲ့ လူရွယ် အပါ အဝင် တသီ တတန်းကြီးဟာ ပြေးသွားတဲ့ပင်းယန် နောက်ကို လိုက်ကြတော့တယ်။

…

ဖန်ကျန်းရှီက ဒါကို မြင်ပြီးတဲ့ နောက်မှာတော့ သတိပြန်ဝင်လာတော့တယ်။

ဘာတွေ ဖြစ်ကုန်တာလဲ။

ဘာကြောင့် လူတိုင်းက ကောင်မလေးနောက် ပြေးလိုက်သွားတာလဲ။ သူတို့ နောက်ကို လိုက်ရမှာလား။ မွေးနေ့ကကော ဘယ်နေရာမှာ လုပ်မှာလဲ။

စိတ်မရှိပါနဲ့ ။ ရေလိုက်ငါးလိုက် ပေါ့။

ဖန်ကျန်းရှီလည်း အများကြီး မတွေးတော့ ပဲနဲ့ လူအုပ်ကြီး နောက်သာ လိုက်သွားတော့တယ်။

လမ်းမှားစရာ အကြောင်းတော့ မရှိပါ ဘူးလေ။

…

ပင်းယန် လိုချင်တာကတော့ ရှင်းပါတယ်။ သူမရေလိုတယ်။ ရေသန့်သန့်လေး။

ဒီ အိမ်တော်ကျယ်ကြီးထဲမှာ ပန်းတွေ မြက်တွေ တောင်ကုန်းတွေ သစ်ပင်တွေ ရှိတယ်။ ရေလည်း ၇ှိတယ်။ ဒါပေမယ့်လည်း ရေကန်ထဲကိုတောင် ပင်းယန် ခုန် ချ လုနီးပါး ဖြစ်သွားတော့တယ်။

နောက်ဆုံးမှာတော့လည်း ဒီမှာ များပြားလွန်းတဲ့ ဧည့်သည်တွေ ရှိနေတယ်။ ပင်းယန် မင်းသမီးက သူ့ အိမ်တော် ရေကန်မှာ ကိုယ့်ကိုကိုယ် သက်သေ ဖို့ ကြိုးစားတယ် ဆိုပြီး သတင်း ထွက်လာရင် ယန်မြို့တော် ကြီး တစ်ခု လုံးရဲ့ ရယ်သွမ်း သွေးတာကို ခံရမှာ အမှန်ပဲ။

အဲ့ဒီ့နောက် ပင်းယန် ဟာ ရေချိုးဖို့ ကန် ပြင်ဆင်ခိုင်းလိုက်တယ်။

အစေခံတွေက လည်း ပင်းယန်ရဲ့ စိတ်ကို ကောင်းကောင်း သိကြ တာကြောင့် သူမ မရောက်ခင်မှာပဲ ရေတွေကို ပြင်ဆင်ထားကြတယ်။

ဖန်ကျန်းရှီကတော့ အေးအေး ဆေးဆေးပဲ လျှောက်နေတာ ။ ဒါပေမယ့်လည်း သူ့ရှေ့က အစေခံ တွေကတော့ အတော်လေးကို လောနေကြတဲ့ အတွက် သူ်လည်း မတတ်သာတော့ပဲ အရှိန်မြင့်လိုက်၇တယ်။

သိပ်မကြာခင်ပဲ လိုက်မှီလာတယ်။

“Thump!”

အဆောက် အအုံတံခါးတွေ ဟာ နောက်ဆုံးမှာတော့ ဧည့်သည်တွေရဲ့ ရှေ့မှာတင်ပဲ ပွင့်လာတော့တယ်။

အဲ့ဒီ့နောက် မှာတော့ အစေခံတွေနဲက အစောင့်တွေဟာ တစ်ယောက်ကို တစ်ယောက် ထပ်ဆင့်ပြီးတော့ ဒူးထောက်နေကြတယ်။

ပင်းယန် ဟာလည်း ထွက်ပေါ်လာတော့တယ်။

သူမ မိသ်လိုက်တဲ့ တစ်ခု တည်းသော အရာကတော့ သူမရဲ့ နောက်မှာ တစ်ယောက်ယောက် ပါလာတယ် ဆိုတာပဲ ဖြစ်တယ်။

အဲ့ဒီ့ တစ်စုံ တစ်ယောက်ကတော့ ဖန်ကျန်းရှီ ဖြစ်တယ်။

လမ်းတစ်လျှောက်လုံးမှာ ဧည့်သည်တွေကို များသည်ထက် ပိုများများ တွေ့လာခဲ့တယ်။ ဒါကြောင့် ဒီ လူအုပ်ကြီးနဲ့ လိုက်လာ ရတာကို ဖန်ကျန်းရှီ အတော်လေးကို ကျေနပ်နေခဲ့တယ်။

သူ သိချင်နေတာလည်း ရှိတယ်။ ဘာ်ကြောင့် အမျိုးသမီး လေးက သူ့ကို အခန်းကြိးထဲကို သွားတဲ့ တံခါးထဲကို ခေါ်သွားလဲ ဆိုတာပဲ ။ မွေးနေ့ပွဲက ခန်းမကြီးထဲမှာ ကျင်းပမှာ မဟုတ် ဘူးလား။

အထဲခန်းထဲကို များ ပြောင်းသွားတာလား။

ဒါမှ မဟုတ် ဒီ အတွင်းခန်းက နေရာခွဲ တစ်ခုလား။

ဖန်ကျန်းရှီကတော့ ဒီ လောကကို နားကို မလယ်နိုင် ဖြစ်နေတယ်။ သူ ဒီကို ရောက်နေတာ စားဖို့ သောက်ဖို့လေ။ လူတွေနဲ့ လိုက်လာပြီး ငြိမ်ငြိမ်လေး ထိုင်တယ်။ အစားအေသာက် လာချဖို့ စောင့် နေတာ ဖြစ်တယ်။

အစေခံ တွေနဲက အစောင့်တွေကတော့ ဒူးထောက်နေကြတာ ခေါင်းတောင် မဖော်ဝံ့ကြ ဘူး။ ဒါကြောင့် ဖန်ကန်းရှီ သူတို့ နောက်ကို ရောက်လာမှန်း သိတောင် မသိလိုက်ကြဘူး။

မျက်စိ တစ်လုံး ဖားပြုတ်ဟာလည်း ပဲ အစေခံ နှစ်ဦး သယ်ဆောင် လာတာကိုတွေ့လိုက်ရတယ်။ သူတို့မှာလညး သူတို့ နောက်ကို ဘယ်သူ လိုက်လာလည်း ဆိုတာ တွေးမိဖို့ အချိန်ရှိကြဟန် မတူပါ ဘူး။

ပင်းယန် ရဲ့ စိတ်ထဲမှာလည်း ရေချိုးဖို့ အတွက် သာ အာရုံ ရောက်နေ ဟန်ပါပဲ။

ဒါကြောင့် သူမ နေတဲ့ အတွင်းခန်းထဲကို ရောက်လာတာနဲ့ တပြိုင်နက် အဝတ်အစားတွေကို တစ်လွှာချင်း ချွတ်လိုက်တော့တယ်။

အနံ့ ကတကယ့်ကို ဆိုးလွန်းလှတယ်။

ဒါကို နောက်ထပ် မခံ နိုင်တော့ ဘူး။

အပေါ်က အနီရောင် ဝတ်ရုံကို ခွာချပြီးတဲ့ နောက်မှာတော့ အတွင်းပိုင်း ပိုးသား ဝတ်ရုံကို ချွတ်လိုက်တော့တယ်။ ပင်းယန် ဟာ ဒါတွေကို လုပ်နေတာ လျှပ်စီး လက်သလို လျင်မြန်လှတယ်။ ဒီ အချိန်မှာတော့ သူမ ဟာ စိတ်ရှည်ခြင်းတွေ အကု် ပျောက်ဆုံးနေပြီပဲ ဖြစ်တယ်။ သူမရဲ့ အစေခံ တွေ အဝတ်အစား ချွတ်ပေးတာကို တောင် မစောင့် နိုင်တော့ ဘူး။

စိတ်မကောင်း စွာနဲ့ပဲ ဖန်ကျန်း၇ှီက သူ့ နောက်မှာ ရှိနေတယ်။

ငလူး။ ဘာတွေ လဲ ဟ ။ ငါက ဒီ ကို စားဖို့ သောက်ဖို့ လာနေတာလေး။ မင်းက ဘာလိ့ အဝတ်အစားတွေ ချွတ်နေတာလဲ ။

ဒီ မြင်ကွင်းတွေက ကလေးတွေ မြင်ဖို့ သင့်တာ မဟုတ် ဘူး။ သူ့ရဲ့ ရင်ထဲမှာတော့ ပြင်းထန်တဲ့ ရင်ခုန်သံ စည်းချက် လှိုင်းတွေက လွင့်မျောနေတော့တယ်။ ဒီ လို မျိုး မြင်ကွင်းကို ဆက် မကြည့်နိုင် ဘူး။

ပင်းယန် အိမ်တော်က မမလေးက သူ့ကို ငွေသားတွေ ပထမဆုံး ပေးတယ်။ အခုတော့ လည်း အတွင်းခန်းထဲကို ခေါ်လာပြီးတော့ သူနဲ့ နီးကပ်အောင် လှည့်စားနေပြန်ပြီ။

ဒီ စားသောက်ပွဲကို လာတာ ဘယ်လိုနည်းနဲ့မှ ထောင်ချောက်ထဲ အရောက် မခံ နိုင် ဘူး။

“ မင်း ။ နတ်ဆိုး မ ရပ် လိုက် တော့။ ဒီ လူ ကြီး လူကောင်းက ဒီလို အမျိုးအစားထဲ မပါ ဘူး။” ဖန်ကျန်းရှီရဲ့ ဟိန်းထွက် လာတဲ့ အသံ ဟာ အမျိုးသမီးငယ်ရဲ့ နတ်ဆိုး အငွေ့အသက်တွေကို သူ့ရဲ့ တရားမျှတမှု အလင်းနဲ့ ဖုံးအုပ် ပြစ်ချင်နေတဲ့ ပုံပဲ။

ပင်းယန် ကတော့ တောင့်ခဲ သွားတော့တယ်။

လှုပ်ရှားနေကြတဲ့ အစေခံ နှစ်ဦးဟာလည်းပဲ ချက်ချင်းကို ရပ်တန့်သွားတော့တယ်။

မျက်လုံးသုံးစုံ ဟာ လည်သွားတော့တယ်။

အဲ့ဒီ့နောက် သူတို့အကုန်လုံးဟာ ပင်းယန် နောက်မှာ ရောက်နေတဲ့ သူကို တွေ့လိုက်တာကြောင့် သူတို့ ကိုင်ထားတဲ့ ချန်ှရှန်း ဟာ လွင့်သွားတော့တယ်။

“ ဖန်ကျန်း ၇ှီ ”

အစေခံ နှစ်ဦးဟာလည်း ပါးစပ် အဟောင်းသား ဖြစ်နေတော့တယ်။

ပင်းယန်ရဲ့ မျက်နှာဟာတော့ ဖြူဖျော့်နေတော့တယ်။ ဒါကို ဘယ်လိုပဲ တွေးတွေး ဘာကြောင့် ဖန်ကျန်းရှီက သူရဲ့ အခန်းထဲကို ရောက်လာလည်း ဆိုတာ နားမလည် နိုင်ကြ ဘူး။

ဒါပေါ့။ ပိုပြီး အရေးကြီးတဲ့ အချက်ကတော့ အရေးကြိးဆုံး အချက်ကတော့ ။

သူမ အဝတ်မဲ့နေတယ်။

သူမရဲ့ ခေါင်းကို လှည့်လိုက်ချိန်မှာ ကိုယ်ဟာလည်း လှည့်ပြီးသာ ဖြစ်သွားခဲ့တယ်။

ဖန်ကျန်းရှီကလည်း ဒီ လို မြင်ကွင်းမျိုးကို မြင်ရမယ်လို့ မထင်ထားမိ ဘူး။ ဒါပေမယ့်လည်း သူလုပ်ခဲ့ပြီ။ လက်မထပ်ရသေးတဲ့ အမျိုးသမီးလေးရဲ့ ကိုယ်ကို ကြည့်မိခဲ့ပြီ။

“ အားးးးး။ နင်။။။။။ သောက်ကျင့် မကောင်းတဲ့ကောင်” ပင်းယန်ဟာ ချက်ခြင်း မတုံ့ပြန် နိုင်တာကြောင့် တွေ့ရာ ပစ္စည်းနဲ့သာ ကောက်ပေါက်တော့တယ်။

အဲ့ဒီ့နောက်မှာတော့ သူမ ဟာ ပုန်းကွယ်ဖို့ နေရာကိုရှာလိုက်တယ်။

ဒါကြောင့်

သူမ နောက်မှာ ရှိနေ်တဲ့ အစေခံ နှစ်ဦး တိတ်တဆိတ် ရပ်နေတဲ့ ရေကန်ထဲကို ခုန်ချလိုက်တယ်။

ပင်းယန် လ်ည်း အများကြီး မတွေးမိ ဘူး။

အစေခံတွေလည်း ကြက်သေသေသွားကြတော့တယ်။ ဒါက ရေကန်ထဲမှာ ဖားပြုတ်၇ှိနေတယ် ဆိုတဲ့ အဓိပ္မာယ်ပဲ ဖြစ်တယ်။

နောက်တော့ မျက်စိ တစ်မှိတ် အတွင်းမှာပဲ ခုန်ချသွားတဲ့ နတ်သမီးလေး ဟာတော့ ……..

အစေခံ နှစ်ဦးဟာတော့ ဖန်ကျန်းရှီကို မြင်လိုက်ရတဲ့ အတွက် ကြောက်ရွံ့ နေတာ ဖြစ်ကြတယ်။

ပင်းယန်ကို တားချင်ပေမယ့်လည်း မမှီလိုက်ကြ ဘူး။

ဒါပေမယ့်လည်း ပင်းယန် ရေကန်ထဲကို ဝင်လိုက်ချိန်မှာတော့ သူမရဲ့ ခြေထောက်အောက်မှာ အေးစက် ကျိချောတဲ့ အရာကို ခံစားလိုက်ရတယ်။ ဒီ အရာက သူမရဲ့ ဒူးခေါင်းကို ကိုက်လိုက်တယ်။

“ အားးးး”

ပထမဆုံးအနေနဲ့ ပင်းယန် ဟာ ဖေဖေ မေမေ အော်ရလောက်အောင် နာကျင် မှု ဟာ ဘာလဲ ဆိုတာ ကောင်းကောင်းကြီး သဘော ပေါက်သွားတော့တယ်။

ပထမဆုံး အနေနဲ့ ဘာကြောင့် ကောင်းကင် ရောင်ပြန် အဆင့် ရုံးတော်သားတွေနဲ့ လူငယ်တွေ မျက်ရည် မျက်ခွက်နဲ့ အော်ဟစ် ငိုယိုကြတာ ဘာကြောင့်လဲ ဆိုတာသိသွားတော့တယ်။

နာကျင်မှုဟာ အရိုးကွဲမတတ် ။

အသည်းခိုက်အောင် နာတယ်။ နှလုံးသားကို ဓားနဲ့ တလွှာချင်းမွှန်းနေ သလိုမျိုး။

သူမရဲ့ ဦးနှောက်နဲ့ ဝိဉာဉ်ကို တမြေ့မြေ့ လောင်မြိုက်နေသလိုပဲ။

ဖားပြုတ်နီ ရဲ့ ပြိုင်ဘက်ကင်း မှု။ တပြိုင်နက်ထဲမှာပဲ နာကျင်မှု ပြည့်ပြည့် ၀၀ ခံစားရစေနိူင်တဲ့ သတ္တဝ်ါ။

အခုတော့ သူမ လုပ်ချင်တာက ငိုချင်တာပဲ။

သူမမှာ လုပ်စရာ ကျန်တဲ့ နောက်ဆုံးတစ်ခု တည်းသော အရာကတော့ ရေချိုးကန်ထဲကနေ ခုန်ထွက်ရမှာပဲ။

လုပ်ကို လုပ်ရတော့မယ်။

သူမနားမှာ ငါးမန်းတွေ လာနေသလိုပဲ

သူမခုန်လွှားလိုက်တယ်။

ဖန်ကျန်းရှီရဲ့ မျက်လုံးတွေကတော့ မှိတ်ထားတော့တယ်။

သူတွေးထားတာ ရေကန်ထဲကို ခုန်ချသွားတဲ့ အတွက် ဒီကောင်မလေးက အရှက်အကြောက် ၇ှိမယ် ပေါ့်။ အခုတော့

ကြည့်ရတာ ။ရေကန်ထဲကနေ ပြန်ခုန်ထွက်လာတာ ။

ဖန်ကျန်းရှီကို သူ့စိတ်က သတိပေးနေတယ်။

ဒါပေမယ့်လည်း ဒီ မြင်ကွင်းကတော့အတော်လေးကို လှပတယ်။ ဒီလို ခြောက်ပစ်ကင်းတဲ့ ကောက်ကောင်းအလှ အထူးသဖြင့် ခြေထောက် ချလိုက်တဲ့ အချိန် ။ ခြေဖဝါးလေးနဲ့ မြေပြင်ကို ထိသွားချိန်မှာ။

မူးနောက်စေတယ်။

တစ်ခုတည်းပဲ။

ဘာကြောင့် ဒီ အမျိုးသမီးက နောက်ကျောကိုပဲ ပြနေတာလဲ။

ဖန်ကျန်းရှီရဲ့ မျက်လုံးတွေက အာရုံစိုက်လိုက်ချိန်မှာတော့ ။ အမျိုးအမည် မသိတဲ့ သက်ရှိကိုတွေ့လိုက်ရတယ်။ ဒါပေမယ့်လည်း ကန်လင်းတောင်က အတွေ့အကြုံ တွေကတော့ ဒါက ကောင်းတဲ့ အရာ မဟုတ်မှန်း သိနေတယ်။

ပင်းယန် ဒုတိယ အချိန် ကန်ထဲက ထွက် လာချိန်မှာတော့ သူတို့ နှစ်ဦးကြားက အကွာ အဝေး နီးလာတော့တယ်။ အလင်းရောင် တစ်ချက်နဲ့ အတူ ကျောက်စိမ်းဖြူ ဓား တစ်လက် ထွက်လာတော့တယ်။

“Kach!”

ဓားဟာ နှစ်ချောင်းကွဲ သွားပြီးတော့ ဖားပြုတ်နီရဲ့ ဘဝကို အဆုံးသတ်သွားစေတယ်။

ဖန်ကျန်ရှီက ဒါမျိုးကို ကြုံလာရရင်တွေေ၀ ချင်း မရှိ ဘူး။

ပင်းယန်ကတော့ အံ့သြမှင်သက်ေ်နတယ်။

အခု ချိန်မှာ ဖန်ကျန်းရှီက သူနဲ့ နီးကပ်လွန်းလို့ မျက်နှာပေါ်က မျက်တောင်တွေတောင် အသေးစိတ် မြင်နိုင်တဲ့။ အငွေ့အသက်တွေကို ခံစားနိုင်တယ်။

“Wah!”

မထင်မှတ် ထားလောက် အောင်ပဲ ပင်းယန်က ငိုနေခဲ့တယ်။ ဒီ တစ်ကြိမ်မှာတော့ သူမ တကယ့်ကို အော်ဟစ်ငိုယိုနေတာ ဖြစ်တယ်။ သူမရဲ့ မျက်လုံးတောက်တောက်လေးတွေမှာ မျက်ရည်တွေနဲက ပြည့်နှက်နေခဲ့တယ်။

ဖန်ကျန်းရှီကတော့ စိတ်ထဲရှုပ်လာတယ်။

သူက ကူညီနေတာလေ။ ဘာကြောင့် သူမက အကိုက်ခံရတုန်းမှာ မငိုပဲ အခုမှ ငိုနေတာလဲ။

သူ တွေးလိုက်ပြီးတဲ့နောက် သူ့ခြေထောက်အောက်မှာ တစ်ခုခု ရောက်နေသလို ခံစားမိလိုက်တယ်။

အောက်ကို ငုံ့ ကြည့်လိုက်တော့။

“အမလေး။”

ဖန်ကျန်းရှီရဲ့ မျက်နှာက နီရဲသွားတော့တယ်။ သူမရဲ့ ခြေထောက်ကို တက်နင်းထားမိတာပဲ။

“ အာ။ တောင်းပန်ပါတယ်။ တောင်းပန်ပါတယ်။ မတော်တဆ ဖြစ်တာပါ။ မတော်တဆ ဖြစ်တာပါ။ မတော်တဆ တက်နင်းမိတာပါ။” ဖန်ကျန်းရှီက တောင်းပန်လိုက်တယ်။ အဲ့ဒီ့နောက်မှာတော့ မျက်စိ တမှိတ် အတွင်းမှာပဲ သူဟာ လှည့်လိုက်ပြီးတော့ ပြေးသွားတော့တယ်။ သူ့နောက်မှာတော့ မီးခိုးကြွက်လျှောက် ကျန်ခဲ့တော့တယ်။

အခုတော့ သူက အပြစ်ပြုမိသူ ဖြစ်သွားပြီ ။ ဒီနေရာမှာ ကြာကြာ မနေတာ ပိုပြီးတော့ ကောင်းလိမ့်မယ်။

ဥပမာ အနေနဲ့ ဖန်ကျန်းရှီ လွတ်လာချိန်မှာပဲ နားတောင် အူသွားစေတဲ့ အသံဟာ ခန်းမ ထဲကနေ ပျံ့နှံ့လာပြီးတော့ ပင်းယန် အိမ်တော်ထဲကို ရိုက်ခတ်လာတော့တယ်။

“ ဖန်ကျန်းရှီ ။ ငါ နင့်ကို သတ်မယ်။ ”

အပိုင်း ( ၁၆၄ ) ပြီး၏။

အပိုင်း ( ၁၆၅)

“ ကွင်းပြင်ထဲက ကိစ္စရပ်”

ဒီ အတွင်းခန်းထဲက အိပ်ခန်းဟာ ပင်းယန် အသေအချာ ရွေးချယ်ထားတဲ့ နေရာ ဖြစ်တယ်။ သူမ ရွေးချယ်ထားတဲ့ နေရာ က မွေးနေ့ ပွဲ ကျင်းပမယ့် နေရာနဲ့ သိပ်မဝေးလှဘူး ဖြစ်တယ်။

ဒီ အခန်းက ဖန်ကျန်းရှီ နာကျင်စွာ အော်တဲ့ အသံကို ကောင်းကောင်း ကြားနိုင်အောင် ပင်းးယန်က တံခါးတွေကိုပါ သေချာ ပြင်ဆင်ထားတာ ဖြစ်တယ်။

ဒါကြော်င့ ပင်းယန်က အော် လိုက်ချိန်မှာတော့ မွေးနေ့ပွဲကို ရောက်ရှိနေကြတဲ့ သူတွေ အကုန်လုံး ကောင်းကောင်းကြားနိုင်တယ်။

ဥပမာ အားဖြင့် သွမ့်အရှင် လင်းရှင်းကြွယ် ။ နောက်တစ်ဦးကတော့ တော်ဝင်ကျောင်းတော် စာမေးပွဲ အဓိက သတင်းပို့သူ ဟန် ချန်ဖုန်း

အခြား ကွင်းပြင် တစ်ခုမှာ သင်ကြားနေတဲ့ ချီကူယန် တောင်မှ ပင်းယန်ရဲ့ အော်သံကို ကြားလိုက်ရတယ်။ သူမရဲ့ မျက်လုံးလေးတွေဟာတော့ ပင်းယန်ရဲ့ အခန်း ဆီကို စူးစမ်း လိုဟန် နဲ့ ကြည့်ေ်နတယ်။

“ အရှက်မရှိတဲ့ သူခိုးကောင်။ ပင်းယန်ကို ဘာလုပ်လိုက် ပြန် တာလဲ။”

သူမရဲ့ ပထမဆုံး အတွေးကတော့ ဖန်ကျန်းရှီ နဲ့ ပင်းးယန် ပြဿနာ တက်တာပဲ ဖြစ်တယ်။ ဒါက သူမ ကြိုတင်ခန့်မှန်း ထားတဲ့ အရာ တစ်ခုပဲ ဖြစ်ခဲ့တယ်။ ဒါက ပင်းယန် စိတ်ဖိစီးမှု များပြီး အော်ငို လိမ့်မယ်လို့ သူမ ထင်ထားခဲ့ပြီးသားဖြစ်တယ်။

