Chapters

ဒါကအရှင်ကြီးအဆင့် ရတနာမလား

Vol. 73 Ch. 1453

ဒါကအရှင်ကြီးအဆင့် ရတနာမလား

Vol. 73 Ch. 1453

ပေထင်းဟွမ်၏လက်ထဲမှ ဓားပျော့ကို မြူခိုးမည်းများဖြင့် ဖုံးအုပ်နေကာ ဓားပျော့မှ တောက်ပသောရောင်ဝါထွက်လာပြီး လှည့်ပတ်နေသည်ကိုကြည့်ပြီး မင်စူး၏မျက်လုံးများသည် နည်းနည်းစီ စတင်ပြောင်းလဲလာသည်။

ဤဓားပျော့သည် သူ၏လက်ထဲရှိ ပုတီးလုံးကြိုးထက် အနိမ့်သော မှော် အရည်အချင်းကိုပိုင်ဆိုင်သည်။ သူ၏လက်ထဲမှ ၃၆ လုံးလေသာပုတီးများသည် တတိယအဆင့်သားရဲ၊ မြေကြီးခွဲနဂါးပေါက်၏ ခေါင်းများဖြစ်သည်။ လူကြီး လက်သီးဆုပ်အရွယ်အစားရှိသည့်ဦးခေါင်းများကို လက်မအရွယ်အစားဖြစ် အောင် သန့်စင်ထားခြင်းဖြစ်သည်။ အားကောင်းသူများပင် ၎င်းကို တိုက်ရိုက် မျက်နှာချင်းမဆိုင်ရဲပေ။

သူ၏လက်ထဲမှ ပုတီးကြိုးနှင့်ဆိုလျှင် မည်မျှပင်များပြားသည့် မှော် အရည်အချင်းဖြစ်စေကာမူ ၎င်း၏အားကောင်းသောခုခံမှုနှင့်အတူ ခုခံနိုင်စွမ်း ရှိသည်။ သို့သော် ပေထင်းဟွမ်၏လက်ထဲမှ ဓားပျော့ထုတ်လာသောအခါ မင်စူး သည် ခံနိုင်ရည်မရှိတော့ပေ။ သူ့ကို ဘာလို့ ထိတ်လန့်အောင်လုပ်နိုင်တာလဲ။

“ဒီဓားပျော့... အရှင်ကြီးအဆင့် ရတနာများလား” မင်စူးသည် ပုတီးအား ဆုပ်ကိုင်ထားပြီး ထိတ်လန့်မိသည်။

သို့သော် သူကိုင်ထားသည်မှာလည်း အရှင်ကြီးအဆင့် ရတနာဖြစ်သည်။ ထိုအခိုက်အတန့်တွင် မင်စူး၏နီရဲသောနှုတ်ခမ်းများသည် ညှို့ဓာတ်ရှိသော အလင်းများဖြင့်တောက်သွားကာ ခန္ဓာကိုယ်မှနတ်စွမ်းအားများ ဆူပွက်တက် လာပြီး အမှောင်ရွှေအလင်းသည် တောက်ပလာသည်မှာ ကမ္ဘာမြေပေါ်သို့ ဆင်းသက်လာသည့် နတ်ဘုရားတစ်ပါးသည် တိုက်ခိုက်ရေးဝတ်စုံကိုဝတ်ဆင် ထားသလိုပင် “ပေထင်းဟွမ် မင်းက ပင်မတိုက်ကြီးကနေ ထွက်လာပြီး နတ်မိစ္ဆာဧကရာဇ်က စီဖုန်းနတ်အကျဉ်းထောင်ကိုဝင်သွားပြီဆိုမှတော့ မင်း သိုသိုသိပ်သိပ်နေသင့်တယ်၊ မင်းနဲ့မဆိုင်နဲ့ ကိစ္စတွေကို ဝင်မပါသင့်ဘူး၊ မင်းက ငါ့ဝိညာဉ်နယ်မြေမှာ နေရဲမှတော့ ကိုယ့်ကိစ္စကိုယ်ပဲလုပ်လေ”

သူ၏ခြေထောက်အောက်တွင် ထောင့် ၁၀ ထောင့်ကြယ်အစီအရင် ပေါ် လာပြီး တိမ်တိုက်ကဲ့သို့ရွှေအလင်းနှင့် ရွှေဓား ၉ ချောင်းသည် ခြေထောက်ကို ရစ်ပတ်ကာ တဖြည်းဖြည်းလည်နေသည်။ ဓားတိုင်းမှထွက်လာသည့် အလင်း တန်းများသည် သူ၏ညှို့ဓာတ်ပြင်းပြီး ဆွဲဆောင်မှုရှိသောမျက်နှာတွင် တောက်ပနေကာ ညတွင်ထိုင်းမှိုင်းနေသောမျက်လုံးများကိုပင် အေးစက်သွား စေသည်။

