← Chapters

အပိုင်း (၁၈၁-၁၉၀)

Vol. 2 Ch. 181-190

အပိုင်း (၁၈၁-၁၉၀)

Vol. 2 Ch. 181-190

အပိုင်း ( ၁၈၁)

“ အတွေးအခေါ် စာမေးပွဲတွင် ထိပ်သီး ဖြစ်ခြင်း ။”

သွမ့် အရှင်ကတော့ ဟန်ချန်ဖုန်း ဘာကို ဆိုလို ချင်လဲ သိပါတယ်။

ဟန်ချန်ဖုန်း အဓီက စာစစ်သူ ဖြစ်ပေမယ့်လည်း သူကတော့ ဘုရင်ခံ တစ်ဦးပဲ လေ။ ဟန်ချန်ဖုန်းက ထိပ်တန်း သုံးဦးကို မကြေညာချင်ဘူး။

တကယ်တမ်းမြှတော့ သွမ့် ပြည်ထောင် အရှင် ကလည်း ဒီ ထိပ်တန်း သုံးဦး ရလဒ်ကို ကြေညာချင်တာ မဟုတ် ဘူး ။ ဒါပေမယ့်လည်း ဟန်ချန်ဖုန်းက မကြေညာတော့လည်း သူ့ ဆီကို တာဝန် ရောက်လာတာပေါ့။

“ အရှင် သွမ့် ။ ကျွန်တော့်ကို ခွင့်လွှတ်ပါ။ ကျွန်တော်က အိုပြီ ဆိုတော့ ဒီလို မျိုး ကိစ္စကြီးကို လုပ်ဖို့ စိတ်မခိုင်တော့ဘူး။

ဒီ စကားက သွမ့် ပြည်ထောင် အရှင်ကို စိတ် ကသိကအောက် ဖြစ်စေတယ်။

မင်းသား ကိုး ဖြစ်တဲ့ “ လင်းယွမ်” အတွက်တော့ သူဟာ အသုံး မဝင်တဲ့ နောက်လူ ပို တစ်ယောက် ဖြစ်လာခဲ့တယ်။ ထုးစံ အတိုင်း သူလုပ် တာက ပြိုင်မြင်းလောင်း တာပဲ ရှိတယ်။

ဒီလို ကိစ္စကြီးမျိုးကို တာဝန် မယူနိုင် ဘူး။

သွမ့် ပြည်ထောင် အရှင် ဟာလည်း နောက်ဆုံးမှာတော့ လည်ချောင်းရှင်းလိုက်ပြီး ရွှေရောင် ကတ်ကို ယူလိုက်တော့တယ်။

ဒီကတ်ထဲမှာတော့ ရွှေရောင်စာလုံးနဲ့ ရေးထားတဲ့ ထိပ်တန်း ကျောင်းတော်သား သုံးဦး နာမည်တွေ ရှိနေတယ်။

ဒီ ရွှေရောင် ကတ်ကို မြင်ချိန်မှာတော့ လူအုပ်ကြီး ဟာ လုံးဝကို တိတ်ဆိတ်သွားပြန်တယ်။

ဒါကတော့ အတွေး အခေါ် စာမေးပွဲမှာ အမြင့် ဆုံးသော အဆင့်ကို ပိုင်ဆိုင်သူတွေ ဖြစ်တယ်။ ဒီ ရွှေ ကတ်ထဲက နာမည်တွေဟာ သူတို့ရဲ့ တန်ဖိုး တွေကို အထူးပြု နေတာ ဖြစ်တယ်။

“ လူတိုင်းသတိပြုမိ ကြသလိုပဲ။ ပထမတန်း အဆင့် ကျောင်းတော်သားတွေမှာ နာမည် တစ်ခု လျော့နေပါတယ်။ ဒါဟာ ဘာကြောင့်လဲ ဆိုတော့ ထိပ်တန်း သုံးဦးထဲ မှာ အဆင့်တူ တွေ ရှိနေတာ ကြောင့်ပဲ ဖြစ်တယ်။ ” သွမ့် ပြည်ထောင် အရှင် ဟာ လူတိုင်း စိုးရိမ့် နေကြတဲ့ မေးခွန်းကို ဖြေပေးလိုက်တယ်။

“ အဆင့်တူ ။”

“ ဒါက နန်ကုန်းမု အပြင် တခြား ထိပ်သီး သုံးဦးလည်း ရှိနေတယ်လို့ ပြောလိုက်တာပေါ့။”

“ အာ။ စုတုန်းလင် နဲ့ ရှင်ချင်းစွေ့ ထက် တော်တဲ့သူ သုံးယောက်တောင် ၇ှိနေတယ်။ ဒါက ဘယ်လို ဖြစ်နိုင် မှာလဲ။ ”

ဆွေးနွေး သံ တွေဟာ အထက်ပါ ကြေညာမှု နဲ့ အတူ ထွက်ပေါ် လာတော့တယ်။

စုတုန်းလင်ရဲ့ မျက်နှာကတော့ မည်းမှောင်နေတော့တယ်။ နန်ကုန်းမုလို လူမျိုး အကျောခံရတာကို သူ စိတ် မပျက်ဘူး။ ဒါပေမယ့်လည်းနောက်ထပ် သုံးဦး တောင် သူ့ထက်သာတာ ရှိနေတယ်။ ဒါက တော့ သူ ဘယ်လိုမှ မခံ စားနိုင် တဲ့ အရာပဲ ဖြစ်တယ်။

“ အဆင့်တူ နေတာကတော့ တတိယ နေရာပဲ ဖြစ်တယ်။ လူ နှစ်ယောက်ကတော့ နန်ကုန်း မိသားစုက နန်ကုန်း မုနဲ့ ချင်း မိသားစုက ချင်းယန်ပဲ ဖြစ်တယ်။ ” သွမ့် ပြည်ထောင် အရှင် ဟာ ရွှေရောင်ကတ်ကို ကြည့်ရင်း ကြေညာလိုက်တယ် ။

“ နန်ကုန်းမုက တတိယ နေရာလား။ ”

“ နောက်ပြီးတော့ ချင်းယန် ဆိုတာ ဘယ်သူ လဲ ။ တစ်ခါမှ မကြား ဖူးတဲ့ နာမည်ပဲ။ ”

“ “ နောက်ပြီးတော့ ချင်း မိသားစု ဆိုတာကကော ဘယ်နေရာကြီးလဲ။ အဲ့တာက အိမ်တော်လား ဒေသ လား။ အကယ်၍ သူသာ တော်ဝင် စာမေးပွဲမှာ ထိပ်တန်း သုံးဦး အဖြစ် ဝင်နိုင်ရင် ။ ဘာလို့ တစ်ယောက်မှ သူ့ကို မသိတာလဲ။

တအံ့တသြ ပြောဆိုသံတွေ ဟာ ကြေညာမှု ပြီးတဲ့ နောက်မှာ ထွက်လာခဲ့တယ်။

ဒီ တစ်ခေါက် တော်ဝင်စာမေးပွဲရဲ့ အောင်စာရင်းတွေက အရမ်းကို အံံဖွယ် ဖြစ်လွန်းတယ်။ ပထမဆုံး ရှင် ချင်းစွေ့နဲ့ စုတုန်းလင် က ထိပ်တန်း သုံးဦး ထဲ မဝင် ဘူး။ နာမည်တောင် မသိတဲ့ ချင်းယန် ဆိုတဲ့သူက ထိပ်တန်း သုံးဦးထဲ ရောက်သွားတယ်။

ချင်းယန်က ဘယ်သူလည်းဆိုတာတော့ သွမ့် အရှင် လည်း ခန့်မှန်း နိုင်ပါတယ်။ ဒါပေမယ့်လည်း ဧကရာဇ်ကိုယ်တိုင် သိနေတဲ့ ကိစ္စ ဖြစ်တဲ့ အတွက် သူ ထုတ်ပြောဖို့ ဆို တာ မဖြစ်နိုင် ဘူး ဖြစ်တယ်။

ဧကရာဇ်တောင် မပြောပဲ ခွင့်ပြု ထားတဲ့ ကိစ္စကိုတော့ သူလည်း ပါးစပ်ပိတ်ထားဖို့ လိုတယ်။

သစ်ပင်ရိပ်မှာ ရပ်နေတဲ့ နန်ကုန်းမုကတော့ ပထမဆုံး အကြိမ် အနေနဲ့ သူ့မျက်လုံးဟာ လှုပ်ရှား သက်ဝင် လာခဲ့တယ်။ သူ့ရဲ့ တည်ငြိမ်လှတဲ့ မျက်လုံးသေတွေ ဟာ အောင်စာရင်းက သူ့ နာမည်ကိုတွေ့ချိန်မှာတော့ စိတ်ခံစားမှု တစ်ချက် လက်သွားတာပဲ ဖြစ်တယ်။

“ တတိယ တဲ့လား။”

သွမ့် အရှင် ဟာလည်း ဒီလို ကိစ္စ မျိုးက အချိန်ကြာကြာ ဆွဲ သင့်တာ မဟုတ်မှန်းသိတာကြောင့် ဆက်ပြီးတော့ ကြေညာလိုက်တော့တယ်။

နောက်ဆုံးတော့ သူတို့ ဟာလည်း သွမ့် အရှင်ကို ပြန်ကြည့်ကြတော့တယ်။

“ တော်ဝင် စာမေးပွဲ စစ်ဆေးမှု အရ ။ ဒုတိယ နေရာကို ရန်မိသားစုမှ ၇န်ရွှယ် ရရှိပါတယ်။ ” သွမ့် ပြည်ထောင် အရှင်ဟာ ရန်ရွှယ်ကို ကြည့်လိုက်၇င်းနဲ့ နာမည်ကိုကြေညာလိုက်တယ်။

လူတိုင်းကတော့ ရန်ရွှယ် ရှိတဲ့ နေရာကို ကြည့်နေတော့တယ်။

ရန်ရွယ်က ၁၆ နှစ် ရှိပြီ ဖြစ်ပြီးတော့ ကြယ်တာရာ စုဝေးမှု ထိပ်သီး အဆင့်ကို ရောက်နေပြီ ဖြစ်တယ်။ ယုံကြည်မှု မြို့တော် မှာ ဒုတိယ နေရာကို ရရှိတဲ့ အတွက် ပုန်းကွယ်နေသော နဂါးအဆင့်မှာ အဆင့် ၁၃ကို ရောက်၇ှိသွားခဲ့တယ်။

ဒါက အတော်လေးကို ကောင်းတဲ့ ရလဒ်ဖြစ်တယ်။

နောက်ဆုံးမှာတော့ ဘယ်သူကမှ မအံ့သြတော့ဘူး ဖြစ်တယ်။ နောက်ဆုံးမှာတော့ ဒါက ရန်မိသားစုက သူပဲ လေ။

ဒါပေမယ့်လည်း ဒီနေ့မှာတော့

အသက် ၁၆ နှစ် အရွယ် ရန်ရွှယ်ကတော့ ကောင်းကင် ရောင်ပြန် အဆင့်ကိုတောင် မရောက်သေးပဲနဲ့ ဒုတိယ နေရာ ကို ရတာဟာ အတော်လေးကို အံ့သြစရာ ကောင်းလှတယ်။

ကြယ်တာရာ စုဝေးမှု အဆင့် ကျင့်ကြံ သူ တစ်ဦးက တော်ဝင်စာမေးပွဲမှာ ဒုတိယ နေရာ ၇တယ်။

ဒီအချိန်မှာတော့ လူတွေဟာ တလက်လက်တောက်ပ နေတဲ့ အနာဂတ်ကို ပိုင်ဆိုင်ထားတဲ့ ရန်ရွှယ်ကို ငေးကြည့်နေကြတယ်။

ဒီအချိန်မှာတော့ စုတုန်းလင်ဟာ လုံးဝကို ဦးတည်ရာမဲ့သွားတော့တယ်။ ကောင်းကင်ရောင်ပြန် အဆ့င့် ကျင့်ကြံသူ တစ်ဦး အဖြစ် မြို့တော်မှာ အချိန်အတော်ကြာ ကုန်ဆုံး ခဲ့တာ ဖြ စ်တယ်။

ဒါပေမယ့်လည်း

ရန်မိသားစုမှာများ ထူးခြားတဲ့ ကျင့်ကြံနည်းတွေရှိနေတာလား။

ဒါ့အပြင် ရန်ရွှယ်လိုအရည်အချင်းပြည့်ဝတဲ့သူက ဖန်ကျန်းရှီလို စာမေးပွဲ မအောင်နိုင်တဲ့ သူနဲ့ ဘာကြောင့် အတူနေနေတာလဲ၊ ဒါက စိတ်ရှုပ်စရာပဲ။ လူတိုင်းက ရန်ရွှယ်နဲ့ ဖန်ကျန်းရှီကို တလှည့်စီ ကြည့်နေကြတယ်။

လူတစ်ယောက်က ကောင်းကောင်းလုပ်ဆောင်နိုင်ခဲ့ရင် သူ့ ဘေးက လူနဲ့ ယှဉ်တာ ထုံးစံ ဖြစ်တယ်။

ဒါပေမယ့်လည်း ခြားနားချက်ကတော့ အခု တစ်ခါမှာ ကြီးမားတယ်။

တစ်ဦးက တော်ဝင်စာမေးပွဲက ဒုတိယ ရတဲ့ ထိပ်သီးကျောင်းတော်သား။ အခြား တစ်ဦးက လောဘကြီး ။ဂုဏ်သတင်းမကောင်းတဲ့ သူ။ ဒီ လူ နှစ်ဦးကို ယှဉ်တွဲ စေတာ ဘာ အကြောင်း ဖြစ်နိုင်မလဲ။ ဒီ အချိန်မှာပဲ စုတုန်းလင်ဟာ သူတို့နားကို ရောက်လာခဲ့တယ်။

“ ရန်သခင်လေးကို ဂုဏ်ပြုပါတယ်။ ကြယ်တာရာ စုဝေးမှု အဆင့်နဲ့ ဒီလို ထိပ်သီး သုံးဦးထဲ ဝင်တာ အတော်လေး အံံ့သြစရာပဲ။ တိုက်ခိုက်ရေး စာမေးပွဲမှာ ငါနဲ့ အတူ တိုက်ခိုက်ပါလား။ ပထမတန်းစား ကျောင်းတော်သား ဖြစ်မယ်လို့ ငါ အာမခံ ရဲတယ်။ ”

“ ကောင်းပြီ လေ။ ” ရန်ရွှယ်က စုတုန်းလင်ကို အမူအယာ ကင်းမဲ့စွာ ကြည့်လိုက်တယ်။ သူဟာ လူစိမ်း တစ်ယောက်ကို စကားပြောနေသလိုပါပဲ။

“ ဒါက ရန်သခင်လေး အတွက် တော်ဝင်စာမေးပွဲကို ပထမ ဆုံး လာဖြေတာ ဖြစ်တယ်။ တိုက်ခိုက်ရေး စာမေးပွဲရဲ့ အန္တရာယ်တွေကို မသိမှာ စိုးရိမ်မိတယ်။ နောက်ပြီးတော့ ကြယ်တာရာ အဆင့် ကျင့်ကြံသူအတွက်လည်း တစ်ယောက်တည်း သွားဖို့က ဖြစ်နိုင်မှာ မဟုတ်ဘူး။ ဒါ့အပြင် ဆုံးဖြတ်မှုတွေကလည်း ကွာခြားတယ်။ ” စုတုန်းလင်က ပြောပြန်တယ်။

“ မင်းက …. အရမ်း … စကားများတယ်။” ရန်ရွှယ်ရဲ့ လေသံ ဟာ ရေခဲ တစ်မျှ အေးစက်နေခဲ့တယ်။

“စကားများတယ်။” စုတုန်းလင်ရဲ့ အမူအယာကတော့ မိုးကြိုးပစ်ခံ လိုက်ရသလို ပြောင်းလဲသွားတော့တယ်။

ရန်မိသားစု။

သူတို့တွေကို ဘယ်သူကမှ မလေးမစားမပြု ဝံ့ဘူး။ မြို့တော်မှာတောင်မှ ။

“ ဘာလို့ မင်းမှာ တွဲဖက် တိုက်ခိုက်မယ့်သူ ၇ှိနေတာကို မပြောတာလဲ။” ဒီ အချိန်မှာတော့ ဖန်ကျန်းရှီက ရန်ရွှယ်နဲ့ စုတုန်းလင်ကို ကြည့်ရင်းမေးလိုက်တယ်။

“ ငါပြောရင်တောင်မှ။ သူ့ ဦးနှောဏ် အသိဉာဏ်နဲ့ ဆို၇င် နားလည်နိုင်မှာ မဟုတ် လောက်ဘူး လို့ ငါ သံသယ ဖြစ်မိတယ်။” ရန်ရွှယ်က ပြန်ဖြေလိုက်တယ်။

“ဒါက မှန်တယ်။” ဖန်ကျန်းရှီက ခေါင်းငြိမ့်လိုက်တယ်။

စုတုန်းလင်က ဒီ စကားတွေကို ကြားချိန်မှာတော့ သူ့ရဲ့ အမူအယာဟာ သိသာစွာ မှောင်မည်းသွားပြီးတော့ မယုံကြည်နိုင်မှုတွေ ပြည့်နှက်လာတော့တယ်။

“ ဖန်ကျန်းရှီက မင်းနဲ့ အတူ သွားမှာလား။ ဟားဟားဟား ဖန်ကျန်း၇ှီက မင်းရဲ့ တွဲဖက်တဲ့လား။ အောင်စာရင်း ထဲတောင် မပါတဲ့သူနဲ့ ဘယ်လိုများ သွားမှာလဲ၊” စုတုန်းလင်က ရန်ရွှယ်ကို ကြည့်ရင်းပြောခိုက်တယ်။

ရန်မိသားစုကို မလေးမစားပြုလို့ မရရင်တောင်မှ စကားနဲ့တော့ တိုက်ခိုက်လို့ရတယ်။

ဒီ အချိန်မှာတော့ သွမ့် အရှင်ရဲ့ အသံ ဟာ ထွက်ပေါ် လာတော့တယ်။

“ တော်ဝင် တာအို စာမေးပွဲ စစ်ဆေး ဆုံးဖြတ်မှု အရ ထိပ်တန်း ကျောင်းတော်သား အတွေးအခေါ် ချန်ပီယံ။ ယုံကြည်မှု မြစ်မြို့တော်။ ဟွေ့အန်းဒေသ ။ မြောက်ပိုင်းရွာ။ …. ဖန်ကျန်းရှီ၊”

စုတုန်းလင်ရဲ့ ရယ်သံတွေ ပျောက်ရှ သွားတော့တယ်။

သူ့ရဲ့ ပါးစပ်ကိုတောင် မပိတ်နိုင်တော့ ဘူး။ သူ့ရဲ့ မျက်နှာ တစ်ခုလုံးဟာလည်း မယုံကြည်နိုင် ဖြစ်နေတဲ့ ရူးသွပ်မှုတွေနဲ့ ပြည့်နှက်လာခဲ့တယ်။ ဒါက ဝမ်းနည်း ထိတ်လန့်မှု မယုံနိုင်မှုတွေနဲ့ ပြည့်နေခဲ့တဲ့ မျက်နှာ တစ်ခုပဲ ဖြစ်တယ် ။

ဖန်ကျန်းရှီက တော်ဝင်စာမေးပွဲ အတွေးအခေါ်ချန်ပီယံ

ဒီအချိန်မှာတော့ လူအုပ်ကြီးဟာ မယုံကြည်နိုင်မှုကြောင့် တိတ်ဆိတ်သွားခဲ့တယ်။

၇န်ရွှယ်နဲ့ ဖန်ကျန်းရှီ အနားမှာ နှိုင်းယှဉ်နေသူတွေကတော့ အထိတ်လန့်ဆုံး ဖြစ်တယ်။

“ ဖန်ကျန်းရှီက ဘယ် လိုလုပ်ချန်ပီယံ ဖြစ်နိုင်တာလဲ။

“ မှားနေတာပဲ ဖြစ်မယ်။ စာမေးပွဲ စစ်တဲ့သူတွေ မှားတာပဲ ဖြစ်မယ်။ မေးခွန်းခြောက်စုံလုံး ဖြေထားပြီးတော့ ဘယ်လိုလုပ် ထိပ်ဆုံး ရောက်နိုင်တာလဲ၊ အရည်အချင်းထက် ပမာဏကို ကြည့်နေကြတာလား။”

“ အဖြေလွှာတွေကို ငါတို့ ကြည့်ချင်တယ်။”

“ ဟုတ်တယ်။ သူ ချန်ပီယံ ဖြစ်တာ ငါတို့မယုံဘူး။ အဖြေလွှာတွေ ပြပါ။”

ဘယ်သူကမှ ဖန်ကျန်းရှီကို မယုံနိုင် ဘူး ဖြစ်နေတယ်။

ဒီလို လောဘ တကြီးနဲ့ ဖြေတဲ့သူက ဘယ်လိုများ ထိပ်သီ ဖြစ်နိုင်တာလဲ။

မေးခွန်းခြောက်စုံကိုလေးနာရီနဲ့ ပြီးတယ်တဲ့လား။ မဖြစ်နိုင်တာတွေ။

သွမ့် ပြည်ထောင် အရှင် ရဲ့ အမူအယာတွေကတော့ အတော်လေးကို ရုပ်ပျက်နေခဲ့တယ်။ ဒီ နောက်ဆုံး နာမည်ကို ကြေညာဖို့က သူ့အတွက်ခက်ခဲ လွန်းတယ်။

ဒီ ကြေညာမှုက စိတ်ရှုပ်ထွေး မှုတွေကို ဖြစ်စေတယ်ဆိုတာလည်း ကောင်းကောင်းသိတယ်။

ဒီ သတင်းကို ကြားတဲ့ အချိန်မှာတုန်းက လောကမှ မယုံ ကြည်နိုင်ဆုံး သူ ဖြစ်ခဲ့တယ်။ ဒီလူအုပ်ကြီးထက်တောင် သူက ပိုမယုံနိုင်သေးတယ်။

ဒါပေမယ့်လည်း

ဒါက အမှန် တရား။

ဖန်ကျန်းရှီက မေးခွန်းခြောက်စုံလုံးကို လေးနာရီ အတွင်းပြီးအောင်ဖြေပြီးတော့ ဒါ့အပြင်

စကားလုံးတိုင်းက အမှားကင်းတယ်။

အမှတ်ပြည့်။

တစ်ရွက်မှာ မှ အမှားဆိုတာ မပါဘူး။

သွမ့်ပြည်ထောင် အရှင်က ဖန်ကျန်းရှီရဲ့ အဖြေလွှာကို မြင်လိုက်ချိန်မှာ လုံးဝကို မှင်သက် သွားခဲ့တယ်။ လူတစ်ယောက်က ဒီလောက်ထိ တော်နိုင်လိမ့်မယ်လို့ တွေးတောင် မတွေးမိခဲ့ဘူး။

ဟန်ချန်ဖုန်းကတော့ တုန်တုန်ယင်ယင်နဲ့ သက်ပြင်းချနေခဲ့တယ်။

သူ့မှာ လွန်ဆန်လို့ မရ နိုင်တဲ့ အမိန့် တစ်ခု ရှိနေခဲ့တယ်။ ဒါပေမယ့်လည်း သူ့မှာ မျှော်လင့်ချက်လည်း မရှိပြန်ဘူး။

ပြောရရင် တော်ဝင်ကျောင်းတော်မှာ ဖန်ကျန်းရှီရဲ့ အဖြေလွှာ ရှိနေစဉ် အချိန်က သူ့မှာ ပြင်ဆင်ဖို့ အချိန်တွေ အများကြီး ရှိခဲ့တယ်။

ဒါပေမယ့်လည်း သူတွေေ၀ ခဲ့တယ်။ တွေဝေမှု ဟာ ဖန်ကျန်းရှီရဲ့ အဖြေလွှာကို မြင်ပြီးချိန်မှာ ဖြစ်ပေါ်လာတယ်။ အဖြေလွှာ ဟာ သိပ်ကို ကောင်းမွန်လွန်းတယ်။ ခြောက်ပြစ်ကင်း သဲလဲ စင်တဲ့ အနုပညာ လက်ရာ တစ်ခုဖြစ်တယ်။

ဟန်ချန်ဖုန်းလိုမျိုး တစ်ဘဝလုံး စာအုပ်တွေကြားမှာ အချိန်ကုန်ခဲ့ရသူ ဟာ ဒီ အဖြေလွှာရဲ့ တန်ဖိုးကို အသိဆုံး ဖြစ်တယ်။

ဒါက သမိုုင်းတွင်မယ့် အရာ တစ်ခု။

ဒါဟာ အင်ပါယာ သမိုင်း တစ်လျှောက်မှာ အခမ်းနားဆုံး သော အချိန်ကာလ တစ်ခု ဖြစ်တယ်။

လေးနာရီ အတွင်းမှာ စာဖြေသူ တစ်ဦးဟာ နယ်ပယ် ခြောက်ခု စာ မေးခွန်းတွေကို အမှားကင်းစွာ ဖြေနိုင်ခဲ့တယ်။ သူ့ရဲ့ လက်ရေးဟာ ရှင်းလင်း သေသပ်နေပြီးတော့ အဖြေတွေဟာလည်း ညီညာလှတယ်။ ဒါဟာ စံပြ စရာ အဖြေလွှာ တစ်ခု ဖြစ်တယ်။

လူတစ်ယောက်ရဲ့ အတ္တအတွက်နဲ့ ဒီလို အဖြေလွှာကို ပျောက်ကွယ်သွားအောင် သူဘယ်လို လုပ်နိုင်မှာလဲ။

ဟန်ချန်ဖုန်းဟာ စုတ်တံကို မြှောက်လိုက် ချလိုက် ဖြစ်နေခဲ့တယ်။ မှင်စက်တွေဟာတော့ မှင်ခွက်ထဲကို ပြန်လည် စီးကျနေခဲ့တယ်။ နောက်ဆုံးမှာတော့ သူ့ရဲ့ စုတ်တံ ဟာ မြေပြင်ပေါ်ကို ပြုတ်ကျသွားခဲ့၇တယ်။

ဒီအချိန်မှာတော့ ဟန်ချန်ဖုန်းဟာ မျက်စိလည်နေသလို အတော်လေး လည်း ပျော်ရွှင်နေခဲ့တယ်။

နောက်ဆုံးမှာတော့ ဒီ အဖြေလွှာကို သမိုင်းကြောင်း မှာ ပေါ်ထွက်စေပြီးတော့ လူထုကို တွေ့မြင်နိုင်စေခဲ့ပြီ။

ရုံးတော်သားတွေ အားလုံးနဲ့ မြင့်မြတ်ဂုဏ်ခံ မိသားစုတွေအားလုံး လည်း မြင်တွေ့နိုင်ပြီ။

ခြောက်ခုသော နယ်ပယ် အတွက် မေးခွန်းတွေကို အကုန် ပြီးအောင် ဖြေနိုင်သူ ရှိလာပြီ။

“ အရှင် သွမ့် ။ အဖြေလွှာ စာရွက်တွေကို ထုတ်ဖော်ပြပါ။” ဟန်ချန်ဖုန်းက ဦးညွှတ်လိုက်တယ်။ တကယ်တမ်းမှာတော့ သူဟာ ဖန်ကျန်း၇ှီကို စာမေးပွဲ မအောင်မြင်စေချင် သလို အသက်ရှင်သန်ဖို့ကိုလည်း ခွင့်မပြုချင်ပါဘူး။

ဒါပေမယ့်လည်း ဒီ အဖြေလွှာ။ ဒီ သမိုင်းတွင်မယ့် အဖြေလွှာကိုတော့ သူ လေးစားသမှု ရှိရမယ်။ ဒီအရာဟာ အင်ပါယာတိုင်းနိုင်ငံ တစ်ခုလုံးကိုတောင် ဒူးထောက်စေနိုင်တယ်။

အပိုင်း ( ၁၈၁) ပြီး၏။

အပိုင်း (၁၈၂)

“ ပညာရှိ သုခမိန် ကမ္ဘာ”

“ အဖြေလွှာတွေကို ထုတ်ပြန်မယ်။”

“ ဟုတ်တယ်။ ငါတို့ အဖြေလွှာတွေကို မြင်ချင်တယ်။

ဟန်ချန်ဖုန်းရဲ့ စကားသံတွေကို ကြားချိန်မှာတော့ လူအုပ်ကြီး တစ်ခု လုံးက ပြန်လည် ဆူညံ လာပြန်တယ်။ အဖြေလွှာတွေကို မမြင်ရပဲနဲ့ ဒါကို ဘယ်သူမှ ယုံမှာ မဟုတ် ဘူး။

သူတို့ နားမလည် နိုင်တာ ။ သဘော မပေါက် တာမျိုး ရှိနိုင်တယ်။

သွမ့် အရှင်က ဟန်ချန်ဖုန်းကို ကြည့်လိုက်ပြီးနောက် လူအုပ်ကြီးကို ထပ်ကြည့်လိုက်ပြန်တယ်။ အကယ်၍ သူ့မှာသာ ရွေးချယ်စရာ ၇ှိမယ် ဆိုရင်တော့ ငြင်းပယ်မှာ ဖြစ်တယ်။

ဒါပေမယ့်လည်း သူ မလုပ်ပါဘူး။

ထိပ်သီး သုံးဦးကို ကြေညာတဲ့ အချိန်တည်းက ဘယ်သူမှ မယုံနိုင်မှာကို တွေးလိုက်မိတယ်။

ဒီလိုမျိုး အဖြေလွှာ စာရွက်ကို ထုတ်ပြန်လိုက်တာက စာမေးပွဲ ရလဒ် အတွက် တရားမျှတမှု အရှိဆုံး ဖြစ်တယ်။ နောက်ပြီးတော့လည်း ဒါက ဧကရာဇ် လင်းမုပိုင်ရဲ့ တိုက်ရိုက် အမိန့်တော် ဖြစ်တယ်။

အနက်ရောင် ဝတ်ရုံဝတ် တော်ဝင် စာစစ်သူတွေ ဟာ တော့ သွမ့် အရှင်( လင်းရှင်းကြွယ်) နောက်မှာ ပေါ်လာတော့တယ်။ သူ့ရဲ့ လက်ထဲမှာတော့ ရွေရောင် ပိတ်စနဲ့ ကာရံထားတဲ့ သစ်သား သေတ္တာလေး ရှိနေခဲ့တယ်။

ဒီထဲမှာ ဖန်ကျန်းရှီရဲ့ အဖြေလွှာတွေ ပါတာကို သူကောင်းကောင်းသိတယ်။

“ ထုတ်ပြန်လိုက်” သွမ့် ပြည်ထောင် အရှင်က ခေါင်းငြိမ့်လိုက်တယ်။ သူ့ကိုယ်သူ ထိန်းချုပ်နိုင်သမျှ ထိန်းချုပ်ပြီးတော့ ပြုံးလိုက်တယ်။

အဲ့ဒီ့နောက် သူဟာ ပြုံးလိုက်တယ်။ နောက်ပြီးတော့ တောက်ပ စွာကို ပြုံးနေတာ ဖြစ်တယ်။

ရွှေရောင် အဝတ်စကို ဖယ်လိုက်ပြီးတော့ သေတ္တာကို ဖွင့်လိုက်တယ်။ တခြားသော တော်ဝင် သတင်းပို့သူ တွေကတော့ ရှေ့ကို လျှောက်လာကြတော့တယ်။

၁၂ရွက်သော အဖြေလွှာ စာရွက်တွေကို သူတို့ရဲ့ ခေါင်းပေါ်မှာ မြှောက်ထားခဲ့တယ်။ သူတို့ဟာ တညီတညာတည်း ဖြောင့်တန်းစွာ ရပ်နေကြပြီးတော့ စာရွက် တစ်ရွက်ချင်းစီဟာ ရှင်းလင်း ပြတ်သား စွာ လူတိုင်း မြင်နိုင်တယ်။

ဖန်ကျန်းရှီ ။

ပိုပြီးတော့ အရေးကြီးတာကတော့ စာရွက် တရွက်ချင်းစီဟာ တူညီတဲ့ အမှတ် တစ်ခုတည်းရှိတယ်.။ နောက်ပြီးတော့ တစ်ခုချင်းစီမှာ တံဆိပ် ခတ်နှိပ်ထားခဲ့တယ်။ “တော်ဝင် အင်ပါယာ တံဆိပ်” ။

လူအုပ်ကြီး တစ်ခုလုံးဟာ တိတ်ဆိတ်သွားကြတော့တယ်။

အဖြေလွှာကို မျက်လုံးကျယ်ကျယ် ဖွင့်ကြည့်နေကြတယ်။ ဒါကို လက်မခံ ချင်ပေမယ့်လည်း ဒီ စာရွက်ပေါ်က တံဆိပ်ကိုတော့ သူတို့ကောင်းကောင်း သိကြတယ်။

“ ကြီးမြတ်သော သုခမိန်ကြီးက သူကိုယ်တိုင် အမှတ်ပေးထားတယ်။ ”

“ တော်ဝင် တံဆိပ် … ဒါက လုံးဝကို တော်ဝင် တံဆိပ်ပဲ။”

“ အကုန် မှန်တယ်။ အကုန်လုံး မှန်တယ်။”

“ အဖြေလွှာ ဆယ့်နှစ်ရွက် လုံး ကို လေးနာရီ အတွင်း အမှားတစ်ခုတောင် မပါဘူး။ စာလုံး ပေါင်းမှာတာ တစ်ခုမှ မပါဘူး။”

“ လျှော့တဲ့ အမှတ်ဆိုတာလည်း မရှိ”

ရုံးတော်သားတွေ အားလုံးဟာတော့ မြင်ရတဲ့ မြင်ကွင်းကြောင့် မျက်စိလည်နေကြတယ်။ လူအုပ်ကြီးကတော့ လုံးဝကို ကြောက်ရွံ့ ထိတ်လန့်နေကြတယ်။ အထူးသဖြင့် စာမေးပွဲကို ဖြေဆိုထားတဲ့ ကျောင်းတော်သားတွေက ထိတ်လန့်မှု ပိုတယ်။

