အပိုင်း (၁၇၁-၁၈၀)
Vol. 2 Ch. 171-180
အပိုင်း (၁၇၁)
“အတွေးအခေါ် စာမေးပွဲ ၏ ခက်ခဲမှု ”
“ ဘာကြောင့်လဲ ဆိုတော့ ငါလည်း စာမေးပွဲ ဝင်ဖြေမှာမို့ပဲ။”
“ အမ်။ မင်း လည်း ဖြေမယ်။ ” ဖန်ကျန်း၇ှီ က ပင်းယန်ရဲ့ ထူးဆန်းနေတဲ့ ကျောင်းတော်သား ဝတ်စုံကိုကြည့်လိုက်တယ်။ နန်းတော်က မင်းသမီးလေးက မြစ်ပြင်ထဲက အံစာတုံးတွေနဲ့ အတူတူ စာမေးပွဲဖြေမယ်။ ဒီကိုလာတာ ရုံးတော်သား ဖြစ်ဖို့လည်း မဖြစ်နိုင်ဘူး။ အကြောင်းရင်းတစ်ခုပဲ ၇ှိနိုင်တယ်။
အပျော်လာဖြေလာ။
ဒါပေမယ့်လည်း တော်ဝင်စာမေးပွဲက ကြမ်းတမ်းပြင်းထန်တယ်။ တော်ဝင်စာမေးပွဲကို ဖြေခွင့်ရဖို့ ဒေသတွင်းစာမေးပွဲနဲ့ မြို့တော် စာမေးပွဲကို ဖြတ်ကျော်ပြီးတော့မှ တော်ဝင် စာမေးပွဲကို ဝင်ခွင့်ရမယ်။
ပင်းယန်က ဒေသတွင်း စာမေးပွဲနဲ့ မြို့တော် စာမေးပွဲကို ဖြေလို့လား။
သေချာပေါက် မဖြေဘူးပေါ့။
“ ဘာလဲ ငါ ဖြေလို့ မရဘူးလား။” ပင်းယန်ကတော့ ဖန်ကျန်းရှီ ဘာတွေ တွေးနေလဲ မသိပါဘူး။ သူမရဲ့ မျက်နှာကတော့ ဒေါသထွက်နေဟန်ပါပဲ။
“ ဒါပေါ့ ဖြေလို့ ရတယ်။ ဒါပေမယ့်လည်း မင်းရဲ့ ဝင်ခွင့်ကတော့ အတုပဲ။ မဟုတ်ဘူးလား။” ဖန်ကျန်းရှီက ပင်းယန် မေးခွန်းခိုးလာတာကိုတော့ ယုံတယ်။ ဒါပေမယ့်လည်း တော်ဝင်ကျောင်းတော်ကြီး တစ်ခုလုံးကတော့ သူမကို အလိုလိုက်ပြီးတော့ ဝင်ခွင့် ပေးမှာ မဟုတ်ဘူး။
နောက်ပြီးတော့ ။
ဒီနေ့ သူမ ဝတ်ထားတဲ့ ပုံစံ အရ သိသာ ထင်ရှားနေတာကတော့ ဒီကို လာတာ ပြဿနာ ရှာဖို့ပဲ ဖြစ်မယ် ဆိုတာ ကောင်းကောင်းသိနိုင်နေတယ်။
ပင်းယန်ရဲ့ မော်ကြွားနေတဲ့ ပုံစံကတော့ ဝင်ခွင့်ကတ်အကြောင်းကို ဖန်ကျန်းရှီ ပြောလိုက်ချိန်မှာ ပျက်ယွင်းသွားတော့တယ်။ ဒါပေမယ့်လည်း ပင်းယန်ကတော့ ပင်းယန်ပဲ လေ။
ဘာဖြစ်ဖြစ် တုန်လှုပ်မယ့်သူ မှ မဟုတ်တာ။
“ မှန်တာပေ့ါ။ ငါ ဒါကို အတုလုပ်တဲ့သူ ဆီမှာ ငွေသား တစ်ရာတောင် ပေးပြီးတော့ အပ်ထားရတာ။ နင်ကြည့် အစစ်အတိုင်းပဲ။ ငါ မတော်ဘူးလား။” ပင်းယန်က သူ့ အိတ်ထဲက စာမေးပွဲ ကတ်ကို ထုတ်လိုက်ပြီးတော့ ဖန်ကျန်းရှီကို ပြလိုက်တယ်။
“ ငွေသား တစ်ရာတောင် ။ မင်းက ဝက်လား။ ( ဦးနှောဏ်မရှိ ဘူးလား။) ” ဖန်ကျန်းရှီက ဒီကောင်မလေး ဘာလို့ ငွေတွေကို လွယ်လွယ် ကြဲပြစ်နေရတာလဲ လို့ တွေးနေမိတယ်။ မင်းးကိုယ်မင်း သူများ အခွင့်ရေး ယူတာ ခံရအောင် လုပ်နေတာပဲ။
“ ဘာ ပြောတယ်။ နင် ငါ့ကို ဆူဝံ့တယ် ပေါ့။ ကိုယ့်ကို ကိုယ် ပြန်ရိုက်စမ်း”
“ နင့် အမေပဲ ရိုက်။ စာမေးပွဲမှာ ငါမင်းကို မတိုင်ဖို့ ဆုတောင်းနေသင့်တယ်။ နောက်ပြီး။ မင်း နောက်တစ်ခါ စာမေးပွဲ ဖြေဖို့ ကတ်အတုလိုရင် ငါ့ဆီလာခဲ့တယ်။ ငါ့ဆီမှာ ဈေးမကြီးဘူး။ အိုအို ပျိုပျို ဘယ်သူကအတွက် မဆို ငွေသား ကိုးဆယ့်ကိုးစ ပဲ ရှိတယ် ။ ” ဖန်ကျန်းရှီ က ပင်းယန် ကို ပြန်အော်ပြီးတဲ့ နောက် တော်ဝင် ခန်းမရဲ့ တံခါးဆီကို လျှောက်လာတော့တယ်။
“ နင် သတိထားနေ။” ပင်းယန်ကတော့ ခနတာ မျက်စိ လည်နေပြီးတဲ့နောက်မှာတော့ ဖန်ကျန်းရှီ ဒီလိုမျိုးထွက်သွားတာကို မကျေမနပ် ဖြစ်လာတော့တယ်။ “ နင် တကယ်ပဲ မလိုချင်ဘူးလား ဒီ ကလေးလေးနဲ့ ဆို နင် ပထမတန်းကို ကောင်းကောင်း ဝင်နိုင်တယ် နော်“
ပင်းယန်ကတော့ ကြည့်ရတာ သိပ်ကို သေချာနေတဲ့ပုံပါပဲ။
“သနားစရာပဲ ။ ငါက အတွေးအခေါ် စာမေးပွဲ ချန်ပီယံ ဖြစ်မှာ” ခေါင်းကို လှည့်တောင် မကြည့်ပဲ နဲ့ ဖန်ကျန်းရှီ က ပြောလိုက်တယ်။
“နင့် အခု အခြေအနေနဲ့လား။ အခုမှ ကောင်းကင်ရောင်ပြန် အဆင့်ကို ရောက်ပြီးတော့များ။ ချန်ပီယံ ဖြစ်ချင်နေသေးတယ်။ စာမေးပွဲ မကျဖို့သာ ဆုတောင်းနေစမ်းပါ။” ပင်းယန်က ဒေါသထွက်ထွက် နဲ့ အော်လိုက်ပြီးနောက် “ ဟွန့်” ခနဲ အသံပြုကာ အဆုံးသတ်လိုက်တယ်။ အဲ့ဒီ့နောက် ရန်ရွှယ် ဘက်ကို လှည့်ရင်းမေးလိုက်တယ်။ “ရန်ရွှယ် နင်ကော လိုချင်လား။”
“အရှင် မင်းသမီးကို ပြန်ဖြေပါတယ်။ ကျွန်တော် မလိုချင်ပါ ဘူး။ ” ကြည့်ရတာ ပင်းယန်ရဲ့ အဆင့်ကို ဖန်ကျန်းရှီထက် ပိုပြီး နားလည် ဟန်ပါပဲ။ ဒါကြောင့် သူ့ရဲ့ လေသံကတော့ တည်ငြိမ်နေပင်မယ့်လည်း မလေးမစားပြုဟန်နည်းနည်းလေးမှ ပါဝင်မနေဘူး။
“ ဘာလို့ မလိုချင်တာလဲ။” ပင်းယန်က ဒီ အချိန်မှာတော့ အတော်လေးကို သိချင်လာတယ်။ ဖန်ကျန်းရှီ မလိုချင် တာကို သူနားလည် နိုင်တယ်။ ဒါပေမယ့်လည်း ရန်ရွှယ်က အဖြေတူတူပဲ ဖြေနေတယ်။ ဘာလဲ သူက ကော ကောင်းကင်ရောင်ပြန် အဆင့်ကို ရောက်နေပြီလား။
“ ဘာကြောင့်လဲ ဆိုတော့ ကျွန်တော်က ဒုတိယ နေရာကို ရမှာ မို့ပဲ ” ရန်ရွှယ်က ပြောလိုက်တယ်။
“ ဒုတိယ နေရာ “ ပင်းယန်က ဖန်ကျန်းရှီ နဲ့ ရန်ရွှယ်ကို ကြောင်တောင်တောင်နဲ့ သာ စိုက်ကြည့်နေခဲ့တယ်။ သူမရဲ့ ဖန်သလင်းနှယ် မျက်လုံးတောက်တောက်တွေကတော့ သံသယတွေနဲ့ ပြည့်နေခဲ့တယ်။ “ တော်ဝင် စာမေးပွဲ ဘယ်လောက်ခက်လဲ မသိကြ ဘူးလား။ ဒါပေမယ့်လည်း တယောက်က ပထမနေရာ ယူမယ် ။ နောက်တစ်ယောက်က ဒုတိယနေရာ ယူမယ်ဆိုတော့ ငါက ဘယ်လို ဖြစ်သွားမလဲ။ ”
…
သိပ်မကြာခင်မှာပဲ တော်ဝင်ကျောင်းတော်ထဲကို ရောက်လာတဲ့ ဖန်ကျန်းရှီဟာ သူ့နောက်မှာ ပင်းယန် ပါလာတာကို တွေ့လိုက်တယ်။ သက်ပြင်းချလိုက်တယ်။
ဒီ လောကရဲ့ စာမေးပွဲ စစ်ဆေးရေး လုပ်ငန်းက အတော်လေးကို ခေတ်နောက်ကျနေတာပဲ။
ဒါပေမယ့် ဒီ အကြောင်းရင်းက စာဖြေသူတွေကို အလွှာကွဲသွားစေလိမ့်မယ်။ ဒါပေမယ့်လည်း အရေးကြီးဆုံး ကတော့ ဒီ ဝင်ခွင့်ကတ်တွေနဲ့ ပတ်သတ်ပြီး ဘယ်သူမှ ဂရုစိုက်မှာ မဟုတ်တော့ဘူး။
တာအို ခန်းမကို ဝင်ခွင့်ရတဲ့သူမှသာ တာအိုစာမေးပွဲကို ဖြေနိုင်တယ်။
…
တော်ဝင်စာမေးပွဲခန်းမတွေကတော့ အတော်လေးကို အလင်းရောင် ကောင်းတယ်။ စာမေးပွဲခန်းစောင့်သူ လေးဦးရှိပြီးတော့ စာဖြေသူတွေနဲ့ မျက်နှာချင်းဆိုင် ခုံမှာ ထိုင်နေကြတယ်။
ခုံတွေဟာတော့ တစ်လုံးနဲ့ တစ်လုံး ၂ မီတာ ဆီ ကွာဝေးတယ်။ ခိုးချဖို့ဆိုတာကတော့ စိန်ခေါ်မှုကြီး တစ်ခု ဖြစ်လိမ့်မယ်။
ဖန်ကျန်းရှီ နဲ့ ရန်ရွှယ် က ဘေးချင်း ကပ်လျက်ထိုင်နေခဲ့တယ်။
ဒါပေမယ့်လည်း ကံမကောင်းစွာနဲ့ ပင်းယန် ဟာ သူတို့ နောက်က နေ ကပ်လိုက် လာခဲ့တယ်။
သူမနဲ့ ကပ်မထိုင်မိဖို့ သေချာအောင် နှစ်ခုံပဲ လွတ်နေတဲ့ နေရာမှာ အသေအချာ ရွေးထိုင်လိုက်တာ ဖြစ်တယ်။
ဒါကို ပင်းယန်ကလည်း ကောင်းကောင်းမြင်လိုက်တယ်။
သူမရဲ့ အကြည့်တွေကတော့ ဖန်ကျန်းရှီ ရဲ့ ဘယ်ဘက်က ခုံကို ရောက်သွားတော့တယ်။
“ ထစမ်း ။ ဒီ ထိုင်ခုံက ငါ့ နေရာ။” ပင်းယန်က ဖန်ကျန်းရှီရဲ့ ဘယ်ဘက်က ခုံကို သွားပြောလိုက်တယ်။ ဒီ ခုံဟာတော့ လက်ရှိမှာ တရုတ်ရိုးရာ ဝတ်စုံဝတ်ထားတဲ့ လူငယ် တစ်ဦး ထိုင်နေတာ ဖြစ်တယ်။
သူဟာ လက်ရှိမှာ မျက်လုံးတွေကို မှိတ်ရင်းစိတ်ကို အနားပေးနေတာ ဖြစ်တယ်။ ဒါပေမယ့်လည်း သူ့နား မှာ စကားပြောသံကိုကြားချိန်မှာတော့ ဒေါသထွက်သွားဟန်ပါပဲ။
“ ဘယ် ရိုင်းစိုင်းတဲ့ ကောင်စုတ် လာပြောနေတာလဲ။ မင်း ရူးနေတာလား။ ဒီခုံမှာငါ ထိုင်နေ။ ” လူငယ်ဟာ စကားကို အဆုံးထိ မပြောခင်မှာပဲ ပါးစပ်ပိတ်သွားတော့တယ်။
ထူးခြား တောက်ပနေတဲ့ ဖန်သလင်း မျက်လုံးတွေနဲ့ ကျောင်းတော်သား ငယ်လေး ဟာ ဘယ်သူ ဆိုတာကို သူ သဘော ပေါက်သွားဟန်ပါပဲ။
“ ငါ့ကို အော်ဝံ့တယ်။ ကိုယ့်ကို ကိုယ် ပြန်ရိုက်စမ်း။” ပင်းယန်က စိုက်ကြည့် ရင်းပြောလိုက်တယ်။
လူငယ်ရဲ့ မျက်နှာဟာတော့ သေခါနီး လူတစ်ယောက်လို ဖြူဖျော့သွားပြီးတော့ တွေဝေချင်း မရှိပဲ သူ့ကိုယ်သူ ရိုက်၇င်း ထိုင်ခုံကနေ ထွက်ပြေးတော့တယ်။
“မင်း သ….”
“ထွက်သွားစမ်း။”
“ အမိန့် အမိန့်တော် အတိုင်းပါ။” လူုငယ် ဟာ မပြေးရုံတမယ် ထွက်သွားတော့တယ်။ ဒီ အခန်းထဲမှာ နောက်ထပ် မနေဝံ့တော့ ဘူး ဖြစ်တယ်။
အနီးနားမှာ ထိုင်နေတဲ့ သခင်လေးတွေလဲ မြင်လိုက်တယ်။
အဲ့ဒီ့နောက်မှာတော့ သူတို့ဟာလည်း ဖြူဖျော့သွားကြပြီးတော့ တခြား အခန်းကို ပြောင်းပြေးသွားတော့တယ်။
ဒါပေမယ့်လည်း ပင်းယန်ဒီကို လာတာ ခိုးချပြီးဖြေဖို့လေ။ စာဖြေခန်းထဲမှာ လူမကျန်တော့မှတော့ သူမကို စာဖြေခန်းစောင့်သူတွေက အာရုံပိုစိုက်ကြတော့မှာပေါ့။
“ အကုန်လုံး ငြိမ်ငြိမ်ထိုင်ကျ။ မလှုပ်ရှားကြနဲ့။”
ဒီ စကားတစ်ခွန်းနဲ့တင် အခန်းထဲက လူတွေဟာ ရပ်တန့်သွားပြီးတော့ ချွေးသီးချွေးပေါက်တွေ ကျလာကြတော့တယ်။ ဘယ်သူကမှ မလှုပ်ရှားဝံ့တော့ဘူး။
ဖန်ကျန်းရှီကတော့ သက်ပြင်း တိုးတုးိလေး ချလိုက်ပြန်တယ်။ ဒီ လောက က စည်းမျဥ်းတွေကို သူနားလည်တယ်။ မင်းမျိုးမင်းနွယ်တွေရဲ့ အမိန့်ကို မလွန်ဆန် နိုင် ကြဘူး။
“ ဒုန်”
မောင်းသံ ဟာ စာမေးပွဲ စတင်ပြီ ဖြစ်ကြောင်း အချက်ပေးသံ အဖြစ်ပေါ်ထွက်လာတော့တယ်။
စာဖြေခန်းစောင့်သူ လေးဦး ဟာလည်း စတင် လျှောက်လာကြပြီ ဖြစ်တယ်။ သူတို့ အားလုံးဟာ အနက်ရောင် ရုံးတော်သား ဝတ်ရုံတွေကို ဝတ်ထားကြတယ်။ ရင်ဘတ်နေရာမှာတော့ တော်ဝင် ဆိုတဲ့ အမှတ်အသားကို မှတ်သားထားတယ်.။
ဒါက တော်ဝင်စာမေးပွဲကို စောင့်ကြပ်သူတွေဟာ တော်ဝင် သတင်းပို့သူ တွေ ဖြစ်တယ် ဆို တာ ပြနေတယ်။ ဒီစာမေးပွဲရဲ့ အဆင့်အတန်းဟာလည်း မြို့တော်စာမေးပွဲတွေထက် မြင့်မားကြောင်းသိသာလှတယ်။
တော်ဝင်မြို့တော်စာမေးပွဲ ဟာ ငါးကြင်းကနေ နဂါးဖြစ်လာစေနိုင်တဲ့ တံခါးတစ်ခုကို ခုန်ကျော်ရခြင်းနဲ့ တူညီတယ်။ ကြီးမြတ်သော ရှမင်းဆက်ကြီး တစ်ခုလုံးရဲ့ စစ်မှန်တဲ့ အင်အားကို ပြသခြင်းလည်း ဖြစ်တယ်။ နိုင်ငံရေး သို့မဟုတ် စစ်ရေးမှာ အမတ်တစ်ဦး ဖြစ်လာနိုင်တယ်။နေရာကောင်းတစ်နေရာကိုတော့ ခြေချနိုင်မှာ အမှန်ပဲ။
…
ဖန်ကျန်းရှီက ဒီလို ရုံးတော်သား ဖြစ်ဖို့ စိတ်ကူးများများ စားစား မရှိဘူးဖြစ်တယ်။ လူအများဆီက ဖိအားတွေကို သူမခံ စားချင်ဘူး။
သူ့ရဲ့ မျက်နှာကတော့ အခုချိန်မှာ တည်ငြိမ်အေးဆေးနေခဲ့တယ်။
တခြားတစ်ဖက်မှာတော့ သူ့ရဲ့ ညာဘက်မှာ ရှိနေတဲ့ ၇န်ရွှယ်ဟာ အနည်းငယ် စိတ်ရှုပ်နေဟန်ပါပဲ။ ဒါပေမယ့်လည်း သူ့ရဲ့ ဘယ်ဘက်က ပင်းယန်ဟာတော့ သူ့လို တည်ငြိမ်နေခဲ့တယ်။ မထင်မှတ်စရာ ကောင်းလောက်အောင် အေးဆေးနေတယ်။
သူ့လက်ထဲမှာ စာမေးပွဲ မေးခွန်းအဖြေရှိနေမှတော့ စိတ်ပူစရာ မလိုတော့ ဘူး။
ဒီအချိန်မှာပဲ စာမေးပွဲ မေးခွန်းဟာ ဖန်ကျန်းရှီ ဆီကို ရောက်လာတော့တယ်။ တစ်ခဏ မှင်သက်သွားပြီးတဲ့နောက်
ဖန်ကျန်းရှီဟာ မေးခွန်းကို ဖတ်လိုက်တယ်။
သူ့ရဲ့ အ၇င်လောကက ဆရာတွေ ပြောဖူးသလိုပဲ
အဖြေလွှာစာရွက် လက်ထဲ ရောက်တာနဲ့ ပထမဆုံး လုပ်ဖို့က နာမည် နဲ့ ခုံနံပါတ် တပ်ရမယ်။
ငယ်ငယ်တည်းက ဖန်ကျန်းရှီဟာ ဆရာ သင်တာကို ကောင်းကောင်း လိုက်နာတဲ့ ကျောင်းသားကောင်းတစ်ဦး ဖြစ်ပြီးတော့ သင်သမျှကို တစ်လုံးမကျန် မှတ်မိသူလည်း ဖြစ်တယ်။
ဖန်ကျန်းရှီက နာမည် တပ်ပြီးနောက်မှာတော့ မေးခွန်းစာရွက်ကို ကြည့်လိုက်တော့တယ်။ မေးခွန်းကို တစ်ရွက်ြ့ပီး တစ်ရွက် လှန်လိုက်တယ်။ ဆယ်မျက်နှာတိတိ မေးခွန်းတွေ ပြည့်နေတယ်။
ပမာဏကော အရည် အသွေးကော တစ်ခုချင်းစီက လူတစ်ယောက်ကို စိတ်ဓာတ်ထိုးကျသွားနိုင်လောက်တဲ့ အထိ ကောင်းကောင်းးလုပ်နိုင်တယ်။
ဘယ်သူ့မေးမေး ခက်လိုက်တဲ့ မေးခွန်းလို့ ဖြေမှာပဲ ဖြစ်တယ်။
ဖန်ကျန်းရှီကတော့ စိတ်မပျက်ပါဘူး။ ဒါပေမယ့်လည်း သူ့ရဲ့ လက်ထဲက မေးခွန်းစာရွက် ဆယ်ရွက်လုံးကို လှန်ပြီးချိန်မှာတော့ ပထမဆုံး အနေနဲ့ တော်ဝင်စာမေးပွဲက အတော်လေးကို စိတ်ညစ်စရာေ ကာင်းမှန်း လက်ခံလိုက်တော့တယ်။
မေးခွန်း ဆယ်မျက်နှာတောင် ပေးထားပြီးတော့ ဖြေဆိုချိန်က ၄ နာရီတည်း ။ ဒါက ဖြစ်သင့်သလား။
စိတ်ကုန်စရာ အကောင်းဆုံးကတော့
မေးခွန်း အကုန်ဖြေပြီးဖို့က စိန်ခေါ်မှု တစ်ခုပဲ။
“ ကောင်းပြီလေ။ မင်းမှ အချိန် သိပ်မရှိ ဘူး။ စဖြေတာပေါ့။” ဖန်ကျန်းရှီ ဟာ ထပ်ပြီး မတွေဝေတော့ပါဘူး။ မျက်လုံးနဲ့ လက်ကို အသင့် ပြင်လိုက်ရင်း စုတ်တံကို ကိုင်ကာ စရေးတော့တယ်။
အပိုင်း ( ၁၇၁) ပြီး ၏။
( ဖန်ကျန်းရှီက စဆရက ကြီးပါ။)
အပိုင်း ( ၁၇၂)
“ နောက်ဆုံးတော့ ပြီးပြီ။ ”
ပထမ ဆုံး မေးခွန်းကတော့ အိုင်ချင်း အကြောင်းပဲ ဖြစ်တယ်။
ပိုပြီးတော့ အတိအကျ ပြောရရင်တော့ ပို ကျစ်ရှ ရဲ့ “ ကျစ်ရှ က ကဗျာ ပေါင်းချုပ်” ဖြစ်တယ်။
ဒါပေါ့။ ဒီလို မေးခွန်းခေါင်းစဉ် မျိုးက စာမေးပွဲ မှာ အတိအကျ ပြောထားတာ မဟုတ် ဘူး။ ဒီလောကမှာ ပို ကျစ်ရှလည်း မရှိ သလို ကျစ်ရှ ကဗျာပေါင်းချုပ် ဆိုတာကလည်း မတည်ရှိဘူး။
ဒီ မှာ ရှိတဲ့ တစ်ခုတည်းသော အရာဟာ “ တာအိုနိယာမ ” ပဲ ဖြစ်တယ်။
ဖန်ကျန်းရှီက စုတ်တံကို ကိုင်ပြီးတော့ စတင် ရေးသားတော့တယ်။
“ ဆဌဂံ နည်းလမ်း ဟာ အချိန်ကိုက်လှုပ်ရှားမှု ဖြစ်တယ်။ နူးညံ့မှု ဟာ ကြမ်းတမ်းမှုနဲ့ အတူ တည်ရှိနေတယ်။ အနီးကပ် ချဉ်းကပ်မှုဟာ အပြင် စည်းကို လွှမ်းမိုးလိုက်တယ်။ တစ်စုံတစ်ဦး ဟာ လှုပ်ရှားမှု ပြင်းထန်လာတယ်။ ”
“ လူသား ဆန်မှုဟာ ကျေနပ်မှု ကို ဖြစ်စေတယ်။ ဒီ လို နိယာမ လောကမှာ”
ဒီမေးခွန်းက ကိုယ်တွင်းစိတ်အကြံ နဲ့ ပြင်ပ လုပ်ဆောင်မှု ကို ကိုယ်စားပြုတယ်။ အဖြေကတော့ မူလ စာသားတွေကို ပြန်လည် အသုံးပြုပြီးတော့ လုပ်ဆောင်ရတာပဲ ဖြစ်တယ်။ ဒါက အိုင်ချင်းကို မေးခွန်းထုတ်တာပဲ ဖြစ်တဲ့ အတွက် ဖြေဖို့မခက်ခဲ ပါ ဘူး။
ပထမ မေးခွန်းကို ဖြေပြီးတဲ့ နောက်မှာတော့ သူ ဟာ နောက်တစ်ခုဆီကို ခပ်မြန်မြန် ခုန်သွားတော့တယ်။
ဒုတိယ မေးခွန်းကတော့ “ ဝိဉာဉ် လျှိုမြောင်ထဲက ပညာရှိ အလုပ်” ပဲ ဖြစ်တယ်။ နောက်ပြီးတော့ ဒါရဲ့ အထူးပြု မေးမြန်းမှုကတော့ မပါဝင်တဲ့ အခန်းကို သုံးပြီးတော့ ဖြေဆိုသူတွေ ကိုယ်တိုင် စဉ်းစားနိုင်စွမ်းကို မြင့်မားအောင် လုပ်တာပဲဖြစ်တယ်။
တော်ဝင် စာမေးပွဲက တကယ့်ကို ခက်ခဲ လှတယ် ဆိုတာ လက်ခံ ဖို့က တော့ ခက်ခဲတယ်။
“ ဝိဉာဏ် လျှိုမြောင်” ကို မသင်ကြားဖူးရင် လူ တစ်ယောက်က ဒါကို ဖြေဆိုနိုင်ဖို့ မလွယ် ဘူး။
ဖန်ကျန်း၇ှီ အတွက်တော့ ဒါက မခက်ခဲ ဘူး။ အရင်လောက က ခေတ်ပေါ် အတွေးအခေါ် တွေနဲ့ ဒီ လောက က နည်းလမ်းတွေကို ပေါင်းစပ်ပြီးတော့ ပြင်ဆင်လိုက်တာပဲ ဖြစ်တယ်။
ဘာသာ ပြန် ဆို ချင်းလား။
အကောင်းဆုံး ဘာသာပြန်ဆိုချင်းကတော့ နှစ်ထောင်ပေါင်းများစွာ မျိုးဆက်တွေရဲ့ ကြိုးစားမှုနဲ့ အဆုံးသတ်ရမယ်။
ဒုတိယ မေးခွန်းကို ဖြေပြီးနောက်မှာတော့ သူဟာ တတိယ မေးခွန်းကို ဖြေလိုက်တယ်။
…
ဖန်ကျန်းရှီကတော့ အမြင့်ဆုံးသော အရှိန်နှုန်းနဲ့ ရေးနေတာပဲ ဖြစ်တယ်။ စုတ်တံ ထိပ်နဲ့ စာရွက်တို့ရဲ့ ထိခတ်သံတွေဟာ အခန်းတစ်ခုလုံးကနေ ကောင်းကောင်း ကြားနေရတယ်။ စာဖြေသူတိုင်းဟာတော့ သူ့ကို စိုက်ကြည့်နေကြတာ။
သူတို့ရဲ့ မျက်လုံးတွေကတော့ သရဲ တစ်ကောင်ကို မြင်လိုက်တဲ့ အတိုင်းပါပဲ။
