← Chapters

နောက်ကြောင်းကိစ္စများ

Vol. 73 Ch. 1449

နောက်ကြောင်းကိစ္စများ

Vol. 73 Ch. 1449

ဟူပါးသည် ထိုကဲ့သို့ ရက်စက်သောနည်းလမ်းဖြင့် အဆုံးစီရင်သွားသည် ကိုကြည့်ပြီး တခြားငါးယောက်တို့သည် စိတ်ခံစားချက်အတက်အကျဖြစ်သွား ကြလေသည်။ သူတို့သည် အသက်ရှင်သွားလျှင် အရှက်ရမည်ကို အားလုံး သိထားကြသော်လည်း မည်သူကမှ ဟူပါးကဲ့သို့ သတ္တိမရှိကြပေ။

ကံကောင်းစွာပင် နတ်မိစ္ဆာနတ်ဘုရားကြီးသည် ထိုလူငါးယောက်ကို ကြာကြာတွေဝေခွင့်မပေးခဲ့ပေ။ မကြာမီတွင် အဖွဲ့များသည် ကောင်းကင်ပေါ်မှ ပျံလာကြသည်။ ထိုလူများသည် ကျားအဖွဲ့၏ရန်သူများဖြစ်ကြကာ ဟူပါးအား အရှုံးပေးထားရသူများဖြစ်ကြသည်။ သူတို့သည်း သတင်းရထားပြီးဖြစ်သည်။ ကျားအဖွဲ့တစ်စုံတစ်ရာဖြစ်သည်ဟု ကြားသည်နှင့် ရေထဲမှခွေးကိုရိုက်ရန် ရည်ရွယ်ချက်နှင့်ပြေးလာကြခြင်းပင်။

ဟူပါး၏သေဆုံးခြင်းကို သူတို့လည်းမမျှော်လင့်ထားကြပေ။ သို့သော် အကျိုးအကြောင်းသင့်လှသည်။ ထိုလူများသည် ဟူပါး၏လေးအတွက် တိုက်ခိုက်ကြသည်။ သူတို့ထဲမှ ချိုင်ဟွမ်ဟုခေါ်သည့်လူသည် ပိုသန်မာသဖြင့် ထိုလေးကိုရသွားလေသည်။ သူတို့၏ခေါင်းဆောင် ချိုင်ချီသည် မြေကြီးပေါ်မှ ကျားအဖွဲ့ငါးယောက်ကို အထင်သေးသောမျက်လုံးများဖြင့် ကြည့်လေသည် “ဒီငါးယောက်ကို မင်းတို့မျှဖို့ချန်ထားခဲ့မယ်” ပြောပြီးနောက် ထိုလူများသည် ထွက်သွားလေသည်။

တချို့အင်အားစုများသည် မျောက်နှင့်တခြားသူများကို စိတ်မဝင်စားကြ ပေ။ အကြောများပျက်စီးသွားသည့် အမှိုက်ငါးယောက်ကို ခေါ်ရန် များစွာ အားထုတ်ရလိမ့်မည်။ နောက်ဆုံးတွင် ကျားအဖွဲ့အား အလွန်မုန်းတီးသည့် နှစ် ဖွဲ့သာကျန်ခဲ့လေသည်။ သူတို့သည် နေခဲ့ကာ လူငါးယောက်ကို ညှဉ်းပန်းရာ နောက်ဆုံးအချိန်ထိ အချိန်ကောင်းများဖန်တီးပေးလေသည်။ ပစ္စည်းများ အားလုံးကို ထိုလူငယ်မှယူသွားပြီဖြစ်သည်။

ထိုလူငယ်သည် လက်ရှိတွင် ချင်းရှန့်ရွာတွင်ရှသည်။

ထိုအင်အားစုများသည် ကျားအဖွဲ့ကဲ့သို့ပင် သတ်ဖြတ်တောင်အနားတွင် သူတို့၏နယ်နိမိတ်ကိုဖြတ်သွားသော ရွာသားများကို သတ်ဖြတ်လုယက်သည်။ ဆိုးယုတ်သည့်အရာများကို လုပ်လေ့ရှိသည့် သားကောင်ရှာအဖွဲ့များလည်းရှိ သည်။

နှစ်ဖက်လုံးသည် ကောင်းကင်တွင် ရပ်တန့်လိုက်ကြသည်။ အတန်ကြာ အောင်စဉ်းစားပြီးနောက် တစ်ချိန်တည်းမှာပင် သူတို့သည် ချင်းရှန့်ရွာရှိရာ ဘက်သို့ ပျံသန်းသွားကြလေသည်။ ထိုအင်အားစုနှစ်စုသည် ကျားအဖွဲ့လောက် မသန်မာသော်လည်း သတ်ဖြတ်ဝိညာဉ်တောင်တွင် နာမည်ကျော်ကြားသည်။ ကင်းခြေဆင်အဖွဲ့နှင့် ငါးမန်းအဖွဲ့ဟုကြားသည်နှင့် အားလုံးသည် မိုင် ၃၀ အကွာမှ ရှောင်ရှားကြသည်။

