← Chapters

အရန်သင့်သတ်ဖြတ်ခြင်း၊ ကြောက်စရာကြီး

Vol. 73 Ch. 1443

အရန်သင့်သတ်ဖြတ်ခြင်း၊ ကြောက်စရာကြီး

Vol. 73 Ch. 1443

“ဒီကောင်စုတ် သူက ဘယ်အဆင့်လဲ” ဟူပါး၏မျက်နှာသည် ထိုင်းမှိုင်း သွား၏။ နဂိုကရှိထားသော ယုံကြည်ချက်များ ကုန်သွားလေသည်။ သူသည် ပေထင်းဟွမ်၏ ဓားပျော့မှ နတ်စွမ်းအားအရောင်ကို မှားဖတ်မိသည်ဟု အားလုံး သံသယရှိလေသည်။

ဘုန်း...

ကြီးမားသောနဂါးသည် နေလုံးနီတစ်ဝက်ကို ဝါးမျိုပြီးနောက် ၎င်း၏ အဟုန်သည် လျှော့မသွားသေးပေ။ ၎င်းသည် ဟူပါးဆီသို့ လှိမ့်သည့်သတ်ဖြတ် ဝိညာဉ်နှင့်အတူရောက်လာသည်။ ဟူပါးသည် မြားထုတ်ပြီးပစ်ရန်နောက်ကျ သွားလေပြီ။ သူသည် လက်ထဲတွင် လေးကိုလွှဲယမ်းလေသည်။ မြူခိုးမည်းများ သည် လေးပေါ်တွင် တွဲလွဲခိုနေကာ မုန်တိုင်းနဂါးအား ပြင်းထန်စွာ ရိုက်ချလေ သည်။

ရွှေနှင့်ကျောက်တုံး ထိမိသည့်အသံထွက်ပေါ်လာချိန်တွင် ဟူပါး၏ခန္ဓာ ကိုယ်သည် လေထဲသို့ရောက်နေပြီဖြစ်ကာ ပုံရိပ်များထွက်လာပြီး နောက်ဆုံး တွင် လေထဲ၌ လှပသော ကတော့ပုံကိုဆွဲကာ မြေကြီးပေါ်သို့ ခပ်ပြင်းပြင်း ရိုက် ချလေသည်။

ဘုန်း..

သတ်ဖြတ်တောင်တန်း၏တောနှင့် မီတာရာချီကွာဝေးသောနေရာတွင် မြေကြီးသည် ချက်ချင်းပင် ပြိုကျကာ ကြီးမားသောအက်ကြောင်းများ ချက်ချင်း ပင် ပျံ့နှံ့သွားလေသည်။ တစ်ခဏအတွင်းမှာပင် လျှို့ဝှက်နေရာများ ပွင့်သွား သလိုပင်။ မြေကြီးသည် ကြေမွမတတ်ဖြစ်လေသည်။ အရာအားလုံးသည် ဝါးမျို ခံလိုက်ရလေသည်။

ထိုမြင်ကွင်းအားကြည့်ပြီး ကျားအဖွဲ့၏တခြားအဖွဲ့ဝင်များသည် လေပေါ် တွင်ဝဲနေသော ပေထင်းဟွမ်အား ကြောက်လန့်သောမျက်လုံးများဖြင့် ကြည့် ကြလေသည်။ သူတို့၏ခေါင်းဆောင်ပင်လျှင် ထွက်ပြေးရန် အခွင့်အရေးကြည့် ပေးနေသည်။

ထိုအချိန်တွင် ချင်းရှန့်ရွာသားများသည် တောထဲသို့ ပြေးသွားပြီဖြစ်ကာ မြေပေါ်သို့ကျသွားသော ဟူပါးကိုကြည့်နေကြသည်။

“ဒါက... ကြောက်စရာကောင်းလိုက်တာနော်”

ချက်ချင်းသတ်ဖြတ်လိုက်ခြင်းပင်။ နတ်ဘုရားဘုရင်သည် ဓား ၂ လက် ဧကရာဇ်ကို သတ်ဖြတ်လိုက်ခြင်းပင်။

ဤအရာသည် ကောင်းကင်နှင့်မြေကြီး၏ ခေတ်မှီသောစည်းမျဉ်းအသစ် လား။ ၎င်းသည် အားလုံး၏ သိမြင်ခြင်းကို ပြောင်းပြန်လှန်လိုက်ခြင်းပင်။

