← Chapters

တစ်ယောက်ယောက် ဒီဘက်ကိုလာနေပြီ

Vol. 73 Ch. 1450

တစ်ယောက်ယောက် ဒီဘက်ကိုလာနေပြီ

Vol. 73 Ch. 1450

၎င်းသည် ဘဝ၏ရှေးဦးပုံစံသာဖြစ်သည်။

ပေထင်းဟွမ်သည် ထိုရွာသားများကိုကြည့်လိုက်ရာ ဆွေမျိုးများ ပြန်လာ နိုင်သည့်အတွက် ကျေးဇူးတင်ကြောင်း ဖော်ပြသည်ကို မြင်နေရသည်။ လုံထျန်းနှင့်တခြားသူများသည် အပြင်တွင်အသက်ကို အပ်နှင်းထားသည်ကို မြင်ရသည်။ ယနေ့သာ သူမ ရောက်မလာလျှင် လုံထျန်းနှင့်တခြားသူများ ပြန်လာနိုင်မည်မဟုတ်သည်ကိုလည်း မြင်နိုင်သည်။

တွေ့ဆုံပြီးနောက် လုံထျန်းသည် ပေထင်းဟွမ်အား ရွာသားများနှင့် မိတ်ဆက်ပေးကာ ပေထင်းဟွမ်သည် သူတို့အသက်ကိုကယ်ခဲ့ခြင်းဖြစ်ကြောင်း ပြောတော့မည်အပြုတွင် ပေထင်းဟွမ်သည် လက်မြှောက်ပြီးတားလိုက်လေ သည်။ သူမသည် လှုပ်ရှားမှုပြုလုပ်လိုက်သော်လည်း မည်သူမှမမြင်လိုက်ရပေ။ သူမသည် အစက မည်သူ့ကိုမှကယ်တင်ရန် စိတ်ကူးမရှိခဲ့ပေ။ ယခုအခါ လုံထျန်းနှင့်တခြားသူများ၏ဆွေမျိုးများသည် ပေထင်းဟွမ် မပြောစေချင်သည် ကိုမြင်လိုက်ရသည်။ သူတို့၏ဆွေမျိုးများ အပြင်တွင် တည်းတည်းလေး လွတ်မြောက်ခဲ့ကြောင်းကို မည်သူမှ မကြားချင်ကြပေ။

လုံထျန်းသည် ပေထင်းဟွမ်အား ကျေးဇူးတင်စွာဖြင့်ကြည့်ကာ လက်မှ မှော်အရင်းအမြစ်ကျောက်တုံးနှင့် ချန်းဖေးတို့ဆီမှ မှော်အရင်းအမြစ်ကျောက် တုံးများကိုယူကာ လူပျိုပေါက်အ၇ွယ်ကောင်လေးလက်ထဲသို့ ထည့်ပေးပြီး ခေါင်းပုတ်ပေးလေသည် “ချန်းဟွေ့ ဒီမှော်အရင်းအမြစ်ကျောက်တုံးနဲ့ ပေါင်မုန့် တချို့သွားလဲလိုက်ချေ...” သူသည် စက္ကန့်အနည်းငယ်တွေဝေပြီးမှ ဆက်ပြော လေသည် “သေရည်နှစ်ပုလင်းယူပြီးပြန်လာခဲ့လိုက်၊ ဒီနေ့ ဧည့်သည်ပါလာ တယ်”

“ဟုတ်တယ် ဟုတ်တယ် အစ်ကိုကြီးကို သောက်ဖို့ဖိတ်ရမယ်၊ အစ်ကိုကြီး ကိုသောက်ဖို့ဖိတ်ချင်တယ်၊ ကျွန်တော်တို့ကို ကယ်ခဲ့တာက အစ်ကိုကြီးပဲ” ထို့အပြင် လင်းဖုန်းသည် ငယ်ရွယ်သေးသည်။ ပေထင်းဟွမ်အား သောက်စား ရန် ဖိတ်ခေါ်ချင်သည်ကိုကြားသည်နှင့် လျင်မြန်စွာပင် ကယ်တင်ခဲ့ကြောင်းကို ပြောလိုက်သည်။

“ဟူး”

လေးလံသော ပင့်သက်ရှိုက်သံများဖြစ်ပေါ်လာပြီး အမျိုးသမီးများ၊ ကလေးများနှင့် လူအိုများအားလုံးနီးပါးသည် လုံထျန်းနှင့်တခြားသူများကို စိုးရိမ်ပြီး စိတ်မကောင်းသောမျက်လုံးများဖြင့် ကြည့်ပြီးကျန်ခဲ့လေသည်။ တချို့ လူများသည် မျက်လုံးထဲတွင် မျက်ရည်များဝဲနေကြသည်။ သူတို့ပြန်မလာရင် ဒီလူငယ်တွေကို ဘယ်လိုလုပ်ရတော့မလဲ။

