← Chapters

အပိုင်း (၁၉၁-၂၀၀)

Vol. 2 Ch. 191-200

အပိုင်း (၁၉၁-၂၀၀)

Vol. 2 Ch. 191-200

အပိုင်း (၁၉၁)

“ ကြည့်ရတာ ကျိုးနေတဲ့ပုံပဲ။”

  …

တော်ဝင် ကျောင်းတော်ထဲမှာ ဖန်ကျန်းရှီဟာတော့ မြင်ကွင်းပေါ်ကနေ ပျောက်သွားခဲ့တယ်။ ပုံရိပ်လွှာမှာတော့ များပြားလှစွာသော စာဖြေသူတွေ သာ ပြည့်နှက်နေခဲ့တယ်။

သွမ့်ပြည်ထောင် အရှင်နဲ့ ဟန်ချန်ဖုန်းတို့ဟာ ရှင်ချင်းစွေ့ကို စိုက်ကြည့်နေကြတယ်။

ဒီ အချိန်မှာတော့ ရှင်ချင်းစွေ့ ဟာ သူ့ရဲ့ ပြိုင်ဘက်တွေကို ယှဉ်ပြိုင်ရင်းနဲ့ တတိယ အချီကို ရောက်သွားခဲ့တယ် ။

“ မဆိုးဘူး။ ရှင်းတယ်။” သွမ့်ပြည်ထောင် အရှင်ဟာ ပြောလိုက်တယ်။

“ အမ်။ ရှင်ချင်းစွေ့ က ရှင်းဟို့ရဲ့ တိုက်ပွဲတွေမှာ အချိန် အကြာကြီး လိုက်ခဲ့တဲ့ အတွေ့အကြုံအရ အဆုံးမဲ့ တိုက်ပွဲ စွမ်းအားတွေ ရှိတာပဲ။ ကောင်းကင်ရောင်ပြန် အဆင့် စာဖြေသူတွေ တောင်မှ သူ့ကို ၁ မိနစ်တောင် မတိုက်ခိုက် နိုင် ဘူး။ ဒီ နှစ်တွေက သူ့ အတွက် အချည်းနှီး မဖြစ်ခဲ့ ဘူးပဲ။ ဒီလို လူငယ်ကတော့ အခုမှာ ရှားသွားပြီ။” ဟန်ချန်ဖုန်းက ခေါင်းငြိမ့်လိုက်တယ်။

ရှင်ချင်းစွေ့ရဲ့ စွမ်းရည်တွေကတော့ သူ့ကို မအံ့သြ စေခဲ့ပါဘူး။

“ တော်ဝင်ကျောင်းတော် စစ်ဆေးမှုက အရမ်းကို စိတ်လှုပ်ရှား စရာ ကောင်းတာပဲ။ အကြီးအကဲ ဟန် ။ ထိပ်တန်း ကို ဘယ်သူ ရောက်မလဲ ဆိုတာကို မခန့်မှန်း နိုင်ဘူးလား။ ရှင်ချင်းစွေ့ လား။ နန်ကုန်းမုလား။ ” သွမ့်ပြည်ထောင် အရှင်က တတိယ အချီကို တက်သွားတဲ့ နန်ကုန်းမုကို ကြည့်ရင်းနဲ့ မေးလိုက်တယ်။

“သွမ့် အရှင် ။ ဒါက ပြောဖို့ အတွက်တော့ ခက်ခဲတယ်။ ကျွန်တော့် ရဲ့ အမြင် ကို လျစ်လျူရှုလိုက်ပါ။ ဒါပေမယ့်လည်း နန်ကုန်းမုရဲ့ ပြိုင်ဘက်ကတော့ အားနည်းလွန်းတယ်။ ကြည့်ရတာသူကိုယ်တိုင် ရည်ရွယ်ချက် ရှိရှိနဲ့ သူ့ အစွမ်းတွေကို သိုဝှက်နေပုံပဲ။” ဟန်ချန်ဖုန်းက ခေါင်းခါရင်း ပြောလိုက်တယ်။

“ အမ်။ ဒီ နန်ကုန်းမု…” သွမ့် အရှင်က ဆက်မပြောတော့ပါဘူး။ အတွေး နွံထဲသာ နစ်နေခဲ့တယ်။

မင်းသားကိုးက လည်းအတွေးနွံထဲမှာ နစ်နေခဲ့တယ်။

ဟန်ချန်ဖုန်းကတော့ သွမ့် ပြည်ထောင် အရှင်နဲ့ ဘာကိုမှ ဆက်မပြောတော့ပါဘူး ။ အချိန်ကိုသာ ကြည့်နေခဲ့တယ်။ အဲ့ဒီ့နောက် ။ သူဟာ မင်းသားကိုး အတွေး နွံ နစ်နေတာကို ရုတ်ချည်း သတိထားမိသွားတယ်။

“ ဟား ဟား …. မင်းသားကိုး တွေး နေတာ ဘာ ဖြစ်မလဲ။” ဟန်ချန်ဖုန်းက ယဉ်ယဉ်ကျေးကျေး မေးလိုက်တယ်။

“ အမ်။ ကျွန်တော် တွေးနေတာက အကယ်၍ ဖန်ကျန်းရှီသာ တံတားကျိုးကို ဖြတ်နိုင်ခဲ့ရင် ဘယ်လို ဖြစ်လာမလဲ။” မင်းသားကိုးက တစ်ခဏ တွေးပြီးနောက် ပြောလိုက်တယ်။

“ မင်းသားကိုးက အများကြီး တွေး နေတဲ့ပုံပဲ။ ပညာရှိ သုခမိန် လောကက သုခမိန် စစ်နတ်ဘုရား ကိုယ်တိုင် ဖန်တီးထားခဲ့တာ။ သူ့ရဲ့ စိတ်ဆန္ဒတွေက အတားအဆီး တစ်ခု ချင်းစီပဲ။ ကောင်းကင်ရောင်ပြန် အဆင့် ကျင့်ကြံသူ တစ်ယောက်က ဒါကို ဘယ်လို များ ဖြတ်နိုင်မှာလဲ။” ဟန်ချန်ဖုန်းရဲ့ မျက်လုံးတွေကတော့ မေးခွန်းကို ကြားချိန်မှာ တလက်လက် တောက်ပလာခဲ့တယ်။ ဒါပေမယ့်လည်း သူဟာ စိတ်ရှည်လက်ရှည်နဲ့ ရှင်းပြ နေခဲ့တယ်။

“ ဒါဆို ဒီ အတားအဆီးတွေကို ဖြတ်ဖို့က မဖြစ်နိုင် ဘူးလား။ ” မင်းသား ကိုးက သံသယ အပြည့်နဲ့ မေးလိုက်တယ်။

“ ဖြတ်နိုင်ပါတယ်။ ဒါပေမယ့်လည်း မှန်ကန်တဲ့ နေရာကို ရွေးချယ် နိုင်မှ ဖြစ်မှာ။ တံတားကျိုးကို ရွေးချယ် သူတိုင်းဟာတော့ မှန်ကန်တဲ့ လမ်းကို ရှာပြီးတော့ ဖြတ်ကျော်ရမှာ ဖြစ်တယ်။ ဒါပေမယ့်လည်း ကျွန်တော့်ရဲ့ မှတ်ဉာဏ်တွေ အရ ။ သမိုင်း တစ်လျှောက်လုံးမှာ ကောင်းကင် ရောင်ပြန် အဆင့် ဘယ်သူက မှ ဒါကို မဖြတ်နိုင်ခဲ့ဘူး။” ဟန်ချန်ဖုန်းက ခေါင်းငြိမ့်ပြီးတော့ ပြုံးပြလိုက်တယ်။

“ နားလည်ပြီ။ ဒါဆိုရင် ။ သူလည်း မဖြတ်နိုင် လောက် ဘူးပေါ့။” မင်းသားကိုးက စိတ်ပျက်စွာ ပြောလိုက်တယ်။

“ ဒါက မဖြစ်နိုင်တာ အတိအကျပဲ။” သွမ့်ပြည်ထောင် အရှင်က ပြောလိုက်တယ်။ အဲ့ဒီ့နောက် သက်ပြင်းချလိုက်တယ်။

သူ့ရဲ့ မျက်လုံးတွေကတော့ သူနဲ့ အတူ သက်ပြင်းချနေဟန်ပါပဲ။

“ မင်းသားကိုး။ ဆရာလုပ်တာတော့ မဟုတ် ဘူး။ ဒါပေမယ့်လည်း အသင်က တော်ဝင်မျိုးရိုး တစ်ယောက်ပဲ။ တခါ တစ်လေမှာ ပိုပြီးတော့ ဂရုစိုက်သင့်တယ်။ အကြီးအကဲ ဟန် က အဓိက စာစစ်သူ တစ်ယောက် ဖြစ်ပြီးတော့ မင်းကတော့ လက်ထောက် တစ်ယောက်လေ။ အနည်းဆုံးတော့ သုခမိန် လောက အကြောင်း ဖတ်လာသင့်တယ်။ မင်းရဲ့ မေးခွန်းတွေကို ကြည့်ပါအုန်း ကြားမကောင်းလိုက်တာ။ ကောင်းကင်ရောင်ပြန် အဆင့် ကျင့်ကြံသူ တစ်ယောက်က ဘယ်လိုများ တံတားကျိုး အတားအဆီးကို ဖြတ်နိုင်မှာလဲ။ ဒါက မောက်မာတဲ့လူ တစ်ယောက်ရဲ့ ခပ်ချာချာ အတွေးပဲ မဟုတ်ဘူးလား။”

“ အကိုတော်က ပညာရှိပါပေတယ်။” မင်းသားကိုးက သွမ့်အရှင်ရဲ့ စကားကို ကြားချိန်မှာတော့ ခေါင်းငြိမ့်လိုက်တယ်။ ဒါပေမယ့်လည်း သူ့ရဲ့ မျက်လုံးတွေကတော့ ဆက်ပြီးတော့ တွေးတော နေဟန်ပါပဲ။

ဒါပေမယ့်လည်း ပုံရပ်လွှာဟာ ဒုတိယ အချီကိုသာ အဓိက ထား ပြနေခဲ့တဲ့ အတွက် သုခမိန်လောကထဲက ပထမ အချီမှာ ဘယ်လို ဖြစ်နေလဲ မသိတော့ဘူး ။”

…

သုခမိန်လောက ထဲမှာတော့

ပင်းယန်ရဲ့အသံ ဟာ ပိုပြီးတော့ ပိုပြီးတော့ စိတ်မရှည် ဟန်ပေါက်လာတော့တယ်။

ရှင်ချင်းစွေ့နဲ့ နန်ကုန်းမုကတော့ တတိယ အချီကို ဖြတ်သွားပြီ ဖြစ်တယ်။ နောက်ပြီးတော့ ငါက အခုချိန်မှာ ပထမ အချိန်မှာ ရှိနေပြီ ဖြစ်တယ်။” ပင်းယန်က တော့ ပေါက်ပေါက် ဖောက်နေပြီ ဖြစ်တယ်။

ရန်ရွှယ်ကတော့ စိတ်အေးစွာနဲ့ ရေခဲလို အေးစက်နေခဲ့တယ်။ သူဟာ ကြေညာချက်တွေကို မကြား ဖူးတဲ့ အတိုင်းပါပဲ။

သနားစဖွယ် လူ သုံးဦးဟာတော့ ပိုပြီးတော့ ပိုပြီးတော့ စိုးရိမ်လာခဲ့တယ်။ ဖန်ကျန်းရှီ ပိုပြီးတော့ အချိန်ကြာလေလေ ။ သူတို့ အပေါ်ကို ရောက်ဖို့ အခွင့် အရေးနည်းလာလေလေ ဖြစ်တယ်။

ဖန်ကျန်းရှီ က တော့ သူတို့ အားလုံးထဲမှာ သက်တောင့်သက်သာ အဖြစ်ဆုံးသူပဲ ဖြစ်တယ်။

သူ့အသွင်ဟာတော့ သိပ်ပြီးတော့ကို အာရုံစိုက် အလေးထားဟန် မဟုတ်ပါဘူး။ သူဟာတော့ တံတားကျိုးပေါ်က ကျောက်တုံးကိုသာ ကြည့်ပြီးတော့ တခြား တစ်ဖက်က မြူတွေ ဆိုင်းနေတဲ့ ဘက်ကို ငေးပြီးတော့သာ ပျင်းရိနေဟန်ပါပဲ။

သူ့ကြည့်ရတာတော့ ရှုခင်းကို ကြည့်နေဟန်ပါပဲ။

တံတားပေါ်ကို ခြေချချိန်တည်းက သူဟာ ဒါကို တွေးပြီးသားဖြစ်တယ်။

ကျောက်တုံးပြားကြီးကို အချိန်အတော်ကြာ စိုက်ကြည့်နေခဲ့တယ်။ အက်ကွဲရာ တစ်ခု ချင်းစီ ကို အသေအချာ စိုက်ကြည့်နေခဲ့တယ်။

ဒီ အရာတွေဟာ ကျောက်တုံး တံတားကျိုးကြီးရဲ့ သက်တမ်းးကို ဖော်ပြနေတာပဲ ဖြစ်တယ်။ အကယ်၍ သူ့ အရင်လောကမှာသာ ဖြစ်ခဲ့ရင် ဒီ နေရာမျိုးက ကျော်ကြားတဲ့ ခရီးသွားလာရေး နေရာ ဖြစ်မှာပဲ။

ပညာရှိ သုခမိန်လောကထဲက အတားအဆီးတွေက ဘာတွေများ ထူးခြားနေတာလဲ။

ဖန်ကျန်းရှီ ပြောနိုင်တာ တစ်ခုကတော့ ဒီ ပညာရှိသုခမိန် စိတ်အာရုံနယ်မြေ ဟာ ယုံကြည်မှု မြစ် မြို့တော်က စိတ်အာရုံနယ်မြေနဲ့ ကွာခြားတယ် ဆိုတာပဲ ဖြစ်တယ်။

ဒီ အတားအဆီးတွေဟာတော့ မှော်ပညာ တွေနဲ့ ချိတ်ဆက်ထားတာ ဖြစ်တယ်။ ကျောက်တုံး တွေ ပြုတ်ကျလာတာလည်း မရှိဘူး။ ထောင်ချောက်တွေလည်း မရှိဘူး။ ကြည့်ရတာ လုံးဝကို ပုံမှန်တံတားအတိုင်းပဲ။

ဒါပေမယ့်လည်း ဒါက ပညာရှိ သုခမိန်လောက ဖြစ်နေတယ်။

သုခမိန် စစ်နတ် မုန့်ထျန်း ဖန်တီးထားတာ ဖြစ်တယ်။

လုံးဝကို သာမာန် တံတား တစ်ခုတော့ မဖြစ်နိုင်ဘူး။

ဖန်ကျန်းရှီကတော့ ဒီ တံတားပေါ်မှာ အမှတ်အသားလေးတွေ စကားလုံး အရိပ်အမြွက်တွေ ရှိနေမယ်လို့ အနည်းဆုံး မျှော်လင့် ထားတာ ဖြစ်တယ်။

ဒါပေမယ့်လည်း တစ်နာရီလောက် ကြာပြီးနောက်မှာတော့ သူဟာ နားလည်သွားတော့တယ်။

ဒီမှာ ဘာမှ မရှိဘူး။

ဒီ ပုံကြမ်းကတော့ လုံးဝကို မူးယစ်စေနိုင်တယ်။

ဒါပေမယ့်လည်း ဖန်ကျန်းရှီကို ကြည့်ရတာတော့ အတော်လေးကို သက်တောင့်သက်သာ ဖြစ်နေဟန်ပါပဲ။

နောက်ဆုံးမှာတော့ သူသာ မဖြတ်နိုင်တော့ရင် ဒီ ဖြေရှင်းချက်က တကယ့်ကို ရိုးရှင်းပါတယ်။

တစ်ယောက်ယောက်ကို ပြစ်ချ လိုက်ရုံပဲပေါ့။

ဒါက ရိုးရှင်းတယ်။ ဖန်ကျန်းရှီကတော့ ဒီ တံတားကျိုးကို ဖြတ်သန်းဖို့ အတွက် သိပ်ြင်္ပီးတော့ ခေါင်းခြောက်ခံ စရာ မလိုပါဘူး။

ဒါကို ဖြတ်ဖို့ဆိုတာ အပိုဆောင်း ဆုလဒ် ြဖ်စတယ် ။

ဒါကို မဖြတ်နိုင် လိုက်ရင်တောင်မှ သူ့မှာ အရှုံးမရှိ ဘူး ဖြစ်တယ်။

ဖန်ကျန်းရှီကတော့ အမြဲတမ်းကို လမ်း စ ရှိပြီးသားဖြစ်တယ်။ ဒီလိုမျိုး ရှုခင်းကို ကြည့်ရှုပြီးနောက်မှာတော့ သူဟာ တံတား ပတ်လည်ကို ကြည့်လိုက်တဲ့ အချိန်မှာ တံလျှပ်ရောင်ပြန် တချို့ကို တွေ့လိုက်တယ်။

ဒါပေမယ့်လည်း သူဟာ တံတား အောက်မှာ ဘာမှကို မတွေ့တဲ့ အတွက် အတော်လေးကို စိတ်ပျက်သွားခဲ့တယ်။ ဒီထဲမှာ လွင့်မျောနေတဲ့ ပုံရိပ်တွေလည်း မတွေ့ဘ့ူးဖြစ်တယ်။ သူတွေ့နေရတာကတော့ နက်ရှိုင်း တဲ့ လျှိုုမြောင်ကြီး တစ်ခုပဲ ဖြစ်တယ်။

အဆုံးကို မမြင် နိုင်ဘူး။ ဖြစ်နိုင်တာကတော့ ဒါက အဆုံးမရှိတာလဲ ဖြစ်နိုင်တယ်။

“ ဒီ အောက်မှာ လှပတဲ့ ရှုခင်း မရှိနိုင် ဘူး ဆိုရင်တော့ ကမ္ဘာ့ အောက်ခြေကို ကြည့်နေရသလိုမျိုး ဖြစ်တော့မှာပဲ။”

“ တံတားကျိုး…”

ဖန်ကျန်းရှီကတော့ ဖြူဖွေးတဲ့ မြူနှင်းတွေကို ကြည့်ပြီးနောက် မျက်လုံး မှိတ်လိုက်ပြီးတော့ အသက် ပြင်းပြင်းရှူသွင်းလိုက်တယ်။ အဲ့ဒီ့်နောက် သူ့စိတ်ထဲမှာ ပန်းချီကား တစ်ချပ် ပေါ်လာခဲ့တယ်။

“ မြစ်တစ်စင်း ဟာ လျှိုမြောင် နှလုံးသားကိုဖြတ်သန်းပြီးတောက်ပ စွာ စီးဆင်းနေတယ်။”

“ လေထုဟာ စိုစွတ်နေပင်မယ့်လည်း မိုးကိုတော့ မတွေ့ရဘူး။ ကောင်းကင်ကတော့ မှောင်မည်းနေပင်မယ့် တိမ်တွေကိုတော့ မမြင်နိုင်ဘူး။”

“ တံတားကျိုးဟာ အလည်မှာ ရှိနေပြီးတော့ ပန်းတွေဟာလည်း ပတ်လည် မှာပွင့်ဖူးနေတယ်။ ”

“ မြောက်ပိုင်း သစ်တောက် ခေါင်းလောင်းလေးတွေ မြည်သံကို ငါ့ရဲ့ အနောက် ပြတင်းကနေ ကြားနေရသလိုပဲ။” (၁)

“ ဆောင်း ဥတု အတွင်းက တံတားကျိုး ။ အနောက်ပိုင်း ရေကန်ရဲ့ ထိပ်တန်း ရှုခင်း ၁၀ ခု တည်းက တစ်ခု။ ငါ့ရဲ့ အရင် လောကထဲကို ပြန်ရောက်သွားတာလား။ ဒါက တန်ဖိုးကြီး ကား တစ်စီး ကို ဖျက်ဆီး လိုက်ရသလိုမျိုးပဲ။”

ဒါကို တွေးနေချိန်မှာပဲ ဖန်ကျန်းရှီဟာ တောင့်ခဲသွားတော့တယ်။

“နေပါအုန်း။”

မြူနှင်းတွေ အကြောင်း တွေးနေချိန်မှာ ပဲ။ ဒီ တံတားဟာ အနောက်ပိုင်း ရေကန်က တံတားကျိုး နဲ့ တူတာကို တွေးမိသွားတယ်။ နှစ်ခုလုံးက ရှေးကျပြီးတော့ တံတား တစ်စင်း လုံးကို မမြင်အောင် ဖုံးအုပ်ထားတယ်။

အနောက်ပိုင်း ရေကန် တံတားကတော့ နှင်းတွေနဲ့ မြင်ကွင်းကို ပိတ်ဖုံးထားတာ ဖြစ်တယ်။

အခု တံတားကတော့ မြူတွေနဲ့ ပိတ်ဖုံးထားတာ ဖြစ်တယ်။ ဒါက လုံးဝကို ပုံရိပ် တစ်ခုနဲ့ တူနေတာ ဖြစ်တယ်။

ကြည့်ရတာ မှုန်ဝါးနေတယ်။

ကြည့်ရတာ တကယ် မကျိုးဘူး ဖြစ်နေတဲ့ပုံပဲ။

တံတားကျိုး။

တံတားကျိုး။

“ ငါ နားလည်ပြီ။ မဖြစ်နိုင် ပါဘူး။ ဒီ တံတားကျိုးက ။။ ” ဖန်ကျန်းရှီရဲ့ မျက်လုံးတွေ မြင့်တက်သွားတော့တယ်။ ကြည့်ရတာတော့ အတော်လေးကို ပျော်ရွှင်သွားဟန်ပါပဲ။

အပိုင်း (၁၉၁ ) ပြီး၏။

(၁) ကျန်းဟူ ရေးသား ထားတဲ့ ကဗျာ တစ်ပုဒ် ဖြစ်တယ်။

အပိုင်း ( ၁၉၂)

“ လျှိုမြောင်ထဲကို ခုန်ချခြင်း ”

မှုန်ဝါးတယ် ဆိုတာကတော့ တစ်စုံတစ်ခုကို ကောင်းကောင်းမမြင်နိုင်တာကို ဖော်ပြတဲ့ အခေါ် အဝေါ် တစ်ခု ဖြစ်တယ်။

ဒါပေမယ့်လည်း ဖန်ကျန်းရှီ ကတော့ ဒီ အခေါ် အဝေါ်ကို အသုံးမပြုပါဘူး။ ပိုပြီးတော့ ထူးဆန်းတဲ့ ပိုပြီးတော့ ရှေးကျ လက်တွေ့ ဆန်တဲ့ အဓိပ္မာယ်ကို ရှာခဲ့တယ်။

သူ့ရှေ့က အရာကတော့ ခန့်မှန်းဖို့ ခက်ခဲတဲ့ အရာ ဖြစ်လိမ့်မယ် ။

ထုံးစံ အတိုင်း ဒီ စိတ်အာရုံ နယ်မြေထဲက အရာတွေ အားလုံးဟာ အရိပ်အမြွက်ပဲ ဖြစ်တယ်။ အနည်းဆုံးတော့ မင်း ဒါကို ဖြတ်ဖို့လိုတယ်လို့ ပြောနေသယောင်ယောင်ပါပဲ။

ဒါပေမယ့်လည်း ဒီ တံတားကျိုးမှာတော့ ဒီလို အရိပ်အမြွက် မျိုး မပေးဘူး။ ကျောက်တုံးပေါ်က စာလုံးတွေကနေ တံတား တည်ဆောက်ပုံ အထိ အရာ အားလုံးက သိပ်ကို သမာရိုးကျ ဆန်လွန်းတယ်။

ဘယ်နားကနေ စရမလဲ ဆိုတာကို နားလည်ဖို့ ခက်ခဲ တယ်။

ကြည့်ရတာတော့ ဒီ တံတားကို ဖြတ်ဖို့ အတွက် အင်အားကိုပဲ လိုနေတဲ့ပုံပါပဲ။

ဒါပေမယ့်လည်း သုခမိန် လောက ထဲက အတား အဆီး တစ်ခု ဖြစ်နေတယ်။ ဒီ တံတားကို ဖြတ်ဖို့ အတွက် နည်းလမ်းကတော့ အမြဲ တစ်ခုထက် ပိုနိုင်တယ်။

ဒီ မှာ အရိပ်အမြွက် မရှိဘူးဖြစ်နေတယ်။ ဒါကလည်း အရိပ်အမြွက် ပေးထားပြီးပြီ ဖြစ်တာကို ဆိုလိုတယ်။

ဘာကြောင့်လဲ ဆိုတော့ …

အရိပ်အမြွက်က တံတားကျိုး ဖြစ်နေတာကြောင့်ပဲ။

ဖန်ကျန်းရှီကတော့ အကယ်၍ သူသာ မှန်ခဲ့ရင် ဘယ်လို လုပ်ရမလဲ မသိသေးပါဘူး။ ရုတ်ချည်း အရဲစွန့် လှုပ်ရှားတာမျိုးလည်း မရှိပါဘူး။ ဒီ အကြံမျိုးကိုတော့ လူ အနည်းစု လေးလောက်သာ စဉ်းစား နိုင်မှာ ဖြစ်တယ်။

ဒါပေမယ့်လည်း အကယ်၍ သူ ကောင်းကင်ရောင်ပြန် အဆင့်ကို ရခဲ့စဉ် အချိန် ကလို တူညီတဲ့ စည်းမျဉ်းတွေ သာ ရှိနေရင် ဘယ်လို ဖြစ်မလဲ။

ဒါဆို မဖြစ်နိုင်တဲ့ အရာလည်း မရှိတော့ဘူး။

အကယ်၍ တံတားကသာ ရောင်ပြန် တစ်ခု ဖြစ်မယ် ဆိုရင် ဒီလောကမှာ တကယ်တမ်း စစ်မှန်တဲ့ ကျောက်တုံးတံတား တစ်ခု ရှိရမယ်။

သူ ဒါကို တွေးမိတဲ့ နောက်မှာတော့ သူဟာ တစ်ဖက်ကို လှည့်လိုက်ပြီးတော့ တံတားကို ခွာလိုက်တယ်။ အဲ့ဒီ့နောက် တောင် ပူစာ လေးရဲ့ အစွန်းဆီကို လျှောက်သွားပြီးတော့ ကြည့်လိုက်တယ်။

“ သူက တောင် ပူစာ ပေါ်ကနေ ခုန်ချဖို့ လုပ်နေတာလား။ ဘာလဲ တံတားကျိုးကို မဖြတ်နိုင်လို့လား။ ” ပင်းယန်က ဖန်ကျန်းရှီ ရှိနေတဲ့ ဘက်ကို ခြေထောက်နဲ့ လှမ်းကန် လိုက်တယ်။ သူမရဲ့ မျက်နှာ အမူအယာတွေကတော့ လုံးဝကို သံသယ တွေ ပြည့်နေခဲ့တယ်။

“ ငါတော့ မထင်ဘူး။” ရန်ရွှယ်ကတော့ ဖန်ကျန်းရှီ လုပ်နေတာတွေ ကို မစဉ်းစား တတ်ပါဘူး။ ဒါပေမယ့်လည်း ဖန်ကျန်းရှီက တစ်စုံတစ်ခု လုပ်မှာကိုတော့ သူ သေချာ နေတယ်။

သနားစဖွယ် လူသုံးယောက်ကတော့ ဖန်ကျန်းရှီ ကို ကြည့်ရင်း ချွေးဒီးဒီး ကျနေ ကျတယ်။ “ သူက ဘာတွေ လုပ်နေတာလဲ။ ငါတို့ကို အကျ နာစေဖို့ နေရာ ကောင်းကောင်း ရှာနေတာလား။”

သူတို့ဟာ ဒါကို တွေးမိတာနဲ့ အော်ငို ချင်လာတော့တယ်။

သူတို့ ဒါကို မငြင်းဆန်နိုင်ပေမယ့်လည်း ဒါကို တွေးမိ ချိန်မှာတော့ ဝမ်းနည်းလာတော့တယ်။

…

ဖန်ကျန်းရှီကတော့ ပင်းယန်နဲ့ ရန်ရွှယ် ညာကို တွေးနေလဲ ဂရုမစိုက်ပါဘူး။ သူ တွေး နေတာကတော့ တခြား ကျောက်တုံးတံတားကို ရှာဖို့ ဖြစ်တယ်။ တောင်ပူစာ ဘက်ကို လမ်းလျှောက် သွားရင်း နဲ့ သူ့ရဲ့ ခြေထောက်ကို ခြေလှမ်း ချလိုက်တယ်။

“ မဖြစ် ။ မဖြစ်နိုင် ဘူး။ ဒီ မှာ တခြား နေရာတွေ အများကြီးရှိတယ်။”

“ နောက် တစ်ခါတော့ မဖြစ်နိုင် ဘူး။”

“ မကောင်း လိုက်တဲ့ ကံ။ ဘာလို့ ဒါတွေ ဖြစ်နေရတာလဲ။”

သူ ခြေလှမ်း အနည်းငယ် လျှောက်ပြီးတဲ့ နောက်မှာတော့ ပုန်းကွယ်နေတဲ့ ကျောက်တုံးတံတားကို လိုက်ရှာနေတယ်။

ဒါပေမယ့်လည်း

တောင်ပူစာ တစ်ခုလုံးကို လှည့်ပတ်ကြည့်ပြီးတဲ့ နောက်မှာတော့ ခြေနင်း စရာ တစ်ခုတောင်မှ မတွေ့မိခဲ့ဘူး ဖြစ်တယ်။

သူ ထင်တာများ မှားသွားတာလား။

ဖန်ကျန်းရှီကတော့ သူတို့ မြင်နေရတဲ့ တံတားက အတု အယောင်လို့ ထင်နေတယ်။ နောက်ပြီးတော့ တောင်ပူစာရဲ့ တစ်ဖက်မှာ တံတား အစစ် တစ်စင်း ရှိမယ်လို့ တွေးလိုက်မိတာပဲ ဖြစ်တယ်။

ဒါပေမယ့်လည်း မ၇ှိဘူး။

“ ဒါက မမှန်သေးဘူး။ ဒီမှာ အစစ်ကော အတုပါ မရှိဘူးလား။” ဖန်ကျန်းရှီက သူ့ရဲ့ နှလုံးသားထဲမှာ စိတ်ရှုပ်ထွေးနေပြီးတော့ စိတ်ထဲမှာ လည်ပတ်နေခဲ့တယ်။

မှုန်ဝါးနေခြင်း ။

ဒီ အတွေးအခေါ်က အမှန်တရား ဖြစ်နိုင်လို့လား။

ဒါဆို ဘာက ပြဿနာလဲ။

ဖန်ကျန်းရှီ တွေးနေချိန်မှာပဲ သူဟာ အဖြူရောင် မြူနှင်းတွေ တခြား တစ်ဖက်မှာ ရှိနေတာကို ကြည့်လိုက်တယ်။ အပြောင်းအလဲတွေကို တဖြည်းဖြည်း တွေ့လာတော့တယ်။

