← Chapters

အရမ်းကောင်းတယ်၊ အကြောများကို ဖျက်ဆီးခြင်း

Vol. 73 Ch. 1445

အရမ်းကောင်းတယ်၊ အကြောများကို ဖျက်ဆီးခြင်း

Vol. 73 Ch. 1445

သည်လိုဆိုလျှင် သူတို့သည် အရူးတစ်ယောက်ကဲ့သို့ ဤနတ်ဆိုးဆန် သောကောင်လေးဆီမှ သေချာပေါက် ပြေးသွားမည်ဖြစ်သည်။

“အရမ်းကောင်းတယ်”

ထိုလူများသည် ပေထင်းဟွမ်အား မမြင်နိုင်ကြပေ။ ထိုအချိန်တွင် သူမ၏ နှုတ်ခမ်းထောင့်တွင် အေးစက်သောအပြုံးပွင့်သွား၏။ သူတို့သည် သူမ၏အသံ ကိုသာကြားနေရသည် “ငါပြောတာ ငါကလူကောင်းမဟုတ်ဘူး၊ အားနည်းတဲ့ သူတွေကို အနိုင်ကျင့်တာကိုမကြိုက်ရုံတင်၊ မင်းတို့တွေ ဒီသိုလှောင်လက်စွပ် ထဲက ဒီပစ္စည်းလေးလောက်နဲ့ မင်းတို့အသက်ကိုဝယ်ဖို့မလုံလောက်ဘူး”

ထိုစကားကိုကြားပြီးနောက် အားလုံး၏နှလုံးများသည် ထပ်မံအေးစက် သွားကာ ပေထင်းဟွမ် မည်သို့လုပ်မည်ကိုမသိတော့ပေ။ သို့သော် ထိုလူများ သည် အသက်ရှင်ရန်အခွင့်အရေးရှိပါက သေချာပေါက် ဖမ်းဆုပ်မည်ဖြစ်သည်။ ထိုစကားကိုကြာပြီးနောက် အားလုံးသည် ခန္ဓာကိုယ်ထဲမှ စွမ်းအင်အားလုံးကို ရွှေ့ပြောင်းပြီး ထိုလူငယ်၏ဆုပ်ကိုင်မှုမှ ထွက်ပြေးရန် ကြိုးစားလေသည်။

သူတို့သည် မြန်ဆန်သော်လည်း ပေထင်းဟွမ်သည် ပိုမြန်သည်။ လူငယ် ၏လက်ထဲမှဓားပျော့သည် ထိုလူ ၆ ယောက်၏ ကျောပြင်ကို သတိပေးခြင်းမရှိ အားပါပါရိုက်ချလေသည်။ ဓားပျော့ပေါ်တွင် မိုးကြိုးနှင့်လျှပ်စီးစွမ်းအားသည် ငွေရောင်မြွေကဲ့သို့ပင် အားလုံး၏ကျောပေါ်မှ အဓိကအကြောအချက်အခြာ နေရာများသို့ စိမ့်ဝင်သွားကာ သွေးကြောများတစ်လျှောက် အကြောထဲသို့ သွားကာ ဖောက်ခွဲလေသည်။

ဘုန်း ဘုန်း ဘုန်း

အသံ ၆ သံသည် တစ်ချိန်တည်းမှာပင် ထွက်လာသည်။ ထိုအသံသည် မိုးကြိုးမြည်ဟီးသံကဲ့သို့ပင်။ ချက်ချင်းပင် ဝက် ၆ ကောင် သတ်သံသည် ကောင်းကင်ကိုဖြတ်ကျော်လာကာ လေဟာနယ်ထဲတွင် အတန်ကြာသည်အထိ ပဲ့တင်ထပ်နေလေသည်။ လူ ၆ ယောက်သည် သူတို့၏ဝမ်းဗိုက်ကို ဖိကာ မြေကြီးပေါ်တွင် စိတ်အားထက်သန်စွာနှင့် လူးလိမ့်နေကာ ညည်းညူရင်းနှင့် ပေထင်းဟွမ်အား နာကြည်းသောမျက်လုံးများဖြင့် စိုက်ကြည့်နေလေသည်။ ဤလူငယ်သည် သူတို့ထင်ထားသည်ထက် အားကောင်းနေလိမ့်မည်ဟု မည်သူ မှထင်မထားပေ။ ထိုလူများသည် ပိုရက်စက်တတ်သည်။

သူမသည် သူတို့အားသတ်မည့်အစား သူတို့၏အကြောများကို ဖောက်ခွဲ လေသည်။ ထိုအရာသည် သူတို့ကိုသတ်ခြင်းထက်ပင် ပိုနာကျင်လေသည်။

