← Chapters

မင်စူး

Vol. 73 Ch. 1448

မင်စူး

Vol. 73 Ch. 1448

သို့သော် ဟူပါးသည် သွက်လက်စွာပင် ရယ်မောလေသည်။ သူသည် ဓား ၂ လက်ဧကရာဇ်မဟုတ်တော့ဘဲ အမှိုက်တစ်စသာဖြစ်သွားသည်။ သူ့ကိုယ်သူ အဆုံးစီရင်လည်း သတ္တိမရှိပေ။ တခြားသူမှ သူ့အသက်ကိုနှုတ်ပေးလျှင် ကျေးဇူးတင်မိမည်ဖြစ်သည်။ ထိုအချိန်က နတ်မိစ္ဆာနတ်ဘုရားကြီးသည် သခင်မင်စူးနှင့် သူ့ကိုတွေ့ခွင့်ပေးခဲ့သည်။ အရေးအကြီးဆုံးမှာ သခင်မင်စူး သည် နယ်ပယ်မှသာဖြစ်လေသည်။ သူတို့ပြောစကားများကိုကြားပြီးနောက် ထိုလူငယ်ကို လက်စားချေရန် အခွင့်အရေးရှာမိသည်။

နတ်မိစ္ဆာနတ်ဘုရား၏ ကျေးဇူးပင်ဖြစ်သည်။

ဟူပါးရယ်မောချိန်တွင် ကျားအဖွဲ့၏တခြားအဖွဲ့ဝင် ၅ ယောက်တို့သည် လျင်မြန်စွာပင် ငြိမ်ကျသွားလေသည်။ ဟူပါး မည်သည့်အရာကို ရယ်မောသလဲ ဆိုသည်ကို သူတို့သေချာပေါက်သိသည်။ မျောက်သည်လည်း အရိုင်းဆန်စွာ ရယ်မောလေသည် “ဟားဟား သခင်မင်စူး ကျုပ်တို့အသက်တွေက ဘာမှ မဟုတ်ပါဘူး၊ ခံလိုက်ရတာက အမှောင်နတ်မိစ္ဆာဘုံသားဖြစ်တာကို ကျေးဇူးပြု ပြီး မြင်ပေးပါ၊ အဲကောင်လေးကို ရှာတွေ့ရင် သေချာပေါက် အပိုင်းပိုင်းဖြတ်ပြီး သတ်ပါ”

မင်စူးဘေးမှအမျိုးသမီးသည် မင်စူး၏ညွှန်ကြားချက်ကို လက်ခံ ပြီးနောက် ပျံဆင်းလာကာ လူ ၆ ယောက်ကို စိုက်ကြည့်ပြီး မောက်မာသာ အပြုအမူပြန်ဖြစ်သွားကာ မင်စူးအား ခေါင်းညိတ်ပြလေသည်။

“လူငယ်ဟုတ်လား” မင်စူးသည် ထိုစကားလုံးများကို ရေရွတ်ပြီးနောက် သူ၏မျက်လုံးထောင့်များသည် အနည်းငယ်ကျယ်သွားရာ မျက်ခုံးနှင့်မျက်လုံး များကို တခြားသူများထက်ပို၍ညှို့ဓာတ်ပြင်းစေလေသည်။ “ဒီကမ္ဘာမှာ ဒီသခင်လေး အကြိုက်ရှိလာလိမ့်မယ်လို့ထင်မထားဘူး၊ မင်းတို့က ကျားအဖွဲ့ရဲ့ အဖွဲ့ဝင်တွေလား၊ မင်းတို့အကြောင်း ငါကြားဖူးတယ်၊ အဲလူက မင်းတို့ပစ္စည်း တွေယူပြီး အကြောတွေကို ဖျက်ဆီးသွားတာပေါ့၊ ဒီသခင်လေးတောင်မှ အဲဒီ နည်းလမ်းကိုမစဉ်းစားမိဘူး”

စကားပြောနေစဉ်တွင် မင်စူး၏စကားလုံးမျးသည် ပေထင်းဟွမ်အား အထူးတလည်ချီးကျူးသည့် အရိပ်အယောင်ပါဝင်နေပြီး ကျားအဖွဲ့ဝင်များသည် ထိုစကားကြားသောအခါ စိတ်ပူပန်ခြင်းမရှိတော့ဘဲ အလွန်ပျော်ရွှင်လေသည်။ ၎င်းသည် မင်စူး၏ဒေါသ၊ ရက်စက်ခြင်းနှင့် လူ့အသက်ကို ဘာမှမဟုတ်သလို သဘောထားသည့် ထူးသောအပြုအမူပင်ဖြစ်သည်။ သူ တစ်စုံတစ်ယောက်ကို စိတ်ဝင်စားလေ ထိုလူအား ညှဉ်းပန်းရန် အဆုံးမရှိသော နည်းလမ်းများကို ပို အသုံးပြုလေဖြစ်သည်။