အချိန်တွေဟာ တဖြည်းဖြည်း ကုန်ဆုံးသွားတယ်။

တစ်ခဏ ကြာပြီးနောက်မှာတော့

သူ့ရဲ့ မျက်လုံးတွေ တလက်လက် တောက်လာတော့တယ်။

“တံတား ကျိုး။ ကျိုး၊ ကျိုး။ ငါ နားလည်ပြီ။ တခြားသော တံတား တစ်ခု ရှိမယ်လို့ ထင်နေတာ ။ ဒါက ရှိမှ မရှိတာ။ နာမည်ကိုက တံတားကျိုး ဆိုမှတော့ တကယ့်ကို ကျိုးနေတဲ့ တံတား ပဲလေ။ နောက် တစ်ဖက် က ဖြောင့်ဖြောင့်တန်းတန်း ရှိနေမှာမှ မဟုတ်တာ။ တံတားတွေက ကွဲနေတာပဲ။”

ဒီလမ်းက အင်အား မပြည့်ဝတဲ့ သူတွေ ဆိုရင် ပြုတ်ကျမှာ အသေအချာပဲ။

ဟုတ်တာပေါ့။ ဒါက ပြဿနာပဲ။

တံတား နှစ်ဖက်က လုံးဝကို မျဉ်းဖြောင့် တစ်ခု တည်းမှာ မဟုတ် ဘူး။

တံတားကျိုး ကိုယ်တိုင်ကိုက အရိပ်အမြွက်ပဲ။ အရိပ်အမြွက်ပေးထားတာက တခြား တစ်ဖက်မှာ တံတား တစ်ခု ရှိနေတယ် ဆိုတဲ့ သဘောပဲ။ ဦးတည်ရာ က မှန်နေသရွေ့ ။ လူ တစ်ယောက်က အင်အား ပြည့်၀ နေသရွေ့ ။ တခြား တစ်ဖက်ကို ရောက်သွားမှာ အမှန်ပဲ။

ဒါက ရိုးရှင်းတယ်။

ဒါပေမယ့်လည်း တခြား တစ်ဖက်ကို မမြင်နိုင်မှာတော့ ဒီ အတွေးအခေါ်ကို နားလည်ဖို့ အတွက်က ခက်ခဲလိမ့်မယ်။

ဖန်ကျန်းရှီ သင်ယူခဲ့သမျှ အရာတွေကို ကောင်းကောင်း အသုံးချနိုင်တာကတော့ ကောင်းတယ်။

ဒါဆိုရင်…

မှန်ကန်တဲ့ ဦးတည်ရာ ဆိုတာ ဘာလဲ။

ဖန်ကျန်းရှီကတော့ အဖြူရောင်မြူနှင်းတွေကို နောက်တစ်ကြိမ် ကြည့်လိုက်တယ်။ အလွန်လျင်မြန်စွာနဲ့ပဲ နောက် တစ်ဖက်ကို သူတွေက လိုက်တယ်။ ဒီ ဘက်ခြမ်းက မြူတွေပဲ ပိုပြီးတော့ထူနေတာ ဖြစ်တယ်။

ဒါက လုံးဝကို ပုံမှန် မြင်ကွင်းပဲ။ မြူတွေက တိကျတဲ့ နေရာမှာပဲ ထူနေတာ ဖြစ်တယ်။

ဘာကြောင့် မြူတွေ ထူနေတာလဲ မသိရင် နောက် တစ်ဖက်က တံတား တစ်ခြမ်းကိုလည်း မြင်နိုင်မှာ မဟုတ်ဘူး။

ဖန်ကျန်းရှီကို သတိပြုမိသွားစေတာကတော့ အချိန် ဘယ်လောက်ကြာကြာမြူတွေက တစ်နေရာမှာပဲ ထူထပ်နေတာ ဖြစ်တယ်။

“ သွားရအောင် ။ တံတားကို ဖြတ်ရအောင် ” ဖန်ကျန်းရှီက ရန်ရွှယ် နဲ့ ပင်းယန်တို့ကို ကြည့်လိုက်ရင်း ပြုံးလိုက်တော့တယ် ။

“ တံတားကို ဖြတ်ရမယ်။ ဘယ်လိုလဲ။ ” တမှေးနှပ်နေ တဲ့ ပင်းယန်ဟာ ဖန်ကျန်းရှီရဲ့ အသံကို ကြားချိန်မှာတော့ သံသယ အပြည့်နဲ့ မျက်လုံးတွေ ပွင့်လာခဲ့တယ်။

ရန်ရွှယ်ကတော့ မပြောပါဘူး။ ဒါပေမယ့်လည်း သူ့ရဲ့ အတွေးတွေကတော့ လုံးဝကို သံသယဝင်နေခဲ့တယ်။

“ ကောင်းပြီလေ။ ငါတို့ ခုန်ကြမယ်။ သေချာကြည့်” ဖန်ကျန်းရှီက ပြောပြီးတဲ့ နောက်မှာတော့ နောက် ထပ် ရှင်းမပြတော့ပဲ တောင်ပူစာ ပေါ် တက် ပြီးတော့ မြူထဲကို ခုန်ချလိုက်တယ်။

ဒါဟာ ပင်းယန်ကို အံ့အားသင့်စေတယ်။

တစ်နာရီလောက် အချိန် ဖြုန်းပြီးနောက်မှာတော့ ဒီ လိုမျိုးလုပ်ဖို့ အတွက် ဆုံးဖြတ်လိုက်တာကို နားမလည် နိုင်ဘူး ဖြစ်နေတယ်။

ခုန်ချတာလား….

ဒါက အရမ်းကို မလွယ်ကူ လွန်းနေဘူးလား။

နောက်ပြီးတော့ ဖန်ကျန်းရှီၤက တံတားကနေ ခုန်တာမဟုတ်ပဲ။ တောင်ပူစာပေါ်ကနေ ခုန်ချတယ်။

သူ တကယ်ပဲ ခုန်ချလိုက်တယ်။

“ ဖန်ကျန်းရှီက တကယ်ပဲ တောင်ပူစာ ပေါ်ကနေ ခုန်ချလိုက်တယ်။” ပင်းယန်ရဲ့ ပါးစပ်တွေ အဟောင်းသား ဖြစ်သွားတော့တယ်။

“….” ရန်ရွှယ်ဟာလည်း ပါးစပ် အဟောင်းသား ဖြစ်သွားတော့တယ်။ ဖန်ကျန်းရှီက ဘာလို့ ရုတ်တရက် ခုန်ချလဲ သူ နားမလည် နိုင် ဘူး ဖြစ်နေခဲ့တယ်။ သူ သွေးလေ ချောက်ခြားသွားတာလား။

“ ဒါက သူ့ရဲ့ တောက်ပတဲ့ အကြံဉာဏ်လား။”

“ ကောင်းကင်ရောင်ပြန် အဆင့်ကို ဘယ်လိုများ တက်လာတာလဲ။ ဘာလို့ ဒီလောက်တောင် အရတာလဲ။ အကယ်၍ ငါ့ကိုသာ တစ်နာရီ စဉ်းစားခိုင်းရင် အနည်းဆုံးတော့ ဝါးလုံး နဲ့ ထောက်ကူးဖို့ ဆုံးဖြတ်မှာပဲ”

သူတို့ ငါးဦးဟာ ဖန်ကျန်းရှီရဲ့ ပျောက်ကွယ် သွားတဲ့ ပုံရိပ်ကို ကြည့်နေကြတယ်။

ဖန်ကျန်းရှီ ဟာ လေထဲမှာ လွင့်မျော နေခဲ့တယ်။ လေပြေညှင်းဟာသူ့ကို အားဖြည့်ပေးနေခဲ့တယ်။ သူဘေး ပတ်လည်က လေထု တွေကို ကောင်းကောင်း ထိန်းချုပ်ထားတာကို သိသာနိုင်တယ်။

ဒါဟာ တစ်ခုခုထူးခြားပြီးတော့ ပုံမှန် ဖြစ်လွန်းနေတယ်။

ဒါက ဘာမှ ထူးခြားနေတာ မရှိသလိုပဲ။

ဒါက ခြေလျင်သွားနေရင်သာ လူတိုင်းကို အံံ့သြစေမှာ ဖြစ်တယ်။

လူ အများစုက ဒီ နည်းလမ်းကို စမ်းသပ် ခဲ့ဖူးတယ်။ တံတားကျိုးပေါ်ကနေ ခုန်ချတာလဲ ရှိသလို တောင်ပူစာ ပေါ်ကလည်း ခုန်ချတာလည်း ၇ှိတယ်။

သူတို့ အားလုံး အဆုံးသတ်သွားခဲ့တာပဲ ဖြစ်တယ်။

တူညီတဲ့ နည်းလမ်း တစ်ခုတည်းပဲ။…..

“ ပြုတ်ကျကုန်တာ ဖြစ်တယ်။ ”

ဓားစာခံ သုံးယောက်ကတော့ တညီတညွှတ်တည်းနဲ့ ပြောလိုက်တာ ဖြစ်တယ်။

ဖန်ကျန်းရှီ တံတားကျိုးကို ဖြတ်နိုင်မယ်လို့ ဘယ်သူမှ မထင်ထားဘူး ဖြစ်တယ်။ ဒီလိုမျိုး ခုန်ချပြီးတော့ ဖြတ်မယ် လို့လည်း ဘယ်သူကမှ ဒီလို မတွေးထားဘူး ဖြစ်တယ်။

ရန်ရွှယ်က သူ့ကို ရပ်လိုက်ချင်ပေမယ့်လည်း အရမ်းကို နောက်ကျ သွားပြီ။

ဖန်ကျန်းရှီၤကတော့ ခုန်ချသွားခဲ့ပြီ။ အရမ်းကို လျင်မြန်စွာ နဲ့ မြူထူထူထဲမှာ နစ်မြုပ်သွားပြီပဲ ဖြစ်တယ်။

“ အ လိုက်တာ။ ငါ သူ့ကို ယုံတာ များသွားပြီ။” ပင်းယန်က အော်လိုက်တယ်။ အဲ့ဒီ့နောက် သူမဟာ ဓားစားခံ သုံးယောက်ဘက်ကို လှည့်လိုက်တယ်။ သူမရဲ့ မျက်လုံးတွေကတော့ “ ဒါဆို ဘယ်သူက အ၇င်သွားချင်လဲ။”

“…….”

တခြားသော ဓားစားခံ သုံးယောက်ကတော့ ပင်းယန် ဘာကို ဆိုလိုချင်လည်း ဆိုတာကို ကောင်းကောင်း နားလည်တယ်။ တစ်ယောက်ကို တစ်ယောက် သာ စိတ်ပျက်စွာ ကြည့်နေကြတယ်။ ဖန်ကျန်းရှီ ခုန်ချလိုက်တည်းက သူတို့ထဲက တစ်ဦးသာ အသက်ရှင်သန်မှာ ဖြစ်တယ်။

ဒီ လို အခြေ အနေမျိုးမှာ ဘယ်သူကမှ ရှေ့ကို မထွက်ရဲဘူး ဖြစ်တယ်။

သူတို့ သုံးယောက် မှာ ဘယ်သူကမှ စမထွက်ရဲ ဘူး ဖြစ်တယ်။

ဒါပေမယ့်လည်း ရန်ရွှယ်ကတော့ လှုပ်ရှားပါတယ်။ မြူတွေကို ကြည့်လိုက်ပြီးတော့ သူ့ရဲ့ အမူအယာဟာ အေးစက်နေခဲ့တယ်။ အဲ့ဒီ့နောက် သူ ဟာလည်း ဖန်ကျန်းရှီလိုပဲ ခုန်ချလိုက်တယ်။

ပင်းယန်ကတော့ တခြားသော သူ နှစ်ယောက် ခုန်ချမှာကို စောင့်နေတာ ဖြစ်တယ် ။ ၇န်ရွှယ် ခုန်ချသွားတာကို မြင်ပြီးတဲ့ နောက်မှာတော့ သူမရဲ့ ပါးစပ်တွေဟာ ပွင့်ဟ သွားတော့တယ်။

“ရန်ရွှယ် နင်က ဖန်ကျန်းရှီရဲ့ ခြေလှမ်းတွေကို လိုက်ပြီးတော့ ခုန်ချတယ်။ မရူးစမ်းပါနဲ့ … ဒါက သုခမိန် လောကပဲ။ ဒီလို နည်းမျိုးနဲ့ အတားအဆီးကိုဖြတ်နိုင်မယ်လို့ ငါတော့ မထင် ဘူး။” ပင်းယန်က စိတ်ပျက်လက်ပျက် ပြောလိုက်တယ်။

“ သူခုန်ချသွားပြီလေ။ ငါလည်း ခုန်ချရမှာပေါ့. ” ရန်ရွှယ်ရဲ့ အသံ ဟာတော့ အေးစက်နေခဲ့တယ်။ သူဟာ ပင်းယန်ရဲ့ အကြံကို လျစ်လျုရှုလိုက်ပြီးတော့ ဖန်ကျန်းရှီ ခုန်ချသွားတဲ့ နေရာကို လျှောက်သွားလိုက်တယ်။

သူဟာ တချက်ကြည့်လိုက်ပြီးနောက် လေထဲကို ခုန်ချလိုက်တယ်။

“ မဖြစ်နိုင် ဘူး။ သူ တကယ်ပဲ ခုန်ချလိုက်တယ်။” ပင်းယန် ဟာ လေထုထဲမှာ ပျံသန်းနေတဲ့ ရန်ရွှယ်ကို မယုံကြည်နိုင်မှုတွေ အပြည့်နဲ့ ကြည့်နေခဲ့တယ်. ။

အပိုင်း ( ၁၉၂) ပြီး၏။

အပိုင်း ( ၁၉၃)

“ ဒုတိယ အချီကို ဝင်ရောက်ခြင်း ”

ဓားစားခံ သုံးယောက်ကတော့ လုံးဝကို မယုံကြည်နိုင်မှုတွေနဲ့ ပြည့်နှက်နေခဲ့တယ်။ အကယ်၍ ဖန်ကျန်းရှီ သာ ခုန်ချဖို့ အပေမယ့်လည်း ရန်ရွှယ်ကတော့ ဒီ လောက် တုံးတဲ့သူ မဖြစ်သင့်ဘူး။

နောက်ပြီးတော့

ရန်ရွှယ် က ဖန်ကျန်းရှီ မှန်တယ် လို့ ထင်ရင်တောင်မှ ဒီလောက် မြန်မြန် မခုန်ချ သင့်ဘူးလေ။

ဖန်ကျန်းရှီ ခုန်ချပြီးတော့ အောင်မြင်သွားပြီလို့ မကြေညာခင်မှာတင် နောက်ကနေ ချက်ခြင်း ခုန်ချသွားတယ်။

ဒါက လုံးဝကို အချိုးမညီတာပဲ။

“ ဖန်ကျန်းရှီနဲ့ နေတာများလို့ ရူးသွားတာလား၊”

သူတို့ ဒါကို တွေးနေချိန်မှာပဲ မာဆတ်ဆတ် အသံ တစ်ခု ဟာ ကောင်းကင် ကနေ ထွက်လာတော့တယ်။

“ ဖန်ကျန်းရှီ ဒုတိယ အချီကို ရောက်ရှိ”

“ ဟားဟား ဖန်ကျန်းရှီက တကယ့်ကိုပဲ ထွက်သွားပြီ။ မင်းတို့ ထဲက ဘယ်တစ်ယောက် ကို တွန်းချပေးရမလဲ။ နေ ပါ အုန်း ။ အမ်။ ဒုတိယ အချီကို ရောက်ရှိတယ်။ ” ပင်းယန် ရဲ့ အမူ အယာတွေက တော့ လုံးဝကို အံ့သြဟန် နဲ့ ပြည့်နေတော့တယ်။

ဓားစာခံ သုံးဦးတို့ ဟာလည်း အံ့သြထိတ်လန့် သွားခဲ့တယ်။

“ ဖန်ကျန်းရှီ က ဒုတိယ အချီကို တက်သွားပြီ။”

“ဒါ က ဘယ်လို ဖြစ်နိုင်မှာလဲ။”

“သူ တကယ်ပဲ ခုန်ချ သွားတယ်လေ။ ဒါက ဖြစ်နိုင် လို့လား”

ဓားစာခံ သုံးယောက်ကတော့ လုံးဝကို မယုံကြည် နိုင်မှုတွေ ပြည့်နှက်နေတဲ့ မျက်နှာနဲ့ တစ်ယောက်ကို တစ်ယောက် ကြည့်နေခဲ့တယ်။ အမှန်တရားကို ရှာတွေ့ဖို့က ခက်ခဲတယ်။

ဖန်ကျန်းရှီက သူတို့ကို တောင်ကုန်းပေါ် မတွန်းတင် သွားဘူး ဖြစ်တယ်။

အကယ်၍ သူသာ ဒုတိယ အချီကို ရောက်သွားပြီ ဆိုရင် ဒီမှာ အဓိပ္မာယ် တစ်ခုပဲ ရှိတယ်။

တံတားကျိုုးကို သူ ဖြတ်သွားပြီ ဖြစ်တယ်။

“ သူ … သူ တကယ်ပဲ ဖြတ်သွားတယ်။ ” ပင်းယန် ဟာ မြူတွေထဲကို ငေးကြည့်နေခဲ့တယ်။ ဒါက အမှန်တရားဆိုတာကို သူ တကယ်ပဲ နားမလည် နိုင်ဘူး။

သုခမိန်လောကက တံတားကျိုး လေ……

ကောင်းကင်ရောင်ပြန် အဆင့် တစ်ယောက်က မှ ရာစုနှစ်တွေ အများကြီးမှာ မဖြတ်သန်းနိုင်ခဲ့ဘူး ဖြစ်တယ်။

ဒါပေမယ့်လည်း ဖန်ကျန်းရှီကတော့ လုံးဝကို ဖြတ်ကျော် နိုင်တယ်။

“ သူ့ရဲ့ ကျင့်ကြံ ဆင့်က ဘာလဲ။ မဖြစ်နိုင် ဘူး။ … မဖြစ်နိုင် ဘူး။ ကောင်းကင် ရောင်ပြန် အဆင့်ထက်ကို အပေါ်ကို တက်သွားပြီလား။ ” ပင်းယန်မှာတော့ ဖြေရှင်းချက် တစ်ခု တည်းပဲ ၇ှိတယ်။ ဒါပေမယ့်လည်း ဒီ ဖြေရှင်းချက်ကတော့ ကြည့်ရတာ လုံးဝကို ရယ်စရာ ဖြစ်နေတော့တယ်။

ဒီ အချိန်မှာပဲ ဒုတိယ အသံ တစ်ခုဟာ လေထုထဲက နေ ထွက်ပေါ် လာခဲ့တယ်။

“ ရန်ရွှယ် ဒုတိယ အချီကို ရောက်ရှိ”

“ဘာ ။ ဘာ ဖြစ်တယ်။” ပင်းယန်ရဲ့ ပါးစပ်ဟာ ပွင့်ဟ သွားတော့တယ်။ သူမရဲ့ အံ့သြထိတ်လန့် မှု ဟာတော့ ဖန်ကျန်းရှီ သူမရဲ့ အဝတ်ဗလာ ကိုယ်ကို မြင်သွားချိန်က ထက်တောင် ပိုဆိုး နေခဲ့တယ်။

ဓားစာခံ သုံးဦးဟာလည်း လုံးဝကို ထိတ်လန့် နေခဲ့တယ်။

အကယ်၍ ဖန်ကျန်းရှီ သာ ဖြတ်သွားနိုင်တာ ဆိုရင် သူ့ရဲ့ စစ်မှန်တဲ့ စွမ်းအားကို ကွယ် ဝှက်ထားတာပဲ ဖြစ်မယ်။ ဒါပေမယ့်လည်း ရန်ရွှယ် ဒီလို လုပ်တာကတော့ ဘယ်လို မျိုးဖြစ်သွားတာလဲ။

“ မင်း တကယ်ပဲ ခုန်ချနိုင်တာလား။” ဓားစားခံ သုံးဦးဟာ မယုံကြည်နိုင် ကြပါဘူး။ ဒါပေမယ့်လည်း သူတို့ လုပ်ဖို့ လိုတယ်။ ဒါက အမှန်တရားပဲ။။

အခုက သူ့ရဲ့ မျက်စိရှေ့မှာ ဖြစ်လာတာပဲ။

…

အချိန်တွေဟာတော့ ဖြည်းဖြည်း ချင်း ကုန်ဆုံးသွားခဲ့ပြီ။ ပင်းယန် နဲ့ တခြား သုံးဦးတို့သာ နောက်ဆုံးအနေနဲ့ ကျန်ရှိနေတော့တယ်။

ပင်းယန်ဟာတော့ ဓားစားခံ သုံးဦးကိုသာ ကြည့်နေခဲ့တယ်။

“ မင်းတို့ အားလုံး အရင် ခုန်ကြ”

“ ဘာ ပြောတယ်။ မလုပ်ပါနဲ့။ မင်းသမီးလေး မလုပ်နဲ့။”

“မဟုတ်ရင် ငါ နင်တို့ အားလုံးကို ဒီလို တွန်းချပစ်ရမလား။” ပင်းယန်ဟာ ရဲရဲတောက် ချီလင်လှံကို ဝေ့ယမ်း လိုက်ချိန်မှာတော့ သူမအနားမှာမီးတောက်တွေ ဖြစ်ပေါ်လာတော့တယ်။

“သူမဟာ မီးလျှံ ကြားမှာ ရပ်နေဟန် ပဲ။”

ဓားစားခံ သုံးဦးလုံးဟာ ပင်းယန် ကို ကြည့်ရင်း သူတို့ရဲ့ ကံ ကို စွန့်လွှတ်လိုက်တယ်။

“ မင်းသမီး … .ကျွန်တော် တို့ ခုန် ချ ဖို့ ဆိုရင် ဒီက နေ ပဲ ခုန်ချလို့ ရမလား။” ဓားစားခံ တစ်ဦး ဟာ တံတားကျိုးကို ကြည့်လိုက်တယ်။ တောင်ပူစာ ဘက်က ခုန်ခ တာဟာ အတော်လေးကို ရူးလွန်းတယ်လို့ ထင်တယ်။

အကယ်၍ သူသာ ခုန်ချဖို့လိုတယ် ဆိုရင် သူဟာ တံတားကျိုး ဘက်က ခုန်ချဖို့ကို ရွေးမှာပဲ ဖြစ်တယ်။

“ ကောင်းပြီလေ။ ဒါဆိုရင်လည်း ဆက်ပြီးတော့ လုပ်ကြတာပေါ့။” ပင်းယန် ဟာ တံတားကျိုးကို ကြည့်လိုက်ပြီးတော့ တောင်ပူစာကိုကြည့်လိုက်တယ်။ ခေါင်းမငြိမ့်ခင်မှာ သူမရဲ့ နှုတ်ခမ်းတွေဟာ တွန့်ကွေးသွားပြီးတော့ နှာခေါင်း တစ်ချက် ရှုတ်လိုက်တယ်။

ဓားစာခံတွေဟာတော့ သူမရဲ့ စိတ်ပျက်သွားဟန်ကို သတိမပြု မိကြပါဘူး။ သူတို့ တံတားကျိုး ဘက်ကနေ ခုန်ရမယ် ဆိုတာကို ကြားတာနဲ့ သက်ပြင်းချလိုက်တော့တယ်။

နောက်ထပ် နှောင့်နှေးတာမျိုး တော့ အဖြစ်မခံနိုင်ဘူး။

သူဟာ တံတားကျိုးဘက်ကနေ ပင်းယန် စိတ်မပြောင်းခင် အချိန်မှာပဲ ခုန်ချလိုက်တယ်။

“အားးးး” သူ့ရဲ့ အော်သံဟာ သူ ပြုတ်ကျသွားတာနဲ့ အတူ ထွက်ပေါ်လာတော့တယ်။

…

“စွန်း ကျိုက်လင် ကျရှုံး”

မာဆတ်ဆတ် အသံ ဟာ လေထုကို ဖြတ်သန်းပြီးတော့ ထွက်လာခဲ့တယ်။

ဒီ အသံကို ကြားချိန်မှာတော့ သူမရဲ့ မျက်နှာပေါ်က အပြုံးတွေဟာ ပိုပြီးတော့ တောက်ပ လာခဲ့တယ်။ “ ဘယ်လို တောင် ရူးတဲ့ အရူးလဲ။ နင်တို့ရော သူ့လို နေရာတူကနေ ခုန် ချမှာလား။”

“ ကျွန်တော်တို့ ဟိုက နေ ခုန်ပါမယ်။” ဓားစာခံ နှစ်ဦးဟာတော့ စွန်း ကျိုက်လင်ရဲ့ ကျရှုံးသံကို ကြားချိန်မှာ ချွေးသီး ချွေးပေါက်တွေ ကျဆင်းလာတော့တယ်။ သူတို့ တွေဟာ ဖန်ကျန်းရှီနဲ့ ရန်ရွှယ် ခုန်ချတဲ့ နေရာကနေ ခုန်ချဖို့ အတွက် ရွေးချယ် လိုက်တော့တယ်။

“ ကောင်းပြီလေ။ ဆက်လုပ်ကြပါ။” ပင်းယန် ဟာ ခေါင်းငြိမ့်လိုက်တယ်။

“ သခင်လေး တန် ။ ကျေးဇူးပြုပြီးတော့ အရင် လုပ်ပါ။”

“ သခင်လေး လီ။ မင်း အရင် ကြွပါ။”

သူတို့ နှစ်ဦး လုံးဟာ တစ်ယောက်ကို တစ်ယောက် တွန်းထိုးနေခဲ့ကြတယ်။

“ တော်သင့်ပြီ။ မင်းတို့ ငြိမ်ကြ။ အကယ်၍ သူသာ ထွက်သွားခဲ့ရင် ငါ မင်းကို တွန်းချမယ်။ မင်း အရင်ခုန်ချ” ပင်းယန်ဟာ သူတို့ကို အမိန့်ပေးလိုက်တယ်။

ဓားစာခံ နှစ်ဦးဟာတော့ တစ်ယောက်ကို တစ်ယောက် ကြည့်နေခဲ့တယ်။ သူတို့တွေမှာတော့ တခြားသော ရွေးချယ်စရာမရှိတာကို နားလည် သွားတော့တယ်။

ဒီလိုမျိုးနဲ့ သခင်လေး တန်ဟာ အံကြိတ်ရင်း တောင်ပူစာ ပေါ်ကနေ ခုန်ချလာတော့တယ်။ အဲ့ဒီ့နောက် မြူနှင်းထဲကို ပြုတ်ကျသွားတော့တယ်။

ပင်းယန်ဟာတော့ မြူနှင်းကြားပျောက်သွားသူကို ကြည့်လိုက်တယ်။

…

“ တန်ဂျီမင်း ။ ဒုတိယ အချီကို တက်ရောက်”

ခပ်ဆတ်ဆတ် အော်သံ ဟာ လေထုထဲမှာ နောက်တစ်ကြိမ် ထွက်ပေါ် လာတော့တယ်။

“ ဟားဟားဟား ….. ငါ က အရမ်း တော်တာပဲ။ မင်း ဒီနေရာကနေ ခုန်ချလိုက်။” ပင်းယန် ဟာ ဒီ အသံကို ကြားချိန်မှာ တော့ အတော်လေးကို စိတ်လှုပ်ရှားသွားတော့တယ်။

နောက်ဆုံးကျန်တဲ့ ဓားစာခံ စာဖြေသူကတော့ ချွေးပျံစ ပြုလာတော့တယ်။ “ မင်းသမီးနဲ့ အပေးအယူ လုပ်ဖို့ ဖန်ကျန်းရှီ နားလည် တာ အတော် ဆိုးတာပဲ။”

“ မင်း ဘာပြောတယ်။”

“ အာ။ ကျွန်တော် ပြောတာက အ၇ှင်မင်းသမီး က ထက်မြက်တယ်။ ထောင်ချောက်တွေကို ကောင်းကောင်း ဖြတ်ကျော်နိုင်တယ်လို့”

“ငါ က တကယ် ပဲ အတယ်လို့ ထင်နေတာလား။ ငါက နင့်ကို မသတ်ချင်ရုံနဲ့ တံတားကျိုးကို ဖြတ်မှာ သုံးဖို့ပဲ။ အခုချိန်မှာ ငါ နင့်ကို တိုက်ခိုက်လို့ ရတယ်။” ပင်းယန်ဟာ တောင်ပူစာ ပေါ်ကို လမ်းလျှောက်သွားပြီးတော့ ထိုသူကို လျစ်လျူရှုလိုက်တယ်။

ဓားစာခံဟာတော့ ဘာမှ မပြောတော့ပါဘူး သူဟာ သူကိုယ်တိုင် သက်ပြင်းချလိုက်ရင်း “ မင်းသမီး။ လှံနဲ့ တိုက်တာကမှ ပိုကောင်းအုန်းမယ်။”

…

တော်ဝင်ကျောင်းတော်ထဲမှာတော့

သွမ့်ပြည်ထောင် အရှင်နဲ့ ဟန်ချန်ဖုန်းတို့ဟာ ပုံရိပ်လွှာကိုကြည့်နေကြတယ်။

ဒီမှာတော့ ပညာရှိသုခမိန်လောကထဲက တတိယအချီကို ပြနေတာ ဖြစ်တယ်။

အဲ့ဒီ့နောက်မှာတော့ ဒုတိယ အချီမှာ ကျောင်းသား အနည်းငယ်သာ ၇ှိတာကို ပြနေတော့တယ်။

“ ငါထင်တာတော့ နန်ကုန်းမု သူ့ရဲ့ စစ်မှန်တဲ့ အ၇ည်အချင်းတွေကို ထုတ်ပြ တော့မယ် ထင်တယ်။” သွမ့်အရှင်လင်းရှင်းကြွယ်က လက်ဖက်၇ည်ကို စုပ်သောက်ရင်း ပြောလိုက်တယ်။

တတိယအချီကို ရောက်နေသူတွေဟာတော့ လုံးဝကို ကောင်းကင်ရောင်ပြန် အဆင့်မှာ ရောက်နေသူတွေပဲ ဖြစ်တယ်။ လူတစ်ယောက်ရဲ့ အရည်အချင်းကို ဒီအချိန်မှာ လွယ်လွယ်ခွဲခြားလို့ ရနိုင်တယ်။