သွမ့် အရှင်နဲ့ ဟန်ချန်ဖုန်းတို့ကတော့ ပင်းယန်ရဲ့ငိုသံကို ကြားချိန်မှာတော့ တစ်ယောက်ကို တစ်ယောက် ကြည့်လိုက်ကြတယ်။ သူတို့ နှစ်ဦးရဲ့ မျက်လုံးထဲမှာတော့ တယောက်ကို တယောက်က သတ်ဖြတ်လို တဲ့ အရိပ်အယောင်တွေ ပြည့်နှက်နေခဲ့တယ်။

တခြားသော ဧည့်သည်တောတွေ အတွက်တော့ သူတို့ အားလုံး ဟာ အိပ်ခန်းရဲ့ ဆန့်ကျင်ဘက် နေရာမှာ ရှိနေတာ ဖြစ်တယ်။

ဒါကြောင့် အတွင်း ခန်း ကွင်းပြင်မှာ ဒူးထောက်နေတဲ့ အစောင့်တပ်တွေ အိမ်စေတွေနဲ့ အစေခံတွေ ကို သာ မြင်နိုင်ကြတယ်။

ဘာတွေ ဖြစ်နေလဲ ဆိုတာတော့ သူတို့ မသိကြ ပါဘူး။

ဒါပေမယ့်လည်း။

သူ တို့ အသေအချာကို ကြားလိုက်တာကတော့ ။ “ဖန်ကျန်းရှီ ။ ငါ နင့် ကို သတ်မယ်။” ဆိုတာပဲ ဖြစ်မယ်။

အဲ့ဒီ့နောက် သူတို့ရဲ့ မျက်လုံးတွေကတော့ အပြာရောင် ချန်ရှန်းစကို ဝတ် ဆင်ထားတဲ့ တံခါးပေါက် မှာ ရပ်နေတဲ့သူကို ကြည့်လိုက်ကြတယ်။ ဒီ လူက ဖန်ကျန်းရှီပဲ ဖြစ်တယ်။

…

ဖန်ကျန်းရှီက အတွင်းခန်း ထဲက နေ ခုမှ လွတ်မြောက်လာတာ ဖြစ်တယ်။ သူ တကယ်ပဲ သိချင် မိတာက အတွင်းခန်းထဲက အမျိုးသမီးက ဘယ်သူလည်း

ဘာလို့ သူ့နာမည်ကို သိနေတာလဲ။

သူ့ကို သိလို့လား။

ဒါကိုတွေးနေတဲ့ အချိန်မှာပဲ သူတွေ့ခဲ့တဲ့ အမျိုးသမီး ငယ် အကြောင်းကို ပြန် စဉ်းစားနေတယ်။ သူမကို အရင် က တွေ့ ဖူးလို့လား ဆိုတာ မသေချာနိုင် ဖြစ်နေတယ်။ ဒီ လို ကြည်ရှင်းတဲ့ မျက်လုံးတွေကတော့ ရင်းရင်း နှီးနှီး မြင်ဖူးတာ သေချာတယ်။

ဒါပေါ့။ ဖန်ကျန်းရှီမှာ ဒီ လို အရာ မျိုး အတွက် အချိန်ပေးစရာ အကြောင်းတော့ မရှိ ဘူး။

ပိုြပ်ီးတော့ ဖိအားများစေတဲ့ ကိစ္စဟာ သူ့ရဲ့ မျက်စိ ရှေ့မှာ ဖြစ်လာနေပြီ။

ကွင်းပြင်မှာ အိမ်စေတွေ။ အစေခံတွေနဲ့ အစောင့်တွေ ရာချီပြီး ဒူးထောက်နေကြတာ ပဲ ဖြစ်တယ်။

ဒီ လူတွေက သူ့ကို ဒူးထောက်ေ်နတာတော့ မဖြစ်နိုင် ဘူး။

ဒါဆို…….

ဖြစ်နိုင်ချေ က တစ်ခုပဲ ရှိတယ်။ သူတို့က အခန်းထဲက အမျိုးသမီးလေးကို ဒူးထောက်ေ်နကြတာ။

ဒါက ရှင်းပါတယ်။ ယန်မြို့တော်မှာ အတော်လေး လည်ပတ် ပြီးတဲ့ နောက်မှာတော့ ဒီ လောက က လူတွေ ဟာ မျိုးနွယ် ခွဲခြား မှုကို အတော်လေး ပြင်းပြင်းထန်ထန် ယုံကြည်တယ် ဆိုတာ သူ သဘောပေါက်သွားတယ်။

အရှေ့တံခါးက အဖြစ်ကို သတိ ရသွားပြီးနောက်မှာတော့ အမျိုးသမီး ငယ်ဟာ သူမရဲ့ မြင်းပေါ်ကနေ ပြုတ်ကျသွားတဲ့ အတွက် လူတိုင်း ဟာ အပြစ် ရှိသလို ခံစားနေရတာ ဖြစ်ယတ်။ နောက်ပြီးတော့ ဒါကို ဖြေ၇ှင်းဖို့အတွက် လူတိုင်း ဟာ သူတို့ အသက်ဘေး ကို ကာကွယ်ဖို့ ပြေးလွှား လိုက်လာ ကြတာ ဖြစ်တယ်။

အဲ့ဒီ့ အချိန် တုန်းကတော့ သူက ဒါကို များများ စားစား မတွေးမိ ခဲ့ ဘူး။ သူတွေး မိခဲ့တာ က အမျိုးသမီးငယ် မြင်းပေါ်က ပြုတ်ကျ တာကြောင့်ရှက်သွားတာပဲ ဖြစ်ရမယ် လို့။ ဒီ အစေခံ တွေကလည်း မွေးနေ့ပွဲ အတွက် ပြင်ဆင်ဖို့ အလုပ်များနေကြတာ ဖြစ်မယ်။ ဒါကို ပြန်တွေးပြီး တဲ့ နောက်မှာတော့ ဒီ အခြေ အနေနဲ့ ပတ်သက်ပြီးတော့ သူ တစ်ခုခုကို နားလည်သွားတယ်။

ဒီ အမျိုးသမီးက ကျွမ်းဘားမယ် မဟုတ် ဘူး။ သူမက တကယ့်ကို ပင်းယန် အိမ်တော်ရဲ့ မမလေးပဲ ဖြစ်တယ်။

ဒါက သူ့ မျက်စိ က အဖြစ်အတွက် အသင့်လျော် ဆုံး သော အဖြေပဲ ဖြစ်တယ်။

အဲ့ဒီ့နောက်မှာတော့ တိကျတဲ့ အခြေအနေက နောက်ဆုံး ဒီလူတွေက အမျိုးသမီးငယ် ပြုတ်ကျတာကြောင့် အပြေးအလွှား လိုက်လာကျတာပဲ ဖြစ်တယ်။ နောက်ဆုံးမှာတော့ အတွင်း ခန်းထဲ ရောက်ပြီးနောက်မှာ သူတို့ အားလုံးဟာ ဒူးထောက်နေကြပြီးတော့ မထ ဝံံ့ ကြတာပဲ ဖြစ်တယ်။

သူတို့ ဟာ ချက်ခြင်းကို စုဝေးလာကြတာ ဖြစ်တယ်။

ဒီ လို အခြေအနေ ပုံစံတွေက လေ့ကျင့်မှု ။ ဒီလူတွေ အကုန်လုံးက သူတို့ ရဲ့ သခင်မလေးကို ကာကွယ်တာ ကျ၇ှုံးမှု အတွက် အပြစ် ပေးခံ ဖို့ အဆင့် သင့် ဖြစ်ပြီးတော့ စောင့်ဆိုင်းနေတဲ့ ပုံစံပဲ ဖြစ်တယ်။

သူတို့ရဲ့ သခင်မလေးက အိမ်တော်ထဲမှာ ပြုတ်ကျတယ်။

သူတို့ရဲ့ ကာကွယ်မှု ကို အပြည့်အ၀ မလုပ်နိုင် ခဲ့ဘူး။

ဒါက ပြစ်မှုပဲ။

ဒီ လောကမှာ သခင်တွေ သူ့ ဘာသူ ပေါ့လျော့လို့ မြင်းပေါ်က ပြုတ်ကျရင်တောင်မှ အစေခံတွေ လက်ပါးစေတွေက ဒူးထောက်ပြီး ခွင့်လွှတ်ဖို့ တောင်းခံ ကြတယ်။ သူတို့ရဲ့ ရည်ရွယ်ချက်ကတော့ တာဝန် မကျေ ပွန်တဲ့ အတွက် သူတို့ရဲ့ သခင်တွေ စိတ်မဆိုးစေဖို့ပဲ ဖြစ်တယ်။

ဒါက မျိုးရိုးမြင့်နဲ့ မျိုးရိုးနိမ့်ကြားက အဆင့်ခွဲခြားမှုပဲ။

ဖန်ကျန်းရှီကတော့ ဒီလို လူမှု အခြေ အနေကို သဘောမကျ လှဘူး။ ဒီလို လူမှုရေးကြီးမှာ ဆိုရင် အတော်ဆုံးသော အစေခံတွေ တောင်မှ သူတို့ သခင်တွေ စိတ်မကြည်ရင် အသက် ဆုံးရှုံးနိုင်တယ်။

အကြောင်းပြချက် တစ်ခု လေးတောင် မ်လိုပဲနဲ့။

သူ့လို တောရွာက ကောင်လေး လည်း အတူတူပဲ။

သူပိုင်ဆိုင်ထားတဲ့ အရည်အချင်းတွေ ကြောင့်သာ မဟုတ် ရင် ဒီ မြင့်မြတ်ဂုဏ်ခံ မိသားစုက သူတွေနဲ့ အဆင့်မြင့် ရုံးတော်သားတွေက သူ့ကို အသိ အမှတ်ပြုမှာကို မဟုတ် ကြ ဘူး။ သူတို့ နဲ့ အဆင့် တူတယ်လို့လည်း သတ်မှတ်ကြမှာ မဟုတ် ဘူး။ ဒါက အရိုးစွဲနေတဲ့ ဓလေ့ ထုံးတမ်းကြီးပဲ ။

ဘယ်တော့မှ ဘယ်တော့ ဆို ဘယ်တော့မှ မြင့်မြတ် ဂုဏ်ခံ မိသားစုက လူတွေက အဆင့်တူ သတ်မှတ်ချက်ကို လက်ခံမှာ မဟုတ် ဘူး။

လူတွေ ခွေးကို မြင်တဲ့ အမြင်လိုမျိုးပဲ။ ခွေးက ဘယ်လောက်ထိ ထူးချွန်ပါစေ။ ဒါက ခွေးတစ်ကောင်ပဲ။ လူတွေ အတွက်တော့ အတော်လေး တော်တဲ့ ခွေး တစ်ကောင် ဖြစ်ရုံပဲ ရှိမယ်။ သူတို့ကို လူ အဖြစ်တော့ သတ်မှတ်မှာ မဟုတ် ဘုူး။

မြင့်မြတ် ဂုဏ်ခံ မိသားစုတွေ ရဲ့ မျက်လုံးထဲမှာတော့ တော်ရွာသားတွေ သာမာန်လူတွေက လူတွေရဲ့ ခွေးပေါ် ထားတဲ့ အမြင်နဲ့ မကွာခြား ဘူး။

ဖန်ကျန်းရှီလည်း ဒီ နိယာမကို နားလည်တယ်။ တောင်ဘက်တောင်ရွာ အရင် သူကြီး မုန့်ပိုင်နဲ့ လီကျွမ်းစီတို့လည်း ဒါကို နားလည်တယ်။ ဒါကြောင့် တာအို နိယာမ စာမေးပွဲကို ဖြေခွင့် ရဖို့ အစွမ်းကုန် တိုက်ခိုက်ခဲ့တာပဲ ဖြစ်တယ်။

တာအို နိယာမ စာမေးပွဲကို အောင်မြင်ပြီးတော့ တော်ဝင်ရုံးတော်ကို ဝင်ခွင့်ရတာက လူအများကြားက ထိပ်တန်းရောက်သူတွေပဲ လုပ်နို်င်တာ ဖြစ်တယ်။

ဒါပေါ့ ဖန်ကျန်းရှီ ရဲ့ အမြင်ကတော့ ဒီ လူတွေ နဲ့ ကွာခြားတယ်။ သူ ဒီ လောက နိယာမကို နားလည် ပေမယ့်လည်း ဒါကို လက်ခံ တယ်လို့တော့ မဆို လို ဘူး။ တော်ဝင် ရုံးတော်ကို ဝင်ခွင့်ရဖို့ ဆိုတာကတော့ လက်ဝဲ ဘက် အတွေးအခေါ် ဆန်တယ်။ ရုံးတော်သားတွေရဲ့ စိတ်ဓာတ အမှောင်တွေ နဲ့လည်း သက်ဆိုင်တယ်။

သူနားလည်ဖို့ လိုတဲ့ အတွေ့အကြုံ ရှိဖို့ လိုတဲ့ တစ်ခုခု ဆိုတာလည်း မရှိ တော့ဘူး။

အဲ့ဒီ့နောက်

အစ ကနဦးပိုင်းတည်းက ဖန်ကျန်းရှီ်ဟာ တာအိုနိယာမ စာမေးပွဲကို အောင်မြင်အောင် လုပ်ပြီးတော့ “ ဘွဲ့ ထူး ဂုဏ်” ဒီ လောကမှာ ရဖို့ နဲ့ မိန်းမ တစ်ယောက်ရှာယူပြီၤးတော့ အိမ်ပြန်ပြီး အေးအေးဆေးဆေးနေမယ့် အစီ အစဉ်ရှိခဲ့တယ်။

လွယ်ကူအေးဆေး သက်သာတဲ့ ဘဝ…..

ဒါပေမယ့်လည်း အခုတော့ သူက ဖြေရှင်းဖို့ လိုတဲ့ အခြေ အနေနဲ့ ရင်ဆိုင်နေကြတယ်။

သူ့ရဲ့ ဘဝကတော့ ဘဏ္နာတော်အဖြစ် သိမ်းယူခံ လိုက်ရမှာ ဖြစ်တယ်။

ဘာကြောင့် လဲ ဆိုတော့.

ဘာကြောင့်လဲဆိုတော့

အခန်းထဲက အော်သံ ထွက်လာပြီးနောက်မှာ ဖန်ကျန်းရှီ ဟာ ဒူးထောက်နေကြတဲ့ အစောင့်တွေ ချက်ခြင်း တြပိုင်နက်တည်း ထ၇ပ်လိုက်ကြတာကို မြင်လိုက်ရတာကြောင့်ပဲ ဖြစ်တယ်။ အဲ့ဒီ့နောက် ဒင်္ဂါးပြား တစ်ပြားမြေပြင်ကို ကျသွားသံ လိုမျိုး ကြွပ်ဆတ်တဲ့ အသံ တစ်သံ ဟာ ဓားအိမ်ကနေ ထွက်လာတဲ့ ဓားသံ အဖြစ် ကြားလိုက်ရတယ်။

တပြိုင်နက်တည်း ထွက်လာကြတဲ့ ဓားတွေကတော့ နေရောင်အောက်မှာ တလက်လက် တောက်ပနေတယ်။

ဖန်ကျန်းရှီ ပထမဆုံးတွေးမိလိုက်တာကတော့ ပြေးဖို့ပဲ ဖြစ်တယ်။

ဒါပေမယ့်လည်း သူ့ရဲ့ အတွေးကတော့ ဒီ အတွင်းခန်းထဲတင် မကပဲ အပြင်ဆောင်မှာ ပါ ပြည့်နှက်နေတဲ့ ပုရွက်ဆိတ်တွေလို များပြားလှတဲ့ အစောင့်တပ်သားတွေကို မြင်လိုက်ချိန်မှာတော့ လေထုထဲမှာကွဲသွားတဲ့ ပူဖောင်း တစ်လုံးလို ပျောက်ကွယ် သွားတော့တယ်။

ဒီ အစောင့်တွေက အတွင်းဆောင်ထဲက အစောင်တွေနဲ့ ပုံစံ တူပဲ ဖြစ်တယ်။ ဒါပေမယ့်လည်း လက်နက်တွေကတော့ ကွာခြားတယ်။ သူတို့ ရဲ့ ကျောပေါ်က မြှားကျည်တောက်ထဲမှာတော့ တလက်လက် တောက်ပနေတဲ့ မြှားတွေ အပြည့်ရှိနေတယ်.။

“Shua!”

လေးကို မြှားထည့်ြ့ပီး ဆွဲလိုက်တဲ့ အသံတွေ ဟာ တညီတည်း ထွက်ပေါ်လာခဲ့တယ်။

မျက်တောင် တစ်ခတ်စာ အချိန် အတွင်းမှာပဲ လေးသည်တော်တွေ ဟာ ပြစ်ရန် အသင့် အနေအထားကို ရောက်သွားပြီ ဖြစ်တယ်။ အပြင်ဆောင် ရဲ့ နံရံတွေနဲ့ တံခါးပေါ်တွေမှာ ပိုပြီးတော့ များပြားလှတဲ့ လေးသည်တော်တွေကို တွေ့လိုက်ရတယ်။

မြန်ဆန်လွန်းလှတယ်။

ဒီ စစ်သည်တော်တွေက ဒီ အခြေအနေအတွက် ကြိုတင် ပြင်ဆင် ပြီးသား ဖြစ်နေတဲ့ပုံပါပဲ။ ဒီ ပြောင်းလဲ သွားတဲ့ မြင်ကွင်းဟာ သိပ်ကို လျင်မြန် လှလွန်းတယ်။ ဒါ့အပြင် ဒီ စစ်သည်တော်တွေရဲ့ လေ့ကျင့်တိုက်ခိုက်မှု ဟာ ရှုပ်ထွေးလွန်းလှတဲ့ နည်းဗျုဟာတွေကြောင့် ကျော်ကြားလှတယ်။

လေထုကတော့ မွန်းကြပ်ဖွယ်ပါပဲ။ သတ်ဖြတ်လိုစိတ် ပြည့်နေတဲ့ အငွေ့ အသက်တွေကတော့ မြူပင်လယ်ကြီး ဖုံးနေသလိုမျိုး ခံစားရ နိုင်တယ်။

အကွာအဝေး ကြောင့် တညီတည်း လာနေတဲ့ ခြေသံတွေကို ကြားနိုင်တယ်။ ဒီ နေရာကို ဦးတည်ပြီး ချဉ်းကပ်လာနေတယ် ဆိုတာ ကောင်းကောင်း သိနိုင်တယ်။

ဖန်ကျန်းရှီ မသိ တာကတော့ ဒီ အစောင့်တပ်တွေ အကုန်လုံးဟာ ပင်းယန် အထူး လေ့ကျင့် သင်ကြားပေးထားတဲ့ တပ်သားတွေ ဖြစ်တယ်ဆိုတာပါပဲ။

ဒါက အစီအစဉ်ထဲမှာ မပါတဲ့ အခြေအနေ တစ်ရပ်ပဲ ဖြစ်တယ်။ မူလကတော့ ဒီ အစောင့်တပ်တွေဟာ ဖန်ကျန်းရှီ ရေကန်ထဲ ပြုတ်ကျပြီးတော့ ဖားပြုတ် ကိုက်ခံ ရချိန်မှာ အခန်းထဲကနေ အင်အားသုံးပြီး ဆွဲ ထုတ်လာကာ ဧည့်သည်တော်တွေ ရှေ့မှာ ပြသဖို့ တာဝန် ယူထားရတာ ဖြစ်တယ။်

ဒါပေမယ်လည်း အခု ချိန်မှာတော့

သူတို့ရဲ့ ဦးတည်ချက် အခုတော့ ဖန်ကျန် းရှီကို ဝိုင်းထားဖို့ပဲ ဖြစ်တယ်။

ဖန်ကျန်းရှီက အမှောင်ထဲက လူ ဖြစ်တယ်။ ဒါပေမယ့်လည်း သူ့ရဲ့ ကောင်းကင်ရောင်ပြန် အဆင့် စွမ်းအင် ဟာ ဒီ ကနေ လွတ်မြောက်နိုင်တယ်။ သို့ပေမယ့် မိုက်မဲ ရာ ကျလွန်းတယ်။

…

ရုံးတော်သားတွေ မြင့်မြတ်တဲ့ မိသားစုက သူတွေကတော့ ဒီ မြင်ကွင်းကိုသာ မမှိတ်မသုန်နဲ့ ကြည့်နေတော့တယ်။

ဘယ်သူကမှတော့ နေရာကနေ ခြေ တလှမ်းတောင် မလှမ်းကြဘူး ဖြစ်တယ်။ သူတို့ အားလုံးဟာ ဒီ ရုတ်တရက်ပြောင်းလဲ သွားတဲ့ အခြေအနေကို ကျင့်သားရနေ ပြီ ဖြစ်တာကြောင့်ပါပဲ။ သူတို့ရဲ့ ကိုယ်ပိုင် အိမ်တော်တိုင်းမှာလဲ ဒီ လို များပြားတဲ့ စစ်သည် အင်အားရှိတယ်။

သူတို့ရဲ့ စစ်သည်တွေ ဟာ ဒီ လောက်ထိ လေ့ကျင့်ထားတဲ့ စစ်သည်တော်တွေတော့ မဟုတ်ကြဘူး ဖြစ်တယ်။

ဒီ လို အခြေအနေမျိုးမှာတော့ အင်အား စုစည်းဖို့ အနည်းငယ် ခက်ခဲတယ်။

ဒီ အချိန်မှာတော့ သူတို့ မှာလည်း အတွေးကိုယ်စီ နဲ့ နစ်မြောနေကြတယ်။ သိပ် မကြာခင်မှာပဲ ပင်းယန် မင်းသမီးက သူ့ရဲ့ လူတွေကို ငွေသေတ္တာတွေ နေ့တိုင်းပို့ပေးဖို့ အမိန့်ချထားတာကို တွေးမိသွားကြတယ်။

အခုတော့ …..

