ဒီကောင်လေးက စိတ်ဝင်စားဖို့ကောင်းတာပဲ
Vol. 73 Ch. 1451
ပေထင်းဟွမ်သည် အဘိုးကြီးအား စိုက်ကြည့်လိုက်သည်။ သူမ၏ မျက်လုံးများသည် ရွာသားများ၏မျက်နှာများကို တစ်ယောက်ချင်းစီ လှည့်ပတ် ကြည့်လေသည်။ ထိုအခိုက်အတန့်ကိုကြည့်ရသည်မှာ ထိုလူများအားလုံးသည် ကြောက်ရွံ့နေကြသော်လည်း မည်သူကမှ စောဒကမတက်ကြပေ။ ထင်ရှားစွာ ပင် သူမသည် သူတို့အတွက် ကပ်ဘေးယူဆောင်လာသည်ဟု ထိုလူများ မခံစား ကြပေ။
လုံထျန်းသည် လက်မြှောက်ကာ ပေထင်းဟွမ်၏ပခုံးကို ပုတ်ပေးလေ သည် “ညီလေး အားနာနေဖို့မလိုပါဘူး လင်းယွိက ဒီလိုနေရာပဲ၊ ဘယ်တုန်းက ရွာတစ်ရွာ အပြတ်အသတ်မနိုင်ဖူးလို့လဲ၊ ဒီနေ့က မဟုတ်ရင် ငါတို့တွေ အသက် ရှင်လျက်ပြန်လာပြီး အမျိုးတွေကိုတွေ့ရတော့မှာမဟုတ်ဘူး မင်းကို ကျေးဇူး တင်သင့်တာ ငါတို့ပါ”
“ဟုတ်တယ် အမှောင်နတ်မိစ္ဆာဘုံမှာ မနေဖို့ဘယ်သူပြောလို့လဲ” အဘွားအိုတစ်ဦးသည် စကတ်ကိုမ,ကာ မျက်ရည်သုတ်လေသည်။
“အမှောင်နတ်မိစ္ဆာဘုံကလူတွေက ပေါင်မုန့်မည်း နေ့တိုင်းစားနိုင်တယ် လို့ကြားတယ်” ချန်းဟွေ့သည် မှော်အရင်းအမြစ်ကျောက်တုံးကို ကိုင်ဆောင် ကာ နှလုံးသားမဲ့စွာပြောလေသည်။
ပေထင်းဟွမ်သည် လက်သီးကိုကျစ်ကျစ်ပါအောင်ဆုပ်ထားပြီး ရင်ထဲမှ လှုပ်ရှားလာသည့်ခံစားချက်များကို ဖိနှိပ်ရန်ကြိုးစားလေသည်။ ထိုရွာသားများ ပြောသည့် အိမ်ဆိုသည်မှာ တစ်နှစ်ပတ်လုံး တဲတဲမျှသာရှိသော အိမ်ကိုလား သေခြင်းတရားကိုပြောသည်လားဆိုသည်မှာ မသေချာပေ။ သက်ပြင်းကို လေးလံစွာချကာ ပေထင်းဟွမ်သည် လျှပ်စီးနှင့်မိုးကြိုးသွားတို့ကို စိတ်ထဲမှ အမိန့်ပေးလိုက်သည် “ထွက်လာခဲ့ ဒီကိုလာပြီး ဒီလူတွေကို ကာကွယ်ပေးထား”
ရုတ်တရ်ဆိုသလိုပင် အလင်းတန်းနှစ်ခုသည် သူမ၏ခန္ဓာကိုယ်မှထွက် လာပြီး ဆံပင်အနက်ရှိပြီး အင်္ကျီအနက်ရောင်ဝတ်ဆင်ထားသော အမျိုးသား လေးနှစ်ယောက်သည် ပေထင်းဟွမ်ဘေးတွင်ပေါ်လာသည်။ ထိုမြင်ကွင်းအား ကြည့်ပြီး ရွာသားများသည် နည်းနည်းမှအံ့ဩခြင်းမရှိတော့ပေ။ သို့သော် ထို အမျိုးသားနှစ်ဦးအား မျက်လုံးများဖြင့် တိတ်တိတ်ကြည့်လေသည်။ တစ်ယောက်သည် ရွှေရောင်မျက်လုံးအိမ်ရှိပြီး နောက်တစ်ယောက်သည် အောက်ခြေပင်မမြင်ရသော မျက်လုံးအိမ်ရှိသည်။ သူတို့သည် ထင်ရှားစွာပင် သားရဲနှစ်ကောင်သာဖြစ်သည်။
ပေထင်းဟွမ်သည် လက်ကောက်ဝတ်ကိုလှန်လိုက်ရာ သိုလှောင် လက်စွပ်သည် လက်ဖဝါးပေါ်တွင်ရောက်လာကာ လုံထျန်းအားပေးလိုက်သည် “အစ်ကိုလုံထျန်း ဒါက ကျွန်တော့်သားရဲနှစ်ကောင်ပဲ၊ လောလောဆယ်တော့ သူတို့ကို ဒီမှာနေပြီး ကာကွယ်ခိုင်းထားလိုက်ပါ၊ လက်စွပ်ထဲမှာ ပေါင်မုန့်နဲ့ သေရည်တွေ လုံလုံလောက်လောက်ရှိတယ်၊ အားလုံးကို လန့်သွားအောင် လုပ် မိတဲ့အတွက် ဒါတော့ယူလိုက်ပါ”