ချန်းဟွေ့သည် လက်ထဲတွင် မှော်အရင်းအမြစ်ကျောက်တုံး ၁၀ ကတ်တီ ကိုသယ်ကာ ပေါင်မုန့်၊ သေရည်တို့နှင့်လဲလှယ်ရန် ရွာမှထွက်သွားလေသည်။ ထိုလူသည် အစ်ကိုကြီးနှင့်တခြားသူများကို ကယ်ခဲ့သူဖြစ်နေသည်။ သာမန် သေရည်မဟုတ်ဘဲ သေရည်ပုလင်းအကြီးနှစ်လုံးဆိုလျှင် အဆင်ပြေမည်။ သူ၏ ပုခုံးကို ခပ်ပြင်းပြင်းအရိုက်ခံလိုက်ရသဖြင့် ခေါင်းလှည့်ကြည့်လိုက်သည်။ ထိုလူ မှာ အစ်ကိုကြီးတို့နှင့်အတူပြန်လာသော လူငယ်ဖြစ်လေသည် “သွားဖို့မလိုဘူး ဒီနေ့ည ကျွန်တော် အားလုံးကို ပေါင်မုန့်နဲ့သောက်စရာ ပေးမယ်”

ပေထင်းဟွမ်သည် မျက်လုံးများကိုပင့်ကာ ရွာအပြင်ကိုကြည့်လိုက်သည်။ သူမသည် မျက်လုံးများကို ကျဉ်းမြောင်းကာ အန္တရာယ်ရှိသောအကြည့်ကိုပြသ ရာ ချန်းဟွေ့သည် မွှေးညှင်းများ အဆုံးထိထောင်သွားလေသည်။ ဤလူငယ် သည် အသက်နှင့်မလိုက်အောင် ကြောက်စရာကောင်းလေသည်။

“ဒါ ဘယ်လိုလုပ်ကောင်းမှာလဲ”

ထိုစကားကိုကြားပြီးနောက် လုံထျန်းလျှောက်လာသည်။ ရွာသည် အလွန်ဆင်းရဲသော်လည်း ဧည့်ဝတ်မကျေပွန်တတ်သူများမဟုတ်ကြပေ။ သူသည် ချန်းဟွေ့အား မျက်လုံးဖြင့်အချက်ပြလိုက်ကာ ပေါင်မုန့်နှင့်သေရည် များလဲလှယ်ရန် သွားခိုင်းလိုက်သည်။ သို့သော် ပေထင်းဟွမ်သည် သူ့အား တား နေတုန်းပင် “အစ်ကိုလုံထျန်း သူ ၃ မိုင်လောက် မသွားနိုင်လောက်ဘူး အဲဒါ ကြောင့် မသွားစေချင်တာ”

ထိုစကားကိုကြားပြီးနောက် ရွာထဲမှလူအားလုံးသည် ထိတ်လန့်သွားကြ သည်။ သူတို့သည် ရင်ထဲတွင် မကောင်းသောအငွေ့အသက်နှင့် စိတ်လေးနေပြီ ဖြစ်သည်။ လုံထျန်းသည် ခွန်အားအနည်းငယ်သန်မာသဖြင့် ထိုအခိုက်အတန့် တွင် အန္တရာယ်တစ်စုံတစ်ရာကို အာရုံခံမိပြီးဖြစ်သည်။ ထို့ကြောင့် သူသည် မယုံနိုင်စွာဖြင့် မေးလေသည် “ဒီဘက်ကို... တစ်ယောက်ယောက်လာနေတာ လား”

ပြိုင်ဘက်၏ခွန်အားသည် အလွန်သန်မာသည်။ ထို့ကြောင့် ထိုလူသည် လုံထျန်းတို့ အာရုံခံမိလောက်အောင် မရိုးမဖြောင့်နှင့် ရောင်ဝါပင်ဖုံးကွယ်ခြင်း မရှိဘဲရောက်လာခဲ့သည်။

“မဆိုးဘူး” ပေထင်းဟွမ်သည် ရွာဝင်ပေါက်တွင်ရပ်ကာ အဝေးရှိ ည ကောင်းကင်ကို ကြည့်လိုက်သည် “ဒုက္ခပေးမိတဲ့အတွက် တောင်းပန်ပါတယ်၊ တစ်ဖက်လူက ဘယ်သူလဲမသိဘူး၊ အဲလူတွေကို လမ်းလွှဲဖို့ကြိုးစားကြည့်လိုက် ပါမယ် ခင်ဗျားတို့က ပုန်းဖို့နေရာရှာလိုက်ပါ”

“ပုန်းတာက လက်တွေ့မဆန်ဘူး၊ အဲလူတွေက ယုတ်မာတဲ့လူတွေပဲ၊ သူတို့တွေက ဒီနေ့မလာရင်တောင် တစ်နေ့နေ့ တစ်ယောက်ယောက်ရဲ့ ဓားချက်အောက်မှာ သေမှာမလွဲပဲ၊ သူရဲကောင်းလေး တောင်းပန်ဖို့မလိုပါဘူး၊ ဒီလိုနေနေရတာ ကျုပ်တို့ဘဝပြလေ” ရွာထဲမှ ဒုတ်ကောက်နှင့် အဘိုးကြီးမှ ပြောလေသည်။

All Chapters