သူမက ဖန်ကျန်း ရှီကို သေစေနေချင်ပြန်ပြီ။

ဒါက ပင်းယန် အိမ်တော်ကို လာဖို့ ငွေနဲ့ မြှားတာ မဟုတ် ဘူးလား။

ပင်းယန် မင်းသမီးမှာ ၇ှိတဲ့ အင်အားနဲ့ ဆိုရင် ဒီ လို လက်စားချေမှုကို လုပ်ဖို့ အတွက် အချိန် အများကြီး အကုန်ခံတာ ဖြစ်နိုင်မှာလား။ အတိတ်မှာတောင် ဒီနေ့လို အဖြစ်မျိုးကို အချိန်ကုန်ခံပြီၤး မလုပ်ခဲ့ ဖူးဘူး။

ဘယ်သူမှ နားမလည်ပေမယ့်လည်း အကယ်၍ ပင်းယန်သာ ဖန်ကျန်းရှီကို သတ်နိုင်ခဲ့မယ် ဆိုရင်တော့ ကြွရောက်လာတဲ့ ဧည့်သည် အပေါင်းတို့ အတွက် အကြီးမားဆုံးသော စိတ်ချမ်းသာ စရာ ကိစ္စကြီး ဖြစ်လာမှာပဲ။

သွမ့် အရှင်ကတော့ မျက်လုံးကို ကျယ်ကျယ်ဖွင့်ထားရင်း ဒီ မြင်ကွင်းကို လက်လွတ်မခံနိုင်အောင် ဖြစ်နေတယ်။

ဟန်ချန်းဖုန်းကတော့ ငါ သိပြီးသား ဆိုတဲ့ အပြုံးမျိုး သူ့ မျက်နှာပေါ်မှာ ပေါ်နေခဲ့တယ်။ အကယ်၍ ပင်းယန်သာ ဖန်ကျန်းရှီကို နှိမ်နင်းနိုငိခဲ့ရင် သူလည်း တော်ဝင် စာမေးပွဲ အတွက် အာရုံစိုက်စရာ မရှိ တော့ဘူး။

သူ့ အတွက်လည်း အရာရာ ဟာ လုံခြုံသွားလိမ့်မယ်။

…

ဖန်ကျန်းရှီက တစ်ချက်လေးတောင် မတိုက်ခိုက်ပဲ အရှုံးပေးလိုက်မှာလား။

မဟုတ်ဘူးပေါ့။

ဒီ စစ်သည်တော်တွေ ရဲ့ လက်ကနေ လွတ်နိုင်ပါ့မလား သူတကယ်ပဲ နားမလည်နိုင် ဘူး။ သူ့ရဲ့ ကံတရားကို ဒီ လိုမျိုး သူများ လက်ထဲ အပ်ထားရတာ တကယ့်ကို သဘောမကျ ဘူး။

မြှားမိုး ရွာရင်လည်း သူ့အစွမ်းနဲ့ အကုန်လုံးကို ခုခံ နိုင်မှာ မဟုတ် ဘူး။

နောက်ပြီးတော့ တလက်လက်တောက်ပနေတဲ့ မြှားတွေက တောရွာတွေမှာ ၇ှာမတွေ့နိုင်တဲ့ သတ္တုမြှားတွေ ။ ဒါတွေ ဘယ်လောက် အကွာအဝေးထိ ရောက်နိုင်လဲ ဆိုတာ ခန့်မှန်းလို့ မရနိုင်ဘူး။

လမ်းကြောင်းကတော့ လုံးဝကို ပိတ်ဆို့ ခံထားရတယ်။

လွတ်မြောက်ဖို့ကတော့ ဖြစ်နိုင် ဟန် မရှိ ဘူး။ အဲ့ဒီ့နောက် သူတို့ရဲ့ အမြင် ကတော့ တစ်ခုတည်းပဲ ရှိတယ်။

အဲ့ဒီ့နောက်မှာတော့ ခန်းမထဲမှာ ရှိတဲ့ ရုံးတော်သားတွေ ။ မြင့်မြတ် ဂုဏ်ခံ မိသားစုတွေနဲ့ လေးမြှား ကိုင်ပြီး စောင့် နေကြတဲ့ စစ်သည်တော်တွေရဲ့ စိတ်ရှုပ်ရှုပ် အကြည့်အောက်မှာပဲ ဖန်ကျန်းရှီဟာ တစ်ရာ့ ရှစ်ဆယ် တိတိ စဉ်းစားတွေးတောမှု လုပ်ခဲ့ရပြီးနောက် အတွင်း ခန်းဆောင်ထဲကို ပြန် ဒိုင်ဗင် ပစ်ဝင်သွားတယ်။

…

ဖန်ကျန်းရှီ အရှက် မ၇ှိဘူး ဆိုတာ ပင်းယန် က ကောင်းကောင်း သိထား ပြီးသားဖြစ်တယ်။ ဒါပေမယ့်လည်း ဒီလိုမျိုး အ၇ှက်မရှိတာကတော့ ဒီ နှစ် တစ်သန်းမှာ တောင် သူမရဲ့ ခန်းဆောင်ထဲ ပြန်ဝင်လာလောက်တဲ့ အထိ မဖြစ်နိုင် တာလို့ မတွေးမိခဲ့ ဘူး။

သူမမှာ ရေကန်ထဲ ပြန် ခုန်ဝင်ဖို့ တောင် အချိန် မရှိခဲ့ ဘူ။

ပင်းယန်က ဖန်ကျန်းရှီရဲ့ မျက်နှာပေါ်က စိတ်ဓာတ်ကျနေတဲ့ အရိပ် အယောင်ကို မြင်လိုက်၇တယ်။ သူမနဲ့ အတူ သူခိုးသေဖော်ညှိချင်နေတဲ့ အကြည့်တွေကို ခံစားနေရတယ်။ အဲ့ဒီ့နောက်မှာတော့ ပင်းယန်ရဲ့ စိတ်ထဲမှာ အကို ကျူး ပြောခဲ့တာကို သတိရသွားတယ်။

“ ဖန်ကျန်း၇ှီကိုသတ်မယ်။”

“ မင်း သူ့ကို ထိအောင်တောင် ရိုက်နိုင်မှာ မဟုတ် ဘူး။ သူက ကောင်းကင် ရောင်ပြန် အဆင့် ရောက်နေပြီ။ ”

ဟုတ်တယ်။ ဖန်ကျန်းရှီက ကောင်းကင်ရောင်ပြန် အဆင့်ကို ရောက်နေပြီ။ သူမက ကြယ်တာ ရာ စုဝေးမှု အဆင့်မှာပဲ ၇ှိသေးတယ်။

ပိုပြီး အရေးကြီးတာကတော့ …….

သူမ နောက် က အစေခံ နှစ်ဦးက တာအို မုခ်ကိုတောင် အောင်မြင် သေးတာ မဟုတ် ဘူး။။

အပိုင်း ( ၁၆၅ ) ပြီး၏။

အပိုင်း ( ၁၆၆)

“ အမှန်တရားများ”

ပင်းယန် ဟာ အတော်လေး အကျဉ်းအကြပ် နိုင်လှတဲ့ အခြေအနေကို ရောက်နေတယ် ဆိုတာ လက်မခံ နိုင် ဖြစ်နေတယ်။ ဖန်ကျန်းရှီက သူမအနီးကို တစ်လှမ်းချင်းစီ ကပ်လာနေတယ်။ သူမရဲ့ အသိပညာအရ အကယ်၍ သူတို့သာ တကယ် တိုက်ခိုက်မယ် ဆိုရင် တော့ နောက်ဆုံးမှာ သူ မှာ အခွင့် အရေးတောင် ရလိုက်မှာ မဟုတ် ဘူး။

ဒါပေမယ့်လည်း သူမက ပင်းယန် ။ ရေမြေ့၇ှှုင်ရဲ့ အချစ်ဆုံး မင်းသမီး။ မွေးတဲ့ အချိန်တည်းက မြင့်မြတ်တဲ့ မျိုးနွယ် နဲ့ တောက်ပမှုကို ပိုင်ဆိုင်သူ ဖြစ်တယ်။ ဒီလို အခြေအနေမျိုးမှာတောင် သူမက ခေါင်းငုံ့မယ့်သူ မဟုတ် ဘူး။

သူမရဲ့ တလက်လက် တောက်ပနေတဲ့ မျက်လုံးတွေကတော့ မထင်မှတ်စရာကောင်းလောက်အောင် တည်ငြိမ်နေခဲ့တယ်။

ပင်းယန်က ဖန်ကျန်းရှီကို ကြည့်နေတယ်။ ဒီ လို တောသားက သူမရဲ့ အိမ်တော်မှာ သူမကို တစ်ခုခု လုပ်ဖို့ သတ္တိရှိမယ်လို့တော့ မထင် ဘူး။

အကယ်၍ လုပ်မယ် ဆိုရင်တောင် သူမပြေးနိုင်မှာ မဟုတ် ဘူး။

ဖန်ကျန်းရှီကလည်း ပင်းယန်ကို ကြည့်နေခဲ့တယ်။ သူမရဲ့ ဖန်သလင်းလို တောက်ပနေတဲ့ မျက်လုံးတွေ ၊ သူမရဲ့ မျက်နှာနဲ့ကိုယ် ခန္ဒာကိုပါ စေ့စေ့ ကြည့်နေခဲ့တယ်။ နောက်ဆုံးမှာတော့ ဒီ အမျိုးမီးငယ်က တည်းခိုခန်းမှာ သူတွေ့ခဲ့တဲ့ ခပ်ကြောင်ကြောင် ခပ်တုံးတုံး တစ်ယောက်ဖြစ်မှန်းသိလိုက်တယ်။

အဲ့ဒီ့နေ့တုန်းက အမျိုးသမီးရဲ့ ရည်ရွယ်ချက်ကို သူ တကယ်ပဲ နားမလည် ဘူး။ နောက်တစ်ခါ ထပ်ပြီးတော့ ဒီ ခပ်တုံးတုံး အမျိုးသမီး အခုလည်း တံခါးမှာ ဘာလုပ်ပြန်လည်း နားမလည် ပြန် ဘူး။

သူနေတဲ့ တည်းခိုခန်း ဆီကိုလည်း ငွေသားတွေ အဆက်မပြတ်ပို့ပြီးတော့ ပင်းယန် အိမ်တော်ကို ဖိတ်ခေါ်တဲ့ အကြောင်းကိုလည်း နားမလည် နိုင် ဘူး။

“ အပြင် ဘက်မှာ စစ်သည်တော်တွေ အပြည့်စောင့်နေတယ်။ အကယ်၍ သူတို့ သာ ထိုးဖောက်ဝင်လာပြီးတော့ ဒီ မြင်ကွင်းကို မြင်တာမျိုး မဖြစ်စေချင်ရင် ဘာလုပ် မလဲ။ ” ဖန်ကျန်းရှီက ပင်းယန်လိုပဲ တည်ငြိမ်နေခဲ့တယ်။

သူတို့ နှစ်ဦး ကြားမှာ မကျေနပ်ချက်တွေ ရှိနေတော့လည်း အချိန် ယူပြီးတော့ ရှင်းပြတာက အချိန် ဖြုန်းရာ ရောက်မှန်းကောင်းကောင်းသိတယ်။ ဒါကြောင့် အဓိက အချက်ကိုသာ တည့်တည့် သွားလိုက်ပြီးတော့ ဆွေးနွေးလိုက်တာ အကောင်းဆုံးပဲ ဖြစ်တယ။်

ပင်းယန်ကတော့ ရုတ်တရက် ပြောင်းလဲ သွားတဲ့ ဖန်ကျန်းရှီရဲ့ စကားတွေကြောင့် သတိ ပြန်ဝင်လာတော့တယ်။ သူတို့ နှစ်ယောက် မျက်လုံးချင်း ဆုံသွားချိန်မှာတော့ ဖန်ကျန်းရှီ ဟာ သူမကို ခေါင်းအစ ခြေ အဆုံး ကြည့်ပြန်တယ်။

သူ့ ကြည့်ရတာ အတော်လေးကို အာရုံစိုက်နေဟန်ပါပဲ။

ပိုပြီး အရေးကြီးတာကတော့ ဖန်ကျန်းရှီ ရဲ့ မျက်နှာက နည်းနည်း လေးတောင် အမူအယာ ပြောင်းသွားခြင်း နီသွားချင်း မရှိပဲနဲ့ သူမနဲ့ ဆွေးနွေးဖို့သာ ကြိုးစားနေတာ ဖြစ်တယ်။

ဒီ လူရဲ့ အရှက်မရှိတဲ့ အဆင့်ကတော့ မြင့်လွန်း အားကြီးသွားပြီ။

ပင်းယန်က သက်ပြင်း ချလိုက်တယ်။ ဖန်ကျန်းရှီ ပြောလိုက်တဲ့ အတိုင်း ပထမဆုံး သူမ အဝတ်အစား ဝတ်ဖို့ လိုတယ်။ အဲ့ဒီ့နောက်မှာတော့ သူမရဲ့ ကြက်သေသေ နေတဲ့ အစေခံ နှစ်ဦးကို တချက်ကြည့်လိုက်တယ်။

သူတို့ဟာ ထိတ်လန့်မှုကြောင့် ငေးငိုနေကြပေမယ့်လည်း ပင်းယန်ရဲ့ အကြည့် တစ်ချက်ကြောင့်ပြန်ပြီး သတိ ဝင်လာကြတယ်။

“ မင်းသမီး အမိန့်တော်။ မည်သူမှ မဝင်ရ” အစေခံ တစ်ဦးဟာ အမိန့်ကြေညာ်လိုက်တယ်။

တခြား တစ်ဦးကတော့ ပင်းယန်ရဲ့ ကိုယ်ပေါ်ကို အဝတ် အစားတွေ ဝတ်ပေးနေတယ်။

…

ကွင်းပြင် အပြင်ဘက်မှာတော့ ဖန်ကျန်းရှီ အိပ်ခန်းဆောင်ထဲကို ဝင်သွားတာ မြင်ပြီးတဲ့နောက်မှာ ဘယ်သူကမှ လိုက် မဝင် ရဲ ကြပါ ဘူး။

အဲ့ဒီ့အစား အမိန့်ကိုသာ စောင့်နေခဲ့တယ်။

ဒီ အမိန့်ဟာ မတူညီတဲ့ ပုံစံ အမျိုး မျိုးနဲ့ ဖြစ်နိုင်တယ်။ ပုံမှန် မဟုတ်တဲ့ တိတ်ဆိတ်မှု တွေ ဒါမှ မဟုတ် အော်သံ ။ ထိတ်လန့် ကြောက်ရွံ့ မှု အသံ တွေဖြစ်လာနိုင်တယ်။

အကယ်၍ ဒါမျိုးသာ ဖြစ်လာခဲ့မယ် ဆိုရင် သူတို့ရဲ့ မင်းသမီးကို အရူးကောင် ဖန်ကျန်းရှီ လက်ကနေ ကာကွယ်ဖို့ အတွက် ထိုးဖောက်ဝင်ရမှာ အမှန်ပဲ။

ဒါပေမယ့်လည်း ဒီ လို ဖြစ်တဲ့ အသံမျိုး တစ်ယောက်မှ မကြား၇ ဘူး ဖြစ်တယ်။

အဖြေကတော့ ရှင်းပါတယ်။

သူတို့ဟာ တံခါးမှာ ပဲ နာခံ စွာ စောင့်ဆိုင်းနေကြတယ်။

ရုံးတော်သား တွေနဲ့ မြင့်မြတ်ဂုဏ်ခံ မိသားစုတွေကတော့ ဒီလို ကျရောက်လာတဲ့ အမိန့်ကြောင့်

ထိတ်လန့် အံ့သြနေကြတယ်။

ဖန်ကျန်းရှီ ဘယ်လိုများ မင်းသမီးကို ထိပါး လိုက်တာလဲ ဒီ လို အချိန်မျိုးမှာ ဆိုရင် ခွင့်လွှတ်ဖို့ တောင်းပန်ရမှာ မဟုတ် ဘူးလား။ သူတို့သာ ဆိုရင်တော့ ချက်ချင်းကို အရှုံးပေးလိုက်မှာပဲ ဖြစ်တယ်။

ပင်းယန် မင်းသမီးရဲ့ ခွင့်လွှတ်မှုကို ရမှသာ အသက်ရှင်နိုင်မှာ ဖြစ်တယ်။

နောက်ပြီးတော့ ဖန်ကျန်းရှီက စေ့စပ်ထားတဲ့သူ ။ ချီကူယန်က လာကယ်မယ် ဆိုရင်တော့ ဖန်ကျန်း၇ှီ နှစ်နည်းနည်း လောက် ပိုပြီး တော့ အသက်ရှင်နိုင်မယ် ။

ဒါပေမယ့်လည်း ဖန်ကျန်းရှီရဲ့ အခု နည်းလမ်းကတော့ နောက်ဆုံးကြိုးကို ဖြတ်ထုတ်နေသလို ဖြစ်နေတယ်။

သွမ့်အရှင် လင်းရှင်းကြွယ်ရဲ့ မျက်လုံးတွေကတော့ ကျေနပ်တဲ့ အရိပ် အယောင်တွေနဲ့ တလက်လက် တောက်ပနေခဲ့တယ်။ သူ့ရဲ့ လက်ဖက်ရည် ခွက်ကို ကိုင်လိုက်တော့ ခွက်ထဲမှာ ကုန်နေပြီ ဒါပေမယ့်လည်း ပျော်ရွှင်နေတဲ့ အတွက် အစေခံ တွေကို မစောင့်တော့ပဲ ကိုယ့်ဘာကိုယ် ငှဲ့သောက်လိုက်တယ်။

ဒီ လို ပျော်စရာ ကောင်းတဲ့ အဖြစ်မှာ ဘာလို့ ရေနွေးကြမ်းလေး သောက်ပြီး မစောင့်နိုင်ရမှာလဲ။

ဟန်ချန်ဖုန်းကတော့ သွမ့်အရှင်နဲ့ အတွေး မတူပါဘူး။ ရေနွေးကြမ်းကို ဖြည်းဖြည်း ချင်း စုပ်သောက်ရင်းနဲ့သာ ပြန်ပြောင်းတွေးတော နေခဲ့တယ်။

…

အခန်းထဲမှာတော့ ဖန်ကျန်းရှီက ပင်းယန်ရှေ့မှာ ရောက်နေတာ ဖြစ်တယ်။ သူတို့ ကြားက အကွာအဝေးကတော့ တစ်မီတာထက်နည်းတယ် ။

ပင်းယန်ကတော့ နောက်ကို ထပ်မဆုတ်တော့ ဘူး။ ဖန်ကျန်းရှီကလည်း သူမ နားကို ကပ်မလာ ဘူ းဖြစ်တယ်။ သူမကို အစေခံတွေက အဝတ်အစား ဝတ်ပေးလိုက်ပေမယ့်လည်း လှပတဲ့ အစိတ်အပိုင်း တချို့ကတော့ မြင်နေနိုင်သေးတယ်။

ဒါပေမယ့်လည်း သူမကတော့ ဆုတ်ခွာဖို့ မတွေးပါ ဘူး။

“ ကောင်းပြီလေ။ ဆွေးနွေးရအောင်” ဖန်ကျန်းရှီက စပြောလိုက်တယ်။

“ နင် ထင်တာက ငါ နင် နဲ့ ဆွေးနွေးမယ် ထင်တာလား။ ” ပင်းယန်က သူမရဲ့ ရှေ့မှာ ရှိနေတဲ့ ဖန်ကျန်းရှီကို ကြည့်ရင်းပြောလိုက်တယ်။ သူမရဲ့ တောက်ပ လှတဲ့ မျက်လုံးတွေကတော့ မောက်မာဟန် အရိပ် တွေ ပေါ်နေတော့တယ်။

“ နင်ဒီနေ့ ပင်းယန်အိမ်တော်ကနေ ထွက်သွားနိုင်ရင် တောင်မှ ယန်မြို့တော်ကနေ ထွက်နိုင်မှာ မဟုတ် ဘူး။” ပင်းယန်ရဲ့ အသံ ဟာတော့ အတော်လေးကို ယုံကြည်ချက် ပြည့်ဝနေခဲ့တယ်။

“ မင်း ပြောတာ မှန်တယ်။ ငါသာ ဒီ ကနေ မလွတ်မြောက်ရင်ကော ဘယ်လို လုပ်မလဲ။ ”

“ မလွတ်ရင်။ နင် နင်…..” ပင်းယန်ပြောချင်တာကတော့ နင် ဒီမှာ သေဖို့ စောင့်နေလို့ ပြောချင်တာပဲ ။ ဒါပေမယ့်လည်း ဖန်ကျန်းရှီက ဒါ ထက် ပို ထက်မြက်တယ် ဆိုတာ ကောင်းကောင်းသိတယ်။

“ ပိုပြီးတော့ အသေးစိတ်ပြောရမယ် ဆိုရင် ငါသာ ဒီ အခန်းထဲက ထွက်မသွားရင် ဘယ်လို လုပ်မလဲ။”

“ မင်း …” ပင်းယန်က ကျက်သေသေသွားတယ်။ ဥပမာ အနေနဲ့ သူမ တစ်ခုခုကို စဉ်းစားမိသွားတယ်။

“ အကယ်၍ ငါသာ ဒီ မှာ တစ်နှစ် ၂ နှစ်လောက်နေလိုက်ရင် ငါတို့မှာ မလွဲသာတဲ့ ဆက်သွယ်မှုတွေလဲ ရှိလာနိုင်တယ်။ နောက်ဆုံးမှာတော့ ပန်းတွေ ပွင့် ဖူးအောင် အသီးတွေ တွေ သီးအောင် လုပ်၇မှာပေါ့ မဟုတ် ဘူးလား။ ”

“ အရှက်မဲ့လိုက်တာ” ပင်းယန်က သူမရဲ့ တည်ငြိမ် မှုတွေ ပျောက်ဆုံးသွားပြီ ဖြစ်တယ်။

သူမဟာ မြင့်မြတ်လွန်းတဲ့ မျိုးရိုးကနေ ဆင်းသက်လာတာ ဖြစ်တယ်။ ရေမြေ့ရှင် ဘုရင် မင်းမြတ်ကတောင်မှ သူမကို အချစ်ခင် ဆုံးဖြစ်တယ်။ ဒါပေမယ့်လည်း ဖန်ကျန်းရှီရဲ့ ရှေ့မှာတော့ သူမရဲ့ အေးစက်ကြောက်မက်ဖွယ် ဒိုင်းကိုတောင် မသုံးနိုင် ဘူး ဖြစ်တယ်။

“ ကောင်းပြီလေ။ ငါတို့ ဆွေးနွေးမှု စလို့ ရပြီလား။ ” ဖန်ကျန်းရှီက မေးခွန်းကို စမေးလိုက်တယ်။ ဒီ အချိန်မှာတော့ ပင်းယန်ရဲ့ မျက်နှာပေါ်က မောက်မာမှု ဟာတော့ ပျောက်ကွယ်သွားပြီ ဖြစ်တယ်။

…

မွေးနေ့ပွဲ ကျင်းပရာ ဧည့်ခံ ခန်းမ ထဲမှာတော့ အတော်လေး တိတ်ဆိတ် နေခဲ့တယ်။

ကွင်းထဲက စစ်သားတွေနဲ့ ရုံးတော်သားတွေကတော့ စိတ်မရှည် နိုင်စွာ စောင့်ဆိုင်းနေကြတယ်။ အထဲမှာ ဘာတွေ ဖြစ်နေလဲ သိချင် လွန်းလှပြီ။

ဒါပေမယ့်လည်း အထဲမှာဆွေးနွေးနေတယ် ဆိုတာကိုတော့ သူတို့ မသိကြ ဘူး ဖြစ်တယ်။

ဘာကြောင့်လဲ ဆိုတော့ အခန်းထဲမှာ ရှိနေတဲ့ သူက ယန်မြို့တော်ရဲ့ နတ်ဆိုးမလေး ပင်းယန် ဖြစ်နေတာ ကြောင့်ပါပဲ။ အကယ် ၍ တခြားသူ သာ ဖြစ်မယ် ဆိုရင်တော့ ဖန်ကျန်းရှီလည်း အေးအေးဆေးဆေး လမ်းလျှောက်ထွက်လာနိုင်မှာဖြစ်တယ်။

ပြောရရင်တော့ ပင်းယန် အိမ်တော်က ယန်မြို့တော်။ ကြီးမြတ်သော ရှ မင်းဆက် တစ်ခုလုံးမှာတောင်မှ ဖန်ကျန်းရှီ ပြေးလို့ လွတ်နိုင်တဲ့ နေရာ ရှိမှာ မဟုတ် ဘူး။

ပင်းယန်ကို သူ လက်လွှတ်လိုက်တာနဲ့ တပြိုင်နက်တည်းမှာပဲ သူလည်း အသက် ဆုံးရှုံးသွားမှာ ဖြစ်တယ်။

မေးခွန်းတစ်ခုတောင် မေးလိုက်ရမှာ မဟုတ် ဘူး။

လူတိုင်းရဲ့ မျက်စိရှေ့မှာပဲ ဖန်ကျန်း၇ှီဟာ သေချင်းနဲ့ ယှှုဉ်တွဲ လမ်းလျှောက်နေတဲ့သူ ဖြစ်နေမှာ အမှန်ပဲ ။

စက္ကန့်တွေကနေ မိနစ်ကို ပြောင်းလဲသွားတယ်။ ဖန်ကျန်းရှီ အခန်းထဲမှာ ရှိနေတာ ဆယ့်ငါးမိနစ် ကျော်သွားပြီပဲ ဖြစ်တယ်။

ဒီ အချိန်မှာပဲ အဝေးက နေပေါ်လာတော့တယ်။

သိပ်ကို လှပတဲ့ ပုံရိပ်လေး တစ်ခု ဖြစ်တယ်။ နှင်းပုလဲ လုံးတွေ သီကုံးထားတဲ့ ပန်းနုရောင် အကျီလေးကို ဆင်မြန်း ထားပြီးတော့ နက်မှောင်တဲ့ ဆံကေသာတွေ ဟာ သူမရဲ့ ခါး တစ်ဝိုက်မှာ ဝေ့၀ဲ ကျနေတော့တယ်။

ပုံရိပ်လေး ဟာတော့ သက်တောင့် သက်သာ လမ်းလျှောက်နေဟန်ပါပဲ။ ဒါပေမယ့်လည်း အနီးကပ် သေချာ ကြည့်ချိန်မှာတော့ သူမ ရဲ့ ခြေထောက်တွေ ဟာ အစိမ်းရောင် အလင်းတန်း တစ်ခုပေါ်မှာ လွင့်မျောနေတာကို တွေ့ရမှာ ဖြစ်တယ်.