ပေထင်းဟွမ်သည် ပြောပြီးသည်နှင့် လျှောက်ထွက်လာသည်။ လုံထျန်း နှင့်တခြားသူများသည် နောက်မှလိုက်တော့မည်အပြုတွင် သားရဲနှစ်ကောင်မှ တားလိုက်လေသည်။ “သခင်က ရွာမှာနေပြီး ဘယ်မှလျှောက်မသွားနဲ့လို့ပြော ထားတယ်၊ တစ်ခုခုဖြစ်ရင် သခင့်ကိုဘယ်လိုရှင်းပြရတော့မှာလဲ”
လျှပ်စီးသည် မိုးကြိုးသွားအား သဲ့သဲ့ကြည့်လိုက်သည်။ ဒီအရူးသည် တုံးလွန်းသည်။ ဒီလူတွေနဲ့ စကားအများကြီးပြောပြီး ဘာလုပ်မှာလဲ။ သူသည် လက်ပိုက်ကာ ရွာအပြင်ဘက်သို့ ဦးတည်ခြင်းကိုသာ တားထားလေသည်။ တံခါးစောင့်နတ်ဘုရားကဲ့သို့ သူ၏ခန္ဓာကိုယ်မှ အေးစက်သောလေအလင်းတန်း များထွက်လာကာ အားလုံးကို ချည်းကပ်ရန် ကြောက်ရွံ့စေသဖြင့် မည်သူမှ အပြင်မထွက်ကြပေ။
အနက်ရောင်အလင်းဖျော့ဖျော့သည် ရင်ဘတ်ကိုဖြတ်သွားကာ ရုတ်တရက် လူးလွန့်သွားသည်။ ပေထင်းဟွမ်၏ရင်ဘတ်မှ အမွေးပွလုံးလေး ထွက်လာ ကြည့်လေသည်။ ကောင်းကင်အထက်တွင် ပုံရိပ် ၅ ခုသည်ရောက် လာပြီဖြစ်သည်။ ထိုလူ ၅ ယောက်သည် သူမထက် သန်မာသည်ကို ပေထင်းဟွမ်ခံစားမိပြီးဖြစ်လေသည်။ ပေထင်းဟွမ်သည် လက်မြှောက်ကာ မွေးပွလုံးလေး၏ခေါင်းကိုပွတ်သပ်ကာ ခေတ္တမျှ နှစ်သိမ့်ပေးပြီးနောက် ရင်ဘတ်ထဲသို့ ပြန်ထိုးထည့်လိုက်သည် “ဟုတ်ပြီ ဒီမှာခဏလောက် အေးဆေး နေလိုက်ဦး ထွက်မလာခဲ့နဲ့”
ကောင်းကင်ပေါ်တွင် မင်စူးသည် ချင်းရှန့်ရွာရှေ့တွင်ရပ်နေသည့် လူငယ် ကိုမြင်ပြီးသားဖြစ်သည်။ လူငယ်သည် အနက်ရောင်ဝတ်ဆင်ထားပြီး ညလေ ထဲတွင်ရှည်လျားသော ဆံပင်လွင့်နေကာ လက်တွင်ဓားပျော့ကိုကိုင်ဆောင် ထားကာ ချောမွတ်သောမျက်ခုံးနှင့်မျက်လုံးများသည် ညအမှောင်ကြောင့် မှေးမှိန်သွားခြင်းမရှိပေ။ ကောင်လေးသည် ၁၅ နှစ်အရွယ်သာရှိသည်။ သို့သော် သူမ၏ခန္ဓာကိုယ်မှ ခက်ထန်သောလူသတ်ရောင်ဝါသည် အသက်အရွယ်နှင့်ပင် မလိုက်ဖက်ပေ။
“ဒီလူငယ်က စိတ်ဝင်စားစရာပဲ” မင်စူးသည် လေထဲတွင်ရပ်ကာ ပေထင်းဟွမ်၏အနောက်မှ ချင်းရှန့်ရွာကို အဓိပ္ပာယ်ပါသောမျက်လုံးများဖြင့် ကြည့်လေသည်။
သဘာဝကျကျပင် ပေထင်းဟွမ်သည် မင်စူး၏မျက်လုံးများကို အလွတ် မပေးပေ။ ဤလူငယ်၏အသွင်အပြင်သည် အလွန်ပင် ညှို့ဓာတ်ပြင်းသည်။ သူ၏မျက်လုံးထဲတွင် နွေးထွေးမှုမရှိဘဲ ဆွဲဆောင်မှုရှိသောအရောင်ကို ထုတ်ဖော်ပြသထားသည်။ ထိုမျက်လုံးများသည် မြေခွေးတစ်ကောင်ကဲ့သို့ ကောက်ကျစ်သည်။ သူ၏ပန်းတိုင်ကိုရောက်ရှိရန် ဤကဲ့သို့လူများသည် သေချာပေါက်ကြိုးစားမည်ဖြစ်သည်။
ပေထင်းဟွမ်သည် လျှပ်စီးနှင့်မိုးကြိုးသွားတို့ကို စိတ်ထဲမှ အမိန့်ပေး လိုက်သည် “ရွာသားတွေကိုခေါ်ပြီး တောင်တွေမှာသွားပုန်းနေလိုက်”