အဓိကအချက်မှာ မင်စူး၏ခွန်အားသည် နတ်ဘုရားဧကရာဇ်မဟုတ်ဘဲ နတ်ဘုရားဧကရာဇ်ထိပ်ဆုံးအဆင့်ဖြစ်ကာ အရှင်အဆင့်သို့ရောက်ရန် ခြေတစ် လှမ်းသာလိုတော့သည်။ သူ့ဘေးတွင် မှင်တက်လောက်စရာ မိန်းမလှ လေးဦး လည်းရှိသည်။ သူတို့၏အမည်များသည် အရှေ့၊ အနောက်၊ တောင်နှင့်မြောက် ဟူ၍ဖြစ်ပြီး ခွန်အားမှာ နတ်ဘုရားဧကရာဇ်အဆင့်ဖြစ်လေသည်။

ထိုလူငါးယောက်သည် နတ်ဘုရားဘုရင်အဆင့် ပေထင်းဟွမ်ကို ဖြေရှင်း ရန်လုံလောက်သည်။

ဟူပါးနှင့်တခြားသူများသည် မင်စူးရောက်လာသည်အထိ အသက်ရှင်နေ ခဲ့သည်ကို စိတ်အေးသွား၏။ ပုံရိပ်တချို့သည် ကောင်းကင်တွင် ထပ်မံ ဖျတ်ခနဲ ရောက်လာပြီး အသံတစ်သံရောက်လာသည် “သူတို့က ကျားအဖွဲ့ဝင်တွေလို့ ကြားတယ်၊ အဲဒီကောင်တွေက ပြည်သူတွေဆီက လုယက်နေတာပဲ...”

မင်စူးသည် ထိုစကားကြားသောအခါ ကျယ်လောင်စွာရယ်မောလေ၏။ သူသည် ရုတ်တရက် ဖျတ်ခနဲနှင့် အရှေ့၊ အနောက်၊ တောင်၊ မြောက် အမျိုးသမီးလေးဦးကိုခေါ်ကာ ချင်းရှန့်ရွာဆီသို့ ဦးတည်လေသည်။ အစက ကျားအဖွဲ့ဝင်များကို စီးစရာပေးမည်ဟုလည်း ပြောခဲ့သေးသည်။ ယခုအခါ သူသည် ရန်သူဟောင်းကိုတွေ့လိုက်ရသဖြင့် လျစ်လျူရှုကာ ကျားအဖွဲ့ဝင်များ ကို သူတို့ဘာသာ ဒုက္ခရောက်အောင် ပစ်ထားခဲ့လိုက်လေသည်။

ဟူပါးနှင့်တခြားသူများသည် အသက်ရှင်ရန်မကျန်တော့သည့်တိုင်အောင် ဒေါသထွက်မိကြသည်။ အမှောင်နတ်မိစ္ဆာဘုံတွင်နေထိုင်ရသည်မှာ သူတို့၏ အကြောကိုဆုံးရှုံးလိုက်ရလျှင် သေသည်နှင့်မခြားပေ။ သူတို့သည် စော်ကားခံရ ရန် အသက်ရှင်နေရုံသာရှိတော့မည်။ ဟူပါးသည် တစ်ချိန်လုံးသူနှင့်အတူရှိနေခဲ့ သည့်လေးကို ကိုင်ထားကာ နားထင်ကို အားပါပါရိုက်ချလိုက်လေတော့သည်။

ဘုန်း...

နာကျင်လောက်စရာအသံသည် ကျားအဖွဲ့မှ တခြားလူငါးယောက်၏ ရင်ကိုကွဲကြေသွားစေလောက်သည်။ လူငါးယောက်သည် ရုတ်တရက် ခေါင်း လှည့်ပြီး သူ့အားကြည့်လိုက်ရာ ဦးနှောက်ဖြူဖြူများသည် အဘက်ဘက်သို့ ပြန့်ကျဲသွားကာ လက်တွင်ကိုင်ထားသော လေးသည် တဖြည်းဖြည်းပြုတ်ကျ သွားလေသည်။ လေး၏တောက်ပမှုသည် တဖြည်းဖြည်းမှေးမှိန်သွားသလိုထင် ရသည်။

ထိုလေးသည် အဆင့်မြင့်ဝိညာဉ်လက်နက်ဖြစ်သည်။ ဟူပါး၏လက်ထဲ တွင် စွမ်းအားကြီးကို ပြသခဲ့သည်။ သို့သော် ဟူပါး၏ အကြောကွဲကြေသွားပြီး ခန္ဓာကိုယ်ထဲမှ နတ်မိစ္ဆာစွမ်းအင်ပျောက်ကွယ်သွားချိန်တွင် လေးတွင်ချန်ထား သည့် ဟူပါး၏အမှတ်အသားသည်လည်း ပျောက်ကွယ်သွားလေပြီ။

All Chapters