ဒီအချက်ကို လက်ခံ ဖို့ က သူတို့အတွက်ခက်ခဲလွန်းတယ်။

တော်ဝင်စာမေးပွဲ ဒီ တစ်ခေါက် စစ်ဆေးမှု က သူတို့ အတွက် ထင်ထားတာထက် ခက်ခဲ လွန်းတယ်။

လေးနာရီ အတွင်းမှာ

နှစ်မျက်နှာကိုတောင် ပြီးအောင် မဖြေနိုင်ဘူး ဖြစ်တယ်။

ဒါကတောင်မှ ဒုတိယ တန်းစား ကျောင်းတော်သား အဆင့်ကို ရောက်အောင် လုပ်နိုင်တယ်။ နောက်ပြီးတော့ ပထမတန်းကို ရတဲ့ ကျောင်းတော်သားတွေ တောင်မှ မေးခွန်း တစ်စုံကို ခက်ခက်ခဲခဲ နဲ့ ဖြေကြရတာ ဖြစ်တယ်။

ဒါကခက်ခဲ လွန်းတယ်။

မေးခွန်း တစ်စုံကို အမှား မပါပဲနဲ့ ဖြေဖို့တောင်မှ သူတို့ အတွက် ခက်ခဲ လှတယ်။

သူတို့ ဘယ်လိုများ ကြည့်လိုက်တာလဲ။

စာခိုးဖို့ ဆိုတာလည်း မဖြစ်နိုင်လောက် အောင် ခက်ခဲတယ်။ သမိုင်းတစ်လျှောက်လုံးမှာလည်း တော်ဝင် စာမေးပွဲကို လှည့်စားတဲ့သူ မရှိ ဘူး ဖြစ်တယ်။.။

ဒါကို သူ ဘယ်လိုများ ဖြေလိုက်တာလဲ။

“ တော်ဝင် စည်း တံဆိပ်။ အကုန်လုံး အမှတ်ပြည့် အကုန်မှန်ကန်။”

စုတုန်းလင်းကတော့ ဆယ်စုနှစ် နှစ်ခု စာလောက် သင်ကြားခဲ့သမျှ အလဟသတ် ဖြစ်သွားပြီလို့ တွေးမိနေတယ်။ စာမေးပွဲ အဖြေလွှာတွေကို တွေ့လိုက်ချိန်မှာတော့ သူ့ကိုယ်သူ အမှားလုပ်မိတဲ့ သုံးနှစ်သား ကလေး တစ်ယောက်လို ထင်လိုက်မိတော့တယ်။

“ ဖန်ကျန်းရှီ ” စုတုန်းလင်က စတင်ပြီ း တုန်ယင်လာတော့တယ်။ အရှက် ၇မှုနဲ့ ဒေါသ ကြောင့် ဒီလို တုန်ယင်လာတာ ဖြစ်တယ်။

ဖန်ကျန်းရှီနဲ့ ရန်ရွှယ် ပြောနေတဲ့ စကားတွေကို သူ ပြန်ကြားယောင်လာတယ်။

““ မင်းမှာ တွဲဖက်ရှိနေတာကို ဘာလို့ မပြောတာလဲ။”

“ မင်းက ငါနဲ့ အတူ သွားမယ်လို့ ပြောရင်တောင်မှ သူ့ ဦးနှောဏ် အသိဉာဏ်နဲ့ ဆိုရင် ဘယ်လို နားမလည် နိုင်မှာလဲ။ ”

“ ဒါအမှန်ပဲ။”

ဒါက လှည့်ဖျား လှောင်ပြောင်တာပဲ လုံးဝကို ။

“ ပထမ အချီ”

“ တိုက်ခိုက်ရေးစာမေးပွဲရဲ့ ပထမ အချီမှာ ”

“ ငါ မင်းကို သတ်မယ်”

စုတုန်းလင်ဟာ ဆက်မနေတော့ပါဘူး။ လွန်ခဲ့တဲ့ အချိန် တုန်းကပဲ ဖန်ကျန်းရှီကို သူပြောခဲ့တယ်။ လူတွေ အားလုံးရဲ့ ရှေ့မှာ သူ့ရဲ့ နာမည်က အမြင့်ဆုံး အဆင့်မှာ ရှိနေမယ်လို့ ။

ဒါပေမယ့်လည်း အခုချိန်မှာတော့

ဖန်ကျန်းရှီရဲ့ နာမည်က ထိပ်ဆုံးမှာ ဖြစ်တယ်။

အတွေးအခေါ် စာမေးပွဲရဲ့ ထိပ်တန်းကျောင်းတော်သားက ဖန်ကျန်း၇ှီ ။

ဒီ အချက်က ဘယ်သူမှ မေးခွန်း မထုတ်ဝံ့တော့ဘူး ဖြစ်တယ်။ လူတိုင်းကတော့ မနာလို စိတ် ပြင်းပြစွာနဲ့ ကြည့်နေကြတယ်။

ရုံးတော်သားတွေအားလုံးဟာလည်း ကြက်သေသေ နေခဲ့တယ်။

သူ့ရဲ့ နာမည်နဲ့ အတူ မယုံနိုင်စရာ အရည်အချင်းကို ပြသခဲ့ပြီ ဖြစ်တယ်။ ဒါကတော့ ဓလေ့ ထုံးစံတွေကို ချိုးဖောက်ခဲ့တဲ့ မျိုးဆက် အသင့် ဖြစ်တယ်။

ရုံးတော်သားတွေ ဟာတော့ မီးဝင်းဝင်းတောက်နေတဲ့ မျက်လုံးတွေနဲ့ ဖန်ကျန်းရှီကို ကြည့်နေခဲ့တယ်။

သူက အတွေးအခေါ် စာမေးပွဲ ချန်ပီယံ ဖြစ်ချင် ဖြစ်မယ်။ ဒါပေမယ့်လည်း ကောင်းကင်ရောြင်ပန်အဆင့်ကို ရောက်စ ဖြစ်တဲ့သူတစ်ယောက် အတွက်တော့ တိုက်ခိုက်ရေး စာမေးပွဲမှာ အနင်းခံ ၇မယ့် ကျောက်တုံး ကြီး တစ်တုံးသာ ဖြစ်လာလိမ့်မယ်။

ဘာကြောင့် စိတ်မလှုပ်ရှားပဲ ်နေမှာလဲ။

ဖန်ကျန်းရှီကို တိုက်ခိုက်ရေးစာမေးပွဲမှာ အနိုင်တိုက်နိုင်ရင် လောကကြီးရဲ့ အာရုံစိုက်မှုကတော့ သူ့ အပေါ်မှာ ရောက်ရှိလာမှာ ဖြစ်တယ်။

ကောင်းကင်ရောင်ပြန် အဆင့် စာဖြေသူတွေအားလုံးဟာ ဖန်ကျန ်းရှီကို အ၇သာ ရှိတဲ့ သိုးဝတုတ်လေး တစ်ကောင်ကို ကြည့်တဲ့ ဝံပုလွေ အကြည့်မျိုးနဲ့ စောင့်ကြည့်နေကြတယ်။ သူတို့ရဲ့ မျက်လုံးတွေထဲမှာတော့ စိတ်လှုပ်ရှား တက်ကြွမှုတွေနဲ့ ပြည့်နှက်နေခဲ့တယ်။

နန်ကုန်းမု။ သစ်ပင်ရိပ်မှာရပ်နေခဲ့တဲ့ သူဟာလည်း ထွက်သွားပြီ ဖြစ်တယ်။

သူ ထွက်သွားတဲ့ အချိန်ကတော့ အဖြေလွှာတွေကို ထုတ်ပြန်တဲ့ အချိန်ဖြစ်တယ်။ ဘယ်သူ့ကိုမှ ဘာမှ မပြောပဲနဲ့ တောင်ဘက် အရပ်ကိုသာ ငေးစိုက်ကြည့်ပြီးနောက် ထွက်သွားတာ ဖြစ်တယ်။

နန်ကုန်း မိသားစု အိမ်တော် တည်ရှိနေတဲ့ အရပ်ကို မျှော်ငေးရင်းနဲ့ ပေါ့။

နောက်ထပ် မူးနောက် စရာ ကောင်းလောက်အောင် တော်တဲ့ ကျောင်းတော်သား တစ်ဦး အဲ့ဒီ့ အရပ်မှာရှိနေတယ်။ နန်ကုန်းဟောင်။

ရှင်ချင်းစွေ့ကတော့ မထွက်ခွာသွားပါဘူး။ ဒေါသ ဖြစ်နေတဲ့ အရိပ်အယောင်လည်း မရှိဘူး ဖြစ်တယ်။ ဒါပေမယ့်လည်း စာရွက်တွေကို ုတွေ့ချိန်မ်ှာတော့ သူလိုက်ရမယ့် သားကောင်ကိုတွေ့သွားသလိုမျိုး မျက်လုံးတွေဟာ တောက်ပသည်ထက် တောက်ပ လာခဲ့တယ်။

…

ပင်းယန် အိမ်တော်ထဲမှာတော့

ပင်းယန် ဟာ ဒန်းစီးနေခဲ့တယ်။ တော်ဝင်ကျောင်းတော် ရှိတဲ့ ဘက်ကို မျက်နှာမူရင်း ရေရွတ်ပြောဆိုနေခဲ့တယ်။

“ဒီကောင် ပျော်နေလောက်ြ့ပီ။”

“ ငါ အလွတ်မပေးနိုင် ဘူး။”

“ဒါပေမယ့် ဒီကောင်ဘယ်လိုများ ဖြေနိုင်ရတာလဲ။ မေးခွန်း တစ်ခုလုံး၊”

“ အာ။ ဒီ ကောင်က အိမ်မက်ဆိုးပဲ လုံးဝကို အိမ်မက်ဆိုးပဲ။”

ပင်းယန် ဟာ ဆက်တိုက်ရေရွတ်နေရင်း သူမရဲ့ အမူအယာတွေဟာ တဆင့်ချင်း ပြောင်းလဲ နေခဲ့တယ်။ ပျော်ရွှင်တယ် ။ ဒေါသ ထွက်တယ်။ ဝမ်းနည်းတယ်။ နောက်ပြီးတော့ ရူးတော့ မလို ခံစားနေရတယ်။

ပင်းယန် အိမ်တော်ရဲ့ သေးငယ်တဲ့ အဆောင်တော် တစ်ခုမှာ

ပန်းနုရောင် အကျီကို ဝတ်ထားတဲ့ ချီကူယန်ဟာ သားရဲကောင် ပုံစံ ထွင်းထုထားတဲ့ ခုံ တစ်လုံးပေါ်မှာ လှဲလျောင်းနေခဲ့တယ်။ သူမရဲ့ ဝတ်ရုံဟာ ဒူး အထိ ဖော်ထားပြီးတော့ သွယ်လျ ဖြောင့်ဆင်းတဲ့ ခြေတံတွေကို လှစ်ထားခဲ့တယ်။

သူမရဲ့ အသွင်ကတော့အတော်လေး ပျင်းရိနေသလို မျက်လုံးတွေကတော့ ကောင်းကင်ကို ကြည့်နေခဲ့တယ်။ သူမ အပေါ်မှာ ဖြာကျနေတဲ့ နေရောင်ခြည်ကြောင့် နတ်မိမယ် တစ်ပါး ကိုယ်ထင်ပြနေသလို ထင်မှတ်မှားစေတယ်။

“ အရှက်မရှိတဲ့ ကောင် ဒီ လို ထိပ်ဆုံမှာ ရောက်နေတာ အံ့သြစရာ မရှိ ပ်ါဘူး။။ စာမေးပွဲ တစ်ခုလုံးကတော့ အေးအေး ဆေးဆေး ဖြစ်နေတော့မှာပဲ။ ဒီတစ်ခါတော့ ငါတွန်းတင်ပေးစရာမလိုတော့ ဘူး။ သူ ကိုယ်တိုင် ထိပ်ဆုံးရောက်နေပြီ ဆိုတော့ လည်း အနားယူရတာပေ့ါ။”

ချှီကူယန် ဟာ ခပ်တိုးတိုးရေရွတ်နေရင်းနဲ့ မျက်လုံးတွေကို မှေးထားခဲ့တယ်။

ကျောက်စိမ်းရောင် ဝတ်စုံကို ဝတ်ထားတဲ့ ယွဲ့အာကတော့ အဆောင်ငယ်လေးရဲ့ အပြင်ဘက် ဝင်ပေါက်မှာ ရပ်နေတာ ဖြစ်တယ်။

သူမမြင်နေရတဲ့ မြင်ကွင်းကြောင့် အနည်းငယ် အံ့သြနေမိတယ် ချီကူယန် ဒီလို ထိုင်နေတာမျိုးကို သူမ တသက်နဲ့ တကိုယ် မမြင်ဖူးဘူး ဖြစ်တယ်။

“ သခင်မလေး ပြောင်းလဲ သွားတယ်လို့ ငါဘာလို့တွေးမိနေတာလဲ။ အ၇င်ကဆို ငါ့ကို အမြဲတမ်း အနေအထိုင် ဆင်ခြင်ဖို့ ပြောနေတဲ့သူက ”

…

…

အတွေးအခေါ် စာမေးပွဲရဲ့ ရလဒ် ကြေညာမှု ပြီးတဲ့နောက်မှာတော့ လူတိုင်းဟာ သူတို့ရဲ့ မျက်လုံးရှေ့က မြင်ကွင်းကို မယုံနိုင်ဘူး ဖြစ်နေခဲ့တယ်။ နောက်ပြီးတော့ …

ယွီယိဖျင်ရဲ့ ခန့်မှန်းချက်ကို နားထောင် ထားတဲ့သူတွေလည်း ၇ှိနေသေးတယ်။

သူတောင်မှ ဒီလို မေးခွန်းခြောက်စုံလုံးကို ဖြေတာ အလကားပဲ လို့ ပြောခဲ့တာ။ အခုတော့ ဒီစကားက မေ့ဖျောက်ခံလိုက်ရပြီ။

ဘယ်သူက မှ ဒါကို မပြော ရဲကြဘူး ဖြစ်တယ်။

ဒါပေမယ့်လည်း မြို့ထဲမှာ ၇ှိတဲ့သူတိုင်းကတော့ ဒီ သတင်းကို ကောင်းကောင်း သိကြတယ်။ လက်ဖက်ရည် ဆိုင်တွေက ပုံပြောသူတွေကလည်း ဒါကို အခြေခံပြီးတော့ ဇာတ်လမ်း တွေ ထွင်ကြတယ်။

အခုချိန်မှာတော့ ဒါက အသုံးမဝင်တဲ့ ယုံတမ်းပုံပြင်တွေ ဖြစ်သွားတော့တယ်။

ယွီ ယိဖျင်က ဒါကို သိသလိုမျိုး ။ အိမ်ရှေ့စံ မင်းသား လင်းထျန်းရုံလည်း သိတယ်။ လင်းရှင်းကြွယ် တစ်ဦးသာ လူတိုင်းကို သူဒါကို မြင်လိုက်ကြောင်းပြောနေတာ ဖြစ်တယ်။ “ ဘာကြောင့်လဲ။ ဘယ်သူက လက်ဝဲရံ ဝန်ကြီးကို အပုပ်ချဝံံ့တာလဲ။

နိုင်ငံရေး တည်ငြိမ်မှုက အတော်လေးကို ဂယက်ထနေခဲ့တယ်။ ဖန်ကျန်းရှီနဲ့ ပတ်သက်ပြီးတော့ လုပ်စရာ မရှိတာကို ဖြစ်စေတယ်။ ဒါပေမယ့်လည်း ဖန်ကျန်း၇ှီသာ မရှိရင် ဒါက ဖြစ်နိုင်မှာလား။

…

တိုက်ခိုက်ရေး စာမေးပွဲဟာ အတော်ဆိုတဲ့ ရာသီဥတုမှာ ကျင်းပမှာ ဖြစ်တယ်။

ဒီနေ့မှာ တော့ ရွာနေတဲ့မိုးဟာ ခါတိုင်းထက် ကို ပိုပြီးတော့ သည်းသည်းမည်းမည်း ရွာနေတယ်။ ကောင်းကင်မှာတော့ တိမ်မည်းတွေနဲ့ ပြည့်နေပြီးတော့ လေပြင်းဟာ မြို့တော် အနှံ့ကို ဝေ့၀ဲ တိုက်ခိုက်နေတယ်။

ဒီနေ့ကတော့ တိုက်ခိုက်ရေး စာမေးပွဲရဲ့ အစ ဖြစ်ပြီးတော့ ရာသီဥတုက အတော်လေးကို မကောင်းဘူး ဖြစ်တယ်။

ဒါပေမယ့် ဘာကြောင့်လဲ

မိုးမရှိရင် သက်တန့်လည်း ရှိမှာ မဟုတ်ဘူး။

၂၀၀ ကျော်တဲ့ ကျောင်းတော်သားတွေကတော့ စစ်တပ် သံချပ်ကာ အပြည့်နဲ့ မိုးရေတွေ ရွဲစိုစွာ ရပ်နေကြတယ်။ ရှေ့တည့်တည့် ကိုသာ ကြည့်နေခဲ့တယ်။

တော်ဝင်ကျောင်းတော် ကြီး တစ်ခုလုံးရဲ့ လေထု ဟာ လုံးဝကို စိုစွတ်နေခဲ့တယ်။

လူအုပ်ကြီးရဲ့ အလယ်မှာတော့ ထီးဝါလေး တစ်ချောင်းရှိနေတယ်။ ထီးအောက်မှာတော့ လူ နှစ်ယောက်ရှိနေတယ်။ တစ်ဦးကတော့ လွန်မင်းစွာ ပျင်းရိနေပုံနဲ့ နီလာရောင် တောက်နေတဲ့ သံချပ်ကာဝတ်ရုံကို ဝတ်ထားတဲ့ ဖန်ကျန်းရှီၤ ဖြစ်ပြီးတော့ နောက်တစ်ဦးကတော့ ရေခဲလို အေးစက်စက် ဖြစ်နေတဲ့ ရန်ရွှယ် ဖြစ်တယ်။

အဖြူရောင် ရုံးတော် ဝတ်စုံ ဝတ်ထားတဲ့ ဟန်ချန်ဖုန်းကတော့ တစ်ချောင်းတည်းသော ထီးလေးကို စိုက်ကြည့်နေတယ်။ သူတို့ ဟာတော့ လုံးဝကို ရှင်းသန့်နေပြီးတော့ အခြားသော စာဖြေသူတွေနဲ့ ယှဉ်လိုက်ရင် သိသိသာသာကို ကွာခြားနေတော့တယ်။

ဟန်ချန်ဖုန်းကတော့ ကောင်းကင်ကနေ သည်းသည်း မည်းမည်း ရွာကျနေတဲ့ မိုးပေါက်တွေကို ကြည့်လိုက်တယ်။

နောက်တစ်ခေါက် အမှား လုပ်မိပြီလား။

အဓိက စာစစ်သူ အဖြစ် လုပ်ဆောင် ခဲ့တဲ့ နှစ်တွေ အများကြီးမှာ အတော်လေး ဆိုးတဲ့ ရာသီ ဥတုတွေကို သူ ကြုံခဲံ ရတာ ဖြစ်တယ်။ ဒါပေမယ့်လည်း တစ်နှစ်မှာမှ သူကိုယ်တိုင်တောင် ထီးမဆောင်း ဘူး ဖြစ်တယ်။

ဒီလို လူတွေက စစ်တပ်ကို ဝင်လို့ ရမှာ လား။ ဒီလို ပျော့ညံ ပြီးတော့ စည်းကမ်း မရှိတဲ့ ကောင်စုတ်လေး တွေ အပြစ်သင့်မှာ ပဲ။

ဒါပေမယ့်လည်း အခုက တော်ဝင် ကျောင်းတော် ပဲလေ ။ သူ ပြောလို့ ရမှာလား။

ထုံးစံ အတိုင်း မဟုတ်ဘူးပေါ့။

“ မင်းတို့ အားလုံးက အင်ပါယာရဲ့ ထူးချွန်သူတွေပဲ ။ နိုင်ငံတော်ရဲ့ အနာဂတ်လည်း ဖြစ်တယ်။ တစ်နေ့မှာ မင်း တို့ စစ်တပ်ကို ဝင်သည် ဖြစ်စေ။ ရုံးတော် ဌာနကို ဝင်သည် ဖြစ်စေ သန်မာ ကြံ့ခိုင်မှုတွေကို ထိန်းသိမ်းထားဖို့ လိုတယ်။”

“ ကြီးမြတ်သော ရှ မင်းဆက် က မင်းကို လက်ကမ်း ကြိုနေမယ်။ ဒါပေမယ့်လည်း မင်းတို့ အရင်ဆုံး တံခါးကို ဖြတ်ဖို့ လိုတယ်။ တံခါးထဲမှာတော့ ပြိုင်ပွဲ ရှိတယ်။ ရက်စက်တဲ့ ညှာတာမှု မရှိတဲ့ ပြိုင်ပွဲ ဖြစ်တယ်။ ”

“ သူတို့တွေ မင်းရဲ့ လမ်းကြောင်းကို ပိတ်ဆို့ကြလိမ့်မယ်။ မင်းလုပ်ရမှာက နင်းချေ တိုက်ခိုက်ဖို့ပဲ ဖြစ်တယ်။”

“ မင်းတို့ အကုန် လုံး (မုန့်ထျန်း) ဆိုတာ ကြီးမြတ်သော ရှ မင်းဆက်လို့ အဓိပ္မာယ်ရတာ သိကြမှာပါ။ မှန်တယ်။ သူက မိုင်ထောင်ချီ ခရီးနှင်ပြီးတော့ နတ်ဆိုး ဘုရင် ( သီ စစ်ခုန်) ပညာရှိ တိုက်ပွဲနတ်ဘုရားကို သတ်မယ့်သူပဲဖြစ်တယ်။”

“ ဒီ နေ့မှာတော့ မင်း တို့ အားလုံးဟာ ဂုဏ်သရေ ကြီးမားလှတဲ့ ( သုခမိန် လောက ပညာ၇ှိတို့ ကမ္ဘာ)ကို ဝင်ရောက်ရမှာ ဖြစ်တယ်။ ဒီ မုန့်ထျန်းလောကမှာတော့ မုန့်ထျန်း ဂုဏ်ရည်နဲ့ မှတ်တမ်းတင်ထားမှာ ဖြစ်တယ်။ ”

“ အဆင့်တိုင်းမှာ။ မတူညီတဲ့ လောကနဲ့ အတူ နားမလည် နိုင်တဲ့ အရာတွေကို တွေ့ကြုံရမယ်။”

“ဒါပေါ့.။ သူတို့ကိုတွေ့ ကြုံရင်တောင် မင်း အသက်ရှင် ကျန်ရစ်ရမယ်။”

“ စည်းမျဥ်းးကတော့ ရိုးရှင်းတယ်။ တိုက်ခိုက်ရေး စာမေးပွဲမှာ နောက်ဆုံး ကျန်ရစ်သူက ချန်ပီယံ ဖြစ်တယ်။ ”

ဟန်ချန်ဖုန်း ဟာ သူ့ စကားကို အဆုံးသတ်လိုက်ပြီးတော့ ကျောင်းတော်သား အုပ်စုကြီးကို ကြည့်လိုက်တယ်။ သူတို့ အားလုံးဟာ အလွန်အမင်းကို မွတ်သိပ်နေကြဟန်ပါပဲ။

သူတို့ အားလုံးဟာ မျှော်လင့်ချက် တွေ ပြည့်နှက်နေခဲ့တယ်။

တော်ဝင် ကျောင်းတော် စာမေးပွဲရဲ့ ဆုံးဖြတ်မှု အရ ဧကရာဇ် ဟာ ” ပညာရှိ သုခမိန်တို့ ကမ္ဘာ” ကို အသုံးပြုဖို့ ဆုံးဖြတ်ပေးခဲ့တယ်။ သူ့မှာတော့ အတော်လေးကို ပျော်ရွှင်နေသလို ခံစားချက် ဖြစ်ေ်နတော့တယ်။ ဒီ ထဲကို ဝင်တဲ့သူတိုင်းဟာ အောင်ပဲ အောင်အောင် ကျပဲ ကျကျ ု။ ဒီလောကကို ဝင်ရသူဟာ မြင့်မားတဲ့ ဂုဏ်ရည်ဖြစ်တယ်။

ဒါပေမယ့်လည်း ဒီနေရာဟာ အန္တရာယ်တွေ ရောပွမ်းနေတဲ့ နေရာ ဖြစ်တယ်။

ပညာရှိ သုခမိန် လောကဟာ ဒီနေ့ ရောက်ရှိနေတဲ့ ကျောင်းတော်သားတွေ အတွက်တော့ ခက်ခဲ လိမ့်မယ်။

ထုံးစံ အတိုင်း ဟန်ချန်ဖုန်းဟာ သူ ဘာကို ဆိုလို ချင်လဲ သိတယ်။

သေခြင်းတရားနဲ့ အနိုင် မတိုက်ခိုက်နိုင်ရင် ဘယ်လောက်ပင် သန်မာ ပါစေ တိုက်ပွဲ ထဲမှာ မရပ်တည်နိုင် ဘူး ဖြစ်တယ်။ ဒီလူတစ်ယောက် ဟာ ကြီးမြတ်သော ရှ မင်းဆက် တစ်ခုလုံးရဲ့ ခံတပ်ကြီး ဖြစ်လာလိမ့်မယ်။

နတ်ဆိုးမျိုးနွယ် တိုင်းနဲ့ လူသားမျိုးနွယ်တိုင်းဟာ ဒါကို လက်ခံရမှာ ဖြစ်တယ်။

ဒါပေမယ့်လည်း

ဖန်ကျန်းရှီ ကြည့်ရတာ ဘာကြောင့် စိတ်ရှုပ်ထွေး စိတ်လှုပ်ရှားတာတွေ မရှိနေတာလဲ။ ဒါ့အပြင်ကို အတော်လေး ပျင်းရိခြောက်သွေ့နေတဲ့ပုံ ပေါက်တယ်။

ဟန်ချန်ဖုန်းကတော့ ဖန်ကျန်းရှီ ဘာကို တွေးနေလဲ နားမလည်နိုင်မှာဘူး။ တော်ဝင် တာအို တိုက်ခိုက်ရေး စာမေးပွဲကို မအောင်မြင် ချင်တော့ဘူးလား။ ဒါမှ မဟုတ် ဒီလောက်အထိကို ယုံကြည်မှု ရှိနေတာလား။

မဖြစ်နိုင်တာပဲ။

တော်ဝင် တိုက်ခိုက်ရေးစာမေးပွဲက အတွေးအခေါ် စာမေးပွဲနဲ့ မတူဘူး။ အမျိုးမျိုးသော စွမ်းရည်တွေ လိုအပ်တယ်။

ကောင်းကင်ရောင်ပြန် တည်ငြိမ် အဆင့်မှာ ၇ှိနေတဲ့ ကျင့်ကြံသူတွေ တောင် အားနည်းနေရင် မရှင်သန်နိုင်ဘူး။ ဒီလိုမျိုး ပျင်းရိနေဖို့လည်း အချိန်မရှိဘူး။ ဒါ့အပြင် နောက်ကွယ်မှာ ထိန်းချုပ်နေတဲ့သူတွေလည်းရှိတယ်။

ပညာရှိသုခမိန် လောက ကို ထိန်းချုပ်နေသူတွေကတော့ ဟန်ချန်ဖုန်းနဲ့ သွမ့် ပြည်ထောင် အရှင်ပဲ ဖြစ်တယ်။

အချိန် ။ နေရာ။ လူ ……

အကယ်၍ ဖန်ကျန်း၇ှီက နောက်ဆုံး ရပ်တည်နိုင်တဲ့သူ ဖြစ်လာခဲ့ရင်

ဒါက လုံးဝကို အဓိပ္မာယ် မဲ့သွားလိမ့်မယ်။

“ ဆက်လုပ် ”

“ အမိန့်အတိုင်းပါ။”

ဖန်ကျန်းရှီနဲ့ ရန်ရွှယ်က လွဲပြီးတော့ တခြားသူတွေ အားလုံးဟာ တညီတညွတ်တည်း ပြန်ဖြေလိုက်ကြတယ်။

ဖန်ကျန်းရှီ ကတော့ ရန်ရွှယ် လည်း ပြန် မဖြေချင်တာကို သိတယ်။

လုံး၀ မတူညီတာကို သိနေပင်မယ့်လည်း နှစ်ဦး စလုံးဟာတော့ ထီးအဝါရောင် တစ်ချောင်းကို အတူ ဆောင်းနေကြဆဲ ဖြစ်တယ်။

ကြီးမားတဲ့ ကျောက်တုံး တံခါးကြီးဟာ နှစ်ခြမ်း ဟ သွားတယ်။

ဒါကတော့ တော်ဝင် တာအို တိုက်ခိုက်ရေး စာမေးပွဲ တရားဝင် စတင်ကြောင်း သင်္ကေတ ဖြစ်တယ်။

“ ပညာရှိတို့ ကမ္ဘာလား။ မုန့်ထျန်း ။ ဘာလို့ ဒါကို ငါ မကြားဖူးတာလဲ၊“ ဖန်ကျန်းရှီက စိတ်ရှုပ်စွာနဲ့ ကြည့်နေခဲ့တယ်။ သူ့ဘေးနားက ကျောင်းတော်သားတွေကို ကြည့်ရင်း သက်ပြင်းချလိုက်မိတယ်။

“ ကလေးတွေလဲ မဟုတ်ပဲနဲ့။ ငတုံးတွေ အတိုင်း လုပ်နေကြတယ်။”

ဒါပေမယ့်လည်း သူ သတိ မပြုမိတာကတော့ ကျောက်တုံးတံခါးကို ဖြတ်လျှောက်သွားတဲ့ ကျောင်းတော်သားတိုင်းဟာ သူ့ကို လှည့်ကြည့်သွားကြတာပဲ ဖြစ်တယ။် သူတို့ရဲ့ မျက်လုံးတွေကတော့ တောက်ပနေခဲ့တယ်။

အပိုင်း (၁၈၂) ပြီး၏။

ဒီ အပိုင်း အတော်လေး ရှည်တယ်နော်။

အပိုင်း ( ၁၈၃)

“ အားနည်းမှု ”

ဖန်ကျန်းရှီဟာ မုန့်ထျန်း ဆိုတာကိုလည်း မကြားဖူးသလို ပညာရှိ သုခမိန် တို့ လောကကိုလည်း မကြားဖူးဘူး ဖြစ်တယ်။ ဒါပေမယ့် ဘာဖြစ်လည်း။ ရန်ရွှွှယ်သိရင် ရတာပဲ။

ရန်ရွှယ်နဲ့ ဖန်ကျန်း၇ှီ တို့ဟာ တစ်ဦးကို တစ်ဦး လုံး၀ ဥသုံ ယုံကြည်တယ်။

“ မင်း ဒီ မုန့်ထျန်း ဆိုတာကို သိလား။”

“ သိတယ်။”

“ ဒါဆို ပညာ၇ှိသုခမိန်တို့ ကမ္ဘာကိုကော”

“ နည်းနည်း သိတယ်။”

“ ကောင်းပြီ။”

ဖန်ကျန်းရှီက ခေါင်းငြိမ့်လိုက်တယ်။

စာဖြေသူတစ်ဦးချင်းစီဟာ တံခါး ကို ဖြတ်သန်းသွားတော့တယ်။

အတော်လေးကို အိုဟောင်း ရှေးကျ နေပြီ ဖြစ်တဲ့ ဆိုရိုးစကား နှစ်ခုတော့ ၇ှိတယ်။ ဒါကတော့ ပထမဆုံး ဝင်တဲ့သူက အခွင့်အရေး ပိုမယ်ပဲ ဖြစ်တယ်။ ပထမ ဆိုတဲ့ စကားလုံးကတော့ ကြုံတွေ့ရမယ့် ကမ္ဘာနဲ့ ပိုပြီးတော့ ရင်းနှီးမှု ရရင် အခွင်အရေးပို ကောင်းမှာ ဖြစ်တယ်။

ဒါပေမယ့်လည်း ဖန်ကျန်းရှီ နဲ့ ရန်ရွှယ်ကတော့ အလျင်မလိုပါဘူး။

ဒီလိုမျိုး သူတို့ နှစ်ဦး ဟာ ငြိမ်သက်စွာပဲ အပြင် ဘက်မှာ စောင့်ဆိုင်းနေကြတယ်။ လူတွေ အကုန်လုံး ဝင်သွားပြီးတဲ့ အချိန်မှပဲ သူတို့ ဝင်ကြတော့တယ်။

သူတို့ စိတ်ရှည် လက်ရှည် စောင့် ဆိုင်းနေကြမှု အတွက် နောက်ကွယ်မှာ ကြီးမားတဲ့ အကြောင်းရင်းတော့ မရှိဘူး ဖြစ်တယ်။ ဖန်ကျန်းရှီရဲ့ စိတ်ထဲမှာတော့ တခြားသူတွေနဲ့ ရောဝင်သွားရင် သူ့ အဝတ်အစားတွေ ညစ်ပတ်သွားမှာကိုသာ ကြောက်နေတာ ဖြစ်တယ်။ အကျီနဲ့ သံချပ်ကာကို မိုး မစို စေချင်ဘူး။

…

ကျောက်တုံး တံခါးကို ဖြတ်သန်းပြီးနောက်မှာတော့ မိုးဟာလည်း ရပ်တန့်သွားတော့တယ်။

ကြီးမားကျယ်ပြန့်လှတဲ့ အရာတွေက သူတို့ကို ဆီးကြိုနေခဲ့တယ်။ ဒီမြင်ကွင်းထဲမှာ ထိုင်ခုံတွေ စားပွဲ ခုံတွေလည်း မရှိသလို သစ်ပင်တွေလည်း မြင်ကွင်းထဲမှာ မရှိဘူး။ တစ်ခုတည်းသော ရှိတဲ့ အရာကတော့ မြေပြင်ပေါ်က ကျောက်တုံး စိမ်းတွေပဲဖြစ်တယ်။

နေရာကတော့ အရမ်း မကြီးမားဘူး ဒါပေမယ့်လည်း စာဖြေသူ အယောက် ၂၀၀ကို သက်တောင့် သက်သာ စွာ ရပ်စေ နိုင်တယ်။။

အနီးနားမှာတော့ ကျောက်တုံး တံတားလေး တစ်ခု ရှိနေတယ်။ တိတိကျကျ ပြော၇ရင်တော့ ကျိုးပဲ့နေတဲ့ ကျောက်တုံး တံတား တစ်ခု ဖြစ်တယ်။