ဒါက အရာ အားလုံး ဖြစ်တည်မှု တာအိုရဲ့ လေကို ထိန်းချုပ် မှု မဟုတ်ပါ ဘူး။

ဒါကတော့ အလင်း ဓား တစ်လက်ပဲ ဖြစ်တယ်။

အလင်းဓားကို စီးနင်း လာတဲ့ အတွက် သူ့ရဲ့ အရှိန် ဟာ အတော်လေးကို လျင်မြန်လွန်းလှတယ်။

သိပ်မကြာခင် အချိန်မှာပဲ သူမဟာ ခန်းမထဲကို ရောက်ရှိသွားတော့တယ်။

အလင်း ဓား ဟာလည်း ပြန်လည် ပျောက်ကွယ်သွားတော့တယ်။ သူမရဲ့ တည်ငြိမ်လှ တဲ့ မျက်နှာလည်း ပေါ်လာတော့တယ်။ ကြီးမြတ်လှသော ရှ မင်းဆက်ရဲ့ ဂုဏ်ရည် ။ ကာကွယ်သူ ။ မင်းဆက်ရဲ့ ကိုယ်စားပြုသူ ဖြစ်တယ်။

သူမရဲ့ တောက်ပ လှတဲ့ မျက်ဝန်းတွေ ဟာ ရုံးတော်သားနဲ့ မျိုးရိုး မြင့်တွေကို ကြည့်လိုက်ပြီး နောက်မှာတော့ လေးကြိုးတွေ ဆွဲ ထားပြီး အဆင်သင့် ဖြစ်နေတဲ့ စစ်သည်တော်တွေကို ကြည့်လိုက်တယ်။

ချီကူယန်ကတော့ ထိုင်နေတဲ့ သွမ့် ပြည်ထောင် အရှင် အပါ အဝင် ဘယ်သူ့ကိုမှ နှုတ်မဆက်ပါ ဘူး။

ဒါက ထူးဆန်းတဲ့ မြင့်မြတ်မှု အငွေ့ အသက်တွေကို ဖော်ပြသလို ဖြစ်နေခဲ့တယ်။

ဒါပေမယ့်လည်း သူမရဲ့ အရိုအသေ တန်မှုကိုတော့ ဘယ်သူကမှ မပြောဝံ့ ကြပါ ဘူး။ ဘာကြောင့် လဲ ဆိုတော့ သူမ ဟာ ချီကူယန် ဖြစ်နေတာကြောင့် ဖြစ်တယ်။ သူမက နှစ်ထပ်ကွမ်းနဂါး ချန်ပီယံ ရွေးချယ် ခံထားရသူ ရေမြေ့ရှင်ကိုတောင်မှ ဒူးထောက် စရာ မလို သူ ဖြစ်တယ်။

အပိုင်း ( ၁၆၆ ) ပြီး၏။

အပိုင်း ( ၁၆၇)

“ အရှင် မင်းကြီး ရောက်ရှိ ခြင်း”

ချီကူယန်ရဲ့ ထွက်ပေါ် လာမှုကတော့ မမျှော်လင့် ထားတဲ့ အဖြစ် တစ်ခု ပဲ ဖြစ်တယ်။ လူတိုင်းက ယန်မြို့တော် မှာ ချီကူယန် ရောက်နေကြောင်းနဲ့ ပင်းယန် အိမ်တော်မှာ နေကြောင်း သိကြပေမယ့်လည်း …။

သူတို့ အခုချိန်မှာ အဓိက ခန့်မှန်းနေကြတာကတော့ ချီကူယန်က ပင်းယန်နဲ့ ဖန်ကျန်းရှီ ဘယ်သူ့ကို ရွေးချယ် မလဲ ဆိုတာပဲ ဖြစ်တယ်။

ကြည့်ရတာတော့ ဆုံးဖြတ်ရ အတော်လေး ခက်ခဲမယ့်ပုံပဲ။

ထက်မြက်သူတိုင်း ဒီ အခြေအနေက အလွယ် တကူ် ဖြေရှင်းလို့ ရတာ မဟုတ်မှန်းသိကြတယ်။ တခြား တစ်ဖက်မှာတော့ လက်ရှိ ရေမြေ့ရှင်ရဲ့ အချစ်ခင် ဆုံး မင်းသမီး။ သူမရဲ့ ကစားဖော် ဖြစ်တယ်။ တခြား တစ်ဖက်မှာတော့ စေ့စပ်ထားတဲ့ တောသားတစ်ယောက် ။

ဒါပေမယ့်လည်း ချီကူယန်က ပင်းယန်ရဲ့ အာဏာကို လိုတဲ့သူ မဟုတ် ဘူး။

ဒါပေမယ့်လည်း

ပင်းယန်ရဲ့ အခြားသော ထပ်တူ ညီမှု တစ်ခုကတော့ ချီကူယန်လို မျိုး နှစ်ထပ်ကွမ်း နဂါး ချန်ပီယံ တစ်ယောက်ကိုတောင်မှ ဒုတိယ တစ်ကြိမ် တွေးစေ နိုင်တယ်။

ဒါက ပင်းယန် ကို ကြောက်စရာ ကောင်းစေတဲ့ အဓိက အချက်လည်း ဖြစ်တယ်။

ဒီ အကြောင်း ရင်းက ယန်မြို့တော် တစ်ခုလုံးကို သူမ ထင်တိုင်းကြဲနေတာ ခွင့်ပြု ပေးနိုင်တဲ့ အချက်လည်း ဖြစ်တယ်။

ဒါကြောင့် င်္ချီကူယန် ဒီကို လာတဲ့ အကြောင်းရင်းကလည်း ရိုးရှင်း နိုင်တယ်။

သွမ့် အရှင် လင်း ရှင်းကြွယ် ။ဟန်ချန်ဖုန်း ။ နဲ့ အခြားသော ကြီးမြတ်တဲ့ ရုံးတော်သားကြီးတွေ အကုန်လုံးဟာ ဉာဏ် ပညာမြင့်မား သူတွေ ချည်းပဲ ဖြစ်တယ်။ သူတို့အားလုံးဟာ ဖန်ကျန်းရှီ လက်ထဲ ရောက်နေတဲ့ ပင်းယန်ကို ချီၤကူယန် အောင်အောင် မြင်မြင်နဲ့ ကယ်တင် လာနိုင်မယ် လို့ တွေးတော နေကြတာ ဖြစတ်ယ။

ဒါပေမယ့်လည်း ချီကူယန်ရဲ့ အခြား အပြု အမူကတော့ သူတို့ အားလုံးကို မျက်နှာ ပျက်ယွင်းသွားစေတယ်။ ဘာကြောင့်လဲ ဆိုတော့ သူမ ထိုင်ချလိုက်တယ်။

အေးအေးဆေးဆေးနဲ့ တည်ငြိမ်စွာ။ သူမ ဟာ အသစ်ရောက်ရှိလာတဲ့ ဧည့်သည်တော် တစ်ဦးနဲ့ တူညီ လှတယ်.။ တစ်စုံ တစ်ခု ဖြစ်လာလေမလားလို့ မျှော်လင့်တကြီး စောင့်ဆိုင်းနေကြတဲ့ အကြည့်တွေ အောက်မှာ အေးဆေးစွာ ထိုင်နေတာ ဖြစ်တယ်။

သူမဟာ သူမ ဘေးက အိမ်စေကို တချက် စိုက်ကြည့်လိုက်တယ်.။

အိမ်စေကတော့ သဘော ပေါက်သွားဟန်ပါပဲ။ ချီကူယန် အတွက် လက်ဖက်ရည် ပူပူလေး တစ်ခွက်ကို ယူလာပေးခဲ့တယ်။

သူမရဲ့ မျက်နှာနဲ့ အမူအယာကတော့ အတော်လေးကို ကွာခြားနေတယ်။

ဒီ ဉာဏ်ကောင်းလှတဲ့ ရုံးတော်သားတွေ တောင်မှ ချီကူယန်ရဲ့ အပြုအမူကို ထူးဆန်းနေကြတယ်။ အကယ်၍ ချီကူယန်ကသာ ပင်းယန်ကို မကယ်ချင်ဘူး ဆိုရင် ဒီ နေရာကို လာပြီးတော့ တောင် ထိုင်နေဏရာ အကြောင်းမရှိ ဘူး။

ဖြစ်နိုင်တာကတော့ ပင်းယန်ရဲ့ လက်ထဲမှာ ဖန်ကျန်းရှီ သေနေတာကို မမြင်လို တာကြောင့်လဲ ဖြစ်နို်င်တယ်။

တစ်ခုတည်းရှိတာကတော့

အကယ်၍ ချီကူယန်သာ ဖန်ကျန်းရှီကို မြင်ချင်ရင် သူမ ဒီမှာ ပေါ်လာစရာ အကြောင်းတောင် မရှိ ဘူး။ သူမက စစ်သည်တွေကို ရှောင်ပြီးတော့ ဖန်ကျန်းရှီကို ကယ်လိုက်ရင် လွယ် ကူတယ်။

ဖြစ်နိုင်ချေ နှစ်ခု ထွက်လာပေမယ့်လည်း တစ်ခုနဲ့မှ မကိုက်ညီ ဘူးဖြစ်နေတယ်။

အခု သူမက ဒီမှာ ရှိနေတယ်။

ဒါ့အပြင် သူမရဲ့ ပေါ်ထွက်လာမှုက အတော်လေးကို အချိန်ကိုက်ဖြစ်လွန်းနေတယ်။ ဒီလိုမျိုးပဲ ပင်းယန်ကို ကယ်တင်ဖို့ အတွက် အသင့်တော် ဆုံးသော အခြေအနေလည်း ဖြစ်နေတယ်။

ဒီမှာ လာထိုင်နေတာ ဘာသဘောလဲ။

သွမ့် အရှင်နဲ့ ဟန်ချန်ဖုန်း အပါ အဝင် လူတိုင်းက ချီကူယန် ရဲ့ အတွေးကို နားမည် နိုင် ဘူး ဖြစ်နေတော့တယ်။

…

လူတိုင်းကတော့ ချီကူယန်ရဲ့ အပြု အမူ အတွက် အတော်လေးကို ခေါင်းရှုပ်နေကြတယ်။ ဒီ အချိန်မှာပဲ အိပ်ဆောင်ရဲ့ တံခါးဟာ ဖြည်းဖြည်းချင်း ပွင့်လာတော့တယ်။

ဒီ အချိန်မှာပဲ လူတိုင်းရဲ့ အကြည့်ဟာ တံခါးကြီးတွေ ဆီကို ရောက်လာတော့တယ်။

“ နောက်ဆုံးမှာတော့ တစ်ယောက်ယောက် ထွက်လာပြီ။”

လူတိုင်းဟာတော့ တညီတညွတ်တည်း အကြည့်ဆုံသွားကြတော့တယ်။ သူတို့ အကုန်လုံးဟာ တော့ မျက်တောင် မခတ်စတမ်းကို ကြည့်နေကြတာ ဖြစ်တယ်။ ပင်းယန် မင်းသမီးရဲ့ ခွင့်လွှတ်မှုကြောင့် ဖန်ကျန်းရှီ ထွက်လာတာများလား ။ ဒါမှမဟုတ် မြှားချက်တွေ အပြည့်နဲ့ များ ထွက်လာ မလားလို့ တွေးနေကြတယ်။

လူတိုင်းကတော့ စိတ်ရှည် လက်ရှည်နဲ့ စောင့်ဆိုင်း နေရတာ ဖြစ်တယ် ။

ပုံရိပ်လေး တစ်ခု ဟာတော့ အိပ်ခန်းထဲကနေ ထွက်လာတာ ဖြစ်တယ်။ တစ်ကိုယ်လုံးကို ရွှေချည် ပျိုနီပန်း ဖောက်ထားတဲ့ ဝတ်ရုံနီကို ဝတ်စုံြပ်ည့်ဝတ်ထားတာ ဖြစ်မယ်။ သူမရဲ့ တလက်လက် တောက်ပနေတဲ့ မျက်လုံးတွေကတော့ လူအုပ်ကြီးကို ကြည့်လိုက်တယ်။

သူမ ဟာ နတ်သမီး တစ်ပါးလိုပါပဲ။

ပင်းယန် ဟာ အိပ်ခန်းဆောင်ထဲကနေ ထွက်လာခဲ့တယ်။ သူမရဲ့ ဘေးမှာတော့ အစေခံ အမျိုးသမီး နှစ်ဦးလည်း မပါလာသလို ဖန်ကျန်းရှီလည်း မပါလာခဲ့ပါ ဘူး။

သူမရဲ့ ကိုယ်ပေါ်က အဝတ်အစားတွေကတော့ သိပ်ကို အဖိုးတန်လှတယ်။ မွှေးပျံ့လွန်းနေပြီးတော့ သန့်ရှင်းကာ သက်တောင့် သက်သာရှိလှတယ်။

စစ်သည်တော်တွေ အားလုံးကတော့ တလေးတစားနဲ့ ဦးညွှတ်လိုက်ပြန်တယ်။

ရုံးတော်သားတွေနဲ့ အခြားသော မြင့်မြတ်ဂုဏ်ခံတွေလည်း မတ်တပ်ရပ်လိုက်ကြတယ်။ သူတို့ကို ကြည့်ရတာတော့ အတော်လေး စိတ်ရှုပ်နေဟန်ပါပဲ။

“ယန်လေးး။ ” ပင်းယန်ဟာ လူအုပ်ကြားက ချီကူယန်ကို လှမ်းခေါ်လိုက်တယ်။

ချီကူယန်ကတော့ တည်ငြိမ် လွန်းလှတယ်။ သူမဟာ လူအုပ်ကြားထဲမှာ ရှာဖွေဖို့ လွယ် ကူလွန်းလှတယ်။

“ ပင်းယန် ။ နောက်တစ်ခါ ထိခိုက်ပြန်ပြီလား။” ချီကူယန်က အစ်မကြီး တစ်ယောက်လိုမျိုး ပြောလိုက်တယ်။ သူမဟာ ထ ရပ်လိုက်ပြီးတော့ ပင်းယန် ဆီကို တန်းတန်းမတ်မတ် လျှောက်လာတော့တယ်။

ပင်းယန် အခန်းထဲက ထွက်လာမှာကို အစတည်းက သိနေတဲ့ ပုံပါပဲ။

“မဖြစ်နိုင် ဘူး။ …. ပင်းယန်က ကစားနေတာ။” ပင်းယန်က ချီကူယန်ရဲ့ ဘေးကို ချစ်စဖွယ် အမူ အယာလေးနဲ့ ပြေးလာခဲ့တယ်။ အဲ့ဒီ့နောက်မှာတော့ သူမဟာ စစ်သည်တော်တွေကို တချက် ကြည့်လိုက်တယ်။

“နောက်ဆုံးတော့။”

“ အမိန့်တော် အတိုင်းပါ။” စစ်သည်တော်တွေက ခေတ္တရပ်တန့်လိုက်ပြီးတော့ ပြန်လည် ဆုတ်ခွာ သွားတော့တယ်။ သူတို့ ဟာ ခပ်မြန်မြန်ပဲ ဝင်လာခဲ့သလို ခပ်မြန်မြန်ပဲ ပြန်ထွက်သွားခဲ့တယ်။

ဥပမာ အားဖြင့် ကွင်းပြင် တစ်ခု လုံးဟာ ရှင်းလင်း တိတ်ဆိတ်သွားပြန်တယ်။

ဒူးထောက်နေတဲ့ အစေခံ တွေလည်း ပြန်လည် ပျောက်ကွယ်သွားပြန်တယ်။

ပင်းယန်နဲ့ ချီကူယန် တို့သာ တံခါးမှာ ရပ်နေတော့တယ်။

ဒီ မြင်ကွင်းက ….

လူအုပ်ကို အတော်လေးကို ဆွံ့အစေတယ်။

ပင်းယန်က ဖန်ကျန်းရှီကို ရှုံးသွားတာ များလား။

ကောင်းကင်ရောင်ပြန် အဆင့် ရောက်နေပင်မယ့်လည်း သူက တောသား တစ်ယောက်ပဲ ကြယ်တာရာ အဆင့်ရောက်နေတဲ့ ပင်းယန်ကိုတော့ ပြိုင်နိုင်စရာ အကြောင်းမရှိ ဘူး ဖြစ်တယ်။

သူတို့ တွေးနေချိန်မှာပဲ ပင်းယန် ဟာ နောက်ကို လှည့်ပြီးတော့ ခေါ်လိုက်တယ်။ “ ယန်လေး ရောက်လာပြီ။ နင် မထွက်လာသေး ဘူးလား။”

ပင်းယန်ရဲ့ အသံ ဟာ သိပ်ပြီးတော့ မကျယ်ပါ ဘူး။

ဒါပေမယ့်လည်း ဧည့်သည်တော်တွေ သူမရဲ့ အသံကို ကောင်းကောင်းကြားနိုင်တယ်။

“ ထွက်လာ။ ဘယ်သူ့ကို ထွက်လာခိုင်းတာလဲ။ အိမ်စေ နှစ်ယောက်ကိုလား၊”

“ မေးခိုက်တဲ့ မေးခွန်းကတော့ အဖြေနဲ့ မကိုက်ညီ သလိုပဲ။ ”

“ ဒါက ဖြစ်နိုင်မလားု။”

လူတိုင်းကတော့ တိတ်တဆိတ်နဲ့ ထွက်လာမယ့်သူကို ခန့်မှန်းနေခဲ့တယ်။ နောက်ဆုံးမှာတော့ အပြာ်ရောင် ချန်ရှန်း ပိတ်စဟာ လေထုထဲမှာ လွင့်မျောနေခဲ့တယ်။

ပင်းယန်ရဲ့ ချီကူယန်ကြားမှာ ပုံရိပ် တစ်ခုဟာ ထွက်ပေါ်လာတော့တယ်။ သူ့ရဲ့ နှုတ်ခမ်းထောင့်တွေကတော့ တွန့်ကွေးနေခဲ့တယ်။

“ ဒါက ဘယ်လို ဖြစ်နိုင်မှာလဲ။”

“ သူက ဘာ်လို့ မသေတာလဲ။ ပင်းယန် အိပ်ခန်းထဲကနေ သူတို့က ထွက်လာတယ်။ ချီကူယန်နဲ့ ပင်းယန် မင်းသမီးလေး ဘေးမှာ ဘာလို့ ရပ်နေတာလဲ။”

လူတိုင်းကတော့ ဒီ နောက်က အကြောင်းရင်းကို မသိကြပါဘူး။

ပင်းယန်ကတော့ နောက်ဆုံးမှာ တော့ စကားပြောလာပြီ ဖြစ်တယ်။

“ ယန်လေး။ မင်း ငါ့ကို ကူညီ ရမယ်။ ဖန်ကျန်းရှီက ကျောက်စိမ်း ဆံထိုးကို ယူလာပေးမယ် ပြောပြီးတော့ အခုတော့ မွေးနေ့ကို တစ်ခုတောင်မပါပဲ လာတယ်။ အကြောင်းရင်းပြောခိုင်းပေမယ့်လည်း အိမ်တော်ကနေ ထွက်ပြေးဖို့ပဲ ကြံနေတယ်။ တစ်ခုရှိတာက ဒါ ပင်းယန်ရဲ့ အိမ်တော် ဖြစ်နေတယ်။ ဒါကြော်င့်စစ်သည်အင်အားသုံးပြီးတော့ ထိန်းထားခိုင်းလိုက်တာ ။ မဟုတ်ရင် သူ ထွက်ပြေးပြီ။ ” ပင်းယန်က ချစ်စဖွယ် အမူအယာ်လေးနဲ့ ရှင်းပြနေခဲ့တယ်။

ဒါကို ကြားပြီးတဲ့ နောက်မှာတော့ ချီကူယန်က ချက်ခြင်းကို သဘော ပေါက်သွားတော့တယ်။ သူမ ဟာ ဖန်ကျန်းရှီ ဘက်ကို လှည့်လိုက်တယ်။

“ ရွှေသားကွပ် ကျောက်စိမ်း ဆံထိုး ယူလာဖို့ ကတိပေးထားတယ် ”

“ ကျောက်စိမ်း ဆံထိုးလား။” ဖန်ကျန်းရှီက ငြင်းပယ်ဖို့ တွေးလိုက်တယ်။ရွှေကွပ် ကျောက်စိမ်း ဆံထိုးကို ငါ ဝယ်မှ မဝယ် နိုင်တာ။

ဒါက ဆွေးနွေးထားတဲ့ အထဲ မှ မပါတာ။ ဒါပေမယ့်လည်း သူ့ရှေ့က ဒီ အမျိုးသမီးရဲ့ ဂုဏ်ရည်က အတော်လေးကို မြင့်မားလွန်းတယ်။ သူ့မှာ တခြားငြင်းပယ် စရာမရှိတော့ ဘူး။ ပင်းယန်က သူ့ကို ဒီ လိုမျိုး အကျဉ်းအကျပ်ထဲ ရောက်အောင် လုပ်နေတာပဲ။

ဒီလို လူရှေ့မှာ သာ ဝန်ခံ လိုက်ရင်

သူပိုင်ထားသမျှ ငွေတွေ အကုန်သုံးရတော့မှာ ဖြစ်တယ်။

ဒါမျိုးတော့ အဖြစ်မခံ နိုင်ပါ ဘူး။

မေ့ထားလိုက်တော့ ။ သူ့ မှာ မျက်စိဒေါက်ထောက်ကြည့်နေခံရတဲ့ ဘဝရှိနေတယ် ဆိုပေမယ့်လည်း ဆံထိုးတစ်ချောင်း အတွက်တော့ ဒီလိုမျိုး ရှိသမျှ ကုန်မှာ အဖြစ်မခံနိုင် ပါ ဘူး။ အခု ချိန် မှာ သဘော တူလိုက်ပြီးတော့ နောက်မှ ငြင်းရင်ကော။

ပင်းယန်က သူပေးထားတဲ့ ငွေသားသေတ္တာတွေကိုတော့ ပြန်ယူမှာ မဟုတ် ပါဘူး။

“ ကျောက်စိမ်း ဆံထိုး လုပ်နေတဲ့ ပန်းထိမ် ဆရာ ဖျာ်းနေလို့ ။ ဒါကြောင့် ။” ဖန်ကျန်းရှီကတော့ အကြောက်အကန်ငြင်းနေခဲ့တယ်။ သူ့ရဲ့ မျက်နှာကတော့ အတော်လေးကို မအီမသာ ဖြစ်နေဟန်ပါပဲ။

ချီကူယန်ကတော့ ဖန်ကျန်းရှီကို စိုက်ကြည့်လိုက်တယ်။ အဲ့ဒီံနောက် ပင်းယန်ရဲ့ ပုခုံးကို ပုတ်၇င်းပြောလိုက်တယ်။ “ ပင်းယန် အေးအေးဆေးဆေး နေ။ ကျောက်စိမ်း ဆံထိုးကို ယန်လေး မရ ရ အောင် ယူလာပေးမယ်။”

“ကျေးဇူးပဲ ယန်လေး။” ပင်းယန်က ဒါကို ကြားချိန်မှာတော့ စိတ်သက်သာရာ ရသွားတဲ့ပုံပါပဲ။ ဒါပေမယ့်လည်း ဖန်ကျန်းရှီကို မျက်စောင်းထိုးဖို့တော့် မမေ့ဘူး ဖြစ်တယ်။

ဖန်ကျန်းရှီက မျက်လုံးပြူးပြလိုက်တယ်။ သူ့စိတ်ထဲမှာတော့။ “ ချီကူယန် မင်းကို ကတိပေးပြီးပြီပဲ။ ငါနဲ့ မဆိုင်တော့ ဘူး။” လို့ ပြောနေခဲ့တယ်။

…

သူတို့ သုံး ဦး ဟာ ဗလုံးဗထွေးနဲ့ပြောနေကြတယ်။ ခန်းမထဲက ဧည့်သည်တော်တွေကတော့ ဘာတွေ ဖြစ်နေလဲ ဆိုတာ ပုံဖော်နိုင် ခြင်း မရှိပါဘူး။

ဒါပေမယ့်လည်း မြင့်မြတ်တဲ့ ရုံးတော်သားတွေ ဟန်ချန်ဖုန်းနဲ့ သွမ့် အရှင် အပါ အဝင် အခြား လူကြီးလူကောင်းတွေရဲ့ စိတ်ထဲမှာတော့ နာကျင်ဖွယ် မြင်ကွင်း တစ်ခုကို မြင်လိုက်ရသလိုပါပဲ။

အကယ်၍ အတွင်းဆောင်ထဲက တံ ခါးဝမှာ ပင်းယန် ပြောနေတဲ့ စကားတွေက ဒါရဲ့ အဖြေ ဆို၇င် ။

အခု ဖြစ်နေတာတွေက ကော ဘာတွေလဲ။

“ ရွှေကွပ် ကျောက်စိမ်း ဆံထိုး”