ပင်းယန်ကတော့ ဖန်ကျန်းရှီကို ကြောင်တောင်တောင်နဲ့သာ ကြည့်နေတော့တယ်။
အဲ့ဒီ့နောက်မှာတော့ သူမဟာ ခက်ခက်ခဲခဲကို မျက်နှာလွှဲလိုက်တော့တယ်။ လူတစ်ယောက်က ဒီလောက်ထိ လျင်မြန်တဲ့ နည်းလမ်းနဲ့ မေးခွန်းကို ဖြေနိုင်နေတာ မယုံကြည်နိုင်စရာ ကောင်းလွန်းလှတယ်။
မနေ့ညတုန်းက တော်ဝင်ရုံးတော်သားတွေ အများ စု ခက်ခက်ခဲခဲ ဖြေနေရတာကို သူမမျက်စိနဲ့ ကောင်းကောင်းမြင်ခဲ့တာ သူတို့ရဲ့ ဦးနှောဏ်တွေကို ကျောက်တုံး အရည် ညှစ် သလို စဉ်းစားပြီး တစ်ခုချင်း ဖြေနေကြတာ ။
သူတို့ တစ်ယောက်ချင်းစီရဲ့ မျက်ခုံးမွှေးတောင် ဖြူတော့မယ့် အထိကို ကြိုးစားပန်းစားရေးနေရတာ ဖြစ်တယ်။
ဖန်ကျန်းရှီ ရှေ့မှာ ရှိနေတဲ့ မေးခွန်းကတော့ အတူတူပဲ ဖြစ်ပေမယ့်လည်း သူ့ အတွက်တော့ ကလေး ကစားစရာ တစ်ခုလို လွယ်လွန်းနေတယ်။ ရပ်တန့်ဖို့တောင် မလုပ်ဘူး။
ပင်းယန်ဟာ ဖန်ကျန်းရှီရဲ့ ဘယ်ဘက်မှာ ထိုင်နေတာ ဖြစ်တယ်။ ဒါကြောင့် သူ့ရဲ့ အပြုအမူတွေကို ကောင်းကောင်းမြင်နေရတယ်။ မေးခွန်းကို တချက်ကြည့်လိုက်ပြီးတာနဲ့ ချက်ခြင်းကို စုတ်တံ ကိုင်ပြီးတော့ စရေးတာပဲ ဖြစ်တယ်။
အဲ့ဒီ့နောက် နောက် မေးခွန်း တစ်ရွက်ကို ဖြေတယ်။
နားတာ တစ်ခုတောင် မရှိပဲနဲ့ ပထမဆုံး အဖြေလွှာဟာ အကုန်ပြည့်သွားတော့တယ်။
“ ဒါက ကူးရေးနေတာလား။” ပင်းယန်က မတ်တပ်ရပ်ပြီးတော့ ဖန်ကျန်း၇ှီကို တိုင်လိုက်ချင်တယ်။ ဒါပေမယ့်လည်း သူမ မှတ်မိနေတာ က သူမမှာလဲ အဖြေစာရွက်ရှိနေတယ်။ ဒါကြောင့် သူများကို တိုင်ရင် သူမလည်း ထိခိုက်လိမ့်မယ်။
၇န်ရွှယ် အတွက်တော့ ဖန်ကျန်းရှီနဲ့ အတူ တော်ဝင် စာမေးပွဲကို ဖြေရတာ ပထမဆုံး အကြိမ် ဖြစ်တယ်။ ဒါကြောင့် သူဟာ တခြား စာမေးပွဲတွေ တုန်းက ဖန်ကျန်းရှီ ဘယ်လို ဖြေလဲမသိဘူးဖြစ်တယ်။ ဒါကြောင့် အခုချိန်မှာ တော်ဝင် စာမေးပွဲကို ဖြေချိန်မှာတော့ ဖန်ကျန်းရှီရဲ့ အံ့ဖွယ် အရှိန်နှုန်းကို မှင်သက်စွာပဲ ကြည့်ေ်နမိတယ်။
သူ့ရဲ့ စိတ်ထဲမှာ တွေးနေမိတာကတော့ ဖန်ကျန်းရှီ မေးခွန်းကို အရင်က ဖြေဖူးတာလားလို့ ဖြစ်တယ်။
ဒုတိယ တစ်ခေါက် ပြန်တွေးပြီးနောက်မှာတော့ ဒီအတွေးက မမှန်နိုင်တာကို သိလိုက်တယ်။
အကယ်၍ ဖန်ကျန်းရှီက ဒီ မေးခွန်းကို ဖြေဖူးထားရင် သူ့ကို မပြောပြပဲ နေမှာ မဟုတ်ဘူး။ နောက်ပြီးတော့ ဒါက လည်း မဖြစ်နိုင်တာပဲ။
ဒါဆို သူ အခု စိတ်ရှုပ်နေတာ ဘာကြောင့်လဲ။
အတွေးတွေကေတော့ ရန်ရွှယ် ရဲ့ စိတ်ထဲမှာ ပူဖောင်းတွေလို ပျံနေခဲ့တယ်။
အတွေးအခေါ် စာမေးပွဲ ချန်ပီယံ ကို ဒေသတွင်း တာအို စာမေးပွဲမှာကော မြို့တော်စာမေးပွဲမှာပါ ရခဲ့တာ ဖြစ်တယ်။ ဖန်ကျန်းရှီ အတွက် မေးခွန်းတွေက ဒီလောက်တောင် လွယ်ကူနေတာ ရန်ရွှယ် လုံးဝကို မယုံနိုင် ဘူး ဖြစ်နေတယ်။
“ ဘယ်လိုလုပ်ပြီး ဒီလောက် မြန်နိုင် တာလဲ။” ရန်ရွှယ် က စားပွဲပေါ်က မေးခွန်းစာရွက်ကို ကြည့်လိုက်ပြီးတော့ အသက်ပြင်းပြင်း တစ်ချက်ရှုထုတ်လိုက်တယ်။ အဲ့ဒီ့နောက်မှာတော့ စိတ်အေးအေး ထားပြီးတော့ စတင်ဖြေဆိုတော့တယ်။
ဒါပေမယ့်လည်း ရန်ရွှယ်စာ ပထမဆုံး မေးခွန်းကို စဖြေတာ မဟုတ်ပါဘူး။ အဲ့ဒီ့အစား နောက်ဆုံး မေးခွန်းကနေ စဖြေတော့တယ်။
လက်ရှိ အချိန်မှာတော့ ဖန်ကျန်းရှီ ဟာ မေးခွန်းထဲမှာ နစ်မြောနေတာ ဖြစ်တဲ့ အတွက် ရန်ရွှယ်ရဲ့ အပြုအမူကို သတိတောင် မထားမိပါဘူး။
အချက်အလက်ပြောရရင်တော့
ဒါက ရန်ရွယ် တစ်ယောက်တည်းတင် မဟုတ် ပါဘူး။ တခြားသော ဖြေဆိုသူတွေလည်းပဲ သူတို့ ဖြေနိုင်မယ့် မေးခွန်းတွေကိုပဲ ရွေးချယ်ဖြေကြတာ ဖြစ်တယ်။ ဖန်ကျန်းရှိလိုမျိုး မေးခွန်းတစ်ခုချင်းစီကို အစဉ်လိုက်ဖြေတဲ့ သူ ကတော့ မရှိဘူး။
အဖြေလွှာ ယူလာတဲ့ ပင်းယန်တောင်မှ ရွေးချယ်စရာ မရှိ ဘူး ။
အခန်းထဲမှာတော့ စာရွက်သံတွေ စုတ်တံ မှင်သံတွေနဲ့ သာ ပြည့်နေခဲ့တယ်။ ဒါကတော့ အခန်းထဲက ကျောင်းတော်သားတိုင်းဟာ သူတို့ရဲ့ အဖြေလွှာတွေကို စတင်ဖြေဆိုနေကြပြီ ဖြစ်ကြောင်း အသိပေးလိုက်တာနဲ့ အတူတူပါပဲ။ ဖန်ကျန်းရှီကို အာရုံစိုက်နိုင်တဲ့ သူလည်း မရှိ တော့ဘူး ဖြစ်တယ်။
လူတိုင်းတွေးနေတာကတော့ ။ “ ဒီကောင် ဘယ်လို တောင်များ တော်ဝင်စာမေးပွဲကို ရောက်လာတာလဲ ”
ဖန်ကျန်းရှီရဲ့ ခပ်တိုးတိုး သက်ပြင်းချသံတွေကို ကြားနေ၇တဲ့သူတွေကတော့ ဒီကောင် ဖြေသာ ဖြေနေတာ ရလဒ်ကောင်းကောင်း ထွက်လာပါ့မလားလို့ တွေးနေကြတယ်။
…
မိနစ်တွေ ဟာ တဖြည်းဖြည်း ကုန်ဆုံးသွားခဲ့တယ်။
၂ နာရီကြာပြီးနောက်မှာတော့ ဖန်ကျန်းရှီ ဟာ အရှိန်ထိန်းပြီး ဆက်ရေးနေဆဲ ဖြစ်တယ်။ သူ့ရဲ့ လက်ထဲမှာတော့ မထိရသေးတဲ့ စာရွက် တစ်ဝက်လောက်၇ှိနေသေးတယ်။ သူဟာ တွန်းလိုက်ပြီးတော့ စာရွက်တွေကို ယူလိုက်တယ်။
ဒါပေမယ့်လည်း ဖန်ကျန်းရှီရဲ့ အပြုအမူတွေက အတော်လေးကို သတိပြုမိစေတယ်။
“ ဒီကောင် အကုန်လုံးများ အပြီး ဖြေမလို့လား။”
လူတိုင်းရဲ့ အတွေးထဲမှာ ဒီ လို ပေါ်လာပေမယ့်လည်း မြန်မြန်ပဲ ပြန်လည် ပျောက်ကွယ်သွားတယ်။
ပိုပြီးတော့ အရေးကြီးတာကတော့
ဒီလို လုပ်ဖို့ မလိုဘူး။
ဖန်ကျန်းရှီကတော့ ဂရုမစိုက်ပါဘူး။ သူအခုချိန်မှာ သူ့ကိုယ်သူနဲ့ ယှဉ်ပြိုင်နေတာ ဖြစ်တယ်။
စာမေးပွဲ အဖြေလွှာတိုင်းဟာ စာပိုဒ်တွေ ပြည့်နှက်လာတယ်။
“ ယန်မြို့တော်က ထင်ထားတဲ့အတိုင်းပဲ။ လူတွေက ဘယ်လို ကစားရမလဲ ကောင်းကောင်းသိကြတယ်။ ဒီ စာချိုးတွေက တော်ဝင် စာမေးပွဲမှာတောင် ထည့် မမေးသင့်တဲ့ ဟာတွေ။”
သူ့ရဲ့ အသိပညာတွေ အဆင့်နိမ့်သွားမှာကို ကာကွယ်တဲ့ အနေနဲ့ စာချိုးတိုင်းရဲ့ နောက်ဆုံးပိတ်မှာ အပိုစာကြောင်းလေး တစ်ခုဆီနဲ့ အဆုံးသတ်လိုက်တယ်။ ဒါတွေက ဖြေဆိုသမျှ အားလုံးရဲ့ အကျဉ်းချုပ် ြဖ်စတယ်။
ဒါတွေကို ရေးပြီးတဲ့နောက်မှာတော့ ဖန်ကျန်းရှီလည်း စိတ်သက်သာ ရာ ၇သွားတော့တယ်။
“ စာကြောင်း တစ်ကြောင်းတည်းနဲ့ နှိုင်းပြမှု ငါးမျိုးပြုမယ်။ ဒါက တော်ဝင် စာမေးပွဲ အဆင့်နဲ့ ကိုက်မှာပါ။”
…
စာဖြေသူတွေရဲ့ စုတ်တံနဲ့ စာရွက်တွေ ထိခတ်နေချိန်မှာပဲ အချိန်တွေ ဟာ တရွေ့ရွေ့ ကုန်ဆုံးသွားခဲ့တယ်။ သူတို့ မသိခင်မှာပဲ အချိန် တစ်နာရီ ဟာ ကုန်ဆုံးသွားပြန်တယ်။
ပင်းယန်ကတော့ အဖြေတွေကို မှန်မမှန် စစ်နေပြီ ဖြစ်တယ်။ တကယ်တမ်းတော့ ဒါက ဟန်ဆောင် ပန်ဆောင် လုပ်နေတာ သပ်သပ်သာ ဖြစ်တယ်။
ပင်းယန် ၊ ရန်ရွှယ် တို့နဲ့ နှိုင်းယှဉ်ကြည့် ရင်တော့ တခြားသော ကျောင်းတော်သားတွေဟာ အခြေအနေ သိပ်ကောင်းဟန် မရှိပါဘူး။ သူတို့ဟာ ခေါင်းမဖော်စတမ်း ရေးနိုင် သလောက် ရေးနေကြတယ်။ ချွေသီးချွေးပေါက်တွေ တဒီးဒီး ကျဆင်းနေပြီးတော့ စိတ်ဖိစီးနေကြတယ်။
ဖန်ကျန်းရှီရဲ့ စုတ်တံကတော့ မရပ်တန့်ပါဘူး။ သူဟာ နောက်ဆုံး စာမျက်နှာကို အဆုံးသတ်လိုက်တယ်။
သူ့ရှေ့မှာတော့ အဖြေလွှာ စာရွက် ၁၁လွှာ တိတိ ရှိနေခဲ့တယ်။
ဒီ အချိန်မှာပဲ ဖန်ကျန်းရှီ ခေါင်းကို မော့ကြည့်လိုက်ချိန်မှာတော့ ပင်းယန်ဟာ စာပြန်စစ်နေပြီးတော့ ရန်ရွှယ်ဟာတော့ အချောသပ်နေတာကို တွေ့လိုက်ရတယ်။
တခြားသော စာဖြေသူတွေဟာလည်း အဖြေလွှာကို အပြီး သတ်နေကြပြီ ဖြစ်တယ်။
“ အကုန်လုံး ဖြေတာ မြန်လိုက်တာ။ ” ဖန်ကျန်းရှီကတော့ မြစ်မြို့တော် စာမေးပွဲကို ပြန် သတိရလာတယ်။ အရင် စာမေးပွဲတွေမှာတုန်းက ဒီလောက်ထိ ဖိအား များတာမျိုး တစ်ခါမှ မဖြစ်ခဲ့ ဘူး။ အစောဆုံး ပြီးနေသူက သူပဲ ဖြစ်ခဲ့တယ်။
နောက်ဆုံး ၁၅ မိနစ်မှာတော့ သူမ ပြီးသေးတာ စာမျက်နှာ တစ်ခုပဲ ကျန်တော့တာ ဖြစ်တယ်။
“ ဘာကြော်င့လဲ။ ဒီ လောကမှာ မေးခွန်းတွေက ဒီလောက်များလွန်းတာလဲ။ ” ဖန်ကျန်းရှီ ဟာ အသံ တိတ် ကျိန်ဆဲ နေမိတယ်။ နောက်ထပ် ဘယ်ကိုမှ ထပ်မကြည့်တော့ပဲ ရေးပြန်တယ်။
အချိန်တွေ ဟာ အကုန်မြန်လှတယ်။
နောက်ဆုံးစာမျက်နှာက နောက်ဆုံးမေးခွန်းပဲ ကျန်တော့တယ်။ ဖန်ကျန်းရှီက မြို့တော်စာမေးပွဲမှာလိုပဲ အတွေးဝင်လာပြန်တယ်။ သူ မရတာလည်း မဟုတ်ပဲနဲ့ အဖြေလွှာမှာ နေရာလွတ်မရှိစေရဘူး။
စစ်တပ်ရေးရာနည်းဗျူဟာအဓိပ္မာယ်တွေနဲ့ အခမ်းနား ကျင်းပပုံကို မေးထားတဲ့ ဒီမေးခွန်းဟာ ….
ဒီ အကြောင်းရာကို ဖန်ကျန်းရှီ ကောင်းကောင်းရင်းနှီးတယ်။ သူ့ အရင်လောက က ကျင်းပပုံနဲ့ ကွာခြားတာကြောင့် ပိုပြီး ရှင်းရှင်းလင်းလင်းကို မှတ်မိတာ ဖြစ်တယ်။
နတ်ဆိုးကျောင်းတော် စာသောက်ပွဲမှာတုန်းက ရန်ရွှယ် ပြောခဲ့တဲ့ နောက် ၂ နှစ်ကြာရင် ရှေ့ဆုံး ခုံမှာ ထိုင်ရမယ် ဆိုတဲ့ အကြောင်းရင်း ။ ဒီလောကမှာ သံမဏိစည်းမျဉ်းတွေ ရှိတယ်။ ယန်မိသားစုက အသက် ၁၆ နှစ်ပြည့်ရင် အိမ်ကနေ ထွက်ခွာရတယ်။
ဖန်ကျန်းရှီ အဲ့ဒီ့အချိန်တုန်းးက နားမလည်ခဲ့ဘူး။
၂နှစ် အချိန်။
၁၈ နှစ် ဖြစ်လာမယ်။
“ ဒုံ”
သူ ဒါကို သဘောပေါက်ချိန်မှာပဲ စာမေးပွဲ ပြီးဆုံးတဲ့ အသံ ဟာ ထွက်ပေါ်လာပြီ ဖြစ်တယ်။
ဖန်ကျန်းရှီရဲ့ မျက်လုံးတွေကတော့ အဖြေလွှာ စာရွက်တွေကို လေးဘက်လေးတန်းကနေ လိုက်ကောက်နေတဲ့ စာဖြေခန်းစောင့်သူ တွေဆီကို ရောက်သွားတယ်။ မတွေေ၀ တော့ပဲ နောက်ဆုံးစာကြောင်းကို ခပ်မြန်မြန်ရေးလိုက်တော့တယ်။
နောက်ဆုံးမှာတော့ မေးခွန်းတိုင်းဟာ ဖြေဆို ပြီးသား ဖြစ်သွားတော့တယ် ။ “ ကောင်းလိုက်တာ နောက်ဆုံးတော့ ပြီးသွားပြီ။ ”
အပိုင်း ( ၁၇၂) ပြီး ၏။
အပိုင်း ( ၁၇၃)
“ ဒီလို အဖြစ်မျိုး”
ဒါဟာ နှလုံးသားထဲမှာ အနည်ထိုင်နေတဲ့ လေးလံမှုကို ထုတ် ပယ်လိုက်ချင်းပဲ ဖြစ်တယ်။ သူ အခန်းထဲကို ခြေချလိုက်ချိန်တည်းက လေး နာရီ လုံးလုံး ဖန်ကျန်းရှီၤ ဟာ ဆက်တိုက် ရေးနေခဲ့တာ ဖြစ်တယ်။ ဒီလို စိတ်လေးလံ မှု ပြီးတဲ့နောက် ကျေနပ်ဖွယ် ခံစားချက်မျိုးကို …
ကြုံ ဖူးတဲ့သူသာ နားလည်နိုင်မှာ ဖြစ်တယ်။
အဲ့ဒီ့နောက် ဖန်ကျန်းရှီရဲ့ သက်ပြင်းချသံ ဟာ အတော်လေး ကျယ်ကျယ်ထွက်လာခဲ့တယ်။ အသံကတော့ မကျယ်ပါဘူး။ တစ်ကိုယ်တည်း တီးတိုးနေသံ နဲ့ ပိုဆင်တူတယ်။
ဒါပေမယ့်လည်း
တိတ်ဆိတ်နေတဲ့ စာဖြေခန်းထဲမှာတော့ ဖန်ကျန်းရှီရဲ့ အသံ လူတိုင်းရဲ့ အကြည့်ကို ရောက်ရှိ လာစေတယ်။
“ ပြီးပြီတဲ့လား။”
လူတိုင်းဟာတော့ မိုးကြိုးပစ်ခံလိုက်ရသလို ခံစားလိုက်ရတယ်။ ဖန်ကျန်းရှီရဲ့ အသံ ဟာ သူတို့ရဲ့ စိတ်ထဲကို အပြန်ပြန် အလှန်လှန်ရိုက်ခတ်လာစေတယ်။
“ မင်း တကယ်ပဲ အကုန်ပြီးသွားပြီလား။” ရန်ရွှယ်ရဲ့ မျက်လုံးတွေဟာတော့ နှလုံးသားထဲက အတွေးကို ဖော်ပြနေခဲ့တယ်။
“ ဘယ်နား လာလိမ်နေပြန်တာလဲ။ နင်လေ တစ်ခါလောက် ရိုးရိုးသားသား လုပ်လို့ မရ ဘူးလား။ ” ပင်းယန်ကတော့ မယုံကြည်နိုင်ဟန် အကြည့်တွေနဲ့ သာ ကြည့်နေပြန်တယ်။
တခြားသော စာဖြေသူတွေကတော့ မြောက်များစွာသော စိတ်ခံစားချက်တွေ ရှိနေကြတယ်။ တချို့သော မျက်နှာတွေကတော့ အံံသြထိတ်လန့်နေဟန် ။ တချို့ဟာတော့ ထိတ်လန့်လွန်းလို့ အသံ တချို့တောင် ထွက်လာကြတယ်။ ဒါပေမယ့်လည်း အများစုကတော့ နှာခေါင်းရှုတ်ပြီး ကဲ့ရဲ့သံ ဖြစ်တယ်။
“ အကုန်ပြီးပြီတဲ့လား။ လောကမှာ ကြားဖူး သမျှ အရယ်ရဆုံး ဟာသပဲ။”
“ လူတစ်ယောက် အနေနဲ့ ဘယ်လိုတောင် အရှက်မရှိ ပြောနိုင်ရတာလဲ။”
“ ဒီလို အရေထူတဲ့ လူမျိုး တစ်သက်နဲ့ တစ်ကိုယ် မမြင်ဖူး ဘူး။”
စာဖြေသူတွေရဲ့ ပြစ်တင်သံ တွေ ဟာ စာဖြေခန်းစောင့်သူ လေးဦးရဲ့ အာရုံစိုက်မှုကို ခံလိုက်ရတယ်။ မျက်လုံးလေးစုံဟာတော့ ဖန်ကျန်းရှီ ဆီကို တန်းတန်းမတ်မတ် ရောက်လာကြတော့တယ်။
အဲ့ဒီ့နောက်မှာတော့ သူတို့ ထဲက တစ်ဦး ဟာ ဖန်ကျန်းရှီလက်ထဲမှာ စုတ်တံ ကိုင်ထားဆဲ ဆိုတာကို သတိပြုမိသွားတယ်။
တချိန်တည်းမှာပဲ သူ့မျက်လုံးထဲမှာ အလင်းရောင် တောက်သွားတော့တယ်။ သူ့ရဲ့ မျက်လုံးတွေက ဒီ လေးနာရီလုံးလုံး လှည့်ပတ်မှုမှာ ဖန်ကျန်းရှီ ဆီ အချိန်တော်တော်များများ ရောက်နေခဲ့တာ ဖြစ်တယ်။ လေးနာရီ လုံးလုံး ရေးတယ် ရေးတယ်။
တစ် စင်တီမီတာ တောင် မလှုပ်ရှားပဲနဲ့ ။ စက်တပ်ထားတဲ့ မြှားတန်လိုပဲ။
ဒီလို အခြေအနေမျိုးမှာ အပြစ်ရှာချင်ရင်တောင် ရှာလို့ မရ ဘူး။
“ စာဖြေချိန်ပြည့်သွားတာတောင် ခိုးဖြေနေတယ်။ ”
ဒီ သေးငယ်တဲ့ အဖြစ်လေးဟာ ဖန်ကျန်းရှီရဲ့ အဖြေလွှာကို ပယ်ချလိုက်သည် အထိ အပြစ်ပေးခံရနိုင်တယ်။ ဒါက တချို့သော သူတွေ အတွက်လည်း သင်ခန်းစာ ဖြစ်သွားလိမ့်မယ်။
ဒါကိုတွေးပြီးတဲ့ နောက် စာဖြေခန်းစောင့်သူ ဟာ တစ်ချက်လေးတောင်မတွေဝေပဲနဲ့ ဖန်ကျန်းရှ ီ ဆီကို ရောက်ချလာတော့တယ်။
“ အခုပဲ မောင်းတီးလိုက်တာ မကြား ဘူးလား။” စာဖြေခန်းစောင့်သူရဲ့ အသံဟာတော့ အေးစက်နေခဲ့တယ်။
ဖန်ကျန်းရှီကတော့ စာဖြေခန်းစောင့်သူကို ပြန်ဖြေလိုက်ဖို့ ပြင်ပေမယ့် အေးစက်တဲ့ အကြည့်တွေ အောက်မှာ သူ့ နှလုံးသားလေးပါ ခဲသွားတော့တယ်။
နောက်ဆုံးတစ်ကြောင်း မောင်းတီးပြီးမှ ရေးတာကို တွေ့သွားလို့လား။
တကယ်တမ်းတော့ ဒီလို အဖြစ်မျိုးက မြင်၇နိုင်တာမှ မဟုတ်တာ။
ဒါပေမယ့်လည်း ။
ဒီ ကိစ္စကို ခွင့်မပြုဘူးလို့ စည်းကမ်း ချက်မှာ မှ မပါတာ ။ စာဖြေခန်းစောင့်သူ အဖြေလွှာ လာမကောက်ခင်ထိ ရေးလို့ရတယ်။။
ဒါမျိုးကို ဖန်ကျန်းရှီက ရိုးရိုးသားသား ဝန်ခံ လိုက်မယ် ထင်နေတာလား။
ဒါပေါ့ ။ ဘယ် ဝန်ခံပါ့မလဲ။
“ ကြားလိုက်ပါတယ်. ” ဖန်ကျန်းရှီက ပြန်ဖြေလိုက်တယ်။
“ ကြားလိုက်တာကို ဘာကြောင့် လက်က စုတ်တံ မချသေးတာလဲ.” စာဖြေခန်းစောင့်သူရဲ့ အကြည့်တွေဟာတော့ ရေခဲလွှာတွေလို အေးစက်လှတယ်။
“ လုပ်မိ လို့လား။ အာ။ မသိလိုက်ဘူး။ စုတ်တံလှည့်တာ အကျင့်ဖြစ်နေတဲ့ သတိမထားမိလိုက်ဘူး ။ စာဖြေခန်းစောင့်သူ ကြီး မယုံရင် တစ်ချက်ကြည့်ပါလား။” ဖန်ကျန်းရှီဟာတော့ အပြစ်ကင်းစင်တဲ့ အမူအယာလေးနဲ့ စုတ်တံကို လှည့်ပြနေတော့တယ်။
စာဖြေခန်းစောင့်သူရဲ့ မျက်ခုံးတွေကတော့ တွန့်ကွေးသွားတော့တယ်။ ဖန်ကျန်းရှီ ဒီလို ဗြောင်ငြင်းလိမ့်မယ်လို့ မထင်မှတ်ထားခဲ့ဘူး။ ဒါပေမယ့်လည်း သူ့မှာ လက်ဆုပ်လက်ကိုင် သက်သေ ပြစရာ မ၇ှိဘူး ဖြစ်တယ်။
“ နင်ရေးလိုက်တယ်။ ငါသေချာ မြင်လိုက်တယ်။” ဘယ်ဘက် ကနေ အသံ တစ်သံ ဟာ ခပ်တိုးတိုး ထွက်လာတော့တယ်။ အတော်လေးကို ကျေနပ်အားရနေတဲ့ အသံ ဖြစ်ဟန်ပါပဲ။
ဖန်ကျန်းရှီကတော့ လှည့်ကြည့်စရာတောင် မလိုပဲနဲ့ ဒီ အသံ က ပင်းယန်ရဲ့ အသံ ဆိုတာ ကောင်းကောင်း သိတယ်။
အပြစ်လုပ်ထားတဲ့သူက ငြိမ်ငြိမ်နေရမှာ ဖြစ်တယ်။ ဒါပေမယ့် ပင်းယန်ကတော့ ထူးဆန်းတယ်။ အဖြေစာရွက် စာမေးပွဲခန်းထဲ ယူလာပြီးတာတောင် သူများကို ခြေထိုးချင်နေသေးတယ်။
“ စည်းကမ်းမလိုက်နာရင် အဖြေလွှာကို ပယ်မယ်။” စာဖြေခန်းစောင့်သူ ရဲ့ အသံ ဟာ အေးစက်စက်ထွက်ပေါ်လာပြန်တယ်။
အဲ့ဒီ့နောက် ဖန်ကျန်းရှီရဲ့ အဖြေလွှာကို ကောက်ယူလိုက်ပြီးတော့ မေးလိုက်တယ်။ “ စာဖြေသူ ။ ဘယ်စာကြောင်းကို နောက်ဆုံး ရေးလိုက်လဲ ပြောကြားပါ.”