တံတားရဲ့ တစ်ဖက်မှာတော့ တောင် တစ်လုံး ရှိနေခဲ့တယ်။ ဒါပေမယ့်လည်း မြူတွေ ဖုံးအုပ်ထားတဲ့ အတွက် ဘာကိုမှ ရှင်းရှင်းလင်းလင်း မမြင်ရဘူးပဲ ဖြစ်တယ်။ ဒါဟာ တံလျှပ် တစ်ခု ဖြစ်မယ် ဆိုတာ သူတို့ နားလည်လိုက်ကြတယ်။

ခါတိုင်း စိတ်အာရုံမယ်မြေတွေနဲ့ တော့ ထူးခြားစွာ ကွာခြားမှု မရှိဘူး။ ဒါပေမယ့်လည်း ပညာရှိသုခမိန်တို့ရဲ့ ကမ္ဘာ ဖြစ်နေမှတော့ ဘာက ဒီလောက် ရိုးရှင်းနိုင်မှာလဲ။

“ ကျောက်တုံး တံတားကို ဖြတ်သန်းကြပါ။”

ရိုးရှင်းတဲ့ စကားတွေဟာ လေထုထဲကနေ ရိုက်ခတ် ထွက်ပေါ်လာတော့တယ်။ ရှင်းလင်းစွာ သေချာတာကတော့ ဒါဟာ သူတို့ လုပ်ရမယ့် အရာ ဖြစ်တယ်။

ဒီကျောက်တုံးတံတားကတော့ အလယ် တည့်တည့် ကနေ ကျိုးပျက်နေတာပဲ ဖြစ်တယ်။

တံတားရဲ့ အစမှာတော့ ကျောက်တုံး ကြီး တစ်တုံး ရှိပြီးတော့ “ တံတားကျိုး” ဆိုတဲ့ စာလုံးတွေကို ရေးထွင်းထားတယ်။

တခြားသော ထူးခြားမှုတော့ မ၇ှိဘူး။

လူတိုင်းဟာတော့ တံတားကိုသာ ငေးစိုက်ကြည့်နေကြပြီးတော့ ဘယ်သူကမှ ခြေ တလှမ်းတောင် စ မလှမ်း ကြပါဘူး။ ဒါဟာ အဆုံးမဲ့ ကျောက်တုံး တံတားဖြစ်တယ်။

ကျိုးနေတဲ့ နေရာလွတ်ကြီးကို ကောင်းကောင်းမြင်နိုင်ကြတယ်။ နေရာလွတ်ကြီးဟာတော့ မြူထုနဲ့ ကြီးမားစွာဖုံးအုပ်ထားတာပဲ ဖြစ်တယ်။

တံတားဟာ ဘယ်လောက် ရှည်ပြီးတော့ တံတား တဖက်မှာ ဘာရှိနေလဲ ဆိုတာကိုတော့ ဘယ်သူမှ မသိနိုင်ပါဘူး။

ဒါက ထုံးစံ အတိုင်း စီစဉ်ထားတဲ့ အရာ ပဲ ဖြစ်တယ်။

ဖန်ကျန်းရှီကတော့ တံတားကို ကြည့်မနေပါဘူး။ တံတား ထိပ်မှာ ရှိနေတဲ့ စာလုံးတွေကိုသာ ကြည့်နေခဲ့တယ်။

“တံတားကျိုး”

လုံးဝကို ရှင်းလင်း ပြတ်သား ထက်ရှနေတဲ့ စာလုံးတွေ ။

တစ်လုံးချင်းစီတိုင်း အဆွဲ အငင်တစ်ခု ချင်းစီတိုင်းက ကျောက်တုံးထဲမှာ ခပ်နက်နက် အရာ တွေ ဖြစ်နေတယ်။

“ ငါမှန်းတာသာ မှန်မယ် ဆိုရင် မုန့်ထျန်း ကိုင်တဲ့ လက်နက် က ဓား ပဲ ဖြစ်လိမ့်မယ်။” ဖန်ကျန်း၇ှီ က ရန်ရွှယ်ကို ကြည့်ရင်းပြောလိုက်တယ်။

“ ဒါက ဓားပဲ ။ ဒါပေမယ့် သူ ဆက်မသုံးတော့ ဘူး။”ရန်ရွှယ်က အနည်းငယ်တော့ အံ့သြသွားတော့တယ်။ ဖန်ကျန်းရှီက မုန့်ထျန်းရဲ့ လက်နက်က ဓား ဆိုတာကို ဘယ်လို သိတာလဲ။ မုန့်ထျန်းက ဘယ်သူ ဆိုတာတောင် သူမသိပဲနဲက။

ဖန်ကျန်းရှီကတော့ တံတားထိပ်က စာလုံးတွေကို ညွှန်ပြလိုက်တယ် ။

ရန်ရွှယ်ကတော့ နားလည် သွားဟန်ပါပဲ။

“ ဓားတွေ အကြောင်း ရေးထားတဲ့ စာအုပ်တွေထဲမှာ ကြီးမြတ်သော ရှ မင်းဆက်က ဒဏ္လာရီလာ သူရဲကောင်း တစ်ဦး အကြောင်း ပါတယ်။ အဲ့ထဲမှာ ပြောထားတာက ပညာရှိသုခမိန်တို့ ကမ္ဘာမှာ ဓားတလက်ကို မြှုပ်နှံ ဖုံးကွယ် ထားတယ်လို့ ပြောတယ်။ အဲ့ဒီ့ဓားက နတ်ဆိုးဘုရင် သီစစ်ခုန်ကို သတ်တဲ့ အချိန်မှာ မုန့်ထျန်း သုံးခဲ့တဲ့ ဓား။ ”

“ ဒီ စိတ်အာရုံနယ်မြေထဲမှာ ဖွက်ထားတဲ့ ဓား ရှိနေတာလား။” ဖန်ကျန်း၇ှီက စိတ်ရှုပ်နေခဲ့တယ်။ “ဘာလို့ ဓားကိုသူ့ကိုယ်ပိုင်စိတ်အာရုံ နယ်မြေထဲမှာ မသိမ်းတာလဲ။”

“ မင်းက ဒီ အဆင့်ကို ရောက်သွားတဲ့ အချိန်မှာ စိတ်အာရုံနယ်မြေထဲမှာ ပစ္စည်းထောင်ပေါင်းများစွာကို သိမ်းနိုင်တယ်။ ထုံးစံအတိုင်း ဓားကိုလည်း သိမ်းနိုင်တယ်။ ” ရန်ရွှယ်က ဖန်ကျန်းရှီရဲ့ မေးခွန်းကြောင့် အံ့သြနေမိတယ်။ နောက်ဆုံးမှာတော့ ဖန်ကျန်းရှီက ကျောင်းမတက်ဖူးတဲ့သူဆိုတာ သိတယ်။ ဒါပေမယ့်လည်း အတွေးအခေါ် စာမေးပွဲကို လေးနာရီ အတွင်းမှာ တော့ မေးခွန်း ခြောက်စုံလုံးပြီးအောင် ဖြေနိုင်တယ်။ ဒါကြောင့် ကျောင်းမတက်ဖူးတာကို သူမယုံနိုင်ဘူး ဖြစ်နေတယ်။

ဘယ်လို ကျောင်းကမှ ဒီလောက်ထူးချျွန်တဲ့ ကျောင်းတော်သား ဖြစ်အောင် သင်ပေးနိုင်မှာ မဟုတ်ဘူး။

“ ဒါဆို ဓားက ဘယ်နေရာမှာ ရှိတာလဲ။”

“ ဘယ်သူကမှ မရှာနိုင် ဘူး။ ပညာရှိ တိုက်ပွဲ နတ်ဘုရားက နတ်ဆိုး ဘု၇င်ကို သတ်ပြီး ချိန်မှာ ဒီ ဓားကို ထပ်ပြီးတော့ မသုံးတော့ဘူး ဖြစ်တယ်။ ”

“ ဒါဆို သူ ဘာကို သုံးလဲ။”

“ ဓားကောက်လေး ဓားကောက် အသေးလေး တစ်ခု”

“ ဓား ကောက် အသေးလေး တစ်ခု လား။ ဘာလို့ ဓားကိုင်နေကြသူက ဓားတိုလေးကို သုံးတာလဲ။” ဖန်ကျန်းရှီက နားလည် ဖို့ အတော်လေးကို ခက်နေတယ်။ ညာလက်နဲ့ ရေးနေကြသူ တစ်ယောက်က ဘယ်လက်ကို ပြောင်းပြီး ရေးသလို မျိုး ဖြစ်နေတယ်။

ရန်ရွှယ်ကော သူပါ ဒါကို နားမလည်နိုင် ဘူး ဖြစ်တယ်။

ဖန်ကျန်းရှီနဲ့ ၇န်ရွှယ် ဆွေးနွေးနေတဲ့ အချိန်မှာပဲ ပုံရိပ် တစ်ခုဟာ သူတို့နောက်မှာ ပေါ်လာတော့တယ်။ အနီရောင် ဝတ်ရုံကို ဝတ်ဆင်ထားတဲ့ လှပတဲ့ ပုံရိပ်လေး တစ်ခု ပေါ်လာတာ ဖြစ်တယ်။ သူမ ကို ကြည့်ရတာတော့ အတော်လေးကို တက်ကြွ နေဟန်ပါပဲ။

“ မင်း ခိုးဝင်လာတာလား။” ဖန်ကျန်းရှီက သူမရဲ့ ခေါင်းစွတ် ဝတ်ရုံကို မချွတ်ပဲနဲ့တောင် မှ ဘယ်သူလဲ ဆိုတာ သိနိုင်တယ်။

“ ခိုးဝင် လာတယ် ဆိုတာ ဘာကို ပြောတာလဲ။ ငါ ဒီကို ငါ့ အ၇ည် အချင်း နဲ့ဝင်လာတာ။” အနီရောင်ပုံရိပ်လေး ဆီကနေ မပျော်ရွှင်ဟန် အသံကို ကြားလိုက်ရတယ်။

ဖန်ကျန်းရှီကတော့ မယုံပါဘူး။ တော်ဝင်ကျောင်းတော် မှာ စုဝေးချိန်တုန်းက သူမကိုတောင် မတွေ့၇ပဲနဲ့ အခုမှ သုခမိန်တို့ လောကကို ရောက်နေတာ မယုံဘူး ဖြစ်တယ်။

သူမရဲ့ ဝတ်ရုံဟာလည်း လုံးဝကို ခြောက်သွေ့နေတယ်။

“ မင်းငါ့ကို ပြောစရာရှိလို့လား။” ဖန်ကျန်းရှီက ခပ်ပျင်းပျင်း အသံနဲ့ ပြောလိုက်တယ်။

“ငါ နင့်ကိုအနိုင်တိုက်မယ်။”

“ ရတာပေါ့။ ဒါပေမယ့် ဒီမှာ ဓားတစ်ချောင်းရှိတယ် ကြားထားတယ်။ အဲ့ဓားကို အရင် ရှာ လိုက်အုန်းမယ်။”

“ နင်ပြောတာက ပညာရှိ တိုက်ပွဲ နတ်ဘုရားရဲ့ ဓားလား။ … ဟားဟား ။။ နှစ်ရာချီပြီး ဘယ်သူမှမရှာနိုင်တဲ့ ဓားကို နင်က ရှာမလို့တဲ့လား။ ကောင်းပြီ လေ။ ကြားရတာတော့ ပျော်စရာ ကောင်းမယ့် ပုံပဲ။ ငါနင်နဲ့ ရှာမတယ်လေ.”

ပင်းယန် က ဆက်တိုက်ကို ပြောနေခဲ့တယ်။

အဲ့ဒီ့နောက် ဖန်ကျန်းရှီ လက်ခံတယ် ပြောမှာကို စောင့်နေခဲ့တယ်။ ဒါပေမယ့်လည်း ဖန်ကျန်းရှီက ခေါင်းခါလိုက်တယ်။

“ မင်းက အားနည်းလွန်းတယ်။”

ဒါက ရိုးရှင်းပြီး တိုက်ရိုက်ဆန်တဲ့ စကားပဲ ဖြစ်တယ်။ ဒါပေမယ့်လည်း းထိချက်ကတော့ ြုပင်းတယ်။ ပင်းယန် ဟာ ပထမဆုံး သူ့ကိုယ်သူ သံသယ ဝင်လာတာပဲ ဖြစ်တယ်။

“ဖန်ကျန်းရှီ ငါ့ကို အားနည်းတယ်လို့ နင် ဘယ်လို ပြောဝံ့တာလဲ။”

“ ဒါအမှန်ပဲ။”

“ ငါက နင့်ကို နိုင်အောင် တိုက်ချင်တဲ့သူ”

“ ဒါပေမယ့် သွေးထွက်အောင် မှန်တဲ့ အမှန်တရားက မင်းက အားနည်တယ်။ ” ဖန်ကျန်းရှီက သူ့စကားကို ဆက်ပြီးပြောနေခဲ့တယ်။

“ ကောင်းပြီလေ။ ငါ ဒါကို လုပ်ရတာ နင်တွန်းအားပေးလို့ပဲ။” ပင်းယန်ရဲ့ မျက်လုံးတွေကတော့ ဒေါသတွေ ပြည့်နေခဲ့တယ်။

အဲ့ဒီ့နောက် တွေဝေခြင်း မရှိပဲ ထွက်ခွာ သွားခဲ့တယ်။

ဖန်ကျန်းရှီကတော့ ပင်းယန်နဲ့ ပတ်သက်ပြီး အတော်လေးကို စိတ်ကျေနပ်နေတယ်။ ်နောက်ဆုံးတော့ သူမ မှာလည်း အရှက် တရားဆိုတာ ရှိသေးတယ်။ ကြယ်တာရာ စုဝေးမှု အဆင့်ကျောင်းတော်သားတွေ အတွက် သူ့ကို ဒီလိုမျိုး လာစိန်ခေါ်မှာတော့ ခံသင့်တယ်။

ဒါပေမယ့်လည်း ဖန်ကျန်းရှီက ပင်းယန်ကို လျှော့်တွက် မိသွားဟန်ပါပဲ။

ဘာကြောင့်လဲ ဆိုတော့

ပင်းယန် က ခပ်မြန်မြန်ပဲ ပြန်လာတာကြောင့် ဖြစ်တယ်။ သူမ ဘေးမှာတော့ အစိမ်းရောင် သံချပ်ကာ ဝတ်ထားတဲ့ လူငယ် တစ်ဦး ပါလာခဲ့တယ်။

“သက်တော်စောင့်တွေ အကာအကွယ်တွေ ခေါ်လာတာလား။” ဖန်ကျန်းရှီက တွေးနေတယ်။

“ နင်အခု ဘယ် အဆင့် ရောက်ပြီလဲ သူတို့ကို ပြော ” ပင်းယန်က ဖန်ကျန်းရှီနဲ့ ရန်ရွှယ်ဆီကို လျှောက်လာရင်းနဲ့ ပြောလိုက်တယ်။

“ မင်းသမီးကို ပြန်ဖြေပါတယ် ။ လွန်ခဲ့တဲ့ တစ်နှစ်က ကောင်းကင်ရောင်ပြန် အဆင့်ကို ရောက်ရှိပါတယ်။ ” သက်လတ်ပိုင်း လူရွယ်က လေးစားစွာ ပြန်ဖြေလိုက်တယ်။

“ကောင်းပြီလေ။ အခု နင့် ငါ့ကို အနိုင်တိုက်စေချင်တယ်။ ” ပင်းယန်ဟာ သူ့ကိုယ်သူ ပြောသလိုမျိုးနဲ့ဖန်ကျန်းရှီကို ဦးတည်ပြီး ပြောလိုက်တယ်။

“ မင်းသမီးကို မထိခိုက်ဝံ့ပါဘူး။” လူရွှယ်က ကြောက်လန့်တကြားပြောလိုက်တယ်။

“ ဒီနေ့ ငါ့ကို မတိုက်ခိုက်ရင် ။ နင် ငါ့ကို မနိုင်ရင် ။ နင့်အိမ် ကို ဖျက်ဆီ း ပြစ်မယ်။” ပင်းယန်ဟာတော့ လုံးဝကို ဆုံးဖြတ် ထားဟန်ပါပဲ။

“ မင်းသမီးက ကျွန်တော့်ကို တိုက်ခိုက် အနိုင်ယူစေချင်တာလား။”

သူ က တိုက်ပွဲ တစ်ပွဲကို ကောင်းကောင်းတိုက်နိုင်တယ်လေ။ ကောင်းကင်ရောင်ပြန် အဆင့် ကျင့်ကြံသူက ကြယ်တာရာ စုဝေးမှု အဆင့်ကို ဘာကြောင့် မနိုင်ရမှာလဲ။ ခြားနားချက်က ကြီးမားလွန်းတယ်။

“ ဟုတ်တယ်။” ပင်းယန်က ခေါင်းြငိမ့်လိုက်တယ်။

တခြားသော စာဖြေသူ ကျောင်းတော်သားတွေကတော့ သတိပြုမိစပြုလာတယ်။

သူတို့ အားလုံးဟာ မယုံကြည်နိုင် ဖြစ်လာကြတယ်။

“ ဒါက ပင်းယန် မင်းသမီးပဲ။”

“ ဘာလို့သူက တိုက်ခိုက်ရေး စာမေးပွဲမှာ ပါလာတာလဲ။ နောက်ပြီးတော့ ဝမ်ချွမ်ဖုန်းကို စိန်ခေါ်နေတယ်။”

“ ဝမ်ချွမ်ဖုန်းက ကောင်းကင်ရောင်ပြန် အဆင့် ကျင့်ကြံသူလေ။ ပင်းယန် မင်းသမီးက ကြယ်တာရာ စုဝေးမှု အဆင့်ပဲ ၇ှိသေးတာ ဘာလို့သူမက စိန်ခေါ် နေတာလဲ။ ဝမ်ချွမ်ဖုန်းက သူမကို ထိခိုက်အောင် လုပ်ရဲမှာ မို့လား။”

စာဖြေသူတွေဟာ အမျိုးမျိုးတွေးတော နေကြတယ်။

စုတုန်းလင်ကတော့ ဒီအချိန်မှာ လူအုပ်ထဲကနေ တိုးထွက်လာတော့တယ်။

အစိမ်းရောင် သံချပ်ကာကို ဝတ်တင်ထားပြီးတော့ လေထဲမှာ တလူလူ လွင့်နေတဲ့ ဆံပင်တွေနဲ့ အတော်လေးကို ဆွဲဆောင်မှု ရှိနေပင်မယ့်လည်း ပင်ပန်း်နေတဲ့ အသွင်ကိုတော့ မဖုံးကွယ် နိုင်ဘူး ဖြစ်တယ်။

အပိုင်း (၁၈၃) ပြီး၏။

အပိုင်း (၁၈၄)

“ ပင်းယန် ရဲ့ မဏ္ဍိုင်”

သူဟာ ဖန်ကျန်းရှီနဲ့ ပင်းယန်ကို ကြည့်လိုက်ပြီးနောက် လက်သီးကို ကျစ်ကျစ်ပါအောင် ဆုပ်လိုက်တယ်။ “ ဖန်ကျန်းရှီ မင်း အတော်အားနေတဲ့ပုံပဲ။”

ဖန်ကျန်း၇ှီက တကယ့်ကို အတော်လေး အားနေတာ ဖြစ်တယ်။

ပင်းယန် ဘာလုပ်ချင်နေလဲ သူ ကော်းကောင်း နားလည် တယ်။

ကောင်းကင် ရောင်ပြန်အဆင့်ကို စိန်ခေါ် ရင်းနဲ့ သူမရဲ့ စွမ်းရည်တွေကို ထုတ်ပြချင်နေတာ ဖြစ်တယ်။ ဒါကတော့ သာမာန် လူတွေ လုပ် မှာ မဟုတ်တဲ့ ကိစ္စလည်း ဖြစ်တယ်။ ဒါပေမယ့်လည်း ပင်းယန် လို ကြယ်တာရာ စုဝေးမှု အဆင့် ကျင့်ကြံသူ တစ်ယောက်က ကောင်းကင်ရောင်ပြန် အဆင့်ကို အနိုင်တိုက်ဖို့ ဘယ်လိုများ ယုံကြည်ချက်တွေ ပြည့်၀ နေတာလည်း။

“ မင်းသမီးလေး။ တောင်းပန်ပါတယ်။” ဝမ်ချွမ်ဖုန်း ဟာလည်း နားလည်သွားပြီ ဖြစ်တယ်။ သူဟာ အသက် ၃၆ နှစ်ရှိပြီ ဖြစ်ပြီးတော့ တိုက်ပွဲ အတွေ့အကြုံဟာလည်း တစ်နှစ်ထက် တစ်နှစ်ပိုများလာတာ ဖြစ်တယ်။

သူ့ရဲ့ အခွင့်အရေးအတွက် ဒီနေရာမှာ ဒီလိုမျိုး အရှုံးမပေးနိုင်ဘူး ဖြစ်တယ်။

နောက်ပြီးတော့ ပင်းယန်ကလည်း သူ့ကို အနိုင်တိုက်ဖို့ ပြောနေတာ ။ သူလုပ်ရမှာက ဒီမှာ ထိခိုက်ဒဏ်ရာရအောင် မလုပ်ဖို့ပဲ။

ပင်းယန်က ဝမ်ချွမ်ဖုန်းရဲ့ စကားကို ကြားချိန်မှာတော့ ပြုံးလိုက်တော့တယ်။

အဲ့ဒီ့နောက်

မယုံနိုင်စရာ တစ်ခုဟာ ဖြစ်ပေါ်လာတော့တယ်။

ပင်းယန် ဟာ စတင် တိုက်ခိုက်တော့တယ်။

သူမဟာ လေထဲမှာ ခုန်လွှား၇င်းနဲ့ ဝမ်ချွန်ဖုန်းကို ကန်လိုက်တာ ဖြစ်တယ်။ သူမဟာ ကျင့်ကြံဆင့်ကို မယှဉ်နိုင်ပေမယ့် သူမရဲ့ အရှိန် နှုန်း ကော စွမ်းအင်ကတော့ ရှုံးနိမ့်မှာ မဟုတ်ပါဘူး။

ဝမ်ချွမ်ဖုန်းကတော့ ခုန်ပြီး မရှောင်ပါဘူး။ သူ ခုန်ဖို့လဲ မစဥ်းစားပါဘူး။

အကယ်၍ သူသာ ရှောင်လိုက်ရင် သူတို့ ကြားက ကျင့်ကြံ ဆင့် ကွာခြားမှုက ဘာ အတွက် ဖြစ်သွားမလဲ။

“ဘန်း” ”

ပင်းယန် ဟာ လေထုထဲမှာ ရပ်တန့်သွားပြီးတော့ မမြင်ရတဲ့ အင်အား တစ်ခုက သူမကို တားဆီးထားတော့တယ်။

“ကြယ်တာရာ စုဝေးမှု အဆင့် ကကောင်းကင်ရောင်ပြန် အဆင့်ကိုတိုက်ခိုက်တယ်။ ကြည့်ရတာတော့ တိုက်ပွဲ ကောင်းတစ်ခု ဖြစ်မှာ မဟုတ် ဘူး။”

“ ဒါပေမယ့် သူက ပင်းယန်လေ။”

စာဖြေသူ အချို့ဟာတော့ တိုက်ပွဲ အကြောင်း စတင်ဆွေးနွေးကြတော့တယ်။ နောက်ပြီးတော့ အခြေ အနေတွေကတော့ အတော်လေးကို ပြောင်းလဲ သွားတဲ့ ပုံပါပဲ။

အသာစီး ရဖို့ ခက်ခဲနေတဲ့ ပင်းယန် ဟာတော့ ရုတ်တရက် မီးတောက်တွေကို ထုတ်လွှတ်တော့တယ်။ ဒါက တကယ့်ကို တောက်လောင်နေတဲ့ မီးတွေ ဖြစ်တယ်။ သူမရဲ့ ဝတ်ရုံနီ ကိုတောင် ပြာ အဖြစ်ပြောင်းလဲ သွားစေတယ်။

ကောင်းကင်မှာတော့ မီးခိုးမှုန်တွေနဲ့ ပြည့်နှက်လာတော့တယ်။

မီးခိုးမှုန်တွေ ကြားမှာ ၇ှိနေတာတောင်မှ ပင်းယန် ဟာ မီးတောက်တွေနဲ့ သန်စင်နေတဲ့ နတ်သူငယ် တစ်ဦးလိုမျိုး ကျက်သရေ ၇ှိစွာ တောက်ပ နေခဲ့တယ်။

တောက်ပတဲ့ အနီရောင် သံ ချပ်ကာ ဟာ သူမရဲ့ ခေါင်းကနေ ခြေဖျားထိ ဖုံးအုပ်ထားခဲ့တယ်။

ဒါက အမျိုးသမီး အတွက် သံချပ်ကာ ဖြစ်တယ်။ သံချပ်ကာ ပေါ်မှာ ပန်းတွေ တောက်ပတဲ့ ကျောက်မျက်တွေနဲ့ စီချယ်ထားပြီးတော့ ကျောက်မျက် တစ်ခု ချင်းစီဟာ မီးတောက်တွေနဲ့ တောက်လောင်နေတော့တယ်။

“ မီးလျှံပန်းနီ သံချပ်ကာ”

စုတုန်းလင် အပါအဝင် တခြားသော စာဖြေသူတွေဟာ သူတို့ မြင်ရတဲ့ မြင်ကွင်း အကြောင်းကို သံ ချပ်ကာကို တွေ့ချိန်မှာတော့ နားလည် သွားတော့တယ်။

မှန်တယ်။

ဒါက ပင်းယန် မင်းသမီးပဲ ။ ရေမြေ့ရှင် ဧကရာဇ်ရဲ့ အချစ်ဆုံး သမီးတော် ။ အင်ပါယာမှာ ၇ှိတဲ့ အကောင်းဆုံး ရတနာ သူမမှာ ရှိနေတာ အံ့သြစရာတော့ မဟုတ် ဘူး ဖြစ်တယ်။

မီးလျှံပန်းနီ သံချပ်ကာကို ဝတ်ထားသရွေ့တော့ ကောင်းကင်ရောင်ပြန် ထိပ်တန်း အဆင့်ရောက်နေတဲ့ စုတုန်းလင်တောင်မှ သူမကို ထိခိုက်အောင် လုပ်နိုင်မှာ မဟုတ် ဘူး။

ဝမ်ချန်ဖုန်းလို ကောင်းကင်ရောင်ပြန် အလယ် အဆင့် ရောက်နေသူအတွက် တော့ ဒါက မေးခွန်းတစ်ခုပဲ ။

ဒါပေမယ့်လည်း ဒီ သံချပ်ကာက လုံလောက်နိုင်မှာလား။

ဒါက ဒိုင်းကာ တစ်ခုသပ်သပ်ပဲ။

“ ဝေါင်းးးးးးး” သားရဲကောင်း အော်သံ ကြီး တစ်သံ ဟာ မီးတောက်တွေ ကြားမှာ ရပ်နေတဲ့ ပင်းယန်ရဲ့ ကိုယ်ကနေ ထွက်ပေါ်လာတော့တယ်။

အနီရောင် အလင်းတန်းတွေ ကြားကနေ ရွှေရောင် အလင်း စက်တွေ ဟာ တောက်ပ လာတော့တယ်။ ဒါဟာတော့ ရွှေရောင် အစက် အပျောက်တွေနဲ့ တူညီပြီးတော့ ကြောက်မက်ဖွယ် အငွေ့အသက်တွေကို ပေးစွမ်းနေခဲ့တယ်။

“ ရဲရဲတောက် ချီလင်လှံ”

“ ကြီးမြတ်သော ၇ှ မင်းဆက်ရဲ့ ဆယ်ပါးသော ရတနာမြတ်ထဲက တစ်ခု”

ချီလင်လှံကို ပင်းယန် ကိုင်ထားတာ မြင်လိုက်ချိန်မှာတော့ စာဖြေသူတွေဟာ ထိတ်လန့် တုန်လှုပ်သွားခဲ့ကြတယ်။

ဧကရာဇ် လင်း မုပိုင်က ပင်းယန်ကို မွေးနေ့ လက်ဆောင် အဖြစ် ချီလင်လှံကိုပေးထားမှန်း ကောလဟာလတွေ ထွက်နေကြတာ သိတယ်။

ဒီနေ့တော့

ချီလင်လှံကို မျက်ဝါးထင်ထင် မြင်ခဲ့ရပြီ ဖြစ်တယ်။

မြို့တော် ရဲ့ နတ်ဆိုးမလေးက ဒဏ္လာရီလာ ရတနာတွေ ကို ပိုင်ဆိုင်ထားပြီးတော့ အခုချိန်မှာ ချီလင်လှံကို အသုံးပြုနေပြီ။ သူမကို ထိခိုက်အောင် လုပ်နိုင်မယ့်သူ မရှိတော့ ဘူး။

ပြောနိုင်တာကတော့ ပင်းယန်ကို ဘယ်သူမှ မတိုက်ခိုက်ဝံ့တော့ဘူး ဖြစ်တယ်။

မတိုက်ရဲ တာနဲ့ မတိုက်ခိုက်နိုင်တာ လုံးဝကို မတူညီတဲ့ အကြောင်းရင်း နှစ်ချက်ဖြစ်တယ်။

ရိုးရိုးရှင်းရှင်း ပြောရရင်။။

သူတို့မှာ ကိုယ့်ကိုယ်ကို ကာကွယ်ဖို့ အရင်က နည်းလမ်း ရှိတယ်။ အခုချိန်မှာတော့ ပင်းယန်မှာ ချီလင်လှံ ၇ှိနေပြီ ဖြစ်တဲ့ အတွက် သူမ သာ စိတ်ရှိရင် စစ်တပ်ကြီး တစ်ခုလုံးကို ဖျက်ဆီးနိုင်ပြီ ဖြစ်တယ်။

ဖန်းကျန်းရှီလည်း ပင်းယန်မွေးနေ့မှာ ရေမြေ့ရှင် လက်ဆောင်ပေးတဲ့ ချီလင် လှံ ဆိုတာကို ကြားထားပြီးပြီ ဖြစ်တယ်။

ဒီနေ့ကတော့ ပထမဆုံးတွေ့ ရတာ ပဲ ။

ဒါက တကယ့်ကို ရှားပါးတဲ့ လှံနီပဲ ။လှံရဲ့ ထိပ်မှာ ရွှေရောင်ပုလဲတွေ ထဲ့ထားတယ်။ အလင်းရောင်တွေဟာတော့ ပုလဲ ရဲ့ အတွင်းမှာ တောက်ပနေခဲ့တယ်။ သွေးနီရောင်တွေ စီးဆင်းနေသလိုမျိုး ဖြစ်နေတော့တယ်။ ပုလဲတွေရဲ့ အောက်မှာတော့ အကြေးခွံပုံစံ ဆွဲသားထားတဲ့ ပုံဖော်မှုတွေ ၇ှိနေတယ်။ ဒါက လှံရဲ့ တန်ဖိုးကို မြင့်မားစေတယ်။

“လှံကောင်း တစ်လက်ပဲ။” ဖန်ကျန်းရှီက ဒါကို မသိရင်တောင်မှ တစ်ချက်ကြည့်လိုက်တာနဲ့ လှံကောင်းတစ်လက်မှန်းသိသာတယ်။

ဝမ်ချွမ်ဖုန်းရဲ့ တည်ငြိမ်တဲ့ အမူအယာကတော့ နီရဲလာတော့တယ်။

ဘာကြောင့် သူ မတိုက်ခိုက်ရင် ပင်းယန်က သူ့အိမ်ကို ဖျက်ဆီးပြစ်မယ်လို့ပြောလဲ ဆိုတာ နားလည် သွားခဲ့ပြီ။

ကြယ်တာရာစုဝေးမှု အဆင့်မှာသာ ရှိသေးတဲ့ ပင်းယန်က မှုစရာ မဟုတ် ဘူး။

ဒါပေမယ့်လည်း မီးလျှံပန်းန်ီ သံချပ်ကာနဲ့ ချီလင်လှံ ပေါင်းလိုက်ရင်တော့ ပင်းယန်က ကြောက်မက်ဖွယ်ကေ်ာင်းတဲ့ ပြိုင်ဘက် တစ်ဦး ဖြစ်သွားပြီ။

ပင်းယန်ကတော့ ခေါင်းမော့ပြီး ပြုံးနေခဲ့တယ်။ ဖန်ကျန်းရှီကို တချက်ကြည့်လိုက်ရင်း သူမရဲ့ လှံကို ဝမ်ချွမ်ဖုန်းဆီ ထိုးစိုက်လိုက်တော့တယ်။

“ ဝေါင်းးးးးးး” သားရဲ ကောင်ဟိန်းသံ ကြီးဟာ ထွက်ပေါ်လာပြန်တယ်။

ကောင်းကင် တစ်ခုလုံးဟာ ရဲရဲတောက်နေပြီးတော့ ဝမ်ချွမ်ဖုန်း ဆီကို ရွှေရောင် အလင်းတန်းတွေဟာ တည့်တည့်ကြီး တိုးဝင်လာတော့တယ်။

ဝမ်ချွမ်ဖုန်း ရှောင်ရှား လိုက်ချင်တယ်။ ဒါပေမယ့် အင်အား တစ်ခုက သူ့ကို ချုပ်နှောင်ထားတယ်။

သူ ခုခံချင်တယ်။ ဒါပေမယ့်လည်း သူ တတ်နိုင်တာက ရွှေရောင် အလင်းတန်းတွေ ကို ကြည့်နေရုံသာ ဖြစ်တယ်။

တားဆီးဖို့ မဖြစ်နိုင် ဘူး။

ဒါက ချီၤလင်လှံလေ။ အရာအားလုံးကို ထိုးဖောက်နိုင်တယ်။

ဒီ လှံ တစ်ချောင်းတည်းက ကြီးမြတ်သော ရှ မင်းဆက်ရဲ့ ထိပ်တန်း အဖိုးမဖြတ်နိုင်တဲ့ ရတနာ ဖြစ်နေရတာက်လည်း ကြောက်မက် ဖွယ် အစွမ်းတွေကို ပိုင်ဆိုင်ထားတာ ကြောင့်ပဲ ဖြစ်တယ်။