အမှောင်နတ်မိစ္ဆာဘုံကဲ့သို့ကမ္ဘာတွင် ခွန်အားမရှိဘဲနှင့် သာမန်လူကဲ့သို့ သတ်ဖြတ်ဝိညာဉ်တောင်၌ နေရာပို၍ခက်ခဲသည်။ ထို့အပြင် နှစ်ပေါင်းများစွာ တွင် ကျားအဖွဲ့ဝင်များသည် သတ်ဖြတ်တောင် တောင်ဘက်တစ်ခွင်တွင် မီးရှို့ ခြင်း၊ သတ်ဖြတ်ခြင်း၊ လုယက်ခြင်းနှင့် ရက်စက်မှုအပေါင်းကို ပြုမူခဲ့ကြသည်။ သူတို့သည် ကောင်းသည့်အရာကို မလုပ်ခဲ့သဖြင့် မုန်းတီးသောမျက်လုံးများ မည်မျှ သူတို့အား ကြည့်နေမည်ကို မသိနိုင်ပေ။ ယခုအခါ သူတို့သည် သာမန် လူများထက်ပင် ဆိုးလေသည်။ သူတို့ အသက်ရှင်နိုင်မည်လား။

ချင်းရှန့်ရွာမှလူများသည် ထိုမြင်ကွင်းကြောင့် ထိတ်လန့်သွားကြသည်။ ညှာတာတတ်သော လူငယ်သည် လူကောင်းဖြစ်လိမ့်မည်ဟု နဂိုကထင်ထားခဲ့ ကြသည်။ သို့သော် သူမ ကိုယ်တိုင်ပြောသလိုပင် လူကောင်းမဟုတ်ဘဲနေလိမ့် မည်ဟု ထင်မထားပေ။ သူမသည် ရက်စက်သည်။ ကြမ်းတမ်းသည်။ သို့သော် ဤလူငယ်သည် ကျားအဖွဲ့ဝင်များ ပြစ်မှုကျူးလွန်သည်ထက် အကန့်အသတ် နည်းပါးသည်။

သူမသည် ကျားအဖွဲ့ဝင်များကို ဖြေရှင်းရန် ဤနည်းလမ်းကိုအသုံးပြုခဲ့ သည်။ ၎င်းသည် ထိုလူများကို တစ်ခါတည်းသတ်လိုက်သည်ထက် ပို၍ရက်စက် သည်။

“ဟေ့..ကောင်” ဟူပါးသည် ခက်ခက်ခဲခဲအော်နေရသည်။ သူသည် အပြင်းအထန်ဒဏ်ရာရထားသည်။ ထိုအချိန်တွင် သူ၏အကြောသည် ဖျက်ဆီး ခံလိုက်ရကာ ဒွါရခုနစ်ပေါက်မှ သွေးများစတင်ထွက်လာသည်။ သူသည် အရာ အားလုံးကိုပေးလိုက်လျှင် ဤလူငယ်မှ အလွတ်ပေးမည်ဟု ယုံကြည်မိသည်ကို နောင်တရမိသည်။

“တခြားသူတွေကိုယ်စား တစ်ပုံစံတည်း ပြန်ပေးဆပ်လိုက်ရုံတင်ပါပဲ” ပေထင်းဟွမ်သည် သူ့အား အထင်သေးစွာကြည့်လိုက်သည် “တစ်ခါတလေကျ သေဆုံးခြင်းက အသက်ရှင်ရတာထက် ပိုလွယ်တယ် ဒါပေမဲ့ မင်းလိုလူမျိုးကျ ထိုက်တန်ရဲ့လား”

ပေထင်းဟွမသ်ည် ခေါင်းကိုအသာညိတ်လေသည်။ သူမ၏မျက်လုံးများ သည် မျက်ရည်ကျနေသော်လည်း သူမအား ပျော်ရွှင်သောမျက်လုံးများဖြင့် ကြည့်နေသည့် လင်းဖုန်းဆီသို့ရောက်သွားလေသည်။ သူမသည် လက်မြှောက် ကာ ကောင်လေး၏ခေါင်းကို နူးညံ့စွာပွတ်သပ်လိုက်သည် “အစ်ကိုကြီးက ဘယ်လိုလုပ် လွှတ်ပေးရမှာလဲ၊ ဒီလူတွေက သေဖို့တောင်မတန်ဘူး၊ အစ်ကိုကြီးက သူတို့ကိုဘယ်လိုလုပ် လွှတ်ပေးမှာလဲ”

သူမသည် နတ်ဘုရားမဟုတ်သော်လည်း ဤကလေးငယ်၏ရင်ထဲတွင် ယုံကြည်ချက်ဖြစ်ပေါ်လာအောင် ပြုလုပ်ပေးနိုင်သည်။ ဤကလေး၏ဘဝတွင် ယုံကြည်ချက်ရှိနေအောင် ပြုလုပ်ပေးနိုင်သည်။ သို့သော် ထိုအခိုက်အတန့်တွင် ထိုစကားများပြောလိုက်ခြင်းသည် ချင်းရှန့်ရွာသားများ၏မျက်လုံးများထဲ၌ လူငယ်၏ပုံရိပ်သည် သတ်ဖြတ်ဝိညာဉ်တောင်ကဲ့သို့ မြင့်မားပြီး သူတို့ရင်ထဲတွင် အမြစ်တွယ်သွားသည်ကိုတော့ သူမ မသိလိုက်ပေ။

All Chapters