“နောက်ဆုံး စာကြောင်း ။” ပင်းယန်က ပြောရင်းနဲ့ စာရွက်ကို ကြည့်လိုက်ချိန်မှာတော့ သူမရဲ့ ချယ်ရီရောင် နှုတ်ခမ်းလေးတွေ ပွင့်ဟ သွားတော့တယ်။
ဘာကြောင့်လဲ ဆိုတော့
ဖန်ကျန်းရှီရဲ့ နောက်ဆုံး စာရွက်မှာ အဖြေတွေ ပြည့်နေပြီးတော့ စာရွက် တစ်ရွက်လုံး အတိအကျကို ပြည့်နှက်စွာ နေရာ ယူထားတာပဲ ဖြစ်တယ်။
“ စာရွက်တစ်ရွက်လုံး ပြည့်အောင်ဖြေတယ်။ ”
သူမရဲ့ မျက်လုံးတွေကတော့ ပေါက်ထွက်တော့မယ့် အတိုင်းပါပဲ။ ဖန်ကျန်းရှီ ရေးလိုက်တာကို သူမ သေချာကို မြင်လိုက်တာ ဖြစ်တယ်။ မ
ဒါကြောင့် ရှေ့တစ်ရွက်ကို ထပ်လှန်လိုက်တယ်။
ဒီ အချိန်မှာတော့ ပင်းယန်ရဲ့ မျက်လုံးတွေဟာ ဖန်ကျန်းရှီရဲ့ အဖြေလွှာကနေ မခွာနိုင် ဖြစ်တော့တယ်။
စာဖြေခန်းစောင့်သူက ပင်းယန်ရဲ့ အမူအယာကို တွေ့လိုက်ပြီးနောက်မှာတော့ သူလည်း စာရွက်တွေကို လှန်ကြည့်တော့တယ်.။
တစ်မျက်နှာ ။ နှစ်မျက်နှာ။ သုံးမျက်နၤှာ။ …. ဆယ့်နှစ်မျက်နှာ တိတိ သော အဖြေလွှာ။
စာရွက်တိုင်းက ပြည့်နေတယ်။
မဖြေထားတဲ့ မေးခွန်း တစ်ခုမှ မရှိ ဘူး။
“ မိုးနတ်မင်းရေ။ ငါ မြင်လိုက်တာ ဘာပါလိမ့်။” စာဖြေခန်းစောင့်သူ ရဲ့ မျက်နှာကတော့ အဖြူကနေ အနီ။ အနီကနေ ခရမ်း ။ နောက်ဆုံးမှာတော့ ခရမ်းနီရောင် အဖြစ် ပြောင်းလဲ သွားတာ ဝက် အသည်း အရောင်နဲ့တောင် တူနေသေးတယ်။
တော်ဝင် ကျောင်းတော်မှာ သူ အလုပ်လုပ်တာ ခြောက်နှစ်ရှိပြီ ဖြစ်တယ်။
ဒီ အချိန် အတောတွင်းမှာ ဒေသတွင်းစာမေးပွဲ နှစ်ခုနဲ့ တော်ဝင်စာမေးပွဲ ။ မြို့တော်စာမေးပွဲ တွေမှာ ကြီးကြပ်သူ အဖြစ် လုပ်ခဲ့တာ ဖြစ်တယ်။ တော်ဝင်စာမေးပွဲမှာ တင် အခန်းစောင့် နှစ်ကြိမ်တိတိ လုပ်ခဲ့ပြီးပြီ။
ဒါပေမယ့်လည်း
သူ တစ်ယောက်တည်းကသာ ဒါမျိုးကို မမြင်ဖူးတာ မဖြစ်နိုင် ဘူး။ ကြီးမြတ်သော ရှ မင်းဆက် ကြီး တစ်ခုလုံးတောင်မှ ဒီလို အဖြေလွှာကို မြင်ဖူးမှာ မဟုတ်ဘူး။ ကြီးမြတ်သော ရှ မင်းဆက် သမိုင်းကြောင်း တစ်လျှောက်မှာ သတ်မှတ်ထားတဲ့ ဖြေဆိုချိန် အတောတွင်း ပြီးမြောက်အောင် ဖြေဆို နိုင်သူ တစ်ဦး တစ်ယောက်မှ မရှိခဲ့ဘူး ဖြစ်တယ်။
“ ဒါက အတုလား။ လှည့်စားနေတာလား၊” စာဖြေခန်းစောင့်သူ ဟာ သူ့မျက်လုံးကို မယုံကြည်နိုင်စွာ ပွတ်သပ်ကြည့်ရှုနေခဲ့တယ်။ စာဖြေချိန်စတည်းက ဖန်ကျန်းရှီကို မျက်လုံး ဒေါက်ထောက်ကြည့်လာခဲ့ တာ ဖြစ်တယ်။
တခြားသူတွေ အားလုံးထက် သူ ပိုသိတယ်။
ဒီ အဖြေလွှာတွေက ဖန်ကျန်းရှီကိုယ်တိုင် ဖြေထားတာ
တစ်ခုပဲ မယုံကြည်နိုင်စရာ ကောင်းနေတယ်။ ဒီလို ကိစ္စမျိုးက ဖြစ်နိုင်တာလား။ သူ့ရှေ့က မေးခွန်းရဲ့ အဖြေတွေကို ကူးရေးခိုင်း၇င်တောင်မှ လေးနာရီနဲ့ ပြီးမှာ မဟုတ် ဘူး။
အကုန် ဖြေဆို ပြီးတာကတော့
စာဖြေခန်းစောင့်သူ ဟာ လည်ချောင်းထဲမှာ ငါးရိုးစူးနေသလို အသက်ရှူဖို့တောင် ခက်ခဲ နေခဲ့တယ်။ သူ့ရဲ့ မျက်လုံးတွေကတော့ လက်ဖက်ရည် ပန်းကန်လုံးတွေ လို ပြူးကျယ်နေခဲ့တယ်။
…
ဖန်ကျန်းရှီကတော့ ပင်းယန်နဲ့ စာဖြေခန်းစောင့်သူ ဘာတွေ တွေးနေလဲ မသိပါဘူး။ ဒါပေမယ့် သူတွေးနေတဲ့ တစ်ခုတည်းသော အရာကတော့ ။ သေသင့်တဲ့ ပင်းယန် နင် ငါ့ကို တိုက်ခိုက်မှာတော့ ငါ နင့်ကို မတိုင်ဝံ့စရာ အကြောင်းရှိမလား။
“ တိုင်ကြားချင်ပါတယ်။ ” ဖန်ကျန်းရှီၤက အော်လိုက်တယ်။
“ အာ ” စာဖြေခန်းစောင့်သူက ခေါင်းငြိမ့်လိုက်တယ်။
ဒီ အချိန်မှာပဲ ပင်းယန် ဟာ အံ့သြမှုကြောင့် မှင်သက်သွားတော့တယ်။ ဖန်ကျန်းရှီရဲ့ အသံကို တိတ်သွားအောင်တောင် ဘာမှ မပြောနိုင်တော့ဘူး။
အခြားသော စာဖြေခန်းစောင့်သူတွေကလည်း ဖန်ကျန်းရှီ တိုင်ကြားသံကို ကြားတယ်။ ဒါပေမယ့်လည်း သူ့ဘေးမှာတော့ စာဖြေခန်းစောင့်သူ တစ်ဦးတည်း ရှိနေတာ ဖြစ်တယ်။
ရလဒ်အနေနဲ့ကတော့ သူ့ရဲ့ စကားသံတွေဟာ လျစ်လျူရှု ခံလိုက်ရခြင်းပဲ ဖြစ်တယ်။
“ တိုင်ကြားမယ်လို့ ငါပြောနေတယ်။ ” ဖန်ကျန်းရှီက နောက်တစ်ခါ ထပ်ပြောလိုက်တယ်။ ဒီလို နေ့ခင်းကြောင်တောင် အလင်းရောင်ထဲမှာ ပြောနေတာတောင်မှ လျစ်လျူရှုခံရသေးတယ်။
တရားမျှတမှုက ဘယ်မှာလဲ။
“ အာ ….” စာဖြေခန်းစောင့်သူက နောက်ဆုံးမှာအသံ ထွက်လာတော့တယ်။ “ ဘယ်သူ့ကို တိုင်ချင်တာလဲ၊”
“ ဒီကောင်မလေး စာခိုးချတာကို တိုင်ချင်ပါတယ်။ သူ့မှာ အဖြေ စာရွက် ပါလာတယ်။ ပြောတာ မယုံရင် သူ့ကိုယ်ကို ရှာကြည့်” ဖန်ကျန်းရှီက ပင်းယန်ကို လက်ညှိုးထိုးပြီးတော့ ရှာဖွေခံရမှုကို စောင့်နေခဲ့တယ်။ သူမကို စာဖြေခန်းထဲကနေ ကန်ထုတ်ခံ၇မယ့် အချိန်ကို စောင့်နေတာ ဖြစ်တယ်။ အဲ့ဒီ့နောက် ဘယ်သူမှ သူ့ကို လှည့်စားရဲတော့မှာ မဟုတ် ဘူး။
“ ဘာ။ နင် ငါ့ကို တိုင်ဝံ့တယ်။ ” ပင်းယန်ကတော့ “ အဖြေလွှာ ” ဆိုတဲ့ စကားကို ကြားချိန်မှာ သူမရဲ့ ဖြူဖျော့ဖျော့ ပုံရိပ်ဟာ တဆတ်ဆတ်တုန်လာတော့တယ်။ ဖန်ကျန်းရှီ တကယ်ပဲ တိုင်လိမ့်မယ်လို့ သူမ မထင်ထားမိခဲ့ဘူး။
“အဖြေ” စာဖြေခန်းစောင့်သူက သူ့ခေါင်းကွဲ တော့မလို ကိုက်လာတော့တယ်။ သူ့အတွက် ဒီ ကိစ္စက ကိုင်တွယ်ဖို့ ခက်ခဲ လွန်းတယ်။
ဒါပေမယ့်လည်း တခြားသော စာဖြေခန်းစောင့်သူတွေကတော့ ဒီ စကားကို ကြားချိန်မှာ ထိတ်လန့် ဟန် ကို လျင်လျင်မြန်မြန် ဖုံးကွယ် ထားလိုက်နိုင်တယ်။
အကယ်၍ တစ်စုံ တစ်ယောက်မှာသာ အဖြေလွှာ ပါလာခဲ့မယ်ဆို၇င် ဒါက မေးခွန်းလုံခြုံရေး ကျိုးပေါက်မှု ဖြစ်ပြီးတော့ ကြီးမြတ်သော ရှ မင်းဆက် တစ်ခုလုံးကို လှုပ်ခတ်သွားစေလိမ့်မယ်။ တော်ဝင် သတင်းပို့သူ ဌာန တစ်ခုလုံးတင် မကပဲ တော်ဝင် ကျောင်းတော်ရဲ့ အခြေတည်တံ့မှုကိုပါ ထိခိုက်စေလာလိမ့်မယ်။
အပိုင်း ( ၁၇၃) ပြီး၏။
အပိုင်း ( ၁၇၄)
“ ခြောက်စုံသော မေးခွန်း များ”
စာဖြေခန်းစောင့်သူကတော့ ဒီ အဖြစ်ကြောင့် အထိတ်တလန့် ဖြစ်သွားခဲ့တယ်။ ဒါပေမယ့်လည်း ဖန်ကျန်းးရှီ ပင်းယန်ကို တိုင်ကြားလိုက်တာက လူတိုင်းရဲ့ မျက်နှာကို အံ့သြ ထိတ်လန့်မှုတွေ ပြည့်စေတယ်။
ပင်းယန် ဟာ လူငယ်ကို ထွက်ပြေးစေချိန်တည်းက သူမ ဟာ ဘယ်သူ ဆိုတာ လူတိုင်းသိနေပြီ ဖြစ်တယ်။
အခုတော့ ဖန်ကျန်း၇ှီက သူမကို တိုင်လိုက်တယ်။
ပင်းယန်က ဘယ်သူ ဆိုတာ ဖန်ကျန်း ရှီ တကယ်ပဲ မသိတာလား။ ပင်းယန် မင်းသမီးရဲ့ မွေးနေ့ပွဲ အကြောင်းက ဒီလောက်တောင် ကျော်ကြားနေတာ မသိစရာ အကြောင်းရှိမလား။
သူသိတယ် ဆိုရင်။ ဘယ်လိုတောင် သတ္တိရှိပြီး တိုင်ဝံ့တာလဲ။
လူတိုင်းကတော့ ပင်းယန် ဖန်ကျန်းရှီကို လောင်ကျွမ်းပြစ်မယ့် အချိန်ကို စောင့်မျှော်နေကြတယ်။
အဲဒီ့နောက်မှာတော့ သူမ တကယ်ပဲ လုပ်ခဲ့တယ်။ ဒါပေမယ့်လည်း သူမရဲ့ ပစ်မှတ်ကတော့ ဖန်ကျန်းရှီ မဟုတ်ပါဘူး။ သူမကို အသိအမှတ်မပြုတဲ့ စာဖြေခန်းစောင့်သူ ပဲ ဖြစ်တယ် ။
ထိတ်လန့်သွားပြီးတဲ့နောက်မှာတော့ စာဖြေခန်းစောင့်သူ ဟာလည်း သတိပြန်ဝင်လာတော့တယ်။
“ တစ်ယောက် ယောက်က အဖြေလွှာကို ယူလာတာလားး။ ”
ဒီလို ဖြစ်ရပ်မျိုးမှာ သူ ဂရုမစိုက်လို့ မရတော့ဘူး။
” ရှာကြစမ်း။”
“နင်လုပ်ဝံ့လား။”
ပထမ တစ်သံ ဟာ စာဖြေခန်းစောင့်သူ ဆီကနေ ထွက်ပေါ်လာတာ ဖြစ်ပြီးတော့ ဒုတိယ တစ်ခု ဟာတော့ ပင်းယန် ရဲ့ အသံ ပဲ ဖြစ်တယ်။
စာဖြေခန်းစောင့်သူ ကတော့ ပင်းယန်ရဲ့ ရဲတင်းလှတဲ့ စကားသံတွေကြောင့် မျက်စိလည်သွားခဲ့တယ်။ ဒါက တော်ဝင်ကျောင်းတော်ရဲ့ စာဖြေခန်းဖြစ်တယ်။ သူဟာ တော်ဝင် သတင်းပို့သူ ။ စာမေးပွဲ အတွက် တာဝန်ရှိသူ တစ်ဦး ဖြစ်တယ်။
ဒီ လို အဖြစ်မျိုးက
ပြောလိုက်တဲ့ စာဖြေသူကို ကြည့်လိုက်ချိန်မှာတော့ သူ့ရဲ့ မျက်လုံးတွေ ပြူးကျယ်သွားတော့တယ်။
ဘာကြောင့်လဲ ဆိုတော့
ဒီ စာဖြေသူရဲ့ မျက်လုံးတွေက ဆောင်းဦးရေကန်နဲ့ တူလှတယ် ဆိုတာကို သတိ ပြုမိသွားတာကြောင့်ပဲ ဖြစ်တယ်။
ဒီလို မျက်လုံး မျိုးရှိတာ ယန်မြို့တော်မှာကော ကြီးမြတ်သော ရှ မင်းဆက်ကြီး တစ်ခုလုံးမှာကော တစ်ယောက်တည်းပဲ ရှိတယ်။
ပင်းယန် မင်းသမီး ။”
“ မင်း … မင်းသမီး…”
“ ဘာတွေ ဆူညံနေတာလဲ။ အဖြေလွှာတွေကောက်တော့ ” ပင်းယန် ဟာ မျက်နှာကို မော့်ချီ ပြီးတော့ ပြောလိုက်တော့တယ်။ သူမဟာ ဂုဏ်ရည်ကို အတော်လေး ဖော်ပြလွန်းတယ်။
စာဖြေခန်းစောင့်သူ ဟာတော့ မရှာဝံ့ တော့ဘူး ဖြစ်တယ်။
“ ဟုတ်။ ဟုတ်။” စာဖြေခန်းစောင့်သူ ဟာ ထပ်မမေးတော့ပါဘူး။ ပင်းယန်နဲ့ ဖန်ကျန်းရှီရဲ့ အဖြေလွှာတွေကို သာ သိမ်းပြီးတော့ ထွက်သွားတော့တယ်။
သူ့ အလုပ်ထက် ခေါင်းနဲ့ ကိုယ် အိုးစားမကွဲဖို့က ပိုပြီး အရေးကြီးတယ်။ စာဖြေခန်းစောင့်သူတွေဟာတော့ မူမမှန် မှုကို သတိပြုမိပေမယ့် ပင်းယန်ကို မြင်ချိန်မှာတော့ ခေါင်းရှောင်သွားကြတော့တယ်။
စာဖြေခန်းစောင့်သူ သုံးဦးလုံးဟာတော့ ရေခဲဓား လည်ပင်းမှာ အချိန် ခံ ထားရသလို တွေးမိနေတော့တယ်။
“ ဘာကြောင့် ယန်မြို့တော်ရဲ့ နတ်ဆိုးမလေးက စာမေးပွဲ လာဖြေတာ လဲ။ ဒါက ။ ဒါက” စာဖြေခန်းစောင့်သူ တွေဟာ တွေးလိုက်ပြီးတော့ကိုယ်လွတ်ရုန်းသွားကြတော့တယ်။
သူမ အဖြေလွှာ ယူလာခဲ့ရင်တောင် သူမကို ဘယ်သူမှ အပြစ် မပေးဝံ့ဘူး အဆုံးသတ်မှာတော့ သူတို့ အကုန်လုံးပဲ အပြစ်သင့်မှာ ဖြစ်တယ်။
ဒီလို အခြေ အနေမျိုးမှာ ရှောင်ထွက်သွားတာ က ပိုကောင်းတယ်။
…
စာဖြေခန်းစောင့်သူ လေး ဦးအတွက်တော့ အဖြေလွှာတွေကို ကောက်ဖို့ အတွက် အချိန်သိပ်မကုန်လိုက်ပါဘူး။
ဒီ အခြေအနေကို ရောက်ချိန်မှာတော့ ဖန်ကျန်းရှီ ဟာ အနားယူချိန်ရောက်ပြီ လို့ တွေးလိုက်မိတယ်။ ဒါပေမယ့်လည်း ပင်းယန်ကတော့ သူ့ကို အလွတ်ပေးမှာ မဟုတ်ပါဘူး။
“ ဟွန့် ။ ဒီ လို အချိန်နဲ့ မေးခွန်း အကုန်ဖြေတယ် ပြောနေတာ ငါ့ကို အရူးလုပ်နေတာပဲ။ ဒီ လို အသုံးမဝင်တာတွေ ဘယ်လိုရေးရမလဲ ငါလည်း သိတာပေါ့.။ ” ပင်းယန် ဟာ ဖန်ကျန်းရှီရဲ့ အဖြေလွှာကို တွေ့ပြီးတဲ့ နောက် အတော်လေးကို မကျေမနပ်ဖြစ်နေတာပဲ ဖြစ်တယ်။
“ ဘာ။ ဒီကောင် တကယ် အကုန်ဖြေတာလား။”
“မေးခွန်း ဆယ်ရွက် ။ အဖြေ ဆယ့်နှစ်ရွက်။ မေးခွန်းတိုင်း အကုန်ပြီးတာ။”
“ ဒါက ဘယ်လို ဖြစ်နိုင်မှာလဲ။ မေးခွန်းခြောက်စုံကိုလေ။”
“အကယ်၍ ဒီကောင်သာ အကုန်ဖြေပြီးတယ် ဆိုရင် မေးခွန်းခြောက်စုံကို လေးနာရီ တိတိမှာ ပြီးတယ်။ …..”
စာဖြေသူတွေကတော့ ပင်းယန်ရဲ့ စကားတွေကို ကြားချိန်မှာတော့ ပါးစပ် အဟောင်းသား ဖြစ်သွားတော့တယ်။
ဒီ လို ဖြစ်လာမယ်လို့ မထင်မှတ်ထားခဲ့ဘူး။ ဒါပေမယ့်လည်း ပင်းယန် မင်းသမီး ကိုယ်တိုင် ပြောမှ တော့ မယုံနိုင် စရာ မရှိတော့ဘူး။
ဒီ အချိန်မှာတော့ ရန်ရွှယ်ဟာ ဖန်ကျန်းရှီကို မိစ္ဆာတစ်ကောင်လို ကြည့်နေတော့တယ်။
မေးခွန်း ခြောက်စုံကို လေးနာရီ အတွင်းမှာ ြ့ပီးတယ်။
“ဒါကို ပြီးအောင် ဖြေရတာ ငါ သေလုမတတ် ပဲ ။ ကံကောင်းတာက ငါ အကုန်လုံးတော့ ပြီးသွားသေးတယ်။ တခုခု မှားနေလို့လား။ မင်း မပြီး ဘူးလား။” ဖန်ကျန်းရှီက ရန်ရွှယ်ကို မေးလိုက်တယ်။
“ မေးခွန်းက ရွေးဖြေလို့ ရတာ မင်းမသိဘူးလား။ မေးခွန်းတိုင်းက သူနဲ့ သက်ဆိုင်တဲ့ ဘာသာရပ် ဌာနတွေ ရှိတယ်။ ကိုယ် ကျွမ်းကျင်တဲ့ အရာကို ကိုယ့် အမြင်နဲ့ ဖြေရုံပဲ။ ဒီမေးခွန်းမှာ နယ်ပယ် ခြောက်ခု စာ အတွက် မေးခွန်း ခြောက်ခုစာ ထုတ်ထားတာ။ မင်းမေ့နေတာလား။” ရန်ရွှယ်ကမေးလိုက်တယ်။
“ အမှတ်ပေးစည်းမျဥ်းက နယ်ပယ်နဲ့ ခွဲပြီးတော့ ပေးတာလား ။ နားလည်ပြီ။ ” ရန်ရွှယ် သတိပေးလိုက်ပြီးနောက်မှာတော့ ဖန်ကျန်းရှီ ကမှတ်မိလာတော့တယ်။ မေးခွန်း တွေက အစတည်းက အထူးတလည် အမှတ်ပေးစည်းမျဥ်းတွေ ရှိနေတာပဲ။
ဒါပေမယ့်လည်း ဖန်ကျန်းရှီက အခုမှ သိတာ ဖြစ်တယ်။ တစ်ချိန်လုံး တွေးနေမိတာကတော့ ဒီမေးခွန်းတွေက များလွန်းတယ်။
“ ဒါကို သိတာ တောင် မင်းက အကုန်ဖြေလိုက်တယ်လား။” ရန်ရွှယ်က မေးလိုက်တယ်။
“ အမ် ။ ငါ စည်းကမ်း ဖောက်မိသွားတာလား။” ဖန်ကျန်းရှီက စိတ်ပူစွာနဲ့ မေးလိုက်တယ်။
စည်းကမ်းဖောက်တယ်။ ရန်ရွှယ်က ဖန်ကျန်းရှီ ရဲ့ စိတ်ရှုပ်နေတဲ့ မျက်နှာကို မြင်တော့ အံ့သြသွားတယ်။ ဒီလိုမျိုးကို စည်းဖောက်တယ်လို့ ခေါ်မလား။ ဘယ်သူက ဒီလိုတွေးမှာလဲ။ သာမာန်လူဆိုရင် ဘယ်လိုလုပ် လုပ်နိုင်မှာလဲ။
“ ငါတော့ မထင် ဘူး။” ရန်ရွှယ်က ခေါင်းခါလိုက်တယ်။
“ အာ ။ ကောင်းလိုက်တာ ။ ငါ စည်းကမ်းဖောက်မိပြီ ထင်သွားတာ။ စည်းကမ်း မဖောက်မိဘူး ဆိုရင် ရပါပြီ။ မေးခွန်းတွေက လွယ်လွန်းလို့ အကုန်ဖြေနိုင်နေတာနဲ့ ရေးတာ အရှိန်ရပ်မရတော့ဘူး။”
“….”