ဒီ အချိန်မှာတော့ ဝတ်ရုံနက် သတင်းပို့သူဟာ အလောတကြီးနဲ့ ပြေးဝင်လာခဲ့တယ်။

“ သွမ့်အရှင်။ မင်းသားကိုးနဲ့ အကြီးအကဲ ဟန်ကို သတင်းပို့ပါတယ်။ ဖန် … ဖန်ကျန်းရှီက ဒုတိယ အချီကို … ဝင် … ဝင်သွားပါပြီ။ ” သတင်းပို့သူ ဟာ သူ့ရဲ့ အံ့သြထိတ်လန့်မှုကို မျိုချ ရင်းနဲ့ သတင်းပို့နေခဲ့တယ်။

“ ဒါ က ဒါက သူတို့အောင်မြင်သွားတာလား။ဲ။” ဟန်ချန်ဖုန်းဟာ သတင်းလာပို့သူ ကြောင့် အတော်လေးကို စိတ်ပျက်သွားခဲ့တာ ရှင်းလင်းပါတယ်။

“ မှန်ပါတယ် ။ မှန်ပါတယ်။ ” သတင်းပို့သူ ဟာ ပါးစပ် အဟောင်းသားနဲ့ ပြန်ဖြေလိုက်တယ်။

“ စိတ်ပူ စရာ မရှိပါဘူး။ ဒုတိယအချီမှာ နှစ်ယောက် ပဲ ကျန်တော့တယ်။ ” သွမ့်ပြည်ထောင် အရှင်က ဟန်ချန်ဖုန်းကို ကြည့်လိုက်ရင်း ထပ်ပြီးတော့ မပြောတော့ပါဘူး။

“အရှင် ။ အရှင်ကို ပြန်ဖြေပါတယ်။ ဒီမှာ နှစ်ယောက်ပဲ ကျန်ရမှာ ဒါပေမယ့်လည်း အခုတော့ ၇ ယောက် တောင် ကျန်နေပါတယ်။ ” သတင်းပို့သူက ပြန်ဖြေလိုက်တယ်။ သူဟာ အသက် ပြင်းပြင်း တစ်ချက် ရှူလိုက်ရင်းနဲ့ သူ့ရဲ့ သတင်းကို ဆက်ပြီးတော့ ကြေညာခဲ့တယ်။ သူ မြင်ခဲ့ရတဲ့ နည်းလမ်းကတော့ အတော်လေးကို မျက်စိလည်စရာ ကောင်းတယ်။

“ နှစ်ယောက် ကျန်တယ်လား။ ဟားဟား တိုက်ခိုက်ဖို့ အတွက် လူတောင် မရှိတော့ဘူး။ အမ် ။ မင်း ဘာပြောတယ်။ ၇ ယောက် ဟုတ်လား။”

သွမ့် အရှင် ရဲ့ မျက်နှာဟာတော့ ၂ ယောက်လို့ ကြားချိန်မှာ အတော်လေး ပြုံးနေခဲ့ြ့ပီးတော့ ဒါပေမယ့်လည်း သူကြားတာ ကလွဲနေခဲ့တယ်။ ဘယ်လို လုပ်ပြီးတော့ ၇ ယောက် ဖြစ်သွားတာလဲ။

“ သတင်းပို့သူ ဝမ်။ မင်းပြောတာ ဟုတ်ကော ဟုတ်ရဲ့လား။ ဒုတိယ အချိန်မှာ ၇ ယောက် ရောက်နေတယ် ဆိုရင် ပထ မ အချီမှာ ဘယ်သူမှ မကျန်တော့ တာလား။” ဟန်ချန်ဖုန်းရဲ့ အသံဟာတော့ ရေခဲ တမျှ အေးစက်နေခဲ့တယ်။

“သွမ့် အရှင်နဲ့ အကြီးအကဲ ဟန် ကျေးဇူးပြုပြီးတော့ ခွင့်လွှတ်ပေးပါ။ ပထမ အချီမှာ ကျန်နေတာ တစ်ယောက်မှ မရှိတော့ပါဘူး။ ဒါပေမယ့်လည်း ဖန်ကျန်း၇ှီ သုံးဦး နဲ့ သူ့ရဲ့ အဖွဲ့က ဖမ်းထားသူတွေထဲက နှစ်ဦးဟာလည်း ပထမ အချီကို အောင်မြင်သွားတဲ့ အတွက် ၇ ယောက် ကျန်နေတာ ဖြစ်တယ်။ ”

“ မင်း ဘာကို ဆိုလိုတာလဲ။ ဓားစာခံထဲက ၂ ယောက်ပါ အောင်မြင် သွားတယ်လို့ မင်း ပြောနေတာလား။” ဟန်ချန်ဖုန်းကတော့ အလင်းရောင်ကိုတွေ့သွားဟန်ပါပဲ။ နောက်ပြီးတော့ သူ့ရဲ့ အမူအယာဟာ ပြောင်းလဲ သွားခဲ့တယ်။

“ သူ သူတို့ တံတားကျိုး အတားအဆီးကို ဖြတ်သွားတာလား”

အပိုင်း ( ၁၉၃) ပြီး ၏။

အပိုင်း ( ၁၉၄)

“ ဒီတိုင်း ဖြတ်သွားတာ”

“ဘာ” သွမ့်ပြည်ထောင် အရှင်ရဲ့လက်ဖက်၇ည် ခွက်ကတော့ ဒါကို ကြားချိန်မှာ မြေကြီးပေါ်ကို ပြုတ်ကျ သွားခဲ့တယ်။ “မင်းပြောတာက သူတို့တွေ တံတားကျိုးကို ဖြတ်သွားတယ် လား။ ဒါက ဖြစ်နိုင်လို့လား။”

“ သူ တကယ်ပဲ တံတားကျိုးကို ဖြတ်သွားတာလား။” သတင်းပို့သူတွေဟာ မယုံကြည်နိုင်ဘူး ဖြစ်နေကြတယ်။ ဒါပေမယ့်လည်း ဒါက တော့ အဖြစ်မှန်ပါပဲ။

“ သူ တကယ်ပဲ တံတားကျိုးကို ဖြတ်သွားတာလား။” သွမ့်ပြည်ထောင် အရှင်ရဲ့ မျက်လုံးတွေကတော့ လက်ဖက်ရည် သောက် ပန်းကန်လိုမျိုး ပြူးထွက်နေကြတယ်။ ဟန်ချန်ဖုန်း ကို သာ စိုက်ကြည့်နေပြီးတော့ ဒီ သတင်းကြောင့် လုံးဝကို ထိတ်လန့်နေခဲ့တယ်။

သွမ့်အရှင်ကော။ ဟန်ချန်ဖုန်းပါ ဖန်ကျန်းရှီ ပထမအချီကို အောင်မြင်နိုင်မယ် ဆိုတာကို ကောင်းကောင်းသိတယ်။ ဒါပေမယ့်လည်း သူတို့ ထဲက တစ်ဦးကမှ တံတားကျိုးကို ဖြတ်သန်းသွားနိုင် မယ် လို့ မထင်ထားခဲ့ဘူး။

ဒီ နှစ်တွေ အများကြီးမှာ တံတားကျိုးနောက်က အမှန်တရားကို နားလည် နိုင်သူ တစ်ဦးမှ မရှိခဲ့ဘူး ဖြစ်တယ်။

ဒါပေမယ့်လည်း အခုမှာတော့

ဖန်ကျန်းရှီဟာ ဒါကို ဖော်ထုတ်နိုင်သွားပြီ ဖြစ်တယ်။

“ သူ ဘယ်လိုများ တံတားကျိုးကို ဖြတ်သွားတာလဲ။” ဟန်ချန်ဖုန်းကတော့ ကြောက်ရွံ့ထိတ်လန့်နေခဲ့တယ်။ အဓိကစာစစ်သူ တစ်ဦး အနေနဲ့ နှစ်ပေါင်းများစွာ တာဝန်ယူလာခဲ့ပြီးနောက်မှာတော့ အရည်အချင်းရှိတဲ့ ကျောင်းတော်သားတွေကို အတော်များများ မြင်ခဲ့ပြီး ဖြစ်တယ်။ ဒါပေမယ့်လည်း ဒီလို အဖြစ်မျိုးကတော့ ထူးဆန်းလွန်းတယ်။

ဒါက ပညာရှိသုခမိန် လောကလေ။

သုခမိန် စစ်နတ် မုန့်ထျန်း ဖန်တီးထားတဲ့ လောက ဖြစ်တယ်။ ဘယ်လိုများ လွယ်လွယ်ကူကူ ဖြတ်သန်းသွားနိုင်တာလဲ။

“ သူ ခုန် သွားတာ။ ခုန် ကျော်သွားတာ။” သတင်းပို့သူရဲ့ အသံ ဟာ ခပ်တိုးတိုး လေး ထွက်လာ ခဲ့တယ်။ ဒီလိုမျိုး ခုန်ကျော် သွားနိုင်မယ် ဆိုတာ ဘယ်သူကမှ မယုံနိုင်ဘူး ဖြစ်နေခဲ့တယ်။

ဒီလိုမျိုး ရိုးရှင်းပြီး တိုက်ရိုက် ဆန်တဲ့ အဖြေမျိုးရှိနေတာလား။

ဒီ လို နည်းလမ်းမျိုးက တခြားသူတွေလည်း စမ်းသပ်ခဲ့ဖူးတယ်။

“ သူ ဘယ်လို နည်းကို သုံးပြီးတော့ တံတားကျိုးကို ခုန်သွားတာလဲ။” သွမ့်အရှင်က ဖန်ကျန်းရှီ တခြားနည်းကို သုံးမယ် ထင်တာ ဖြစ်တယ်. ။ ဒီလိုမျိုး ခပ်တုံးတုံး နည်းလမ်းကို သုံးမယ်လို့တော့ သူ ယုံကြည်ဖို့ ငြင်းဆန်ခဲ့တယ်။

“ သူ တံတားကျိုးကနေ ခုန်တာ မဟုတ်ဘူး။ တောင်ပူစာ ဘက်ကနေ ခုန်တာ ဖြစ်တယ်။” သတင်းပို့သူက ရှင်းပြလိုက်တယ်။

“ တောင်ပူစာ ကနေ ခုန်တယ်လား။ ဒါ ဒါ က ”

သွမ့် အရှင်နဲ့ ဟန်ချန်ဖုန်းတို့ဟာ တစ်ယောက်ကို တစ်ယောက် ကြည့်လိုက်ကြတယ်။ ဘုရင်တစ်ဦး အဓိက စာစစ်သူ တစ်ဦး အနေနဲ့ သူတို့ရဲ့ ကြောင်တောင်တောင် အမူအယာတွေကို ဖုံးကွယ် မထားနိုင်တော့ဘူး ဖြစ်တယ်။

ပြောနိုင်တာကတော့ သူတို့ ဘယ် နေရာမှာ မှားသွားလဲ ဆိုတာကို နားမလည် နိုင်ဘူး ဖြစ်နေတယ်။

“ ကောင်းပြီလေ။ ငါ နားလည်ပြီ။ မင်း … ထွက်သွားလို့ ရပြီ။” သွမ့်ပြည်ထောင် အရှင်က နောက်ထပ် မပြောတော့ဘူး။

အရှင် တစ်ယောက် အနေနဲ့ အာရုံအရမ်းစိုက်တာမျိုး မပြချင်တာ ထုံးစံ အတိုင်းဖြစ်တယ်. ။ ဒီလိုမျိုး သူ့စိတ်သူ ထိန်းရင်းနဲ့ လက်သီးကို ကျစ်ကျစ်ပါအောင် ဆုပ်ထားတော့တယ်။ ဖန်ကျန်းရှီက အံဖွယ်တွေကို တစ်ခုပြီး တစ်ခု ဆက်တိုက် ဖန်တီးနေတာပဲ ဖြစ်တယ်။

ထုံးစံ အတိုင်း သင်ကြားတာတွေထက်ကို ပိုပြီးတော့ လုပ်နိုင်တယ်။

ပထမဆုံး စာမေးပွဲ တိုင်းမှာ ထိပ်ဆုံးကို ရောက်တယ်။ အဲ့ဒီ့နောက် ကောင်းကင်ရောြင်ပန် အဆင့်ကို နတ်ဆိုးကျောင်းတော်မှာ ရောက်ခဲ့တယ်။ အသက် ၁၈ နှစ်အောက်မှာ အထူးချွန်ဆုံး ဒုတိယသူ ဖြစ်လာခဲ့တယ်။

ယန်မြို့တော်ကို ဝင်လာပြီးတဲ့နောက်မှာတော့ သူဟာ ၄ နာရီ အတွင်းမှာ အတွေးအခေါ် စာမေးပွဲ တစ်ခုလုံးကို အကုန် ပြီးဆုံးအောင် ဖြေခဲ့တယ်။ နောက်ပြီးတော့ သူ့ရဲ့ အဖြေလွှာက အရမ်းကို ပြီးပြည့်စုံလွန်းတယ်။ သူ့ကို အတွေးအခေါ် စာမေးပွဲမှာ ထိပ်တန်း ကျောင်းတော်သား ဖြစ်လာစေတယ်။

အခု ချိန်မှာတော့

တံတားကျိုးကို ဖြေရှင်းနိုင်သွားခဲ့တယ်။

နောက်ပြီးတော့ တောင်ပူစာပေါ်ကနေ ခုန်တာ ဖြစ်တယ်။

ဒါ့ထက်ပိုပြီးတော့ ရူးသွပ်တာမျိုးရှိနိုင်အုန်းမှာလား။ ဒါက ဒါက ကောင်းကင်ဘုံရဲ့ ဆန္ဒလား။

သွမ့်အရှင်ကတော့ မသိပါဘူး။ ဒါပေမယ့်လည်း ပထမဆုံးအကြိမ် အနေနဲ့ သူ့စိတ်ထဲမှာ တင်းကြပ်လာခဲ့တယ်။ နောက်ပြီးတော့ သူ့ရဲ့ ခေါင်းပေါ်မှာ ဓားတွေ ဝဲနေသလိုမျိုး ခံစားနေရတယ်။

ဟန်ချန်ဖုန်းက ထွက်ခွာသွားတဲ့ သတင်းပို့သူကို ကြည့်နေခဲ့တယ်။ လုံးဝကို မထင်မှတ်ထားတာတွေ ဖြစ်နိုင်လွန်းတယ်။ ပင်းယန် နဲ့ ဖန်ကျန်းရှီ အုပ်စု ဖွဲ့သွားတည်းက သူတို့ရဲ့ လမ်းတွေ ပြောင်းလဲသွားပြီ ဖြစ်တယ်.။

ဖန်ကျန်းရှီက သူ့ရဲ့ အရည်အချင်းတွေကို ပြနေပြီ။ ပထမအချီမှာတင် စုတုန်းလင်ကို အနိုင်တိုက်ခဲ့တယ်။

နောက်ပြီးတော့ အခုချိန်မှာ တကယ်ပဲ တံတားကျိုးကို ဖြတ်ခဲ့ပြီ ။

ဒါက မိုက်မဲမှုတွေကို ဖယ်ရှားလိုက်တာပဲ ဖြစ်တယ်။

သူ့စိတ်သူ အေးအေး ထားလိုက်တယ်။ ရှင်ချင်းစွေ့ နဲ့ နန်ကုန်းမု တို့ကို သူ ထပ်မကြည့်တော့ဘူး။ သူ့ရဲ့ မျက်လုံးတွေကို မှိတ်လိုက်ပြီးတော့ နောက်ထပ် ဘယ်လို လှုပ်ရှားအုန်းမယ် ဆိုတာကို တွေးတော နေတော့တယ်။

သေစေနိုင်လောက်တဲ့ ပြစ်ချက်ကို လုပ်ဖို့ အတွက် လိုအပ်လာပြီ။

“ ဖန်ကျန်းရှီ … တံတားကျိုး။ ဖြတ်နိုင်တယ်။ တံတားကျိုး” ဟန်ချန်ဖုန်း က သူ ကိုယ်တိုင် အထပ်ထပ် အခါခါ တွေးနေတော့တယ်။ သူ့ကိုယ်သူ စိတ်အေးအေး ထားရင်းနဲ့ ထိန်းချုပ်ဖို့ ကြိုးစားနေခဲ့တယ်။ ဒါတွေ အားလုံးက တိုက်ဆိုင်မှုပဲ။ ဒါပေမယ့်လည်း လူ တစ်ယောက်က ဒီလောက်များတဲ့ တိုက်ဆိုင်မှုတွေ ရှိနိုင်မှာလား။ ဒါက ရှည်လျားလွန်းတဲ့ တိုက်ဆိုင်မှုကြီးတွေပဲ။

အခုတော့ ဘာဖြစ်ပြီလဲ။

သူ ပျာယာခတ်လို့ မရဘူးလေ။ လုံး၀ မရဘူး။ အမှားတွေ များလာလိမ့်မယ်။

ဒါက တိုက်ဆိုင်မှု တစ်ခု ပဲ။ လုံးဝကို တိုက်ဆိုင်မှု တစ်ခုပဲ ။ ဒုတိယ အတားအဆီးကိုတော့ သူ မဖြတ်နိုင်လောက်ဘူး။ လုံးဝကို ။ ဟန်ချန်ဖုန်းက အသက်ကို ဖြည်းဖြည်းချင်း ရှူသွင်းရင်း ဖြေသိမ့်နေခဲ့တယ်။

မင်းသားကိုးကတော့ ထွက်သွားတဲ့ သတင်းပို့သူကို တစ်ချက်တောင်မကြည့်ပါဘူး။ အစအဆုံး တစ်ခုမှ ဝင်မပြောခဲ့ဘူး။

သတင်းပို့သူ ပြောတာကို လုံး၀ မကြားတဲ့ အတိုင်း ရှိနေခဲ့တယ်။

…

ဖန်ကျန်းရှီကတော့ တော်ဝင်ကျောင်းတော်ထဲမှာ ဘာတွေ ဖြစ်နေလဲတော့ မသိဘူး ဖြစ်တယ်။ တံတားကျိုးကို ဖြတ်လာပြီးတဲ့နောက် ရှုခင်းကို ခံစားနေခဲ့တယ်။

မှန်တာပေါ့။ သူက တံတားကျိုးရဲ့ တခြားတစ်ဖက်မှာ ၇ှိနေတာ ဖြစ်တယ်။

ဒါပေမယ့်လည်း

ဒီ ဘက်ကတော့ ထူထပ်လှတဲ့ အဖြူရောင် မြူနှင်းတွေနဲ့ ဖုံးအုပ်ထားတာကြောင့် တိမ်သား နန်းတော်လို ဖြစ်နေခဲ့တယ်။ ဒီ မြင်ကွင်းက မိုက်လွန်းတယ်။ ဒါပေမယ့်လည်း ရှေ့ကို တော့ မြင်ရဖို့ ခက်ခဲတယ်။

တံတား ဆုံးတဲ့ အထိ ဆက်လျှောက်ဖို့ ဘယ်လောက်ကြာကြာသွားရအုန်းမလဲ မသိနိုင်ဘူး ဖြစ်တယ်။

သူ ပြောနိုင်တာကတော့ ဒီ တစ်ဖက် တံတားကျိုးက ဟိုဘက် တစ်ခု ထက် ပိုရှည်လျားတယ် ဆိုတာပဲ ဖြစ်တယ်။

အကယ်၍ ဒီ နှစ်ပိုင်းက ဓားတွေ ဖြစ်ခဲ့မယ် ဆိုရင် ပထမ တစ်ခုကတော့ ဓားလက်ကိုင် ဖြစ်ပြီးတော့ အခု လျှောက်နေတဲ့ ဘက်ကတော့ ဓားသွားပဲ ဖြစ်ရမယ်။

ဓားသွားက လက်ကိုင်ထက်တော့ ပိုရှည်လျားတယ်။

“ ဒါက လုံးဝကို အတိအကျပဲ။ မြူတွေရဲ့ တခြားတစ်ဖက်မှာ တံတားတစ်ခု ၇ှိတယ်။ ဒါပေမယ့် ပိုပြီးတော့ ရှည်လျားတယ်။ ” ဖန်ကျန်းရှီ ကတော့ နောက်ဆုံးမှာ တံတားကျိုးရဲ့ တခြားတစ်ဖက်ကနေ ခုန်လို့ မဖြစ်မှန်း နားလည် သွား ပြီ ဖြစ်တယ်။

နောက်ကို ပြန် လှည့်ကြည့်ချိန်မှာတော့ မြူတွေကြောင့် ဘာကိုမှ မမြင်နိုင်ဘူး ဖြစ်တယ်။

ဒါပေမယ့်လည်း နောက်ထပ် ပုံရိပ် တစ်ခု ဟာ မြူနှင်းကြားကနေ ထွက်ပေါ်လာခဲ့တယ်။

ဒါကတော့ ရန်ရွှယ်ပဲဖြစ်တယ်။ အကျီဖြူနဲ့ ရန်ရွှယ် ။

“ မင်းက ဒီမှာလား။”

“ငါ ဒီမှာ”

သူတို့ရဲ့ စကားတွေဟာ အတော်လေးကို ရိုးရှင်းတယ်။ စကားကို ရှည်ရှည် ဝေးဝေးမပြောပင်မယ့်လည်း တစ်ယောက်ပြောတာကို တစ်ယောက်နားလည် တာပဲ ဖြစ်တယ်။

“ သွားရအောင်” ဖန်ကျန်းရှီက ရန်ရွှယ်ကို ကြည့်လိုက်တယ်။

“ ကောင်းပြီလေ။” ရန်ရွှယ်က ခေါင်းငြိမ့်လိုက်တယ်။

ဒီလိုမျိုး သူတို့ နှစ်ဦးဟာ ဖြည်းဖြည်းချင်း လမ်းလျှောက်နေခဲ့တယ်။ ဒါကတော့ လုံးဝကို တိမ်တွေထဲမှာ လမ်းလျှောက်သလို ပါပဲ။

“ဟားဟားဟား …. ဒီ ဘက်မှာ တကယ့်ကို တံတား တစ်ဖက် ၇ှိနေတာပဲ။ ငါ ဖြတ်နိုင်ခဲ့ပြီ။ ခမည်းတော်ကတော့ ငါ ခုန်တာ တွေ့ရင် လုံးဝကို အံ့သြနေတော့မှာပဲ။ ယန်လေး ဒါကိုတွေးဖူးလား … ဟားဟားဟား ငါ က တော်တယ်။ အရမ်းကို ထက်မြက်တယ်။”

ဖန်ကျန်းရှီနဲ့ ရန်ရွှယ် တို့ လမ်းလျှောက်နေတဲ့ အချိန်မှာပဲ ပင်းယန်ရဲ့ အသံ ဟာ သူတို့ နောက်ကနေ ထွက်လာခဲ့တယ်။ အဲ့ဒီ့နောက် နီရဲတဲ့ အလင်းတန်းတွေဟာ သူမ လမ်းလျှောက်လာတဲ့ တစ်လျှောက်မှာ ချီလင်လှံရဲ့ အလင်းတန်းတွေ ဟာ ဝေ့၀ဲ ထွက်ပေါ်နေခဲ့တယ်။

“ ဟေးးး ။ ဖန်ကျန်းရှီ ။ နင်ဘာလို့ ငါ့ကို မစောင့်တာလဲ။ ” ပင်းယန်ဟာ သူတို့ နောက်ကနေ လိုက်လာရတာ အတော်လေးကို စိတ်လက်မရှည် ဖြစ်နေဟန်ပါပဲ။

“ မင်း လာဖို့ ဘာလို့ အကြာကြီး စောင့်ရမှာလဲ။” ဖန်ကျန်းရှီဟာ သူ့ရဲ့ ခေါင်းကို တောင် မလှည့်တော့ပဲ ပြန်ပြောလိုက်တယ်။

ပင်းယန်ဟာတော့ သူမ မျက်လုံးလေး ကလယ်ကလယ်နဲ့ ဖြစ်နေခဲ့တယ်။ ဖန်ကျန်းရှီ ပြောနေတာကို သူမသိတယ်။ ဒါပေမယ့်လည်း သူမရဲ့ အမှားကို လက်ခံဖို့ကတော့ ခက်ခဲတယ်။

ပင်းယန်ဟာ ရယ်မောရင်းနဲ့ သူမရဲ့ မျက်လုံးတွေဟာ ဘေးဘီကို ဝေ့၀ဲကြည့်နေခဲ့တယ်။

“ ဟဟား ဒီလိုပဲ ဖြစ်သွားတယ်။ တံတားဘက်ကနေ တစ်ယောက် ခုန်ချသွားတယ်။ သူ့ကို ငါ အမျြးကြီး ကြိုးစားရပ်တန့်ခဲ့တယ်။ ဒါပေမယ့်လည်း အဆုံးမှာတော့ သူ သေသွားခဲ့တယ်။ ဒါ ကြောင့် ငါလာ တာ နောက်ကျသွားတာပဲ။”

ပင်းယန် ပြောပြီးတဲ့နောက်မှာတော့ ဓားစာခံ နှစ်ဦးဟာ တစ်ယောက်ကို တစ်ယောက်မယုံကြည်နိုင်စွာကြည့်လိုက်ကြတယ်။ ဘယ်လို တောင် အမှိုက်လို စကားတွေလည်း ဘယ်တုန်းကများ ဘယ်သူက ရပ်ဖို့ လုပ်တာလဲ။ မင်းပဲ သူ့ကို ခုန်ချင်ခုန်လို့ ပြောလိုက်တာလေ။

ဒါပေမယ့်လည်း သူတို့ တွေးတော ပြီးတဲ့ နောက်မှာတော့ ပင်းယန်ကို ခေါ်ဖို့ ဆုံးဖြတ်လိုက်တယ်။

ဖန်ကျန်းရှီ ဟာ လည်း မယုံနိုင်ပါဘူး။ ဒါပေမယ့်လည်း သူမရဲ့ အလိမ် အညာတွေကို မပြောဖို့ ဆုံးဖြတ်လိုက်တယ်။ သူ လမ်းဆက်လျှောက်ခဲ့တယ်။ ဒါပေမယ့်လည်း ပင်းယန် လိုက်မှီလာအောင် ဖြည်းဖြည်းချင်း လျှောက်ခဲ့တယ်။

နောက်ဆုံးတော့ သူ ဟာ အလျင်မလိုပဲနဲ့ ဖြည်းဖြည်း ချင်း လျှောက်ရင်းသာ ရှုခင်းတွေကို ကြည့်နေတော့တယ်။

…

ဒုတိယအချီမှာ စာဖြေသူ နှစ်ဦးသာ ကျန်ရှီ နေတာ ဖြစ်တယ်။ သူတို့ နှစ်ဦးဟာ ထိခိုက်ဒဏ်ရာရပြီးတော့ အတော်လေးကို စုတ်ပြတ်သတ်နေခဲ့တယ်။ သူတို့ရဲ့ အသက်ရှူသံတွေဟာ နှေးကွေးနေပြီးတော့ အတော်လေးကို ပြင်းထန်နေခဲ့တယ်။ သွေးတွေဟာ ကျဆင်းနေပြီးတော့ သူတို့ရဲ့ လက်နက်တွေဟာ လှုပ်ခါနေခဲ့တယ် ။

အောင်နိုင်သူကတော့ အဆင့်တက်မယ်။ ကျရှုံးသူကတော့ ထွက်ရမယ်။

ဒါက တိုက်ခိုက်ရေးစာပေးပွဲ လေ။ ဘာကြောင့် သူတို့ရဲ့ ဘ၀ တစ်ခုလုံးကို မပေးနိုင်ရမှာလဲ။

“ သတ်။” စာဖြေသူ တစ်ယောက် ဟာ သူ့ရဲ့ ဓားကို ဆွဲထုတ်လိုက်တယ်။ သူ ရဲ့ တစ်သက်တာ အစွမ်းအားလုံးကို သုံးဖို့ ဆုံးဖြတ်လိုက်ချိန်မှာပဲ ခြေသံတွေနဲ့ အမျိုးသမီး တစ်ယောက်ရဲ့ ရယ်သံကို ကြားလိုက်ရတယ်။

“ ဘာလို့ ဒီမှာ တခြားသူတွေ ရှိနေတာလဲ” စာဖြေသူ နှစ်ဦးဟာ သူတို့ရဲ့ ခေါင်းတွေကို လည်ကြည့်လိုက်ကြတော့တယ်။

မြူနှင်းကြားမှာ လမ်းလျှောက်လာတဲ့ လူ ငါးယောက်ကို တွေ့လိုက်ရတယ်။ မြင်ကွင်း တစ်ခုလုံးဟာ အတော်လေးကို ထူးဆန်းလွန်းတယ်။

သိပ်မကြာခင်မှာပဲ ပုံရိပ်တွေဟာ ပိုပြီးတော့ ရှင်းလင်းလာခဲ့တယ် ။

ဖန်ကျန်းရှီ ရန်ရွှယ် ပင်းယန် အပါအဝင် စုစုပေါင်း ငါး ဦးဟာ ပေါ်လာတော့တယ်။

စာဖြေသူ နှစ်ဦးဟာတော့ သူတို့ မြင်နေရတာကို အံံ့သြနေကြတယ်။

“ ဖန် … ဖန်ကျန်းရှီလား”

“ ပင်း ပင်းယန် မင်းသမီးလဲ ပါတယ်။ ”

“နောက်ပြီးတော့ ရန်ရွှယ်နဲ့ သခင်လေး တန် ။ ဘာတွေ ဖြစ်ကုန်တာလဲ”

ဖန်ကျန်း၇ှီဟာ မြူနှင်းထဲမှာ ပေါ်လာခဲ့တယ်။ သူ့ရဲ့ နာမည် ကို ခေါ်လိုက်တဲ့ အသံကို ကြားလိုက်ရတယ်။ သူ မြင်ရ ချိန်မှာတော့ စာဖြေသူ နှစ်ဦးဟာ သူ့ကို စိုက်ကြည့်နေတာကို တွေ့လိုက်ရတယ်။

“ မင်းတို့ နှစ်ယောက် အတော်လေးကို ခက်ခဲ နေတဲ့ပုံပဲ။ ဆက်လုပ်ကြပါ။ ငါတို့ ဖြတ်သွားရုံပဲ” ဖန်ကျန်းရှီ က စာဖြေသူ နှစ်ဦးကို နှုတ်ဆက်လိုက်ပြီးတော့ ဆက် လျှောက်သွားခဲ့တယ်။ နောက်မှာ ဘာ ဖြစ်ဖြစ် ဂရုမစိုက်တော့ပါဘူး။

ရန်ရွှယ် နဲ့ ပင်းယန် တို့ဟာ စာဖြေသူ နှစ်ဦးကို လျစ်လျူရှုပြီးတော့ ဖန်ကျန်းရှီ နောက်ကို ဆက်လိုက်လာခဲ့တယ်။ နောက်ပြီးတော့ ဒုတိယ အတားအဆီး ဆီကို လျှောက်သွားခဲ့တယ်။

ပြိုင်ဆိုင်နေကြတဲ့ စာဖြေသူ နှစ်ဦးကတော့ ထိတ်လန့်တကြားကြည့်နေကြတယ်။ သူတို့ မျက်စိရှေ့က သူတွေကို မယုံနိုင်ဘူး။

