Chapters

အတွင်းခံတစ်စုံပဲကျန်တော့တယ်

Vol. 73 Ch. 1444

အတွင်းခံတစ်စုံပဲကျန်တော့တယ်

Vol. 73 Ch. 1444

ချင်းရှန့်ရွာသားများသည် ဤကဲ့သို့အပြောအဆိုများကို ကြာားလိုက်ရချိန် တွင် အားလုံး စိတ်လေးလံသွားကြသည်။ ဤလူစုသည် သည်တစ်ခေါက် လွတ်မြောက်သွားလျှင် နောင်တစ်ချိန် သူတို့ကို မည်သို့ညှဉ်းပန်းမည်ကို မသိနိုင်ပေ။ ထို့အပြင် အချိန်တိုင်း ပေထင်းဟွမ် လာကယ်ရန်မှာမဖြစ်နိုင်ပေ။

သို့သော် ပေထင်းဟွမ်အား ဤလူများကိုသတ်လိုက်ပါဟုလည်း ချင်းရှန့် ရွာသားများသည် ပြောရန်မဖြစ်ပေ။ ဤတောင်းဆိုမှုသည် အကျိုးအကြောင်း မသင့်လှပေ။ ဤလူငယ်၏ ညှာတာတတ်သည့်အပြုအမူကိုကြည့်ရုံနှင့် ဤ လူငယ်သည် ရက်စက်ပြီးကြမ်းတမ်းသည့်လူမဟုတ်သည်ကို မပြောနိုင်ပေ။ ဤကဲ့သို့လူမျိုးသည် လက်ထဲတွင် လူ့အသက်ကိုမထားတတ်ပေ။

လင်းဖုန်းသည် ၈ နှစ်အရွယ်သာရှိသေးသည်။ သူသည် ဘာမှမသိပေ။ ဤအစ်ကိုကြီးသည် ထိုလူဆိုးများကို သွားရန်ပြောနေသည်ကိုသာသိသည်။ သူသည် ထိုကဲ့သို့ရလဒ်ကိုမလိုလားပေ။

ဖေးချန်း၏လက်ထဲမှ ရုန်းထွက်ကာ လင်းဖုန်းသည် ပေထင်းဟွမ်ဆီသို့ ဂရုမထားတော့ဘဲ ပြေးဝင်ကာ ပေထင်းဟွမ်၏လက်ကိုဆုပ်ကိုင်လေသည် “အစ်ကိုကြီး အစ်ကိုကြီး သူတို့ကိုလွှတ်ပေးလို့မရဘူး၊ သူတို့က လူဆိုးတွေလေ အကုန်လုံးက လူဆိုးတွေ သူတို့က ကျွန်တော်တို့ရွာကလူတွေ အများကြီးကို သတ်ခဲ့တာ”

ကလေးသည် ပေထင်းဟွမ်၏လက်မောင်းကို ရမ်းခါနေသဖြင့် မျက်မှောင် ကြုတ်လိုက်သော်လည်း ဘာမှမပြောပေ။ သူမသည် ဘာမှမလုပ်ဘဲ ကလေးကို ငုံ့ကြည့်လေသည်။ သူ၏ဖန်သားနှင့်တူသောမျက်လုံးများသည် နက်မှောင် တောက်ပပြီး အားအပြည့်ရှိသည်။ သူသည် ၈ နှစ်အရွယ်သာရှိသေးသော်လည်း ၂၁ ရာစုနှစ်တွင်မြင်ခဲ့ရသည့် ၅ နှစ်သား ၆ နှစ်သားအရွယ်လောက်သာရှိကာ အရပ်ပုသည်။ ပိန်ပါးပြီး အင်္ကျီများသည် ဖာရာထေးရာအပြည့်နှင့်ပင်။

ဤကလေးသည် မွေးဖွားပြီးကတည်းကပင် ဝဝလင်လင်မစားခဲ့ရမည်ကို ပေထင်းဟွမ် သံသယဝင်မိသည်။

လုံထျန်းလျှောက်သွားပြီး လင်းဖုန်းအားဆွဲကာ ပေထင်းဟွမ်အား အားတုံ့အားနာဖြင့်ကြည့်ရင်းနှင့် ကလေး၏ခေါင်းကို ပွတ်သပ်ပေးလေသည် “ဖုန်းအာ အစ်ကိုကြီးက ငါတို့အသက်ကိုကယ်ခဲ့တာလေ၊ သူ့ကို ကျေးဇူးတင် သင့်တယ်၊ သူ့ကို မလေးစားတဲ့တောင်းဆိုမှုတွေ မလုပ်ရဘူး”