ရန်ရွှယ်ကတော့ ပါးစပ်ဖွင့်လိုက် ပိတ်လိုက်နဲ့ စကား တစ်ခုကို ပြောသင့် မပြောသင့် တွေဝေနေတာ့တယ်။
“……”
အခြားသော စာဖြေသူတွေကတော့ တစ်ယောက်ကို တစ်ယောက်ကြည့်နေကြတော့တယ်။
“ လွယ်တယ် တဲ့လား။”
“ အကုန်လုံးကို ဖြေနိုင်လို့ ”
“ဒါကြောင့် မရပ်ပဲ ဖြေနေတာ။”
“ ဒီလိုမျိုး ထိ ဟန်ဆောင်နေတာလား။”
ပင်းယန် ဟာတော့ သူမရဲ့ ဖန်သလင်းလို မျက်လုံးလေးတွေကို ဖန်ကျန်း ရှီ ဆီကို အတော်လေး စိတ်ရှုပ်နေတဲ့ အကြည့်နဲ့ ကြည့်လိုက်တယ်။ ဒါက ဘာကို ပြောချင် နေတာလဲ။ “ မေးခွန်း လွယ်လွယ်လေးတွေ ဟုတ်လား။”
ဒါက သူမကို လှောင်နေတာနဲ့ အတူတူပဲ။
“ ဖန်ကျန်းရှီ ငါနင့်ကို သတ်မယ်။”
“ကောင်းးပြီလေ။ အခုတော့ အချိန်မရှိသေးဘူး။ ” ဖန်ကျန်းရှီ ဟာ ပင်းယန်ကို ခပ် ပျင်းပျင်း အကြည့်နဲ့ ကြည့်လိုက်တယ်။ အဲ့ဒီ့နောက် မှာတော့ ရန်ရွှယ် ကို အခန်းထဲကနေ ဆွဲခေါ် လာခဲ့တယ်။
ဒီ အချိန်မှာတော့ ခပ်ကြောင်ကြောင် မင်းသမီးနဲ့ ရန်မဖြစ်ချင်ဘူး။
အခြားသော စာဖြေသူတွေကတော့ ပင်းယန် ဒေါသမီးတောက်နေတာကို တွေ့လိုက်တဲ့ အတွက် မီးဘေးရှောင်တဲ့ ငှက်ကလေးတွေလို ပျံပြေးကုန်ကြတော့တယ်။
ဥပမာ အားဖြင့် အခန်းထဲမှာတော့ ပင်းယန် တစ်ဦးတည်းသာ ကျန်ရှိတော့တယ်။ သူမ ဟာ ဒေါသကြောင့် တုန်ယင်နေခဲ့တယ်။
“ ဒီ ကောင် က ဘာကြီးလဲ။ ဒီ မေးခွန်း ခြောက်စုံ လုံးကို အပြီးဖြေလိုက်တာလား။ မိုးနတ်မင်းရေ ဒီ ကောင် စုတ်က မေးခွန်းခြောက်စုံလုံးကို အပြီးဖြေလိုက်တယ်။ ဘာအတွက်လဲ။”
…
၂နှစ် တစ်ကြိမ် ကျင်းပါတဲ့ တာအို နိယာမ စာမေးပွဲ ဟာ နိုင်ငံသားနဲ့ ရုံးတော်သားတွေကို အဓိက ထားပြီးတော့ မေးမြန်းတာ ဖြစ်တယ်။ တော်ဝင် စာမေးပွဲ ကတော့ နှစ်ဦး နှစ်ဖက် အတွက် သင့်တော်အောင် ပြုလုပ်ပေးထားတယ်။
အတွေးအခေါ် စာမေးပွဲ တိုင်းမှာ စာဖြေသူတွေဟာ အမြဲလိုလို အခက်တွေ့လေ့ ရှိတယ်။
နောက်ပြီးတော့ တချို့သော ရုံးတော်သားတွေဟာ မေးခွန်းတွေကို ခြုံငုံပြီး လိုအပ်သမျှကိုသာ ဖြေဆိုလေ့ ၇ှိတယ်။
အကြောင်းရင်းကတော့ စာဖြေသူတွေရဲ့ ကိုယ်ပိုင် ခွဲခြား နိုင်မှုကို အထူးပြုတဲ့ မေးခွန်းတွေ ဖြစ်တာ ကြောင့်ပါပဲ။
ဒီလိုမျိုး မေးခွန်းမှာ ရုံးတော်သားတွေက စာဖြေသူတွေရဲ့ အဖြေလွှာကို ကြည့်ပြီး ခွဲခြားတာပဲ ဖြစ်တယ်။
နောက်ဆုံးမှာတော့ ရလဒ် ထွက်လာချိန်က အတော်လေးကို နောက်ကျနေလောက်ပြီ။
ဒါ့အပြင် ကိုယ်ပိုင် ရွေးချယ်မှုကို လုပ်ဖို့ကလည်း ခက်ခဲ သွားပြီ။
ဒါပေမယ့်လည်း
တော်ဝင် စာမေးပွဲမှာတော့ ခြွင်းချက် ရှိသေးတယ်။
အတွေးအခေါ် စာမေးပွဲ ပြီးတဲ့ နောက်မှာတော့ ယန်မြို့တော်ကြီး တစ်ခုလုံးကို လှုပ်ရှားစေတဲ့ ဒဏ္လာရီလာ သတင်းကြီး တစ်ခု ပျံ့နှံ့နေတော့တယ်။ ဒါကတော့ ဖန်ကျန်းရှီ ဟာ မေးခွန်းခြောက်စုံလုံးကို ဖြေဆိုခဲ့တဲ့ အကြောင်းပဲ ဖြစ်တယ်။
လေးနာရီ အတွင်းမှာ မေးခွန်းခြောက်စုံကို ဖြေတယ်။ သူတကယ်ပဲ အကုန်လုံးကို ဒီ အခြေအနေမှာ ဖြေပစ်တယ်။
ကြီးမြတ်သော ရှ မင်းဆက် စတင် တည်ထောင်တည်းက ဒီလို ကိစ္စမျိုး မဖြစ်ခဲ့ ဖူးဘူး။
ဒီ လို အဖြစ်မျိုးကို လည်း ဘယ်သူကမှ မယုံကြည်နိုင်ဘူး ဖြစ်နေခဲ့တယ်။
ဖန်ကျန်းရှီနဲ့ အခန်းတူမှာ ရှိနေတဲ့ စာဖြေသူတွေ အားလုံး ဟာတော့ သူတို့ရဲ့ မျက်လုံးတွေကို ဖောက်ထုတ်ပြစ်ချင်နေကြတယ်။
တော်ဝင်ကျောင်းတော်က စာဖြေခန်းစောင့်သူတွေလည်း ကောလဟာလတွေကို လက်ခံ လိုက်ရတော့တယ်။
ဒီ ကိစ္စဟာ ယန်မြို့တော် ကြီး တစ်ခုလုံးကို လှုပ်ခတ်စေလိမ့်မယ်။
ကောင်းပြီ ။ ဒီလူက ဘယ်သူလဲ။ ယန်ုမြို့တော်မှာ ကောင်းကောင်း ရှင်သန်နေထိုင်ချင်ရင် သူမရဲ့ အမည်ကို ဘယ်သူကမှ ထုတ်ဖော်မပြောဖို့ လိုတယ်။
အပိုင်း ( ၁၇၄) ပြီး ၏။
အပိုင်းး ( ၁၇၅)
“ တွက်ချက်ပြီးတဲ့နောက်”
နောက်တစ်နေ့မနက်မှာတော့ ယန်မြို့တော်ကြီး တစ်ခုလုံးရဲ့ ရုံးတော်သားတွေ ရှိသမျှ နေရာ အနှံ့မှာ ကော လမ်းမကြီးနဲ့ လမ်းသွယ်တွေ မှာပါ လူတိုင်း ရဲ့ ပါးစပ်ဖျားမှာ ရေပန်း စားနေတဲ့ နာမည် တစ်ခုရှိနေတယ်။
ဒါကတော့ဖန်ကျန်းရှီပဲ ဖြစ်တယ်။
“ စာမေးပွဲ မေးခွန်းက နယ်ပယ်ခြောက်ခု အတွက် ခြောက်စုံတောင်ရှိတာ ။ ဒီ မေးခွန်းခြောက်စုံ လုံးကို လေးနာရီ အတွင်း တကယ်ပဲ အပြီး ဖြေနိုင်တာလား။”
“ သူ တကယ်ပဲ ဖြေနိုင်ရင်ကော ။ ရေးထားတာတွေက အကုန် တလွဲနေ ဖြစ်နေရင် ဘယ်လို လုပ်မလဲ။ ဒီလို ဆိုရင်တော့ ငါတောင် ပြီးနိုင်တယ်။ ”
“ ကောင်းပြီလေ။ သမိုင်းတစ်လျှောက်မှာကော ဒီမေးခွန်း ခြောက်စုံလုံးကို ဖြေနိုင်တဲ့ သူ တွေ့ဖူးလို့လား။ သူက ဘယ်လို ပြီး နိုင်မှာလဲ။”
“ အများဆုံး ဖြစ်နိုင်တာက ။”
…
တော်ဝင် နန်းတော်ထဲက အရှေ့ပိုင်း နန်းတော်ဟာ အိမ်ရှေ့စံရဲ့ အိမ်တော် ဖြစ်တယ်။
ဒီနေ့မှာတော့ အရှေ့ပိုင်း နန်းတော်ထဲမှာ အဖြူရောင် နဂါး တစ်ကောင်ရှိတဲ့ ပိုးသား ဝတ်ရုံကို ဝတ်ထားခဲ့တယ်။ မိုးမခပင်လို မျက်ခုံးတွေနဲ့ ကျဉ်းမြောင်းတဲ့ မျက်ဝန်း တစ်စုံ ဟာ “ သရဖူ သုံးခု သစ်ခွ” ကို ကြည့်နေခဲ့တယ်။
ဒါက အရှေ့တောင် အရပ်မှာပဲ ပေါက်တဲ့ မထင်မှတ်ထားရလောက်အောင် ၇ှားပါးပြီး အဖိုးမဖြတ်နိုင်တဲ့ သစ်ခွ တစ်မျိုး ဖြစ်တယ်။
အိမ်ရှေ့စံ မင်းသား လင်း ထျန်းရုံဟာ သစ်ခွ ပန်းတွေ စုဆောင်းတဲ့ ဝါသနာ ရှိတယ်။ သစ်ခွတွေ က သန့်စင်ပြီးတော့ ထည်ဝါ တယ်လို့ သူထင်တယ်။ သူ့ရဲ့ အခု အဆင့် အတန်းလိုမျိုး ပကာသန မများဘူး။
သူ ဟာ အနုပညာတွေကို နှစ်သက်တယ်။ သူ့ရဲ့ စာ အရေးအသားတွေထဲမှာ ဆိုရင်တော့ သစ်ခွ ပန်းတွေ အကြောင်းးကို အများစု တွေ့ရနိုင်တယ်။
ဒီ အချိန်မှာတော့ သူ့နောက်မှာ လူတစ်ယောက် ရပ်နေခဲ့တယ်။ အဲ့ဒီ့လူမှာ မီးခိုးရောင် မုတ်ဆိတ်တွေနဲ့ သဲမှုန်ဖြူတွေ ကပ်ညိနေတော့တယ်။ သူ့ရဲ့ မျက်နှာကတော့ ပိန်ပါးပြီးတော့ မျက်လုံးတွေဟာတော့ အမျိုးအမည် မသိတဲ့ အရှိန်အဝါတွေ ရှိနေခဲ့တယ်။
သူဟာတော့ အနီရောင် နန်းတော် ဝတ်ရုံကို ဝတ်ဆင်ထားတယ်။ ။
ကြီးမြတ်သော ရှမင်းဆက် နန်းတော်တွင်းမှာ စနစ် တစ်ခု တည်ရှိတယ်။ ဒါကတော့ အနီရောင် ဟာ ဝန်ကြီးတွေကို ကိုယ်စားပြုပြီးတော့ ခရမ်းရောင် ဟာ အမတ်တွေကို ကိုယ်စားပြုတယ်။
ဒီ အချက်ကို ကြည့်ချင်းအားဖြင့် ဒီ လူရဲ့ အဆင့်ကို ခန့်မှန်းဖို့ မခက်ခဲ ဘူး ဖြစ်တယ်။ ဒါဟာတော့ လက်ရှိ လက်ဝဲရံ ဝန်ကြီး ယွီယိဖျင် ပဲ ဖြစ်တယ်။ ယိဖျင် (၁) ဟာ ပထမတန်းစား ဖြစ်တယ်။ သူ့ရဲ့ ဖခင်က ဒီ အမည်ကို ပေးခဲ့တဲ့ အမြင်နဲ့ ပတ်သက်ပြီးတော့အတော်လေးကို မရှင်း မလင်း ဖြစ်ရတယ်။
အခု လက်ရှိမှာတော့ ယွီယိဖျင်ဟာ နန်းတော်ထဲမှာ အဆင့်အမြင့်ဆုံး ပထမတန်းစား အုပ်ချုပ်သူ တစ်ဦး ဖြစ်တယ်။
အိမ်ရှေ့စံ မင်းသား လင်းထျန်းရုံကတော့ အမှန်တကယ်မှာ ယွီယိဖျင်ကို အတော်လေး သဘော မကျပါဘူး။ ဘာကြောင့်လဲ ဆိုတော့ ယွီယိဖျင်ရဲ့ ပြဿနာ ဖြေရှင်းတဲ့ နည်းလမ်းတွေက သိပ်ကို တိုက်ရိုက် ဖြစ်လွန်းတယ်။ တခါတလေမှာ ဒီ သားရဲကောင်က သူနဲ့ မထိုင်သင့်ဘူး။
ဒါပေမယ့်လည်း ရေမြေ့ရှင်ကတော့ယွီယိဖျင်ရဲ့ အင်အားသုံး ဖြေရှင်းမှုကို သဘောကျတယ်။
အဲ့ဒီ့နောက်မှာတော့ အိမ်ရှေ့စံ မင်းသား လင်းထျန်းရုံ ဟာလည်း ကလန်ကဆန်လုပ်လို့ မရဘူး။ ယွီယိဖျင်က သူ့ရဲ့ “သရဖူ သုံးခု သစ်ခွ” ကို အိုးလိုက်ကြီး ညစ်ပတ်သွားအောင် လုပ်တာတောင်မှ အပြင်ဘက်မှာ မကျေနပ်တဲ့ အရိပ်အယောင် တစ်ခုလေး တောင် ပြလို့ မရဘူး ဖြစ်နေတယ်။
“ ဝန်ကြီး ယွီ က ကျွန်တော့်ကို ဒီလို မျိုး ကိစ္စတွေ မလုပ်ခိုင်းတာလဲ။ ဒီလို ကိစ္စ လေး အတွက် ကိုယ်တိုင် စွန့်စားတယ်။ ” လင်းထျန်းရုံဟာ သူ့ရဲ့ ခေါင်းကို ဘယ်ညာ လှည့်၇င်းနဲ့ နားမလည်နိုင်စွာ ပြောနေခဲ့တယ်. ။
ဘယ်လို အမြင် မျိုးပဲ ပြောပြော ယွီယိဖျင်ကတော့ သူ ဘာပြောပြော ထောက်ခံနေတာပဲ ဖြစ်တယ်။ ငြင်းဆိုခြင်း အလျဉ်းမရှိ ။
အဲ့ဒီ့နောက်မှာတော့
ဘာကြောင့် သူလည်း ကြိုးစားပြီး နားလည် ပေးရတော့မလဲ။
ဒါမှ မဟုတ် ။
ယွီယိဖျင်ကို နားလည် စရာ အကြောင်း ကို မရှိ တာလား။
ကြည့်ရတာတော့ အတော်လေး ရှင်းနေတဲ့ပုံပဲ ။ ဒါပေမယ့် အသိဉာဏ် ရှိတဲ့လူတိုင်း ဟာတော့ ဒါရဲ့ နောက်က အကြောင်းရင်းကို နားလည်နိုင်တယ်။ သူ ဟာ အိမ်ရှေ့စံ မင်းသား ဘွဲ့ကို ရထားပေမယ့်လည်း သရဖူ မရသေးသရွေ့သူဟာ ဘာမှ မဟုတ်တဲ့သူ တစ်ဦးပဲ ဖြစ်တယ်။
နန်းတော်ထဲက ရုံးတော်သားတွေနဲ့ အတော်ဆုံးသော ဝန်ကြီးဟာ ဒီမှာ ရှိနေတယ်။
ဒါကတော့ ရုံးတော်သား တွေက အတော်လေးကို တိုက်ရိုက်ဆန်လွန်းအားကြီးတယ်။ အဲဒ့ီ့နောက် အိမ်ရှေ့စံ မင်းသား တစ်ဦး အနေနဲ့ “ လိုအပ်မှုကို ပြသရမယ်။” သူ့ အတွက် လိုအပ်တာကိုသာ ပြရမှာ ဖြစ်တယ်။ နန်းတော်ထဲမှာ လွှမ်းမိုးမှု ကြီးမားတဲ့ ဝန်ကြီးကို အသုံးချဖို့ အတွက် လိုအပ်တယ်။
“ ကျွန်တော့်ရဲ့ အပြုအမူတွေက ဒီ ကိစ္စ အတွက် ပြင်ဆင်ဖို့ လိုလာပြီ ။ ဟန်ချန်ဖုန်းက သတင်းပို့လာတယ်။ ဖန်ကျန်းရှီ တကယ့်ကို မေးခွန်း ခြောက်စုံလုံး အပြီး ဖြေခဲ့တယ်။ နောက်ပြီးတော့ ယုံကြည်မှု မြစ်မြို့တော်မှာလိုပဲ ။ အဓိပ္မာယ် မရှိတာတွေကို ရေးတာ တစ်ခုမှ မပါ ဘူး။ ဒါဆို …. ဒီ လို လူ တစ်ယောက် နန်းတော်နဲ့ နိုင်ငံရေးကို ထိန်းညှိနိုင်မယ့်သူ ဒီ လောကမှာ တည်ရှိ လာပြီ ဖြစ်တယ်။ ” ယွီယိဖျင် ရဲ့ အသံ ဟာ ဒီ အချိန်မှာ အတော်လေးကို တည်ငြိမ်နေခဲ့တယ်။
“ ဒါဆို ဝန်ကြီး ယွီ ဆိုလိုချင်တာက ” အိမ်ရှေ့စံ မင်းသား လင်းထျန်းရုံက ပြောလိုက်တယ်။
“ အခု ချိန်မှာ သူ့ရဲ့ အဖြေလွှာကို ပြင်ဆင် ပြစ်ရမယ်။ တော်ဝင် စာမေးပွဲကြီး တစ်ခုလုံးမှာ ဖန်ကျန်းရှီ တစ်ယောက်ပဲ မေးခွန်းခြောက်စုံလုံးကို ဖြေဆိုနိုင်ခဲ့တယ်။ ဒါက လုံးဝကို ထူးခြား ဖြစ်စဉ်ပဲ ။ဒီ အခွင့်အရေးကို သုံးပြီးတော့ အဖြေလွှာကို လွယ်လွယ် ကူကူ ခွဲခြား ရှာနိုင်တယ်။ အမှာ းနည်းနည်းလောက် ထည့်လိုက်တာနဲ့ သူ့ကို စာမေးပွဲ ကနေ ကန်ထုတ်လို့ ရပြီ။ ” ယွီယိဖျင်ရဲ့ အကြည့်တွေကတော့ ရေခဲတွေလို အေးစက်နေခဲ့တယ်။
“ ဒါပေမယ့်လည်း သွမ့်ပြည်ထောင် အရှင်က ဖန်ကျန်းရှီကို ကန်ထုတ်ချင်နေတယ်လို့ ကြားတယ်။ ငါ တွေးတာကတော့ လင်းရှင်းကြွယ် အကြံ မအောင်မြင်အောင် ကယ်တင်ပေးရမယ်။ ဘာလို့ သွမ့် အရှင်နဲ့ တလမ်းတည်း လျှောက်ရမှာလဲ။” လင်းထျန်းရုံက သူ့ရဲ့ အမြင်ကို ပြောလိုက်တယ်။ သူ့အတွက် အနိုင်ရဖို့က ဒီနည်းပဲ ရှိတယ်။
“ ဒီ အခြေအနေနဲ့ ပတ်သက်ပြီးတော့ ငါတို့ လှုပ်ရှားဖို့ လိုတယ် ။ မဆင်မခြင် လုပ်ဆောင်ရင် ငါတို့ ကိစ္စကြီးတွေကို ဘယ်လို အောင်မြင်နိုင်မှာလဲ။ ” ယွီယိဖျင်ကတော့ အိမ်ရှေ့စံရဲ့ အမြင်ကို လုံး၀ ဂရုမစိုက်ပါဘူး။
“ ဝန်ကြီးယွီရဲ့ အကြံတွေက တကယ့်ကို ကောင်းမွန်ပါပေတယ်။ အစီစဉ် အတိုင်း ဆက်လုပ်ကြတာပေါ့။” အိမ်ရှေ့စံ မင်းသားက ပြန်ဖြေလိုက်တယ်။ အဲ့ဒီ့နောက် သူ့ရဲ့ သစ်ခွ ပန်းအိုးကို ကိုင်လိုက်ရင်း ခပ်တိုးတိုး ရေရွတ်နေတော့တယ်။
“ ငါ့ရဲ့ အဖိုးတန်လေးတွေ …. မင်းတို့ကို ဘယ်နေရာ ထား၇တော့မှာလဲ။”
…
တော်ဝင်ကျောင်းတော် ထဲမှာတော့ ဟန်ချန်ဖုန်းဟာ အတော်လေးကို မျက်မှောင်ကြုတ်ထားခဲ့တယ်။ ဒီ လို အံ့ဖွယ်မျိုး ဖြစ်လာလ ိမ့်မယ်လို့ မတွေးမိခဲ့ဘူး ။ လူတစ်ယောက် က ဘယ်လိုများ မေးခွန်း ခြောက်စုံ လုံးကို အပြီး ဖြေနိုင်တာလဲ။ ဒါက သူ့စိတ်ထဲမှာ အတော်လေး ကြီးမားလှတဲ့ ဖိအားကို ဖြစ်စေတယ်။
အသက် ၁၅ နှစ်မှာ ကောင်းကင် ရောင် ပြန် အဆင့်ကို ရောက်တယ်။
တော်ဝင် စာမေးပွဲမှာ မေးခွန်း ခြောက်စုံလုံး ဖြေတယ်။
ဒါက မဖြစ်နိုင်တာတွေပဲ။
အကယ်၍ ဖန်ကျန်းရှီ သာ ကောင်းကင် အလိုအရ ဖြစ်ပေါ်လာတဲ့သူ ဖြစ်ခဲ့ရင် ယုံကြည်မှု မြစ် မြို့တော်မှာ ဖြစ်ခဲ့တဲ့ အဖြစ် အပျက်က ဖန်ကျန်းရှီ သူ့ကို သေတွင်းထဲ ပို့ဖို့ လုံလောက်တယ်။
ဒါပေမယ့်လည်း နန်းတော်ထဲက နိုင်ငံရေး ရှုပ်ထွေးမှုတွေ အရ သူတို့ရဲ့ နေရာ ဆက်လက်တည်မြဲဖို့ ဖန်ကျန်းရှီကို ဖယ်ထုတ်ရမယ်။
ဟန်ချန်ဖုန်းကတော့ စောင့်ဆိုင်းနေခဲ့တယ်။
အရှေ့ပိုင်း နန်းတော်က အမိန့်ကိုစောင့်ဆိုင်းနေတာ ဖြစ်တယ်။ ဝန်ကြီးရဲ့ အမိန့်ကို သူလိုအပ်တယ်။ သူကိုယ်တိုင်က တော်ဝင် ကျောင်းတော်ရဲ့ အဓိက မေးခွန်း ထုတ်သူ ဖြစ်ေ်နရင် တောင်မှ ဒီလို အစီစဉ် ကြီးကို ပြုလုပ်ဖို့ အင်အားလိုအပ်တယ်။
ဟန်ချန်ဖုန်းလိုပဲ လင်းရှှုင်းကြွယ်လည် းစိတ်ရှုပ်နေမိတယ်။ ဒီတော်ဝင် စာမေးပွဲမှာ လက်ထောက်အဖြစ် ဆောင်ရွက်တဲ့အတွက် သူ့မှာ စာဖြေသူတွေရဲ့ အဖြေလွှာကို စစ်ဖို့အခွင့် အရေးရှိတယ်။
ဖန်ကျးန်၇ှီရဲ့ အဖြေလွှာကို ယူလာခိုင်းပြီး နောက်မှာတော့
ခေါင်းဟာ အိုးထိန်းစက်လို ချာချာ လည်သွားပြီး မယုံကြည်မှုတွေနဲ့ သာ ပြည့်နှက်လာတော့တယ်။
ဖန်ကျန်းရှီရဲ့ အဖြေလွှာ ဟာ မှတ်မိဖို့ လွယ်ကူ်တယ် ။ တံဆိပ် ချိတ် ပိတ် ခတ်နှိပ် ထားမှု ဟာ သိသာ ထင်ရှားလှတယ်။ မေးခွန်း တစ်စုံ ဖြေပြီး တိုင်းမှာအကျဉ်း ချုပ် စာသားတွေကို ပြန် ထည့်သွင်း ထားတယ်။ ဒီ အကျဉ်း ချုပ် စာသားတွေ က ဘာတွေလဲ။
လင်းရှင်းကြွယ် ဟာလည်း စာချိုးစပ်တာ အတော်တော်တဲ့ သူ တစ်ယောက် ဖြစ်တယ်။
ဒီ လို အားစိုက်ထုတ်မှု ကြီး က ဒီလို ဖြစ်သွားခဲ့တာလား။
သူ့ရဲ့ မြင့်မြတ်လှစွာ သော အောင်မြင်မှု ကြီး တစ်ခုကတော့ ဒီ ခြောက်စုံလုံးကို အပင်ပန်းခံပြီး ထုတ်ထားတာ ဖြစ်တယ်။
စက်ဆုပ်ဖွယ် ကောင်းလိုက်တာ ။
သွမ့် ပြည်ထောင် အရှင်ကတော့ သူ့ရှေ့က စာရွက်တွေကို ဆွဲဖြဲပြစ်မိတော့ မတတ်ပါပဲ။ ဒါပေမယ့်လည်း သူ မလုပ်နိုင်ဘူး။ ရာပေါင်းများစွာသော မျက်ဝန်းတွေ ဟာ သူ့ကို စောင့်ကြည့်နေတာ ဖြစ်တယ်။
“ တည်းဖြတ်ရမယ်။ အကယ်၍ ငါသာ သူ့ အဖြေလွှာကို မထိခိုက်နိုင်ရင်တော့ တခြားသူက ပြင်ဆင် ရမယ်။”
…
ပင်းယန် အိမ်တော်မှာတော့ ပင်းယန် မင်းသမီး ဟာ အနီရောင် ဝတ်ရုံ တလွှားလွှားနဲ့ အတော်လေးကို မပျော်မရွှင် ဖြစ်နေခဲ့တယ်။ ဒါကို ပိုပြီးတော့ တွေးလေလေ ပိုပြီးတော့ စိတ်ရှုပ်လာလေလေ ဖြစ်နေတော့တယ်။ သူမ ပိုပြီးတော့ တက်ကြွ လာလေလေ သူမရဲ့ နှုတ်ခမ်းတွေ ဟာ ပိုပြီးတော့ ပွစိပွစိ ဖြစ်လာတော့တယ်။
“ ငါ တက်ကြွနေတယ်။ ငါလေး အရမ်းတွေ တက်ကြွနေတယ်။”
ပွင့်လန်းနေတဲ့ ပန်းတွေဟာတော့ သူမရဲ့ ညှာတာမှု ကင်းမဲ့တဲ့ ခြေလှမ်းတွေ အောက်မှာ တော့ ပိပြားကုန်ကြတော့တယ်။ ပန်းပွင့်တွေပေါ်မှာတောင် သနားညှာတာမှု မပြ တဲ့သူ ဖြစ်တယ်။
တင် ။ တင်။ ဒင်။ ဥယျာဉ်ထဲမှာတော့ အသံတွေဟာ တချွင်ချွင် မြည်နေတော့တယ်။
ဒီအချိန်မှာပဲ ပန်းရောင် ဝတ်စုံဝတ်ထားတဲ့ ချီကူယန်ဟာ ပေါ်လာတော့တယ်။ သူမရဲ့ ညင်သာလှတဲ့ ခြေလှမ်းတွေကို ကြားချိန်မှာတော့ သူမရဲ့ ဖြစ်တည်မှုကို ပန်းပွင့်တွေတောင် ဦးညွှတ်နေဟန်ပါပဲ ။
“ယန်လေး။” ပင်းယန်ဟာ ချီကူယန်ကို မြင်ချိန်မှာတော့ အော်ဟစ်ပြီးပြေးလာတော့တယ်။
“ ဘာတွေ ဖြစ်နေတာလဲ။ ဒီနေရာမှာ ဘာလို့ တစ်ယောက်တည်း လာပေါက်ကွဲနေတာလဲ။” ချီကူယန်ဟာ အေးဆေးစွာနဲ့ ပင်းယန် စီကို လျှောက်လာခဲ့တယ်။ အဲ့ဒီ့နောက်မှာတော့ ပင်းယန်ကို သူမနဲ့ အတူ ထိုင်ဖို့ ဆွဲခေါ် လာတော့တယ်။
“ဘယ်သူ ရှိရအုန်းမှာလဲ။ ယန်လေး။ တော်ဝင် စာမေး့ပွဲကို ပင်းယန် သွားဖြေတာ သိတယ် မလား။ ပင်းယန် ယူသွားတဲ့ အဖြေစာရွက်နဲ့ ဆို၇င် သူ့ကို နိုင်ပြီ လို့ ထင်ထားတာ ။ ဒါပေမယ့် ဒီ ကောင်စုတ် က မေးခွန်း ခြောက်စုံ လုံးကို အကုန် ဖြေသွားတယ်။ အတော်လေးကိုမ ဖြစ်နိုင်တာပဲ၊” ပင်းယန်ဟာတော့ သူမရဲ့ မကျေနပ်ချက်တွေကို ထုတ်ဖော်နေတော့တယ်။
“ သဘောပေါက်ပြီ။ ဒါပေမယ့် ဒီ အရှက်မရှိတဲ့ ကောင်စုတ် အတွက်နဲ့ ဒေါသ ဖြစ်နေတာ တန်လို့လား။ အကုန်ဖြေပင်မယ့်လည်း သူက ပင်းယန်ကို နိုင်မယ် ဆိုတဲ့ သဘောမှ မဟုတ်တာ။”
“ ဘယ်လို ဖြစ်နိုင်မှာလဲ။ မေးခွန်း ခြောက်စုံ လုံးကို အကုန်ဖြေထားတာကို ။”
“ သူ ဖြေတာ ပြီးပင်မယ့် အကုန် မှန်နိုင်လို့လား။”
“ ငါ အတည်ပြုချိန်မရလိုက်ဘူး။ အဓိက စာစစ်သူ မှ ငါ မဟုတ် တာ။ အဲ့တာ မှားမှားမှန်မှန် ဘယ်လို သိနိုင်မှာလဲ။” ပင်းယန်က ဒါကို ပြောနေချိန်မှာတော့ သူမသာ အဓိက စာစစ်သူ ဖြစ်လာရင် ဖန်ကျန်းရှီရဲ့ အဖြေကို ကောင်းကောင်းသိနိုင်မှာပဲ လို့ တွေးနေတာ ဖြစ်တယ်။
“ ပင်းယန် က အဓိက စာစစ်သူ ဖြစ်ချင်တာလား။” ချီကူယန်က ငြင်ငြင်သာသာလေး ပြုံးလိုက်တယ်။
“ ဒါပေါ့။ ဒါပေမယ့် အဓိက စာစစ်သူ ကရှိနေပြီးပြီ ။ ငါ လုပ်ချင်ရင်တောင် လုပ်မရတော့ ဘူး။” ပင်းယန်က ချီကူယန် ပြောချင်တာကို သဘော မပေါက်နို်င်သေးဘူး ဖြစ်နေခဲ့တယ်။
“ ဒါက လုံး၀ မဖြစ်နိုင်တာ တော့ မဟုတ် ဘူး။”
“ ယန်လေး ။ ငါ့ အတွက် အဓိက စာစစ်သူ ဖြစ်လာဖို့ နည်း တစ်ခုခုတော့ ရှိတယ် မလား။” ပင်းယန်ရဲ့ မျက်လုံးတွေကတော့ တလက်လက် တောက်ပနေတော့တယ်။