“ မင်းသမီး ပြောနေတာ ဘာတွေလဲ။ ပြောတော့ ဖန်ကျန်းရှီကို သတ်မယ်ဆို”

ဧည့်သည်တွေကတော့ သူတို့ သုံးဦး ပြုံး ရွှင်နေကြပုံကို တအံ့တသြကြည့်နေခဲ့ကြတယ်။ မည်သည် တစ်ဦးတစ်ယောက်ကမှ ဘာလုပ်လို့ ဘာကိုင်ရမှန်း မသိ ဘူး ဖြစ်နေခဲ့တယ်။

ပိုြ့ပီး အရေးကြီးတာက ချီၤကူယန်။ သူမက ဖန်ကျန်းရှီရဲ့ လက်မောင်းကို ချိတ်ထားတယ်။

“ ချီကူယန် ဖြစ်နိုင်မလား။”

“ ဒါက ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ။”

လူထု ဟာ ချီကူယန် ကိုယ်တိုင် ဖန်ကျန်းရှီနဲ့ စေ့စပ်မှု သတင်းကို ကြေညာခဲ့ကြောင်းနဲ့ မြောက်ပိုင်းဒေသ နတ်ဆိုးကျောင်းတော်မှာ ဖြစ်ခဲ့တဲ့ ကိစ္စ အကြောင်းကို ကောလဟာလတွေ ကြား ထား ပြီးသား ဖြစ်တယ်။ ဒါပေမယ့်လည်း ယန်မြို့တော်မှာ နေထိုင်သူတွေ အတွက်တော့ ဖန်ကျန်းရှီနဲ့ ချီကူယန် လက်ချင်းတွဲပြီး လျှောက်နေတာ ပထမဆုံး မြင်ဖူးတာပဲ ဖြစ်တယ်။

သူတို့ရဲ့ စိတ်အစဉ် ကတော့ လုံးဝကို ကမောက်ကမ ဖြစ်နေတော့တယ်။

အဲ့ဒီ့နောက်မှာတော့ ဧည့်သည်တွေဟာ တစ်ဦးကို တစ်ဦး ကြည့်နေကြတော့တယ်။

အစတည်းက ဖန်ကျန်းရှီနဲ့ ပင်းယန် စနောက်နေတယ် ဆိုတာ သူမ သိနေတာလား။

ဒါကြောင့် အပြင်မှာပဲ ထိုင်ပြီးတော့ စောင့်နေတာလား ။

ဒါက တကယ့်ကို ဖြစ်နိုင်တဲ့ အကြောင်းရင်းပဲ။ ဘာကြောင့်လဲ ဆိုတော့

သူတို့မြင်နေရတဲ့ ဒီ အခြေ အနေကတော့ လုံးဝကို ဒရာမာ ဆန်လွန်းတယ်။

တစ်မိနစ်. ။ သူတို့ရဲ့ ဓားတွေက အခြားတစ်ဦးရဲ့ လည်ပင်းကို ထိုးဖောက်ဖို့ အဆင်သင့် ဖြစ်နေခဲ့တယ်။ အဲ့ဒီ့နောက် အခြား မိနစ်မှာပဲ မိသားစုတွေလို နီးကပ်နေပြန်တယ်။

ဒါက ယုံဖို့ ခက်ခဲ လွန်းတယ်။

“ ခွမ်း။” ကွဲကြေသွားတဲ့ အသံ ဟာ ပေါ်ထွက်လာတော့တယ်။ လက်ဖက်ရည် ခွက် တစ်ခွက်ဟာ မြေပြင်ပေါ်မှာ ကွဲနေပြီ။

သွမ့် အရှင်ကတော့ ချီကူယန် ဖန်ကျန်းရှီ လက်ကို ချိတ်ထားတဲ့ မြင်ကွင်းကို မြင်လိုက်တယ်။ သူ့ရဲ့ နှုတ်ခမ်းတွေဟာ တင်းတင်း စေ့သွားပြီးတော့ မျက်လုံးတွေက ကျဉ်းမြောင်းသွားခဲ့တယ်။ ဒါပေမယ့်လည်း အခု ချိန်မှာတော့ သူ့ရဲ့ မျက်လုံးတွေက ကွာခြားနေပြီ ဖြစ်တယ်။ နှစ်ထောင်ပေါင်းများစွာ အေးစက်ရေခဲ တုံး တစ်တုံးလိုမျိုး အေးခဲ မှုတွေ ဖြစ်ပေါ် နေခဲ့တယ်။

တစ်ကျိုက်တည်းနဲ့ လက်ဖက်ရည်တွေကို သောက်ချလိုက်တယ်။

ဒီ အချိန်မှာပဲ။ ဖန်ကျန်းရှီနဲ့ ပင်းယန်ကို ကြည့်ရင်း အတော်လေးကို ထိတ်လန့်နေကြတယ်။ ကျယ်လောင်လှတဲ့ အသံ တစ်သံက သူတို့ကို ပြန်ပြီး သတိ ဝင်လာစေတယ်။

“အရှင် မင်းမြတ် ကြွချီလာပြီ။”

အပိုင်း ( ၁၆၇) ပြီး၏။

အပိုင်း (၁၆၈)

“ ရဲရဲ တောက်နေသော ချီလင်(၁) ”

“ အရှင်မင်းကြီး ” ဒီ စကားလုံးကို ဖန်ကျန်းရှီၤ အတော်လေး ရင်းနှီးနေတယ်။ အရင် လောက် တုန်းက ဒီ စကားလုံးကို အတော်လေး သုံးခဲ့ရတယ်။ ချင် မင်းဆက်ရဲ့ နောက်ဆုံး ဧကရာဇ် ။ မင်းဆက်ရဲ့ နောက်ဆုံး ဘု၇င် (ပုရီ) ။

သမိုင်းကြောင်းတစ်လျှောက်လုံးမှာ အာဏာကင်းမဲ့တဲ့ အရှင် သခင် ဆိုတာ မရှိ သလောက်ပဲ။

ဒါပေမယ့်လည်း သူက ဒီ မင်းဆက်တွေ အကြောင်းကို စာအုပ်ထဲမှာ ပဲ ဖတ်ဖူးတာ ဖြစ်တယ်။ အခုလို လက်တွေ့ ကြုံရမယ့် အချိန်မှာတော့ နည်းနည်းတော့ စိတ်ရှုပ်နေမိတယ်။

သွမ့် အရှင်နဲ့ အခြားသော မြင့်မြတ်ဂုဏ် ခံ တွေ အားလုံး မတ်တပ်ရပ်လိုက်ကြတယ်။

ပင်းယန် ရဲ့ မွေးနေ့ကို ရောက်လာတာ အံ့သြစရာတော့ မဟုတ် ဘူး။

ချီကူယန်ကတော့ အေးဆေး သက်သာတဲ့ အမူအယာမှာပဲ ဆက် ရှိနေတယ်။ ပင်းယန်လည်း အတူတူပါပဲ။ သူတို့ ရဲ့ တည်ငြိမ် မှု ထဲမှာပဲ ကျေနပ် ဝမ်းမြောက်မှုတွေ ကို မြင်တွေ့ နိုင်တယ်။ ဒါပေမယ့်လည်း အရှင်မင်းကြီး ကြွရောက်လာမှု အတွက် ပြင်းထန်တဲ့ စိတ်ခံစားမှုတွေ မပြသ ကြ ပါဘူး။

သိပ်မကြာခင်မှာပဲ ခြေသံတွေ ဟာ ပဲ့တင့်ထပ်ရင်း င်္နီးကပ်လာတော့တယ်။

လူတစ်စု ဟာ ဖြည်းဖြည်း ချင်း လျှောက်လာနေတာကို တွေ့လိုက်ရတယ်။

လမ်းရှင်းနေတဲ့ စစ်သားတွေနဲ့ ကြီးကျယ် ခံ့ညားမှုတွေ အပို လုပ်ဆောင်ချက်တွေ တစ်ခုမှ မရှိဘူး ဖြစ်တယ်။ မိဘုရား။ ကြင်ယာတော်။ ကိုယ်လုပ်တော် တစ်ယောက်မှ ပါမလာပဲနဲ့ စုစုပေါင်း လူ ကိုးဦးသာ လာရောက်တာကို တွေ့ရတယ်။

ရှေ့ဆုံးက လူဟာတော့ ရွှေရောင် တော်ဝင် ဝတ်ရုံကို ဝတ်ဆင်ထားတယ်။ လက်သည်း ငါးချောင်းကို ဖြန့်ထားတဲ့ နဂါး တစ်ကောင်ကို ရွှေချည်ထိုးပြီးတော့ ပုံဖော်ထားတယ်။ ခေါင်းပေါ်မှာတော့ သရဖူကို ဆောင်းထားခဲ့တယ်။ ဒါကတော့ ဧကရာဇ် မှသာ ဆင်မြန်းတဲ့ ဝတ်ဆင်ပုံ ဖြစ်တယ်။

အဲ့ဒီ့ လူရဲ့နောက်မှာတော့ ငွေသား ဝတ်ရုံကို ဝတ်ဆင်ထားတဲ့ လူငယ် ၈ဦး ရှိနေတယ်။ တစ်ဦးချင်းစီဟာတော့ ယှဉ်ပြိုင်ချင်းငှာ မစွမ်း သာတဲ့ ထူးခြားဆန်းပြားတဲ့ အငွေ့အသက်တွေ ထုတ်လွှတ်နေတယ်။

ဒီ လူတန်းကြီး ပေါ်လာချိန်မှာတော့ မျက်ခုံးကောင်းကောင်း တောက်ပတဲ့ မျက်လုံးတွေ ရှိပြီးတော့ ရိုးရာ ဝတ်စုံကို ဝတ်ဆင်ထားတဲ့ အမျိုးသားငယ်လေး တစ်ဦး ဟာ လူအုပ်ထဲကနေ ရှေ့ကို ထွက်လာခဲ့တယ်။

“ ဖခမည်းတော်ကို ကြိုဆိုပါတယ်။”

“ အရှင် မင်းကြီးကို ကြိုဆိုပါတယ်။ ”

“ အရှင် မင်းသားများကို ကြိုဆိုပါတယ်။ ”

တရုတ်ရိုးရာ ဝတ်ရုံကို ဝတ်ထားတဲ့ လူငယ်လေး ဟာ ဒူးထောက်ပြီးနောက်မှာတော့ ရုံးတော်သားတွေနဲ့ မြင့်မြတ်သူတွေ အကုန်လုံးဟာ ဒူးထောက်လိုက်ကြတော့တယ်။

ချီကူယန်ကတော့ ဒူးမထောက်ပါဘူး။ အနည်းငယ်သာ ကိုယ်ကို ကိုင်းညွှတ်ရင်းနဲ့ ရှေ့ဆုံးက လူကို လေးစားမှု ပြလိုက်တယ်။ ပင်းယန်ကတော့ ဒူးလည်း မထောက်သလို ဦးညွှတ် ချင်းလည်း မပြုပါဘူး။

ဖန်ကျန်းရှီလည်း ဒူးတော့ ထောက်ချင်တယ်။ ဒါပေမယ့်လည်း သူ့ စိတ်နှလုံးထဲမှာ လျှပ်စီးလက်သလို ပြေးနေတဲ့ အတွေးအခေါ်တွေကြောင့် ဘယ်လိုမှကို ဒူးမထောက်နိုင်ဘူး ဖြစ်နေတယ်။ သူ့ခြေထောက်တွေက ကွေးလို့ကို မရနိုင် ဘူး။

“ဒါက အခု လက်ရှိ ရေမြေ့ရှင်လား။”

ဖန်ကျန်း ရှီရဲ့ ပါးစပ်တွေ တဖြည်းဖြည်း ပွင့်ဟသွားတော့တယ်။ ဒါက သူ့ ဘဝမှာ ပထမဆုံးသော ထုံထုံထိုင်းထို်င်း ဖြစ်သွားတာပဲ ဖြစ်တယ်။ ချီၤကူယန် နဲ့ သူရဲ့ စေ့စပ်ပွဲ အကြောင်း ရုတ်တရက်ကြေညာတာတောင် ဒီလောက်ထိ မအံ့သြမိဘူး။

သူ့ဘေးမှာ ရပ်နေတဲ့ ပင်းယန်နဲ့ ဒူးထောက်နေတဲ့ လူရွယ်ကို ကြည့်လိုက်တယ်။

သူ့ခေါင်းထဲမှာ တွေးနေတာကတော့ တစ်ခုတည်းပဲ ၇ှိတယ်။

“ ပင်းယန်နဲ့ ရှေ့ဆုံးမှာ ရပ်နေတဲ့ လူငယ်ကို …….. ဧကရာဇ်ရဲ့ သမီးအရင်းတော့ မဖြစ်နိုင် ဘူး မလား။ ဘယ်လို ဖြစ်နို်င်မလဲ။”

ဖန်ကျန်းရှီက လက်တွေ့ အကြောင်းရင်းတွေကို တော်ရုံ လက်မခံ နိုင်တဲ့သူမျိုးတော့ မဟုတ်ပါ ဘူး။ ဒါပေမယ့်လည်း သူ့ရှေ့က ဧကရာဇ်ကတော့ ငယ်လွန်းနေတယ်။ ကြောက်စရာ ကောင်းလောက်အောင် ငယ်လွန်းတယ်။

ဧကရာဇ် တစ်ဦးလို့ ထင်စရာ အကြောင်းကို မရှိ ဘူး ။ ဝတ်စုံကြောင့်သာ မဟုတ်ရင် လက်ရှိ ရေမြေ့ရှင်လို့ တွေးလို့ကို မရနိုင် ဘူး။

ဒီ ကွင်းပြင်ကြီးထဲမှာ ပင်းယန် ရဲ့ အသက်ကို ခန့်မှန်းကြည့်နေတယ်။ အခု မင်းသမီးနဲ့ ဒူးထောက်နေတဲ့ လူရွယ်က အနည်းဆုံးတော့ အသက် နှစ်ဆယ့်လေး နှစ်ဆယ့် ငါးလောက် တော့ ရှိနေပြီ။

ဒါပေမယ့်လည်း

အခု လက်ရှိ ရေမြေ့ရှင်ကတော့ အသက် ၂၀ ထက်ကို ပိုမကြီး နိုင်သေး တဲ့ အသွင် ပေါက်နေတယ်။

ဉာဏ်ပညာ ပြည့်ဝတဲ့ စူးရှတောက်ပ မျက်ဝန်းတွေ ။ ငွေရောင် ဆံပင်ဖြူ တစ်ပင်တောင် မရှိပဲနဲ့ နက်မှောင်တောက်ပနေတဲ့ ဆံပင်တွေ ။ အရေးကြောင်း တစ်ခုလေးတောင် မရှိပဲ တင်းရင်း ချောမွေ့ လှတဲ့ အသားအရည်။ ဒီလို လူငယ် ဘု၇င်လေးက ဘယ်လိုလုပ် ဒီလောက် သားသမီး အများကြီး မွေးထားနိုင် ရတာလဲ။

ဖန်ကျန်းရှီရဲ့ မျက်နှာကတော့ သူ့စိတ်နှလုံးထဲက အတွေးတွေကို ဖော်ပြနေတယ်။ တတွေတွေ ချနေတဲ့ သက်ပြင်းချသံတွေဟာ ရေမြေ့ရှင် လင်း မုပိုင် တောင် ကောင်းကောင်း ကြားနေရတယ်။ နောက်ဆုံးမှာတော့လည်း ဖန်ကျန်းရှီက ဧကရာဇ်ရဲ့ အရေးပေးခံရဆုံး သူ နှစ်ဦးကြားမှာ ၇ပ်မြဲ ရပ်နေဆဲပါပဲလေ။

ချီကူယန် နဲ့ ပင်းယန် ။

ဒါပေမယ့်လည်း ရေမြေ့ ရှင်ရဲ့ မျက်နှာ အမူအယာက်တော့ ပြောင်းလဲ သွားချင်း အလျဉ်းမရှိပါဘူး။ သူဟာ ဘာကိုမှ မမြင်သလိုပါပဲ။ ဖန်ကျန်းရှီကို တချက်ကြည့်ပြီးနောက် အကြည့်လွှဲကာ သူ့ရှေ့မှာ ဒူးထောက်နေတဲ့ လူငယ်ကို အာရုံစိုက်လိုက်တယ်။

“ ရှင်းကြွယ် က သိပ်ကို ဝီရိယ ရှိတာပဲ။ ကျွနု်ပ် ထက်တောင် အစောကြီး ရောက်တယ်။ ထပါ ။”

“ ခမည်းတော်ကို ကျေးဇူးတင်ပါတယ်။ ” လူငယ် ဟာ ထလိုက်တယ်။

“ ထျန်းရုံ။ မင်းက နေ့တိုင်း နိုင်ငံ ရေးနဲ့ အလုပ်ရှုပ်နေတာ အပြင် လောကလေး ဘာလေး လေ့လာသင့်တယ်။ မင်းရဲ့ အရှေ့ပိုင်း နန်းတော်မှာပဲ အမြဲ ပုန်းနေတာ မကောင်းဘူး။ ဒါကိုတော့ ရှင်းကြွယ် ဆီက သင်ယူသင့်တယ်။” ရေမြေ့ရှင်က အကြံ ပေးလိုက်တယ်။ သူ့ရဲ့ အကြည့်တွေကတော့ သူ့နောက်မှာရပ်နေတဲ့ အဖြူရောင် ပိုးသား နဂါး ဝတ်ရုံဝတ် လူငယ်လေး ဆီကို ရောက်သွားတယ်။

ဒါကြောင့် ဖန်ကျန်းရှီလည်း ရေမြေ့ရှင်နောက်က လူငယ်လေးကို သတိပြုမိသွားတယ်။ ဒါကတော့ မိုးမခပင်လို ကွေးညွှတ်နေတဲ့ မျက်ခုံးကောင်းကောင်း ရှိပြီးတော့ ရှည်မျောမျော မျက်လုံးကျဉ်းတွေ ရှိနေတဲ့ သူ တစ်ဦးဖြစ်တယ်။ သူ့ရဲ့ ရုပ်ရည် သွင်ပြင်ကတော့ မိန်းမ ဆန်ဆန် ချောမောတယ်။ ဒါပေကမယ့်လည်း သူ့ ရဲ့ ဟန် အမူအယာကတော့ အရှေ့ပိုင်း နန်းတော်က နဂါးဖြူတစ်ကောင်ပီသတယ်။

အိမ်ရှေ့စံ မင်းသား လင်းထျန်းရုံရဲ့ မျက်နှာကတော့ ရေမြေ့ရှင်ရဲ့ စကားသံကို ကြားတဲ့ အချိန်မှာ ပိုပြီးတော့ တည်ငြိမ်သွားခဲ့တယ်။

“ ဖ ခမည်းတော်ရဲ့ အကြံ ပြု စကားက တကယ့်ကို ပညာ ရှိပါပေတယ်။ အကို ရှင်းကြွယ် ဆီကနေ အသေအချာကို သင်ယူပါမယ်။” အိမ်ရှေ့စံ မင်းသားက ဒူးထောက်ဖို့ ပြင်လိုက်ပေမယ့်လည်း ရေမြေ့၇ှင်က တော့ လက်ကို ဆန့်တန်းပြီးတော့ တားမြစ်လိုက်တယ်။

အဲ့ဒီ့နောက် ဧကရာဇ်ဟာ သူ့သားတွေနဲ့ စကားပြောနေတာကို လက်စသတ်ပြီးတော့ ဒူးထောက်နေတဲ့သူတွေ ဘက်ကို လှည့်လိုက်တယ်။

“ အားလုံး ထကြ။ ဒီနေ့ ငါ ကိုယ်တော် ပွဲတော်ကို ဆင်နွှဲဖို့ လာတာ။ မင်းတို့ အားလုံး လည်း ပျော်မွေ့ကြပါ။”

“ အရှင်မင်းကြီးကို ကျေးဇူးတင်ပါတယ်။” ရုံးတော်သားတွေအားလုံးနဲ့ မြင့်မြတ်သူတွေဟာရေမြေ့ရှင် မိန့်တော်မူပြီးတဲ့နောက် ထရပ်လိုက်တယ်။

လူတိုင်း မတ်တပ်ရပ်ပြီးနောက် မှာတော့ ရေမြေ့ရှင်ဟာ ခေါင်းကိုငြင်ငြင်သာသာလေး ငြိမ့်လိုက်ပြီးတော့ နွေးထွေးစွာ ပြုံးလိုက်တယ်။

“ ဖခမည်းတော်” ပင်းယန်က ခပ်တိုုးတိုးလေး ခေါ်လိုက်ပြီးတော့ ချီကူယန်ရဲ့ လက်ကို ဆွဲ၇င်းရှေ့ထွက်သွားတော့တယ်. ။

“ ဟာ းဟား … ပင်းယန် ။ သမီးတော်တောင် တစ်နှစ်ကြီးလာပြီ။ အရွယ်ရောက်လာလေ သမီးတော်ရဲ့ မယ်တော်နဲ့ တူလာလေပဲ။ နောက်ဆိုရင် မယ်တော်ရဲ့ အလှကိုတောင် မှီလာတော့မယ်။ အာ ဟုတ်ပြီ။ သမီး အတွက် လက်ဆောင် ယူလညတယ်။ အခုတော့ အရင် တစ်ခါ ကလို စိတ်ကောက်ပြီး နေနိုင်မှာ မဟုတ်တော့ဘူး။ ”

“ ဒါဆို သမီးတော် လက်ဆောင်ကို အရင် ကြည့်မယ်။” ပင်းယန်က ပြုံးရွှင် စွာနဲ့ ပြောလိုက်တယ်။

“ ရဲရဲတောက် ချီလင်လှံ ။ သမီးတော် ဘယ်လို သဘောရလဲ။” ရေမြေ့ရှင်ရဲ့ နှုတ်ခမ်းတွေကတော့ ချီလင် အကြောင်းပြောချိန်မှာ ပြုံးနေခဲ့တယ်။

တခြားသော သူတွေကတော့ “ ချီလင် လှံ” ဆိုတဲ့ စကားသုံးလုံးကို ကြားချိန်မှာတော့ သူတို့ ရဲ့ မျက်နှာတွေမှာ အရောင်မရှိတော့တဲ့ ထိ ဖြူဖျော့သွားတော့တယ်။ ယန်မြို့တော်ရဲ့ နတ်ဆိုးမလေးက ကြီးမြတ်သော ရှ မင်းဆက်ရဲ့ ရတနာ ဆယ် ပါး ထဲက တစ်ခု ဖြစ်တဲ့ ။ “ ရဲရဲတောက် ချီလင်လှံ” ကို ပိုင်သွားပြီ။

ဒီလှံနဲ့ ဆိုရင် သူတို့ ဘယ်လို အသက်ရှင်ရတော့မှာလဲ။”

“ ဖခမည်းတော်က ပင်းယန်ကို တကယ်ပဲ ရဲရဲတောက် ချီလင်လှံကို ပေးမှာလား။ ခမည်းတော်က ပင်းယန်ကို အချစ်ဆုံးပဲ။” ဒီ အချိန်မှာတော့ ပင်းယန် ဟာပျော်ရွှင်မှု ကြောင့် ဆွေ့ဆွေ့ခုန်နေခဲ့တယ်။ သူမရဲ့ ပျော်ရွှင်မှုကိုတောင် မဖုံးကွယ် နိုင် ဘူး။

“အရှင်မင်းကြီးကို ဂါဝရ ပြုပါတယ်။” ချီကူယန်က နှုတ်ဆက်ဖို့ သင့်လျော်တဲ့ အချိန် ရောက်ချိန်မှာတော့ စကားစတင်တော့တယ်။

“ အမ် ။ ကူယန် ။ နေရာများ မှားရောက် လာတာလား။ လွန်ခဲ့တဲ့ တစ်နှစ်တုန်းက ကောင်းကင် တာအို ခန်းမ မှာ ငါကိုယ်တော်ကို တောင် အတွေ့ မခံ ဘူး။ အခုတော့ တောင်ပေါ်ကနေ ဆင်းလာတဲ့ အပြင် ယန်မြို့တော်ကိုပါ ရောက်နေပြီ။ ကိုယ်တော့် ဆီတောင် တစ်ခါမှ လာမလည် ဘူး။” ရေမြေ့ရှင်ရဲ့ အသံ ဟာ ဆူပူနေဟန် ပေါက်ပေမယ့်လည်း ဖခင် တစ်ဥၤိးက သမီးငယ်ကို ပြောနေဟန်နဲ့ ပိုပြီးတူညီလှတယ်။

