← Chapters

မောင်စပ်စု

Vol. 73 Ch. 1441

မောင်စပ်စု

Vol. 73 Ch. 1441

“ဒါက အင်ပါယာဝိညာဉ်ပဲ” ပေထင်းဟွမ်သည် ဟူပါး၏ခန္ဓာကိုယ်မှ ချပ်ဝတ်တန်ဆာကို အထက်အောက်ကြည့်လေသည်။ ၎င်းသည် ရိုးစင်းသော အနက်ရောင်ဖြစ်ပြီး လျှို့ဝှက်ဆန်းကြယ်သောဖွဲ့စည်းပုံရှိသည်။ ထိုသားရဲ၏ ခွန်အားသည် နတ်ဘုရားအဆင့်ဖြစ်နိုင်ပြီး ချပ်ဝတ်တန်ဆာသည် သူ့ကို ကူညီ တိုက်ခိုက်ပေးနိုင်သည်။

ဟူပါး၏လက်နက်သည် လေးနှင့်မြားဖြစ်ရာ အဝေးပစ် ပစ္စည်းကောင်း တစ်ခုဖြစ်သည်။ ချက်ချင်းနီးပါးပင် သားရဲဝိညာဉ်ဝင်သွားသည်နှင့် သူသည် သိုလှောင်လက်စွပ်ထဲမှ လေးတစ်စင်းထုတ်လိုက်သည်။ ထိုလေးသည် လုံထျန်း အား ပစ်ခဲ့သည့်မြားနှင့် ထင်ရှားစွာပင် ကွဲပြားလေသည်။ မီးခိုးငွေရောင်နှင့် အတူ ၎င်းတွင်ထူထဲသော လူသတ်မည့်ရည်ရွယ်ချက်ပါရှိလေသည်။ ဟူပါး လေးကြိုးကိုတဖြည်းဖြည်းဆွဲလိုက်သည်နှင့် လူသတ်ချင်စိတ်သည် ကမ္ဘာကြီး ဆီသို့ စတင်စိမ့်ဝင်ပျံ့နှံ့ကာ လှိုင်းတွန့်များအဖြစ်ပြောင်းပြီး ပေထင်းဟွမ်ဆီသို့ ဦးတည်လေသည်။

၎င်းသည် ဓား ၂ လက် ဧကရာဇ်၏ ခွန်အားကိုပိုင်ဆိုင်သည့် ဟူပါး၏ စစ်မှန်သောခွန်အားဖြစ်သည်။ မြူခိုးမည်းသည် ငွေရောင်လေးနှင့်မြားကို ရစ်ပတ်လေသည်။ ကမ္ဘာကြီးကဲ့သို့ အင်အားသည် ပေထင်းဟွမ်ဆီသို့ ဦးတည် ကာ တရွှီရွှီအသံသည် လူများ၏နားစည်ကို ပေါက်ကွဲလုမတတ်ပင်။

ဤကဲ့သို့ အဟန့်ကောင်းသော အပြုအမူသည် ဟူပါးဘက်မှလူများကို ထူးဆန်းစွာ ရှက်သွားစေသည်။ အစောက ထိခိုက်နစ်နာစေသည့်ခံစားချက် တားမြစ်ခံလိုက်ရကာ သတ်ဖြတ်မှုသည် ပျောက်ကွယ်သွားသည်။ အစက သူတို့သည် စိတ်လှုပ်ရှားစွာနှင့် လက်နက်များကို တင်းကြပ်စွာဆုပ်ကိုင်ထားခဲ့ သည်။ နောက်အခိုက်အတန့်အတွင်းတွင် ပေထင်းဟွမ်သည် သူတို့၏ ခေါင်းဆောင်အား အပိုင်းပိုင်းဖြစ်အောင် ခုတ်လိုက်သည်ကို မြင်လိုက်ရ၏။

ရွာသားများသည် ပေထင်းဟွမ်အတွက် ချွေးပြန်လာကြသည်။ ဤလူငယ် သည် အသက်အရွယ်မကြီးသေးပေ။ အမှောင်နတ်မိစ္ဆာဘုံတစ်ခုလုံးတွင် ဤကဲ့သို့ ညှာတာတတ်သည့်အပြုအမူရှိသူသည် ဒုတိယလူမရှိနိုင်တော့ပေ။ ဤကောင်လေးသည် ပတ္တမြားကမ္ဘာမှရောက်လာပြီး အမှောင်နတ်မိစ္ဆာဘုံမှ အခြေအနေကို လုံးဝမသိပုံပင်။