အပိုင်း ( ၁၇၅) ပြီး ၏။
[1]: ပထမတန်းကျောင်းတော်သားကို တရုတ်လို 一品 ယိဖျင် လို့အသံ ထွက်ပြီးတော့ ယွီယိဖျင်ရဲ့ နာမည် အသံ ထွက်နဲ့ သံတူကြောင်းကွဲ ( အသံထွက်တူ၍ အဓိပ္မာယ် ကွဲ ပါတယ်။
အပိုင်း ( ၁၇၆)
“ အရည် အသွေး မြင့်မားလှတဲ့ အရာများ ။”
“ လူတစ်ယောက်ရဲ့ အဖြေလွှာ စာရွက်ကို စစ်ဆေးဖို့အတွက် နည်းလမ်းတော့ ရှိတယ်။ မင်း လုပ်ချင်ပါ့မလား။” င်္ချီကူယန်က မေးလိုက်တယ်။
“ ဒါပေါ့။ ငါလုပ်ချင်တယ်။ ကြောက်တာ တစ်ခုက ”
“ ကြောက်တာက အမှား အမှန်ကို မပြောနိုင်မှာမလား။”
“ ယန်လေး ။ နင် ငါ့ကို ကျီစားနေပြန်ပြီ။”
ဒါဆို ပင်းယန် အတွက် လိုအပ်တဲ့ သူကို သွားရှာပါလား။”
“ ဘယ်သူ့ကို လဲ၊”
“ ကူယန် ယုံတယ်။ အရှင်မင်းကြီး က ဒီ အရှက်မရှိတဲ့ ကောင်ရဲ့ အဖြေလွှာကို စိတ်ဝင်စားမှာ အမှန်ပဲ ။ ”
“ ခမည်းတော် လား။” ပင်းယန်က တစ်ခတာ မှင်သက် သွားမိတယ်။ အဲ့ဒီ့နောက် သူမရဲ့ ဖန်သလင်း လို မျက်လုံးတွေ ဟာ တလက်လက် တောက်ပ လာတော့တယ်။ “ ငါ အခု နားလည်ပြီ။ ယန်လေးက ခမည်းတော်ကို သွားရှာ ခိုင်းစေချင်တာ ။ အကယ်၍ ခမည်းတော်သာ ကောင်စုတ်ရဲ့ အဖြေလွှာကို စိတ်ဝင်စားလာရင် တော်ဝင် ကျောင်းတော်ကို လူလွှတ်ပြီးတော့ သွားယူခိုင်းမှာ အမှန်ပဲ။”
“ ပင်းယန် က တကယ့်ကို တော်တာပဲ။ အရိပ်ပြတာနဲ့ အကောင်မြင်တယ်။”
“ “ ဟ ဟ. ခမည်းတော်ကို ခု ချက်ချင်း သွားရှာရမယ်။” စကားဆုံးတာနဲ့ တပြိုင်နက် ပင်းယန် ဟာ မျက်စိ တမှိတ် အတွင်းမှာပဲ ပျောက်ကွယ်သွားပြီးတော့တယ်။ ခုန်ပေါက်ပြေးလွှားပြီး အိမ်ကို ပြန်သွားတော့တယ်။
ချီကူယန်ကတော့ ပင်းယန်ရဲ့ မိှန်ဖျော့သွားတဲ့ ပုံရိပ်ကို ကြည့်လိုက်ရင်း နန်းတော် ဘက်ဆီ ကို လှမ်းမျှော်လိုက်တယ် ။ “ အကယ်၍ ငါသာ မမှားရင် အရှင်မင်းကြီးမှာလည်း ဖန်ကျန်း၇ှီရဲ့ အဖြေလွှာကို ကြည့်သင့်တဲ့ အကြောင်း ပြချက် တစ်ခု ရှိလိမ့်မယ်. ”
…
နန်းတော်တွင်းက စာဖတ်ဆောင်ထဲမှာတော့
ရေမြေ့ရှင် လင်း မုပိုင် ဟာ ရွှေနဂါး ဝတ်ရုံကို ခြုံထားပြီးတော့ နဂါး ပလ္လင်ပေါ်မှာ ထိုင်ေ်နခဲ့တယ်။ သူ့လက်ထဲမှာတော့ တော်ဝင်ကျောင်းတော် မှတ်တမ်းရေးရာတွေ ၇ှိနေပင်မယ့် သူ့မျက်လုံးတွေကတော့ ပြတင်းပေါက်ကို ကြည့်နေခဲ့တယ်။
ဒီ အချိန်မှာပဲ တံခါးဟာ အပြင်ဘက်က တစ်စုံ တစ်ယောက် တွန်းဖွင့်တာကို ခံလိုက်တယ်။
ဒီ အဖြစ်မျိုးက အနည်းငယ်တော့ ထိတ်လန့်သွားဖွယ်ရှိတယ်။
ဒါပေမယ့်လည်း ရေမြေ့ရှင်ရဲ့ မျက်လုံးတွေဟာ အရောင်တောက်လာတော့တယ်။
“ ချီကူယန်ပဲ ကျွနု်ပ်ရဲ့ စိတ် သဘောကို ထွင်းဖောက်မြင်နိုင်တယ်.။”
ရေမြေ့ဟာတော့ ခေါင်းကို လှည့်ကြည့်ဖို့တောင် မလိုပါဘူး။ ဝင်လာတဲ့သူ ဟာ ပင်းယန် ဖြစ်တယ်ဆိုတာကို သူသိနေတယ်။ သူ့ရဲ့ သမီးတော်လေး သာလျှင် ဒီလို အေးအေးဆေးဆေး ဝင်လာနိုင်တာ။
“ ပင်းယန်။ လာလေ။ ခမည်းတော်နား လာထိုင်” ရေမြေ့ရှင်ဟာတော့ တောက်ပ စွာ ပြုံးနေခဲ့တယ်။
“ ခမည်းတော် “ ပင်းးယန် ဟာ လင်းမုပိုင် ဘေးကို ရောက်ချလာတော့တယ်။
“ သမီးတော်ကို ဘာက လာစေလိုက်တာလဲ။”
“ ခမည်းတော် မယုံနိုင်စရာ ကောင်းတဲ့ ကောလ ဟာလတွေ ကြားလား။ မြို့တော်ကြီး တစ်ခုလုံးမှာ လှိုင်းခတ်နေတယ်။ ”
“ ကြည့်ရတာတော့ အတော်လေးကို ကြီးတဲ့ သတင်း ဖြစ်မယ် ထင်တယ်။ ပင်းယန်လေး တောင်မှ ရောက်လာတယ် ဆိုတော့လည်း။”
“ တကယ်တန်း တော့ သမီးတော်က သိချင်နေတာ။ သတင်းတွေ အရဆို ဖန်ကျန်းရှီက မေးခွန်းခြောက်စုံလုံးကို လေးနာရီနဲ့ အပြီးဖြေလိုက်တယ် ကြားတယ်။ သမီးတော်သိချင် တာက ….. တကယ်ပဲ လှည့်စားလိုက်တာလား။”
“ အာ တကယ်လား။” ရေမြေ့ရှင် ဟာတော့ အပြုံးလေးတစ်ခု ပြုံးပြလိုက်ပြီးတော့ ကျောင်းတော် မှတ်တမ်းတွေကိုသာ ပြန်ကြည့်နေခဲ့တယ်။
“ ခမည်းတော် ကော ဒီ ကောင်စုတ်လေး ဘယ်လို နည်းလမ်းကို သုံးပြီးတော့ လှည့်စားလဲ မသိချင် ဘူးလား။ ကောလဟာလတွေက အတော်လေးကို ကြီးမားနေတာ။ ” ပင်းယန်က သူ့ ခမည်းတော် သိပ်ပြီးတော့ စိတ်ဝင်စားဟန် မပြတာကြောင့် စိတ်ညစ်သွားခဲ့တယ်။
“ တော်ဝင်ကျောင်းတော် စာမေးပွဲ အတွေး အခေါ် စာမေးပွဲက ဟန်ချန်ဖုန်း လက်ထဲမှာပဲ ၇ှိတာ။ ဒါကြောင့် ခမည်းတော် စိတ်ဝင်စား၇င်တောင်မှ ဘာမှ လုပ်လို့ ရမှာ မဟုတ် ဘူး။ ” ရေမြေ့ရှင်က ပင်းယန်ကို အဓိက အချက် ပြောပြလိုက်တယ်။
“ ဒါဆို အဖြေက ဟန်ချန်ဖုန်း လက်ထဲမှာပဲပေါ့။ တော်ဝင်ကျောင်းတော်ကို အခု သွားရမယ် . ။ လိမ်လိမ် မာမာနဲ့ ဖန်ကျန်းရှီရဲ့ အဖြေလွှာကို ထုတ်မပေး၇င် ပင်းယန် အကြောင်း ကောင်းကောင်း သိသွားရမယ်။ ပင်းယန် အမိန့်ကို လွန်ဆန်နိုင်မလား ။” ပင်းယန်ဟာ ပြောရင်း ဆိုရင်နဲ့ ခုန်ထပြီး ပြေးထွက်သွားတော့တယ်။
“ ဒါ … ဒါက သိပ် မကောင်းသလိုပဲ။” ရေမြေ့ရှင် ဟာတော့ ပင်းယန်ကို တားဖို့ ကြိုးစားလိုက်တယ်။ ဒါပေမယ့်လည်း ပင်းယန်ဟာတော့ သူ့ကို တောင် ဂရုမစိုက်တော့ပဲနဲ့ လေလို အလျင်နဲ့ အတူ ပြေးထွက်သွားတော့တယ်။
“ တကယ့်ကို လေပြေလို လာလိုက် ။ လေပြေလို ပြေးထွက် သွားလိုက်ပဲ။ သူ့ အမေနဲ့ တစ်ပုံစံ တည်းပဲ။ ”
…
ယန်မြို့တော်ထဲမှာတော့ အဆင့်နိမ့် အဆင့်မြင့် ရုံးတော်သားတွေဟာတော့ ဆွေးနွေးမှုကြီး တစ်ခုကို လုပ်ဆောင်နေကြတယ်။
သူတို့ထဲမှာတေ့ လက်ဝဲရံ ဝန်ကြီး ဟာ အဆင့် အမြင့်ဆုံး ဖြစ်တယ်။ ရုံးတော်သားတွေဟာတော့ လက်ဝဲရံ ဝန်ကြီးရဲ့ လမ်းညွှန်မှုကို စောင့်ဆိုင်းနေကြတယ်။
မေးခွန်းတွေကို မေးမြန်းရင်း ထိပ်တန်း သုံးဦး နေရာ အတွက် ဝန်ကြီး ယွီ ရဲ့ အမြင်ကို နားထောင်နေကြတာ ဖြစ်တယ်။
ထိပ်တန်း သုံးဦးကို ခန့်မှန်းမှု ဟာ ရေပန်း အစားဆုံး ဆွေးနွေးမှု ခေါင်းစဉ် ဖြစ်တယ်။
ဒါဟာတော့ ရုံးတော် သားတွေရဲ့ လက်၇ှိ နိုင်ငံရေး အခြေအနေပေါ်လည်း မူတည်တယ်. ။ ဒီ လူတွေဟာသူတို့ရဲ့ အလားအလာ အတွက် မှန်ကန်တဲ့ ဦးဆောင်သူနောက်ကို လိုက်ရတာ ဖြစ်တယ်။
နောက်ဆုံးမှာတော့ ရွေးချယ်မှုက အကျိုးရှိဖို့ လိုအပ်တယ်။
ယွီယိဖျင် ကတော့ ဒါ အတွက် ပြင်ဆင်ထားပြီးသား ဖြစ်တယ်။ သူ့ရဲ့ လုပ်ဆောင် မှုတွေကို အနည်းငယ်တောင် အရိပ်အမြွက် မသိနိုင်တဲ့ အထိ ဖုံးကွယ်ထားခဲ့တယ်။
“ ဒီ တော်ဝင် စာမေးပွဲမှာ ထူးချွန်သူတွေ မြောက်များစွာ ပါဝင်ကြတယ်။ အနီးစပ်ဆုံး ပြောရရင် စစ်နတ်ကျောင်းတော်က ရှင်း ချင်းစွေ့ ။ စု မျိုးနွယ်က စုတုန်းလင်။ ဝေးကွာတဲ့ နေရာက သူတွေ ဆိုရင်တော့ နန်းကုန်း မျိုးနွယ်က နန်းကုန်း မု။ အကယ်၍ ငါထင်တာသာ မမှားရင် ဒီ သုံးဦးပဲ ထိပ်တန်း အဆင့်ထဲ ရောက်လိမ့်မယ်။ ”
“ ဒီ သုံးယောက်ထဲမှာ စုတုန်းလင်ရဲ့ ဂုဏ် သတင်းက အကျော်ကြားဆုံး ဖြစ်တယ်။ ဒါပေမယ့်လည်း ငါကတော့ နန်းကုန်း မု ပဲ ရမယ် ထင်တယ်။ ”
“နန်းကုန်းမု။ နန်းကုန်းဟောင်ရဲ့ ညီငယ်လေးလား။
“ ဝန်ကြီးယွီရဲ့ ဆုံးဖြတ်မှုတွေက အဓိပ္မာယ် ပြည့်ဝ်တယ်။ နန်းကုန်း ဟောင်က ကြီးမြတ်သော ရှ မင်းဆက်မှာ အရည်အချင်း အမြင့်ဆုံး ကျောင်းတော်သားတွေထဲက တစ်ဦးပဲ
သူ့ညီလေး နန်းကုန် မှု ဟာလည်း အတော်လေး ထူးချွန်တယ် ။ အသက် ၂နှစ်ပဲ ကွာ ပေမယ့် လွန်ခဲ့တဲ့ ၂နှစ်တုန်းက မြို့တော် စာမေးပွဲမှာ ချန်ပီယံ ဖြစ်ပြီးတဲ့ နောက် ချီကူယန် သာ မပေါ်ထွက်လာခဲ့ရင် နန်းကုန်း ဟောင် က ထိပ်ဆုံးမှာ ရပ်တည်နေမှာ အမှန်ပဲ။”
“ ဒါပေမယ့် ဒီ တစ်ကြိမ်မှာလဲ။ ဖန်ကျန်းရှီ ရှိနေပြန်တယ်။ မေးခွန်း ခြောက်စုံ လုံးကို ဖြေဆိုထားတဲ့ သူ့ကိုရေ ာ ဝန်ကြီး ယွီ ဘယ်လို မြင်လဲ။”
တခြားသော နားထောင်နေသူ ရုံးတော်သားတွေကတော့ ဒီ မေးခွန်းကိုကြားချိန်မှာ တက်ကြွ လာကြတော့တယ်။
ယွီယိဖျင် ဟာတော့ ဒီ မေးခွန်းကို မျှော်လင့် ထားပြီးသား ဖြစ်နေတဲ့ ပုံပါပဲ။ သူ့ရဲ့ အပြုံးကတော့ ဘာကိုမှ ဖော်ပြခြင်း မရှိပါဘူး။ သူဟာ စိတ်အေး သက်သာစွာနဲ့ပဲ ပြန်ဖြေလိုက်တယ်။ “ ဖန်ကျန်းရှီ ဒေသတွင်း နဲ့ မြို့တော် စာမေးပွဲတွေမှာ နှစ်ထပ်ကွမ်း ချန်ပီယံ ဖြစ်ပေမယ့် တော်ဝင် စာမေးပွဲ အတွက်တော့ မဖြစ်နိုင် ဘူး။ ကြီးမြတ်သော ရှမင်းဆက် စတင် တည် ထောင် တည်းက ဘယ်သူ တစ်ဦးတစ်ယောက်ကမှ တော်ဝင် မေးခွန်း ခြောက်စုံကို လေးနာရီ အတွင်း မဖြေနိုင် ဘူး။ ဒီ လူက တစ်ခုခုတော့ လုပ်ထားရမယ် ။ မေးခွန်းခိုးထားတာလည်း ဖြစ်နိုင်တယ်။ ”
“ ဒီလို ကိစ္စမျိုးတွေ ဖြစ်နိုင်တဲ့ အချိန် ရောက်လာမယ် ဆိုတာ ကျွန်တော် ထင်ထားတယ်။ အ၇ည် အချင်းက ပမာဏ ထက်ပိုပြီးတော့အရေးပါတယ်။ မင်းပိုပြီးတော့ ပမာဏ များများ လုပ်လေလေ ။ အမှားများလေလေပဲ။ သူ့ကို ဒုတိယ တန်းစား ကျောင်းတော်သား အဖြစ် အဆင့်ချလိုက်။”
ယွီယိဖျင်က အဆုံး သတ် စကားကို ပြောပြီးတဲ့ နောက်မှာတော့ အတော်လေးကို တည်ငြိမ်နေခဲ့တယ်။
“ နားလည်ပါပြီ။”
“ ဝန်ကြီး ယွီရဲ့ စကားနားထောင် ရတာ အကျိုး ကြီးမားလှတယ်။”
“ အဆင့်နိမ့်တဲ့သူတွေက မရိုးမသားလုပ်ရင် ကြာရှည်ခံနိုင်မှာ မဟုတ်ဘူး။ အတွေးအခေါ် စာမေးပွဲ ရဲ့ ရလဒ်ကို ထုတ်ပြန်ပြီးတဲ့ နောက် ဖန်ကျန်းရှီ တိုက်ခိုက်ရေး စာမေးပွဲကို ဆက်ပြိုင်နိုင်သေးမလား ကြည့်အုန်းမယ်။ ”
“ ဒီ အချိန်ရောက်လာရင်တော့ သူ့ရဲ့ ကျော်ကြားလှတဲ့ ဂုဏ်သတင်းက ဟာသ အကြီးအကျယ်ဖြစ်သွားအုန်းမှာ မြင်ယောင်ပါသေးတယ်။
အနီးနားက လူတွေ ဟာ တော့ ရီချင်စိတ်ကို မထိန်းချုပ်နိုင်တော့ ဘူး ဖြစ်တယ်။ သူတို့ ဟာ စကားမပြောကြပေမယ့်လည်း စိတ်ထဲမှာတော့ အမြင်တူနေခဲ့တယ်။ ဖန်ကျန်းရှီ ဒီလိုမျိုး အကုန်လုံးကို အပြီး ဖြေနိုင်တယ် ဆိုတာ မယုံနိုင် ဘူး ဖြစ်နေတယ်။ ဒါ့အပြင် အကုန်အတိအကျ မှန်ကန်တယ်။
ဝန်ကြိး က ပြောသလိုပဲ ။
ပမာဏထက် အ၇ည် အသွေးက ပိုပြီးတော့ အရေးကြီးတယ်။ ဒါကို ဘယ်သူက ငြင်းနိုင်မှာလဲ။
ဒါက ဘယ်လို ဖြစ်နိုင်မှာလဲ။
…
ဖန်ကျန်းရှီ မသိတာကတော့ ဆွေးနွေးမှုတွေ ပြီးဆုံးသွားရင် သူနဲ့ရန်ရွယ် ယန်မြို့တော်ကနေ ထွက်သွားရတော့မယ် ဆိုတာ မသိရှာပါဘူး။
ယန်မြို့တော် ကနေ ငါး ကီလိုမီတာ ကွာဝေးတဲ့ အနီရောင် ကုန်းမြင့်ကြီးဟာ အိမ်တော်ကြီး တစ်ခု ရှိနေခဲ့တယ်။ ဒီ အဆောက်အအုံထဲမှာ အတော်လေးကို ကြီးမားလှတဲ့ ကမ်းခြေကြီး တစ်ခု ရှိနေခဲ့တယ်။
တည်ငြိမ်သော နယ်ပယ်လို့ အမည်တွင်တာဟာ အနီရောင် ကမ်းခြေ ကျယ်ကြီး ကြောင့်ပဲ ဖြစ်တယ်။ ဒီ ကမ်းခြေ တစ်လျှောက်မှာ တော့ ကျောက်တုံးတွေ သဲတွေ အားလုံး ဟာ မီးတောက်လို ရဲရဲ နီနေခဲ့တယ်။
ကောလဟာလတွေ အရတော့ ငါးကီလို မီတာ ရှည်လျားတဲ့ ရေကန်ကြီး ရဲ့ ကမ်းခြေ ဟာတော့ နတ်ဆိုး စစ်တပ်နဲ့ လူသားမျိုးနွယ်ကြားက အလွန်တရာကို ပြင်းထန်လှတဲ့ တိုက်ပွဲကြီး တစ်ခု ဖြစ်ခဲ့တယ်။
သွေးချောင်းစီးမှုကြောင့် ရေကန် ကြီး တစ်ခုလုံးဟာ ရဲရဲ နီသွားခဲ့တယ်။ ကျောက်တုံးကြီး နဲ့ သဲတွေ တောင်မှ မလွတ်ကင်း ဘူး။ အရာအားလုံး ရဲရဲ နီသွားခဲ့တယ်။
နှစ်ထောင်ပေါင်းများစွာ ကြာပြီးနောက်မှာတောင် ဒီ နီရဲမှု ဟာ မှိန်ဖျော့သွားခြင်း အလျဉ်း မရှိခဲ့ဘူး။
ဖန်ကျန်းရှီနဲ့ ရန်ရွှယ် လာလည်တဲ့ ရည်ရွယ် ချက်ကတော့ သူရဲကောင်း လာလုပ်တာ မဟုတ်မှန်း အသေအချာကို မှန်ကန်လှတယ်။ သူတို့ ဒီမှာ ရှိနေတာကတော့ ရှုခင်း ကြည့်ဖို့ တင် မက ပါဘူး။တခြားသော အရာ တစ်ခုလည်း ၇ှိ နေခဲ့တယ်။
ဒီ အိမ်တော်ကြီးမှာ ဧည့်သည်တွေ အများကြီး မရှိဘူး ဖြစ်တယ်။ ရန်ရွှယ် ကတော့ ထုံးစံ အတိုင်း ဒီနေရာ တစ်ခုလုံးကို စာရင်း လုပ်ဖို့ ပြင်ဆင်နေခဲ့ပင်မယ့်လည်း ဖန်ကျန်းရှီရဲ့ တားမြစ်ခြင်းကို ခံ လိုက်ရတယ်။ “ ဒီနေရာ မှာ ဒီလောက် လူတွေ များနေတာတောင် အတော်လေးကို တိတ်ဆိတ်နေလွန်းတယ်။ ”
…
ဖန်ကျန်းရှီနဲ့ ရန်ရွှယ်တို့ ရေကန်ဘေးက အဆောက်အအုံမှာ ရှုခင်း ကြည့်နေကြချိန်မှာပဲ ။ တော်ဝင်ကျောင်းတော်ကြီးကတော့ နှစ်တစ်ထောင်မှာ တစ်ကြိမ်တောင် မဖြစ်ဖူးတဲ့ အဖျက်အမှောင့် ပယောဂကြီးနဲ့ ရင်ဆိုင်နေရတယ်။
ပင်းယန် လာနေပြီ ။
သူမ ဟာ အတော်လေးကို မကျိုးနွံတဲ့ အပြုအမူနဲ့ တော်ဝင်ကျောင်းတော် တံခါးကို ဖြတ်ဝင်လာတဲ့ တည်းက လမ်းမှာ တွေ့သမျှ သတင်းပို့သူတွေကို ကန်ထုတ်ပြီးတော့ တန်းတန်းမတ်မတ် လျှောက်လာခဲ့တယ်။ သူမ တစ်ဦးတည်းက တော်ဝင်ကျောင်းတော် တစ်ခုလုံးက ရာပေါင်းများစွာသော အစောင့်တွေကို ပုရွက်ဆိတ်တွေလို နင်းချေသွားခဲ့တယ်။
သူမဟာ အဆင့်သတ်မှတ်ရာ ခန်းမကြီးဆီကို အမျိုးအမည် မသိနိုင်တဲ့ အင်အားတွေနဲ့ သွေးရောင်လွှမ်းတဲ့ လမ်း တစ်ခုကို ဖန်တီးပြီးတော့ လျှောက်လှမ်းသွားခဲ့တယ်။
တစ်ရာနီးပါးလောက် ရှိတဲ့ တော်ဝင် စာစစ်သူတွေကတော့ သူတို့ စစ်ထားတဲ့ အဖြေလွှာ စာရွက်တွေကို ခေါင်းပေါ် တင်ပြီးတော့ တညီတညွတ်တည်း ဒူးထောက်ထားကြတော့တယ်။
သိပ်ပြီးတော့ မဝေးလှတဲ့ နေရာက ထိုင်ခုံကြီးမှာ ထိုင်နေတဲ့သူကတော့ ဟန်ချန်ဖုန်းပဲ ဖြစ်တယ်။ ဒီ အချိန်မှာတော့ သူ့ရဲ့ မျက်နှာ အမူအယာ ဟာ ရုတ်တရက်ပြောင်း လဲ သွားတော့တယ်။ သူ့လက်ထဲက မှင်နက်တွေဟာလည်း မြေပြင်ပေါ်ကို တစ်စက်စက် စီးကျလာပြီးတော့ စုတ်တံ ဟာတော့ မြေပြင်ပေါ်ကို ပြုတ်ကျသွားတော့တယ်။
အပိုင်း ( ၁၇၆) ပြီး၏။
( ချီကူယန် အမြင် ရှိပေလို့ ။ အတော်လေးကို အတွေးအခေါ် မြင့်တယ်။ ဝန်ကြီး ထက်ကို ခြေ ၃ လှမ်းလောက်သာနေတာ ။ ယန်လေးရှိနေမှတော့ ငဖန်ကို ဘယ်သူမှ မကောင်းကြံမရ ဘူး။ မိန်းမ အားကိုး မိုက်တယ်နော် )
အပိုင်း ( ၁၇၇)
“ အတွေးအခေါ် စာမေးပွဲ ရလဒ်ကို ထုတ်ပြန်ခြင်း ”
ဟန်ချန်ဖုန်းက အတော်လေး တည်ြငိမ် နေပါသလား။
ဒါပေါ့။ ဘယ်ဖြစ်နိုင်မလဲ။
မသမာမှု တစ်ခုကို ပြုလုပ်ဖို့ ပြင်ဆင်နေတဲ့သူ ဟာ တစ်စုံ တစ်ယောက်မိသွားရင် အေးအေး ဆေးဆေး နေနိုင်မှာလား။ ပိုပြီးတော့ ပြောရရင် ဖမ်းမိတဲ့သူက ရေမြေ့ရှင်ရဲ့ အချစ်ဆုံး သမီးတော် ပင်းယန် ဖြစ်နေခဲ့တယ်။
ပင်းယန်က တော်ဝင် ကျောင်းတော်ထဲကို ကျူးကျော်လာတယ်။
ကျောင်းတော်ထဲကို ရောက်လာတဲ့ သူမရဲ့ ရည်ရွယ်ချက်ကတော့ ရိုးရှင်းတယ်။ ဒါပေမယ့်လည်း မြို့တော် ထဲမှာ ဘယ်လိုပင် ပတ်မွှေ နေပါစေ နိုင်ငံ ရေးကိစ္စထဲမှာတော့ တစ်ခါမှ လာမရှုပ် ဖူးဘူး ဖြစ်တယ်။
ဒါကြောင့် ။
ဟန်ချန်ဖုန်းရဲ့ မျက်နှာ ဟာတေ့ာ ပြာနှမ်း ဖြူဖျော့ နေချိန်မှာပဲ ပင်းယန်ဟာ တော်ဝင်သတင်းပို့သူ အုပ်စုကြီးကို ကျော်ဖြတ်လာခဲ့တယ်။ သူမဟာ အနီရောင် ဘောလုံး တစ်လုံးလို မျိုး ဟန်ချန်ဖုန်း ရှေ့ကို ရောက်ချ လာခဲ့တယ်။
သူမရဲ့ ချယ်ရီရောင် နှုတ်ခမ်းနီ တွေ ဟာ အပြုံး အကြီးကြီး တစ်ခု အဖြစ် ကွေးညွှတ်နေခဲ့တယ်။
သူမရဲ့ ဖန်သလင်း မျက်ဝန်း တွေ ဟာတော့ ဟန်ချန်ဖုန်းရဲ့ မျက်နှာနားကို တဖြည်းဖြည်း ချဉ်းကပ်လာတော့တယ်။
“ အကြီးအကဲ ဟန် ။ ကြည့်ရတာ လန့်သွားပုံပဲ။ အဖြေ လွှာကို ကလိန် ကကျစ် ကျပြီး ပြင် မလို့ လုပ်နေတာလား။”
ဒီ စကားသံကို ကြားချိန်မှာတော့ တော်ဝင်ကျောင်းတော် တစ်ခုလုံးဟာ ကျောက်တုံး အကြီးကြီး ပြုတ်ကျလာတဲ့ ရေကန် ကြီး တစ်ခုလိုမျိုး ပြောင်းလဲ သွားတော့တယ်။ တော်ဝင် သတင်းပို့သူတွေ အကုန်လုံးဟာ တစ်ခဏတာ မှင်သက် နေကြတော့တယ်။
ဟန်ချန်ဖုန်းရဲ့ ပါးစပ်ဟာတော့ အဟောင်း သား ဖြစ်နေတော့တယ်။ သူ့ရဲ့ မျက်လုံးတွေကတော့ ပြူးရလွန်းလို့ ပြုတ်ထွက်တော့မယ့် အတိုင်းပဲ ဖြစ်နေခဲ့တယ်။
“ ပင်းယန် မင်းသမီးလေး။ ဒီလိုမျိုး စွပ်စွပ်စွဲစွဲတွေကို လွယ်လွယ်ကူကူ မပြောပါနဲ့။။” ဟန်ချန်ဖုန်းရဲ့ စိတ်နှလုံးထဲမှာတော့ ခလောက်ဆန်နေပြီးတော့ သူ့ရဲ့ ပျက်ယွင်းနေတဲ့ မျက်နှာ အမူအယာကို မထိန်းချုပ်နိုင် ဘူး ဖြစ်နေခဲ့တယ်။
“
“ ဟားဟားဟား။ အကြီးအကဲ ဟန် က ဟာသကို ခါတိုင်းလိုမျိုး ပေါ့ပေါ့ပါးပါး မတွေးနိုင်ဘူးပဲ။ ပင်းယန် ဒီကို လာရတာ လူတစ်ယောက်ရဲ့ အဖြေလွှာကို ယူဖို့ ပါ။ ” ပင်းယန် ဟာ နွေဦးမှာ ပွင့်လန်းတဲ့ ဆာကူရာ ပန်း တွေကိုတောင် လှုပ်ခတ်စေတဲ့ အပြုံးတစ်ခုနဲ့ ပြုံးပြလိုက်ချိန်မှာတော့ ဟန်ချန်ဖုန်း ဟာ သတိပြန်ဝင်လာတော့တယ်။
…
ယန်မြို့တော်ရဲ့ ညကတော့ တိတ်ဆိတ်မနေပါဘူး။ အိမ်တော်တွေမှာ ထွန်းညှိထားတဲ့ ဖယောင်းတိုင်တွေဟာတော့ ကောင်းကင်က ကြယ်တွေလိုမျိုး တောက်ပ နေခဲ့တယ်။ လူတွေအားလုံးဟာ လှုပ်ရှားနေကြတာကြောင့် လမ်းမ ဘေးတွေမှာ အရိပ်မည်းတွေဟာ ယိမ်းယိုင် စွာပေါ်ထွက်နေခဲ့တယ်။
ယန်မြို့တော်နဲ့ ငါးကီလို မီတာ ကွာဝေးတဲ့ ရေကန်ကတော့ အတော်လေးကို တည်ငြိမ်နေခဲ့တယ်။ အစိမ်းရောင် အလွှာ တစ်ခုဟာ ရေကန်ကို ဖုံးအုပ်ထားပြီးတော့ လရောင် ဖြာကျနေတဲ့ နေရာမှာတော့ ငွေရောင် အလွှာတွေ ဖြစ်ပေါ်နေခဲ့တယ်။
ဖန်ကျန်းရှီကတော့ ရေကန်ရဲ့ မျက်နှာပြင်ပေါ်ကို ငေးကြည့်နေရင်း သူ့ရဲ့ မျက်လုံးတွေဟာ တဖြည်းဖြည်းပြူးကျယ်လာပြီးတော့ မျက်တောင် မခတ် ဖြစ်လာတော့တယ်။
ဘာကြောင့်လဲ ဆိုတော့ ….