ရွှေရောင် အလင်းတန်းတွေက ရပ်တန့်သွားတော့တယ်။

ဝမ်ချွမ်ဖုန်းရဲ့ လည်ချောင်းနား မရောက်ချင် တစ်လက်မ အလိုမှာ ရပ်တန့်သွားတာ ဖြစ်တယ်။

ဝမ်ချွမ်ဖုန်းဟာတော့ မြေပြင်ပေါ်မှာ စိတ်ပျက်လက်ပျက်နဲ့ထိုင်နေခဲ့တယ်။ သူ့ရဲ့ ပြိုင်ဘက်ကို လျှော့်တွက် မိခဲ့ပြီ။ ဒါက သူ့ရဲ့ အမှားပဲ။ အကယ်၍ သူသာ အစတည်းက ပင်းယန်နဲ့ နီးနီးမှာ မနေလိုက်ရင် ဒီလို ခပ်မြန်မြန် ရှုံးမှာ မဟုတ် ဘူး။

“ ဒါဆို ငါ့ရဲ့ အရည်အသွေး က ဘယ်လိုလဲ။” ပင်းယန်က ဖန်ကျန်းရှီကို ကြည့်ရင်းပြောလိုက်တယ်။

ဖန်ကျန်း ရှီကတော့ ပင်းယန်ကို လျစ်လျူရှုလိုက်ပြီးတော့ ရန်ရွှယ်ကိုသာ ကြည့်နေခဲ့တယ်။

ရန်ရွှယ်ကတော့ ဖန်ကျန်းရှီၤ ပြောနေတာကို နားလည်တဲ့ပုံနဲ့ ခေါင်းငြိမ့်လိုက်တယ်။

အဲ့ဒီံ့နောက်ဖန်ကျန်းရှီလည်း ပင်းယန် ဘက်ကို လှည့်ပြီးတော့ ခေါင်းငြိမ့်လိုက်တယ်။

“မဆိုးဘူး။”

“မဆိုး ဘူး ဟုတ်လား။ နင်…” ပင်းယန်ကတော့ အော် လိုက်ချင်တယ်။ ချီလင်လှံနဲ့ သူမ တစ်ယောက်လုံး ရှိနေတာတောင်မှ မဆိုးဘူးတဲ့လား။ သူမ သာ တိုက်ရိုက် တိုက်ခိုက်၇င် ဘယ်သူမှ ရှောင်နိုင်မှာ မဟုတ် ဘူး။

ဒါပေမယ့်လည်း သူမ လုပ်ချင်တာက ဖန်ကျန်းရှီနဲ့ အတူ ဒဏ္လာရီလာ ဓားကို ရှာဖို့ ပဲ လေ။

ဖြစ်နိုင်ချေ က နည်းပေမယ့်လည်း ဖန်ကျန်းရှီသာ ဖြစ်မယ်ဆိုရင်တော့ ရှာတွေ့နိုင်တယ်လို့ ခံစား၇တာကြောင့် ဖြစ်တယ်။

အတွေးအခေါ် စာမေးပွဲ ကိုတောင် အကုန် ဖြေနိုင်တဲ့သူက ဒီလောကကိုတော့ ကောင်းကောင်းသိမှာပဲ လို့ သူမ ယုံကြည်တယ်။

ဒါကတော့ ပင်းယန်ရဲ့ အတွေးတွေ ဖြစ်တယ်။

အကယ်၍ ပင်းယန် သာ မုန့်ထျန်းက ဘယ်သူမှန်း ဖန်ကျန်းရှီ မသိဘူး ဆိုတာ သိခဲ့ရင်။ သူမ ဒီလိုတွေးပါ အုန်းးမလား။

ဖန်ကျန်းရှီက သူမရဲ့ စကားလုံးတွေ ထွက်မလာခင် ပြန်မျိုချလိုက်တယ်။

ဖန်ကျန်း၇ှီလည်း ထပ်မပြောတော့ပဲ ပင်းယန်ကို လက်ခံလိုက်တယ်။ အဲ့ဒီ့နောက် ထိုင်နေတဲ့ ဝမ်ချွမ်ဖုန်း ဆီကို လျှောက်သွားတော့တယ်။

“ မင်းရှုံးပြီ။”

“ ဟုတ်တယ်။” ဝမ်ချွမ်ဖုန်းက မပျော်ရွှင်ပါဘူး။ ဒါပေမယ့်လည်း ဒါကအမှန်ဖြစ်ခဲ့ပြီ။

“ တော်ဝင်စာမေးပွဲက ၂ နှစ်မှာမှ တစ်ကြိမ် ကျင်းပတာ ။ တစ်နှစ်ထက် တစ်နှစ်လည်း ပိုခက်ခဲတယ်။ ဒီလိုမျိုးတော့ ပြီးဆုံး မသွားချင်ဘူး မလား။ ”

“ဒါပေါ့။ ဒါပေမယ့်လည်း ” ဝမ်ချွမ်ဖုန်းရဲ့ မျက်လုံးတွေဟာ နာကျင်မှုတွေပြည့်နေ်ခဲ့တယ်။ ဒါပေမယ့်လည်း သူဟာ ဘာမှမလုပ်နၤိုင် ဘူး ဖြစ်တယ်။

“ ဒါဆို ဒုတိ ယအခွင့်အရေး မလိုချင်ဘူးလား။” ဖန်ကျန်းရှီက တောက်ပ စွာ ပြုံးရင်း ပြောလိုက်တယ်။

“ ဒု … ဒုတိယ အခွင့်အရေး။” ဝမ်ချွမ်ဖုန်း ကတော့ မျက်စိလည်နေတော့တယ်။ ဖန်ကျန်းရှီ ပြောတာကို သူတကယ် လုံး၀ နားမလည်နိုင် ဖြစ်နေတော့တယ်။

အပိုင်း ( ၁၈၄) ပြီး၏။

အပိုင်း ( ၁၈၅)

“ ဘယ်သူက အရင် ထွက်၇မလဲ။”

“ မှန်တယ်။ ဒုတိယ အခွင့်အရေး။ နောက် တစ်ခါ စာမေးပွဲ ပြန် ဖြေဖို့။ ” ဖန်ကျန်းရှီက ရှင်းပြတယ် ။

“ နောက်ထပ် အခွင့် အရေး။ ဒါဆို ငါ ဘာလုပ်ရမလဲ။” ဝမ်ချွမ်ဖုန်းကတော့ နောက်ဆုံးမှာ ဘာတွေ ဖြစ်နေပြီလဲ နားလည်သွားပြီ ဖြစ်တယ်။ သူက ငတုံးမှ မဟုတ်တာ။ သူလိုချင်တာ အတွက် တန်ရာတန်ကြေးတော့ ရှိမယ်ဆိုတာ ကောင်းကောင်း သိတယ်။

“ အရမ်းကို ရိုးရှင်းပါတယ်။ မင်း လုပ်ဖို့ လိုတာက ဟိုလူကို စိန်ခေါ် ဖို့ပဲ။” ဖန်ကျန်းရှီက လူအုပ်ထဲကို လက်ညှိုးညွှန်လိုက်တယ်။

လူအုပ်ကြီး တစ်ခုလုံးလည်း ဇက်လည်ပြီး ကြည့်လိုက်ကြတယ်။

အဲ့ဒီ့နောက် လူတိုင်း ဟာ ဖန်ကျန်း၇ှီ ညွှန်ပြ သူကို မြင်ချိန်မှာတော့ မျက်စိ မူးသွားတော့တယ်။

ဘာကြောင့်လဲ ဆိုတော့

ဖန်ကျန်းရှီက စုတုန်းလင်ကို ညွှန်ပြနေတာ ဖြစ်တယ်။

“ ဒါက ဘယ်လို ဖြစ်နိုင်မှာလဲ။ ဝမ်ချွမ်ဖုန်းက ဘယ်လိုလုပ် စုတုန်းလင်ကို စိန်ခေါ်နိုင်မှာလဲ။

“ ဒါက ဝမ်ချွမ်ဖုန်းကို သွားသေဖို့ပြော နေတာပဲ။”

“ဒါက ဒုတိယ အခွင့်အရေးလား။”

ဘယသူကမှ သူတို့ မြင်နေတာကို မယုံနိုင် ကြဘူး။ ဒါပေမယ့်လည်း ဖန်ကျန်းရှီက စုတုန်းလင်ကို ညွှန်ပြနေတာကိုတော့ ကောင်းကောင်းမြင်နိုင်ကြတယ်။

စုတုန်းလင် ကတော့ တစ်ခ ဏ မှင်သက်နေမိတယ်။ ထုံးစံ အတိုင်း သူလည်း ဖန်ကျန်းရှီနဲ့ ဝမ်ချွမ်ဖုန်း စကားပြောနေတာကို မြင်လိုက်တယ်။ နောက်ပြီး တော့ ဖန်ကျန်းရှီ လက်ညှိုးညွှန်နေတာက ။

ဥပမာ ပြောရရင်တော့ ဖန်ကျန်း၇ှီ ဘာလုပ်ချင်လဲ သူသိပြီး ဖြစ်တယ်။

“ ဒါဆိုသူက ဝမ်ချွမ်ဖုန်းကို ကျောက်တုံးနဲ့ ခေါင်း ဆောင့် ခိုင်း နေတာပဲ။” စုတုန်းလင်က ဆုံးဖြတ်လိုကတယ်။

ဒါက ခန့်မှန်းဖို့ လွယ်ပါတယ်။ ဖန်ကျန်းရှီကို ပထမအချီတည်းက ထွက်သွားရအောင် လုပ်မယ် လို့ စုတုန်းလင်း ပြောခဲ့ ပြီးစား ဖြစ်တယ်။

အခုတော့ ဖန်ကျန်းရှီက ဝမ်ချွမ်ဖုန်းလို လူမျိုးကို စိန်ခေါ် ခိုင်းပြီးတော့ သူ့ကို ဒုတိယ အချီ မြန်မြန် တက်အောင် လုပ်ခိုင်းနေပြီ။

ဒါက စုတုန်းလင် သူ့ကို ပထမ အချီမှာ ပြဿနာ မရှာ နိုင်အောင် လုပ်လိုက်တာပဲ။

တခြားသော စာဖြေသူတွေ လည်း အခြေအနေကို နားလည် သွားကြတယ်။ ဒါပေမယ့်လည်း ဒါက တော့ အတော်လေး မျက်နှာပြောင်တိုက်တဲ့ အကွက်ပဲ။

“ ဒါက အတော်လေးကိုအရှက် မရှိတာပဲ။”

“ ဒီကောင်က ဝမ်ချွမ်ဖုန်းကို ဒိုင်း အဖြစ် သုံးချင်နေတာ။”

စာဖြေသူတွေ အားလုံးကတော့ အတော်လေးကို ဒေါသ ထွက်နေကြတယ် ။ ဒါပေမယ့်လည်း သူ တို့ ဘာမှ လုပ်မရ ဘူး။ ဘာကြောင့်လဲ ဆိုတော့ မီးလျှံပန်းနီ ဝတ်ရုံနဲ့ ပင်းယန်က ဖန်ကျန်း၇ှီ နောက်မှာ ရပ်နေတာကြောင့်ပဲ ဖြစ်တယ်။

သိပ်မကြာခင် အချိန်တုန်းကပဲ ပင်းယန် က ဖန်ကျန်း၇ှီ ဘေးကို ရောက်သွားတာ ဖြစ်တယ်။ ဒါက ဘယ်သူမှ မျှော်လင့်ထားသလို မဟုတ်ခဲ့ဘူး။ ဒါပေမယ့်လည်း သူတို့ စဉ်းစား ဆုံးဖြတ်ဖို့ အတွက်တော့ ကိစ္စ တစ်ခု ဖြစ်လာခဲ့တယ်။

ဝမ်ချွမ်ဖုန်းကတော့ ကြောက်လွန်းလို့ ဒူးတွေတောင် တုန်နေခဲ့တယ်။

““ သ သခင်လေး ဖန်။။ မင်း နောက်နေတာလား။ စုတုန်းလင်က ကောင်းကင်ရောင်ပြန် ထိပ်သီး ကျွမ်းကျင် အဆင့်မှာ ၇ှိနေတာလေ။ …. ငါက ဘယ်လို နိုင် မှာလဲ။ ”

ဝမ်ချွမ်ဖုန်းကတော့ သူ ဈေးဆစ်လို့ မဖြစ်နိုင်မှန်း သိပါတယ်။ ဒါပေမယ့်လည်း ဒီ ဒုတိယ အခွင့် အရေးကတော့ ဘယ်လိုမှ မကောင်း နိုင်ဘူုး။

“ မင်း တစ်ယောက်တည်းနဲ့ သူ့ကို ဘယ်လိုလုပ်နိုင်မှာလဲ။ ဒါပေမယ့် ငါနဲ့ ဆိုရင်တော့ အတိအကျကို နိုင်မှာ” ဖန်ကျန်းရှီက ပြုံးပြီၤးတော့ ပြောလိုက်တယ်။

“ မင်းနဲ့ ။” ဝမ်ချွမ်ဖုန်း မျက်စိ လည်သွားပြန်တယ်။ ဖန်ကျန်းရှီ ဘာကို ပြောနေတာလဲ သူ နားမလည်နိုင် ဘူး အကယ်၍ ဖန်ကျန်းရှီ သာသူ့ကို ခြေနင်းကျောက်တုံး အဖြစ် သုံးချင် ရင် သူကိုယ်တိုင် ဝင်တိုက်စရာ မလို ဘူး။

ဒါပေမယ့်လည်း

ဖန်ကျန်း၇ှီ က တိုက်ခိုက်ချင်နေတယ်။

ဒီနေရာက ဘာ ဥပဒေ ကြီးလဲ။

တခြားသော စာဖြေသူတွေက ဖန်ကျန်းရှီ ပြောတာကို ကြားချိန်မှာတော့ စိတ်ရှုပ်နေကြတယ်။ စုတုန်းလင် တောင်မှ စိတ်ရှုပ်နေတယ်။

ဝမ်ချွမ်ဖုန်းနဲ့ ဖန်ကျန်းရှီ တို့က အသင် း အဖွဲ့ တစ်ခု ဖြစ်သွားမယ်။

ကောင်းကင် ရောင်ပြန် အခြေတည် အဆင့် နှစ်ဦး။ တစ်ဦးက ကောင်းကင် ရောင်ပြန်အဆင့်ကို ရောက်ခါစပဲ ၇ှိသေးတယ်။ အဲ့တာကို ကောင်းကင် ရောင်ပြန် ထိပ်သီး ကျွမ်းကျင် အဆင့် စုတုန်းလင်နဲ့ တိုက်ခိုက် ချင်နေတယ်။

ဒါက ကိုယ့်သေတွင်း ကိုယ်တူး နေတာ မဟုတ် ဘူးလား။

ဘာတွေ ဖြစ်နေလဲ နားမလည်နိုင်အောင် မျက်စိ လည်သွားကြပေမယ့်။ ဖန်ကျန်း၇ှီလို အတွေး အခေါ် စာမေးပွဲ ချန်ပီယံ ဉာဏ်ကြီးရှင် တစ်ယောက် ကတော့ စွန့်စွန့်စားစား လုပ်မှာ မဟုတ်မှန်း သိသာ လှတယ်။

ဒီကောင် တော်ဝင်စာမေးပွဲ မအောင် ချင်တော့တာလား။

အဲဒီ့နောက် ဒီ အချိန်မှာပဲ ဖန်ကျန်းရှီ နောက်မှာ ရပ်နေတဲ့ ရန်ရွှယ်ဟာ စကား ဆိုလာ တော့တယ်။

“ ငါကော ပါမယ်။ ” ရန်ရွှယ် ရဲ့ အသံ ဟာ သိပ်ကိုအေးစက်ပြီးတော့ ခိုင်မာစွာ ဆုံး ဖြတ်ထားဟန်ပါပဲ။

လူတိုင်း ထင်ခဲ့တာကတော့ ဖန်ကျန်း၇ှီ ဟာ ဝမ်ချွမ်ဖုန်းကို ခြေနင်း ကျောက်တုံး အဖြစ် အသုံးချမယ်လို့ ။ ဒါပေမယ့် ရန်ရွှယ် က ဒီလို လုပ်မယ် လို့ ဘယ်သူတွေးမိမှာလဲ။

ဖန်ကျန်းရှီမှာ ဒီလို လုပ်ရတာ အကြောင်းပြချက်မဲ့တယ်။

ပထမ အချီကို အောင်မြင် သွားဖို့လား။

ဒါက ဖန်ကျန်းရှီ လို ချင်တာ မဟုတ် ဘူး ။ ဖန်ကျန်းရှီအမြဲတမ်း လုပ် တဲ့ ပထမဆုံး ကိစ္စကတော့ “ ဆူးညှောင့် ခလုတ်” ကို ဖယ်ရှားတာပဲ ဖြစ်တယ်။

ဒါက ယုံကြည်မှု မြစ် မြို့တော်မှာ သူ လုပ်ခဲ့သလိုပဲ ဖြစ်တယ်။

စုတုန်းလင်က ဖန်ကျန်းရှီကို ပထ မ အချီမှာ ဖယ်ထုတ်မယ်လို့ ပြောခဲ့ ပြီးသားဖြစ်တယ်။ ဒါဆို ဘာကြောင့် ဖန်ကျန်းရှီက သူ့ကို ပထမ အချီ ဖြတ်သန်း သွားစေမှာလဲ။

ဒီ စကား ကတော့ အတော်လေး မယုံနိုင်စရာကောင်းလှတယ်။ ဒါပေမယ့်လည်း ရန်ရွှယ်ကတော့ ဖန်ကျန်းရှီ လုပ်နိုင်မှာကို ယုံကြည်တယ်။

ပင်းယန်ကတော့ တောက်ပ စွာ ပြုံးနေခဲ့တယ်။

သူမ ရဲ့ သနား ကမား မျက်နှာလေး ဟာတော့ စိတ်လှုပ်ရှားမှု ကြောင့် အနီရောင် သန်းနေခဲ့တယ်။

“ နင်တို့ သုံးယောက်က စုတုန်းလင်နဲ့ တိုက်မလို့ လား။ ငါလည်း ပါချင်တယ်။ ” ပြော၇င်းနဲ့ သူ မ ဟာ ရဲရဲ တောက် ချီလင် လှံကို ပြင်းထန်စွာ ဝေ့ယမ်းလိုက်တယ်။

ဖန်ကျန်းရှီကို လှောင်ပြောင်နေကြတဲ့ စာဖြေသူတွေကတော့ ကြက်သေသေ သွားကြတော့တယ်။

ဒါက ရိုးရှင်းတဲ့ ၂ယောက် ၁ ယောက် တိုက်ပွဲ မဟုတ်တော့ ဘူး။

ဒါ က ….

၄ယောက် ၁ ယောက် တိုက်ပွဲ ဖြစ်သွားပြီ။

“ ပင်းယန် မင်းသမီး။ ဖန်ကျန်းရှီ .။ ရန်ရွှယ် … နောက်ပြီးတော့ ဝမ်ချွမ်ဖုန်း လေး ယောက် ပေါင်းပြီၤးတော့ စုတုန်းလင်ကို တိုက်ခိုက်မယ်။ ”

“ အရှက်မရှိ လိုက်ကြတာ။”

စာဖြေသူတွေကတော့ ဒီအချိန်မှာ နေရာလွတ် ဖြစ်အောင် ဆုတ်ခွာ သွားကြတော့တယ်။

နောက်ဆုံးမှာတော့ ဒါ ဟာ ၄ယောက် ၁ ယောက် အခြေအနေနဲ့ ပြီး ဆုံးသွားပြီ ဖြစ်တယ်။

ဒါ ဟာ ဝမ်ချွမ်ဖုန်းကို ဒိုင်း အဖြစ် သုံးမှာ ထက် ပိုပြီးတော့ ကို အရှက်မဲ့ရာ ကျတယ်။

အစတုန်းက စုတုန်းလင် တွေးခဲ့တာ ဖန်ကျန်းရှၤီက ဒီ အချိန်ကို ကျော်ဖြတ်ချင်နေတယ်လို့ ထင်ခဲ့တာ ။ အခုတော့ သူ့ရဲ့ အမူ အယာဟာ ပင်းယန်နဲ့ ဖန်ကျန်းရှီကို ကြည့်ရင်း အတော်လေးကို ပျက်ယွင်းနေတော့တယ်။

အကယ် ၍ ဖန်ကျန်းရှီ။ ရန်ရွှယ် နဲ့ ဝမ်ချွမ်ဖုန်းတို့ပဲ ဆိုရင် သူက ဒါကို များများစားစားတွေးမှာ မဟုတ် ဘူး။ ဒါပေမယ့်လည်း ပင်းယန် မင်းသမီး က ဒီမှာ ပါ လာရင်းတော့ ပြဿနာက သူ့လက်ထဲကို ဆိုက်ဆိုက် မြိုက်မြိုက် ဝင်လာသလို ဖြစ်နေပြီ။

ရဲရဲတောက် ချီလင်လှံ ရဲ့ အံ့ဖွယ် အစွမ်းတွေကို လည်း ကောင်းကောင်း သိတယ်။

ဒ့ါအပြင် ပင်းယန်က မီးလျှံပန်းနီ သံချပ်ကာနဲ့ အကာအကွယ် ယူထားတာ ဖြစ်တယ။်

ပိုပြီးတော့ အရေးကြီးတာကတော့ သူ ဘယ်လောက်ပဲ သတ္တိ ရှိရှိ ပင်းယန်ကိုတော့ ဒဏ်ရာရအောင် မလုပ် ဝံ့ဘူး။ “ ဖန်ကျန်းရှီ ။ မင်း တကယ်ပဲ ဒီလို တစ်ဖက် စောင်းနင်း တိုက်ပွဲ ကို စချင်တာလား။” စုတုန်းလင်က နောက်ဆုံးမှာတော့ သူ့ရှေ့ က ဒီလူ ဘယ်လောက်ပဲ အရှက်မရှိ သည်ဖြစ်ပါစေ စည်းတော့ ရှိသင့်တယ်လို့တွေးမိတယ်။ ၂ယောက် ၁ ယောက် တိုက်ပွဲက အရှက် မဲ့ ဖို့ လုံလောက်ပြီ။

အခုတော့ ၄ယောက် ၁ ယောက် ။

ဒီ့ထက်ပိုပြီး အရှက်မရှိတာ မျိုး ရှိနိုင်သေးလား။

လုံးဝကို အံ့ဖွယ်သုတပဲ။

“ ငါ ထင်တယ်။ ၄ ယောက် ၁ ယောက် ဆိုတာအတော်လေး ကောင်းတဲ့ တိုက်ပွဲ ဖြစ်မယ။်” ဖန်ကျန်းရှီက ခေါင်းငြိမ့်လိုက်တယ်။

ဒါနဲ့ ပတ်သက်ပြီး တစ်ခုခုလွဲနေတယ်လို့ ဖန်ကျန်းရှီ မထင်ပါဘူး။ စုတုန်းလင် ကို တိုက်ခိုက်ရေး စာမေးပွဲ ကနေ ကန်ထုတ်ချင်တာပဲ ဖြစ်တယ်။ ၂ယောက် ၁ ယောက်နဲ့ ၄ယောက် ၁ ယောက် ဟာတော့ နည်းနည်း လေး ကွာခြားတယ်။

လူကြီး လူကောင်း တစ်ယောက် အနေနဲ့ ။

ဒါက သူ တန်ဖိုး ဖြတ်မယ့် အရာ မဟုတ် ဘူး။

“ မင်း …” စုတုန်းလင် ရဲ့ မျက်နှာ မည်းမှောင်သွားတော့တယ်။ သူလုပ်ချင်တာက ဖန်ကျန်းရှီကို တိုက်ခိုက်ရေးစာမေးပွဲ ပထမ အချီမှာ ကန်ထုတ်ချင်တာ ဖြစ်တယ်။

ဒါပေမယ့်လည်း အခုတော့ ကန်ထုတ်ခံရမယ့် သူက သူ ဖြစ်နေပြီ။

…

အပိုင်း ( ၁၈၅) ပြီး၏။

အပိုင်း ( ၁၈၆ )

” အန္တရာယ် ကြားက ရန်ရွှယ် ”

…

တော် ဝင် ကျောင်းတော်မှာတော့ သွမ့် ပြည်ထောင် အရှင် နဲ့ ဟန်ချန်ဖုန်းတို့ နှစ်ဦး လုံးဟာ ပုံရိပ် ကားချပ် ပေါ်မှာ ပေါ်နေတဲ့ ဖန်ကျန်းရှီနဲ့ ပင်းယန် ကို စိတ် မသက်သာစွာ ကြည့်လိုက်တယ်။

ပင်းယန်နဲ့ အတူ မီးလျှံ ပန်းနီ သံချပ်ကာ ရဲရဲတောက် ချီလင်လှံတွေ ပါသွားတော့ လည်း တိုက်ခိုက်ရေး စာမေးပွဲကို လှိုင်းခတ်မှုတွေ ဖြစ်ပေါ်သွားစေနိုင်တယ်။

အချိန် နေရာ နဲ့လူတွေ …

အရာအားလုံးဟာတော့ သူတို့ ရဲ့တွက်ချက်မှု ထဲ မှာရှိနေတယ်။ ပင်းယန် ပါ ဝင် လာတာကလွဲပြီးတော့ …။

ပင်းယန် က သူမ ကိုယ်တိုင် ပညာ၇ှိသုခမိန်တို့ လောကထဲကို ဝင်ရောက်သွားခဲ့တယ်။ ဒါပေမယ့်လည်း သူတို့ တွေးခဲ့တာက အဲ့ဒီ့နေရာကနေ ပြန်ထွက်ဖို့ကိုပဲ ကြိုးစားလိမ့်မယ်လို့ ဖြစ်တယ်။ ဒါပေမယ့်လည်း သူတို့ မတွေးမိခဲ့တာကတော့ ပင်းယန်ဟာ ဖန်ကျန်းရှီနဲ့ အသင်း တစ်ခု အဖြစ် ပူးပေါင် းသွားခဲ့မယ်လို့ ဖြစ်တယ်.။

ကြီးမြတ်သော ရှ မင်းဆက်ရဲ့ မြင့်မြတ်တဲ့ မင်းသမီး တစ်ပါး အနေနဲ့ ဒီလိုမျိုး ဒီ လိုမျိုး ဖန်ကျန်းရှီ နဲ့ ပူးပေါင်းပြီးတော့ ကောင်းကင် ရောင်ပြန် အဆင့် ကျောင်းတော်သား တစ်ဦးကို စိန်ခေါ်တာ အတော်လေးဆိုးတဲ့ ကိစ္စပဲ ဖြစ်တယ်။

အခုတော့ ၄ယောက် ၁ ယောက် တိုက်ပွဲမှာ ဝင်ပါနေပြီ။

ဒါမျိုးဖြစ်လာမယ်လို့ ဘယ်သူ ကတွေးမိမှာလဲ ။

ဟန်ချန်ဖုန်းနဲ့ သွမ့် ပြည်ထောင် အရှင် နားမှာ ရှိနေတဲ့ မင်းသား ကိုးကတော့ စိတ်ရှုပ်ထွေးနေတယ်။ ပင်းယန် ကဖန်ကျန်းရှီကို မုန်းနေတာ မဟုတ် ဖူးလား။

သူမရဲ့ မွေးနေ့မှာတောင် ဖန်ကျန်းရှီကို အကွက်ချဖို့ အကြံတောင်းသွားသေးတယ်။

အခုတော့ ဘယ်လို ဖြစ်ကုန်တာလဲ။

…

သုခမိန် လောက ထဲမှာတော့ ..

ဝမ်ချွမ်ဖုန်းရဲ့ အမူ အယာတွေဟာ အမျိးမျိုး ပြောင်းလဲ နေခဲ့တယ်။ သူ့မှာ ရွေးချယ် စရာ မရှိ ဘူး။ ဖန်ကျန်းရှီတို့နဲက စုတုန်းလင်ကို တိုက်ခိုက်ဖို့က လွဲပီးတော့ တခြားသော ရွေးချယ် စရာ မ၇ှိ ဘူးဖြစ်တယ်။

ဒါက ခက်ခဲတဲ့ ရွေးချယ်မှုတော့ မဟုတ် ဘူး။

သူ့မှာ ရွေးချယ် စရာ ၇ှိတဲ့ ပထမဆုံး အချက်ကတော့ နောက်ထပ် ၂ နှစ် ထပ်စောင့် ရမယ်။ ဒုတိယ တစ်ခုကတော့ သူ့ ဘဝကို ပြောင်းလဲ စေမယ်။

“ သခင်လေး ဖန် အခွင့် အရေး ပေးတဲ့ အတွက် ကျေးဇူးတင်ပါတယ်။ ပင်းယန် မင်းသမီးကိုလည်း ကျေးဇူးတင်ပါတယ်။ သခင်လေး ရန်ရွှယ်ကို ကျေးဇူးတင်ပါတယ်။ ” ဝမ်ချွမ်ဖုန်းကတော့ ခပ်မြန်မြန်ပဲ ဆုံးဖြတ်လိုက်ပြီၤးတော့ ဓားကြီး နှစ်လက်ကို ဆွြ ထုတ်လိုက်တယ်။

ပင်းယန် နဲ့ တိုက်ခိုက် ချိန်တုန်းက သူမ ဟာ လက်နက်မပါတဲ့ အတွက် သူလည်း လက်နက် မထုတ်ခဲ့ဘူး။ သူမ လက်နက် ထုတ်လိုက်ချိန်မှာတော့ သူ့ အတွက် အချိန် နှောင်းသွားခဲ့ပြီ ဖြစ်တယ်။

ဒါပေမယ့် အခုတော့ တွေေ၀ ခြင်း မရှိပဲ ဓားကို ဆွဲ ထုတ်လိုက်တယ်။

စုတုန်းလင် နဲ့ နောက်ဆုံးမှာ ထိပ်တိုက်တွေ့၇တော့မယ်။

ရန်ရွှယ်ဟာလည်း တောင်နဲ့ မြစ် မိုးမြေ ယပ်တောင်ကို ဝေ့ယမ်းလိုက်တယ်။

ပင်းယန် ဟာတော့ အလွန်အမင်းကို စိတ်လှုပ်ရှားစွာနဲ့ စုတုန်းလင် ဆီကို တစ်လှမ်း ချင်းစီ တိုးသွားတော့တယ်။

ဖန်ကျန်းရှီကတော့ သူဟာ စုတုန်းလင် ဆီကို တလှမ်းချင်း စီ လှမ်းပြီးတော့ ရွေ့လျားနေခဲ့တယ်။ သူ့ရဲ့ မျက်နှာဟာတော့ ပြုံးနေခဲ့တယ်။

“ သခင်လေး စု ကျွန်တော် တောင်းပန် ပါတယ်။ ”

“ ဟွန့် ဖန်ကျန်းရှီ ။ မင်း ကိုယ်မင်း သာ ဂရုစိုက်စမ်း ။” စုတုန်းလင်ရဲ့ မျက်လုံးတွေကတော့ ရေခဲ ဓားသွားတွေလို ထက်ရှ အေးစက်တဲ့ အငွေ့ အသက်တွေ ပြည့်နှက်လာတော့တယ်။

၁ ယောက်နဲ့ လေး ယောက် ။

ကောင်းကင် ရောင်ပြန် အဆင့် အခြေတည်စ ကျင့်ကြံ သူ နှစ်ဦး ။ ရတနာတွေ ပိုင်ဆိုင်ထားတဲ့ ပင်းယန်။ နောက်ပြီးတော့ ရန် မိသားစုက သား တစ်ဦး ။ တောင်နဲ့ မြစ် မိုးမြေ ယပ်တောင်ကို ကိုင်ဆောင် ထားတဲ့သူ။

စုတုန်းလင် အတွက် တော့ အနိုင်ရဖို့ အခွင့် အရေး တစ်ခု ၇ှိတယ်။

ဒါပေမယ့်လည်း အဲ့ဒီ့ အခွင့် အရေးကတော့ အတော်လေးကို ပါးလျ လွန်းတယ်။

ဒါပေမယ့်လည်း ဒါက တော်ဝင် စာမေးပွဲ ဖြစ်နေတယ်။ သေခြင်း နဲ့ ရှင်ခြင်း ကြားက တကယ့် တိုက်ပွဲ မဟုတ် ဘူး။ ဒါကြောင့် စုတုန်းလင် အတွက် အခွင့် အရေးက သိသိသာသာကို မြင့်မားတယ်။

ဒီလေး ယောက် လုံးကို အနိုင် တိုက်ဖို့ မလို အပ်ဘူး။

သူလိုတာက တစ်ယောက် တည်းကို အနိုင်တိုက်ဖို့ပဲ ဖြစ်တယ်။

သူတို့တွေ ထဲက တစ်ယောက်ကို နိုင်တာနဲ့ သူလည်း ဒုတိယ အချီကို တက်ရောက် နိုင်ပြီ ဖြစ်သွားမယ်။

အဲ့ဒီ့ အချိန် ဆို သူ့ အတွက် လက်စားချေမှုကိုလည်းလုပ်နိုင်ပြီ။

အရာအားလုံးက ချောမွေ့သွားမယ်။

“ ဒါဆို ဘယ်သူ့ကို ပထမဆုံး အနိုင်တိုက်ရမလဲ။” စုတုန်းလင်က ဖန်ကျန်းရှီနဲ့ ရန်ရွှယ်ကို ကြည့်လိုက်ပြီးနောက် နောက်ဆုံးမှာ ရန်ရွှယ် ကို တိုက်ခိုက်ဖို့ ဆုံးဖြတ်လိုက်တယ်။

အကြောင်းရင်း ကတော့ ရိုးရှင်းပါတယ်။

ရန်ရွှယ် က အားအနည်း ဆုံးသူ ဖြစ်တဲ့ အပြင် ဖန်ကျန်းရှီရဲ့ အရင်းနှီးဆုံးသူ ဖြစ်တယ်။ ဒါက အကောင်းဆုံး ရွေးချယ် မှုပဲ။ ဆုံးဖြတ်ပြီး သွားပြီ။

ဒါပေမယ့်။.

