ပုရပိုက်
Vol. 73 Ch. 1447
အဖွဲ့ထဲတွင် ဖေးချန်းအား လှံတံနှင့်ပစ်ခဲ့သည့် လျှာစောင်းထက်သော မျောက်ပါးနှင့်လူငယ်သည် အေးစက်စွာနှာမှုတ်လေသည် “အဲကောင်က မင်းရဲ့ သိုလှောင်လက်စွပ်ကိုယူမသွားဘူးဆိုရင် အဆင်ပြေသေးတယ်၊ သူက ယူသွား မှတော့ သူလည်း ငါတို့ရဲ့ သာမန်ကံထဲရောက်သွားပြီ”
“မျောက် ဘာဆိုလိုတာလဲ၊ ငါတို့ကိုဖုံးကွယ်ထားတာရှိနေတာလား” အဖွဲ့ထဲမှလူတစ်ယောက်သည် ထိုစကားကိုကြားသောအခါ ဒေါသထွက်လာ သည် “ပြောပါဦး ငါတို့ မစ်ရှင်လုပ်နေတုန်းမှာ မင်း တစ်ခုခုဖုံးကွယ်ထားတာ လား”
မကောင်းမှုများ အတူပြုလုပ်လာသည့် ညီအစ်ကိုများပီသစွာပင် သူတို့ သည် တစ်ဦးနှင်တစ်ဦး သိကြသည်။ တခြားသူများလည်း ဒေါသထွက်လာကြ သည်။ သေချာပေါက်ပင် မျောက်သည် သူတို့နောက်ကွယ်တွင် တစ်စုံတစ်ရာ ကို ဖုံးကွယ်ထားခြင်းကြောင့်ပင်။
“အခုမှ အဲဒါတွေပြောနေလည်း ဘာလုပ်ရမှာလဲ၊ ဒီအတိုင်း ပုရပိုက် အစုတ်တစ်ခုပဲကို၊ ဘာမှ ရှင်းရှင်းလင်းလင်း မြင်ရဘူး၊ အဲဒါက အသုံးဝင်တယ် လို့မထင်လို့ ခေါင်းဆောင်ကို သတင်းမပို့ခဲ့ဘူး” မျောက်၏မျက်လုံးများသည် အပြစ်ပြုထားသည့်အကြည့်ဖြစ်နေကာ အံကိုတင်းတင်းကြိတ်လေသည် “ဒါပေမဲ့ အဲဒီပုရပိုက်ကို အဲကောင်ယူသွားတာကို ဝိညာဉ်ဘုံကလူတွေသိရင် ထွက်ပြေးဖို့ခက်မှာပဲ”
ဝိညာဉ်ဘုံဟုတ်လား။
ဟူပါးပင် ပင့်သက်ရှိုက်မိသည်။ ဝိညာဉ်ဘုံသည် အမှောင်နတ်မိစ္ဆာဘုံ စည်းမျဉ်းကို လွှမ်းမိုးထားသော သုံးခုထဲမှတစ်ခုဖြစ်ကာ အားအကောင်းဆုံးဖြစ် သည်။ နှစ်ပေါင်းများစွာတွင် လင်းယွိသည် အမှောင်မိစ္ဆာဘုံမှ ရတနာတချို့ ရှာဖွေနေကာ မြေပုံပျောက်ဆုံးသွားကြောင်းကို သူတို့ ရံဖန်ရံခါကြားခဲ့ရသည်။ သူတို့သည် လုံးဝဂရုမစိုက်ပေ။ အဆုံးတွင် ထိုမတော်တဆမှုသည် သူတို့၏ ကျားအဖွဲ့ကို တစ်စုံတစ်ရာဖြစ်ပေါ်လာလိမ့််မည်ဟု မည်သူမှတွေးမထင်ထား ကြပေ။
ထိုအခိုက်အတန့်တွင် မျောက်အား တစ်စုံတစ်ရာကို ဖုံးကွယ်ထား ကြောင်း အပြစ်တင်နေကြသူများသည်ချွေးပြန်လာကြသည်။ တချို့သည် ထို မျောက်ပြောသည့် ပုရပိုက်ကို ကျေးဇူးတင်မိကြသည်။ ထင်ရှားစွာပင် လင်းယွိ နှင့် ပြဿနာဖြစ်ရသည်မှာ သူတို့ ရင်ဆိုင်လိုသည့်အရာမဟုတ်ပေ။ ဝိညာဉ်ဘုံ ၏စွမ်းအားသည် သူတို့တွေးထင်ထားသည်ထက်ကျော်လွန်သည်။ သူသည် ၃၃ ကောင်ကင်ဘုံမှ စေလွှတ်လိုက်သည့် ဝိညာဉ်နယ်ပယ်သည် အရှင်ကြီးအဆင့် ခွန်အားနှင့်လူဖြစ်သည်။
အမှောင်နတ်မိစ္ဆာဘုံ၌ပင်လျှင် လေဟာနယ်၏စည်းမျဉ်းကြောင့် ခွန်အား ကို အရှင်အဆင့်တွင် ဖိနှီပ်ထားသည်။ သို့သော် နည်းလမ်းများသည် သာမန် အရှင်ထက်သန်မာသည်။
“အခု ငါတို့ဘာလုပ်သင့်လဲ၊ လှုပ်တောင်မလှုပ်နိုင်တာကို လင်းယွိကို ဘယ်လိုသတင်းပို့ရမလဲ...”