အမျိုးသမီး တစ်ဦး ကို မြင်တာကြောင့်ပဲ ဖြစ်တယ်။ လရောင် အောက်မှာ ကခုန်နေတဲ့ အမျိုးသမီး။ ကောင်းကင်ရတနာ ခန်းမမှာ တွေ့ခဲ့တဲ့ မြင်ကွင်း အတိုင်းပဲ ဖြစ်တယ်။ တူညီတဲ့ အဝတ်အစားနဲ့ ကျက်သရေရှိပြီး သိမ်မွေ့လှတဲ့ ပုံရိပ်ဟာ လေထဲမှာ လွင့်မျောနေတာ ဖြစ်တယ်။
ဒါပေမယ့် အခု ရောက်နေတာ က ကောင်းကင်ရတနာ ခန်းမ မဟုတ်ဘူး။ ငါးကီလို မီတာ ရေကန် ဖြစ်နေတယ်။
ဒါဆို…
ဒီ အမျိုးသမီးက ဘယ်က လာတာလဲ။
ဖန်ကျန်း၇ှီကတော့ သစ်ငုတ်တိုကြီး တစ်ခုလိုမျိုး တည်ငြိမ်နေခဲ့တယ်။ သူ တကယ်ပဲ သူမရဲ့ မျက်နှာကို သေချာ တွေ့ချင်တယ်။ ဒါပေမယ့်လည်း သူ့ရှေ့က ပုံရိပ်ဟာတော့ အဝတ်ဖြူစ တစ်ခုလိုမျိုး လွင့်မျောနေတဲ့ အလင်းတန်းဖြစ်တယ်။ အမျိုးသမီးရဲ့ မျက်နှာကို ခန့်မှန်းတာတောင် မလုပ်နိုင် ဘူး ဖြစ်တယ်။
ဒါပေမယ့်လည်း သူဟာ အံ့သြမှုကြီး တစ်ခုကို အကြီးအကျယ် ခံစားနေရတယ်။
ဒီ အမျိုးသမီးက အတော်လေးကို ရင်းနှီးနေတယ်။ တနေရာရာမှာ တေ ွ့ဖူး သလိုပဲ ဒါပေမယ့် ဘယ်နေရာလည်း တိတိကျကျ မမှတ်မိဘူး။
အမျိုးသမီးဟာ ရေကန် မျက်နှာပြင်ပေါ်မှာ ကခုန်နေဆဲ ဖြစ်တယ်။ လရောင် အောက်မှာပျော်မွေ့နေသလိုပါပဲ။ ဒီ မြင်ကွင်းဟာတော့ အနည်းငယ် ထူးဆန်းနေခဲ့တယ်။ ဒါဟာ သူ့ရဲ့ နှလုံးသားကို မိုးကြိုးနဲ့ အပြစ်ခံလိုက်ရသလိုမျိုး ဖြစ်သွားတော့တယ်။
ဒါပေမယ့်လည်း ဒီ မြင်ကွင်းဟာ ကောင်းကင် တာအို ခန်းမကနဲ့ ကွာခြားတယ်။ ဒီ အချိန်မှာတော့ ဖန်ကျန်းရှီဟာ သူမရဲ့ လှုပ်ရှားမှု တစ်ခု ချင်းစီတိုင်းကို အသေးစိတ်ကြည့်ပြီးမှတ်သားနေခဲ့တယ်။
ကောင်းကင်တာအို ခန်းမနဲ့ မတူညီတဲ့ အချက်ကတော့ သူမဟာ တိကျတဲ့ နေရာ တစ်ခုတည်းမှာ လှည့်ပတ်ကခုန်နေတာပဲ ဖြစ်တယ်။ ဖန်ကျန်းရှီ ဟာ ဒါကို ချက်ချင်း သတိပြုမိသွားခဲ့တယ်။
စက်ဝိုင်း တစ်ခု လိုမျိုး ဧရိယာ ဖြစ်တယ်။
ဒါက ကြီးမားတဲ့စက်ဝိုင်း မဟုတ် ဘူး။ တိကျတဲ့ စက်ဝိုင်း ဧရိယာ တစ်ခု တည်း မှာ လည်ပတ်နေတာ ဖြစ်တယ် ။ ဒီနေရာကနေ ထွက်ခွာ မသွားဘူး။ ကြည့်ရတာ သူမဟာ ရည်ရွယ် ရှိ၇ှိနဲ့ လည်ပတ်နေတာနဲ့ မတူပဲနဲ့ စက်ဝိုင်း တစ်ခု အတွင်းမှာ ပိတ်မိ နေတာနဲ့ တူခဲ့တယ်။
ဖန်ကျန်း၇ှီကတော့ ရန်ရွယ်ကို လာကြည့်ဖို့ ခေါ်ဖို့ ပြင်လိုက်တယ်။ ဒါပေမယ့်လည်း သူ ထ လိုက်တဲ့ အချိန်မှာပဲ တောက်ပ သိပ်သည်းလှတဲ့ အလင်းတန်း တစ်ခုဟာ ပေါ်လာတော့တယ် ။
ကောင်းကင်က လရောင်လိုမျိုး ဆင်တူ လှတယ်။
တောက်ပ သန့်စင်တဲ့ အဖြူရောင် အလင်းတန်းဟာ ကောင်းကင်ကနေ လွင့်မျော လာ တာ ဖြစ်တယ်။
ဒီ အချိန်မှာပဲ အမျိုးသမီး ရဲ့ နဖူးကနေ အလင်းတန်း ဟာ တူညီစွာ ထွက်ပေါ်လာခဲ့တယ်။ ဒီ အလင်းတန်းဟာ အောက်ကို တဖြည်းဖြည်း ကျဆင်းလာရင်းနဲ့ သူတို့ ကြားကို ဆက်သွယ်ပေးထားဟန်ပါပဲ။
ဖန်ကျန်းရှီ ဟာ မျက်စိရှေ့က မြင်ကွင်းကြောင့် မှင်သက်မိနေတဲ့ အချိန်မှာပဲ အမျိုးသမီး ဟာ ရုတ်တရက် ပျောက်ကွယ်သွားခဲ့တယ်။
သူမ ဟာ ဘယ်တုန်းကမှ မတည်ရှိခဲ့သလိုမျိုးပါပဲ။
ငြိမ်သက်မှု ဟာ ရေကန် မျက်နှာပြင်ပေါ်ကို ပြန်လည်ရောက်ရှိလာတော့တယ်။ သွေးနီရောင် တောက်နေတဲ့ ကျောက်တုံးတွေနဲ့ သဲတွေဟာလည်း မူရင်း အတိုင်း ပြန်လည် ရောက်ရှိလာတော့တယ်။ အနီရောင် ရဲရဲ ဟာ ပြန်လည် တောက်ပနေခဲ့တယ်။ လေပြည် လေညှင်းဟာတော့ မြစ်ကမ်း တစ်လျှောက်မှာ ငြင်သာစွာ တိုက်ခတ်နေခဲ့တယ်။
…
သုံးရက်ကြာပြီးနောက် . အာရုဏ်တက်ချိန်မှာ ။
နေသူရိန်ဟာ လင်းလက်လာခဲ့တယ်။ တဖြည်းဖြည်း မြင့်တက်လာပြီးတော့ ရွှေရောင် အလင်းတန်း တွေဟာ ကောင်းကင်ကို အလင်းဖြာနေစေခဲ့တယ်။
ယန်မြို့တော်ရဲ့ တံခါးမှာတော့ လူငယ် နှစ်ဦးဟာ မြောက်ပိုင်းဒေသ နတ်ဆိုးကျောင်းတော်က ပိုင်ဆိုင်တဲ့ နှင်းမဟူရာ မြင်းပျံတွေကို စီးနင်းပြီး ရောက်၇ှိလာခဲ့တယ်။
သူတို့ကို ဘယ်သူမှ မတရားမြစ် ခဲ့ပါဘူး။
ဖန်ကျန်းရှီကတော့ သူ့ ဘေးက ရန်ရွှယ်ကို ကြည့်လိုက်တယ်။ ဒါပေမယ့်လည်း စကား တစ်ခွန်းကိုမှ မဆို ခဲ့ဘူး ဘာကြောင့်လဲ ဆိုတော့ ရန်ရွှယ် ဘာတွေ တွေးနေလဲ သိတာကြောင့်ပဲ ဖြစ်တယ်။ သူ့ရဲ့ စိတ်နှလုံးထဲမှာတော့ ရန်ရွှယ်ဟာ ဒါကို ကောင်းကောင်း လုပ်နိုင်မယ်လို့ ယုံကြည်နေခဲ့တယ်။
…
တော်ဝင်ကျောင်းတော်မှာတော့ လူအုပ်ကြီးဟာ ငါးသေတ္တာ ငါးတွေ လို သိပ်သည်း ပြည့်သိပ်နေခဲ့တယ်။
မြောက်များလှစွာသော စာဖြေသူတွေဟာတော့ သူတို့ ဘဝကို ပြောင်းလဲ သွားစေမယ့် အခိုက်အတန့်ကို စောင့်ဆိုင်း နေကြတယ်။
ဒါကြောင့် လွန်ခဲ့တဲ့ ညဟာ စာဖြေသူတွေ အတွက် အိပ်မပျော်တဲ့ ည ဖြစ်ခဲ့တယ်။ သူတို့တင်မကပါ ဘူး။ စာစစ်သူတွေဟာလည်း မအိပ်ခဲ့ရဘူး ဖြစ်တယ်. ။
တော်ဝင်စာမေးပွဲဟာ မြောက်ပိုင်းဒေသ ။ အနောက်ပိုင်း လျန်နယ်မြေ။ တောင်ပိုင်း နိုင်ငံတော်နဲ့ အရှေ့ပင်လယ် မြို့တော်ကြီးက အရည်အချင်းမြင့် ကျောင်းတော်သားတွေကို စုဝေးစေနိုင်တဲ့ ကြီးမြတ်လှတဲ့ တာအို စာမေးပွဲကြီး တစ်ခု ဖြစ်ခဲ့တယ်။
ဒါဟာ မိုင်ထောင်ပေါင်းများစွာ ကွာဝေးလှတဲ့ ဒေသ က ကျောင်းတော်သားတွေကို ဒီမြို့တော်မှာ စုဝေးလာစေတယ်။ ဒါကြောင့် မျက်ထောင့်နီနဲ့ ကျောင်းတော်သားတွေဟာ ရိက္ခာ အခြောက်အခြမ်းတွေကို ဝါးရင်းနဲ့ သာ စိတ်ရှည် လက်ရှည် စောင့် ဆိုင်းနေကြတာ ဖြစ်တယ်။
စာဖြေသူတွေထက် ယန်မြို့တော်က ရုံးတော်သားတွေဟာလည်း လာရောက်ကြတယ်။
အတွေးအခေါ် စာမေးပွဲ အောင်စာရင်း ထုတ်ပြန်မှု ဟာ အရည် အချင်း မြင့်မားတဲ့ ကျောင်းတော်သားတွေကို တစုတဝေးတည်း တွေ့နိုင်တဲ့ နေရာ တစ်ခု ဖြစ်တယ်။ သူတို့ အတွက် လူ ရွေးချယ်ဖို့လည်း အချိန်ဖြစ်တယ်။ ပထမတန်းစားကျောင်းတော်သားတွေဟာ အတော်လေးကို မြင့်မားတဲ့ အောင်မြင်မှု အကျိုးရလိမ့်မယ်။
“ မြန်မြန် ကြည့်လိုက်။ အဲ့တာ စစ်နတ်ကျောင်းတော်က ရှင်ချင်းစွေ့ပဲ၊” လူအုပ်ကြီးဟာ ဆူညံလာတော့တယ်။ နောက်ဆုံးမှာတော့ သူတို့ အားလုံးရဲ့ မျက်လုံးတွေဟာ ခပ်ဝေးဝေးက နေ လျှောက်လာနေတဲ့ လူငယ်လေး ဆီကို ရောက်သွားတော့တယ်။
လူငယ်လေးဟာတော့ အသက် နှစ်ဆယ့် နှစ်က နေ နှစ်ဆယ့် လေး အတွင်း ၇ှိပြီ ဖြစ်တယ်။ သူ့ရဲ့ မျက်နှာကတော့ မည်းမှောင်တယ်။ မြင့်မြတ်ဂုဏ်ခံ မိသားစုမှာ ကြီးပြင်းလာခဲ့တဲ့ တခြားသော ကျောင်းတော်သားတွေနဲ့ မတူညီဘူး။ ဒါပေမယ့်လည်း သူ့ရဲ့ အရှိန်အဝါ ကတော့ အတော်လေးကို မြင့်မားလှတယ်။
သားကောင်ကို လိုက်ဖို့ အဆင်သင့် ဖြစ်နေတဲ့ ကျားသစ်နက် တစ်ကောင်နဲ့ တူညီလှတယ်။ သူ့ရဲ့ မျက်လုံးတွေဟာ နူးညံ့တဲ့ အငွေ့အသက်တွေ ရှိနေပင်မယ့်လည်း သူ့ရဲ့ မျက်ခုံးထူထူတွေကတော့ အရိုင်းဆန်တဲ့ အငွေ့အသက်တွေကို ဖြစ်ပေါ်စေတယ်။
“ ရှင်း ချင်းစွေ့က ကောင်းကင် ရောင်ပြန် အဆင့် အလယ်တန်းကို ရောက်နေပြီလို့ ကြားတယ်။ စစ်နတ်ကျောင်းတော်က သခင် ရှင်း ကိုယ်တိုင် ပျိုးထောင်ပေးခဲ့တာ ဖြစ်တယ်။ လွန်ခဲ့တဲ့ နှစ် အနည်းငယ်တည်းက စစ်ပွဲမှာ ပါဝင် တိုက်ခိုက်ရင်းနဲ့ သူ့ရဲ့ အရည် အချင်းကို ထက်မြက်အောင် လုပ်နေတယ်လို့ ကြားတယ်။ ဒီ တစ်ခေါက် တော်ဝင် စာမေးပွဲမှာတော့ သူလည်း အဆင့်ကောင်းကောင်းတော့ ရမယ် ထင်တယ်။”
“ ဒီ တစ်ခေါက် တော်ဝင် စာမေးပွဲမှာတော့ စု မျိုးနွယ်က စုတုန်းလင် ကို လည်း ရှာရမယ်။”
“ ကောင်းပြီလေ။ ငါတော့ ဒီ အချက်မှာ ဆန့်ကျင်တယ်။ စုတုန်းလင်က ကောင်းကင် ရောင်ပြန်အဆင့်ကို ရောက်ပြီးတာ ဖြစ်ပေမယ့်လည်း သူ့မှာ တိုက်ပွဲ အတွေ့အကြုံတော့ မရှိဘူး။ သူ့ရဲ့ အဆင့်ကမြင့်ရင်တောင်မှ လက်တွေ့ တိုက်ပွဲမှာ ရှင်ချင်းစွေ့ကို နိုင်မှာ မဟုတ်ဘူး။”
“ စုတုန်းလင် ရောက်လာပြီ။ ”
လူအုပ်ကြီးဆွေးနွေးနေကြချိန် မှာပဲ တရုတ်ရိုးရာ ဝတ်စုံကို ဝတ်ထားတဲ့ လူငယ်လေးဟာ လမ်းလျှောက်လာတော့တယ်။ သူ့ရဲ့ အသက် ဟာတော့ နှစ်ဆယ့် ငါးကနေ နှစ်ဆယ့် ခြောက်ကြားရှိနေပြီ ဖြစ်တယ်။ သူ့ရဲ့ မျက်နှာကတော့ ချောမွေ့ ဖြူဖျော့နေပြီးတော့ မျက်ခုံး နှစ်ဖက် ကြားမှာတော့ ပင်ပန်းမှုတွေကို အတိုင်းသား မြင်နေကြတယ်။
ကြည့်ရတာ သူ့ကိုယ်သူ အတော်လေး လေးနက်တဲ့ ကိစ္စ တစ်ခုထဲမှာ တွန်းထဲ့ခြင်း ခံထားရသလိုပဲ။
လူငယ်လေးရဲ့ နောက်မှာတော့ အမျိုးသမီး နှစ်ဦး လိုက်ပါလာခဲ့တယ်။
အမျိုးသမီး နှစ်ဦးဟာတော့ နူးညံ့လှတဲ့ သွင်ပြင်တွေ၇ှိတယ်။ ခြေကျင်းဝတ်ထိ ရှည်တဲ့ အနီရောင် ဝတ်စုံကို တစ်ဦးက ဝတ်ထားပြီးတော့ နောက်တစ်ဦးဟာတော့ အစိမ်းရောင် ဝတ်စုံကို ဝတ်ထားခဲ့တယ်။ သူတို့ရဲ့ ကျောမှာတော့ ဓားတွေ လွယ်ထားခဲ့တယ်။
ဓားဟာတော့ အနီနဲ့ အစိမ်းဖြစ်ပြီးတော့ အမျိုးသမီးတွေရဲ့ ဝတ်စုံနဲ့ လိုက်ဖက်ညီနေခဲ့တယ်။
“ ကြည့် စမ်း ။ ဒါက စုတုန်းလင်ရဲ့ လက်ဝဲရံနဲ့ လက်ယာရံပဲ။”
“ သခင်ကြီး စု ကတော့ သူ့သားကို အတော်လေး အချစ်ပိုတာပဲ။ ဘယ်ညာရံတွေ က တကယ်ပဲ သူ့ရဲ့ နောက်ကို အောင်စာ ရင်း ကြည့်ဖို့ လိုက်လာတယ်။ ရိုးရိုးရှင်းရှင်း သိသာနိုင်တယ်။”
“ မင်း မနာ လိုတာကို ဖုံးကွယ် မထားပါနဲ့တော့ ။ ဘာတွေ ပွစိ ပွစိ ပြောနေတာလဲ။”
“ ဟားဟားဟား”
လူအုပ်ကြီးရဲ့ စိတ်ဝင်စားမှုတွေဟာ တော့ ရှင်ချင်းစွေ့နဲ့ စုတုန်းလင် တို့ဆီမှာ ရောက်ရှိနေခဲ့တယ်။ မျက်လုံး တစ်စုံ ကိုတော့ သတိမထားကြဘူး။ ဒါပေမယ့်လည်း ဒီ မျက်လုံးဟာတော့ သိပ်ကို တည်ငြိမ်လွန်းတယ်။ စိတ်လှုပ်၇ှားမှု တစ်ခုလေးတောင် မရှိပဲနဲ့ တောက်ပနေတဲ့ အရိပ် အယောင်တွေသာ ပြည့်နှက်နေခဲ့တယ်။
ဒါပေမယ့်လည်း သူ မျက်လုံးတွေရဲ့ ထူးခြားချက်ဟာတော့ တည်ငြိမ်မှုကြောင့် ဖြစ်တယ်။ တော်ဝင်ကျောင်းတော်ကြီးရဲ့ တံခါးမှာ စောင့်ဆိုင်း နေကြတဲ့ အရည်အချင်းရှိ ကျောင်းတော်သားတွေတောင်မှ မယှဉ်နိုင်တဲ့ မျက်လုံး အငွေ့အသက် ဖြစ်နေတယ်။
ဒီ မျက်လုံးတွေရဲ့ ပိုင်ရှင်ကတော့ တခြားသူတွေကို ဂရုစိုက်ဟန် အလျဉ်းမရှိပါဘူး။
သူဟာ ထုံးစံ အတိုင်း သစ်ပင် ရိပ်မှာ ၇ပ်နေခဲ့တယ်။ သူဟာ အရောင်မပါတဲ့ အကျီကို ဝတ်ထားပြီးတော့ ခေါင်းပေါ်မှာတော့ ဦးထုပ်ဖြူဆောင်းထားခဲ့တယ်။
ဒီလို ဝတ်ရုံမျိုး က အရမ်းကို သာမာန်ဆန်လွန်းတယ်။
သာမာန်လူတွေတောင်မှ သူ့ကို နှစ်ခါ ပြန်ကြည့်မှာ မဟုတ်ဘူး။
ဒါပေမယ့်လည်း ဒီ လူဟာတော့ အခု ချိန်မှာ မြောက်များစွာသော နန်းတော် ရုံးတော်သားတွေရဲ့ အာရုံစိုက်မှုကို ခံနေရတယ်။ ရောက်ရှိနေကြတဲ့ ရုံးတော်သားတွေ အားလုံးဟာတော့ လူငယ်လေးဆီမှာပဲ အကြည့် ရောက်ရှိနေကြတယ်။
ဒါပေမယ့်လည်း သူတို့ဟာ ဘယ်သူ တစ်ဦး တစ်ယောက်က မှ စကား မစဝံ့ကြပါဘူး။ သူတို့ရဲ့ နှလုံးသား ထဲမှာ အခြေတည်နေတဲ့ ကြောက်ရွံ့မှု ကြီး ရှိနေတာ ကြောင့် ပဲ ဖြစ်တယ်။
အပိုင်း ( ၁၇၇) ပြီး၏။
အပိုင်း ( ၁၇၈)
“ထောင်လွှား မောက်မာမှု”
Translator: Sparrow Tranlations Editor: Sparrow Translations
နန်းတော်က ရုံးတော် သားတွေက ကောင်လေး တစ်ယောက်ကို ကြောက်နေတယ်လား။
ဒါက တော့ ကြည့်လိုက်တာနဲ့ သိနိုင် ပါတယ်။ ဒါပေမယ့်လည်း အကယ်၍ ဒီကောင်လေးရဲ့ မျိုးရိုးနာမည်ကသာ နန်ကုန်း ဖြစ်ခဲ့မယ် ဆိုရင် သူတို့ရဲ့ အတွေးဟာတော့ နန်ကုန်း မျိုးနွယ်က ထွက်ပေါ်လာခဲ့တဲ့ အဖိုးမဖြတ်နိုင်တဲ့ ဉာဏ်ကြီးရှင် တစ်ဦးကို သတိရမိမှာ အမှန်ပါပဲ။
ချီကူယန်နဲ့ အတူ ထွက် ပေါ်လာတဲ့ ဉာဏ်ကြီးရှင်။
ကြီးမြတ်သော ရှ မင်းဆက်ရဲ့ အံ့ဖွယ် တစ်ခု ဖြစ်တဲ့ နန်ကုန်းဟောင်။
သူတို့ ရှေ့မှောက်က လူဟာ နန်ကုန်းမု ဖြစ်နေတယ်။. နန်ကုန်းဟောင်ရဲ့ ညီငယ်လေး။
…
ဖန်ကျန်း၇ှီနဲ့ ရန်ရွှယ်ဟာ နှင်းမဟူရာ မြင်းတွေကို စီးရင်း တည်းခိုခန်းကို ရောက်၇ှိ လာခဲ့တယ်။ သုူတို့ရဲ့ မြင်းတွေကို မြင်းဇောင်းထဲ ပို့နေချိန်မှာပဲ လမ်းတွေပေါ်မှာ လူ ထူထပ်လွန်းလှတာကို သတိ ပြုမိသွားတယ်။ ခြေသံတွေ များပြားလာတာနဲ့ အများစု ဟာ တစ်နေရာတည်းကို ဦးတည် သွားနေတာကြတာ ကို သူတို့ ကြားနေရတယ်။
နေရာကတော့ ထုံးစံ အတိုင်း တော်ဝင်ကျောင်းတော် ပဲ ဖြစ်တယ်။
ဒီနေ့ကတော့ အတွေးအခေါ် စာမေးပွဲရဲ့ ရလဒ်ကို ထုတ်ပြန်မယ့် နေ့ဖြစ်တယ်။ ယန်မြို့တော်ရဲ့ လေထုကတော့ အတော်လေးကို လေးလံ သိပ်သည်းနေခဲ့တယ်။ ဒါပေမယ့်လည်း ဖန်ကျန်းရှီ ပေါ်ကို တော့ သက်ရောက်နိုင်စွမ်း ရှိဟန် မထင်။ သူဟာတော့ ထုံးစံ အတိုင်း အေးဆေး သက်သာ နေခဲ့တယ်။
တူညီစွာနဲ့ပဲ ရန်ရွှယ် ဟာလည်း စိတ်လှုပ်၇ှားမှု အရိပ်အယောင်တောင် မြပ်ဘူး ဖြစ်တယ်။ သူ့ရဲ့ စိတ်ဟာတော့ မိမိကိုယ်ကို ဆန်းစစ်နေ ဟန်ပါပဲ။ အတွေးအခေါ် စာမေးပွဲရဲ့ အဆုံးက နေ အခု ချိန်ထိ သူဟာ အပြန်ပြန် အလှန်လှန် တွေးတော ဆင်ခြင် နေခဲ့တယ်။
အပြန်လမ်းမှာ တုန်းကလည်း နှစ်ဦးသား စကားအချို့ကို သာ ပြောဖြစ်ခဲ့ကြတယ်။
ဖန်ကျန်းရှီနဲ့ ရန်ရွှယ် တော်ဝင်ကျောင်းတော်ကို နီးကပ်လာလေလေ သူတို့ကို ကြည့်တဲ့ မျက်လုံးနက်တွေက ပိုတိုး လာလေ ဖြစ်တယ်။ စာမေးပွဲ အောင်စာရင်း ကျောက်တုံးကို ကြည့်ဖို့ မပြောနဲ့ တံခါး ၀ ဟာ အစောင့်တွေနဲ့ တင် လုံး၀ ပိတ်နေတာပဲ ဖြစ်တယ်။
တော်ဝင်ကျောင်းတော်မှာ လူစုလူဝေးကြီး ဖြစ်နေခဲ့တယ်။
တစ်ချက် ကြည့်ပြီးနောက် ဖန်ကျန်းရှီ နည်းနည်း ကြောက်သွားခဲ့တယ်။ စာမေးပွဲ လာဖြေတုန်းက လူ ဒီလောက်မများမှန်း သူကောင်း ကောင်း မှတ်မိတယ်။
ဒါ ဆို အ ခု လူတွေက ဘယ်ကနေ ထွက်လာတာလဲ။
သူတွေးေ နေချိန်မှာပဲ သူ့ရဲ့ ဘေး ပတ်လည်က လူတွေကိုပါ ဂရုတစိုက် မှတ်သားနေခဲ့တယ်။ နောက်ဆုံးမှာတော့ စာဖြေသူတွေတင်မကပဲ နန်းတော်က ရုံးတော်သားတွေပါ ရှိနေတယ် ဆိုတာ သူ နားလည် သွားတယ်။
ဒီမှာ ဖြတ်သွားဖြတ်လာ ကုန်သည်ကြီးတွေတောင်မှ လာကြည့်နေကြတာ ၇ှိသေးတယ်။
ကြီးမြတ်သော ရှ မင်းဆက်ရဲ့ အကြီးကျယ် ဆုံးသော တော်ဝင် စာမေးပွဲ ကြီး ဆိုတာ တွေးစရာတောင် မလိုတော့ပါဘူး။ ရုံးတော်သား တွေကော တိုင်းသူ ပြည်သားတွေပါ ဒီ အချိန်ကို စောင့် ဆိုင်းရင်း အတော်လေး စိတ်လှုပ်၇ှားနေကြတယ်။
ဖန်ကျန်းရှီကတော့ ထုံးစံ အတိုင်း လေလေး တချွန်ချွန်နဲ့ သာ အေးဆေး လမ်းလျှောက်နေခဲ့တယ်။ သူ့ရဲ့ မျက်လုံးတွေကတော့ ရှေ့က လူတွေကို ရှိတယ်လို့တောင် မထင်ပါ ဘူး။
ဒါပေမယ့်လည်း သူနဲ့ ရန်ရွှယ်ကို မြင်သွားတဲ့ လူအုပ်ကြီးကတော့ စတင်ပြီး ပေါက်ပေါက် ဖောက်ကြတော့တယ်။
ဒါက ဖန်ကျန်းရှီကို အနည်းငယ်တော် အံ့သြစေတယ်။ အတွေးအခေါ် စာ မေးပွဲကို သူတို့ သွားဖြေတဲ့ နေ့တုန်းက ယန်မြို့တော်ဟာ အတော်လေးကို အထင်သေးခဲ့ကြတယ်.။
ဒါပေမယ့်လည်း
ဒီနေ့မှာတော့ ထူးခြားနေတယ်။
ဒါပေါ့။ သူ အလည် အပတ်ထွက်နေတဲ့ သုံးရက်အတွင်းမှာ မြို့တော် တစ်ခုလုံး သူ့ အကြောင်းပဲ ပြောနေခဲ့တာ သူမသိဘူး။ လမ်းမကြီးကနေ နောက်ဖေးလမ်းကြားတွေအထိ အိမ်တော်ကြီးတွေနဲ့ အိမ်တော်ငယ်တွေပါ။ လူတိုင်း ဟာ သူ့ အကြောင်းပြောနေခဲ့ကြတယ်။
သမိုင်းတစ်ခု အစပြုခဲ့တယ်။ ဘယ်လို နည်းပဲ သုံးသုံး သူ ဘာတွေပဲ ရေးရေး။ တော်ဝင်စာမေးပွဲရဲ့ နှစ်ထောင်ချီတည်ရှိ ခဲ့တဲ့ စည်းမျဉ်းကိုသူ ချိုးဖျက်နိုင်ခဲ့တယ်။
လူတိုင်းဟာတော့ ဒီအကြောင်းကိုပဲ တွေးမိနေကြပြီးတော့ မျက်လုံးတွေကတော့ ဖန်ကျန်း၇ှီ ဆီမှာပဲ ရောက်နေကြတယ်။
“ အဲ့တာ ဖန်ကျန်းရှီ”
နောက်ဆုံးတော့ သူရောက်လာပြီ။ အဆင့်ကျသွားရင် သူ့ပုံစံ ဘယ်လို ဖြစ်သွားမယ် ထင်လဲ။”
“ ကောင်းပြီလေး ။ ငါထင်တာတော့ အဆင့်အများကြီး ကျမှာ မဟုတ် ဘူး။ မြို့တော် စာမေးပွဲ ရဲ့ အတွေံးအခေါ် ချန်ပီယံ တစ်ဦးအနေနဲ့ ဒုတိယ တန်းထက်တော့ လျော့မှာ မဟုတ် ဘူး။”
“ဝန်ကြီး ယွီ ပြောတဲ့ ဆုံးဖြတ်မှုကို မင်း မကြားဘူးလား။”
“အရေအတွက်ထက် အရည်အချင်းက ပို အရေးကြီးတယ် ဆ ိုတာမလား။ ကြားသားပဲ။”
“ ဖန်ကျန်းရှီက မေးခွန်းတွေ အကုန်ဖြေတယ် ဆိုရင်တောင် သူ့မှာ ဒုတိယ တန်းစားထက်ပိုရဖို့ အခြေအနေ ပေးမှာ မဟုတ် ဘူး။ မေးခွန်းခြောက်စုံလုံး ဖြေနိုင်ပေမယ့်လည်း ဒီလို နိမ့်ကျတဲ့ အဆင့်အတန်း နဲ့ ကျော်ကြားနေတဲ့ သူက ကောင်းမွန်တဲ့ အရည်အသွေးတော့ ရှိမှာ မဟုတ် ဘူး။”
“ အကိုတန်ရဲ့ အမြင်က စူး၇ှပေတယ်။ လေးစားမိတယ်။.”