“ ဖြတ်သွားတာ။ ဒါက ဘာကို ပြောချင်တာလဲ။”

“ဒါ က တကယ်ပဲ ဖန်ကျန်း၇ှီနဲ့ ရန်ရွှယ်လား ။ ငါ့ရဲ့ မျက်လုံးတွေက ပဲ မျက်စိလှည့်စားနေတာလား။”

“ ငါတို့ နှစ်ယောက်လုံး မျက်စိမှောက်နေတာတော့ မဖြစ်နိုင်ဘူး ဟုတ် ”

“ ဒါ ဆို ဘာလို့ ဒီမှာ ငါးယောက်တောင် ရှိနေတာလဲ။“

“…”

“သူတို့ တံတားကျိုးကို ဖြတ်လာတာ ဖြစ်နိုင်မလား”

“ မိုးနတ်မင်းရေ.ု.. ဒါက မဖြစ်နိုင်တာပဲ”

စာဖြေသူ နှစ်ဦးဟာ မျက်စိလည်နေခဲ့တယ်။ သူတို့တွေဟာ တံတားကျိုးကို တကယ်ပဲ ဖြတ်လာနိုင်တယ်ဆိုတာ မယုံနိုင်ဘူး ဖြစ်နေခဲ့တယ်။ ဒါပေမယ့်လည်း အခု ဖြတ်လာသလိုမျိုး ငါး ယောက်အုပ်စု ကြီးကတော့

ဒါ ဆိုရင် ဖြစ်နိုင် ချေ တစ်ခုပဲ ရှိတယ်။ သူတို့ အားလုံး ငါးယောက် စလုံး တံတားကျိုးကို ဖြတ်လာတာ ဖြစ်တယ်။

ဒါပေမယ့်လည်း ဘာလို့ ငါးယောက် ဖြစ်နေတာလဲ။ ခြောက်ယောက် မဟုတ်ပဲနဲ့ ။

အပိုင်း ( ၁၉၄) ပြီး၏။

အပိုင်း ( ၁၉၅)

“ အမြွှာ ကျောက်တုံး နှစ်ခု”

စာဖြေသူ နှစ်ယောက်ရဲ့ မေးခွန်းတွေကို ဘယ်သူကမှ မဖြေပါဘူး။ လူငါးဦး အုပ်စုဟာတော့ အတော်ဝေးဝေးနေရာက သစ်ပင်ကြီးမှာ ရှိနေပြီ ဖြစ်တယ်။

ဒါက အတော်လေးကို အုံ့ဆိုင်းနေတဲ့ သစ်ပင်ပဲ ဖြစ်တယ်။ ဒါပေမယ့်လည်း သစ်သီးတွေတော့ မရှိဘူး။

ကြည့်ရတာတော့ သာမာန် သစ်ပင် တစ်ပင်နဲ့ တူတယ်။ ဒါပေမယ့်လည်း အောက်ခြေမှာတော့ ကျောက်တုံးပြား နှစ်ခု ရှိနေခဲ့တယ်။

“ ဒါက ဒုတိယ အတားအဆီးပဲ။ ” ပင်းယန် ဟာ သစ်ပင်အောက်က ကျောက်တုံး နှစ်ပြားကို ကြည့်လိုက်ပြီးတော့ ဖန်ကျန်းရှီကို ပြောလိုက်တယ်။

“ မင်း ဘယ်လိုလုပ် သိတာလဲ။” ဖန်ကျန်းရှီက ကျောက်တုံးတွေကို ကြည့်လိုက်တယ်။

လုံးဝကို တူညီနေတဲ့ ကျောက်တုံးတွေ ၇ှိတယ်။ သူတို့ နှစ်ခု ရဲ့ ခြားနားချက်ကတော့ အရှေ့မှာ ရှိတဲ့ တစ်ခုဟာ အတော်လေးကို ကြမ်းတမ်းနေပြီးတော့ နောက်မှာ ၇ှိတဲ့ တစ်ခုကတော့ မှန်သားလို ချောမွေ့နေခဲ့တယ်။

“ ကောင်းပြီလေ။ ငါ နားလည်ပြီ။ ငါ ဒီကို ဘယ်လိုများ ရောက်လာတယ် ထင်လဲ။ ” ပင်းယန် ကမေးလိုက်တယ်။

“ အာ။ မင်း ဘယ်လို ရောက်လာတာလဲ။”

“ ငါ … အဟမ်းး။ ဒါက လျှို့ဝှက်ချက်ပဲ။ ငါ နင့်ကို မပြောပြဘူး။” ပင်းယန်က စနောက်ဖို့ အချိန် ကောင်းကို ပြုလုပ်လိုက်တယ်။

“အကယ်၍ ငါ ခန့်မှန်းတာသာ မှန်မယ် ဆိုရင် ဒါက “စိတ်နှလုံးကျောင်းတော်သား သစ်ပင်” ပဲ ဖြစ်ရမယ်။ မုန့်ထျန်းက ကောင်းကင်တာအို ကို နားလည်စေတဲ့ အရာတွေ ဖြစ်လိမ့်မယ်။ ဒီ ကျောက်တုံး နှစ်တုံးက (အမြွှာကျောက်တုံး နှစ်ခု) ပဲ ဖြစ်ရမယ်။” ရန်ရွှယ်က ပြောလိုက်တယ်။

“ရန်ရွှယ် ပြောတာ မှန်တယ်။ ဒါတွေက အမြွှာ ကျောက်တုံးတွေပဲ။ ဒါပေမယ့်လည်း ဒီနှစ်တွေ အတွင်းမှာ ဘယ်သူကမှ မဖြေရှင်းနိုင်သေးဘူး။ တစ်ခုမှာ စာရှိတယ်။ နောက်တစ်ခုမှာ မရှိဘူး။ ဒါပေမယ့်လည်း စာလုံးရှိတဲ့ တစ်ခု က ၁၅ မိနစ်တိုင်းမှာ တစ်ခါ ပြောင်းလဲတယ်။” ပင်းယန်က ထပ် ရှင်းပြတယ်။

“ဒါဆို ငါတို့ ဘယ်လို ဖြေရှင်း ရမှာလဲ။” ဖန်ကျန်းရှီက ပင်းယန်ရဲ့ စိတ်လှုပ်၇ှားမှုကို မဖျက်ဆီးလိုဘူး ဖြစ်တယ်။

နောက်ပြီးတော့ သူလည်း ဒါကို နားမှ မလည်တာ။

“ လူတစ်ယောက်က စာလုံးတွေကို ၁၅ မိနစ် အတွင်းမှာ မှတ်မိရမယ်။ ဒါပေမယ့်လည်း ဒီစာလုံးတွေကို နောက် ကျောက်တုံး ပေါ်မှာ ကူးရေးနိုင်ရမယ်။ နင် အကုန်လုံးမှန်မှ ကျော်နိုင်မယ်။ တစ်ခု မှားသွားရင် ထွက်ရပြီ။” ပင်းယန် က ခေါင်းမော့ရင်းပြောလိုက်တယ်။

“ အဲ့လောက် လွယ်လား” ဖန်ကျန်းရှီကတော့ ဒီလောက် ယုံမယ်လို့ မထင်ထားမိပါဘူး။

“ လွယ်တယ်။ ဘယ်လောက် များပြားတဲ့ အရည်အချင်းရှိတဲ့ စာဖြေသူတွေ ဒီ အဆင့်မှာ ကျရှုံးခဲ့လည်း ဘယ်သူ သိနိုင်မှာလဲ။ ကျောက်တုံးပြားပေါ်မှာ ပေါ်လာတဲ့ စာသားတွေကလည်း ရှေးကျတဲ့ ဘာသာစကား ဖြစ်တယ်။ ငါတို့ သုံးနေကျ ဘာသာစကားမဟုတ်ဘူး။ အတည်မရှိ အစဉ်သဖြင့် ပြောင်းလဲ နေတဲ့ စာလုံးပေါင်း ၃ ထောင်ကို မှတ်မိဖို့က နင့်အတွက် လွယ်လို့လား။” ပင်းယန်က စိတ်ပျက်လက်ပျက်နဲ့ မေးလိုက်တယ်။

“ အဲ့တာက မလွယ်ဘူးလား ” ဖန်ကျန်းရှီက ပြန်ဖြေတယ်။

ပင်းယန်ရဲ့ မျက်နှာ ကတော့ ဒေါသ ကြောင့် နီရဲ နေခဲ့တယ်။

“ ဟွန့် ။ နင်တွေးနေတာကို ငါသိတယ်။ လူတွေ အများကြီၤး ဒါကို လုပ်ခဲ့ဖူးတယ်။ စုတ်တံ နဲ့ စာရွက်ကို သုံးပြီးတော့ ဒီစာလုံးတွေကို မှတ်သားဖို့ လုပ်ခဲ့တဲ့ သူတွေလည်း အများကြီးပဲ။ ဒါပေမယ့်လည်း စာလုံးတွေက မယုံနိုင်စရာ ကောင်းလောက်အောင် ရှုပ်ထွေးလွန်းတယ်။ ကူးရေးဖို့ တောင် အတော်လေး အချိန် ကြာလိမ့်မယ်။ ဒီကျောက်တုံးပေါ်မှာ ဒီလိုမျိုး အချိန် ကိုက်ကူးရေးဖို့ က မဖြစ်နိုင် ဘူး။ ငါတွေးတာတော့ ဒီ နှစ်ယောက်ကို အရင် ဆုံး လုပ်ခိုင်းသင့်တယ်။”

ပင်းယန်ဟာ ပြောရင်းနဲ့ အတော်လေး ဒဏ်ရာ ပြင်းထန်နေတဲ့ စာဖြေသူ နှစ်ဦးကို ကြည့်လိုက်တယ်။ သူမရဲ့ ရဲရဲ တောက် ချီလင်လှံကတော့ စတင်ပြီးတော့ အလင်း ဖြာလာတော့တယ်။

“ ဒါက လွယ် တယ်လို့ ပြောလို့ရတယ်။ ဒါတို့ လုံးဝကို ဖြတ်နိုင်မှာပဲ။” ဖန်ကျန်းရှီက ပင်းယန်ကို လျစ်လျူရှုပြီးတော့ စာရွက် နဲ့ မှင်ကို ထုတ်လာလိုက်တယ်။

“ နင် မှင်နဲ့ စုတ်တံကို ယူလာတယ်။ ငါပြောပြီးသားပဲ ကူးရေးတာက အလုပ် မဖြစ်ပါဘူး။” ပင်းယန်က စိတ်ပျက်လက်ပျက် ပုံနဲ့ ပြောလိုက်တယ်။

“ ငါ ကူးရေးမယ်လို့ ပြောမိလို့လား။” ဖန်ကျန်းရှီက စိတ်ပျက်လက်ပျက် ကြည့်ရင်း ပြောလိုက်တယ်။

“ နင် နင် ကူးရေးဖို့ မပြင်ဆင်ထားဖူး ဆိုရင် ဒါက ဘာလုပ်ဖို့လဲ။” ပင်းယန်က သူ မရဲ့ လက်တွေကို တဖျပ်ဖျပ် ခါရင်းနဲ့ မေးလိုက်တယ်။

“ လောင်း ချ မလို့” ဖန်ကျန်းရှီက ကျောက်တုံးပေါ်ကို မှင်တွေ ဖြန်းလိုက်တယ်။ ကျောက်တုံးနက်ဟာတော့ ပိုပြီးတော့ နက်မှောင်သွားောတ့တယ်။

ဒါက ဖျက်ဆီးလိုက်တာပဲ ဖြစ်တယ်။

လုံးဝကို ဖျက်ဆီးလိုက်တာ ။

ပင်းယန်ရဲ့ မျက်နှာကတော့ ပြာနှမ်းသွားတော့တယ်။ ဖန်ကျန်းရှီက သမိုင်းဝင် ပစ္စည်းကို ဖျက်ဆီးလိုက်ပြီ ။ ကျောက်တုံးပြားတွေကို

ဒါ့အပြင်ကို မှင်တွေ ဖြန်းပြီးတဲ့ နောက်မှာ ဖန်ကျန်းရှီဟာ ကြီးမားလှတဲ့စုတ်တံ ကြီးကို ထုတ်ယူလိုက်ပြီးတော့ ပွတ်တိုက်နေခဲ့တယ်။

ပင်းယန်ရဲ့ ချီလင်လှံပေါ်မှာ မီးတောက်တွေ ပိုပြီးတော့ ထွက်လာတော့တယ်။

သူမ ဟာ ဖန်ကျန်းရှီကို စိတ်ခေါ် ချင်နေတဲ့ပုံပါပဲ။ ဖန်ကျန်းရှီ ကတော့ စာရွက်တွေကို ထုတ်ပြီးတော့ တစ်ခုနဲ့ တစ်ခု ဆက်နေခဲ့တယ် ။

“ အာ နင် ဘာလုပ်နေတာလဲ။” ပင်းယန်ဟာတော့ သူမရဲ့ မျက်လုံးတွေကို စိတ်ရှုပ်စွာနဲ့ လှည့်နေတော့တယ်။ သူဘာတွေ လုပ်ေ်နတာလဲ။ စာရွက်တွေကို ဆက်နေတာလား။

“ စာ ပုံနှိပ်တာကို နားလည် လား။” ဖန်ကျန်းရှီက ခေါင်းတစ်ချက် တောင် မော့မကြည့်ပဲနဲ့ ပြောလိုက်တယ်။

“ ဘာ ပုံနှိပ်တယ်”

“ အာ ။ မင်းရဲ့ အသိပညာနဲ့ ဆို ငါ ရှင်းပြရင်တောင် နားလည်မှာ မဟုတ်ပါဘူး။ မင်းကို ပုံသွင်းတာ တစ်ခု ပြမယ်။” ဖန်ကျန်းရှီက စတင်ပြီးတော့ အလုပ်လုပ်တော့တယ်။

ရန်ရွှယ်ကတော့ ဘေးမှာပဲ ရပ်နေပြီးတော့ စကားမပြောပါဘူး။

ဓားစာခံ နှစ်ဦးဟာလည်း ငြိမ်သက်နေခဲ့တယ်။ သူတို့လည်း တစ်ခွန်းမှ ဝင်မပြောရဲဘူး ဖြစ်တယ်။

ပင်းယန်က လုံးဝကို ပေါက်ကွဲနေတာ သိသာပါတယ်။ ဖန်ကျန်းရှီက ပင်းယန် မင်းသမီးကို ဒီလိုမျိုးပြောတာ နားမလည်နိုင် ဖြစ်နေတယ် ။

“ ငါ့ရဲ့ ဉာဏ်ပညာကို ဘယ်လိုများ လှောင်ရယ်နိုင်တာလဲ။ နင်သာ ငါ့ကို ပုံနှိပ်တာ အကြောင်း မရှင်းပြဘူး ဆို၇င် နင် နဲ့ သေတဲ့ အထိ တိုက်ခိုက်မယ်။ ” ပင်းယန်က လုံးဝကို ဒေါသ ထွက်လာတော့တယ်။

“ကောင်းပြီလေ။ ဒါပေမယ့် တစ်ခုတော့ အပေးအယူ ရှိတယ်။” ဖန်ကျန်းရှီက ဖြည်းဖြည်း ချင်း ပြောြပ်တယ်။

“ ဘာ လဲ ပြော”

“ ပျော်စရာလုပ်ဖို့ မင်းရဲ့ ချီလင်လှံကို ငှားပါအုန်း။”

“အိမ်မက် မက်နေတာ ရပ်လိုက်တော့ ”

“ ဒါဆို၇င် မင်း တတိယ အချီကို မြန်မြန်ဝင်ချင်လား။ ချီလင်လှံကို မငှားပဲ အချိန် ဖြုန်းနေမှာလား။”

“ဟွန့် ငါ့ကို လိမ် ဖို့ မစဉ်းစားနဲ့။ ငါ ဒီလောက် မတုံးဘူး။” ပင်းယန် က အော်ရင်းနဲ့ လှည့်စားမခံ ရဖို့ ဆုံးဖြတ်လိုက်တယ်။

ဖန်ကျန်းရှီက ထပ်မပြောတော့ပါဘူး။ စာရွက်တွေကို သာ ကျောက်တုံးပေါ်မှာ ကပ်နေခဲ့တယ်။

သိပ်မကြာခင်မှာပဲ နောက်ကို လှည့်လိုက်တယ်။

စာရွက်ဖြူပေါ်မှာတော့ စာလုံးတွေ ပြည့်နေပြီ ဖြစ်တယ်။

ပင်းယန်ကတော့ ဒီ စာလုံးတွေကို ခပ်မြန်မြန် မှတ်လိုက်တယ်။ သူမရဲ့ မျက်လုံးတွေကလှည့်ပတ်ကြည့်နေ ပင်မယ့်လည်း ဒါကိုတော့ ကောင်းကောင်း နားမလည် ဘူး ဖြစ်နေတယ်။

“ ဒါတွေကို မှတ်မိဖို့ အတွက် လုပ်နေတာလား။ ဒါက အသုံးမဝင် ဘူး။ ဒီ စကားလုံးတွေက သိပ်မကြာခင်ပဲ ပြောင်းသွားတော့မှာ ” ပင်းယန်က စာရွက်ပေါ်က စာလုံးတွေကို ကြည့်လိုက်တယ်။ ဒီ နည်းလမ်းက အလုပ် မဖြစ်ဘူးးလို့ တွေးနေဆဲ ဖြစ်တယ်။

“ အပိုတွေ ပြောနေတာ ရပ်တော့ ။ ငါ့ကို ချီလင်လှံ ပေး”

“ နင် … ဟွန့် ။ နင် ငါ့ကို လိမ်ဝံ့ရင် ငါ နင့်ကို အသေသတ်မယ်။” ပင်းယန် ဟာ ဖန်ကျန်းရှီကို ကြည့်လိုက်ပြီးတော့ ချီလင်လှံကို ငှားပေးလိုက်တယ်။

ဖန်ကျန်းရှီကတော့ ချီလင်လှံကို ယူလိုက်ပြီးတော့ မြေကြီးထဲမှာ စိုက်ထားလိုက်တယ်။

ကြီးမားတဲ့ မီးတောက်ကြီးတွေဟာ မိုးထိအောင် တက်နေတော့တယ်။ မီးတောက် ရဲ့ အရှိန် အဝါတွေဟာ ဖန်ကျန်းရှီရဲ့ ထိန်းချုပ်မှု အောက်မှာ ရှိနေတဲ့ ပုံစံ မျိုးပါပဲ။

“ ဘုန်း။” ကြီးမားတဲ့ ပဲ့တင့်သံ တွေဟာ ထွက်ပေါ်လာတော့တယ်။

မြေကြီးထဲမှာတော့ ကြီးမားတဲ့ အပေါက်ကြီး တစ်ပေါက် ဖြစ်ပေါ်လာတော့တယ်။

“ နင် နင် ဘာလုပ် မလို့လဲ။” ပင်းယန်ဟာ ဒါကို မထင်မှတ်ထားခဲ့ဘူးပဲ ဖြစ်တယ်။

“အစွမ်းတွေ ထုတ်နေတာလေ။ ပြဿ နာ ရှိလို့လား။” ဖန်ကျန်းရှီ ဟာ အလုပ် မစခင် ကြိုတင် ပြင်ဆင်လိုက်တာပဲ ဖြစ်တယ်။

အရင်လောကမှာ တုန်းက သူ ဟာ အနည်းဆုံးတော့ တစ်ပတ်လောက် ပုံနှိပ် စာ တွေကို လုပ်နေရတာ ဖြစ်တယ်။

ဒါပေမယ့်လည်း ဒီ လောကမှာတော့ ပိုပြီးတော့ လွယ်ကူတယ် ။

သူ ။ ရန်ရွှယ် နဲ့ ပင်းယန် တို့က ပတ်ဝန်းကျင်မှာ ရှိတဲ့ အရာတွေကို ထိန်းချုပ်နိုင်တယ် ။ ဒီလိုမျိုး ငါးဦးပေါင်းလိုက်ရင်တော့ မြေကြီး ပုံစံ အခြေအနေကို ပြောင်းလဲ ပြီးတော့ ပုံနှိပ်တာမျိုးကို လုပ်ဖို့ လွယ်ကူတာပဲ ဖြစ်တယ်။

ပုံနှိပ်တာက ဒီမှာ ဆိုရင် ၁၅ မိနစ်က လုံလောက်တယ် ။

အဲ့ဒီ့နောက် ဖန်ကျန်းရှီ ဟာ စတင်တော့တယ်။ သူ့ရဲ့ လက်ထဲက စာရွက်တွေကို ငါး ခု ခွဲပြီးတော့ လူ တစ်ယောက်ချင်းစီကို ပုံနှိပ်ခိုင်းလိုက်တယ်။

ပင်းယန်ကတော့ သိပ်ပြီး လုပ်ချင်ဟန် မတူဘူး ။ ဒါပမေယ့်လည်း ဖန်ကျန်းရှီ ရဲ့ သရုပ်ပြ မှု အပြီးမှာတော့ သူမဟာ ပိုပြီးတော့ စိတ်လှုပ်ရှားနေခဲ့တယ် ။

သိပ်မကြာခင်မှာပဲ။ လူ ငါးယောက် ပေါင်းစည်းမှုနဲ့ စာလုံးလှိမ့် တာ ဟာ ပြီးစီးတော့မှာ ဖြစ်တယ်။ ကျောက်တုံးပြားကြီး ပေါ်မှာတော့ စာရွက်ဖြူတွေ ပြည့်နေခဲ့ပြီ။

အဲ့ဒီ့နောက် ဖန်ကျန်းရှီ ဟာ ဒီ စာလုံးလှိမ့်ခြင်းကို ဘယ်လို အသုံးပြုရမလဲ ဆိုတာ ရှင်းပြလိုက်တယ်။

အစပိုင်းမှာတော့ ပင်းယန်ဟာ အတော်လေးကို သံသယ ရှိနေတာ ဖြစ်တယ်။ ဒါပေမယ့်လည်း ဒါကို ကြားပြီးတဲ့ နောက်မှာတော့ သူမရဲ့ မျက်လုံးတွေဟာ တလက်လက် တောက်ပ လာတော့တယ်။

“ဒါက အလုပ် ဖြစ်လား။ ဒါပေမယ့်လည်း ဒါက မျက်နှာပြောင်တာပဲလေ။ ”

“ နားလည် ကြလား ”

“ နားလည်ပါတယ်။”

“ ဒါဆိုရင် ငါ နောက် တစ်ခါပြမယ်။ ငါ အောင်မြင်သွားရင် ဒီ စာရွက် ပုံနှိပ်နည်းကို ချန်ထားခဲ့မယ်။”

“ ဆက်လုပ်ကြ”

“ ဒီ မှာ ပြောစရာ ရှိသေးတယ် ။ ငါ တို့ ဒီနေရာ ကနေ ထွက်သွားရင် ဒီ နည်းပညာကို တန်ဖိုးထားရမယ်။ ဒါကို သုံးချင်တဲ့သူ ၇ှိရင် ငါ့ကို ငွေသား ပေးရမယ်။ မင်းတို့ အားလုံး နားလည်ရဲ့လား။”

“ ဘာ တန်ဖိုးလည်း ” ပင်းယန်က တော့ စိတ်ရှုပ်နေတယ်။

ဖန်ကျန်းရှီက စတင်ပြီးတော့ ချွေးထွက်လာတော့တယ်။ ဒီ လောက ကတကယ့်ကို ကွာခြားလွန်းတယ်။ တန်ဖိုးကို မေ့လိုက်တော့ ဒီ အမြွှာကျောက်တုံးကိုပဲ အရင်ဆုံး ဖြတ်ကျော်ရအောင် ။

စာလုံးတွေနဲ့ ကျောက်တုံးဆီကို လျှောက်သွားတော့တယ်။ စာလုံးတွေ ပြောင်းလဲ သွားချိန်မှာ သူလက်ထဲက ပုံနှိပ်စာရွက်ကို မြှောက်လိုက်တယ် ။

ဒုတိယ တစ်ဦး အောင်မြင်သွားတော့တယ် ။

ပင်းယန်နဲ့ ရန်ရွှယ် ဟာ ဖန်ကျန်းရှီကို စိတ်ရှုပ်စွာ ကြည့်လိုက်ကြတယ်။

ဆယ်မိနစ် ကြာပြီးနောက်မှာတော့ ဖန်ကျန်းရှီ ဟာ စာလုံးပေါင်း သုံးထောင်ကို ပြန်လည် ပုံနှိပ်ပြီးသား ဖြစ်သွားတော့တယ်။

အဲ့ဒီ့နောက် ကျောက်တုံး အလွတ်ဆီမှာ စ ပြီး လှိမ့်တော့တယ်။

“ ငါ လှိမ့်ရမယ်။” ဖန်ကျန်းရှီ ဟာ ကျောက်တုံးအလွတ်ဆီမှာ စတင်ပြီးတော့ ပုံနှိပ်တော့တယ်။ မ

သိပ်မကြာခင်မှာပဲ ကျောက်တုံး အလွတ်မှာလည်း စာလုံးတွေ ပြည့်သွားတော့တယ်။ ထုံးစံ အတိုင်း လုံးဝကို ထပ်တူညီနေခဲ့တယ်။

“ ဟမ်။” ရွှေရောင် အလင်းတန်းတွေဟာ ကောင်းကင်ကနေ ထွက်ပေါ်လာတော့တယ်။

…

တော်ဝင်ကျောင်းတော်ထဲမှာတော့

သွမ့်အရှင်ဟာ လုံးဝကို မထင်မှတ်ထားဟန်တွေ အပြည့်ပေါ်နေခဲ့တယ်။ သူ့ရဲ့ မျက်လုံးတွေဟာတော့ စိတ်ပျက်အားလျော့ မှုတွေ အထင်းသားပေါ်နေခဲ့တယ်။

ဟန်ချန်ဖုန်းကတော့ မျက်စိပိတ် ထားရင်းနဲ့ သာ ခုံပေါ်မှာ ငြိမ်သက်စွာ ထိုင်နေခဲ့တယ် ။ တတိယ အချီကိုတော့ အ၇င်လိုမျိုး မှတ်ချက် မပေးတော့ဘူး ဖြစ်တယ်။

တခြားတစ်ဖက်က မင်းသားကိုးကတော့ တတိယ အချီက ပြိုင်ပွဲတွေကို ကြည့်နေခဲ့တယ် ။

အဲ့ဒီ့နောက် ပုံရိပ်လွှာပေါ်မှာ လူ တစ်ယောက် ပေါ်လာတော့တယ်။ အရင်တုန်းက ရှိမနေခဲ့တဲ့ ပုံရိပ်လေး ဖြစ်တယ်။ လေထုကို ခွင်းပြီးတော့ ရုတ်တ၇က် ရောက်ရှိလာတာပဲ ဖြစ်တယ်။

သူ့ရဲ့ အပြာရောင် အကျီ၇ှည်ရဲ့ လက်အိုးတွေဟာတော့ လေထုထဲမှာ တဖျတ်ဖျတ် လှုတ်ခတ်နေခဲ့တယ်။

“ဖန် … ဖန်ကျန်းရှီလား” မင်းသားကိုးဟာတော့ သူမြင်နေရတာကို အံ့သြသင့်လွန်ုးနေခဲ့တယ် ။

“ညီလေး ကို း ဘာတွေ ပြောနေတာလဲ။ အမ်။ ဒါ ဒါက ဖန်ကျန်းရှီလား။ သူ ဘယ်လိုလုပ် တတိယ အချီကို ရောက်လာတာလဲ။” သွမ့်ပြည်ထောင် အရှင်က မင်းသားကိုး ပြောသံကို ကြားတဲ့ အချိန်မှာ သူ့ရဲ့ မျက်လုံးတွေက အကြည့်ရောက်သွားခဲ့တယ် ။

အံ့အားသင့်နေတာဟာ သူ တစ်ယောက်တည်း မဟုတ်ပါဘူး။

တတိယ အချီကနေ မတက်သေးတဲ့ လူတွေ အားလုံးလည်း မှင်သက်နေကြတယ် ။

သူတို့အားလုံးဟာ အပြာရောင် အကျီ လက်အိုးရှည်နဲ့ လူငယ် တစ်ဦးကို ကြည့်နေကြတာ ဖြစ်တယ်။ ဒါက လုံးဝကို ဖန်ကျန်းရှီပဲ။

ဒီ အချိန်မှာပဲ တော်ဝင်ကျောင်းတော်ထဲမှာ သတင်းပို့သူ ဟာ စာစစ်သူ ခန်းမထဲကို အပြေးဝင်လာခဲ့တယ်။ သူဟာ လုပ်ရိုးလုပ်စဉ်တွေကို မေ့ပြီးတော့ အံ့သြမှုတွေနဲ့ သာ ပြည့်နေခဲ့တဲ့ပုံပါပဲ။

“ သွမ့် အရှင်။ အ၇ှှုင်။ မင်းသားကိုး။ အကြီးအကဲ ဟန် ။ ဖန် ဖန်ကျန်းရှီက အမြွှာ ကျောက်တုံးကို ဖြတ်သွားပြီ။ သူ တတိယအချီကို တက်သွားပြီ။”

“ ဟမ်။” ဟန်ချန်ဖုန်းရဲ့ မျက်လုံးတွေက ခန ပွင့်လာခဲ့တယ် ။သူ့ရဲ့ မျက်လုံးတွေဟာတော့ ဖန်ကျန်းရှီ ကို သာ စိုက်ကြည့်နေခဲ့တယ်။

သူ စိတ်အေးအေး ထားလိုက်ချင်တယ်။ ဒါပေမယ့်လည်း မဖြစ်နိုင်ဘူး။

ဖန်ကျန်းရှီက တံတားကျိုးကို ဖြတ်ခဲ့တယ်။ နောက်ပြီးတော့ အမြွှာ ကျောက်တုံးကို ဖြတ်သွားတယ် ။

ဒါကသာ ကံ ကောင်းတာ ဆိုရင်။ ဒီ ကောင်စုတ်ရဲ့ ကံက ဘယ်လောက်တောင် ကောင်းနေလို့လဲ။

“ အမြွာ ကျောက်တုံးတွေ…. သူ တကယ်ပဲ ဖြတ်သန်းနိုင်သွားတယ်။ ဘာ ဘာတွေ ဖြစ်သွားတာလဲ။” သွမ့်အရှင်ကတော့ သူ့ရဲ့ အရှိန်အဝါကို ခက်ခက်ခဲခဲ ထိန်းသိမ်းနေရတယ်။

