← Chapters

၁၅ နှစ်သား၊ ပေထင်းဟွမ်မလို့ခေါ်တာ မင်းလား

Vol. 73 Ch. 1452

၁၅ နှစ်သား၊ ပေထင်းဟွမ်မလို့ခေါ်တာ မင်းလား

Vol. 73 Ch. 1452

“မင်းက ဘယ်သူလဲ မင်းနာမည်ကဘယ်သူလဲ” မင်စူးသည် လက်ထဲမှ လက်ပတ်ကိုကစားနေသည်။ ထိုလက်ပတ်တွင် လက်မအရွယ်အစားရှိ အရိုး ခေါင်းအားလုံးပေါင်း ၃၆ လုံးပါရှိကာ အဖြူရောင်အရိုးခေါင်းများမှာ အဆိပ်ပြင်း သောမြွေအရိုးခေါင်းဖြင့်ပြုလုပ်ထားခြင်းဖြစ်သည်။ ၎င်းတွင်မြူခိုးမည်းရှိနေ သည်။ သူသည် ပေထင်းဟွမ်အား ပြုံးသော်လည်း အေးစက်သောမျက်လုံးများ ဖြင့် စိုက်ကြည့်ကာ ပြုံးပြီးပြောလိုက်သည် “မပြောဘူးလား မင်းမပြောရင် ဒီသခင်လေးက မင်းပြောအောင်လုပ်ဖို့ အစွမ်းအစရှိတယ်”

ပေထင်းဟွမ်သည် မင်စူးလက်ထဲမှ လက်ပတ်ဆီမှ အကြည့်ကိုပြန်ရုတ် လိုက်သည်။ သူမသည် လက်ထဲတွင် ဓားပျော့ကို တင်းကြပ်စွာကိုင်ထားပြီး နှာမှုတ်ကာပြောလိုက်သည် “လူတစ်ယောက်ရဲ့နာမည်ကိုမမေးခင် ကိုယ့် နာမည်ကိုအရင်ပြောရတယ်လို့ကြားဖူးတယ် အဲတော့ ခင်ဗျားနာမည်က ဘယ်လိုခေါ်လဲ”

ပေထင်းဟွမ်၏မျက်လုံးများသည် ပေထင်းဟွမ်အား တဖြည်းဖြည်း အထက်အောက်ကြည့်လေသည်။ သူ၏မျက်လုံးများသည် ရိုးဖြောင့်ခြင်းမရှိပေ “မင်းက ပင်မတိုက်ကြီဂကလား၊ ပင်မတိုက်ကြီးမှာ စီရင်ချက်ဗိမာန်ကို ဆန့်ကျင်နိုင်တဲ့ လူငယ်တစ်ယောက်ပေါ်လာတယ်လို့ ကြားလိုက်သေးတယ်၊ ၁၅ နှစ်သား နာမည်က ပေထင်းဟွမ် အဲဒါမင်းလား”

ထိုစကားကိုကြားပြီးနောက် ပေထင်းဟွမ်၏မျက်လုံးများသည် ခါးသီးစွာ တွန့်သွားလေသည်။ သူမသည် ခေါင်းမော့ပြီး မင်စူးကိုကြည့်ကာ မျက်လုံးများ တဖြည်းဖြည်းကျဉ်းမြောင်းသွားလေသည်။ သူသည် ပေထင်းဟွမ်အားပြော လေသည် “မင်စူး လင်းယွိနယ်မြေသခင်ရဲ့ တစ်ဦးတည်းသောသား၊ ကျုပ် သူ့ကိုတော့ မသိဘူး၊ ဒါပေမဲ့ ဒီကလေးက သူ့အဘိုးကြီးနဲ့တော်တော်တူတာပဲ”

“ဝိညာဉ်ဘုံ၊ နယ်မြေသခင်လား၊ အဲဒါက ၃၃ ကောင်းကင်ဘုံကလာတာ လား” ပေထင်းဟွမ်သည် ပဟေဠိဆန်စွာမေးလေသည်။

“အမှောင်နတ်မိစ္ဆာဘုံ တည်ရှိတဲ့နေ့ကတည်းက ၃၃ ကောင်းကင်ဘုံ ဝိညာဉ်နတ်ဘုရားမျိုးနွယ်က ဒီနေရာကိုသိမ်းပိုက်ဖို့ လက်မလျော့ခဲ့ဘူး၊ ဒါပေမဲ့ အမှောင်နတ်မိစ္ဆာဘုံရဲ့ အချိန်စီးဆင်းမှုက ၃၃ ကောင်းကင်ဘုံထက် နှေးတယ်၊ အမှောင်နတ်မိစ္ဆာဘုံမှာ ၁ နှစ်က ၃၃ ကောင်းကင်ဘုံမှာ ၃ ရက်ပဲကြာတယ်၊ ဘယ်သူမှ ဒီကိုမလာချင်ကြဘူး၊ ပြီးတော့ ဒီမှာ ၁ ရက်ပိုနေရင် မင်းရဲ့ ကျင့်ကြံမှု က ၃၃ ကောင်းကင်ဘုံမှာ ရက် ၁၀၀ နောက်ကျသွားပြီ၊ သူ့နာမည်က မင်ရှောင် သူက မင်ဟုန်ရဲ့ ဒုတိယဇနီးကမွေးဖွားလာခဲ့တာ၊ မင်ဟုန်က အမှောင်နတ်မိစ္ဆာ ဘုံကိုသိမ်းပိုက်ဖို့ ဒီကိုလွှတ်ခံရတုန်းက အမှောင်နတ်မိစ္ဆာဘုံက တစ်သက်လုံး သူ့အပိုင်ဖြစ်ရမယ်လို့ပြောခဲ့တယ်”

