ကျားအဖွဲ့၊ အားနွဲ့သော
Vol. 73 Ch. 1442
ဤကဲ့သို့ခံ့ညားထည်ဝါသောအပြုအမူဖြင့် ဟူပါးဘက်မှလူများပင် ထို အရာကိုမြင်သောအခါ ထိတ်လန့်ကုန်ကြသည်။ ဤလူတစ်စုသည် ဧကရာဇ် ဟူပါးမှလွဲ၍ နတ်ဘုရားအဆင့် နှစ်ယောက်၊ တခြားသူများအားလုံးသည် ကောင်းကင်အဆင့်ကျွမ်းကျင်သူများသာဖြစ်ကြသည်။ ထိုအချိန်တွင် ထိုလူများ သည် ဟူပါးမှာ ဤကဲ့သို့အားကောင်းသော တိုက်ကွက်ထုတ်သည်ကိုမြင်သော အခါ သူ၏ခမ်းနားသော ခွန်အားကိုအညံ့ခံကြသည်။
ချင်းရှန့်ရွာသားများသည် မြားထိပ်မှ နေလုံးနီနီကိုမြင်သောအခါ ကြောက်ရွံ့မှုကြောင့် တုန်ယင်ကြသည်။ သူတို့အားလုံးသည် ပေထင်းဟွမ် အတွက် ချွေးပြန်လာကြသည်။
ကျားအဖွဲ့သည် သတ်ဖြတ်ဝိညာဉ်တောင်ဧရိယာတွင် အမှောင်နတ်မိစ္ဆာ ဘုံ၏ သုံးပုံတစ်ပုံကို သိမ်းပိုက်ထားနိုင်သည့်တိုင်အောင် တခြားသူ၏ကိစ္စကို ဝင်မပါရဲပေ။ အကြော်ငးအရင်းမှာ ကျားမျိုးနွယ်အကြားတွင် ဟူပါး၏ခွန်အား သည် ဓား ၂ လက် နတ်ဘုရားဧကရာဇ်ဖြစ်ကာ အမှောင်နတ်မိစ္ဆာဘုံတွင် အဆင့် ၃ သခင်များထဲတွင် ပါဝင်ခြင်းကြောင့်ပင်။
နေလုံးနီနီထဲမှ ထွက်လာသည့်ကြီးမားသောရောင်ဝါသည် ချက်ချင်းပင် သက်တမ်းမည်မျှကြာသည်မသိနိုင်သည့် ရှေးဟောင်းသစ်ပင်အိုကြီးမားကို ထက်ဝက်ပိုင်းလေသည်။ အပိုင်းပိုင်းပြတ်ကြလေ၏။
လုံထျန်းသည် တဖြည်းဖြည်းမျက်လုံးမှိတ်လိုက်သည်။ သူသည် နေလုံး နီနီအောက်တွင် အသက်ဆုံးရှုံးတော့မည့် ဤလူငယ်ကို မကြည့်ရက်တော့ပေ။
နေလုံးနီနီသည် ပေထင်းဟွမ်၏မျက်လုံးရှေ့တွင် တဖြည်းဖြည်းကြီးမား လာကာ သူမ၏ မည်းနက်သောမျက်လုံးထဲတွင် ရောင်ပြန်ဟပ်ရာ မျက်လုံးထဲ တွင် နေလုံးနှစ်လုံးတည်ရှိနေသလိုပင်။ သို့သော် ထိုလုံးဝန်းသောနေသည် သူမ၏မျက်လုံးထဲမှ အေးစက်သောအလင်းကို ဖျောက်မပေးနိုင်ပေ။ သူမ၏ မျက်လုံးထဲတွင် ထူထဲသော လူသတ်မည့်ရောင်ဝါပင် ဖျတ်ခနဲလက်လာ၏။ ထိုအချိန်တွင် ဓားထိပ်မှ မုန်တိုင်းနဂါးသည် ပုံစံယူပြီးသားဖြစ်သည်။ ဓားထိပ် သည် တဖြည်းဖြည်း သူ့နားသို့ ကွေးတက်လာကာ မုန်တိုင်းနဂါးသည် လေထဲ တွင် စတင်ကူးခတ်တော့သည်။