ဖန်ကျန်းရှီက တံတားကျိုးကို ဖြတ်နိုင်သွားတုန်းက ကံတရားလို့ ဖြစ်မယ် ထင်ခဲ့တယ် ။

ဒါပေမယ့်လည်း အမြွှာကျောက်တုံးကို ဖြတ်နိုင်တာကတော့ ကံတရားမဟုတ်တော့ဘူး။

နောက်ပြီးတော့

ကျောက်တုံး အမြွှာ အတားအဆီးကို ဖြတ်ကျော်နိုင်ဖို့က မရေမတွက် နိုင်တဲ့ ဉာဏ်ကြီးရှင်တွေ ကျရှုံးခဲ့တဲ့ အရာ တစ်ခု ပဲ ဖြစ်တယ်။ ဖြေရှင်းဖို့ မဖြစ်နိုင်တာမျိုး ။

“ သူ ဘယ်လိုများ ဖြေရှင်းနိုင်သွားတာလဲ။”

အဓိက အချက်ကိုတော့ သွမ့်အရှင်နဲ့ ဟန်ချန်ဖုန်းတို့က အတော်လေးကို ပဟေဠိ ဖြစ်နေခဲ့တယ်။

မင်းသားကိုးတောင်မှ ဖန်ကျန်းရှီ ဘယ်လို လုပ်နေလဲ မသိခဲ့ဘူး ဖြစ်တယ်။

သတင်းပို့သူကတော့ အရမ်းတွေ ဖြေရှင်းချင်နေခဲ့တယ်။ ဒါပေမယ့်လည်း ဖန်ကျန်းရှီၤ သုံးခဲ့တဲ့ နည်းလမ်းကို သူ ဘယ်လိုမျိုး ပြောပြလို့ ရမလဲ မသိဘူး ဖြစ်တယ်။

“ အမြွှ့ာကျောက်တုံးကို ထပ်တူညီအောင်လို့ စာရွက်တွေနဲ့ ကပ်ပြီးတော့ ပုံစံတူ စာလုံးတွေကို နောက် ကျောက်ပြားတစ်ခုပေါ်မှာပေါ်အောင်လုပ်လိုက်တယ်။ အဲ့ဒီ့နောက် သူ အောင် သွားတာပဲ။” သတင်းပို့သူ ဟာ သူကိုယ်တိုင် ဘာတွေ ပြောနေမိလဲ ဆိုတာတောင် နားမလည်နိုင် ဖြစ်နေခဲ့တယ် ။

“ အမှိုက်တွေပဲ။ အမြွှာ ကျောက်တုံးက ၁၅ မိနစ် တစ်ကြိမ် ပြောင်းနေတာ။ ဘယ်လိုများ အချိန် မှ ီအောင် ကူးနိုင်တာလဲ။” ဟန်ချန်ဖုန်းရဲ့ အသံဟာတော့ မယုံနိုင်အောင် အေးစက်နေခဲ့တယ်။

“ ဒါ အကြောင်းတော့ မသိ ပါဘူး။ ဒါပေမယ့်လည်း သူ အောင်မြင်ခဲ့ပြီးပြီ။ နောက်ပြီးတော့ ရန်ရွှယ် နဲ့ တခြားသူတွေလည်း …….” သတင်းပို့သူ စကားပြီးအောင် မပြောနိုင် ခင်မှာပဲ အဖြူရောင် ပုံရိပ်ဟာ မြင်ကွင်းထဲမှာ ပေါ်လာတော့တယ်။

ဒါက ရန်ရွှယ်ပဲ ။

အဲ့ဒီ့နောက် တစ်ခဏ ကြာပြီးနောက်မှာ ပင်းယန်နဲ့ ဓားစာခံ နှစ်ယောက်ဟာ လည်း တတိယ အချီမှာ ပေါ်လာခဲ့တယ်။

“ ငါး ငါး ယောက် ။ သူတို့ အားလုံး အမြွှာကျောက်တုံးကို အောင်မြင်သွားတယ်။ ဘာတွေ ဖြစ်ကုန်တာလဲ။ သူတို့ အားလုံး လည်း စာလုံး ၃ ထောင်ကို မှတ်မိပြီးတော့ ဖြတ်လာနိုင်တာလား။” ဟန်ချန်ဖုန်းကတော့ သူ့ရဲ့ အေးဆေး တည်ငြိမ်မှုတွေ ပျောက်သွားပြီ ဖြစ်တယ် ။

လုံးဝကို အဓိပ္မာယ်မရှိတာပဲ။

ဖန်ကျန်းရှီက တကယ့်ကို ဉာဏ်ကြီးရှင်ပဲ။ မထင်မှတ်ထားလောက်အောင် တော်တဲ့ အရည်အချင်းတွေ ရှိတာပဲ။ ဒါပေမယ့် တခြား လေးယောက်ကို ဘယ်လိုများ ဖြတ်သန်းနိုင်အောင် လုပ်ပေးလိုက်တာလဲ။

အကယ်၍ ဖန်ကျန်းရှီ တစ်ယောက်တည်း သာ ဖြတ်လာနိုင်တာ ဆိုရင်တော့ သူ့ရဲ့ မှတ်ဉာဏ်တွေက ကောင်းလွန်းတယ်။

ဒါပေမယ့်လည်း

ငါးယောက်လုံး ဖြတ်သွားနိုင်တာကတော့

တွေးနိုင်တာထက် ပိုသွားပြီ ဖြစ်တယ်။

အပိုင်း ( ၁၉၅) ပြီး။

အပိုင်း ( ၁၉၆)

“ မုန်တိုင်းနဲ့ မီး”

ဟန်ချန်ဖုန်းကတော့ သူ့ရဲ့ အေးအေးချမ်းချမ်း အမူအယာကို ဆက်ပြီးတော့ မထိန်းထားနိုင်တဲ့ တစ်ယောက်တည်းသောသူ မဟုတ်ပါဘူး။

တော်ဝင်ကျောင်းတော် ကြီး တစ်ခုလုံးဟာ ရန်ရွှယ်နဲ့ ဖန်ကျန်းရှီတို့ မြင်ကွင်းပေါ်မှာ ပေါ်လာတာကို အုံးအုံးကျွက်ကျွက် ဖြစ်လာတော့တယ် ။

ဖန်ကျန်းရှီ ရန်ရွှယ်နဲ့ တခြား သုံးဦး ဘယ်လိုများ အမြွှာကျောက်တုံးကို ဖြတ်လာနိုင်လည်း ဘယ်သူမှ မရှင်းပြနိုင် ဖြစ်နေတော့တယ် ။

ဒီလို မျိုး စာလုံးပေါင်း သုံးထောင်ကို ဘယ်လိုများ အမှားမရှိပဲနဲ့ အကုန်လုံးက ဘယ်လိုများ မှတ်မိနိုင်ကြတာလဲ။

ဒါက ဘယ်လို ဖြစ်နိုင်မှာလဲ။

ဒီအချိန်မှာတော့ လူတိုင်းဟာ ဖြစ်နိုင်ချေ တစ်ခုပဲ ၇ှိနေတာ ဖြစ်တယ်။

“ သူတို့ လှည့်စားတာများလား။”

…

သူတို့ လှည့်စားပြီးတော့ ဒီလိုမျိုး အံ့ဖွယ် မှတ်ဉာဏ် ဘယ်သူကများ ပေးလိုက်တာလဲ။

ဘယ်သူကမှ ဒါကို အဖြေမထုတ်နိုင်ကြဘူး။ တိုက်ခိုက်ရေးစာမေးပွဲက စာဖြေသူတွေကတော့ တူညီစွာကို မျက်စိလည်နေကြတယ်။

ဖန်ကျန်းရှီက တတိယ အချီမှာ ရပ်နေခဲ့ပြီ။

ဒါက သိပ်ကို ဗလာ ဟင်းလင်း ဖြစ်လွန်းတယ် ။ တစ်ဖက် တစ်ချက်မှာ စီထားတဲ့ ကျောက်တိုင်တွေနဲ့ သစ်တောကြီး တစ်ခုလည်း ရှိနေတယ် ။

ဒီ ကျောက်တိုင် ခန်းမထဲမှာတော့ စာဖြေသူ်တွေဟာ အတော်လေးကို ထိခိုက်မှု ပြင်းထန်နေတော့တယ် ။

ဒါပေမယ့်လည်း ကွင်းပြင်ထဲကို လူ ငါးယောက် ရောက်လာချိန်မှာတော့ သူတို့ရဲ့ တိုက်ခိုက်မှုကို ကြောက်လန့်စွာ ရပ်တန့်လိုက်တော့တယ်။

“ ဖန် … ဖန်ကျန်းရှီ လား။”

“ လူ ငါးယောက် ”

“ ဘယ်လိုဖြစ်ပြီး ငါး ယောက်တောင်လဲ။ တတိယအချီကို ဘယ်လို ရောက်လာကြတာလဲ။”

လူတိုင်းဟာ ပင်းယန် ဖမ်းသွားတဲ့ စာဖြေသူတွေကို ကောင်းကောင်းမှတ်မိတယ်။ သူတို့တွေးခဲ့တာကတော့ အတော်လေးကို ကံဆိုးသွားတဲ့ သူတွေ လို့ ။ ဒါပေမယ့်လည်း သူတို့ထဲက နှစ်ဦးဟာတော့ တတိယ အချီမှာ ရောက်နေပြီပဲ ဖြစ်တယ် ။

“ ဂလု” စာဖြေသူ တစ်ဦးဟာ တံတွေးကို ခက်ခက်ခဲခဲ မျိုုချလိုက်တယ်။

“ ဒါက သူတို့ တံတားကျိုးကို ဖြတ်လာတာ ဖြစ်နိုင်မလား။”

“ ဒီ လူ ငါးယောက်က အမြွှာ ကျောက်တုံးုကို ဖြတ်လာတာရော ဖြစ်နိုင်တယ်။” နောက်ထပ် စာဖြေသူ တစ်ယောက်က ထပ်ပြောလိုက်တယ်။

“ ဒါက ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ။ အမြွှာကျောက်တုံးကို ငါးယောက်လုံးဖြတ်လာနိုင်တာကိုတော့ ငါ မယုံနိုင်ဘူး။”

သူတို့ရဲ့ ထိတ်လန့် အံ့သြ မှုဟာတော့ တော်ဝင်ကျောင်းတော်ထဲက ဟန်ချန်ဖုန်းနဲ့ တခြားသူတွေထက်တောင် ပိုပြီးတော့ ကြီးမားလှတယ်။ နောက် ပြီးတော့ ဒီ တတိယ အချီကို ရောက်လာဖို့ အတွက် သူတို့ ဟာ သွေးချွေးတွေကို ရင်းနှီးခဲ့ရတာ ဖြစ်တယ်။

ဒါပေမယ့်လည်း ဖန်ကျန်းရှီနဲ့ သူ့အဖွဲ့ကတော့ သွေးတစက်တောင် မထွက်ခဲ့ဘူး ။

သူတို့မှာ ဒဏ်ရာလေး တစ်ခု တောင် မ၇ခဲ့ဘူး။

“ အာ မင်းတို့တွေက တတိယ အချီမှာပဲ ၇ှိသေးတာလား။” ဖန်ကျန်းရှီက ဘေးပတ်လည်က စာဖြေသူတွေကို ကြည့်လိုက်တယ်။ သူ့ကြည့်ရတာတော့ အံ့သြနေဟန်ပါပဲ။ ဒါပေမယ့်လည်း သူဟာ မတူညီတဲ့အံ့သြမှုနဲ့ အံ့သြနေတာ ဖြစ်တယ်။

“ မင်းဘာကို ပြောချင်တာလဲ။”

စာဖြေသူတွေ ဟာတော့ ဒီ အချိန်မှာ သူ့ရဲ့ စကားကြောင့် လုံးဝကို အေးစက်သွားတော့တယ်။

“ ကောင်းပြီလေ။ မင်းတို့ အားလုံး ဆက်လုပ်ကြပါ။” ဖန်ကျန်းရှီကတော့ ရှင်းပြ စရာ လိုတယ်လို့ မထင်ပါဘူး။

သူဟာ ဓားစာခံ တစ်ယောက်စီက ပုံနှိပ်စာရွက်ကို လှမ်းယူပြီးတော့ သူ့ရဲ့ နှလုံးကာ မှန်ထဲ ထည့်လိုက်တယ်။

ဒီ ပုံနှိပ်စာမှာ အမြွှာ ကျောက်တုံးက စာလုံးပေါင်း သုံးထောင် ရှိနေတယ်။ ဒါက လုံးဝကို တန်ဖိုးကြီးတယ်။

သူ ဒါကို အမှတ်တရ အဖြစ် သိမ်းထားချင်တယ်။

နောက်ပြီးတော့ ဒါက ပုံနှိပ်စာလုံး လုပ်တဲ့ထဲက ပါဝင် ပစ္စည်းတစ်ခုပဲ။

ဒါ့အပြင် ၁၅ မိနစ် အတွင်းမှာ စာလုံးပေါင်း သုံးထောင်ကို ပုံနှိပ်ဖို့ ဆိုတာ လွယ်တယ်မှတ်လို့လား။

ဒီ လို အ၇ည် အချင်းမျိုးက ဒီလောက်မှာ ဖြစ်နိုင်တဲ့ အ၇ည်အချင်းမဟုတ်ဘူး။ အချိန်တို အတွင်းမှာ ဒီလိုမျိုး ပုံသွင်းဖို့ လွံယ်လွယ် ကူကူ လုပ်နိုင်တာက ဒီလောကရဲ့ အစွမ်းတွေ ကြောင့်ပဲ ဖြစ်တယ်။

အကယ်၍ အရင်လောကမှ ဆိုရင် ဒီလို ပုံနှိပ်တာကို လုပ်ဖို့က တစ်နာရီ အနည်းဆုံး ကြာမှာ ပဲ ဖြစ်တယ်။

ဖန်ကျန်းရှီက တခြား စာဖြေသူတွေကို ဒါ အကြောင်း မရှင်းပြနိုင် ဘူး ဖြစ်တယ်။ တိုက်ပွဲမှာ လဲ ဝင်မပါချင်ဘူး။ စာဖြေသူ အရေအတွက် ကတော့ သူ မျှော်လင့် ထားတာ ထက်ကို ပိုပြီးတော့ နည်းတယ်။

ဒါက လူတွေ အတော်များများ စတုတ္ထ အချီမှာ ရောက်နေပြီ လို့ ဆိုလိုတာပဲ ဖြစ်တယ်။

နောက်ပြီးတော့ သုခမိန် လောကထဲမှာ အဆင့် လေး ဆင့်ပဲ ရှိတာ ဖြစ်တယ်။ စတုတ္ထ အဆင့်ကို ရောက်ပြီ ဆိုတာ တိုက်ခိုက်ရေးစာမေ်းပွဲရဲ့ နောက်ဆုံး အချီကို ရောက်ပြီ လို့ ဆိုလိုတာပဲ ဖြစ်တယ်။

“ဒါက နောက်ဆုံး အတားအဆီးလား။” ဖန်ကျန်းရှီက ခပ်ဝေးဝေးမှာ ၇ှိတဲ့ ကျောက်တုံး အိမ်ကို ကြည့်ရင်းနဲ့ ပြောလိုက်တယ်။

နောက်ပြီးတော့ အထဲမှာ ဘာရှိလဲ ကိုလည်း ဘယ်သူကမှ မသိဘူး။ အထဲမှာ ရှိနေတဲ့ အရာကို မှတ်တမ်း တင်ထားတာ မျိုးလည်း မရှိဘူး ဖြစ်တယ်။ ဘာကြောင့်လဲ ဆိုတော့ ကျောက်တုံး အိမ်ထဲကို အဝင်သာရှိပြီး အထွက်မ၇ှိတာကြောင့်ပဲ ဖြစ်တယ်။

…

မြို့တော်မှာ ရွာနေတဲ့ မိုးကတော့ ရပ်မယ့်ပုံမပေါ်ပါဘူး။ ပြောရမယ် ဆိုရင်တော့ ပိုပြီးတော့ သည်းထန်စွာ ရွာနေခဲ့တယ်။ ရေအိုးကြီး တစ်ခုလုံးလောင်းချနေသလိုမျိုးကို ရွာသွန်းနေခဲ့တယ်။

ဒီ လို ရာသီဥတုမျိုးမှာ အလွန်နည်းပါးလှတဲ့ လူ တစ်ချို့သာ လမ်းမတွေ ပေါ်မှာ သွားလာနေခဲ့တယ်။

မြို့တော်ဂိတ်တံခါးမှာ စောင့်ကြပ်နေကြတဲ့ အစောင့်တွေ တောင်မှ အတော်လေးကိုတုန်ယင် နေကြတယ်။

ဒီအချိန်မှာပဲ လူတစ်စုဟာ မိုးသည်းသည်းကို ဖြတ်ပြီးတော့ မြို့ဂိတ်တံခါးဆီကို လျှောက်လာခဲ့တယ်။ သူတို့အားလုံးဟာ သံချပ်ကာဝတ် စစ်သည်တွေ ဖြစ်တယ်။ ဒါပေမယ့်လည်း သူတို့ လျှောက်လာတဲ့ လမ်းတစ်လျှောက်မှာ မိုးရေတစ်ပေါက်တောင်မှ သံချပ်ကာ ဝတ်စုံ ပေါ်ကို မစိုဘူး ဖြစ်တယ်။

ဒီ မြင်ကွင်းအရ စစ်သည်တော်တွေ ဟာ အနည်းဆုံး ကောင်းကင်ရောင်ပြန် အဆင့် ရှိပြီ ဆိုတာကို ဖော်ပြနေခဲ့တယ်။

စစ်သည်တော် တစ်ဦး ချင်းစီဟာ မြင်းကောင်းမြင်းသန့်တွေကို စီးနင်း ထားတာ ဖြစ်တယ်။ တစ်ကောင်ချင်းစီဟာတော့ ညအမှောင်ထုလို နက်မှောင်နေပြီးတော့ သူတို့ရဲ့ ခြေသည်းတွေဟာ အကြေးခွံတွေနဲ့ ဖုံးလွှမ်းနေခဲ့တယ်။ ခွာရာချတဲ့ တစ်လျှောက်မှာ တိမ်လို မြူလို ဖုန်မှုန့်တွေ ပေါ်ပေါက်လာခဲ့တယ်။

မြို့စောင့် တပ်သားတွေဟာတော့ ချက်ချင်း ဆိုသလို တုန်ယင် ချမ်းအေးမှုတွေ လွင့်ပြယ်သွားပြီးတော့ တစ်ဦးချင်းစီရဲ့ မျက်နှာမှာ လေးစားမှုတွေ ပေါ်လာတော့တယ်။

သူတို့ဟာ မြို့တံခါးကို ဖြတ်သွားပြီးနောက် မရပ်တန့်ခဲ့ပါဘူး။

နန်းတော်ဆီကိုသာ ဦးတည်သွားခဲ့တယ်။

စစ်သားအုပ်စုကြီး ဖြတ်သန်းသွားပြီးတဲ့ နောက်မှာတော့ မြို့စောင့် တပ်သားတွေဟာ သက်ပြင်းချလိုက်တယ်။ ဒါပေမယ့်လည်း သူတို့ရဲ့ မျက်လုံးတွေကတော့ သိလိုစိတ်တွေ စိတ်ရှုပ်ထွေးမှုတွေနဲ့ ပြည့်နှက်လာတော့တယ်။

စစ်သည်တော်တွေ ထွက်ခွာသွားပြီးတဲ့ နောက်မှာတော့ အေးချမ်းမှုဟာ ပေါ်ထွက်လာတော့တယ်။

ဒါပေမယ့်လည်း ဖြစ်ပျက်နေတဲ့ ကိစ္စတွေကတော့ သူတို့ ထင်သလို မဟုတ်ပါဘူး။

အစောင့်တွေဟာ တစ်ဖန် ပြန်လည် တုန်ယင်လာကြပြန်တယ်။

ဒီပုံရိပ်ဟာတော့ သူ့ရဲ့ ကျင့်ကြံဆင့်ကို မထုတ်ဖော်သလို စစ်သည်အုပ်စုကြီးလိုလည်း အင်အားမပြပါဘူး။ ဒါပေမယ့်လည်း အစောင့်တွေ ပြောနိုင်တာကတော့ ဒါဟာရိုးရှင်းတဲ့ သူ တစ်ယောက် မဟုတ်ဘူး ဆိုတာပဲ ဖြစ်တယ်။

ဒီလောက် သည်းထန်လှတဲ့ မိုးထဲမှာ ဘာကိုမှ မမှုပဲ ခရီးဆက်လာတဲ့သူ တစ်ယောက် ။ နောက်ပြီးတော့ ဦးထုပ်ကို မျက်နှာဖုံးတဲ့ အထိ ခပ်နိမ့်နိမ့်လေး ဆောင်းထားပုံတွေဟာ သိသာလှတယ်။

“ ရပ်လိုက်။ မင်းရဲ့ ဦးထုပ်ကို ချွတ်လိုက်” အစောင့် နှစ်ဦးဟာ အော်ဟစ်လိုက်တယ်။

ပုံရိပ်ဟာတော့ မိုးထဲမှာ မားမားမတ်မတ်ရပ်နေခဲ့တယ်။

ဒါပေမယ့်လည်း သူဟာ ဦးထုပ်ကို မချွတ်ခဲ့ပါဘူး။ သူဟာ အနက်ရောင် ရုပ်တုကြီး တစ်ခုလိုမျိုး ငြိမ်သက်စွာ ရပ်နေခဲ့တယ်။

“ မင်း မကြားဘူးလား။ ဦးထုပ်ကို ချွတ်လိုက်” အစောင့် နှစ်ဦးဟာ ထပ်အော်ရင်း သူတို့ရဲ့ လျှံတွေကို မြှောက်လိုက်တယ်။ သူတို့ရဲ့ မျက်လုံးတွေကတော့ မိုးရေတွေနဲ့ စိုစွတ်နေခဲ့တယ်။

ဒီအချိန်မှာပဲ မြှားသည်တော် တစ်ဖွဲ့ဟာ တပ်လှန့်သလိုမျိုး ဖြစ်သွားခဲ့တယ်။

သူတို့ရဲ့ လေးမြှားတွေကို အသင့် ပြင်ထားလိုက်တယ်။

မြို့တော်ရဲ့ လုံခြုံရေးကတော့ အမှန်ကို တင်းကြပ်လှတယ်။

တံခါးအပြင်မှာ အစောင့် ၂ ဦးသာ ရှိပင်မယ့်လည်း အတွင်းမှာတော့ ၈ယောက်ရှိနေတာ ဖြစ်တယ်။ အနည်းဆုံး အစောင့် တပ်တသား ၂၀ ရှိနေတာပဲ ဖြစ်တယ်။

ဒါပေမယ့်လည်း ဝတ်ရုံနက် လူ ဟာ လှုပ်၇ှားလာတော့တယ်။

လေးကြိုးတွေ ဆွဲပြီးနောက်မှာတော့ သူဟာ ဖြည်းဖြည်း ချင်း လှုပ်၇ှားတော့တယ်။ လက်နှစ်ဖက်ကို ပင့်မြှောက်၇င်းနဲ့ အရှုံးပေးလိုက်သလိုမျိုး ဟန်ပြင်လိုက်တယ်။

အစောင့်တွေကတော့ လှုပ်ရှားနေပြီ ဖြစ်တယ်။

သူတို့ရဲ့ လေ့ကျင့်မှုတွေ အရ ဒီလို လူတွေ ဟာ အန္တရာယ် ကြီးမားလှကြောင်း သိနိုင်တယ်။ သူတို့ရဲ့ တာဝန်ကတော့ ဒီလူ ရဲ့ မျက်နှာနဲ့ အမည်ကို ကြားရတဲ့ အထိ အသင့်ပြင်ထားဖို့ လိုတယ်။

အကယ်၍ တစ်စုံတစ်ဦးသာ ချိုးဖောက်ဝင်လာခဲ့ရင်တော့ သူတို့ဟာ မြို့တော် တစ်ခုလုံးကို တပ်လှန့်လိုက်မှာ ဖြစ်တယ်။

“ မင်းရဲ့ ဦးထုပ်ကို ဖြည်းဖြည်းချင်း ချွတ်လိုက်။ ခုခံဖို့ မကြိုးစားနဲ့။ မြှားဆယ်ချောင်း က မင်းကို ချိန်ထားတယ်။” စစ်သည်တော်တွေဟာ သတိပေးလိုက်တယ်။ ဒါက လုံးဝကို သတိပေးချက် ဖြစ်တယ်။

ဝတ်ရုံနက်လူဟာတော့ စကားမပြောပါဘူး။ သူ့ရဲ့ လက်တွေကိုသာ အစောင့် နှစ်ဦးစီကို ညွှန်ပြလိုက်တယ်။

“ပစ်တော့”

အစောင့်တွေနဲ့ အမူအယာက်တော့ ပြောင်းလဲသွားတော့တယ် ။ ဝတ်ရုံနက်လူ ရဲ့ လက်ထဲက က အနက်ရောင် တောက်ပနေတဲ့ အလင်းတန်းတွေ ကို မြင်လိုက်တာကြောင့်ပဲ ဖြစ်တယ်။

ဒါဟာ ကြောက်မက်ဖွယ် ကောင်းလွန်းတယ်။

“ ဘန်း ဘန်း ဘန်း ”

မိုးစက်တွေ နှင့် အတူ ငွေရောင်လက်နေတဲ့ မြားဆယ် စင်းဟာ တောက်ပစွာ ကခုန်ရင်း ဝတ်ရုံနက်ဝတ် လူ ဆီ ပြေးဝင်လာခဲ့တယ် ။

“ဟွန့် ”

ထိုလူရဲ့ အကျီလက်အိုးတွေကနေ တောက်ပတဲ့ အလင်းရောင် ဟာ ထွက်ပေါ်လာတော့တယ်။ လျှပ်တပြက် လှုပ်ရှားမှု တစ်ခု ပြီးတဲ့နောက် မှာတော့ သူဟာ မြှား ဆယ်စင်းကို ချိုးပြစ်လိုက်ပြီး မိုးရေထဲကို ပြန် ပစ်လွှတ်လိုက်တယ်။ မြို့တော်နံရံ ပေါ်မှာ ရှိနေတဲ့ အစောင့် ၂ ဦးကို ကျော်ဖြတ်ပြီးတော့ တက်သွားခဲ့တယ်။

ဒါဟာ တစ်ချက်တည်းနဲ့ သေစေနိုင်တဲ့ လှုပ်ရှားမှုပဲ ဖြစ်တယ်။

အစောင့် နှစ်ဦးဟာတော့ ဝတ်ရုံနက် လူကို မယုံကြည်နိုင်မှုတွေနဲ့သာ ကြည့်နေကြတော့တယ်။

ဒါပေမယ့်လည်း သူတို့ စကားမပြောနိုင်ဘူး။ သူတို့ရဲ့ လည်ချောင်းတွေဟာတော့ ကွဲ သွားပြီ ဖြစ်တယ်။ သွေးစီးကြောင်းတွေဟာ သပ်ရပ် ၇ှှုင်းသန့်စွာ နဲ့ မြို့တော် နံရံမှာ စီးကျနေပြီပဲ ဖြစ်တယ်။

သည်းထန်တဲ့ မိုးဟာတော့ ရပ်တန့်မည့် ဟန် မရှိပါဘူး။

ဒုတိယ မြှားမိုးဟာ ပစ်လွှတ်လာပေမယ့်လည်း ဝတ်ရုံနက်လူဟာတော့ ထွက်ခွာသွားပြီ ဖြစ်တယ်။

ဒီ မြို့တံခါးမှာ ဘယ်တုန်းကမှ မရှိတော့သည့် အလား။

မြို့စောင့် စစ်သည်နှစ်ဦးကို သတ်ပြီးနောက်

သူဟာ ထွက်သွား ခဲ့တယ် ။

ဒါဟာ သူ့လို စွမ်းရည်ရှင် တစ်ယောက်အတွက်တော့ မယုံနိုင်စရာ ကောင်းလှတယ်။ ဒါပေမယ့်လည်း သူဟာ လုပ်ဆောင်ပြီးနောက်မှာ စကား တစ်ခွန်းမှ မပြောပဲ ထွက်ခွာသွားတာ ဖြစ်တယ် ။

…

မြစ်ကမ်းပါးမှာတော့ အနီရောင် ကျောက်တုံးကြီးဟာ မိုးရွာထဲမှာ မတ်မတ်ရပ်တည်နေခဲ့တယ်။ မိုးထဲမှာ မီးပုံကြီး တစ်ခု သဖွယ် တောက်ပနေခဲ့တယ်။ ကောင်းကင်က မိုးစက်တွေ ကျလာချိန် တိုင်းမှာ ပွက်ပွက်ဆူလာတဲ့ ကျောက်တုံးကြီး နှယ် အသွင် ပေါက်နေခဲ့တယ်။

အဖြူရောင် ဝတ်ရုံ ဝတ်ထားတဲ့ အမျိုးသမီး တစ်ဦးဟာတော့ ကျောက်တုံးကြီးထိပ်မှာ ရပ်နေခဲ့တယ်။ သူမဟာ အစိမ်းရောင် ထီးတစ်လက်ကို လက်ထဲမှာ ကိုင်ထားခဲ့တယ်။ ထီးပေါ်မှာတော့ မှင် ရည် ဆေးခြယ် ပန်းချီ ရှိနေခဲ့တယ်။

ဒါပေမယ့်လည်း ဒီ ပန်းချီဟာတော့ သာမာန် ပန်းချီမဟုတ်တာ သိသာလှတယ်။

ထီးလက်ကိုင် ပန်းဖွားကနေ ပန်းချီကားရဲ့ တံဆိပ်နီ အထိ အရာအားလုံးဟာ ကျောက်စိမ်း တွေ ကျောက်မျက်ရတနာတွေထက်ကို အဖိုးတန်လှတယ်။

ဒါပေမယ့်လည်း ဒီ ပန်းချီဟာတော့ ထီးပေါ်မှာ ၇ှိနေတာပဲ ဖြစ်တယ်။ နောက်ပြီးတော့ အမျိုးသမီးလေးက ဒါကို မိုးရွာထဲမှာ အသုံးပြုနေတာ ပဲ ဖြစ်တယ်။

သူမဟာ ခေါင်းမော့ရင်းနဲ့ ယန်မြို့တော် ရှိရာ အ၇ပ်ဆီကို ငေးမျှော်ကြည့်လိုက်တယ်။ သူမရဲ့ ပိုးသားလို နက်မှောင်တဲ့ ဆံကေသာ တွေဟာ မိုးသားလေ အဝှေ့မှာ လွင့်ပျံ နေကြပြီးတော့ ပုဝါဖြူအောက်က လှပတဲ့ မျက်နှာ သွင်ပြင်ဟာ လေ အလွင့်ကြောင့် ပေါ်ထွက်လာတော့တယ်။

“ဘယ်လို တောင် ခမ်းန်ားတဲ့ မြင်ကွင်းလဲ။” အမျိုးသမီးဟာ ကျေနပ်စွာ ရေရွတ်လိုက်တယ်။ သူမဟာ သူမကိုယ် သူမ ပြောနေဟန် တူပေမယ့်လည်း သူမဆီကို လျှောက်လာတဲ့ အနက်ရောင် ပုံရိပ် ကို ပြောဟန်နဲ့ ပိုပြီးတော့ တူနေခဲ့တယ် ။