ဖန်ကျန်းရှီကတော့ ဒီမြင်ကွင်းမျိုးကို မြင်ရတာ သက်တောင့်သက်သာ မရှိ လှဘူး ဖြစ်နေတယ်။

အသက် ၂၀ လောက်ပဲ ရှိသေးတဲ့ ကောင်လေးက ဒီလို အမူအယာမျိုး ဖြစ်နေတာက နည်းနည်းတော့ တွေးဖို့တောင် ခက်တယ်။

“ အရှင်က ကူယန်ကို ဆူနေတာပဲ။” ချီကူယန်က အနည်းငယ် ဦးညွှတ်ရင်းနဲ့ ပြောလိုက်တယ်။ သူမက ပြန်ဖြေရုံသက်သက်သာ ဖြစ်တယ်။ နန်းတော်ကို လာပါမယ်လို့ စကား တစ်ခွန်းတောင် မဟပါ ဘူး။

ရေမြေ့ရှင်ရဲ့ မျက်နှာမှာတော့ စိတ်ပျက်သွားဟန် အနည်းငယ်ပေါ်လာပေမယ့်လည်း သူဟာ ဖန်ကျန်းရှီ ဘက်ကို လှည့်လိုက်တယ်။

ဒီ အချိန်မှာပဲ လူတွေ သတိထားမိသွားတာကတော့

ဖန်ကျန်းရှီ ဟာ တစ်ချိန်လုံး မတ်တပ်ရပ်နေခဲ့တယ်။ တစ်ခါလေးတောင်မှ ဒူးမထောက် ဘူး။

“ ဒါဆို မင်းက ဖန်ကျန်းရှီပဲ ဖြစ်ရမယ်။” ရေမြေ့ရှင်က တစ်စုံတစ်ရာကို စဉ်းစားသုံးသပ်ေ်နဟန်နဲ့ပြောလိုက်တယ်။

“ မှန်လှပါ။” ဖန်ကျန်းရှီကတော့ သူ့ ရှေ့မှာ ဘုရင်တစ်ပါး အရှင် လတ်လတ်ကြီး ရောက်နေတာကို အခုချိန်ထိ မျက်စိ လည်နေဆဲ ဖြစ်တယ်။ ဒူးထောက်ဖို့လည်း မေ့နေခဲ့တယ်။ ဒါ့အပြင် အခုချိန် အကုန်လုံး မတ်တပ်ရပ်နေတာကြောင့် သူလည်း ဒူးထောက်ဖို့ မလိုတော့ ဘူး ထင်တယ်။

“အတင့် ရဲလိုက်တဲ့ ဖန်ကျန်းရှီ်။ အရှင်မင်းကြီးရှိနေတာတောင် ဘာကြောင့် ဒူးမထောက် တာလဲ။” ရုံးတော်သားတစ်ဦးဟာ ဒူးမထောက်တဲ့ ဖန်ကျန်းရှီရဲ့ အပြုအမူကို မြင်ချိန်မှာတော့ ချက်ချင်းကို အော်လိုက်တယ်။

ရေမြေ့ရှင်ကတော့ ရုံးတော်သားကို တစ်ချက် ဝေ့ကြည့်လိုက်ပြီးတော့ လက်ကိုဝေ့ယမ်းရင်း ဖယ်ရှားခိုင်းလိုက်တယ်။ အဲ့ဒီ့နောက် ဖန်ကျန်းရှီ ဆီကို တန်းတန်းမတ်မတ် လျှောက်သွားတော့တယ်။

“ ငါကိုယ်တော် မင်းရဲ့ အကြောင်းကို ကြားထားတယ်။ တောင်ပေါ်ရွာမှာ မွေးပြီးတော့ တာအို ခန်းမထဲကို တစ်ခါမှ မရောက်ဖူးပေမယ့် အသက် ခြောက်နှစ်မှာတင် အရာအားလုံး ဖြစ်တည်ပုံဖော်မှုကို ဖြေရှင်းနိုင်ခဲ့တယ်။ ဒါ့အပြင် ဟွေ့အန်းဒေသတွင်း တာအို စာမေးပွဲနဲ့ ယုံကြည်မှု မြစ် မြို့တော် တာအို စာမေးပွဲမှာလည်း နှစ်ထပ်ကွမ်း ချန်ပီယံ တစ်ဦး ဖြစ်တယ်။ အခုတော့ အသက် ၁၅ နှစ်မှာတင် ကောင်းကင် ရောင်ပြန် အဆင့်ကို ရောက်ရှိနေပြီ။ ဒီ လို ငယ်ငယ်ရွယ်ရွယ်နဲ့ အောင်မြင်မှုတွေ အတော်များတာ။ ငါတို့ရဲ့ ကြီးမြတ်သော ရှ မင်းဆက်မှာ မင်းလိုလူ ရှိတာ ကံတရားရဲ့ မျက်နှာသာ ပေးမှုပဲ။”

ချီးမွမ်းနေတဲ့ ရေမြေ့ရှင်ရဲ့ မျက်နှာမှာတော့ လေးစားရိပ်တွေ ပေါ်နေခဲ့တယ်။

“ အရှင် မင်းကြီၤးရဲ့ ချီးမွမ်းမှုကို ဝမ်းမြောက်မိပါတယ်။ ” ဖန်ကျန်းရှီၤလည်း ချက်ခြင်း အရိုအသေ ပေးလိုက်တယ်။

ဒီလောက ရဲ့ အရိုအသေပေးမှုတွေကို နားမလည်ပေမယ့်လည်း သူ ထင်တာကတော့ လေးလေးစားစား ပြန်ဖြေသင့်တယ် ။

“ မင်းမှာ ဒီ အောင်မြင်မှုတွေ ရပေမယ့်လည်း “ တာအို နိယာမ” ကိုတော့ အမြဲ ပြန်လည် လေ့ကျင့်မှတ်သားနေရမယ်။ ငါ အသက် ၁၈ နှစ်တည်းက ထီးနန်းကို ဆက်ခံခဲ့တာ အခုဆို အနှစ်သုံးဆယ်ကျော်ခဲ့ပြီ။ တောက်ပတဲ့အနာဂတ်ရှိတဲ့ လူငယ်တွေက လောဘကြီးတဲ့ သူတွေ အဖြစ်ပြောင်းလဲသွားတာကို အများကြီး မြင်ခဲ့၇တယ်။ မင်း လည်း သူတို့လို မဖြစ်အောင် ကိုယ်ပိုင် ဆန္ဒ လိုလားချက်တွေမှာ ရောင့်ရဲအောင် သင်ယူပါ။ မင်းကိုမင်း ဆက်ပြီးတော့ တိုးတက်အောင် အရောင် တက်အောင် လုပ် မရပ်တန့်လိုက်နဲ့။ မင်းဆက်မှာ သမိုင်းတွင် ထိုက်တဲ့သူ တစ်ယောက် ဖြစ်အောင် လုပ်ပါ။” ဖန်ကျန်းရှီရဲ့ အရိုအသေ ပေးမှုကို လက်ခံ ပြီးတဲ့ နောက်မှာတော့ ရေမြေ့ရှင်က မိန့်ကြားလိုက်တယ်။

“ အ၇ှင်မင်းကြီးရဲ့ ညွှန်ပြမှုကို ကျေးဇူးတင်ပါတယ။်

ပြန်ဖြေလိုက်ပေမယ့်လည်း ဖန်ကျန်းရှီရဲ့ စိတ်ထဲမှာတော့ မုန်တိုင်းတိုက်နေခဲ့တယ်။ အသက် ၁၈မှာ ထီးနန်းရတယ်။ အုပ်ချုပ်တာ နှစ်သုံးဆယ် ကျော်ပြီ။

ပေါင်းလိုက်ရင်…

အနည်းဆုံး အသက် ၅၀ ဝန်းကျင်ပဲ။

ဒါကို တွေးလိုက်ပြီးတဲ့နောက် သူ့ရှေ့က လူရွယ်ကလည်း သူ့လိုပဲ ရှုပ်ထွေးတယ်လို့ ထင်မိသွားတယ်။ သူ့ရဲ့ စိတ်ထဲမှာတော့ တိုးတိတ်စွာ ပြောနေမိတာက ။“ င့ါကိုခေါင်း ရှုပ်အောင် လာလုပ်နေပြန်ပြီ။ ”

ရေမြေ့ရှင်ကတော့ ဖန်ကျန်းရှီရဲ့ အတွေးတွေကို မဖတ်နိုင်ပါ ဘူး။ ဒါပေမယ့်လည်း ဖန်ကျန်းရှီ် ပြန်ဖြေပြီးတဲ့နောက်မှာတော့ ခေါင်းငြိမ့်လိုက်ပြီး ကွင်းပြင်ထဲက ခုံတစ်လုံးမှာ ဝင်ထိုင်လိုက်တယ်။

အစကနေ် အဆုံးထိ ဖန်ကျန်းရှီနဲ့ ပြောတဲ့စကားတွေမှာ ချီကူယန်နဲ့ စေ့စပ်ပွဲ အကြောင်းရော အမိန့်တော် အကြောင်းကိုပါ တစ်ခုမှ မပြောပါ ဘူး။

တိုးတက်မှုကိုသာ ဆက်လုပ်ဖို့ အကြံ ပေးသွားခဲ့တယ်။

ထိုင်နေတဲ့ ဧကရာဇ်ကို ကြည့်လိုက်ရင်း ရုံးတော်သားတွေရဲ့ စိတ်ထဲမှာတော့ အတွေးတစ်ခု ဝင်လာကြတယ်။ အဲ့ဒ့ီနောက်မှာတော့ ဖန်ကျန်းရှီကို စိုက်ကြည့်နေပြန်တဲ့ သူတို့ မျက်နှာတွေမှာ အစိမ်းရောင်သန်းတဲ့ မနာလိုမှှုတွေကို မြင်တွေ့လာရတယ်။

ဟန်ချန်ဖုန်းကတော့ သူ့ရဲ့ အမူအယာ်တွေကို ချိုးနှိမ်ထားရင်း ဖန်ကျန်းရှီကို ပြောတဲ့ စကားတွေကိုသာ ပြန်စဉ်းစားနေခဲ့တယ်။

တခြား တစ်ဖက်က သွမ့်ပြည်ထောင် အရှင် လင်းရှင်းကြွယ်ကတော့ ပြောနေတယ်။ “ ဖန်ကျန်းရှီ ။ ခမည်းတော်က မင်းတို့ရဲ့ စေ့စပ်မှုကို အသိအမှတ်တောင် မပြုဘူး။ တော်ဝင် စာမေးပွဲမှာ ကျော်ဖြတ်နိုင်မလာ စောင့်ကြည့်ရ သေးတာပေါ့။

အပိုင်း ( ၁၆၈) ပြီး ၏။

[1] Qilin (麒麟) – တရုတ် ဒဏ္လာရီလာ သတ္တဝါ တစ်ကောင် ဖြစ်ပါတယ်။

အပိုင်း ( ၁၆၉)

“ တော်ဝင် စာမေးပွဲ စတင်ခြင်း”

သူဒါကို တွေးလိုက်ပြီးတဲ့ နောက်မှာတော့ သွမ့် အရှင် လင်းရှှုင်းကြွယ်က ရေမြေ့ရှင် လင်း မုပိုင် နောက်ကို လိုက်သွားတော့တယ်။ သူ့ ခမည်းတော် ရဲ့ ဝန်ထုပ်ဝန်ပိုးကို ကူထမ်းပေးသင့်တယ်လို့ ထင်ခဲ့တယ်။

ဒါပေမယ့်လည်း ဒီနေ့ကတော့ ပင်းယန်ရဲ့ မွေးနေ့ ဖြစ်နေတယ်။ ဒီလို နေ့မျိုးမှာ တော့ နိုင်ငံရေး ကိစ္စပြောတာက အတော်လေးကို စိတ်ဖိစီးစရာ ဖြစ်လိမ့်မယ်။

သွမ့်အရှင်က ဒါကို နားလည်တယ်။ အဲ့ဒီ့နောက် သူ့ရဲ့ အတွေးတွေကို ချိုးနှိမ် လိုက်တော့တယ်။ ဒါပေမယ့်လည်း သူ့ရဲ့ အပြုံးကတော့ ပိုပြီးတော့ ကြီးမားလာခဲ့တယ်။

…

ဘယ်သူကမှ ပင်းယန်နဲ့ ဖန်ကျန်းရှီ ဘာတွေ ဖြစ်ခဲ့လည်း ဆိုတာ မမေးဝံ့ကြပါဘူး။ ဧကရာဇ် ရောက်လာပြီး နောက်မှာတော့ ပင်းယန်ရဲ့ မွေးနေ့ဟာ တရားဝင် စတင်လိုက်ပြီ ဖြစ်တယ်။

အိမ်ရှေ့စံ လင်းထျန်းရုံကတော့ ချီကူယန်ကို သူတို့နဲ့ အတူ အထူးခုံမှာ ထိုင်ဖို့ အတွက် ချီကူယန်ကို ဖိတ်ခေါ်ခဲ့တယ်။ ဒါပေမယ့်လည်း ချီကူယန် ဟာ တလေးတစားနဲ့ ငြင်းပယ်လိုက်ပြီးတော့ ဖန်ကျန်း၇ှိရဲ့ ဘေးမှာသာ ထိုင်နေခဲ့တယ်။

ဒီ မြင်ကွင်းကို မြင်ချိန်မှာတော့ ရေမြေ့ရှင်ရဲ့ မျက်နှာဟာ ပြောင်းလဲ သွားချင်း အလျဉ်းမရှိပါ ဘူး။

သူဟာ ဒါကို မျှော်လင့်ပြီးသား ဖြစ်တဲ့ အတိုင်းပါပဲ။

အိမ်ရှေ့စံ မင်းသားကလည်း စိတ်မဆိုးပါဘူး။ စကား တစ်ခွန်းကိုပဲ ပြောတယ်။ “ ဒီနေ့က ပင်းယန်ရဲ့ မွေးနေ့ ။ မင်းတို့ နှစ်ယောက်က ငယ်သူငယ် ချင်းတွေပဲ ။” အဲ့ဒီ့နောက် သူဟာ စိတ်ဆုံးဖြတ်ပြီးတော့ ဧကရာဇ်နားမှာ ထိုင်လိုက်တယ်။

ဒါကို တွေ့ပြီးတဲ့ နောက် ချီကူယန် လွန်ခဲ့တဲ့ တစ်နှစ်တုန်းက ကောင်းကင်တာအို ခန်းမမှာ နေဖို့ အတွက် ဆုံးဖြတ်ခဲ့တဲ့ အကြောင်းကို သဘောပေါက်သွားတယ်။ ဒီ နေရာက ကိစ္စတွေက အတော်လေး ရှုပ်ထွေးတာပဲ။

အာရုံစိုက်တာကလည်း ထိုင်ခုံ အနေအထားပေါ်မူတည်တာပဲ။

ဖန်ကျန်းရှီက ရုံးတော်သား တစ်ယောက် ဖြစ်မလာသင့် ဘူး လို့ တွေးမိတယ်။ တကယ်တမ်းဆိုရင် သူလည်း ရုံးတော်သား ဖြစ်ချင်တာမှ မဟုတ် တာ။ သူ့ခေါင်းကို သူများ လာဖြတ်မှာသာ စိုးရိမ်စရာ မလို ရင် ဒီလောက်ထိ အားစိုက်ထုတ်ရတဲ့ ကိစ္စမျိုးကို မလုပ်သင့်ဘူးလို့ တွေးလိုက်မိတယ်။

အကယ်၍ သူသာ ရွေးချယ် ခံရ၇င်

သက်တောင့်သက်သာ ဖြစ်တဲ့ အခြေအနေကို လုံး၀ ရွေးချယ်မှာပဲ ဖြစ်တယ်။

“ လာခဲ့ ။ ပင်းယန်ရဲ့ မွေးနေ့မှာ တစ်ခွက်လောက် ဂုဏ်ပြုပေးကြရအောင် ” ရေမြေ့ရှင်ရဲ့ ဦးဆောင်မှု အောက်မှာ ရုံးတော်သားတွေနဲ့ မြင့်မြတ် ဂုဏ်ခံ မျိုးနွယ်တွေ ဟာ ခွက်တွေကို ပင့်မြှောက်ရင်း မွေးနေ့ပွဲ အတွက် ဂုဏ်ပြု အရက်ကို သောက်ကြတော့တယ်။

သုံးဝိုင်းပြီးတဲ့နောက်မှာတော့ အချိုကသော သူတွေဟာ ဆက်မသောက်နိုင်ကြတော့တဲ့ အတွက် ကဗျာ ရွတ်ဆိုပြိုင်ပွဲတွေ အလောင်းအစားတွေကို လုပ်လာကြတော့တယ်။

နောက်ဆုံးမှာတော့ ရေမြေ့ရှင်ရဲ့ ရှေ့မှောက်မှာ သူတို့ရဲ့ အစွမ်းတွေကို ပြသခွင့် ရတာက အပြာရောင် လဝန်း ထွက်ပေါ်မှုလို ရှားပါးလှတယ်။

ကြီးမြတ်သော ရှ မင်းဆက်ကို “ တာအို နိယာမ ” နဲ့ တည်ဆောက်ထားတယ်။ အရာအားလုံးဖြစ်တည်မှု တာအိုရဲ့ ထိန်းချုပ်မှု အောက်မှာ မင်းဆက်ကြီး တစ်ခုလုံး အခြေတည်ထားတာ ဖြစ်တယ်။ ဘယ်လိုပင် များပြားတဲ့ အရည်အချင်း ရှိနေပါစေ ရေမြေ့ရှင် နှစ်သက်မှုကို ရဖို့ကတော့ ခက်ခဲ လှတယ်။

အဲ့ဒီ့နောက်မှာတော့ မြင့်မြတ်ဂုဏ်ခံ အချို့ဟာ ကဗျာနဲ့ စာချိုးစပ်ခြင်းတွေကို တလှည့်စ်ီ လုပ်လာကြတော့တယ်။

ဖန်ကျန်းရှီကတော့ ဒါမျိုး ကိစ္စတွေကို သိပ်စိတ်မဝင်စားပါ ဘူး။ ဒီလို ကဗျာတွေ စာတွေက သိပ်ပြီး မလိုအပ်တဲ့ အရည် အချင်းတွေလို သူ သတ်မှတ်ထားတာ ဖြစတယ်။ အထူးသဖြင့် စာချိုးစပ်တာ။ အကယ်၍ သူသာ သူဖတ်ရှုထားတဲ့ ဂန္တဝင်မြောက် စာသားတွေကို ရောသမ မွှေ၇င်း ရွတ်ပြလိုက်ရင် ခန်းမက လူတွေ ထပ်လန့်သွားမှာ သေချာတယ်။

ဒါကြောင့် သူ့ရဲ့ စိတ်ဝင်စားမှုက ချီကူယန်ဆီကို ရောက်သွားတော့တယ်။

ဒီနေ့လည်း ချီကူယန်က ကျော့ရှင်းပြီး ကျက်သရေ ရှိလှတယ်။ သူမရဲ့ ဖြူဖျော့ တဲ့ အသားအရေဟာ ကျောက်စိမ်းလို ဝင်းပ နေပြီးတော့ အလင်းရောင်တွေ ဖြာနေတယ်။

ဒါပေမယ့်လည်း

သူ့ရဲ့ စိတ်ကို ဆွဲဆောင် နိုင်တဲ့ အရာ မဟုတ် ဘူး။

ဖန်ကျန်းရှီရဲ့ အာရုံက သူမရဲ့ လက်တွေမှာ ရောက်နေတာ ဖြစ်တယ်။ သေးသွယ် တဲ့ ဖယောင်းလို လက်ချောင်း လေးတွေက ငွေ ဝိုင်ခွက်ကို ကိုင် ထားခဲ့တယ်။

ချီကူယန် အရက်သောက်နေတယ်။

ပိုပြီး အရေးကြီးတာက ရေသောက်သလို သောက်နေတာ ။ တစ်ခွက်ပြီး တစ်ခွက် ရပ်တောင် မရပ် ဘူး။

ဖန်ကျန်းရှီရဲ့ နှုတ်ခမ်းတွေ တွန့်ကွေးသွားတယ်။

ချီကူယန် သောက် တာ တစ်ခါမှမတွေ့ ဖူး ဘူး။ နတ်ဆိုးကျောင်းတော် စားသောက်ပွဲမှာတောင် သောက်တာ မမြင်ဖူးဘူး။

ဒါကလည်း အရေးကြီးတာ မဟုတ် ပါ ဘူး။ အရေးကြီၤးတာက ချီကူယန် မျက်နှာတွေ နီရဲလာတဲ့ အချိန်ထိ သောက်ဖို့ကို သူစောင့်နေတာ ဖြစ်တယ်။ ဒီလို ဖြစ်လာတာနဲ့ သူမ အတွက် စိန်ခေါ်မှု တစ်ခုကို လုပ်ဖို့ ပြင်ဆင်ထားတာ ဖြစ်တယ်။

ဒီ လို ဧည့်သည်တော်တွေ အများကြီးရှေ့မှာ ချီကူယန်က ငြင်းနိုင်မှာ မဟုတ်တော့ ဘူး။

အတော်လေးကို အကျင့်ယုတ်ရကျပေမယ့်လည်း ဧကရာဇ် ။ အိမ်ရှေ့စံ။ သွမ့်ပြည်ထောင် အရှင် ။ မင်းသားတွေနဲ့ တခြား ဧည့်သညတွေ အားလုံးရှေ့မှာ ချီကူယန်နဲ့ အတူ ကြမ်းပြင်ပေါ် လိမ့်လို့ ရတယ်။

ဒါကိုတွေးရုံနဲ့တင် စိတ်လှုပ်ရှားလာတော့တယ်။

အဲ့ဒီ့နောက် စောင့်တော့တယ်။

ချီကူယန်ကတော့ ခွက် ၂၀ တိတိ သောက်ပြီးနေပြီ ဖြစ်တယ်။ ဖန်ကျန်းရှီကတော့ သူမရဲ့ မျက်နှာပေါ်မှာ မူးဝေတဲ့ အရိပ်အယောင်တောင် မတွေ့ရသေးဘူး။ သူမရဲ့ တလက်လက် တောက်နေတဲ့ မျက်နှာကလည်း အနီရောင် အရိပ်လေး တစ်ခုတစ်လေတောင် မရှိပဲနဲ့ ကျောက်စိမ်းလို ချောမွေ့နေတာ ဖြစ်တယ်။

ဖန်ကျန်းရှီကတော့ စိတ်ပျက်သွားတော့တယ်။

ဒီကောင်မလေးကို အရက် ကန်ထဲ နှစ်ထားရမှာလား။ ယောကျာ်းတွေတောင် ဒီလောက် မသောက်နိုင် ဘူး။

ချီကူယန်ကတော့ ဖန်ကျန်းရှီရဲ့ ထူးဆန်းနေတဲ့ အမူအယာကို ရုတ်တရက်သဘောပေါက်သွားတယ်။ သူမရဲ့ မျက်လုံးဝိုင်းဝိုင်းတွေဟာ တစ်စုံ တစ်ခုသော အရိပ်အယောင် တောက်ပသွားတော့တယ်။

“ ငါနဲ့ ပြိုင်သောက်မလား။ ”

“ ငါ မသောက်တတ် ဘူး။” ဖန်ကျန် းရှီက တစ်ဝက်လောက် လျော့နေတဲ့ ဝိုင်ခွက်ကို ဘေးချလိုက်တယ်။ အဲ့ဒီ့နောက် လက်ဖက်ရည် ခွက်ကို ငှဲ့ပြီး သောက်နေ တော့တယ် ။

ဆိုရိုစကား တစ်ခုကို သူတွေးနေမိတယ်။ စားပွဲဝိုင်းမှာ မင်းရဲ့ သောက်နိုင်စွမ်းကို အမျိုးသမီး တစ်ဦး နဲ့ မယှဉ်လေနှင့်။

အထူး သဖြင့် သောက်တတ်တဲ့ အမျိုးသမီးတွေ။ ဘာကြောင့်လဲ ဆိုတော့ သူတို့ရဲ့ သောက်နိုင်စွမ်းက စားပွဲဝိုင်း တစ်ခုစာ လူတွေရဲ့ သောက်နိုင်စွမ်းထက် ပိုများ လို့ ဖြစ်တယ်။