ကျားအဖွဲ့မှလူများသည် ခေါင်းကိုက်လာသည်။ ပေထင်းဟွမ်တွင် ထို ပုရပိုက်ရှိကြောင်းကို ဝိညာဉ်ဘုံကလူများကို မည်သို့ပြောရမည်နည်း။ ထိုအချိန် တွင် ကောင်းကင်ပေါ်မှ အေးစက်သောအသံထွက်ပေါ်လာသည် “မလိုဘူး ဒီ သခင်လေး သိပြီးသားပဲ၊ မင်းတို့သေတော့မယ်ထင်တယ်၊ အဲမတိုင်ခင် မင်းတို့ က ဘယ်လို နောင်တရမလဲဆိုတာ သိပြီး လင်းယွိကို သတင်းပို့ချင်တာပဲ၊ ဒီ သခင်လေးက မင်းတို့ကို အလွယ်တကူသေအောင်လုပ်ပေးမယ်”
ကျားအဖွဲ့ဝင်များ၏မျက်လုံးများသည် ပြူးကျယ်လာပြီး မျက်လုံးထဲတွင် ကြောက်ရွံ့မှုများဖြစ်ပေါ်လာသည်။ အာရုံငါးပါးသည် အရင်လိုပင် စူးရှနေတုန်း လိုပင်။ သူတို့သည် ညအမှောင်ကောင်းကင်ပေါ်မှ လူငါးယောက်ထွက်လာ သည်ကိုမြင်လိုက်ရသည်။ ခေါင်းဆောင်သည် ယောက်ျားတစ်ယောက်ဖြစ် သည်။ သူသည် အနီရောင်ဝတ်ဆင်ထားကာ ညှို့ဓာတ်ပြင်းသည်။ ညလေပြေ တွင် ကြာပန်းပွင့်သကဲ့သို့ပင် ပန်းနံ့များထွက်လာသယောင်ထင်ရသည်။ အနီရောင်အင်္ကျီသည် ခန္ဓာကိုယ်မှ အနည်းငယ်ဟ,နေရာ ကျောက်စိမ်းနှင့်တူ သော ရင်ဘတ်မှာပေါ်နေသည်။ သူတွင် အလွန်ကြည့်ကောင်းသော မျက်နှာ ရှိသည်။ ဆွဲဆောင်မှုရှိသော မျက်ခုံးများနှင့် မျက်လုံးများမှာ အကြည့်သည် ပျံသန်းနေသလိုပင်။ သူသည် သတ်ဖြတ်ရန် အမိန့်ပေးချိန်တွင်ပင် သူမတူသော ဆွဲဆောင်မှုရှိလေသည်။
သူ့အနောက်တွင် မှင်တက်လောက်စရာ မိန်းကလေး လေးဦးလိုက်ပါလာ ကာ အားလုံးသည် ပါးလွှာသောအဝတ်အစားများ ဝတ်ဆင်ထားကြသည်။ ရင်ဘတ်အဖုံးပေါ်တွင် ရေထဲတွင်ဆော့ကစားနေသော ဘဲပုံရုပ်ကိုထိုးထား သည်။ မောက်မို့နေသောရင်ဘတ်နှင့် ကျောက်စိမ်းကဲ့သို့ဖြူစွတ်နေသော ညှပ်ရိုးသည် သွေးပွက်လောက်စရာပင်။
“သခင်မင်စူးလား သခင်မင်စူးပဲ”
ဟူပါး၏ ကြောက်ရွံ့မှုကြောင့် တုန်ယင်နေသောအသံသည် လေနှင့်အတူ လွင့်ပါသွားသည်။ တခြား လူငါးယောက်သည် ထိုနာမည်ကိုကြားလိုက်ရချိန် တွင် ဒွါရခုနစ်ပေါက်မှ သွေးများထွက်လာသကဲ့သို့ တစ်ကိုယ်လုံး တုန်ယင်သွား ကြလေသည်။ မင်စူး၏ ဂုဏ်သတင်းသည် အမှောင်နတ်မိစ္ဆာဘုံတွင် ကျော်ကြားကာ ထိုနာမည်ကြားသည်နှင့် ကလေးများ အငိုရပ်သွားစေသည်။