အဲကောင်ကို ဒီအတိုင်းလွှတ်ပေးလိုက်လို့မရဘူးလား
Vol. 73 Ch. 1446
ထိုလူ ၆ ယောက်သည် နေ့ခင်းအချိန်မှာပင် လုယက်ကာ လူ့အသက်ကို အလေးအနက်မထားပေ။ ယခုအခါ သူတို့သည် ဤကဲ့သို့အဆုံးသတ်သွားရာ ချင်းရှန့်ရွာသားများသည် ချက်ချင်းပင် နေ့စဉ်ခံစားခဲ့ရသော နာကြည်းမှုများ ပြေပျောက်သွားသလိုပင်။ လက်နက်ရှိသူများသည် လက်နက်နှင့်မာန်တက် သည်၊ လက်နက်မရှိသူများသည် ကန်ကျောက်ကာ ညှာတာမှုနည်းနည်းမှမရှိခဲ့ ပေ။
ပေထင်းဟွမ်သည် လူ ၆ ယောက် မြေကြီးပေါ်တွင် လူးလှိမ့်နေသည်ကို မကြည့်တော့ပေ။ သူမသည် လုံထျန်းအား ခေါင်းညိတ်ပြပြီး ထွက်သွားရန် ခြေထောက်ကြွလေသည်။ မထင်မှတ်စွာပင် လင်းဖုန်းမှတားလေသည် “အစ်ကိုကြီး အခုမှ အမှောင်နတ်မိစ္ဆာဘုံကိုလာတာလား၊ အစ်ကိုကြီးက ဒီကမဟုတ်ဘူးမလား၊ အစ်ကိုကြီးကို ချင်းရှန့်ရွာကိုဖိတ်လို့ရလား၊ ကြည့်လိုက် မိုးချုပ်တော့မယ်လေ၊ ဒီနေ့ည ကျွန်တော်တို့အိမ်မှာ အိပ်ဖို့ဖိတ်ချင်ပါတယ် အဆင်ပြေလား”
လုံထျန်းသည် ရှက်ရွံ့သောမျက်နှာဖြင့် စကားပြောရန် တုံ့ဆိုင်းနေသည်။
ပေထင်းဟွမ်သည် သူတို့၏အဝတ်များကို ကြည့်လိုက်သည်။ အမှောင် နတ်မိစ္ဆာဘုံမှရာသီဥတုသည် တစ်ချိန်လုံးအေးနေပုံပင်။ သို့သော် သူတို့သည် အလွန်ပါးလွှာသော အဝတ်အစားများကိုဝတ်ဆင်ထားသည်။ သေချာပေါက် ပင် သူတို့၏ဘဝသည် အလွန်ဆိုးရွားပြီး အစားအသောက်နှင့်အဝတ်အစား မလုံလောက်သည်ကို ပေထင်းဟွမ် မြင်နိုင်လေသည်။ သူတို့ဆီလိုက်သွားပါက သေချာပေါက်ပင် ဝန်ထုပ်ဝန်ပိုးပေးသလိုဖြစ်မည်။
ပေထင်းဟွမ်သည် လက်ထဲမှ သိုလှောင်လက်စွပ် ၆ ကွင်းကို လုံထျန်းအား ပေးလိုက်သည် “အထဲမှာသုံးလို့ရတာရှိမှာပါ၊ ခင်ဗျားတို့ ခွဲလိုက်ကြပေါ့”
သို့သော် လုံထျန်းသည် လျင်မြန်စွာပင် လက်ယမ်းကာ ပြတ်သားစွာပင် ငြင်းဆန်လေသည် “ညီလေး ဒါတွေမယူရဲပါဘူး” သူ၏မျက်လုံးထောင့်မှ မြင်းစီးသမား ၆ ယောက်ကိုကြည့်လိုက်သည် “ဒါတွေယူလိုက်ရင် ချင်းရှန့်ရွာကို ကပ်ဘေးယူလာတာနဲ့အတူတူပဲ”
၎င်းသည် သူတို့၏ပိုင်ဆိုင်သည့်အရာမဟုတ်ပေ။ ကျားအဖွဲ့၏ပိုင်ဆိုင်မှု သာဖြစ်သည်။ ထိုလူများသည် အမြဲတမ်းလုယက်ကာ သတ်ဖြတ်နေခဲ့သည်။ သိုလှောင်လက်စွပ်များအားလုံးနီးပါးမှာလည်း လုယက်ခဲ့ခြင်းသာဖြစ်သည်။ ထိုအရာများ ချင်းရှန့်ရွာသားများလက်ထဲရောက်နေသည်ဟု သတင်းထွက်သွား ပါက ကျားအဖွဲ့အား ရန်ငြိုးရှီသူများသည် သတင်းကြားသည်နှင့် ရောက်လာ ကြမည်ဖြစ်သည်။