ရန်ရွှယ်က တကယ်ပဲ အားအနည်း ဆုံးလား။

စုတုန်းလင်ကတော့ ဒီလို တွေးတာပဲ။ ပင်းယန်နဲ့ ဝမ်ချွမ်ဖုန်း အပါ အဝင် တခြားသော သူတွေလည်း ဒီလို တွေးတာပဲ ဖြစ်တယ်။

ဒါပေမယ့်လည်း ဖန်ကျန်းရှီကတော့ ဒီလို မတွေးပါ ဘူး။

ဘာပဲ ဖြစ်ဖြစ် တိုက်ပွဲ ကတော့ စတင်ပြီ ။

ပထမဆုံး တိုက်ခိုက်သူကတော့ ပင်းယန်ပဲ ဖြစ်တယ်။

မတိုက်ခိုက် ခင်တည်း က တခြားသော စာဖြေသူတွေဟာ နောက်ကို ဆုတ်ခွာပြီး နယ်ပယ် ဧရိယာ တစ်ခု လုံးကို ရှင်းလင်းထားပြီးသား ဖြစ်တယ်။ ပင်းယန် တိုက်ခိုက် ချိန်မှာတော့ သူမရဲ့ ချီလင်လှံ ဟာ လေထု တစ်ခု လုံးကို တောက်လောင်စေပြီးတော့ရွှေရောင် အလင်း တန်းတွေ ဟာ စုတုန်းလင်ဆီကို တိုးဝင် သွားတော့တယ်။

ဒါက ဝမ်ချွမ်ဖုန်းကို တိုက်ခိုက်ချိန်မှာ သုံးခဲ့တဲ့အကွက် ဖြစ်တယ်။

ဒါပေမယ့်လည်း စုတုန်းလင်က ဝမ်ချွမ်ဖုန်းမှ မဟုတ် တာ။ သူက ကောင်းကင်ရောင်ပြန် ထိပ်သီး အဆင့် ရောက်နေတဲ့ စုမျိုးနွယ်က အသန်မာ ဆုံး တပည့် လက်သား။

ပိုပြီးတော့ အရေးကြီးတာက ချီလင်လှံကို ကြုံလိုက်ရချိန်မှာ ဝမ်ချွမ်ဖုန်းဟာတုံ့ပြန် နိုင်ခြင်း အလျဉ်း မ၇ှိခဲ့ဘူးဖြစ်တယ်။ နောက်ပြီးတော့ ပင်းယန် နဲ့ နီးကပ်လွန်းတဲ့ အကွာအဝေးမှာ ၇ှိနေခဲ့တာ လည်း ဖြစ်တယ်။

အခု ချိန်မှာတော့ စုတုန်းလင်က ပင်းယန်မှာ ချီလင် လှံ ရှိမှန်းသိသွားပြီ။

ဒါကြောင့် တိုက်ခိုက်မှုကို ခုန်ရှောင်နိုင်ခဲ့တယ်။

ပင်းယန် တိုက်ခိုက် လာချိန်မှာတော့ စုတုန်းလင် ဟာ ရွေ့လျားပြီးသား ဖြစ်နေပြီ။ သူဟာ လျှပ်စီးကြောင်း လို ကွေ့ကောက် ရွေ့လျားနေရင်း တိုက်ခိုက်မှုတွေကို ရှောင်ရှားနေခဲ့တယ်။

တကယ်တမ်းတော့ သူကိုယ်တိုင် ဟာ လျှပ်စီး ကြောင်း တစ်ခုပဲ ဖြစ်တယ်။

သူ့ ကိုယ်ဟာ ခရမ်းရောင် တောက်နေတဲ့ လျှပ်စီးတွေနဲ့ ဝန်းရံ ထားခဲ့တယ်။

သူ ဟာ ခရမ်းရောင် မြွေတစ်ကောင်နဲ့ ဆင်တူစွာ ခုန်လွှား တိုးလျှိုးနေခဲ့တယ်။ ဘယ်သူကမှ သူ့ကို ရှင်းရှင်း လင်းလင်း မမြင်ရဘူး ဖြစ်တယ်။

ခရမ်းရောင် လျှပ်စီး တွေ ဟာ သူ့ကို ကာကွယ်ပေးထားတယ်။

ဘယ်သူကမှ သူ့ရဲ့အရှိန် နှုန်းကို အမှီ မလိုက် နိုင်ဘူး ဖြစ်နေတယ်။

မျက်စိ တစ်မှိတ် အချိန်တွင်းမှာပဲ စုတုန်းလင် ဟာ ပင်းယန်ရဲ့ တိုက်ခိုက်မှုကို ခုန်လွှား ရှောင်ရှားရင်းနဲ့ ရန်ရွှယ့် ရှေ့ကို ရောက်သွားတော့တယ်။

ကျောင်းတော်သားတိုင်းဟာတော့ အသက်တောင် မရှူနိုင် ပဲ ငေးကြည့်နေကြတယ်။

ရှင် ချင်းစွေ့ရဲ့ မျက်လုံးတွေကတော့ ဒါကို ကြည့်နေချိန်မှာ မီးဝင်းဝင်းတောက်နေခဲ့တယ်။ သူ့ရဲ့ အမူအယာကတော့ ဒီ တိုက်ခိုက်မှုကို ကြုံရချိန်မှာ သူကိုယ်တိုင်တောင် ခုန်မရှောင် နိုင်လောက်တာကို ဖော်ပြနေခဲ့တယ်။

ဒီကွင်းပြင်ထဲမှာ အခြားသော လူငယ် လည်း ၇ှိနေပါတယ်။

သူ့ရဲ့ အမူအယာကတော့ အတော်လေးကို အေးဆေး နေခဲ့တယ် ။ စုတုန်းလင် ရဲ့ အစွမ်းကို မြင်ပြီး တာတောင်မှ သူ့ရဲ့ မျက်နှာ ဟာ အမူအယာ ကင်းးမဲ့နေခဲ့တယ်။

သူ့ရဲ့ အကျီနဲ့ သံချပ်ကာတော့ ကြည့်ရတာ အတော်လေးကို ဟောင်းနွမ်း နေခဲ့တယ်။

ဒါပေမယ့်လည်း သူ့ဘေးက လူတိုင်းဟာတော့ သူနဲ့ ခပ်ဝေးဝေးမှာ ၇ှိနေခဲ့တယ်။

ဒီ သူကတော့ နန်ကုန်းမုပဲ ဖြစ်တယ်။ နန်ကုန်းဟောင်ရဲ့ ညီလေး။

…

စုတုန်းလင် ရဲ့ စိတ်ကူးကတော့ ရိုးရှင်းပါတယ်။

ရန်ရွှယ်ကို တိုက်ခိုက်ဖို့ အခွင့် ရေးတောင် မပေးပဲ အနိုင်တိုက်ချင်တာ ဖြစ်တယ်။ ဒါက သူတို့ ကြား အဆင့် ကွာခြား ချက်ကို အသုံးချရမှာပဲ ဖြစ်တယ်။ ရန်ရွှယ်ကို ဘယ်လို နည်းနဲ့ မှ သူ့ရဲ့ တောင်နဲ့ မြစ် မိုးမြေ ယပ်တောင်ကို အသုံးပြုစေလို့ မဖြစ်ဘူး။

ဒါက တိုက်ခိုက်ရေး စာမေးပွဲရဲ့ ပထမ အချီလေး တစ်ခုပဲ။

၁ယောက်တည်းနဲ့ ၄ ယောက်ကို အသေအကျေ တိုက်ခိုက်ဖို့ အင်အားသုံးစရာမလိုဘူး ။ နောက်ထပ် သွားစရာ အမြင့်ကို တက်စရာလမ်းတွေ ရှိသေးတယ်။

ရန်ရွှယ်ရဲ့ အရှေ့တည့်တည့်မှာ ရောက်နေတဲ့ စုတုန်းလင် ကတော့ ကြီးမား ပြင်းထန်လှတဲ့ လျှပ်စီး စက်ကွင်းကြီးကို ထုတ်လွှတ်လိုက်တယ်။

ပတ်ဝန်းကျင် တစ်ခုလုံးကို လျှပ်စီး လှိုင်းတွေ ပျံ့နှံ့အောင် ထုတ်လွှတ်လိုက်တာပဲ ဖြစ်တယ်။

ပင်းယန်ရဲ့ ရဲရဲ တောက် ချီလင် လှံ ဟာလည်း အတူတူပဲ ဖြစ်တယ်။ ပိုင်ဘက်ကင်းစွာ တည်ဆောက် ထားမှု အရ ပတ်ဝန်းကျင်မှာ မီးတောက်တွေကို ဖန်တီးနိုင်တယ်။

မီးမြေခွေး ပြာလည်း အတူတူပဲ ဖြစ်တယ်။

မြန်ဆန်လွန်းလှတဲ့ အရှိန်နှုန်း ကြောင့် သူ့ ကိုယ်နဲ့ လေထု အလွှာတွေ ပွတ်တိုက်မှု ကြားမှာ မီးတောက်တွေ ဖြစ်ပေါ် လာတာ ပဲ ဖြစ်တယ်။ ဒါပေမယ့်လည်း မီးမြေခွေး ပြာရဲ့ မီးတောက်တွေကတော့ ချီလင်လှံ နဲ့ မယှဉ်ပြိုင်နိုင် ဘူး ဖြစ်တယ်။

လျှပ်စီးကြောင်းတွေဟာ လူ တစ်ယောက်ကို ကိုယ်လက် အင်္ဂါ သေစေနိုင်တဲ့ စွမ်းအင်တွေ ရှိတယ်။ ဒါ့ အပြင် သူ့ရဲ့ အလျင် နှုန်းတွေကလည်း လေထက်ကို မြန်ဆန်လှတယ်။ ဒါောကာင့် စုတုန်းလင်ရဲ့ ရွေးချယ်မှု ဖြစ်လာတာပါပဲ။

ခရမ်းရောင် လျှပ်စီး မုန်တိုင်း ဟာ ရန်ရွှယ် ကို မြွေ တစ်ကောင်လို ရစ်ပတ်သွားပြီးတော့ ရန်ရွယ်ရဲ့ ကိုယ်ခန္ဒာကို ဖြစ်ညှစ်ပြစ်၇င်း တစ်စ စီ ဖြစ်အောင် လုပ်ပစ်နေခဲ့တယ်။ စုတုန်းလင်ရဲ့ မျက်လုံးတွေကတော့ တလက်လက် တောက်ပနေခဲ့တယ်။ ရန်ရွှယ်ကို လျှပ်စီးတွေ ရစ်ပတ်နေပြီ။ အကုန်လုံး ပြီးဆုံးပြီ။

ရန်ရွှယ်လည်း ရွေ့လျားနိုင်မှာ မဟုတ်တော့ ဘူး။

ဒါပေမယ့် သူ ရွေ့နိုင်ရင်တောင် မှ နောက်ကျ သွားပြ ီ။

“ မင်း ကိစ္စ ပြတ်ပြီ။” စုတုန်းလင်က နှာမှုတ်ရင်း ဓား တစ်ချောင်းကို ဆွဲထုတ်လိုက်တယ်။

ဓားဟာ ထွက်ပေါ် လာချိန်မှာတော့ ထိပ်ဖျား ပိုင်း ဓားသွားဟာ အရိပ် တစ်ခု လို စတင် ရွေ့လျားတော့တယ်။ ဒါဟာတော့ အနက်ရောင် ဓား တံလျှပ် တစ်ခု ဖြစ်တယ်။ လွန်း တစ်ခုလို လည်ပတ်ပြီး ထိုးဖောက်လာတော့တယ်။

လေ ထု တစ်ခုလုံးမှာတော့ အနက်ရောင် ပုံရိပ်ရောင်တွေ ဟာ စတင် ပြည့်နှက်လာတော့တယ်။

“ ဒါ က စုမျိုးနွယ်ရဲ့ ဓားအရိပ် ပညာပဲ။”

“ စုတုန်းလင်က ရန်ရွှယ်ကို အရင် ဆုံး အနိုင် တိုက်ချင်နေတာပဲ ။”

“ ဘယ်လောက် မြန်မြန် …. ပထမဆုံး လျှပ်စီး ကြောင်းတွေကို သုံးပြီးတော့ ရန်ရွှယ်ကို မလှုပ်နိုင်အောင် ချုပ်မယ် ။ အဲ့ဒီ့နောက် သူ့ရဲ့ ဓား အရိပ် နည်းလမ်းကို သုံးပြီးတော့ ရန်ရွှယ်ကို တိုက်ခိုက်မယ်။

“ ငါနားလည် ပြီ စုတုန်းလင်က ရန်ရွှယ်ကို သုံးပြီးတော့ ဒုတိယ အချီကို ရောက် ချင်နေတာ။”

စု တုန်းလင်သူ့ရဲ့ ဓားကိုထုတ်လိုက်ချိန်မှာတော့ စာဖြေသူတိုင်းက ဒီလိုတွေးလိုက်ကြတယ်။

ရန်ရွှယ် ဟာ လျှပ်စစ် စက်ကွင်းရဲ့ ဖမ်းချုပ်ခြင်းကို ခံလိုက်ရပြီး နောက်မှာတော့ သူဟာ ထုံမှိုင်း သွားပြီးတော့ လှုပ်ရှားမှုတွေ ရပ်တန့်သွားတော့တယ်။

ဒါက တော့ ကောင်းကင် ရောင်ပြန် အဆင့်နဲ့ ကြယ်တာရာ ကြားက ကွာခြား ချက်ပဲ ဖြစ်တယ်။

စက်ကွင်းရဲ့ ထိန်းချုပ်မှု ။

ကောင်းကင်ရောင်ပြန် အဆင့် ကျင့်ကြံ သူတွေ ဟာ ပတ်ဝန်းကျင်က အရာတွေကို သုံးပြီးတော့ သူတို့ အတွက် ခုခံ မှုတွေ မျိုးစုံ လုပ်နိုင်တာပဲ ဖြစ်တယ်။ ပိုပြီးတော့ အရေး ကြီးတာကတော့ ဒါတွေကို အသုံးပြုပြီးတော့ အခွင့် ရေး ကောင်းတွေကို ဖန်တီး နိုင်တယ်။

ကြယ်တာရာ စုဝေးမှု အဆင့် ကျင့်ကြံ သူက ဘယ်လောက်ပဲ အင်အားကြီး ပါစေ သူ ဟာ ကောင်းကင်ရောင်ပြန် အဆင့် ကျင့်ကြံ သူကိုတော့ ဒီ နယ်ပယ်မှာ မယှဉ်နိုင် ဘူး ဖြစ်တယ်။

ကောင်းကင်ရောင် ပြန် အဆင့် ကျင့်ကြံ သူတွေကသာ ဒီ နယ်ပယ် မျိုးမှာ ပိုပြီး တော့ သန်မာ လာနိုင်တယ်။

ဒါကြောင့် သူ ဟာလည်း ပို သန်မာပြီးတော့ မြန်ဆန်တယ်။

စုတုန်းလင်ရဲ့ လျှပ်စီး ကြောင်းနဲ့ စု မျိုးနွယ်ရဲ့ လေ အရိပ်ဓား နည်းလမ်းကိုပေါင်းစပ်ချိန်မှာတော့ ….

အတော်လေးကို သက်တောင့် သက်သာ မဖြစ်နိုင်တဲ့ အခြေ အနေ ဖြစ်လာတော့တယ်။

ဒီ အခြေ အနေကို တွေးမိတာကတာ့ စုတုန်းလင်။ ဝမ်ချွမ်ဖုန်းနဲ့ ပင်းယန် တို့ပဲ ဖြစ်တယ်။

ဒါပေမယ့်လည်း ဒီလို မတွေးမိတာကတော့ ဖန်ကျန်း၇ှီ တစ်ဦး ရှိနေတယ်။

ဓားအရိပ်တွေ ဟာ ရန်ရွှယ်ဆီကို တိုးဝင်သွားတော့တယ်။

အဲ့ဒီ့နောက် ရန်ရွှယ် လည်း ခုန်ရှောင်လိုက်တယ်။

ခရမ်းး ရောင် လျှပ်စီး တန်းတွေက ရွေ့လျား တိုက်ခတ်သွားချိန်မှာပဲ သူ ဟာ လေအရိပ် နည်းလမ်းကို သုံးပြီးတော့ စုတုန်းလင်ရဲ့တိုက်ခိုက်မှုကို ခုန်ရှောင်လိုက်တယ်။ စုတုန်းလင်ကတော့ သူ့မျက်လံးတွေကို မယုံနိုင်ပါ ဘူး။

“ ဒါက ဘယ်လို ဖြစ်နိုင်ရတာလဲ။

တခြားသော စာဖြေသူတွေဟာလည်း သူတိုှု မျက်လုံးကို မယုံနိုင် စွာနဲ့ပဲ ၇ှိနေတယ်။ ရန်ရွှယ်က မိုးကြိုးလျှပ်စီးတွေကြောင့် ထုံမှိုင်း မသွား ဘူး။ ဒါက မဖြစ်နိုင်တာပဲ။

လုံးဝကို အဓိပ္မာယ် မရှိတာပဲ။

ဒါက လုံးဝကို လူတစ်ယောက်ကို သေတ္တာထဲ ထည့်ပြီးတော့ အပြင်မှာ သံကြိုးတွေ အထပ်ထပ် ရစ်ပတ်ထားချိန်မှာ ရုတ်တရက် လွတ်မြောက်လာ သလို ဖြစ်တယ်။ နောက်ပြီးတော့သေတ္တာနဲ့ ကြိုးတွေလည်း မပျက်စီး သွားဘူး။

ဒီ အချိန်မှာပဲ သူတို့ ရဲ့ စိတ်ထဲမှာ အတွေး တစ်ခု လက်လာတော့တယ်။ ဒါပေမယ့်လည်း ဒီ အတွေး ဟာ ချက်ခြင်း ပျောက်ကွယ် သွားခဲ့တယ်။

အလွန် လျင်မြန်စွာနဲ့ပဲ သူတို့ရဲ့ ပါးစပ် ဟာ အဟောင်းသား ဖြစ်သွားတော့တယ်။ သူတို့ မြင်နေရတဲ့ မြင်ကွင်းဟာ လုံးဝကို မယုံနိုင်စရာ ကောင်းလွန်းလှတယ်။

အပိုင်း ( ၁၈၆) ပြီး၏ ။

အပိုင်း (၁၈၇)

“ကောင်းကင် ရောင်ပြန် အဆင့် တတိယလူ”

ရန်ရွှယ် ဟာတော့ ရေခဲ တမျှ အေးစက်နေတဲ့ မျက်နှာထားနဲ့ အမူ အယာမဲ့နေဆဲ ဖြစ်တယ်။

ဒါပေမယ့်လည်း သူ့ရဲ့ ကိုယ်ကိုတော့ အစိမ်းရောင်တောက်ပနေတဲ့ အလင်းတန်းတွေဟာ စက်ဝိုင်း သဖွယ် လည်ပတ်နေခဲ့တယ်။

တခြားအရာတွေထက် သူ့ရဲ့ အရေပြားပေါ်မှာ အစိမ်းရောင် အလွှာ တစ်ခု ရှိနေတာ ဖြစ်တယ်။ ကြည့်ရတာဟာ သစ်ပင် တစ်ပင်ရဲ့ သစ်ကိုင်း တစ်ခုလိုမျိုး သိသာ ထင်ရှားတဲ့ အမှတ်အသား ၇ှိနေတာပဲ ဖြစ်တယ်။

“နောက်ထပ် စက်ကွင်း တစ်ခုလား။”

“ အဲ့တာ သစ်သား…. မဟုတ် ဘူး။ အဲ့တာ သစ်ပင် စက်ကွင်း ပဲ။”

စာဖြေသူတွေ အားလုံးဟာတော့ သူတို့ရဲ့ အံံ့သြမှုကို ထိန်းချုပ်မထားနိုင်တော့ ဘူး ပဲ ဖြစ်တယ်။

၇န်ရွှယ်ဟာ ကြီးမားတဲ့ သစ်ပင်ကြီး တစ်ခုရဲ့ အကာအကွယ် ထဲမှာ ရပ်နေတာ ဖြစ်တယ်။

ဒါ ဟာ အရာ တစ်ခုတည်းကိုပဲ ဆိုလိုတယ်။

ရန်ရွှယ်က ကောင်းကင်ရောင်ပြန် အဆင့်မှာ ရောက်နေပြီ။

ရာစုနှစ် တစ်ခု စာကျော်လောက် ကြာတဲ့ အထိကို အသက် ၁၈ နှစ်အောက် နဲ့ ကောင်းကင်ရောင်ပြန် အဆင့်ကို ရောက်ရှိသူ ဟာ မရှိသလောက်ကို ရှားပါးခဲ့တယ်။ ဒါကို ချီကူယန် က စတင်ချိုုးဖောက်လိုက်တာပဲ ဖြစ်တယ်။

သိပ်မကြာခင်မှာပဲ ကောင်းကင်ရတနာ ခန်းမမှာ ဖန်ကျန်းရှီဟာ ကောင်းကင်ရောင်ပြန် အဆင့်ကို ရောက်သွားခဲ့တဲ့ အတွက် ဒုတိယ မြောက် အငယ်ဆုံး ကောင်းကင်ရောင်ပြန် ကျောင်းတော်သား ဖြစ်သွားခဲ့တယ်။

ဒီ နှစ် အနည်းငယ်တွင်းမှာ အသက် ၁၈ နှစ်အောက် ကောင်းကင်ရောင်ပြန် အဆင့်တွေ ဆက်တိုက်ထွက်ပေါ်နေတာ ဖြစ်တယ်။

ဒါက မျက်စိ မူးလောက်စေတဲ့ အချက်အလက်ပဲ။

အခုတော့

အသက် ၁၆ နှစ် အရွယ် ရန်ရွှယ်။

သူ့ရဲ့ အဆင့်တက်မှုကို တော်ဝင် စာမေးပွဲမှာ ပြသခဲ့ပြီ။ ဒါ ဟာ အသက် ၁၈ အောက်မှာ တတိယမြောက် အံံ့ဖွယ် လူငယ် ဖြစ်လာတာပဲ။

ဘယ်သူကမှ သူတို့ မျက်လုံးတွေကို မယုံနိုင်ကြဘူး။

အသက် ၁၈ နှစ်အောက် ကောင်းကင်ရောင်ပြန် အဆင့် တတိယမြောက် သူ။

တစ်ယောက်ကတော့ အံ့သြနေတယ်။ နှစ်ယောက်ကတော့ မှင်သက်နေခဲ့တယ်။ သုံးယောက် ……

ကမ္ဘာကြီးက လှုပ်ယမ်းနေတာလား။

အကယ်၍ ချီကူယန်နဲ့ ဖန်ကျန်းရှီ သာ မပေါ်ပေါက်ခဲ့ဘူး ဆိုရင် ရန်ရွှယ်ရဲ့ အဆင့် တိုးတက်မှု ဟာ ကြီးမြတ်သော ရှ မင်းဆက်ကို လှုပ်ခတ်စေအုန်းမှာပဲ ဖြစ်တယ်။

နဂါး အဆင့် နှစ်ခုရဲ့ ထိပ်ဆုံးတွေ။

ရန်ရွှယ် ဟာ အသက် ၁၆ နှစ်ပဲ ရှိသေးတာ ဖြစ်တယ်။ ဒါကြောင့် ပုန်းကွယ်နေသော နဂါး အဆင့်မှာပဲ ၇ှိနေသေးတယ်။

နောက် ၂ နှစ် အတွင်းမှာ ဘာတွေ ဖြစ်လာနိုင် အုန်းမလဲ ဘယ်သူ သိနိုင်မလဲ။

ကြီးမြတ်တဲ့ အနာဂတ် ဟောကိန်းကို ဖြည့်စွက်နိုင်ဖို့ နောက်ထပ် နာမည် တစ်ခုလည်း တိုးလာပြီ ဖြစ်တယ်။ ရန်ရွှယ်။

…

တော်ဝင်ကျောင်းတော်ထဲမှာတော့ သွမ့် ပြည်ထောင် အရှင်နဲ့ ဟန်ချန်ဖုန်းတို့ ဟာ ရုပ်ပုံလွှာကို မျက်တောင် မခတ် စတမ်း ကြည့်နေကြတယ်။ သူတို့ရဲ့ မျက်လုံးတွေကိုတောင် မယုံနိုင် ဘူး ဖြစ်တယ်။

“ ဒါက ဘယ်လို ဖြစ်နိုင်မှာလဲ။”

“ ရန်မိသားစုရဲ့ ရန်ရွှယ်….”

လင်းရှင်းကြွယ် ဟာ ဟန်ချန်ဖုန်းကို ကြည့်လိုက်ချိန်မှာတော့ ဟန်ချန်ဖုန်းဟာလည်း သူ့ကို ပြန်ကြည့်နေတာ တွေ့လိုက်ရတယ်။ သူတို့ရဲ့ အတွေးထဲမှာတော့ တူညီတဲ့ အရာကိုပဲ တွေးနေတာပဲ ဖြစ်တယ်။

နောက်ဆုံးမှာတော့ သူတို့ တွေဟာ အနာဂတ်ကိုတွေးနေခဲ့တာပဲ ဖြစ်တယ်။

ဟန်ချန်ဖုန်းရဲ့ အတွေးကတော့ ကိုယ်ပိုင် နဂါး တွေနဲ့ လေ့ကျင်သင့်တယ်။ ဒါမှ သူတို့ရဲ့ ရွေးချယ်မှု လမ်းကြောင်းက ဆူးညှောင့် ခလုတ်တွေကို ရှင်းလင်း စေမှာပဲ ဖြစ်တယ်။

ဖန်ကျန်းရှှီကို အနှောက် အယှက် တစ်ခု အဖြစ် ပြောပြပြီးတော့ အင်ပါယာရဲ့ တည်ငြိမ်မှုကို ခြိမ်းခြောက်စေတဲ့ အတွက် အကြောင်း ပြပြီး ဖယ်ရှားပြစ်လို့ရတယ်။

ဒါပေမယ့်လည်း ဒါက ရန်ရွှယ်သာ ဖြစ်လာရင်တော့ ။

ဟန်ချန်ဖုန်း တောင့်တင်း သွားတော့တယ်။ ရန်ရွှယ်ကို ဖန်ကျန်းရှီလိုမျိုး ဆက်ဆံ လို့ မရ ဘူး ဖြစ်တယ်။

အကယ်၍ ယန်မိသားစုက တစ်ယောက်ယောက် သာ ရန်ရွှယ်က ခြိမ်းခြောက်ခံရမှု အောက်မှာ ရောက်နေတယ် ဆိုတဲ့ သတင်းကို ကြားသွားခဲ့ရင် ပြောင်းလဲ မှု ကြီးမားတဲ့ နိုင်ငံရေး အခြေအနေတွေကတော့ လုံးဝကို ပါဝင် ရိုက်ခတ်လာနိုင်တယ်။

သွမ့်ပြည်ထောင် အရှင်ကတော့ ဟန်ချန်ဖုန်းနဲ့ မတူပါ ဘူး။ သူက နဂါး ဖြစ်ချင်သူ ဖြစ်တယ်။ ကြီးမြတ်သော ရှ မင်းဆက်ကို အုပ်ချုပ်ချင်တယ်။ ဒါဟာ မတွဲစပ်နိုင်တဲ့ စွမ်းအား ၊ ကြွယ်ဝမှု ၊ ကျော်ကြားမှုတွေ ကြားကယှဉ်ပြိုင် ရတဲ့ နေရာ တစ်ခု ဖြစ်တယ်။

ဒါပေမယ့်လည်း ဒီနေရာကို ရဖို့ အတွက် သူ့ လမ်းမှာ ရှိတဲ့ ဆူးတွေကို ဖယ်ရှားရမယ်။

အကယ်၍ ဒီလူက ရန်ရွှယ် ဖြစ်နေခဲ့ရင်

သူ ဘာကို လုပ်ရမလဲ။

ဟန်ချန်ဖုန်းနဲ့ သွမ့် ပြည်ထောင် အရှင်တွေးနေချိန်မှာပဲ မင်းသား ကိုး ဟာ သက်ပြင်းချလိုက်တယ်။ ဒါပေမယ့်လည်း သူ ဘာတွေတွေးနေလဲ ဆိုတာကိုတော့ ဘယ်သူမှ မသိပါဘူး။

…

” ရန်ရွှယ်က ကောင်းက်င် ရောင်ပြန် အဆင့်မှာ ရောက်နေပြီ။”

“အသက် ၁၆ နှစ်ပဲ ရှိသေးတဲ့ ရန်ရွှယ်က ”

ပညာ၇ှိ သုခမိန်လောကထဲမှာ ရှိနေတဲ့ စာဖြေသူတွေ အားလုံးဟာ ရန်ရွှယ်ကို ထိတ်လန့်စွာ ကြည့်နေခဲ့ကြတယ်။

စုတုန်းလင်ကတော့ တိုက်ပွဲရဲ့ အလှည့်အပြောင်းကို ခံစားလိုက်ရတယ်။ ရန်ရွှယ်ကကောင်းကင် ရောင်ပြန် အဆင့် ရောက်နေပြီ ဆိုတော့ သူ့ရဲ့ တောင်နဲ့ မြစ် မိုးမြေ ယပ်တောင်ရဲ့ အစွမ်း ဟာလည်း ကြောက်မက်ဖွယ်ကောင်းအောင် ကြီးမားလာပြီပဲ ဖြစ်တယ်။

တောင်နဲ့ မြစ် မိုးမြေ ယပ်တောင်က အသုံးပြုသူရဲ့ အစွမ်းပေါ် မူတည်ြင်္ပီးတော့ ပြောင်းလဲ နိုင်စွမ်းရှိတယ်။

ဒါအပြင် သူကိုယ်တိုင်မှာလဲ အင်အားကြီးမားတဲ့ နယ်ပယ် တစ်ခုကို ပိုင်ဆိုင်တယ်။ အသုံးပြုသူနဲ့ ယပ်တောင်ရဲ့ နယ် ပယ် နှစ်ခုပေါင်းစည်းလိုက်ရင် စုတုန်းလင်လည်း သူ့ရဲ့ အစွမ်းတွေ အကုန်လုံးကို ပေါင်းစည်းပြီးတော့ ၁ ယောက် ဆို ၁ ယောက် အသေအကျေ တိုက်ခိုက်ရတော့မှာပဲ ဖြစ်တယ်။

ပိုပြီးတော့ အရေးကြီးတာက ရန်ရွှယ်က အသက် ၁၆ နှစ် ကောင်းကင် ရောင်ပြန် အဆင့်

ရွေးချယ်မှု ရှိမယ် ဆိုရင် ဒီလိုလူမျိုးကို စုတုန်းလင် ဘယ်သောခါမှ အပြစ်ပြုမှာ မဟုတ် ဘူး။ ရန်ရွှယ်က ဖန်ကျန်း၇ှီနဲ့ ကွာခြားတယ်။

ရန်ရွှယ့်မှာ ကြောက်မက်ဖွယ် ကောင်း အောင် အင်အား တောင့်တင်းလွန်းတဲ့ ရန်မိသားစုကြီး တစ်ခုလုံး ရှိနေတယ်။

အဲ့ဒီ့နောက်

သူ့ရဲ့ မူလ အစီအစဉ် ဟာလည်း အလုပ်မဖြစ်နိုင်တော့ ဘူး။

စုတုန်းလင် ဟာ အံကိုကြိတ်ရင်း ရန်ရွှယ် ဆီကနေ ဖန်ကျန်းရှီ ဘက်ကို ခုန်ကူးသွားလိုက်တယ်။

အကယ်၍ ရန်ရွှယ် သာ ကောင်းကင်ရောင်ပြန် အဆင့် ရောက်နေပြီ ဆိုရင်တော့ အားအနည်းဆုံးသူက ဖန်ကျန်းရှီ ဖြစ်နေမှာပဲ။

ဒါက လွယ်ကူတဲ့ ဆုံးဖြတ်ချက်ပဲ ဒါပေမယ့်လည်း ထိချက်မှန်ဖို့တော့ မလွယ် ကူဘူး။ ဖန်ကျန်းရှီကို အနိုင်တိုက် ခိုက်ဖို့က တော့ အ၇ှိန်နဲ့ လျင်မြန်မှုကို အသုံးချပြီးတော့ သူမလှုပ်ရှားနိုင်ခင်မှာ တိုက်ခိုက်ဖို့ပဲ ဖြစ်တယ်။

ဖန်ကျန်းရှီက ကောင်းကင် ရောင်ပြန် အဆင့်မှာ ရောက်နေပြီးသား ဖြစ်တယ်။ ဒါကြောင့် သူတို့ ကြားက အဆင့် ကွာခြားချက် ဆိုတာလည်း မရှိဘူး။

ခါတိုင်းထက် ၁၀ ဆ ပိုပြီးတော့ ခက်ခဲ မှု ဖြစ်စေတယ်။

ဒါပေမယ့်လည်း စုတုန်းလင်မှာ ရွေးချယ် စရာမရှိဘူး ဖြစ်တယ်။

သူ ကြိုးစားရမယ်။

စုတုန်းလင် ဟာ ဓားကို ဖန်ကျန်းရှီ ဘက်ကို မလှည့်လိုက်ပါ ဘူး။ သူ့ရဲ့ စွမ်အားကိုပဲ အခြေခံ ပြီးတော့ ချက်ချင်း တိုက်ခိုက်နိုင်အောင် ဓားကို ထိန်းချုပ် ပျံသန်းစေလိုက်တယ်။

ဒါက သူ လိုချင်တာ မဟုတ် ဘူး။

ဒီလိုမျိုး ရန်ရွှယ်ကို တိုက်ခိုက်ဖို့ ဆုံးဖြတ်ခဲ့တုန်းက ဖန်ကျန်းရှီ ဟာ အကူအညီ အဖြစ်လာတဲ့ အတွက် ဖန်ကျန်းရှီ ဘက်ကို တိုက်ခိုက်မှု ပြောင်းလိုက်တာပဲ ဖြစ်တယ်။

ဒါပေမယ့်လည်း စုတုန်းလင် က ၇န်ရွှယ်ကို မတိုက်ခိုက် ခင်မှာပဲ ။ ဖန်ကျန်းရှီဟာ ထောင်ချောက်ထဲကို ကျသွားတာပဲ ဖြစ်တယ်။

သူဟာ ခရမ်းရောင် လျှပ်စီးတွေကို ဝန်းရံ အသုံးပြုရင်း မြွေတစ်ကောင်လို လှုပ်ရှားမှုမျိုးကို ပြုနေခဲ့တယ်။

ဘုန်းးး။

သူတို့ရဲ့ လျှပ်စီးတွေ ဟာ လေထုထဲမှာ ထိတွေ့သွားပြီးတော့ ကျယ်လောင်တဲ့ ထိခိုက်မှု ကြီး တစ်ခု ဖြစ်လာခဲ့တယ်။

တစ်ချိန်တည်းမှာပဲ ခရမ်းရောင် လျှပ်စီး တန်းတွေဟာ တစ်ခုနဲ့ တစ်ခု ချိတ်ဆက်ရင်းနဲ့ လည်ပတ် ကွေ့ဝိုက်ရင်း တိုက်ခိုက်နေတော့တယ်။