ဤနေရာတွင် ၁ ရက်သည် ၃၃ ကောင်းကင်ဘုံတွင် ရက် ၁၀၀ ကြာသည် ဆိုသည့်ကိစ္စကို ပေထင်းဟွမ် ပထမဆုံးအကြိမ်ကြားဖူးခြင်းဖြစ်သည်။ သူမ ကြောက်ရွံ့မိ၏။ သို့သော် ယခုအချိန်တွင် အချိန်ကြောင့်နှင့် အာရုံထွေပြားခြင်း မဖြစ်သင့်ပေ။

“မင်...စူးလား” ပေထင်းဟွမ်သည် တစ်ဖက်လူ၏နာမည်ကို ခေါ်လိုက် ချိန်တွင် မင်စူးကို အံ့ဩသွားစေသည်။

မင်စူးသည် ရယ်မောလေသည် “ကောင်းတယ် ပေထင်းဟွမ် မင်းရဲ့ ဆုက ဘယ်လောက်မြင့်လဲသိလား” သူသည် လက်ချောင်းထောင်ကာ ကောင်းကင် အား ညွှန်ပြလေသည် “၃၃ ကောင်းကင်ဘုံက ငါ့အဖေပြောတယ် မင်းကို အရှင် ဖမ်းနိုင်သရွေ့ မင်းရဲ့ဘိုးဘေးတွေဆီက ဝိညာဉ်စွမ်းအားကို ဆက်ခံနိုင်မယ်တဲ့”

“အမတအိုကြီးတွေရဲ့ အမွေဝိညာဉ်စွမ်းအားဆိုတာဘာလဲ” ပေထင်းဟွမ် သည် ပေါ့ပါးစွာပြုံးလိုက်သည် “ကျွန်တော့်ကိုအရှင်ဖမ်းနိုင်ရင် နတ်မိစ္ဆာ ဧကရာဇ်က ယန်းမိုထျန်းမျိုးနွယ်နဲ့ ခင်ဗျားကိုလဲလှယ်လိမ့်မယ်၊ အဲဒီတော့ ဝိညာဉ်နတ်ဘုရားမျိုးနွယ်က ဘာအားစိုက်ထုတ်မှုမှမရဘဲ အဲဒါကိုရလိမ့်မယ်၊ ယန်းမိုထျန်းမျိုးနွယ်က မရှိတော့ဘူး၊ အဲဒါက ကျွန်တော့်ရဲ့တန်ဖိုးအစစ်အမှန်ပဲ”

မင်စူးသည် ခေတ္တမျှ ထိတ်လန့်သွားသည်။ ထို့နောက် ထပ်မံရယ်မောပြန် သည်။ သူ၏ မိန်းကလေးဆန်ဆန် အသွင်အပြင်သည် နဂိုကတည်းကပင် ညှို့ဓာတ်ပြင်းသည်။ သို့သော် သူပြုံးလိုက်သောအခါ ပို၍နုပျိုသွားလေသည်။ သို့သော် ပေထင်းဟွမ်အား စိတ်ဝင်စားသော မျက်လုံးများဖြင့် ကြည့်လေသည် “မင်းက တကယ်ပဲ ငါနဲ့အတူတူပဲလား နတ်မိစ္ဆာဧကရာဇ်... ကျွတ် ကျွတ် ကျွတ် မင်းရဲ့သတ္တိကိုတော့လေးစားပါတယ်၊ ဒီသခင်လေးက တကယ်ပဲ မင်းကို စိတ်ဝင်စားနေတာ၊ မင်းအကြိုက်က ဒီသခင်လေးရဲ့ အလှပဂေး လေးယောက်နဲ့ ဘယ်လို ယှဉ်မှာလဲဆိုတာ သိချင်နေတာ”

ပေထင်းဟွမ်၏မျက်နှာမှာ မည်းနက်သွားသည်ကိုကြည့်ပြီး မင်စူးပြုံး လိုက်သည် “ဒါပေမဲ့ နတ်မိစ္ဆာဧကရာဇ်ရဲ့ ယန်းမိုထျန်းမျိုးနွယ်ဖြစ်စေ၊ ဘိုးဘေး တွေရဲ့ အမွေဝိညာဉ်စွမ်းအားဖြစ်စေ ဒီသခင်လေးက အဲဒါတွေကို ပိုပြီးစိတ်ဝင် စားတယ်”

ရွှေနတ်စွမ်းအားရောနှောထားသည့် မှော်စွမ်းအားအနည်းငယ်သည် ဓားပျော့ဆီသို့ လွှမ်းမိုးလေသည်။ ပေထင်းဟွမ်၏လက်ထဲမှ ဓားသည် နောက်ဆုံးတွင် နှစ်တစ်ဝက်အတွင်းတွင် အဆင့် ၄ မှော်စွမ်းအား အရည်အချင်း အဖြစ် သွေးဆာခြင်း၊ အဆိပ်ပြင်းခြင်း၊ နတ်ဘုရားသတ်ဖြတ်ခြင်းနှင့် လှည့်စား ခြင်းတို့ဖြစ်ပေါ်လာလေသည်။

All Chapters