လွန်ခဲ့သည့် ၁၀ ရက်က ပေထင်းဟွမ် ငှက်ပြာနှင့် တိုက်ခိုက်ခဲ့စဉ်က ပုံဖော်ခဲ့သည့် ကြီးမားသောနဂါးနှင့်ယှဉ်လျှင် ပို၍ပုံပေါ်လာသည်။ ၎င်း၏ခန္ဓာ ကိုယ်ပေါ်တွင် ပန်းကန်လုံးအရွယ်အစားရှိ ကြေးခွံများသည် ပို၍နက်လာသလို ထင်ရသည်။ လေထဲတွင် နဂါးပျံနေသည်ကိုမြင်နိုင်သည်။ ထင်ရှားစွာပင် ရှီရှောင်မို၏ 'နဂါးတောင်ခွဲ' လှုပ်ရှားမှုကိုမြင်ပြီးနောက် ပေထင်းဟွမ်သည် နောက်ထပ်ခံစားချက်တစ်ခုရှိခဲ့သည်။ သူမသည် ရှေ့တစ်လှမ်းတိုးကာ ကောင်းကင်နှင့်မြေကြီးစွမ်းအားကို ထုတ်လေသည်။
“လေနဂါး”
ကြည်လင်သောအော်သံသည် သတ်ဖြတ်ဝိညာဉ်တောင်အပြင်ဘက် လေဟာနယ်တွင်ပဲ့တင်ထပ်သွားပြီး ပေထင်းဟွမ်၏ဓားသွားသည် ရှေ့သို့ ရောက်သွားသည်နှင့် မုန်တိုင်းနဂါးသည် နေလုံးကိုမျက်နှာချင်းဆိုင်လေသည်။ နဂါးအော်သံသည် ကောင်းကင်နှင့်မြေကြီးစွမ်းအားကို လှုံ့ဆော်ကာ နေလုံးနီ ဆီသို့ ပြေးဝင်လေသည်။ တစ်ကမ္ဘာလုံးတွင် ထိုအချိန်၌ လေနှင့်တိမ်များ စုဝေး ပြီး မုန်တိုင်းသည် ကြီးမားသောဝဲဂယက်အဖြစ် တည်ဆောက်လေသည်။ ကောင်းကင်ပေါ်မှနေသည် အနည်းငယ်တုန်ခါသွားသလိုရှိကာ စစ်မှန်သော ဖျက်ဆီးနိုင်သည့်စွမ်းအားသည် ကမ္ဘာတစ်ခုလုံးကို ဖြိုချလေသည်။
ကြီးမားသောနဂါးသည် ကောင်းကင်ပေါ်သို့ ထိုးမာန်လိုက်ရာ ၎င်း၏ ပုံရိပ်ယောင်ခန္ဓာကိုယ်ထပ်တွင် လှိုင်းများထသွားသလိုပင်။ နဂါးဟိန်းသံ အကြားတွင် လေထဲတွင်လှိမ့်သွားပြီး နီရဲသောနေနှင့်ငွေမြားကိုထိပြီး ပေါက်ကွဲ ရာ ပြင်းထန်စွာခါယမ်းလေသည်။
ဘုန်း..
ကြီးမားသောနဂါးမာန်ဟိန်းလိုက်ကာ ပါးစပ်ဟပြီး နေလုံးနီနှင့် ငွေရောင် မြားတို့ကိုဝါးမျိုလေသည်။ သို့သော် အားကောင်းသောစွမ်းအင်ပါဝင်သော နေလုံးနီနှင့်မြားတို့သည် လေနဂါး၏ ဝါးမျိုခြင်းကိုခံလိုက်ရပြီး ပျက်စီးသွားလေ သည်။
ဟူပါး၏မျက်နှာထားသည် ချက်ချင်းပင် ပြောင်းလဲသွားသည်။ ဤကဲ့သို့ တိုက်စစ်သည် နတ်ဘုရားဧကရာဇ်ပင်လျှင် သူ့ကိုအလွယ်တကူ စိန်မခေါ်ရဲ လောက်အောင်ဖြစ်စေသည်။ ဤလူငယ်သည် ဝိညာဉ်ကျင့်ကြံသူဖြစ်ပြီး သူမ၏ အဆင့်သည် နတ်ဘုရားဘုရင်အဆင့်သာဖြစ်သည်။ သူမသည် သားရဲဆင့်ခေါ် ခြင်းမရှိသလို တစ်ချက်တည်းနှင့် လွင့်သွားနိုင်သည့် အားနည်းသူသာဖြစ်လေ သည်။