ပေထင်းဟွမ်သည် ခေတ္တမျှစဉ်းစားလေသည်။ လုံထျန်းသည် ချင့်ချိန် တတ်သောလူဖြစ်သည်ကို ခံစားမိသည်။ သူသည် အကျိုးအမြတ်အတွက်နှင့် မျက်စိကန်းမည့်သူမဟုတ်ပေ။ လင်းဖုန်းသည် သူမအား သနားစဖွယ်မျှော်လင့် သောမျက်လုံးများဖြင့် ကြည့်နေသည်ကိုမြင်ပြီး ပေထင်းဟွမ်သည် ကလေးကို သနားမိလေသည်။ လွန်ခဲ့သည့်နှစ်များစွာက နေဝင်တောအစွန်တွင်ရပ်ပြီး အဝေးရှိကောင်းကင်ကို ကြည့်နေသည့် သူမလိုပင်။ အစ်ကိုကြီးပြန်အလာကို အမြဲမျှော်နေရပြီး ဦးလေးနှင့်အဒေါ်တို့ ပစ္စည်းကောင်းယူလာမည်ကို စောင့်မျှော်ရသည့်ဘဝပင်ဖြစ်သည်။
“အင်း အစ်ကိုကြီးက ဒီနေ့ညအိပ်ဖို့ နေရာမရှိသေးတာတော့ အမှန်ပဲ၊ အဲတော့ မင်းတို့ကို တစ်ညလုံး ဒုက္ခပေးရတော့မယ် ဟုတ်ပြီလား” ပေထင်းဟွမ် သည် လက်မြှောက်ပြီး ကလေးငယ်၏ဦးခေါင်းကိုပွတ်သပ်လေသည်။ ကလေး ငယ်ပြုံးသွားသည်ကိုကြည့်ပြီး သူမလည်း အနည်းငယ်ပျော်ရွှင်လာသည်။
ပေထင်းဟွမ်နှင့်အဖွဲ့သည် လေဟာနယ်ထဲတွင် ခရီးရှည်လျှောက်လာခဲ့ ပြီးဖြစ်သည်။ သတ်ဖြတ်တောင်ရှိ တောအစွန်သည် ကွေ့ကောက်သွားသည်။ ချင်းရှန့်ရွာသည် သတ်ဖြတ်တောင်အစွန်တွင်ရှိသည်။ ထိုနေရာသို့ရောက်ရန် တစ်နာရီ နှစ်နာရီခန့်ကြာသည်။
ကျားအဖွဲ့ဝင် ၆ ယောက်သည် ခွေးသေများကဲ့သို့ မြေကြီးပေါ်တွင် လဲနေ ဆဲဖြစ်သည်။ သတ်ဖြတ်တောင်၏ရှေးဟောင်းသစ်တောအစွန်တွင် တစ်ညတာ ကုန်ဆုံးရမည်မှာ အလွန်အန္တရာယ်များသည်ကို သိသော်လည်း လက်ရှိတွင် သူတို့မှာ စွမ်းအားမရှိတော့ပေ။ နဂါးမြင်းပျံသည် ဘေးသို့ အစာရှာထွက်သွား ပြီဖြစ်သည်။ သာမန်လူ ၆ ယောက်သည် နဂါးမြင်းပျံကိုပင် ဆင့်မခေါ်ရဲတော့ ပေ။ အဆင့် ၂ သားရဲများသည်လည်း သားရဲများဖြစ်ကာ သူတို့သည် သန်မာသူ များကိုသာ နာခံကြသည်။ လက်ရှိ လူ ၆ ယောက်သည် အသုံးမဝင်ပေ။ အမှန် တကယ်ပင် အမှိုက်သရိုက်များဖြစ်ကြသည်။ နဂါးမြင်းပျံသည် အသားစားပါက သေချာပေါက် သူတို့ကိုစားမည်ဖြစ်သည်။
“ခေါင်းဆောင် အဲကောင်ကို ဒီအတိုင်းလွှတ်လို့မဖြစ်ဘူးမလား”
“ဟုတ်တယ် ခေါင်းဆောင် အဲကောင်က အစကတည်းက ငါတို့ကို မသန်စွမ်းဖြစ်အောင်လုပ်ဖို့ အစီအစဉ်ရှိတာ၊ ငါ့ကံကနေ လွတ်မြောက်နိုင်သေး တယ်၊ ဒါပေမဲ့ ဒီကောင်က အစကတည်းက ကတိမတည်ဘူး၊ တကယ် သူနဲ့ မညှိနှိုင်းချင်ဘူး”
“အဲကောင်က ကောက်ကျစ်လွန်းတယ်၊ ငါတို့ခံရတဲ့ တန်ရာတန်ကြေး အတိုင်းပြန်ပေးခိုင်းရမယ်၊ သူက အဲလိုလှည့်ကွက်တွေလုပ်သွားလိမ့်မယ်လို့ ထင်မထားဘူး၊ သူ့ကို အရေခွံမစုတ်ရရင် အသေဖြောင့်မှာမဟုတ်ဘူး”
ဟူပါးသည် မှောင်မိုက်နေသောကောင်းကင်ကို မည်းနက်သော မျက်လုံး တစ်စုံဖြင့်ကြည့်နေသည်။ သူ၏နှလုံးသားမှာ ဒေါသများဖြင့်ပြည့်နေသည်။ ဓား ၂ လက်ဧကရာဇ်သည် ယခုလိုပင် ဖျက်ဆီးခြင်းခံလိုက်ရသည်။ သူ၏အသံသည် အေးစက်လှသည် “မင်း ဘာလုပ်နိုင်လို့လဲ”