နတ်ဘုရားဧကရာဇ်ထိပ်ဆုံးအဆင့်။

ပေထကင်းဟွမ်သည် မင်စူး၏ခြေထောက်အောက်မှ ထောင့် ၁၀ ထောင့် ကြယ်အစီအရင်နှင့် သန့်စင်သော ဓားငယ်လေးများကိုမြင်လိုက်ရချိန်တွင် သူမ၏ မျက်လုံးများလည်း စူးရှလာသည်။ ဤလူသည် သူမ အရင်က နှိပ်ကွပ်ခဲ့ သည့်ဟူပါးနှင့်မတူညီပေ။ မင်စူးသည် သန်မာသောလူတစ်ယောက်ဖြစ်သည်။ အမှောင်နတ်မိစ္ဆာကမ္ဘာထဲတွင် သူသည် အရှင်အဆင့်နှင့်နီးကပ်နေသော ဒုတိယတန်းစား သန်မာသောလူဖြစ်သည်။

မင်စူးသည် သူကိုယ်တိုင်လှုပ်ရှားတော့မည်။

မင်စူးအနားတွင် တစ်ချိန်လုံးအတူရှိနေသည့် အရှေ့၊ အနောက်၊ တောင်၊ မြောက်မှ မိန်းကလေးလေးဦးသည် ထိုအခိုက်အတန့်တွင် လေးနက်သော မျက်နှာထားမျိုးဖြစ်နေလေကြသည်။ မင်စူးသည် ထိုအရာမျိုးကို ကိုယ်တိုင် လုပ်သည်မှာရှားသည်။ ထို့အပြင် ထိုမိန်းကလေး လေးဦး၏ခွန်အားမှာ အားမနည်းလှပေ။ သူတို့အားလုံးသည် အဆင့်မြင့်ဓား ဧကရာဇ်အဆင့် စွမ်းအားရှင်များဖြစ်ကြသည်။

ထိုအခိုက်အတန့်တွင် မင်စူးသည် သူ၏နတ်စွမ်းအားကို အသက်သွင်း လိုက်ရာ ငွေရောင်ဦးချိုပါသားရဲသည် ရွှေရောင်အလင်းထဲမှ တဖြည်းဖြည်း ပေါ်ထွက်လာသည်။ ငွေရောင်တိုက်ခိုက်ရေးချပ်ဝတ်တန်ဆာကိုဝတ်ဆင်ထား ကာ စစ်နတ်ဘုရား၏ငွေရောင်ချပ်ဝတ်တန်ဆာသည် ရွှေရောင်အလင်း တောက်ပနေသည်။ နဂိုကတည်းကပင် တင့်တယွ်လှသော မင်စူးသည် စစ်မှန် သော နတ်ဘုရားတစ်ပါးလိုပင်။ အဝေးတွင်ရှိနေသော ချင်းရှန့်ရွာမှရွာသားများ ပင် ထိုအချိန်တွင် ထွက်ပြေးရာမှရပ်တန့်ကာ အလင်းလာရာဘက်သို့ လှည့်ကြည့်ကြလေသည်။

မိုးကြိုးသွားနှင့်လျှပ်စီးတို့သည် စစ်မြေပြင်ဘက်သို့ စိတ်ကိုပို့လိုက်သည်။ ပြိုင်ဘက်သည် အလွန်သန်မာသည်။ လျှပ်စီးသည် လက်သီးကိုကျစ်ကျစ်ပါ အောင်ဆုပ်ပြီး စိုးရိမ်တကြီးပြောလိုက်သည် “သခင်...”

လင်းမိုသည် သူ့အား ပေါ့ပါးစွာကြည့်ကာ ငြိမ်ကျသွားသည်။ ချင်းရှန့် သည် သတ်ဖြတ်ဝိညာဉ်တောင်တန်း၏ တောင်တစ်လုံးဖြစ်သည်။ ဤနေရာမှ သားရဲများသည် သတ်ဖြတ်ဝိညာဉ်တောင်မှသားရဲများကဲ့သို့ မသန်မာ သော်လည်း ယခုအချိန်မှာ ညဉ့်နက်နေပြီဖြစ်သည်။ ရွာသားထဲတွင် လူအိုများ အားနည်းသောအမျိုးသမီးနှင့် ကလေးများ အားလုံးပေါင်း ၅၀ ကျော်ပါဝင်၏။ သခင်၏ယုံကြည်မှုအတိုင်းနေပေးရမည်။

“အရင်ဆုံး ညနားဖို့ နေရာတစ်ခုရှာကြတာပေါ့”