ပတ်ဝန်းကျင်က စာဖြေသူတွေကတော့ တစ်ယောက်ကို တစ်ယောက်သာ မယုံကြည်နိုင်တဲ့ မျက်ဝန်းတွေနဲ့ ကြည့်နေကြတယ်။

ဘာကြောင့်လဲ ဆိုတော့

ဖန်ကျန်းရှီရဲ့ လျှပ်စီးကြောင်းက စုတုန်းလင်ရဲ့ လျှပ်စီး ကြောင်းကို နင်းချေနေတာကြောင့်ပဲ ဖြစ်တယ်။ ပြောရမယ် ဆိုရင် သူကိုယ်တိုင် အင်အားကြီးမားစွာနဲ့ သီးခြား ရပ်တည်နေပြီးတော့ တိုက်ခိုက်လာသမျှကို ချေဖျက်ပြစ်ရင်း အသာစီး ယူနေတာပဲ ဖြစ်တယ်။

“ ဒါက ဘယ်လို ဖြစ်နိုင်မှာလဲ။”

“ အနိုင် အရှုံးက မရှင်းလင်းဘူး။”

“ တစ်ယောက်က ကောင်းကင်ရောင်ပြန် ထိပ်သီး အဆင့် ။ နောက်တစ်ယောက်က လွန်ခဲ့တဲ့ ၂လကမှ အဆင့်တက်လာတဲ့သူ”

“ ဘာလို့ အစွမ်းတွေက ညီနေတာလဲ။”

စာဖြေသူတွေဟာ မျက်တောင် မခတ်တမ်းကြည့်ရင်းအော်ဟစ် နေကြတယ်။

စုတုန်းလင် ကိုယ်တိုင် ဟာလည်း ဒါကို မယုံနိုင် ပါဘူး။ ဖန်ကျန်းရှီရဲ့ လျှပ်စီးကြောင်းက သူ့ကို တိုက်ခိုက်ချိန်မှာ မယုံနိုင် စရာ ပြင်းထန်တဲ့ အင်အားလှိုင်းတွေကို ခံစားရတယ်။

သူကိုယ်တိုင်တောင် မထုတ်လွှတ်နိုင်တဲ့ ပြင်းထန်တဲ့ ဖိအားလှိုင်းတွေကို နာကျင်စွာ ခံစားနေရတာပဲ ဖြစ်တယ်။

ဒါက သူကိုယ်တိုင်တောင် လက်မခံ နိုင်လောက် တဲ့ အချက်ပဲ ဖြစ်တယ်။

“ ဒါက ဘယ်လို ဖြစ်နိုင်တာလဲ။ မင်း ဘယ်လိုများ ငါနဲ့ အပြိုင် စွမ်းအင် စက်ကွင်းတွေကို ထိန်းချုပ်နိုင်တာလဲ။” စုတုန်းလင်ရဲ့ မျက်လုံးတွေမှာတော့ သိလိုဟန်တွေ ပြည့်နေခဲ့တယ်။

“ အင်အားညီနေတာလား။” ဖန်ကျန်းရှီက သတိ ဝင်လာတော့တယ်။ ဒါက လက်၇ည်ညီနေတာ ဟုတ်လို့လား။

ဖန်ကျန်းရှီကတော့ ဒီလို မတွေးပါ ဘူး။

ဒါက သူ့ဘာသူ ပုံမှန် အတိုင်းထိန်းချုပ်နေတာပဲ။

အခုက သူ ဘာတွေ ပြောနေတာလဲ။

စုတုန်းလင်ရဲ့ မေးခွန်းကို ပြန်ဖြေဖို့ အတွက် ဖန်ကျန်းရှီမှာ စိတ်ကူူးမရှိပါ ဘူး ။

…

သွမ့် အရှင်နဲ့ ဟန်ချန်ဖုန်းတို့ကတော့ တိုက်ပွဲကို ကြည့်နေချိန်မှာပဲ အသက် မရှူနိုင် ဖြစ်နေခဲ့ကြတယ်။ ဖန်ကျန်းရှီလို ရုတ်ချည်း တိုးတက်လာတဲ့ သူ တစ်ယောက်က စုတုန်းလင်ကို ဒီလို ဖိအားမျိုး ပေးနိုငမယ်လို့ ဘယ်သူ တစ်ဦး တစ်ယောက်ကမှ မယုံခဲ့ဖူး ဖြစ်တယ်။

ဒီ တိုက်ခိုက်ရေး စာမေးပွဲမှာ စုတုန်းလင်ရဲ့ အကြီးမားဆုံးသော အားသာချက်က တော့ သူ့ရဲ့ ကျင့်ကြံ ဆင့်ပဲ ဖြစ်တယ်။

ကောင်းကင် ရောင်ပြန် ထိပ်သီး အဆင့် ။

ဒါဟာ သူ့မှာ မတူညီတဲ့ နယ်ပယ်တွေ အမျိုးမျိုးကို တခြားသူတွေ ထက်ပိုပြီးတော့ ထိန်းချုပ်နိုင်တယ် လို့ ဆိုလိုတာပဲ ဖြစ်တယ်။ နယ်ပယ်တွေ ကို ပိုပြီး စုစည်း ထိန်းချုပ်နိုင်တာနဲ့ အမျှ သူဟာ သူ့ရဲ့ ပြိုင်ဘက်ကို ပိုပြီးတော့ ဖိအား ပေးနိုင် မှာ ဖြစ်တယ်။

ဒါကတော့ အများစု အတွေးဖြစ်တယ်။

ဒါပေမယ့်လည်း ဖန်ကျန်းရှီၤ ဟာတော့ ဒါကို ချိုးဖျက်လိုက်တယ် ။

“ ဘာတွေ ဖြစ်ကုန်တာလဲ၊” သူတို့ထဲက နှစ်ယောက် ဟာ စိတ်ထဲ ရှုပ်ထွေး လာကြတယ်။

တကယ်တမ်းမှာတော့ ဖန်ကျန်းရှီရဲ့ အတွေ့အကြုံဟာ ဘာမှ မဟုတ် ဘူး။ သာမာန် ယုတ္တိ ဆန်ဆန်ပဲ ဖြစ်တယ်။

လွန်ခဲ့တဲ့ ရှစ်နှစ်တုန်းက ဖန်ကျန်း၇ှီ ဟာ အရာအားလုံး ဖြစ်တည် ပုံဖော်မှုကို ဖြေ၇ှှုင်းနိုင်ခဲ့တယ်။

အဲ့ဒီ့နောက် မီးမြေခွေးပြာကို အနိုင်ယူတိုက်ခိုက်ပြီး ကျင့်ကြံ သူ တစ်ယောက် ဖြစ်လာခဲ့တယ်။

တစ်နှစ် အတွင်းမှာပဲ ကြယ်တာရာ စုဝေးမှု အဆင့်ကို ချောမွေ့စွာ ရောက်ခဲ့တယ်။

ဖန်ကျန်းရှီဟာ အဆင့် တစ်ဆင့်တည်းမှာပဲ အချိန် အကြာကြီး တည်ငြိမ်နေခဲ့ပြီးတော့ အဆင့် မတက်နိုင် ခဲ့ဘူး ဖြစ်တယ်။ သူ့ရဲ့ ကြယ်တွေနဲ့ အပြင်လောကကို ချိတ် ဆက်ပြီး နောက်မှာတော့ သူဟာ ကောင်းကင် ရောင်ပြန် အဆင့်ကို ရောက်သွားခဲ့တယ်။

သူ့ရဲ့ စိတ်ကူးကတော့ရိုးရှင်းပါတယ်။ ကြယ်တွေကို များများ စုနိုင်လေ သူ့ရဲ့ အစွမ်းက တိုးလေပဲ ဖြစ်တယ်။

တကယ်တမ်း အခြေ အနေမှာလဲ သူ့ရဲ့ စိတ်ကူးဟာ ရလဒ်ကောင်းကို ပြတာ ဖြစ်တယ်။

ဒုတိယ မြောက် ကြယ်ကို ရတဲ့ အချိန်မှာတော့ သူ့ရဲ့ အစွမ်းတွေဟာလည်း တိုးလာခဲ့တယ်။ ဒီလို နည်းလမ်းမျိုးကို ဆက်လက် ကျင့်သုံးရင်း ကိုယ်ပိုင် ကျင့်ကြံ သူ ဉာဏ်ကြီး ရှင် တစ်ဦး အနေနဲ့ သူဟာ မှန်ကန်တဲ့ နည်းလမ်းကို ရှာတွေ့ခဲ့တယ်။

ဒီလိုမျိုးနဲ့ တတိယ မြောက်ကြယ်ကို ထပ်စုခဲ့တယ်။

ကြယ်တစ်လုံးချင်းစီက အရာအားလုံး ဖြစ်တည်မှု တာအိုရဲ့ တာအို တစ်မျိုးကို ကိုယ်စားပြုတယ်။

ရိုးရှင်းတဲ့ မြေ ၊ ရေ ၊ လေ ၊ မီး၊ လျှပ်စီး တွေရှိတယ်။ နောက်ပြီးတော့ ပန်း ၊ မြက်၊ သစ်ပင်၊ သစ်သား၊ တောင် ၊ မြစ်……

အဆုံးသတ်မှာတော့ သူ့ ပတ်ဝန်းကျင်က ရှိသမျှ တာအို ဖြစ်တည်မှု အားလုံးကို ကြယ်တွေ အဖြစ် စုဆောင်းပြီး နောက်မှာတော့ နေ၊ ကြယ် ၊ လတွေကိုပါ စိတ်အာရုံ နယ် မြေထဲမှာ စုဆောင်းထားခဲ့တယ်။ အရာအားလုံး ဖြစ်နိုင်ချေကို သူ နားလည် လာခဲ့တယ်။

၇ နှစ် အချိန် အတွင်းမှာ သူ ဟာ ကြယ် တွေ စုဆောင်းမှုကို ဘယ်သော အခါမှ မရပ်တန့် ခဲ့ဘူး။ ပစ္စည်း အသစ် ဖြစ်တည်မှု အသစ် တိုင်းကို ကြယ်အဖြစ် စုဆောင်ရင်းနဲ့ နောက်ဆုံးတော့ သူ့ရဲ့ စိတ်အာရုံ နယ်မြေထဲမှာ ကြယ် အလုံးပေါင်း ရာနဲ့ ချီ ပြီး ရှိလာတော့တယ်။

သူ တွေးခဲ့တာက ဒါက သူ့ကို သိပ်သည်း ကျစ်လစ်တဲ့ အင်အားကို ဖန်တီး ပေ်းတယ်။

ဒါပေမယ့်လည်း

နောက်ဆုံးမှာတော့ သူမှားသွားတာကို နားလည် သွားတော့တယ်။ ယုံကြည်မှု မြစ်မြို့တော်မှာ ရှိခဲ့စဉ် အချိန်က သူ ဟာ ကြယ်တာရာစုဝေးမှုအဆင့်မှာပဲ ၇ှိနေသေးခဲ့တာ ဖြစ်ပြီးတော့ သူ့ အထက်မှာ ရောက်နေတဲ့ ကောင်းကင်ရောင်ပြန် အဆင့် တစ်ဦး ရှိတယ်။

ကောင်းကင် ရတနာ ခန်းမထဲမှာတော့ သူ့ရဲ့ စိတ်အာရုံနယ်မြေနဲ့ အပြင်လောကကို ချိတ်ဆက်နိုင် ခဲ့တယ်။

ဒါက သူ့ကို အဆင့်ကျော် တိုးတက်စေတာပဲ ဖြစ်တယ်။

ရန်ရွှယ်လိုမျိုး တကူးတက ကြိုးစားလေ့ကျင့် ဖို့ သူ့ အတွက် မလို အပ်ဘူး။ နောက်ပြီးတော့ သူဟလည်း စိတ်အာရုံနယ်မြေထဲက အရာ တစ်ခု ချင်းစီနဲ့ အပြင် လောကကို ချိတ်ဆက်ဖို့ မလို အပ်ဘူး ဖြစ်တယ်။

ကောင်းကင် ရောင်ပြန် အဆင့့် အချိန်အခိုက် အတန့် ဖြစ်အောင် သူ လုပ်ချင်သလို လုပ်လို့ ရတယ်။

ဘာကြောင့်လဲ ဆိုတော့ သူ ဟာ အမြဲတမ်းကို ကောင်းကင် ရောင်ပြန် အဆင့်မှာ ရောက်နေတာ ကြောင့်ပဲ ဖြစ်တယ်။

အပိုင်း ( ၁၈၇) ပြီး ၏။

( အောက်ဆုံး အပိုဒ်နားက နည်းနည်း ရှုပ်ပါတယ်။ အခု ချိန်မှာတော့ ဖန်ကျန်းရှီရဲ့ မျက်စိ ကန်းစေနိုင် လောက် တဲ့ အလင်းတန်းတွေ ဘယ်လိုကြောင့် ထုတ်လွှတ်နိုင်လဲ ဆိုတာနဲ့ ကြယ် ရာပေါင်းများစွာ ဖြစ်နေရတာကတော့ ရှင်းလင်း သွားပြီပဲ ဖြစ်ပါတယ်။ ကြယ်တွေ အများကြီး စုထားတဲ့ အတွက် သူဟာ ပတ်ဝန်းကျင်မှာ ၇ှိသမျှ အရာအားလုံး နဲ့ ချိတ်ဆက်နိုင်နေပြီးတော့ ကောင်းကင်ရောင်ပြန် ထိပ်သီးကျွမ်းကျင် အဆင့်ထက်ကို အင်အားပိုကြီးနေတာပဲ ဖြစ်တယ်။ ကြယ်များလေ စွမ်းအားတိုးလေ။ )

အပိုင်း ( ၁၈၈)

“ တောင်တန်း မြစ်ချောင်း ဆက်နွယ်မှု ”

သွမ့် ပြည်ထောင် အရှင်နဲ့ ဟန်ချန်ဖုန်းတို့လည်း ဒါကို မတွေးမိဘူး ဖြစ်တယ်။ မင်းသား ကိုးဟာလည်း တူညီစွာပဲ စိတ်ရှုပ်နေခဲ့တယ်။

ဖန်ကျန်းရှီတောင်မှ ဘာတွေ ဖြစ်နေလဲ မသိ ဘူး ဖြစ်တယ်။

ဘယ်သူမှ မှ ဒီလို အတွေ့အကြုံမျိုးမရှိခဲ့ ဘူး။ ဒီလို မျိုး အကြောင်းရာကိုလည်း သမိုင်းထဲမှာ မှတ်တမ်းတင်ထားတာ မရှိ ဘူး ဖြစ်တယ်။

ဒါပေမယ့်လည်း သူ့မှာ အကြံ ဉာဏ် တစ်ချို့တော့်ရှိနေတယ်။

ပညာရှိ သုခမိန် လောကထဲမှာ ဖန်ကျန်းရှီဟာ စုတုန်းလင်ရဲ့ သက်တောင့် သက်သာ မဖြစ်လှတဲ့ အမူ အယာကိုတွေ့လိုက်ရတာကြောင့် သူဟာ စုတုန်းလင်ထက် အင်အားကြီးတာကို သတိပြုမိသွားတာ ဖြစ်တဲ့ အချက်။

ဒါက အတော်လေးကို ကျေနပ်ဖွယ် ကောင်းလှတဲ့ အံ့သြစရာတစ်ခုပဲ ဖြစ်တယ်။

ပိုပြီးတော့ အံ့သြဖွယ်ကောင်းတာကတော့ သူ့မှာ အင်အားတွေ အသစ်အသစ် ဖြစ်စွာ ပြန်လည် တိုးနေတာပဲ ဖြစ်တယ်။

ဒီလိုမျိုး သူ့ရဲ့ အမူအယာက ပိုပြီးတော့ ပျော်ရွှင်လာလေ။ နည်းနည်းချင်းစီ ။ စုတုန်းလင် အပေါ်ကို ဖိထားတဲ့ ဖိအားက များလာလေ ဖြစ်တယ်။

စုတုန်းလင် ကတော့ ချွေးထွက်စ ပြုနေပြီ။

ဒါက ပြင်းထန်လွန်းတဲ့ လျှပ်စီး စက်ကွင်းကြီး တစ်ခုနဲ့ ထိပ်တိုက်တွေ့နေရတာ ဖြစ်တယ်။ သူ ဒီလိုမျိုး အဆင့် ကျမသွားချင် ဘူး။

ဒါကို လက်မခံ နိုင် ဘူးလည်း ဖြစ်တယ်။

ကောင်းကင် ရောင်ပြန် ထိပ်သီး အဆင့်မှာ ရောက်နေသူ တစ်ယောက် အနေနဲ့ တိုက်ပွဲ လေး တစ်ခုမှာ မရှုံးနိုင် ဘူး။

အထူးသဖြင့် လွန်ခဲ့တဲ့ ၂ လ ကမှ အဆင့်တက်လာတဲ့သူ တစ်ယောက်ရဲ့ ဖိအားအောက်မှာ ရောက်နေရတာ။

တကယ့်ကို နာကျင်ဖွယ် ကောင်းလှတယ်။

ကြည့်ရှုနေကြတဲ့ စာဖြေသူတွေလည်း ရူးတော့်မလို ဖြစ်နေ်ကြတယ်။ သူတို့ ခုနကတင် တွေးနေခဲ့တာက စုတုန်းလင်နဲ့ ဖန်ကျန်းရှီ လက်ရည်ညီနေတယ်လို့ ဖြစ်တယ်။

ဒါပေမယ့်လည်း အခု ချိန်မှာတော့ စုတုန်းလင်ဟာ ဖန်ကျန်းရှီရဲ့ စွမ်းအားတွေကြောင့် ချွေးဒီးဒီး ကျနေခဲ့တယ်။ သူ့ရဲ့ ချွေးတွေဟာ တကိုယ်လုံးကို ရေလောင်း ထားသည့်နှယ် စိုရွှဲနေတာပဲ ဖြစ်တယ်။

“ ဖန် ဖန်ကျန်းရှီက စုတုန်းလင်ကို နိုင်တော့မယ်။ ”

“ဒါက ဘယ်လို ဖြစ်နိုင်မှာလဲ။ ဒီကောင် အဆင့်တက်သွားတာ မကြာသေးဘူး။”

“အခြေတည် နဲ့ ထိပ်သီး အဆင့်ရဲ့ အင်အားတွေ ညီနေတယ် ဆိုတည်း က မဖြစ်နိုင်တာပဲ။”

ပတ်ဝန်းကျင်က စာဖြေသူတွေဟာတော့ ဖန်ကျန်းရှီကို ကြောက်ရွံ့ ထိတ်လန့်မှု အပြည့်နဲ့ ကြည့်နေခဲ့ကြတယ်။

သူက တကယ့်ကို နတ်ဆိုးပဲ။

ဝမ်ချွမ်ဖုန်းဟာ ဖန်ကျန်းရှီကို ရဲ့ စွမ်း အင် စွမ်းကို မြင်ပြီးတော့ ကူညီဖို့ လုံး၀ မေ့လျော့ သွားခဲ့တယ်။

ပင်းယန် ဟာလည်း လှုပ်ရှားမှုကို ရပ်တန့်လိုက်တော့တယ်။

သူမ အမြဲတွေး ခဲ့တာက ဒီ တိုက်ပွဲကို နိုင်ဖို့ အတွက် သူမ က အရေးအကြီး ဆုံး ဖြစ်တယ်လို့ ။

နောက်ဆုံး မီးလျှံပန်းနီ သံချပ်ကာနဲ့ ချီလင်လှံ မပါပဲနဲ့တောာင် ဒါက ဖြစ်နိုင်တဲ့ အမှန်တရားလို့ ခံယူထားခဲ့တာ ဖြစ်တယ်။

ဒါပေမယ့်လည်း ဒီလို ရလဒ်မျိုးကိုတော့ သူမ မမျှော်လင့် ခဲ့ဘူး။

ဒီလိုမျိုး အချိန်မှာ သူမ လက်စားချေဖို့ ဆုံးဖြတ်ထားပေမယ့်လည်း အခုချိန်မှာတော့ အံကိုသာ ကြိတ်ထားမိတယ်။

ကြည့်ရတာ တော့ လက်စားချေမှု က အတော်လေးကို ခက်ခဲ မယ့် ပုံပဲ။

ရန်ရွှယ်ကတော့ ဖန်ကျန်းရှီရဲ့ စွမ်းရည်တွေကို အမြဲတမ်း ယုံကြည်သူ ဖြစ်တယ်။ ဖန်ကျန်းရှီက သူ့ကို ကောင်းကင်ရောင်ပြန် အဆင့် အတွေးအခေါ်တွေ အကြောင်းသင်ကြားပေးချိန်တည်း က အမှောင်ထု ကြားကနေ အလင်းတန်းကို သူ ရှာတွေ့ခဲ့တယ်။

သူ့ အသက် ၁၆ နှစ်မှာ ကြယ်တာရာ စုဝေးမှု ရင့်ကျက် အဆင့်ကို ရောက်ခဲ့တယ်။ သူ့ရဲ့ အရည်အချင်းကို မေးခွန်းထုတ်ဖွယ် မရှိဘူး။

ဖန်ကျန်းရှီရဲ့ ညွှန်ပြမှု ဟာ ရာစုနှစ် တစ်စုစာ ဉာဏ်ပညာတွေနဲ့ တူညီတယ်။ ဒါကြောင့် သူ ကြိုးကြိုးစားစားလေ့ကျင့်ခဲ့တယ်။ ၂ လ အချိန် တွင်းမှာ ကြိုးစား သည် ထက် ကြိုးစားရင်းနောက်ဆုံးမှာတော့ လွန်ခဲ့တဲ့ တစ်ရက်ကပဲ အဆင့် တက်မှု အောင်မြင်သွားခဲ့တယ်။

သူ ဒါကို ဖန်ကျန်းရှီကို ပြောခဲ့ပြီး ြဖ်စတယ်။

သူ တွေးခဲ့တာကတောာ့ ဒီ တစ်ခါမှာ ဖန်ကျန်းရှီနဲ့ အဆင့် ပြန်ညီပြီး အတူတူ ကျင့်ကြံ နိုင်ပြီ လို့ ဖြစ်တယ်။ ဒါပေမယ့်လည်း အခု ချိန်မှာတော့ ကြည့်ရတာ ဖန်ကျန်းရှီကို ဖမ်း လို့ မိနိုင်မယ့် အဆင့်မှာ မရောက်နိုင် သေးဘူး ထင်ပါတယ်။

စုတုန်းလင်ကိုတောင် ဖိအားပေးနိုင်နေပြီ ဆိုတော့ ဖန်ကျန်းရှီက ကောင်းကင် ရောင် ပြန် ထိပ်သီး အဆင့်မှာ ရောက်နေပြီလား ဒါမှ မဟုတ်။ ပြသဒ် အဆင့်ကိုပဲ ရောက်သွားပြီလား။

လူတွေ လက်မခံနိုင်လောက်တဲ့ မေးခွန်းတွေဟာ ခေါင်းထဲမှာ တသီတတန်းကြီးပေါ်လာတော့တယ်။

ဒါပေမယ့်လည်း ရန်ရွှယ်ကတော့ ဒါကို လက်ခံရတာ မခက်ခဲ ပါဘူး။ ဒီလို သာ တကယ် ဖြစ်ခဲ့မယ် ဆိုရင်တော့ အနည်းငယ် ကြောက်လန့်သွားမှာ တစ်ခုပဲ ရှိတယ်။

လူတိုင်းကတော့ ဖန်ကျန်းရှီကို မယုံနိုင်စွာ ကြည့်နေခဲ့ကြတယ်။

ဖန်ကျန်းရှီကိုယ်တိုင်လည်း မယုံနိုင် ဘူး ဖြစ်တယ်။ ဘာကြောင့် စုတုန်းလင် ကဒီလောက်တောင် အားနည်းနေတာလဲ ။ ကောင်းကင်ရောင်ပြန် ထိပ်သီး အဆင့်ရဲ့ အစွမ်းတွေ ဘယ်ရောက်ကုန်ပြီလဲ။

ငါ့ကို ပြစမ်းပါ။

လက်သည်း ဖွက် ချင်နေတာလား။

ဒါဆိုကောင်းပြီလေ။ မင်း ၄ ယောက် ၁ ယောက် တိုက်ပွဲမှာတောင် အစွမ်းမပြချင်ရင် ငါ မင်းကို သတ်မယ်။

ဖန်ကျန်းရှီ ဟာတော့ သူ့ရဲ့ ဓားကို ဆွဲထုတ်လိုက်တယ်။ ဒါဟာတော့ ကျောက်စိမ်းြဖြူဓားတစ်လက် ဖြစ်တယ်။ ပင်းယန်ရဲ့ ချီလင်လှံလောက်တော့ အင်အားမကြီးပေမယ့်လည်း အတော်လေး ကောင်းတဲ့ဓားတစ်လက် ြဖ်စတယ်။

“တောင်တန်းနှင့် မြစ်ချောင်း များ။” ဖန်ကျန်းရှီက ခပ်တိုးတိုးလေး ပြောလိုက်တယ်။

အဲ့ဒီ့နောက် ကျောက်စိမ်းဖြူဓားဟာ မိုးကြိုးပြစ်သလို မည်ဟီးတဲ့ အသံနဲ့ အတူ တစ်လက်လက် တောက်ပ လှတဲ့ အရောင်တွေ ဖြာထွက်လာခဲ့တယ်။ အဲ့ဒီ့နောက် တောာင်တန်း သဖွယ် အင်အားတွေဟာ မြေကြီးကို လှုပ်ခတ်ပြီၤးတော့ ဓားထိပ်ဖြားမှာတော့ ငွေရောင် အလင်းတန်းတွေ ဟာ ဖြာကျနေခဲ့တယ်။

စုတုန်းလင် ကတော့ မယုံနိုင်စွာ ရေရွတ်မိတော့တယ်။ တောင်တန်းဟာ သူ့ကို ဖိနှိပ်ထားပြီးတော့ ဓားအရိပ် ဟာ ရေတံခွန် တစ်ခု သဖွယ် ဖြစ်နေတယ်။

ရေစီးကျတဲ့ လမ်းကြောင်း တစ်လျှောက်မှာ ကျောက်တုံးတွေဟာ ဆက်တိုက် ပေါ်လာခဲ့တယ်။ သတ္တုကျောက်တုံးတွေ။

ဒါဟာ ကောင်းကင် ရတနာ ခန်းမထဲမှာ ဖန်ကျန်း၇ှီ သင်ယူခဲ့တဲ့ ဓားပညာပဲ ဖြစ်တယ်။

ဒီ ဓား ပညာမှာ နာမည် မရှိ ဘူး။ ဒါကြောင့် သူကိုယ်တိုင် နာမည် ပေးလိုက်တယ်။

သက်တံံ့ဖြူ အလင်း ၊

စုတုန်းလင်ဟာတော့ တောင်တန်းကြီးရဲ့ ဖိအားကို ခံစားနေရပြီးတော့ မခုန် ရှောင်နိုင် ဘူး။ ခေါင်းကွဲ မတတ် ဖိအားကိုသာ ကြံ့ကြံ့ ခံနေရတယ်။

ဓားအရိပ် ပညာ ဟာလည်း ဒီ်အချိန်မှာ သူ့ကို မကယ်နိုင် ဘူး ဖြစ်တယ်။

ဓားအရိပ် ဟာ လေထဲမှာ ဝေ့၀ဲ ပျံသန်းရင်း ဓားဖြူကို တိုက်ခိုက်ဖို့ ကြိုးစားနေတယ်။

မယုံနိုင်လောက်အောင် ထက်ရှတဲ့ ဓား နှစ်လက် ဟာ ပြိုင်ဆိုင် တိုက်ခိုက်နေခဲ့ကြတယ်။

ဓားဖြူဟာ အပေ ါ်မှာဖြစ်ပြီးတော့ ဓား အရိပ်ဟာတော့ အောက်မှာ ဖြစ်တယ်။

“ ဘုန်း။”

လျှပ်စီးကြောင်း ၤနှစ်ခု ၊ ဓားနှစ်လက်တို့ ကြာ်းက ထိခိုက်မှု ဟာ ပြင်းထန်လွန်းလှပြီး ပတ်ဝန်းကျင် က လူတွေကိုလွှင့် စင်စေတယ်။

မုန်တိုင်း ပြီးနောက်ငြိမ်သက်မှု ။

လုံးဝကို တိတ်ဆိတ်သွားတော့တယ်။

စုတုန်းလင် ဟာ သူ့ရဲ့ ကိုယ်ပိုင် ဓားကို ထိတ်လန့်စွာနဲ့ ကြည့်နေမိတယ်။ ဓားမှာ အပေါက်ကြီး တစ်ပေါက် ဖြစ်ပေါ်နေတယ်။ ရှင်းသန့်နေတဲ့ ဒီ အရာဟာ ဓားမှာ မူလတည်းက ရှိနေဟန်လိုပါပဲ။

အခြား ဓားတစ်လက် ထွင်းဖောက်မှုကို ခံလိုက်ရတာလား။စုတုန်းလင်ကတော့ ဖန်ကျန်းရှီကို မယုံကြည်နိုင်စွာနဲ့ ကြည့်နေခဲ့တယ်။

ဖန်ကျန်းရှီနဲ့ သူက ကျင့်ကြံ ဆင့် တစ်ခု တည်းမှာပဲ တူညီစွာ ရှိနေတာ ဖြစ်တယ်။

ဒါပေမယ့်လည်း ။

ဘာကြောင့် သူ့မိသားစုရဲ့ ထိပ်တန်းဓားပညာက ဖန်ကျန်းရှီရဲ့ တောင်တန်းနှင့် မြစ်ချောင်းများကို ရှုံးရတာလဲ။

ဒီ ပညာမျိုးကို တစ်ခါမှ မကြားဖူးဘူး။

ဖန်ကျန်းရှီကတော့ စုတုန်းလင်ကို တချက်တောင် လှည့်မကြည့်ပါဘူး။ သူ့ရဲ့ ဓားကိုသာ ကြည့်နေခဲ့တယ်။

ကျောက်စိမ်း ဖြူ ဓားဟာ အလင်းတန်းတွေ တလက်လက် တောက်ပနေခဲ့တယ်။ ဒါပေမယ့်လည်း ဓားနှစ်လက် ပွတ်တိုက် သွားချိန်တုန်းက သူ့ရဲ့ အင်အားတွေကို အပြည့်အ၀ မသုံးနိုင် သေးတာကို ခံစား လိုက်ရတယ်။

ဒါက အကယ်၍ သူ့ရဲ့ အင်အားတွေ အကုန်လုံးကိုသာ ဖွင့် ထုတ်ပလိုက်ရင် ဓားကျိုးသွားနိုင်တဲ့ အာရုံကို အလိုလို ရနေတာပဲ ဖြစ်တယ်။

တောင်တန်းနှင့် မြစ်ချောင်းမှာ ဓားပညာက တကယ့်ကို အံ့ဖွယ်ပဲ ။ တိုက်ပွဲတစ်ခုမှာ တိကျတဲ့ အင်အားကို အသုံးပြုနိုင်တဲ့ နည်းလမ်းပဲ ဒါပေမယ့်လည်း ကျောက်စိမ်း ဖြူ ဓားကတော့ ဒီ နည်းလမ်းလောက် အင်အား မပြည့် ဝဘူး။

သူတို့ နှစ်ဦး လုံးဟာ ဓားကိုယ်စီနဲ့ အလုပ်ရှုပ်နေကြတာ ဖြစ်တယ်။

ကြည့်ရှုနေတဲ့ စာဖြေသူတွေကတော့ မျက်စိမူးနေကြတယ်။ မျက်တောင် တစ်ခတ် အတွင်းမှာပဲ ဖန်ကျန်းရှီက အနိုင် ယူသွားခဲ့ပြီ။ ကောင်းကင် ရောင်ပြန် အဆင့်ရောက်တာ ၂ လပဲ ရှိသေးသူက ။

စု မျိုးနွယ်ရဲ့ ထိပ်တန်း ဓားပညာကို လည်း တကယ်ပဲ ချိုးဖျက် နိုင်တဲ့ အပြင် အင်အားကြီးမားတဲ့ စက်ကွင်းတွေကိုလည်း ဖန်တီးနိုင်တယ်။

ဓားချင်း ယှဉ်တာမှာလဲ အပြတ်အသတ်ကို နိုင်သွားပြီ။

ငလူး ။ ဒါ ဘာလောက ကြီးလဲ။

ရန်ရွှယ်လည်း မျက်စိလည်နေခဲ့တယ်။် ဒါပေမယ့်လည်း ဖန်ကျန်းရှီ သုံးတဲ့ ဓားပညာကိုတော့ သူ သိတယ်။ ဖြစ်တယ်။ ဒီ နည်းလမ်းက

ရေခဲနံရံက

ကောင်းကင် ရတနာ ခန်းမထဲမှာ ရှိတဲ့ ရေခဲ နံရံ ။

ဖန်ကျန်းရှီ တကယ်ပဲ ဓားပညာကို နားလည် သွားတာလား။ တောင်နဲ့ မြစ် … ရန်ရွှယ်ရဲ့ စိတ်ထဲမှာ ရှာဖွေနေခဲ့တယ်။ သူ ဒါကို အနည်းအကျဉ်းတော့ သဘော ပေါက်စ ပြုလာတယ်။

သူ့ရဲ့ မှတ်ဉာဏ်တွေကတော့ အတော်လေးကို ဝိုးတဝါး ဖြစ်နေခဲ့တယ်။

ဖန်ကျန်းရှီ ဒီလို လက်တွေ့ ဘဝမှာ အသုံးပြုလိုက်ချိန်မှာမှ သူ့ရဲ့ မှတ်ဉာဏ်တွေက ထင်ရှားလာတာ ဖြစ်တယ်။ ဒါက သူ့ကို ပိုပြီးတော့ နက်နက်နဲနဲ နားလည် စေတယ်။

ဝမ်ချွမ်ဖုန်းကတော့ ပြိုလဲ လုလု အခြေ အနေမှာ ရှိနေတယ်။

ဒီ သုခမိန် လောကထဲကို ဝင်လာ စအချိန်တုန်းကတော့ ဖန်ကျန်းရှီကို အနိုင်တိုက်ပြီး ထိပ်ဆုံးနေရာမှာ ရပ်တည်ဖို့တွေးတောနေခဲ့တာ ဖြစ်တယ်။