ထိုအကြောင်းအားတွေးပြီး လုံထျန်းသည် သက်ပြင်းချလိုက်သည်။ သူသည် ရှေ့သို့ခြေနှစ်လှမ်းတိုးပြီး လေပေါ်တွင် ရပ်နေသော ပေထင်းဟွမ်အား ကြည့်လိုက်သည် “ညီလေး ဒီကိစ္စက မင်းနဲ့မဆိုင်ပါဘူး၊ ငါ့ချင်းရှန့်ရွာကလူတွေ သေခြင်းမသေခြင်းက အရှင်နတ်မိစ္ဆာနတ်ဘုရားပေါ်မှာမူတည်ပါတယ်၊ ညီလေး တခြားလူကိစ္စကို ဝင်မပါပါနဲ့”

လုံထျန်း၏စကားလုံးများသည် အနည်းငယ်ကြမ်းတမ်းသော်လည်း ဟူပါး ၏ အကြိုက်နှင့် လုံးဝထပ်တူကျသည်။ သူသည် ထပ်မံရယ်မောလိုက်ကာ အလျှော့ပေးခြင်းမရှိ ပေထင်းဟွမ်အား ချိန်ရွယ်လေသည် “သောက်ရူး နတ်ဘုရားဘုရင်၊ အမှောင်နတ်မိစ္ဆာဘုံကို လာပြီးသူများကိစ္စကိုဝင်လာရှုပ်ရဲ တယ်၊ ဒီနေ့ မင်းအသက်ကို ဒီမှာထားခဲ့လိုက်တော့”

ပေထင်းဟွမ် သဲ့သဲ့ပြုံးလိုက်သည်။ သူသည် ခန္ဓာကိုယ်ထဲမှ နတ်စွမ်းအား ကို အသက်သွင်းလိုက်သည်။ လက်ထဲမှ ဓားပျော့သည် နတ်စွမ်းအားဖြင့် သိဒ္ဓိ တင်ထားသည်။ ၎င်းသည် လှံတံရှည်ကဲ့သို့ ဖြောင့်တန်းသည်။ ဓားထိပ်ဖျားတွင် ကြီးမားသော စုပ်ယူသည့်ခွန်အားရှိပြီး ကောင်းကင်နှင့်မြေကြီးအကြားမှ နတ် မိစ္ဆာစွမ်းအင်အားလုံးသည် ၎င်း၏စုပ်ယူခြင်းကိုခံလိုက်ရသည်။ ၎င်းသည် တဖြည်းဖြည်း ပုံစံအဖြစ်စုစည်းကာ ကြီးမားသောလေနဂါးသည် ဓားထိပ်ဖျား တွင်ပုံပေါ်လာသည်။

ထိုအရာကိုကြည့်ပြီး ဟူပါး၏မျက်လုံးထဲတွင် ထိတ်လန့်သော အရိပ် အယောင်ဖြစ်လာသည်။ သူသည် အဝေးမှ အရှင်အဆင့်ကျွမ်းကျင်သူများ၏ တိုက်ပွဲကိုကြည့်ဖူးသည်။ အရှင်အဆင့်သာ ကမ္ဘာ၏စွမ်းအားကိုရွှေ့ပြောင်းပြီး လက်နက်ကို ပုံစံ သို့မဟုတ် တိုက်ခိုက်ရေးသားရဲများအဖြစ် စုစည်းနိုင်သည်။

ဤလူငယ်သည် ထင်ရှားစွာပင် နတ်ဘုရားဘုရင်သာဖြစ်သည်။ သူမ ပြသလိုက်သော နတ်စွမ်းအားသည် ရွှေရောင်သာဖြစ်သည်ကို ရှင်းလင်းစွာ မြင် ရလေသည်။

လူများ၏အတွေးကို ဖြိုဖျက်နိုင်လောက်သည်။ ဟူပါးသည် လျစ်လျူမရှုရဲ တော့ပေ။ သူ၏ခန္ဓာကိုယ်မှ နတ်စွမ်းအား အားလုံးကို လက်ထဲသို့ စုစည်းလိုက် ပြီး လေးကို လပြည့်ကဲ့သို့ ဆွဲတင်လိုက်သည်။ ကြီးမားသော စွမ်းအင်သည် ကောင်းကင်နှင့်မြေကြီးကို ရှုပ်ထွေးသွားစေကာ သဲများ ကျောက်တုံးများ လွင့်ပျံပြီး ကောင်းကင်နှင့်မြေကြီးတွင် ရေကြီးမှုများဖြစ်လာသည်။

“နဂါးရေကူး နေပစ်လွှတ်”

ဟူပါး၏အော်သံနောက်တွင် ညာဘက်လက်ဖြင့် ဆွဲထားသော လေးကြိုး ကိုလွှတ်လိုက်ရာ ကြီးမားသောပေါက်ကွဲသံဖြစ်ပေါ်လာသည်။ အထူးပစ်လိုက် သောမြားသည် ရွှေရောင်အလင်းတန်းထွက်လာပြီး လုံးဝန်းသောနေရောင် ကဲ့သို့ပင် မယှဉ်နိုင်သောအဟုန်ဖြင့် ပေထင်းဟွမ်ဆီသို့ ပစ်လွှတ်လေသည်။

All Chapters