အပိုင်း (၁၉၆) ပြီး၏။

အပိုင်း (၁၉၇)

“ တစ်စစီ ပြိုကွဲခြင်း”

အမည်းရောင်ပုံရိပ်ဟာ နီးကပ်သည်ထက် နီးကပ်လာခဲ့တယ်။ သူ့ရဲ့ ဦးထုပ်ဟာတော့ မိုးရေတွေကြောင့် သန့်ရှင်းနေခဲ့တယ်။

အလွန်လျင်မြန်စွာနဲ့ပဲ အနက်ရောင် ပုံရိပ်ဟာ အမျိုးသမီး ရှေ့မှာ ပေါ်လာတော့တယ်။

အဲ့ဒီ့နောက် သူဟာ ရပ်တန့်လိုက်တယ်။ ဒါပေမယ့်လည်း သူကတော့ စကားမပြောပါဘူး။ သူဟာ အမျိုးသမီးနဲ့ ၂ မီတာအကွာမှာ ကျောက်ရုပ်ထုကြီး တစ်ခုလို ရပ်တန့်နေခဲ့တယ်။

“ မင်းမှာ မေးစရာရှိလား။” အမျိုးသမီးဟာ ဝတ်ရုံနက်လူကို ကြည့်လိုက်တယ်။

“ မမေးဝံ့ပါဘူး။” အနက်ရောင်ပုံရိပ်ဟာ ခေါင်းကိုခါလိုက်တယ်။ သူဟာ မေးခွန်းတစ်ခုတောင် မမေးဘူး ဖြစ်တယ်။ သူ့မှာ မေးခွန်းမရှိတာကြောင့် လည်း မဟုတ်ပါဘူး။ သူစကားမပြောတာဟာ ရိုးရှင်းပါတယ်။ အေးစက်တဲ့ လေသံမျိုးနဲ့ မပြောဝံ့ဘူး ဖြစ်တယ်။

“ ယင်ရှန်မှာ နောက်ထပ် ညီနောင် တစ်ဦး ထပ်ရှိနေတာလား။”

“ မှန်ပါတယ်။”

“ ကျောင်းတော် ဆယ်ခုရဲ့ စည်းကမ်းထိန်းသိမ်းသူ အထက်မှာ ဘယ်သူရှိသေးလဲ။”

“ အနက်ရောင် နယ်မြေ”

“သွားပြီး ကြည့်ရအောင်”

“အမိန့် အတိုင်းပါ သခင်”

အနက်ရောင် ပုံရိပ်ဟာ ထွက်ခွာသွားတော့တယ်။ အမျိုးသမီးဟာတော့ သည်းထန်လှတဲ့ မိုးသီးမိုးပေါက်တွေ ကြားမှာ ရပ်တန့်နေခဲ့တယ်။ သူမရဲ့ အဖြူရောင်ဝတ်ရုံဟာတော့ အန်ီရောင် ပင်လယ်ပြင်ကြီးထဲမှာ လွင့်မျော လှုပ်ခတ်နေတော့တယ် ။

…

သုခမိန် လောကထဲမှာတော့

လူတိုင်းဟာ မျက်လုံး ပြူးကြီးတွေနဲ့ ဖန်ကျန်းရှီကို စိုက်ကြည့်နေခဲ့တယ်။ ကျောက်တုံး အိမ်ရှေ့မှာ ရပ်နေတဲ့ ဝတ်ရုံပြာလူသား။ ဖန်ကျန်းရှီ က တံတားကျိုးနဲ့ ကျောက်တုံး အမြွှာတွေကို ဘယ်လို ဖြတ်သန်းခဲ့လဲ ဆိုတာ သူတို့ အခုမှ ယုံကြည့်ကြတော့တယ်။

ဒီလိုသာ မဟုတ်ရင်

ဘယ်လိုလုပ်ပြီးတော့ ကျောက်တုံး အိမ်ကို ဝင်ဖို့ တွေးနိုင်ရတာလဲ။

ဖန်ကျန်းရှီက အပြင်ဘက်ကနေ ကြည့်နေခဲ့တယ်။ ဒီမှာ ကျောက်တုံး တံခါးရှိတယ်။

အပြင်ဘက်မှာလည်း မမှောင်သေးဘူး။ ထုံးစံ အတိုင်း လူ တစ်ယောက်က ကျောက်တုံး တံခါးကို ဖြတ်ပြီးတော့ မြင်နိုင်ရမှာ ဖြစ်တယ်။ ဒါပေမယ့်လည်း အထဲမှာ မှောင်မည်းနေခဲ့တယ်။

ဖန်ကျန်းရှီကတော့ သူ ဘယ်လောက်ပဲ ကြိုးစားကြိုးစား အထဲကို မမြင်နိုင်ဘူး ဖြစ်တယ်။

ရန်ရွှယ့် ဘက်ကို ကြည့်လိုက်တယ်။

ရန်ရွှယ်က ဒီ အချိန်မှာ စကားမပြောပါဘူး။

ဒါကြောင့် ပင်းယန်ကိုကြည့်လိုက်တယ်။

ပင်းယန်ကဖန်ကျန်းရှီကို သူမရဲ့ ကြည်လင် တောက်ပနေတဲ့ မျက်လုံးကြီးတွေနဲ့ ပုတ်ခတ်ပုတ်ခတ် ကြည့်နေခဲ့တယ်။ သူမရဲ့ နှုတ်ခမ်းတွေကတော့ ပွင့်မလာခဲ့ဘူး ဖြစ်တယ်။

“ ကောင်းပြီလေ။ ငါ ဝင်သွားတော့မယ်။” ဖန်ကျန်းရှီက သူတို့ ဘာတွေ တွေးနေလဲ ခန့်မှန်းနိုင်သွားပြီ။

အကယ်၍ ပင်းယန်သာ ကျောက်တုံးအိမ် အကြောင်းကို ဘာမှ မပြောရင် ဒါက ဘာမှတ်တမ်းမှ မရှိလို့ပဲ ဖြစ်မယ်။

ပင်းယန်က ခေါင်းငြိမ့်လိုက်တယ်။

ရန်ရွှယ်က တော့ အေးစက်စွာ စောင့် ဆိုင်းနေခဲ့တယ်။ ခေါင်းငြိမ့် ခေါင်းခါ လုပ်တာမျိုး တစ်ခုမှ မရှိဘူး ဖြစ်တယ်။

ဖန်ကျန်းရှီကတော့ တံခါးကို တွန်းဖွင့်ပြီးတော့ ခြေချလိုက်တော့တယ်။

တတိယအချီကို ရောက်လာချိန်မှာတော့ ပိုပြီးတော့ ယုံကြည်ချက်ရှိလာတော့တယ်။ သူလည်း စာမေးပွဲကို အောင်ခဲ့ပြီးပြီ ဒုတိယ အဆင့်ကိုလည်း ရပြီးပြီ။

စိတ်အာရုံနယ်မြေထဲမှာတော့ သူ့အသက်ကို အန္တရာယ် ရှာနိုင်မယ့် အရာမျိုး မရှိတော့ဘူး မလား။ ဟုတ်တယ်ဟုတ်။

သူဒါကိုတွေးလိုက်ချိန်မှာပဲ ဖန်ကျန်းရှီဟာ ကျောက်တုံးအိမ်ထဲကို ခြေချပြီးတော့ အမှောင်ထုနဲ့ ရောယှက်သွားတော့တယ်။

…

တော်ဝင်ကျောင်းတော်ထဲမှာတော့ သွမ့်အရှင်ဟာ ဖန်ကျန်းရှီ ကျောက်တုံးအိမ်ထဲကို ဝင်သွားတာ မြင်လိုက်ချိန်မှာတော့ စိတ်သက်သာရာရသွားတော့တယ်။

ဟန်ချန်ဖုန်းရဲ့ အမူအယာဟာတော့ ပိုပြီးတော့ ရှုပ်ထွေးလာတော့တယ်။ သူဟာ ဖန်ကျန်းရှီကို ဒီ အိမ်ထဲကနေ ထွက်နိုင်မှာ မဟုတ်ဘူး လို့ ပြောလိုက်ချင်တယ်။ ဒါပေမယ့်လည်း နှစ်ချီကို ကျောြ်ဖတ်ပြီးတဲ့ အချိန်မှာတော့ သူ့ရဲ့ ယုံကြည်ချက်တွေ ပျောက်ဆုံးနေပြီ ဖြစ်တယ်။

မင်းသားကိုးကတော့ သူတို့ အားလုံးထဲမှာ စိတ်အတည်ငြိမ်ဆုံးသူ ဖြစ်တယ်။ ဖန်ကျန်းရှီ ကျောက်တုံးအိမ်ထဲ ဝင်တာကို မြင်ချိန်မှာတော့ သူဟာ လက်ဖက်ရည် ခွက်ကို မြှောက်လိုက်ပြီး တစ်ကျိုုက်စုပ်သောက်လိုက်တယ်။ အဲ့ဒီ့နောက် အခိုးငွေ့တွေ ထုတ်လိုက်တော့တယ်။

…

ဖန်ကျန်းရှီကတော့ ကျောက်တုံးအိမ်ထဲကို ဝင်လိုက်တော့တယ်။

ဒီ အိမ်က သိပ်ပြီးတော့ ကြီးတဲ့ပုံတော့မပေါ်ဘူး။ နည်းနည်းလောက် လျှောက်လိုက်တာနဲ့ ခြေလှမ်းက ဆုံးသွားမယ်လို့ ထင်ရတယ်။ မိနစ် အနည်းငယ်တောင် မလျှောက်ရပဲနဲ့ အိမ်ကို ဖြတ်ပြီးသွားမယ်လို့ ထင်တယ်။

ဒါက တော့ သူ့ အတွေးပဲ ဖြစ်တယ်။

ဒါပေမယ့်လည်း သူ့ရှေ့က အလင်းတန်းကို မြင်ရချိန်မှာတော့ တစ်ခုခု မှားနေတာကို သူ သတိထားမိသွားတယ်။

ဘာကြောင့်လဲ ဆိုတော့

သူ့ရှေ့က လောကဟာ ကန္တာရ ဖြစ်ေ်နတယ်။ အဆုံးမရှိတဲ့ သဲတွေ ပြည့်နှက်နေတဲ့ ကန္တာရကြီး ဖြစ်တယ် ။

ဒါက ပုံမှန် ကန္တာရနဲ့ မတူဘူး။ ဒီမှာ အရပ်လေး မျက်နှာ တံခါ်းလေး ချပ် အရှေ့၊ အနောက်၊ တောင် ၊ မြောက်၊ ။

တံခါး တစ်ခု ချင်းစီက အဝါရောင် ကျောက်တုံး တံခါးတွေ ဖြစ်ပြီးတော့ တံခါ်း လေးခုလုံးဟာ တစ်ထပ်တည်း တူညီနေတယ်။

“ ကြည့်ရတာတော့ ဒီ အချီက ကံတရားနဲ့ ဆိုင်မယ် ထင်တယ်။” ဖန်ကျန်းရှီက ဒီ အချီ အကြောင်းကို နားလည် လိုက်တယ်။ လေးခုထဲက တစ်ခုကို ရွေးချယ်ရမယ်။ ကြည့်ရတာတော့ အဆိုးကြီး ဟုတ်ဟန်မတူဘူး။

ပုံရိပ်တစ်ခုဟာ သူ့ရှေ့မှာ ပေါ်လာခဲ့တယ်။

သက်လတ်ပိုင်း လူရွယ်ဟာ အစိမ်းရောင် ကျောင်းတော်သား ဝတ်စုံကို ဝတ်ထားခဲ့တယ်။ ကျယ်ပြန့်တဲ့ပုခုံး။ မျက်ခုံးထူထူနဲ့ ကြီးမားတဲ့ မျက်လုံးတွေ ရှိတယ်။

သက်လတ်ပိုင်း လူရွယ်ဟာ ဖန်ကျန်းရှီကို စိုက်ကြည့်နေခဲ့တယ်။

သူဟာတော့ တိုက်ပွဲ တစ်ခုက စစ်သေနာပတိနဲ့ တူနေခဲ့တယ်။ ဒါပေမယ့်လည်း သူဟာ ကျောင်းတော်သား စာဖြေသူ တစ်ယောက်လို ဝတ်ဆင်ထားခဲ့တယ်။

ဖန်ကျန်းရှီဟာတော့ အံ့သြတဲ့ မျက်လုံးတွေနဲ့ ပြန်ကြည့်နေခဲ့တယ်။

“ ပုံရိပ်လွှာလား။ တံလျှပ်လား” ဖန်ကျန်းရှီကတော့ သူ့ရှေ့က ပုံရိပ်ကို တစ်ယောက်ယောက် ရှင်းပြနိုင်မယ်လို့ မထင်ပါဘူး။

“တစ်ခုကိုရွေး။ လေးခုတည်းက တစ်ခုကိုရွေး။ ဒါက အရမ်းကို တရားတယ်။” သက်လတ်ပိုင်း လူရွယ်ဟာ ခပ်ပြတ်ပြတ် ပြောလိုက်တယ်။

“ဒါက အရမ်းကို တရားပါတယ်။ အကယ်၍ ငါသာ မှားရွေးမိရင် ဘယ်လို ဖြစ်နိုင်မှာလဲ။” ဖန်ကျန်းရှီက စိတ်ဝင်တစားမေ်းလိုက်တယ်။

“ ထုံးစံ အတိုင်း ။ မင်း ထွက်သွားမယ်။”

“ “ ဒါဆိုရင် တံခါး အမှန်ကို ရွေးမိရင်ကော”

“ မင်း အောင်မြင်မယ်၊”

“မရွေးလို့ မရဘူးလား။”

“မရဘူး။”

“အကယ်၍ တံခါး တစ်ခုကိုမှ မဖြတ်သွားရရင် ငါ မရွေးဘူး။”

“ မင်း ဖြတ်သွားရမှာပါ။”

“ အရမ်းကို သေချာနေတဲ့ပုံပဲ”

“ ဒီ တံခါး လေးခုကို ဖြတ်ဖို့ အပြင် တခြား နည်းလမ်းရှိလို့လား”

“အကယ်၍ မင်းကို အနိုင်တိုက်မယ် ဆိုရင်ကော”

“ လူတွေ အများကြီးက ကြိုးစားခဲ့ပြီးပြီ။ မင်းလည်း ကြိုးစားနိုင်တယ်။” သက်လတ်ပိုင်း လူရွှယ်ဟာ အေးဆေးစွာ ပြန်ဖြေလိုက်တယ်။ ဖန်ကျန်းရှီရဲ့ မေးခွန်းကို မအံ့သြဘူး ဖြစ်တယ်။

“ တစ်ခုခုကို ရွေးချယ်ဖို့ လိုတယ်ပေါ့”

“ ဟုတ်တယ်”

“ အရိပ်အမြွက်ရှိလား”

“ မ၇ှိဘူး”

“ ကောင်းပြီလေ။ ဒါဆို၇င် နှုတ်ဆက်တာပေါ့” ဖန်ကျန်းရှီက သက်လတ်ပိုင်း လူရွယ်ကို ဝေ့ယမ်း နှုတ်ဆက်ရင်းနဲ့ နောက်ကို လှည့်ပြီးတော့ လမ်းလျှောက်သွားတော့တယ်။ ဒီမှာ တံခါး တစ်ချပ်ပိုရှိတယ်။ သူ တကယ့်ကို ဖြတ်သွားဖို့ လိုတာမျိုး ။

“ ခနနေပါအုန်း။ မင်း တံခါးကို မဖြတ်ခင် သတိပေးချင်တယ်။” သက်လတ်ပိုင်း လူရွယ်ဟာ ဖန်ကျန်းရှီကို ခေါ်လိုက်တယ်။

“ ငါပြောတာကို ယုံမယ် ထင်လား” ဖန်ကျန်းရှီက တံခါးကို ဖြတ်ပြီးတော့ လျှောက်လာတော့တယ်။ နောက်ကို တစ်ချက်တောင် လှည့်မကြည့်တော့ပါဘူး။

…

သူ့ရှေ့က မြင်ကွင်းဟာတော့ ပျောက်ကွယ်သွားတော့တယ်။ သဲကန္တာရ ကျောက်တုံး တံခါး နဲ့ သက်လတ်ပိုင်း လူရွယ် ဟာ ပျောက်ကွယ်သွားတော့တယ်။

သူဟာ တတိယမြောက်အချီကို ရောက်၇ှိနေပြီ ဖြစ်တယ်။ သူ့ရှေ့မှာတော့ ကျောက်တုံးတံတားရှိနေခဲ့တယ်။

ရန်ရွှယ်ကတော့ သူ့ရဲ့ ဘယ်ဘက်မှာ၇ှိနေပြီးတော့ ပင်းယန်ကတော့ ညာဘက်မှာရှိနေခဲ့တယ်။ သူဟာ တံတားကို တစ်ခါမှ ဖြတ်မသွားခဲ့သည့် အတိုင်း ရှိနေခဲ့တယ်။

ဖန်ကျန်းရှီကတော့ စိတ်ရှုပ်နေခဲ့တယ်။ ဒါက အကုန်ပဲလား။

“ ဖန်ကျန်းရှီ ။ ထွက်။”

လေထုထဲမှာ အသံဟာ ပျံ့နှံ့လာခဲ့တယ်။

ပင်းယန်နဲ့ ရန်ရွှယ်ကတော့ ထိတ်လန့်နေတော့တယ်။ သူတို့တွေဟာ စိတ်လှုပ်ရှားနေဟန် ပေါ်သလို တစ်ချိန်တည်းမှာပဲ စိတ်ပျက်နေသလိုပါပဲ။

တခြားသော စာဖြေသူတွေကတော့ သူတို့ရဲ့ နေရာမှာ အမြစ်တွယ်နေခဲ့တယ်။

ဒါပေမယ့်လည်း သူတို့ဟာ ခပ်မြန်မြန်ပဲ သတိပြန်ဝင်လာပြီးတော့ ဖန်ကျန်းရှီကို ကြည့်နေခဲ့တယ်။

“ဖန်ကျန်းရှီ တကယ်ပဲ ထွက်သွားပြီလား။”

“ကျောက်တုံးအိမ် အတားအဆီးကို ဖြတ်နိုင်တဲ့သူ ရှိလို့လား။ သူတော့ ထိပ်တန်း အဆင့်မှာ၇ှိမယ် မထင်တော့ပါဘူး။”

စာဖြေသူတွေဟာ လှောင်ရယ်တော့တယ်။

ဖန်ကျန်းရှီရဲ့ ကိုယ်ကတော့ ချက်ချင်းကို ပျောက်ကွယ် သွားတော့တယ်။ ကြီးမားတဲ့ အင်အားလှိုင်းတွေက သူ့ကို ဆွဲထုတ်နေခဲ့တယ်။

“ ငါတော့ သိပ်ကံမကောင်းဘူး ထင်တယ်။” ဖန်ကျန်းရှီက ပြုံးစိစိ လုပ်၇င်း ပြောလိုက်တယ်။

“ မင်း ဒေါသ မထွက်ဘူးလား။ ” ဒီ အချိန်မှာပဲ အသံ တစ်သံ ဟာ ဖန်ကျန်းရှီရဲ့ စိတ်ထဲကို ဝင်လာပြီးတော့ လှောင်ရယ်နေတော့တယ်။

“ ဘာလို့ စိတ်ဆိုးသင့်တာလဲ”

“မင်း မအောင်မြင် ချင်ဘူးလား”

“အောင်ချင်တယ်။ ဒါပေမယ့် ဒါက ငါ့အတွက်တော့ အရေးမကြီးဘူး။ ၇လဒ်ထက် ဖြစ်စဉ်ကို ပို တန်ဖိုး သတ်မှတ်တယ်။ ရတဲ့ ရလဒ် အတိုင်း လက်ခံမယ်” ဖန်ကျန်းရှီကတော့ အမြဲတမ်း ဒီလို လှုပ်ရှားခဲ့တာ ဖြစ်တယ်။ အောင်မြင်ရင်တော့ ကောင်းတာပေါ့။ ဒါပေမယ့်လည်း ကျရင်လည်း ဂရုမစိုက်ပါဘူး။

…

မြင်ကွင်းဟာတော့ ပြောင်းလဲ သွားခဲ့တယ်။

ဖန်ကျန်းရှီကတော့ သူ အခု ချိန်မှာ တော်ဝင်ကျောင်းတော်ကို ပြန်ရောက်သင့်ပြီ လို့ ထင်တယ်။ ဒါပေမယ့်လည်း မရောက်ခဲ့ဘူး။ ကန္တာရကို ရောက်နေတုန်းပဲ။ နောက်ပြီးတော့ သက်လတ်ပိုင်း လူ ရှိတယ်။

“ မင်း ရွေးတာ မှားသွားပြီ။ ဒါပေမယ့်လည်း မင်းအတွက် အခွင့်အရေး တစ်ခုတော့ ရှိတယ်။” သက်လတ်ပိုင်း လူရွယ်ဟာ ဖန်ကျန်းရှီကို အေးဆေးစွာ ကြည့်နေခဲ့တယ်။

“ နောက်ထပ် ရွေးရမှာလား။”

“ဟုတ်တယ်၊”

“ ဆုံးဖြတ်ပြီးသား ကိစ္စကို ပြင်မှာ မဟုတ်ဘူး။” ဖန်ကျန်းရှီက လှည့်ရင်းနဲ့ တွေဝေမှု မရှိပဲ တံခါးဆီကို လျှောက်သွားတော့တယ်။

ဘာတွေ ဖြစ်ပြန်တာလဲ။ နောက်ထပ် ရွေးရမယ်။ ငါ့ကို ငတုံးလို့များ ထင်နေတာလား။

ဖန်ကျန်းရှီက တတိယမြောက် တံတားကို တွန်းဖွင့်လိုက်တယ်။

သူဟာ တတိယ အချီမှာ ရှိနေတုန်းပဲ ဖြစ်ပြီးတော့ ရန်ရွှယ်ဟာ သူ့ဘယ်ဘက် ပင်းယန်ဟာ သူ့ညာဘက်မှာ ၇ှိနေတုန်းပဲ ဖြစ်တယ်။ The scene changed once again.

အရာအားလုံးဟာတော့ တူညီသလို ဖြစ်နေခဲ့တယ်။

သူတစ်ဦးတည်းသာ ကြုံတွေ့ခဲ့ရတဲ့ပုံပဲ။

ခြားနာ်းချက် တစ်ခုကတော့ ရန်ရွှယ်ရဲ့ မျက်လုံးတွေ ဟာ အံံ့သြမှု အလျဉ်းမ်ရှိပဲနဲ့ ပင်းယန်ကတော့ ပါးစပ် အဟောင်းသားဖြစ်နေ တာပဲ ဖြစ်တယ်။

“ နင် … ဘယ်လိုများ ထွက်လာ တာလဲ။” ပင်းယန်ရဲ့ မျက်လုံးတွေကတော့ မယုံကြည်နိုင်မှုတွေနဲ့ ပြည့်နေခဲ့တယ်။

“ ဖန် ဖန်ကျန်းရှီ ထွက်လာတယ်”

“ ဒါက ဘယ်လို ဖြစ်နိုင်မှာလဲ။ သူ ဘယ်လိုလုပ် ထွက်လာတာလဲ။”

“ ကျောက်တုံး အိမ်။ သူ တကယ်ပဲ ကျောက်တုံး အိမ်ကနေ ထွက်လာတယ်။”

“သူ ထွက်သွားရပြီ မဟုတ်ဘူးလား။”

စာဖြေသူတွေကတော့ ဖန်ကျန်းရှီ ပြန်ထွက်လာတာကို မြင်ချိန်မှာ လက်ဖက်ရည် ပန်ကန်လုံးတွေလို ပြုးနေတော့တယ်။

ဒီ အချိန်မှာပဲ တုန်ယင်နေတဲ့ အသံ တစ်ခု ဟာ လေထုထဲမှာ ထွက်ပေါ်လာခဲ့တယ်။

“ ဖန်ကျန်းရှီ အောင်မြင် ။ စတုတ္ထ အချီကို တက်ရောက်”

ဒီ အသံ ဟာတော့ ခါတိုင်းလို မရှင်းလင်းဘူး ဖြစ်တယ်။ ဒီ အသံ ပိုင်ရှင်က ယခု အဖြစ်အပျက်ကို မယုံကြည်နိုင်ဟန် အထင်းသားး ပေါ်နေခဲ့တယ်။

ဒီလိုပဲ ဒီ အသံဟာလည်း တတိယအချီမှာ ပဲ့တင့်ထပ်လာတာ ဖြစ်တယ်။

စာဖြေသူတွေ အားလုံးဟာတော့ သူတို့ ကြားနေတာကို မယုံနိုင် ဖြစ်နေကြတယ် ။

“စတုတ္ထ အချီကို အောြင်မင် စွာ ရောက်၇ှိတယ်။”

“ဘုန်း” ဖန်ကျန်းရှီကို ကျောင်းတော်သားတွေ အာရုံစိုက်နေချိန်မှာပဲ တတိယအချီ က လောက ဟာ တုန်ယင် လှုပ်ခတ်လာတော့တယ်။ ဒါဟာ ဖန်ကျန်းရှီ ဒုတိယ အချီက အမြွှာကျောက်တုံးကို ဖြတ်ချိန်နဲ့ လုံးဝကို ကွာခြားတယ်။

အခုချိန်မှာတော့ လောက ကြီး တစ်ခုလုံးဟာ ကွဲထွက်တော့မည့် အလား။ ကျောက်တုံးအိမ်တွေနဲ့ သစ်ပင်တွေပါ အဆက်မပြတ် လှုပ်ခတ်နေခဲ့တယ် ။

ပတ်ဝန်းကျင်ရဲ့ ပြောင်းလဲ မှုတွေဟာ စာဖြေသူများစွာကို ဖြူဖျော့သွားစေခဲ့တယ်။ ဒါ ဘာတွေ ဖြစ်နေခဲ ဆိုတာကို နားလည် နိုင်ဖို့ မစွမ်းသာ ကြဘူး။

ကြီးမြတ်သောရှ မင်း ဆက်ရဲ့ သမိုင်းကြောင်း တစ်လျှောက်မှာ စိတ်အာရုံနယ်မြေကြီး လှုပ်ခတ်တာမျိုး ပြိုကွဲမလို ဖြစ်တာမျိုး မဖြစ်ခဲ့ဘူး ဖြစ်တယ်။

ဘာတွေ ဖြစ်ကုန်တာလဲ။

ဒီလောကကြီး ဘာတွေ ဖြစ်နေတာလဲ။

သုခမိန်လောကကြီး တစ်ခုလုံး ဘာကြောင့် လှုပ်ခတ်နေလဲ ဆိုတာကို နားမလည်နိုင်ဘူး ဖြစ်နေခဲ့တယ် ။ ပညာရှိ သုခမိန် လောက စိတ်အာရုံနယ်မြေကြီးဟာ သုခမိန် စစ်နတ်မုန့်ထျန်း ဖန်တီးထားခဲ့တာ ဖြစ်ပြီးတော့ ကြီးမြတ်သော ရှ မင်းဆက်ကြီးတောင် မဖုံးကွယ် ထားနိုင်တဲ့ လျှို့ဝှက်မှုတွေ ရှိနေခဲ့တယ်။

အပိုင်း (၁၉၇) ပြီး၏။

အပိုင်း (၁၉၈)

“ မုန့်ထျန်း ဓား”

““ဘုန်း” မြေပြင်ဟာ ကွဲအက်သွားတော့တယ်။

အရာအားလုံးဟာ တစ်ခဏ အချိန်အတွင်းမှာ ဖြစ်ပျက်သွားခဲ့တာပဲ ဖြစ်တယ်။ စာဖြေသူအများစု ဟာတော့ သူတို့ရဲ့ အံံ့အားသင့်မှုတွေကို မထိန်းချုပ်နိုင်သေးဘူး ဖြစ်နေခဲ့တယ်။

ဖန်ကျန်း၇ှီ ကိုယ်တိုင်တောင်မှ လက်ရှိ ဖြစ်နေတာတွေကို သံသယ ရှိနေတုန်းဖြစ်တယ်။ သူ့စိတ်ထဲမှာ သူ မြင်နေရတာတွေ ဟာ အတုယောင် လား အစစ်လား ဆိုတာ ကွဲကွဲပြားပြား မသိနိုင်ဘူး ဖြစ်နေကြတယ်။

သိပ်မကြာခင်တုန်းက

သူ့ကို ထွက်သွားပြီလို့ ကြေညာတာခဲ့တယ်။ အဲ့ဒီ့နောက် တစ်ချိန်တည်းမှာပဲ အောင်မြင်တယ်လို့ ပြောပြန်တယ်။

တစ်ချိန်တည်းမှာပဲ ဒီလောကဟာ ပြိုကွဲမတတ် လှုပ်ရမ်းလာတယ် ။ ဒီလောက ပြိုကွဲပြီးနောက်မှ နောက်တစ်ကြိမ် ထပ်ကြိုးစား ရမှာလား။

တကယ်တမ်းမှာတော့ ဖန်ကျန်းရှီ ရဲ့ ရွေးချယ်မှုဟာ သိပ်ပြီးတော့ ကြုံရာကျပန်း ရွေးလိုက်တာနဲ့ တူတယ်။ ဒါပေမယ့်လည်း အရင် အတားအဆီး နှစ်ခုကို အခြေခံ ထားတဲ့ သူ့အတွေးထဲက အရိပ်အမြွက်ကို အသုံးပြုပြီးတော့ ဖြေရှင်းတာ ဖြစ်တယ်။

ပထမ တစ်ခုက တံတားကျိုး။

ဒုတိယ တစ်ခုက အမြွှာ ကျောက်တုံး။

ဒါတွေက သုခမိန်လောကရဲ့ စည်းမျဉ်းတွေကို ဖော်ပြနေတာပဲ ဖြစ်တယ်။

မှုန်ဝါးခြင်း။

တစ်ခုက အမှောင် ။ တစ်ခုက အလင်း။

ဒီလိုသာ ဖြစ်မယ် ဆိုရင် လေးခုတည်းက တစ်ခုကို ရွေးချယ်မှုဟာ ပေါ်မလာနိုင်ဘူး။

အလင်း ထဲက တစ်ခု။ အမှောင်ထဲက တစ်ခုနဲ့ ။ မှုန်ဝါးခြင်း။

ဖန်ကျန်းရှီမှာ မှန်အောင် ခန့်မှန်းနိုင်ဖို့အတွက် အကြံမရှိခဲ့ဘူး။ နောက်တစ်နည်းပြောရရင်တော့ အကယ်၍ သူ့မှာ ရွေးချယ်ဖို့ လို လာမယ် ဆိုရင် သူ့နောက်က တံခါးက သာ အမြင့်ဆုံး အခွင့်အရေး ရှိမယ်လို့ ခံစားရတယ်။

ကြည့်ရတာ သိပ်ပြီးတော့ အတွေး အခေါ် ယေဘူယျ မကျပေမယ့်လည်း မှန်ကန်တဲ့ နည်းလမ်းကို သုံးဖို့အတွက် အထောက် အကူ ပြု အရာလည်း မရှိဘူး ဖြစ်တယ်။

ထပ်ပြောရရင် ကျောက်တုံးအိမ်ကို ဖြတ်နိုင် ဖို့က ကံလိုတယ်။

နောက်ပြီးရင်။

ဒီ နေရာမှာ အတွေးအခေါ်တွေ ပညာရပ်တွေ များများစားစား သုံးဖို့ မလို ခဲ့ဘူး။

ကံတရားကို ပဲ စမ်းသပ်ခဲ့တာ ဖြစ်တယ်။

…

တော်ဝင်ကျောင်းတော်ထဲမှာတော့ သွမ့်အရှင်နဲ့ ဟန်ချန်ဖုန်းတို့ဟာ လဲပြိုတော့ မတတ်ကို ယိမ်းယိုင်နေခဲ့ကြတယ်။

အရှင် တစ်ယောက်နဲ့ အဓိက စာစစ်သူ တစ်ယောက်တို့မှာ ဒီ လို အမူအယာမျိုး ဖြစ်ပေါ်လာနိုင်မယ်လို့ ဘယ်သူက ထင်နိုင်မှာလဲ။ ဒါပေမယ့်လည်း အခု ချိန်မှာတော့ သူတို့ဟာ လုံးဝကို လဲပြိုမတတ် ဖြစ်နေခဲ့ကြတယ်။ မင်းသားကိုးတောင်မှ သူ့ရဲ့ လက်ဖက်၇ည်ခွက်ကို လက်ကနေ လွတ်ကျ သွားခဲ့တယ်။

သူတို့ သုံးဦးလုံးဟာ တူညီတဲ့ တုံ့ပြန် မှု ရှိနေတာ ဖြစ်တယ်။ အပြေးလာတဲ့ သတင်းပို့သူ တောင်မှ ရပ်တန့်နေခဲ့တယ်။

သူတို့ ရှေ့က ပုံရိပ်လွှာ ကြီးဟာ လုံးဝကို မှောင်အတိ ကျနေတော့တယ်။

ဒါဟာ သုခမိန် လောကကြီး တစ်ခုလုံး အထိန်းကွပ်မဲ့သွားပြီလို့ ဆိုလိုတာပဲ ဖြစ်တယ်။

ဒါက ရှားပါးတယ်။ သမိုင်းတစ်လျှောက်မှာ မဖြစ်ဖူးတဲ့ အရာ ဖြစ်တယ်။ စိတ်အာရုံနယ်မြေ တစ်ခုလုံး ထိန်းကွပ်မှု မဲ့သွားတဲ့ အဖြစ်ဟာ ရှားပါးလွန်းတယ်။

ဒီ လို ဖြစ်နိုင်တဲ့ အကြောင်းရင်းကတော့ တစ်ခုတည်းပဲ ၇ှိတယ်။ ဒါက တော့ စိတ်အာရုံနယ်မြေထဲမှာ ဖုံးကွယ်ထားတဲ့ အသိပညာတွေ ပေါ်ပေါက်လာတာ ကြောင့်ပဲ ဖြစ်တယ်။ နောက်တစ်နည်းပြောရရင်တော့ စိတ်အာရုံနယ်မြေ ဟာ ပင်ကိုယ်သိစိတ် နိုးထ လာတာကြောင့် ဖြစ်တယ်။ ဒါပေမယ့်လည်း သုခမိန် စစ်နတ်မုန့်ထျန်းက သေဆုံးခဲ့တာ ကြာလှပြီ။

ဘယ်လို လုပ် ပြီး ဒီ လို အဖြစ်မျိုးက ဖြစ်လာနိုင်တာလဲ။

ဒါက ဖြစ်ကော ဖြစ်နိုင်လို့လား။

ဒါမှ မဟုတ်ရင် ….