ဒါပေမယ့်လည်း အခု ချိန်မှာတော့ ။

ဒါက ကိုယ့်သေတွင်း ကိုယ်တူး သလို ဖြစ်နေဟန်ပါပဲ။

ပင်းယန်ရဲ့ မျက်လုံးတွေကတော့ တောက်ပနေခဲ့တယ်။ ဖန်ကျန်းရှီ ဘယ်လိုတိုက်ခိုက်ရေးနည်းလမ်းကို သုံးသွားသည်ဖြစ်စေ သူမ အတွက်တော့ ကိစ္စ မရှိဘူး။

ဒါပေမယ့်လည်း အခုချိန်မှာတော့ ဖန်ကျန်းရှီက သူ့ကို စိုက်ကြည့်နေတာကို သတိထားမိလိုက်တယ်။

သူ့ကို ကြည့်ရတာဟာ မီးအိမ် တစ်လုံးကို ကြည့်နေဟန်ပါပဲ။

ခုနကတုန်းက ဘာဖြစ်သွားခဲ့လဲ ဆိုတာကို သူမ ပြန်တွေးမိသွားခဲ့တယ်။ ဒီ အချိန်မှာပဲ အသံ တစ်သံ ဟာ ထွက်လာတော့တယ်။

“ ဟိုင်း။ မင်း ရဲ့ ရဲရဲ တောက် ချီလင်လှံကို ပျော်စရာ လုပ်ဖို့ ခန ငှားလို့ ရမလား။”

အပိုင်း ( ၁၈၈ )ပြီး ၏။

အပိုင်း ( ၁၈၉)

“ နောက်ထပ် ဖမ်းယူခြင်း ”

ပင်းယန် ကတော့ ဖန်ကျန်းရှီရဲ့ အသံကို ရုတ်တရက် ကြားလိုက်ရချိန်မှာတော့ သူမရဲ့ အတွေးနွံထဲကနေ ပြန်လည် ရုန်းထွက် လာနိုင်တော့တယ်။

ရဲရဲ တောက် ချီလင်လှံကို ငှားမယ်။

ပျော်စရာလုပ်ဖို့ တဲ့လား။

ဒီကောင် ဘာပြောချင်နေတာလဲ။

ဒါက တိုက်ခိုက်ရေး စာမေးပွဲလေ ဘယ်သူက သူ့လက်နက်ကို တခြားသူ ဆီ ငှားပေးမှာလဲ။ သူတို့က နဂိုတည်းက တည့်တဲ့သူတွေမှ မဟုတ်တာ။ ခုနကလိုမျိုး

တစ်ဖက်တည်းမှာ အမြဲ ရှိနေနိုင်မှာ မဟုတ် ဘူး။

ဒီလိုမျိုး မေးတာက ဘယ်လောက်တောင် အရှက်မရှိ လိုက်တာလဲ။

နောြက်ပီးတော့ ချီလင်လှံက ကြီးမြတ်သော ရှမင်းဆက်ရဲ့ ရတနာ ဆယ်ပါးထဲက တစ်ခုလေ။

အနည်းဆုံးတော့ ငှားချင်ရင် လေးလေးစားစား ပြောပြီးတော့ ငှားသင့်တယ်။ ဒါ့ အပြင် ချီလင်လံှကိုလည်း ကောင်းကောင်း ပြန်ပေးမယ်လို့ ပြောသင့်တယ်။

နောက်ပြီးတော့ ပျော်စရာ အတွက် ဆိုတာကကော ဘာလဲ။

ဥပမာ အနေနဲ့ ပြောရမယ် ဆို၇င်တော့ ဖန်ကျန်းရှီ အပေါ်မှာ ဖြစ်ပေါ်လာခဲ့တဲ့ သူမရဲ့ လေးစားမှုတွေကတော့ လေထဲ လွှင့်ပါ သွားပြီ ဖြစ်တယ်။

ပင်းယန်ရဲ့ စိတ်ထဲမှာတော့ ဒေါသတွေ ပေါက်ကွဲ လာတော့တယ်။ ဒီ ချီလင်လှံကို ရဖို့ အတွက် သူမ အကြိမ်ကြိမ် တောင်းဆို ထားခဲ့ရတာ ပဲ ဖြစ်တယ်။ အခုတော့ ဒါကို လမ်းဘေးက တွေ့ကရာ ပစ္စည်းလိုမျိုး လာတောင်း နေတယ်။

“ မငှားဘူး ။” ပင်းယန် က ချက်ခြင်း ငြင်းလိုက်တယ်။

“ ကောင်းပြီလေ။ ငါ နားလည်ပြီ။ ” ဖန်ကျန်းရှီကတော့ စိတ်ထဲ ရှိဟန် မတူသလို စိတ်ပျက်သွားဟန်လည်း အလျဉ်းမရှိပါဘူး။

ပင်းယန်ကတော့ ဖန်ကျန်းရှီ ကို စိုက်ကြည့်နေခဲ့တယ်။ ငါ သူ့ကို ငြင်းလိုက်တာလေ။ ငါထင်သလိုမျိုး တစ်ချက်လေးတောင် မမေးပါလား။

အကယ်၍ ကောင်းကောင်းပြောမယ် ဆိုရင်တော့ ၇ပါတယ်။

နောက်ပြီးတော့ ဖန်ကျန်းရှီက သူမရဲ့ ချီလင်လှံကိုတော့ ခိုးရဲမှာ မဟုတ်ဘူးလေ။

ဒါက သူမရဲ့ အထူး အခွင့်အရေးပဲ။

သူမ တွေးလိုက်တဲ့ အချိန်မှာပဲ ဖန်ကျန်းရှီက နောက်ထပ် မေးလိုက်တယ်။ “ ချီလင်လှံကို မငှားနိုင် ဘူး ဆိုရင် လည်း မင်း မှာ တခြား ရတနာ ရှိနေလား ။ ဓားကောင်းကောင်း တစ်လက်လောက်တော့ ငှားနိုင်လောက်ပါတယ်။ မင်းက မင်းသမီး တစ်ပါးပဲလေ။ မင်းမှာ တစ်ခုခု ရှိမှာ သေချာတယ်။”

“မင်းမှာ တစ်ခုခုရှိမှာ သေချာတယ်။”

ဖန်ကျန်းရှီရဲ့အသံ ဟာ သုခမိန် လောကထဲမှာ ပဲ့တင့် ထပ်နေခဲ့တယ်။

စာဖြေသူတွေ အားလုံးဟာတော့ ဒါကို ကြားချိန်မှာ မျက်စိလည်သွားတော့တယ်။ ဖန်ကျန်းရှီ ဒီလောက် မျက်နှာပြောင် တိုက်ပြီးတော့ အရှက်မဲ့တာကို မယုံနိုင် ဘူးဖြစ်နေကြတယ်။

“ ပျော်စရာ….။ နင်ပျော်ရအောင်ကို သေချာ လုပ်ပေးမယ်။” ပင်းယန် ဟာတော့ အချိန်မဆိုင်းတော့ ပါဘူး။

သူမရဲ့ ချီလင်လှံကနေ ဟိန်းသံ ကြီး ထွက်လာတော့တယ်။ သူမဟာ စုတုန်းလင် ဆီကို ပြေးဝင်သွားတာမဟုတ်ပါ ဘူး။ ဖန်ကျန်းရှီ ဆီကို ဦးတည်ပြီးတော့သာ လှံနဲ့ ထိုးချလိုက်တာ ဖြစ်တယ်။

ရွှေရောင် အလင်းတန်းတွေ ဟာ မယုံနိုင်စရာ ကောင်းလောက်အောင် တောက်ပနေခဲ့တယ်။

ဖန်ကျန်းရှီကတော့ ခုန်ရှောင် လိုက်တယ်။ ဒါကို တွေးထားခဲ့ပြီးသားလည်း ဖြစ်တယ်။ ချီလင် လှံကို ဘာနဲ့ မှ မလဲ နိုင်မှန်း ကောင်းကောင်းသိတာ ဖြစ်တယ်။

ဘာလို့ ချက်ချင်းကို တိုက်ခိုက်တာလဲ။

ချီလင်လှံကို သူ ထိပ်တိုက် မကြုံဖူး ပေမယ့်လည်း သူက အကန်းမှ မဟုတ်တာ။ ဒီလှံကိုလည်း မနိုင် နိုင်လောက် ဘူး။

ဒါကြောင့် ဖန်ကျန်းရှီဟာ ပြေးတော့တယ်။

ပင်းယန်ကတော့ သူ့နောက်ကနေ လိုက်ရင်း လှံနဲ့ လိုက် ရမ်း နေခဲ့တယ်။ ( zilong female ver.)

ဒါပေ့ါ။ ဖန်ကျန်းရှီက ဝေးဝေး မပြေးပါ ဘူး။ စုတုန်းလင်ကို မလွတ်နိုင်အောင် သတိထားရင်း လှည့်ပတ်ပြေးလွှားနေခဲ့တယ်။

စုတုန်းလင်ကို အလယ်မှာ ထား၇င်း စက်ဝိုင်းလို လှည့်ပတ်နေခဲ့တယ်။

ပင်းယန်ဟာ ဒေါသနဲ့ ဖန်ကျန်း၇ှီကို အသေ လိုက်သတ်နေတာပဲ ဖြစ်တယ်။ ဒါပေမယ့်လည်း သူတို့ရဲ့ ကျင့်ကြံ ဆင့် ကွာခြား မှုကြောင့် သူမဟာ ပိုနှေးနေတာပဲ ဖြစ်တယ်။

မြင်ကွင်း တစ်ခုလုံးဟာ ထူးဆန်းနေခဲ့တယ်။

တစ်ဦးဟာတော့ လှံ တစ်ယောက်နဲ့ လိုက်နေပြီး တစ်ဦးဟာတော့ ပတ်ပြေးနေခဲ့တယ်။

စာဖြေသူတွေ အားလုံးဟာတော့ ဒါကို ဘယ်လို တွေးရမလဲ မသိဘူး ဖြစ်နေတယ်။

“ ဘာတွေ ဖြစ်နေတာလဲ။”

ဘာတွေ ဖြစ်နေလဲ ဆိုတာ ကြိုးစားတွေးနေချိန်မှာပဲ ။ အလယ်က စုတုန်းလင် ဟာတော့ ဒေါသ ပေါက်ကွဲ လာတော့တယ်။

“ ဖန်ကျန်းရှီ” စုတုန်းလင်က အော်ဟစ်လိုက်တော့တယ်။

ဒီ အချိန်မှာတောင် သူများ လက်နက်ကို အပျော် ဆော့ဖို့ ငှားချင်နေသေးတယ်။ နောက်ပြီးတော့ အဲ့ဒီ့ လက်နက်နဲ့ ငါ့်ရှေ့မှာ ပြေးတမ်းလိုက်တမ်း လာဆော့ နေတယ်။

ဒါက ဘာ အဓီပ္မာယ်လဲ။

ငါ့ကို အရေး မစိုက်တာလား။

စုတုန်းလင်ဟာတော့ ဖန်ကျန်းရှိရဲ့အကြိမ်ကြိမ် လျစ်လျူရှုခြင်းကို ခံ၇ပြီးနောက်မှာတော့ အလယ်မှာ ရပ်နေရင်းနဲ့ သူ့ရဲ့ ဒေါသတွေ အမုန်းတရားတွေဟာ ပိုပြီးတော့ များပြားလာခဲ့တယ်။

“ သေပေရော့ ဖန်ကျန်းရှီ။” စုတုန်းလင် ဟာ သူ့ဓားကို ထုတ်ရင်း ဖန်ကျန်းရှီကိုချိန်ရွယ်လိုက်တယ်။

ထူးဆန်းတဲ့ အနက်ရောင် အရိပ်ဟာတော့ အဆုံးမဲ့ တွင်းနက်ကြီး တစ်ခု ထက်တောင် နက်ရှိုင်းလာတော့တယ်။

ပြေးလွှားနေတဲ့ ဖန်ကျန်းရှီကတော့ သူ့နားမှာ ဓား အရိပ်တွေ ပြေးလွှားနေတာကို မြင်ချိန်မှာတော့ ပြောလိုကတယ်။

“ နောက်ဆုံးတော့ မင်း ဒေါသ ထွက်လာပြီ။”

တွေဝေခြင်း အလျဉ်းမရှိတော့ပဲနဲ့ သူဟာ လျှပ်စီးလှိုင်းတွေကို သူ့အနားမှာကွေ့ဝိုက် ပြီး ပေါက်ကွဲ စေလိုက်တယ်။ ခ၇မ်းရောင် လျှပ်စီးတွေဟာ ပင်းယန်ကို ဖြတ်သွားခဲ့တယ်။

ဒါပေမယ့်လည်း သူမဟာ မီးလျှံ ပန်းနီ သံချပ်ကာကို ဝတ်ထားတာတောင်မှ ကြောက်လန့်တကြားနဲ့ ချီလင်လှံကိုသုံးပြီး ကာလိုက်တော့တယ်။

ဖန်ကျန်းရှီ ဟာ တော့ ဒီ အခွင့် အရေးကို သုံးပြီးတော့ လေထဲမှာ ခုန်လွှားလိုက်တယ်။ သူ့ရဲ့ ကျောက်စိမ်းဖြူ ဓားဟာတော့ လေထဲမှာ တလက်လက်တောက်ပနေတော့တယ်။ အဖြူရောင် အလင်းတန်းတွေ ဟာ နဂါးငွေ့တန်းသဖါယ် လင်းလက်နေခဲ့တယ်။

တစ်ချိန်တည်းမှာပဲ ရန်ရွှယ် ဟာလည်း တိုက်ခိုက်ခဲ့တယ်။ သူ့လက်ထဲက ယပ်တောင်ဟာတော့ သစ်ပင် စိတ်အာရုံနယ်မြေ ကို ချိတ်ဆက်လိုက်တယ်။

ဒါဟာ လုံးဝကို ပန်းချီကား အသစ် တစ်ခုနှယ် ပြောင်းလဲ သွားခဲ့တယ်။

ကြီးမားတဲ့ လှိုင်းလုံးကြီးတွေဟာ စုတုန်းလင် ဆီကို တိုက်ရိုက်ဝင်သွားခဲ့တယ်။ သစ်ပင်ပန်းမာန်တွေ ဟာ ဝမ်းနည်းမှုတွေ ပြည့်နှက်နေခဲ့တဲ့ အင်အားလှိုင်း တွေဟာ သစ်ကိုင်းတွေကနေ စီးဆင်းသွားတော့တယ်။

ဒါကို မြင်ပြီးတဲ့ နောက်မှာတော့ သူ ဟာ နောက်ဆုံးမှာ အမူအယာပြတော့တယ်။ တိုက်ပွဲ များစွာ အတွေ့ အကြုံအရ စုတုန်းလင် ဖန်ကျန်းရှီကို တိုက်ခိုက် ချိန်မှာ အရာ အများစုကို သူ သဘောပေါက်သွားခဲ့တယ်။

အစကနေ ပြီးတော့ စုတုန်းလင် မှာ နောက်ဆုတ်စရာ လမ်း မရှိ ခဲ့ဘူး။

အခွင့် အရေးကောင်းလည်း မ၇ ခဲ့ဘူး ဖြစ်တယ်။

ဓားသွားနှစ်လက် ဟာ သူ့ရဲ့ဘယ်ညာမှာ ပေါ်လာခဲ့တယ်။

“ တိုက်ခိုက်ကြ။”

“Kaboom!”

ဖန်ကျန်းရှီနဲ့ စုတုန်းလင် တိုက်ခိုက်သလို ။ ရန်ရွှယ်နဲ့ ဝမ်ချွမ်ဖုန်းတို့ရဲ့ တိုက်ခိုက်မှုတွေဟာလည်း ထိခိုက်သွားတော့တယ်။

“ ချီးပဲ။”

စုတုန်းလင်ဟာတော့ ပါးစပ် အပြည့်သွေးတွေ အန်ချလိုက်တော့တယ်။ သူ့ရှေ့ကလူ လေး ယောက်ကို ငေးကြည့်ရင်း နဲ့ တိုက်ပွဲ ဒဏ်ကြောင့် ဖြူဖျော့ နေခဲ့တယ်။

သူ့လက်ထဲမှာတော့ ဓားကျိုး တစ်ချောင်း ရှိနေခဲ့တယ်။

ဒါပေမယ့်လည်း ဖန်ကျန်းရှီရဲ့ လက်ထဲက ဓားဟာတော့ တုန်ယင်နေမှုသာ ရှိခဲ့တယ်။

ဒီတိုက်ခိုက်မှုမှာ ဖန်ကျန်း၇ှီက ထိပ်တန်းကိ ုရောက်သွားခဲ့တယ် ဆိုတဲ့ အဓိပ္မာယ်ပဲ ဖြစ်တယ်။

ရန်ရွှယ်နဲ့ ဝန်ချွမ်ဖုန်းရဲ့ တိုက်ခိုက်မှု ပြီးတဲ့ နောက်မှာတော့ သူ ဟာ လုံးဝကို တောင့်မခံ နိုင်တော့ပဲ ဖြစ်သွားခဲ့တယ်။

“ငါ ရှုံးသွားပြီလား။” စုတုန်းလင်က မူးနောက်နေတော့တယ်။ ဒီလို အဖြစ်မျိုးကို ပထမ အချှီမှာ ကြုံရမယ်လို့ ဘယ်လိုမှ မထင်ထားခဲ့မိဘူး။ ဒါပေမယ့်လည်း အချက်အလက် အရတော့ သူ ရှုံးသွားပြီ။ အခုတော့ သူ ဟာ ဆိုးဝါးစွာ ဒဏ်ရာရနေပြီ ။

အခြားသော စာဖြေသူတွေဟာတော့ သွေ ချင်းချင်း နီနေတဲ့ စုတုန်းလင်ကို မြင်ချိန်မှာတော့ လုံးဝကို မယုံြက်ညနိုင် ဖြစ်နေခဲ့တယ်။

“ စုတုန်းလင် ရှုံးသွားပြီ။”

“ မမြန် လွန်းဘူးလား။”

“ ကြည့်ရတာတော့ ဖန်ကျန်းရှီကို ဒဏ်ရာတောင် ရစေလိုက်တဲ့ ပုံ မပေါ်ဘူး။”

စုတုန်းလင် ရှုံးသွားပြီ ဖြစ်တဲ့ အချက်ကို ဘယ် စာဖြေသူကမှ လက် မခံနိုင်ကြသော်ငြား။ အမှန် တရားကိုတော့ ပုန်းကွယ်လို့ မရ ဘူး ဖြစ်တယ်။

သုခမိန် လောက ထဲကို မဝင်ချင်မှာတော့ လူတိုင်းတွေ နေခဲ့ကြတာက ဖန်ကျန်းရှီ ဘယ်လို ရှုံးမလဲ ။ဒါမှမဟုတ်။ စုတုန်းလင် ရဲ့ စိန်ခေါ် မှုကို ဖန်ကျန်း ရှီ ဘယ်လို ရှောင်လွှဲ မလဲ ဆို တာပဲ ဖြစ်တယ်။

ဒါပေမယ့်လည်း အမှန်တရားကတော့

တော်ဝင် တိုက်ခိုက်ရေး စာမေးပွဲမှာ စုတုန်းလင် ရှုံးသွားခဲ့ပြီ။

ပထ မတန်း အဆင့် က ထိပ်သီး ကောင်းကင် ရောင်ပြန် အဆင့် ကျောင်းတော်သား တစ်ယောက်ကတော့ ပထမ အချီမှာပဲ စိန်ခေါ် လိုက်တယ်။

ဘယ်သူကမှ သူတို့ရဲ့ မျက်လုံးတွေကို မယုံနိုင် ဘူး ဖြစ်တယ်။

လူအုပ်အလယ်ထဲမှာတော့ မျက်လုံး တစ်စုံ ဟာ တစ်လက်လက် တောက်ပ နေခဲ့တယ်။

နန်ကုန်းမု ဟာတော့ စတင်ပြီး စကားပြောပြီ ဖြစ်တယ်။ “ ဖန်ကျန်းရှီ ။ မင်း ဘယ်လောက်ထိ ဆက်သွားနိုင်မလဲ ငါသိချင်တယ်။”

နန်ကုန်းမှု စကားပြောတာ တိုးလွန်းတဲ့ အတွက် ဘယ်သူ ကမှ မကြားပါ ဘူး။ သူ စကား မပြောလိုက်တဲ့ အတိုင်းပဲ ဖြစ်တယ်။

ဒါပေမယ့်လည်း ဒီ စကားရဲ့ အတိမ် အနက်ကို သိရင်တော့ ကြားရသူတိုင်း အံ့သြသွားမှာ ဖြစ်တယ်။

ဖန်ကျန်းရှီ ကတော့ စုတုန်းလင်ရဲ့ ဘေးမှာ ရှိနေပင်မယ့်လည်း အကုန်ကြားပါတယ်။ နန်ကုန်းမု ပြောတဲ့ ဘယ်လောက် အင်အားသုံးဖို့ လိုလဲ ဆိုတာ ဘယ်သူ သိမှာလဲ။

နန်ကုန်းမုနဲ့ သိပ်မဝေးတဲ့ နေရာမှာ ရှိနေတဲ့ ရှင်ချင်းစွေ့ဟာလည်း အနက်ရောင် အငွေ့ အသက်တွေကို ထုတ်လွှတ်ရင်းနေခဲ့တယ်။

“ စိတ်ဝင်စား စရာပဲ။ ဒီ တိုက်ခိုက်ရေး စာမေးပွဲ ကတော့ လုံးဝကို စိတ်ဝင်စား စရာပဲ။”

“သခင် ။ အခုက လှုပ်ရှားသင့်ပြီလား။” ရှင်ချင်းစွေ့ နောက်မှာ ၇ှိတဲ့ သက်လတ်ပိုင်း လူရွယ် ဟာ မေးလိုက်တယ်။ သူဟာ အတော်လေးကို သက်တောင့် သက်သာ မဖြစ်စွာ ဝတ်ဆင် ထားပြီးတော့ အားနည်း ဖျော့တော့တဲ့ အသွင် ပေါက်နေခဲ့တယ်။ ဒါပေမယ့်လည်း သူ့ရဲ့ လည်ပင်းမှာတော့ အမာရွတ်တွေ ရှိနေခဲ့တယ်။

ကြည့်ရတာတော့ လည်ပင်းကို ဓား ထက်ထက်နဲ့ လှီးဖြတ် ထားခံ ရပုံပါပဲ။ သေခြင်း တရားကို ဘယ်လို တောင် ရှောင်လွှဲ နိုင်ခဲ့လည်း ဆိုတာကိုတော့ ဘယ်သူမှ မသိ ခဲ့ပါ ဘူး။

“ အချိန်မကျသေးဘူး။ ငါ နောက်ထပ် တွေ့ ဖို့ လို သေးတယ်။” ရှင်ချင်းစွေ့က ခေါင်းကို ခါယမ်းလိုက်တယ်။

…

တော်ဝင် ကျောင်းတော် ထဲမှာတော့ သွမ့် ပြည်ထောင် အရှင်နဲ့ ဟန်ချန်ဖုန်း ဟာ အေးခဲ သွားတော့တယ်။ ဒီလိုမျိုး တိုက်ပွဲက ခပ်မြန်မြန်ပြီးသွားလိမ့်မယ်လို့ မထင် ခဲ့မိ ဘူး။

နောက်ပြီးတော့ စုတုန်းလင်က ဖန်ကျန်းရှီကို ဒဏ်ရာရအောင် တောင် မလုပ်နိုင် ဘူး။

“ ငါ ကြားတော့ စုတုန်းလင် ကအတော်လေး အင်အားကြီးပြီးတော့ အတွေ့ အကြုံနည်းတယ် ဆိုတာပဲ။ ဒီနေ့တော့ အသေအချာကို တွေ့လိုက်ရပြီ။” ဟန်ချန်ဖုန်းက သွေးအလိမ်းလိမ်း ဖြစ်နေတဲ့ စုတုန်းလင်ကို ကြည့်လိုက်ရင်း ခေါင်းခါ လိုက်တယ်။

“ စုတုန်းလင်က တကယ့် တိုက်ပွဲကို မတိုက်ခိုက် ဖူးဘူး။ ဒါကြောင့် ခေါင်းအေးအေး ထားပြီး ဆုံးဖြတ်တာကိုလည်း သူ နားမလည် ဘူး” သွမ့် ပြည်ထောင် အရှင်က ခေါင်းငြိမ့်လိုက်တယ်။ အဲ့ဒီ့နောက် မင်းသားကိုးကို ကြည့်လိုက်တယ်။

“ မင်းသားကိုး ။ စုတုန်းလင် ပထမ အချီမှာ ထွက်သွားတာကို ဘယ်လို ထင်လဲ။”

မင်းသား ကိုး ကတော့ မျက်စိ လည် သွားခဲ့တယ်။ သွမ့်ပြည်ထောင် အရှင်ရဲ့ မေးခွန်းကို ကြားချိန်မှာတော့ သက်ပြင်းချလိုက်တော့တယ်။

“ ဒါ အကြောင်းလား။”

“ ထားလိုက်တော့ ဒီ နှစ်တွေမှာ မင်းက မြင်းပြိုင်ပွဲမှာပဲ အာရုံစိုက်နေတာ ။ ဒါကို မင်း စိတ်ဝင်စားရင်တောင် မှ အံ့သြနေရမှာ။ အကယ်၍ မင်းသာ အမြဲ အား နေရင်တော့ ငါနဲ့ အတူ စစ်ရေး လေ့ကျင့် တဲ့ နေရာကို လိုက်ပြီးတော့ အတွေက အကြုံယူလေ။”

“ အကိုတော်ကို ကျေးဇူးတင်ပါတယ်။ ဒါပေမယ့်လည်း အကိုတော်က အခုပဲ တိုက်ပွဲ အတွေ့ အကြုံ အကြောင်း ပြောလိုက်တယ်နော်။ ဖန်ကျန်းရှီကတော့ အရင် ကတိုက်ပွဲတိုက်ဖူးလို့လား။

“သူလား။ သူ့လို တောသားမှာ ဘယ်လိုလုပ် တိုက်ပွဲ အတွေ့ အကြုံ ရှိမှာလည်း ။ သူ့မှာ အမဲလိုက် အတွေ့ အကြုံတော့ ရှိမှာပေါ့။ သူ့ရဲ့ အောင်ပွဲတွေကလည်း များသော အားဖြင့် လှည့်စားမှုတွေကနေပဲ ဖြစ်လာတာ။ အကယ်၍ တက်ယ့် တိုက်ပွဲ အစစ်မှာ ဆိုရင်တော့ ဘောင်းဘီတွေ ရွှဲစို ကုန်မှာ မြင်ယောင်ပါသေးတယ်။ အထူးသဖြင့် ရှင် ချင်းစွေ့နဲ့တိုက်တဲ့ အချိန်မှာ ဒါမျိုးကြုံလိမ့်မယ်။” သွမ့် ပြည်ေ ထာင် အရှုင်က ပြန်ဖြေလိုက်တယ်။

“ အင်း။ သွမ့် မင်းသား မှန်မှာပါ။ ရှင် ချင်းစွေ့ က ရှင်းဟို့ရဲ့ လက်အောက်မှာ အချိန် အတော်ကြာ အမှု ထမ်းခဲ့တာ ။ သူ့မှာ ဝှက်ဖဲတွေ ရှိနေတာ ဖြစ်နိုင်တယ်။” ဟန်ချန်ဖုန်းက ခေါင်းငြိမ့်လိုက်တယ်။

“ အကြီးအကဲ ဟန် ပြောသလိုလည်း ဖြစ်နိုင်တယ်။ ဒါပေမယ့်လည်း ဒီမှာ ပြဿ နာ ဖြစ်နေတာက စုတုန်းလင်ကို အနိုင်တိုက်လိုက်တဲ့ အတွက် သူတို့ ၃ ယောက်ကို ဒုတိယ အချီ ပြောင်းပေးလိုက်ရမှာလား။” သွမ့် အရှင်က မေးလိုက်တယ်။

“ ဝမ်ချွမ်ဖုန်းက စုတုန်းလင်ကို စိန်ခေါ် တာ ဖြစ်တယ်။ ဒါကြောင့် သူ ပဲ အောင်မြင်သင့်တယ်။” ဟန်ချန်ဖုန်းက သွမ့် အရှင် ဘာကို ဆိုလိုချင်လည်း ကောင်းကောင်းနားလည်တာ ဖြစ်တယ်။

“ ကောင်းပြီလေ။ အကြီးအကဲ ဟန် က အဓိက စာစစ်သူ ဖြစ်တော့လည်း ဒီလိုပဲ လုပ်ကြတာပေါ့။ တခြား ထင်မြင်ချက်ရှိသေးလား။” သွမ့် အရှင် က တခြားသော

…

ပညာ၇ှိသုခမိန် လောကထဲမှာ တော့ ဝမ်ချွမ်ဖုန်းရဲ့ အရှေ့မှာ ကြီးမားတဲ့ တံခါး တစ်ချပ် ပေါ်လာခဲ့တယ်။ တစ်ချိန်တည်းမှာပဲ မာဆတ်ဆတ် အသံ ဟာ နေရာ လွတ်တစ်ခုလုံးကို ပျံ့ှနှံ့လာခဲ့တယ်။

“ စုတုန်းလင် ကျရှုံး။ ဝမ် ချွမ်ဖုန်း ဒုတိယ အချီ အောင်မြင်။”

စာဖြေသူတွေ အားလုံးဟာ ကြေညာချက်ကို ကြားချိန်မှာတော့ မှာတော့ အံ့သြ ထိတ်လန့်မှုတွေနဲ့ ပြည့်နှက်လာတော့တယ်။

သူတို့ရဲ့ မျက်လုံးတွေကတော့ လုံးဝကို အံ့သြမှုနဲ့ ပြည့်နှက်နေခဲ့တယ်။

ဒီလိုမျိုး အောင်မြင်သူ က ဝမ်ချွမ်ဖုန်း ဖြစ်လာမှာကို ဘယ်သူက တွေးမိမှာလဲ။

“ ဘာတွေဖြစ်လာတာလဲ။”

“ ဘာ လို့ ဝမ်ချွမ်ဖုန်းက ဒုတိယ အချီကို တက်သွားတာလဲ။”

“ ငါ ထင်တာတော့ သူ စုတုန်းလင်ကို စိန်ခေါ် လိုက်လို့ပဲ ဖြစ်မယ်။ ”

ဒီလို ပြိုင်ပွဲကို မလုပ်ခင်တည်းက တချို့သော သူတွေဟာတော့ ဒါကို ဖြစ်လာမယ် ဆိုတာ ခန့်မှန်း ပြီးသား ဖြစ်တယ်။ ဒီလိုမျိုး ဖြစ်ရပ်မျိုးက ဖြစ်လာလိမ့်မယ် ဆိုတာကို သိပြီးသား ဖြစ်တယ်။

ဒီလိုမျိုး အခြေ အနေကတော့ အဓိက စာစစ်သူ အပေါ်မှာ မူတည်တာပဲ ဖြစ်တယ်။

တစ်ခါ တစ်လေမှာတော့ ပထမ ဆုံး တိုက်ခိုက် ဖို့ စိန်ခေါ်သူက အနိုင်ရသူ ဖြစ်သွားနိုင်တယ်။ တစ်ခါတစ်လေမှာတော့ လည်း အပြင်းထန်ဆုံးသော ပျက်စီးမှုကို ဖြစ်စေနိုင်သူက အနိုင်ရသူ ဖြစ်နိုင်တယ်။ တခြားသော အချိန်မျိုးမှာတော့ ဒီလို ကိစ္စ မျိုးက အတော်လေးကို စဉ်းစားရ ကြပ်တယ်။

ဒါပေမယ့်လည်း အခု အဖြစ်မှာတော့ ဖန်ကျန်းရှီက ဘယ်လို တွေးတွေး အနိုင်ရသူပဲ ဖြစ်တယ်။ နောက်ဆုံးမှာတော့ သူ သာ တိုက်ခိုက်မှု အများဆုံး လုပ်ခဲ့တဲ့ သူ ဖြစ်တယ်။

ဖန်ကျန်းရှီသာ မပါရင် ဝမ်ချွမ်ဖုန်းကော ရန်ရွှယ်ပါ မအောင် မြင် နိုင် ဘူး။

ဒါပေမယ့်လည်း အခုချိန်မှာတော့ ဝမ်ချွမ်ဖုန်း က အဆင့် တက်သွားပြီ ဖြစ်တယ်။

စာဖြေသူ်တွေ အားလုံးဟာတော့ ဒီ ဆုံးဖြတ်ချက်ကို နားမလည် နိုင် ဘူး ဖြစ်တယ်။ ဒါပေမယ့်လည်း ဆုံးဖြတ်ချက်ကတော့ ဘယ်လို စည်းမျဉ်းနဲ့မှ ဆုံးဖြတ်တာ မဟုတ် ဘူး ဖြစ်တယ်။

ဒါပေမယ့်လည်း ဖန်ကျန်းရှီကတော့ ဒါကို ကြားချိန်မှာ အတော်လေးကို ပျော်ရွှင်နေခဲ့တယ်။

“ ဟား ဟား ကောင်းတာပေါ့။ ငါ ဒီလို အဆင့် မတက် ချင်တာနဲ့အတော်ပဲ။” ဖန်ကျန်းရှီကတော့ ဒါကို ဖြစ်လာလိမ့်မယ်လို့ မမျှော်လင့် ခဲ့ဘူး ဖြစ်တယ်။

“ကောင်းလိုက်တာ။”

စာဖြေသူတွေ ဟာတော့ သူတို့ ရဲ့ နားကို တောင် မယုံနိုင် ဖြစ်နေကြတယ်။

ပင်းယန်ကတော့ အတော်လေးကိုတုန်လှုပ်နေခဲ့တယ်။ ဖန်ကျန်းရှီ ရဲ့ စကားတွေက သူ့ကို မိုးကြိုးပစ်သလို ထိခိုက် သွားစေတဲ့ပုံပါပဲ။ ဒါပမေယ့်လည်း စုတုန်းလင် က ရှုံးသွားခဲ့ပြီ။

အခု ချိန်မှာ သူမ ပူးပေါင်း ဆောင်ရွက်ခဲ့တာ ဖြစ်တယ်။ သူမက ထက်မြက်တာလား။ ဒါမှ မဟုတ် တုံးအ တာလား။