ဖြေဆိုသူတွေကတော့ အမျိုးမျိုး ပြောဆိုနေကြတယ်။ ဖန်ကျန်းရှီ အဆင့် ကျသွားရင် ဘယ်လို ဖြစ်မလဲ ဆိုတာ သူတို့ စောင့်ကြည့်နေကြတယ်။ ဒီ စိတ်သဘောကတော့ မနာလို ဝန်တိုမှုပေါ်မှာ အခြေခံပြီး ဖြစ်ပေါ်လာခြင်းပဲ ဖြစ်တယ်။
ဒါက အဝတ်အစားအမြဲ ဝတ်နေကြ လူတွေဟာ တစ်နေ့မှာတော့ လူတစ်ယောက် အဝတ်ဗလာနဲ့ လျှောက်သွားတာကို တွေ့လိုက်ရတယ်။ အဲ့ဒီ့နောက်
ထိုလူဟာ သန်မာကျော်ကြားတဲ့ သူတစ်ဦး ဖြစ်လာတာမျိုး ဖြစ်တယ်။
နောက်ပြီးတော့ ဒီ အချိန်တုန်းက ဖန်ကျန်းရှီရဲ့ အပြု အမူတွေဟာ သူတို့ရဲ့ စိတ်ထဲမှာ တော်ရုံ မမေ့ဖျောက်နိုင်ဘူး ဖြစ်စေတယ်။ သူက ကြီးမြတ်သော ရှ မင်းဆက်ရဲ့ သမိုင်းကြောင်းကို ပြောင်းလဲ ပြစ်လိုက်ပြီးတော့ ခြေထောက်အောက်မှာ နင်းချေလိုက်တယ်။
သမိုင်းတစ်လျှောက်မှာ မဖြစ်ဖူးတဲ့ လေးနာရီ အတွင်း မေးခွန်း ခြောက်စုံကို အပြီးဖြေဆိုမှု
ဒါက တကယ် ပဲ ဖြစ်ခဲ့မယ် ဆိုရင် သူဟာလည်း နန်ကုန်းဟောင်တို့ ချီကူယန် တို့လိုမျိုး အဆင့်တန်း မြင့်မားတဲ့ ဉာဏ်ကြီးရှင် တစ်ဦး ဖြစ်တယ်ဆိုတာ သိသာ သွားမှာ ဖြစ်တယ်။
အရင် တစ်ကြိမ် တုန်းက ချီကူယန် ဟာ နှစ်ထပ်ကွမ်း ချန်ပီယံ ဖြစ်ခဲ့တယ်။ သူ့ အရှေ့မှာတော့ နန်ကုန်းဟောင် ဟာ တော်ဝင် စာမေးပွဲမှာ အဆင့်မြင့် ချန်ပီယံ ဖြစ်ခဲ့တယ်။ ဒါပေမယ့်လည်း ဖန်ကျန်းရှီလုပ်တဲ့ အဖြစ်မျိုးကိုတော့ ဘယ်သူမှ မလုပ်ခဲ့ဘူး ဖြစ်တယ်။
ဘယ်သူကမှ ဒီ လို အောင်မြင်မှု ဖြစ်နိုင်မယ်လို့ မတွေးမိကြဘူး။
နောက်ပြီးတော့ တာအို ခန်းမကိုတောင် မဝင်ဖူးတဲ့ တောသား တစ်ယောက် ။ ရုံးတော်သားနဲ့ မြင့်မြတ်ဂုဏ်ခံတွေလဲ မယုံကြည်ကြဘူး။
ဖန်ကျန်းရှီကတော့ စိတ်ရှုပ်ဟန်နဲ့ ထိတ်လန့်ဟန် ပြည့်နေတဲ့ မျက်ဝန်းတွေကို ပြန်စိုက်ကြည့်နေတယ်။ ဒီအချိန်မှာပဲ အနှောက်အယှက် တစ်ခု ဟာ လူအုပ်ကြားထဲကနေ ထွက်လာတော့တယ်။
အဖြူရောင် တရုတ်ရိုးရာ ဝတ်စုံကို ဝတ်ထားတဲ့ လူငယ်လေးဟာတော့ အမျိုးသမီး အစေခံ နှစ်ဦးနဲ့ အတူ ဖန်ကျန်းရှီ ဆီကို လျှောက်လာခဲ့တယ်။
တော်ဝင်ကျောင်းတော် တံခါးဝမှာ ပိတ်နေတဲ့ လူတွေဟာတော့ အနည်းငယ် လမ်းရှင်းပေးကြတယ်။ နှေးတဲ့သူတွေကတော့ ဖင်ထိုင်လျက် လဲကျကုန်ကြတယ်။
အဲ့ဒီ့နောက် တိုးတိတ်တဲ့ အော်သံတွေဟာ ကျယ်လောင်လာခဲ့တယ်။
“ မင်း မျက်လုံး မပါဘူးလား။”
“ ခြေထောက်။ ငါ့ ခြေထောက် ။”
“ အားးးး အမျိုးသမီး ။ မင်း ငါ့ မျက်နှာပေါ် ထိုင်ထားတယ်။
“…”
နောက်ဆုံးအသံက ဖန်ကျန်းရှီရဲ့ စပ်စုလိုစိတ်ကို ပြင်းပျ စေတယ်။ ဒါကြောင့် တစ်ယောက်ယောက်က သူ့မျက်နှာပေါ် ထိုင်နေတဲ့ မြင်ကွင်းဟာ ဘယ်လို ဖြစ်မလဲ ဆိုတာ အတော်လေး တအံံ့တသြနဲ့ လိုက်ရှာနေခဲ့တယ်။
နောက်ဆုံးတော့ အသံ ထွက်လာတဲ့ နေရာကို သူတွေ့သွားတယ်။
ဒါပေမယ့်လည်း
စိတ်မကောင်းစရာက သူ့ရှေ့ကို လူတစ်ယောက်ပိတ်ရပ်လိုက်တာပဲ ဖြစ်တယ်။ ဒါ့အပြင် နောက် နှစ်ယောက်ပါ သူ့ဘေးမှာ ပါလာသေးတယ်။
အမျိူးသမီး အစေခံ နှစ်ဦးနဲ့ စုတုန်းလင်။
အမျိုးသမီး နှစ်ဦးရဲ့ နူးညံ့လှပပြီး ကျက်သရေရှိတဲ့ သွင်ပြင်ကြော်င့သူတို့ရဲ့အသက်ကို ခန့်မှန်းဖို့က ခက်ခဲတယ်။ သူမတို့ရဲ့ မျက်ဝန်းတွေဟာတော့ ပြိုင်ဘက်ကင်းစွာ တောက်ပ နေနခဲ့တယ်။ ဓားတစ်ချောင်းသဖွယ် စူးရှ ထက်မြက်တဲ့ အရိပ်အယောင်
“အဲ့တာ ဓား အစေခံ တွေပဲ။” ရန်ရွှယ်က ပြောလိုက်တယ်။ သူ့ရဲ့ အကြည့်ကတော့ ဖန်ကျန်းရှီအတိုင်းပါပဲ။ စုတုန်းလင်ကို မြင်ဟန် မတူပဲနဲ့ အမျိုးသမီး နှစ်ဦးကိုသာ အကြည့်ရောက်နေခဲ့တယ်။
စုတုန်းလင်ရဲ့ မျက်နှာကတော့ မည်းမှောင်သွားပြီးနောက် တစ်ဖန်ဖြူဖျော့သွားပြန်တယ်။
“မင်းက ဖန်ကျန်းရှီလား။”
“တစ်ခုခုရှာနေတာလား။” ဖန်ကျန်းရှီက စုတုန်းလင်ရဲ့ စကားကို ကြားချိန်မှာတော့ စိတ်ရှုပ်ဟန် အပြည့်နဲ့ မေးလိုက်တယ်။
စုတုန်းလင်ဟာတော့ ဖန်ကျန်းရှီရဲ့ မျက်နှာ ပေါ်က စိတ်ရှုပ်ဟန် အကြည့်ကို သတိပြုမိသွားတယ်။ သူ့ရဲ့ နှလုံးကို တစ်ခုခုက နာကျင်အောင် လုပ်နေသလိုပဲ သူ့ရဲ့ မျက်နှာဟာတော့ အေးစက်သည်ထက်
“ ငါ ဘယ်လို လူမျိုးကို အမုန်းဆုံးလည်း မင်းသိလား။ မင်းလိုမျိုး အဆင့်နိမ့် ကောင်တွေ အောင်မြင်မှုနောက်ကို လိုက်ပြီးတော့ အတုအယောင် အောင်မြင်နေတာ တွေပဲ။ ငါက မင်းနဲ့ မတူဘူး။ ကိုယ်ပိုင်အရည်အချင်းနဲ့ လာတာ။ မကြာခင် ထွက်လာတဲ့ အောင်စာရင်းမှာ ငါ့ နာမည်ပေါ်လာလိမ့်မယ် ။ မင်းကတော့ ဘယ်နေရာမှာမှ ပါမှာ မဟုတ်ဘူး။” စုတုန်းလင်က တလက်လက် တောက်နေတဲ့ မျက်ဝန်းတွေနဲ့ ကြည့်ရင်း ပြောလိုက်တယ်။
စာမေးပွဲ အောင်စာရင်း မထွက်ခင် သုံးရက်အတွင်း လူတိုင်းပြောနေခဲ့ ကြတာက ဖန်ကျန်းရှီ အကြောင်းပဲ ဖြစ်တယ်။ ဘယ်နေရာ သွားသွား ဘယ်ကို ရောက်ရောက် လူတိုင်းဟာ ဖန်ကျန်းရှီ အကြောင်းကိုပဲ ပြောနေကြတယ်။
သူတွေးခဲ့တာက အတွေးအခေါ် စာမေးပွဲ ပြီးရင် တောက်ပတဲ့ နေ့ရက်တွေ ဟာ သူ့ အတွက် ရောက်လာလိမ့်မယ်လို့ ။ ဒါပေမယ့်လည်း သူ ဟာ အမေ့လျော့ ခံ တစ်ယောက်သာ ဖြစ်ခဲ့တယ်။
ဒီ ခံစားချက်ကတော့ လက်ထပ်ပြီး ပျားရည်စမ်း ခရီး ထွက်တဲ့ အချိန်မှာ သူ့မိန်းမကို တခြားသူ တစ်ယောက် ခိုးသွား သလိုပဲ ဖြစ်တယ်။
ဒီလို အဖြစ်မျိုးကို ဘယ်လို သည်းခံ ရမှာလဲ။
ဖန်ကျန်းရှီကတော့ စုတုန်းလင်ရဲ့ အတွေးတွေကို သိပ်နားမလည်ပါဘူး။ သူခံစားနေရ တာကတော့ အရာ အားလုံး ဖြစ်ပျက်တာဟာ သိပ်ကို မြန်ဆန်လွန်းလှတယ်။ ဘယ်သူ့ကိုမှ အပြစ် မပြုမိပဲနဲ့ သူ့ရှေ့ကို တစ်ယောက်ယောက်က ခုန်ဝင်လာပြီးတော့ ဖန်ကျန်းရှီရဲ့ စွမ်းရည်တွေနဲ့ သူ့ အရည်အချင်းကို ပြောပြတယ်။
မင်းမှာ စွမ်းရည်ရှိတယ်။
ဒီကိုရောက်လာတာ မင်းရဲ့ စွမ်းရည် ကြောင့် ဟုတ်လား။
“ မင်း ဆိုရိုးစကား တစ်ခု ကြားဖူးလား။” ဖန်ကျန်းရှီက စုတုန်းလင်ကိုမေးလိုက်တယ်။
“ဘာ ဆိုရိုးစကားလဲ။”
“ အရှေ့ကမ်းမှာ နှစ်သုံးဆယ် ။ နောက် နှစ်သုံးဆယ် ကြာ၇င်တော့ အနောက်ကမ်းကို ရောက်လိမ့်မယ်။” (၁)
“ မင်းပြောချင်တာ မင်းက ငယ်ရွယ်သေးတဲ့ အတွက်ရှေ့ဆက်ကြိုးစားဖို့ အချိန် အများကြီး ကျန်သေးတယ်လို့လား။” စုတုန်းလင်ဟာတော့ ဖန်ကျန်းရှီကို အတော်လေး လျှော့်တွက် နေခဲ့တယ်။
“ မဟုတ် ဘူး။ ငါပြောချင်တာက ။ ငါက အရှေ့ကမ်း။ မင်းက အနောက်ကမ်း။ မင်း ထိပ်ဆုံးရောက်ချင်ရင် နောက်ထပ် အနှစ်သုံးဆယ် စောင့်လိုက်အုန်း။” ဖန်ကျန်းရှီက လုံးဝကို ကွဲပြားတဲ့ လေသံနဲ့ ပြန်ဖြေလိုက်တယ်။
“ မင်း .. .ထောင်လွှားမောက်မာတဲ့ တောသားကောင်” စုတုန်းလင်ရဲ့ မျက်နှာ အမူအယာက်တော့ ပြောင်းလဲ သွားပြီးတော့ ဒေါသတွေ ပေါက်ကွဲ လာတော့တယ်။ ဒီ ဒေါသ ဟာ သူ့ကိုယ်ကို ပြောင်းလဲ စေတယ်။
သူ့ရဲ့ ကောင်းကင်ရောင်ပြန် အဆင့် စွမ်းအားနဲ့ ဆို၇င် အခုမှ ကောင်းကင်ရောင်ပြန် အဆင့် ရောက်လာသူကို ဒူးထောက်အောင် လုပ်နိုင်မယ်လို့ ယုံကြည်နေခဲ့တယ်။
ဒါပေမယ့်လည်း သူ စိတ်ပျက်သွားခဲ့၇တယ်။
ဖန်ကျန်းရှီက သူ့ရဲ့ ဖိအားကို လုံး၀ မခံ စားရဘူး။
အဲ့ဒီ့အစား စုတုန်းလင်ကိုသာ အပြစ်ကင်းစင်ဟန်နဲ့ ကြည့်နေခဲ့တယ်။ မုန်တိုင်းကြား က လေ တစ်စီးလို ရေလှိုင်းကြားလွန့်လူးနေတာတောင်မှ ဘယ်တော့မှ မမြှုပ်ဘူး။
“ သခင်လေး ။ သခင်ကြီးက ပြဿနာ မဖြစ်ဖို့ မှာထားတယ်။” ဒီ အချိန်မှာပဲ အနီရောင် အမျိုးသမီးဟာ စကားပြောတော့တယ်။ သူမရဲ့ အသံ ဟာ မကျယ်လောင် ပေမယ့် အရှိန်အဝါကတော့ ထက်ရှ လှတယ်။
“ ဟွန့် ။ မင်း ကံကောင်းစွာနဲ့ စာမေးပွဲ အောင် ပါစေ လို့ မျှော်လင့် ပါတယ်။ ” စုတုန်းလင် ကတော့ အမျိုးသမီး နှစ်ဦး ဆွဲခေါ် သွားခြင်းကို ခံလိုက်ရတယ်။ သူဟာ အမျိုးသမီးကို မလေးမစား မပြုတော့ပဲနဲ့ မြင့်မြတ်တဲ့ သခင်လေး အသွင်ကို ပြန်လည် ပြောင်းလဲ သွားတော့တယ်။
ငြိမ်းချမ်းမှုကတော့ ပြန်လည် ရောက်၇ှိလာခဲ့ပြီ။
ဖန်ကျန်း၇ှီက စုတုန်းလင် နဲ့ အမျိုးသမီး ကိုယ်ရံတော် ( အစေခံ) နှစ်ဦးကို ကြည့်လိုက်တယ်။ ဒီ အမျိုးသမီးတွေက တခြားသော အစေခံ တွေနဲ့ မတူညီပဲ ထူးဆန်းတဲ့ အင်အားတွေဟာ သာမာန်ထက်ကို ပိုနေခဲ့တယ်။
စုတုန်းလင်ကတော့ ဘုကြည့်ကြည့်နေခဲ့တယ် ။ ဖန်ကျန်းရှီကို မကျေမနပ်မှုတွေ ဖြစ်နေပင်မယ့်လည်း တော်ဝင်ကျောင်းတော် တံခါး ပွင့်လာခဲ့တာကြောင့်နောက်ထပ် စကားမပြောတော့ဘူး ဖြစ်တယ်။
တောက်ပတဲ့ သံချပ်ကာတွေနဲ့ အစောင့်တပ် ဟာ နှစ်တန်း စီ ပြီး ထွက်ပေါ်လာတယ်။
ကျောင်းတော် တံခါးနားမှာ ဝိုင်းနေတဲ့ လူအုပ်ကြီးကတော့ စစ်သည်တွေကို မြင်ချိန်မှာ ချက်ခြင်း နောက်ကို ဆုတ်သွားကြတော့တယ်။ အောင်စာရင်းကြေညာသူ ထွက်လာဖို့ အတွက် လမ်း၇ှင်းပေးလိုက်တာ ဖြစ်တယ်။
အပိုင်း (၁၇၈) ပြီး၏။
[1] ဒီ တရုတ် ဆိုရိုးစကား တစ်ခု ဖြစ်တဲ့ “三十年河东,三十年河西” ဟာတော့ “ လောကကြီးဟာ အမြဲပြောင်းလဲ နေတယ် ဘယ် အရာမှ အတည်တကျ ဖြစ်တည်မနေဘူး။ “ပထမ နှစ် သုံးဆယ်မှာ ဟွမ်မြစ် (မြစ်ဝါမြစ်) ရဲ့ အရှေ့ဘက်ကမ်းမှာ ရပ်နေခဲ့ပေမယ့် နောက် အနှစ် သုံးဆယ်မှာတော့ ဟွမ်မြစ်ရဲ့ မြစ်ရေ စီးဆင်းမှု လမ်းကြောင်းကြောင့် မင်းဟာ အနောက်ကမ်းဆီမှာ ရောက်နေလိမ့်မယ် လို့ ဖြစ်တယ်။
အပိုင်း ( ၁၇၉)
“ ပျော်ရွှင်မှု ။ ဒေါသ ။ ဝမ်းနည်းမှု ”
ဘယ်သူကမှ မဆွေးနွေးကြတော့ပါဘူး။ စစ်သည်တော်တွေကို တစ်စက္ကန့်လောက် နှောင့်နှေးအောင် ဘယ်သူမှ မလုပ်ဝံ့ဘူး ဖြစ်တယ်။ ဘာကြောင့်လဲ ဆိုတော့ အောင်စာရင်း ထုတ်ပြန်မှု ဟာ သူတို့ ဆီမှာ ရှိနေမှန်းသိနေတာကြောင့်ပဲ ဖြစ်တယ်။
စိတ်ရှုပ်နေပြီးတော့ ထိတ်လန့်နေတဲ့ မျက်လုံးတွေဟာတော့ စစ်သည်တော်တွေနဲ့ တော်ဝင်ကျောင်းတော် ထဲကို ရောက်နေတော့တယ်။ လေထုဟာတော့ အေတော်လေး မွန်းကြပ် လာတော့တယ်။
တချို့သော စာဖြေသူတွေဟာတော့ သူတို့ရဲ့ မျက်နှာတွေတောင် အစိမ်းရောင် ပြောင်းလာကြတော့တယ်။
ဖန်ကျန်းရှီကတော့ သူ ဘယ်လို ရလဒ်ပဲ ၇ရ တုန်လှုပ်မှာ မဟုတ်ဘူး ဖြစ်တယ်။ ဒါပေမယ့်လည်း ဒါက လုံး၀ ဂရုမစိုက်တာလို့တော့ ပြောမရဘူး ဖြစ်တယ်။ ဒါ့အပြင် သူ့မှာ လည်း မျှော်လင့်ချက်တွေ ပြည့်နေခဲ့တယ်။
ရန်ရွှယ်ကတော့ ဒီ အချိန်မှာ သူ့ရဲ့ အတွေးတွေ အကုန်လုံးကို လျစ်လျူရှုပြီးတော့ တော်ဝင်ကျောင်းတော် ထဲကိုသာ ကြည့်နေခဲ့တယ်။။။
သိပ်မကြာခင်မှာပဲ ဝတ်ရုံနက်တွေနဲ့ တော်ဝင် သတင်းပို့သူ အုပ်စုကြီး ဟာ သူတို့ရဲ့ မြင်ကွင်းမှာ ပေါ်လာတော့တယ်။ တစ်ဦးချင်းစီတိုင်းရဲ့ ရင်ဘတ်မှာရှိနေတဲ့ ( တော်ဝင်) တံဆိပ်ဟာ သူတို့တွေရဲ့ အဆင့်ကို ဖော်ပြနေခဲ့တယ်။
ခေါင်းဆောင်လာသူကတော့ ဖန်ကျန်းရှီ သိတဲ့ လူပဲ ဖြစ်တယ်။ ဒေသတွင်းစာမေးပွဲတုန်းက အဓိက စာစစ်သူ တစ်ဦး ဖြစ်တဲ့ တော်ဝင် သတင်းပို့သူ ချင် ယွီမိုင် ပါ။
တော်ဝင် ကျောင်းတော် တံခါးဝဆီကိုရောက်ချိန်မှာတော့ သူဟာ ခြေလှမ်းတွေကို ရပ်တန့်ပြီးတော့ တံခါး အပြင်ကို ကြည့်လိုက်တယ်။ သူ့ရဲ့ မျက်လုံးထဲမှာတော့ ထိတ်လန့်ဟန် တစ်ချက် လက်သွားခဲ့တယ်။ အရင်တော်ဝင် အတွေးအခေါ် စာမေးပွဲ အောင်စာရင်း ထုတ်ပြန်ချိန်မှာတုန်းက ဒီနေ့လောက် များပြားတဲ့ လူတွေကို မတွေ့ခဲ့ဖူး ဘူး။
ဒါပေမယ့်လည်း ဒါကို တွေးထားပြီးသားဖြစ်တဲ့ အတွက် မအံ့သြ ခဲ့ပါဘူး။
အရင် အတွေးအခေါ် စာမေးပွဲ ရလဒ်ဟာ တိုက်ခိုက်ရေး စာမေးပွဲ ပြီးတဲ့ နောက်မှ ကြေညာတာ ဖြစ်တယ်။
ဒါပေမယ့်လည်း ဒီ တကြိမ်မှာတော့ ကွာခြားတယ်။
ဘာကြောင့်လဲ ဆိုတော့
ဒီ တစ်ခေါက် အတွေးအခေါ် စာမေးပွဲ မှာ ဖြစ်ခဲ့တဲ့ အံ့ဖွယ်ကြောင့် မြို့နေလူထုနဲ့ ရုံးတော်သားတွေ ဟာ အားလပ်ချိန် ရတာနဲ့စုဝေးလာကြတာ ပဲ ဖြစ်တယ်။ အောင်စာရင်းကို အင်မတန်ကို စိတ်ဝင်စားနေ ခဲ့ကြတယ်။
ချင်ယွီမိုင်ကတော့ တံခါးဝမှာ ကြာကြာရပ်မနေပါဘူး။ သူဟာ လူအုပ်ကြားက ဖြတ်သန်းပြီးတော့ အဆင့် ကြေညာ ကျောက်တုန်းကြီးတွေ ဘေးကို သွားခဲ့တယ်။
ဒီ ကျောက်တုံ းပြားကြီးတွေ ဟာ ယုံကြည်မှု မြစ်မြို့တော်စာမေးပွဲနဲ့ ကွာခြားတယ်။
စံချိန်မှီပြီးတော့ နက်မှောင်တဲ့ မှင်ရည် သုတ်ထားတဲ့ ကျောက်တုံး ပြားကြီးတွေ ဖြစ်တယ်။ အမြင့်ကော အကျယ်ပါ ယုံကြည်မှု မြစ်မြို့တော် အောင်စာရင်းထုတ်ပြန် ကျောက်တုံးတွေထက် နှစ်ဆ မက ကြီးမားတယ်။
“ဒီ တစ်ခေါက် တော်ဝင်စာမေးပွဲမှာ နှစ်ထောင့် သုံးရာ ငါးဆယ့် ခုနှစ် ( ၂၃၅၇) ဦး ဝင်ရောက်ဖြေဆိုခဲ့တယ်။ အတွေးအခေါ် စာမေးပွဲရဲ့ ပထမတန်းစာ းကျောင်းတော်သား တွေနဲ့ ဒုတိယ တန်းစား ကျောင်းတော်သား အဖြစ် နှစ်ဆင့် ခွဲခြားထားတယ်။ ပထမတန်းစား ကျောင်းတော်သားတွေ ဟာ အဆင့် နှစ်ဆယ် ထိ အယောက် နှစ်ဆယ် ရှိပြီးတော့ ဒုတိယ တန်းစား ကျောင်းတော်သားတွေကတော့ နှစ်ဆယ့် တစ် (၂၁) ကနေ အဆင့် နှစ်ရာ (၂၀၀) အထိ ရှိပါမယ်။”
ချင် ယွီမိုင်က ဒါကို ရှင်းပြပြီးတဲ့ နောက် စိတ်လှုပ်ရှား စွာ စောင့်ဆိုင်းနေကြတဲ့ ကျောင်းတော်သား စာဖြေသူတွေကို ကြည့်လိုက်တယ်။
စာဖြေသူတွေက အဆင့် အရေအတွက်တွေကို ကြားချိန်မှာတော့ တစ်ခဏ ကြက်သေသေသွားခဲ့တယ်။ သူတို့ရဲ့ မျက်လုံးတွေဟာ ပြူးကျယ်စွာနဲ့ မယုံကြည်နိုင်စွာ ကြည့်နေကြတယ်။ ပထမ တန်းစာ ကျောင်းတော်သားတွေက အယောက် နှစ်ဆယ်ပဲ ဖြစ်ပေမယ့် ဒုတိယတန်းစားက တော့ နှစ်ဆယ့် တစ်ကနေ နှစ်ရာ ထိ ။ ဒါက အရင် တစ်ကြိမ် စာမေးပွဲ ရဲ့ ငါးဆ ဖြစ်တယ်။
ဒီ အဖြစ်ဟာတော့ လက်ခံရမှာ အဖိုးတန်ဆုံးသော အကြောင်းရာ ဖြစ်တယ်။
ဒါ့အပြင် ဒါဟာ အတွေးအခေါ် စာမေးပွဲ တစ်ခု တည်း ဖြစ်တယ်။ တိုက်ခိုက်ရေး စာမေးပွဲမှာတော့ အဆင့်မမှီတဲ့ သူတွေဟာ ပြန်လည် ဖြုတ်ချခံရမှာ ဖြစ်တယ်။ ဒါကြောင့် နောက်ဆုံးမှာ လည်း တော်ဝင်စာမေးပွဲကို အမှန်တကယ် ဖြတ်ကျော်နိုင်သူ ဟာ အယောက်ငါးဆယ်ထက် မပိုနိုင်ဘူး ဖြစ်တယ်။
နှစ်နှစ် အချိန်မှာတောင်မှ ကြီးမြတ်သော ရှ မင်းဆက် အတွင်း တော်ဝင်စာမေးပွဲကို အောင်မြင်သူဟာ အယောက် ငါးဆယ်ထက် မပိုဘူးဖြစ်တယ်။ နှစ်ထောင့် သုံးရာသော စာဖြေသ်ူတွေ အတွက် အောင်မြင်နိုင်ဖို့ ရာခိုင်နှုန်းဟာ နည်းပါးလှတယ်။
ဒါပေမယ့်လည်း သူတို့ ဖြတ်သန်းအောင်မြင်နိုင်သွားရင် နဂါး တံခါးကို ခုန်နိုင်တဲ့ ငါးကြင်းလို ဖြစ်သွားတော့မယ်။ နန်းတော်ထဲကို ခြေချခွင့်ရသူတွေ ဖြစ်လာတော့မယ်။
ချင်ယွီမိုင်ကတော စကားထပ်မပြောတော့ပဲ သူ့ရင်ဘတ်အိတ်ထဲကနေ သေတ္တာလေးတစ်လုံး ထုတ်လိုက်တော့တယ်။ သေတ္တာထဲမှာတော့ အမျိုးမျိုးသော ပုံစံတွေ ရေးထွင်းထားတဲ့ အမျိုးအမည် မသိ ကျောက်ပြားနက် နှစ်လုံး ရှိနေခဲ့တယ်။
ချင်ယွီမိုင်က သေတ္တာပေါ်က တံဆိပ်ကို ဖယ်ရှားလိုက်ပြီးတော့ ကျောက်စိမ်း အသွင် ကျောက်တုံးတွေကို သေတ္တာထဲကနေ ထုတ်လိုက်တော့တယ်။
စာဖြေသူတွေ အားလုံးဟာတော့ အသက်မရှူဝံ့လောက်အောင် တိတ်ဆိတ်နေခဲ့တယ်။ ဒါ ဟာသူတို့ရဲ့ အနာဂတ်ကို အဆုံး ဖြတ်ပေးနိုင်မယ့် အရာ ဖြစ်တယ်။
“Wvoom!”