သွမ့်အရှင်နဲ့ ဟန်ချန်ဖုန်း တို့က တစ်ဦးကို တစ်ဦးကြည့်နေကြတယ်။ ဒီ အဖြစ်အပျက်ကို ရှင်းပြနိုင်ဖို့ အတွက် ဖြစ်နိုင်ချေ တစ်ခု ရှင်းပြချက် တစ်ခုပဲ ၇ှိတယ်။

“ မုန့်ထျန်းက သူမသေခင် သူ့ရဲ့ ပင်ကိုယ်သိစိတ် ထက်မြက်မှုကို စိတ်အာရုံနယ်မြေထဲမှာ ချန်ထားခဲ့တယ်။”

သူတို့ နှစ်ဦးဟာ တစ်ချိန်တည်းမှာ ပြောလိုက်ကြတယ်။ သူ တို့ ပြောမိတာကို လည်း မျက်စိလည်သွားကြတယ် ။

အကယ်၍ မုန့်ထျန်းက သူ့ရဲ့ ပင်ကိုယ် သိစိတ်ကို ဒီမှာ ချန်ခဲ့တယ် ဆိုရင် ဒီ နှစ်တွေ အတွင်းမှာ ဘာကြောင့် တစ်ယောက်ကမှ ရှာမတွေ့တာလဲ။ ဘယ်သူကမှ မဆက်သွယ် နိုင်ခဲ့တာလဲ။

သူချန်ခဲ့တယ် ဆိုတာ ဖြစ်နိုင်လို့လာ။

“ အဲ့ဒီ့ဓားထဲမှာလား။”

ဟန်ချန်ဖုန်းက ဒါကို အရင်ဆုံး တွေးလိုက်မိတယ်။

ဒါက ဒဏ္ဏာရီ ထဲမှာပဲ ၇ှိတဲ့ အရာမလား။ ဒါကို ဘယ်သူ က မှ မမြင်ဖူးဘူး။

ဒါ ဟာ အမှန်တကယ် တည်ရှိတဲ့ အရာမှန်း တောင် သေချာရဲ့လား။

ဒါပေမယ့်လည်း ဒီ ဓားကို သွန်းလုပ်ချိန် တုန်းက သူ့ရဲ့ နာမည်ကို ဓားပေါ်မှာ ထွင်းထုခဲ့တယ် ဆိုတာ လူတိုင်း သိတယ်။ ဒါ့အပြင် နတ်ဆိုး ဘု၇င်ကိုလည်း ဒီဓားနဲ့ သတ် ခဲ့တာ ဖြစ်တယ်။

ဒါပေမယ့်လည်း

နတ်ဆိုးဘုရင်ကို သတ်ပြီးတဲ့ နောက်မှာတော့ ဒီ ဓားကို တစ်ယောက်မှ မတွေ့ရတော့ဘူးပဲ ဖြစ်တယ်။

မုန့်ထျန်းဟာ လောက ကနေ ထွက်ခွာပြီးနောက်မှာတော့ သူဟာ သုခမိန်ေ လာကကို ချန်ထားခဲ့တယ်။ ဒါပေမယ့်လည်း သူ့ရဲ့ ဓားကိုတော့ ယူမသွားဘူး။ ရလဒ် အနေနဲ့ လူတိုင်းဟာ သုခမိန်လောကထဲမှာ ဒီ ဓားရှိနေမယ်လို့ ခန့်မှန်းခဲ့ကြတာပဲ ဖြစ်တယ်။

သွမ့်အရှင်ရဲ့ အကြည့်တွေဟာတော့ အေးစက်လာတော့တယ်။ တော်ဝင် စာမေးပွဲ အတောတွင်းမှာပဲ သုခမိန် လောက ကြီးဟာ အထိန်းကွပ် မဲ့သွားခဲ့ပြီ ဖြစ်တနယ်။

“မင်းသားကိုး။ မင်း နဲ့ ငါ မှာ ဒီ စာမေးပွဲ အတွက် တာဝန် ရှိတယ်။ အခု သုခမိန်လောကကြီးက မခန့်မှန်း နိုင်အောင် ထိန်းချုပ်မှု လွတ်သွားပြီ။ ငါ ဒီမှာ အကြီးအကဲ ဟန်နဲ့ လုပ်စရာ ရှိတာ လုပ်ရမယ်။ ဒီ အကြောင်းကို အင်ပါယာဆီ သတင်းပို့ပေးပါ.။

“ အမိန့်အတိုင်းပါ။” မင်းသားကိုးဟာ ချက်ခြင်း ဆိုသလို ပြန်ဖြေလိုက်ပြီးတော့

ထွက်ခွာသွားတော့တယ်။

မင်းသားကိုး ထွက်ခွာသွားပြီး နောက်မှာတော့ သွမ့်အရှင် ဟာ ဟန်ချန်ဖုန်းကို ကြည့်လိုက်တယ်။

“အကြီးအကဲ ဟန် ။ ဒါကို ဖြေရှင်းဖို့ ဘယ်လို လုပ်မလဲ။”

“ သုခမိန် လောက ထဲကို ဖြတ်သန်းဖို့ တံခါးက ပွင့်နေသေးတယ်။ သွားပြီးတော့ ကြည့်။ ပြီးရင် သတင်းပြန်ပို့” ဟန်ချန်ဖုန်းဟာ သတင်းပို့သူ တစ်ယောက်ကို အမိန့်ပေးလိုက်တယ်။

“အမိန့်တော် အတိုင်းပါ။” သတင်းပို့သူ ဟာ ချက်ခြင်း ပြေးထွက်သွားတော့တယ်။

“အခုတော့ သုခမိန်လောက က ပရမ်းပတာ ဖြစ်နေပြီ။ ဖန်ကျန်းရှီ အသက် ရှင်လျက် ထွက် လာနိုင်မယ်လို့ထင်လား။” သွမ့်အရှင်က ပြုံးလိုက်တယ်။

“ အခွင့်အရေးကတော့ အတော်လေး နည်းလိမ့်မယ်။ ်” ဟန်ချန်ဖုန်းက ခပ်တိုးတိုး ပြောလိုက်တယ်။ ဒါပေမယ့်လည်း သူ့ရဲ့ အမူအယာဟာတော့ နာကျင်ဟန်ပေါ်နေခဲ့တယ်။

တော်ဝင်ကျောင်းတော် အုပ်ချုပ်သူ အကြီးအကဲ တစ်ယောက် အနေနဲ့ စာမေးပွဲ ပေါင်း များစွာကို ဟန်ချန်ဖုန်း ကြုံတွေ့ခဲ့ပြီး ဖြစ်တယ်။ ဒီလိုမျိုး ထူးခြားလှတဲ့ အရည်အချင်း မျိုး က စိတ်အာရုံနယ်မြေကို ရိုက်ခတ်စေတာမျိုး သူ မမြင်ချင်ခဲ့ဘူး ဖြစ်တယ်။

ဒါပေမယ့်လည်း

ဒါက မုန့်ထျန်းရဲ့ စိတ်အာရုံနယ်မြေ ဖြစ်နေတယ်။ ဒါကို ဖိအားပေးပြီး လှုပ်ခတ်နိုင်ဖို့ ဆို၇င် ပြုလုပ်သူဟာ စိတ်အာရုံနယ်မြေထက် သုံးဆ ကနေ လေးဆထိ ပိုပြီးတော့ အင်အားကြီးရမှာ ဖြစ်တယ်။

ဒါက ဖြစ်နိုင်ရင်တောင်မှ သုခမိန် လောကကို ဒီလို လှုပ်ခတ်မှု ဖြစ်စေနိုင်မှာလား။

ဟန်ချန်ဖုန်းက ဒါကြောင့် ဖြစ်နိုင်ချေ နည်းတယ်လို့ တွေးလိုက်တာဖြစ်တယ်။

…

သုခမိန်လောကထဲမှာတော့ ပင်းယန်ဟာ ဖန်ကျန်းရှီရဲ့ လက်ကို တင်းတင်းကျပ်ကျပ် ဆုပ်ကိုင် ထားခဲ့တယ်။ သူမရဲ့ မျက်လုံးတွေကတော့ ထိတ်လန့်မှုတွေနဲ့

ပြည့်နေခဲ့တယ်။

ဖန်ကျန်းရှီကတော့ ဒီလို သေလု မျောပါး အခြေအနေမျိုးမှာ သူ့ရဲ့ လက်မောင်းကို ခိုအာလား လို ချိတ်ထားတာတော့ မနှစ်သက်ပါဘူး .။

ဒါပေမယ့်လည်း သူမ ကို ဖယ်ဖို့ လုပ်လိုက်ချိန်မှာပဲ ထူးဆန်း တဲ့ အရာ တစ်ခုဟာ သူ့ မျက်လုံးရှေ့မှာ ပေါ်လာတော့တယ်။

ဓား တစ်ချောင်း။

ဖန်ကျန်းရှီ ရှာချင်နေခဲ့တဲ့ ဓား တစ်လက်။

ဒီ ဓား အတွက်နဲ့ လူတွေ အများကြီး တိုက်ခိုက်ခဲ့ကြတယ်။ ရာစုနှစ်ပေါင်း များစွာကြာအောင် ဖြတ်သန်းခဲ့ပြီး နောက်မှာ ဘယ်သူကမှ ဒီ ဓားရဲ့ အရိပ်အယောင် ကို တောင် မမြင်ခဲ့ရဘူး ဖြစ်တယ်။

နောက်ပြီးတော့ အခု ချိန်မှာ ဓားပေါင်း များစွာ ပေါ်လာခဲ့တယ်။

ဓားကြီး ဓားသေး။ ဓားတို ဓားရှည် ။

မရေမတွက် နိုင်တဲ့ ဓားတွေ ဟာ မြေပြင်ကို ခွဲပြီးတော့ တိုးထွက်လာခဲ့တဲ့ ကျောက်တုံးကြီးပေါ်မှာ စိုက်နေခဲ့တယ်။ ရွှေရောင် အလင်းတန်းတွေ တောက်ပ်နေတဲ့ ဓား တစ်လက် ဟာ ထူးခြားစွာ ရှိနေခဲ့တယ်။ ရွှေရောင် နဂါး တစ်ကောင် ခွေပတ်ထားတဲ့ ဓားလက်ကိုင်နဲ့ ထိပ်မှာတော့ ပုလဲ တစ်လုံး ရှိတဲ့ ဓား ဟာ ထည် ဝါ လှတယ်။

ဒါပေမယ့်လည်း ဓားကိုတော့ သံကြိုးနဲ့ ချိတ်ထားခဲ့တယ်။

အနက်ရောင် သံကြိုးကြီးတွေ ဟာ ကွေ့ပတ်ထားပြီးတော့ အရပ်မျက်နှာ လေးခု နဲ့မှာ ကျောက်တုံးကြီးတွေနဲ့စိုက်ချထားခဲ့တယ်။

“ ဒီ ဓားက ”

“ မုန့်ထျန်း ဓားပဲ ဖြစ်ရမယ်။”

“ မိုးနတ်မင်းရေ။ ဒီ ဓားက တကယ့်ကို ရှိတာပဲ။”

စာဖြေသူ သုံးဆယ်ကျော်သာ သုခမိန် လောကထဲမှာ ကျန်၇ှိနေတာ ဖြစ်တယ်။

ရှင်ချင်းစွေ့နဲ့ နန်ကုန်းမု အပါအဝင် စတုတ္ထ အချီကို ရောက်၇ှိနေတဲ့ စာဖြေသူတွေနဲ့ တခြားသော စာဖြေသူတွေပါ ဒီ နေရာမှာ စုဝေးရောက်၇ှိနေတာပဲ ဖြစ်တယ်။

သုခမိန်လောကကြီး လှုပ်ခတ်ပြီးနောက် ဓားပင်လယ်ကြီး ပေါ်လာရတဲ့ အကြောင်းရင်းကို ဘယ်သူကမှ နားမလည်နိုင် ဖြစ်နေကြတယ်။ သူတို့ အားလုံးဟာ ဓားကိုသာ စိုက်ကြည့်နေခဲ့တယ်။

ရန်ရွှယ်ဟာလည်း စိုက်ကြည့်နေတာ ဖြစ်တယ်။ သူဟာ မရွေ့လျားပဲနဲ့ ဖန်ကျန်းရှီကို ပြန်ကြည့်လိုက်တယ်။

ဖန်ကျန်းရှီ ဟာလည်း ဓားကိုသာ ကြည့်နေခဲ့တယ်။

ဒီ ဓားရဲ့ ပြင်းထန် လှတဲ့ အင်အားတွေကို ခံစားနိုင်တယ်။ ဓားပင်လယ်ကြီးထဲက နေမင်းလို တောက်ပ နေခဲ့တယ်။ ဓားဘု၇င်လို့တောင် ခေါ်ဆို သတ်မှတ်နို်င်တယ်။

အပိုင်း( ၁၉၈) ပြီး၏။

အပိုင်း ( ၁၉၉)

“ ပြင်းထန်လှတဲ့ တိုက်ပွဲ ”

“ ဒီဓားက ။ ဖြစ်နိုင်တယ်။ ရောင်းရင်တော့ ငွေ တော်တော် ရလိမ့်မယ်။” ဒါဟာတော့ ဖန်ကျန်းရှီရဲ့ စိတ်ထဲမှာ ပထမဆုံး ပေါ်လာတဲ့ အတွေးပဲ ဖြစ်တယ်။

ဓားကို အတော်လေး ကောင်းမွန် စွာ ထွင်းထုထားပြီးတော့ ရှားပါးလှတဲ့ ပစ္စည်းတွေနဲ့ သွန်းလုပ်ထားမှန်း သိသာလှတယ်။ သုခမိန် လောကထဲမှာ စည်း ချထားတာကို ထည့်မတွက်၇င်တောင်မှ မှောင်ခိုဈေးမှာ သွားရောင်းရင် ငွေတွေ အပုံလိုက်ရမှာ သေချာတယ်။

ဖန်ကျန်းရှီဟာ ငွေ အကြောင်းကိုပဲ တွေးနေတာ ဖြစ်တယ်။

တခြားသော စာဖြေသူတွေကတော့ တခြားသော အရာများစွာကို တွေးတော နေကြတာ ဖြစ်တယ်။

ဥပမာ အားဖြင့် ဒီဓားကို ရသွားရင် ငါ့အတွက် စာမေးပွဲ က ပို ဖြေရလွယ်မလား။ မုန့်ထျန်းဓားရဲ့ ဓားပညာတွေကို ရှာဖွေ နိုင်မလား။

ဒီဓားက ဘယ်လိုပဲ ဖြစ်နေပါစေ။ စာဖြေသူတွေကိုတော့ မယုံကြည်နိုင်လောက် အောင် ဆွဲဆောင် နိုင်နေတာပဲ ဖြစ်တယ်။

ထုံးစံအတိုင်း စာဖြေသူတွေဟာတော့ ဓားဆီကို ပြေးသွားကြတော့တယ်။ သူတို့ရဲ့ လောဘ ဟာတော့ သူတို့ရဲ့ မျက်ဝန်းတွေထဲမှာ သားကောင်မြင်လိုက်တဲ့ ဆာလောင် နေတဲ့ ဝံပုလွေ တွေလိုမျိုး သိသာ ထင်ရှားလှတယ်။

ရှေ့တိုးချင်းဟာ အရာ တစ်ခုကို ဖော်ပြဖို့ အတွက် သိပ်ပြီးတော့ အဆင်မပြေလှပါဘူး။

သူတို့အားလုံးဟာ ဓားဆီကို အလုံးအရင်းနဲ့ ပြေးသွားတော့တယ်။ တခြားသော အရာအားလုံးကို မေ့ပျောက်ပြီးတော့ တစ်ယောက်ချင်းစီဟာ ဓားကိုသာ ရှင်းရှင်းလင်းလင်းလင်း အာရုံစိုက်နေကြတော့တယ်။

“ဒီဓားက ငါ့ ဓားပဲ၊”

“ ဓားကို ရတဲ့သူက ပိုင်ရမယ်။”

အနက်ရောင် သံချိန်းကြိုးတွေဟာ စာဖြေသူတွေရဲ့ ဆွဲအားကို ခံနေရတော့တယ်။

ဒါဇင်ပေါင်းများစွာဟာ ဓားဆီကို တန်းတန်းမတ်မတ် ရောက်အောင် တက်ကြရင်းနဲ့ အဆင့်မြင့် လူ သား အရည်အချင်းတွေကို ဖော်ပြနေတယ်။

ဒီ ကျောက်တုံး က တကယ်တမ်းတော့ မြင့်မားလွန်းတယ်။

သူတို့ ထဲက အနည်းငယ်ဟာ ထိပ်ကို ရောက်သွားကြတယ်။

ကျောက်တုံးထိပ်မှာ နေရာခပ်ကျယ်ကျယ် ရှိနေတာ ကောင်းတဲ့ အရာ တစ်ခု ဖြစ်တယ်။

ကျောင်းတော်သား ဒါဇင် ပေါင်းများစွာကို ကောင်းကောင်း ထိန်းထားနိုင်တယ်။

ဒါပေမယ့်လည်း သူတို့အားလုံး ဓားကို လက်လှမ်းလိုက်ချိန်မှာတော့ ငြိမ်းချမ်းမှုဟာ ပြိုကွဲ သွားတော့တယ်။ နောက်မှာ ဖြစ်လာတာကတော့ ပြင်းထန်တဲ့ တွန်းမှု ဆွဲမှု ကြီးဟာ လှုပ်ခတ်လာတော့တယ်။

ဒါပေမယ့်လည်း လူတိုင်းဟာတော့ ဒီ တွန်းဆွဲပွဲကြီးထဲမှာ ပါဝင် ဆင်နွှဲ နေကြတာ မဟုတ်ပါဘူး။

ဝတ်ရုံနက် နဲ့ ရှင်ချင်းစွေ့ဟာတော့ ဘေးမှာပဲ ထွက်နေခဲ့တယ်။ သူ့နောက်က ရေခဲတုံးလို အေးစက်စက် သက်လတ်ပိုင်း လူရွယ်ဟာတော့ ဒီ ပွဲတော်ကြီးကို ဆင်နွှဲဖို့ အတွက် ငြင်းပယ်ခဲ့ပါတယ်။

သူတို့က လွဲပြီးရင် နောက်ထပ် မလှုပ်ရှားသူကတော့ နန်ကုန်းမု ရှိနေတယ်။

သူဟာ ဓားအကြောင်းကို စိတ်တောင် မဝင်စားဘူး ဖြစ်တယ်။ မျက်လုံးထောင့်ကို ဘေးကပ်ရင်း တစ်ချက်သာ ကြည့်လိုက်ပြီးနောက်မှာတော့ သူဟာ လျစ်လျူရှုလိုက်တယ်။

အဲ့ဒီ့နောက်မှာတော့ သူဟာ ဖန်ကျန်းရှီကို ကြည့်လိုက်တယ်။

“Ah!”

“Ouch…”

သနားစဖွယ် အော်သံ တွေဟာ ကျောက်တုံး ပေါ်ကနေ ထွက်ပေါ်လာတော့တယ်။

နေရာ အမျိုးမျိုးက ကျိုးကြေ သံတွေ ဟာ ထွက်ပေါ် လာတော့တယ်။ သူတို့တွေ ဟာ တစ်ဦးနဲ့ တစ်ဦး တိုက်ခိုက်ရင်း တွန်းတိုက်ရင်းနဲ့ ကျောက်တုံးကြီးဟာတော့ သွေးချောင်းစီးနေတော့တယ်။

ကျိုးကြေသံတွေ ပေါက်ကွဲ သံတွေဟာ ကျောက်တုံးထိပ်ကနေ ထွက် ပေါ်လာတော့တယ်။

အလွန်လျင်မြန်စွာနဲ့ပဲ စာဖြေသူတွေဟာ ကျောက်တုံးထိပ်ကနေ ပြုတ်ကျလာတော့တယ်။ တစ်ချို့သောသူတွေဟာတော့ ရိုးရှိုးရှင်းရှင်းနဲ့ ကျောက်တုံးပေါ်ကနေ ကန်ချခံလိုက်ရတယ်။

အဆိုးဆုံးသော ကံတရားပိုင်ရှင်ကတော့ ခရမ်းရောင် ဝတ်စုံဝတ်ထားတဲ့ စာဖြေသူ တစ်ယောက်ပဲ ဖြစ်တယ်။ သူ့ရဲ့ အကျီဟာတော့ အလွန်ကို ကြပ်နေခဲ့တယ်။

သူဟာ စာဖြေသူတွေ အားလုံး ထဲမှာမှ အဆိုးဆုံးကို ကြုံခဲ့ရတာ ဖြစ်တယ်။ ကျောက်တုံး တွေ အလယ်မှာ ရပ်နေပြီးတော့ ဓားဆီကို ရောက်သွားခဲ့တယ်။ ကျောက်တုံး တောင်ပူစာကို လက်လှမ်းမိသွားတာဟာ အချိန်ကောင်း တစ်ခုပဲ ဖြစ်တယ်။

ဒါပေမယ့်လည်း သူရပ်လိုက်တဲ့ နေရာဟာတော့ တိုက်ခိုက်မှု အားလုံးရဲ့ အင်အားစုံသွားတဲ့ နေရာပဲ ဖြစ်တယ်။

“ ချီၤးပဲ”

ပါးစပ် အပြည့်သွေးတွေကို အန်ထုတ်လိုက်ပြီးတော့ သူဟာ လေထဲမှာ လွင့်ထွက်သွားတော့တယ်။ အဲ့ဒီ့်နောက်။ သူဟာ အကြိမ်ပေါင်း ဒါဇင်မက အကန်ခံလိုက်ရတယ်။

နောက်ဆုံးမှာတော့ ကျောက်တုံးရဲ့ အောက်ခြေကို ကျသွားတော့တယ်။

အတော်လေးကို သနားစရာ ကောင်းလှစွာပဲ။ သူဟာ နေရာ ဆိုးကို ကျသွားခဲ့တယ်။ ကျောက်တုံးရဲ့ အစွန်းနဲ့ သူခေါင်းဟာ ဆောင့်မိသွားခဲ့တယ်။

ရလဒ် အနေနဲ့ကတော့

သူဟာ ကျောက်တုံးကို ကပ်တွယ်တက်နေကြတဲ့ သူတွေရဲ့ နင်းချေချင်းကို ခံလိုက်ရတယ်။

ဖန်ကျန်းရှီကတော့ သနားစဖွယ် စာဖြေသူကို ကြည့်လိုက်တယ်။ အဲ့ဒီ့နောက် သူ့ရဲ့ ခေါင်းကို မော့လိုက်ရင်း ချက်ခြင်း မှောင်မည်းလာတဲ့ ကောင်းကင်ကြီးကို ကြည့်လိုက်တယ်။

သူဟာ စောင့် ဆိုင်းနေခဲ့တယ်။

သူဟာ ကောင်းကင်ကနေ ထွက်ပေါ်လာတဲ့ အသံ ကို စောင့်ဆိုင်းနေတာ ဖြစ်တယ်။

သူဟာ စာဖြေသူရဲ့ ထွက်ခွာခြင်း ကြေညာချက်ကို စောင့်ဆိုင်းနေခဲ့တာ ပဲ ဖြစ်တယ်။

ဒါပေမယ့်လည်း အသံ ဟာတော့ ဘယ်တော့မှ ထွက်မလာခဲ့ပါဘူး။

အတော်လေးကို ထူးဆန်းနေပြီလေ။

သွေးစီးကြောင်းတွေဟာတော့ ကျောက်တုံးထိပ်မှာ စီးကျနေပြီ ဖြစ်တယ်။

“ တစ်ခုခုတော့ လွဲနေပြီ။” ဖန်ကျန်းရှီက သူ့ကိုယ်သူ ပြောလိုက်တယ်။ သူ မသိ ဘူး အကယ်ဿ သူမြင် နေ၇တာသာ အစစ်အမှန် ဖြစ်ခဲ့မယ် ဆိုရင် ။ ဒါက တကယ့်ကို ပြင်းထန်တဲ့ ပြဿ နာရပ်တစ်ခု ဖြစ်နေပြီ။

ပင်းယန်ဟာတော့ ဖန်ကျန်းရှီရဲ့ လက်ကို လွှတ်လိုက်တယ်။

ဖန်ကျန်းရှီကတော့ သူ့ရဲ့ လွတ်လပ်မှုကို ပြန် ရချိန်မှာ အနည်းငယ်တော့ စိတ်သက်သာရာရသွားတယ် ။

ပင်းယန်က ဒီဓားကို သိပ် စိတ်မဝင်စားလောက်ဘူး။

သူမ မှာ ရဲရဲတောက်ချီလင်လှံ ရှိနေပြီ ဖြစ်တယ်။ ဒါဟာ ကြီးမြတ်သော ရှ မင်းဆက်ရဲ့ ရတနာ ဆယ်ပါးထဲက တစ်ခု ဖြစ်တယ်။

ဒါပေမယ့်လည်း ပင်းယန်ဟာတော့ သူ့ရဲ့ အတွေးတွေကို ချိုးဖောက် ပြစ်လိုက်တယ်။ သူမကို ကြည့်ရတာဟာ သူ့ကိုယ်ပိုင် လှံကို သွားယူသလိုမျိုး တူညီလှတယ်။

ဖန်ကျန်းရှီကတော့ အံံ့အားသင့်သွားတယ်။ ဒါပေမယ့်လည်း ပင်းယန် လုပ်တာကိုတော့ သူနားလည်နိုင်တယ်။ အကြောင်းရင်းကတော့ ရိုးရှင်းပါတယ်။ သူမက ချစ်မြတ်နိုးခံရတဲ့ မင်းသမီး တစ်ပါးဖြစ်တယ်။

သူမ လိုချင်တာကို ဘယ်သူကများ တားမြစ်နိုင်မှာလဲ။

ကြည့်ရတာတော့ ရိုးရှင်းပြီးတော့ နည်းလမ်းကျပါတယ်။ အနည်းဆုံးတော့ ဖန်ကျန်းရှီနဲ့ ပင်းယန် အတွက်ပေါ့။

ဒါပေမယ့်လည်း

အမှန်တရားကတော့ တကယ်ခါးပါတယ်။

ပုံရိပ်တစ်ခုဟာ ပင်းးယန်ရဲ့ ရှေ့ကို လျှောက်လာခဲ့တယ်။ ဒီပုံရိပ်ဟာ ဘယ်တုန်းကမှ မလှုပ်ရှား ခဲ့ဘူး ဖြစ်တယ်။ ဒါပေမယ့်လည်း အခုချိန်မှာတော့ လှုပ်ရှားခဲ့ပြီ။

ဒီလူဟာ ရှင်ချင်းစွေ့ ဖြစ်တယ် ။ ရှင်းဟို့ရဲ့ မျိုးဆက် ။ အံသြစရာ မ၇ှိပါဘူး။ ဒါက ကျောင်းတော် ဆယ့်သုံးခုရဲ့ ခေါင်းဆောင် ဖြစ်လာမယ့်သူ ဖြစ်တယ်။