အခု ချိန်မှာတော့ ဖန်ကျန်းရှီရဲ့ စကားကို ကြားချိန်မှာ သူ မဟာ လုံးဝကို စိတ်ရှုပ်ထွေးသွားတော့တယ်။

“ နင် ဘာလို့ ဒီလောက် တောင် ပျော်နေတာလဲ။”

“ ဒါပေါ့။ ငါ ပျော်နေတယ်။ ဒီလိုမျိုး နည်းလမ်းနဲ့တော့ ဒုတိယ အချီကို မတက်ချင်ပါဘူး။” ဖန်ကျန်းရှီက ပင်းယန်ကို ကြည့်ရင်း ပြောလိုက်တယ်။

“ ဒီ နည်းလမ်း။ နင်က ဒုတိယ အချီကို တိုက်ပွဲ တက်ပြီးတော့ မဖြတ်သန်းချင် ဘူး ဆိုတော့ နင် က ဘယ်လို လုပ်မလို့လဲ။” ပင်းယန်က သူမကို ဖန်ကျန်း၇ှီ ဆရာလာလုပ်နေတယ်လို့ ခံစားရတယ်။ ဒါပေမယ့်လည်း အမှန်တရားကတော့ ဖန်ကျန်းရှီ ဘာကိုတွေးနေလဲ သူမ တကယ်ကို နားမလည်နိုင် ဘူး ။

“ ငါ က ဒီကို ဖြတ်ပြီးတော့ သွားမလို့လေ။” ဖန်ကျန်းရှီက ထပ်ပြီးတော့ ရှည်ရှည် ဝေးဝေး မပြောတော့ပဲနဲ့ လက်ညှိုးသာ ညွှန်ပြလိုက်တယ်။

ဖန်ကျန်းရှီက တံတားကျိုးကို ညွှန်ပြလိုက်တယ်။ မြူတွေ ဆိုင်းနေတဲ့ တံတား တစ်ဖက် ခြမ်း ဟာ ဘယ်လောက်ထိ ဝေးကွာလည်း ဘယ်သူမှ မခန့်မှန်း နိုင် ဘူး ဖြစ်တယ်။

နောက် တစ်ဖက်ကို မြင်ဖို့ ကတောင် မဖြစ်နိုင် ဘူး။

“ နင်က တံတားကျိုးကို ဖြတ်ချင်တယ် တဲ့လား။ ဘာ ကြောင့်လဲ။ ဘာကြောင့်လဲ။” ပင်းယန် ဟာ အတော်လေးကို ထိတ်လန့်နေတော့တယ်။ တံတားကျိုးက ဘာလဲ ဆိုတာ သူမ ကောင်းကောင်း သိတယ်။

“ ဖန်ကျန်းရှီက တံတားကျိုးကို ဘာလို့ ဖြတ် ချင် ရတာလဲ။ ”

“ ဒီကောင် ရူးနေတာလား။ သူ့ရဲ့ စွမ်းရည်တွေ အပေါ် အခြေခံ ပြီးတော့ သူ့ထက် အားနည်းတဲ့သူ တစ်ယောက်ကို ရှာပြီးတော့ လွယ်လွယ်ကူကူ အနိုင်ယူလိုက်လို့ ရတယ်။ ”

“ ကောင်းကင် ရောင်ပြန် အဆင့်ကိုရောက်ေ်နတဲ့ သူ တစ်ယောက်က ဘာလို့ ဒီလောက်တောင် အရတာ လဲ။ ငါ့လို ကြယ်တာရာ စုဝေးမှု အဆင့်က သူတောင် ဒီလောက် မတုံးဘူး။”

ဖန်ကျန်းရှီ ပြောလိုက်တဲ့ စကားကြောင့် စာဖြေသူတွေ အားလုံးဟာ ထိတ်လန့်သွားကြတော့တယ်။ ဒါကတော့ လုံးဝကို မမျှော်လင့် ထားတဲ့ အရာ ဖြစ်နေတယ်။

တံတားကို သူ မဖြတ်နိုင်ရင် ထွက်ရမှာ ဖြစ်တယ်။ စာမေးပွဲ ကျမှာ ဖြစ်တယ်။

ဖန်ကျန်းရှီကတော့ သူ့ရဲ့ ဘေးက စကားသံတွေ အားလုံးကို လောင်ကျွမ်းစေလိုက်တယ်။ တံတား ကျိုးကို ကြည့်လိုက်ပြီးတော့ အတွေး ထဲမှာ နစ်မြုပ်နေခဲ့တယ်။ သူ့ကြည့်ရတာ တော့ တခြား တစ်ဖက်ကို မြင်နေရတဲ့ ပုံပါပဲ။

“ ငါတို့ရဲ့ ရည်ရွယ်ချက်ကို မေ့သွားပြီလား။”

“ ငါတို့ရဲ့ ရည်ရွယ်ချက် …. ဓားကို ပြောတာလား။ ” ပင်းယန်က တစ်စုံတစ်ခု ကို ရည်ညွှန်းပြောဆိုလိုက်တယ်။

“ အတိအကျပဲ။ ငါတို့ ဓားကို ရှာချင်တယ် ဆိုတည်းက ဒီ စာမေးပွဲမှာ လုံး၀ တိုက်ခိုက် လို့ မရ ဘူး။ တံတားကျိုးကို ဖြတ်သန်းဖို့ ဆုံးဖြတ်ရမယ်။

“ ဒါပေမယ့် အကယ်၍ နင် မဖြတ်နိုင်ရင် ကော။ စာမေးပွဲ ကျသွားမှာပေါ့။ ဒါဆို ဒုတိယ အချီကို ဘယ်လို ဖြတ်မှာလဲ။ ” ပင်းယန် ကတော့ နားမလည် ပါ ဘူး။

“ ငါ ဒါကို ဖြတ် ဖို့တွေးပြီးပြီ။ ပထမ ဆုံး ငါနဲ့ ပြိုင်မယ့် သူကို အရင် ရှာမယ်။ အကယ်၍ ငါ မဖြတ်နိုင်ရင် သူ့ကို တွန်းချလိုက်မယ်။ ဒီလိုဆို ငါလည်း ဒုတိယ အချီကို ရောက်နိုင် ပြီလေ။” ဖန်ကျန်းရှီ က ရိုးရိုးသားသသားပဲ ပြောလိုက်တယ်။

ပင်းယန်ကတော့ ခေါင်း ရှုပ်သွားသလို သူ့ရဲ့ မျက်လုံးတွေကလည်း တောက်ပ လာခဲ့တယ်။

“ ဖန်ကျန်းရှိ ရေ နင့် ထက် မျက်နှာ ပြောင် တိုက်တဲ့သူတော့ ရှိ နိုင် မှာ မဟုတ် တော့ ဘူး ။ ဒီလောကမှာ ထပ် ရှာတွေ့ နိုင်မှာ မဟုတ်တော့ ဘူး။ ဒါပေမယ့်လည်း မင်း ရဲ့ အကြံကတော့ မဆိုးပါ ဘူး။ နောက်ပြီးတော့ ကြားရတာ ပျော်စရာ ကောင်းမယ့် ပုံပဲ။ နင်နဲ့ ခုန်ချဖို့ တစ်ယောက် ယောက်ယောက်သွားဖမ်း ဖို့ ကူညီပေးနိုင်တယ်။” ပင်းယန် က စိတ်လှုပ်ရှားစွာ ပြောလိုက်တယ်။

“ အကယ်၍ ငါ့ အတွက် ပါ တစ်ယောက် လောက် ပိုဖမ်း လာခဲ့ပေးရင်ကောင်းမှာပဲ။” ရန်ရွှယ် က ပြောလိုက်တယ်။

အပိုင်း ( ၁၈၉) ပြီး၏။

အပိုင်း ( ၁၉၀)

“ စွန့်စား ခြင်း ”

  …

ဖန်ကျန်းရှီ ၊ ပင်းယန် ၊ နဲ့ ရန်ရွှယ်တို့ဟာတော့ သဘောတူညီမှု လုပ်နေချိန်မှာ တော့ တခြားသော စာဖြေသူတွေ ဟာ မျက်စိ လည်ကုန်ကြတော့တယ်။

ဘာတွေ ဖြစ်ကုန်တာလဲ။

သူတို့တွေ က တကယ့်ကို အရူးလုပ်နေကြတာပဲ။

တခြား စာဖြေသူတွေကို သိုးငယ်လေးတွေကို တွေးနေကြတာပဲ။ အကယ်၍ သူတို့သာ မဖြတ်ကျော် နိုင်ရင် ရိုးရိုးရှင်းရှင်း နဲ့ကို တွန်းချ ခံ လိုက်ရမှာပဲ။ သူတို့တွေ ဒီ့ထက်ပိုပြီးတော့ အရှက်မဲ့နိုင် ကြသေးလား။

စာဖြေသူ တစ်ဦး ချင်းစီ ဟာ တစ်ယောက်ကို တစ်ယောက် ကြည့်နေကြတယ်။

သူတို့ မျှော်လင့် နေကြတာကတော့ ဒီလို အရှက်မရှိ မျက်နှာပြောင် တိုက်တဲ့ အရာကြီးကနေ သူတို့ကို ကာကွယ်ပြီးတော့ ဒီ သုံးယောက်ကို ကန်ထုတ် ပြစ်ဖို့ပါပဲ။

ဒါပေမယ့်လည်း ဘယ်သူက ရှေ့ထွက် ရပ်တည် ပေးမှာလဲ။

နန်ကုန်း မု ကလည်း စိတ်ဝင်စားဟန် အလျဉ်း မရှိဘူး။ ရှင်ချင်းစွေ့ကလည်း ဒီ အချိန်မှာ ပြဿ နာ ဖြစ်ချင်ဟန် မတူဘူး။

စုတုန်းလင် ဟာ အားလုံး အတွက် ဥပမာ ကောင်း တစ်ခု ဖြစ်ခဲ့တယ်။

၁ ယောက် နဲ့ ၁ ယောက် တိုက်ခိုက်ပွဲ လား။။

အခု ချိန်မှာတော့ ဒါက မဖြစ် နိုင်တာပဲ။ ဘယ်လို ပဲ တိုက်တိုက် ၃ ယောက် ၁ယောက်ပဲ ဖြစ်မှာပဲ။ သူ တို့ လုပ်နိုင်တာ အားလုံးကတော့ စောင့် ဆိုင်းဖို့ပဲ။

နန်ကုန်းမု နဲ့ ရှင်ချင်းစွေ့တို့ ဟာလည်း စောင့် ဆိုင်းနေခဲ့တယ်။

တခြား သော ကောင်းကင် ရောင်ပြန် အဆင့်ကျောင်းတော်သားတွေ ဟာလည်း သူတို့ရဲ့ ကံ ကို ပုံပြီးတော့ အရဲ မစွန့် ရဲ ဘူး ဖြစ်တယ်။ ပင်းယန်ကို သူတို့ တားဆီး နိုင်မှာ မဟုတ် ဘူး။ အကြောင်းရင်းကတော့ ရိုးရှင်း ပါတယ်။ သူမက သူတို့ကို သိုးငယ်လေးတွေ လို မြင်တာကြောင့်ပဲ ဖြစ်တယ်။ ပိုပြီးတော့ အားနည်းသူတွေက ပိုကောင်းတယ်။

ဒီလိုမျိုး သူတို့လည်း ဆွဲ ထည့် တာကို မခံနိုင် ဘူး

ဒီ တိုက်ခိုက်ရေး စာမေးပွဲကတော့ သူတို့ရဲ့ စိတ်ခံစားချက်တွေ အပြုအမူတွေကို ထုတ်ပြ ဖို့ အတွက် အချိန်ကောင်း မဟုတ် ဘူး။ နောက်ပြီးတော့ လူတိုင်းက ဖန်ကျန်းရှီ ဘယ်လို မျိုး တံတားကိုဖြတ်သွားမလဲ သိချင် နေတာ ဖြစ်တယ်။

ကြယ်တာရာ စုဝေးမှု အဆင့် ကျောင်းတော်သားတွေကတော့ တစ်ယောက်ကို တစ်ယောက် ကူကယ်ရာမဲ့စွာကြည့်နေကြတယ်။

ပင်းယန်ကတော့ သူတို့ကို တောက်ပ စွာ ပြုံးပြီးတော့ ကြည့်နေခဲ့တယ်။ ပုံစံကတော့ မီးမြေခွေးပြာက သူ့ရဲ့ သားကောင်ကို ကြည့်နေသလိုမျိုးပဲ ဖြစ်တယ်။

ကောင်းကင်ရောင်ပြန် အဆင့် ကျောင်းတော်သားတွေထက် သူတို့ဟာ ပုန်းကွယ်ဖို့ ကြိုးစားလုပ်ဆောင်နေကြတယ်။ ဒါပေမယ့်လည်း ဒီနေရာက သေးငယ်ပြီးတော့ ပုန်းစရာ မြေ မရှိဘူး။ သူတို့ကော ပုန်းဖို့ ဆို တာ ဖြစ်နိုင်မှာလား။

ဒီ မြင်ကွင်းကို ကြည့်ရတာ အတော်လေးကို ထူးဆန်းနေခဲ့တယ်။ လူ တစ်အုပ် ကြီးဟာ ပုန်းကွယ် ဖို့ ကြိုးစားနေကြတယ်။ နောက်တစ်အုပ် ကတော့ ပညာရှိ သုခမိန် လောကကို ဝင်လာ ချိန်က အတိုင်း ယုံကြည်ချက် ပြည့်၀ နေတုန်းပါပဲ။

ပင်းယန်ရဲ့ စွမ်းရည်ကတော့ လူတွေကို ဘယ်လိုမျိုး ဖမ်းရမလဲ ဆိုတာ ကောင်းကောင်းသိတာပဲ ဖြစ်တယ်။

“ နင်။ နင်။ ထွက်လာခဲ့။ နင် မထွက်လာ၇င် ။ ငါ အပြင်ကို ရောက်တာနဲ့ နင့်အိမ်ကို လာဖျက်မယ်။”

“ အားးးး။ အရှင် မင်းသမီး။ သနားညှာတာပေးပါ။”

အတော်လေး အချေအတင် ဖြစ်ပြီးတဲ့ နောက်မှာတော့ သနားစဖွယ် လူ သုံးဦးဟာ ပင်းယန် ဖမ်းတာကို ခံလိုက်ရတယ်။ သူတို့ သုံးဦး လုံးဟာ အတော်လေးကို ခါးသက်နေကြတယ်။

စာဖြေသူ အားလုံးဟာ သက်ပြင်း ချလိုက်ကြတယ်။ သူတို့ အာလုံးဟာတော့ နောက် တစ်ရက်လောက် အသက် ပိုရှင် နိုင် ပြီ ထင်တယ်။

“ ကျွန်တော်တို့ကို ချမ်းသာပေးပါ။ ကျွန်တော်တို့က စာမေးပွဲကို ဖြေချင်ရုံသက်သက်ပါ။ ”

“ ဟုတ်မှန်ပါတယ် အရှင်မင်းသမီး။ အရှင်တို့ အကုန် တံတားကို ဖြတ်နိုင်ပါတယ်။ ဒါပေမယ့်လည်း ကျွန်တော်တို့ကတော့ အပြစ်ကင်းစင်ပါတယ်။

“ အရှင် မင်းသမီး။ ကျွန်တော့်မှာ အသက်ရှစ်နှစ် အရွယ် အမေ အိုကြီး ရှိပါတယ်။ ကျွန်တော့် ရဲ့ ဇန်ီးကလည်း ထားသွားခဲ့တာ ကြာပါပြီ။ အမေ အို ကြီးကို ပြုစု ရအုန်းမှာ မို့ စာမေးပွဲက တစ်ခု တည်းသော မျှော်လင့်ချက်ပါ။ ကျွန်တော်တို့ မိသားစုရဲ့ ငွေရောင်မျှော်လင့်ချက်ကို ချန်ထားပေးပါ။”

ဒီ သုံးဦးသော သနားစရာ လူတွေဟာ ပင်းယန်ကို တတ်နိုင်သလောက် လျှောက်လဲ ချက် ပေးနေကြတယ်။ သူတို့ ထဲက တစ်ယောက် ဆို၇င် မျက်ရည် မျက်ခွက် အပြည့်နဲ့ ဖြစ်နေခဲ့တယ်။

“ ပါးစပ် ပိတ်ထားစမ်း။ ကျွေးမွေး ရမယ့် ပါးစပ်ပေါက်တွေ ၇ှိနေတယ်လား။ ဒါမျိုး ငါ အကြိမ် တစ်ရာလောက် ကြားဖူးနေပြီးသား ။ အ၇ည် အချင်း အကုန် လုံး သုံးရင်တောင်မှ ပထမ အချီကို အောင်မှာ မဟုတ်ဘူး။ ပရမ်းပတာ ပြောနေ တာတွေ ရပ်လိုက်တော့ ။ လိမ်လိမ်မာမာ သာ နေရင် အခုချက်ချင်း ငွေသား ငါး ရာ ပေးမယ်။” ပင်းယန် ဟာသူမရဲ့ လက်ကို ဝေ့ယမ်းရင်းနဲ့ ငွေသား လက်မှတ်တွေကို ထုတ်လိုက်တယ်။

သူမဟာ မျက်တောင် တစ်ချက် တောင် မခတ်ဘူး ဖြစ်တယ်။

“ အရှင် မင်းသမီးကို ကျေးဇူးတင်ပါတယ်။” သနားစဖွယ် လူ သုံးဦးဟာ ကျေးဇူးတင် စကားကို အကြိမ်ကြိမ်ပြောလိုက်တယ်။

ပင်းယန် ပြောသလိုပဲ သူတို့မှာ တိုက်ခိုက်ရေးစာမေးပွဲကို ဖြတ်သန်းဖို့ အတွက် အခွင့်အရေး မ၇ှိဘူး ဖြစ်တယ်။ ပထမ အချီမှာ ကန် မထုတ်ခံရရင်တောင်မှ သူတို့ အတွက် ရလဒ် ကောင်းကောင်းရမှာ မဟုတ် ဘူး။

ငွေသား ငါးရာကို တစ်ယောက်ချင်းစီ ရမယ် ဆို၇င်တော့ သူတို့ကို ကံကောင်းတယ်လို့ ယူဆ ရနိုင်တယ်။

သူတို့ ကျေးဇူးတင်ကြောင်း ပြောပြီးတဲ့ နောက်မှာပဲ သနားဖွယ် လူ သုံးဦးဟာ ချက်လတ်မှတ်တွေကို ယူလိုက်ကြတယ်။

ဒါပေမယ့်လည်း ပင်းယန် လက်ထဲက ချက်လတ်မှတ်တွေကို ယူဖို့ ကြည့်လိုက် ချိန်မှာပဲ ငွေသား လက်မှတ်တွေဟာ ဖန်ကျန်းရှီ လက်ထဲကို ရောက်သွားတော့တယ်။

“ မင်း ချမ်းသာကြောင်းကို ထုတ်မပြရဘူး ဆိုတာ မသိဘူးလား။ သေလိုက်စမ်း။ ငါ သိမ်းထား ပေးမယ်။” ဖန်ကျန်းရှီက ပြောပြီးတော့ ချက်လတ်မှတ်တွေကို သိမ်းလိုက်တယ်။

ပင်းယန် ကတော့ မျက်စိ လည်နေတယ်။ ဒါပေမယ့်လည်း ရန်ရွှယ်ကတော့ စိတ်အေးနေခဲ့တယ်။

သနားဖွယ် လူသုံးယောက်ကတော့ သူတို့ရဲ့ ငွေတွေ ပျောက်ကွယ် သွားတာကို ငေးကြည့်နေခဲ့ရတယ်။ ဒီ လူကတော့ တကယ့်ကို ငရှုပ်ပဲ။ သူတို့ကို ပြိုင်ပွဲကနေ ထုတ်ချင် ရုံသာ မကပဲ။ သူတို့ရဲ့ ပိုက်ဆံတွေကို ပါ ယူချင်နေတယ်။

“ တကယ်တမ်းတော့ မင်းတို့ အားလုံး ငါ့ကို ကျေးဇူးတင်သင့်တယ်။ ” ဖန်ကျန်းရှီက လူ သုံးယောက်ကို စတင်ပြီးတော့ ပြောတော့တယ်။

“ ကျေးဇူးတင်ရမယ်။” ထိုလူ သုံးယောက်ဟာ ဖန်ကျန်းရှီ ဘာတွေ ပြောနေလဲ ဆိုတာကို မသိ ပါဘူး။

တခြားသော စာဖြေသူတွေကတော့ သူတို့ရဲ့ စိတ်ထဲမှာ ဖန်ကျန်းရှီကို မြည်တွန်တောက်တီးနေကြတယ်။ ဘယ်လောက်တောင် အရှက်မဲ့လိုက်တဲ့ သူလဲ။ မင်းက သူတို့ကိုလည်း ခြေနင်း ကျောက်တုံး အဖြစ် သုံးချင်တယ်။ သူတို့ရဲ့ ပိုက်ဆံတွေကိုလည်း ယူချင်တယ်။

“ အကယ်၍ ငါမှန်းတာသာ မှန်ရင် မင်းတို့ သုံးဦးလုံးက ဒုတိယ အဆင့် က အောင်တာမလား။” ဖန်ကျန်းရှီက ဆက်ပြောရင်းနဲ့ သူ့နားက စကားတွေကို လျစ်လျှူရှု ထားခဲ့တယ်။

“ ဟုတ်မှန်ပါတယ်။ ” သူတို့ သုံးဦး လုံးဟာ ခေါင်းငြိမ့်လိုက်တယ်။

“ တော်ဝင်ကျောင်းတော် စာမေးပွဲ ရဲ့ စည်းမျဉ်းအရ ။ ပထမ အဆင့် ကျောင်းတော်သားတွေဟာ နှစ်ဆင့်ကိုပဲ ဖြတ်နိုင်ရင် စာမေးပွဲ အောင်ပြီ ။ ဒါပေမယ့်လည်း ဒုတိယ တန်း အဆင့် ကျောင်းတော်သားတွေ ကျတော့ သုံးချီကနေ လေး ချီၤကို ဖြတ်ရမယ် ။ ငါပြောတာ မှန်လား။”

“ မှန်ပါတယ်။”

“ ဒါဆိုလည်း မင်းတို့ရဲ့ အ၇ည်အချင်းနဲ့ ဆိုရင် ဘယ် နှချီလောက်ဖြတ်နိုင်မယ် ထင်လည်း။”

“ ကောင်းပြီၤလေ။ အကယ်၍ ငါတို့သာ ကံကောင်းရင် ပထမ အချီကိုဖြတ်နိုင်မယ်။ ပိုပြီးတော့ ကံကောင်းရင်တော့ ဒုတိယ အချီကို ဖြတ်နၤိုင်မှာပေါ့။ ဒါပေမယ့်လည်း တတိယ အချီနဲ့ စတုတ္ထ အချီကိုတော့ ….”

တိုက်ခိုက်ရေးစာမေးပွဲ ရဲ့ စစ်ဆေးမှု အရ ဆို၇င် ကောင်းကင်ရောင်ပြန် အဆင့် ကျောင်းတော်သား အယောက် ၃၀ ရှိတယ်။ ကြယ်တာရာ စုဝေးမှု အဆင့် ကျင့်ကြံသူတွေလည်း သူတို့ရဲ့ အထူး လျှို့ဝှက် နည်းလမ်းတွေ ရှိတာ ဖြစ်တယ်။

“ ဒါကြောင့် ငါ့ကို ကျေးဇူးတင်သင့်တာပဲ။ အကယ်၍ ငါ့ နောက်ကိုသာ လိုက်ပြီးတော့ တံတားကျိုးကို ဖြတ်နိုင်ရင် တခြား အချီတွေကိုလည်း ဆက်ပြီးတော့ ဖြတ်လာနိုင်မယ်။ ငါနဲ့ အတူ စတုတ္ထ အချီထိ လိုက်လာမယ် ဆိုရင် မင်းတို့လည်း စာမေးပွဲ အောင်ပြီ။” ဖန်ကျန်းရှီက ရှင်းပြလိုက်တယ်။

“ ဓားကျိုးကို ဖြတ်မယ်။ စတုတ္ထအချီ အထိ။ ။ ဒါက” လူသုံးဦးဟာတော့ ဒါကို လုံး၀ မဖြစ်နိုင်တာပဲ လို့ ပြောလိုက်ချင်ပေမယ့်လည်း ပြောမထွက်ဘူး ဖြစ်နေခဲ့တယ်။

“ အာ ဟုတ်ပြီ။ ငါ မေ့သွားတာ။ ဒါက ပထမဆုံး အကျိုးပဲ။ အကယ်၍ မင်းတို့သာ ငါနဲ့ အတူ စတုတ္ထ အချီထိ ရောက်လာခဲ့ရင် ဒီ ငွေသား ငါးရာကို ပေးမယ်။”

“ သခင်လေး ဖန် ။ အကယ်၍ ကျွန်တော်တို့ကို လေးချီ အထိ ခေါ်သွားမယ် ဆိုရင် ငွေသား တစ်ထောင် ဆိုရင်လည်း ဈေးကြီးမှာ မဟုတ်တော့ဘူး။”

“ ဒီ လိုလား။ ဒါဆိုလည်း နှစ်ထောင်ပေးလိုက်လေ။”

“ …” သူတို့သုံးဦးလုံးဟာ ပြောစရာ စကားမဲ့သွားခဲ့တယ်။ အဲ့ဒီ့နောက် သူတို့ သုံးဦးထဲက တစ်ယောက်ဟာ စကား စပြောတော့တယ်။ “ သခင်လေး ဖန်။ အကယ်၍ မင်း … တံတားကို မဖြတ်နိုင်ရင် ငါတို့ကို ပြစ်ချမှာမလား။ ဒီ ငွေတွေ ကကော ရမှာလား။”

“ ငါ ပြောပြီသားပဲ ဒါက ဆုလဒ်။ နစ်နာကြေးငွေ မဟုတ်ဘူး။ ကိစ္စ တစ်ခုကို မစွန့်စားပဲနဲ့ ဘယ်လို လုပ်ချင်တာလဲ .။ ဒီလောကကြီးမှာ သေချာတာမျိုးရှိလို့လား။ မင်းတို့ ဒါကို လက်မခံ ဘူးလား။” ဖန်ကျန်းရှီ က လူ သုံးဦးကို ကြည့်ရင်းနဲ့ ပြောလိုက်တယ်။

“ ကောင်းပြီလေ ။ သခင်လေး ဖန် ပြောသလိုပဲ။ ကျွန်တော်တို့ အတွေး တိမ်သွားတယ်။” သူတို့ သုံးဦးလုံးဟာ တစ်ယောက်ကို တစ်ယောက် မျက်ရည် အပြည့်နဲ့ တစ်ယောက်ကို တစ်ယောက် ကြည့်နေခဲ့တယ်။ နောက်ဆုံးတော့ လည်း ဒီလူတွေနဲ့ အတူ စွန့်စား ရတော့မှာလား။

“ ကောင်းပြီလေ။ တံတားကျိုးကို ဖြတ်ကျတာပေါ့။” ဖန်ကျန်းရှီက တံတားကျိုးဆီကို လျှောက်သွားရင်းနဲ့ ပြောလိုက်တယ်။

တခြားသော စာဖြေသူတွေကတော့ လုံးဝကို ပြောစရာ စကားမဲ့နေတော့တယ်။ ဒီ အလုပ်တွေက လား။ ဒီမှာ စီးပွားရေး ဆက်ဆံမှုတော့ မရှိဘူး။ ဒါက နေ့ခင်း ကြောင်တောင် ဓားပြ တိုက်တာပဲ။

အကယ်၍ သူတို့သာ ကျရှုံးရင်လည်း နစ်နာကြေးမရှိဘူး။ နောက်ပြီးတော့ သူတို့ နိုင်ရှင်လည်း အပိုကြေး ပေးရအုန်းမယ်။

…

“ အရှက်မဲ့လိုက်တာ။”

တော်ဝင်ကျောင်းတော်ထဲမှာတော့ သွမ့် ပြည်ထောင် အရှင်နဲ့ ဟန်ချန်ဖုန်းတို့ဟာ တစ်ယောက်ကို တစ်ယောက် ကြည့်နေခဲ့ကြတယ်။ ဖန်ကျန်းရှီကို ကြည့်ရင်းနဲ့ တူညီတဲ့ စကားတစ်ခွန်းကို ပြောလိုက်ကြတော့တယ်။

ဒါပေမယ့်လည်း မင်းသားကိုးရဲ့ မျက်လုံးတွေကတော့ တလက်လက် တောက်ပ နေခဲ့တယ်။

ငါ တွေး ရရင်တော့ ဒီ အရှက်မရှိတဲ့ စံနှုန်းကတော့ လုံးဝကို အပေါင်း အပေါင်း အပေါင်းပဲ။ မင်းသားကိုးက သူ့ဘာသူတွေးနေမိတယ်။

…

တံတားကျိုးကတော့ မပြောင်းမလဲ တည်ရှိနေတယ်။ ခြားနားချက် တစ်ခုကတော့ အခု ချိန်မှာ တံတားတစ်ဖက်မှာ လူ တစ်ယောက်တည်းဟာ ရပ်နေခဲ့တယ်။ လေပြေတိုက်ခတ်မှုကြောင့် သူ့ရဲ့ အကျီလက်တွေဟာ လေထုထဲမှာ တဖြတ်ဖြတ် လွင့်နေခဲ့တယ်။

ဒီမှာတော့ တခြားသော စတင်တဲ့ အမှတ်ငါး ခု ရှိနေခဲ့တယ်။

ပင်းယန်နဲ့ ရန်ရွှယ်တို့ကတော့ တံတားထိပ်မှာ ရပ်နေသူကို ကြည့်နေခြ့တယ်။ တခြားသော သူ သုံးဦးဟာတော့ ခေါင်းငုံ့ပြီး ရပ်နေခဲ့ကြတယ်။ ကြည့်ရတာတော့ အတော်လေးကို စိတ်ဒုက္ခ ရောက်နေကြဟန်ပါပဲ။

တခြားသော စာဖြေသူတွေဟာတော့ ထပ်မစောင့် ကြတော့ပါဘူး။

သူတို့ဟာ စတင် တိုက်ခိုက်ကြတယ်။ တစ်ချိန်တည်းမှာပဲ ကောင်းကင်က နေ ကြေညာသံတွေဟာ ပဲ့တင့်သံ ထပ်လာခဲ့တယ်။

“ ဒါက ဘယ်လောက်တောင် ကြာလိုက်သလဲ။ … ဘယ်လောက်တောင် ပျင်းစရာ ကောင်းလဲ။ ငါတွေးတာတော့ ဒီလူတွေကို ပြစ်ချပြီးတော့ ခုန်ချ သွားစေလိုက်တယ်။ ” ပင်းယန်က စိတ်မရှည် စွာ ပြောလိုက်တော့တယ်။ သူ ဒီမှာ ရပ်နေတာ တစ်နာရီလောက်ရှိပြီ ဖြစ်တယ်။

ရန်ရွှယ်ကတော့ မပြောတော့ဘူး။ တခြားသော သုံးဦးကတော့ သူတို့ရဲ့ နေရာမှာ ရပ်နေခဲ့တယ်။ သူုတို့ရဲ့ ကံ တရားကို တခြား သူဆီ ပုံအပ်ထားရတာ ဖြစ်တယ်။

“ငါ ထင်တာတော့ ဖန်ကျန်း၇ှီ ရူးနေပြီ ထင်တယ်။ ရန်ရွှယ် နင် သိသင့်တယ်။ ငါတို့ရဲ့ အရည်အချင်းနဲ့ ဒီလောက က အတားအဆီးတွေကို မဖြတ်နိုင် ဘူး။ ဒါတွေက ငါတို့ကို လေ့ကျင့်ပေးဖို့ အတွက် လုပ်ထားတာ သပ်သပ်ပဲ။ တံတားကျိုးကို တကယ် ဖြတ်နိုင်မယ်လို့ ထင်နေတာလား။” ပင်းယန်က နောက်တစ်ကြိမ်မေးလိုက်တယ်။

“ သူ လုံးဝကို ဖြတ်နိုင်တယ်။” ရန်ရွှယ်က ပြောလိုက်တယ်။

“ နင်က သူ့ကို ဒီလောက် တောင် ယုံတာလား။ အကယ်၍ ငါတို့ ဒီလောက် ကြာကြာ အချိန် ဖြုန်းနေရင် ဒုတိယ အချီၤမှာ ပြိုင်စရာလူကော ရှိအုန်းမှာလား။ “ ပင်းယန်က မေးလိုက်တယ်။

“ သူလုံးဝကို လုပ်နိုင်တယ်။ ” ရန်ရွှယ် ရဲ့ အသံ မှာတော့ သံသယ ဝင်ခြင်း အလျဉ်းမရှိဘူး ဖြစ်တယ်။

…

အချိန်တွေ ကုန်ဆုံးသွားတာနဲ့ အမျှ ပထမ အချီမှာ ကျန်ခဲ့သူတွေဟာ တဖြည်းဖြည်း နည်းသည်ထက် နည်းလာခဲ့တယ်။ အသံတွေကတော့ ပဲ့တင့်သံ ထပ်လာခဲ့တယ်။ တတိယ အချီကိုရောက်နေသူတွေတောင် ရှိနေပြီ ဖြစ်တယ်။

တခြားသော စာဖြေသူတွေကတော့ ဖန်ကျန်းရှီကို စိတ်ပျက် လက်ပျက် ကြည့်နေခဲ့တယ်။

“ကြာလိုက်တာ။ ဒီကောင် အိပ်ပျော်နေတာများလား။”

“ ငါတွေးတာတော့ သူ အိပ်ပျော်နေတယ် ထင်တယ်။ သူက ငါတို့ကို မတွန်းချပဲ နောက်တစ်ချီကို တက်ဖို့ စောင့်နေ တာလဲ ဖြစ်နိုင်တယ်။ နောက်ဆုံးတော့လည်း သူ များများ စားစား မဖြစ်နိုင်ပါဘူး။”

“ ဟားဟားဟား။ ငါ လည်း တွေးမိတယ်။”

သူတို့ ပြော ဆိုပြီးတဲ့ နောက်မှာတော့ ဖန်ကျန်းရှီကို လျစ်လျူရှုြင်္ပီးတော့ ဆက်တိုက်ခိုက်ကြတော့တယ်။

အပိုင်း ( ၁၉၀) ပြီ၏။

All Chapters