အဲ့ဒီ့နောက် ချီကူယန်ရဲ့ မျိုးနွယ် ကို ဖန်ကျန်းရှီ ပြန် သတိရသွားပြန်တယ်။ မြောက်ပိုင်း ဒေသ နတ်ဆိုးကျောင်းတော်ဆိုတာ ဘယ်လို နေရာမျိုးလဲ။

သံမဏိ သွေး အရှင် မိသားစုပဲ။

ဒီလို တိုက်ပွဲ စစ်အရှင် မိသားစုက ကလေးမက။

ကောင်းပြီလေ။

ဖန်ကျန်းရှီလည်း သူ အထင်သေးမိတာ မှားမှန်း ခပ်မြန်မြန် သဘော်ပေါက်သွားတော့တယ်။ ချီကူယန် အတွက် သောက် တာက မူးစေဖို့ ခက်တယ်။

ဖန်ကျန်းရှီ ဘေးခုံမှာ ထိုင်နေတဲ့ ရုံးတော်သားတွေနဲ့ မြင့်မြတ်ဂုဏ်ခံတွေကတော့ ဖန်ကျန်းရှီရဲ့ စကားတွေကို ကြားတဲ့ အချိန်မှာ မျက်လုံး အကြည့်တွေ ရောက်လာကြတယ်။ မွေးနေ့ပွဲ စတည်းက ဖန်ကျန်း၇ှီ သောက်လာတာ မနားစတမ်းပဲ ။ ဒါတောင်မှ မျက်နှာပြောင် တိုက်ပြီး မသောက်တတ် ဘူး ပြောရဲသေးတယ်။

ဘယ်သူ ယုံမှာလဲ။

သူတို့ တွေးနေချိန်မှာပဲ

ချီကူယန်က စကားထပ်ပြောတယ်။ “ အင်း ။ မသောက်တာကလည်း ဆိုးတဲ့ ကိစ္စ မဟုတ်ပါ ဘူး။”

အနီးနားက သူတွေရဲ့ အသွင်ကတော့ မျက်နှာကို ခပ်ပြင်းပြင်းလေး ဖြတ်ရိုက်ခံ ရသလိုမျိုး တစ်ယောက်ကို တစ်ယောက် နားမလည်နိုင်စွာ ကြည့်နေကြတယ်။ ချီကူယန်က တကယ်ပဲ ယုံတာလား။

ချီကူယန်နဲ့ ဖန်ကျန်းရှီတို့ စားပွဲကို မျက်တောင် မခတ်စတမ်း စောင့်ကြည့်နေသူကတော့ သွမ့်ပြည်ထောင် အရှင်ပဲ ဖြစ်တယ်။

အစတည်းကနေ ဖန်ကျန်းရှီကို မျက်စိဒေါက်ထောက်ကြည့်ပြီး လေ့လာနေတာ။ ဘယ်သူတွေကဗျာ စပ်စပ် စာချိုးရွတ်ရွတ် ဖန်ကျန်းရှီ မလှုပ်ရှားတာကို သူ သေသေချာချာ သတိ ထားမိတယ်။

ဖန်ကျန်းရှီက အရမ်းကို တည်ငြိမ် လွန်းတယ်။ သူ့ဘေးနားက အသံတွေကို မကြားသလိုမျိုး ပြုမူနေတယ်။

“ ဟုတ်ပြီ။ ဒီကောင့် အားနည်းးချက်က ဒီနေရာမှာပဲ ဖြစ်ရမယ်။ ” လင်းရှင်းကြွယ်ရဲ့ မျက်လုံးတွေက တဖြတ်ဖြတ် လက်လာတော့တယ်။

မကြာမီ ကျင်းပတော့မယ့် တော်ဝင် စာမေးပွဲ အကြောင်းကို သူ တချိန်လုံးတွေးနေခဲ့တာ။ ဒါပေမယ့်လည်း ဟန်ချန်ဖုန်းကို တီးခေါက် မေးမြန်းကြည့် ပြီးတဲ့ နောက် ယုံကြည်မှု မြစ်မြို့တော် စာမေးပွဲကနေ သင်ခန်းစာ ရခဲ့တယ်။

ဖန်ကျန်းရှီရဲ့ အတွေးအခေါ် ရလဒ်တွေက ထူးချွန်လွန်းတယ်။

တောက်တယ်ကျင်း ပဲ ဖြစ်ဖြစ် စစ်နည်းဗျူဟာတွေပဲ ဖြစ်ဖြစ် ဘာကမှ အကျိုးသက်ရောက်မှာကို မတွေ့ဘူး။ တာအို နိယာမ ကိုတောင် စာလုံး တစ်လုံးတောင် မလွဲစေပဲ ရတဲ့သူ ဖြစ်တယ်။ အတွေးအခေါ် စာမေးပွဲကို သုံးပြီးတော့ ဖန်ကျန်းရှီကို ထုတ်ပြစ်ဖို့ကတော့ ခက်ခဲ လွန်းတယ်။ မေးခွန်းထုတ်သူကို လာဘ်ထိုးလို့ ရမှာ မဟုတ် ဘူး။

ဒီလို အဖြစ်မျိုးကတော့ စွန့်စားရာ ကျလွန်းတယ်။ ဖန်ကျန်းရှီ တစ်ယောက်တည်း အတွက်တော့ ဟန်ချန်ဖုန်းက ဒီလိုစွန့်စားမှု လုပ်မှာ မဟုတ်ဘူး။ လင်းရှင်းကြွယ်လည်း အတူတူပါပဲ။

ဒါကြောင့်….

မေးခွန်းကို ပြောင်းလဲ တာက အကောင်းဆုံးနည်းလမ်း မဟုတ် ဘူး။ ဖန်ကျန်းရှီ ရဲ့ (အာခိလိစ် ဖနောင့်) အားနည်းချက်ကို ရှာတာက ပိုပြီးတော့ ကောင်းလိမ့်မယ်။

ဒီလို နည်းနဲ့ပဲ အတွေးအခေါ် စာမေးပွဲမှာ ပထမတန်း ကို မရအောင် လုပ်နိုင်မယ်။

“ တောင်ပေါ်ရွာမှာ မွေးတဲ့ကောင်က။ ကဗျာတွေ စာချိုးစပ်တာတွေ တတ်မှာမို့လား။ ဒါကိုတွေးမိရင်တောင် သူ့မှာ ပညာရှိမှာ မဟုတ် ဘူး။” သွမ့် ပြည်ထောင်အရှင်က ဒါကို သဘောပေါက်သွားဟန်ပါပဲ။

ဒီ အချိန်မှာပဲ အစိမ်းရောင်ပိုးထည် ဝတ် လူငယ် တစ်ဦး ဟာ ဖန်ကျန်းရှီရဲ့ ဘေးကို လျှောက်လာခဲ့တယ်။

“ သခင်လေး ဖန်က အတွေးအခေါ်နဲ့ တိုက်ခိုက်ရေး စာမေးပွဲ နှစ်ခုလုံးမှာ ချန်ပီယံ ဖြစ်တဲ့ နှစ်ထပ်ကွမ်း ချန်ပီယံလို့ ကျွန်တော် သိရပါတယ်။ ဒီနေ့မှာတော့ ကျွန်တော် သင်ယူချင်ပါတယ်။” သူ ဒါကို ပြောလိုက်ပြီးတဲ့နောက် ပါးစပ်ကို ဖွင့်ရင်း စာချိုးစပ်ဖို့ ပြင်လိုက်တယ်။

အခြားသော ရုံးတော်သားတွေကတော့ ဖန်ကျန်းရှီ အရှက်ကွဲမှာကို စောင့်ကြည့်ရင်း လှောင်ရယ်ဖို့ ပြင်ဆင်နေကြတယ်။

ဖန်ကျန်းရှီကတော့ ချီကူယန် သောက်နေတဲ့ ဝိုင်ခွက်တွေ အရေအတွက် ကနေ တခြား ဘာကိုမှအာရုံမရောက်နိုင် သေးပါဘူး။ သူမ သောက်နေတဲ့ ခွက်တွေကို လိုက် ရေတွက် နေဆဲ ဖြစ်တယ်။. ကဗျာတွေ စာချိုုးတွေက သူ့ အာရုံကို ဖမ်းစားနိုင်တာ မဟုတ် ဘူး။

ဒါကြောင့် လက်ကိုသာ ဝေ့ယမ်းလိုက်တယ်။

“မအားဘူး။”

သူ့ရဲ့ လေသံ ဟာတော့ အကြီးအကဲ တစ်ဦးက ငယ်ရွယ်သူ ကို အလုပ်လာမရှုပ်နဲ့ လို့ ပြောနေဟန်ပါပဲ။

အစိမ်းရောင် ပိုးထည်ဝတ် လူငယ်ရဲ့ မျက်နှာကတော့ ပြောင်းလဲ သွားတော့တယ်။ တကယ်တမ်းတော့ သူ ဒီကို လာတာ ဖန်ကျန်းရှီကို အသုံးချပြီးတော့ သူ့ရဲ့ စွမ်း၇ည်ကို ဖော်ထုတ်ချင်တာကြောင့်ပဲ ဖြစ်တယ်။ လွယ်လွယ်နဲ့တော့ လက်မလျှော့ နိုင် ဘူး။

သူ နောက်တစ်ကြိမ် စတင်ဖို့ ကြိုးစားချိန်မှာတော့ အထူးဧည့်သည်ခုံကနေ အသံ တစ်သံထွက်ပေါ်လာတယ်။

“ တန် မိသားစုရဲ့ ဒုတိယ သခင်လေး တန်မုယွီ က စာချိုးဖွဲ့ဆိုမှု အလှပ ကြောင့် ကျော်ကြားတယ်။ ငါ ကြားဖူးတာက ပါးစပ် ဖွင့်လိုက်တိုင်း စာချိုးကောင်း ထွက်လာတဲ့ အထိ ကောင်းကောင်း ဖန်တီး နိုင်တယ် ဆိုပဲ။ ငါနဲ့ယှဉ်ပြိုင်ရင်ကော ဘယ်လိုလဲ။”

တန်မုယွီဟာတော့ ဒီ စကား ပြောနေသူဟာ သွမ့်ပြည်ထောင် အရှင်ဆိုတာ လှည့်ကြည့်မှ သိလိုကတယ်။

သူ့ရဲ့ အမူအယာတုံ့ပြန်မှုကတော့ လုံးဝကို ပြောင်းလဲ သွားတော့တယ်။

သွမ့်ပြည်ထောင် အရှင်နဲ့ ပြိုင်ရမယ်။

ဘယ်လိုလုပ် အနိုင်ယူဝံ့မှာလဲ။

တန်မုယွီက ငြင်းလည်း မငြင်းဝံ့ပါ ဘူး။ အဲ့ဒီ့နောက် ရိုးရှင်းစွာနဲ့ပဲ ဦးတစ်ချက် ညွှတ်လိုက်တယ်။

“ သွမ့် အရှင် ရဲ့ စိတ်ဝင်စားမှုကို တန်မုယွီ ဝမ်းမြောက်စွာ လက်ခံ ပါမယ်။”

ဒီလို မြင်ကွင်းဟာ ဧည့်သည်တော်တွေကို အတော်လေး ဖမ်းစားနိုင်တယ်။

ရုံးတော်သားတိုင်းရဲ့ နှလုံးကတော့ ပြုတ်ထွက်မတတ် ခုန်နေခဲ့တယ်။

သွမ့် အရှင်က ဖန်ကျန်းရှီကို ဂုဏ်ပျက်မယ့် အခြေအနေကနေ ကာကွယ်နေတာပဲ။ တနည်းအားဖြင့် ရည်ရွယ်ချက်ရှိ၇ှိကို ကယ်တင်နေတာ။

ဒါပေမယ့်လည်း ဒီလို လုပ်တာက ဘာကြောင့်လဲ။

ဘယ်သူကမှ နားမလည် နိုင် ဘူး။

ဒါပေမယ့်လည်း လူတွေရဲ့ ခန့်မှန်းချက်တွေ ဟာလည်း ရပ်တန့်မသွား ဘူး ဖြစ်တယ်။ ဥပမာ အားဖြင့် ဖန်ကျန်းရှီက သွမ့်အရှင် လက်အောက် ကလား။ ဒါမှ မဟုတ် ။ ရေမြေ့ရှင်ရဲ့ ရှေ့မှာ အာရုံစိုက်ခံရဖို့ ကူညီတာလား။

တချို့သော သူတွေကတော့ သွမ့်အ၇ှင်ဟာ ဖန်ကျန်းရှီကို အသုံးချပြီးတော့ ချီကူယန်ကို သူ့ဘက်ပါအောင် လုပ်ဖို့ ကြိုးစားနေတာလို့ မြင်ကြတယ်။ မ

ရေမြေ့ရှင်ကတော့ ဂရုတောင် မစိုက်ပါ ဘူး။

အိမ်ရှေ့စံရဲ့ မျက်လုံးလှလှတွေကတော့ ငါသိနေတယ် ဆိုတဲ့ အကြည့်မျိုး ပြနေတယ်။ နောက်ဆုံးတော့် လည်း ဖန်ကျန်းရှီဟာ ဒီပွဲမှာ အာရုံ အစိုက်ခံရဆုံးသူ ဖြစ်တယ်။ သူနဲ့ ပတ်သက် တဲ့သူ မှန်သမျှ လည်း အာရုံစိုက်ခံရမှာ အမှန်ပဲ။

…

ကံမကောင်းရှာသူကတော့ တန်မုယွီ ပါ။

သွမ့်အရှင်က စာကြောင်း သုံးကြောင်း တည်ဆောက်ခဲ့တယ် ။သူဟာ နှစ်ကြောင်းကိုသာ ဆက်နိုင်ပြီးတော့ နောက်ဆုံးမှာ သူ့ခုံသူ ပြန်ထိုင်နေရတာ ဖြစ်တယ်။

“ ဖြန်း ” တန်မုယွီရဲ့ မျက်ၤနှာပေါ်ကို ရိုက်ချက် တစ်ချက် ကျရောက်လာတော့တယ်။ သူ့ကို ရိုက်လိုက်သူကတော့ ရုံးတော်သား တစ်ဦးဖြစ်တယ်။ “ ငါမင်းကို ကောင်းကောင်းလေ့လာဖို့ ဒီလောက် အထပ်ထပ် အခါခါ ပြောတာတောင်မှ မင်းက ဒီနေ့ ဟာသ ဖြစ်အောင် လုပ်တယ်။”

သူ့ကို ကြည့်ရတာ ဆူပူနေဟန်၇ှိပေမယ့်လည်း ကာကွယ်နည်း တစ်မျိုး မှန်း အသေအချာကို ပြောနိုင်တယ်။

တန်မုယွီက ချက်ချင်း ဒူးထောက်လိုက်ပြီးတော့ ပိုပြီးတော့ ကြိုးစားဖို့ ကတိပေးလိုက်တယ်။

အကြီး အကဲနဲ့ လူငယ်လေးရဲ့ ပြုမူ ဆောင်ရွက်မှုတွေကတော့ အတော်လေး ပနံ သင့်လှတယ်။

အဲ့ဒီ့နောက်မှာတော့ ရုံးတော်သား အမတ်ြင်္ကီးဟာ သွမ့်အရှင်ကို ချီမွမ်းရင်း ဂုဏ်ပြုစကားဆိုလိုက်တယ်။

သွမ့် အရှင်ကတော့ လက်ကို ဝေ့ယမ်းပြလိုက်ပြီး များများစားစား မပြောတော့ပါ ဘူး။ ဆက်ပြီးသာ စားသောက်နေတတော့တယ်။ တန်မုယွီက သူ့ကို အနိုင်မယူဝံ့တာ။

ဖန်ကျန်းရှီကို ကာကွယ်တာလား။

နှစ်တစ်သန်းကြာရင်တောင် မဖြစ်နိုင် ဘူး။ ဒါပေမယ့်လည်း သူ ဒီနေ့ လုပ်တာက အစီအစဉ်ရှိတယ်။ ဖန်ကျန်းရှီရဲ့ အားနည်းချက်ကို လူတိုင်း သိသွားမှာ မလိုလားဘူး။ ဒါမှ တော်ဝင် စာမေးပွဲမှာ ကဗျာ စာချိုးစပ်မေးခွန်းတွေ ပါလာတဲ့ အချိန် သူ အသုံးချ နိုင်မှာ ဖြစ်တယ်။

နောက်ပြီးတော့ စာမေးပွဲကလည်း ၇က်အနည်းငယ်ပဲ ကျန်တော့မယ်။ သူ့မှာ အချိန်အများကြီး မရှိပေမယ့်လည်း ဖန်ကျန်းရှီကို သူ့အားနည်းချက်သူ သဘောပေါက်ပြီးတော့ မသင်ယူခင် တားဆီးနိုင်မှ ဖြစ်မယ်။

ဖန်ကျန်းရှီရဲ့ ဉာဏ်ရည်နဲ့ ဆိုရင် ရက်နည်းနည်း အတွင်းမှာပဲ ထူးချွန် အဆင့်ရောက်သွားနိုင်တာ သွမ့် အရှင် သိတယ်။

သွမ့်အရှင် မေ့ထားလို့ မရတာ တစ်ခု ရှိတယ်။ ဖန်ကျန်း၇ှီ ဘေးမှာ မြင့်မြတ်ဂုဏ်ခံ မိသားစုက ရန်ရွှယ် ရှိနေတတ်တယ်။

လူတစ်ယောက်ကို ဖယ်ရှားဖို့ က ကြီးမားတဲ့ အတ္တစိတ် ကို အသုံးချဖို့ လိုအပ်တယ်။

…

မွေးနေ့ပွဲဟာတော့ နောက်ဆုံးမှာ ပြီးဆုံးသွားခဲ့ပြီ ဖြစ်တယ်။ အရည် အချင်း အများစုကို တွေ့မြင်လိုက်ရတဲ့ အတွက် ဒီနေ့ပွဲဟာ အတော်လေး ကျေနပ် အားရစရာ ကောင်းခဲ့တယ်။

ရေမြေ့ရှင် ထွက်ခွာချိန်မှာတော့ အိမ်ရှေ့စံ မင်းသားနဲ့ သွမ့် အရှင်လည်း နောက်က လိုက်သွားခဲ့တယ်။

ဖန်ကျန်းရှီကတော့ သူ့ကို မျက်တောင်လေး ပုတ်ခတ် ပုတ်ခတ် လုပ်ရင်း ကြည့် နေတော့တယ် ။ ဖန်ကျန်းရှီရဲ့ စိတ်ထဲမှာတော့ ကောင်းတဲ့ကိစ္စ တစ်ခု မဟုတ်မှန်းသိနေတယ်။ သူမကြာခင် ပြန်ရမှာသူသိတယ်။ ဒါပေမယ့်လည်း ကြာကြာမှ ပြန်ရနိုင်တာကိုလည်း သူ သိတယ်။

သိပ်ဝေးဝေးမရောက်သေးတဲ့ သွမ့်အရှင်နဲ့ အိမ်ရှေ့စံ မင်းသား နောက်ကို ဖန်ကျန်းရှီက လျှပ်စီးတန်း တစ်ခုလို ပြေးထွက်သွားခဲ့တယ်။

ဒီ မြင်ကွင်းကတော့ တော်ဝင် ရုံးတော်သားတွေ အတွက် မျက်စိ စပါးမွှေး စူးစေတယ်။

အထူးသဖြင့် ဟန်ချန်ဖုန်း။ သူ ဟာ သွမ့်အရှင်နဲ့ ဖန်ကျန်းရှီ ရဲ့ နောက်ကျောတွေကို စိုက်ကြည့်နေခဲ့တယ်။ သူ့ရဲ့ မျက်လုံးတွေကတော့ တလက်လက်တောက်ပနေခဲ့တယ်။ သူ့ရဲ့ နှဖူးပြင်ကတော့ အတွေးနက်တာကို ပြနေတဲ့ အရေးအကြောင်းတွေ ပေါ်ထွက်လာတယ်။

…

ရှစ်ရက် ကြာပြီးနောက် ။ တော်ဝင်စာမေးပွဲဟာ ရောက်ရှိလာတော့တယ်။

အပိုင်း (၁၆၉) ပြီး ၏။

အပိုင်း ( ၁၇၀)

“မြစ်ရေပြင်ထဲက အံစာတုံးများ.”

မိုးသားတိမ်တိုက်တွေဟာ ကောင်းကင်မှာ လွင့်မျော ရွေ့လျားနေခဲ့တယ်။ ဒီ ရာသီဥတုဟာ အလည် အပတ်သွားဖို့ ကောင်းတဲ့ အချိန်တော့ မဟုတ်ဘူး။ ဒါပေမယ့်လည်း ကောင်းကင်မှာ ပထမဆုံး ရောင်နီသန်းလာချိန်တည်းက မရေမတွက်နိုင်တဲ့ ဝတ်ကောင်းစားလှ ဝတ် ကျောင်းတော်သားတွေဟာ လမ်းပေါ်မှာ ပြည့်နှက်နေကြတယ်။

တစ်ယောက်ချင်းစီတိုင်းဟာ ဖယောင်းသုတ် စက္ကူထီးတွေကို ဆောင်း ထားကြတယ်။

မတူညီတဲ့ လက်ရာမြောက် ပန်းချီကားတွေဟာတော့ ထီးရွက်တွေ ပေါ်မှာ ရှိနေတယ်။ တောင်နဲ့ မြစ် ရုပ်ပုံလွှာတွေ ။ စီးဆင်းနေတဲ့ မြစ်ချောင်းတွေ ။ ဒါ့အပြင်ကို အနီရောင် အဖြူရောင် အစိမ်းရောင် နဲ့ အရောင်စုံ ပန်းပွင့်တွေ ဟာ ပန်းခင်းကြီး တစ်ခုလို ခြယ်သ ထားတယ်။

သက်ဝင် လှုပ်ရှားနေတဲ့ ပန်းင်္ချီကားချပ်တွေကို မြင်နေရတဲ့ အတိုင်းပါပဲ။

ဖန်ကျန်းရှီနဲ့ ရန်ရွှယ်ကတော့ လူအုပ်ကြီးကြားထဲမှာ ဘေးချင်းယှဉ်လျက်လျှောက်နေကြတယ်။ ရန်ရွှယ်ဟာ တော့ တောင်နဲ့ မြစ် မှင်သား ပန်းချီပုံပါတဲ့ တရုတ် ရိုးရာဝတ်စုံကို ဝတ်ဆင်ထားတယ်။ တခြားတစ်ဖက်က ဖန်ကျန်း၇ှီကတော့ သူ ဝတ်နေကြ အပြာရောင် ချန်ရှန် အကျီကိုသာ ဝတ်ထားခဲ့တယ်။

သူတို့ နှစ်ဦးလုံးဟာ ထီးကိုယ်စီနဲ့ လျှောက်လာနေကြတာ ဖြစ်တယ်။

တော်ဝင် စာမေးပွဲ ကျင်းပမယ့် နေရာကတော့ တော်ဝင်ကျောင်းတော်မှာပဲ ဖြစ်တယ်။ ကြီးမြတ်သော ရှမင်းဆက်ရဲ့ အကြီးဆုံးကျောင်းတော် ကြီးဟာ တော့ ရှေးကျတဲ့ ဗိသုကာ လက်ရာတွေနဲ့ ခိုင်မာတဲ့သမိုင်း ကြောင်းအငွေ့အသက်တွေဟာ နံရံတွေမှာတင် တွေ့မြင်နိုင်တယ်။

ကောလဟာလတွေ အရ တော်ဝင်ကျောင်းတော်ကြီးဟာ တော်ဝင်နန်းတော်ထက်တောင်ပိုပြီးတော့ ရှေးကျတယ်လို့ သတင်းတွေ ရှိနေခဲ့တယ်။

ဒါဟာ အရင်မင်းဆက်ရဲ့ နန်းတော်ြင်္ကီး ဖြစ်ခဲ့တယ်။ ကြီးမြတ်သော ရှမင်းဆက် ဖြစ်တည်လာပြီးနောက်မှာတော့ နန်းတော်ဟောင်းကြီးကို ကျောင်းတော်အဖြစ်ပြောင်းလဲ ပြစ်လိုက်တယ်။ ဒါပေမယ့်လည်း အရင်နန်းတော် အငွေ့အသက်တွေတော့ ကျန်ရှိနေသေးတယ်။