ကျောက်စိမ်းနက် ကို အဆင့်ခွဲ ကျောက်ပြားထဲ ထည့်လိုက်ချိန်မှာတော့ မျက်စိ ကန်းစေနိုင်လောက်တဲ့ အလင်းတန်းတွေဟာ ကျောက်တုံးကနေ ပေါ်ထွက်လာတော့တယ်။
နာမည် တစ်ခုချင်းစီ ပေါ်ထွက်လာတော့တယ်။ လူတိုင်းဟာတော့ မျက်လုံးကို ကျယ်နိုင်သလောက် ကျယ်ကျယ် ဖွင့်၇င်း သူတို့ရဲ့နာမည်တွေကို ရှာနေခဲ့ကြတယ်။
သူတို့ရဲ့ ပိုက်ဆံအိတ်တွေကိုတောင် မေ့လောက်တဲ့ အထိကို စိတ်လှုပ်ရှားနေခဲ့ကြတယ်။
ထူထပ်သိပ်သည်းလှတဲ့ လူအုပ်ကြီးထဲမှာ ပုံရိပ် တစ်ချို့ဟာတော့ ပြေးလွှားလှုပ်ရှားနေခဲ့တယ်။ လေတိုက်သလိုမျိုး လှုပ်ရှားနေတဲ့ ထိုသူတွေကိုတော့ ဘယ်သူကမှ သတိ မထားမိကြပါဘူး။
ဒီနေ့ဟာတော့ အတော်လေးကို ပျော်ရွှင် ထိတ်လန့်စရာ ကောင်းတဲ့ နေ့တစ်နေ့ ဖြစ်တယ်။
“ ထွက်လာပြီ ။”
“ ငါ့ နာမည်တွေ့လိုက် သလိုပဲ ။ ဘယ်နေရာ ရောက်သွားပါလိမ့်။”
“ အာ။ ငါ့ နာမည်က ဒီမှာပဲ ။ ဒါပေမယ့် လိပ်စာက မှားနေတယ်။”
တော်ဝင်ကျောင်းတော် စာမေးပွဲမှာ ပါဝင် ဖြေဆိုသူ သိပ်ကို များပြားလှတာကြောင့် နာမည်တူသူတွေလည်း ရှိနေနိုင်တယ်။ ဒါကြောင့် စာဖြေခွင့် နံပါတ်နဲ့ တစ်ဦးချင်းစီရဲ့ လိပ်စာကိုပါ နာမည်နဲ့ အတူ ယှဉ်တွဲ ဖော်ပြထားခဲ့တယ်။
ဒါဟာ အရှုပ်ထွေး ဖြစ်မှုကို ကြိုတင် ကာကွယ်ပြီးသားလည်း ဖြစ်တယ်။
အံ့သြမှု ပြီးတဲ့ နောက်မှာတော့ ကျောင်းတော်သား စာဖြေသူတွေဟာ အော်ဟစ်နေကြတော့တယ်။
“ အာ … ဘာကြောင့်လဲ။ နာမည် တူတာတောင် ကံက ဘာလို့မတူ၇တာလဲ။”
“ ငါ သေချာ ဖြေထားရဲ့ သားနဲ့ကို ဒါက ဘယ်လို ဖြစ်တာလဲ။ မှားနေတာ။ ဒါ မှားနေတာပဲ။”
ငိုသံတွေဟာလည်း လူအုပ်ကြားကနေ ထွက်လာတယ်။
“ငါအောင်ပြီ။ ဒီတစ်ခါတော့ ငါ တကယ်အောင်ပြီ။”
“ ငါ အဆင့်ဝင်ပြီ။ နောက်ဆုံးတော့် အဆင့်ဝင်ခဲ့ပြီ။”
“ ဟား ဟားဟား။ ဆယ်နှစ်တာ ကြိုးစားပြီး စာအုပ်ပုံထဲမြုပ်ခဲ့ရတာ နောက်ဆုံးတော့ အတွေးအခေါ် စာမေးပွဲကို ဒီနေ့မှာ ဖြတ်သန်းနိုင်ခဲ့ပြီ။”
ဒီအသံတွေဟာ လည်း ပေါ်ထွက်လာခဲ့တယ်။ ဒါပေမယ့်လည်း ငိုကြွေးသံတွေနဲ့ ယှဉ်ရင်တော့ အတော်လေးကိုနည်းပါးလှတယ်။
အောင်မြင်သူတွေကတော့ လူ့စိတ်ကို အာရုံစိုက်မှု အရ ဆုံး ဖြစ်တယ်။
ဒါပေမယ့်လည်း တစ်စုံတစ်ယောက်ရဲ့ “ ငါအောင်ပြီ ။ ငါအောင်ပြီ” ဆိုတဲ့ အော်သံကိုကြားရင် ဘေးပတ်ဝန်းကျင်က လူတွေဟာ မနာလို မုန်းတီးတဲ့ အကြည့်တွေနဲ့ ကြည့်ကြတယ်။
တူညီတဲ့ မြို့တော် တစ်ခုတည်းက ကျောင်းတော်သားတွေကတော့ သူတို့ရဲ့ စိတ်ပျက်မှု ကို ဖောြ်ပပြီးတဲ့ နောက်မှာ အောင်မြင်သူတွေအတွက် ဂုဏ်ပြုပေးကြတယ်။
သူတို့ရဲ့ ပျော်ရွှင်မှု ဝမ်းနည်းမှုတွေကို ဝေမျှ နေချိန်မှာပဲ ဒီ အခြေအနေနဲ့ မသက်ဆိုင်တဲ့ စကားသံတွေဟာ ထွက်ပေါ်လာပြန်တယ်။
“ ဖန်ကျန်းရှီရဲ့ နာမည် မပါဘူး။
“ အောင်စာရင်း ထဲမှာ ဖန်ကျန်းရှီ မပါဘူး။”
“ ငါတို့ထင်ထားတဲ့ အတိုင်း ကျတာလား။”
“ ပမာဏကိုပဲ ကြည့်ပြီးတော့ အရည်အသွေးကို မသိတာကြောင့်ပေါ့။ ဒီလို ရလဒ်က တွေးပြီးသားပဲ။ ဒုတိယတန်းတောင် မဝင်ဘူး ။ ဖြစ်သင့်တယ်။”
အသံတွေဟာ ပိုပိုများလာပြီးတော့ လူတွေ ဟာ ပိုပြောလာကြတယ်။ သူတို့ဟာ ဖန်ကျန်းရှီကို ကြည့်ရင်းနဲ့ ပြောနေကြတာ ဖြစ်တယ်။
ဒါပေမယ့်လည်း ဖန်ကျန်းရှီရဲ့ အမူအယာကတော့ သိပ်ကို တည်ငြိမ်အေးဆေးနေခဲ့တယ်။
ဒုတိယ တန်း ကျောင်းတော်သား အဆင့်လား။
ဖန်ကျန်းရှီက ဒီ အကြောင်းကို တွေးတောင် မတွေးဘူး။ နောက်ပြီးတော့ သူနဲ့ ရန်ရွှယ်ရဲ့ နာမည်တွေ ဒီကျောက်ပြားပေါ်မှာ ပေါ်လာမှ သာ အံ့သြ စရာ ကောင်းမှာ ။
တူညီစွာနဲ့ ပဲ ရန်ရွှယ် ဟာလည်း ဒုတိယ တန်းစား အောင်စာရင်းကို လှည့်တောင် မကြည့်ပါဘူး။
အသက် ၁၆ နှစ်ပဲ ရှိသေးပင်မယ့် အနောက်ပိုင်း လျန်ပြည်နယ် မြင့်မြတ်ဂုဏ်ခံ ရန်မိသားစုက ဖြစ်တဲ့သူဟာ များပြားတဲ့ ချီးမွမ်းစရာ မရှိပေမယ့်လည်း သူ့ရဲ့ စိတ်ဓတ် ခွန်အားဟာတော့ ပြင်းထန်လှတယ်။
ယန်မိသားစုရဲ့ ဘယ် မိသားစုဝင်ကမှ သူတို့ရဲ့ နာမည်ကို ဒုတိယ တန်းမှာ မြင်ချင်တာ မဟုတ်ဘူး။
ကြီးမြတ်သော ရှ မင်းဆက် စတင် တည်ထောင် တည်းက ဒီလို အဖြစ်မျိုးလည်း မရှိ ခဲ့ဘူး ဖြစ်တယ်။
ရလဒ် အနေနဲ့ ရန်ရွှယ်ဟာ လည်း ဒီ သမိုင်းကို ချိုးဖောက်မှာ မဟုတ်ဘူး ဖြစ်တယ်။ ရန်ရွှယ်အတွက်ကတော့ အကယ်၍ ဒုတိယ တန်းစား ကျောင်းတော်သား အောင် စာရင်းမှာ သူ့နာမည်ကိုတွေ့လိုက်ရရင် ဒါ ဟာ စာမေးပွဲ ကျတာထက်တောင် အဖြစ်ဆိုးအုန်း မှာ ဖြစ်တယ်။
ရန်ရွှယ်ရဲ့ အမူအယာကတော့ တသီးတခြား ဖြစ်နေခဲ့တယ်။ သူဟာ စောင့်ဆိုင်းနေတယ်။
ဖန်ကျန်းရှီ ဟာလည်း စောင့်ဆိုင်းနေတယ်။
ဒါပေမယ့်လည်း လူတွေကတော့ ဖန်ကျန်းရှီဟာ ပထမတန်းစားကျောင်းတော်သား စာရင်းကို စောင့် ဆိုင်းနေကြတယ်လို့ မထင် ကြပါဘူး။
ဒီ အဆင့်မှာတော့ လူ နှစ်ဆယ်သာ နာမည် ပါတာဖြစ်တယ်။ ဒီနာမည်ထဲမှာ ဖန်ကျန်းရှီကို မြင်ရဖို့ မည်သူ တစ်ဦးတစ်ယောက်က မျှော်လင့် မနေဘူး ဖြစ်တယ်။
တော်ဝင်စာမေးပွဲကျင်းပနေစဉ် အတွင်းကော။ စာမေးပွဲ ပြီးတဲ့ နောက်မှာပါ ဘယ်သူကမှ ဒါကို မတွေးခဲ့ဘူး။ အကြောင်းရင်းကတော့ ရိုးရှင်းပါတယ်။ ဖန်ကျန်းရှီ က ကောင်းကင်ရောင်ပြန်အဆင့်ကို ခုမှ ရောက်ရှိသူ ဖြစ်တာကြောင့်ပါပဲ။
သူတို့ရဲ့ ခန့်မှန်းချက်ထဲကို ထည့်ဖို့ မတန်ဘူး ဖြစ်တယ်။
ဒါပေမယ့်လည်း ဖန်ကျန်းရှီရဲ့ အရည် ချင်းတွေက တခြားသော စာဖြေသူတွေနဲ့ ယှဉ်ဖို့ရာ အတော်လေးကို ကွခြားချက်တွေ ရှိနေတယ်။
ကြီးမြတ်သော ရှ မင်းဆက် ကြီး တစ်ခု လုံးရဲ့ ထိပ်သီး အယောက် နှစ်ဆယ် ။ ဘယ်သူကမှ နိုးထ လာသော နဂါးအဆင့်က သူ မဟုတ် ဘူး။ နိုးထလာသော နဂါး အဆင့် ၂၀ သို့မဟုတ် ၃၀ ထဲမှာ ရောက်သင့် ကြပေမယ့်လည်း အသက် သတ်မှတ်ချက်ကြောင့် သူတို့ တစ်ဦးမှ အဆင့်ထဲကို မရောက်ကြပါဘူး။
ဒီလူတွေ ဟာတော့ တော်ဝင် စာမေးပွဲမှာ ပြိုင်ဆိုင်ဖို့ ခက်ခဲ လိမ့်မယ်။
အသက် လေး ဆယ်မှာ ကောင်းကင်ရောင်ပြန် အဆင့်။
ကောင်းကင် ရောင်ပြန် အဆင့်ကို ရောက်ဖို့ ဆယ်နှစ်လောက် အချိန်ယူခဲ့ကြရတယ်။ သူတို့ရဲ့ အခြေခံ သော်လည်းကောင်း တာအို နိယာမကို နားလည်မှုသော် လည်းကောင်း မြင့်မားတဲ့ အဆင့်မှာ ရောက်နေပြီ ဖြစ်တယ်။
အသက် ၁၅ နှစ်နဲ့ ကောင်းကင်ရောင်ပြန် အဆင့်ကို ရောက်သူနဲ့ ကြား ကွဲပြားချက်က များပြားလှတယ်။ ကောင်းကင်နဲ့ မြေကြီးလို ကွာခြား သလို မတူညီတဲ့ လောက နှစ်ခုလို့လဲ ဆိုနိုင်တယ်။
အပိုင်း ( ၁၇၉) ပြီး၏။
အပိုင်း ( ၁၈၀)
“ပျောက်ကွယ်နေသော သူများ။”
အမည် ၁၈၀ ကြေညာပြီးနောက်မှာတော့ ဖန်ကျန်းရှီရဲ့ နာမည်ကို ဘယ်နေရာမှာမှ မတွေ့ ရပါဘူး။ ဖြစ်နိုင်တာကတော့ ဖန်ကျန်းရှီ စာမေးပွဲ ကို မဖြတ်ကျော်နိုင် တာပဲ ။
စုတုန်းလင်ကတော့ ထပ်ပြီးတော့ အောင်စာရင်းကို မကြည့်တော့ပါဘူး။ ဖန်ကျန်းရှီ နာမည်ကို ဒုတိယတန်းစား အောင်စာရင်းမှာ မတွေ့တဲ့ အတွက် ပြန်ထွက်လာတယ်။
“ ဂုဏ်ယူပါတယ်။”
“ မင်းလည်း အတူတူပဲ။” ဖန်ကျန်းရှီက ပြန်ဖြေလိုက်တယ်။
“ ငါကော။ ” စုတုန်းလင်ဟာ အတော်လေးကို သိသိသာသာ ပျက်ယွင်းပြီးတော့ တုန်လှုပ်သွားခဲ့တယ်။ ဖန်ကျန်းရှီကတော့ သတိ ထားမိဟန် မတူပါဘူး။
ဒါပေမယ့်လည်း သူ ပြန်ဖြေမယ့် အချိန်မှာပဲ အမျိုးသမီးတွေ ဟာ မျက်လုံးနဲ့ စိုက်ကြည့်ရင်း တားမြစ်လိုက်ကြတော့တယ်။
စုတုန်းလင် ဟာလည်း ရွေးချယ်စရာ မရှိတော့ပဲနဲ့ တိတ်တဆိတ်သာ နေရတော့တယ်။
သူဟာ သူ့ကိုယ်သူ ပြောသလို ပုံစံ မျိုးနဲ့ “ မင်းကို ခဏတော့ လွှတ်ထားမယ်။ ပထမတန်းစား ကျောင်းတော်သား အောင်စာရင်း ထွက်လာရင်တော့ မင်း ဘယ်နေရာမှာ ပုန်းနိုင်မလဲ ကြည့်ရသေးတာ ပေါ့။”
…
ဒုတိယ တန်းစားကျောင်းတော်သားအောင်စာရင်းကို ထုတ်ပြန်ပြီးချိန်မှာတော့ ချင်ယွီမိုင်ဟာ နာမည်တွေကို အကုန် ဖတ်ပြီးလောက်ချိန် အထိ စောင့်နေခဲ့တယ်။ အဲ့ဒီ့နောက်မှာတော့ သူဟာ ချောင်း တစ်ချက် ဟန့်လိုက်တယ်။
“ တော်ဝင် စာမေးပွဲ ကြီးရဲ့ အဓိက မေးခွန်း ထုတ်သူ ဟာ ကြီးမြတ်သော ဟန်ချန်ဖုန်း ဖြစ်တယ်ဆိုတာ အားလုံး သိကြမှာပါ။ ဒါ့အပြင် ရေမြေ့ရှင် ဧကရာဇ်ဟာလည်း သွမ့်ပြည်ထောင် အရှင်နဲ့ မင်းသား ကိုး တို့ကို ကြီးကြပ်ဖို့ အတွက် စေလွှတ်ထားတာကို သိမယ် ထင်ပါတယ်။
“အခုချိန်မှာတော့ ပထမတန်းစား ကျောင်းတော်သား အဆင့်ကို ကြေညာပေးဖို့ အကြီးအကဲ ဟန်ကို ဖိတ်ခေါ် ချင်ပါတယ်။ ”
ချင်ယွီမိုင် ပြောပြီးတဲ့ နောက်မှာ တော့ သူဟာ တော်ဝင်ကျောင်းတော် ထဲကိုလေးစားစွာ ကြည့်လိုက်တယ်။ ဒီ အချိန်မှာတော့ တော်ဝင် သတင်းပို့သူတွေနဲ့ စစ်သည်တော်တွေ ဟာလည်း ပိုပြီးတော့ အလေးအနက် ဖြစ်လာကြတယ်။
ချင်ယွီမိုင်ရဲ့ စကား ဆုံးချိန်မှာတော့ လူတန်း ကြီး တစ်ခု ဟာ တော်ဝင် ကျောင်းတော်ထဲကနေ ထွက်လာတော့တယ်။
လူအုပ်ကြီးရဲ့ ခေါင်းဆောင် ဟာတော့ အဖြူရောင် ဝတ်ရုံကို ဝတ်ဆင်ထားတယ်။ သူ့ရဲ့ ဝတ်ရုံပေါ်မှာတော့ ဒဏ္လာရီလာ သားရဲ ကောင် ပုံစံ ရွှေချည်ဖောက်ထားမှု ရှိနေတယ်။ ဒီ သားရဲကောင်ဟာ အင်ပါယာရဲ့ စစ်တပ်ကို ကိုယ်စားပြုတာ ဖြစ်တယ်။
ကြီးမြတ်သော ရှ မင်းဆက် တိုင်းနိုင်ငံမှာ ဒီ လို ဝတ်ရုံကို ဝတ်ဆင်နိုင်တာ တစ်ဦးပဲ ၇ှိတယ်။ သူဟာတော့ သွမ့် အရှင် လင်းရှင်းကြွယ်ပဲ ဖြစ်တယ်။
လင်းရှင်းကြွယ်ရဲ့ ဘယ်ဘက်မှာတော့ လူငယ် တစ်ဦးရှိနေခဲ့တယ်။ သူဟာတော့ သွမ့် ပြည်ထောင် အရှင်ထက်ကို ငယ်ရွယ်ပြီးတော့ နှစ်ဆယ် ဝန်းကျင်ပဲ ၇ှိမယ်ဆိုတာ ခန့်မှန်းနိုင်တယ်။ သူဟာ ကျောက်စိမ်းရောင်ဝတ်ရုံ ပေါ်မှာ မှင်ပန်းချီချယ်ထားတဲ့ ကြာပွင့်တွေပါတဲ့ ဝတ်စုံကို ဝတ်ဆင်ထားခဲ့တယ်။
အတော်လေးကို ဖြူဖျော့နေတဲ့ ထိုလူငယ်နဲ့ မလိုက်ဖက်စွာ ပျံ့လွင့်နေတဲ့ အရှိန် အဝါတွေကတော့ ကြီးမားလှတယ်။
သူဟာ သွမ့် ပြည်ထောင် အရှင် ရဲ့ ဘယ်ဘက်မှာ လျှောက်လာနေပင်မယ့်လည်း ချင်ယွီမိုင်ကော တခြား သော သူတွေပါ သူ့ကို တစ်စက္ကန့်လေးတောင်မကြည့်ကြဘူး ဖြစ်တယ်။
တော်ဝင်ကျောင်းတော် ဝတ်ရုံကို ဝတ်ဆင်ထားတဲ့ ဟန်ချန်ဖုန်းလောက်တောင် အကြည့်မခံ ရဘူး ဖြစ်တယ်။
“ သွမ့်ပြည်ထောင် အရှင် ၊ မင်သားကိုး နဲ့ အကြီးအကဲ ဟန်တို့ကို ကြိုဆိုပါတယ်။” ချင်ယွီမိုင်က ဦးညွှတ်ရင်း ပြောလိုက်တယ်။
သွမ့် ပြည်ထောင် အရှင်ဟာတော့ အကြီးအကဲ ဟန် ဘက်ကို ခေါင်းငြိမ့်ပြလိုက်ပြီးတော့ ပြောလိုက်တယ်။ “ အြက်ီးအကဲ ဟန် ပထမတန်းစား ကျောင်းတော်သား အဆင့်တွေကို ကြေညာပေးပါ။
“ ကောင်းပြီ။” ဟန်ချန်ဖုန်းက မတွေေ၀ တော့ပဲ ကြေညာဖို့ ပြင်လိုက်တယ်။
သေတ္တာနက်ထဲက ကျောက်တုံးလေးကို ထုတ်ယူလိုက်ပြီးတော့ အဆင့်ခွဲ ကျောက်တုံးဆီကို ဖိချလိုက်တယ်။
တချိန်တည်းမှာပဲ ပထမတန်းစား ကျောင်းတော်သားတွေဟာ ရွှေရောင် အလင်းတန်းတွေ အဖြစ်တောက်ပ လာတော့တယ်။ နေမင်းလို ရွှေခြည်ဖြာနေတာပဲ ဖြစ်တယ်။
ကျောင်းတော်သားတွေ နဲ့ ရုံးတော်သားတွေ အကုန်လုံးဟာတော့ မျက်လုံးကို ကျယ်နိုင်သလောက် ကျယ်ထားပြီးတော့ မျက်တောင် မခတ် စတမ်း ကြည့်နေကြတယ်။
ဒါပေမယ့်လည်း ဘယ်သူကမှ မျက်လုံးတွေကို မပိတ်မိအောင် ကြိုးစားနေကြတယ်။ ဘယ်သူတွေ အဆင့်ဝင်သွားလဲ သိချင်နေကြတယ်။
စုတုန်းလင် က ကျောက်တုံးကို မကြည့်တော့ပါဘူး။ အဲ့ဒီ့အစား ဖန်ကျန်းရှီ ကိုသာ ကြည့်နေခဲ့တယ်။ ဖန်ကျန်းရှီ အဆင့် ဝင်မယ် ဆိုတာ လုံးဝကို မယုံနိုင် ဘူး ဖြစ်တယ်။
ဖန်ကျန်းရှီ အောင်စာရင်း ကျောက်တုံးကို ကြည့်နေတာကို တွေ့လိုက်ရတယ်။
ဒါပေမယ့်လည်း သိပ်ကို ပျင်းရိတဲ့ အမူအယာနဲ့ ကြည့်နေခဲ့တာ ဖြစ်တယ်။
ကျောက်တုံးပေါ်မှာ ပထမဆုံး ပေါ်ထွက်လာတဲ့ နာမည်ကို မြင်ချိန်မှာတော့ ထိတ်လန့်တကြား အော်ဟစ်သံတွေကို ကြားလိုက်ရတော့တယ်။
“ ရှင် ချင်းစွေ့ ”
“ သူ က ပထမတန်းမှာ ရောက်နေမယ်လို့ ဘယ်သူ တွေးမိမှာလဲ။ ”
ပထမ အသံကတော့ အံ့သြ ထိတ်လန့်နေဟန်ဖြစ်တယ်။ ဒုတိယ တစ်ခု ကတော့ သံသယ ပြည့်နေတဲ့ အသံပဲ ဖြစ်တယ်။
ကြည့်ရတာတော့ ကိစ္စကောင်း တစ်ခုလိုပဲ။
ဒါ်ပေမယ့်လည်း ဘယ်သူကမှ ဒါကို ကိစ္စကောင်းလို့ မတွေးပါဘူး။ ရှင်ချင်းစွေ့ရဲ့ နာမည်ကို ပထမတန်းစားကျောင်းတော်သား အဆင့်မှာ တွေ့လိုက်ရတာဟာ ထိပ်သီး သုံးဦးထဲ သူမပါဘူး ဆိုတဲ့ သဘော ဖြစ်တယ်။
ဒါဆို ဘယ်သူက ရှင်ချင်းစွေ့ထက် ပိုတော်လို့လဲ
စုတုန်းလင်လား။
သူတို့ ပြောနေကြချိန်မှာပဲ ပထမတန်းစား ကျောင်းတော်သား အဆင့်မှာ နောက်ထပ် နာမည် တစ်ခု ပေါ်လာတော့တယ်။ “ စုတုန်းလင်”
“ စုတုန်းလင်းလဲ ဒီ အဆင့်မှာပဲ ”
“ ဘာ .. ဘာတွေ ဖြစ်ကုန်တာလဲ။”
လူတိုင်းရဲ့ အကြည့်တွေဟာတော့ မယုံကြည်နိုင်မှုတွေနဲ့ ပြည့်နှက်နေခဲ့တယ်။ လူတိုင်းရဲ့ အမြင်မှာတော့ ရှင်ချင်းစွေ့ကို ကျော်ဖြတ်နိုင်မယ့် သူဟာ စုတုန်းလင် တစ်ဦးပဲ ၇ှိမယ်။
အခု ရလဒ်ကတော့ လူတိုင်းကို စိတ်ရှုပ်စေတယ်။
ကောင်းကင် ရောင်ပြန် ကျွမ်းကျင် အဆင့်မှာ ရှိနေတာ တောင်မှ တော်ဝင်စာမေးပွဲရဲ့ ထိပ်တန်းကျောင်းတော်သားထဲ မပါဘူး။
ဒါဆို ဘယ်သူကများ စုတုန်းလင်ထက် သာနိုင်မလဲ။
ပြဿနာကတော့ လူတစ်ယောက်ကိုမှ စဉ်းစား မရတာပဲ ဖြစ်တယ်။ စုတုန်းလင်းထက် တော်တဲ့သူ တစ်ယောက်မှ သူတို့ မတွေးမိဘူး။
“သခင်လေး စု။ ဂုဏ်ယူပါတယ်။ ”
အသံ တစ်သံ ဟာ ထွက်လာတော့တယ်။
ဒီ အသံ ဟာ စုတုန်းလင် ဘေးကနေ ထွက်ပေါ်လာတာကြောင့်ပဲ ဖြစ်တယ်။ စုတုန်းလင်ရဲ့မျက်နှာ အမူအယာကတော့ ချက်ချင်း ဆိုသလို မည်းမှောင် သွားတော့တယ်။
လက်သီးကို အဖြူရောင် ပြောင်းသွားတဲ့ အထိ ကျစ်ကျစ် ပါအောင် ဆုပ်ထားတော့တယ်။
ဒီ စကားကို ပြောလိုက်သူကတော့ ဖန်ကျန်းရှီက လွဲပြီး ဘယ်သူ ဖြစ်နိုင် အုန်းမှာလဲ။
နောက်ပြီးတော့
ဖန်ကျန်းရှီက ရိုးသားပြီး စိတ်ရင်းနဲ့ ပြောနေတာနဲ့ တူခဲ့တယ်။
သူငယ်ချင်း တစ်ဦးကို ဂုဏ်ပြု နေသလို မျိုး ဖြစ်တယ်။
စုတုန်းလင်ကတော့ ပေါက်ကွဲ တော့မလို ဖြစ်နေပင်မယ့်လည်း ဒေါသကို ထိန်းချုပ်လိုက်တယ်။ ဒါပေမယ့် ဖန်ကျန်းရှီ က ဝမ်းနည်းနေဟန် စိုးစဉ်းမှမပြပဲနဲ့ အတော်လေး ပျော်ရွှင်နေခဲ့တာကိုတွေ့လိုက်ရတယ်။
ဒီ ကောင်လည်း စာမေးပွဲ အောင်လာတာလား။
စုတုန်းလင်က ဒါကို တွေးလိုက်ပြီးတဲ့ နောက် မှာ အောင်စာရင်းကို ကြည့်လိုက်တယ်။ ဒါပေမယ့်လည်း ဖန်ကျန်းရှီ နာမည်ကို မတွေ့ ဘူး ဖြစ်တယ်။
“ ဟားဟားဟား ။ သခင်လေး ဖန် အဆင့် မဝင်တာကိုလည်း ဂုဏ်ပြုပါတယ်။ ” စုတုန်းလင်က စိတ်ကို ထိန်းချုပ်ရင်း ပြောလိုက်တယ်။
ထိပ်တန်းသုံးဦးထဲ ပါမလား။
လုံးဝကို ဟာသ ပဲ။
စကားပုံ တစ်ခု ရှိတယ်။ “ မင်း အလုပ်များများ မရပ်မနားလုပ်လေ ။ အမှားများလေ ။” လူတစ်ယောက်က မေးခွန်း ခြောက်စုံလုံး အကုန်ဖြေခဲ့ပင်မယ့်လည်း တစ်စုံတည်း ဖြေခဲ့တဲ့ သူကိုတောင် မကျော နိုင်ဘူး။
“ နန်ကုန်းမုရဲ့ နာမည်လည်း မပါဘူး။”
“နန်ကုန်း မု နာမည် ပျောက်နေတယ်။”
လူအုပ်ကြီးထဲက လူတစ်ယောက်ဟာ နန်ကုန်းမိသားစုက စာဖြေသူ နန်ကုန်းမုကို သတိရသွားခဲ့တယ်။
ပိုပြီးတော့ အရေးကြီးတာကတော့ သူဟာ နန်ကုန်းဟောင်ရဲ့ ညီငယ်လေး ။ အင်ပါယာမှာ အတော်ဆုံး ကျောင်းတော်သား နန်ကုန်းမု။
ဒီလို လူရဲ့ ညီက စာမေးပွဲ ကျမလား။
လုံးဝကို မဟုတ်ပါဘူး။
ဒါက ဖြစ်နိုင်ချေ တစ်ခုပဲ ၇ှိတယ်။ နန်ကုန်းမု ဟာ ထိပ်သီးသုံး ဦးထဲမှာ ရောက်၇ှိနေတာပဲ ဖြစ်မယ်။
သစ်ပင်ရိပ်မှာ ၇ပ်နေတဲ့ လူငယ်ကို ကြည့်ရင်း ရုံးတော်သားတွေဟာ စတင်ပြောဆိုကြတော့တယ်။
လူငယ်လေး ဟာတော့ တီရှပ် တစ်ထည်ကိုသာ ဝတ်ဆင်ထားပြီးတော့ သူ့ရဲ့ ပုံပန်းသွင်ပြင် ဟာ အတော်လေးတော့ စူးရှ ထက်မြက်ဟန် ပေါ်နေတယ်။ စီးနှောင် ထားတဲ့ ဆံနွယ်ဖြူတွေကတော့ လေထဲမှာ ယိမ်းနွဲ့ နေခဲ့တယ်။
“ အံ့သြစရာ မရှိပါဘူး။ သူက နန်းကုန်းဟောင်ရဲ့ ညီငယ်လေး ပဲကို။”
“ နန်ကုန်းဟောင်ရဲ့ အနီးကပ် သင်ကြားမှုကို ရထားတဲ့ အတွက် သူမှ ထိပ်သီးသုံးဦးထဲ မပါ ဘယ်သူ ပါမှာလဲ။ ”
“ ငါကြားတာတော့ နန်ကုန်းမု က အရင် ၂နှစ် ကျင်းပတဲ့ စာမေးပွဲ အချိန်တည်းက ဖြေဆိုနိုင်တဲ့ အရည်အချင်းတွေ ပြည့်နေပြီ ကြားတယ်။ ဒါပေမယ့်လည်း မဖြေပဲ ထားလိုက်တယ် တဲ့။”
“ ကြည့်ရတာ ချီကူယန်နဲ့ တစ်ခုခု ပတ်သက်မယ် ထင်တယ်။ ဒါပေမယ့်လည်း ဘယ်သူမှ အသေးစိတ် မသိကြဘူး။
မည်သူ တစ်ဦးတစ်ယောက်ရဲ့ စကားသံကမှ နန်ကုန်းမုကို မသက်ရောက်နိုင်ပါဘူး။ သူဟာ အသက်ဝိဉာဉ် မဲ့တဲ့ မျက်လုံးသေ တွေနဲ့ သာ ရှိနေခဲ့တယ်။
“ ဘာလို့ ဒီ ပထမတန်း အဆင့် မှာ နာမည် တစ်ခု ပျောက်နေတာလဲ၊ ။
ရုံးတော်သားတွေ အားလုံး ဟာတော့ နန်ကုန်းမုကို အာရုံစိုက်နေချိန်မှာပဲ မေးခွန်း တစ်ခု ဟာ ရှေ့နားကနေ ထွက်လာခဲ့တယ်။
နာမည် တစ်ခု ပျောက်နေတယ်။
ဒီ အသံက အတော်လေးကို ကြောင်တောင်တောင်နိုင်ပေမယ့်လည်း လူတိုင်းရဲ့ စိတ်အာရုံကို ဖမ်းစားနိုင်သွားခဲ့တယ်။ သူတို့ဟာ သိပ်မကြာခင်ပဲ ဒီလူ ဘာပြောလဲ ဆိုတာ သဘောပေါက်သွားတော့တယ်။
ပထမ တန်း အဆင့်ကျောင်းတော်သား နှစ်ဆယ် ရှိမှုာဖြစ်တယ်။ ထိပ်တန်းသုံးဦးနာမည်ကို ဖယ်လိုက်ရင် နာမည် ၁၇ ခု ရှိနေရမှာ ဖြစ်တယ်။
ဒါပေမယ့်လည်း
ကျောက်တုံးပေါ်မှာတော့ နာမည် ၁၆ ခုသာ ရှိနေခဲ့တယ်။
“ ဒီမှာ တကယ်ပဲ နာမည် တစ်ခု ပျောက်နေတယ်။”
“ နာမည် ပျောက်တာ မဟုတ် ဘူး ။ လူပျောက်နေတာ။”
“ သူတို့ နာမည်များ မေ့ခဲ့ကြတာလား။”
လူတိုင်းဟာတော့ ဟန်ချန်ဖုန်းကို အာရုံစိုက်နေကြတယ်။
ဒါပေမယ့်လည်း ဟန်ချန်ဖုန် အမူအယာဟာ ပြောင်းလဲ ချင်း အလျဉ်း မရှိ။
သူဟာ အနီးနားမှာ ရပ်နေတဲ့ သွမ့် ပြည်ထောင် အရှင်ကိုပဲ ကြည့်နေခဲ့တယ်။
အပိုင်း ( ၁၈၀) ပြီး၏။