အားလုံးသည် လည်ချောင်းထဲတွင် ခြောက်ခမ်းလာသလို ခံစားရလေ၏။ တံတွေးကို ခက်ခက်ခဲခဲနှင့်မျိုချကာ မြေကြီးအပေါက်ထဲတွင်ရောက်နေသည့် ဟူပါးအား မယုံနိုင်စွာကြည့်ကြလေသည်။ ထိုလူသည် ဝက်သေကောင်ကဲ့သို့ ကြီးမားသောတွင်းထဲတွင် လဲလျောင်းနေပြီး မျက်နှာသည် စက္ကူကဲ့သို့ဖြူဖျော့ နေသည်။ သားရဲဝိညာဉ်ချပ်ဝတ်တန်ဆာသည် ဟူပါး အပြင်းအထန်ဒဏ်ရာရ ချိန်ကတည်းကပင် ပျောက်ကွယ်သွားပြီဖြစ်ကာ မထိန်းသိမ်းနိုင်တော့ပေ။ သူ၏ တစ်ကိုယ်လုံးမှ အဝတ်များသည် စုတ်ပြဲနေကာ ခန္ဓာကိုယ်မှာ သွေးများ ဖြင့်လွှမ်းနေသည်။ သူ့ကိုကြည့်ရသည်မှာ အလွန်ရှက်ရွံ့ဖွယ်ကောင်းလေသည်။

လုံထျန်းနှင့်တခြားသူများသည် ဟူပါးအားကြည့်သည်။ ထို့နောက် မိုးပေါ် မှလူငယ်ကိုကြည့်ကြသည်။ လူငယ်သည် လက်ထဲမှ ဓားပျော့ကို အနည်းငယ် လှုပ်ယမ်းကာ ကျားအဖွဲ့မှ မြင်းစီးသမား ၅ ယောက်ကို အထင်သေးသော မျက်လုံးများဖြင့် ကြည့်လေသည်။

အားလုံးသည် လေထဲမှလူငယ်ကို အတူကြည့်ကြသည်။ သူမ၏ အနက် ရောင်ဝတ်ရုံသည် လေထဲတွင်မြောက်နေပြီး ဆံပင်ရှည်သည် ပျံ့လွင့်နေရာ အားလုံးသည် ကြောက်လန့်မှုအပြည့်နှင့်ကြည့်နေကြသည်။

ပေထင်းဟွမ်သည် ထိုလူများကို အာရုံမစိုက်ဘဲ ကောင်းကင်မှ တဖြည်းဖြည်းဆင်းသက်ကာ ကြီးမားသောတွင်းရှေ့သို့လျှောက်သွားလေ၏။ သူမ၏လက်ထဲမှဓားရှည်သည် နတ်စွမ်းအင်ဖြင့် သိဒ္ဓိတင်ထားခြင်းဖြစ်ကာ ဓားထိပ်ဖျားသည် တွင်းနက်ထဲမှဟူပါးအား ညွှန်ပြလေသည် “အခု အပေးအယူ ကိစ္စပြောကြတာပေါ့ အသက်ရှင်ချင်လား သေမလား”

ပေထင်းဟွမ်၏မေးခွန်းကိုကြားပြီးနောက် ဟူပါး၏မျက်လုံးများ အရောင် လက်လာမတတ်ပင်။ နဂိုကဖြူဖျော့နေသောမျက်နှာသည် စိတ်လှုပ်ရှားမှု ပေါ် ပေါက်လာသည်။ ဤကောင်လေးသည် သူတို့အား အလွတ်ပေးလိမ့််မည်ဟု ထင်မထားခဲ့ပေ။ ထင်ထားသလိုပင် သူမသည် ပတ္တမြားကမ္ဘာမှ ငတုံးတစ် ယောက်ပင်ဖြစ်သည်။ အမှောင်နတ်မိစ္ဆာဘုံမှာ လူတွေကို သနားလို့မရဘူးဆို တာမသိဘူးလားမသိဘူး။

“ဘာအပေးအယူလိုချင်တာလဲ” စိတ်ထဲတွင် လုပ်ကြံပြောဆိုမှု အမျိုးမျိုး ရှိနေသော်လည်း ဟူပါးသည် သတိကပ်ကာ စိတ်ပိုင်းဖြတ်ထားသည်။ ပေထင်းဟွမ် ဈေးမည်မျှခေါ်ပါစေ သူသဘောမူမည်။ ထို့အပြင် အသက်ထက် အရေးကြီးသည့်အရာမရှိတော့ပေ။

ကျားအဖွဲ့၏အဖွဲ့ဝင်များသည် ပေထင်းဟွမ်၏စကားများကို ကြားပြီး နောက် ပျော်ရွှင်ကြလေသည်။ နဂိုက ယနေ့သေတော့မည်ဟု ထင်ထားသော် လည်း ပေထင်းဟွမ်သည် သူတို့ကိုလွှတ်ပေးလိမ့်မည်ဟု မည်သူမှထင်မထား ကြပေ။

သူတို့သည် လူများသော်လည်း သူတို့သည် ဤလူငယ်၏လက်ထဲတွင် လှုပ်နိုင်မည်မဟုတ်ပေ။ ခေါင်းဆောင် ဤသို့အဆုံးသတ်သည်ကို မြင်နိုင်လေ သည်။

All Chapters