တော်ဝင် ရုံးတော်ရဲ့ ရှေ့ကို ဖန်ကျန်းရှီ နဲ့ ရန်ရွှယ်ရောက် ချိန်မှာတော့ ကျောင်းတော်သား ပင်လယ်ကြီးဟာ လမ်းတွေမှာပြည့်ညက် ပိတ်ဆို့နေတာကို တွေ့လိုက်ရတယ်။

ဒါပေ့ါ။ ဝတ်စုံပြည့် ဝတ်ထားတဲ့ အမျိုးသမီး အချို့လည်း ရှိနေခဲ့တယ်။ ရိုးရှင်းစွာနဲ့ ကျက်သရေ ရှိစွာ ဝတ်ဆင်ထားတဲ့ အမျိုးသမီးတွေကတော့ ဒီ စာမေးပွဲမှာ အမျိုးသားတွေနဲ့ တန်းတူ အောင်မြင်လာတာ ဖြစ်တယ်။

ယုံကြည်မှု မြစ်မြို့တော် စာမေးပွဲမှာ လိုတော့ ဖန်ကျန်းရှီနဲ့ ရန်ရွယ်တို့က အာရုံစိုက်တာ သိပ်မခံ ရဘူးပဲ ဖြစ်တယ်။

နောက်ဆုံးမှာတော့ ဒီ ရှုပ်ထွေးလှတဲ့ ယန်မြို့တော်ကြီးမှာလဲ မမြင်နိုင်တဲ့ အရည်အချင်းတွေ ရှိနေတာပဲ။ ဥပမာ အားဖြင့် ငြိမ်းချမ်းမှု ခန်းမ ရှင်းချင်းစွေ့ ဒါမှမဟုတ် ပထမတန်းစား အမတ်မင်းကြီးရဲ့ အကြီးဆုံးသား စုမိသားစုက စုတုန်းလင် ။

တောင်ပိုင်း နန်းတော် မျိုးနွယ် က တစ်စုံတစ်ဦးဟာလည်း လာဖြေမယ်လို့ တိုးတိုးတိတ်တိတ် သတင်းတွေ ပြန့်နေခဲ့တယ်။

စုရွေ့ကတော့ ဒီ သတင်းကို ၇န်ရွှယ်ဆီက ရတဲ့ အတွက် အပြည့်ဝကို ယုံကြည်တယ်။

ဖန်ကျန်းရှီ တခါတုန်းက ရန်ရွှယ်ကို မေးဖူးတယ်။ ဒီလူတွေ ဘယ်လောက်ထိ စွမ်းဆောင် နိုင်လဲ လို့ ။ ရန်ရွှယ်ကတော့ အမူအယာ နဲ့ပဲ တစ်ခွန်းတည်း ပြန်ဖြေလိုက်တယ်။ “ အတော်လေးကို ဉာဏ်ကောင်းတယ်။”

ဖန်ကျန်းရှီလည်း ထပ်မမေးတော့ ဘူး ။

ရန်ရွှယ်ကိုယ်တိုင်တောင်မှ အသိ အမှတ်ပြုတယ်ဆိုတော့လည်း တကယ့်ကို ကြောက်စရာ ကောင်းလိမ့်မယ်။

“ အကယ်၍ ငါသာ နှစ်ထပ်ကွမ်း ချန်ပီယံ ထပ်ဖြစ်အုန်းမယ် ဆိုရင် မင်းဘယ်လို ထင်လဲ။” ဖန်ကျန်းရှီက တံခါးနားမှာ ဝိုင်းနေတဲ့ လူအုပ်ကြီးကို ကြည့်ရင်းနဲ့ ပြောလိုက်တယ။်

ရန်ရွှယ်ကတော့ ဖန်ကျန်းရှီကို စိုက်ကြည့်နေခဲ့တယ်။

သူ့ရဲ့ မျက်နှာကတော့ ရုတ်တရက်ဆိုသလို ထိတ်လန့်ဟန်နဲ့ ပြည့်သွားတော့တယ်။ အဲ့ဒီ့နောက်မှာတော့ သူ့ရဲ့ အေးစက် တည်ငြိမ်တဲ့ အမူအယာကို ပြန်လည် ပြောင်းလဲ သွားတော့တယ်။

“ ဒါက ခက်လွန်းတယ်။ ” ရန်ရွှယ်က ပြောလိုက်တယ်။

ဒါက အဖြေ ဖြစ်ပေမယ့်လည်း သိပ်ပြီးတော့ အထောက်အကူ မဖြစ်လှဘူး။

ဖန်ကျန်းရှီကတော့ ကောင်းကောင်းသိတယ်။ သူက ကောင်းကင် ရောင်ပြန် အဆင့်ကို ရောက်နေပင်မယ့်လည်း တော်ဝင် စာမေးပွဲကတော့ သာမာန် စာမေးပွဲတွေနဲ့ ကွာခြားတယ် ဆိုတာ ကောင်းကောင်းကြီးကို သိတယ်။ စာမေးပွဲ အောင်တာနဲ့ နန်းတော်မှာ အမတ်ဖြစ်လာမှာ ဖြစ်တယ်။

အတောလေးကို မြင့်မားတဲ့ အခြေအနေကို ရောက်ရှိသွားမှာလည်း ဖြစ်တယ်။

လူငယ်တွေ အများစုဟာတော့ ဒီ အဆင့်မှာပဲ ရ ပ်တန့်နေကြတာ ဖြစ်တယ်။ ဥပမာ အားဖြင့် တော်ဝင် စာမေးပွဲကို လူ အယောက်ငါး ဆယ်သာ ဖြေဆို အောင်မြင်နိုင်တယ်။ အဲ့ဒီ့ ငါးဆယ်သော ကျောင်းတော်သားတွေသာ နောက် စာမေးပွဲကို ဖြေဆိုခွင့်ရကြတယ်။

နောက်တစ်ခါမှာလည်း ဖြေဆိုသူ အသစ်တွေ ထပ် မံ ရောက်ရှိလာချိန်မှာ ညှာတာမှု ကင်းတဲ့ ပြိုင်ဆိုင်မှုက ထပ်မံ စတင်ပြန်တယ။် တတိယမြောက် အကြိမ်မှာတော့ ပိုပြီးတော့ ဖိနှိပ်မှု ပြင်းထန်စွာ ယှဉ်ပြိုင်ရပြန်တယ်။

ဒါက စက်ဝိုင်း တစ်ခုလိုမျိုး လည်ပတ်နေတာ ဖြစ်တယ်။

ကြီးမြတ်သော ရှ မင်းဆက် ဖြစ်တည်မှု ဟာ နှစ်ပေါင်း တစ်ထောင်ပြည့် တော့မှာပဲ ဖြစ်တယ်။ ၂ နှစ်ကို တစ်ကြိမ် ကျင်းပတဲ့ စာမေးပွဲကို ပါဝင်ဖြေဆိုကြသူတိုင်းဟာ အတော်လေးကို ခက်ခက်ခဲခဲ ကြိုးစားခဲ့ပြီးမှကို ဒီစာမေးပွဲကို ဖြေဆိုခွင့်ရကြတာ ဖြစ်တယ်။

တော်ဝင် စာမေးပွဲကို လာဖြေ ကြတဲ့ ကျောင်းတော်သားတွေဟာတော့ မြစ်ပြင်ကျယ်မှာ အံစာတုံးထောင်ပေါင်းများစွာ မျောနေသလို များပြားလှတယ်။ အစုလိုက် အပြုံလိုက် သတ်ဖြတ်ပွဲကြီးလိုပဲ။

ကောင်းကင်ရောင် ပြန် အဆင့်လား။

အသက် ၁၈နှစ် အောက်မှာတော့ ကြီးမြတ်သော ရှမင်းဆက် တစ်ခုလုံးမှာ နှစ်ယောက်ပဲ အောင်မြင်တာ ဖြစ်တယ်။ ဒါပေမယ့်လည်း အသက် ၂၈ အောက်မှာတော့ အနည်းဆုံး လူ ငါးဆယ်ကနေ ခြောက်ဆယ် အထိ ရှိနေတယ်။

အသက် သုံးဆယ့် ရှစ် နဲ့ လေးဆယ့် ရှစ် ငါးဆယ့် ရှစ် တွေမှာတော့……..

ဒီနေ့ တာအို စာမေးပွဲမှာ ကောင်းကင် ရောင်ပြန် အဆင့် ဘယ်လောက်များများ ရှိနေမလဲ ဖန်ကျန်းရှီ မသိပါဘူး။ ဒါပေမယ့်လည်း သူ ကြည့်လိုက်တာ တံခါးနားမှာ အသက် သုံးဆယ် နဲ့ လေးဆယ်ကြား လူတွေကော ။ လေးဆယ် ကနေ ငါးဆယ်ကြားလူတွေကော ပန်းရာချီစုဝေးပွဲ တစ်ခုနဲ့ တူလှတယ်။

“ ချီကူယန်ကော တော်ဝင်စာမေးပွဲမှာ ဖြေလား။” ဖန်ကျန်းရှီက ရုတ်တရက်မေးလိုက်တယ်။

“ အင်း ။ လွန်ခဲ့တဲ့ ၂ နှစ်တုန်းက ဖြေတယ်။ ” ရန်ရွယ်က ခေါင်းငြိမ့်လိုက်တယ်။

“ ဘယ် အဆင့်ကို ရလဲ။”

“ နှစ်ထပ်ကွမ်း ချန်ပီယံ ” ရန်ရွယ်က ဖန်ကျန်းရှီ အဆင့်ကို လာမေးတဲ့ အတွက် နည်းနည်းတော့ အံ့သြသွားတယ်။

ဖန်ကျန်းရှီက သူ့ရဲ့ ထိတ်လန့်သွားမှုကို ခပ်မြန်မြန်ပဲ ဖုံးကွယ်လိုက်တယ်။ ချီကူယန်က လွန်ခဲ့တဲ့ တစ်နှစ်တည်းက ကောင်းကင် ရောင်ပြန် ထိပ်သီး အဆင့်ကို ရောက်နေပြီ။

နှစ်ထပ်ကွမ်း ချန်ပီယံ ရတာကတော့ သူမ အတွက် သိပ်ပြီး မဆန်းဘူး။

ချီကူယန်တောင် နှစ်ထပ်ကွမ်း ချန်ပီယံ ဖြစ်မှတော့လည်း သူလည်း ဘာလို့ မရနိုင်မှာလဲ။

အထင်သေးခံရမှာပေါ့။

“ကြည့်ရတာ ငါလည်း နှစ်ထပ်ကွမ်းချန်ပီယံ မဖြစ်မနေ လုပ်ဖို့ လိုလာတဲ့ ပုံပဲ။” ဖန်ကျန်းရှီက အကူအညီ မဲ့စွာ သက်ပြင်းချလိုက်တယ်။

သူ့ရဲ့ အသံ ဟာတော့ သိပ်ပြီးတော့ မကျယ် လှဘူး။

လူ နှစ်ဦး ကြားက သာမာန် စကားပြောမှုလေးပဲ ဖြစ်တဲ့ အတွက် ဘယ်သူကမှ အရေးတယူလုပ်မှာ မဟုတ်ဘူး။

ဒါပေမယ့်လည်း

အခု ရောက်နေတာက တော်ဝင်စာမေးပွဲကို ဖြေမယ့် သူတွေ ကြားမှာ ရောက်နေတာ ဖြစ်တယ်။ “နှစ်ထပ်ကွမ်း ချန်ပီယံ ” ဆိုတဲ့ စကားလုံးတွေက ကြောက်စရာ ကောင်းလောက် အောင်ကို ဆွဲဆောင် နိုင်လွန်းတယ်။

ဖန်ကျန်းရှီ ရဲ့ စကားသံ ထွက်လာချိန်မှာတော့ လူတိုင်းရဲ့ အကြည့်ဟာ ဖန်ကျန်းရှီ ကိုယ်ပေါ်ကို ဓားပျံတွေ သဖွယ်ရောက်ရှိလာတော့တယ်။

သိပ်မကြာခင်မှာပဲ ဒါက ဖန်ကျန်းရှီနဲ့ ရန်ရွယ် ဆိုတာကို သတိထားမိသွားကြတယ်။ ဖန်ကျန်းရှီ ကောင်းကင်ရောင်ပြန် အဆင့်ကို ရောက်သွားတဲ့ သတင်းဟာ တောမီးလောင်သလို ပျံ့နှံ့နေပြီပဲ ဖြစ်တယ်။

“ဖန်ကျန်းရှီ လား။”

“သူက အတော်လေးကို အံံ့သြ စရာပဲ။ ဒါပေမယ့်လည်း ဒါက တော်ဝင်စာမေးပွဲလေ။ ကောင်းကင် ရောင်ပြန် အဆင့် ကို ရောက်ရုံလောက်နဲ့ တော့ စကားကြီး စကားကျယ် ပြောမနေသင့်ဘူး။ နှစ်ထပ်ကွမ်း ချန်ပီယံလား။ ဟား ဟား ဟား”

“ လျစ်လျူရှုထားတာက ကောင်းပါတယ်။ သူက အခု ထိ ငယ်ရွယ် သေးတယ်။ ”

စာဖြေသူ အများစုကတော့ သူတို့ရဲ့ ခေါင်းတွေကို ဖန်ကျန်းရှီ ဆီကို လှည့်လိုက်ကြတော့တယ်။ အဲ့ဒီ့နောက် မှာတော့ မိုးရွာထဲမှာရပ်ရင်း စာဖြေသူတွေဟာ ဖန်ကျန်းရှီကို ကြည့်နေကြတော့တယ်။

ကောင်းကင် ရောင် ပြန် အဆင့် ။ ဒါက တော်ဝင်ကျောင်းတော်ထဲကို ကောင်းကောင်း ဖြတ်သန်းနိုင်ဖို့ အဆင့်တစ်ခုပဲ ဖြစ်တယ်။

“ ဒါက မလွယ်နိုင် ဘူး ။ ဒါပေမယ့်လည်း နှစ်ထပ်ကွမ်း ချန်ပီယံ ဖြစ်ကို ဖြစ်ရမယ်။ ” ဖန်ကျန်းရှီက မိုးရွာထဲက ကျောင်းတော်သား တွေကို ကြည့်ရင်း ပြောလိုက်တယ်။ ဒီနေ့လို တည်ငြိမ်မှုမျိုးကို ပထမဆုံးတွေ့၇တာဖြစ်တယ်။

“မင်း တကယ်ပဲ နှစ်ထပ်ကွမ်း ချန်ပီယံ ဖြစ်ချင်တာလား။” ရန်ရွှယ်ရဲ့ အမူအယာကတော့ အနည်းငယ် စိတ်ပျက်နေဟန်ပါပဲ။

“ ဟုတ်တယ်။” ဖန်ကျန်းရှီက ခေါင်းငြိမ့်လိုက်တယ် ။

“ဒါဆို မင်း အတွေးအခေါ် စာမေးပွဲမှာ ချန်ပီယံ အရင် ဖြစ်အောင် လုပ်ရမယ်။” ရန်ရွှယ်က ခေါင်းငြိမ့်လိုက်တယ်။ ဖန်ကျန်းရှီ အတွက် နှစ်ထပ်ကွမ်း ချန်ပီယံ မဖြစ်နိုင်ဘူးလို့ ထင်မိပေမယ့်လည်း နောက်ဆုံးမှာတော့ ယုံကြည်ဖို့ကိုပဲ ဆုံးဖြတ်လိုက်တယ်။

ဒီ ယုံကြည်မှုက သူ့ နှလုံးသားရဲ့ အနက်ရှိုင်းဆုံးနေရာကနေ လာတာ ဖြစ်တယ်။ သန့်စင်ပြီးတော့ အကြောင်းပြချက် ကင်းမဲ့တယ်။

“ဒုန်။ ” မောင်းသံ ဟာ လေထုထဲမှာ ပျံနှံ့လာတော့တယ်။

စာဖြေသူတွေ အားလုံးဟာ စာဖြေခန်းမထဲကို ဝင်ကြတော့တယ်။ ဘယ်သူကမှ ဖန်ကျန်းရှီနဲ့ ရန်ရွှယ်ရဲ့ စကားတွေကို ဂရုမစိုက်ကြတော့ပါဘူး။ သူတို့ရဲ့ မျက်လုံးထဲမှာတော့ မောက်မာတဲ့ အရိပ်အယော်င်တွေ ပေါ်ထွက်နေခဲ့တယ်။

ကောင်းကင်ရောင်ပြန် အဆင့်ကို အခုမှ ရောက်တဲ့သူကများ နှစ်ထပ်ကွမ်းချန်ပီယံ ဖြစ်ချင်တယ်တဲ့လား။

ရေတွင်းထဲက ဖားပြုတ်လိုပဲ မောက်မာ လွန်းတယ်။

ဖန်ကျန်းရှီ တော့ တစက်လေးမှကို ဂရုမစိုက်ပါဘူး။ ခန်းမထဲကို ဝင်တဲ့ အချိန်မှာပဲ သူ့ကို အဝါဖျော့ရောင် ဝတ်စုံ ဝတ်ထားတဲ့ ကျောင်းတော်သား တစ်ဦးက ပိတ်ဆို့ထားတာကို တွေ့လိုက်ရတယ်။

ကျောင်းတော်သား ဟာ ထီးကို ခပ်ငိုက်ငိုက် ဆောင်းထားခဲ့တယ်။

သူ့ရဲ့ မျက်နှာနဲ့ ကိုယ်ခန္ဒာကတော့ အတော်လေးကို သေးကွေးတာ သိနိုင်တယ်။

ဖန်ကျန်းရှီကတော့ စိတ်ရှုပ်လာတယ်။ ဝင်ဖို့ အတွက် မောင်းထု နေပြီလေ။ သူ့ကို ဘယ်သူက လမ်းလာပိတ်နေတာလဲ။ ဒီလူက သူရိုက်မှာကို မကြောက်ဘူးလား။

ဒါကိုတွေးလိုက်ချိန်မှာပဲ ထီးဟာ မြင့် လာတော့တယ်။

ခပ်ပြုံးပြုံးဖြစ်နေတဲ့ လှပတဲ့ မျက်နှာတစ်ခုဟာ ပေါ်ထွက်လာတော့တယ်။ လူ့စိတ်ကို အဖမ်းစားနိုင်ဆုံးကတော့ ဖန်သလင်းလို တောက်ပတဲ့ မျက်လုံးတွေ ဆောင်းဦးနွေလို နွေးထွေးတဲ့ အငွေ့အသက် ပဲ ဖြစ်တယ်။

“ မင်းလား ” ဖန်ကျန်းရှီက ခန့်မှန်းစရာတောင် မလို ဘူး။ ဒီလို မျက်လုံးမျိုး ရှိတဲ့ သူက ရှားပါးတယ်။ ပင်းယန် အိမ်တော်က ပင်းယန် မင်းသမီးပဲ ။

“ ငါပဲ ပေါ့။ ငါ့ကိုတွေ့ရတာ မပျော်ဘူးလား။” ပင်းယန်က ဖန်ကျန်းရှီကို မျက်စိမှိတ်ပြရင်း ပြောလိုက်တယ်။

“ နင့်အဖေ ပဲ ပျော်။ ငါ က စာမေးပွဲ သွားဖြေရအုန်းမှာ ။ နင်နဲ့ ဖျက်လို ဖျက်စီး လိုက်လုပ်ဖို့ မအားသေးဘူး။ ” ဖန်ကျန်းရှီက ရှင်း၇ှင်းလင်းလင်း ပြောလိုက်တယ်။

“ ဖန်ကျန်းရှီ ငါက မင်းသမီး ပင်းယန် ဆိုတာ သိရဲ့ သားနဲ့ ဒီလို ပြောဝံ့တယ်။” ပင်းယန်ကတော့ ဖန်ကျန်းရှီရဲ့ စကားကို ကြားချိန်မှာ မယုံနိုင် ဘူး ဖြစ်နေတယ်။

“ မပျော်ဘူး။ ငါတို့ အပေးအယူ လုပ်ထားပြီးသားပဲ။ နောက် ၂ နှစ် အတွင်း ငါ့ကို သတ်ဖို့ လူလွှတ်လို့မရဘူး။ ငါက ဘာကို ကြောက်ရမှာလဲ။ ” ဖန်ကျန်းရှီက ပင်းယန်ကို

ပြန်ပြောလိုက်တယ်။

“ ဟွန့် ငါက နင့်အတွက် လာတာကို ” ပင်းယန်ရဲ့ နှုတ်ခမ်းသေးသေးလေးတွေ လှုပ်ရှားသွားတော့တယ်။

“ ပြောစရာရှိတာ မြန်မြန်ပြော” ဖန်ကျန်းရှီက ဒီ အချိန်မှာ အချိန်မဆွဲသင့်ဘူး ထင်တဲ့ အတွက် အော်လိုက်တယ်။

“ အတော်လေးကို အသုံး မဝင်တာပဲ။ ငါလည်း ပိုပြီးတော့ အသုံးဝင်တာ ပြောသင့်တယ်။ ဥပမာအားဖြင့် ။ငါ့မှာ အတွေးအခေါ်စာမေးပွဲရဲ့ အဖြေရှိတယ်။ နင် ကြည့်မလား။” ပင်းယန်က ဖန်ကျန်းရှီ အနားကို တိုးသွားရင်းနဲ့ စာအိတ်ကို ထောင်ပြလိုက်တယ်။

“ အဖြေတွေလား။” ပင်းယန်လက်ထဲက စာအိတ်ကို ကြည့်ရင်း ဒီနေ့ ဖြစ်နေတာနဲ့ တစ်ထပ်တည်း တူတဲ့ အခြေအနေကို သူ ပြန်မှတ်မိလာတယ်။

ယုံကြည်မှု မြစ်မြို့တော်မှာတုန်းက လီကျွမ်းစီက ဒီ နည်းလမ်းကို သုံးခဲ့တယ်။

ဒါပေမယ့်လည်း အခု သူ့ရှေ့ရောက်နေတာက ပင်းယန်

ရေမြေ့ရှင်ရဲ့ အချစ်ဆုံး သမီးတော်။ ဖန်ကျန်းရှီ ကြုံရသလောက်တော့ ပင်းယန်နဲ့ လီကျွမ်းစီ ဉာဏ်ပညာ အဆင့်တန်းက လုံးဝကို ကွာခြားတယ်။

ဒါဆိုရင်

ပင်းယန်လက်ထဲက အဖြေက အစစ်ပဲ။

ဒီအချိန်မှာပဲ ရန်ရွှယ်ဟာ ပင်းယန်လက်ထဲက စာအိတ်ကို သတိပြုမှုသွားတယ်။ သူ့မျက်လုံးထဲမှာတော့ အလင်းတန်းတစ်ခု လက်သွားခဲ့တယ်။

ပင်းယန်ပေါ်လာချိန်မှာ ရန်ရွှယ်က ဖန်ကျန်းရှီ ဘေးမှာ ရပ်နေဆဲ ဖြစ်တယ်။ ပင်းယန်နဲ့ ဖန်ကျန်းရှီ ပြောနေတဲ့ စကားတွေအရ ၇န်ရွှယ်ဟာလည်း သူမ ဘယ်သူ ဆိုတာ သဘောပေါက်သွားတယ်။

“ ဒါက အဖြေ အစစ်တွေ ဆို တာ ငါ ကျိန်ရဲတယ် ။ မနေ့ညက ပဲ နန်းတော်ထဲကို လူလွှတ်ပြီး မေးခွန်းခိုးခိုင်းထားတာ။ တစ်ညလုံး လုံး ရုံးတော်သားတွေကို သုံးပြီးတော့ င့ါအတွက်အဖြေထိုင်ရေးခိုင်းထားတာ။” ပင်းယန်က ရိုးရိုးသားသားနဲ့ကို ပြောပြနေတယ်။”

“ မင်းက ဘာကိစ္စ မေးခွန်း သွားခိုးတာလဲ။ ငါ့ကို လာပေးချင်လို့တော့ မဟုတ် ဘူးမလား။ ” ဖန်ကျန်းရှီ က သံသယ ရှိစွာ မေးမြန်းလိုက်တယ်။

ပင်းယန် ရဲ့ စိတ်သဘောနဲ့ ဆိုရင် နန်းတော်က နေ မေးခွန်းခိုးတာက ဖြစ်နိုင်တဲ့ ကိစ္စပဲ။

ဒါပေမယ့်လည်း ခိုးရတဲ့အကြောင်းကိုတော့ ဖန်ကျန်းရှီ သိချင်နေတယ်။

အပိုင်း ( ၁၇၀) ပြီး၏။

All Chapters