ဟူပါးနှင့်တခြားသူများသည် သက်ပြင်းချမိကြသည်။ သူတို့သည် လင်းဖုန်းအား ခက်ထန်စွာကြည့်လိုက်ကြသည်။ ၈ နှစ်အရွယ်ကလေးသည် ထိုအကြည့်ကြောင့် တုန်ယင်သွားပြီး လုံထျန်း၏ရင်ခွင်ထဲသို့တိုးဝင်လေသည်။

ပေထင်းဟွမ်၏မျက်လုံးများသည် တဖြည်းဖြည်း ဟူပါးနှင့်တခြားသူများ ဆီသို့ ဝေ့ဝဲရောက်သွားသည်။ သူမ၏အထင်သေးသောမျက်လုံးများသည် ထို လူများကို ချွေးအေးများပြန်သွားစေကာ သူမ၏ကြည်လင်သောအသံကိုသာ ကြားရစေသည် “မင်းတို့ သိုလှောင်လက်စွပ်တွေအကုန်လုံးကို ဒီမှာထားခဲ့လိုက် ကြ၊ အင်္ကျီတွေချွတ်ပြီး ငါ့ရှေ့မှာတန်းစီလိုက်ကြ အသက် ၁၀ ရှိုက်စာအတွင်း မှာ ငြင်းဆန်တဲ့သူ သေရမယ်”

နောက်ဆုံးစကားလုံးသည် ကျယ်လောင်လွန်းရာ အားလုံးကို တုန်ယင် သွားစေသည်။ ထိုအချိန်တွင် တွေဝေနေရန်အချိန်မရှိတော့ပေ။ ကြီးမားသော တွင်းပေါက်ထဲတွင် လှဲလျောင်းနေသောဟူပါးပင်လျှင် လှိမ့်ပြီးတွားသွားကာ ထွက်လာသည်။ ထို့နောက်ပေထင်းဟွမ်ရှေ့တွင် ခလုတ်တိုက်ကာ သူ၏ သိုလှောင်လက်စွပ်အား ပေထင်းဟွမ်အား ပစ်ပေးလိုက်သည်။

“ပုံနှိပ်တွေကို ကိုယ့်ဘာသာ ဖယ်သွားကြ၊ ငါမဖွင့်နိုင်ရင် တမလွန်ကို တိုက်ရိုက်သတင်းပို့ပေးလိုက်မယ်”

ဓားပျော့သည် ငွေရောင်မြွေတစ်ကောင်အလား အေးစက်သောအလင်း ထုတ်လွှတ်လေသည်။ ၎င်းသည် လျှပ်စီးအလင်းရောနှောသည့် ငွေရောင်မြွေ နှင့်တူလေသည်။ ဟူပါးနှင့်တခြားသူများကြောက်လန့်နေကြသည်ကို ကြည့်ပြီး ဤလူငယ်ကို နားမလည်နိုင်ကြတော့ပေ။ သူမသည် ဤကဲ့သို့အားကောင်း သော တိုက်ခိုက်ရေးအစွမ်းအစရှိနေသည်။

ပေထင်းဟွမ်၏သတိပေးမှုအောက်တွင် အားလုံးသည် ထိုသိုလှောင် လက်စွပ်၏ ဝိညာဉ်အမှတ်အသားများကို အလျင်စလိုပယ်ဖျက်ကြလေသည်။ ထိုလက်စွပ်များကို ပေထင်းဟွမ်အား လက်နှစ်ဖက်ဖြင့်ပေးလိုက်ပြီးနောက် သူမသည် သူတို့တစ်ကိုယ်လုံးမှ အတွင်းခံကိုသာချန်ခဲ့သည်အထိ ချွတ်ခိုင်းလေ သည်။

“လှည့်လိုက်”

အထင်သေးသည့်ရက်စက်သောအသံထပ်မံထွက်လာပြန်သည်။ ပေထင်းဟွမ်၏ဖိနှိပ်မှုကိုကြောက်သဖြင့် ထိုလူတစ်စုသည် ပေထင်းဟွမ်၏ အမိန့်ကို မေးခွန်းမထုတ်ရဲပေ။ သူတို့သည် ကျိုးနွံစွာြဖင့် ပေထင်းဟွမ်အား ကျောပေးလေသည်။ သူတို့၏ရင်တစ်ခုလုံးမှာ တင်းကြပ်နေလေသည်။ ပေထင်းဟွမ်သာ “သွားတော့” ဟုပြောလျှင် မည်သို့ဖြစ်မည်မသိပေ။