အတော်လေးကို သန်မာ တောင့်တင်းပြီးတော့ သူ့ရဲ့ မျက်လုံးတွေဟာတော့ သားရဲကောင် တစ်ကောင်လို တောက်ပနေခဲ့တယ်။

သူ့ရဲ့ လက်ထဲမှာတော့ ဓား တစ်လက်ကို ကိုင်ထားခဲ့တယ်။ ပုံမှတ်ဓားတွေထက် နှစ်ဆ ပိုကြီးတဲ့ ဓား နက်ကြီး တစ်လက် ဖြစ်တယ်။ အရောင် အဝါ မတောက်ပတဲ့ဓား တစ်လက် ဖြစ်ပေမယ့်လည်း ဒီ ဓားရဲ့ အစွမ်းကိုတော့ ဘယ်သူကမှ သံသယ မရှိဝံ့ဘူး ဖြစ်တယ်။

ဒီဓားရဲ့ အမည်ဟာ တော့ “ဥက္ကာပျံ ” ဖြစ်တယ်။

ဒီ ဓားဟာ အမှန်တကယ်ကို ဥက္ကာပျံကနေ သွန်းလုပ်ထားတာ ဖြစ်တယ်။

လေဟုန်ခွင်းဓားလို့လည်း လူသိများကြတယ်။

“မင်းက တတိယ နေရာက ချင်းယန်လား” ရှင်ချင်းစွေ့ဟာ ဓားကို ကျစ်ကျစ်ပါအောင် ဆုပ်ရင်း မေးလိုက်တယ်။

ဒါဟာ ရိုးရှင်းတဲ့ မေးခွန်း တစ်ခုပဲ ဖြစ်တယ်။

ဒါပေမယ့်လည်း သူတို့ထဲက တစ်ဦးကမှ ၇ှင်ချင်းစွေ့ ဆိုလိုချင်တာကို နားမလည် ဘူးပဲ ဖြစ်တယ်။

ဒီမှာ ပင်းယန် မင်းသမီး ဆိုတာ မရှိဘူး။ ချင်းယန်ပဲ ၇ှိတယ်။

ဒါဆို ဘာကြောင့် သူမကို ပင်းယန်လို့ ခေါ်ရအုန်းမှာလဲ။

ပင်းယန်ကတော့ ရီလိုက်တယ်။ ရှင်ချင်းစွေ့ တွေးနေတာကို သူမ ကောင်းကောင်းသိတယ်။ သူမ က ပင်းယန်ဆိုတာကို လျစ်လျူရှုလိုက်ပြီးတော့ ဓားဆီကိုသာ လျှောက်သွားရမှာလား။

ဒါပေမယ့်လည်း သူ မ ဒီလို လုပ်နၤိုင်မှာလား။

ထုံးစံ အတိုင်း မလုပ်ပါဘူး။

သူမက ပင်းယန်။ မောက်မာထည်ဝါ တဲ့ ပင်းယန်။

“မှန်တယ်။ နင်က ငါ့ကို တားချင်လို့လား။” ပင်းယန်က ခေငါးကို မော့ချီရင်းမေးလိုက်တယ်။ သူမရဲ့ မီးလျှံပန်းနီ သံချပ်ကာဟာတော့ မီးတောက်မီးလျှံတွေ ထွက်ပေါ်လာတော့တယ်။ သူမရဲ့ အသံ နှုန်းဟာတော့ အန္တရာယ်တွေ ပြည့်လာတော့တယ်။။

“ဟုတ်တယ်။” ရှင်ချင်းစွေ့က ခေါင်းငြိမ့်ရင်းပြောလိုက်တယ်။ သူ့ ရဲ့ပုံစံကတော့ နောက်ဆုတ်မယ့်ပုံ မပေါ်ပါဘူး။

စာဖြေသူတွေဟာတော့ ကျောက်တုံးကို တွယ်ကပ်နေတာ ရပ်လိုက်ကြပြီ ဖြစ်တယ်။ အကြောင်းရင်ကတော့ ရိုးရှင်းပါတယ်။ သူတို့ဟာ လုံလုံလောက်လောက် မသန်မာ တာ ကြောင့်ပဲ ဖြစ်တယ်။

ဒီလို အခြေအနေမျိုးမှာ သူတို့အတွက် အကောင်းဆုံးကတော့ အရှုံးပေးတာပဲ ဖြစ်တယ်။

အခု အရှုံးပေးလိုက်တယ်။

အခွင့်အရေးကောင်းဟာ စောင့်ဆိုင်းလို့ ရနိုင်တယ်။

အတွေးအခေါ်ကတော့ ရိုးရှင်းပါတယ်။ သူတို့ဟာ တိုက်ပွဲကို စောင့်ကြည့်ကြမှာ ဖြစ်တယ်။

ပင်းယန် နဲ့ ရှင်ချင်းစွေ့။

ဒါက လုံးဝကို တိုက်ပွဲကောင်း တစ်ခု ဖြစ်မှာပဲ။ တစ်ခြားတစ်ဖက်မှာတော့ တစ်ဦးဟာ တိုက်ခိုက်ရေးစာမေးပွဲမှာ ထိပ်တန်းအဆင့်ရှိသူ။ နောက်တစ်ဦးကတော့ အင်အားပြင်းထန်လှတဲ့ ဂန္တဝင် တိုက်ခိုက်ရေးရတနာတွေကို ပိုင်ဆိုင်တဲ့ မိန်းမပျိုလေး။

ဘယ်သူ နိုင်မလဲ။

အပိုင်း (၁၉၉) ပြီး ၏။

အပိုင်း (၂၀၀)

“ တိုက်ပွဲ စိတ်ဝိဉာဉ်”

ပင်းယန်ဟာတော့ ပြုံးလိုက်တော့တယ်။

သူမဟာ ဖန်ကျန်းရှီ ကော ရန်ရွှယ်ကိုပါ တစ်ခွန်းမှ အကူအညီ မတောင်း ခဲ့ဘူး ဖြစ်တယ်။ သူမဟာ ချက်ချင်းဆိုသလို လှုပ်ရှားပြီးတော့ ကောင်းကင်ရောင်ပြန် အဆင့် ရှင်ချင်းစွေ့ကို ကြယ်တာရာအဆင့် သူမ အနေနဲ့ တိုက်ခိုက်တော့တယ်။

ဒါဟာ ပညာဉာဏ်ပြည့်ဝတဲ့ ဆုံးဖြတ်ချက်တော့ မဟုတ်ပါဘူး။ သိပ်ပြီးတော့ အလျင်လို လွန်းတယ်။

ဒါပေမယ့်လည်း ပင်းယန်ဟာ တွေဝေခြင်း အလျဉ်းမရှိပဲနဲ့ ဆုံးဖြတ်လိုက်တာ ဖြစ်တယ်။ သူမရဲ့ ဖန်သလင်း ကျောက်တုံးလို တောက်ပတဲ့ မျက်နှာဟာ မောက်မာ ထောင်လွှားမှုတွေနဲ့ ပြည့်နှက်နေခဲ့တယ။် မင်းသမီး တစ်ဦးရဲ့ မောက်မာ ထည်ဝါမှု

ဒါဟာ အနည်းငယ်တော့ ရူးသွပ်ရာကျတယ်။

ဒါက ပင်းယန် ။

ရဲရဲတောက် ချီလင်လှံကို ဝေ့ယမ်း၇င်းနဲ့မိုးထိအောင် တက်တဲ့ မီးတောက်တွေကို လွှတ်တင်လိုက်တယ်။ ရှင်ချင်းစွေ့ဟာ ရွှေရောင်အလင်းတန်းတွေကို မီးပင်လယ်ကြားက နေ မြင်လိုက်ရ တယ်။

ဒါဟာ မုန်တိုင်းကြားက မီးအိမ်သဖွယ်ပါပဲ။

“ ဝေါင်းးးး” သားရဲကောင် အရှိန်အဝါတွေဟာ ကောင်းကင်ကို ပြည့်နှက်သွားတော့တယ်။

ဒါဟာ ကြီးမြတ်သော ရှ မင်းဆက် မှာ၇ှိတဲ့ ဆယ်ပါးသော ရတနာ ထဲက တစ်ခု ဖြစ်တယ်။ ကြီးမြတ်သော ရှ မင်းဆက်က အင်အား အပြင်းထန်ဆုံး လက်နက် တစ်ခု ဖြစ်တယ်။ ဘယ်အရာကိုမဆို ထိုးဖောက်နိုင်ပြီးတော့ ပတ်ဝန်းကျင်က အရာအားလုံးကို ပြာချ ပြစ်နိုင်တယ်။ ဒါကို ဘယ်သူကများ ရင်ဆိုင်ဝံ့မှာလဲ၊

ရှင်ချင်းစွေ့ အနီးက စာဖြေသူတွေဟာတော့ ချက်ခြင်း ဆိုသလို နောက်ကို ဆုတ်ခွာသွားကြတယ်။

ရဲရဲတောက် ချီလင်လှံ အနားကို ဘယ်သူ တစ်ဦး တစ်ယောက်ကမှ မကပ်ဝံ့ကြဘူး ဖြစ်တယ်။ ဒီလက်နက်ရဲ့ ဖျက်ဆီး နိုင်စွမ်းကို ဘယ်သူက ခန့်မှန်းနိုင်မှာလဲ။

နောက်ပြီးတော့။

ရှင်ချင်းစွေ့ သာ ပင်းယန်ရဲ့ ချီလင်လှံကို အနိုင်တိုက်နိုင်မယ် ဆိုရင် သူ့ရဲ့ အခွင့် အရေးကတော့ တိုက်ပွဲပရိယာယ်ကို အသုံးချရမှာပဲ ဖြစ်တယ်။

ရဲရဲတောက် ချီလင်လှံကို ခုန်ရှောင်ဖို့ လိုအပ်တယ်။

အကယ်၍ သူသာ ဒီလို လုပ်ခဲ့မယ် ဆိုရင် အောင်မြင်မှုကိုလည်း ရရှိနိုင်တယ်။

ဒါပေမယ့်လည်း သူတို့ရဲ့ မျှော်လင့်ချက်ကို ဖယ်ရှားပြီးတော့ ရှင်ချင်းစွေ့ဟာ မခုန်ရှောင်ခဲ့ပါဘူး။ သူဟာ မခုန်ရှောင် ရုံမျှ မကပဲ ။ မီးပင်လယ်ထဲကို တိုက်ရိုက် တိုးဝင်သွားခဲ့တယ်။

“ သူ ရူးနေပြီလား။”

တခြားသော စာဖြေသူတွေဟာတော့ သူတို့ဘာသာ တွေးနေကြတယ်။

ရန်ရွှယ်ရဲ့ အေးဆေးတဲ့ အမူအယာဟာလည်း ပြောင်းလဲ သွားတော့တယ်။ တကယ်တမ်းတော့ ၇ှှုင်ချင်းစွေ့ဟာ ပင်းယန်ကို စိန်ခေါ်ချိန်တည်းက အမူအယာ မဲ့နေခဲ့တယ်။

ဒါပေမယ့်လည်း ၇ှင်ချင်းစွေ့က မီးပင်လယ်ထဲကို ခုန်ဝင် ချိန်မှာတော့ သူ ရဲ့ အမူအယာဟာ အနည်းငယ် လှုပ်ခတ်သွားတော့တယ်။

ဖန်ကျန်းရှီရဲ့ မျက်လုံးတွေဟာ သိလိုစိတ်နဲ့ တောက်ပနေခဲ့တယ်။ သူဟာ ချီလင်လှံရဲ့ အင်အားကို ကောင်းကောင်းသိတယ်။ ဘာကြောင့် ရှင်ချင်းစွေ့က ထိပ်တိုက် ဝင်တိုးလဲ နားမလည် နိုင်ဘူး ဖြစ်နေခဲ့တယ်။

ပြောနိုင်တာကတော့ ၇ှှုင်ချင်းစွေ့ဟာ သေခြင်း တရားဆီကို ကိုယ်တိုင်တိုးဝင်နေတာနဲ့ တူနေတော့တယ်။

အဲ့ဒီ့နောက် ။ ဒီလို ဆတ်ဆတ်ထိ မခံတဲ့ အခြေအနေမျိုးမှာ အသက်ရှင်ဖို့ အခွင့်အရေးကို ရှာနေတာလား။

ရှင်ချင်းစွေ့ဟာ သူ့ကိုယ်သူ မရပ်တန့်ပါဘူး။ သူဟာ အတော်လေးကို လျင်မြန်လှတယ်။ ရဲရဲတောက် ချီလင်လှံ ထက်တောင် မြန်သေးတယ်။

ဒါပေမယ့်လည်း သူ့ရဲ့ ဥက္ကာပျံ ဓားနက်ဟာ သူ့နောက်မှာ မချန်ထားခဲ့ပါဘူး။ ဒါပေမယ့်လည်း တိုက်ရိုက် တိုက်ခိုက်တာမျိုးလည်း မလုပ်ခဲ့ဘူး။

မီးပင်လယ်ကို ထိပ်တိုက်တွေ့တဲ့ အချိန်မှာ လူ အများစုဟာ ရေ နဲ့ ရေခဲကို သုံးပြီးတော့ ခုခံ လိုက်တယ်။ ဒါပေမယ့်လည်း ရှင်ချင်းစွေ့ဟာ ဒါ မျိုး တစ်ခုကိုမှ မသုံး ခဲ့ပါဘူး။

ဒီလိုမျိုးနဲ့

မီးပင်လယ်ကို ထိုးဖောက်ဖို့ အတွက် ကြိုးစားခဲ့တယ်။

ပရိယာယ် အပြည့်နဲ့ အရှိန်အဝါ တစ်ခုဟာ မီးပင်လယ်ကို ထိုးဖောက်လာခဲ့တယ်။ သူ့ရဲ့ ဓားဟာ အင်အားလှိုင်းတွေကို ဖန်တီးပြီးတော့ လုံခြုံတဲ့ ဖြတ်သန်းမှုကို ပြုလုပ်လိုက်တယ်။

ဖန်ကျန်းရှီ အမြဲကြားဖူးနေတဲ့ ကိုးကားချက် တစ်ခုကို စိတ်ထဲမှာ တွေးမိလိုက်တယ်။

ပင်လယ်ကို ဓားနဲ့ ခွင်းနိုင်မလား။

ကြားဖူးချိန် တုန်းက သူတွေးမိခဲ့တယ်။ အကယ်၍ လူတစ်ယောက်က ဒီလို လုပ်နိုင်ပါ့မလား။ ဒါပေမယ့်လည်း အခု ချိန်မှာတော့ ရှင်ချင်းစွေ့က လက်တွေ့ ပြခဲ့ပြီ။ နောက်ပြီးတော့ သူ့ရဲ့ ဓားဟာလည်း သူ့နောက်ကျောမှာ ရှိနေဆဲ ဖြစ်တယ်။

“ အဲ့တာ တိုက်ပွဲ ဉာဉ်ပဲ ။ ဓားက တိုက်ပွဲ စိတ်ဝိဉာဉ်”

“ စစ်နတ်ကျောင်းတော်ရဲ့ အမွေခံ ဖြစ်တာ အဆန်း မဟုတ်ပါဘူး။ အရာအားလုံး ဖြစ်တည်မှု တာအိုက တိုက်ပွဲ ဉာဏ်ကိုတောင် နားလည်သွားပြီပဲ။ ဒီလို ငယ်ရွယ်တဲ့ အသက် အရွယ်မှာတင်။ အ၇င် တိုက်ပွဲတွေ တုန်းကတော့ သူ့ရဲ့ စွမ်းရည်တွေကို ဖုံးကွယ်ထားခဲ့တာ ဖြစ်တယ်။ ”

“ ဘယ်သူကမှ သူ့ကို ဒီလို အင်အားသုံးဖို့ ဖိအား မပေးနိုင်ခဲ့တာကြောင့် ဖြစ်မယ် လို့ ထင်တယ်။”

စာဖြေသူကျောင်းတော်သားတွေဟာ ဒီ မြင်ကွင်းကို မြင်ချိန်မှာတော့ သူတို့ရဲ့ မျက်လုံးတွေဟာ ပြူးကျယ်သွားတော့တယ်။

“ တိုက်ပွဲ ဉာဉ်လား။” ဖန်ကျန်းရှီကတော့ နားလည် သွားဟန်ပါပဲ။

ရန်ရွှယ် အ၇င်က ပြသခဲ့တဲ့ အဇူရာ လိုပါပဲ။ ဒီ တိုက်ပွဲ စိတ်ဉာဉ် ဆိုတာ တူညီတဲ့ သက်ရောက်မှု ၇ှိပြီးတော့ မတူညီတဲ့ နာမည် ၇ှိတာပဲ ဖြစ်မယ်။

ဒါပေမယ့်လည်း အဇူရာက သတ်ဖြတ်ခြင်း စွမ်းအင် တစ်ခုပဲ ။

တခြားတစ်ဖက် ကနေ ပြောရရင်တော့ ဒီ တိုက်ပွဲဉာဉ် ဆိုတာ အတွင်းစိတ်ထဲက နေ လာပြီးတော့ လူ တစ်ယောက်ကို သတ္တိရဲဝံ့မှု ပေးစွမ်းတယ်။

တစ်စုံ တစ်ယောက်ရဲ့ သတ္တိက နေ ဖြစ်ပေါ်လာပြီးတော့ သွေးနဲ့ မီး တိုက်ပွဲ မှာ ပိုပြီးတော့ အင်အားပြင်းထန်လာတယ်။ ရှင်ချင်းစွေ့ဟာ ဒီတိုက်ခိုက်မှု နယ်ပယ်မှာ သူ့ရဲ့ တိုက်ပွဲ ဉာဉ်ကို ကောင်းကောင်း အသုံးချလိုက်တယ်။ ဓား ထက်ထက်လို ချွန်မြနေတဲ့ တိုက်ပွဲဉာဉ်ဟာ မီးပင်လယ်ကို ထိုးဖောက်သွားနိုင်တယ်။

သူဟာ စစ်သည်တော်တွေ ကြားက သေနာပတိ တစ်ဦးလို အရည်အချင်း ပြည့်၀ လှတယ်။

ရှင်ချင်းစွေ့နဲ့ ပင်းယန်ဟာ တစ်ဦးကို တစ်ဦး ထိုးနှက်တိုက်ခိုက်နေခဲ့တယ်။

တဖြည်းဖြည်း ချင်း နီးကပ်လာတော့တယ် ။

ချီလင်လှံဟာ ရှင်ချင်းစွေ့ရဲ့ နဖူးကို ဖြတ်သန်းထိုးဖောက်တော့မလို ဖြစ်နေခဲ့တယ်။

လှံထိပ်ဟာတော့ ရွှေရောင် တစ်လက်လက်နဲ့ တောက်ပနေပြီးတော့ ချီလင်လှံရဲ့ အင်အားတွေကို ထုတ်ဖော်နေခဲ့တယ်။

ရှင်ချင်းစွေ့ဟာတော့ ရွှေရောင် အလင်းတန်းတွေကို စိုက်ကြည့်နေခဲ့တယ်။ သူ့ရဲ့ အမူအယာဟာတော့ ကြောက်ရွံ့မှု မရှိဘူး ဖြစ်တယ်။ သူ့ရဲ့ ဓားဟာတော့ နောက်ဆုံးမှာ လှုပ်ရှားလာပြီ ဖြစ်တယ်။ ရွှေရောင် အလင်းတန်းတွေဟာတော့ သူ့နဖူးနဲ့ လက်မ အနည်းငယ်သာ ကွာတော့တာ ဖြစ်တယ်။

ရဲရဲတောက် ချီလင်လှံနဲ့ ရိုးရှင်းစွာပဲ ထိတွေ့သွားတော့တယ်။ သူ့ရဲ့ ဓားဟာတော့ အနက်ရောင် မျဉ်း တစ်ခုကို လေထဲမှာ ဖန်တီးလိုက်တယ်။

တိုက်ခိုက်မှု ဖြစ်ချိန်မှာပဲ ရွှေရောင် အလင်းတန်းတွေဟာ ထွက်ပေါ်လာတော့တယ်။

“ဘုန်း”

ထက်မြက်တဲ့ အဇူရာအ၇ှိန်အဝါ တွေဟာ ချီလင်လှံနဲ့ ဥက္ကာပျံဓား ထိတွေ့ချိန်မှာ ဖြစ်ပေါ်လာတော့တယ်။

“ ဘန်းဘန်းဘန်း”

ဓားအဇူရာဟာ ကျောက်တုံးတွေကို ချေမွ ပြစ်လိုက်တယ်။

“Kacha!” မရေမတွက်နိုင်တဲ့ ဓားတွေ ကျိုးကြေသွားတော့တယ်။

လက်နက်တွေဟာ လည်း လှုပ်ခတ်သွားကြတော့တယ်။

ရှင်ချင်းစွေ့ဟာတော့ နောက်ကို ခြေလှမ်း အနည်းငယ် ယိုင်ကြသွားတော့တယ်။ နောက်ဆုံးတော့လည်း သူက ကြီးမြတ်သော ရှမင်းဆက်ရဲ့ ရတနာ လက်နက် တစ်ပါးကို ၇င်ဆိုင်လိုက်ရတာပဲလေ။ သေစေနိုင်တဲ့ ချီလင်လှံ။

ကောင်းကင်ရောင်ပြန် အလယ် ဆင့်မှာ ရှိနေတာတောင်မှ နောက်ကို ပြန်လည် ဆုတ်ခွာ လိုက်ရတယ်။

ပင်းယန်ကတော့ မရွေ့လားပါဘူး။ သူမဟာ ချီလင်လှံကို ရှေ့ငါး မီတာတိုးရင်း ရှင်ချင်းစွေ့ဆီ ဦးတည်လိုက်တယ်။

တွေေ၀ နေချိန်မှာ အပီ ရိုက်ချရမယ် ။

နည်းလမ်းကတော့ ရိုးရှင်းပါတယ်။

လူတိုင်းက ဒါကို နားလည် ကြတယ်။ ဒါပေမယ့်လည်း ရှင်ချင်းစွေ့ကတော့ ဒါကို သိပ်ပြီးတော့ ရှင်းလင်းဟန် မတူပါဘူး။

ပင်းယန်က သူ့ဆီကို တိုးဝင်လာချိန်မှာပဲ ၇ှှုင်ချင်းစွေ့ဟာ သူ့နောက်ကျောက ဓားကို ထုတ်ရင်း အ၇င် တစ်ကြိမ်လို တိုက်ခိုက်လိုက်တယ်။

“ဘုန်း”

ဥက္ကာပျံဓားနဲ့ ချီလင်လှံ တစ်ဖန် ထိတွေ့ကြပြန်တယ်။

ရလဒ်ကတော့ အံံ့သြစရာ မ၇ှိပါဘူး။

ရှင်ချင်းစွေ့ဟာ နောက်ကို ယိမ်းယိုင်သွားတယ်။

ဒါပေမယ့်လည်း ပထမ တစ်ကြိမ်ကထက် ပိုပြီးတော့ နည်းတဲ့ အကွာအဝေးကို နောက်ပြန်သွားတာ ဖြစ်တယ်။

ဒါက ကြည့်ရှုနေတဲ့ ကျောင်းတော်သားတွေကို ခေါင်းခါစေမိတယ်။ ဘယ်သူကမှ ဒီလို ပြင်းထန်တဲ့ တိုက်ပွဲကို အနည်းငယ်မျှတောင် လက်လွှတ်မခံနိုင်ကြဘူး။ ဒါပေမယ့်လည်း ရှင်ချင်းစွေ့ တိုက်ပွဲကို ၇င်ဆိုင်နေဟန်ကိုလည်း ဘယ်သူကမှ နားမလည်နိုင် ဖြစ်နေကြတယ်။

ဒါက အတော်လေးကို ရူးသွပ်တယ်။ အကူအညီ တောင်းပြီး မတိုက်ခိုက်တဲ့ ပင်းယန်ထက်တောင် ပိုပြီးတော့ ရူးသွပ်သေးတယ် ။

ဒါပေမယ့်လည်း ၇န်ရွှယ်ကတော့ ခေါင်းမခါပါဘူး။

လှုပ်ရှားမှု အသေးစိတ်ကိုသာ မှတ်သား နေခဲ့တယ်။

ဒုတိယ တစ်ကြိမ် ပင်းယန် လှုပ်ရှားချိန်မှာ ရှင်ချင်းစွေ့ရဲ့ ယိမ်းယိုင်မှု နည်းပါးသွားတာကို သူ ကောင်းကောင်း သတိပြုမိတယ်။

ဖန်ကျန်းရှီကတော ရန်ရွှယ်နဲ့ အာရုံစိုက်တာချင်းမတူပါဘူး။

သူဟာ ရှင်ချင်းစွေ့ရဲ့ အမူအယာကို ကြည့်နေခဲ့တာ ဖြစ်တယ်။

ရှင်ချင်းစွေ့ဟာ ကြောက်လန့်ခြင်း အရိပ်ယောင် တစ်ခုမှ မပြဘူး ဖြစ်တယ်။ သူ့ရဲ့ သတ္တိဗျတ္တိတွေဟာ တိုက်ခိုက်ပြီးတောင် တစ်ခါ တိုးလာ သလိုပါပဲ။

အကယ်၍ ၇ှင်ချင်းစွေ့သာ သူ့ရဲ့ တိုက်ပွဲ ဉာဉ်ကို နှိုးဆွ နေတာ ဖြစ်ခဲ့မယ် ဆိုရင်

အဲ့ဒီ့နောက်

ပြောနိုင်တာ တစ်ခုက ရှင်ချင်းစွေ့ရဲ့ တိုက်ပွဲ ဉာဉ်ဟာ တစ်စထက် တစ်စ သန်မာ လာပြီ ဖြစ်တယ်။

ဖန်ကျန်းရှီက ရန်ရွှယ်ကို ကြည့်လိုက်တယ်။ ရန်ရွှယ်ရဲ့ အမူအယာက ပိုပြီးတော့ လှုပ်ရှား သက်ဝင်လာတာကို သူ သတိပြုမိသွားတယ်။

“ မင်းလည်း နားလည်တာလား။” ဖန်ကျန်းရှီက ခပ်တိုးတိုး ပြောလိုက်တယ်။

“ဟုတ်တယ်။” ရန်ရွှယ်က ခေါင်းငြိမ့်လိုက်တယ်။

“ ဒါက မင်းအ၇င် တစ်ခါ ပြောဖူးတဲ့ ရှင်ချင်းစွေ့လား။”

“ ဟုတ်တယ်။ စစ်နတ်ကျောင်းတော်က ရှင်ချင်းစွေ့”

“ ဒါဆို သူ့ကို တိုက်ခိုက်ဖို့ မင်းမှာ ယုံကြည်မှု အဆင့် ဘယ်လောက်ရှိလဲ”

“ မရှိဘူး။ ဘယ်သူူကမှ စစ်နတ်ကျောင်းတော်သား တစ်ယောက်ကို တိုက်ခိုက်ဖို့ ယုံကြည်ချက်၇ှိ မှာ မဟုတ်ဘူး။”

“ သူတို့ရဲ့မူလ ဇစ်မြစ်က ဘာလဲ။” ဖန်ကျန်းရှီက မေးလိုက်တယ်။

“ စစ်နတ်ကျောင်းတော်က ကျောင်းတော်အားလုံးရဲ့ အုပ်ချုပ်ရေးကျောင်းတော် ဖြစ်တယ်။ ဒါပေမယ့်လည်း သမိုင်းကြောင်း တစ်လျှောက်မှာ အုပ်ချုပ်သူ များစွာ ပြောင်းလဲခဲ့တယ်။ ငါတို့ရဲ့ ဘိုးဘေးတွေ ကြီးမြတ်သော ရှ မင်းဆက်ကို တည်ထောင်ချိန် တုန်းက စစ်နတ်ကျောင်းတော် ဟာ သာမာန် မျိုးနွယ်စုလေး တစ်ခု ပဲ ။ ဒါပေမယ့်လည်း နိုင်ငံတော်ကြီး ်တည်တံ့ချိန်မှာတော့ ဒီ မျိုးနွယ်တွေဟာ ကျောင်းတော် ဆယ့် သုံးခု ထဲက တစ်ခု ဖြစ်လာခဲ့တယ်။ နောက်ပြီးတော့ ကျောင်းတော် အားလုံးရဲ့ ခေါင်းဆောင်လည်း ဖြစ်တယ်။”

“ ထိပ်တိုက်တွေ့နိုင်ဖို့ အခွင့်အရေးကော ရှိလား။” ဖန်ကျန်းရှီရဲ့ စစ်နတ်ကျောင်းတော်အပေါ် စိတ်ဝင်စားမှု ဟာ မြင့်တက်လာတော့တယ်။

“ မ၇ှိဘူး။ သူတို့ရဲ့ အင်အားကြီးမှုမှာ တိုက်ဆိုင်မှု တစ်ခု တစ်လေတောင်မှ မရှိဘူး။ တိုက်ပွဲ တိုင်းကို အောင်မြင်အောင်ပဲ တိုက်ခိုက်ကြတယ်။ သူတို့မှာ အထူး အရည်အချင်း ဖော်ပြစရာမရှိဘူး။ တိုက်ပွဲကို ဆာလောင်စိတ်နဲ့။ တိုက်ပွဲကို ချစ်မြတ်နိုးစွာ ရူးသွပ်စိတ်ပဲ ၇ှိတယ်။ အခုချိန်ထိ စစ်နတ်ကျောင်းတော်ဟာ အခြေခိုင်နေဆဲ ဖြစ်တယ်။ တပည့် လက်သားတိုင်းဟာ အသက် ခြောက်နှစ် က စပြီးတော့ တိုက်ပွဲ မြေပြင်မှာ ၇င်ဆိုင်ရတယ်။ တဖြည်းဖြည်း ချင်းစီ တိုးတက်ပြီးတော့ စစ်တပ်မှာ အခြေတည်နိုင်အောင် ကြိုးစားကြရတယ်။”

“ဒီလူလိုလား။” ဖန်ကျန်းရှီက ရှင်ချင်းစွေ့ကို ကြည့်ရင်းပြောလိုက်တယ်။

“အင်း၊ တိုက်ပွဲ အတွေ့အကြုံများလာလေလေ။ တိုက်ပွဲ ဝိဉာဉ် က ပိုပြီးတော့ ထက်သန်လာလေပဲ။ ဒါက တပည့် သား တိုင်းမှာ ဖြစ်တာပဲ။ ရှင်ချင်းစွေ့က အခု ပင်းယန်ရဲ့ ချီလင်လှံကို ရင်ဆိုင်တာလည်း သူ့ရဲ့ တိုက်ပွဲ ဉာဉ်ကို သုံးပြီးတော့ ပဲ ဖြစ်မယ်။”

အပိုင်း (၂၀၀) ပြီး၏။

All Chapters