အဖွဲ့နှစ်ဖွဲ့၏ခွန်အားများသည် အကြမ်းအားဖြင့် တူညီသည်။ ခေါင်းဆောင်သည် ဟူပါးထက် အားမနည်းပေ။ နှစ်ယောက်လုံးသည် ဓား ၂ လက် ဧကရာဇ်ပင်ဖြစ်သည်။ ဟူပါးကိုအနိုင်မရသည့်အကြောင်းအရင်းမှာ လည်း ဟူပါး၏နဂါးလှည့်လည်လေးသည် အဆင့်မြင့်ဝိညာဉ်လက်နက်ဖြစ်ပြီး အလွန်အားကောင်းကာ ရှည်လျားသော်တိုက်ခိုက်နှုန်းရှိခြင်းကြောင့်ပင်။ မြား သည် အလင်း၏အရှိန်နှုန်းကဲ့သို့ မြန်ဆန်လေသည်။ သူ့ထက်ခွန်အားမမြင့်သူ ဆိုလျှင် မည်သူမှ ၎င်း၏အစွန်ကိုမဖြတ်နိုင်ပေ။

ဤလူငယ်သည် ဟူပါးအား တစ်ချက်တည်းနှင့် ချက်ချင်းသတ်လိုက်နိုင် သည်။ သို့သော် သူ၏ခွန်အားသည် နတ်ဘုရားဘုရင်အဆင့်သာဖြစ်သည်။ ၎င်း ပြဿနာ၏အဖြေမှာတစ်ခုတည်းသာရှိမည်။ သူ၏လက်ထဲတွင် အလွန်အား ကောင်းသောလက်နက်ရှိ၍ဖြစ်မည်။

“သခင်မင်စူးက ဖြတ်သွားပြီ၊ သူက ရတနာမြေပုံယူဖို့ ဒီကိုလာတာ၊ ဒီလူငယ်ရဲ့ ဝိညာဉ်လက်နက်က အရှင်အဆင့်လက်နက်ပဲဖြစ်မယ်၊ အဲဒီ လက်နက်ကိုသာရရင် ငါ့ခွန်အားလည်း အများကြီးတိုးတက်သွားမှာပဲ” မည်သူ မှမငြင်းကြပေ။

ချင်းရှန့်ရွာသည် သတ်ဖြတ်တောင်၏ တောင်ဘက် တောင်တန်းခွဲဖြစ် သည့် ချင်းရှန့်တောင်ခြေရှိပြီး တောင်နာမည်ကို အစွဲပြု၍ခေါ်ဝေါ်ကြခြင်းဖြစ် သည်။ ပေထင်းဟွမ်သည် လုံထျန်းနောက်လိုက်ကာ အမှောင်နတ်မိစ္ဆာဘုံရှိ အခြေအနေများကို လမ်းတစ်လျှောက် နားထောင်လာသည်။ လင်းဖုန်းသည် အလွန်ပျော်ရွှင်နေပုံရကာ ငှက်ကလေးတစ်ကောင်ကဲ့သို့ ပေထင်းဟွမ်အား ရစ်ဝဲနေသည်။ လမ်းတွင် လူငယ်နှစ်ယောက်သည် ခဏကြာအောင် နောက် တွင်ကျန်နေခဲ့သည်။ မကြာခင်တွင် သူတို့လိုက်မှီလာသည်။ သူတို့၏လက်ထဲ တွင် လက်မောင်းအရွယ်အစားရှိသည့် မြွေနှင့် ယုန်တစ်ကောင်ပါလာသည်။ ၎င်းတို့သည် ညစာအတွက်ဖြစ်လိမ့်မည်ဟု ပေထင်းဟွမ် ခန့်မှန်းမိသည်။

ရွာသည် ဆူးတောထဲတွင် ပျောက်ကွယ်နေသည်။ အဝင်အထွက်အတွက် လမ်းတစ်ခုသာရှိသည်။ ရွာဝင်ပေါက်သို့လျှောက်ဝင်သွားချိန်တွင် လူသတ်မည့် ရောင်ဝါ ခပ်ပါးပါးကိုခံစားမိလေသည်။ ထို့နောက် လုံထျန်းအော်သည်ကိုကြား လိုက်ရ၏ “ငါတို့ပြန်လာပြီ” ထိုလူသည် လက်ထဲမှ လက်နက်ကိုချကာ သက်ပြင်းချပြီး သူ့ကိုကြိုဆိုကြလေသည်။

All Chapters